Android ဖုန်းများအတွက် ObscuraCam

Updated 10 February 2015

ဤလမ်းညွှန်အား အချိန်နှင့်တပြေးညီ ပြင်ဆင်မှု မရှိတော့ပါ။

:Introduction

ပင်မ စာမျက်နှာ

ဖုန်း လိုအပ်ချက်များ

  • Android

ဒီလမ်းညွှန်ထဲမှာ အသုံးပြုတဲ့ ဗားရှင်း -

  • 2.0-RC2b

လိုင်စင်

  • FOSS (GPLv3)

ဖတ်ရှုရမဲ့ အကြောင်းအရာများ -

အဆင့် - ၁။ လက်သင်၊ ၂။ ပျမ်းမျှ၊ ၃။ အလယ်အလတ်၊ ၄။ အတွေ့အကြုံရှိသော၊ ၅။ အဆင့်မြင့်

ဒီပရိုဂရမ်ကို စတင် အသုံးပြုနိုင်ဖို့ လိုအပ်သော အချိန် - ၂၀ မိနစ်

ပြန်လည်ရရှိမဲ့ အကျိုးကျေးဇူးများ -

  • Android ဖုန်းနဲ့ ရိုက်ယူထားတဲ့ ဓါတ်ပုံများထဲက မျက်နှာတွေကို ဖျောက်ပေးနိုင်တယ်
  • အဲဒီ "မှေးမှိန်"တဲ့ ဓါတ်ပုံတွေကို အလွယ်တကူ ဝေမျှနိုင်တယ်၊ သို့မဟုတ် သိမ်းဆည်းနိုင်တယ်။

:Installation instructions

၁.၁ ဒီပရိုဂရမ်ကို စတင် အသုံးမပြုခင် သိထားသင့်တဲ့အချက်များ

  • ObscuraCam ရဲ့ အလိုအလျောက် မျက်နှာ-မှတ်မိစနစ်ဟာ အမြဲတမ်း အလုပ်မလုပ်ဘူး။ ဒါပေမဲ့ အလွယ်တကူ ရွေးလို့ ရပြီး မျက်နှာတွေကို မိမိကိုယ်တိုင် မှေးမှိန်စေနိုင်တယ်။
  • Android လည်ပတ်မှု စနစ်တွေထဲမှာ ပါတဲ့ တချို့ ဗားရှင်းတွေမှာ ရှိတဲ့၊ ရွေးစရာ delete the original media file ဟာ အလုပ်မလုပ်ဘူး။ ဒီရွေးစရာကိုပဲ မှီခို သုံးစွဲရမယ် ဆိုရင်၊ (ထင်ရှားတဲ့ မျက်နှာတွေ ပါတဲ့) ObscuraCam ဓါတ်ပုံတွေ မရှိရဘူး။
  • ObscuraCam ကို သုံးပြီး ဓါတ်ပုံတွေကို မိမိကိုယ်တိုင်ဆီ ဖြစ်စေ၊ တခြား သူတွေဆီ ဖြစ်စေ ပေးပို့လိုက်တယ် ဆိုရင်၊ ခရီးတစ်ထောက်နားနေတဲ့ ဓါတ်ပုံတွေအတွက် ဒီကိရိယာထဲမှာ (နှစ်ဖက်စလုံးကို စာဝှက်ပေးတဲ့) တခြား ကာကွယ်ရေးစနစ်တွေ ပံ့ပိုးမထားဘူး။

ObscuraCam ကို ထည့်သွင်းပြီး သုံးစွဲနည်း

၂။ ObscuraCam ကို ထည့်သွင်းပြီး သုံးစွဲနည်း

ပါဝင်တဲ့ အခန်းများ -

၂.၀ ObscuraCam ကို ထည့်သွင်းနည်း

အဆင့် ၁။ ဒီ app ကို Google play စတိုး ကနေ ဒေါင်းလုဒ် ဆွဲယူပါ

ပုံ ၁ - Google play စတိုး၌ ObscuraCam ကို မြင်တွေ့ရပုံ

အဆင့် ၂။ App က တောင်းဆိုတဲ့ ခွင့်ပြုချက်တွေကို အတည်ပြုပြီး ဒီ app ကို ထည့်သွင်းဖို့ Install ခလုတ်ကို နှိပ်ပါ။

