Spybot - Spyware ဖယ်ရှားရေး ကိရိယာ

မာတိကာ

...Loading Table of Contents...

    Spybot Search & Destroy ကို ကွန်ပျူတာထဲက malware, adware နဲ့ spyware အမျိုးမျိုးကို ရှာဖွေပြီး ဖယ်ရှားရာမှာ အသုံးပြုတယ်။ Updates တွေကို အခမဲ့ ရယူနိုင်ပြီး အင်တာနက် ကြည့်ရှုတဲ့အခါ သိရှိပြီးတဲ့ malware ရဲ့ တိုက်ခိုက်လာမှုကို ခံနိုင်ရည် ရှိစေပါတယ်။

    ပင်မ စာမျက်နှာ

    www.safer-networking.org/en

    ကွန်ပျူတာ လိုအပ်ချက်များ

    • Windows ဗားရှင်း အားလုံး

    ဒီလမ်းညွှန်ထဲမှာ အသုံးပြုသော ဗားရှင်း -

    • ၁.၆.၂

    လိုင်စင် ခွင့်ပြုချက် -

    • အခမဲ့ ဆော့ဗ်ဝဲ

    ဖတ်ရှုရမဲ့ အကြောင်းအရာများ -

    အဆင့် - ၁။ လက်သင်၊ ၂။ ပျမ်းမျှ၊၊ ၃။ အလယ်အလတ်၊ ၄။ အတွေ့အကြုံရှိသော၊ ၅။ အဆင့်မြင့်

    ဒီဆော့ဗ်ဝဲကို စတင် သုံးစွဲဖို့ လိုအပ်တဲ့ အချိန် - ၂၀ မိနစ်

    ပြန်လည်ရရှိမဲ့ အကျိုးကျေးဇူးများ -

    • Malware နဲ့ spyware အမျိုးအစား အမျိုးမျိုးကို ဖယ်ရှားလို့ ရမယ်။
    • ကွန်ပျူတာကို အန္တရာယ်ပြုတဲ့ ရန်တွေနဲ့ ခြိမ်းခြောက်မှုတွေက တိုက်ခိုက် မလာခင် ခံနိုင်ရည် ရှိစေမှာ ဖြစ်ပါတယ်။

    GNU Linux, Mac OS နဲ့ တခြား Microsoft Windows တွေနဲ့ လိုက်ဖက်တဲ့ ပရိုဂရမ်များ -

    GNU Linux နဲ့ Mac OS လို Operating Systems တွေကို လက်ရှိအချိန်မှာ malware (spyware, ဗိုင်းရပ်စ်တွေ) က လုံးဝနီးပါး တိုက်ခိုက်လို့ မရဘူး။ ကိုယ့်ဟာကိုယ် အကာအကွယ်လုပ်ဖို့ ၁) Operating system နဲ့ အထဲမှာ Install လုပ်ထားတဲ့ ပရိုဂရမ် အားလုံးကို ပုံမှန် Update လုပ်ပါ။ ၂) Avast အခန်းမှာ ဖော်ပြတဲ့ ဗိုင်းရပ်စ် ဖယ်ရှားရေး ပရိုဂရမ်ကို အသုံးပြုပါ။ ၃) Comodo အခန်းမှာ ဖော်ပြတဲ့ Firewall ကို အသုံးပြုပါ။ ၄) ကွန်ရက် စာမျက်နှာတွေ ဖွင့်လိုက်တဲ့အခါ ပါလာတတ်တဲ့ script တွေကို တားဆီးပေးနိုင်တဲ့ NoScript add-on ကို Install လုပ်ထားတဲ့ Firefox လို လုံခြုံမှု ရှိတဲ့ Browser ကို အသုံးပြုပါ။ ဒီလို ကာကွယ်မှုတွေကြောင့် GNU Linux ဒါမှမဟုတ် Mac OS ကို ပိုပြီး လုံခြုံရေး အားကောင်းစေမှာ ဖြစ်တယ်။

    Microsoft Windows ကို အသုံးပြုထားတဲ့ ကွန်ပျူတာတွေရဲ့ လုံခြုံရေး အခြေအနေကတော့ လုံးဝ ခြားနားတယ်။ ထောင်ချီတဲ့ malware တွေကို နေ့စဉ် နေ့တိုင်း ဖန်တီးနေကြတယ်။ တိုက်ခိုက်တဲ့ ပုံစံတွေကလည်း ပိုပြီး ရှုပ်ထွေးလာတယ်။ အရင် စာပိုဒ်ထဲမှာ ဖော်ပြတဲ့ ကာကွယ်နည်းတွေဟာ Microsoft Windows သုံးတဲ့ ကွန်ပျူတာတွေအတွက် သတ်မှတ်ချက် ဖြစ်တယ်။ ဒီအခန်းမှာ ဖော်ပြတဲ့ Spybot သုံးစွဲနည်းကို အသုံးပြုဖို့ အထူး အကြံပြုထားတယ်။

    အကယ်လို့ ကွန်ပျူတာကို ကြိုတင်ကာကွယ်မှုတွေ လုပ်ထားလျက်နဲ့ အတိုက်ခိုက် ခံရတဲ့အတွက် တခြား ဆော့ဗ်ဝဲ ကိရိယာတွေကို အသုံးပြုဖို့ လိုအပ်လာတယ် ဆိုရင်၊ အောက်ပါ အချက်တွေကို လုပ်ဆောင်ပါ -

    ၁။ SuperAntiSpyware ကို Install လုပ်လိုက်ပါ၊ spyware definitions ကို update လုပ်ပြီး ကွန်ပျူတာကို စကင်ဖတ် စစ်ဆေးလိုက်ပါ။ ၂။ Malwarebytes Anti-Malware ကို Install လုပ်လိုက်ပါ၊ Quick Scan ကို ရွေးပါ၊ ပြီးသွားရင်း Scan နှိပ်လိုက်ပြီး Show Results မှာ ပြလာတဲ့ malware ကို ဖယ်ရှားလိုက်ပါ။ ၃။ Microsoft Windows Defender, Ad-Aware Internet Security (သို့) SpywareBlaster လို တခြား အခမဲ့ anti-spyware ပရိုဂရမ်တွေကို အသုံးပြုပါ။

    ၁.၁ ဒီပရိုဂရမ်ကို စတင် အသုံးမပြုခင် သိထားသင့်တဲ့အချက်များ

    Spybot S&D ဆိုတာ သင့် ကွန်ပျူတာထဲက adware, malware နဲ့ spyware အမျိုးအစား အမျိုးမျိုးကို ရှာဖွေပြီး ဖယ်ရှားပေးတဲ့ လူသိများတဲ့ အခမဲ့ ပရိုဂရမ် တခု ဖြစ်တယ်။ ကွန်ပျူတာကို adware, malware နဲ့ spyware တွေရဲ့ ဒဏ်ကို ခံနိုင်ရည် ရှိစေပြီး Spybot ကို Install လုပ်လိုက်တာနဲ့ ကွန်ပျူတာကို တိုက်ခိုက် မလာအောင် အကာအကွယ် ပေးပါတယ်။

    Adware ဆိုတာ ကွန်ပျူတာမှာ ပေါ်လာတတ်တဲ့ ကုန်ပစ္စည်းတွေကို ကြော်ငြာတဲ့ ဆော့ဗ်ဝဲ ဖြစ်တယ်။ spyware လို ထင်ရှားတဲ့ adware အမျိုးအစား တချို့ဟာ သင့်ရဲ့ ကိုယ်ရေးကိုယ်တာနဲ့ လုံခြုံရေးကို ထိခိုက်စေနိုင်ပါတယ်။

    Malware (ဥပမာ trojans နဲ့ worms) ဆိုတာ ခွင့်ပြုချက်မရှိပဲ (သို့) မသိလိုက်ရပဲ ကွန်ပျူတာရဲ့ လည်ပတ်မှုကို အနှောင့်အယှက် ဖြစ်အောင် (သို့) ထိန်းချုပ်ထားနိုင်အောင် စီမံထုတ်လုပ်ထားတဲ့ ပရိုဂရမ် အမျိုးအစား ဖြစ်ပါတယ်။

