ခိုင်မာသော စကားဝှက်များကို ဖန်တီးပြီး ထိန်းသိမ်းပါ
နောက်ဆုံးပြင်ဆင်ထားသော11 November 2021
မာတိကာ
...မာတိကာ စတင်နေသည်...စကားဝှက်များသည် သင့်၏ ဒေတာများနှင့် အထောက်အထားများကို လုံခြုံအောင်ထားသည့် အရေးကြီးသော ကိရိအရာများဖြစ်သည်။ ကံမကောင်းစွာပဲ တို်က်ခိုက်သူများသည် သင့်၏ စကားဝှက်များကို ရှာဖွေဖော်ထုတ်ရန် နည်းလမ်းလှည့်ကွက်များ အသုံးပြုနိုင်ကြသည်။
But you can defend against those tricks by applying a few important tools and tactics. The most effective strategy is to make passwords that are LONG, RANDOM, and UNIQUE. To do this reliably, you will need to use a secure password manager. It is also important to set up multi-factor authentication whenever possible.
သင်၏ စကားဝှက်များ ခိုးယူခံထားရခြင်း ရှိမရှိ ရှာဖွေစစ်ဆေးပါ
- သင့်အကောင့်များ ခိုးယူခံထားရသည်ဟု သတင်းပို့ထားခြင်း ရှိ်မရှိကို သိရန်
"Have I Been Pwned" မှာရှာဖွေပါ။
- အောက်ဖော်ပြပါ စကားဝှက် မန်နေဂျာ တည်ဆောက်ခြင်းစနစ်တွင် ထည့်သွင်းသည့်နည်းလမ်းများကို အသုံးပြုပြီး သင်ရှာဖွေတွေ့ရှိသည့် မည်သည့်အကောင့်၏ စကားဝှက်များကိုမဆို ချက်ချင်း ပြောင်းလဲပါ။
- ဤနေရာတွင် သင့်၏ အကောင့်များ တစ်ခုမှ ပေါ်မလာခဲ့ဘူးဆိုပါက အကောင့်ချိုးဖျက်မှုများ အစီရင်ခံခြင်း မရှိသောကြောင့် အောက်ဖော်ပါပြ အချက်အလက်များကို ဆက်လက်လုပ်ဆောင်သင့်ပါသည်။
ဤအရာများကို ကျွန်ုပ်တို့ မည်သည်အတွက်ကြောင့် အကြုံပြုထားသည်ကို လေ့လာပါ
တိုက်ခိုက်သူများမှ အွန်လိုင်းတွင်ပင်ရရှိနိုင်သည့် ချိုးဖောက်ခံရပြီးသော စကားဝှက်များကို ရှာဖွေကြသည်။ သူတို့သည် သင့်အကောင့်များ၏ မှန်ကန်သော စကားဝှက်များကို မရမချင်း ဝင်ရောက်ရန် ကြိုးစားကြသည်။ ထိုကြောင့် တူညီသည့် စကားဝှက်များကို ပြန်လည်အသုံးပြုခြင်းသည် အထူးသဖြင့် အန္တရာယ်များပါသည်။ သင့်ရဲ့ စကားဝှက်များသည် တိုက်ခိုက်သူများ အသုံးပြုသည့် စာရင်းတွင် ပါမပါကို Have I Been Pwned တွင် ကြည့်ရှုပါ။
သာမန် အားနည်းသော စကားဝှက် ပေးသည့်နည်းဗျူဟာများကို ရှောင်ကြဉ်ပါ
ဤသည်မှာ တိုက်ခိုက်သူများမှ သင့် စကားဝှက်များကို ဖော်ထုတ်သည့်အသုံးအများဆုံးနည်းလမ်းများဖြစ်သည်:
- သူတို့က သင့်စကားဝှက်ကို ခန့်မှန်းနိုင်သည် :
- သင့်၏ အရေးကြီးသော ရက်စွဲများ ၊ အမည်များ ၊ နာမည်ကြီး ကိုးကားချက်များ ၊ သီချင်းများ သို့မဟုတ် သင်နှစ်သက်သော စာရေးဆရာများ အစရှိသည့် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို အသုံးပြုခြင်း
- အဘိဓာန်ကို အသုံးပြုခြင်း
- သင်ယခင်က အသုံးပြုခဲ့ဖူးသော စကားဝှက်များကို အနည်းငယ်ပြောင်းလဲ အသုံးပြုလိုက်ခြင်း
- သင့်စကားဝှက်များကို ဖွင့်ရန် ဖြစ်နိုင်သည့် ပေါင်းစပ်မှုအားလုံးကို စမ်းကြည့်သည့် ဆော့ဝဲကို အသုံးပြုခြင်း
- သူတို့သည် ရှာဖွေနိုင်ကြသည် :
- စကားဝှက်များကို သင်ချရေးမှတ်ထားသည့် နေရာများ(ဥပမာ သင့်စာပွဲအနီးတစ်ဝိုက်မှ မှတ်စုများ)
- သင့်စကားဝှက်ထည့်သွင်းနေချိန် သင်မည်သည်ကို စာရိုက်နေသနည်း
- ကျိုးပေါက်ပြီးသား စကားဝှက်များသည် အွန်လိုင်းပေါ်တွင် ရှိနှင့်နေကြသည်
- သူတို့သည် သင့်ကို လှည့်စားနိုင်သည် :
- သင့် စကားဝှက်ကို မှတ်တမ်းယူရန် သူခိုးဆော့ဝဲလ် အက်ပ်ကိုထည့်သွင်းခြင်း
- ဖြားယောင်းထားသော စာမျက်နှာအတုများမှတဆင့် ဝင်ရောက်အသုံးပြုစေပြီး သင့် စကားဝှက်ကို ရိုက်နှိပ်စေခြင်း
- သင်သိသော တစ်စုံတစ်ယောက်သို့မဟုတ် သင့်ကို ထောက်ပံ့ပေးနေသော လူပုံစံ (လူမှုရေးရာ ကြံစည်ခြင်း - social engineering လို့လည်း သိကြသည်) ဟန်ဆောင်၍ သင့်စကားဝှက်များ သို့မဟုတ် တစ်ခြား အချက်အလက်တွေကို ပံ့ပိုးပေးခြင်း
