Cobian Backup – ဖိုင် လုံလုံခြုံခြုံ သိမ်းဆည်းရေး ကိရိယာ

မာတိကာ

...Loading Table of Contents...

    Cobian Backup ကို ဒစ်ဂျစ်တယ် ဖိုင်တွေ archive လုပ်တဲ့ နေရာမှာ အသုံးပြုတယ်။ အဲဒီ archives တွေကို ကွန်ပျူတာ၊ ရုံးအတွင်းမှာရှိတဲ့ network ၊ ဖြုတ်တပ်လို့ရတဲ့ devices တွေ (သို့) အင်တာနက် ဆာဗာတွေမှာ သိမ်းထားလို့ ရတယ်။

    ပင်မ စာမျက်နှာ

    www.educ.umu.se/~cobian /cobianbackup.htm

    ကွန်ပျူတာ လိုအပ်ချက်များ -

    • XP, 2003, Vista, 2008, Windows 7

    ဒီလမ်းညွှန်ချက်ထဲမှာ သုံးစွဲထားတဲ့ ဗားရှင်း

    • 10

    ခွင့်ပြုချက် လိုင်စင် -

    • အခမဲ့ ဆော့ဗ်ဝဲ

    ဖတ်ရှုရမဲ့ အကြောင်းအရာများ -

    အဆင့် - ၁။ လက်သင်၊ ၂။ ပျမ်းမျှ၊ ၃။ အလယ်အလတ်၊ ၄။ အတွေ့အကြုံရှိသော၊ ၅။ အဆင့်မြင့်

    ဒီပရိုဂရမ်ကို စတင် အသုံးပြုနိုင်ဖို့ လိုအပ်သော အချိန် - ၃၀ မိနစ်

    ပြန်လည်ရရှိမည့် အကျိုးကျေးဇူး -

    • မှတ်တမ်းမှတ်ရာတွေ၊ ဖိုင်တွေနဲ့ ဖိုင်တွဲတွေအားလုံးကို back up လုပ်လို့ ရတယ်
    • back up ဖိုင်တွေကို compress လုပ်နိုင်သလို၊ decompress လုပ်လို့ ရတယ်
    • archive လုပ်ထားတဲ့ ဖိုင်တွေကို စာဝှက်လုပ်ရသလို စာဝှက်ဖေါ်ပေးလို့ ရပါတယ်

    GNU Linux, Mac OS နဲ့ အခြား Microsoft Windows နဲ့ လိုက်ဖက်ကိုက်ညီတဲ့ ပရိုဂရမ်များ -

    မှတ်တမ်းမှတ်ရာတွေ၊ ဖိုင်တွေနဲ့ ဖိုင်တွဲတွေကို Archive လုပ်တယ် (သို့) backup လုပ်တယ် ဆိုတာ ဖိုင်တွေကို တနေရာကနေ တခြား ပိုပြီး လုံခြုံတဲ့ နေရာကို ကော်ပီ ကူးယူသလိုပဲ ရိုးရှင်းလှပါတယ်၊ ဒီ့အတွက် အထူး ကိရိယာတွေ မလိုပါဘူး။ ဒါပေမဲ့၊ မှတ်တမ်းမှတ်ရာတွေနဲ့ ဖိုင်အတော်များများကို archive လုပ်တဲ့အခါ အထူး backup ပရိုဂရမ် တခုခု (Cobian Backup လို) (သို့) file synchronisation ကိရိယာလို အကြောင်းအရာ တမျိုးထဲကိုပဲ တနေရာထဲမှာ သိမ်းထားပေးနိုင်တဲ့ ကိရိယာတွေကို အသုံးပြုနိုင်တယ်။ Cobian Backup အပြင်၊ မှတ်တမ်းမှတ်ရာတွေကို archive လုပ်ပေးနိုင် (သို့) backup လုပ်ပေးနိုင်တဲ့ တခြားကိရိယာ အတော်များများ ရှိတယ်၊ ကျွန်တော်တို့အနေနဲ့ အကြံပြုထားတဲ့ စာရင်းတွေကတော့ အောက်ပါအတိုင်း ဖြစ်တယ် -

    • Freebyte Backup ဟာ Microsoft Windows အတွက် ထုတ်လုပ်ထားတဲ့ အခမဲ့ backup ပရိုဂရမ်တခု ဖြစ်တယ်၊
    • Unison File Synchronizer ဟာ Microsoft Windows, Mac OS, and GNU/Linux အတွက် ထုတ်လုပ်ထားတဲ့ အခမဲ့ပြီး ပွင့်လင်းတဲ့ အရင်းအမြစ် ပရိုဂရမ်တခု ဖြစ်တယ်၊
    • Allway Sync ဟာ Microsoft Windows ဖိုင်တွေကို synchronize လုပ်ပေးတဲ့ ကိရိယာ တခု ဖြစ်တယ်၊
    • FreeFileSync ဟာ GNU/Linux နဲ့ Microsoft Windows တို့အတွက် ထုတ်လုပ်ထားတဲ့ အခမဲ့ပြီး ပွင့်လင်းတဲ့ အရင်းအမြစ် ဖိုင် synchronize လုပ်ပေးတဲ့ ကိရိယာတခု ဖြစ်တယ်၊
    • Time Machine ဟာ Apple ကုမ္ပဏီက ထုတ်လုပ်တဲ့ backup utility တခု ဖြစ်ပြီး၊ Mac OS (ဗားရှင်း ၁၀.၅ နဲ့ အထက်) မှာ ထည့်သွင်းထားတယ်၊
    • Ubuntu GNU/Linux သုံးစွဲသူတွေ အသုံးပြုနိုင်တဲ့ ကိရိယာတွေကို ဖေါ်ပြတဲ့ System ကို Backup လုပ်နည်း လမ်းညွှန်ကို ဖတ်ရှုပါ။

    ၁.၁ ဒီပရိုဂရမ်ကို စတင် အသုံးမပြုခင် သိထားသင့်တဲ့အချက်များ

    Cobian Backup ဟာ ဖိုင်တွေနဲ့ ဖိုင်တွဲတွေကို archive (backup copy တခု) လုပ်တဲ့ နေရာမှာ အသုံးပြုတယ်။ Backups တွေကို ကွန်ပျူတာ၊ ရုံးအတွင်းမှာရှိတဲ့ network ၊ ဖြုတ်တပ်လို့ရတဲ့ devices တွေ (CDs, DVDs နဲ့ USB မှတ်ဉာဏ်ချောင်းတွေ) မှာ သိမ်းဆည်းထားလို့ ရတယ်။ Cobian Backup နဲ့ ဖိုင်တွဲတွေ၊ ဖိုင်တွေကို ပုံမှန် archive လုပ်လို့ ရတယ်။ system ရဲ့ နောက်ခံ (system tray) မှာ တိတ်တဆိတ် အလုပ်လုပ်တယ်၊ အချိန်ဇယားကို စစ်ဆေးပြီး လိုအပ်လာတဲ့အခါ backup တွေကို လုပ်ဆောင်ပေးတယ်။ Cobian Backup ကလည်း ဖိုင်တွေကို backup လုပ်ပေးနိုင်သလို compress လုပ်ပြီး encrypt လုပ်ပေးနိုင်ပါတယ်။

    Cobian ကို Install လုပ်ခြင်း

    • လက်စွဲ လမ်းညွှန် နိဒါန်းအကျဉ်းချုပ်ကို ဖတ်ရှုပါ။
    • www.educ.umu.se/~cobian/cobianbackup.htm စာမျက်နှာကို ဖွင့်ဖို့ အောက်က Cobian icon ကို နှိပ်လိုက်ပါ။
    • ဒီစာမျက်နှာပေါ်က "Download Cobian Backup" link ကို နှိပ်လိုက်ပါ။
    • installer ကို Save လုပ်လိုက်ပါ၊ အဲဒီနောက် နှစ်ချက် နှိပ်လိုက်ပါ
    • ရှေ့ဆက်မသွားခင် အောက်က 'Installation Note' ကို ဖတ်ရှုပါ
    • Cobian ကို အောင်အောင်မြင်မြင် install လုပ်ပြီးတဲ့အခါ installation ပရိုဂရမ်ကို ကွန်ပျူတာထဲကနေ ပယ်ဖျက်နိုင်တယ်။

