Avast! - ဗိုင်းရပ်စ် ဖယ်ရှားရေး ကိရိယာ

မာတိကာ

...Loading Table of Contents...

    Avast! ဆိုတာ ကွန်ပျူတာထဲက ဗိုင်းရပ်စ်တွေနဲ့ malware ကို ရှာဖွေပြီး ဖယ်ရှားပေးတဲ့ အင်္ဂါစုံ ဗိုင်းရပ်စ် ဖယ်ရှင်းပေးတဲ့ ကိရိယာတခု ဖြစ်တယ်။ Avast! ကို အိမ်မှာ အသုံးပြုဖို့နဲ့ တကိုယ်ရေ ကွန်ပျူတာ သုံးစွဲမှုအတွက် အခမဲ့ ပေးထားပေမဲ့၊ အဲဒါကို install လုပ်ပြီးတဲ့အခါ မှတ်ပုံတင်ဖို့ လိုအပ်တယ်၊ မဟုတ်ရင် ရက် ၃၀ အတွင်းမှာ သက်တမ်း ကုန်ဆုံးသွားမှာ ဖြစ်တယ်။ မှတ်ပုံတင်လိုက်တဲ့အတွက် Avast! ဟာ သူ့ရဲ့ နောက်ဆုံးထွက် ပရိုဂရမ် ဗားရှင်းတွေနဲ့ definitions တွေကို အလိုအလျှောက် ရရှိလာမှာ ဖြစ်တယ်။

    install download

    ပင်မစာမျက်နှာ -

    www.avast.com

    ကွန်ပျူတာ လိုအပ်ချက်များ -

    • Windows ဗားရှင်း အားလုံး

    ဒီလမ်းညွှန်ထဲမှာ အသုံးပြုတဲ့ ဗားရှင်း -

    • ၅.ဝ

    လိုင်စင် ခွင့်ပြုချက် -

    • အခမဲ့ ဆော့ဗ်ဝဲ

    ဖတ်ရှုရမဲ့ အကြောင်းအရာများ -

    အဆင့် - ၁။ လက်သင်၊ ၂။ ပျမ်းမျှ၊ ၃။ အလယ်အလတ်၊ ၄။ အတွေ့အကြုံရှိသော၊ ၅။ အဆင့်မြင့်

    ဒီပရိုဂရမ်ကို စတင် အသုံးပြုနိုင်ဖို့ လိုအပ်သော အချိန် - ၂၀ မိနစ်

    ပြန်လည်ရရှိမဲ့ အကျိုးကျေးဇူးများ -

    • ကွန်ပျူတာထဲမှာ ဗိုင်းရပ်စ်တွေကို ရှာဖွေပြီး ဖယ်ရှားပေးနိုင်တယ်၊
    • ကွန်ပျူတာကို ဗိုင်းရပ်စ်အသစ် ကူးစက်မခံရအောင် အကာအကွယ် ပေးနိုင်တယ်၊
    • အင်တာနက်ကနေ ပရိုဂရမ် ဗားရှင်းအသစ်နဲ့ ဗိုင်းရပ်စ် definition မွမ်းမံချက်တွေကို ရရှိနိုင်ပါတယ်၊

    GNU Linux, Mac OS နဲ့ တခြား Microsoft Windows တွေနဲ့ လိုက်ဖက်ကိုက်ညီတဲ့ ပရိုဂရမ်များ -

    ဒီအခန်းထဲမှာ avast! အခမဲ့ ဗိုင်းရပ်စ် ဖယ်ရှားပေးတဲ့ ကိရိယာကို အသုံးပြုဖို့ ကျွန်ုပ်တို့ အကြံပြုထားပေမဲ့၊ တခြား Microsoft Windows နဲ့ လိုက်ဖက်ကိုက်ညီမှု ရှိပြီး သုံးစွဲသင့်တဲ့ အခမဲ့ ဗိုင်းရပ်စ် ဖယ်ရှားရေး ကိရိယာ ပရိုဂရမ်တွေလည်းပါရှိသေးတယ်။ -

    Microsoft Windows မှာ အသုံးပြုဖို့ အခကြေးငွေ ပေးဝယ်ရတဲ့ ဗိုင်းရပ်စ် ဖယ်ရှားရေး-ဆော့ဗ်ဝဲ ဗားရှင်း တခုခုကို သင် ဝယ်ယူနိုင်တယ်ရင် ပိုမို ပြီးပြည့်စုံတဲ့ ကာကွယ်မှုကို ပေးနိုင်ပါလိမ့်မယ်။

    GNU Linux နဲ့ Mac OS တို့လို operating systems တွေဟာ အပေါ်ယံအားဖြင့် ဗိုင်းရပ်စ် ကင်းစင်တယ်လို့ ထင်ရပေမဲ့၊ ၄င်းတို့ အထဲမှာ anti-malware ပရိုဂရမ်ကို မဖြစ်မနေ install လုပ်ရမဲ့ အကြောင်းရင်းတွေ ရှိပါတယ်။ ပထမဆုံး အနေနဲ့၊ နောက်ပိုင်းမှာ အဲဒီ operating systems အတွက် ဗိုင်းရပ်စ်တွေကို ရေးသား ဖန်တီးလာကြလိမ့်မယ်၊ ဒုတိယအနေနဲ့၊ သင့်ရဲ့ system ဟာ အကာအကွယ် ကောင်းနေပေမဲ့ ဗိုင်းရပ်စ်တွေကို မသိလိုက်ရပဲ ပျံ့နှံ့စေတဲ့ အန္တရာယ်မျိုးကို သင် ရင်ဆိုင်ရနိုင်ပါတယ်။

    လက်ရှိအချိန်မှာ၊ Linux နဲ့ Mac OS တို့အတွက် သက်တောင့်သက်သာ အကြံပြုရလောက်အောင် သုံးစွဲနိုင်တဲ့ အခမဲ့ ဗိုင်းရပ်စ် ဖယ်ရှားရေး ပရိုဂရမ်တွေ မရှိပါဘူး။ ဒါပေမဲ့၊ အင်္ဂါရပ် ပိုမို စုံလင်ပြီး ပိုမို ကြီးမားတဲ့ ကာကွယ်မှုကို ပေးနိုင်တဲ့ အခကြေး ပေးဆောင်ရတဲ့ ထုတ်ကုန် အနည်းအကျဉ်းတော့ ရှိပါတယ်၊ ရေပမ်းအစားဆုံးထဲက တချို့ကို အောက်မှာ ဖေါ်ပြထားပါတယ်။

    • avast!,
    • Kaspersky,
    • Mcafee,
    • Sophos နဲ့
    • တခြားအရာတွေထဲက Symantec တို့ ဖြစ်ကြပါတယ်။ အကယ်လို့ အဲဒီထဲက တခုခုကို ဝယ်နိုင်ရင်၊ ဝယ်လိုက်ပါ။

    Avast! ကို Install လုပ်ခြင်း

    • လက်ကမ်း လမ်းညွှန်နိဒါန်းအကျဉ်းကို ဖတ်ပါ
    • www.avast.com ပေါ်က download စာမျက်နှာကို ဖွင့်ဖို့ avast! icon ကို နှိပ်ပါ။
    • 'Free Antivirus' အောက်က 'Download' ခလုတ်ကို နှိပ်ပြီးတော့၊ နောက်တမျက်နှာမှာ ပေါ်တဲ့ 'Download Now' ကို နှိပ်ပါ။
    • 'setup_av_free.exe' ကို ကွန်ပျူတာထဲမှာ Save ထားနိုင်ဖို့ 'Save File' ကို နှိပ်ပြီးတော့၊ install လုပ်တဲ့ ပရိုဂရမ်ကို ဖွင့်ဖို့ 'setup_av_free.exe' ကို နှိပ်ချက် နှိပ်ပါ။
    • ရှေ့ဆက်မသွားခင် အပိုင်း ၂.ဝ avast! ကို install လုပ်ပြီး မှတ်ပုံတင်နည်းကို ဖတ်ပါ။
    • Avast! ကို အောင်အောင်မြင်မြင် install လုပ်ပြီးတဲ့နောက်၊ install လုပ်ထားတဲ့ ပရိုဂရမ်ကို ကွန်ပျူတာထဲကနေ ပယ်ဖျက်နိုင်ပါတယ်။
    • avast! -

    ၁.၁ ဒီပရိုဂရမ်ကို စတင် အသုံးမပြုခင် သိထားသင့်တဲ့အချက်များ

    ကွန်ပျူတာ ဗိုင်းရပ်စ်တွေဟာ ဖိုင်တွေကို ဖျက်ဆီးနိုင်ပြီး၊ ကွန်ပျူတာကို နှေးကွေးစေကာ သင့်ရဲ့ လိပ်စာ စာအုပ်ကို အသုံးပြုပြီး တခြား ကွန်ပျူတာတွေကို ကူးစက်နိုင်တဲ့ အန္တရယ်ရှိတဲ့ ပရိုဂရမ်တွေ ဖြစ်ပါတယ်။ Avast က အင်တာနက်မှ download လုပ်တဲ့အရာတွေ၊ အီးမေးလ် ပူးတွဲချက်တွေ (သို့) ဖြုတ်တပ်နိုင်တဲ့ (CDs တွေ၊ DVDs တွေ၊ floppy disks တွေ၊ USB မှတ်ဉာဏ်ချောင်းတွေ စတဲ့) ဖြုတ်တပ်လို့ ရတဲ့ မီဒီယာတွေကတဆင့် ကွန်ပျူတာထဲကို ကူးစက် ၀င်ရောက်နိုင်တဲ့ ဗိုင်းရပ်စ်တွေကို အကာအကွယ် ပေးနိုင်ပါတယ်။

    • ဗိုင်းရပ်စ် ဖယ်ရှားရေး ပရိုဂရမ် နှစ်ခုကို install လုပ်မထားဖို့နဲ့ အကယ်လို့ install လုပ်ထားပြီးသား ရှိရင်လည်း တချိန်တည်း မဖွင့်ဖို့ သတိပြုပါ။ အကယ်လို့ လောလောဆယ် တခြား ပရိုဂရမ် တခုခုကို အသုံးပြုနေပြီး Avast ကို ပြောင်းလဲ အသုံးပြုချင်တယ် ဆိုရင်၊ Avast ကို install မလုပ်ခင် တခြား ဗိုင်းရပ်စ်သတ် ဖယ်ရှားရေး ပရိုဂရမ်တခုကို အရင် ဖယ်ရှားရမှာ ဖြစ်ပါတယ်။

    • Anti-malware နဲ့ ဗိုင်းရပ်စ် အသစ်တွေကို အမြဲတမ်း ရေးသားနေကြတယ်။ ကွန်ပျူတာကို ထိထိရောက်ရောက် အကာအကွယ် ပေးနိုင်ဖို့၊ သင့်ရဲ့ Avast ဒေတာဘေ့စ်ဟာ အမြဲတမ်း နောက်ဆုံးထွက် (up-to-date) ဖြစ်နေဖို့ လိုအပ်ပါတယ်။

    • ပိုပြီး ကူးစက်ပျံ့နှံ့နိုင်တဲ့ ဗိုင်းရပ်စ်တွေထဲမှာ Avast ကို install လုပ်လို့ မရအောင် တားဆီးနိုင်တဲ့ ဗိုင်းရပ်စ်မျိုးနဲ့ (သို့) Avast က ရှာမပေးနိုင်ရုံမက မဖယ်ရှားပေးနိုင်တဲ့ ဗိုင်းရပ်စ်တွေ ဖြစ်ကြပါတယ်။ ဒီလို အခြေအနေမျိုးမှာ၊ အတော်လေး အဆင့်မြင့်တဲ့ နည်းလမ်းတွေ လိုအပ်ပါတယ်၊ အဲဒီ နည်းလမ်း တချို့ကို အခန်း ၄.၉ အဆင့်မြင့် ဗိုင်းရပ်စ် ဖယ်ရှားရေး နည်းလမ်းများထဲမှာ ဆွေးနွေး တင်ပြထားပါတယ်။

