Android ဖုန်းအတွက် Android Privacy Guard (APG)

မာတိကာ

...Loading Table of Contents...

    Android Privacy Guard (APG) ဟာ အခမဲ့ဖြစ်ပြီး Android ဖုန်းတွေမှာ အသုံးပြုနိုင်တဲ့ ပွင့်လင်းတဲ့ အရင်းအမြစ် ဆော့ဗ်ဝဲ ဖြစ်တယ်။ ၄င်းကို Thialfiar က တီထွင်ဖန်တီးထားတယ်။ ၄င်းကို အသုံးပြုပြီး ဖိုင်တွေ (သို့) အီးမေးလ်တွေကို စာဝှက်နိုင်၊ စာဝှက်ဖြည်နိုင်တယ်။ ၄င်းရဲ့ ရည်ရွယ်ချက်ကတော့၊ OpenPGP ရဲ့ အင်္ဂါရပ်အားလုံးကို အသုံးမချသေးပေမဲ့၊ Android ဖုန်းတွေမှာ OpenPGP စာဝှက်စနစ် ပံ့ပိုးပေးဖို့ ဖြစ်တယ်။ ၄င်းရဲ့ public/private ကီးကို သုံးပြီး ဖိုင်တွေ၊ ပေးစာတွေကို စာဝှက်နိုင်၊ စာဝှက်ဖြည်နိုင်၊ လက်မှတ်ထိုးနိုင်တယ်။ အချိုးမညီတဲ့ စာဝှက်စနစ်ကို သုံးပြီး ဖိုင်တွေကို စာဝှက်ရာမှာ ဖြစ်စေ၊ ဖိုင်တွေကို စကားဝှက် (သို့) စကားဝှက်စုနဲ့ ပိတ်တဲ့အခါ ဖြစ်စေ public/private ကီးစုံတွဲ မပါပဲ ၄င်းကို အသုံးပြုနိုင်တယ်။ အီးမေးလ် စာဝှက်ရာမှာ ၄င်းကို Android အီးမေးလ် ဂလိုင်း တစ်ခု ဖြစ်တဲ့ K9 နဲ့ ပေါင်းပြီး အသုံးပြုဖို့ အကြံပြုလိုတယ်။ ၄င်းရဲ့ လက်ကမ်း လမ်းညွှန်ကို လေ့လာနိုင်တယ်။

    ပင်မ စာမျက်နှာ

    ဖုန်း လိုအပ်ချက်များ - Android 1.5 နဲ့ အထက် ဒီလမ်းညွှန်ထဲမှာ အသုံးပြုတဲ့ ဗားရှင်း -

    အဆင့် - ၁။ လက်သင်၊ ၂။ ပျမ်းမျှ (ဖိုင် စာဝှက်စနစ်)၊ ၃။ အလယ်အလတ် (အီးမေးလ် စာဝှက်စနစ်)၊ ၄။ အတွေ့အကြုံရှိသော၊ ၅။ အဆင့်မြင့်

    ဒီပရိုဂရမ်ကို စတင် အသုံးပြုနိုင်ဖို့ လိုအပ်သော အချိန် - ၁၀ မိနစ် (ဖိုင် စာဝှက်စနစ်)

    ပြန်လည်ရရှိမဲ့ အကျိုးကျေးဇူးများ -

    • ဖိုင်နဲ့ အီးမေးလ် ဆက်သွယ်ရေးမှာ စာဝှက်စနစ်ကို အသုံးပြုနိုင်တယ်။

    Android Privacy Guard (APG) ဟာ အခမဲ့ဖြစ်ပြီး Android ဖုန်းတွေမှာ အသုံးပြုနိုင်တဲ့ ပွင့်လင်းတဲ့ အရင်းအမြစ် ဆော့ဗ်ဝဲ ဖြစ်တယ်။ ၄င်းကို Thialfiar က တီထွင်ဖန်တီးထားတယ်။ ၄င်းကို အသုံးပြုပြီး ဖိုင်တွေ (သို့) အီးမေးလ်တွေကို စာဝှက်နိုင်၊ စာဝှက်ဖြည်နိုင်တယ်။ ၄င်းရဲ့ ရည်ရွယ်ချက်ကတော့၊ OpenPGP ရဲ့ အင်္ဂါရပ်အားလုံးကို အသုံးမချသေးပေမဲ့၊ Android ဖုန်းတွေမှာ OpenPGP စာဝှက်စနစ် ပံ့ပိုးပေးဖို့ ဖြစ်တယ်။ ၄င်းရဲ့ public/private ကီးကို သုံးပြီး ဖိုင်တွေ၊ ပေးစာတွေကို စာဝှက်နိုင်၊ စာဝှက်ဖြည်နိုင်၊ လက်မှတ်ထိုးနိုင်တယ်။ အချိုးမညီတဲ့ စာဝှက်စနစ်ကို သုံးပြီး ဖိုင်တွေကို စာဝှက်ရာမှာ ဖြစ်စေ၊ ဖိုင်တွေကို စကားဝှက် (သို့) စကားဝှက်စုနဲ့ ပိတ်တဲ့အခါ ဖြစ်စေ public/private ကီးစုံတွဲ မပါပဲ ၄င်းကို အသုံးပြုနိုင်တယ်။ အီးမေးလ် စာဝှက်ရာမှာ ၄င်းကို Android အီးမေးလ် ဂလိုင်း တစ်ခု ဖြစ်တဲ့ K9 နဲ့ ပေါင်းပြီး အသုံးပြုဖို့ အကြံပြုလိုတယ်။ ၄င်းရဲ့ လက်ကမ်း လမ်းညွှန်ကို လေ့လာနိုင်တယ်။