ပုံ ၃၊ ၄ နဲ့၊ ၅ - ခွင့်ပြုချက်များ အတည်ပြုရန်နဲ့ ထည့်သွင်းခြင်း လုပ်ငန်းစဉ်

အဆင့် ၃။ ဒီ app ကို ပထမဆုံး အကြိမ် သုံးစွဲဖို့ Open ကို နှိပ်လိုက်ပါ

အဆင့် ၄။ သုံးစွဲမှု စည်းမျဉ်းများကို သေချာ *ဖတ်**ပြီး၊ လက်ခံရင် *I Accept ကို နှိပ်ပါ။

ပုံ ၆ - သုံးစွဲမှု စည်းမျဉ်းများ

၂.၁ ObscuraCam ဖြင့် ဓါတ်ပုံရိုက်ကူးခြင်း

ObscuraCam ကို အသုံးပြုပြီး ဓါတ်ပုံတွေထဲမှာ ပါတဲ့ မျက်နှာတွေကို ဖျောက်ထားလို့ ရတယ်။ အဲဒါကို ObscuraCam app နဲ့ ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေမှာ လုပ်ဆောင်နိုင်တယ်၊ ဒါပေမဲ့ ဓါတ်ပုံတွေကို Android ဖုန်းထဲကို ကော်ပီး ကူးတာတို့ ရွှေ့ပြောင်းတာတို့ လုပ်တယ် ဆိုရင်၊ တခြား ဓါတ်ပုံတွေမှာ ပါတဲ့ မျက်နှာတွေကိုလည်း မှုန်ဝါးအောင် လုပ်လို့ ရတယ်။

လူတွေရဲ့ မျက်နှာတွေကို မဖေါ်ပြပဲ Android ဖုန်းနဲ့ ဓါတ်ပုံ ရိုက်မယ် ဆိုရင်၊ အောက်ပါ အဆင့်တွေကို လုပ်ဆောင်ပါ -

အဆင့် ၁။ Camera ခလုတ်ကို နှိပ်ပါ

ပုံ ၇ - ObscuraCam ပင်မ မျက်နှာပြင်

အဆင့် ၂။ ကို နှိပ်ပြီး ဓါတ်ပုံ ရိုက်လိုက်ပါ

အဆင့် ၃။ ကို နှိပ်ပြီး Save ခလုတ်ကို နှိပ်ပါ

ObscuraCam ဟာ မျက်နှာတွေကို မှတ်မိအောင် အလိုအလျောက် လုပ်ဆောင်သွားလိမ့်မယ်။ မှတ်မိတဲ့ မျက်နှာ တစ်ခုစီမှာ (ဖျောက်လိုတဲ့ အကြောင်းအရာတွေကို ရွေးချယ်တဲ့အခါ အသုံးပြုတဲ့ စတုဂံပုံလေး ဖြစ်တဲ့) "tag" ဆိုတဲ့ ရုပ်ပုံလေး ပေါ်လာလိမ့်မယ်။

ပုံ ၈ - အလိုအလျှောက် 'နှိပ်'ထားတဲ့ မျက်နှာပုံ

အဆင့် ၄။ ဖျောက်လိုတဲ့ အကြောင်းအရာကို ရွေးပါ သို့မဟုတ် ပြုပြင်ပါ

ဓါတ်ပုံတွေကို အောက်ပါ နည်းအမျိုးမျိုးနဲ့ ပြုပြင်နိုင်တယ် -

  • tag တစ်ခုကို ထည့်ဖို့ မိမိ ဖျောက်ထားလိုတဲ့ ဓါတ်ပုံရဲ့ တစ်နေရာရာကို နှိပ်လိုက်ပါ။
  • လက်ရှိ tag တစ်ခု (အနားသတ်မျဉ်းဟာ အစိမ်းရောင် ပြောင်းလိမ့်မယ်) ကို နှိပ်ပြီး၊ ၄င်းကို ဖယ်ရှားဖို့ Delete Tag ကို နှိပ်လိုက်ပါ။

ပုံ ၉ - နှိပ်မည့်ပုံစံ ရွေးစရာများ

သူ့ကို နေရာရွှေ့ဖို့ Tag ရဲ့ အလယ်တည့်တည့်မှာ နှိပ်ပြီး ဒရွတ်ဆွဲလိုက်ပါ (ဒီလိုနည်းနဲ့ မိမိ ဖျောက်လိုတဲ့ ဓါတ်ပုံထဲက အစိတ်အပိုင်းကို ပြောင်းလဲလို့ ရတယ်)