    Avast! ကို Install လုပ်ပြီး မှတ်ပုံတင်နည်း

    Avast! ကို Install လုပ်ပြီး မှတ်ပုံတင်နည်း

    ဒီစာမျက်နှာမှာ ပါဝင်တဲ့ အပိုင်းများ -

    ၂.၀ avast! ကို Install လုပ်နည်း

    Avast! ကို Install လုပ်တာဟာ အတော်လေး လွယ်ကူပြီး မြန်ဆန်တယ်။ Avast! ကို Install လုပ်တဲ့နေရာမှာ အောက်ပါ အဆင့်တွေကို လုပ်ဆောင်ရပါမယ်။ -

    အဆင့် ၁ ကို နှစ်ချက် နှိပ်လိုက်ပါ၊ လုံခြုံရေး သတိပေးချက် dialog box တခု ဖွင့်လာလိမ့်မယ်။ ဖွင့်လာတာနဲ့၊ မိနစ် ပိုင်းအတွင်း (သို့) သင့်ရဲ့ ကွန်ပျူတာ အမြန်နှုန်းအပေါ် မူတည်ပြီး အလုပ်လုပ်နေတဲ့ progress status bar ကို နှိပ်ပြီး ဖွင့်လိုက်ပါ။ avast! အစိတ်အပိုင်းတွေကို ဖြည်ချပြီးတဲ့အခါ၊ dialog box တခုဟာ အောက်ပါအတိုင်း ပေါ်လာပါလိမ့်မယ် -

    ပုံ ၁ - အခမဲ့ ဗိုင်းရပ်စ်ဖယ်ရှားပေးတဲ့ avast! ဆော့ဗ်ဝဲကို Install လုပ်တဲ့ မျက်နှာပြင်

    အဆင့် ၂။ အောက်ပါ dialog box ကို ဖွင့်ဖို့ ကို နှိပ်လိုက်ပါ။ -

    ပုံ ၂ - avast! ကို Install လုပ်တဲ့ dialog box

    Avast! ကို Install လုပ်နေတဲ့ အချိန်မှာ၊ avast! ကို Install လုပ်တဲ့ dialog box ဟာ Participate in the avast! community option နဲ့အတူ ပေါ်လာလိမ့်မယ်။ အင်တာနက် ရဲ့ Privacy နဲ့ လုံခြုံရေး ကိစ္စတွေကြောင့် အပေါ်က ပုံ ၂ မှာ ပြထားတဲ့အတိုင်း option ကို ပိတ်ထားလိုက်ပါ။

    အဆင့် ၃။ ဒီ option ကို ပိတ်ဖို့ Participate in the avast! Community check box ကို Uncheck လုပ်လိုက်ပြီး၊ အောက်က dialog box ကို ဖွင့်ဖို့ ကို နှိပ်လိုက်ပါ။ -

    ပုံ ၃ - avast! အကြံပြုထားတဲ့ မျက်နှာပြင်

    Avast! ကို Install လုပ်နေတဲ့ အချိန်မှာ၊ avast! က အကြံပြုထားတဲ့ dialog box ထဲမှာ Google Chrome ကွန်ရက် Browser ကိုပါ Install လုပ်ပေးဖို့ တောင်းဆိုလာလိမ့်မယ်။ ဒီ option ကို အပေါ် ပုံ ၃မှာ ပြထားတဲ့အတိုင်း ပိတ်လိုက်ပါ။

    အဆင့် ၄။ ပိတ်မယ် ဆိုရင် No, do not install the Google Chrome web browser option ကို Check လိုက်ပါ၊ အဲဒီနောက် avast! ကို ဆက်လက် Install လုပ်ဖို့ ကို နှိပ်လိုက်ပါ။

    မိနစ် အနည်းငယ် အကြာမှာ Installation လုပ်ဆောင်မှု ပြီးစီးကြောင်း အသိပေးတဲ့ သတိပေးချက် တခု ပေါ်လာပါလိမ့်မယ်။

    အဆင့် ၅။ ဆော့ဗ်ဝဲ Installation လုပ်ငန်းကို အပြီးသတ်ဖို့ ကို နှိပ်လိုက်ပါ။ ခဏအကြာမှာ၊ avast! ပုံသင်္ကေတဟာ System Tray ထဲမှာ ပေါ်လာလိမ့်မယ်။

    ပုံ ၄ - အနက်ရောင် avast! ပုံသင်္ကေတလေးကို System Tray ထဲမှာ မြင်ရတဲ့ပုံ

    နောက်ခဏအကြာမှာ၊ avast! ကို အောင်အောင်မြင်မြင် Install လုပ်လိုက်ပြီ ဖြစ်ကြောင်း အတည်ပြုချက် တခုဟာ အောက်ကအတိုင်း ပေါ်လာလိမ့်မယ်။

    ပုံ ၅ - Avast! ကို Install လုပ်ဖို့ အတည်ပြုချက်

    Avast!က သူ့ရဲ့ ပရိုဂရမ်နဲ့ ဗိုင်းရပ်စ် definitions တွေကို အလိုအလျှောက် မွမ်းမံနေတဲ့အခါတိုင်းမှာ၊ သတိပေးချက် တခုဟာ System Tray ထဲမှာ အောက်မှာ ဖေါ်ပြတဲ့အတိုင်း ပေါ်လာလိမ့်မယ်။ -

    ပုံ ၆ - Avast! ရဲ့ သတိပေးချက် နမူနာ တခု

    အရေးကြီးချက် - ဆော့ဗ်ဝဲ အင်ဂျင်တွေ၊ ဗိုင်းရပ်စ် definition တွေနဲ့ ပရိုဂရမ်ကို ပုံမှန် မွမ်းမံနိုင်ဖို့ သင့်ရဲ့ ဆော့ဗ်ဝဲ ကော်ပီကို မှတ်ပုံတင်ထားမယ်။

    Avast! ကို စနစ်တကျ မှတ်ပုံတင်ပြီးတဲ့အခါ၊ malware နဲ့ ဗိုင်းရပ်စ် တိုက်ခိုက်မှုတွေအပါအဝင်၊ အောက်က မျက်နှာပြင်မှာ ဖေါ်ပြထားတဲ့ ပြဿနာ သတိပေးချက်တွေ ပေါ်လာပြီး အလိုအလျှောက် ကာကွယ်ပေးလိမ့်မယ်။

    ပုံ ၇ - အန္တရာယ်တခုကို ကာကွယ်တဲ့ သတိပေးချက် နမူနာတခု ပြပုံ

    အဆင့် ၆။ avast! ရဲ့ ပင်မ သုံးစွဲသူ မျက်နှာပြင်ကို သက်ဝင်စေဖို့ System Tray (ပုံ ၄ ကို ကြည့်ပါ) ထဲက ကို နှစ်ချက် နှိပ်လိုက်ပြီး၊ လက်ရှိ အနေအထား အသေးစိတ်တွေကို ပြသဖို့ အောက်ကအတိုင်း ကို နှိပ်လိုက်ပါ -

    ပုံ ၈ - Avast! ရဲ့ ပင်မ သုံးစွဲသူ မျက်နှာပြင်ပြပုံ

    အရေးကြီးချက် - ကွန်ပျူတာကို အန္တရာယ် အမျိုးမျိုးကနေ ကာကွယ်နိုင်ဖို့ လိုအပ်တဲ့ ပရိုဂရမ် ဗားရှင်းတွေနဲ့ ဗိုင်းရပ်စ် definition မွမ်းမံချက်တွေကို ဆက်လက် ရရှိနိုင်အောင် avast! ကို မှတ်ပုံတင်ထားရမယ်။

    ၂.၁ avast! ကို မှတ်ပုံတင်နည်း

    မှတ်ချက် - အကယ်လို့ avast! ကို မှတ်ပုံတင်မထားရင်၊ ရက် ၃၀ အတွင်း လုပ်ငန်း လည်ပတ်မှု ရပ်ဆိုင်းသွားမှာ ဖြစ်တယ်။ avast! ကို မှတ်တင်ပုံနိုင်ဖို့ အင်တာနက်နဲ့ ချိတ်ဆက်ထားဖို့တော့ လိုတယ်။

    avast! ကို မှတ်ပုံတင်ဖို့ အောက်က အဆင့်တွေကို လုပ်ဆောင်ပါ။ -

    အဆင့် ၁avast! ပင်မ သုံးစွဲသူ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်လိုက်ပါ (ပုံ ၁၀)။

    အဆင့် ၂။ အောက်က မျက်နှာပြင် နှစ်ခုကို ဆက်တိုက် သက်ဝင်စေဖို့ (MAINTENANCE and Registration Menus ကနေတဆင့်) ကို နှိပ်လိုက်ပါ။ -

    ပုံ ၉ - အခမဲ့ ဗိုင်းရပ်စ် ဖယ်ရှားပေးတဲ့ ဆော့ဗ်ဝဲ မှတ်ပုံတင်တဲ့ မျက်နှာပြင်

    Avast! အခမဲ့ ဗိုင်းရပ်စ် ဖယ်ရှားပေးတဲ့ ဆော့ဗ်ဝဲကို မှတ်ပုံတင်ခြင်း pops-up ဝင်းဒိုးထဲမှာ ပြန်ပြီး ရယူနိုင်တဲ့ အချက်အလက်တွေကို ပြသထားတယ်။ အကယ်လို့ ဆော့ဗ်ဝဲကို မှတ်ပုံတင်မထားရင် avast! ဟာ ရက် ၃၀ အတွင်း သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ကြောင်း သတိပေးတဲ့ မျက်နှာပြင်တခု ပေါ်လာလိမ့်မယ်။ (အဲဒီ အထဲမှာ စီးပွါးဖြစ် ဆော့ဗ်ဝဲ ထုတ်ကုန်တွေနဲ့ လတ်တလော ရနိုင်တဲ့ ကြော်ငြာတွေ ပါလာနိုင်တယ်။)

    ပုံ ၁၀ - မှတ်ပုံတင်တဲ့ အနေအထားပြ မျက်နှာပြင်

    အဆင့် ၃ပုံ ၂ ကို ပြန်ပြီး သက်ဝင်စေဖို့ အောက်က မျက်နှာပြင်မှာ ပြတဲ့အတိုင်း ကို နှိပ်လိုက်ပါ။ -

    ပုံ ၁၁ - ဗိုင်းရပ်စ် ဖယ်ရှားပေးတဲ့ ဆော့ဗ်ဝဲကို အခမဲ့ မှတ်ပုံတင်ခြင်း - မှတ်ပုံတင်ဖို့ ဖြည့်စွက်ပုံစံ

    မှတ်ချက် - နာမည် နဲ့ အီးမေးလ်တွေကိုပဲ မဖြစ်မနေ ရေးထည့်ရမှာ ဖြစ်တယ်။ အဲဒီနေရာတွေမှာ ကြယ်ပွင့်လေးတွေ၊ အနီရောင် စတုရန်းပုံတွေ ပြထားတယ်။ တခြား ရွေးစရာတွေကိုတော့ မှတ်ပုံတင်တဲ့ အချိန်မှာ မဖြည့်ရင်လည်း ရတယ်။

    အဆင့် ၄။ သင့်ရဲ့ အမည်နဲ့ အီးမေးလ် လိပ်စာကို သက်ဆိုင်ရာ ဖြည့်စွတ်မဲ့ နေရာလပ်တွေမှာ ရေးထည့်ပြီး၊ အောက်က မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်လိုက်ပါ။ -

    ပုံ ၁၂ - မှတ်ပုံတင်တဲ့အတွက် ကျေးဇူးတင်တဲ့ pop-up မျက်နှာပြင်ပြပုံ

    အဆင့် ၅။ ပင်မ သုံးစွဲသူ မျက်နှာပြင်ပေါ်က YOUR REGISTRATION ထဲကို ဝင်ရောက်ဖို့ အောက်မှာ ဖော်ပြတဲ့အတိုင်း ကို နှိပ်လိုက်ပါ။ -

