Tor - ဖြင့်အင်တာနက်သုံးရာတွင် အမည်ဝှက်ခြင်းနဲ့ ရှောင်တိမ်းခြင်း

မာတိကာ

...Loading Table of Contents...

    Tor ဟာ အင်တာနက်ပေါ်က လုပ်ဆောင်မှုတွေကို ပိုမို လျှို့ဝှက်ပေးဖို့ စီစဉ် ထုတ်လုပ်ထားတယ်။ သင့်ရဲ့ အထောက်အထားကို ဖုံးကွယ်ထားပေးပြီး အွန်လိုင်း လုပ်ဆောင်မှုတွေကို တယောက်ယောက်က အင်တာနက်ပေါ်ကနေ စောင့်ကြည့်လို့ မရအောင် အကာအကွယ် ပေးပါတယ်။

    ပင်မ စာမျက်နှာ

    https://www.torproject.org

    ကွန်ပျူတာ လိုအပ်ချက်များ

    • ၀င်းဒိုး ဗားရှင်း အားလုံး
    • အင်တာနက်လိုင်း တခု
    • အဓိက အသုံးပြုတဲ့ web browsers တွေ၊ အထူးသဖြင့် Mozilla Firefox နဲ့ လိုက်ဖက်မှု ရှိပါတယ်

    ဒီလမ်းညွှန်ထဲမှာ အသုံးပြုတဲ့ ဗားရှင်းများ

    • Tor Browser: 1.3.18

    လိုင်စင် ခွင့်ပြုချက်

    • အခမဲ့ပြီး ပွင့်လင်းတဲ့ အရင်းအမြစ် ဆော့ဗ်ဝဲ

    ဖတ်ရှုရမဲ့ အကြောင်းအရာများ -

    အဆင့် - ၁။ လက်သင်၊ ၂။ ပျမ်းမျှ၊ ၃။ အလယ်အလတ်၊ ၄။ အတွေ့အကြုံရှိသော၊ ၅။ အဆင့်မြင့်

    ဒီပရိုဂရမ်ကို စတင် အသုံးပြုနိုင်ဖို့ လိုအပ်သော အချိန် - ၂၀ - ၃၀ မိနစ်

    ပြန်လည်ရရှိမဲ့ အကျိုးကျေးဇူးများ -

    • ကြည့်ရှုခဲ့တဲ့ ကွန်ရက် စာမျက်နှာတွေရဲ့ ဒီဂျစ်တယ် အထောက်အထားကို ဖုံးကွယ်ပေးနိုင်ပါတယ်
    • ဦးတည် ကြည့်ရှုခဲ့တဲ့ အွန်လိုင်း ကွန်ရက် စာမျက်နှာတွေကို အင်တာနက် ၀န်ဆောင်မှု ပေးသူများ (ISPs) နဲ့ တခြား စောင့်ကြည့်ရေး ယန္တရားတွေက မသိနိုင်အောင် ဖုံးကွယ်ပေးနိုင်ပါတယ်
    • အင်တာနက် ဆင်ဆာဖြတ်တောက်မှုနဲ့ စီစစ်ရေး စည်းမျဉ်းတွေကို ကျော်လွှားနိုင်ပါတယ်

    GNU Linux, Mac OS နဲ့ တခြား Microsoft Windows တွေနဲ့ လိုက်ဖက်ကိုက်ညီတဲ့ ပရိုဂရမ်များ -

    Tor အမည်ဝှက် network ဂလိုင်းကို GNU Linux, Mac OS နဲ့ Microsoft Windows OS တို့မှာ အသုံးပြုနိုင်တယ်။ Tor ဟာ အင်တာနက်နဲ့ အွန်လိုင်း လုပ်ဆောင်မှုတွေကို Privacy ရှိစေပြီး လုံလုံခြုံခြုံ အသုံးပြုဖို့ အသင့်တော်ဆုံးနဲ့ အသေအချာ စမ်းသပ်ထားတဲ့ ကိရိယာ ဖြစ်တယ်။ ဒါပေမဲ့ တခြား အကြံပြုထားတဲ့ ဖြေရှင်းနည်းတွေ ပါရှိတဲ့ Links တွေကို အောက်ပါအတိုင်း စာရင်း ပြုစုထားပါတယ်။

    • Hotspot Shield ဟာ Microsoft Windows မှာ အသုံးပြုဖို့ စီးပွားဖြစ် အခမဲ့ ထုတ်လုပ်ထားတဲ့ Virtual Private Network (VPN) ဖြေရှင်းနည်း တခု ဖြစ်ပါတယ်။
    • Dynaweb FreeGate ဟာ Microsoft Windows အသုံးပြုဖို့ အခမဲ့ ထုတ်လုပ်ထားတဲ့ proxy tool တခု ဖြစ်ပါတယ်။
    • UltraReach UltraSurf ဟာ Microsoft Windows မှာ အသုံးပြုဖို့ အခမဲ့ ထုတ်လုပ်ထားတဲ့ proxy tool တခု ဖြစ်ပါတယ်။
    • Your Freedom ဟာ စီးပွားဖြစ် proxy tool တခု ဖြစ်ပြီး (ပိုမို နှေးကွေးပေမဲ့) အခမဲ့ ၀န်ဆောင်မှု တခုကိုလည်း ပံ့ပိုးပေးထားပါတယ်။ Linux, Mac OS နဲ့ Microsoft Windows တို့မှာ အသုံးပြုနိုင်ပါတယ်။
    • Psiphon ဟာ ကွန်ရက် proxy တခု ဖြစ်တယ်၊ ဒါကြောင့် ဘယ် operating system မှာမဆို အသုံးပြုနိုင်ပါတယ်။

    Sesawe က စီစဉ်ဖန်တီးထားတဲ့ မှတ်တမ်းမှတ်ရာကို ဖတ်ရှုဖို့ ကျွန်ုပ်တို့ အထူး အကြံပြုလိုတယ်၊ ကမ္ဘာလုံးဆိုင်ရာ မဟာမိတ် အဖွဲ့တခု ဖြစ်ပြီး ဆင်ဆာဖြတ်တောက်မှု မခံရပဲ ကမ္ဘာတ၀ှမ်းက အင်တာနက် သုံးစွဲသူတွေက သတင်း အချက်အလက်တွေကို ဖတ်ရှုနိုင်အောင် ဆောင်ရွတ်ပေးတဲ့ အဖွဲ့ဖြစ်ပါတယ်။

    Tor ကို ဒေါင်းလုဒ် လုပ်ခြင်း

    • လက်ကမ်း လမ်းညွှန် နိဒါန်းအကျဉ်းကို ဖတ်ရှုပါ
    • *https://www.torproject.org/easy-download.html.en ကို ဖွင့်ဖို့ အောက်က Tor icon ကို နှိပ်ပါ
    • ဒီစာမျက်နှာအောက်ကို သွားပြီး Tor Browser Bundle for Microsoft Windows link ကို နှိပ်ပါ
    • executable ဖိုင်ကို Save လုပ်ပြီး၊ နှစ်ချက် နှိပ်လိုက်ပါ။
    • Tor Browser ကို ဖြည်ချပြီးတဲ့အခါ save လုပ်ထားတဲ့ ဒီ executable ဖိုင်ကို ကွန်ပျူတာ ထဲကနေ ပယ်ဖျက်နိုင်တယ်။