    Spyware ဆိုတာ ဒေတာကို စုဆောင်းတာ၊ စောင့်ကြည့်တာတွေ လုပ်ပြီး သင့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်ကို မှတ်တမ်းတင်တဲ့အပြင်၊ သင့်ရဲ့ အင်တာနက် သုံးစွဲမှု အလေ့အထတွေကို ခြေရာခံတဲ့ ပရိုဂရမ် အမျိုးအစား ဖြစ်ပါတယ်။ malware လိုပဲ၊ ကွန်ပျူတာထဲမှာ တိတ်တဆိတ် အလုပ် လုပ်နေပါတယ်။ Spybot လို ပရိုဂရမ်မျိုးကို Install လုပ်လိုက်ခြင်းဖြင့် အဲဒီလိုမျိုး အန္တရာယ်ကနေ ကွန်ပျူတာကို အကာအကွယ် ပေးနိုင်ပါတယ်။

    Spybot က TeaTimer လို့ခေါ်တဲ့ နောက်ထပ် ပရိုဂရမ် တမျိုးကိုလည်း Install လုပ်ပေးပါတယ်။ ၄င်းက ကွန်ပျူတာကို malware အသစ်တွေရဲ့ တိုက်ခိုက်မှု ရန်ကနေ အကာအကွယ် ပေးမှာ ဖြစ်တယ်။

    မှတ်ချက် - Windows Vista မှာ Windows Defender လို့ခေါ်တဲ့ အရံသင့် Install လုပ်ထားတဲ့ ကိုယ်ပိုင် anti-spyware ပရိုဂရမ် ရှိပါတယ်။ ဒါပေမဲ့ Windows Vista က Spybot ကို အနှောင့်အယှက် မရှိ အလုပ် လုပ်စေနိုင်မှာ ဖြစ်ပါတယ်။

    Spybot ကို ဒေါင်းလုဒ် လုပ်ခြင်း

    • လက်ကမ်းလမ်းညွှန် မိတ်ဆက် အကျဉ်းချုပ်ကို ဖတ်ရှုပါ။
    • Download လုပ်ယူရမဲ့ www.safer-networking.org/en/mirrors/ စာမျက်နှာကို ဖွင့်ဖို့ အောက်က Spybot icon ကို နှိပ်ပါ။
    • "Download here" ခလုတ်ကို နှိပ်ပြီး ဖွင့်လာတဲ့ စာမျက်နှာပေါ်မှာ ပြထားတဲ့ Download ထားရမဲ့ နေရာ တခုခုကို ရွေးလိုက်ပါ။
    • Installation ပရိုဂရမ်ကို Download လုပ်လိုက်ပါ။ အဲဒါပြီးရင် ၄င်းကို နှစ်ချက် နှိပ်လိုက်ပါ။
    • Spybot ကို အောင်အောင်မြင်မြင် Install လုပ်ပြီးတဲ့နောက်မှာ Installation ပရိုဂရမ်ကို ကွန်ပျူတာထဲကနေ ပယ်ဖျက်နိုင်ပါတယ်။

    Spybot:

    Spybot ကို Install လုပ်ပြီး အသုံးပြုနည်း

    ဒီစာမျက်နှာမှာ ပါဝင်တဲ့ အပိုင်းများ -

    ၂.၀ Spybot ကို Install လုပ်နည်း

    အဆင့် ၁ ကို နှစ်ချက်နှိပ်လိုက်ပါ၊ Open File - Security Warning စာမျက်နှာ ပေါ်လာလိမ့်မယ်။ ပေါ်လာတဲ့အခါ၊ အောက်က မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်လိုက်ပါ။ -

    ပုံ ၁ - ဘာသာစကား ရွေးချယ်တဲ့ မျက်နှာပြင် ပြပုံ

    အဆင့် ၂။ Setup - Spybot Password Safe – Welcome to the Spybot - Search & Destroy Setup Wizard မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်လိုက်ပါ။

    အဆင့် ၃။ License Agreement မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်လိုက်ပါ။ ကျန်တဲ့ Installation လုပ်ငန်းစဉ်ကို ဆက်မလုပ်ခင် License Agreement ကို ဖတ်ရှုပါ။

    အဆင့် ၄။ Next ခလုတ်ကို ဖွင့်နိုင်ဖို့ I accept the agreement option ကို Check လိုက်ပြီး Select Destination Location မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်လိုက်ပါ။

    အဆင့် ၅။ အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်လိုက်ပါ။ -

    ပုံ ၂ - Select Components မျက်နှာပြင် ပြပုံ

    အဆင့် ၆။ မျက်နှာပြင်ဟာ အပေါ်က ပုံ ၂ နဲ့ ဆင်တူဖို့ သင့်တော်တဲ့ အစိတ်အပိုင်းတွေကို Check လုပ်ပြီး၊ Select Start Menu Folder ကို သက်ဝင်စေဖို့ ကို နှိပ်လိုက်ပါ။

    အဆင့် ၇။ Default ဖိုင်တွဲ တည်နေရာကို အတည်ပြုဖို့ ကိုနှိပ်လိုက်ပြီး Select Additional Tasks မျက်နှာပြင်ကို သက်ဝင်စေပါ။

    အဆင့် ၈Ready to Install မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်လိုက်ပြီး၊ Installing မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်လိုက်ပါ။

    အဆင့် ၉။ Installation လုပ်ငန်းစဉ်ကို အပြီးသတ်ဖို့ ကို နှိပ်လိုက်ပြီး Spybot - Search & Destroy ကို ဖွင့်လိုက်ပါ။

    ၂.၁ Spybot အကြောင်း

    Spybot ထိထိရောက်ရောက် သုံးစွဲတဲ့နေရာမှာ ပါဝင်တဲ့ အခြေခံ အဆင့် နှစ်ခု ရှိတယ်။ -

    • Detection Rules နဲ့ Immunization databases ကို Spybot ဆီက သင့်တော်တဲ့ နောက်ဆုံးထွက် Updates တွေနဲ့ မွမ်းမံခြင်း

    • Spybot ကို အလုပ်လုပ်စေခြင်း။ ဒီနေရာမှာ အရင်က ဆွဲချခဲ့တဲ့ detection rules, immunisation databases (သို့) Updates တွေဟာ ကွန်ပျူတာကို ခံနိုင်ရည် ပိုရှိစေပြီး ကွန်ပျူတာထဲက spyware တိုက်ခိုက်မှုတွေကို စစ်ဆေးပေး၊ ဖယ်ရှားပေးတာတွေ လုပ်ဆောင်ပေးပါတယ်။

    မှတ်ချက် - အဆင့်မြင့် သော့ချက် ရွေးချယ်မှုတွေကို ခြုံငုံသုံးသပ်ဖို့၊ အပိုင်း ၃.၀ အဆင့်မြင့် ရွေးချယ်မှုများကို ကြည့်ရှုပါ။

    ၂.၂ Spybot ကို ပထမဆုံးအကြိမ် အသုံးပြုနည်း

    Installation ပြီးသွားတဲ့အခါ၊ Spybot ဟာ အလိုအလျှောက် ဖွင့်လာမှာ ဖြစ်ပြီး အောက်ပါအတိုင်း Legal stuff* မျက်နှာပြင်ကို ပြလာပါလိမ့်မယ်။*-

    ပုံ ၃။ Legal stuff မျက်နှာပြင် ပြပုံ

    မှတ်ချက် - နောက်တခါ Spybot ကို ဖွင့်ဖို့၊ ကို နှစ်ချက် နှိပ်လိုက်ပါ၊ (သို့) Start > All Programs > Spybot - Search & Destroy > Spybot - Search & Destroy ကို ရွေးလိုက်ပါ။

    အဆင့် ၁Spybot - Search & Destroy (ပုံ ၈) နဲ့ Create registry backup မျက်နှာပြင်တွေကို အောက်မှာ ပြထားတဲ့အတိုင်း သက်ဝင်စေဖို့ ကို နှိပ်လိုက်ပါ။ -

    ပုံ ၄ - Spybot-S&D Wizard ရဲ့ Create registry backup မျက်နှာပြင် ပြပုံ

    မှတ်ချက် - registry ကနေ backup တခုကို ပြုလုပ်ဖို့ အလေးအနက် အကြံပြုလိုတယ်။ Windows Registry အကြောင်းကို ခြုံငုံသုံးသပ်တဲ့ အချက်အလက် အသေးစိတ်ကို CCleaner မှာ ကြည့်ရှုပါ။