    ပုံ ၁၃ - YOUR REGISTRATION မှတ်ပုံတင်ခြင်း အတည်ပြုချက်ပြပုံ

    အခုချိန်မှာ avast! ကို မှတ်ပုံတင်လိုက်ပြီ ဖြစ်တယ်၊ ဒါကြောင့် ပရိုဂရမ်နဲ့ ဗိုင်းရပ်စ် definition မွမ်းမံချက်တွေကို ကိုယ်တိုင် မွမ်းမံတဲ့နည်းကို ဆက်လက် လေ့လာဖို့ အဆင်သင့် ဖြစ်နေပြီ။ စတင် လေ့လာဖို့ အပိုင်း ၃.၀ - Avast! ကို ကိုယ်တိုင် မွမ်းမံနည်းကို ဆက်သွားပါ။

    Avast! ကို ကိုယ်တိုင် Update လုပ်နည်း

    ဒီစာမျက်နှာမှာ ပါဝင်တဲ့ အပိုင်းများ -

    ၃.၀ Update စတင် မလုပ်ခင်

    Avast! ဟာ ကွန်ပျူတာ နောက်ကွယ်မှာ တိတ်တဆိတ် အလုပ်လုပ်နေပြီး၊ အင်တာနက်ကို သင် ချိတ်ဆက်တဲ့ အချိန်တိုင်း သူ့ရဲ့ ဗိုင်းရပ်စ် definitions နဲ့ ပရိုဂရမ် Updates တွေကို အလိုအလျှောက် update လုပ်ပေးပါတယ်။ ဒါပေမဲ့၊ အင်တာနက် အဆက်အသွယ် မရတဲ့နေရာ၊ ပုံစံ အမျိုးမျိုးနဲ့ တားမြစ်ခံရတဲ့ နေရာ (သို့) ယာယီ ရပ်ဆိုင်းခံရတဲ့ နေရာမျိုးမှာ ကိုယ်တိုင် Update လုပ်တာဟာ ပိုပြီး အဆင်ပြေပြီး အကျိုး ရှိတယ်။

    မှတ်ချက် - avast! ကို ကိုယ်တိုင် Update နိုင်တဲ့ နည်းလမ်း နှစ်မျိုး ရှိတယ် - ပထမ ကတော့ avast! ရဲ့ ပင်မ သုံးစွဲသူ မျက်နှာပြင်ကနေ လုပ်နိုင်ပြီး၊ ဒုတိယ ကတော့ System Tray ထဲက avast! ရဲ့ icon ကို ညာဖက် နှိပ်လိုက်ပြီး ပေါ်လာတဲ့ pop-up menu တခုကနေ တဆင့် လုပ်နိုင်တယ်။ ဒါ့အပြင်၊ ပင်မ သုံးစွဲသူ မျက်နှာပြင်ရဲ့ ထိပ်ပိုင်း ညာဖက်က ကို နှိပ်လိုက်ပြီး ပေါ်လာတဲ့ BASIC SETTINGS pop-up ဝင်းဒိုးကနေ အလိုအလျှောက် Update လုပ်ပေးတဲ့ feature ကို ပိတ်လိုက်ဖို့ပဲ ဖြစ်ပါတယ်။

    ၃.၁ avast! ကို ကိုယ်တိုင် Update လုပ်ရာမှာ ပင်မ သုံးစွဲသူ မျက်နှာပြင်ကို အသုံးပြုနည်း

    Avast! ကို ပင်မ သုံးစွဲသူ မျက်နှာပြင်ကနေ ကိုယ်တိုင် Update လုပ်နိုင်ဖို့၊ အောက်ပါ အဆင့်တွေကို လုပ်ရပါမယ် -

    အဆင့် ၁avast! ပင်မ သုံးစွဲသူ မျက်နှာပြင်ကို ဖွင့်ဖို့ အောက်ပါအတိုင်း ကို နှိပ်လိုက်ပါ -

    ပုံ ၁ - Summary tab ထဲက Current Status pane ကို ပြသပြီး ပရိုဂရမ် ဗားရှင်း တခုရဲ့ Update အကြောင်းအရာကို ဖော်ပြနေပုံ

    ပရိုဂရမ် တခု (သို့) ဗိုင်းရပ်စ် definition မွမ်းမံချက် တခုကို ပုံမှန် အစိမ်းရောင်နဲ့ ပြမဲ့အစား၊ အလယ်ဗဟိုမှာ အာမေဍိတ် အမှတ်အသား ပါတဲ့ လိမ္မော်ရောင် ပုံင်္ကေတ တခုနဲ့ ပြသထားပါတယ်။ ပရိုဂရမ် (သို့) ဗိုင်းရပ်စ် definition Update ဗားရှင်းကို အနီရောင်နဲ့ ပြထားတယ်၊ Update ခလုတ်ကို အခုပဲ မြင်တွေ့လာမှာ ဖြစ်ပါတယ်။

    ပုံ ၂ - အဆင့်မြှင့်ထားတဲ့ ပရိုဂရမ် ဗားရှင်း အသစ်တခု တွေ့ရပုံ

    အဆင့် ၂ - ပရိုဂရမ် ဗားရှင်းကို Update လုပ်ဖို့ အောက်ပါအတိုင်း ကို နှိပ်လိုက်ပါ -

    ပုံ ၃ - Update လုပ်ပြီးသွားတဲ့အခါ မြင်တွေ့ရတဲ့ ပရိုဂရမ် ဗားရှင်း

    Update လုပ်ပြီးသွားတဲ့အခါ ပရိုဂရမ် ဗားရှင်းဟာ ၅.ဝ.၅၄၅ ကနေ ၅.ဝ.၅၉၄ အဖြစ် ပြောင်းလဲသွားတာကို တွေ့ရပါလိမ့်မယ်။

    အောက်က စာရင်းထဲမှာ Current Status SECURED ထဲက အချက် တခုစီကို (သို့) အနေအထားပြ ပုံသင်္ကေတကို အောက်ပါအတိုင်း ဖော်ပြထားတယ် -

    သိကောင်းစရာ - Current Status pane ထဲက အချက်အလက်ကို ဖော်ပြဖို့ (သို့) ဖျောက်ထားဖို့ ကို နှိပ်လိုက်ပါ။

    Real-time shields - Real-time shields ဟာ အလုပ် ကောင်းကောင်း လုပ်တယ် မလုပ်ဘူး ဆိုတာကို ဒီပုံသင်္ကေတလေးက ညွှန်ပြပေးတယ်။ Real-time shields က ကွန်ပျူတာနဲ့ ပါတ်သက်တဲ့ လှုပ်ရှားမှု အားလုံးကို စောင့်ကြည့်ပေးတယ်၊ အီးမေးလ်အတွက်၊ local file system အတွက်၊ ကွန်ရက်နဲ့ တခြား နည်းစနစ်တွေအတွက် real-time shields တွေ ရှိကြတယ်။ Real-time shields ကို တမင်တကာ ဖြစ်စေ၊ malware တိုက်ခိုက်ခံရလို့ ဖြစ်စေ ပိတ်သွားတဲ့အခါ၊ System Tray ထဲက avast! ပုံသင်္ကေတဟာ ဒီ ပုံစံအတိုင်း အရောင်ပြောင်းသွားပါတယ်။

    Definitions auto updates - အလိုအလျှောက် Update လုပ်ပေးတဲ့ ယန္တရားဟာ ပိတ်ထားသလား (သို့) ဖွင့်နေသလား ဆိုတာကို ဒီ icon လေး က ပြသပေးပါတယ်။

    Virus definitions version - ဒီ icon လေး က နောက်ဆုံးထွက် လက်ရှိ ဗိုင်းရပ်စ် definition ဗားရှင်းရဲ့ နေ့စွဲကို ဖေါ်ပြပေးတယ်။ ဒီနေ့စွဲကို အောက်ပါ ပုံစံအတိုင်း - ၁၀ က ၂၀၁၀ ခုနှစ်၊ ဝ၆ က လ၊ ၂၉ က ရက် - စသဖြင့် ဖော်ပြပေးတယ်။

    Program version- ဒီ icon က နောက်ဆုံးထွက် ပရိုဂရမ် ဗားရှင်းရဲ့ Update ကို ဖော်ပြပေးထားပါတယ်။

    Expiration date - ဒီနေရာက avast! သက်တမ်း ကုန်ဆုံးမဲ့ နေ့စွဲနဲ့ အချိန်ကို ဖော်ပြပေးတယ်၊ အဲဒီရက်နေ့ မတိုင်ခင် သက်တမ်းတိုးတာ ဖြစ်ဖြစ်၊ ပြန်ပြီး မှတ်ပုံတင်တာ ဖြစ်ဖြစ် လုပ်ပေးရမှာ ဖြစ်ပါတယ်။

    အဆင့် ၃။ အောက်ပါ မျက်နှာပြင်ကို ဖွင့်ဖို့ ကို နှိပ်လိုက်ပါ။ -

    ပုံ ၄ - Maintenance UPDATE pane ကို ဖော်ပြနေတဲ့ ပင်မ မျက်နှာပြင် ပြပုံ

    Maintenance UPDATE pane ကို ပရိုဂရမ်နဲ့ ဗိုင်းရပ်စ် definitions ကို ကိုယ်တိုင် Update လုပ်တဲ့အခါ အသုံးပြုတယ်။

    အဆင့် ၄ - အင်ဂျင်နဲ့ ဗိုင်းရပ်စ် definitions ကို စတင် Update လုပ်ဖို့ ကို နှိပ်လိုက်ပါ။

    အဆင့် ၅ - အင်ဂျင်နဲ့ ဗိုင်းရပ်စ် definition လုပ်ငန်းတွေ ပြီးသွားတဲ့အခါ Maintenance UPDATE မျက်နှာပြင်ကို ပြန်သွားဖို ကို နှိပ်လိုက်ပါ။

    Avast! ပရိုဂရမ်ကို Update လုပ်တဲ့ ပုံစံဟာ အင်ဂျင်နဲ့ ဗိုင်းရပ်စ် definitions ကို Update လုပ်တာနဲ့ အတူတူပဲ ဖြစ်တယ်။

    အဆင့် ၆ - Update လုပ်တဲ့ လုပ်ငန်းကို စတင်ဖို့ ကို *နှိပ်**လိုက်ပြီး၊ ပရိုဂရမ် Update ကို စတင်လိုက်ပါ။

    အဆင့် ၇ - ပရိုဂရမ် Update လုပ်တဲ့ လုပ်ငန်းပြီးသွားတဲ့အခါ၊ Maintenance UPDATE မျက်နှာပြင်ကို ပြန်သွားဖို့ ကို နှိပ်လိုက်ပါ။

    ၃.၂ avast! ကို ကိုယ်တိုင် Update လုပ်နိုင်ဖို့ Pop-up Menu ကို အသုံးပြုနည်း

    Avast! ပရိုဂရမ် Update နဲ့ ဗိုင်းရပ်စ် definition Update တွေကို avast! pop-up menu ကနေ လုပ်လို့ ရတယ်။ pop-up menu ကို Maintenance UPDATE မျက်နှာပြင်ထဲ တိုက်ရိုက် ဝင်ရောက်တဲ့ နေရာမှာ အသုံးပြုနိုင်တယ်။

    Avast! အင်ဂျင်နဲ့ ဗိုင်းရပ်စ် definitions ကို pop-up menu အသုံးပြုပြီး ကိုယ်တိုင် Update လုပ်နိုင်ဖို့၊ အောက်ပါ အဆင့်တွေကို လုပ်ဆောင်ပါ -

    အဆင့် ၁။ အောက်က pop-up menu ကို သက်ဝင်စေဖို့ System Tray ထဲက ကို ညာဖက် နှိပ်လိုက်ပါ။ -