- သူတို့သည် အားနည်းချက်များကို အသုံးချတတ်ကြသည် :
- သင် စကားဝှက် အသုံးပြုသော ဝက်ဘ်ဆိုက်ကို ဟက်ခ်ခြင်း
- သင့်၏ browser ထဲတွင် သိမ်းထားသည့် စကားဝှက်များကို ခိုးယူခြင်း
- သင့်ဖုန်းတွင် အသုံးပြုနေသော အက်ပ်များမှတစ်ဆင့် သင့်စကားဝှက်များကို ခိုးယူခြင်း
ထိုနည်းဗျူဟာများမှ သင့်ကိုယ်သင့် ကာကွယ်ရန်အတွက် အောက်ဖော်ပြပါ နည်းလမ်းများကို လိုက်နာပါ:
သင့်အကောင့်များကို ဝင်ရောက်ရန်နှင့် သင်၏ထိရှလွယ်သော အချက်အလက်များကို ဖွင့်ရန် သင်ယုံကြည်စိတ်ချရသော ရှင်းလင်းသည့် ၊ နောက်ဆုံးပေါ်ပြုပြင်မွမ်းမံထားသည့် ၊ ကာကွယ်ထားသည့် စက်ပစ္စည်းတစ်ခုကိုသာ အမြဲတမ်း အသုံးပြုပါ။
သင့်စကားဝှက်များကို လုံခြုံအောင်မလုပ်ပါနှင့် ဆိုသည့် အောက်ဖော်ပြပါ နည်းဗျူဟာများကို သတိထားပါ :
- သင်နဲ့ ပက်သက်ဆက်နွယ်နေသာ လူ သို့မဟုတ် အဖွဲ့စည်းများ၏ နံပါတ်များ
သို့မဟုတ် စကားလုံးများအသုံးပြုခြင်း ၊ ဥပမာ :
- လူ ၊ အိမ်မွေးတိရစ္ဆာန် သို့မဟုတ် အဖွဲ့အစည်းများ၏ နာမည်များ
- မွေးနေ့ ၊ အရေးကြီး နှစ်ပတ်လည်နေ့ သို့မဟုတ် အားလပ်ရက်နေ့ရက်များ
- တယ်လီဖုန်းနံပါတ်များ သို့မဟုတ် အိမ်လိပ်စာများ
- သို့မဟုတ် တစ်ယောက်ယောက်က သင့်နှင့်သင့်အနီးနားမှ လူများကို လေ့လာလိုက်သည်နှင့် ရရှိနိုင်မည့် မည်သည့်အချက်အလက်မဆို
- နာမည်ကြီး ကိုးကားချက်များ၊ သီချင်းစာသားများ နှင့် ကဗျာများကဲ့သို့သော ဘုံစကားစုများကို အသုံးပြုခြင်း။
- အလားတူ သင်္ကေတမျာကို အက္ခရာစကားလုံးများ အစားထိုးအသုံးပြုခြင်း (ဥပမာ- "a" ကို "@" နှင့်အစားထိုးခြင်း)
- အဆုံးတွင် အာမေဍိတ်အမှတ်အသားများ ၊ နံပါတ်များ သို့မဟုတ် အခြားသတ်ပုံများ ထည့်ခြင်း
- စကားလုံးတစ်ခု၏ အစစာလုံးကို အကြီးစာလုံးဖြင့် စတင်ခြင်း
- မည်သည့် အဘိဓာန်စာအုပ်များမှမဆို စကားလုံးများ ယူ၍အသုံးပြုခြင်း
- စကားဝှက်များကို မကြာခဏ ပြောင်းလဲပေးခြင်း
- သင်နဲ့ ပက်သက်ဆက်နွယ်နေသာ လူ သို့မဟုတ် အဖွဲ့စည်းများ၏ နံပါတ်များ
သို့မဟုတ် စကားလုံးများအသုံးပြုခြင်း ၊ ဥပမာ :
ထိုနည်းဗျူဟာများမှ သင့်ကိုယ်သင့် ကာကွယ်ရန်အတွက် အောက်ဖော်ပြပါ နည်းလမ်းများကို လိုက်နာပါ:
စကားဝှက်မန်နေဂျာတစ်ခုကို အသုံးပြုခြင်း
- ( Linux, Mac နှင့် Windows အတွက်)[KeePassXC ကိုရယူပါ] (https://keepassxc.org/)၊ (Android အတွက်) KeePassDX သို့မဟုတ် (iOS အတွက်) StrongBox။
- သုံးပြီးသား စကားဝှက်များကို ပြန်မသုံးပါနှင့်။
- စကားဝှက်မန်နေဂျာမှ သင်၏ အကောင့်ဝင်ရောက်မှုတစ်ခုစီတိုင်းအတွက် ရှည်လျားသော ၊ ကျပန်းဖြစ်သော ၊ ထူးခြားသည့် စကားဝှက်များကို ထုတ်လုပ်စေပြီး သိမ်းဆည်းစေပါစေ ။
- စကားဝှက် မန်နေဂျာကို သင့်လုပ်ဖော်ကိုင်များနှင့်အတူ သင်ထည့်သွင်းလိုပေမည် ။
သင်တို့ အချင်းချင်း လုပ်ဆောင်မှုများ အကူညီပေးနိုင်ပါသည်။
- လုံခြုံစွာ စကားဝှက်များ ဝေမျှခြင်း ၏ လုပ်ငန်းစဉ်နှင့် သင်ကိုယ်တိုင် အကျွမ်းတဝင်ဖြစ်ချင်ပါလိမ့်မည်။ ဖြစ်နိုင်လျှင် အကောင့်တစ်ခုမှ စကားဝှက်ကို မျှဝေခြင်းထက် မတူညီသောအကောင့်များအတွက် သီးခြားအကောင့်များဝင်ရောက်ရန် သတ်မှတ်ခြင်းသည် ပို၍လုံခြုံပါသည်။
- ကျွန်ုပ်တို့၏ KeePassXC နှင့်KeePassDX လမ်းညွှန်ချက်များကို ဖတ်ပါ။
- သင်အနေဖြင့် အွန်လိုင်း စကားဝှက်မန်နေဂျာ တစ်ခုကို လိုအပ်ပါက အောက်ပါ ကဏ္ဍကို ကြည့်ပါ။
ဤအရာများကို ကျွန်ုပ်တို့ မည်သည်အတွက်ကြောင့် အကြုံပြုထားသည်ကို လေ့လာပါ
စက်ပစ္စည်းများနှင့် အကောင့်များအားလုံးကို လုံခြုံအောင်ထားရန် ရှည်လျားသော၊ ကျပန်းဖြစ်သော၊ ထူးခြားသည့် စကားဝှက်များကို ထုတ်လုပ်ရန်နှင့် မှတ်မိရန် လူ့ဦးနှောက်သည် လုံလောက်သော စွမ်းအားမရှိပါ။ စကားဝှက်မန်နေဂျာတစ်ခုသည် သင့်အတွက် စကားဝှက်များကို ဝှက်စာစနစ်ဖြင့် ကာကွယ် သိမ်းဆည်းပေးပါသည်။