    Tor -

    ၁.၁ ဒီပရိုဂရမ်ကို စတင် အသုံးမပြုခင် သိထားသင့်တဲ့အချက်များ

    Tor ဟာ အင်တာနက်ပေါ်က လုပ်ဆောင်မှုတွေနဲ့ အမူအကျင့်တွေကို Privacy ရှိစေဖို့နဲ့ လုံခြုံရေး တိုးမြှင့်ပေးဖို့ စီစဉ်ထုတ်လုပ်ထားတာ ဖြစ်တယ်။ သင့်ရဲ့ အထောက်အထားနဲ့ အွန်လိုင်း လုပဆောင်မှုတွေကို တဦးတယောက်က အင်တာနက်ကနေ စောင့်ကြည့်လို့ မရအောင် ဖုံးကွယ်ထားပေးတယ်။ အမည် ဖုံးကွယ်မှုဟာ သင့်အတွက် အရေးကြီးတယ် ဖြစ်ဖြစ်၊ အရေးမကြီးဘူး ဖြစ်ဖြစ်၊ Tor ဟာ ဘလော့ဂ်တွေကို သုံးပြီး သတင်း တင်ပို့ချက်တွေကို ထုတ်ပြန်တဲ့နေရာမှာ အင်တာနက် လွတ်လပ်မှုကို မြှင့်တင်ပေးဖို့၊ ဆင်ဆာ ဖြတ်တောက်မှုနဲ့ အီလက်ထရောနစ် ကန့်သတ်ချက်တွေကို ရှောင်ရှားနိုင်ဖို့ အသုံးဝင်တဲ့ လုံခြုံမှု ရှိတဲ့ ကြားခံ တခု ဖြစ်ပါတယ်။

    Tor ဟာ တကမ္ဘာလုံးမှာ ရှိတဲ့ စေတနာ့ ၀န်ထမ်းတွေက တည်ထောင်ထားတဲ့ distributed network of servers တခုကို အသုံးပြုပြီး အဆက်အသွယ်တွေ ပြုလုပ်ပေးတဲ့အတွက် သင့်ရဲ့ အမည်ကို ဖုံးကွယ်ထားပေးတယ်။ ဒီနည်းနဲ့ သင့်ကို စောင့်ကြည့်နေတဲ့ ပုဂ္ဂိုလ် တဦးတယောက်က သင် ဘာတွေ ကြည့်နေတယ် ဆိုတာတွေကို သိရှိနိုင်မှာ မဟုတ်သလို၊ အဲဒီ ကွန်ရက် စာမျက်နှာတွေ နောက်ကို လိုက်ပြီး သင် လက်ရှိ နေထိုင်တဲ့ နေရာကို ခြေရာခံနိုင်မှာ မဟုတ်ဘူး။ Tor proxy ကို အသုံးပြုတာနဲ့ ပါတ်သက်ပြီး၊ ဆာဗာ စီမံခန့်ခွဲသူ တချို့က သင် Tor ကို အသုံးပြုနေတာ သိရှိနိုင်တယ်၊ တခြား တယောက်က သင် ဘယ်ကွန်ရက် စာမျက်နှာကို ကြည့်ရှုနေတယ် ဆိုတာ သိရှိသွားနိုင်တယ်၊ ဒါပေမဲ့ အဲဒီ နှစ်ယောက်စလုံးက ဘယ်သူ ဘယ်ဝါတွေ ဖြစ်ကြတယ် ဆိုတာကိုတော့ သိနိုင်ကြမှာ မဟုတ်ပါဘူး။

    Tor ဟာ ကွန်ရက်စာမျက်နှာ တခုခုကို ကြည့်ရှုဖို့ ကြိုးစားနေတာကို ဖုံးကွယ်ပေးနိုင်တယ်၊ ဒါပေမဲ့ အွန်လိုင်း ဆက်သွယ်မှု အကြောင်းအရာတွေကိုတော့ ဖုံးကွယ် မပေးနိုင်ဘူး။ ရလဒ်အနေနဲ့၊ Gmail နဲ့ RiseUp စတဲ့ လုံခြုံမှု ရှိတဲ့ ၀န်ဆောင်မှုတွေကို အသုံးပြုတဲ့အခါ၊ လုံခြုံရေးအတွက် နောက်ထပ် အလွှာတခုကို ထည့်သွင်း ပေးရမှာ ဖြစ်တယ်၊ ဒါပေမဲ့ Hotmail နဲ့ Yahoo တို့လို လုံခြုံမှု မရှိတဲ့ အီးမေးလ် ပံ့ပိုးတဲ့ ကုမ္ပဏီတွေ၊ လုံခြုံမှု မရှိတဲ့ http ဆက်သွယ်ရေးလိုင်းကို သုံးပြီး အထိခိုက်မခံတဲ့ အကြောင်းအရာတွေကို လက်ခံ/ပေးပို့ဖို့ အသုံးမပြုသင့်ပါဘူး။

    အနက် အဓိပ္ပါယ်များ -

    • Port - ဒီအခန်းမှာ၊ - Port ဆိုတာ access point တခုဖြစ်ပြီး ကွန်ရက် ချိတ်ဆက်ထားတဲ့ တခြား ကွန်ပျူတာတွေမှာ ပံ့ပိုးထားတဲ့ ၀န်ဆောင်မှုတွေကို ဆက်သွယ်ပေးတဲ့ ဆော့ဗ်ဝဲတခု ဖြစ်တယ်။ အကယ်လို့ www.google.com လို URL တခုက ၀န်ဆောင်မှု တခုရဲ့ လမ်းကြောင်း တည်နေရာကို ပြပေးတယ် ဆိုရင်၊ အဲဒီ port က ခရီးလမ်းဆုံးကို ရောက်သွားတဲ့အခါ ဘယ် 'တံခါး' ကို အသုံးပြုရမယ် ဆိုတာကို ပြောပြပေးတယ်။ ကွန်ရက် စာမျက်နှာကို ကြည့်ရှုတဲ့အခါ၊ လုံခြုံမှု မရှိတဲ့ (http://mail.google.com) လို ကွန်ရက် စာမျက်နှာတွေအတွက် port 80 ကို အသုံးပြုထားပြီး လုံခြုံမှု ရှိတဲ့ (https://mail.google.com) လို ကွန်ရက် စာမျက်နှာတွေအတွက် ကိုတော့ port 443 ကို အသုံးပြုထားတယ်။
    • Proxy - Proxy ဆိုတာ ကွန်ပျူတာ၊ local network (သို့) အင်တာနက်ပေါ်က နေရာတခုခုမှာ အလုပ်လုပ်ပြီး၊ ဆက်သွယ်ရေး လမ်းကြောင်းကို နောက်ဆုံး ခရီးလမ်းဆုံးအထိ လက်ဆင့်ကမ်းပေးတဲ့ ကြားခံ ဆော့ဗ်ဝဲ တခု ဖြစ်ပါတယ်။
    • Route - Route ဆိုတာ ကွန်ပျူတာနဲ့ သင် ဦးတည်နေတဲ့ ဆာဗာတို့ အကြား အင်တာနက်ပေါ်ကနေ ဆက်သွယ်ပေးတဲ့ လမ်းကြောင်း တခု ဖြစ်တယ်။
    • Bridge Relay - Bridge Relay ဆိုတာ Tor ဆာဗာတခု ဖြစ်ပြီး Tor ရဲ့ နာမည်ဝှက်ထားတဲ့ network အတွင်း ပထမဆုံး စတင် ခြေလှမ်းပေးတဲ့ ဆာဗာ ဖြစ်ပါတယ်။

