Android ဖုန်းအတွက် KeePassDroid

မာတိကာ

...Loading Table of Contents...

    KeePassDroid ဟာ မိမိရဲ့ Android ဖုန်းအတွက် လုံခြုံပြီး အလွယ်တကူ သုံးစွဲနိုင်တဲ့ စကားဝှက် စီမံခန့်ခွဲရေး ကိရိယာ တစ်ခု ဖြစ်တယ်။

    ပင်မ စာမျက်နှာ

    ဖုန်း လိုအပ်ချက်များ

    • Android 1.5 နဲ့ အထက်

    ဒီလမ်းညွှန်ထဲမှာ အသုံးပြုတဲ့ ဗားရှင်း -

    • 1.9.8

    လိုင်စင်

    • အခမဲ့ ဆော့ဗ်ဝဲ GPL-V2

    ဖတ်ရှုရမဲ့ အကြောင်းအရာများ -

    ဒီပရိုဂရမ်ကို စတင် အသုံးပြုနိုင်ဖို့ လိုအပ်သော အချိန် - ၁၀ မိနစ်

    ပြန်လည်ရရှိမဲ့ အကျိုးကျေးဇူးများ -

    • မိမိရဲ့ စကားဝှက် အားလုံးကို အဆင်ပြေပြေနဲ့ လုံခြုံတဲ့ ဒေတာဘေ့စ် တစ်ခုထဲမှာ သိမ်းဆည်းထားနိုင်တယ်
    • ကြံ့ခိုင်တဲ့ စကားဝှက်တွေကို မှတ်ထားစရာ မလိုပဲ ဖန်တီးနိုင်တယ်၊ သိမ်းဆည်းနိုင်တယ်
    • မိမိရဲ့ KeePass စကားဝှက် ဒေတာဘေ့စ် ဖိုင်တွေကို လက်ကိုင်ဖုန်းနဲ့ ကွန်ပျူတာ အကြား ဝေမျှနိုင်တယ်

    KeePassDroid ကို ဒေါင်းလုဒ် ရယူခြင်း

    တရားဝင် ကွန်ရက် စာမျက်နှာမှ

    • လက်ကမ်း လမ်းညွှန် မိတ်ဆက် အကျဉ်းချုပ်ကို လေ့လာဖတ်ရှုပါ
    • http://www.keepass.info/download.html ကို ဖွင့်ဖို့ အောက်က KeePassDroid ပုံသင်္ကေတကို နှိပ်ပါ
    • KeePassDroid ကို ဒေါင်းလုဒ်ဆွဲဖို့ အောက် ဆင်းပါ
    • ဒေါင်းလုဒ် လုပ်ခဲ့တဲ့ apk ဖိုင်ကို မိမိရဲ့ Android ဖုန်းထဲ ထည့်ပြီး ထည့်သွင်းလိုက်ပါ

    F-Droid မှ (Android FOSS သိမ်းဆည်းရာဌာန)

    • KeePassDroid ကို Android FOSS သိမ်းဆည်းရာဌာန တစ်ခု ဖြစ်တဲ့ F-Droid ကနေလည်း ဒေါင်းလုဒ် ရယူနိုင်တယ်
    • ထည့်သွင်းပြီးတာနဲ့ ၄င်းကို စဖွင့်ဖို့ open ကို နှိပ်လိုက်ပါ

    KeePassDroid:

    1.1 ၁.၁ ဒီပရိုဂရမ်ကို စတင် အသုံးမပြုခင် သိထားသင့်တဲ့အချက်များ

    KeePassDroid ဟာ သုံးစွဲရ လွယ်ကူပြီး မိမိရဲ့ စကားဝှက် အားလုံးကို အလွန် လုံခြုံတဲ့ ဒေတာဘေ့စ် တစ်ခုထဲ သိမ်းဆည်းပေးနိုင်၊ စီမံခန့်ခွဲပေးနိုင်တဲ့ အားကောင်းတဲ့ ကိရိယာ တစ်ခု ဖြစ်တယ်။ ကွန်ပျူတာထဲက မိမိရဲ့ လက်ရှိ KeePass ဒေတာဘေ့စ် ဖိုင်ကို လက်ကိုင်ဖုန်းထဲက KeePassDroid လုပ်ငန်းသုံး ကိရိယာထဲ ကော်ပီ ကူးနိုင်တယ်။ မှတ်ချက် - မိမိရဲ့ စကားဝှက် ဒေတာဘေ့စ်ကို လက်ကိုင်ဖုန်းထဲ ကော်ပီး ကူးခြင်း၊ ဖွင့်ခြင်း မပြုမီ၊ လက်ကိုင်ဖုန်းထဲမှာ ရှိတဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေး စနစ်တွေဟာ ကွန်ပျူတာထဲက လုံခြုံရေး စနစ်နဲ့ ကိုက်ညီမှု ရှိချင်မှ ရှိမှာ ဖြစ်တယ်။ အဲဒီ ဒေတာဘေ့စ်ကို မိမိ ဖန်တီးလိုက်တဲ့ 'master password' တစ်ခုနဲ့ ကာကွယ်ပေးထားတယ်။ အဲဒီစကားဝှက်ကို ဒေတာဘေ့စ်ထဲက အကြောင်းအရာ တစ်ခုလုံးကို စာဝှက်တဲ့အခါလည်း အသုံးပြုတယ်။ မိမိရဲ့ လက်ရှိ စကားဝှက်တွေကို KeePassDroid ထဲမှာ သိမ်းထားနိုင်တယ်၊ သို့မဟုတ် အသစ်တစ်ခုကို ထုတ်လုပ်နိုင်တယ်။ KeePassDroid ထဲမှာ ကြိုတင် ပြုပြင်ဖန်တီးမှုတွေ (သို့) ထည့်သွင်းခြင်းနဲ့ပါတ်သက်တဲ့ တိကျတဲ့ ညွှန်ကြားချက်တွေ မလိုအပ်ဘူး။ မိမိ အသုံးလိုတဲ့အခါ အဆင်သင့် သုံးစွဲနိုင်တယ်။

