၃။ လုံခြုံတဲ့ စကားဝှက်များကို ဖန်တီးပြီး ထိန်းသိမ်းနည်း

မာတိကာ

...Loading Table of Contents...

    အရေးကြီးတဲ့ လုပ်ငန်းကို ဒစ်ဂျစ်တယ် နည်းပညာသုံးပြီး ဆောင်ရွတ်တဲ့အခါ သက်တောင့်သက်သာ ဖြစ်စေတဲ့ လုံခြုံရေး ဝန်ဆောင်မှုတွေ ဖြစ်ကြတဲ့ ကွန်ပျူတာထဲ sign in လုပ်တာတို့၊ အီးမေးလ် ပေးပို့တာတို့၊ အထိခိုက်မခံတဲ့ ဒေတာတွေကို စာဝှက်ပေးပြီး ဖျောက်ထားတာတို့ လုပ်တဲ့အခါ စကားဝှက်တခု လိုနေတာကို ကျွန်ုပ်တို့ သတိထားမိကြလိမ့်မယ်။ အဲဒီ လျှို့ဝှက် စာလုံးတွေ၊ စကားစုတွေ (သို့) အဓိပ္ပါယ် မရှိတဲ့ စာသားတွေကို အရင် ရေးထည့်တာဟာ သတင်း အချက်အလက်တွေကို တခါတလေ ခွင့်ပြုချက် မရှိဘဲ ဖတ်ရှုတာတို့၊ ကူးယူတာတို့၊ ပြင်ဆင်တာတို့ (သို့) ဖျက်ဆီးတာတို့ မလုပ်နိုင်အောင် အကာအကွယ် ပေးနိုင်တဲ့ တခုတည်းသော အဆီးအတား ဖြစ်နိုင်တယ်။ စကားဝှက်ကို တယောက်ယောက်က သိရှိသွားနိုင်တဲ့ နည်းလမ်း အများကြီး ရှိပေမယ့် တိကျတဲ့ နည်းနာတွေကို အသုံးချခြင်း၊ KeePass လို လုံခြုံတဲ့ စကားဝှက် ဒေတာဘေ့စ် ဆော့ဗ်ဝဲ တခုခုကို အသုံးပြုခြင်းဖြင့် အဲဒီလို အဖြစ်မျိုးကို ကာကွယ်နိုင်ပါတယ်။

    နောက်ခံ ဇာတ်လမ်း -

    မင်းစောနဲ့ မက်ဒါ တို့ဟာ မောင်နှမရင်းတွေ ဖြစ်ကြပြီး အာရပ် စကားပြောတဲ့ နိုင်ငံတခုမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုအတွက် စည်းရုံးလှုပ်ရှားမှု အကြောင်းကို ဘလော့ဂ် တခုမှာ နာမည်ဝှက်နဲ့ လွှင့်တင်ခဲ့ကြတယ်။ မက်ဒါဟာ အခုတလောမှာ သူ့ရဲ့ ကိုယ်ပိုင် အီးမေးလ် အကောင့်ထဲကို ဝင်ဖို့ ကြိုးစားတဲ့အခါ သူ့ရဲ့ စကားဝှက် ပြောင်းသွားတာကို သိလိုက်ရတယ်။ စကားဝှက်ကို ပြန်ပြောင်းလိုက်မှ ဝင်လို့ ရသွားတယ်။ ဒါပေမဲ့ သူမရဲ့ inbox ထဲက စာ တော်တော်များများဟာ ဖတ်ပြီးသား အနေအထား ပြနေတာကို သတိပြုမိလိုက်တယ်။ နိုင်ငံရေးနဲ့ ပါတ်သက်နေတဲ့ တိုက်ခိုက်သူ တယောက်ယောက်က ကွန်ရက် စာမျက်နှာ အကောင့် အတော်များများမှာ သူမ သုံးစွဲခဲ့တဲ့ စကားဝှက်ကို သိသွားမှာ (သို့) ခန့်မှန်းနိုင်မှာကို သံသယ ဖြစ်သွားတယ်။ သူမဟာ ကွန်ပျူတာ အတွေ့အကြုံ အနည်းကျဉ်းသာရှိသေးတဲ့ မင်းစောကို အဲဒီ အခြေအနေတွေနဲ့ ပါတ်သက်ပြီး ရှင်းပြပေးဖို့နဲ့ သူမရဲ့ စိုးရိမ်မှုကို ဖြေရှင်းပေးဖို့ သွားပြီး တွေ့ဆုံခဲ့ပါတယ်။

    ဒီသင်ခန်းစာကနေ လေ့လာသင်ယူနိုင်တဲ့ အချက်များ

    • လုံခြုံတဲ့ စကားဝှက် တခုရဲ့ အစိတ်အပိုင်းများ
    • ရှည်လျားပြီး ရှုပ်ထွေးတဲ့ စကားဝှက်တွေကို မှတ်ထားနိုင်တဲ့ နည်းလမ်းတချို့
    • စကားဝှက်တွေကို မှတ်မိစရာ မလိုပဲ လုံလုံခြုံခြုံ သိမ်းဆည်းပေးနိုင်တဲ့ လုံခြုံတဲ့ KeePass လုံခြုံတဲ့ စကားဝှက် ဒေတာဘေ့စ် ကို အသုံးပြုနည်း