    Cobian:

    Cobian Backup ကို Install လုပ်ပြီး ဖိုင်များကို Archive လုပ်နည်း

    ဒီစာမျက်နှာမှာ ပါဝင်တဲ့ အပိုင်းများ -

    ၂.၀ Cobian Backup ကို Install လုပ်နည်း

    Installation မှတ်စု - installation လုပ်ငန်းစဉ်ကို စတင် မလုပ်ခင်၊ နောက်ဆုံးထွက် Microsoft Windows Installer နဲ့ Microsoft.NET Framework ဗားရှင်း နှစ်ခုစလုံး ရှိထားရမှာ ဖြစ်ပါတယ်။

    Cobian Backup ကို Install လုပ်တာဟာ အတော်လေး လွယ်ကူပြီး မြန်ဆန်တယ်။ Cobian Backup ကို စတင် Install လုပ်ဖို့၊ အောက်ပါ အဆင့်တွေကို လုပ်ဆောင်ပါ -

    အဆင့် ၁ ကို နှစ်ချက် နှိပ်ပါ၊ Open File - Security Warning dialog box ပေါ်လာလိမ့်မယ်။ ဖေါ်လာတဲ့အခါ အပြာနုရောင် Extracting the resource တိုးတက်မှုပြ status bar ကို သက်ဝင်စေဖို့ ကို နှိပ်ပါ၊ ခဏအကြာမှာ အောက်ပါ မျက်နှာပြင် ပေါ်လာလိမ့်မယ် -

    ပုံ ၁ - Cobian Setup ဘာသာစကားကို ရွေးချယ်တဲ့ဝင်းဒိုး ပြပုံ

    အဆင့် ၂Please read and accept the license agreement မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ၊ I accept option ကို check လုပ်လိုက်ပါ၊ အဲဒီနောက် အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ -

    ပုံ ၂ - installation directory တခုကို ရွေးချယ်တဲ့ ၀င်းဒိုးပြပုံ

    အဆင့် ၃။ အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ -

    ပုံ ၃ - Installation အမျိုးအစားနဲ့ Service options ၀င်းဒိုးပြပုံ

    အဆင့် ၄။ အပေါ်က ပုံ ၃ နဲ့ ပုံစံတူဖို့၊ Service options pane ထဲက Use Local System account option ကို Check လုပ်ပါ။

    အရေးကြီချက် - ဒီ option က Cobian Backup ကို နောက်ခံမှာ တချိန်လုံး တိတ်တဆိတ် အလုပ်လုပ်စေလိမ့်မယ်၊ backups တွေဟာ သတ်မှတ်ထားတဲ့အတိုင်း အလုပ်လုပ်ကြမှာ ဖြစ်ပါတယ်။

    အဆင့် ၅။ အောက်ပါ စာတမ်း အချက်ပြကို သက်ဝင်စေဖို့ ကို နှိပ်ပါ -

    ပုံ ၄ - Cobian Backup 10 စာတမ်း အချက်ပြပုံ

    အဆင့် ၆။ နောက်ထပ် installation မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပြီး installation လုပ်ငန်းစဉ်ကို ဆက်လုပ်ဖို့ ကို နှိပ်ပါ။

    အဆင့် ၇။ installation လုပ်ငန်းစဉ်ကို အပြီးသတ်ဖို့ ကို နှိပ်ပါ။ installation လုပ်ငန်းစဉ် ပြီးသွားတဲ့အခါ၊ Cobian Backup icon ဟာ Windows System Tray ထဲမှာ အတိုင်း ပေါ်လာမယ်။

    ၂.၁ ဖိုင်တွဲများနဲ့ ဖိုင်များကို Backup လုပ်နည်း

    ဒီအခန်းမှာ သတ်မှတ်ထားတဲ့ ဖိုင်တွေနဲ့ ဖိုင်တွဲတွေကို ရိုးရိုး backup (သို့) archive လုပ်နည်း တခုကို လေ့လာသွားမယ်။ Cobian Backup က သတ်မှတ်ထားတဲ့ ဖိုင်နဲ့ ဖိုင်တွဲ အုပ်စုတစု ပါဝင်ဖို့ backup task ကို configure လုပ်ထားနိုင်တယ်။ backup task တခုကို ပေးထားတဲ့ နေ့စွဲ (သို့) အချိန်တခုမှာ အလုပ် လုပ်အောင် သတ်မှတ်ထားနိုင်တယ်။

    Backup task အသစ်တခုကို လုပ်ဆာင်ဖို့၊ အောက်ပါ အဆင့်ကို လုပ်ဆောင်ပါ -

    အဆင့် ၁။ အောက်ပါအတိုင်း backup task အသစ်တခုကို ဖွင့်ပြီး New task ၀င်းဒိုးတခုကို သက်ဝင်စေဖို့ ကို နှိပ်ပါ -

    ပုံ ၁ - task pane အသစ်တခု ပြပုံ

    backup options တွေနဲ့ parameters အမျိုးမျိုးကို သတ်မှတ်ရာမှာ အသုံးပြုတဲ့ ဘယ်ဖက် sidebar ထဲက tabs တွေနဲ့ သက်ဆိုင်ရာ မျက်နှာပြင်တွေကို pane ရဲ့ ညာဖက်မှာ ပြထားတယ်။ General tab ထဲက options တွေ အားလုံးကို အောက်ပါအတိုင်း ဖေါ်ပြထားပါတယ် -

    ၂.၁.၁ Option ဖေါ်ပြချက်များ

    Task Name - ဒီ Task Name text field မှာ backup task ရဲ့ အမည်တခုကို ရေးထည့်နိုင်တယ်။ backup အမျိုးအစားကို ထင်ဟပ်စေတဲ့ အမည်တခုကို ပေးပါ။ ဥပမာ အားဖြင့်၊ တကယ်လို့ backup ထဲမှာ ဗွီဒီယိုဖိုင်တွေ ပါနေမယ် ဆိုရင်၊ Video Backup ဆိုပြီး အမည်ပေးနိုင်တယ်။

    Disabled - ဒီ option ကို check မလုပ်ပဲ ချန်ထားပါ။

    Warning - Disabled option ကို Enable လုပ်ခြင်းဖြင့် ကျန်တဲ့ options တွေကို override လုပ်သွားမှာ ဖြစ်ပြီး၊ backup task ကို အလုပ်မလုပ်အောင် တားဆီးပေးမှာ ဖြစ်ပါတယ်။

    Include Subdirectories - ဒီ option က backup task လုပ်ဖို့ ရွေးချယ်ထားတဲ့ directory/ဖိုင်တွဲထဲက subdirectories/ဖိုင်တွဲတွေ အားလုံးကို ပါဝင်လာစေမှာ ဖြစ်တယ်။ ဒါဟာ အရေအတွက်များတဲ့ ဖိုင်တွဲတွေနဲ့ ဖိုင်တွေကို back up လုပ်တဲ့နေရာမှာ အဆင်ပြေစေတဲ့ နည်းလမ်း တခု ဖြစ်တယ်။ ဥပမာ တခု အနေနဲ့၊ တကယ်လို့ My Documents ဖိုင်တွဲကို ရွေးပြီး ဒီ option ကို check လုပ်ထားလိုက်မယ်ရင်၊ My Documents ထဲမှာ ရှိတဲ့ ဖိုင်နဲ့ ဖိုင်တွဲတွေ အားလုံးကို backup task ထဲမှာ ပါဝင်စေမှာ ဖြစ်တယ်။