KeePassXC, KeePassDX နှင့် StrongBox များကို အသုံးပြုရန် ကျွနု်ပ်တို့မှ အကြုံပြုပါသည်။ ထိုအရာတို့မှာ အခမဲ့ အသုံးပြုနိုင်သည် ၊ ကျွမ်းကျင်ပညာရှင်များက လုံခြုံသည်ဟု အတည်ပြုပေးထားပြီ ပြုပြင်မွမ်းမံမှုများ စဉ်ဆက်မပြတ်လုပ်ဆောင်နေပါသည်။ သူတို့သည် စကားဝှက်များကို အော့ဖ်လိုင်း ဒေတာဘေ့စ်တစ်ခုတွင် သိမ်းဆည်းထားသည် ၊ဒေတာ သိမ်းဆည်းသည့်နေရာ နှင့် စီမံခန့်ခွဲခြင်းများကို သင်ထိန်းချုပ်နိုင်သည်လို့ ဆိုလိုခြင်း ဖြစ်သည်။
သင့်စကားဝှက်မန်နေဂျာ၏ ဒေတာဘေ့စ်ကို အရန်သိမ်းဆည်းပါ
- KeePassXC ကို မည်သို့အရန်သိမ်းဆည်းမည်နည်း
- KeePassDX ကို မည်သို့ အရန်သိမ်းဆည်းမည်နည်း
- Strongbox ကို မည်သို့အရန်သိမ်းဆည်းမည်နည်း
ဤအရာများကို ကျွန်ုပ်တို့ မည်သည်အတွက်ကြောင့် အကြုံပြုထားသည်ကို လေ့လာပါ
စကားဝှက်တစ်ခုချင်းစီ ဖြစ်စေ၊ သင့် စကားဝှက်များစွာကိုဖြစ်စေ တစ်ပြိုင်နက် ဆုံးရှုံးသွားခြင်းသည် သင့်အဆက်အသွယ်များနှင့် အဆက်အသွယ်ပြတ်တောက်မှု သို့မဟုတ် သင့်ဘဏ္ဍာရေးဆိုင်ရာ အဆက်အသွယ်ပြတ်တောက်မှုအထိ အနှောင့်အယှက်ဖြစ်စေနိုင်သည်။ သင့်ဒေတာဘေ့စ်ကို ပုံမှန် အရန်သိမ်းဆည်းမှု ပြုလုပ်ရန် အလေ့အကျင့် ပြုလုပ်ပါ။
လုံခြုံသည့် စကားဝှက်များ အနည်းငယ်ကို မှတ်ထားပါ
- သင့် စကားဝှက် မန်နေဂျာနှင့် သင်မှတ်သားထားရမည့် အခြားစကားဝှက်များအတွက်
စကားဝှက်များထုတ်လုပ်ရန် the diceware နည်းလမ်း
ကို အသုံးပြုပါ (ဥပမာ-သင့် စကားဝှက်မန်နေဂျာ သို့မဟုတ် စက်ပစ္စည်းများကို
လော့ခ်ဖွင့်ရန် စကားဝှက်):
- နံပါတ်စဉ်ထားသော စကားလုံးများ နှင့် ကျပန်းများတစ်ချို့ကို ယူပါ။
- ဂဏန်း ၅ လုံးရရန် အံစာကို ငါးခါ ခေါက်ပါ (ဥပမာ- ၆၊၂၊ ၅၊ ၁၊ ၁) ။
- သက်ဆိုင်ရာနံပါတ်ဖြင့် စာရင်းထဲတွင်ရှိသော စကားလုံးကို သုံးပါ။
- ၅ ကြိမ် ပြန်လည် ပြုလုပ်ပါ။ အကောင့်တစ်ခု ဝင်ရောက်မှုအတွက် ထိုစကားလုံး
ငါးလုံးကို "စကားဝှက်အစု" တစ်ခု အဖြစ်သုံးပါ။
- ဤ စကားဝှက်ကို အခြား မည်သည့်နေရာမှ ပြန်မသုံးပါနှင့်။
- နောက်တစ်ခုမှာ သင့်အား ကူညီပေးမည့် အစီအစဉ်အလိုက်[စာစုကို မှတ်မိပါ] စကားလုံးများအသုံးပြု၍ စိတ်ပိုင်းဆိုင်ရာပုံရိပ်ကိုဖန်တီးပါ (https://hackaday.com/2015/10/26/ a-more-correct-horse-battery-staple/)။
- ဤစကားဝှက်များကို နေ့စဉ် တစ်ကြိမ် ၊ ထို့နောက် အနည်းဆုံး တစ်ပတ်လျှင် တစ်ကြိမ် ပုံမှန်ထည့်သွင်းလေ့ကျင့်ပါ။ ထပ်ခါတလဲလဲပြုလုပ်ခြင်းသည် ဤ စကားဝှက်များကို မှတ်ဉာဏ်တွင်းထိ မှတ်မိနေရန် ကူညီပေးပါသည်။
ဤအရာများကို ကျွန်ုပ်တို့ မည်သည်အတွက်ကြောင့် အကြုံပြုထားသည်ကို လေ့လာပါ
သင့်ရဲ့ စကားဝှက် မန်နေဂျာအတွက် အဓိက စကားဝှက် အပါအဝင် သင်မှတ်သားထားရမည့် စကားဝှက် အနည်းငယ်ရှိပါမည် ။ စကားဝှက် ဖော်ဆောင်သော ဆော့ဝဲများကို အသုံးပြုသည့် ကျွမ်းကျင်လိမ္မာသော တိုက်ခိုက်သူများပင်လျှင် အလွန်ခက်ခဲစွာ ခန့်မှန်းရခက်သော ၊ သို့သော် သင့်အတွက် မှတ်ရလွယ်သည့် စကားဝှက်များကို ဖန်တီးပေးနိုင်သည့် နည်းဗျူဟာများရှိပါသည်။
စကားဝှက် မန်နေဂျင် အပြင် စကားဝှက်များနှင့် အရန်သိမ်းဆည်းရန် ကုဒ်များကို သိမ်းဆည်းဖို့ လိုအပ်ပါက
- အကယ်၍ စကားဝှက်များကို စာရွက်မှာ ချရေးမှတ်ထားရမည်ဆိုလျှင် စားပွဲအံဆွဲ
ဒါမှမဟုတ် မီးခံသေတ္တာကဲ့သို့ နေရာများတွင် သော့ခတ်ပြီး လုံခြုံအောင်ထားပါ။
- သင့်စကားဝှက်များကို ဖြတ်သွားဖြတ်လာသူများ အလွယ်တကူမြင်နိုင်သည့်နေရာများ သို့မဟုတ် အလွယ်တကူရှာတွေပြီး ကူယူနိုင်သည့် အခြေအနေများတွင် ရှိမနေစေဖို့ အရေးကြီးပါသည်။
- စကားဝှက်ချရေးထားသည်များကို သင့်ပိုက်ဆံအိတ်ထဲတွင် သိမ်းထားတာမျိုး မလုပ်ပါနှင့်။
