လူမှု ဆက်သွယ်ရေး ကိရိယာများ - Facebook, Twitter နှင့် အခြား ကိရိယာများ

Updated 16 September 2014

ဤလမ်းညွှန်အား အချိန်နှင့်တပြေးညီ ပြင်ဆင်မှု မရှိတော့ပါ။

:Introduction

ဒီလူမူ ဆက်သွယ်ရေး ကွန်ရက်တွေဟာ ရေပန်း အစားဆုံးနဲ့ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲမှု အရှိဆုံး လူမှု ကွန်ရက်တွေ ဖြစ်ကြတယ်။ ၄င်းတို့ကို ပုဂ္ဂလိက ကုမ္ပဏီတွေက ပိုင်ဆိုင်ထားပြီး အခန်း ၁၀။ လူမှုဆက်ဆံရေး ကွန်ရက်များ၌ မိမိကိုယ်ကိုနှင့် ဒေတာများ ကာကွယ်နည်းမှာ ဖေါ်ပြထားသလို အဲဒီ ကုမ္ပဏီတွေက သုံးစွဲသူတွေရဲ့ သတင်း အချက်အလက်တွေကို စုဆောင်းကာ ကြော်ငြာလုပ်ငန်း လုပ်တဲ့ သူတွေထံ ရောင်းချခြင်းဖြင့် ဝင်ငွေ ရှာဖွေလေ့ ရှိကြတယ်။ အစိုးရက စီးနှင်း ဖြိုခွင်းလာတဲ့အခါ ၄င်းကွန်ရက်တွေကို ဦးစွာ ပစ်မှတ်ထားပြီး ပိတ်ဆို့ခံရမှာ ဖြစ်သလို၊ အဲဒီ ကုမ္ပဏီတွေဟာ လိုအပ်လာရင် အစိုးရရဲ့ ဖိအားပေးမှု၊ ဆင်ဆာ ဖြတ်တောက်မှုတွေ ခံရကြမှာ ဖြစ်တယ်။ ဒစ်ဂျစ်တယ် လုံခြုံရေးနဲ့ တက်ကြွလှုပ်ရှားရေး အတွက် ရည်ရွယ်ပြီး ပုံစံထုတ်ထားတဲ့ အခြား ကွန်ရက်တွေ ဖြစ်ကြတဲ့ Diaspora, Crabgrass, Friendica, Pidder, (သို့) SecureShare ကို သုံးစွဲကြည့်နိုင်တယ်။ Social Swarm ဟာ အခကြေးမယူတဲ့ အဖွဲ့အစည်းမှ အကြံပေးအဖွဲ့ တစ်ခုက လည်ပတ်ထားတာ ဖြစ်ပြီး လူမှု ဆက်သွယ်ရေး ကွန်ရက်တွေရဲ့ သီးသန့်ဖြစ်ခြင်းနဲ့ ပါတ်သက်ပြီး ဆွေးနွေးချက်တွေ၊ ပညာပေး လုပ်ဆောင်မှုတွေ၊ စည်းရုံးလှုံ့ဆော်မှုတွေ လုပ်ဆောင်ပေးတဲ့ အဖွဲ့အစည်း ဖြစ်တယ်။ ဒါဟာ လေ့လာ သင်ယူရာမှာ အကျိုးရှိတဲ့ အရင်းအမြစ် တစ်ခု အဖြစ် သတ်မှတ်နိုင်ပါတယ်။

တခြား အလားတူ ကွန်ရက်တွေဟာလည်း တချို့ နေရာဒေသတွေမှာ ရေပမ်းစားနိုင်ပါတယ်။ ဒါကြောင့် အခြား ရွေးစရာတွေကို လေ့လာသင့်ပါတယ်။ တစ်ခုခုကို မရွေးခင် အောက်ပါ အချက်တွေကို စဉ်းစားပါ -