    Create separated backups using timestamps - ဒီ option က backup task ရဲ့ နေ့စွဲနဲ့ အချိန်ကို backup ဖိုင်ထဲက ဖိုင်တွဲ အမည်ထဲမှာ အလိုအလျှောက် ထည့်သွင်းဖို့ သတ်မှတ်ပေးလိမ့်မယ်။ ဒါဟာ ကောင်းတဲ့ အချက် ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် backup တခုကို လုပ်ဆောင်တဲ့အခါ အလွယ်တကူ သိရှိနိုင်မှာ ဖြစ်တဲ့အတွက် ဖြစ်ပါတယ်။

    Use file attribute logic - ဒီ option ဟာ (အောက်မှာ ပြထားတဲ့အတိုင်း) incremental (သို့) differential backup လုပ်ဖို့အတွက်သာ ဆီလျှော်မှု ရှိတယ်။ ဖိုင် attributes ထဲမှာ ဖိုင်ရဲ့ အချက်အလက်တွေ ပါရှိပါတယ်။

    မှတ်ချက် - အောက်က option ကတော့ Windows XP အပါအ၀င် နောက်ဆုံးထွက် Windows OS ဗားရှင်းတွေအတွက်ပဲ ရနိုင်တယ်။

    Use Volume Shadow Copy - ဒီ option က lock လုပ်ထားတဲ့ ဖိုင်တွေကို backup လုပ်ပေးတယ်။

    Cobian Backup ကတော့ မူရင်း ဖိုင်ထဲမှာ နောက်ဆုံး backup လုပ်လိုက်တဲ့ နောက်ပိုင်းမှာ အပြောင်းအလဲ ရှိမရှိ ဆိုတာကို ထင်ရှားစေတဲ့ အချက်အလက်တွေကို စစ်ဆေးပေးတယ်။ တကယ်လို့ Differential (သို့) Incremental backup တခုခုကို လုပ်မယ် ဆိုရင်၊ ဖိုင်ကို မွမ်းမံပေးလာပါလိမ့်မယ်။

    မှတ်ချက် - တကယ်လို့ ဒီ option ကို disable လုပ်ထားရင် backup ကို အပြည့်အ၀ (သို့) အစမ်းပဲ လုပ်လို့ ရမယ် (dummy backup option ကို အောက်မှာ ရှင်းပြထားတယ်)။

    ၂.၁.၂ Backup အမျိုးအစား ဖေါ်ပြချက်များ

    Full - ဒီ option က မူရင်း တည်နေရာမှာ ရှိတဲ့ ဖိုင်အားလုံးကို backup directory ထဲမှာ ကူးယူသွားမှာကို ဆိုလိုတယ်။ အကယ်လို့ Create separated backups using timestamp option ကို enable လုပ်ထားရင်၊ မူရင်းထဲမှာ ရှိတဲ့ မိတ္တူ တော်တော်များများကို သင် ရရှိသွားမှာ ဖြစ်တယ် (လုပ်တဲ့ ဖိုင်တွဲ ခေါင်းစဉ်မှာ တပ်ထားတဲ့ အချိန်နဲ့ နေ့စွဲကို ကြည့်ပြီး backup ကို ခွဲခြားနိုင်တယ်)။ ဒါမှာ မဟုတ်ရင်၊ Cobian Backup က အရင် ဗားရှင်း (ရှိခဲ့ရင်) ကို overwrite လုပ်သွားမှာ ဖြစ်ပါတယ်။

    Incremental - ဒီ option က backup လုပ်ဖို့ ရွေးထားတဲ့ ဖိုင်တွေဟာ နောက်ဆုံး backup လုပ်လိုက်တဲ့ နောက်ပိုင်းမှာ အပြောင်းအလဲ ရှိမရှိ ဆိုတာကို ပရိုဂရမ်က စစ်ဆေးသွားမှာကို ဆိုလိုတယ်။ အကယ်လို့ အပြောင်းအလဲ မရှိဘူး ဆိုရင်၊ backup လုပ်နေတုန်းမှာ backup လုပ်ချိန်ကို သက်သာစေဖို့ ကျော်တက်သွားမှာ ဖြစ်တယ်။ ဒီ backup ကို လုပ်ဖို့ Use file attribute logic option ကို check လုပ်ထားဖို့ လိုအပ်ပါတယ်။

    Differential - ဒီပရိုဂရမ်က နောက်ဆုံး backup ကို အပြည့်အ၀ လုပ်တဲ့နောက်ပိုင်း မူရင်းဖိုင်ထဲမှာ အပြောင်းအလဲ ရှိမရှိ စစ်ဆေးပေးလိမ့်မယ်။ အကယ်လို့ အဲဒီ ဖိုင်ကို ကူးယူဖို့ မလိုအပ်ဘူးဆိုရင်၊ backup အချိန်ကို သက်သာစေဖို့ ကျော်သွားမှာ ဖြစ်တယ်။ အလားတူ ဖိုင်တွေကို backup အပြည့်အ၀ မလုပ်ခင်၊ Differential နည်းလမ်းကို သုံးပြီး ဆက်လက် back up လုပ်လို့ ရပါတယ်။

    Dummy task - ဒီ option ကို သုံးပြီး ကွန်ပျူတာကို သတ်မှတ်ထားတဲ့ အချိန်မှာ အလုပ်လုပ်ဖို့ (သို့) ပရိုဂရမ်တွေကို shut down လုပ်ဖို့ ဆောင်ရွတ်နိုင်တယ်။ ဒါဟာ အခြေကျတဲ့ backup အစီအစဉ်အတွက် ဆီလျှော်မှု သိပ်မရှိပေမဲ့ ပိုမို အဆင့်မြင့်တဲ့ option တခု ဖြစ်ပါတယ်။

    အဆင့် ၂။ backup task အတွက် ရှာဖွေရေး options တွေနဲ့ parameters တွေကို အတည်ပြုဖို့ ကို နှိပ်ပါ။

    ၂.၂ Backup ဖိုင်တခုကို ဖန်တီးနည်း

    Backup ဖိုင်တခုကို စတင် ဖန်တီးဖို့၊ အောက်ပါ အဆင့်တွေကို လုပ်ဆောင်ပါ -

    အဆင့် ၁။ အောက်ပါ မျက်နှာပြင်အတွက် ဗားရှင်း အလွတ် တခုကို ပြသဖို့ New task ၀င်းဒိုးရဲ့ ဘယ်ဖက် sidebar မှာ ကို နှိပ်ပါ -

    ပုံ ၃ - မူရင်းနဲ့ Destination panes တွေကို ပြသနေတဲ့ New task (MyBackup) ၀င်းဒိုးပြပုံ

    အဆင့် ၂။ back up လုပ်ချင်တဲ့ ဖိုင်တွေကို Select လုပ်ပါ။ (အပေါ်က ပုံ ၃ မှာ၊ My Documents ဖိုင်တွဲကို select လုပ်ထားတယ်။)

    အဆင့် ၃။ အောက်ပါ menu ကို သက်ဝင်စေဖို့ Source pane ထဲက ကို နှိပ်ပါ -

    ပုံ ၄ - Source pane - Add button menu ပြပုံ

    အဆင့် ၄။ အကယ်လို့ directory တခုလုံးကို back up လုပ်ဖို့ ဖြစ်ဖြစ်၊ ဖိုင်တခုချင်းကို back up လုပ်ဖို့ ဖြစ်ဖြစ် Directory ကို Select လုပ်လိုက်ပါ။ back up လုပ်မဲ့ ဖိုင် (သို့) directories တခုချင်းကို ရွေးချယ်ဖို့ Manually ကို select လုပ်ပြီး backup လုပ်မဲ့ ဖိုင် (သို့) directory လမ်းကြောင်းကို ရေးထည့်ပါ။

    မှတ်ချက် - ဖိုင်နဲ့ ဖိုင်တွဲတွေကို လိုချင်သလောက် ထည့်လို့ ရတယ်။ အကယ်လို့ ဖိုင်တွေကို လောလောဆယ် FTP ဆာဗာမှာ back up လုပ်ထားချင်ရင်၊ FTP site option ကို ရွေးလိုက်ပါ (သင့်တော်တဲ့ ဆာဗာ login အသေးစိတ် အချက်အလက်တွေ ရှိထားဖို့တော့ လိုအပ်တယ်)။