    Tor Browser Bundle ကို ဖြည်ချနည်း

    ၂.၀ Tor Browser Bundle ကို ဖြည်ချနည်း

    Tor Browser Bundle ထဲမှာ အင်တာနက်ကို လုံလုံခြုံခြုံ သုံးစွဲနိုင်ဖို့ လိုအပ်တဲ့ Tor ပရိုဂရမ်၊ Polipo, Vidalia, အိတ်ဆောင် Firefox နဲ့ Firefox အတွက် Torbutton add-on တို့ ပါရှိတယ်။ ဒီ package ကို installation လုပ်ဖို့ မလိုဘူး၊ ဖြည်ချလိုက်ပြီး အသုံးပြုလိုက်ရုံပဲ ဖြစ်ပါတယ်။

    Tor Browser Bundle ကို ဖြည်ချဖို့၊ အောက်ပါ အဆင့်တွေကို လုပ်ဆောင်ပါ -

    အဆင့် ၁ ကို နှစ်ချက် နှိပ်ပါ၊ Open File - Security Warning dialog box ပေါ်လာတဲ့အခါ၊ အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ -

    ပုံ ၁ - 7-Zip self-extracting archive မျက်နှာပြင် ပြပုံ

    မှတ်ချက် - Tor Browser Bundle ဟာ ကျွန်ပ်တို့ အကြံပြုထားတဲ့ tools တွေ အများစုကို installation လုပ်သလို C:Files ဖိုင်လမ်းကြောင်းမှာ သူ့ဟာသူ အလိုအလျောက် install လုပ်သွားမှာ မဟုတ်ပါဘူး။

    အရေးကြီးချက် - Tor Browser Bundle ကို USB မှတ်ဉာဏ်ချောင်း တခုမှာလည်း install လုပ်ပြီး အသုံးပြုနိုင်တယ်။ ဒီနည်းနဲ့ သင့်ကွန်ပျူတာထဲမှာ Tor အသုံးပြုနေတာကို ဖုံးကွယ်ထားနိုင်ပါတယ်။

    အဆင့် ၂။ default folder ကို လက်ခံဖို့ ကိုပဲ နှိပ်တာဖြစ်ဖြစ်၊ (သို့) Browse for Folder ကို သက်ဝင်စေဖို့ အောက်ပါအတိုင်း ကိုပဲ နှိပ်တာ ဖြစ်ဖြစ် လုပ်လို့ ရပါတယ် -

    ပုံ ၂ - ဖိုင်တွဲကို လှော်လှန်တဲ့ ၀င်းဒိုး ပြပုံ

    အဆင့် ၃Tor Browser Bundle ကို install လုပ်ဖို့ နှစ်သက်တဲ့ ဖိုင်တွဲ လမ်းကြောင်းကို ရွေးယူပြီး အောက်က ဥပမာမှာ ပြထားတဲ့အတိုင်း သင့်ရဲ့ ရွေးချယ်မှုကို အတည်ပြုဖို့ ကို နှိပ်ပါ -

    ပုံ ၃ - Tor Browser Bundle အတွက် installation လမ်းကြောင်း ဥပမာတခု ပြပုံ

    အဆင့် ၄Tor Browser Bundle ထဲမှာ ပါဝင်တဲ့ ဖိုင်နဲ့ ဖိုင်တွဲတွေကို ဖြည်ချဖို့ ကို နှိပ်ပြီး Extracting တိုးတက်မှုပြ bar ကို အောက်ပါအတိုင်း သက်ဝင်စေပါ -

    Extracting တိုးတက်မှုပြ bar ပြပုံ

    ဒီဥပမာထဲမှာ၊ ဖြည်ချတဲ့ လုပ်ငန်းစဉ် ပြီးသွားတဲ့အခါ၊ Tor Browser Bundle ဟာ အောက်မှာ ပြထားတဲ့အတိုင်း C: Program FilesBrowser အောက်က ဖိုင်တွဲ လမ်းကြောင်းမှာ ပေါ်လာပါလိမ့်မယ် -

    ပုံ ၅ - Program Files ဖိုင်တွဲထဲမှာ install လုပ်ထားတဲ့ Tor Browser Bundle ပြပုံ

    အခုချိန်မှာ Tor Browser Bundle ကို အောင်အောင်မြင်မြင် အပြီးသတ် install လုပ်လိုက်ပါပြီ။

    အခုချိန်မှာ Tor Browser Bundle ကို အောင်အောင်မြင်မြင် install လုပ်လိုက်ပါပြီ၊ အင်တာနက်ကို သီးသန့်ရှိပြီး လုံခြုံတဲ့ နည်းလမ်းနဲ့ အသုံးပြုနည်းကို စတင် လေ့လာဖို့ Tor Network ဖြင့် အင်တာနက် သုံးစွဲနည်း ကို ဆက်လက် ဖတ်ရှုပါ။

    Tor Network ဖြင့် အင်တာနက် သုံးစွဲနည်း

    ဒီစာမျက်နှာမှာ ပါဝင်တဲ့ အပိုင်းများ -

    ၃.၀ Tor Network သုံးစွဲခြင်း အကြောင်း

    အင်တာနက်ကို အမည်ဝှက်ပြီး စသုံးဖို့၊ Tor Browser ကို ဖွင့်ဖို့ လိုတယ်။ ပထမဆုံးအနေနဲ့ ကွန်ပျူတာနဲ့ Tor network ကို ဆက်သွယ်ရမှာ ဖြစ်တယ်။ ကွန်ပျူတာက Tor network ကို အောင်အောင်မြင်မြင် ဆက်သွယ်ပြီးတဲ့အခါ၊ Tor Browser ဟာ Tor Browser Bundle ပါတဲ့ အိတ်ဆောင် Firefox ကို အလိုအလျောက် သီးသန့် ဖွင့်ပေးမှာ ဖြစ်ပါတယ်။

    မှတ်ချက် - အမည်ဝှက်တည်ရှိမှုနဲ့ အင်တာနက် အမြန်နှုန်းတို့ကြား အပေးအယူ တခု ရှိနေတယ်။ Tor က အမည်ဝှက် အင်တာနက် သုံးစွဲမှုကို လုပ်ဆောင်ပေးတဲ့အတွက်၊ ကွန်ပျူတာဟာ တခြား web browser ကို အသုံးပြုတာထက် ပိုပြီး နှေးကွေးသွားလိမ့်မယ်။ Tor ဟာ သင့်ရဲ့ privacy နဲ့ လုံခြုံရေးကို အကာအကွယ်ပေးဖို့ သင်သွားတဲ့ လမ်းကြောင်းကို စေတနာဖြစ် အသုံးခံနေကြတဲ့ ကွန်ပျူတာတွေကဆင့် ကမ္ဘာအနှံ့ကို ဖြန့်ကျက်သွားပါတယ်။

    ၃.၁ Tor Network ကို ဆက်သွယ်နည်း

    Tor network ကို ချိတ်ဆက်ဖို့၊ အောက်ပါ အဆင့်တွေကို လုပ်ဆောင်ပါ -

    အဆင့် ၁Tor Browser ပါတဲ့ ဖိုင်တွဲကို နေရာချပါ၊ အဲဒီနောက် အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှစ်ချက် နှိပ်ပါ -