    အဆင့် ၂။ system registry ကနေ back up တခုကို ပြုလုပ်ပြီး သိမ်းဆည်းဖို့ ပုံ ၄ ထဲက ကို နှိပ်လိုက်ပါ။

    အဆင့် ၃Spybot - Search for Updates မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်လိုက်ပါ။ အကယ်လို့ အင်တာနက်နဲ့ ချိတ်ထားရင်၊ အောက်ပါအဆင့်အတိုင်း လုပ်ပါ - အဆင့် ၄Search for Updates ဝင်းဒိုးကို သက်ဝင်စေဖို့ ကို နှိပ်လိုက်ပြီး၊ အပိုင်း ၂.၃ Spybot ရဲ့ Detection Rules နဲ့ Immunization Databases မွမ်းမံနည်းထဲကို တိုက်ရိုက် သွားပါ။

    • အကယ်လို့ အင်တာနက်နဲ့ မချိတ်ထားရင်၊ အောက်က အဆင့်အတိုင်း လုပ်ပါ။-

    အဆင့် ၅Immunize this system ဝင်းဒိုးကို သက်ဝင်စေဖို့ ကို နှိပ်လိုက်ပြီး၊ ကွန်ပျူတာရဲ့ ခံနိုင်ရည်ကို အောက်ပါအတိုင်း မြှင့်လိုက်ပါ -

    ပုံ ၅ - ခံနိုင်ရည် မြှင့်တင်မှု အနေအထားပြ ဘားတန်း ပြပုံ

    မှတ်ချက် - အကယ်လို့ သင့်ရဲ့ Browser ကို ဖွင့်ထားပြီး အကြောင်း တခုခုကြောင့် အသုံးမပြုပဲ ထားရင်၊ ခံနိုင်ရည် မြှင့်တင်မှု မလုပ်ခင် အောက်က မျက်နှာပြင် ပေါ်လာပါလိမ့်မယ် -

    ပုံ ၆ - Open Browser Detected မျက်နှာပြင် ပြပုံ

    အဆင့် ၆။ ဖွင့်ထားတဲ့ Browser တွေကို ပိတ်ပြီး ကွန်ပျူတာရဲ့ ခံနိုင်ရည်ကို မြှင့်တင်ဖို့ ကို နှိပ်လိုက်ပါ။

    အဆင့် ၇ ကို နှိပ်လိုက်ပြီး Immunize စနစ်ထဲက Spybot - Search & Destroy console ထဲကို ပြန်သွားဖို့ ကို နှိပ်လိုက်ပါ။

    ပုံ ၈ - Spybot - Search & Destroy console ပြပုံ

    ၂.၃ Spybot Detection စည်းကမ်းများနဲ့ Immunization ဒေတာဘေ့စ်များကို Update လုပ်နည်း

    အရေးကြီးချက် - Spybot ကို နောက်ဆုံးထွက် definitions နဲ့ အမြဲတမ်း Update လုပ်ထားဖို့ အလွန် အရေးကြီးတယ်။

    အဆင့်၁။ မွမ်းမံချက်တွေကို ဆွဲချရယူဖို့ ကွန်ရက် စာမျက်နှာတွေမှာ ရှိတဲ့ Spybot-S&D Updater ဝင်းဒိုးကို သက်ဝင်စေဖို့ Spybot-S&D ရဲ့ ဘယ်ဖက် Menu ထဲက ကို နှိပ်လိုက်ပါ။

    အဆင့် ၂။ သင် နေထိုင်တဲ့ နိုင်ငံနဲ့ အနီးဆုံး နေရာဒေသကို ရွေးချယ်ပြီး၊ ညာဖက် နှိပ်လိုက်ပါ၊ အဲဒီနောက် ပုံ ၉ မှာ ပြထားတဲ့အတိုင်း Set this server as the preferred download location ကို ရွေးလိုက်ပါ။

    • အကယ်လို့ သင့်ရဲ့ detection rules ကို အခုတလော Update လုပ်ထားလိုက်ပြီ ဆိုရင်၊ Update အသစ်တွေ မရှိကြောင်း ပြတဲ့ pop-up မျက်နှာပြင် တခု ပေါ်လာလိမ့်မယ်။

    • အကယ်လို့ detection rules တွေကို မွမ်းမံမထားရင်၊ အောက်မှာ ပြထားတဲ့အတိုင်း Update တွေကို Download လို့ရတဲ့ ဆာဗာစာရင်းကို ဖော်ပြပေးတဲ့ Spybot-S&D Updater မျက်နှာပြင် ပေါ်လာလိမ့်မယ်။ -

    ပုံ ၉ - Spybot-S&D Updater ဝင်းဒိုး ပြပုံ

    အဆင့် ၃Spybot-S&D Updater - Please select the updates to download here ဝင်းဒိုးကို သက်ဝင်စေဖို့ ကို နှိပ်လိုက်ပါ။

    အဆင့် ၄။ တွေ့ရတဲ့ options တွေ အားလုံးကို Check လုပ်လိုက်ပါ၊ နောက်ပြီး အဲဒီ Updates တွေကို စတင် Download ရယူဖို့ ကို နှိပ်လိုက်ပါ။

    ပုံ ၁၀ - Spybot-S&DUpdater မျက်နှာပြင်က detection rules, အထောက်အပံ့ ဖိုင်တွေနဲ့ immunization databases ကို ဖော်ပြနေပုံ

    မှတ်ချက် - အကယ်လို့ အဲဒီ Updates တွေကို Download လုပ်နေတုန်းမှာ ချို့ယွင်းချက် တခုခု ပေါ်လာမယ် ဆိုရင်၊ Spybot က နောက်တခေါက် ထပ်ပြီး Download လုပ်ဖို့ ပြောလာလိမ့်မယ်။- အောင်အောင်မြင်မြင် Download လုပ်ပြီးတဲ့နောက်မှာ၊ ကွန်ပျူတာရဲ့ ခံနိုင်ရည်ကို မြှင့်တင်ဖို့နဲ့ ပြဿနာတွေကို စစ်ဆေးဖို့ အောက်ကအတိုင်း အချက်ပြလာလိမ့်မယ် -

    ပုံ ၁၁ - အကြောင်းအရာဖော်ပြတဲ့ စာမျက်နှာ ပြပုံ

    အဆင့် ၆ ကို နှိပ်လိုက်ပြီး ကို ဆက်နှိပ်ပါ။

    Spybot - Search & Destroy ပင်မ မျက်နှာပြင်ကို ပြန်ရောက်သွားလိမ့်မယ်

    မှတ်ချက် - Spybot Update ကို ဘယ်အချိန်မှာ မဆို အလုပ် လုပ်စေနိုင်တယ်။ - Start > All Programs > Spybot - Search&Destroy > Update Spybot -S&D ကို ရွေးလိုက်ပါ။

    ၂.၄ ကွန်ပျူတာရဲ့ ခံနိုင်ရည်ရှိအောင် လုပ်ဆောင်နည်း

    Spybot ဟာ ကွန်ပျူတာကို "ခံနိုင်ရည်မြှင့်"ပေးပြီး spyware ရဲ့ ရန်ကနေ ကာကွယ်ပေးတယ်။ ဒါဟာ တိုက်ခိုက်လာနိုင်တဲ့ ရောဂါ အသစ်အဆန်းတွေကို အကာအကွယ် ပေးဖို့ ကာကွယ်ဆေးထိုးတာနဲ့ အတူတူပါပဲ။

    ကွန်ပျူတာရဲ့ နည်းစနစ်ကို ခံနိုင်ရည် မြှင့်တင်ပေးဖို့၊ အောက်ပါ အဆင့်တွေကို လုပ်ဆောင်ပါ -

    အဆင့် ၁။ အပေါ်က ပုံ ၆ မှာ ပြထားတဲ့အတိုင်း ခံနိုင်ရည်မြှင့်တင်မှုကို အလိုအလျှောက် စတင် လုပ်ဆောင်ဖို့ Spybot-S&D ဘေးတန်းက ကို ဒါမှမဟုတ် ကို နှိပ်ပါ။

    Immunize ဘောင်ထဲမှာ ရွေးချယ်ထားတဲ့ ကာကွယ်မှု ပုံစံအမျိုးမျိုးကို မြင်လို့ ရအောင် သင့်ရဲ့ ဝင်းဒိုးကို ချဲ့ပေးဖို့ လိုလိမ့်မယ်။