- စကားဝှက်များ သို့မဟုတ် အရန်သိမ်းဆည်းသည့် ကုဒ်များ မိတ္တူကူးထားသည်များကို သင်မလိုတော့ဘူးဆိုသည်နှင့် ချက်ချင်း ဖျက်စီးပစ်ပါ။
- တနည်းအားဖြင့် ထို စကားဝှက်များကို အခြားစက်ပစ္စည်းတွင် သိမ်းဆည်းပါ။ ရှင်းပြချက် သို့မဟုတ် ဖော်ပြချက် မလိုဘဲ အခြားမှတ်စုများကြားတွင် ဝှက်ထားနိုင်သည်။
ဤအရာများကို ကျွန်ုပ်တို့ မည်သည်အတွက်ကြောင့် အကြုံပြုထားသည်ကို လေ့လာပါ
စကားဝှက် အရှည်များမှာ သေချာပေါက် မှတ်ရခက်နိုင်ပါသည်။ သင့်စကားဝှက် မန်နေဂျာတွင် မမှတ်ထားနိုင်သည့် စကားဝှက်များ (ဥပမာ သင့်ရဲ့ စက်ပစ္စည်းကို ဖွင့်မည့် စကားဝှက်) ကို စာရွက်တွင် ချရေးပြီး သေချာသော့ခတ်ထားဖို့ကို စဉ်းစားပါ။
အကယ်၍ သင်က အွန်လိုင်း စကားဝှက်မန်နေဂျာကို သုံးဖို့ ဆုံးဖြတ်ထားတယ်ဆိုရင်
- အွန်လိုင်း ဒေတာဘေ့စ်တွင် ထိရှလွယ်မှုအမြင့်ဆုံး အကောင့်အချက်အလက်များ (ဥပမာ ဘဏ္ဍာရေးအကောင့် သို့မဟုတ် အကောင့် ပြန်လည်ရယူနိုင်သည့် အကောင့်များ) ကို သိမ်းဆည်းခြင်းမျိုး ရှောင်ကြဉ်ပါ။
- သင့် အွန်လိုင်း ဒေတာဘေ့စ်ကို ဝင်ရောက်အသုံးပြုခြင်းကို နှစ်ဆင့်ခံ စစ်မှန်ကြောင်းသက်သေပြခြင်းဖြင့် ကာကွယ်ပါ။
- အွန်လိုင်း စကားဝှက်မန်နေဂျာ တစ်ခု အနေဖြင့် Bitwarden ကို ကျွန်ုပ်တို့ အကြံပြုပါသည်။
ဤအရာများကို ကျွန်ုပ်တို့ မည်သည်အတွက်ကြောင့် အကြုံပြုထားသည်ကို လေ့လာပါ
အွန်လိုင်း စက်ပစ္စည်းများကြားတွင် အလိုအလျောက် ပြောင်းလဲထည့်သွင်းပေးသော စကားဝှက် မန်နေဂျာများသည် အသုံးပြုရ ပိုမိုလွယ်ကူနိုင်သည်။ သူတို့သည် သင့်ရဲ့ ဝှက်စာစနစ်ပြုလုပ်ထားသော စကားဝှက် ဒေတာဘေ့စ်ကို ဆာဗာတွင် သိမ်းဆည်းထားပေးသည်။ သို့သော် အွန်လိုင်း စကားဝှက်မန်နေဂျာများတွင် တိုက်ခိုက်သူမှ သင့်ဒေတာဘေ့စ်ကို ဝှက်စာဖြေနိုင်ပြီး သင့်စကားဝှက်များကို သင်မသိလိုက်ဘဲ ဝင်ရောက်အသုံးပြုနိုင်သည့် ထပ်ဆောင်း အန္တရာယ်များ ရှိနေသည်။
KeePassXC ၊ KeePassDX နှင့် StrongBox တို့မှ သင့် စကားဝှက်များကို အွန်လိုင်းတွင် မသိမ်းဆည်းသောကြောင့် ကျွန်ုပ်တို့မှ အသုံးပြုရန် အကြံပြုပါသည်။ အကယ်၍ အွန်လိုင်း စကားဝှက်မန်နေဂျာတစ်ခုကို အသုံးပြုရန် ဆုံးဖြတ်လျှင် စကားဝှက်များကို ကာကွယ်ရန်အတွက် ဤအဆင့်များကို လိုက်နာရန် ကျွနု်ပ်တို့မှ အကြုံပြုပါသည်။
အကယ်၍ သင့်အနေဖြင့် စကားဝှက်များကို ဝေမျှဖို့လိုအပ်လျှင်
- ဖြစ်နိုင်လျှင် စကားဝှက်များကို မျှဝေခြင်းကို ရှောင်ပါ :
- အကယ်၍ စကားဝှက်တစ်ခုကို သူငယ်ချင်း၊ မိသားစု သို့မဟုတ် လုပ်ဖော်ကိုင်ဖက်များကို မျှဝေဖို့ လိုအပ်လာသည်ဆိုလျှင် သင့်စကားဝှက်ကို ယာယီပြောင်းပြီးမှ မျှဝေပါ။ သူတို့ အသုံးပြုပြီးသွားပြီးဆိုလျှင် လုံခြုံသည့် စကားဝှက်ကို ပြန်ပြောင်းလိုက်ပါ။
- ဝင်ရောက်အသုံးပြုလိုသူ တစ်ဦးချင်းစီအတွက် သီးသန့်အကောင့်များ ဖွင့်ပေးရန် စဉ်းစားပါ ၊ ဝန်ဆောင်မှုများတွင် ထိုသို့ ပြုလုပ်ရန်ဖြစ်နိုင်ပါသည်။ ဤ အကောင့်များသည် မည်သည်အရာများသာ ပြုလုပ်လို့ရမည် မည်သည်ကိုပဲ မြင်ရမည် စသည်တို့ကို ကန့်သတ်ထားနိုင်ပါသည်။ မည်သို့ ပြုလုပ်ရမည်ဆိုသည့် ဘယ်လိုလုပ်ရမလဲဆိုတဲ့ အခြေခံ လုံခြုံရေးလမ်းညွှန်ချက်တွေကို ဤတွင် Android, iOS၊ Linux၊ Mac နှင့် Windows ကြည့်ရှူနိုင်ပါသည်။
- ပူးတွဲအသုံးပြုနိုင်ရန်အတွက် စကားဝှက်မန်နေဂျာတွင် စနစ်ပြုလုပ်ပါ။ KeePassXC နှင့် လုပ်ဆောင်နိုင်ပါသည်။
ဤအရာများကို ကျွန်ုပ်တို့ မည်သည်အတွက်ကြောင့် အကြုံပြုထားသည်ကို လေ့လာပါ