    လုံခြုံတဲ့ စကားဝှက်များကို ရွေးချယ်ခြင်းနဲ့ ထိန်းသိမ်းခြင်း

    အများအားဖြင့် တစုံတခုကို ကာကွယ်လိုတဲ့အခါ သော့တွဲ တချောင်းကို အသုံးပြုပြီး ဖွင့်ရလေ့ရှိတယ်။ အိမ်တွေ၊ ကားတွေနဲ့ စက်ဘီးသော့တွေအားလုံးမှာ သော့တွဲကိုယ်စီ ရှိကြတယ်။ အကာအကွယ် လုပ်ထားတဲ့ ဖိုင်တွေမှာ စာဝှက်ပေးတဲ့ သော့တွဲတွေ ရှိကြတယ်။ ဘဏ်ကဒ်တွေမှာ PIN နံပါတ်တွေ ရှိကြသလို အီးမေးလ် အကောင့်တွေမှာ စကားဝှက်တွေ ရှိကြတယ်။ ရုပ်ပိုင်းအနေနဲ့ ဖြစ်ဖြစ်၊ အီလက်ထရွန်နစ်နည်းနဲ့ ဖြစ်ဖြစ်၊ အဲဒီ သော့တွဲတွေ အားလုံးမှာ တူညီတဲ့အချက် တခု ရှိကြတယ်။ ဒါပေမယ့် အဲဒီ တူညီတဲ့အချက် တချက်ကတော့ အဲဒီ သော့တွဲတွေဟာ သူတို့ရဲ့ သက်ဆိုင်ရာ သော့တွေကို တခြား လူတဦးတယောက်ကပဲဖြစ်ဖြစ် ဖွင့်လို့ရတယ်။ ကွန်ပျူတာထဲမှာ Firewall တွေ၊ လုံခြုံတဲ့ အီးမေးလ် အကောင့်တွေနဲ့ စာဝှက်ထားတဲ့ disk တွေကို install လုပ်နိုင်တယ်။ တကယ်လို့ သင့်ရဲ့ စကားဝှက်ဟာ အားနည်းနေရင် (သို့) တခြား သူစိမ်းလက်ထဲ ရောက်သွားရင်တော့ သင့်အတွက် အခြေအနေ ကောင်းမှာ မဟုတ်ပါဘူး။

    ကြံ့ခိုင်မှုရှိတဲ့ စကားဝှက်တခုမှာ ပါဝင်တဲ့ အစိတ်အပိုင်းများ

    စကားဝှက်တခုခုဟာ ကွန်ပျူတာ ပရိုဂရမ်တခုခုက ခန့်မှန်းဖို့ ခက်ခဲနေရမယ်။

    • ခပ်ရှည်ရှည် ထားပါ။ ရှည်လျားတဲ့ စကားဝှက် တခုကို ကွန်ပျူတာ ပရိုဂရမ်တခုခုက အချိန်ကာလ အပိုင်းအခြား တခုအတွင်းမှာ ခန့်မှန်းနိုင်ဖို့ မလွယ်ဘူး။ အက္ခရာ ဆယ်လုံး (သို့) ဒီထက်များတဲ့ စကားဝှက်တွေကို ဖန်တီးဖို့ ကြိုးစားပါ။ တချို့လူတွေက စာလုံးတလုံးထက် ပိုတဲ့ စာလုံးတွေကို ကြားမှာ space ခံပြီး ဖြစ်ဖြစ်၊ မခံပဲ ဖြစ်ဖြစ် ရေးထည့်ကြပြီး passphrases လို့ ခေါ်တဲ့ စကားစုတွေ ပါတဲ့ စကားဝှက်တွေကို အသုံးပြု တတ်ကြတယ်။ သင် အသုံးပြုနေတဲ့ ပရိုဂရမ်နဲ့ ဝန်ဆောင်မှုတွေက ရှည်လျားတဲ့ စကားဝှက်တွေကို ရွေးချယ်ခွင့် ပေးထားတယ် ဆိုရင် ဒါဟာ ကောင်းတဲ့ အချက်တချက်ပဲ ဖြစ်ပါတယ်။
    • ရှုပ်ထွေးနေပါစေ - ရှည်လျားတဲ့အပြင် ရှုပ်ထွေးမှု ရှိတဲ့ စကားဝှက် တခုဟာ အလိုအလျောက် 'စကားဝှက် ဖေါ်ထုတ်ပေးတဲ့' ဆော့ဗ်ဝဲက ခန့်မှန်းလို့ မရနိုင်အောင် အကာအကွယ် ပေးနိုင်တယ်။ ဖြစ်နိုင်ရင် အက္ခရာ အကြီးအသေးတွေ၊ နံပါတ်တွေနဲ့ punctuation marks တွေကို စကားဝှက်ထဲမှာ အမြဲ ထည့်သွင်းပါ။