    မှတ်ချက် - ကွန်ပျူတာရဲ့ ခံနိုင်ရည်ကို မြှင့်တင်လိုက်တဲ့အတွက် ကွန်ပျူတာရဲ့ လည်ပတ်မှု တခုလုံးကို ထိခိုက်လာစေတယ်လို့ သံသယဖြစ်ရင်၊ ခံနိုင်ရည် မြှင့်တင်တဲ့ လုပ်ငန်းစဉ်ကို reverse (သို့) undo ပြန်လုပ်လိုက်ပါ။ ခံနိုင်ရည် မြှင့်တင်တာကို ပြန်ရုပ်သိမ်းဖို့ ဖြစ်ဖြစ်၊ နဂို အနေအထား အတိုင်း ပြန်ထားဖို့ပဲ ဖြစ်ဖြစ် ကို သင် နှိပ်လို့ရပါတယ်။

    ၂.၅ ပြဿနာများကို စစ်ဆေးနည်း

    သတိပေးချက် - ဖြစ်နိုင်ချေရှိတဲ့ အန္တရာယ်တွေကို စတင် စစ်ဆေးမှု မလုပ်ခင်၊ Spybot Detection rules နဲ့ Immunization databases ကို မွမ်းမံပါ။

    ပြဿနာတွေနဲ့ အန္တရာယ်တွေကို စစ်ဆေးဖို့ အောက်ပါ အဆင့်တွေကို လုပ်ဆောင်ပါ -

    အဆင့် ၁။ Spybot Search and Destroy ဘောင်ကို သက်ဝင်စေဖို့ ကို နှိပ်လိုက်ပါ။

    အဆင့် ၂။ ကွန်ပျူတာထဲမှာ အန္တရာယ်တွေ ရှိမရှိ စတင် စစ်ဆေးဖို့ (အကယ်လို့ ဒေတာ၊ ဖိုင်တွေ၊ ပရိုဂရမ်တွေ အများအပြား ရှိနေတယ် ဆိုရင်၊ မိနစ် ၂၀ ကနေ တနာရီအထိ ကြာနိုင်တယ်) ကို နှိပ်လိုက်ပါ။ Spybot အချက်ပြ မျက်နှာပြင်ဟာ အောက်ပါအတိုင်း ပေါ်လာပါလိမ့်မယ်။-

    ပုံ ၁၂ - Spybot - Search & Destroy ပရိုဂရမ်က ပြဿနာတွေကို စစ်ဆေးပေးနေပုံ

    အဆင့် ၃။ ကွန်ပျူတာထဲက ပြဿနာတွေကို စတင် စစ်ဆေးဖို့ ကို အောက်ပါအတိုင်း ကို နှိပ်လိုက်ပါ။ -

    ပုံ ၁၃ - Spybot - Search & Destroy ပရိုဂရမ်က ပြဿနာတွေကို စစ်ဆေးပေးနေပုံ

    စကင် စစ်ဆေးမှု ပြီးသွားတဲ့အခါ၊ တွေ့ရှိတဲ့ ပြဿနာ အမျိုးအစားနဲ့ အရေအတွက်ကို ဘောင်တခုထဲမှာ အောက်ပါအတိုင်း ဖော်ပြလာမှာ ဖြစ်တယ် -

    ပုံ ၁၄ - ဖြစ်နိုင်ချေရှိတဲ့ ပြဿနာတွေ (သို့) ခြိမ်းခြောက်မှုတွေကို ပြသနေတဲ့ Spybot - Search & Destroy စာမျက်နှာပြင် ပြပုံ

    အဆင့် ၄။ ပယ်ဖျက်ချင်တဲ့ အချက်တွေကိုပဲ Check လိုက်ပါ။ တွေ့ရှိရတဲ့ အချက် တချို့ဟာ (အကြောင်း တခုခုအတွက်) သိမ်းထားဖို့ လိုအပ်တဲ့ ရောင်းဝယ်ရေး ဆော့ဗ်ဝဲ ဖြစ်နေနိုင်ပါတယ်။

    သိကောင်းစရာ - အနီရောင်နဲ့ ပြထားတဲ့ အချက်တွေကို ပြဿနာ (သို့) ခြိမ်းခြောက်မှု တခုအဖြစ် သတ်မှတ်ထားတယ်။ အစိမ်းရောင်နဲ့ ပြထားတဲ့ အချက်တွေကတော့ အင်တာနက် သုံးစွဲမှုကို ခြေရာခံတာ ဖြစ်ပါတယ်။ သီးသန့်အချက် တခုခုကို ဆက်လက် ထားရှိလိုရင်၊ ၄င်းနဲ့ဆိုင်တဲ့ check box ကို un-check လုပ်လိုက်ပါ၊ ဒီလိုဆိုရင် ပယ်ဖျက်လို့ ရမှာ မဟုတ်ပါဘူး။

    အရေးကြီးချက် - တွေ့ရှိထားတဲ့ malware ကို မဖျက်ခင် (သို့) လျစ်လျူရှု မထားခင်၊ အချက် တခုစီရဲ့ အမူအကျင့်နဲ့ ဇစ်မြစ်တွေကို ရှာဖွေဖို့ လိုအပ်ပါတယ်။

    အဆင့် ၅။ အချက်အလက် ပိုပြီး မြင်တွေ့နိုင်ဖို့ Spybot ရလဒ် ဝင်းဒိုးရဲ့ ညာဖက်က ကို နှိပ်လိုက်ပါ။ အကယ်လို့ ဘာမှ ဖေါ်ပြမထားဘူး ဆိုရင်၊ အင်တာနက်ပေါ်မှာလည်း ရှာဖွေလို့ ရတယ်။ အသုံးပြုနည်း၊ ကွန်ပျူတာရဲ့ ကြံ့ခိုင်မှုနဲ့ လုံခြုံရေးအတွက် အန္တရာယ် ဖြစ်စေနိုင်တဲ့ အချက်တွေကို ရှာပါ။ ပြဿနာတွေ၊ ခြိမ်းခြောက်မှုတွေရဲ့ အကြောင်းရင်းကို ကောင်းကောင်း သိရှိထားခြင်းဖြင့် သင့်အတွက် ပိုမို စိတ်ချရမှာ ဖြစ်သလို၊ ပိုပြီး လုံခြုံမှု ရှိစေမှာ ဖြစ်ပါတယ်။

    ပုံ ၁၅ - က အကြောင်းအရာအစုံကို ဖေါ်ပြပေးနေပုံ

    အဆင့် ၅။ malware ကို ပယ်ဖျက်ဖို့ ကို နှိပ်လိုက်ပါ။

    အတည်ပြုချက်ပြတဲ့ စာမျက်နှာတခု ပေါ်လာပြီး တွေ့ရှိထားတဲ့ ပြဿနာတွေ အားလုံးကို ပယ်ဖျက်မယ် မပယ်ဖျက်ဘူး စတာတွေကို မေးလာလိမ့်မယ်။

    အဆင့် ၆။ အကယ်လို့ ပယ်ဖျက်ချင်တယ် ဆိုရင် Yes ခလုတ်ကို နှိပ်လိုက်ပါ။

    မှတ်ချက်- ကွန်ပျူတာထဲက ပြဿနာတွေကို အပတ်စဉ် အပတ်တိုင်း စကင်ဖတ် စစ်ဆေးဖို့ လိုအပ်တယ်။

    ၂.၆ Resident TeaTimer

    Resident TeaTimer ဆိုတာ နောက်ကွယ်မှာ (Spybot ကို အသုံးမပြုတဲ့အချိန်မှာတောင်) အမြဲတမ်း လည်ပတ်နေတဲ့ Spybot ပရိုဂရမ် တခု ဖြစ်တယ်။အရေးကြီးတဲ့ ကွန်ပျူတာ လည်ပတ်မှုတွေကို အနှောင့်အယှက် ပေးနိုင်တဲ့ အရာတွေက အရေးကြီးတဲ့ system configurations (သို့) settings တွေကို သွားပြီး မထိခိုက်နိုင်အောင် ၄င်းက အမြဲတမ်း စောင့်ကြည့်ပေးတယ်။ TeaTimer ဟာ အန္တရာယ်ရှိပြီး သံသယ ရှိဖို့ ကောင်းတဲ့ လှုပ်ရှားမှု တခုခုကို တွေ့ရှိလာတဲ့ အချိန်တိုင်း သုံးစွဲသူတွေကို အချက်ပေးလေ့ရှိတဲ့အတွက်၊ ဒီအချက်ပေးမှုကို (အန္တရာယ်ရှိကြောင်း အတည်ပြုပြီး) သင် လက်ခံခွင့်ပြုလို့ ရသလို ငြင်းပယ်လို့ ရတယ်။ pop-up မျက်နှာပြင်ရဲ့ နမူနာဟာ အောက်ပါအတိုင်း မြင်ရမှာ ဖြစ်တယ် -