သင့်၏ စကားဝှက်ကို တစ်ခါဝေမျှမိတိုင်း သူခိုးများကို တံခါးပေါက်များ နှင့် ပြတင်းပေါက်များ ဖွင့်ပေးသကဲ့သို့ သို့မဟတု် သော့တစ်ချောင်း အပိုပြုလုပ်ပြီး ပေးလိုက်သလိုဖြစ်သည် ။ အမှန်တကယ်မှာ ပို၍အခြေအနေဆိုးပါသည်၊ သင်သတိမပြုမိဘဲ တံခါးများ ၊ ပြတင်းပေါက်များမှတဆင့် အဲ့ထက်ပိုဆိုးပါတယ်။ သင်ဖွင့်ထားတဲ့ တံခါးတွေနဲ့ ပြတင်းတွေပေါက်များမှ တစ်ဆင့် စက်ပစ္စည်းများကို လွယ်ကူစွာ ဝင်ရောက်နိုင်သောကြောင့် ဖြစ်သည်။ စကားဝှက်များ ဝေမျှခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ပြီး ထိုသို့ တိုက်ခိုက်မှုမျက်နှာပြင်များဖွင့်ထားခြင်းမှ ကာကွယ်ပါ။
သင့်ရဲ့ စကားဝှက်ကို တစ်ယောက်ယောက်က အီးမေးလ်ကဖြစ်စေ ဖုန်းခေါ်ခြင်းဖြင့်ဖြစ်စေ စာပို့ခြင်းဖြစ်စေ တောင်းခံလာရင် မပေးပါနှင့်
- သင့်ကို စာပို့လာလျှင် သူတို့ရဲ့ အက်ပ် သို့မဟုတ် ဆိုဒ်ကို သွားပြီ
တောင်းဆိုမှုကို အတည်ပြုစစ်ဆေးပါ။
- သင့်ကို ပို့ဆောင်ထားသည့် ဝန်ဆောင်မှုအမျိုးမျိုး မှတ်တမ်းများကို ရှာဖွေစစ်ဆေးဖို့အတွက် ကျွန်ုပ်တို့၏ လမ်းညွန်ချက်ဖြစ်သည့် လူမှုကွန်ရက်ကို အသုံးပြုရင်း သင့်ကိုယ်တိုင် နှင့် သင့် ဒေတာများကို ကာကွယ်ပါ ကိုကြည့်ရှုပါ။
- သင့်ကို စာတိုပို့နေသူက သင်အသိ သို့မဟုတ် သင့်ရုံးကဖြစ်နေခဲ့သည်ဆိုလျှင်
သူတို့ကို အခြား ချန်နယ်တစ်ခုမှ သူတို့တောင်းဆိုခြင်း ဟုတ်မဟုတ်
အတည်ပြုစစ်ဆေးပါ။
- ဥပမာ သူတို့ စာတိုပို့ခြင်းသည် အီးမေးလ်မှဆိုလျှင် ဖုန်းခေါ်ပြီး စစ်ဆေးပါ။
- အီးမေးလ်မှ လင့်ကို နှိပ်ခြင်းမျိုး သို့မဟုတ် စာပြန်လိုက်ခြင်းမျိုး မလုပ်ပါနှင့်။
- သင့်ကို ထိတ်လန့်အောင်ပြုလုပ်ခြင်း ၊ သိချင်စိတ်ပြင်းပြအောင် ပြုလုပ်ခြင်း ၊ အခွင့်အရေးတစ်ခု လက်လွှတ်လိုက်သလို ခံစားရအောင် ပြုလုပ်ခြင်း သို့မဟုတ် စဉ်းစားချိန်တောင်မရစေဘဲ အမြန်တစ်ခုခုလုပ်စေခြင်း ကြိုးစားနေပါက ထိုသို့ စာတိုများကို သတိထားပါ။ ခဏရပ်ပါ ၊ စိ်တ်ကို တည်တည်ငြိမ်ငြိမ်ထားပါ ပြီးနောက် ထိုသို့စာတိုများကို အတည်ပြုစစ်ဆေးနိုင်မယ့် နည်းလမ်းများကို ရှာဖွေပါ။
ဤအရာများကို ကျွန်ုပ်တို့ မည်သည်အတွက်ကြောင့် အကြုံပြုထားသည်ကို လေ့လာပါ
တိုက်ခိုက်သူများသည် သူတို့မဟုတ်သည့် တစ်ခြားသူများကဲ့သို့ ရံဖန်ရံခါ ဟန်ဆောင်တတ်ကြသည်၊ ဥပမာ ဘဏ် သို့မဟုတ် နည်းပညာပံပိုးသူအဖြစ် ဟန်ဆောင်ပြီး ထိရှလွယ်သော အချက်အလက်မျိုးပေးရန် စည်းရုံးသိမ်းသွင်းတတ်သည်။ စကားဝှက်များကို မပေးသင့်မှန်း သိသော်လည်း တစ်ခါတစ်ရံ တိုက်ခိုက်သူများက ကျွန်ုပ်တို့၏ စိတ်ခံစားချက်များနှင့် လူ့သဘောသဘာဝများကို အသုံးချကစားပြီး ဝှက်စာတွေများကို ပေးလာအောင် ပြုလုပ်တတ်ပါသည်။
အကယ်၍ သင့်စကားဝှက်နှင့် အခြားထိရှလွယ်သော အချက်အလက်များကို တောင်းဆိုလာသည့် ဖုန်းခေါ်ဆိုမှု သို့မဟုတ် စာတိုပေးပို့မှုမျိုး သင်လက်ခံရရှိပြီဆိုလျှင် ၊ သို့မဟုတ် မေးလ် ၊ စာတိုပို့ထားတဲ့ လင့်ကိုနှိပ်လိုက်လို့ ဤ အချက်အလက်များ တောင်းဆိုလာသည်ဆိုလျှင် သေချာသည်မှာ တစ်စုံတစ်ယောက်မှာ သင့်ကိုလှည့်စားဖို့ ကြိုးစားနေခြင်းဖြစ်သည်။
သင့် စကားဝှက်ကို ပြောင်းလဲရမည်ဆိုပါက
Change your password immediately when:
- it appears your account, devices, or colleagues and people around you have been victims of a breach.
- you get a credible warning from the services you use that there was an attempt to log in from an unauthorised device or location.
- Look for news reports about breaches.
- If you receive an email or alert, double-check on the service provider's own website that they sent the alert.
- you entered your password on an untrusted, shared, or public device (it might have malicious code installed).
- you are concerned that someone watched you type your password.