    ပုံ ၁ - Tor network ကို ဆက်သွယ်နေတဲ့ Vidalia Control Panel ပြပုံ

    Vidalia Control Panel က Tor network ကို ချိတ်ဆက်ဖို့ စတင်တဲ့အခါ၊ အောက်က System Tray ထဲမှာ အ၀ါရောင် ကြက်သွန်ပုံနဲ့ တူတဲ့ icon ပေါ်လာလိမ့်မယ်။ ကွန်ပျူတာနဲ့ Tor network တို့ အောင်အောင်မြင်မြင် ချိတ်ဆက်ပြီးတာနဲ့ icon လေးဟာ အစိမ်းရောင် ပြောင်းသွားပါလိမ့်မယ်။

    မှတ်ချက် - Vidalia Control Panel ကို ထိထိရောက်ရောက် အသုံးပြုနည်းကို လေ့လာဖို့ Vidalia Control Panel ကို သုံးစွဲနည်း စာမျက်နှာကို သွားပါ။

    ခဏအကြာမှာ၊ Tor Browser က အောက်မှာ ပြထားတဲ့အတိုင်း Mozilla Firefox browser ကို သက်ဝင်လာစေမှာ ဖြစ်ပါတယ် -

    ပုံ ၂ - Are you using Tor? tab ကို ပြသနေတဲ့ Mozilla Firefox ပြပုံ

    Tor Browser ပရိုဂရမ်ကို ဖွင့်တဲ့အခါတိုင်း၊ Vidalia Control Panel (ပုံ ၁) နဲ့ https://check.torproject.org/ (ပုံ ၂) မျက်နှာပြင်တွေကို အလိုအလျောက် ဖွင့်လာမှာ ဖြစ်တယ်။ Torbutton add-on ဟာ မျက်နှာပြင်ရဲ့ အောက်ခြေ ညာဖက်ထောင့်မှာ ပေါ်လာမှာ ဖြစ်ပါတယ်

    မှတ်ချက် - ဒါပေမဲ့၊ အကယ်လို့ Tor Browser ကို ဖွင့်တဲ့အခါ Mozilla Firefox browser ကို ဖွင့်ထားနှင့်ပြီ ဆိုရင်၊ Torbutton ဟာbrowser ၀င်းဒိုးရဲ့ တနေရာမှာ disabled mode အတိုင်း ပေါ်နေမှာ ဖြစ်ပါတယ်။

    Torbutton ဟာ Tor network ကို စနစ်တကျ ဆက်သွယ်နိုင်ဖို့ Firefox ကို configure လုပ်ထားလေ့ ရှိတယ်။ enabled နဲ့ disabled အနေအထားတွေကို ပြောင်းဖို့ Torbutton ကို နှိပ်လိုက်ပါ။

    ဒါပေမဲ့၊ အကယ်လို့ သင်ဟာ Tor network ကို ချိတ်ဆက်မထားဘူး ဆိုရင်၊ Torbutton ဟာ disabled ဖြစ်သွားမှာ ဖြစ်ပြီး၊ အောက်ပါ မျက်နှာပြင်ပေါ်လာလိမ့်မယ် -

    ပုံ ၃ - Sorry. You are not using Tor tab ကို ပြသနေတဲ့ Mozilla Firefox ပြပုံ

    အကယ်လို့ သင်ဟာ ပုံ ၃ထဲမှာ disable လုပ်ထားတဲ့ Torbutton (despite your efforts to enable it)၊ (သို့) ကွန်ရက်စာမျက်နှာ အလွတ်ကို တွေ့ရတယ် ဆိုရင်၊ အခန်း ၄.၀ Tor ထဲမှ ကြုံတွေ့လေ့ရှိတဲ့ ပြဿနာများကို ဖြေရှင်းနည်း ကို ဖတ်ရှုပါ။

    ၃.၂ Tor ကို ဆက်သွယ်တဲ့လိုင်းကို ကိုယ်တိုင် စစ်ဆေး အတည်ပြုနည်း

    Tor network ကို ချိတ်ဆက်နေတယ် မချိတ်ဆက်ထားဘူး ဆိုတာ စစ်ဆေးနိုင်ဖို့၊ အောက်ပါ အဆင့်ကို လုပ်ဆောင်ပါ -

    အဆင့် ၁https://check.torproject.org/ ကွန်ရက် စာမျက်နှာကို ဖွင့်ပါ။ သူက သင်ဟာ Tor network ကို ချိတ်ဆက်နေတယ် မချိတ်ဆက်ထားဘူး ဆိုတာကို အတည်ပြုပေးလိမ့်မယ်။

    အကယ်လို့ web browser ဟာ အင်တာနက်ကတဆင့် Tor network ကို ဆက်သွယ်ထားတယ် ဆိုရင်၊ သင်နေထိုင်တဲ့ နိုင်ငံမှာ ပိတ်ဆို့ (သို့) တားမြစ်ထားတဲ့ ကွန်ရက် စာမျက်နှာတွေကို ကြည့်ရှုလို့ ရမှာ ဖြစ်ပြီး၊ သင့်ရဲ့ အွန်လိုင်း လုပ်ဆောင်မှုတွေလည်း သီးသန့်ရှိပြီး လုံခြုံမှု ရှိနေမှာ ဖြစ်တယ်။ www.google.com လို ကွန်ရက် စာမျက်နှာတွေကိုလည်း တခြားနိုင်ငံကနေ အသုံးပြုနေသလို ပြုမှုနေမှာ ဖြစ်တယ်။ ဒါဟာ Tor ရဲ့ သာမန် လုပ်ဆောင်ချက် ဖြစ်ပါတယ်။

    ၃.၃ Tor ကို သုံးပြီး Internet ကို လှော်လှန်နည်း

    Tor network ကတဆင့် Firefox ကို အသုံးပြုပြီး ကွန်ရက် စာမျက်နှာတွေကို ချက်ခြင်း ကြည့်ရှုနိုင်ပေမဲ့၊ အွန်လိုင်း Privacy နဲ့ လုံခြုံရေး ပိုကောင်းအောင် Firefox ကို configure လုပ်တဲ့နည်းနဲ့ ပါတ်သက်တဲ့ အောက်ပါ အခန်းကို ဖတ်ရှုဖို့ အကြံပြုလိုပါတယ်။

    ၃.၃.၁ Mozilla Firefox ကို Tor နဲ့ အသုံးပြုဖို့ Configure လုပ်နည်း

    Torbutton ဟာ Mozilla Firefox ရဲ့ add-on (သို့) extension တခု ဖြစ်တယ်၊ သေးငယ်တဲ့ ပရိုဂရမ် တခုဖြစ်ပြီး Mozilla Firefox မှာ ရှိတဲ့ အားနည်းချက် တချို့ကို ပိတ်ဆို့ခြင်းဖြင့် အွန်လိုင်း လုပ်ဆောင်မှုတွေကို အမည်ဝှက်ပြီး လုံခြုံစေဖို့ စီစဉ်ထုတ်လုပ်ထားပါတယ်။