    စကားဝှက် တခုဟာ တခြားသူတွေက ရိပ်မိဖို့ ခက်ခဲနေရမယ်။

    • လက်တွေ့ကျပါစေ - အကယ်လို့ သင့်ရဲ့ စကားဝှက်ကို မမှတ်မိနိုင်လို့ ရေးချမယ် ဆိုရင်၊ သင့်ရဲ့ စားပွဲကို ကောင်းကောင်း မြင်နေတဲ့သူ၊ အိမ်ထဲကို မကြခဏ ၀င်လာတတ်တဲ့သူ၊ ပိုက်ဆံအိတ်ကို ဖွင့်တတ်တဲ့သူ၊ (သို့) ရုံးအပြင်ဖက်က အမှိုက်ပုံးကို ရှင်းလင်းတတ်တဲ့သူတွေက တဆင့် ခြိမ်းခြောက်မှု အသစ်တွေကို ရင်ဆိုင်ကြုံတွေ့လာနိုင်တယ်။ တကယ်လို့ ရှည်လျားပြီး ရှုပ်ထွေးပေမဲ့ မှတ်မိရလွယ်ကူတဲ့ စကားဝှက် တခုကို မမှတ်ထားနိုင်ရင် အောက်က လုံခြုံတဲ့ စကားဝှက်များကို မှတ်ထားခြင်း ဒါမှမဟုတ် ပိုပြီး လုံခြုံတဲ့ အရာကို သင်ရွေးချယ်နိုင်ပါတယ်။ ဒါပေမဲ့ KeePass လို လုံခြုံတဲ့ စကားဝှက် ဒေတာဘေ့စ် တခုခုကို အသုံးပြုပြီး စကားဝှက်ကို သိမ်းထားနိုင်ပါတယ်။ အဲဒီလို ရည်ရွယ်ချက်တွေအတွက် Microsoft Word တွေလို စကားဝှက်စနစ် ထည့်သွင်းထားတဲ့ ဖိုင်တွေကို စိတ်ချလို့ မရပါဘူး။ အဲဒီလို ဖိုင်မျိုးကို အင်တာနက်ကနေ အခမဲ့ ရနိုင်တဲ့ ကိရိယာတွေနဲ့ ချိုးဖေါက်ဝင်ရောက်လို့ ရပါတယ်။
    • ပုဂ္ဂိုလ်ရေးနဲ့ မပတ်သက်စေနဲ့ - စကားဝှက်ဟာ ကိုယ်ရေးကိုယ်တာနဲ့ ဆက်စပ်မှု မရှိရဘူး။ အမည်၊ လူမှုရေးဆိုင်ရာ လုံခြုံရေး နံပါတ်၊ တယ်လီဖုန်း နံပါတ်၊ ကလေးအမည်၊ အိမ်မွေးတိရိစ္ဆာန် အမည်၊ မွေးနေ့၊ (သို့) မိမိရဲ့ ကိုယ်ရေးကိုယ်တာ အကြောင်းကို အနည်းအကျဉ်း သိထားတဲ့သူက ခန့်မှန်းသိရှိနိုင်တဲ့ အချက်အလက်တွေအပေါ် အခြေခံတဲ့ စာလုံး (သို့) စကားစု တခုခုကို မရွေးချယ်ရပါဘူး။
    • လုံခြုံအောင် သိမ်းထားပါ - အရေးတကြီး လိုအပ်တဲ့ အခြေအနေမျိုး မဟုတ်ရင် သင့်ရဲ့ စကားဝှက်ကို တခြားသူတွေကို မပေးပါနဲ့။ မိတ်ဆွေ၊ မိသားစုဝင် (သို့) လုပ်ဖေါ်ကိုင်ဖက် တယောက်ယောက်ကို စကားဝှက် တခုခု ပေးတော့မယ် ဆိုရင် အဲဒါကို ယာယီသုံးမဲ့ စကားဝှက်တခု အဖြစ် အရင်ပြောင်းပြီး ပေးလိုက်ပါ။ သူတို့ သုံးပြီးတဲ့အခါ ပြန်ပြောင်းလိုက်ပါ။ တခါတလေ အသုံးလိုတဲ့ သူတွေအတွက် သီးခြားအကောင့် ဖွင့်ပေးတာတို့ စသဖြင့် စကားဝှက် ဝေမျှနိုင်တဲ့ တခြားနည်းတွေ ရှိတယ်။ စကားဝှက်ကို လျှို့ဝှက်ထားတယ် ဆိုတာဟာ စကားဝှက်ကို ရေးထည့်နေတဲ့အခါ (သို့) လုံခြုံတဲ့ စကားဝှက် ဒေတာဘေ့စ် တခုအတွင်းကို ဝင်ကြည့်တဲ့အခါ သင့်ရဲ့ ပုခုံးထက်ကနေ ချောင်းကြည့်နိုင်တဲ့ ပုဂ္ဂိုလ်တွေကို သတိထားရမှာကို ဆိုလိုပါတယ်။

    စကားဝှက် တခုကို တယောက်ယောက်တဲ့ သိသွားခဲ့ရင်၊ ပျက်စီဆုံးရှုံးမှု နည်းပါးအောင် သူ့ကို ရွေးချယ်ဖို့ လိုပါတယ်။