ထိခိုက်ခံရသူများကို သတိပေးခြင်းဖြင့် ပျက်စီးမှုနည်းပါးအောင် လျော့ချပါ။
သင့် စက်ပစ္စည်း၏ စကားဝှက်များကို ပြောင်းလဲရမည့် နည်းလမ်းများကို ကျွန်ုပ်တို့၏ ဆိုရှယ်မီဒီယာနှင့် အခြေခံလုံခြုံရေးဆိုင်ရာ လမ်းညွန်ချက်များဖြစ်သည့် အန်းဒရွိုက် အတွက်, iOS အတွက်, Linux အတွက် ၊ Mac အတွက် နှင့် Windows အတွက် များတွင် ကြည့်ရှုပါ ။
ဤအရာများကို ကျွန်ုပ်တို့ မည်သည်အတွက်ကြောင့် အကြုံပြုထားသည်ကို လေ့လာပါ
လေ့လာတွေ့ရှိချက်များအရ သင်အနေဖြင့် စကားဝှက်များကို အကြိမ်ကြိမ်ပြောင်းလဲနေခြင်းသည် လုံခြုံမှုကို မြှင့်တင့်ရာ မရောက်ပါ ။ လူများသည် စကားဝှက်ကို ရံဖန်ရခါ ပြောင်းလဲဖို့လိုအပ်သောအခါ စကားဝှက်ကို လုံးဝ အသစ်ကြီးမပြောင်းလဲဘဲ အနည်းငယ်သာ ပြောင်းလဲလိုက်ခြင်းမျိုး လုပ်ဆောင်တတ်ပါသည်။ သုတေသနတွေကိုအကြောင်းပို၍ သိချင်ပါက ဒီမှာ ဖတ်ပါ။
အချက်အလက် ချိုးဖောက်မှုများရှိပါက သင့်စကားဝှက်ကို ပြောင်းလဲရန် အရေးကြီးပါသည်။ အဘယ်ကြောင့်ဆိုသော် မည်သည့်အချိန်တွင် မည်သည့်အချက်အလက်များ ပေါက်ကြားမည်ဆိုသည်ကို ကျွနု်ပ်တို့ အမြဲမသိနိုင်သောကြောင့်ဖြစ်သည်၊ ကျွန်ုပ်တို့အနေဖြင့် လအနည်းငယ်မှ တစ်နှစ်အတွင်း စကားဝှက်များ ပြောင်းလဲရန် အကြံပြုပါသည် သို့မဟုတ် ကျိုးပေါက်ခံရသည်ဟုယုံကြည်ရလောက်သည့် အကြောင်းပြချက်ရှိလျှင် စကားဝှက်ကို ချက်ချင်းပြောင်းလဲရန် အကြံပြုပါသည်။
သင် မည်သည်နေရာမှာ ရှိသည်ဆိုသည်နှင့် သင့်ကို မည်သူမြင်နိုင်သည်ဆိုသည်ကို သတိပြုပါ။
- အကယ်၍ သင်မှ သင့်စကားဝှက်ကို လူ့မြင်ကွင်းတွင် ရိုက်ထည့်ရမည်ဆိုပါက သူများမြင်နိုင်သည် ၊ မှတ်တမ်းယူနိုင်သည် ဆိုသည်ကို သတိပြုပါ။
- သင့်စကားဝှက် ကို ထည့်သွင်းနေချိန်တွင် သင့်ကီးဘုတ် သို့မဟုတ် သင့်ဖုန်းကို စောင့်ကြည့်နေသူ ရှိနေသလား ကြည့်ရှူစစ်ဆေးပါ။
- သင်ရိုက်ထည့်နေချိန် ကြည့်ရှုရခက်ခဲသည့် တစ်ကိုယ်ရည် အကာကွယ်ပေးသည့် ဖန်သားမျက်နှာပြင်ကို အသုံးပြုပါ။
ဤအရာများကို ကျွန်ုပ်တို့ မည်သည်အတွက်ကြောင့် အကြုံပြုထားသည်ကို လေ့လာပါ
ရန်ဖက်များမှ သင်စကားဝှက် ထည့်သွင်းနေချိန်တွင် စောင့်ကြည့်ပြီး မှတ်တမ်းတင်ထားနိုင်သည်။ တက်ကြွလှုပ်ရှားသူတစ်ဦး၏ မိုဘိုင်းစက်ပစ္စည်းသည် မမှန်မကန် လှုံဆော်မှုဖြင့် သိမ်းဆည်းခံလိုက်ရသည်။ သူမဖုန်းသည် စကားဝှက်ဖြင့် ပိ်တ်ထားခဲ့ပြီး ဖွင့်ပေးဖို့ကို ငြင်းဆိုခဲ့သည် ၊ သို့သော် တရားစွဲလူသူများမှ သူမဖုန်းကို သူမရဲ့နေ့စဉ်နေထိုင်မှုတွေကို လေ့လာမှုမှ တစ်ဆင့် ဖွင့်နိုင်ခဲ့ပြီး သူမရဲ့ အချက်အလက်များကို ဝင်ရောက်ကြည့်ရှူနိုင်ခဲ့သည် ။ သူမနေထိုင်သည့် ဓါတ်လှေကား စီစီတီဗီမှ တဆင့် သူမဖုန်းကို စကားဝှက် ရိုက်သွင်းနေချိန်တွင် ဗီဒီယိုမှ တစ်ဆင့် ရရှိလို်က်ခြင်း ဖြစ်သည်။
၂ ဆင့်ခံ စစ်မှန်ကြောင်း သက်သေပြခြင်းကိုအသုံးပြုပါ (2FA သို့မဟုတ် MFA)
- 2FA ကို မည်သည့် ဝန်ဆောင်မှုမှ ပံပိုးသည်ကို စစ်ဆေးပါ။
- 2FA ကို ထားရှိရန် အရေးကြီးပါသည် :
- သင့် ဘဏ်အကောင့်နှင့် ငွေကြေးဆိုင်ရာ အက်ပ်တွေအတွက်
- သင့်အီမေးလ်လိပ်စာ၊ လူမှုကွန်ရက်အကောင့်များ သို့မဟုတ် အခြား များကို ပြန်လည်ရယူရန် လိုအပ်သည့်အခါ ပြုလုပ်ထားသော အကောင့်များ
- သင့် 2FA ရွေးချယ်မှုများမှာ :
- Google Authenticator ၊ Okta သို့မဟုတ် Duo ကဲ့သို့သော
အထောက်အထားစိစစ်ခြင်းအက်က်ပ် သို့မဟုတ် ပရိုဂရမ်ကို အသုံးပြုခြင်း။
Android ရှိ Aegis အက်ပ် သို့မဟုတ် iOS/iPhone
တွင် Raivo
OTP
အက်ပ်ကို ကျွနု်ပ်တို့ အကြံပြုပါသည်။
- ဤရွေးချယ်မှုကို အသုံးပြုနေစဉ်တွင် သင့်မိုဘိုင်းဖုန်းကို သူခိုးဆော့ဝဲလ်များ ရန်မှ ကာကွယ်ရန် အရေးကြီးပါသည်။
- သင့်စက်ပစ္စည်းတွင် ပလပ်ထိုးနိုင်သော သို့မဟုတ် NFC (အနီးနား ဆက်သွယ်မှု)
ကို အသုံးပြုရန် စနစ်ထည့်သွင်းနိုင်သော လုံခြုံရေး တိုကင်ပြား ၊ Dongle
သို့မဟုတ် USB "သော့" ဟုလည်းခေါ်ဆိုကြသည့် ဟာ့ဒ်ဝဲ စက်ပစ္စည်းကို
အသုံးပြုခြင်း။
- ဥပမာအချို့မှာ Yubikey ၊ Nitrokey ၊ Google Titan Key နှင့် Thetis Key တို့ဖြစ်သည်