    အရေးကြီးချက် - အန္တရာယ် ရှိတဲ့ ကွန်ရက် စာမျက်နှာတွေ (သို့) Tor ဆာဗာတခုက သင့်အနေနဲ့ Tor ကို အသုံးပြုနေတဲ့အချိန်မှာတောင် သင် အသုံးပြုနေတဲ့ အင်တာနက် တည်နေရာနဲ့ အွန်လိုင်း လုပ်ဆောင်မှုတွေနဲ့ ပါတ်သက်တဲ့ အချက်အလက်တွေကို ထုတ်ဖေါ်နိုင်တယ်။ ကံအားလျှော်စွာပဲ၊ Torbutton ရဲ့ default configuration ဟာ အတော်လေး လုံခြုံတယ်။ ဒါပေမဲ့၊ အွန်လိုင်း Privacy နဲ့ လုံခြုံရေးကို သင့်မြတ်အောင် လုပ်ဆောင်ဖို့ အောက်မှာ ဖေါ်ပြထားတဲ့ settings ကို ပြင်ဆင်ဖို့ အကြံပြုလိုပါတယ်။

    မှတ်ချက် - Browser နဲ့ ပါတ်သက်တဲ့ လုံခြုံရေး ပြဿနာတွေကို နက်နက်နဲနဲ နားလည်ထားတဲ့ အဆင့်မြင့် သုံးစွဲသူတွေက အဲဒီ settings တွေကို ကောင်းမွန်အောင် ပြန်ပြင်နိုင်ပါတယ်။

    Torbutton Preferences ၀င်းဒိုးမှာ options အမျိုးမျိုးကို သတ်မှတ်ပေးနိုင်တဲ့ tabs သုံးမျိုးရှိတယ် -

    • The Proxy Settings tab
    • The Security Settings tab
    • The Display Settings tab

    Torbutton ကို disable လုပ်ထားတယ် ဖြစ်ဖြစ်၊ (သို့) enable လုပ်ထားတယ် ဖြစ်ဖြစ်၊ Torbutton Preferences ၀င်းဒိုးထဲ ၀င်ရောက်နိုင်တယ်။ Torbutton Preferences ၀င်းဒိုးကို သက်ဝင်စေဖို့၊ အောက်ပါ အဆင့်တွေကို လုပ်ဆောင်ပါ -

    အဆင့် ၁Torbutton ရဲ့ menu ကို သက်ဝင်စေဖို့ အောက်ပါအတိုင်း သူ့ကို ညာဖက် နှိပ်ပါ -

    ပုံ ၄ - Torbutton menu ပြပုံ

    အဆင့် ၂။ အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ Preferences... item ကို Select လုပ်ပါ -

    ပုံ ၅ - Proxy Settings tab ကို ပြသနေတဲ့ Torbutton Preferences ၀င်းဒိုး ပြပုံ

    • The Proxy Settings tab

    Proxy Settings tab ဟာ Torbutton ကို enable လုပ်ထားတဲ့အချိန်မှာ Firefox က အင်တာနက်ကို ဘယ်လို ပုံစံနဲ့ ဆက်သွယ်ရမယ် ဆိုတာကို ထိန်းချုပ်ပေးတယ်။ ဒီ tab မှာ ဘယ်ကိုမျှ ပြောင်းလဲစရာ မလိုပါဘူး။

    • The Security Settings tab

    Security Settings tab ဟာ အင်တာနက် လုံခြုံရေးနဲ့ web browsers တွေ အကြောင်း နက်နက်နဲနဲ သိကျွမ်းထားတဲ့ အတွေ့အကြုံရှိပြီး အဆင့်မြင့်တဲ့ သုံးစွဲသူတွေအတွက် စီစဉ်ထုတ်လုပ်ထားတာ ဖြစ်တယ်။ သူ့ရဲ့ default settings ဟာ ပျမ်းမျှ သုံးစွဲသူအတွက် အဆင့်မြင့်တဲ့ လုံခြုံရေးကို ပံ့ပိုးပေးတယ်။ လုံခြုံရေး Settings တွေကို အသုံးပြုပြီး Torbutton က browser history, cache memory, cookies နဲ့ Firefox မှာ ရှိတဲ့ တခြား features တွေကို စီမံခန့်ခွဲမဲ့ ပုံစံတွေကို configure လုပ်ပေးပါတယ်။

    ပုံ ၆ - လုံခြုံရေး Settings tab ပုံ

    Disable plugins during Tor usage option ဟာ ခဏတဖြုတ် enable လုပ်ဖို့ လိုအပ်လာနိုင်တဲ့ လုံခြုံရေး settings အနည်းစုထဲမှာ ပါဝင်တယ်။ DailyMotion, The Hub နဲ့ YouTube အပါအ၀င် အွန်လိုင်း ဗွီဒီယိုတွေကို Tor ကတဆင့် ကြည့်ရှုဖို့၊ Disable plugins during Tor usage option ကို disable လုပ်ထားဖို့ လိုပါတယ်။

    မှတ်ချက် - ယုံကြည် စိတ်ချရတဲ့ ကွန်ရက်စာမျက်နှာတွေရဲ့ plugins တွေကိုပဲ enable လုပ်ထားဖို့ လိုတယ်။ အဲဒီ ကွန်ရက်စာမျက်နှာတွေကို ကြည့်ရှုပြီးတဲ့အခါ၊ Security Settings tab ကို ပြန်သွားပြီး၊ Disable plugins during Tor usage option ကို နောက်တခါ enable လုပ်ပါ။

    Security Settings tab မှာ ရှိတဲ့ option တခုစီရဲ့ တိကျတဲ့ လုပ်ဆောင်ချက်နဲ့ ပါတ်သက်တဲ့ အသေးစိတ် အချက်အလက်ကို လေ့လာဖို့၊ Torbutton ကို သွားရောက် ဖတ်ရှုပါ။

    • The Display Settings tab

    Display Settings tab ကို အသုံးပြုပြီး Firefox ရဲ့ status bar မှာ Torbutton ပေါ်လာမဲ့ (သို့) (သို့) (သို့) ပုံစံတခုခုကို ရွေးချယ်နိုင်တယ်။ ဘယ်လို ရွေးချယ်မှုမျိုးကိုပဲ လုပ်လုပ်၊ ဒီဇိုင်းဖန်တီးထားတဲ့အတိုင်း အလုပ်လုပ်လာမှာ ဖြစ်ပါတယ်။

    ပုံ ၇ - Display Settings tab ပြပုံ

    သိကောင်းစရာ - အင်တာနက် အသုံးပြုပြီးတဲ့အခါ၊ ယာယီ အင်တာနက် cache နဲ့ cookies တွေကို သေသေချာချာ ပယ်ဖျက်လိုက်ပါ။ Firefox ကို ဖွင့်ပြီး Tools > Clear Recent History... ကို သွား၊ ပေါ်လာတဲ့ မျက်နှာပြင်မှာ မြင်တွေရတဲ့ options တွေ အားလုံးကို ရွေးလိုက်ပြီး Clear Now ခလုတ်ကို နှိပ်ပါ။ အသေးစိတ် အချက်အလက်ကို Mozilla Firefox နဲ့ပါတ်သက်တဲ့ လက်စွဲ လမ်းညွှန် အခန်းမှာ သွားရောက် ဖတ်ရှုပါ။

    Torbutton နဲ့ပါတ်သက်ပြီး အသေးစိတ် အချက်အလက်ကို၊ Torbutton ရဲ့ မကြာခဏ မေးလေ့ရှိတဲ့ မေးခွန်းများ မှာ သွားရောက် ဖတ်ရှုပါ။