    ပုံ ၅ - avast! pop-up menu ပြပုံ

    အဆင့်၂ - ပုံ ၄ ကို သက်ဝင်စေဖို့ Update > Engine and virus definitions ကို ရွေးပြီး၊ အဆင့် ၄ ကနေ ၅ ကို ဆက်လုပ်ပါ။

    အဆင့် ၃ - ပုံ ၆ ကို သက်ဝင်စေဖို့ Update > Program ကို ရွေးပြီး အပိုင်း၃.၁ avast! ကို ကိုယ်တိုင် Update လုပ်နိုင်ဖို့ ပင်မ သုံးစွဲသူ မျက်နှာပြင်ကို အသုံးပြုနည်း ထဲက အဆင့် ၆ ကနေ ၇ ကို ဆက်လုပ်ပါ။

    ၃.၃ avast! ထဲက အလိုအလျှောက် Update လုပ်ပေးတဲ့ Feature ကို ပိတ်နည်း

    Default အရ၊ avast! ကို သူ့ရဲ့ ပရိုဂရမ် ဗားရှင်းနဲ့ ဗိုင်းရပ်စ် definitions တွေကို အလိုအလျှောက် Download လုပ်ယူပြီး Update လုပ်နိုင်ဖို့ စီမံထားတယ်။ ဒါပေမဲ့၊ ဒီနည်းလမ်းကို ပင်မ သုံးစွဲသူ မျက်နှာပြင်ရဲ့ ထိပ်ပိုင်း ညာဖက်ထောင့်က Settings ခလုတ် ကနေတဆင့် ပိတ်လို့ရပါတယ်။

    အဆင့် ၁။ avast! BASIC SETTINGS pop-up ဝင်းဒိုးကို သက်ဝင်စေဖို့ ကို နှိပ်လိုက်ပြီး၊ UPDATE SETTINGS ဘောင်ကို သက်ဝင်စေဖို့ Updatesကို ရွေးလိုက်ပါ။

    အဆင့် ၂။ ENGINE AND VIRUS DEFINITIONS နဲ့ PROGRAM အပိုင်း နှစ်ခုစလုံးရဲ့ အောက်က Manual update ရွေးစရာကို နှိပ်လိုက်ပါ။

    ပုံ ၆ - SUMMARY ATTENTION Pane နဲ့ Definitions တို့ရဲ့ အလိုအလျှောက် Update တွေကို ပိတ်ထားပုံ

    အဆင့်မြင့် သုံးစွဲသူတွေက အဲဒီ Update သတ်မှတ်ချက်တွေကို Details နဲ့ Proxy Settings အပိုင်းမှာ ဆက်ပြီး Update လုပ်လို့ ရတယ်။ စတင်ဖို့၊ အောက်က အဆင့်ကို လုပ်ပါ -

    အဆင့် ၃။ အပိုင်း တခုစီမှာ ဖော်ပြထားတဲ့ သတ်မှတ်ချက်တွေကို စတင် ပြင်ဆင်ရာမှာ Details နဲ့ Proxy Settings အပိုင်းတွေကို ဆန့်ထုတ်နိုင်ဖို့ ကို နှိပ်လိုက်ပါ။

    အခု avast! ထဲက အင်ဂျင်နဲ့ ဗိုင်းရပ်စ် definitions အပါအ၀င် ပရိုဂရမ် Updates တွေကို ကိုယ်တိုင် Update လုပ်တဲ့နည်း အမျိုးမျိုး လေ့လာထားပြီး ဖြစ်တယ်။ avast! ကို စတင် အသုံးပြုဖို့၊ အပိုင်း ၄ - Avast! ကို သုံးပြီး စကင်ဖတ်နည်းနဲ့ ဗိုင်းရပ်စ်ကို ဖြေရှင်းနည်းကို ဆက်သွားပါ။

    Avast! ကို သုံးပြီး စကင်ဖတ်နည်းနဲ့ ဗိုင်းရပ်စ် ရှင်းလင်းနည်း

    ဒီစာမျက်နှာမှာ ပါဝင်တဲ့ အပိုင်းများ -

    ၄.၀ ဗိုင်းရပ်စ် စတင် မရှင်းလင်းခင်

    Avast! ကို အသုံးပြုတဲ့အခါ malware နဲ့ ဆင်တူတဲ့ တခြား ဗိုင်းရပ်စ်တွေကို ရှင်းလင်းပေးနိုင်တဲ့ အခြေခံ အပိုင်း နှစ်ပိုင်း ရှိတယ်။ ပထမ အပိုင်းကတော့ အဲဒီ အန္တရာယ်တွေကို သိရှိနိုင်အောင် သင့်ရဲ့ ကွန်ပျူတာကို စကင်ဖတ် စစ်ဆေးဖို့ ဖြစ်တယ်။ ဒုတိယ အချက်ကတော့ အဲဒီလို အန္တရာယ်တွေကို ပယ်ဖျက်တာ ဖြစ်ဖြစ်၊ avast! Virus Chest ထဲ ထည့်တာ ဖြစ်ဖြစ် လုပ်နိုင်တယ်။ malware နဲ့ ဗိုင်းရပ်စ်တွေကို ပယ်ဖျက်တဲ့အတွက် (သို့)၊ Virus Chest ထဲကို ထည့်လိုက်တဲ့အတွက် တခြား ကွန်ပျူတာမှာ ရှိတဲ့ ဖိုင်တွေ၊ အီးမေးလ် ပရိုဂရမ်တွေနဲ့ ထိတွေ့လို့ မရအောင် တားဆီးပေးနိုင်ပါတယ်။

    Malware ဒါမှမဟုတ် ဗိုင်းရပ်စ်တွေ ရောက်ရှိနေတာဟာ ထူးဆန်းနေလိမ့်မယ်။ ဒါပေမဲ့၊ အဲဒါတွေဟာ အရေးကြီးတဲ့ သတင်း အချက်အလက် (သို့) အထိခိုက်မခံတဲ့ အချက်အလက်ထဲမှာ ကူးစက်သွားမယ် ဆိုရင်၊ ကူးစက်ခံရတဲ့ စာတမ်း၊ ဖိုင် ဒါမှမဟုတ် ပရိုဂရမ်တွေကို တခြားနေရာမှာ သိမ်းထားဖို့ လိုတယ်။ တခါတလေ၊ avast! က တရားဝင် ထုတ်ထားတဲ့ ကုဒ် (သို့) ပရိုဂရမ်တွေကို malware (သို့) ဗိုင်းရပ်စ် အဖြစ် မှားယွင်းပြီး သတ်မှတ်နိုင်တယ်။ အများအားဖြင့် 'false positives' အဖြစ် သတ်မှတ်ထားတဲ့ ကုဒ် (သို့) ပရိုဂရမ်တွေဟာ ကွန်ပျူတာအတွက် အရေးကြီးနေနိုင်တဲ့အတွက်၊ အဲဒါတွေကို သိမ်းထားဖို့ လိုတယ်။

    avast! Virus Chest ဆိုတာ ဗိုင်းရပ်စ်ကို စစ်ဆေးပြီး သူ့ရဲ့ အကြောင်းအရာကို အင်တာနက်အပေါ်မှာ လေ့လာခြင်း (သို့) Virus Chest ထဲမှာ ရှိတဲ့ ဗိုင်းရပ်စ်ကို ညာဖက် နှိပ်ပြီး ပေါ်လာတဲ့ avast! ရဲ့ option တခုဖြစ်တဲ့ virus laboratory ခေါ် ဗိုင်းရပ်စ် ဓါတ်ခွဲစမ်းသပ်ခန်း တခုထဲကို ထည့်ပြီး သူ့ရဲ့ အန္တရာယ်ပေးနိုင်တဲ့ အနေအထားကို အဆုံးအဖြတ် ပေးတဲ့ အီလက်ထရိုနစ် 'dead zone' (သို့) 'quarantine' တခု ဖြစ်တယ်။ Virus Chest ထဲက ဗိုင်းရပ်စ်ကို နှစ်ချက် နှိပ်လိုက်ရင် malware (သို့) ဗိုင်းရပ်စ်ကို အလုပ် လုပ်စေမှာ မဟုတ်ဘူး၊ ဘာကြောင့်လဲ ဆိုတော့ Virus Chest ဟာ သင့်ရဲ့ ကွန်ပျူတာ နည်းစနစ်တွေနဲ့ သီးခြား ရပ်တည်နေလို့ ဖြစ်တယ်။

    သိကောင်းစရာ - နောက်တမျိုးအနေနဲ့၊ ဗိုင်းရပ်စ် တိုက်ခိုက်ခံရတဲ့အချိန်မှာ အရေးကြီးတဲ့ အချက်အလက် (သို့) အထိခိုက်မခံတဲ့ အချက်အလက်ကို avast! Virus Chest ထဲကို ရွှေ့ထားလို့ ရတယ်။

    ဒီအပိုင်းမှာ -

    • network နဲ့ တကိုယ်ရေသုံး ကွန်ပျူတာထဲက နည်းစနစ်တွေကို အကာအကွယ် ပေးတဲ့ အလေ့အကျင့် ကောင်းတွေကို မိတ်ဆက်ပေးမှာ ဖြစ်ပါတယ်၊
    • ကွန်ပျူတာကို စကင်ဖတ် စစ်ဆေးခြင်းနဲ့ ပြုပြင်ထိန်းသိမ်းရေး tabs တွေကို အဓိကထားတဲ့ main user interface ကို မိတ်ဆက်ပေးသွားမယ်၊
    • စကင်ဖတ် စစ်ဆေးနည်း အမျိုးမျိုးကို လေ့လာသွားမယ်၊
    • Avast! Virus Chest အသုံးပြုနည်းကို လေ့လာသွားမယ်။

    ၄.၁ ဗိုင်းရပ်စ် ဖြစ်ပွားမှုတွေကို ဖြေရှင်းတဲ့ လမ်းညွှန်ချက် အကျဉ်း

    ကွန်ပျူတာ နည်းစနစ်ထဲကို အန္တရာယ် ဖြစ်စေနိုင်တဲ့ ခြိမ်းခြောက်မှုတွေမှု မကူးစက်အောင် တားဆီးနိုင်တဲ့ ကြိုတင်ကာကွယ်နည်းတွေ အမျိုးမျိုး ရှိပါတယ်၊ ဥပမာ အားဖြင့်၊ သံသယ ဖြစ်စရာ (သို့) အန္တရာယ် ပေးနိုင်တဲ့ ကွန်ရက်စာမျက်နှာတွေကို ရှောင်ရှားပါ၊ ဒါမှမဟုတ် avast! (သို့) Spybot လို ဗိုင်းရပ်စ် ဖယ်ရှားရေး ဆော့ဗ်ဝဲ (သို့) စပိုင်ဝဲသတ် ဆော့ဗ်ဝဲ ပရိုဂရမ်တွေကို ပုံမှန် အသုံးပြုပါ။ ကျွန်ုပ်တို့ဟာ တခါတလေ local-area network (LAN) နဲ့ အင်တာနက် ဆက်သွယ်ရေးလိုင်း တခုခုကို မျှဝေပြီး သုံးစွဲနေတတ်ကြတယ်။ အောက်မှာ ဖေါ်ပြထားတဲ့ အချက်တွေဟာ အစုအဖွဲ့ တခုခုထဲမှာ (သို့) လုပ်ငန်းခွင်ထဲမှာ ဗိုင်းရပ်စ်တွေရဲ့ တိုက်ခိုက်လာမှုကို ဖြေရှင်းတဲ့ နေရာမှာ စဉ်းစားနိုင်အောင် ဖေါ်ပြထားပါတယ်။