    ပုံ ၁၆ - ပြင်ဆင်ချက်ကို လက်ခံခွင့်ပြု / ငြင်းပယ်နိုင်တဲ့ Spybot - Search & Destroy Resident TeaTimer သတိပေးချက် စာမျက်နှာ ပြပုံ

    ပရိုဂရမ် အတော်များများဟာ ကွန်ပျူတာရဲ့ အတွင်းပိုင်း လည်ပတ်မှုစနစ်အထိ ဝင်ရောက်လေ့ ရှိတဲ့အတွက်၊ လက်ခံခွင့်ပြုဖို့ / ငြင်းပယ်ဖို့ TeaTimer က မကြာခဏ မေးလာလိမ့်မယ်။ ဒီနမူနာထဲမှာ၊ Skype ကို Windows Start စာရင်းမှတ်ထဲကနေ ဖြုတ်ထားလိုက်တယ်။ ပရိုဂရမ် (ဒါဟာ အစပိုင်းမှာပဲ ဖြစ်ပျက်နေတာ မဟုတ်ဘူး) တခုခုကို Uninstall လုပ်တဲ့အချိန်တိုင်း ဒီလို အမြဲဖြစ်ပျက်နေမှာ ဖြစ်တယ်။ ဒီနေရာမှာ၊ system setting အသေးအမွှားလေး တခုကို ပြင်ဆင်ဖို့ လိုအပ်တဲ့အတွက် အဲဒါကို ခွင့်ပြုလိုက်လို့ ရတယ်။

    သိကောင်းစရာ - အကယ်လို့ သင်ဟာ TeaTimer ဝင်းဒိုး တခုထဲမှာ ဘာလုပ်ရမယ် ဆိုတာ အသေအချာ မသိရှိရင်၊ အောက်မှာ ဖော်ပြထားတဲ့အတိုင်း အချက်အလက် အသေးစိတ်ကို ကြည့်ရှုဖို့ ကို နှိပ်လိုက်ပါ။

    ပုံ ၁၇ - Spybot - Search & Destroy Startup စာမျက်နှာ ပြပုံ

    တောင်းဆိုချက် တခုရဲ့ သက်ရောက်မှုတွေ ဘာဖြစ်လာမယ် ဆိုတာ အသေအချာ မသိရင်၊ ငြင်းပယ်လိုက်တာ ပိုပြီးအန္တရာယ် ကင်းတယ်။ ဒါပေမဲ့၊ အဲဒီ တောင်းဆိုချက်ဟာ မှန်ကန်မှု ရှိတယ်လို့ အသေအချာ ပြောနိုင်တယ် ဆိုရင်၊ Spybot က ဒီသတိပေးချက်ကို နောက်တခါ ဖေါ်ပြလာမှာ မဟုတ်ပါဘူး။

    မှတ်ချက် - ပရိုဂရမ် အသစ်တခုခုကို သင် Install လုပ်လိုက်တဲ့နောက် startup အစီအစဉ်ထဲမှာ အလိုအလျောက် ပေါ်လာတဲ့အခါ TeaTimer အလုပ်လုပ်လာတာကို မကြာခဏ မြင်တွေ့ရမယ်။ ပရိုဂရမ်တခုခုကို Uninstall လုပ်တဲ့အခါမှာလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။

    သိကောင်းစရာ - Update ပေါ်လာတဲ့အခါတိုင်း TeaTimer ကို အမြဲ Update လုပ်ပါ။

    ၂.၇ ဆယ်တင်ရေး ကိရိယာကို အသုံးပြုနည်း

    ဆယ်တင်ရေး ကိရိယာဟာ လွန်ခဲ့တဲ့ အချိန်မှာ ပယ်ဖျက်လိုက်တဲ့ (သို့) ပြုပြင်လိုက်တဲ့ အချက်တခုခုကို ပြန်ဖော်ပေးနိုင်၊ ပြန်ရယူပေးနိုင်တယ်။ ဘာကြောင့်လဲ ဆိုတော့ Spybot ဟာ အရင်တုန်းက ပယ်ဖျက်ခဲ့တဲ့ အချက်တခုစီရဲ့ backup တခုကို ဖန်တီးပေးတဲ့ အတွက် ဖြစ်တယ်။ အကယ်လို့ ပယ်ဖျက်လိုက်တဲ့ malware ရဲ့ အစိတ်အပိုင်းတခုဟာ သင့်ရဲ့ ကွန်ပျူတာကို ချွတ်ယွင်းစေတယ် ဆိုရင်၊ ဆယ်တင်ရေး ကိရိယာကို သုံးပြီး ပြန်ဖော်လို့ ရပါတယ်။

    အရင်တုန်းက ပယ်ဖျက်လိုက်တဲ့ အချက် တခုကို ပြန်ဖော်ချင်ရင် အောက်ပါ အဆင့်တွေကို လုပ်ဆောင်ပါ -

    အဆင့် ၁။ ဆယ်တင်ရေး မျက်နှာပြင်ကို သက်ဝင်စေဖို့ အောက်ပါအတိုင်း ကို နှိပ်လိုက်ပါ။ -

    ပုံ ၁၈ - Spybot Search & Destroy - ဆယ်တင်ရေး စာမျက်နှာ ပြပုံ

    အဆင့် ၂။ အရင်တုန်းက ပယ်ဖျက်လိုက်တဲ့ စာရင်းထဲကနေ ဆယ်တင်လိုတဲ့ အချက်တွေကို Check လုပ်ပြီး ကို နှိပ်လိုက်ပါ။

    အတည်ပြုချက် ပြတဲ့ အညွှန်းစာမျက်နှာလေးဟာ အောက်ပါအတိုင်း ပေါ်လာလိမ့်မယ် -

    ပုံ ၁၉ - အတည်ပြုချက် အညွှန်းစာမျက်နှာ ပြပုံ

    အဆင့် ၃။ ရွေးလိုက်တဲ့ အချက်တွေကို ဆယ်တင်ဖို့ ကို နှိပ်လိုက်ပါ။

    အဆင့် ၄။နောက်တမျိုးနဲ့၊ ရွေးချယ်ထားတဲ့ ဖိုင်တွေအားလုံးကို ဖယ်ရှားပစ်ဖို့ ကို နှိပ်လိုက်ပါ။ ဒါပေမဲ့ ရှင်းလင်းပစ်လိုက်တဲ့ အချက်တွေကို ပြန်ပြီး ဆယ်တင်လို့ ရမှာ မဟုတ်တော့ဘူးဆိုတာ သတိရပါ။

    Spybot ကို အဆင့်မြင့်ပုံစံနဲ့ အသုံးပြုနည်း

    ဒီစာမျက်နှာမှာ ပါဝင်တဲ့ အပိုင်းများ -

    ၃.၀ Advanced Mode အကြောင်း

    Spybot ဟာ Standard နဲ့ Advanced Mode နှစ်မျိုးစလုံးမှာ အလုပ်လုပ်နိုင်တယ်။ Advanced Mode ကနေ ပရိုဂရမ် settings နဲ့ နောက်ဆက်တွဲ ကိရိယာတွေထဲကို ဝင်ရောက်နိုင်တယ်။

    ၃.၁ Advanced Mode ကို ဖွင့်နည်း

    Spybot ကို Advanced Mode နဲ့ အလုပ်လုပ်စေဖို့၊ အောက်က အဆင့်တွေကို လုပ်ဆောင်ပါ -

    အဆင့် ၁။ အောက်မှာ ပြထားတဲ့အတိုင်း Mode > Advanced mode ကို menu bar ကနေ ရွေးလိုက်ပါ။ -