    KeePassDroid - ထည့်သွင်းနည်းနှင့် အသုံးပြုနည်း

    KeePassDroid ကို ထည့်သွင်းနည်းနှင့် အသုံးပြုနည်း

    ပါဝင်တဲ့ အခန်းများ -

    ၂.၀ KeePassDroid ကို ထည့်သွင်းနည်း

    အဆင့် ၁။ App ကို F-Droid ကနေ ဒေါင်းလုဒ် ဆွဲယူပါ။

    ပုံ ၁ - KeyPassDroid ဗားရှင်းများ

    အဆင့် ၂။ ဒေါင်းလုဒ် ရယူပြီးတဲ့အခါ Package installer ကို နှိပ်ပြီး Install ကို ဆက် နှိပ်ပါ။

    ပုံ ၂ - KeyPassDroid အတွက် လိုအပ်တဲ့ ခွင့်ပြုချက်များ

    အဆင့် ၃။ KeePassDroid ကို သက်ဝင်စေဖို့ အောက်ပါ ပုံရိပ်မှာ မြင်ရတဲ့အတိုင်း Open ကို နှိပ်ပါ။

    ပုံ ၃ - လုပ်ငန်းသုံး ကိရိယာကို ထည့်သွင်းတဲ့ မျက်နှာပြင်

    ၂.၁ စကားဝှက် ဒေတာဘေ့စ် တစ်ခု ဖန်တီးနည်း

    နောက်လာမဲ့ အခန်းတွေမှာ၊ မာစတာ စကားဝှက် ဖန်တီးနည်း၊ အသစ် ဖန်တီးလိုက်တဲ့ ဒေတာဘေ့စ်ကို သိမ်းဆည်းနည်း၊ ပရိုဂရမ် တစ်ခုခုအတွက် ကျပန်း စကားဝှက် ဖန်တီးနည်းအပြင်၊ ဒေတာဘေ့စ်ရဲ့ အရန်သင့် ကော်ပီပွားတစ်ခု ဖန်တီးနည်း စတာတွေကို လေ့လာသွားမှာ ဖြစ်တယ်။

    KeePassDroid ကို ဖွင့်ဖို့ အောက်ပါ လုပ်ငန်းသုံး ကိရိယာ ပုံသင်္ကေတကို နှိပ်ပါ။

    စကားဝှက် ဒေတာဘေ့စ် အသစ် တစ်ခု ဖန်တီးရာမှာ အဆင့် နှစ်ဆင့် ပါရှိတယ် -

    စကားဝှက်တွေ ထည့်ထားတဲ့ မိမိရဲ့ ဒေတာဘေ့စ်ကို ဖွင့်ဖို့နဲ့ ပိတ်ဖို့ရန်အတွက် အားကောင်းပြီး ကြံ့ခိုင်မှုရှိတဲ့ မာစတာ စကားဝှက် တစ်ခုကို ထားရှိရပါမယ်။ အဲဒီနောက်၊ အဲဒီ စကားဝှက် ဒေတာဘေ့စ်ကို သိမ်းဆည်းထားရမယ်။