- မိုဘိုင်းစက်ပစ္စည်းတွင် ဟက်လ်ဝဲစက်ပစ္စည်းသည် သုံးမရခြင်းများ ဖြစ်ကောင်းဖြစ်နိုင်သည်။
- Google Authenticator ၊ Okta သို့မဟုတ် Duo ကဲ့သို့သော
အထောက်အထားစိစစ်ခြင်းအက်က်ပ် သို့မဟုတ် ပရိုဂရမ်ကို အသုံးပြုခြင်း။
Android ရှိ Aegis အက်ပ် သို့မဟုတ် iOS/iPhone
တွင် Raivo
OTP
အက်ပ်ကို ကျွနု်ပ်တို့ အကြံပြုပါသည်။
- သင်သည် ဝန်ဆောင်မှုများစွာအတွက် အထောက်အထားစိစစ်ခြင်းအက်ပ် သို့မဟုတ် ဟာ့ဒ်ဝဲစက်ပစ္စည်းတစ်ခုအား အသုံးပြုနိုင်သည် ၊ သို့မဟုတ် ထပ်ဆောင်းကာကွယ်မှုများအတွက် 2FA ပုံစံအမျိုးမျိုးဖြင့် မတူညီသောဝန်ဆောင်မှုများကို သတ်မှတ်နိုင်သည်။
- သင့်စက်ကို 2FA စတင်သုံးစွဲလိုက်သည်နှင့် အထက်ပါ ရွေးချယ်စရာနှစ်ခု ကုဒ်များထုတ်လုပ်ရန်အတွက် အင်တာနက်ချိတ်ဆက်မှုမလိုအပ်ပါ။ 2FA အတွက် အီးမေးလ်ကို အသုံပြုပါက အင်တာနက်ချိတ်ဆက်မှု လိုအပ်ပါမည်။
- ဘေးကင်းစေရန်အတွက် အဆင့်များသတ်မှတ်ခြင်း ၊ အထောက်အထား
စိစစ်သည့်အက်ပ်များအသုံးပြုခြင်း သို့မဟုတ် ဟာ့ဝဲ
စက်ပစ္စည်းတွေများအသုံးပြုခြင်းသည် အီးမေးလ် ၊ စာတိုတို့ထက်
လုံခြုံဆုံးဖြစ်သည်။ စာတိုပို့ဆောင်ခြင်းသည် သင့်တစ်ခြားနိုင်ငံရောက်နေချိန်
သို့မဟုတ် သတ်မှတ်ဧရိယာထဲတွင် ရှိမနေလျှင် သင့်ဆီကိုမရောက်နိုင်ခြင်းများ
ဖြစ်တတ်ပါသည်။
- စာတိုပို့ဆောင်ခြင်းကို ဝှက်စာစနစ်မခံထားလျှင် တိုက်ခိုက်သူများမှ ပစ်မှတ်ထားသည့်ဖုန်းကို ပို့သည့် တစ်ကြိမ်သုံးကုဒ်ကို အောင်မြင်စွာ ကြားဖြတ်ယူနိုင်ကြသည်။
- 2FA စနစ်ကို ထည့်သွင်းပြီးသည်နှင့် ၊ သင့်၏ အသုံးပြုသူနာမည်နှင့် စကားဝှက် ကို ထည့်သွင်းလိုက်ချိန်တွင် ၊ သင့်ကို ပေးပို့လိုက်သော ကုဒ်ကို ထည့်သွင်းခြင်း သို့မဟုတ် အထောက်အထားစိစစ်ထုတ်လုပ်ပေးသည့် အက်ပ်မှ ကုဒ်ကိုထည့်သွင်းခြင်း သို့မဟုတ် key ကို ထည့်သွင်းခြင်းမှ သင်ကမည်သူမည်ဝါဖြစ်ကြောင်း သက်သေပြသည့် နည်းလမ်းများ အသုံးပြုရမည်ဖြစ်သည်။
- နှစ်ဆင့်ခံ စစ်မှန်ကြောင်းသက်သေပြသည့်စနစ်ကို တစ်ခါထည့်သွင်းပြီးသည်နှင့် ပြန်လည် မပိတ်လိုက်ပါနှင့်။ အချို့ဝန်ဆောင်မှုတွေများသည် သင့်အဆင်ပြေစေရန်အတွက် ပိတ်ချင်လျှင်ပိတ်ရန်ရွေးချယ်ခွင့်ပေးသော်လည်း သင့်၏ လုံခြုံရေးအတွက် သက်ရောက်နိုင်မှုရှိသည်ကို စဉ်းစားပါ။
ဤအရာများကို ကျွန်ုပ်တို့ မည်သည်အတွက်ကြောင့် အကြုံပြုထားသည်ကို လေ့လာပါ
အကောင့်ထဲသို့ ဝင်ရောက်ချိန်တွင် ကာကွယ်မှုအလွှာများစွာရှိနေခြင်းသည် ပိုမိုဘေးကင်းပါသည်။ အကယ်၍ ပထမကာကွယ်မှုအလွှာ ချိုးဖောက်ခံခဲ့ရလျှင်ပင် သင့်၏ ဒစ်ဂျစ်တယ် ပိုင်ဆိုင်မှုများကို ကာကွယ်ရန် အားကိုးနိုင်သည်။အခြား စက်ပစ္စည်း၊အီးမေးလ်တို့ကို အသုံးပြုသည့်အခါ ဘက်စုံ သို့မဟုတ် နှစ်ဆင့်ခံ လုံခြုံရေး (MFA သို့မဟုတ် 2FA) တို့က ကာကွယ်မှုအလွှာတွေကို ပိုမိုပံပိုးပေးနိုင်သည်။ လူအတော်အများများက 2FA တွင် လုံခြုံမှုအားအနည်းဆုံးဖြစ်သည့် စာတိုပို့ဆောင်မှု (SMS လို့လည်းခေါ်ကြသည်) ကို သူတို့အတွက် ပိုအဆင်ပြေစေသည်ဟု တွေးမှတ်ကြသည်။
2FA ကို အသုံးပြုခြင်းသည် အနည်းငယ် အဆင်မပြေဖြစ်နိုင်ပေမယ့် သင့်အတွက် အနည်းငယ်အဆင်မပြေသည်က သင့်အကောင့်ထဲသို့ ဝင်ရောက်ရန်ကြိုးစားနေသည့် မသမာသူများနှင့် တစ်ခြားသူများအတွက်ဆို ပိုပြီးခက်ခဲနိုင်စေသည့် အချက်ကို သင်မှတ်ထားရမည်ဖြစ်သည် ။သင့်အကောင့်ခိုးယူခံလိုက်ခြင်း၊ ပြန်ပေးဆွဲခံလိုက်ရခြင်း သို့မဟုတ် မသမာသူများက စောင့်ကြည့်ခံရခြင်းများမှာ ရေရှည်တွင် ပိုမိုကြီးမားသည့် အဆင်မပြေမှုများ ဖြစ်ပေါ်စေပါသည်။
2FA အရန်ကုဒ်များကို လုံခြုံအောင်သိမ်းဆည်းပြီး သီးသန့်ထားပါ
- 2FA စနစ်သုံးသည့်အချိန်တွင် အရန်ကုဒ်များ ထားရှိမည်ဆိုပါက စကားဝှက်မန်နေဂျာထဲတွင် သိမ်းဆည်းပါ။
- အကောင်းဆုံးမှာ သင့်အကောင့်များကို ဝင်ရောက်အသုံးပြုနိုင်သည့် အခြားအချက်အလက်များ နှင့် သီးသန့်ကုဒ်များကို သီးသန့်စီ ခွဲခြားထားပါ ။ KeePassXC ဒေတာဘေ့စ်ကို ဖန်တီးပြီး အခြားစက်ပစ္စည်းတွင် သိမ်းဆည်းပါ။
ဤအရာများကို ကျွန်ုပ်တို့ မည်သည်အတွက်ကြောင့် အကြုံပြုထားသည်ကို လေ့လာပါ