    • ထူးခြားမှု ရှိပါစေ - တူနေတဲ့ စကားဝှက်ကို အကောင့်တခုထက် ပိုပြီး အသုံးမပြုပါနဲ့။ ဒါမှမဟုတ် အဲဒီ စကားဝှက်ကို သိသွားတဲ့သူက သင့်ရဲ့ အထိခိုက်မခံတဲ့ အချက်အလက်တွေကို ရယူသွားနိုင်တယ်။ ဒါဟာ တကယ် ဖြစ်တတ်တဲ့ အချက် ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ တချို့ ဝန်ဆောင်မှုတွေက စကားဝှက် တခုကို လွယ်လွယ်နဲ့ ဖေါက်ထွင်းနိုင်လို့ ဖြစ်တယ်။ တကယ်လို့ သင့်ရဲ့ Windows အကောင့်နဲ့ Gmail အကောင့်တွေမှာ စကားဝှက် တမျိုးထဲကိုပဲ အသုံးပြုနေရင်၊ ဥပမာအားဖြင့်၊ ကွန်ပျူတာ ကိုယ်ထည်အတွင်းကို ကိုယ်တိုင် ဝင်ရောက်သွားတဲ့ သူက ပထမ အကောင့်ကို ဖေါက်ထွင်းနိုင်တယ် ဆိုရင်၊ အဲဒီအချက်ကို အခြေခံပြီး နောက်အကောင့်ထဲကို ဝင်ရောက်သွားနိုင်တယ်။ ဒီလို အဖြစ်အပျက်တွေကြောင့် စကားဝှက်တွေကို တခြား အကောင့်တွေ ကြားမှာ ဖလှယ်ပြီး သုံစွဲတာ မကောင်းရခြင်း ဖြစ်ပါတယ်။
    • အမြဲတမ်း သစ်လွင်နေပါစေ - စကားဝှက်ကို ပုံမှန် ပြောင်းပေးပါ။ ဖြစ်နိုင်ရင် အနည်းဆုံး သုံးလ တကြိမ်ပေါ့။ တချို့ လူတွေဟာ စကားဝှက်တမျိုးထဲကိုပဲ သုံးပြီး မပြောင်းလဲတတ်ကြဘူး။ ဒီအချက်ဟာ ကောင်းတဲ့ အချက် မဟုတ်ဘူး။ စကားဝှက် တခုထဲကို ကြာကြာ သုံးလေ တခြားသူတွေက ရိပ်မိဖို့ အခွင့်အရေး ပိုများလေ ဖြစ်တယ်။ တကယ်လို့ တယောက်ယောက်က သင် မသိလိုက်ပဲနဲ့ သတင်း အချက်အလက်တွေနဲ့ ဝန်ဆောင်မှုတွေကို ရယူဖို့ သင့်ရဲ့ အခိုးခံရတဲ့ စကားဝှက်ကို အသုံးပြုနိုင်တယ် ဆိုရင် သင့်ဖက်ကနေ အဲဒီ စကားဝှက်ကို မပြောင်းမချင်း သူက ဆက်သုံးနေနိုင်မှာ ဖြစ်ပါတယ်။

    မင်စော - ယုံကြည်စိတ်ချက်ရတဲ့ လူတယောက်ယောက်ကို စကားဝှက် ပြောပြတာ ကိစ္စမရှိဘူး မဟုတ်လား။

    မက်ဒါ - ကောင်းပါပြီ။ ပထမဆုံး အနေနဲ့ လူတယောက်ယောက်ကို ယုံကြည်မိလို့ စကားဝှက်ကို သိမ်းထားခိုင်းတယ် ဆိုတာ မလိုအပ်ဘူး မဟုတ်လား။ အဲဒီ စကားဝှက်ကို ကျွန်တော် သုံးပြီး မကောင်းတာ ဘာမှ မလုပ်ရင်တောင် အဲဒီ စကားဝှက်ကို ကျွန်တော်က ရေးချပြီး တနေရာရာမှာ ကျပျောက်သွားနိုင်ပါတယ်။ ဒါဆိုရင် ကမောက်ကမ ဖြစ်လာနိုင်တယ်။ ပြီးတော့ ဒါဟာ ယုံကြည်မှုနဲ့ မဆိုင်ဘူး။ သင့်ရဲ့ စကားဝှက်ကို သိတဲ့သူဟာ သင် တယောက်ထဲပဲ ဆိုရင် အကောင့် ပျက်သွားရင်တောင် တခြားသူတွေကို အပြစ်တင်ဖို့ အချိန် အလဟသ မကုန်တော့ဘူး။ ဥပမာ အားဖြင့် အခုပဲ ကျွန်တော့် စကားဝှက်ကို တယောက်ယောက်က ခန့်မှန်းသွားနိုင်တဲ့အဖြစ် (သို့) ဖောက်ထွင်းသွားမဲ့ အရေးအတွက် စိတ်ပူစရာ မလိုပဲ စိတ်ချလက်ချ နေသွားနိုင်တယ်။ ဘာလို့လဲ ဆိုတော့ အဲဒါကို ရေးမချမိလို့ (သို့) အခြားလူ တဦးတယောက်ကို မပေးခဲ့မိလို့ ဖြစ်ပါတယ်။

    လုံခြုံတဲ့ စကားဝှက်များကို မှတ်သားခြင်းနဲ့ သိမ်းဆည်းခြင်း

    အပေါ်မှာ အကြံပြုထားတဲ့ စာရင်းကို ကြည့်ပါ။ တစ်ဦးတစ်ယောက်ဟာ ဓါတ်ပုံရိုက်ထားသလို မှတ်ဉာဏ်မျိုး မရှိပဲ ရှည်လျား ရှုပ်ထွေးပြီး အဓိပ္ပါယ် မပေါက်တဲ့ စကားဝှက်တွေကို ရေးချစရာမလိုပဲ ခြေရာခံနိုင်တဲ့ အနေအထားဟာ အံ့သြစရာ ဖြစ်နေလိမ့်မယ်။ အကောင့်တစ်ခုစီမှာ မတူညီတဲ့ စကားဝှက် တစ်မျိုးစီကို အသုံးပြုခြင်းက ပိုပြီး ခက်ခဲသွားစေနိုင်တယ်။ ဒါပေမဲ့ အလွယ်တကူ မှတ်ထားနိုင်ပေမဲ့ အဆင့်မြင့်တဲ့ 'စကားဝှက် ဖောက်ထွင်းရေး' ဆော့ဗ်ဝဲနဲ့တောင် မှန်းရခက်ခဲတဲ့ စကားဝှက်တွေကို ဖန်တီးပေးနိုင်တဲ့ နည်းလမ်းတချို့ ရှိပါတယ်။ KeePass လို ကိရိယာ တစ်ခုခုကို အသုံးပြုပြီး စကားဝှက်တွေကို သိမ်းဆည်းနိုင်ပါတယ်။ အဲဒီ ဆော့ဗ်ဝဲကို ဒီလိုရည်ရွယ်ချက်အတွက် ဖန်တီးထားတာ ဖြစ်ပါတယ်။