    ၃.၃.၂ Internet Explorer ကို Tor နဲ့ အသုံးပြုဖို့ Configure လုပ်နည်း

    မှတ်ချက် - Tor ကို ဘယ် web browser မှာ မဆို အသုံးပြုနိုင်ဖို့ စီစဉ်ထုတ်လုပ်ထားပေမဲ့၊ Firefox နဲ့ Tor တို့ဟာ ရန်လိုပြီး အန္တရာယ် ပြုတတ်တဲ့ အုပ်စုတွေက မတွေ့နိုင်အောင် ကာကွယ်ပေးနိုင်တဲ့ အကောင်းဆုံး ကိရိယာတွေ ဖြစ်ကြတယ်။ Internet Explorer ဟာ နောက်ဆုံးအဆင့်မှာ အသုံးပြုရမဲ့ browser တခု ဖြစ်ဖို့ လိုပါတယ်။

    ဒါပေမဲ့၊ Internet Explorer ကို လုံးဝ မလွဲသာ၊ မရှောင်သာ အသုံးပြုရမဲ့ အခြေအနေမျိုးမှာ ရောက်နေတယ် ဆိုရင်၊ အောက်ပါ အဆင့်တွေကို လုပ်ဆောင်ပါ -

    အဆင့် ၁Internet Explorer web browser ကို ဖွင့်ပါ။

    အဆင့် ၂Internet Options မျက်နှာပြင်ကို သက်ဝင်စေဖို့ Tools > Internet Options ကို Select လုပ်ပါ။

    အဆင့် ၃။ အောက်က ပုံ ၈ မှာ ပြထားတဲ့ မျက်နှာပြင်ကို သက်ဝင်စေဖို့ Connections tab ကို နှိပ်ပါ -

    ပုံ ၈ - Internet Options မှာ တွေ့ရတဲ့ Connections tab မျက်နှာပြင် ပြပုံ

    အဆင့် ၄။ အောက်မှာ ပြထားတဲ့အတိုင်း Local Area Network (LAN) Settings မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ -

    ပုံ ၉ - Local Area Network (LAN) Settings ပြပုံ

    အဆင့် ၅ပုံ ၉ မှာ ပြထားတဲ့အတိုင်း Use a proxy server... option ကို Check လုပ်ပါ။ အဲဒီနောက် Proxy Settings မျက်နှာပြင်ကို သက်ဝင်စေဖို့ နှိပ်ပါ။

    အဆင့် ၆။ အောက်မှာ ပြထားတဲ့အတိုင်း proxy settings အတွက် ကွက်လပ်တွေကို ဖြည့်ပေးပါ -

    ပုံ ၁၀ - အပြီး ဖြည့်စွတ်ထားတဲ့ Proxy Settings မျက်နှာပြင် ဥပမာ ပြပုံ

    အဆင့် ၇Internet Options ၀င်းဒိုးကို ပိတ်ပြီး Internet Explorer browser ကို ပြန်သွားဖို့၊ အလျင်ပေါ်လာတဲ့ configuration မျက်နှာပြင်တွေကို တခုချင်းကို နှိပ်လိုက်ပါ။

    မှတ်ချက် - Tor ကို အသုံးမပြုတော့ဘူး ဆိုရင် အဆင့် ၁ ကနေ ၄ အထိ ထပ်ခါတလဲလဲ လုပ်ပါ။ အဆင့် ၅ နေရာမှာ၊ Use a proxy server... option ကို disable လုပ်ပါ။

    သိကောင်းစရာ - အင်တာနက်ကို အသုံးပြုပြီးတဲ့အခါ၊ အောက်ပါ အဆင့်တွေကို လုပ်ပြီး ယာယီ Internet cache, cookies နဲ့ browser history တွေကို ပယ်ဖျက်ရမှာ ဖြစ်တယ် -

    အဆင့် ၁။ အောက်ပါအတိုင်း default General tab ကို ဖေါ်ပြဖို့ Tools > Internet Options ကို Select လုပ်ပါ -

    ပုံ ၁၁ - Internet Explorer General tab ပြပုံ

    အဆင့် ၂Delete Cookies အတည်ပြု dialog box ကို အောက်ပါအတိုင်း သက်ဝင်စေဖို့ Temporary Internet files အခန်းမှာ ကို နှိပ်ပါ၊

    ပုံ ၁၂ - Cookies တွေကို ပယ်ဖျက်ဖို့ အတည်ပြုချက်ပေးတဲ့ dialog box ပြပုံ

    အဆင့် ၃။ ယာယီ အင်တာနက် cookies ကို ပယ်ဖျက်ဖို့ ကို နှိပ်ပါ။

    အဆင့် ၄။ Delete Files အတည်ပြုချက်ပေးတဲ့ dialog box ကို သက်ဝင်စေဖို့ ကို နှိပ်ပါ။ အဲဒီနောက် ယာယီ အင်တာနက် ဖိုင်တွေကို ပယ်ဖျက်ဖို့ ကို နှိပ်ပါ။

    အဆင့် ၅။ Internet Options အတည်ပြုချက် ပေးတဲ့ dialog box ကို သက်ဝင်စေဖို့ ကို နှိပ်ပါ၊ ကို နှိပ်ပြီးတဲ့နောက်၊ ကို နှိပ်ပါ။

    မှတ်ချက် - Internet Explorer ကို အသုံးပြုပြီး Tor network ထဲကို ၀င်ရောက်ဖို့၊ Tor Browser ဟာ Vidalia နဲ့ ချိတ်ဆက်ထားရမှာ ဖြစ်ပြီး Tor network ထဲကို ၀င်ရောက်ရမှာ ဖြစ်ပါတယ်။

    Vidalia Control Panel ကို သုံးစွဲနည်း

    ဒီစာမျက်နှာမှာ ပါဝင်တဲ့ အပိုင်းများ -

    ၄.၀ Vidalia Control Panel အကြောင်း

    အခု သင် ရင်းနှီးနေတဲ့ - Vidalia Control Panel - ဟာ Tor ပရိုဂရမ်ရဲ့ ပင်မ console ဖြစ်တယ်။ Vidalia Contol Panel က Torရဲ့ အရေးကြီးတဲ့ settings တွေကို connection parameters တွေကို ကြည့်ပြီး configure လုပ်ပေးတယ်။ Vidalia Control Panel ကို ဖွင့်ဖို့ အောက်က လမ်းညွှန်ချက်တွေကို လိုက်နာပါ -

    အကယ်လို့ Tor Browser ကို အသုံးပြုနေပြီ ဆိုရင် Vidalia Control Panel ကို ဖွင့်ဖို့ ကို နှစ်ချက် နှိပ်ပါ။

    သိကောင်းစရာ - အကယ်လို့ အစိမ်းရောင် ကြက်သွန်နီပုံ icon လေးကို ညာဖက် နှိပ်လိုက်ရင်၊ Vidalia Control Panel ဟာ pop-up menu ပုံစံနဲ့ အောက်ပါအတိုင်း ပေါ်လာပါလိမ့်မယ် -

    ပုံ ၁ - Vidalia Control Panel ရဲ့ pop-up menu ပြပုံ

    အကယ်လို့ သင်ဟာ Tor Browser ကို အသုံးမပြုရင် Tor Browser ဖိုင်တွဲကို သွားပြီး Vidalia Control Panel ကို သက်ဝင်စေဖို့နဲ့၊ Tor network ကို အောက်ပါအတိုင်း အလိုအလျောက် ချိတ်ဆက်ဖို့ ကို နှစ်ချက် နှိပ်ပါ -