    • ကွန်ပျူတာကို အင်တာနက် (သို့) local network ကနေ အဆက်အသွယ် ဖြတ်လိုက်ပါ။ အကယ်လို့ ကြိုးမဲ့ ဆက်သွယ်ရေးလိုင်း တခုခု ရှိနေတယ် ဆိုရင်၊ သင့်ရဲ့ ကွန်ပျူတာကို ကြိုးမဲ့ ကွန်ရက်ကနေ အဆက်အသွယ် ဖြတ်လိုက်ပါ။ ဖြစ်နိုင်ရင်၊ သင့်ရဲ့ ကြိုးမဲ့ ကဒ်ကို မီးပိတ်လိုက်ပါ (သို့) ဖယ်ရှားလိုက်ပါ။

    • အကယ်လို့ ကွန်ပျူတာဟာ network တခု အတွင်းမှာ ရှိနေတယ် ဆိုရင်၊ အဲဒီ network ထဲမှာ ရှိတဲ့ ကွန်ပျူတာတွေ အားလုံးကို ချက်ခြင်း အဆက်အသွယ် ဖြတ်လိုက်ပါ၊ အဲဒီနောက် local network ကို အဆက်အသွယ် ဖြတ်လိုက်ပါ။ လူတိုင်းက network သုံးစွဲနေမှုကို ရပ်ဆိုင်းပြီး ဗိုင်းရပ်စ်ကို ဖယ်ရှားပေးတဲ့ avast! (သို့) အလားတူ စိတ်ချရတဲ့ ဗိုင်းရပ်စ် ဖယ်ရှားရေး ဆော့ဗ်ဝဲကို စတင် အသုံးပြုပါ။ ဒါဟာ အတော်လေး အလုပ်ရှုပ်တဲ့ လုပ်ငန်းစဉ် ဖြစ်ပေမဲ့၊ ဒါဟာ သီးခြား နည်းစနစ်နဲ့ network ရဲ့ ကြံ့ခိုင်မှုကို ထိန်းသိမ်း ကာကွယ်တဲ့နေရာမှာ အလွန်ပဲ အရေးကြီးပါတယ်။

    • Network ပေါ်မှာ ရှိတဲ့ ကွန်ပျူတာ အားလုံးရဲ့ boot-time စကင် တခုကို သတ်မှတ်ထားပါ။ သိရှိတဲ့ ဗိုင်းရပ်စ် အမည်တွေကို သုတေသန လုပ်ဖို့အတွက် ရေးမှတ်ထားပြီး ပယ်ဖျက်လိုက်ပါ၊ ဒါမှမဟုတ် avast! Virus Chest ထဲကို ထည့်လိုက်ပါ။ boot-time စကင်တခု လုပ်တဲ့နည်းကို အပိုင်း ၄.၆ boot-time စကင်တခု ပြုလုပ်နည်း ထဲမှာ လေ့လာနိုင်ပါတယ်။

    • အကယ်လို့ ဗိုင်းရပ်စ် တကောင်ကို ပယ်ဖျက်လိုက်တာပဲ ဖြစ်ဖြစ်၊ ပြုပြင်လိုက်တာပဲ ဖြစ်ဖြစ်၊ ပြီးခဲ့တဲ့ အဆင့်တွေကို ပြန်လုပ်ပါ၊ အဲဒီနောက် avast! ရဲ့ သတိပေးချက်တွေ နောက်ထပ် ပေါ်မလာတဲ့အထိ ကွန်ပျူတာ အားလုံးရဲ့ boot-time စကင်ဖတ် စစ်ဆေးပါ။ malware (သို့) ဗိုင်းရပ်စ် တိုက်ခိုက်မှု ကြီးကျယ်တဲ့ အခြေအနေပေါ်မှာ မူတည်ပြီး၊ boot-time စကင်ကို တစ်ကြိမ်ထက် ပိုမလုပ်ပါနဲ့။

    Malware (သို့) ဗိုင်းရပ်စ် ဖြစ်ပွားမှုတွေကို ဖြေရှင်းတဲ့ အကြောင်းအရာတွေနဲ့ ပါတ်သက်ပြီး အပိုင်း ၄.၉ အဆင့်မြင့် ဗိုင်းရပ်စ် ဖယ်ရှားရေး နည်းလမ်းများကို ဖတ်ရှုလေ့လာပါ။

    ၄.၂ avast! ရဲ့ Main User Interface အပေါ် ခြုံငုံသုံးသပ်ချက်

    Avast! ရဲ့ Main User Interface ကို ဝင်းဒိုးရဲ့ ဘယ်ဖက်မှာ ရှိတဲ့ tabs လေးခုနဲ့ ဖွဲ့စည်းထားတယ် - အဲဒါတွေကတော့ SUMMARY, SCAN COMPUTER, REAL-TIME SHIELDS နဲ့ MAINTENANCE တို့ ဖြစ်ကြတယ်။ tab တခုစီကို သက်ဆိုင်ရာ pane တခုစီကို ဖွင့်ပေးတဲ့ sub-tabs တွေနဲ့ ပိုင်းခြားထားတယ်။

    အဆင့် ၁။ အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်လိုက်ပါ။ -

    ပုံ ၁။ SUMMARY tab ထဲက Current Status SECURED pane ကို ပြသနေပုံ

    အောက်ပါ စာရင်းထဲမှာ tabs လေးခုရဲ့ လုပ်ဆောင်ချက်တွေကို အကျဉ်းချုံး ဖော်ပြ ပေးထားပါတယ် -

    SUMMARY - ဒီ tab က Current Status နဲ့ Statistics sub-tabs တွေကို အသားပေး ဖော်ပြထားတယ်။ Current Status sub-tabs တွေဟာ ကွန်ပျူတာကို malware နဲ့ ဗိုင်းရပ်စ်တွေရဲ့ တိုက်ခိုက်မှုတွေကနေ ကာကွယ်ရာတဲ့ နေရာမှာ အသုံးပြုတဲ့ အဓိက avast! အစိတ်အပိုင်းတွေရဲ့ လုပ်ငန်း လည်ပတ်မှု အခြေအနေကို ဖော်ပြပေးတယ်။ STATISTICS pane က avast! အစိတ်အပိုင်း တခုစီရဲ့ တပတ် အတွင်း၊ တလ အတွင်း (သို့) တနှစ် အတွင်း လုပ်ငန်း လည်ပတ်မှု အခြေအနေကို ဖော်ပြတယ်။

    SCAN COMPUTER - ဒီ tab က Scan Now, Boot-time Scan နဲ့ Scan Logs စာအမှတ်ခွဲတွေကို အသားပေး ဖော်ပြတယ်။ SCAN NOW pane က ကိုယ်တိုင် စကင်စစ်ဆေးမှုတွေ လုပ်ပေးနိုင်တဲ့ options အမျိုးမျိုးကို ဖော်ပြတယ်။ BOOT-TIME SCAN pane က ကွန်ပျူတာကို နောက်တခါ ပြန်ဖွင့်တဲ့အခါ boot-time စကင်ကို လုပ်ဆောင်စေတယ်၊ SCAN LOGS က ကိုယ်တိုင် စကင် စစ်ဆေးမှု အမျိုးမျိုးရဲ့ မှတ်တမ်း တခုကို ဇယားနဲ့ ဖော်ပြပေးတယ်။

    REAL-TIME SHIELDS - ဒီ tab က ကွန်ပျူတာရဲ့ လုပ်ငန်း လည်ပတ်မှု ပုံစံ အမျိုးမျိုးကို FILE SYSTEM SHIELD က စတင် အကာအကွယ် ပေးနိုင်ဖို့ စောင့်ကြည့်မှုတွေ (သို့) 'အကာအရံတွေ'ကို အဓိကထား ဖော်ပြထားတယ်။ အဲဒါတွေကို ရပ်တန့်သွားအောင်နဲ့ စတင် အလုပ်လုပ်အောင် ဒီစာအမှတ်ကနေ လက်ငင်း ကာကွယ်မှု settings ထဲကို ဝင်ရောက်နိုင်ပါတယ်။

    MAINTENANCE - ဒီ tab က Update, Registration, Virus Chest နဲ့ About avast! Sub-tabs တွေကို အဓိကထား ဖော်ပြပေးတယ်။ UPDATE pane က ပရိုဂရမ်နဲ့ ဗိုင်းရပ်စ် definitions ကို ကိုယ်တိုင် မွမ်းမံပေးပြီး REGISTRATION pane က avast! ကို မှတ်ပုံတင်ပေးတယ်။ VIRUS CHEST က စကင်ဖတ်နေတဲ့အချိန်မှာ avast! က တွေ့ရှိတဲ့ malware (သို့) ဗိုင်းရပ်စ် အမျိုးမျိုးကို ဖော်ပြပေးပြီး၊ အဲဒါတွေကို ပယ်ဖျက်တာ ဖြစ်ဖြစ်၊ စကင်ဖတ် စစ်ဆေးတာ ဖြစ်ဖြစ် (သို့) ဗိုင်းရပ်စ် ဓါတ်ခွဲခန်း တခုထဲ ပေးပို့တာ ဖြစ်ဖြစ် နည်းလမ်း အမျိုးမျိုးနဲ့ ဖြေရှင်းပေးတယ်။ ABOUT AVAST! Pane က သင့်ကွန်ပျူတာထဲမှာ ရှိတဲ့ avast! ရဲ့ နောက်ဆုံးထွက် ဗားရှင်း အကြောင်းအရာကို ဖော်ပြထားပါတယ်။

    မှတ်ချက် - SCAN COMPUTER နဲ့ MAINTENANCE pane တွေဟာ အထူးသဖြင့် malware နဲ့ ဗိုင်းရပ်စ်တွေကို ဖြေရှင်းတဲ့နေရာမှာ အသုံးဝင်ပါတယ်။

    ၄.၃ Malware နဲ့ ဗိုင်းရပ်စ်တွေကို စကင်ဖတ် စစ်ဆေးနည်း

    ဒီအပိုင်းမှာ၊ အသုံးပြုနိုင်တဲ့ စကင် ဖတ်စရာ options တွေရဲ့ အကြောင်းအရာနဲ့ အသုံးပြုပုံတွေကို လေ့လာသွားမှာ ဖြစ်တယ်။ ကွန်ပျူတာ နည်းစနစ် တခုလုံးကို ဖြစ်စေ၊ ဖိုင်တွဲတခုချင်းကို စကင်ဖတ်တဲ့နည်း အပါအဝင် boot-time စကင် ဖတ်တဲ့ နည်းကိုပါ လေ့လာသွားမှာ ဖြစ်တယ်။

    SCAN COMPUTER > SCAN NOW က avast! ထဲမှာ ရှိတဲ့ စကင်ဖတ်နည်း လေးမျိုးကို ဖော်ပြထားတယ်၊ သူတို့ကို ကြည့်ရှုနိုင်ဖို့ ဒီအဆင့်ကို လုပ်ဆောင်ပါ -

    အဆင့်၁။ အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်လိုက်ပါ။ -

    ပုံ ၂ - SCAN COMPUTER tab က SCAN NOW pane ကို ပြသနေပုံ

    အောက်ပါ အကျဉ်းချုံး ဖော်ပြချက်တွေဟာ သင့်တော်တဲ့ စကင်ဖတ် စစ်ဆေးနည်းကို ရွေးချယ်ရာမှာ အထောက်အကူ ပေးပါတယ် -

    Quick scan - ဒီ option ကို ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ် (သို့) သံသယ ၀င်စရာ အန္တရာယ် တခုခု ဖြစ်ပေါ်လာတဲ့အခါ အချိန် အကန့်အသတ်အတွင်းမှာ စကင်ဖတ် စစ်ဆေးနိုင်တယ်။