    လုံခြုံမှုရှိတဲ့ စကားဝှက်များကို မှတ်သားခြင်း

    စကားဝှက် တစ်ခုကို ရွေးချယ်တဲ့အခါ အက္ခရာ အမျိုးမျိုးကို ရောသုံးဖို့ အရေးကြီးတယ်။ အဲဒါကို နည်းလမ်းမျိုးစုံနဲ့ ပြုလုပ်နိုင်ပါတယ် -

    • စာလုံး အကြီးအသေး ရောနှောခြင်း၊ ဥပမာ - 'My naME is Not MR. MarSter'
    • နံပါတ်တွေနဲ့ အက္ခရာတွေ တလှည့်စီရေးခြင်း၊ ဥပမာ - 'a11 w0Rk 4nD N0 p14Y'
    • သင်္ကေတ တချို့ကို ပေါင်းစပ်ခြင်း၊ ဥပမာ - 'c@t(heR1nthery3'
    • ဘာသာစကားမျိုးစုံ ရောသုံးခြင်း၊ ဥပမာ - 'Let Them Eat 1e gateaU au ch()colaT'

    ဒီနည်းလမ်းတွေက သာမန် စကားဝှက်ကို ရှုပ်ထွေးတဲ့ အနေအထား အဖြစ်ကို တိုးပွားစေနိုင်တယ်။ အဲဒါကို မှတ်ထားတဲ့အခါ အခက်အခဲမရှိပဲ ပိုပြီး လုံခြုံမှုရှိစေနိုင်တယ်။ ပိုပြီး အသုံးများတဲ့ အစားထိုးမှု ('o' အစား သုည၊ 'a' အစား '@' သင်္ကေတ သုံးစွဲမှု) ထဲက တချို့ဟာ လွန်ခဲ့တဲ့ အချိန်တုန်းက စကားဝှက် - ဖောက်ထွင်းရေး ကိရိယာတွေမှာ ထည့်သွင်း ပေါင်းစပ်ခဲ့ကြတယ်။ ဒါပေမဲ့ အခုထက်ထိ အသုံးဝင်နေဆဲ ဖြစ်တယ်။ အဲဒီ စကားဝှက် ဖောက်ထွင်းရေး ကိရိယာတွေဟာ စကားဝှက်တစ်ခုကို ဖေါ်ထုတ်ရာမှာ အချိန် ပိုယူနေကြရပြီး၊ အဲဒီ အခြေအနေမျိုးတွေမှာ ဒီလို ကိရိယာတွေကို အသုံးပြုလို့ မရနိုင်အောင်၊ ခန့်မှန်းရ ခက်ခဲအောင် စီစဉ်ထုတ်လုပ်ထားကြတယ်။

    စကားဝှက်တွေဟာ ရှေးရိုးဆန်တဲ့ အတိုကောက် စာလုံးတွေကို အသုံးပြုတဲ့ မှတ်ဉာဏ်ကူ ကိရိယာတွေရဲ့ အကူအညီကိုလည်း ရယူထားနိုင်တယ်။ ဒီကိရိယာက ရှည်လျားတဲ့ စကားစုတွေကို ရှုပ်ထွေးတဲ့ ကျပန်း စာလုံးတွေအဖြစ် ပြောင်းပေးနိုင်တယ်။ - - 'To be or not to be? မေးခွန်းဟာ '2Bon2B?TitQ' ဖြစ်လာတယ်။ - 'We hold these truths to be self-evident: that all men are created equal' ဆိုတဲ့ စာကြောင်းဟာ 'WhtT2bs-e:taMac=' ဖြစ်လာတယ်။ - 'Are you happy today?' ဆိုတဲ့ စာကြောင်းဟာ 'rU:-)2d@y?' ဖြစ်လာတယ်။

    ဒါတွေဟာ စာလုံးတွေနဲ့ စကားစုတွေကို တပြိုင်ထဲ ရောထွေးစေပြီး မှတ်မိဖို့ လွယ်ကူအောင် ကိုယ်ပိုင် စာဝှက်ရေးသားတဲ့နည်းကို ဖေါ်ပြတဲ့ ဥပမာ တချို့ပဲ ဖြစ်တယ်။