၁။ ကွန်ရက် အတွင်း ဝင်ရောက်ချိန်မှာ သာမက၊ ကွန်ရက် တစ်ခုလုံးမှာ လုံခြုံတဲ့ SSL ဆက်သွယ်ရေး စနစ်ကို ပံ့ပိုးပေးထားသလား။ စာဝှက်စနစ် လက်မှတ်များနဲ့ ပါတ်သက်တဲ့ စာဝှက်စနစ်ဆိုင်ရာ ပြဿနာတွေ ရှိမရှိ။

၂။ သုံးစွဲသူ လိုင်စင် သဘောတူညီချက်နဲ့ သီးသန့်ဖြစ်ခြင်း မူဝါဒ (သို့) ဒေတာ သုံးစွဲမှု မူဝါဒကို ဂရုတစိုက် လေ့လာဖတ်ရှုပါ။ သင့်ရဲ့ အကြောင်းအရာနဲ့ ကိုယ်ရေး ကိုယ်တာ ဒေတာတွေကို ဘယ်လို အသုံးချမလဲ။ ဘယ်သူတွေနဲ့ ဝေမျှကြမလဲ။

၃။ သုံးစွဲသူတွေအတွက် ဘယ်လိုမျိုး သီးခြား ရွေးချယ်စရာတွေကို ပံ့ပိုးပေးထားသလဲ။ သင့်ရဲ့ ဗွီဒီယိုကို တခြား ပုဂ္ဂိုလ်တွေနဲ့ လုံလုံခြုံခြုံ ဝေမျှနိုင်သလား။ ဒါမှမဟုတ် ပုံမှန်အားဖြင့် လူတိုင်း ကြည့်ရှုနိုင်သလား။

၄။ နယ်မြေ ပိုင်နက် (သို့) ကုမ္ပဏီ မှတ်ပုံတင်ထားတဲ့ နယ်အတွင်း ဆာဗာတွေ ထားရှိတဲ့ နေရာကို သင် သိရှိသလား။ ဒီသတင်း အချက်အလက်တွေဟာ သင့်ရဲ့ အီးမေးလ် အဝင်အထွက် သီးခြားဖြစ်မှု လုံခြုံရေးတို့နဲ့ ဆက်စပ်နေတာကို သတိပြုမိသလား။ ကွန်ရက် ပိုင်ရှင်တွေဟာ အကယ်လို့ အစိုးရက တောင်းဆိုလာမယ် ဆိုရင် သင့်ရဲ့ သတင်း အချက်အလက်တွေကို သူတို့ထံ လက်ဆင့်ကမ်း ပေးအပ်နိုင်သလား။

Facebook လုံခြုံရေး လမ်းညွှန်

Facebook ဟာ လူတိုင်း ဝင်ရောက် သုံးစွဲနိုင်တဲ့ နာမည်ကြီး လူမှု ဆက်သွယ်ရေး ကွန်ရက် တစ်ခု ဖြစ်တယ်။ ဒါကြောင့် ၄င်းရဲ့ လုံခြုံရေး ချိန်ညှိချက်တွေအကြောင်းကို သိကျွမ်းနားလည်ပြီး စီမံ ကိုင်တွယ်နိုင်ဖို့ အလွန် အရေးကြီးပါတယ်။

ပင်မ စာမျက်နှာ

ကွန်ပျူတာ လိုအပ်ချက်များ

ဖတ်ရှုရမဲ့ အကြောင်းအရာများ

ဒီပရိုဂရမ်ကို စတင် အသုံးပြုနိုင်ဖို့ လိုအပ်သော အချိန် - ၄၀ မိနစ်

ပြန်လည်ရရှိမဲ့ အကျိုးကျေးဇူးများ -

  • Facebook သုံးစွဲတဲ့အခါ မိမိရဲ့ ကိုယ်ရေး သတင်း အချက်အလက်တွေ လူသိရှင်ကြား ဖြစ်သွားနိုင်တဲ့ ပမာဏကို လျှော့ချပေးနိုင်တယ်။
  • Facebook ပေါ်က ပရိုဖိုင်း၊ အနေအထား မွမ်းမံချက်တွေ၊ ဓါတ်ပုံတွေနဲ့ အခြား ဒေတာတွေကို စီမံထိန်းချုပ်ထားနိုင်တယ်။
  • မိမိရဲ့ ကိုယ်ရေး သတင်း အချက်အလက်တွေကို Facebook ရဲ့ တခြား ကြော်ငြာရေး ဆိုင်ရာ မိတ်ဖက်တွေ၊ သက်ဆိုင်ရာ ကွန်ရက် စာမျက်နှာတွေဆီ ရောက်ရှိသွားနိုင်တဲ့ ပမာဏကို လျှော့ချပေးနိုင်တယ်။