    Full system scan - ဒီ option ဟာ ကွန်ပျူတာ နည်းစနစ်ကို အသေးစိတ် စကင်ဖတ် စစ်ဆေးဖို့ အချိန်ပေးနိုင်တဲ့ သုံးစွဲသူတွေက အသုံးပြုနိုင်ပါတယ်။ ဗိုင်းရပ်စ် ဖယ်ရှားတဲ့ ဆော့ဗ်ဝဲတခုခုကို သင့်ရဲ့ ကွန်ပျူတာထဲမှာ ပထမဆုံး အသုံးပြုတဲ့အခါ သုံးစွဲနိုင်ပါတယ်။ စကင်ဖတ် စစ်ဆေးတဲ့ ကြာချိန်ဟာ သင့်ရဲ့ ကွန်ပျူတာထဲက စာတမ်းတွေ၊ ဖိုင်တွေ၊ ဖိုင်တွဲတွေ၊ hard drive အရေအတွက်နဲ့ ကွန်ပျူတာရဲ့ အမြန်နှုန်းအပေါ် မူတည်ပါတယ်။ အပိုင်း ၄.၄ ကွန်ပျူတာကို အပြည့်အဝ စကင်ဖတ် စစ်ဆေးနည်းကို ကြည့်ရှုပါ။

    Removable media scan - ဒီ option ဟာ ပြင်ပ hard drive တွေ၊ USB flash drive တွေနဲ့ အခြား မီဒီယာတွေ၊ အထူးသဖြင့် သင့်ရဲ့ ကိုယ်ပိုင်မဟုတ်တဲ့ ပစ္စည်းတွေကို စကင်ဖတ် စစ်ဆေးရာမှာ အသုံးပြုနိုင်ပါတယ်။ ဒီ option က device တခုကို ချိတ်ဆက်တဲ့ အခါတိုင်း ဖြုတ်တပ်လို့ ရတဲ့ device တွေထဲမှာ အန္တရာယ်ရှိတဲ့ ပရိုဂရမ်တွေ ရှိမရှိ အလိုအလျှောက် စကင်ဖတ် စစ်ဆေးပေးမှာ ဖြစ်ပါတယ်။

    Select folder to scan - ဒီ option ဟာ တိကျတဲ့ ဖိုင်တွဲ တခုခု (သို့) ဒီ့ထက်များတဲ့ ဖိုင်တွဲတွေကို စကင်ဖတ် စစ်ဆေးရာမှာ၊ အထူးသဖြင့် တိုက်ခိုက်ခံရတယ်လို့ ယူဆရတဲ့ ဖိုင် (သို့) ဖိုင်တွဲ တခုခုကို သိရှိတဲ့အခါ (သို့) သံသယ ဝင်လာတဲ့အခါ စကင်ဖတ် စစ်ဆေးဖို့ အသုံးပြုနိုင်ပါတယ်။ အပိုင်း ၄.၅ ဖိုင်တွဲတခုကို စကင်ဖတ်နည်းကို လေ့လာပါ။

    သိကောင်းစရာ - စကင်ဖတ် စစ်ဆေးတဲ့ option တခုစီထဲမှာ အသေးစိတ် စကင်ဖတ်တာတွေ၊ အထူးသဖြင့် စကင်ဖတ်ခဲ့တဲ့ နေရာတွေကို ဖော်ပြပေးတယ်။ အဲဒါတွေကို ပြန်ပြီး သုံးသပ်နိုင်ဖို့ ကို နှိပ်လိုက်ပါ။ အကယ်လို့ အဆင့်မြင့် ကွန်ပျူတာ နည်းပညာတွေကို သင် တတ်ကျွမ်းထားတယ် ဆိုရင်၊ စကင်ဖတ် စစ်ဆေးမဲ့ အချက် တခုစီရဲ့ ဗိုင်းရပ်စ် စကင်ဖတ် စစ်ဆေးမှု parameters တွေကို မွမ်းမံပေးဖို့ ကို နှိပ်လိုက်ပါ။

    ၄.၄ System တခုလုံးကို စကင်ဖတ် စစ်ဆေးနည်း

    ကွန်ပျူတာ တခုလုံး စကင်ဖတ် စစ်ဆေးဖို့၊ အောက်ပါ အဆင့်တွေကို လုပ်ဆောင်ပါ -

    အဆင့် ၁။အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ Full system scan ရွေးစရာ ကို နှိပ်လိုက်ပါ။ -

    ပုံ ၃ - SCAN NOW ဘောင်က ကွန်ပျူတာ တခုလုံး စကင်ဖတ် စစ်ဆေးနေပုံ…

    ကွန်ပျူတာ တခုလုံးကို စကင်ဖတ်ပြီးတဲ့နောက်၊ တကယ်လို့ ကွန်ပျူတာကို အန္တရာယ်ပြုနေတဲ့ ခြိမ်းခြောက်မှု တခုခုကို တွေ့ရင်၊ Full system scan ဟာ အောက်က ပုံစံအတိုင်း မြင်ရမှာ ဖြစ်ပါတယ် -

    ပုံ ၄ - Scan complete နေရာမှာ ခြိမ်းခြောက်မှု အန္တရာယ် တွေ့ရှိတဲ့ သတိပေးချက် ပြပုံ

    Full system scan က ခြိမ်းခြောက်မှု အတော်များများကို ဖော်ပြပေးတယ်၊ အဲဒါတွေကို ကိုင်တွယ်ဖြေရှင်းတဲ့ နည်းကို အပိုင်း ၄.၇ ဗိုင်းရပ်စ်များကို ဖြေရှင်းနည်းမှာ ကြည့်ရှုပါ။

    Avast! Virus Chest ဟာ avast! ကို install လုပ်နေတဲ့အချိန်မှာ ဖန်တီးလိုက်တဲ့ ဖိုင်တွဲတခုဖြစ်ပြီး၊ malware (သို့) ကွန်ပျူတာထဲကို ဗိုင်းရပ်စ်တွေ ကူးစက်မလာအောင် တားဆီးပေးတဲ့ အီလက်ထရိုနစ် 'dead zone' ဒါမှမဟုတ် 'quarantine' နေရာတခု ဖြစ်ပါတယ်။

    ၄.၅ ဖိုင်တွဲတခုကို စကင်ဖတ် စစ်ဆေးနည်း

    သင့်ရဲ့ ဖိုင်တွဲတွေကို စကင်ဖတ်ဖို့၊ အောက်ပါ အဆင့်တွေကို လုပ်ဆောင်ပါ -

    အဆင့် ၁။ အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ Select folder to scan ထဲက ကို နှိပ်လိုက်ပါ။ -

    ပုံ ၅ - Select the areas ကို ဖော်ပြတဲ့ မျက်နှာပြင်

    Select the areasကို ဖော်ပြတဲ့ မျက်နှာပြင်ဟာ စကင်ဖတ်လိုတဲ့ ဖိုင်တွဲကို သတ်မှတ်ပေးတယ်။ စကင်ဖတ်ဖို့အတွက် ဖိုင်တွဲ တခုထက် မနည်း ရွေးချယ်လို့ ရတယ်။ ဖိုင်တွဲ တခုချင်းရဲ့ဘေးက အကွက်လေးတွေကို check လုပ်လိုက်တာနဲ့၊ ဖိုင်တွဲရဲ့ လမ်းကြောင်းဟာ Selected paths: စာသား နေရာကွက်ထဲမှာ ပေါ်လာမှာ ဖြစ်တယ်။

    အဆင့် ၂။ ဖိုင်တွဲတွေကို စတင် စကင်ဖတ်ဖို့ ကို နှိပ်လိုက်ပြီး၊ အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေပါ။-

    ပုံ ၆ - ဖိုင်တွဲ စကင်ဖတ် စစ်ဆေးမှု အနေအထား ပြပုံ

    သိကောင်းစရာ - avast! ဟာ ဖိုင်တွဲ တခုခုအပေါ်ကို ညာဖက် နှိပ်လိုက်တဲ့အခါ ပေါ်လာတဲ့ standard Windows pop-up menu တခုကနေ တဆင့် သီးခြား ဖိုင်တွဲတွေကို စကင်ဖတ် စစ်ဆေးပေးနိုင်တယ်။ ဗိုင်းရပ်စ်တွေကို ရှာဖွေဖို့ သင် စကင် စတင် စစ်ဆေးလိုတဲ့ ဖိုင်တွဲရဲ့ အမည်ဘေးမှာ ပေါ်နေတဲ့ ကို ရွေးလိုက်ပါ။

    ၄.၆ Boot-time စကင်ဖတ် စစ်ဆေးနည်း

    Avast! boot-time scan ဟာ Microsoft Windows Operating System စတင် အလုပ်မလုပ်ခင် hard drive တခုလုံးကို စကင်ဖတ် စစ်ဆေးပေးပါတယ်။ boot-time စကင်ဖတ်နေတဲ့ အချိန်မှာ၊ malware ပရိုဂရမ်တွေနဲ့ ဗိုင်းရပ်စ် အများစုဟာ ငြိမ်နေကြပြီး၊ မလှုပ်ရှားနိုင်ကြဘူး (သို့) တခြား နည်းစနစ်တွေနဲ့ ထိတွေ့လို့ မရဘူး။ ဒီလိုကြောင့် သူတို့ကို အလွယ်တကူ တွေ့ရှိပြီး ဖယ်ရှားနိုင်ပါတယ်။

    Boot-time scan ဟာ disk ထဲကို တိုက်ရိုက် ဝင်ရောက်သွားနိုင်ပြီး၊ Windows file system ထဲကို driver တွေ ၀င်လို့ မရအောင် ရှောင်ကွင်းသွားစေပါတယ်။ အဲဒီနေရာဟာ ကွန်ပျူတာကို တိုက်ခိုက်တတ်တဲ့ ဆော့ဗ်ဝဲတွေက ဝင်ရောက်ဖို့ အထူး ကြိုးစားလေ့ရှိတဲ့ နေရာ ဖြစ်တယ်။ ၄င်းက malware ပုံစံ ခိုင်မာမှု အရှိဆုံး 'rootkits' ကို ပြသပေးမှာ ဖြစ်တယ်။ ကွန်ပျူတာ လည်ပတ်မှု စနစ်ထဲမှာ အန္တရာယ် ရှိနိုင်တယ် (သို့) တိုက်ခိုက် ခံရနိုင်တယ်လို့ သံသယ ရှိရင်တောင် boot-time scan ကို ပြုလုပ်ပါ။

    Boot-time Scan option က ကွန်ပျူတာ စနစ် တခုလုံးကို စေ့စေ့စပ်စပ် စကင်ဖတ် စစ်ဆေးပေးမှာ ဖြစ်တယ်။ သင့်ရဲ့ ကွန်ပျူတာ အမြန်နှုန်း၊ ဒေတာ ပါရှိမှု အတိုင်းအတာနဲ့ သင့်မှာ ရှိတဲ့ hard drives အရေအတွက် အပေါ် မူတည်ပြီး အချိန် ကြာနိုင်တယ်။ Boot-time Scan ဟာ ကွန်ပျူတာကို နောက်တခါ ပြန်ဖွင့်တဲ့အခါ အလုပ် လုပ်လာမှာ ဖြစ်တယ်။

    ကွန်ပျူတာကို boot time အချိန်မှာ စကင်ဖတ် စစ်ဆေးဖို့၊ အောက်က အဆင့်တွေကို လုပ်ဆောင်ပါ -

    အဆင့် ၁။ BOOT-TIME SCAN pane ကို သက်ဝင်စေဖို့ ကို နှိပ်လိုက်ပါ။

    အဆင့် ၂။ ကွန်ပျူတာကို နောက်တခါ ဖွင့်တဲ့အခါ boot-time စကင် လုပ်ဖို့ ကို နှိပ်လိုက်ပါ။

    အဆင့် ၃။ အကယ်လို့ boot-time စကင်ကို ချက်ခြင်း အလုပ်လုပ်စေချင်ရင်၊ ကို နှိပ်လိုက်ပါ။

    မှတ်ချက်- boot-time စကင်ဟာ operating system နဲ့ interface တွေ ပွင့်မလာခင်မှာ အောက်က စကင်ဖတ်နေတဲ့ အနေအထားနဲ့ အပြာရောင် မျက်နှာပြင်တခု ပေါ်လာပြီး အလုပ်လုပ်မှာ ဖြစ်တယ် -