    စကားဝှက် တစ်ခုကို ပိုပြီး ရှုပ်ထွေးသွားအောင် လုပ်ဖို့ အဆင့်ဆင့် လုပ်ယူရတယ်။ စကားဝှက် တစ်ခုမှာ အက္ခရာတွေ၊ နံပါတ်တွေ၊ အထူး အက္ခရာစာလုံးတွေကို ပေါင်းထည့်ပြီး ၄င်းရဲ့ အရှည်ကို တိုးချဲ့ပေးခြင်းဖြင့် စကားဝှက်ကို ဖေါ်ထုတ်ဖို့ ပိုမို ခက်ခဲသွားစေတယ်။ သရုပ်ပြတဲ့အနေနဲ့၊ အောက်မှာ ဖေါ်ပြတဲ့ ဇယားကွက်ထဲမှာ စကားဝှက်ဖေါ်သူ တစ်ဦးဟာ ရှုပ်ထွေးတဲ့ စကားဝှက်တွေကို ဖေါ်ထုတ်ဖို့အတွက် စကားဝှက် ပေါင်းစပ်မှု မျိုးစုံကို သုံးပြီး အချိန်ယူရမဲ့ ကြာချိန်ကို ဖေါ်ပြပေးထားတယ်။

    <table width="100%" border="1"><tbody> <tr> <th>စကားဝှက် နမူနာ</th> <th>နေ့စဉ်သုံး ကွန်ပျူတာဖြင့် ဖေါက်ထွန်းရာတွင် ကြာမဲ့အချိန်</th> <th>အလွန် လျင်မြန်သည့် ကွန်ပျူတာဖြင့် ဖေါက်ထွန်းရာတွင် ကြာမဲ့အချိန်</th></td> </tr> <tr> <td>Bananas</td> <td>တစ်ရက်ထက် လျှော့နည်း</td> <td>တစ်ရက်ထက် လျှော့နည်း</td> </tr> <tr> <td>bananalemonade</td> <td>၂ ရက်</td> <td>တစ်ရက်ထက် လျှော့နည်း</td> </tr> <tr> <td>BananaLemonade</td> <td>၃ လ၊ ၁၄ ရက်</td> <td>တစ်ရက်ထက် လျှော့နည်း</td> </tr> <tr> <td>B4n4n4L3m0n4d3</td> <td>ရာစုနှစ် ၃ ရာစု၊ ဆယ်စုနှစ် ၄ နှစ်</td> <td>၁ လ၊ ၂၆ ရက်</td> </tr> <tr> <td>We Have No Bananas</td> <td>ရာစုနှစ်ပေါင်း ၁၉၁၅၁၄၆၆ ရာစု</td> <td>ရာစုနှစ်ပေါင်း ၃၉၉၀ ရာစု</td> </tr> <tr> <td>W3 H4v3 N0 B4n4n45</td> <td>ရာစုနှစ်ပေါင်း ၂၀၂၁၀၂၁၃၇၂၂၇၄၂</td> <td>ရာစုနှစ်ပေါင်း ၄၂၁၀၄၆၁၁၉၂</td> </tr> </table>

    ဟုတ်ပါတယ်၊ အပေါ်က စကားဝှက်တွေကို ဖေါ်ထုတ်ရာမှာ ကြာမဲ့အချိန်ဟာ တိုက်ခိုက်ပုံ အနေအထား၊ တိုက်ခိုက်သူက ရယူသုံးစွဲနိုင်တဲ့ အရင်းအမြစ်တွေအပေါ် မူတည်ပြီး အများကြီး ကွာခြားနိုင်တယ်။ ဒီ့အပြင်၊ စကားဝှက် ဖေါ်ထုတ်နည်းသစ်တွေကို အမြဲပဲ သုံးစွဲနေကြတယ်။ အမြဲတမ်း မှန်ကန်နေတာက၊ အက္ခရာတွေကို ပြောင်းလဲလိုက်ရုံ၊ စာလုံး နှစ်လုံး (သို့) စကားစုလေးကို ထည့်သွင်း သုံးစွဲလိုက်ရုံနဲ့ အဲဒီ စကားဝှက်ဟာ ချိုးဖေါက်ဖို့ ပိုမို ခက်ခဲသွားပုံကို အထက်ပါ ဇယားကွက်က သရုပ်ပြဖေါ်ပြပေးထားတယ်။

    အပေါ်က ဇယားကွက်ဟာ Passfault တွက်ချက်နည်းကို အခြေခံထားတာ ဖြစ်တယ်။ Passfault ဆိုတာ မိမိရဲ့ စကားဝှက် ကြံ့ခိုင်မှုကို စမ်းသပ်ပေးတဲ့ ကွန်ရက်စာမျက်နှာတွေထဲက တစ်ခု ဖြစ်တယ်။ သို့သော်၊ အဲဒီ အရင်းအမြစ်မျိုးဟာ စကားဝှက် ပုံစံအမျိုးမျိုးနဲ့ ဆက်နွှယ်တဲ့ အားသာချက်တွေကို သရုပ်ပြရာမှာ သင့်လျှော်ပေမဲ့၊ မိမိရဲ့ စကားဝှက်အမှန်ကို အဲဒီ ကွန်ရက် စာမျက်နှာတွေမှာ ဖေါ်ပြခြင်း မပြုမိဖို့ ရှောင်ရှားပါ။