    ဖိုင်နဲ့ ဖိုင်တွဲတွေကို ရွေးချယ်တဲ့အခါ၊ Source နေရာမှာ ပေါ်လာကြလိမ့်မယ်။ အပေါ်က ပုံ ၃ မှာ တွေ့ရတဲ့အတိုင်း၊ အဲဒီနေရာမှာ My Documents ဖိုင်တွဲကို ပြထားတယ်၊ ဆိုလိုတာက အဲဒီဖိုင်တွဲဟာ အခုချိန်မှာ backup task ထဲမှာ ပေါ်လာမှာ ဖြစ်ပါတယ်။

    Destination pane က backup ထားမဲ့နေရာကို သတ်မှတ်ပေးတယ်။

    အဆင့် ၅။ အောက်ပါ menu ကို သက်ဝင်စေဖို့ Destination pane ထဲက ကို နှိပ်ပါ။

    ပုံ ၅ - Destination pane ထဲက Add button menu ပြပုံ

    အဆင့် ၆။ backup ဖိုင်အတွက် ရွေးချယ်လိုက်တဲ့ destination ဖိုင်တွဲ တည်ရှိတဲ့ နေရာက browser တခုကို ဖွင့်ဖို့ Directory ကို Select လုပ်ပါ။

    မှတ်ချက် - အကယ်လို့ backup ဖိုင် ဗားရှင်း အမျိုးမျိုးကို ဖန်တီးချင်တယ် ဆိုရင်၊ ဖိုင်တွဲ တော်တော်မျာများကို ဒီနေရာမှာ ရွေးချယ်နိုင်တယ်။ အကယ်လို့ Manually option ကို ရွေးချယ်ထားရင်၊ backup ကို ထားချင်တဲ့ ဖိုင်တွဲရဲ့ နေရာ အပြည့်အစုံကို ရေးထည့်ပေးရမယ်။ archive ကို သိမ်းထားဖို့ အဝေးက အင်တာနက် ဆာဗာ တခုခုကို သုံးချင်ရင်၊ FTP site option ကို select လုပ်ပါ (သင့်လျှော်တဲ့ ဆာဗာ login အသေးစိတ် ရှိထားဖို့တော့ လိုအပ်တယ်)။

    ဒီမျက်နှာပြင်ဟာ အပေါ်က ဥပမာမှာ ဖေါ်ပြထားတဲ့ မူရင်း နေရာမှာ ရှိတဲ့ ဖိုင်တွေနဲ့ ဖိုင်တွဲတွေ၊ destination နေရာမှာ ရှိတဲ့ ဖိုင်တွဲတွေနဲ့ ပုံစံ တူလာမှာ ဖြစ်တယ်။ ဒါပေမဲ့၊ OK ကို မနှိပ်နဲ့ဦး။ backup လုပ်မဲ့အချိန် သတ်မှတ်ဖို့ လိုပါသေးတယ်။

    ၂.၃ Backup Task လုပ်ဖို့ အချိန်သတ်မှတ်နည်း

    အလိုအလျောက် backup လုပ်ဖို့၊ Schedule အခန်းကို ဖြည့်စွတ်ဖို့ လိုတယ်။ ဒီအခန်းမှာ backup လုပ်ချင်တဲ့ အချိန်ကို သတ်မှတ်ပေးနိုင်ပါတယ်။

    Schedule options ကို သတ်မှတ်ဖို့၊ အောက်ပါ အဆင့်တွေကို လုပ်ဆောင်ပါ -

    အဆင့် ၁။ အောက်ပါ pane ကို သက်ဝင်စေဖို့ ကို Select လုပ်ပါ -

    ပုံ ၆ - Schedule type pane ကို ပြသနေတဲ့ myBackup ရဲ့ Properties ပြပုံ

    Schedule type options တွေကို drop-down menu ရဲ့ အောက်မှာ ဖေါ်ပြထားတယ် -

    Once - backup ဟာ Date/Time နေရာမှာ သတ်မှတ်ထားတဲ့ နေ့စွဲနဲ့ အချိန်မှာပဲ အလုပ်လုပ်မှာ ဖြစ်တယ်။

    Daily - backup ဟာ Date/Time နေရာမှာ သတ်မှတ်တဲ့အချိန်မှာ နေ့တိုင်း အလုပ်လုပ်မှာ ဖြစ်တယ်။

    Weekly - backup ဟာ ရွေးချယ်ထားတဲ့ နေ့တွေမှာ အလုပ်လုပ်မှာ ဖြစ်တယ်။ အပေါ်က ဥပမာထဲမှာ၊ backup ကို သောကြာနေ့ ရောက်တိုင်း အလုပ်လုပ်မှာ ဖြစ်တယ်။ တခြားနေ့တွေကိုလည်း ရွေးချယ်ပေးနိုင်တယ်။ backup ကို Date/Time နေရာမှာ သတ်မှတ်ထားတဲ့ အချိန်မှာ အဲဒီနေ့ အားလုံးမှာ အလုပ်လုပ်သွားပါလိမ့်မယ်။

    Monthly - backup ဟာ Date/Time နေရာက ရက်၊ လ အချိန် ရွေးချယ် သတ်မှတ်တဲ့ နေရာမှာ ရေးထည့်လိုက်တဲ့ နေ့တွေမှာ အလုပ်လုပ်လာမှာ ဖြစ်ပါတယ်။

    Yearly: The backup will be done on the days typed into the days of the month box, during the month specified, and at the time specified in the Date/Time area. Yearly - backup ဟာ လကို သတ်မှတ်ခဲ့တဲ့ အချိန် အတောအတွင်း၊ လ သတ်မှတ်တဲ့ box ထဲမှာ ရေးထည့်လိုက်တဲ့ နေ့တွေမှာ ဖြစ်ဖြစ်၊ Date/Time နေရာက သတ်မှတ်ထားတဲ့ အချိန်မှာ ဖြစ်ဖြစ် အလုပ်လုပ်လာမှာ ဖြစ်ပါတယ်။

    Timer - backup ဟာ Date/Time နေရာမှာ ရှိတဲ့ Timer text box ထဲမှာ သတ်မှတ်လိုက်တဲ့ ကြားကာလမှ ထပ်ခါ သလဲလဲ အလုပ်လုပ် သွားမှာ ဖြစ်တယ်။

    Manually - backup ကို ပင်မ ပရိုဂရမ် ၀င်းဒိုးကနေ ကိုယ်တိုင် လုပ်ဆောင်ဖို့ လိုတယ်။

    အဆင့် ၂။ အောက်ပါအတိုင်း backup လုပ်မဲ့ အချိန်အတွက် options နဲ့ settings ကို အတည်ပြုဖို့ ကို နှိပ်ပါ -

    ပုံ ၇ - configure လုပ်ထားတဲ့ Schedule type pane ကို ပြသနေတဲ့ New task ၀င်းဒိုး ပြပုံ

    backup တခု လုပ်မဲ့အချိန်ကို သတ်မှတ်ပြီးတာနဲ့၊ နောက်ဆုံး အဆင့်ကို လုပ်ပြီး သွားပါပြီ။ အခုချိန်မှာ ရွေးချယ်ထားတဲ့ အချိန်မှာ သတ်မှတ်ထားတဲ့ ဖိုင်တွဲတွေကို backup လုပ်သွားပေးမှာ ဖြစ်ပါတယ်။

    ဖိုင်များကို Compress လုပ်နည်း

    ဒီစာမျက်နှာမှာ ပါဝင်တဲ့ အပိုင်းများ -

    ၃.၀ Backup ဖိုင်ကို Compress လုပ်နည်း

    အဆင့် ၁။ archive လုပ်ချင်တဲ့ backup ဖိုင်တွေ ပါရှိတဲ့ အခန်း ၂.၃ Backup ဖိုင်တခုကို ဖန်တီးနည်း ထဲမှာ ဖေါ်ပြတဲ့အတိုင်း backup task တခုကို ဖန်တီးလိုက်ပါ။