    စကားဝှက် ဒေတာဘေ့စ် အသစ်တစ်ခုကို ဖန်တီးရာမှာ၊ အောက်ပါ အဆင့်တွေကို လိုက်နာပါ -

    အဆင့် ၁။ စကားဝှက် ဒေတာဘေ့စ် အသစ်တစ်ခုကို ဖန်တီးဖို့ Create ကို နှိပ်ပါ

    ပုံ ၄ - Open/create ဒေတာဘေ့စ် မျက်နှာပြင်

    အောက်ပါ အတိုင်း Enter database password မျက်နှာပြင်ကို သက်ဝင်စေလိမ့်မယ် -

    ပုံ ၅ - ဒေတာဘေ့စ် စကားဝှက် ရေးထည့်တဲ့ မျက်နှာပြင်

    အဆင့် ၂။ password နဲ့ confirm password အကွက်တွေထဲမှာ အောက်မှာ ဖေါ်ပြတဲ့အတိုင်း မိမိ ဖန်တီးလိုက်တဲ့ မာစတာ စကားဝှက်ကို ရေးထည့်ပါ -

    ပုံ ၆ - စကားဝှက် တစ်ခု ရေးထည့်ရန်

    သိကောင်းစရာ - ကြံ့ခိုင်တဲ့ မာစတာ စကားဝှက် တစ်ခုကို ဖန်တီးပါ၊ အသေးစိတ် အချက်အလက်တွေကို အခန်း ၃။ အားကောင်းတဲ့ စကားဝှက်များကို ဖန်တီးပြီး ထိန်းသိမ်းနည်း မှာ လေ့လာပါ။

    အဆင့် ၃။ အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ OK ကို နှိပ်ပါ

    ပုံ ၇ - KeePassDroid ပင်မ မျက်နှာပြင်

    ဂုဏ်ယူအပ်ပါတယ်။ သင်ဟာ လုံခြုံတဲ့ စကားဝှက် ဒေတာဘေ့စ်ကို အောင်မြင်စွာ ဖန်တီးလိုက်ပါပြီ။ ယခုအချိန်မှာ အဲဒီအထဲမှာ မိမိရဲ့ လက်ရှိ စကားဝှက်တွေနဲ့ နောက်သုံးစွဲရမဲ့ စကားဝှက်တေကို စတင် ထည့်သွင်းနိုင်ပါပြီ။

    မှတ်ချက် - KeePass ဒေတာဘေ့စ် ဖိုင်ကိုလည်း မိမိရဲ့ ကွန်ပျူတာထဲကနေ Android ဖုန်းထဲကို ကော်ပီ ကူးယူနိုင်ပြီး အဲဒီနောက် KeePassDroid ကို သုံးပြီး ဖွင့်နိုင်ပါတယ်။

    ၂.၂ အုပ်စုတစ်ခုနှင့် ရေးသွင်းချက် တစ်ခု ထည့်သွင်းနည်း

    KeePassDroid ဟာ သတင်း အချက်အလက်တွေကို အစီအစဉ်တကျ သိမ်းထားနိုင်အောင် စကားဝှက် ရေးသွင်းချက်တွေကို သိမ်းဆည်းပေးတယ်။ ပုံမှန် အုပ်စုတွေကတော့ Email နဲ့ Internet တို့ ဖြစ်ကြပြီး မိမိကိုယ်ပိုင် အုပ်စုကို ဖန်တီးလိုရင် Add group ကို နှိပ်၊ အုပ်စုရဲ့ အမည်ကို ရေးထည့်ပြီး အောက်မျက်နှာပြင်ကို သက်ဝင်စေဖို့ OK ကို နှိပ်လိုက်ပါ -

    ပုံ ၈ နဲ့ ၉ - အုပ်စု အသစ် တစ်ခု ထည့်သွင်းခြင်း

    Add entry မျက်နှာပြင်ကနေ မိမိ အသစ် ဖန်တီးလိုက်တဲ့ ဒေတာဘေ့စ်ထဲကို အကောင့် အချက်အလက်တွေ၊ စကားဝှက်တွေ၊ အခြား အရေးကြီးတဲ့ အသေးစိတ် အချက်အလက်တွေကို ထည့်သွင်းနိုင်တယ်။ အောက်ပါ ဥပမာထဲကအတိုင်း၊ တခြား ကွန်ရက် စာမျက်နှာတွေ၊ အီးမေးလ် အကောင့်တွေရဲ့ စကားဝှက်တွေနဲ့ သုံးစွဲသူအမည်တွေကို သိမ်းဆည်းထားဖို့ ရေးသွင်းချက်တွေကို ထည့်သွင်းထားနိုင်တယ်။

    အဆင့် ၁။ အောက်ပါအတိုင်း Add entry မျက်နှာပြင်ကို သက်ဝင်စေဖို့ Add entry ကို နှိပ်ပါ -