၁.၁ ဒီပရိုဂရမ်ကို စတင် အသုံးမပြုခင် သိထားသင့်တဲ့အချက်များ

Facebook ဟာ ကမ္ဘာ့ ရေပမ်းအစားဆုံး လူမှု ဆက်သွယ်ရေး ကွန်ရက် ဖြစ်တယ်။ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေဟာ ၄င်းကို အသုံးပြုပြီး ကွန်ရက်တွေ ဖွဲ့စည်းတာတို့၊ အရေးအခင်းတွေကို ဆက်သွယ်ခြင်း၊ စုစည်းခြင်း၊ ထုတ်ပြန် ကြော်ငြာခြင်း စတာတွေ ပြုလုပ်ကြတယ်။ သို့သော်၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေရဲ့ လှုပ်ရှားမှုတွေကို ဆန့်ကျင်တဲ့ တစ်ဖက်လူတွေက သတင်း အချက်အလက် အရင်းအမြစ်တွေကို ရယူသွားနိုင်တဲ့ အလားအလာ ရှိနေတယ်။ ဒါကြောင့်၊ ရရှိနိုင်တဲ့ အကောင့် အမျိုးမျိုးနဲ့ လုံခြုံရေး ချိန်ညှိချက်များကို သိကျွမ်းနားလည်ထားဖို့ အလွန် အရေးကြီးတယ်။

Facebook ဟာ အမေရိကန် အစိုးရရဲ့ စောင့်ကြည့်မှုကို ခံနေရသလို၊ အခြား အစိုးရတွေရဲ့ အလားတူ စောင့်ကြည့်ခြင်း ခံရနိုင်တဲ့ အနေအထားမှာ ရှိနေတယ်။ ဒီ့အပြင်၊ Facebook ရဲ့ ဒေတာ သုံးစွဲမှု မူဝါဒထဲမှာ ဖေါ်ပြချက်အရ အစိုးရရဲ့ စစ်ဆေး စုံစမ်းမှုတွေ အပါအဝင် အခြား တရားဝင် တောင်းချက်တွေအပေါ် မူတည်ပြီး သင့်ရဲ့ သတင်း အချက်အလက်တွေကို ဝေမျှနိုင်တယ်လို့ ဆိုထားပါတယ်။

သိထားဖို့ အရေးကြီးတဲ့ အချက်ကတော့၊ Facebook ရဲ့ ပွင့်လင်းတဲ့ အနေအထားကြောင့်၊ သင့်ရဲ့ လုံခြုံရေးနဲ့ သီးသန့်ဖြစ်ခြင်းဟာ သင့်ရဲ့ မိတ်ဆွေတွေ၊ အဆက်အသွယ်တွေအပေါ် အများကြီး မူတည်နေတယ်။ ဒီမှာ ဖေါ်ပြထားတဲ့ လမ်းညွှန်ချက်တွေကို လက်တွေ့ ကျင့်သုံးခြင်းဖြင့် သင့်အတွက် သီးသန့် ဖြစ်ခြင်းနဲ့ လုံခြုံရေး ပိုမို ကောင်းမွန်လာမှာ ဖြစ်တယ်။ ဒါပေမဲ့ သင့် Facebook အဆက်အသွယ်တွေက အလားတူ လက်တွေ့ ကျင့်သုံးမှု မရှိရင် ထိရောက်မှု နည်းပါးနေဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့်၊ ဒီအလေ့အကျင့်တွေကို Facebook ပေါ်က သင့်မိတ်ဆွေတွေ၊ မိသားစုဝင်တွေနဲ့ အခြား အဆက်အသွယ်တွေဆီ ဖြန့်ဝေခြင်းဖြင့် သင့်ရဲ့ လုံခြံရေးကို သာမက၊ သူတို့အားလုံးရဲ့ လုံခြုံရေးကိုပါ တိုးမြှင့်သွားစေမှာ ဖြစ်တယ်။