    အဆင့် ၂New task မျက်နှာပြင်ကို အောက်မှာ ပြထားတဲ့အတိုင်း သက်ဝင်စေဖို့ ဘယ်ဖက် sidebar မှာ ရှိတဲ့ ကို Select လုပ်ပါ -

    ပုံ ၁ - Compression နဲ့ အားကောင်းတဲ့ Encryption panes တွေကို ပြသနေတဲ့ New task မျက်နှာပြင် ပြပုံ

    Compression pane ဟာ backup ကို Compress လုပ်တဲ့နေရာမှာ အသုံးပြုတယ်။

    မှတ်ချက် - Compression ကို ဖိုင် သိမ်းဆည်းတဲ့ အရွယ်ပမဏကို လျှော့ချရမှာ အသုံးပြုတယ်။ အကယ်လို့ တခါတလေ ကျမှ အသုံးပြုလေ့တဲ့ ဖိုင်ဟောင်းတွေ ရှိနေပြီး၊ ဆက်လက် ထားရှိချင်တယ် ဆိုရင်၊ သူတို့ နေရာယူတဲ့ နေရာ အနည်းဆုံး ဖြစ်အောင် လုပ်ဆောင်နိုင်တဲ့ Format တမျိုးနဲ့ ထားရှိဖို့ လိုအပ်တယ်။ Compression ဟာ မှတ်တမ်းမှတ်ရာတွေထဲက မလိုအပ်တဲ့ ကုဒ်ရေးသားချက်တွေကို ဖယ်ရှားပြီး အရေးကြီးတဲ့ အချက်အလက်တွေကို ပကတိအတိုင်း ထားရှိပေးတယ်။ Compression က မူရင်း ဒေတာတွေကို မထိခိုက်စေဘူး။ compress လုပ်ထားတဲ့အခါ ဖိုင်တွေကို ကြည့်လို့ မရဘူး။ ဖိုင်တွေကို ပြန်ကြည့်ချင်တဲ့အခါ ဖိုင်တွေကို ပြောင်းပြန် 'decompress' ပြန်လုပ်ရမှာ ဖြစ်တယ်။

    Compression type drop-down list ထဲက sub-options သုံးခုဟာ အောက်ပါ အတိုင်း ဖြစ်တယ် -

    No Compression - ဒီ option က သိထားတဲ့အတိုင်း ဘာ compression ကိုမှ လုပ်မပေးဘူး။

    Zip Compression - ဒီ option ဟာ Windows systems အတွက် standard compression လုပ်တဲ့ နည်းလမ်း ဖြစ်ပြီး အတော်လေး အဆင်ပြေတယ်။ တကြိမ် Archives လုပ်လိုက်တဲ့ အရာတွေကို standard Windows ကိရိယာတွေ ((သို့) အဲဒါတွေကို ဖွင့်ဖို့ ZipGenius ပရိုဂရမ်ကို download လုပ်လို့ ရတယ်) နဲ့ ဖွင့်လို့ ရတယ်။

    SQX Compression - SQX compression ဟာ Zip compression ထက် ပိုနှေးတယ်။ ဒါပေမဲ့ archive ပျက်စီးသွားခဲ့ရင်၊ ဒေတာတွေကို recovery လုပ်ပေးတဲ့ နှုန်း ပိုကောင်းအောင် လုပ်ပေးနိုင်တယ်။

    ဖေါ်ပြထားတဲ့ compression အမျိုးအစား တခုကို ရွေးချယ်လိုက်ရင် Split options အခန်းနဲ့ သူနဲ့ သက်ဆိုင်တဲ့ drop-down list ကို အလိုအလျောက် enable လုပ်ပေးတယ်။

    Split options မှာ ဖိုင်တွေကို ဖြုတ်တပ်နိုင်တဲ့ မီဒီယာ၊ ဥပမာ အားဖြင့် CDs, DVDs, floppy disks နဲ့ USB မှတ်ဉာဏ်ချောင်းတွေမှာ သိမ်းထားနိုင်တယ်။ split options အမျိုးမျိုးနဲ့ archive ရဲ့ အရွယ်အစားတွေကို လိုချင်တဲ့ storage device ထဲမှာ အံကိုက်ဖြစ်အောင် တဆင့် ခွဲခြားပေးနိုင်တယ်။

    ဥပမာ အားဖြင့် - ဆိုကြပါစို့၊ သင်ဟာ ဖိုင်အများအပြားကို archive လုပ်ပြီး အဲဒီတွေကို CD တခုထဲမှာ သိမ်းထားချင်တယ်။ ဒါပေမဲ့၊ archive အရွယ် ပမာဏက ၇၀၀ MB (CD တခုရဲ့ အရွယ်) ထက် ကြီးနေတယ် ဆိုပါစို့။ ခွဲခြမ်းပေးနိုင်တဲ့ function က archive ကို ၇၀၀ MB ထက် ငယ်အောင် (သို့) အဲဒီ အရွယ် ပမာဏနဲ့ ညီအောင် ခွဲခြမ်းပေးနိုင်တယ်၊ အဲဒီနောက် CD တွေထဲမှာ ပြန်သိမ်းထားလို့ ရတယ်။ အကယ်လို့ ကွန်ပျူတာ hard disk ထဲမှာ back up လုပ်ဖို့ စီစဉ်ထားတယ် ဆိုရင် (သို့) back up လုပ်ချင်တဲ့ ဖိုင်တွေဟာ သိမ်းထားမဲ့ device ထက် ပိုငယ်ရင်၊ ဒီအခန်းကို ကျော်သွားနိုင်တယ်။

    Split options drop-down list ကို နှိပ်တဲ့အခါ အောက်ပါ options တွေကို ရရှိနိုင်တယ်။ ရွေးချယ်နိုင်တဲ့ အခြေအနေဟာ ဖြုတ်တပ်နိုင်တဲ့ device အမျိုးအစားအပေါ် မူတည်တယ်။

    ပုံ ၂ - Split Options drop-down list ပြပုံ

    • 3,5" - Floppy disk - ဒီ option ဟာ ဖိုင် အရွယ်ပမာဏ သိပ်မကြီးတဲ့ မှတ်တမ်းမှတ်ရာတွေကို backup လုပ်ရာမှာ လုံလောက်မှု ရှိပါတယ်။
    • Zip - Zip Disk (အသုံးပြုနေတဲ့ Disk ရဲ့ အရွယ်ပမာဏကို စစ်ဆေးပါ)။ ကွန်ပျူတာထဲမှာ အထူး Zip Drive တခုနဲ့ စိတ်ကြိုက် ဖန်တီးထားတဲ့ disks တွေ လိုအပ်လာမယ်။
    • CD-R - CD disk (အသုံးပြုနေတဲ့ Disk ရဲ့ အရွယ်ပမာဏကို စစ်ဆေးပါ)။ ကွန်ပျူတာမှာ CD Writer တခုနဲ့ CD ကူးတဲ့ ပရိုဂရမ် တခု (see DeepBurner Free (သို့) တခြား disk ကူးတဲ့ ကိရိယာများ) လိုအပ်လာမယ်။
    • DVD - DVD disk (အသုံးပြုနေတဲ့ Disk ရဲ့ အရွယ်ပမာဏကို စစ်ဆေးပါ)။ ကွန်ပျူတာထဲမှာ DVD Writer တခုနဲ့ DVD ကူးတဲ့ ပရိုဂရမ်တခု (see DeepBurner Free (သို့) တခြား disk ကူးတဲ့ ကိရိယာများ) လိုအပ်လာမယ်။

    အကယ်လို့ USB မှတ်ဉာဏ်ချောင်း အတော်များများထဲမှာ back up လုပ်ချင်ရင် လိုချင်တဲ့ အရွယ်အစားကို သတ်မှတ်ထားပါ။

    ဒါကို လုပ်ဆောင်ဖို့၊ အောက်ပါ အဆင့်တွေကို လုပ်ဆောင်ပါ -

    အဆင့် ၁Custom size (bytes) option ကို Select လုပ်ပြီး၊ အောက်မှာ ပေးထားတဲ့ text field ထဲမှာ archive ရဲ့ အရွယ်အစားကို bytes နဲ့ <b>ရေးထည့်</b>ပါ -