    စကားဝှက်များကို လုံလုံခြုံခြုံ သိမ်းဆည်းခြင်း

    အနည်းငယ် တီထွင်ကြံဆလိုက်ရင် မိမိရဲ့ စကားဝှက်အားလုံးကို မှတ်မိနိုင်သလို၊ အဲဒီ စကားဝှက်တွေကို အမြဲတမ်း ပြောင်းနေရတဲ့အတွက် မိမိရဲ့ တီထွင် ကြံဆမှုဟာ ကုန်ခန်းသွားနိုင်တယ်။ တခြား ရွေးစရာအနေနဲ့ ကျပန်းစနစ်ဖြစ်ပြီး လုံခြုံတဲ့ စကားဝှက်တွေကို အကောင့် အတော်များများမှာ ဖန်တီးလိုက်ရင် အဲဒီ စကားဝှက် အားလုံးကို မှတ်ထားနေရတဲ့ အယူအဆကို စွန့်လွှတ်နိုင်တယ်။ အဲဒီ စကားဝှက်တွေကို KeePass လို အိတ်ဆောင်ပုံစံ ဖြစ်ပြီး စာဝှက်ပေးနိုင်တဲ့ အပြင် လုံခြုံမှု ရှိတဲ့ စကားဝှက် ဒေတာဘေ့စ် ထဲကို သိမ်းဆည်းထားနိုင်တယ်။

    လက်ကမ်း စာစောင်များ - KeePass - လုံခြုံတဲ့ စကားဝှက် သိမ်းဆည်းရေး လမ်းညွှန် ကို စတင် သုံးစွဲခြင်း

    ဟုတ်ပါတယ်။ အကယ်လို့ ဒီနည်းလမ်းကို အသုံးပြုတယ် ဆိုရင်၊ KeePass (သို့) မိမိ ရွေးချယ် အသုံးပြုတဲ့ ကိရိယာ တစ်ခုခုနဲ့ လုံခြုံရေး အားကောင်းတဲ့ စကားဝှက် တစ်ခုကို ဖန်တီးပြီး မှတ်သားထားဖို့ အထူး အရေးကြီးတယ်။ အကောင့် တစ်ခုခုရဲ့ စကားဝှက်ကို ရေးထည့်ဖို့ လိုအပ်လာတဲ့အခါ မာစတာ စကားဝှက် ကိုပဲ သုံးပြီး ဝင်ရောက်နိုင်တယ်။ အပေါ်မှာ ဖေါ်ပြထားတဲ့ အကြံပြုထားချက်တွေ အားလုံးကို လိုက်နာခြင်းဖြင့် ပိုမို လွယ်ကူသွားစေနိုင်တယ်။ KeePass ဟာ အိတ်ဆောင် ဖြစ်တယ်။ ဆိုလိုတာက မိမိရဲ့ ပင်ရင်း ကွန်ပျူတာနဲ့ ဝေးကွာနေတဲ့ အချိန်မှာ စကားဝှက် တစ်ခုခုနဲ့ ဖွင့်ကြည့်ဖို့ လိုအပ်လာတဲ့အခါ အသုံးပြုလို့ ရအောင် USB မှတ်ဉာဏ်ချောင်း တစ်ခုခုထဲမှာ စကားဝှက် ဒေတာဘေ့စ်ကို ထည့်ထားနိုင်တယ်။

    ဒါဟာ အကောင့် အများကြီး ရှိထားတဲ့ လူတွေအတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်နိုင်ပေမဲ့ ဒီနည်းလမ်းမှာ အားနည်းချက် အနည်းငယ်တော့ ရှိတယ်။ ပထမအနေနဲ့ အကယ်လို့ မိမိရဲ့ တစ်ခုတည်းသော စကားဝှက် ဒေတာဘေ့စ်ဟာ မတော်တဆ ပျောက်သွားတယ် (သို့) ပယ်ဖျက်မိတယ် ဆိုရင် အဲဒီ စကားဝှက်တွေနဲ့ သက်ဆိုင်တဲ့ အကောင့်တွေကို ဖွင့်နိုင်တော့မှာ မဟုတ်ဘူး။ ဒါကြောင့် မိမိရဲ့ KeePass ဒေတာဘေ့စ်ကို အရန်သင့် သိမ်းဆည်းထားဖို့ အလွန် အရေးကြီးပါတယ်။ အရန်သင့် သိမ်းဆည်းနည်းနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်ကို အခန်း ၅။ ဆုံးရှုံးသွားတဲ့ သတင်း အချက်အလက်များကို ပြန်ဆယ်နည်း ထဲမှာ ဖတ်ရှုလေ့လာနိုင်တယ်။ ကံကောင်းတာကတော့၊ မိမိရဲ့ ဒေတာဘေ့စ်ကို စာဝှက်ထားတဲ့အတွက် အဲဒီ ဒေတာဘေ့စ် ကော်ပီ တစ်ခု ပါတဲ့ USB မှတ်ဉာဏ်ချောင်း တစ်ခုခု (သို့) အရန်သင့် သိမ်းဆည်းတဲ့ drive တစ်ခုခု ပျောက်သွားရင်လည်း စိတ်ပျက်နေစရာ မလိုဘူး။

    ဒုတိယ အားနည်းချက်ကြီးကတော့ ပိုပြီး အရေးကြီးနိုင်ပါတယ်။ အကယ်လို့ KeePass ရဲ့ မာစတာ စကားဝှက်ကို မေ့သွားတယ် ဆိုရင် အဲဒါကို ပြန်ဆယ်တင်နိုင်ဖို့ (သို့) ဒေတာဘေ့စ်ထဲက အကြောင်းအရာကို ရရှိနိုင်ဖို့ တခြား နည်းလမ်း မရှိတော့ပါဘူး။ ဒါကြောင့်၊ လုံခြုံပြီး မှတ်မိရ လွယ်ကူတဲ့ မာစတာ စကားဝှက်ကို ရွေးချယ်ထားသင့်တယ်။