    ပုံ ၁ - Mode menu options ပြပုံ

    ဒီအရာက အောက်က မျက်နှာပြင်ကို သက်ဝင်စေမှာ ဖြစ်တယ် -

    ပုံ ၂ - သတိပေးချက်ပြ စာမျက်နှာ ပြပုံ

    အဆင့် ၂။ ဒီနည်းစနစ်ကို အတည်ပြုဖို့ ကို နှိပ်လိုက်ပါ။

    Advanced Modeထဲမှာ၊ Spybot console ထဲက ဘေးတန်းမှာ options တွေ ရှိပါတယ်။-

    ပုံ ၃ - Spybot - Search & Destroy - အဆင့်မြင့် နည်းစနစ် Settings ပြ မျက်နှာပြင်ပုံ

    အဆင့် ၃။ အချက်အလက်လေးတွေနဲ့ options အမျိုးမျိုးရဲ့ ဖော်ပြချက်တွေကို ကြည့်ရှုဖို့ အောက်မှာ ဖော်ပြထားသလို Settings ကို နှစ်ချက် နှိပ်လိုက်ပါ။-

    ပုံ ၄ - Settings စာမျက်နှာ ပြပုံ

    အဆင့် ၄။ ရိုးရိုး စကင်ဖတ် စစ်ဆေးပြီး မတွေ့လိုက်ရတဲ့ spyware ကို ရှာတွေ့နိုင်တဲ့ ကိရိယာတွေကို ရရှိဖို့ Tools ကို နှစ်ချက် နှိပ်ပြီး၊ သင့်ရဲ့ ကွန်ပျူတာကို ပြန်ပြီး စကင်ဖတ် စစ်ဆေးလိုက်ပါ။

    ပုံ ၅ - Tools စာမျက်နှာ ပြပုံ

    အဆင့် ၃Spybot ၁.၆.၂ ရဲ့ အထွေထွေ ခွင့်ပြုချက် အချက်အလက်ကို ပြသဖို့ Info & License ကို နှစ်ချက် နှိပ်လိုက်ပါ။

    ၃.၂ Advanced Mode နဲ့ဆိုင်တဲ့ ကိရိယာများကို အသုံးပြုနည်း

    အဆင့်မြင့် သုံးစွဲသူတွေက Spybot က ပေးတဲ့ IE tweaks, Shredder, System Internals နဲ့ System Startup စတဲ့ အဆင့်မြင့် options တွေကို နှစ်သက်ကြလိမ့်မယ်။

    ၃.၂.၁ IE tweaks

    IE tweaks option ဟာ Internet Explorer ကို configuration လုပ်ဖို့အတွက် အသုံးပြုတယ်။ အဲဒါကို အသုံးပြုပြီး ကွန်ပျူတာ တလုံးကို လူအများက အသုံးပြုတဲ့ နေရာမျိုးမှာ အရေးကြီးတဲ့ Internet Explorer ရဲ့ လုံခြုံရေး settings ကို၊ သတ်မှတ်ပေးတယ်။

    ပုံ ၆ - IE tweaks စာမျက်နှာ ပြပုံ

    အပေါ်က ဥပမာမှာ ပြထားတဲ့အတိုင်း၊ ပထမ optionကို သင် check လုပ်ထားပါ။

    ၃.၂.၂ လုံခြုံမှုရှိတဲ့ Shredder

    ဒါဟာ ယာယီ Windows နဲ့ Internet Browser ဖိုင်တွေကို အမြဲတမ်း ပယ်ဖျက် (ရှင်းလင်း) ဖို့အတွက် အစွမ်းထက်တဲ့ ရွေးချယ်မှုတခု ဖြစ်တယ်။ ယာယီဖိုင်တွေကို ရှင်းလင်းတဲ့ အကြောင်း ပိုမို လေ့လာဖို့၊ သုံးစွဲနည်း စာအုပ်ငယ် အခန်း ၆။ အထိခိုက်မခံတဲ့ အချက်အလက်ကို ဖျက်ဆီးနည်းကို သွားပါ။

    အဆင့်၁။ အောက်က စာမျက်နှာာကို သက်ဝင်စေဖို့ ကို နှိပ်လိုက်ပါ။ -

    ပုံ ၇ - Spybot-S&Ds လုံခြုံမှု ရှိတဲ့ Shredder စာမျက်နှာ ပြပုံ

    အဆင့် ၂ပုံ ၇ မှာမှာ ပြထားတဲ့အတိုင်း ပရိုဂရမ် ယာယီဖိုင်တွေရဲ့ Dropdown Menu တခုကို သက်ဝင်စေဖို့ Templates Menu ကို နှိပ်လိုက်ပြီး၊ အောက်မှာ ပြထားတဲ့အတိုင်း Spybot-S&D Secure Shredder ဝင်းဒိုးကို အတည်ပြု သတ်မှတ်ဖို့ အဲဒီ စာရင်းထဲက item တခုကို ရွေးလိုက်ပါ။

    ပုံ ၈ - Secure Shredder စာမျက်နှာထဲက ယာယီ ဆွဲချစာရင်းတခု ပြပုံ

    အဆင့် ၃။ ပယ်ဖျက်မဲ့ ဖိုင်တခုကို ရွေးလိုက်ပါ။

    အဆင့် ၄။ ဖျက်စီးရမဲ့ အကြိမ်အရေအတွက်ကို အောက်ပါအတိုင်း သတ်မှတ်လိုက်ပါ။ -

    ပုံ ၉ - Secure Shredder ဖိုင်လှီးဖြတ်ကိရိယာ ပြပုံ

    အဆင့် ၅။ ဒီဖိုင်ကို ဖျက်စီးမဲ့ အကြိမ်အရေအတွက်ကို သတ်မှတ်ဖို့ ကို တကြိမ် နှိပ်လိုက်ပါ။

    Spybot က အဲဒီ မလိုအပ်တဲ့ ယာယီဖိုင်တွေကို သင့်ကွန်ပျူတာထဲကနေ အမြဲတမ်း ပယ်ဖျက်ပေးလိမ့်မယ်။

    တခြား ဖိုင်တွေကို ဖျက်စီးပြီး ရှင်းလင်းပစ်ဖို့ Secure Shredder ကို အသုံးပြုနိုင်တယ်။ ဒါကို လုပ်ဖို့ အောက်က အဆင့်တွေကို လုပ်ဆောင်ပါ -

    အဆင့် ၁။ အောက်က စာမျက်နှာကို သက်ဝင်စေဖို့ Add file(s) to the list... ကို ရွေးလိုက်ပါ။ -

    ပုံ ၁၀ - navigation ဝင်းဒိုးကို ဖျက်စီးပေးမဲ့ Select File(s) ပြပုံ

    အဆင့် ၂။ ဖျက်စီးလိုတဲ့ ဖိုင်ကို ရွေးလိုက်ပါ။

    အဆင့် ၃ပုံ ၈ ထဲက ဖိုင်ကို ဖွင့်ဖို့ ကို နှိပ်လိုက်ပြီး အဲဒီ ဖိုင်ကို ပယ်ဖျက်ပြီး ရှင်းလင်းပစ်ဖို့ ကို နှိပ်လိုက်ပါ။

    ၃.၂.၃ System Internals (အဆင့်မြင့် သုံးစွဲသူများ အတွက်သာ)

    System Internals ကိရိယာဟာ Windows Registry ထဲမှာ ကိုက်ညီမှု မရှိ၊ နာမည် မှားနေတဲ့ ဖိုင်တွေကို ရှာပေးလိမ့်မယ်။ Windows Registry ကို ခြုံငုံသုံးသပ်တဲ့ အချက်အလက် အသေးစိတ်ကို CCleaner မှာ ကြည့်ရှုပါ။

    ပုံ ၁၁ - System Internals စာမျက်နှာ ပြပုံ

    အဆင့် ၁Windows Registry ထဲက ပြဿနာတွေကို စစ်ဆေးဖို့ ကို နှိပ်လိုက်ပါ။

    အဆင့် ၂။ စကင်ဖတ် စစ်ဆေးမှု ပြီးသွားပြီး၊ စစ်ဆေးနေတဲ့ အချိန်မှာ တွေ့ရတဲ့ ပြဿနာတွေ အားလုံးကို ပြုပြင်ဖို့ ကို နှိပ်လိုက်ပါ။