    ပုံ ၁၀ - စိတ်ကြိုက် အရွယ်အစား သတ်မှတ်တဲ့ text field ပြပုံ

    အရွယ်ပမာဏနဲ့ ပါတ်သက်တဲ့အချက်တွေ

    • 1KB (kilobyte) = 1024 bytes - Open Office ထဲက တမျက်နှာစာ text document မှာ ခန့်မှန်းချေ 20kb ရှိတယ်
    • 1MB (megabyte) = 1024 KB - ဒစ်ဂျစ်တယ် ကင်မရာနဲ့ ရိုက်ကူးထားတဲ့ ဓါတ်ပုံတပုံရဲ့ အရွယ်အစားဟာ ၁ ကနေ ၃ MB ရှိတယ်
    • 1GB (gigabyte) = 1024 MB - ဒါဟာ DVD အရည်အသွေးရှိတဲ့ ရုပ်ရှင်တကားရဲ့ နာရီဝက်စာ ဖြစ်တယ်

    မှတ်ချက် - backup ကို CD (သို့) DVD disk မှာ ခွဲခြမ်းပြီး ထည့်ဖို့ စိတ်ကြိုက် အရွယ် ပမာဏကို ရွေးချယ်တဲ့အခါ၊ Cobian Backup က အဲဒီ Backup ကို ဖြုတ်တပ်နိုင်တဲ့ device ထဲမှာ အလိုအလျောက် ကူးယူပေးမှာ မဟုတ်ဘူး။ သူက ကွန်ပျူတာထဲမှာ အဲဒီဖိုင်တွေကို archive လုပ်ပေးသွားမှာ ဖြစ်ပြီး သင်ကိုယ်တိုင် CD (သို့) DVD disk ထဲမှာ သိမ်းထားရမှာ ဖြစ်ပါတယ်။

    Password Protection - ဒီ option နဲ့ archive ကို ကာကွယ်ဖို့ စကားဝှက်တခုကို ထားရှိနိုင်တယ်။ ပေးထားတဲ့ နေရာလပ် နှစ်ခုထဲမှာ စကားဝှက်တခုကို ရေးထည့်ပြီး နောက်ထပ် ပြန်ရေးထည့်ပါ။ archive ကို decompress လုပ်ဖို့ ကြိုးစားတဲ့အခါ၊ လုပ်ငန်း မစတင်ခင် စကားဝှက် တောင်းလာလိမ့်မယ်။

    မှတ်ချက် - archive ကို လုံခြုံစေချင်ရင်၊ စကားဝှက် မသုံးပဲ တခြားနည်းလမ်းကို စဉ်းစားပါ။ Cobian Backup နဲ့ archive ကို encrypt လုပ်လို့ ရတယ်။ ဒီအကြောင်းကို အခန်း ၄. Backup ဖိုင် encrypt လုပ်နည်း ထဲမှာ တွေ့ရမယ်။ နောက်တနည်း အနေနဲ့၊ ကွန်ပျူတာ (သို့) ဖြုတ်တပ်နိုင်တဲ့ device ထဲမှာ encrypt လုပ်ထားတဲ့ ဖိုင်ထားမဲ့နေရာ တခုကို ဖန်တီးတဲ့ နည်းကို Truecrypt လက်စွဲ လမ်းညွှန် မှာ ဖတ်ရှုနိုင်တယ်။

    မှတ်ချက် - ဒီ option မှာ archive နဲ့ ပါတ်သက်တဲ့ ဖေါ်ပြချက်ကို ရေးသားနိုင်မှာ ဖြစ်တယ်၊ ဒါပေမဲ့ လိုအပ်ချက် တခုတော့ မဟုတ်ဘူး။

    ၃.၁ Backup ဖိုင်ကို Decompress လုပ်နည်း

    backup ကို decompress လုပ်ဖို့၊ အောက်ပါ အဆင့်တွေကို လုပ်ဆောင်ပါ -

    အဆင့် ၁။ အောက်မှာ ပြထားတဲ့အတိုင်း Tools > Decompressor ကို Select လုပ်ပါ၊

    ပုံ ၃ - Decompressor option ကို ပြသနေတဲ့ Tools menu ပြပုံ

    Decompressor မျက်နှာပြင်ဟာ အောက်ပါအတိုင်း ပေါ်လာပါလိမ့်မယ် -

    ပုံ ၄ - Cobian 10 Backup - Decompressor မျက်နှာပြင်ပြပုံ

    အဆင့် ၂။ decompress လုပ်ချင်တဲ့ archive ကို ရွေးချယ်နိုင်အောင် browse window တခုကို ဖွင့်ဖို့ ကို နှိပ်ပါ။

    အဆင့် ၃။ archive (.zip or .7x file) ကို Select လုပ်ပြီး ကို နှိပ်ပါ။

    အဆင့် ၄။ Archive လုပ်ထားတဲ့ ဖိုင်ကို ဖြည်ချ (unpack) မဲ့ directory တခုကို Select လုပ်ပါ။

    အဆင့် ၅။ Archive ကို ဖြည်ချ (unpack) မဲ့ ဖိုင်တွဲကို ရွေးချယ်ပေးတဲ့ တခြား ၀င်းဒိုးကို ဖွင့်ဖို့ ကို နှိပ်ပါ။။

    အဆင့် ၆။ ဖိုင်တွဲတခုကို Select လုပ်ပြီး၊ ကို နှိပ်ပါ။

    အဲဒီ ဖိုင်တွဲထဲမှာ ရှိတဲ့ ဖိုင်တွေကို ကြည့်ဖို့ Windows Explorer ကို အသုံးပြုပါ။

    Backup ဖိုင်ကို Encrypt လုပ်နည်း

    ဒီစာမျက်နှာမှာ ပါဝင်တဲ့ အပိုင်းများ -

    ၄.၀ စာဝှက်စနှစ် အကြောင်း

    စာဝှက်စနှစ်ဟာ backup တွေကို မဆိုင်တဲ့ သူတွေက မကြည့်ရှုနိုင်အောင် လုံလုံခြုံခြုံ သိမ်းထားချင်တဲ့ သူတွေအတွက် မရှိမဖြစ် လိုအပ်ပါတယ်။

    စာဝှက်စနှစ် ဆိုတာ ဒေတာတွေကို သတ်မှတ်ထားတဲ့ key မပါပဲ လူတွေ ဖတ်လို့ မရအောင် စာဝှက်နဲ့ ရေးသားပြီး ရောမွှေတဲ့ လုပ်ငန်းစဉ်ပဲ ဖြစ်တယ်။ စာဝှက်စနစ်နဲ့ ပါတ်သက်ပြီး ပိုမို သိရှိလိုရင် သုံးစွဲနည်း စာအုပ်ငယ် အခန်း ၄. ကွန်ပျူတာအတွင်းရှိ အထိခိုက်မခံတဲ့ ဖိုင်များကို ကာကွယ်နည်း ကို လေ့လာပါ။

    ၄.၁ Backup ဖိုင်ကို Encrypt လုပ်နည်း

    ကြံ့ခိုင်မှု ရှိတဲ့ encryption pane pane ကို သုံးစွဲလိုတဲ့ စာဝှက်နည်းကို ရွေးချယ်တဲ့ နေရာမှာ အသုံးပြုတယ်။

    အဆင့် ၁။ အောက်ပါအတိုင်း စာဝှက်နည်း အမျိုးမျိုးကို သက်ဝင်စေဖို့ Encryption type drop-down box ကို နှိပ်ပါ -

    ပုံ ၁ - စာဝှက်စနစ် အမျိုးအစားပြ drop-down list ပြပုံ

    ရိုးရိုးရှင်းရှင်း ဖြစ်စေဖို့၊ Blowfish (သို့) Rijndael (128 bits) နည်းလမ်းတွေထဲက အချက် တခုခုကို ရွေးဖို့ အကြံပြုလိုတယ်။ အဲဒီအချက်တွေက archive ကို လုံခြုံမှု ကောင်းမွန်စေမှာ ဖြစ်ပြီး၊ ဖန်တီးလိုက်တဲ့ စကားဝှက်ကို အသုံးပြုပြီး စာဝှက်ထားတဲ့ ဒေတာတွေကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