    ပုံ ၁၀ နဲ့ ၁၁ - စကားဝှက် ရေးသွင်းချက် အသစ်တစ်ခု ဖန်တီးရန်

    မှတ်ချက် - Add Entry မျက်နှာပြင်မှာ ဖြည့်စွတ်ရမဲ့ အကွက်တွေ ပေးထားတယ်။ အဲဒီ အကွက်တွေဟာ မဖြစ်မနေ ဖြည့်စွတ်ရမဲ့ အကွက်တွေ မဟုတ်ဘူး။ ရေးသွင်းလိုက်တဲ့ အချက်အလက်တွေဟာ မိမိအတွက် အဆင်ပြေစေဖို့ပဲ ဖြစ်တယ်။ အဲဒီအချက်တွေဟာ မိမိအနေနဲ့ တခြား ရေးသွင်းချက် တစ်ခုခုကို ရှာဖွေနေရတဲ့ အခြေအနေမျိုးအတွက် အလွန် အသုံးဝင်ပါတယ်။

    စာသား ဖြည့်စွတ်တဲ့ အကွက် အမျိုးမျိုးအတွက် ရှင်းလင်းချက်ကို အောက်ပါအတိုင်း တင်ပြပေးထားတယ် -

    Name: - စကားဝှက် ရေးသွင်းချက်ကို ဖေါ်ပြပေးတဲ့ အမည် တစ်ခု။ ဥပမာ အားဖြင့် - ဂျီးမေးလ် စကားဝှက်

    Username - စကားဝှက် ရေးသွင်းချက်နဲ့ သက်ဆိုင်တဲ့ သုံးစွဲသူ အမည် ဖြစ်တယ်။ ဥပမာ အားဖြင့် - securitybox@gmail.com

    URL: စကားဝှက် ရေးသွင်းချက်နဲ့ သက်ဆိုင်တဲ့ အင်တာနက် စာမျက်နှာ။ ဥပမာ အားဖြင့် - https://mail.google.com

    Password: Add Entry မျက်နှာပြင်ကို သက်ဝင်စေတဲ့အခါ အဲဒီအင်္ဂါရပ်က ကျပန်း စကားဝှက် တစ်ခုကို ထုတ်လုပ်ပေးတယ်။ အကယ်လို့ KeePass က ထုတ်လုပ်လိုက်တဲ့ လက်ရှိ စကားဝှက် တစ်ခုခုကို ပြောင်းချင်တယ် ဆိုရင် အဲဒီအင်္ဂါရပ်ကို အသုံးပြုနိုင်တယ်။ ဒါကို KeePass က မှတ်ထားပေးမှာ ဖြစ်တဲ့အတွက်၊ စကားဝှက်ကို ကြည့်ဖို့ လိုအပ်တော့မှာ မဟုတ်ဘူး။ ကျပန်း ထုတ်လုပ်လိုက်တဲ့ စကားဝှက် တစ်ခုဟာ ကြံ့ခိုင်မှု ရှိတယ် (ကျူးကျော်လာသူက ခန့်မှန်းလို့၊ ချိုးဖေါက်လို့ မရနိုင်လောက်အောင် ခက်ခဲနေမှာ ဖြစ်တယ်)။

    တောင်းဆိုချက်အရ ကျပန်း စကားဝှက် တစ်ခု ဖန်တီးတဲ့ အကြောင်းကို နောက်လာမဲ့ အခန်းမှာ ဖေါ်ပြသွားမှာ ဖြစ်တယ်။ ပုံမှန် စကားဝှက်ကို မိမိ စိတ်ကြိုက် တစ်ခုခုနဲ့ အစားထိုးနိုင်တယ်။ ဥပမာ အားဖြင့်၊ ရှိထားပြီးသား အကောင့် တစ်ခုအတွက် ရေးသွင်းချက် တစ်ခုကို ဖန်တီးမယ် ဆိုရင်၊ ဒီနေရာမှာ စကားဝှက် အမှန်ကို ရေးထည့်ရမှာ ဖြစ်တယ်။

    Confirm passwords: စကားဝှက် အတည်ပြုချက်။

    Comments: ဒီနေရာဟာ မိမိရဲ့ အချက်အလက်တွေကို သိမ်းဆည်းလေ့ရှိတဲ့ အကောင့် (သို့) ကွန်ရက် စာမျက်နှာရဲ့ ဖေါ်ပြချက် သို့မဟုတ် အထွေထွေ အကြောင်းအရာကို ရေးထည့်ရမဲ့ နေရာ ဖြစ်တယ်။ ဥပမာ အားဖြင့်၊ မေးလ် ဆာဗာ ချိန်ညှိချက်များ - POP3 SSL, pop.gmail.com, Port 995; SMTP TLS, smtp.gmail.com, Port: 465

    Note: KeePassDroid ထဲက စကားဝှက် ရေးသွင်းချက်တွေကို ဖန်တီးတာ၊ ပြုပြင်တာတွေဟာ မိမိရဲ့ တကယ့် စကားဝှက်တွေကို အပြောင်းအလဲ မဖြစ်စေဘူး။ KeePassDroid ကို မိမိရဲ့ စကားဝှက်တွေ သိမ်းဆည်းပေးနိုင်တဲ့ လုံခြုံတဲ့ အီလက်ထရိုနစ် လိပ်စာ စာအုပ်အဖြစ် မှတ်ယူနိုင်ပါတယ်။ အဲဒီ အထဲမှာ မိမိ ရေးထားသလိုမျှကိုသာ သိမ်းဆည်းပေးမှာ ဖြစ်တယ်။