    ၁.၁ ဒီပရိုဂရမ်ကို စတင် အသုံးမပြုခင် သိထားသင့်တဲ့အချက်များ

    • APG ဟာ android သုံး k9 အီးမေးလ် ဂလိုင်းနဲ့ ပေါင်းစပ်ပြီး အီးမေးလ် စာဝှက်ရာမှာ ချောမွေ့စေတယ်။ ဒါပေမဲ့၊ ပထမဦးဆုံး အီးမေးလ် စာဝှက်စနစ် အလုပ်လုပ်ပုံကို အရင်ဆုံး သိထားဖို့ လိုအပ်တယ်။ ဒီအကြောင်းကို အခန်း ၇.၄ အဆင့်မြင့် အီးမေးလ် လုံခြုံရေး မှာ ရှင်းလင်းပေးထားတယ်။
    • APG ကို အသုံးပြုပြီး မိမိဖုန်းထဲက ဖိုင်တွေကို စကားဝှက်စုနဲ့ ဖြစ်စေ၊ public/private ကီးစုံတွဲနဲ့ ဖြစ်စေ သီးသန့် စာဝှက်နိုင်သလို၊ စာဝှက်ဖြည်နိုင်တယ်။

    ၂။ APG ကို ထည့်သွင်းပြီး သုံးစွဲနည်း

    ပါဝင်တဲ့ အခန်းများ -


    ၂.၀ APG ထည့်သွင်းနည်း

    အဆင့် ၁။ Google Play ကနေ app ကို ဒေါင်းလုပ်ဆွဲယူပါ။ တနည်းအားဖြင့်၊ app ကို ပရိုဂျက် ပင်မစာမျက်နှာ ကနေ ဖြစ်စေ၊ F-Droid သိမ်းဆည်းခန်း ကနေဖြစ်စေ ဒေါင်းလုဒ် ရယူနိုင်တယ်။ ဒီအရင်းအမြစ်မသိ ကိရိယာတွေကို ထည့်သွင်းနိုင်ဖို့ Settings နဲ့ Security ထဲကို သွားရောက် ချိန်ညှိပေးရမှာ ဖြစ်တယ်။

    အဆင့် ၂။ Install ခလုတ်ကို နှိပ်ပြီး app ကို ထည့်သွင်းပါ။

    အဆင့် ၃။ app မှာ တောင်းဆိုတဲ့ ခွင့်ပြုချက်တွေကို အတည်ပြုပြီး Accept & download ကို နှိပ်ပါ။

    အဆင့် ၄။ app ကို ပထမဦးဆုံး အကြိမ် အသုံးပြုဖို့ Open ကို နှိပ်ပါ။

    စကားဝှက်ကို သုံးပြီး ဖိုင် စာဝှက်ရာမှာ အရင်ဦးဆုံး ပြုလုပ်ရမဲ့ တခြား အဆင့် မရှိပါ။ အကယ်လို့ AGP in combination with the k9 email client ကို အသုံးပြုလိုရင်၊ K9+APG လက်ကမ်း လမ်းညွှန် ကို သွားရောက် လေ့လာပါ။

    ၂.၁ APG ကို ဖိုင် စာဝှက်ခြင်း၊ စာဝှက်ဖြည်ခြင်းအတွက် သုံးစွဲနည်း

    အဆင့် ၁။ APG ကို ဖွင့်ပြီးတဲ့အခါ ကို နှိပ်လိုက်ပါ။

    အဆင့် ၂။ ဖိုင်တွဲ သင်္ကေတကို နှိပ်ပြီး စာဝှက်မဲ့ ဖိုင်ကို ရွေးချယ်ပါ။ ဖိုင် မန်နေဂျာထဲက ဖိုင်ကို ရွေးချယ်ပါ။ အဆင့် ၃။ အကယ်လို့ ဖိုင်တစ်ပုဒ်ကို စာဝှက်ပြီးတဲ့အခါ ပယ်ဖျက်လိုက်တဲ့ မူရင်းဖိုင်ကို ရယူလိုပါက၊ Delete after encryption ကို ရွေးပါ။ လိုအပ်တဲ့အခါ ဒီအချက်ကို အသုံးပြုဖို့ အကြံပြုအပ်ပါတယ်။