    အဆင့် ၂။ အသုံးပြုလိုတဲ့ Encryption အမျိုးအစားကို Select လုပ်ပါ။

    မှတ်ချက် - Rijndael နဲ့ Blowfish တို့ဟာ ခန့်မှန့်ချေအားဖြင့် တူညီတဲ့ လုံခြုံရေး အတိုင်းအတာကို ပံ့ပိုးပေးထားပါတယ်။ DES ဟာ အားနည်းပေမဲ့ စာဝှက်ပေးတာ ပိုမြန်ဆန်တယ်။

    အဆင့် ၃။ အောက်မှာ ပေးထားတဲ့ အကွက်နှစ်ခုထဲမှာ စကားဝှက်ကို ရေးထည့် ပြီး နောက်တခါ ပြန်ရေးထည့်ပါ။

    ပုံ ၂ - စာဝှက်စနစ် အမျိုးအစားနဲ့ Passphrase text fields ပြပုံ

    စကားဝှက် တခုရဲ့ အားကောင်းမှု အနေအထားကို 'Passphrase quality' လို့ မှတ်သားထားတဲ့ bar နဲ့ ညွှန်ပြထားတယ်။ အဲဒီ bar ဟာ ညာဖက် ရွှေ့သွားလေလေ၊ passphrase ပိုအားကောင်း လေလေ ဖြစ်တယ်။ လုံခြုံမှု ရှိတဲ့ passphrases တွေ ((သို့) စကားဝှက်တွေ) ကို ဖန်တီးပြီး သိမ်းဆည်းတဲ့ နည်းကို သုံးစွဲနည်း စာအုပ်ငယ် အခန်း ၃။ လုံခြုံမှုရှိတဲ့ စကားဝှက်များကို ဖန်တီးပြီး ထိန်းသိမ်းနည်း နဲ့ KeePass လက်စွဲ လမ်းညွှန်ထဲမှာ ဖတ်ရှုပါ။

    အဆင့် ၄ ကို နှိပ်ပါ။

    ၄.၂ Backup ဖိုင်ကို Decrypt လုပ်နည်း

    Backup ကို Decrypt လုပ်တာဟာ လွယ်ကူပြီး မြန်ဆန်မှု ရှိတယ်။ backup ကို decrypt လုပ်ဖို့၊ အောက်က အဆင့်တွေကို လုပ်ဆောင်ပါ -

    အဆင့် ၁။ အောက်မှာ ပြထားတဲ့အတိုင်း Tools > Decrypter and Keys ကို Select ပါ။

    ပုံ ၃ - Decrypter နဲ့ Keys item ကို select လုပ်ထားတဲ့ Tools menu ပြပုံ

    ဒီအရာက Decrypter နဲ့ Keys ၀င်းဒိုးကို အောက်ပါအတိုင်း သက်ဝင်စေလိမ့်မယ် -

    ပုံ ၄ - Cobian Backup 10 ထဲက Decrypter နဲ့ Keys ၀င်းဒိုးပြပုံ

    အဆင့် ၂။ decrypt လုပ်ချင်တဲ့ archive ကို ရွေးဖို့ ကို နှိပ်ပါ။

    အဆင့် ၃။ decrypt လုပ်ထားတဲ့ archive ကို သိမ်းထားချင်တဲ့ ဖိုင်တွဲကို ရွေးဖို့ ကို နှိပ်ပါ။

    အဆင့် ၄Methods drop-down list ထဲက အခန်း 4.1 How to Encrypt Your Backup File မှ ရွေးထားတဲ့ စာဝှက်စနှစ် အမျိုးအစား တမျိုးထဲကို Select လုပ်ပါ။

    ပုံ ၅ - New Methods drop-down list ပြပုံ

    အဆင့် ၄။ သင့်လျှော်တဲ့ စာဝှက်တဲ့ နည်း (backup ဖိုင်ကို encrypt လုပ်တဲ့အခါ သုံးတဲ့အရာ) ကို Select လုပ်ပါ။

    အဆင့် ၅Passphrase text fields ထဲမှာ passphrase ကို ရေးထည့်လိုက်ပါ။

    အဆင့် ၆ ကို နှိပ်ပါ။

    ဖိုင်(တွေ)ဟာ သတ်မှတ်ထားတဲ့ နေရာမှာ decrypt လုပ်ပေးလိမ့်မယ်။ အကယ်လို့ ဖိုင်တွေကို compress လုပ်ထားရင်၊ အခန်း ၃.၁ Backup ကို Decompress လုပ်နည်း မှာ ဖေါ်ပြတဲ့အတိုင်း decompress လုပ်ပေးဖို့ လိုအပ်ပါလိမ့်မယ်။

    မကြာခဏ မေးလေ့ရှိတဲ့ မေးခွန်းများနဲ့ သုံးသပ်ချက်များ

    ၅.၀ မကြာခဏ မေးလေ့ရှိတဲ့ မေးခွန်းများနဲ့ သုံးသပ်ချက်များ

    အယ်လင်နာနဲ့ နီကိုလိုင် တို့ဟာ သူတို့ရဲ့ မှတ်တမ်းမှတ်ရာတွေကို backup တခု လုပ်ထားဖို့ အရေးကြီးကြောင်း ကောင်းကောင်း သဘောပေါက်ထားကြတယ်။ ဗိုင်းရိပ်စ် တကောင် တိုက်ခိုက်ခံရတဲ့အတွက် ကွန်ပျူတာ ပျက်စီးသွားပြီး အရေးကြီးတဲ့ ဖိုင်တွေ ပျောက်ဆုံးခဲ့ဖူးတယ်။ Cobian Backup ဟာ set up တွေ လုပ်ဖို့ အချိန်ပေးရတာက လွဲရင်၊ အဲဒီလို ပြဿနာကို ရှင်းလင်းတဲ့နေရာမှာ ကောင်းမွန်တဲ့ ဖြေရှင်းချက် တခု အနေနဲ့ တည်ရှိနေပါတယ်။

    အယ်လင်နာဟာ Cobian Backup အကြောင်းကို နားလည်သွားတဲ့အခါ အခြေခံ backup လုပ်ဆောင်မှုကို အသုံးပြုရတာ အဆင်ပြေလာတယ်၊ archive လုပ်ထားတဲ့ backup ဖိုင်တွေကို ဖန်တီးပြီး USB မှတ်ဉာဏ်ချောင်း (သို့) DVD တခုခုထဲမှာ ထည့်ကာ သူမရဲ့ ကွန်ပျူတာ၊ ရုံးနဲ့ ဝေးတဲ့ နေရာမှာ အန္တရာယ် ကင်းကင်း ထားရှိနိုင်တာကို သဘောပေါက်လာတယ်။ backup ဖိုင်ကို compress လုပ်ပေးတဲ့ feature ဟာ ကွန်ပျူတာထဲက နေရာလွတ်ကို သက်သာစေတဲ့အတွက် အတော်လေး အသုံးဝင်တာကို သိရှိလာတယ်။ နီကိုလိုင်ဟာ အထူးသဖြင့် ပရိုဂရမ် တခုထဲမှာ မှတ်တမ်းမှတ်ရာ archive တခုကို encrypt လုပ်နိုင်တဲ့အပြင် backup ဖန်တီးပေးနိုင်တဲ့အတွက် အတော် သဘောကျ သွားတယ်။ သူဟာ အနာဂတ်မှာ Backup to ftp server option ကို အသုံးပြုဖို့ စိတ်ဝင်စားနေပြီး ကမ္ဘာ တဘက်မှာ ရှိတဲ့ တခြား ဆာဗာပေါ်မှာ အရေးကြီးတဲ့ backup ဖိုင်တွေကို သိမ်းထားချင်နေတယ်။