    အဆင့် ၂။ Add entry မျက်နှာပြင်မှာ ပြုလုပ်လိုက်တဲ့ အပြောင်းအလဲတွေကို သိမ်းဆည်းဖို့ save ကို နှိပ်ပါ။

    မိမိရဲ့ ရေးသွင်းချက် အသစ်ကို အုပ်စုထဲမှာ ယခု မြင်တွေ့ရပါပြီ။

    ပုံ ၁၂ - အသစ်စက်စက် ဖန်တီးလိုက်တဲ့ အုပ်စုထဲမှာ မြင်တွေ့ရတဲ့ ရေးသွင်းချက် အသစ် တစ်ခု

    ၂.၃ ရေးသွင်းချက် တစ်ခု တည်းဖြတ်နည်း

    လက်ရှိ ရေးသွင်းချက် တစ်ခုခုကို KeePassDroid ထဲမှာ အချိန်မရွေး တည်းဖြတ်နိုင်ပါတယ်။ မိမိရဲ့ စကားဝှက် (စကားဝှက်တစ်ခုကို လုံခြုံရေးအရ သုံးလ ကနေ ခြောက်လ တစ်ကြိမ် ပြောင်းပေးတာ ကောင်းတဲ့ အလေ့အထ တစ်ခု ဖြစ်တယ်) ကို ပြောင်းနိုင်တယ်၊ သို့မဟုတ် စကားဝှက် ရေးသွင်းချက်ထဲမှာ သိမ်းထားတဲ့ တခြား အသေးစိတ် အကြောင်းအရာတွေကို ပြုပြင်နိုင်တယ်။

    ရေးသွင်းချက် တစ်ခုကို တည်းဖြတ်ဖို့၊ အောက်ပါ အဆင့်တွေကို ဆောင်ရွတ်ပါ -

    အဆင့် ၁။ အုပ်စု တစ်ခုခုနဲ့ သက်ဆိုင်တဲ့ ရေးသွင်းချက်တွေကို သက်ဝင်စေဖို့ သင့်လျှော်တဲ့ Group ကို ရွေးချယ်ပါ။

    ပုံ ၁၃ - အုပ်စုများ စာရင်း

    အဆင့် ၂။ ဆီလျှော်တဲ့ ရေးသွင်းချက် တစ်ခုကို ရွေးချယ်ပါ၊ အဲဒီနောက် အောက်ပါ ၀င်းဒိုးကို သက်ဝင်စေဖို့ ရွေးချယ်ထားတဲ့ ရေးသွင်းချက်ကို နှိပ်ပါ -

    ပုံ ၁၄ - ရေးသွင်းချက် မြင်ကွင်း

    အဆင့် ၃။ Edit ကို နှိပ်ပါ၊ အဲဒီနေရာမှာ ရှိတဲ့ အချက်အလက်တွေကို စတင် တည်းဖြတ်နိုင်ပါပြီ။ ပြီးသွားတဲ့အခါ စကားဝှက် အပါအ၀င်၊ အဲဒီအချက်အလက်တွေမှာ ပြုလုပ်လိုက်တဲ့ လိုအပ်တဲ့ အပြောင်းအလဲတွေကို သိမ်းဆည်းဖို့ save ကို နှိပ်ပါ။

    ပုံ ၁၅ - တည်းဖြတ်ရန် အချက်အလက်

    KeePassDroid က အကြံပြုပြီး ထုတ်လုပ်လိုက်တဲ့ (အစောပိုင်းက မိမိ ဖန်တီးလိုက်တဲ့) လက်ရှိ စကားဝှက် တစ်ခုကို ပြောင်းဖို့၊ အောက်ပါ အခန်းကို လေ့လာဖတ်ရှုပါ။