သင့်အကောင့်အတွက် ပထမဆုံးအကြိမ် နှစ်ဆင့်ခံ စစ်မှန်ကြောင်းသက်သေပြခြင်းစနစ်ကို အသုံးပြုလိုက်သည်နှင့် အွန်လိုင်းဝန်ဆောင်မှုအတော်များများက အရန်ကုဒ်စာရင်းများ ပေးပါလိမ့်မည်။ထိုကုဒ်များသည် သင့်၏ 2FA သုံးနေသည့် စက်ပစ္စည်းကို ဝင်ရောက်၍ မရတော့သည့်အချိန်တွင် ပြန်လည်ဝင်ရောက်နိုင်မည့် ကုဒ်များဖြစ်ပါသည် ။ ထိုကုဒ်များမှာ သက်တမ်းကုန်ဆုံးရက်မရှိပါ။ သင့်၏ စကားဝှက်ရှိသည့် မည်သူမဆို ကုဒ်များထဲမှ တစ်ခုခုကို အသုံးပြု၍ သင့်အကောင့်ထဲကို ဝင်ရောက်နိုင်သောကြောင့် အရန်ကုဒ်များကို လုံခြုံအောင်ထားရန် အရေးကြီးပါသည်။
လက်ဗွေရာ သို့မဟုတ် မျက်နှာဖြင့် လော့ဖွင့်ခြင်းကို ရှောင်ကြဉ်ပါ (ဇီဝဆိုင်ရာအချက်အလက်)
- အကယ်၍ သင့်စက်ပစ္စည်းမှ သင့်၏မျက်နှာ သို့မဟုတ် လက်ဗွေရာကို အသုံးပြု၍ လော့ဖွင့်တဲ့ စနစ်ကို အသုံးပြုထားပါက ဆက်တင်အပြင်အဆင်မှာ စကားဝှက်ဖြင့် လော့ဖွင့်ရသည်ကို ပြောင်းလဲလိုက်ပါ။
- လုပ်ဆောင်မှု လမ်းညွှန်းများကို အန်းဒရွိုက်, iOS ၊ Linux ၊ Mac နှင့် Windows အခြေခံလုံခြုံရေး လမ်းညွှန်များတွင် ကြည့်ရှုပါ။
ဤအရာများကို ကျွန်ုပ်တို့ မည်သည်အတွက်ကြောင့် အကြုံပြုထားသည်ကို လေ့လာပါ
သင့်ရဲ့ လက်ဗွေ ဒါမှမဟုတ် မျက်နှာကို အသုံးပြုပြီး ဝင်ရောက်လို့ရတဲ့ ဇီဝတိုင်းတာမှုစနစ်က သင့်စက်ပစ္စည်းထဲကို ဝင်ရောက်ဖို့ ပိုမိုမြန်ဆန်ပါသည်။ယေဘုယျအားဖြင့်တော့ ဒီနည်းက သင့်စက်ပစ္စည်းနှင့် အကောင့်ကို လော့ချရာမှာ လုံခြုံမှုအားအနည်းဆုံးဖြစ်သည်။ ဝှက်စာတွေလို မဟုတ်ဘဲ သင့်ရဲ့ လက်ဗွေအချက်အလက်တွေကို သင်ပြောင်းလဲချင်တိုင်းပြောင်းလဲလို့ မရပါ။ ဥပမာ လေဆိပ်တို့၊ အစိုးရရုံးတို့မှာ လူအတော်အများများက ဇီ၀တိုင်းတာမှု အချက်အလက်တွေကို ပေးရပါသည်။ ဒါက သင့်ခွင့်ပြုချက်မရှိပဲ သင့်အကောင့်တွေထဲ တစ်ယောက်ယောက် ဝင်ရောက်နိုင်တဲ့ အန္တရာယ်ကို ဖန်တီးပေးပါသည်။ အကယ်၍ သင့်အား ရန်ဘက်ပြုသူများသည် သင့်စက်ပစ္စည်းကို ဝင်ရောက်ဖို့ သင့်အား ရုပ်ပိုင်းဆိုင်ရာ ချုပ်နှောင်ခြင်း သို့မဟုတ် အတင်းအကြပ် ပြုလုပ်ပါက ဝှက်စာဖြင့် စက်ပစ္စည်းကို လော့ချထားခြင်းတက် ပိုမိုလွယ်ကူပါသည်။
ပိုမိုလုံခြုံသော ပြန်လည်ရယူမည့်မေးခွန်းများကို သတ်မှတ်ပါ
သင် အကောင့်တစ်ခုကို ဖွင့်ပြီးပြီဆိုသည်နှင့် ဝက်ဘ် ဝန်ဆောင်မှု အတော်များများမှ "လုံခြုံရေးမေးခွန်း" သို့မဟုတ် "ပြန်လည်ရယူမည့်မေးခွန်း" များကို မေးတတ်ကြပါသည်။ တစ်ယောက်ယောက်မှ ခန့်မှန်းနိုင်ခြေနည်းစေရန်- ဒီမေးခွန်းများအတွက် အတုအယောင်ဖြစ်သော မသက်ဆိုင်သော အဖြေများကို ပေးပါ။ သင့်ရဲ့ စကားဝှက် မန်နေဂျာများမှ ထုတ်ပေးသည့် ကျပန်းဖြစ်သော ထူးခြားသည့် ကုဒ်များကို အသုံးပြနိုင်သည်။ သင့်ရဲ့ တုံပြန်ချက်များနှင့် အခြား အချက်အလက်အတုအယောင်များကို သင့် အကောင့်ပိတ်မမိနေစေရန် စကားဝှက်မန်နေဂျာတွင် သိမ်းထားပါ။
ဤအရာများကို ကျွန်ုပ်တို့ မည်သည်အတွက်ကြောင့် အကြုံပြုထားသည်ကို လေ့လာပါ
Recovery questions are important to helping services verify your identity if they suspect someone else is trying to access your account. You use these answers to change your password in case you lose access to your account. Unfortunately, your answers to questions like "What town were you born in?" or "What is your pet's name?" can be easy to find online. By giving fake answers, you can make it harder for an attacker to hijack your account.
ပိုမို ဖတ်ရှုရန်
ထောက်လှမ်းစောင့်ကြည့်ခြင်းမှ ကိုယ့်ကိုယ်ကိုကာကွယ်ခြင်း ၊ "ခိုင်မာသည့် စကားဝှက်များကိုတည်ဆောက်ပါ"
Tech Radar၊ "အလုပ်တွင် စကားဝှက်မျှဝေခြင်း၏အန္တရာယ်များ"
လုံခြုံရေးသုတေသီ Daniel Miessler သည် စကားဝှက် အသုံးအများဆုံး ဝှက်စာ 1,000 စာရင်းပြုစုထားသည် ။ ဤစာရင်းတွင် ပါသည့်အရာများကို စကားဝှက်အဖြစ် အသုံပြုခြင်းမှ ရှောင်ကြဉ်ပါ။
ဝီကီပီးဒီးယားတွင် စကားဝှက်များ ၊ စကားဝှက်ခိုင်မာမှုအတွက် လမ်းညွှန်များ နှင့် တိုက်ခိုက်သူများ သင့်အကောင့်ကို မည်သို့ဝင်ရောက်သနည်း စသဖြင့် ဆောင်းပါးများရှိသည်။