    ပုံ ၇ - avast! Boot-time သတ်မှတ်ချက်ကို စကင်ဖတ် စစ်ဆေးမှု ပြပုံ

    Avast! ဟာ ဗိုင်းရပ်စ် တကောင်ကို တွေ့တဲ့အခါတိုင်း - တွေ့ရှိတဲ့ ဗိုင်းရပ်စ် အားလုံးကို ပယ်ဖျက်ဖို့ ဖြစ်ဖြစ်၊ လျစ်လျူရှုဖို့ ဖြစ်ဖြစ်၊ ဖယ်ရှားဖို့ ဖြစ်ဖြစ် (သို့) ပြုပြင်ဖို့ ဖြစ်ဖြစ် အချက်ပေးလာမှာ ဖြစ်တယ်၊ ဒါပေမဲ့ အဲဒီ သတိပေးချက်တွေကို ဘာကြောင့်ပဲ ဖြစ်စေ လျစ်လျူရှု မထားဖို့ အရေးကြီးပါတယ်။ ဒီညွှန်ကြားချက် စာရင်းတွေဟာ ကွန်ပျူတာထဲမှာ အကယ်လို့ ဗိုင်းရပ်စ် တကောင်ကို တွေ့လာတဲ့အခါကျမှ ပြပေးမှာ ဖြစ်ပါတယ်။

    ၄.၇ ဗိုင်းရပ်စ်တွေကို ရှင်းလင်းနည်း

    Avast! ကို install လုပ်နေတဲ့ အချိန်မှာ၊ avast! Virus Chest ကို hard drive ထဲမှာ တည်ဆောက်ထားလိုက်တယ်။ Virus Chest ဆိုတာ ကွန်ပျူတာ နည်းစနစ်တွေရဲ့ သီးခြားနေရာမှာ တည်ရှိတဲ့ ဖိုင်တွဲတခု ဖြစ်ပြီး၊ စကင်ဖတ် စစ်ဆေးနေတဲ့ အချိန်မှာ တွေ့ရှိတဲ့ malware နဲ့ ဗိုင်းရပ်စ်တွေ အပါအဝင် တိုက်ခိုက် ခံရပြီး၊ အန္တရာယ်ပြု ခံရတဲ့ စာတမ်းတွေ၊ ဖိုင်တွေနဲ့ ဖိုင်တွဲတွေကို သိမ်းဆည်း ထားတဲ့ နေရာ ဖြစ်ပါတယ်။

    အကယ်လို့ update လုပ်ထားတဲ့ ပရိုဂရမ်နဲ့ ဗိုင်းရပ်စ် definitions ကို အဆင့်မြှင့်ထားပြီ ဆိုရင်၊ avast! Virus Chest အထဲကို ဝင်လို့ရတဲ့ MAINTENANCE tab အကြောင်းကို သင် ပိုမို ရင်းနှီးလာမှာ ဖြစ်တယ်။

    စကင်ဖတ် နေတဲ့အချိန်မှာ တွေ့ရှိတဲ့ malware (သို့) ဗိုင်းရပ်စ်တွေကို ရှင်းလင်းဖို့၊ အောက်ပါ အဆင့်တွေကို လုပ်ဆောင်ပါ -

    အဆင့် ၁။ အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်လိုက်ပါ။ -

    ပုံ ၈ - SCAN RESULTS ဝင်းဒိုးက THREAT DETECTED! သတိပေးချက်ကို ဖော်ပြနေပုံ

    အဆင့် ၂။ အပေါ်က ပုံ ၈ မှာ ပြထားတဲ့အတိုင်း တိုက်ခိုက်ခံရနိုင်တဲ့ အန္တရာယ်တွေကို ဖြေရှင်းပေးတဲ့ နည်းတွေ ပါရှိတဲ့ drop-down တခုကို ဖွင့်ဖို့ ကို နှိပ်လိုက်ပါ။

    မှတ်ချက် - ဒီလေ့ကျင့်ခန်းထဲမှာ၊ တိုက်ခိုက်ခံရတဲ့ ဖိုင်တွေကို Virus Chest ထဲကို ပို့လိုက်တာကို စိုးရိမ်နေကြတယ်။ ဒါပေမဲ့ drop-down ထဲမှာ အောက်က ပြတဲ့အတိုင်း တခြား options သုံးခုကို ဖော်ပြထားတယ် -

    Repair - ကူးစက်ခံရတဲ့ ဖိုင်ကို ပြုပြင်ပေးတယ်။

    Delete - ကူးစက်ခံရတဲ့ ဖိုင်ကို အမြဲတမ်း ပယ်ဖျက်ပေးတယ်။

    Do nothing - အန္တရာယ် ပေးနိုင်တဲ့ malware (သို့) ဗိုင်းရပ်စ် ခြိမ်းခြောက်မှုတွေ ရှိလာရင် ဒါကို လုံးဝ မရွေးလိုက်ပါနဲ့။

    အဆင့် ၃Move to Chest ကို ရွေးလိုက်ပြီး၊ အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်လိုက်ပါ။ -

    ပုံ ၉ - ဗိုင်းရပ်စ်တွေကို Virus Chest ထဲ အောင်အောင်မြင်မြင် ပို့လိုက်တဲ့ ပုံ

    ၄.၈ ဗိုင်းရပ်စ် Chest ကို အသုံးပြုနည်း

    ဗိုင်းရပ်စ်ကို avast! Virus Chest ထဲ ပို့လိုက်ပြီးနောက် အဲဒါကို ဖြေရှင်းမဲ့ ပုံစံကို သင် လွတ်လွတ်လပ်လပ် ဆုံးဖြတ်နိုင်ပါတယ်။

    အဆင့် ၁။ အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်လိုက်ပါ။ -

    ပုံ ၁၀ - ဗိုင်းရပ်စ် နှစ်ကောင်ကို ပြနေတဲ့ Virus Chest ပုံ

    အဆင့် ၂ - ဗိုင်းရပ်စ်ကို ဖြေရှင်းတဲ့ နည်းတွေ ပါဝင်တဲ့ menu ပေါ်လာအောင် ဗိုင်းရပ်စ်ကို ညာဖက်နှိပ်ပြီး အောက်ပါအတိုင်း လုပ်ဆောင်ပါ။ -

    ပုံ ၁၁ - Virus Chest ထဲက ဗိုင်းရပ်စ်တွေကို ဖြေရှင်းဖို့ options ပါတဲ့ pop-up စာရင်း

    မှတ်ချက် - Virus Chest ထဲက ဗိုင်းရပ်စ်တကောင်ကို နှစ်ချက်နှိပ်လိုက်တာနဲ့ အလုပ် လုပ်လာမှာ မဟုတ်ဘူး။ ဗိုင်းရပ်စ်ရဲ့ Properties တွေကိုပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် pop-up စာရင်းမှတ်ထဲက Properties ကိုပဲ ဖြစ်ဖြစ် နှိပ်လိုက်တဲ့အခါ သူ့ရဲ့ အချက်အလက်တွေကို ပြပေးမှာ ဖြစ်ပါတယ်။

    အောက်ပါ စာရင်းထဲမှာရှိတဲ့ pop-up စာရင်းမှတ်ထဲက ဗိုင်းရပ်စ်တွေကို ဖြေရှင်းတဲ့ နေရာမှာ အသုံးပြုတဲ့ ဆောင်ရွယ်ချက်တွေကို အောက်ပါအတိုင်း ဖော်ပြထားပါတယ် -

    Delete - ဗိုင်းရပ်စ်ကို ပြန်ဖော်လို့မရအောင် ဖျက်စီးပေးတယ်။

    Restore - ဗိုင်းရပ်စ်ကို နဂို နေရာမှာ ပြန်ထားပေးတယ်။

    Extract - ဖိုင် (သို့) ဗိုင်းရပ်စ်ကို သင် သတ်မှတ်ထားတဲ့ ဖိုင်တွဲ တခုထဲကို ကူးယူ ထည့်သွင်းပေးတယ်။

    Scan - ဗိုင်းရပ်စ်ကို ထပ်မံ စကင်ဖတ်ဖို့ ပြန်ပေးတယ်။

    Submit to virus lab... ဗိုင်းရပ်စ်တကောင်ကို ဗိုင်းရပ်စ် အမည်စာရင်း ပြုစုထားတဲ့ ဒေတာဘေ့စ်တခုထဲက အမည်နဲ့ နှိင်းယှဉ် စစ်ဆေးပေးဖို့ တင်သွင်းပေးတယ်။ ဒီအချက်ကို ရွေးချယ်လိုက်ရင် ဗိုင်းရပ်စ် တင်သွင်းဖို့ ဖြည့်စွတ်ပုံစံ ဖွင့်လာမှာ ဖြစ်တယ်။

    Properties - ရွေးချယ်လိုက်တဲ့ ဗိုင်းရပ်စ်အကြောင်းနဲ့ ပါတ်သက်တဲ့ အသေးစိတ်ကို ဖော်ပြပေးမှာ ဖြစ်တယ်။

    Add... - Virus Chest ထဲမှာ သင် ထည့်သွင်းလိုတဲ့ ကွန်ပျူတာထဲက တခြား ဖိုင်တွေကို ရှာဖွေနိုင်မှာ ဖြစ်တယ်။ အကယ်လို့ ဗိုင်းရပ်စ် ကူးစက်ခံရရင် ကာကွယ်ထားလိုတဲ့ ဖိုင်တွေကို ဒီနေရာမှာ ထားနိုင်တယ်။

    Refresh all files - နောက်ဆုံးထည့်ထားတဲ့ ဖိုင်တွေကို မြင်နိုင်အောင် ဖိုင်တွေကို update လုပ်ပေးမှာ ဖြစ်တယ်။

    ၄.၉ အဆင့်မြင့် ဗိုင်းရပ်စ် ဖယ်ရှားရေး နည်းလမ်းများ

    တခါတလေ Avast!, Comodo Firewall နဲ့ Spybot တို့က ပေးတဲ့ လုံခြုံရေးဟာ လုံလောက်မှု သိပ်မရှိဘူး၊ ကျွန်ုပ်တို့ ဘယ်လောက်ပဲ ကြိုးစားနေပါစေ၊ ကျွန်ုပ်တို့ရဲ့ ကိုယ်ရေးကိုယ်တာနဲ့ လုပ်ငန်း လည်ပတ်မှုတွေဟာ malware နဲ့ တခြား ဗိုင်းရပ်စ်တွေကြောင့် ထိခိုက်လာနိုင်တယ်။ အပိုင်း ၄.၁ - ဗိုင်းရပ်စ် ဖြစ်ပွားမှုတွေကို ဖြေရှင်းနည်း အကျဉ်းချုပ်ထဲမှာ အားကောင်းတဲ့ malware နဲ့ ဗိုင်းရပ်စ်တွေကို ဖြေရှင်းတဲ့ နည်းတွေကို ထည့်သွင်းထားတယ်။ ကွန်ပျူတာထဲက အန္တရာယ်တွေကို ရှင်းလင်းပေးတဲ့အပြင် တခြား လုပ်ဆောင်နိုင်တဲ့ အချက်တွေ ရှိသေးတယ်။

    နည်းလမ်း (က) - Anti-malware ဆယ်တင်ရေး (Rescue) CDs/DVDs ကို အသုံးပြုခြင်း

    တချို့ anti-malware ဆော့ဗ်ဝဲ ကုမ္ပဏီတွေကလည်း အခမဲ့ ဗိုင်းရပ်စ်သတ် 'ဆယ်တင်ရေး' CD/DVD ကို ထုတ်လုပ်ပေးကြတယ်။ အဲဒါတွေကို ISO image format (CD ဒါမှမဟုတ် DVD တခုခုထဲမှာ အလွယ်တကူ ကူးရေးနိုင်တဲ့ အမျိုးအစား) နဲ့ download လုပ်ယူနိုင်ပါတယ်။