    အဆင့် ၄။ ၀င်းဒိုး အောက်ပိုင်းမှာ ရှိတဲ့ စာဝှက်စနစ် နှစ်မျိုးဖြစ်တဲ့ - Public ကီး စာဝှက်စနစ် (သို့) စကားဝှက်စု တစ်ခုခုကို (ဘယ်ဖက် မြှား သို့မဟုတ် ညာဖက် မြှားပေါ် နှိပ်ပြီး) ရွေးချယ်နိုင်တယ်။ အကယ်လို့ - Public/Private ကီးစုံတွဲ မရှိရင် ဖြစ်စေ၊ Public/Private ကီး အစီအစဉ်ကို နားမလည်ရင် ဖြစ်စေ၊ Pass phrase ကို ရွေးချယ်နိုင်တယ်။

    အဆင့် ၅။ စကားဝှက်စု တစ်ခုကို ရေးထည့်ပြီး ထပ်ရေးပါ။ လုံခြုံတဲ့ စကားဝှက်စု သုံးစွဲနည်းကို သုံးစွဲနည်း စာအုပ်ငယ် အခန်း ၃။ လုံခြုံတဲ့ စကားဝှက်များကို ဖန်တီးပြီး ထိန်းသိမ်းနည်းထဲမှာ လေ့လာ ဖတ်ရှုနိုင်တယ်။

    အဆင့် ၆။ Encrypt ကို နှိပ်ပါ။

    ပုံ ၁ - စာဝှက်စနစ် ရွေးစရာများ

    အဆင့် ၇။ နောက် ၀င်းဒိုးမှာ စာဝှက်ထားတဲ့ ဖိုင်ကို အမည်ပေးဖို့ တောင်းဆိုလာလိမ့်မယ်။ အကယ်လို့ အပြောင်းအလဲတွေ မလုပ်ပဲ OK ကို နှိပ်လိုက်ရင်၊ စာဝှက်ထားတဲ့ ဖိုင်ဟာ APG ဖိုင်တွဲထဲမှာ မူရင်း နာမည် အတိုင်း ".gpg" ဖိုင်အဖြစ် သိမ်းဆည်းထားမှာ ဖြစ်တယ်။

    အရေးကြီးချက် - အကယ်လို့ ဖိုင်အမည်ကို ပြောင်းမယ်ဆိုရင်၊ ".gpg" နဲ့ အဆုံးသတ်ဖို့ လိုအပ်တယ်။

    ပုံ ၂ - ဖိုင်အမည် ရွေးချယ်ရန်

    အဆင့် ၈။ ဖုန်းဟာ ရွေးချယ်ထားတဲ့ ဖိုင်ကို စတင် စာဝှက်ပေးမှာ ဖြစ်တယ်။ ဖိုင်ရဲ့ အရွယ်အစားအပေါ် မူတည်ပြီး၊ အချိန်ယူနိုင်တယ်။

    အဆင့် ၉။ စာဝှက်ဖြည်ဖို့ ကို နှိပ်ပါ။

    အဆင့် ၁၀။ စာဝှက်ဖြည်မဲ့ ဖိုင်ကို ရွေးချယ်ပါ။ အကယ်လို့ စာဝှက်မထားတဲ့ မူရင်းဖိုင်ကို ပယ်ဖျက်လိုရင် delete after decryption ကို ရွေးချယ်နိုင်တယ်။

    ပုံ ၃ - စာဝှက်ဖြည်မဲ့ ဖိုင်ကို ရွေးချယ်ပါ

    အဆင့် ၁၁။ စကားဝှက်စုကို တောင်းဆိုတဲ့ ၀င်းဒိုးတစ်ခု ပေါ်လာလိမ့်မယ် - အဲဒါကို ချက်ခြင်း ရေးထည့်ပေးလိုက်ပါ။

    ပုံ ၄ - စကားဝှက်စုကို ရေးထည့်ပါ

    Step 12. Another window will ask where to store the decrypted file and under which name. The default is again the APG folder. ၁၂။ တခြား ၀င်းဒိုးပေါ်လာပြီး စာဝှက်ဖြည်ထားတဲ့ ဖိုင်ကို သိမ်းဆည်းမဲ့နေရာ၊ ပေးမည့် အမည်ကို မေးလာလိမ့်မယ်။ ပုံမှန်အရ APG ဖိုင်တွဲမှာ သိမ်းဆည်းမှာ ဖြစ်တယ်။

    ပုံ ၅ - စာဝှက်ဖြည်ထားတဲ့ ဖိုင်အတွက် နာမည် တစ်ခု ရွေးချယ်ပေးရန်

    အဆင့် ၁၃။ ဖုန်းဟာ ရွေးချယ်ထားတဲ့ ဖိုင်ကို စတင် စာဝှက်ဖြည်ပေးမှာ ဖြစ်တယ်။ ဖိုင်ရဲ့ အရွယ်အစားပေါ် မူတည်ပြီး၊ အချိန်ယူနိုင်တယ်။