    ဒီနည်းလမ်းရဲ့ အားသားချက်ဟာ၊ တချို့အခြေအနေတွေမှာ၊ ၄င်းရဲ့ အားနည်းချက် ဖြစ်သွားနိုင်တယ်။ အကယ်လို့ တစ်ဦးတစ်ယောက်က မိမိရဲ့ KeePass ဒေတာဘေ့စ်သုံး မာစတာ စကားဝှက်ကို အဓမ္မ တောင်းခံလာတယ် ဆိုရင်၊ KeePass ဒေတာဘေ့စ်ထဲမှာ သိမ်းထားတဲ့ စကားဝှက် အားလုံးကို ရရှိနိုင်မှာ ဖြစ်တယ်။ ဒီလို အခြေအနေမျိုးကို သင် ရင်ဆိုင်နေရမယ် ဆိုရင်၊ မိမိရဲ့ KeePass ဒေတာဘေ့စ်ကို အထိခိုက်မခံတဲ့ ဖိုင်အဖြစ် မှတ်ယူနိုင်ပြီး၊ အခန်း ၄ - ကွန်ပျူတာထဲမှ အထိခိုက်မခံသော ဖိုင်များကို ကာကွယ်နည်းထဲမှာ ဖေါ်ပြတဲ့အတိုင်း ကာကွယ်ထားနိုင်တယ်။ သီးခြား KeePass ဒေတာဘေ့စ် တစ်ခုနဲ့ စကားဝှက်ကို ဖန်တီးပြီး ပိုမို အရေးကြီးတဲ့ သတင်း အချက်အလက်တွေကို ကာကွယ်နိုင်တဲ့အပြင်၊ အဲဒီ ဒေတာဘေ့စ်အတွက် အထူး ကြိုတင် ပြင်ဆင်မှုတွေ လုပ်ဆောင်နိုင်တယ်။

    မင်ဆို - ခဏနေပါအုံး။ အကယ်လို့ KeePass က တခြား စကားဝှက် အားလုံးကို ကာကွယ်နိုင်ဖို့ မာစတာ စကားဝှက် တစ်ခုထဲကို အသုံးပြုနေရတယ် ဆိုရင်၊ စကားဝှက် တစ်ခုထဲကိုပဲ တခြား အကောင့်အားလုံးမှာ အသုံးပြုနေတာထက် ဘယ်လိုလို့ ပိုပြီး လုံခြုံနိုင်မလဲ။ အကယ်လို့ လူဆိုး တစ်ယောက်ယောက်က မာစတာ စကားဝှက် ကို သိသွားတယ်ဆိုရင် စကားဝှက် အားလုံးကို ရသွားနိုင်တယ် မဟုတ်ဘူးလား။

    မက်ဒါ - ဒါဟာ ကောင်းတဲ့ စဉ်းစားချက်ပဲ။ မာစတာ စကားဝှက်ကို ကာကွယ်ဖို့ဆိုတာ တကယ်ပဲ အရေးကြီးပါတယ်။ ဒါပေမဲ့ မတူခြားနားတဲ့ ကီး တချို့ ရှိပါတယ်။ ပထမဆုံး အနေနဲ့၊ ဒီ'လူဆိုး'က မိမိရဲ့ စကားဝှက်ကိုပဲ လိုချင်နေမှာ မဟုတ်ပဲ၊ KeePass ဒေတာဘေ့စ်ဖိုင်ကိုပါ လိုအပ်နေမှာ ဖြစ်တယ်။ အကယ်လို့ စကားဝှက် တစ်မျိုးထဲကိုပဲ တခြား အကောင့်အားလုံးမှာ အသုံးပြုနေတယ် ဆိုရင်တော့ အဲဒီ စကားဝှက်ကိုပဲ သူ လိုအပ်နေမှာ ဖြစ်တယ်။ ဒါ့အပြင် KeePass ဟာ အင်မတန် လုံခြုံတယ်လို့ ကျွန်တော်တို့ သိထားကြတယ်။ ဟုတ်တယ်နော်။ ကောင်းပါပြီ။ တခြား ပရိုဂရမ်တွေနဲ့ ကွန်ရက် စာမျက်နှာတွေလည်း နည်းလမ်း တစ်မျိုးမျိုးကို အသုံးပြုနေနိုင်တယ်။ တချို့ဟာ တခြားဟာတွေထက် လုံခြုံရေး ပိုအားနည်းနေကြတယ်။ အားနည်းတဲ့ ကွန်ရက် စာမျက်နှာထဲကို ဘယ်သူမှ မဖေါက်ထွင်းစေချင်ဘူး ဆိုရင် ပိုပြီး လုံခြုံတဲ့ အကောင့်တစ်ခုခုထဲ ဝင်ရောက်နိုင်တဲ့ နည်းလမ်းကို အသုံးပြုရတော့မှာ ဖြစ်တယ်။ အခြားလည်း ရှိပါသေးတယ်။ အကယ်လို့ လိုအပ်လာတယ် ဆိုရင် မိမိရဲ့ မာစတာ စကားဝှက်ကို KeePass ကို သုံးပြီး အလွယ်တကူ ပြောင်းနိုင်ပါတယ်။ ကျွန်တော် တော်တော် ကံကောင်းတာပဲ။ ဒီနေ့ တနေကုန် ကျွန်တော့်ရဲ့ စကားဝှက်အားလုံးကို မွမ်းမံဖို့ အချိန်ပေးနိုင်ခဲ့လို့လေ။

    ဆက်လက် ဖတ်ရှုရန်