    အဲဒီ anti-malware CDs/DVDs တွေကို စတင် အသုံးပြုတဲ့ နေရာမှာ၊ အောက်ပါ အချက်တွေကို လုပ်ဆောင်ပါ -

    ၁။ Anti-malware ပရိုဂရမ်ကို download လုပ်ပြီး CD တခုထဲမှာ ကူးရေးလိုက်ပါ။ Image ကို Disk မှာ ကူးရေးနိုင်ဖို့ ImgBurn လို အခမဲ့ ပရိုဂရမ်ကို သင် အသုံးပြုနိုင်ပါတယ်

    ၂။ Disk အတိုက်ခိုက် ခံရတဲ့ ကွန်ပျူတာထဲက CD/DVD player ထဲမှာ ထည့်ပြီး ကွန်ပျူတာကို CD/DVD ကနေတဆင့် restart လုပ်လိုက်ပါ။ ကွန်ပျူတာ ဖွင့်လိုက်တဲ့နောက် သင့်ရဲ့ ကီးဘုတ်ပေါ်က F10 (သို့) F12 ကို နှိပ်လို့ ရတယ်။ ဒီလို လုပ်ဆောင်တဲ့နည်းအတွက် ကွန်ပျူတာ ဖန်သားပြင်ပေါ်မှာ ပေါ်လာတဲ့ ညွှန်ကြားချက်ကို အထူး သတိပြုပါ။

    ၃။ Anti-malware ပရိုဂရမ်ကို လိုအပ်လာရင် သူ့ရဲ့ ဗိုင်းရပ်စ် definitions ကို အလိုအလျှောက် မွမ်းမံနိုင်အောင် ကွန်ပျူတာကို အင်တာနက်နဲ့ ချိတ်ဆက်ထားပါ၊ အဲဒီနောက် ဆော့ဗ်ဝဲ အန္တရာယ်တွေကို ဖယ်ရှားနိုင်ဖို့ ကွန်ပျူတာ hard drives ကို စတင် စကင်ဖတ် စစ်ဆေးပေးမှာ ဖြစ်တယ်။

    ဆယ်တင်ရေး CDs images စာရင်းတွေဟာ အောက်အတိုင်း ဖြစ်တယ် -

    ကွန်ပျူတာ Windows OS ကို စဖွင့်လိုက်တဲ့အခါ အလုပ်လုပ်လာတဲ့ အောက်ပါ ကိရိယာတွေကို အသုံးပြုပြီး စကင်ဖတ် စစ်ဆေးနိုင်တယ်၊ ဒါပေမဲ့၊ အဲဒီ ကိရိယာတွေဟာ ကွန်ပျူတာကို တိုက်ခိုက်နေတဲ့ ဗိုင်းရပ်စ်က အတားအဆီး မလုပ်ရင် အလုပ်လုပ်နိုင်ကြမှာ ဖြစ်ပါတယ် -

    • HijackThis နဲ့ Clean-up Tools ကုမ္ပဏီတွေက ထုတ်လုပ်ပေးတဲ့ အခမဲ့ ရှင်းလင်းရေး ကိရိယာတွေထဲက တခြား ကိရိယာများ။
    • မိုက်ခရိုဆော့ဗ်က ပိုင်ဆိုင်တဲ့Sysinternals က ထုတ်လုပ်တဲ့ RootkitRevealer

    မှတ်ချက် - ကွန်ပျူတာကို ထိထိရောက်ရောက် ရှင်းလင်းနိုင်မှု စွမ်းရည်ကို မြှင့်တင်နိုင်ဖို့ အပေါ်မှာ သီးခြား ဖော်ပြထားတဲ့ ကိရိယာတခုချင်းကို အသုံးပြုနိုင်ပါတယ်။

    နည်းလမ်း (ခ) - Microsoft Windows Operating System ကို Re-install လုပ်ခြင်း

    မှတ်ချက် - စတင် install မလုပ်ခင်၊ Windows OS* ဆော့ဗ်ဝဲအပြင်၊ တခြားလိုအပ်တဲ့ ပရိုဂရမ်တွေရဲ့ တရားဝင် လိုင်စင် (သို့) serial numbers တွေ ရှိထားဖို့ လိုတယ်။ ဒီလုပ်ငန်းစဉ်ကို အချိန်ပေးရပေမဲ့ malware နဲ့ ဗိုင်းရပ်စ် အန္တရာယ်တွေကို တခြားနည်းနဲ့ ဖယ်ရှားလို့ မရနိုင်တဲ့အခါ ဒီနည်းနဲ့ ဖြေရှင်းနိုင်ပါတယ်။*

    တခါတလေ၊ ဗိုင်းရပ်စ် တိုက်ခိုက် ခံရမှု ပြင်းထန်လွန်းတဲ့အတွက် အရင်တုန်းက အကြံပြုထားတဲ့ ဆော့ဗ်ဝဲ ကိရိယာတွေကို သုံးလို့ မရဖြစ်သွားနိုင်တယ်။ ဒီလို အခြေအနေမျိုးမှာ၊ အောက်က အချက်တွေကို လုပ်ဆောင်ဖို့ ကျွန်ုပ်တို့ အကြံပြုလိုပါတယ် -

    ၁။ ကွန်ပျူတာထဲက ကိုယ်ရေးကိုယ်တာ ဖိုင်တွေရဲ့ backup ဒါမှမဟုတ် မိတ္တူတခု လုပ်ထားပါ။

    ၂။ Disk တခုလုံးကို format လုပ်လိုက်ပြီး Microsoft Windows operating system ကို ပြန် install လုပ်ပါ။။

    ၃။ Installation ပြီးသွားတဲ့အခါ Microsoft Windows operating system ကို Update လုပ်လိုက်ပါ။

    ၄။ Avast! (ဒါမှမဟုတ် သင်နှစ်သက်တဲ့ ဗိုင်းရပ်စ်သတ် ပရိုဂရမ်) ကို install လုပ်ပြီး၊ Update လုပ်လိုက်ပါ။

    ၅။ အသုံးလိုတဲ့ ပရိုဂရမ် မှန်သမျှကို install လုပ်ပြီး အဲဒီ ပရိုဂရမ် တခုစီရဲ့ နောက်ဆုံးထွက် ဗားရှင်းတွေ၊ Update တွေကို download လုပ်ပါ။

    မှတ်ချက် - ဒီအဆင့်တွေအားလုံးကို ပြီးအောင် မလုပ်ခင် သင့်ရဲ့ backup disk ကို ကွန်ပျူတာနဲ့ ချိတ်ဆက်ထားမယ် ဆိုရင်၊ ဗိုင်းရပ်စ် ပြန်အတိုက်ခိုက်ခံနိုင်တဲ့ အခြေအနေမှာ ရှိပါသေးတယ်။

    ၆။ backup disk ကို ကွန်ပျူတာနဲ့ ချိတ်ထားပြီး အထဲမှာ ရှိနေနိုင်တဲ့ ပြဿနာတွေကို ရှာဖွေပြီး ရှင်းလင်းပေးဖို့ အသေးစိတ် စကင်ဖတ် စစ်ဆေးလိုက်ပါ။

    ၇။ အန္တရာယ်တွေကို ဖယ်ရှားပြီးတဲ့နောက်မှာ၊ backup disk ထဲမှာ ရှိတဲ့ ဖိုင်တွေကို ကွန်ပျူတာ hard drive ထဲကို ကူးယူလိုက်ပါ။

    မကြာခဏ မေးလေ့ရှိတဲ့ မေးခွန်းများနဲ့ သုံးသပ်ချက်များ

    ၅.ဝ မကြာခဏ မေးလေ့ရှိတဲ့ မေးခွန်းများနဲ့ သုံးသပ်ချက်များ

    အယ်လင်နာနဲ့ နီကိုလိုင်တို့ဟာ avast! ကို သုံးရတာ အတော် လွယ်ကူမှန်း သိထားကြပေမဲ့၊ သူတို့မှာ ဆက်ပြီး မေးချင်တဲ့ မေးခွန်းတွေ ရှိသေးတယ်။

    မေး - တကယ်လို့ ဗိုင်းရပ်စ် ဖယ်ရှားတဲ့ ကိရိယာကို install လုပ်မထားတဲ့ အင်တာနက်ဆိုင် တဆိုင်က ကွန်ပျူတာ တလုံးကို ကျွန်တော် အသုံးပြုမယ် ဆိုရင်၊ ကျွန်တော်ရဲ့ ဖိုင်တွေကို ဗိုင်းရပ်စ် မကူးစက်အောင် ဘယ်လို လုပ်ရမလဲ။

    ဖြေ - ဒါဟာ အတော်ကောင်းတဲ့ မေးခွန်းပါပဲ။ ဗိုင်းရပ်စ်တွေရဲ့ အန္တရာယ်ကြီးမားပုံကို သင် သိထားတဲ့ပုံ ပေါ်ပါတယ်။ အများသုံး ကွန်ပျူတာတွေကို အသုံးပြုတဲ့အခါ အဲဒီအထဲမှာ install လုပ်ထားတဲ့ ဆော့ဗ်ဝဲတွေကို မသိနိုင်တဲ့အတွက် အမြဲတမ်း အန္တရာယ် ရှိနိုင်တယ်။ သင့်မှာ တခြား ရွေးစရာ မရှိတော့တဲ့ အခြေအနေမျိုးကလွဲရင် အများသုံးတဲ့ ကွန်ပျူတာတွေ privacy လုပ်ငန်းတွေ (သို့) အထိခိုက်မခံတဲ့ လုပ်ငန်းတွေအတွက် အသုံးမပြုပါနဲ့။

    မေး - Network တခုမှာ ကွန်ပျူတာ အတော်များများကို ချိတ်ဆက်ထားတယ် - ဒါပေမဲ့ အင်တာနက် ဆက်သွယ်မှုလိုင်းက နှေးကွေးနေတယ်။ ဗိုင်းရပ်စ် definition updates တွေကို ကျွန်တော် ဘယ်လို download ဆွဲပြီး ကျွန်တော်ရဲ့ ကွန်ပျူတာ အားလုံးထဲမှာ ထည့်သွင်းလို့ ရမလဲ။

    ဖြေ - avast! ကွန်ရက် စာမျက်နှာကနေ နောက်ဆုံးထွက် ပရိုဂရမ် updates များကို သင် download ဆွဲပြီး အဲဒါတွေကို သင့်ရဲ့ Network ပေါ်က ကွန်ပျူတာ တလုံးချင်းကို ဝေမျှနိုင်ပါတယ်။

    မေး - avast! ကို ကျွန်တော် ဖြုတ်လိုက်ရင် Virus Chest ထဲက ဖိုင်တွေ ဘာဖြစ်သွားမလဲ။

    ဖြေ- အဲဒီ ပရိုဂရမ်ကို ဖြုတ်လိုက်မယ်ရင် Virus Chest ထဲက ဖိုင်တွေ အားလုံးလည်း ဖျက်ပြီးသား ဖြစ်သွားလိမ့်မယ်။

    ၅.၁ အပြန်အလှန် မေးခွန်းများ

    • Avast! ကို အသုံးပြုပြီး သီးသန့် ဖိုင်တွဲတခုထဲက ဗိုင်းရပ်စ်ကို ဘယ်လို စစ်နိုင်မလဲ။
    • မှတ်ပုံမတင်ထားတဲ့ avast! က ဘယ်နှစ်ရက် အလုပ်လုပ်နိုင်မလဲ။
    • ဗိုင်းရပ်စ် ကူးစက်မခံရတဲ့ ဖိုင်တခုကို Virus Chest ထဲမှာ ထားလို့ ရသလား။
    • ဗိုင်းရပ်စ် တကောင်ကို ဖျက်ပစ်တာနဲ Virus Chest တခုထဲ ရွှေ့လိုက်တာ ဘာကွာသလဲ။
    • Boot-time scan နဲ့ full-system scan က ဘယ်လို ကွာခြားကြသလဲ။