    ၂.၄ ကျပန်း စကားဝှက်များ ထုတ်လုပ်နည်း

    လုံခြုံရေး နယ်ပယ်မှာ ရှည်လျားပြီး ကျပန်းစနစ်နဲ့ ဖန်တီးထားတဲ့ စကားဝှက်တွေကို ကြံ့ခိုင်မှု ရှိတယ်လို့ မှတ်ယူကြတယ်။ ၄င်းတို့ရဲ့ ကျပန်းစနစ်ဟာ သင်္ချာနည်းကို အခြေခံထားတဲ့အတွက် မိမိရဲ့ အကောင့် တစ်ခုခုထဲကို ထိုးဖေါက်လိုတဲ့ လူတွေက ခန့်မှန်းလို့ ရနိုင်မှာ မဟုတ်ဘူး။ ဒီလို လုပ်ဆောင်နိုင်အောင် KeePass မှာ စကားဝှက် ထုတ်လုပ်စနစ် ထည့်သွင်းထားပေးတယ်။ အပေါ်မှာ မြင်တွေ့ခဲ့တဲ့အတိုင်း၊ ရေးသွင်းချက် အသစ်တစ်ခုကို ထည့်သွင်းတဲ့အခါ ကျပန်း စကားဝှက် တစ်ခုကို အလိုအလျောက် ထုတ်လုပ်ပေးတယ်။ ဒီအခန်းမှာ မိမိကိုယ်တိုင် ထုတ်လုပ်နိုင်တဲ့ နည်းလမ်းကို ဖေါ်ပြပေးသွားမှာ ဖြစ်တယ်။

    မှတ်ချက် - စကားဝှက် ထုတ်လုပ်စနစ်ဖြစ်တဲ့ Password Generator ကို Add Entry နဲ့ Edit Entry မျက်နှာပြင်တွေထဲကနေ သက်ဝင်စေနိုင်တယ်။

    ပုံ ၁၆ - စကားဝှက် ရေးသွင်းချက် အချက်အလက်

    အဆင့် ၁။ စကားဝှက် ထုတ်လုပ်စနစ် Password Generator ကို အောက်ပါအတိုင်း သက်ဝင်စေဖို့ Add Entry (သို့) Edit Entry မျက်နှာပြင်ထဲက ခလုတ်ကို နှိပ်လိုက်ပါ။

    ပုံ ၁၇ - စကားဝှက် ထုတ်လုပ်ရေး ရွေးစရာ

    စကားဝှက် ထုတ်လုပ်စနစ်မှာ စကားဝှက် တစ်ခုကို ထုတ်လုပ်နိုင်တဲ့ ရွေးချယ်စရာ အမျိုမျိုး ပါရှိတယ်။ မိမိ နှစ်သက်တဲ့ စကားဝှက်ရဲ့ အရှည်၊ အက္ခရာ စာလုံးတွေကို ရွေးချယ် သတ်မှတ်နိုင်တယ်။ ဥပမာ အနေနဲ့ အောက်ပါ ရွေးစရာတွေကို ကျွန်ုပ်တို့ ရွေးချယ်သွားမှာ ဖြစ်တယ်။

    • အက္ခရာ အရှည် ၁၆ လုံး ရှိရမယ်
    • စာလုံးအကြီး ရွေးချယ်ပါ
    • စာလုံးအသေး ရွေးချယ်ပါ
    • ဒစ်ဂျစ်တွေ ရွေးချယ်ပါ
    • Minus အနှုတ်လက္ခဏာ ရွေးပါ
    • ကွင်းစကွင်းပိတ်တွေ ရွေးပါ
    • မျဉ်းသားချက်ကို ရွေးပါ

    ပုံ ၁၈ - စကားဝှက် ထုတ်လုပ်ရေး ရွေးစရာများ

    အဆင့် ၂။ လုပ်ငန်းစဉ်ကို စတင်ဖို့ ကို နှိပ်ပါ။ ပြီးတဲ့အခါ၊ ထုတ်လုပ်လိုက်တဲ့ စကားဝှက်ကို KeePassDroid က ဖေါ်ပြသွားမှာ ဖြစ်တယ်။

    ပုံ ၁၉ - ကျပန်း ထုတ်လုပ်လိုက်တဲ့ စကားဝှက် တစ်ခု

    အဆင့် ၃။ အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ Accept ကို နှိပ်လိုက်ပါ -

    ပုံ ၂၀ - ရေးသွင်းချက် အချက်အလက်များ

    မှတ်ချက် - မီနူးမှာ တွေ့ရတဲ့ ပုံရိပ်ကို နှိပ်ပြီး ထုတ်လုပ်လိုက်တဲ့ စကားဝှက်ကို ကြည့်ရှုနိုင်တယ်။ သို့သော်၊ ဒီအချက်ဟာ အပေါ်မှာ ဖေါ်ပြခဲ့သလိုပဲ လုံခြုံရေး ပြဿနာကို ဖြစ်ပေါ်စေနိုင်တယ်။ အမှန်မှာ၊ မိမိထုတ်လုပ်လိုက်တဲ့ စကားဝှက်ကို ကြည့်ဖို့ မလိုအပ်ပါဘူး။ ဒီအကြောင်းကို အပိုင်း ၃.၀ KeePass စကားဝှက်များ အသုံးပြုခြင်းထဲမှာ အသေးစိတ် ရှင်းလင်းပေးမှာ ဖြစ်တယ်။

    အဆင့် ၄။ စကားဝှက်ကို လက်ခံဖို့ Save ကို နှိပ်ပြီး အောက်မှာ ဖေါ်ပြတဲ့အတိုင်း Entry မျက်နှာပြင်ကို ပြန်သွားပါ -