ပုံ ၁၀ - နှိပ်ချက်ကို ရွှေ့ခြင်း

အဲဒီ Tag ရဲ့ အရွယ်အစားနဲ့ ပုံသဏ္ဍာန်ကို ပြောင်းဖို့ (စတုဂံပုံထဲက) tag ရဲ့ ဘေး တစ်နေရာရာကို နှိပ်ပြီး ဒရွတ်ဆွဲလိုက်ပါ

ပုံ ၁၁ - Resize a tag

၂.၂ လက်ရှိ ဓါတ်ပုံထဲမှ မျက်နှာကို ဖျောက်ထားခြင်း

လက်ရှိ ဓါတ်ပုံထဲက လူတွေရဲ့ မျက်နှာကို ဖျောက်ထားလိုရင်၊ အောက်ပါ အဆင့်တွေကို လုပ်ဆောင်ပါ -

အဆင့် ၁။ ဓါတ်ပုံ တစ်ပုံကို Android ဖုန်းထဲ ကော်ပီးကူးလိုက်ပါ၊ သို့မဟုတ် ပြောင်းရွှေ့လိုက်ပါ။

အဆင့် ၂။ ခလုတ်ကို နှိပ်ပါ။

အဆင့် ၃။ အကြောင်းအရာ ဖျောက်လိုတဲ့ ဓါတ်ပုံကို ရွေးလိုက်ပါ။

ObscuraCam ဟာ မျက်နှာတွေကို မှတ်မိအောင် အလိုအလျောက် လုပ်ဆောင်သွားလိမ့်မယ်။

ပုံ ၁၂ - မျက်နှာ အလိုအလျောက် ရှာဖွေနေပုံ

အဆင့် ၄။ ဖျောက်ထားလိုတဲ့ အကြောင်းအရာကို ရွေးပါ ဒါမှမဟုတ် ပြုပြင်လိုက်ပါ

၂.၃ "blur" ခေါ် မှုန်းဝါးစနစ်ကို ပြောင်းခြင်း

မိမိ အလိုရှိတဲ့ ဓါတ်ပုံထဲက မျက်နှာကို မှုန်ဝါးအောင် ရွေးချယ်နိုင်တဲ့ နည်းစနစ် အမျိုးမျိုး ရှိတယ်။ အဲဒီ ရွေးစရာ အမျိုးမျိုးကို မြင်တွေ့နိုင်ဖို့ ဓါတ်ပုံ တစ်ပုံရဲ့ အနားသတ်မျဉ်း အစိမ်းရောင်ရဲ့ အလယ်ဗဟိုကို အောက်မှာ ပြထားတဲ့အတိုင်း နှိပ်လိုက်ပါ

ပထမ ရွေးစရာ - ကို နှိပ်ပါ၊ မိမိရဲ့ ပုံဟာ အောက်ပါအတိုင်း မြင်တွေ့ရလိမ့်မယ်

ပုံ ၁၃ - တည်းဖြတ်ထားတဲ့ မျက်နှာ

ဒုတိယ ရွေးစရာ - ကို နှိပ်ပါ၊ မိမိရဲ့ ပုံဟာ အောက်ပါအတိုင်း မြင်တွေ့ရလိမ့်မယ် -

ပုံ ၁၄ - အစက်ချထားတဲ့ မျက်နှာပုံ

တတိယ ရွေးစရာ - ပေါ် နှိပ်ပါ၊ မိမိရဲ့ ပုံဟာ အောက်ပါ အတိုင်း မြင်တွေ့ရလိမ့်မယ် -

ပုံ ၁၅ - အစက် စုစည်းထားတဲ့ ပုံ

စတုတ္ထ ရွေးစရာ - ပေါ် နှိပ်လိုက်ပါ၊ မိမိရဲ့ ပုံဟာ အောက်ပါအတိုင်း မြင်တွေ့ရလိမ့်မယ် -