    ပုံ ၂ - Vidalia Control Panel က Tor Network ကို အောင်အောင်မြင်မြင် ဆက်သွယ်နေပုံ

    ၄.၁ Tor Connection ကို ကြည့်ရှုနည်း

    အဆင့် ၁။ အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ -

    ပုံ ၃ - Tor Network မြေပုံ ပြပုံ

    Tor Network Map ထဲမှာ လက်ရှိ လည်ပတ်နေတဲ့ Tor ရဲ့ အမည်ဝှက် network ကို ဖွဲ့စည်းပေးတဲ့ Tor relay servers တွေ အားလုံးရဲ့ စာရင်းကို ဖေါ်ပြထားတယ်။ ဘယ်ဖက် sidebar ထဲက စာရင်းထဲမှာ အဲဒီ ဆာဗာတွေကို သူတို့ ရရှိနိုင်တဲ့ bandwith နဲ့ ပထ၀ီ တည်နေရာကို ဖေါ်ပြပေးတယ်။

    • အဲဒီ ဆာဗာတွေကို ကြီးစဉ် ငယ်လိုက် (သို့) ငယ်စဉ် ကြီးလိုက် ရနိုင်တဲ့ bandwith အလိုက်၊ (သို့) မူရင်း နိုင်ငံရဲ့ စာလုံး အစဉ်လိုက် စီစဉ်ဖို့ ကို နှိပ်ပါ။

    ကမ္ဘာ့မြေပုံရဲ့ အောက်မှာ အကန့် နှစ်ခု ရှိတယ်၊ Connections အကန့် နဲ့ relay details အကန့်တို့ ဖြစ်ကြတယ်။ Connections အကန့်မှာ ကျပန်းနဲ့ ရွေးချယ်ထားပြီး အဲဒီကတဆင့် အမှည်ဝှက် ဆက်သွယ်သွားမဲ့ Tor ဆာဗာတွေရဲ့ အမည်တွေကို ဖေါ်ပြပေးပါတယ်။

    • မြေပုံပေါ်က အစိမ်းရောင် လိုင်းတွေနဲ့ ချိတ်ဆက်ထားတဲ့ Tor network ကတဆင့် သင် ဆက်သွယ်နေတဲ့ လမ်းကြောင်းကို ကြည့်ရှုဖို့ Connections စာရင်းထဲက ဆာဗာတခုကို ရွေးလိုက်ပါ။

    ဘေးချင်းကပ် အကန့်မှာ ဘယ်ဖက် sidebar ထဲမှာ ရှိတဲ့ Relay စာရင်းအောက်မှာ ဖေါ်ပြထားတဲ့ ဆာဗာတခုရဲ့ ချိတ်ဆက်မှု အသေးစိတ်ကို ဖေါ်ပြထားတယ်၊ ပုံ ၃ ထဲမှာ Canadian relay server settingOrangeရဲ့ connection အသေးစိတ်တွေကို ဖေါ်ပြထားပါတယ်။

    မှတ်ချက် - Tor Network Map က Tor ရဲ့ လုပ်ဆောင်ချက်တွေကို စိတ်ကူးဆန်တဲ့ အယူအဆတွေနဲ့ ရှုပ်ထွေးတဲ့ အသင်း အချက်အလက်တွေကို ကြည့်ရှုနိုင်တဲ့ ပုံစံနဲ့ တင်ဆက်ထားပါတယ်။

    ၄.၂ Vidalia Control Panel ရဲ့ Settings ကို Configure လုပ်ပြီး ကြည့်ရှုနည်း

    အဆင့် ၁။ အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ -

    ပုံ ၄ - Vidalia Control Panel ထဲက Settings မျက်နှာပြင် ပြပုံ

    General tab ထဲကနေ Windows ကို starts up လုပ်တဲ့အခါ Vidalia ကို အလိုအလျောက် ဖွင့်သင့် မဖွင့်သင့်၊ အဲဒီနောက် Tor ပရိုဂရမ်ကို ဖွင့်သင့် မဖွင့်သင့် သတ်မှတ်ပေးနိုင်ပါတယ်။

    အကယ်လို့ Vidalia ကို ကိုယ်တိုင် ဖွင့်ချင်တယ် ဆိုရင်၊ Start Vidalia when my system starts option မှာ disable ကို နှိပ်လိုက်ရုံပါပဲ။

    မှတ်ချက် - လက်သင်(သို့) ပျမ်းမျှအဆင့် သင်ကြားနေတဲ့ သူတွေဟာ ပုံ ၄ မှာ ပြထားတဲ့အတိုင်း default settings တွေကို လက်ခံဖို့ လိုပါတယ်။

    အဆင့် ၂။ settings တွေကို အတည်ပြုဖို့ ကို နှိပ်ပါ။

    Tor ပရိုဂရမ်အတွက် သတ်မှတ်ထားတဲ့ default ဘာသာစကားဟာ အင်္ဂလိပ် ဖြစ်တယ်၊ Appearance tab ကနေ Vidalia Control Panel အတွက် တခြား ဘာသာစကားကို ရွေးလို့ ရတယ်။ သူ့ရဲ့ ပုံပန်းသဏ္ဍာန်ကိုလည်း ပြုပြင်လို့ ရပါတယ်။

    ပုံ ၅ - Vidalia Panel ထဲက ပုံပန်းသဏ္ဍာန် ပြပုံ

    ၄.၃ Tor ပရိုဂရမ်ကို ပိတ်တဲ့နည်းနဲ့ ဖွင့်တဲ့နည်း

    အဆင့် ၁Tor ပရိုဂရမ်ကို မသုံးတော့ဘူး ဆိုရင် Vidalia Shortcuts panel ကထဲ ကို နှိပ်ပါ၊ Vidalia Control Panel ထဲက Status အပိုင်းဟာ အောက်ပါအတိုင်း ပေါ်လာပါလိမ့်မယ် -

    ပုံ ၆ - Tor Status အခန်း - Tor ဟာ အလုပ်မလုပ်ကြောင်း ပြသနေပုံ

    အဆင့် ၂Tor ပရိုဂရမ်ကို အပြန်အလှန် ဖွင့်မယ် ဆိုရင် ကို နှိပ်ပါ၊ Vidalia Control Panel ထဲက Status အပိုင်းဟာ စက္ကန့်ပိုင်းမှာ အောက်ပါအတိုင်း ပေါ်လာလိမ့်မယ် -

    ပုံ ၇ - Tor Status section - Network ကို ချိတ်ဆက်ထားကြောင်း ပြသနေပုံ

    မကြာခဏ မေးလေ့ရှိတဲ့ မေးခွန်းများနဲ့ သုံးသပ်ချက်များ

    မေကြာခဏ မေးလေ့ရှိတဲ့ မေးခွန်းများနဲ့ သုံးသပ်ချက်များ

    Tor ဟာ စနစ်တကျ ထိန်းသိမ်းထားပြီး အသေးစိတ် စမ်းသပ်ထားတဲ့ ဆော့ဗ်ဝဲ အစိတ်အပိုင်း တခု ဖြစ်တယ်။ Tor network ကို ကမ္ဘာတ၀ှမ်းက ထောင်ပေါင်း ရာချီတဲ့ လူတွေက အသုံးပြုနေကြပြီး၊ ပိုမို လုံခြုံမှု ရှိပြီး ခိုင်ခံ့မှု ရှိဖို့ မွမ်းမံမှုတွေ ဆက်ပြီး လုပ်ဆောင်နေကြတယ်။ ဒီအခန်းမှာ ဖေါ်ပြထားတဲ့ ရှင်းလင်းချက်တွေဟာ ရှုပ်ထွေးနေနိုင်ပါတယ်၊ အများအားဖြင့် Tor စနစ်တကျ အလုပ်လုပ်နိုင်ဖို့အတွက် အခန်း ၃.၀ Tor Network အသုံးပြုပြီး အင်တာနက် သုံးစွဲနည်း ကို မဖတ်ရင်လည်း ရပါတယ်။