    ၃.၂.၄ System Startup (အဆင့်မြင့် သုံးစွဲသူများ အတွက်သာ)

    သင့်ရဲ့ ကွန်ပျူတာကို ဖွင့်လိုက်တဲ့အခါ Windows ထဲမှာ ပေါ်လာတဲ့ ပရိုဂရမ်အားလုံးကို System Startup က အစဉ်လိုက် ဖော်ပြပေးတယ်။ ၄င်းက သင့်အတွက် မရှိမဖြစ် လိုအပ်တဲ့အရာနဲ့ အသုံးမလိုတဲ့အရာတွေကို ရွေးချယ် ဆုံးဖြတ်ပေးတယ်။

    သိကောင်းစရာ - ဒီစာရင်းထဲက မလိုအပ်တဲ့ အချက်တွေကို ဖယ်ရှားခြင်း ဆိုတာ Windows ပိုပြီး မြန်မြန် ဆန်ဆန် ပွင့်လာတာကို ဆိုလိုတယ်။

    ပုံ ၁၂ - System Startup စာမျက်နှာ ပြပုံ

    အဆင့်၁။ အကြောင်းအရာပြ ဘောင်တခုကို သက်ဝင်စေဖို့ ကို ဖွင့်လိုက်ပါ။

    ဒီအကြောင်းအရာထဲမှာ၊ ဖေါ်ပြထားတဲ့ အချက်တခုစီမှာ ကိုယ်ပိုင် အပြုအမှုနဲ့ ဆောင်ရွက်ချက်တွေကို ဖော်ပြထားတယ်။ Windows ကို ဖွင့်လိုက်တဲ့အခါ စဖွင့်စေချင်တဲ့ item တခုခုကို မရွေးချယ်ခင် ၄င်းနဲ့ ဆိုင်တဲ့ ဖော်ပြချက်တွေကို ဂရုစိုက်ပြီး ဖတ်ရှုပါ။

    အိတ်ဆောင် Spybot

    ၁.၀ Install လုပ်ရတဲ့ Spybot - Search & Destroy ဗားရှင်းနဲ့ အိတ်ဆောင် ဗားရှင်းတို့ရဲ့ ကွာခြားချက်များ

    အိတ်ဆောင် ကိရိယာတွေကို ကွန်ပျူတာထဲမှာ install လုပ်စရာ မလိုဘူး၊ သူတို့ ဘယ်နေရာမှာ ရှိနေတယ်၊ ဘာတွေအတွက် အသုံးပြုတယ် စတာတွေကို ခြေရာခံလို့ ရမှာ မဟုတ်ဘူး။ ဒါပေမဲ့၊ ပြင်ပ ကိရိယာ (သို့) USB မှတ်ဉာဏ်ချောင်းနဲ့ အိတ်ဆောင် ကိရိယာတွေဟာ သင် အသုံးပြုနေတဲ့ ကွန်ပျူတာ လုံခြုံနေမှ အန္တရာယ် ကင်းရှင်းနိုင်မှာ ဖြစ်ပြီး၊ adware, malware, spyware နဲ့ ဗိုင်းရပ်စ်တို့ရဲ့ တိုက်ခိုက်မှု ခံရနိုင်သေးတယ်။

    အိတ်ဆောင် Spybot နဲ့ ကွန်ပျူတာထဲမှာ install လုပ်ဖို့ ထုတ်လုပ်ထားတဲ့ ဗားရှင်းတို့မှာ တခြား ကွာခြားချက်တွေ မရှိကြဘူး။

    မှတ်ချက် - ဗိုင်းရပ်စ်တွေ၊ adware, malware နဲ့ spyware တွေကို ဖယ်ရှားပေးတဲ့ အတော်လေး အသုံးဝင်တဲ့ rescue tools လို့ ခေါ်တဲ့ ဆယ်တင်ရေး ကိရိယာတွေကို ပြန်ပြီး စစ်ဆေးပါ။ လက်စွဲ လမ်းညွှန်ထဲမှာ ရှိတဲ့ ဗိုင်းရပ်စ်များကို avast! အသုံးပြုပြီး စကင်ဖတ် စစ်ဆေးနည်းနဲ့ ဖြေရှင်းနည်း အခန်းထဲက အဆင့်မြင့် ဗိုင်းရပ်စ် ဖယ်ရှားနည်းများ ဆိုတဲ့ အခန်းမှာ တွေ့ရှိနိုင်တယ်။

    ၂.၀ အိတ်ဆောင် Spybot - Search & Destroy ကို Download လုပ်ပြီး Extract လုပ်နည်း

    အိတ်ဆောင် Spybot - Search & Destroy ကို စတင် Download လုပ်ပြီး Extract လုပ်ဖို့ အောက်ပါ အဆင့်တွေကို လုပ်ဆောင်ပါ -

    အဆင့် ၁။ သင့်လျှော်ပြီး download လုပ်နိုင်တဲ့ ကွန်ရက်စာမျက်နှာကို သွားဖို့ http://portableapps.com/apps/security/spybot_portable ကို နှိပ်ပါ။

    အဆင့် ၂။ သူနဲ့ သက်ဆိုင်တဲ့ Source Forge ရဲ့ download စာမျက်နှာကို သက်ဝင်စေဖို့ ကို နှိပ်ပါ -

    အဆင့် ၃။ install လုပ်ထားတဲ့ ဖိုင်ကို ကွန်ပျူတာထဲမှာ save လုပ်ဖို့ ကို နှိပ်ပြီး၊ အဲဒီနေရာကို သွားပါ။

    အဆင့် ၄ ကို နှစ်ချက် နှိပ်ပါ၊ Open File - Security Warning စာမျက်နှာ ပေါ်လာလိမ့်မယ်၊ ပေါ်လာတဲ့အခါ၊ အောက်က မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ -

    ပုံ ၁ - ဘာသာစကား ရွေးချယ်တဲ့ Installer ၀င်းဒိုး ပြပုံ

    အဆင့် ၅။ အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ -

    ပုံ ၃ - Spybot - Search & Destroy, Portable Edition | Portableapps.com Installer ၀င်းဒိုး ပြပုံ

    အဆင့် ၆လိုင်စင် ခွင့်ပြုချက် ၀င်းဒိုးကို သက်ဝင်စေဖို့ ကို နှိပ်ပါ။

    အဆင့် ၇လိုင်စင် ခွင့်ပြုချက်ကို ဖတ်ပြီးတဲ့အခါ option ကို သက်ဝင်စေဖို့ နှိပ်ပါ၊ အဲဒီနောက် အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ -

    ပုံ ၄ - Install လုပ်မဲ့ နေရာကို ရွေးချယ်တဲ့ ၀င်းဒိုးပြပုံ

    အဆင့် ၈။ အောက်က ပုံနဲ့ ဆင်တူတဲ့ မျက်နှာပြင်တခုကို သက်ဝင်စေဖို့ ကို နှိပ်ပါ -

    ပုံ ၅ - ဖိုင်တွဲ ၀င်းဒိုးကို ဖွင့်နေပုံ

    အဆင့် ၉။ ပြင်ပ drive (သို့) USB မှတ်ဉာဏ်ချောင်း ထားမဲ့နေရာကို အပေါ်က ပုံ ၅ မှာ ပြထားတဲ့အတိုင်း သွားပြီး၊ အိတ်ဆောင် Spybot - Search & Destroy ဖိုင် ထားမဲ့နေရာကို အတည်ပြုဖို့ ကို နှိပ်ပါ၊ အဲဒီနောက် Install လုပ်မဲ့ တည်နေရာ ရွေးချယ်တဲ့ ၀င်းဒိုးကို ပြန်သွားပါ။

    အဆင့် ၁၀အိတ်ဆောင် Spybot - Search & Destroy ပရိုဂရမ်ကို install စတင် လုပ်ဆောင်ဖို့ ကို နှိပ်ပါ၊ အဲဒီနောက် installation လုပ်တဲ့ လုပ်ငန်းစဉ်ကို အပြီးသတ်ဖို့ ကို နှိပ်ပြီး၊ အိတ်ဆောင် Spybot - Search & Destroy ပရိုဂရမ်ကို save လုပ်ထားတဲ့ ဖြုတ်တပ်နိုင်တဲ့ drive (သို့) USB မှတ်ဉာဏ်ချောင်းထဲကို သွားပါ။