ပုံ ၁၆ - မျက်နှာဖုံး

၂.၄ ဓါတ်ပုံများကို ဝေမျှခြင်း

မှတ်ချက် - မိမိရဲ့ Android ဖုန်းနဲ့ ရိုက်ယူထားတဲ့ ဓါတ်ပုံတွေကို တခြား တစ်ဦးတစ်ယောက်စီ မဝေမျှခင် အဲဒီ ဓါတ်ပုံတွေထဲမှာ ရှိနေတဲ့ metadata အချက်အလက် အားလုံးကို ဖယ်ရှားလိုက်ပါ။ Obscuracam ကို အသုံးပြုပြီး ရိုက်ယူထားတဲ့ ပုဂ္ဂိုလ်ရဲ့ အထောက်အထားကို ဖျောက်ထားပေမဲ့၊ အဲဒီ ဓါတ်ပုံထဲမှာ ပါရှိတဲ့ ပိုမို အသေးစိတ်တဲ့ တည်နေရာ၊ ကင်မရာ အမျိုးအစား စတဲ့ metadata အသေးစိတ်တွေကိုတော့ ဖယ်ရှားမပေးဘူး။

Obscuracam ကို အသုံးပြုပြီး ဖန်တီးလိုက်တဲ့ ဓါတ်ပုံတွေကို အောက်ပါ အဆင့်တွေအတိုင်း ဝေမျှနိုင်တယ် -

အဆင့် ၁ - သို့မဟုတ် Menu ကို နှိပ်ပါ၊ အဲဒီနောက် ရုပ်ပုံ ဝေမျှတဲ့ ရွေးစရာများကို ဖွင့်ဖို့ Share ကို နှိပ်ပါ။

ပုံ ၁၇ နဲ့ ၁၈ - ရုပ်ပုံ ဝေမျှတဲ့ ရွေးစရာ

အဆင့် ၂ - မိမိရဲ့ ကွန်ရက်ပေါ်မှာ ဓါတ်ပုံတွေ ဝေမျှဖို့ ဝန်ဆောင်မှု တစ်ခုခုကို ရွေးလိုက်ပါ။

၂.၅ မူရင်း မီဒီယာ ဖိုင်များကို ပယ်ဖျက်ခြင်း

အဆင့် ၁။ Save ကို နှိပ်တဲ့အခါ၊ ဝင်းဒိုး တစ်ခု ပေါ်လာမှာ ဖြစ်ပြီး အောက်မှာ ဖေါ်ပြတဲ့အတိုင်း မူရင်း မီဒီယာဖိုင်ကို ပယ်ဖျက်မလား၊ မဖျက်ဘူးလား စသဖြင့် မေးမြန်းလာလိမ့်မယ်။

ပုံ ၁၈ - ပယ်ဖျက်ခြင်း ရွေးစရာ

အဆင့် ၂။ အကယ်လို့ မိမိရဲ့ စမတ်ဖုန်းထဲက မူရင်း မီဒီယာ ဖိုင်ဟာ မိမိအတွက် (သို့) တခြား လူတွေအတွက် အန္တရာယ် ရှိစေမယ် ဆိုရင် Yes ကို နှိပ်လိုက်ပါ။

အဆင့် ၃။ အကယ်လို့ မိမိ အသုံးပြုနေတဲ့ gallery ထဲက (သို့) တခြား ဓါတ်ပုံ အယ်လ်ဘမ်ထဲက ဓါတ်ပုံကို ပယ်ဖျက်လိုရင်၊ ပထမဦးဆုံး၊ gallery ထဲက (သို့) တခြား ဓါတ်ပုံကြည့် ကိရိယာထဲက မိမိ ပယ်ဖျက်လိုတဲ့ ဓါတ်ပုံကို ရွေးလိုက်ပါ။

ပုံ ၁၉ - မီနူး

အဆင့် ၄။ အောက်မှာ ဖေါ်ပြတဲ့အတိုင်း Delete ကို နှိပ်ပါ

ပုံ ၂၀ - ပယ်ဖျက်ရန် ရွေးစရာ

မှတ်ချက် - Android 2.2 ထဲကနေ မူရင်း မီဒီယာဖိုင်ကို ပယ်ဖျက်လို့ မရပဲ ဖြစ်ချင် ဖြစ်နိုင်တယ်။ ဒီလို ဖြစ်ပျက်လာမယ် ဆိုရင်၊ မိမိရဲ့ Android ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီး မူရင်း ဓါတ်ပုံကို ပယ်ဖျက်လို့ ရတယ်။