    ပုံ ၂၁ - ရေးသွင်းချက် မျက်နှာပြင်

    ၂.၅ KeePassDroid ဒေတာဘေ့စ် သော့ခတ်နည်း

    အဆင့် ၁။ အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ Menu ခလုတ်ကို နှိပ်ပါ -

    ပုံ ၂၂ - မီနူး ရွေးစရာများ

    အဆင့် ၂။ KeePassDroid console ကို ပိတ်ဖို့ Lock Database ကို နှိပ်ပါ။ ဒါဆို အောက်ပါ အတိုင်း မြင်တွေ့ရမှာ ဖြစ်တယ် -

    ပုံ ၂၃ - သော့ခတ်ထားတဲ့ ဒေတာဘေ့စ်

    KeePassDroid ဒေတာဘေ့စ်ထဲ ၀င်ဖို့ မိမိရဲ့ စကားဝှက်ကို ရေးထည့်ရမှာ ဖြစ်တယ်။

    ၂.၆ စကားဝှက် ဒေတာဘေ့စ်ဖိုင် အရန်သင့်တစ်ခု ဖန်တီးနည်း

    Android ဖုန်းထဲမှာ ရှိတဲ့ KeePassDroid ဒေတာဘေ့စ်ဖိုင်ကို .kdb ဖိုင် extension နဲ့ ဖေါ်ညွန်းပေးထားတယ်။ ဒီဖိုင်ကို မိမိ ကွန်ပျူတာထဲမှာ ဖြစ်ဖြစ်၊ USB မှတ်ဉာဏ်ချောင်းထဲမှာ ဖြစ်ဖြစ် ကော်ပီ ကူးယူနိုင်တယ်။ ဒီဒေတာဘေ့စ်ကို မာစတာ စကားဝှက် မပါပဲ ဘယ်သူမှ ဖွင့်နိုင်မှာ မဟုတ်ဘူး။

    မှတ်ချက်။ မိမိရဲ့ Android ဖုန်းထဲကနေ ကွန်ပျူတာထဲကို ကော်ပီ ကူးလိုက်တဲ့ KeePassDroid ဒေတာဘေ့စ်ကို ဖွင့်မယ် ဆိုရင်၊ မိမိရဲ့ ကွန်ပျူတာထဲမှာ KeePass ပရိုဂရမ် ထည့်သွင်းထားရမှာ ဖြစ်တယ် (သို့) USB မှတ်ဉာဏ်ချောင်းထဲမှာ အိတ်ဆောင် ဗားရှင်းကို ထည့်ထားရမှာ ဖြစ်တယ်။ အိတ်ဆောင် KeePass အကြောင်း အသေးစိတ် အချက်အလက်တွေကို ဒီအခန်းမှာ လေ့လာဖတ်ရှုပါ။

    အသေးစိတ်ကို အိတ်ဆောင် KeePass မှာ လေ့လာ ဖတ်ရှုပါ။

    ၂.၇ မာစတာ စကားဝှက်ကို ပြန်ချိန်နည်း

    မာစတာ စကားဝှက်ကို အချိန်မရွေး ပြောင်းလို့ ရတယ်။ အကယ်လို့ ပြောင်းမယ် ဆိုရင် စကားဝှက် ဒေတာဘေ့စ်ကို ဖွင့်ရမှာ ဖြစ်တယ်။

    အဆင့် ၁။ အောက်ပါအတိုင်း သက်ဝင်စေဖို့ database ကို ရွေးပြီး Menu ကို နှိပ်ပါ -

    ပုံ ၂၄ - မီနူး ရွေးစရာများ

    အဆင့် ၂။ အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ Change Master key ကို နှိပ်ပါ -

    ပုံ ၂၅ - စကားဝှက် အသစ် ရေးထည့်ရန်

    အဆင့် ၃။ Password နဲ့ Confirm Password အကွက်တွေထဲမှာ မိမိရဲ့ စကားဝှက်ကို ရေးထည့်ပါ။ အဲဒီနောက် OK ကို နှိပ်ပါ။

    ပုံ ၂၆ - စကားဝှက် အသစ် ရေးထည့်ရန်

    ၃.၀ KeePassDroid စကားဝှက်များ သုံးစွဲခြင်း

    လုံခြုံတဲ့ စကားဝှက်ကို အလွယ်တကူ မမှတ်မိနိုင်တဲ့အတွက်၊ KeePassDroid နဲ့ ဒေတာဘေ့စ်ထဲက စကားဝှက်ကို ကော်ပီကူးပြီး၊ မိမိရဲ့ ဘယ်လိုအကောင့်မှာ မဆို (သို့) ကွန်ရက် စာမျက်နှာ တစ်ခုခုမှာ ပွားထည့်နိုင်တယ်။