    ဒါပေမဲ့၊ သူတို့ နှစ်ယောက် စလုံးမှာ Cobian Backup နဲ့ ပါတ်သက်ပြီး သိချင်နေတဲ့ မေးခွန်းတချို့ ရှိကြတယ် -

    မေး - တကယ်လို့ ကျွန်တော် archive လုပ်ထားတဲ့ ဖိုင်တွေဟာ DVD တချပ်ထဲမှာ ရှိတယ် ဆိုရင်၊ ကျွန်တော့် ကွန်ပျူတာ မဟုတ်တဲ့ ကွန်ပျူတာ တခုခုမှာ ကျွန်တော့် ဖိုင်တွေကို decompress လုပ်တာ ဖြစ်ဖြစ်၊ decrypt လုပ်တာ ဖြစ်ဖြစ် လုပ်လို့ ရသလား။ အင်တာနက် ကဖေးမှာ သုံးရင်ကော ဘာဖြစ်နိုင်မလဲ။

    ဖြေ - သင့်ရဲ့ archive ဟာ encrypt လုပ်ထားတာ ဖြစ်ဖြစ်၊ compress လုပ်ထားတာ ဖြစ်ဖြစ် Cobian Backup ပရိုဂရမ်ကို install လုပ်ထားတဲ့ ဘယ်ကွန်ပျူတာမှာ မဆို ဖွင့်ယူလို့ ရပါတယ်။

    မေး - ကျွန်တော့် ကွန်ပျူတာမှာ နေရာလွတ် သိပ်မရှိတဲ့အတွက် အခက်အခဲ တွေ့နေတယ်။ ကျွန်တော့်ရဲ့ ဖိုင်တွေကို compress လုပ်လိုက်တဲ့အတွက် နေရာဘယ်လောက် လွတ်သွားမလဲ ဆိုတာ မသေချာဘူး ဖြစ်နေတယ်။ ရိုးရိုး ဥပမာ တချို့ကို ပေးလို့ ရမလား။

    ဖြေ - သင့်ရဲ့ ကွန်ပျူတာထဲက နေရာ တော်တော်များများဟာ ဓါတ်ပုံတွေ၊ ဗွီဒီယိုနဲ့ အသံဖိုင်တွေက နေရာယူထားကြတယ်။ အဲဒါတွေကို ထည့်ထားတဲ့ ဖိုင်တွဲကို ညာဖက်နှိပ်ပြီး properties ကို နှိပ်လိုက်ရင် သူတို့ ယူထားတဲ့ နေရာ ပမာဏကို တွေ့ရလိမ့်မယ်။ အကယ်လို့ ကွန်ပျူတာထဲမှာ နေရာလွတ် သိပ်မကျန်ရင်၊ အဲဒီဖိုင်တွေအတွက် archive တခု လုပ်ပြီး ကွန်ပျူတာထဲက မူရင်းဖိုင်တွေကို ဖယ်ရှားလိုက်ပါ။

    မေး - အင်တာနက်ပေါ်ကနေ ရရှိတဲ့ ပရိုဂရမ်တွေကို update လုပ်ဖို့ အမြဲတမ်း အချက်ပေး ခံရတယ်။ တကယ်လို့ Cobian Backup ဗားရှင်း အသစ်တခု ထွက်လာပြီး အဲဒါကို download လိုက်တယ် ဆိုရင်၊ ကျွန်တော် compress လုပ်ထားပြီး encrypt လုပ်ထားပြီးတဲ့ ဖိုင်တွေကို ဖွင့်လို့ မရဖြစ်သွားမလားလို့ စိတ်ပူမိတယ်။ updates တွေကို download လုပ်ရမလား။

    ဖြေ - နောက်ဆုံးထွက် updates တွေမှာ လုံခြုံရေးနဲ့ လုပ်ငန်း ကောင်းကောင်း လည်ပတ်စေတဲ့ upgrades တွေ ထည့်သွင်း ပေးတတ်တဲ့အတွက် အမြဲတမ်း download လုပ်သင့်ပါတယ်။ Cobian Backupဟာ ကွန်ပျူတာထဲမှာ ဆက်ပြီး ကောင်းကောင်း အလုပ်လုပ်နိုင်ပါတယ်၊ ဘယ်လို ဗားရှင်း အသစ်ပဲ ထွက်လာပါစေ ဗားရှင်းအဟောင်းနဲ့ လုပ်ထားတဲ့ backup တွေနဲ့ လိုက်ဖက် ကိုက်ညီမှာ ဖြစ်တယ်။

    မေး - ဒီပရိုဂရမ်ကို ကျွန်တော် ကွန်ပျူတာထဲမှာ install လုပ်ထားတဲ့အတွက် encrypt လုပ်ထားတဲ့ အရာတွေ ရှိနေတာကို ပေါ်တင် ပြမနေဘူးလား။

    ဖြေ - encrypt လုပ်ထားတဲ့ backup ကို ကွန်ပျူတာထဲမှာ သိမ်းထားစရာ မလိုဘူး။ Cobian Backup ဟာ ဒေတာတွေကို encrypt လုပ်ဖို့အတွက် လူသုံးများတဲ့ ပရိုဂရမ် မဟုတ်ပါဘူး၊ အဲဒီအတွက် အဓိက ရည်ရွယ်ထားတာလည်း မဟုတ်ဘူး။

    မေး - ဖိုင်တွေကို encrypt လုပ်ဖို့ အဲဒီ ပရိုဂရမ် ပိုကောင်းသလား (သို့) TrueCrypt က ပိုကောင်းသလား။

    ဖြေ - ကွန်ပျူတာထဲက ဖိုင်တွေကို encrypt လုပ်လာရာ TrueCrypt ကို သုံးတာ ပိုကောင်းတယ်။ encrypt လုပ်တဲ့ ယန္တရားဟာ ပိုကောင်းပြီး encrypt လုပ်ထားတဲ့ volume ထဲကနေ ဖိုင် ထည့်သွင်းတာတို့၊ ပယ်ဖျက်တာတို့ လုပ်နိုင်တယ်။ Cobian Backup ကို သုံးပြီး TrueCrypt volume တခုကိုလည်း backup လုပ်ထားလို့ ရတယ်။

    မေး - အကယ်လို့ 'Backup to ftp server' option ကို ကျွန်တော် အသုံးပြုခဲ့ရင် ကျွန်တော် သိထားဖို့ လိုအပ်တဲ့ တခြား အချက်တွေ ရှိသေးသလား။

    ဖြေ - provider တဦးတယောက်က FTP ၀န်ဆောင်မှုနဲ့ လိုအပ်တဲ့ login အသေးစိတ်ကို ပေးထား မပေးထားကိုလည်း သိရှိဖို့ လိုသေးတယ်။ provider က ပေးထားခဲ့တယ် ဆိုရင် FTP ရဲ့ လုံခြုံမှုရှိတဲ့ ဗားရှင်းဖြစ်တဲ့ SFTPကို အသုံးပြုတာ ပိုကောင်းပါတယ်။

    ၅.၁ ပြန်လှန် မေးခွန်းများ

    • incremental နဲ့ differential backup တို့ရဲ့ ကွာခြားချက်က ဘာလဲ။
    • backup ကို လုံခြုံစေဖို့ အကောင်းဆုံး နည်းက ဘာလဲ။
    • 1GB ရှိတဲ့ backup တခုကို CD disk တခုထဲမှာ ဆန့်အောင် ဘယ်လို လုပ်မလဲ။
    • backup တခုထဲက ဖိုင်တပုဒ်ကိုပဲ ဘယ်လို ပြန်ပြီး ရယူနိုင်မလဲ။
    • ကွန်ပျူတာထဲမှာ အပတ်စဉ် သောကြာနေ့တိုင်း backup ကို update လုပ်ပေးဖို့ အလိုအလျောက် ဆောင်ရွတ်ပေးတဲ့ task တခုကို ဖန်တီးလို့ ရသလား။ ဘယ်လို လုပ်မလဲ။