    မန်ဆိုးဟာ သုံးစွဲနည်း စာအုပ်ငယ်ထဲက ဆင်ဆာဖြတ်တောက်မှု ကျော်လွှားနည်း အခန်း ၈။ အင်တာနက်မှာ အမည်ဝှက်ပြီး ဆင်ဆာ ဖြတ်တောက်မှုကို ရှောင်နည်း ကို သေသေချာချာ ဖတ်ရှုပြီး Tor လမ်းညွှန်မှာ ပါတဲ့အတိုင်း စမ်းလုပ်ကြည့်တယ်။ ဒါပေမဲ့ နှစ်အတော်ကြာ Tor ကို စွဲစွဲလမ်းလမ်း သုံးစွဲနေတဲ့ မက်ဒါကို မေးစရာ မေးခွန်းတချို့ ရှိနေပါတယ်။

    မေး - Tor ကို ဘာကြောင်း အသုံးပြုရသလဲ။

    ဖြေ - ကောင်းတဲ့ မေးခွန်းပါပဲ။ Tor ဟာ ကွန်ရက်စာမျက်နှာ တချို့ကို ကြည့်ရှုနိုင်ဖို့ အတွက် အင်တာနက် ဆင်ဆာဖြတ်တောက်မှုကို ရှောင်ကွင်းချင်တယ် ဆိုရင် အသုံးပြုနိုင်တဲ့ ကိရိယာကောင်း တခု ဖြစ်တယ်။ သင် ကြည်���ရှုနေတဲ့ ကွန်ရက်စာမျက်နှာတွေကို အင်တာနက် ၀န်ဆောင်မှု ပံ့ပိုးသူ (ISP) ကို မသိစေချင်ဘူး ဆိုရင် (သို့) သင် နေထိုင်တဲ့ နေရာကို အဲဒီ ကွန်ရက် စာမျက်နှာတွေကို မသိစေချင်ဘူး ဆိုရင် လုပ်ရမဲ့အချက်တွေ နဲနဲများလာပါလိမ့်မယ်။

    မေး - 'Message Log' ထဲမှာ ကျွန်တော် နားမလည်တဲ့ ချို့ယွင်းချက် စာတမ်းလေးတွေ ရှိနေတယ်။ ကျွန်တော် ဘာလုပ်ရမလဲ။

    ဖြေ - အဲဒီ စာတမ်းတွေဟာ Tor FAQ wiki ထဲမှာ ပါမပါ စစ်ဆေးကြည့်လိုက်ပါ။ နောက်တမျိုး အနေနဲ့၊ Vidalia Control Panel ထဲက ကို နှိပ်ပြီး Tor မှာ ကြုံတွေ့ရလေ့ရှိတဲ့ ပြဿနာများကို ဖြေရှင်းနည်း စာမျက်နှာကို လေ့လာ ဖတ်ရှုပါ။

    မေး - Tor Browser ကို သုံးစွဲနေတဲ့အခါ၊ တခြား ပရိုဂရမ်တွေကလည်း Tor network ကတဆင့် အမည်ဝှက်ပြီး အဆက်အသွယ် လုပ်နေကြသလား။

    ဖြေ - မလုပ်ပါဘူး၊ မှတ်ထားဖို့ အရေးကြီးတာက Tor network ကို Torbutton add-on ကို enable လုပ်ထားတဲ့ Firefox ကနေတဆင့်ပဲ ဆက်သွယ်ရမယ်။ တခြား ပရိုဂရမ်တွေ အားလုံးဟာ အင်တာနက်ပေါ်က ဆာဗာတွေကနေတဆင့် အဆက်အသွယ် လုပ်ကြတယ်။ သင်ဟာ Tor network ကနေ လုံးဝ ဆက်သွယ်နေတာ သေချာအောင်၊ https://check.torproject.org ကွန်ရက် စာမျက်နှာကို ကိုယ်တိုင် အမြဲတမ်း စစ်ဆေးပါ။ ကွန်ရက် စာမျက်နှာ အသစ်တွေ (သို့) သင်နဲ့ ရင်းနှီးမှု မရှိတဲ့ ကွန်ရက် စာမျက်နှာတွေကို ကြည့်ရှုတဲ့အခါ Tor က သင့်ရဲ့ သတိဝီရီယ ရှိမှု၊ အသိတရား ရှိမှုနဲ့ ကောင်းကောင်း မွန်မွန် ဝေဖန်ပိုင်းခြားနိုင်မှုကို အမှီပြုနေပါတယ်။

    မေး - Tor က Firefox ရဲ့ ဆက်သွယ်မှု အားလုံးကို အကာအကွယ် ပေးသလား။

    ဖြေ - Tor ဟာ သင်နဲ့ Tor network တို့ စပ်ကြားက ဆက်သွယ်မှု အားလုံးကို စာဝှက်ပေးမှာ ဖြစ်ပါတယ်။ ဒါပေမဲ့၊ Tor ဟာ Tor network နဲ့ သင် ကြည့်ရှုနေတဲ့ ကွန်ရက်စာမျက်နှာတို့ အကြားက စီးဆင်းမှုကိုတော့ စာဝှက်ပေးနိုင်မှာ မဟုတ်ဘူး ဆိုတာ စိတ်ထဲမှာ မှတ်ထားပါ။ သတင်း အချက်အလက်တွေရဲ့ privacy ရှိမှုနဲ့ လုံခြုံရေးကို တန်ဖိုးထားတယ် ဆိုရင် - HTTPS protocol (သို့) တခြား အလားတူ စာဝှက်စနစ်တွေကို အသုံးပြုရမှာ ဖြစ်ပါတယ်။

    ၆.၁ ပြန်လှန် မေးခွန်းများ

    • Tor network ကတဆင့် အဆက်အသွယ် လုပ်ဖို့ Tor ဆာဗာ ဘယ်နှစ်ခုကို အသုံးပြုသလဲ။
    • အဲဒီ ဆာဗာတွေနဲ့ ပါတ်သက်တဲ့ အချက်အလက်တွေကို ဘယ်မှာ ဖတ်ရှုနိုင်မလဲ။
    • Tor ကဆင့် ကွန်ရက် စာမျက်နှာတွေကို ကြည့်ရှုဖို့ web browser ရဲ့ ဘယ် settings တွေကို ပြင်ဆင်ဖို့ လိုသလဲ။
    • Tor network ကို ဆက်သွယ်ဖို့ ဘယ်လို ပရိုဂရမ်တွေကို အသုံးပြုမလဲ။
    • Windows starts up လုပ်တဲ့အခါတိုင်း Vidalia မျက်နှာပြင် ဖွင့်မလာအောင် ဘယ်လို တားဆီးရမလဲ။