    လုံခြုံရေး ပိုကောင်းအောင်၊ clipboard ထဲမှာ စက္ကန့် ၃၀၁ မိနစ်၅ မိနစ်ခန့် ကြာအောင် တည်ရှိနေဖို့ ရွေးချယ်ထားနိုင်တယ်။ ဒီလိုဆိုရင် မိမိရဲ့ စကားဝှက်ကို clipboard ထဲကနေ အလိုအလျောက် မပယ်ဖျက်မီ၊ လိုအပ်သလို ပွားထည့်နိုင်မှာ ဖြစ်တယ်။

    မှတ်ချက် - မိမိ ကော်ပီကူးလိုက်တဲ့ စကားဝှက်ကို clipboard ပေါ်မှာ လုံးဝ မကျန်ရစ်အောင် ရွေးချယ်ထားနိုင်တယ်။ အဲဒီရွေးစရာများကို အောက်ပါ မျက်နှာပြင်ထဲက Menu > Settings > Application > Clipboard timeout ကို သွားပြီး ရွေးချယ်နိုင်တယ်။

    ပုံ ၂၇ - Clipboard အချိန်ကုန်ဆုံးချိန် ရွေးစရာများ

    KeePassDroid စကားဝှက်ကို ကော်ပီကူးခြင်း

    အဆင့် ၁။ အောက်ပါ အတိုင်း သက်ဝင်စေဖို့ လိုအပ်တဲ့ စကားဝှက် ရေးသွင်းချက်ပေါ်က Menu ကို နှိပ်ပါ -

    ပုံ ၂၈ - စကားဝှက် ရွေးစရာများ

    Step 2. Select အဆင့် ၂။ ကို ရွေးပါ -

    အဆင့် ၃။ သက်ဆိုင်ရာ အကောင့် (သို့) ကွန်ရက် စာမျက်နှာကို သွားပြီး၊ သင့်လျှော်တဲ့ အကွက်မှာ စကားဝှက်ကို ပွားထည့်လိုက်ပါ၊ သင့်လျှော်တဲ့ အကွက်ပေါ်မှာ တင်ထားပြီး၊ အချက်အလက်ကို ပွားထည့်ဖို့ Paste ကို ရွေးချယ်လိုက်ပါ -

    ပုံ ၂၉ - စာသား တည်းဖြတ်ရေး ရွေးစရာများ

    မှတ်ချက်။ KeePassDroid ကို အမြဲတမ်း အသုံးပြုခြင်းဖြင့်၊ မိမိရဲ့ စကားဝှက်မှာ ဘာတွေ ပါတယ် စတာတွေကို ကိုယ်တိုင် သိနေစရာ မလိုအပ်ဘူး။ copy/paste လုပ်ဆောင်ချက်တွေက စကားဝှက်ကို ဒေတာဘေ့စ်ထဲကနေ ရယူပြီး လိုအပ်တဲ့ ၀င်းဒိုးထဲ ထည့်သွင်းပေးတဲ့ အလုပ်ကို လုပ်ဆောင်ပေးတယ်။ အကယ်လို့ သင်ဟာ Random Generator အင်္ဂါရပ်ကို အသုံးပြုတယ် ဆိုရင်၊ ဒီစကားဝှက်ကို မှတ်ပုံတင်နေတဲ့ အီးမေးလ် အကောင့် အသစ်ထဲ ရွှေ့လိုက်တယ် ဆိုရင်၊ စာသားအဖြစ်နဲ့ မိမိ မမြင်တွေ့ခဲ့ဖူးတဲ့ စကားဝှက် တစ်ခုကို သုံးစွဲနေမှာ ဖြစ်တယ်။ ဒါပေမဲ့ အလုပ် ဖြစ်ပါတယ်။

    အချိန်ကုန်ဆုံးလျှင် ဒေတာဘေ့စ်ကို သော့ခတ်ပါ

    မိမိရဲ့ လုပ်ငန်းသုံး ကိရိယာဟာ သတ်မှတ်ချိန်အထိ လှုပ်ရှားမှု မရှိဘူး ဆိုရင်၊ မိမိရဲ့ ဒေတာဘေ့စ်ကို ပိတ်နိုင်တဲ့ ရွေးစရာ ရှိတယ်။ အဲဒါကို လုပ်ဆောင်တဲ့နည်းကတော့ -

    အောက်ပါအတိုင်း သက်ဝင်စေဖို့ Menu > Settings > Application ကို သွားပြီး Application timeout ကို နှိပ်ပါ -

    *ပုံ ၃၀ - Application ခေါ် လုပ်ငန်းသုံး ကိရိယာ အချိန်ကုန်ဆုံးချိန် ရွေးစရာများ

    မိမိရဲ့ ဒေတာဘေ့စ်ကို သော့ခတ်စေလိုတဲ့ အချိန်ကို ရွေးချယ်လိုက်ပါ။