    ပုံ ၇ - install လုပ်ထားပြီးတဲ့ Spybot - Search & Destroy ပရိုဂရမ်ကို သူ့ရဲ့ အပြာရောင် ဖိုင်တွဲနဲ့ အတူ တွေ့ရပုံ

    အဆင့် ၁၁အိတ်ဆောင် Spybot - Search & Destroy ဖိုင်တွဲကို ဖွင့်ပါ၊ အဲဒီနောက် အိတ်ဆောင် Spybot - Search & Destroy ကို ဖွင့်ဖို့ ကို နှစ်ချက် နှိပ်ပါ။

    အိတ်ဆောင် Spybot - Search & Destroy ကို အောင်အောင်မြင်မြင် ဖြည်ချ (extract) ပြီးတဲ့အခါ၊ သူ့ကို စတင် အသုံးပြုဖို့ Spybot - Search & Destroy အခန်းကို သွားပါ။

    မကြာခဏ မေးလေ့ရှိတဲ့ မေးခွန်းများနဲ့ သုံးသပ်ချက်များ

    ၄.၁ မကြာခဏ မေးလေ့ရှိတဲ့ မေးခွန်းများနဲ့ သုံးသပ်ချက်များ

    အယ်လင်နာနဲ့ နီကိုလိုင် နှစ်ယောက်စလုံးဟာ Spybot ကို နားလည်ရ လွယ်ကူပြီး အသုံးချဖို့ လွယ်ကူတဲ့ ပရိုဂရမ် တခုအဖြစ် လက်ခံထားကြတယ်။ ကွန်ပျူတာကို spyware ရဲ့ အန္တရာယ်ကနေ အလိုအလျောက် ကာကွယ်နိုင်အောင် ဆောင်ရွက်ပေးတယ်။ TeaTimer နဲ့ ပါတ်သက်တဲ့ မေးမြန်းချက် အမျိုးမျိုးကို ဖြေကြားပေးတဲ့ နေရာမှာ ပြင်ဆင်ချက်တွေကို လက်ခံတာ (သို့) ငြင်းပယ်တာနဲ့ ပတ်သက်ပြီး စိတ်လှုပ်ရှားစရာ ကောင်းတယ်။ သူတို့ နှစ်ယောက် စလုံးဟာ အတွေ့အကြုံ ရလာတာနဲ့အမျှ ပုံမှန် လုပ်ငန်းလည်ပတ်မှုနဲ့ အန္တရာယ် ရှိတဲ့ လည်ပတ်မှုတွေကို ခွဲခြားသိမြင်နိုင်အောင် လေ့လာဖို့ လိုအပ်တာကို သဘောပေါက်ကြတယ်။

    မေး - အကယ်လို့ ဒီပရိုဂရမ်ကို ကျွန်တော် uninstall လုပ်လိုက်ရင်၊ အရင်တုန်းက Spybot က တွေ့ရှိထားတဲ့ spyware ပရိုဂရမ်တွေ ဘာဖြစ်သွားကြမလဲ။ 'quarantine' ထဲမှာ ကျန်ရစ်မလား၊ (သို့) ဖယ်ရှားခံရမလား။

    ဖြေ - Spybot ကို uninstall လုပ်လိုက်တဲ့အခါ၊ quarantine ထဲမှာ သိမ်းထားတဲ့ အချက်တွေ အားလုံးကိုလည်း ပယ်ဖျက်သွားလိမ့်မယ်။

    မေး - နီကိုလိုင် ရယ်၊ အသုံးဝင်တဲ့ cookies နဲ့ trackers တချို့ ပျောက်သွားတယ်။ အဲဒါတွေ အပြောင်းအလဲ မခံရအောင် (သို့) ဖယ်ရှား မခံရအောင် ဘယ်လို ကာကွယ်မလဲ။

    ဖြေ - မပူပါနဲ့။ အသုံးဝင်တဲ့ cookies နဲ့ trackers တွေကို ကာကွယ်နိုင်တဲ့ နည်းလမ်း အတော်များများ ရှိပါတယ်။ ပထမနည်း အနေနဲ့၊ Spybot က သင့်ရဲ့ ကွန်ပျူတာကို စကင်ဖတ် စစ်ဆေးပြီးတဲ့အခါ၊ သူတွေ့ရှိတဲ့ အန္တရာယ်တွေနဲ့ ခြိမ်းခြောက်မှုတွေ အားလုံးရဲ့ စာရင်း ဖေါ်ပြလာမယ်။ အချက်တခုချင်းရဲ့ အကြောင်းအရာကို သိရှိအောင်၊ ပယ်ဖျက်မဲ့ အချက်နဲ့ ချန်ထားမဲ့ အချက်ကို အဆုံးအဖြတ် ပေးနိုင်ဖို့ တခုချင်းကို နှိပ် လိုက်ပါ။ နောက်တမျိုးနဲ့၊ Spybot ကို ဖွင့် လိုက်ပါ၊ အဲဒီနောက် Mode > Advanced > Settings ကို ရွေးလိုက်ပါ။ ဒီနေရာမှာ၊ ရှာဖွေထားပြီး ပယ်ဖျက်မဲ့ စာရင်းထဲမှာ မပါဝင်စေချင်တဲ့ အချက်တွေကို တိတိကျကျ သတ်မှတ်ထားနိုင်တယ်။

    မေး - Spybot ကို Uninstall လုပ်ဖို့ ခက်သလား။

    ဖြေ - တကယ် လွယ်ကူပါတယ်။ Start > All Programs > Spybot - Search & Destroy > Uninstall Spybot-S&D ကို ရွေးလိုက်ရုံပါပဲ။

    မေး - အင်တာနက် ဆက်သွယ်မှုလိုင်းက နှေးနေတယ်။ detection rules နဲ့ immunization database တို့ရဲ့ Download လုပ်ယူတဲ့ အမြန်နှုန်းကို ဘယ်လို အဆင်ပြေအောင် လုပ်လို့ ရမလဲ။

    ဖြေ - သင် နေထိုင်တဲ့ နေရာဒေသနဲ့ ကိုက်ညီတဲ့ database Updates တွေကို ရွေးလိုက်ပါ။ အကယ်လို့ bandwidth ကို မတတ်နိုင်ရင်၊ အာရှမှာ ရှိတဲ့ ဆာဗာတခုကို ဥရောပကနေ Update လုပ်နေတာဟာ သိပ် မသင့်တော်ဘူး။ နေရာ ဒေသတွေကို အလံလေးတွေနဲ့ ရှင်းရှင်းလင်းလင်း မှတ်သားထားတဲ့ အတွက်၊ သင်နဲ့ အနီးဆုံး ဆာဗာကို အလွယ်တကူ သိရှိနိုင်တယ်။

    မေး - Spybotကို ဖွင့်လိုက်တဲ့အခါ ဘာကြောင့် သူ့ရဲ့ detection rules နဲ့ immunization databases တွေကို အလိုအလျှောက် Update မလုပ်တာလဲ။

    ဖြေ - အလိုအလျောက် Updates တွေကို အဆင့်မြင့် Spybot ဗားရှင်းတွေမှာ ရရှိနိုင်တယ်။ အကယ်လို့ အခမဲ့ ဗားရှင်း တခုခုကို အသုံးပြုနေတယ် ဆိုရင်၊ တချို့ Features တွေကို ရရှိနိုင်မှာ မဟုတ်ဘူး။ Spybot ရဲ့ detection rules နဲ့ immunisation databases ကို Update လုပ်တာဟာ အတော်လေး လွယ်ကူတယ်။ ကွန်ပျူတာကို ကိုယ်တိုင် မွမ်းမံနည်းကို www.safer-networking.org မှာ လေ့လာနိုင်ပါတယ်။

    ၄.၁ အပြန်အလှန် မေးခွန်းများ

    • Malware ဆိုတာ ဘာလဲ၊ ၄င်းက ကွန်ပျူတာကို ဘယ်လို ထိခိုက်စေနိုင်သလဲ။
    • TeaTimer ရဲ့ ရည်ရွယ်ချက်က ဘာလဲ။
    • Spybot ကို ဖျက်လိုက်မိရင်၊ နောက်တခါ ပြန်ဖော်လို့ ရသလား။
    • Spybot ဟာ Malware ကို ရှာဖွေပေး၊ ဖျက်စီးပေးတဲ့အပြင်၊ တခြား ဘာတွေ လုပ်ဆောင်ပေးသလဲ။