Facebook လုံခြုံရေး ချိန်ညှိချက်များကို အမြဲတမ်း မွမ်းမံပေးဖို့ လိုအပ်တယ်။ ဒီလမ်းညွှန်ချက်ထဲမှာ ဖေါ်ပြထားတဲ့ ချိန်ညှိချက်များကို သုံးပြီး သင့်ရဲ့ Facebook အကောင့် ပိုမို လုံခြုံလာစေမှာ ဖြစ်တယ် (၂၀၁၂ မေလ ထုတ်ပြန်ချက်အရ)။ သို့သော်၊ သီးသန့်ဖြစ်ခြင်းနဲ့ လုံခြုံရေး ချိန်ညှိချက်တွေနဲ့ ပါတ်သက်တဲ့ အခြား မွမ်းမံချက်တွေ၊ အကြံအဉာဏ်တွေကို အောက်ပါ Facebook ရဲ့ တရားဝင် အကူအညီ စာမျက်နှာမှာ လေ့လာ ဖတ်ရှုနိုင်ပါတယ် - https://www.facebook.com/help/privacy

Facebook ရဲ့ ဒေတာ သုံးစွဲမှု မူဝါဒနဲ့ ပါတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကို ကျွန်တော်နဲ့ ကျွန်တော့်အရိပ် ကွန်ရက် စာမျက်နှာပေါ်က ဓါတ်ပုံ သတင်းကဏ္ဍမှာ လေ့လာနိုင်ပါတယ်။

Facebook ၏ မူရင်း အကောင့် ချိန်ညှိချက်များ ပြောင်းလဲခြင်း

ဒီစာမျက်နှာမှာ ပါဝင်တဲ့ အပိုင်းများ -

၂.၀ Facebook အကောင့် ဖန်တီးနည်း

Facebook အကောင့်ကို ဖန်တီးမယ် ဆိုရင် ကွန်ရက် ဘရောင်ဆာကို ဖွင့်လိုက်ပါ၊ (လုံခြုံရေး add-ons သွင်းထားတဲ့ မီးလျှံ မြေခွေး (သို့) Tor ဘရောင်ဆာ)ကို သုံးစွဲဖို့ အကြံပြုလိုပါတယ်)။

အဆင့် ၁။ Facebook ရဲ့ ပင်မ စာမျက်နှာကို သွားဖို့ ဘရောင်ဆာပေါ်က လိပ်စာတန်းမှာ https://www.facebook.com ကို ရေးထည့်ပါ။ https မှာ တွေ့ရတဲ့ s ဟာ လုံခြုံပြီး စာဝှက်ထားတဲ့ ဆက်သွယ်ရေးလိုင်းက တစ်ဆင့် ဆက်သွယ်ဖြတ်သန်းနေကြောင်း ညွှန်ပြနေတာပဲ ဖြစ်တယ် (၄င်းကို တစ်နည်းဖြင့် Secure Socket Layer - SSL လို့ ခေါ်ပါတယ်)။

အဆင့် ၂။ အောက်ပါ ကွက်လပ်တွေထဲမှာ နာမည်အစနာမည်အဆုံးအီးမေးလ်နဲ့ စကားဝှက် ရေးထည့်လိုက်ပါ။

ပုံ ၂ - ပြည့်ပြည့်စုံစုံ ဖြည့်စွက်ထားတဲ့ ဖြည့်စွက်ပုံစံ ပြပုံ

မှတ်ချက်Facebook အကောင့် ဖွင်တဲ့အခါ နာမည် အမှန်၊ အီးမေးလ် လိပ်စာအမှန် သုံးစွဲသင့် မသင့် သေသေချာချာ စဉ်းစားပါ။ ဒါတွေကို အသုံးပြုပြီး အာဏာပိုင်တွေ (သို့) ရန်သူတွေက သင့်ကို အလွယ်တကူ ခြေရာခံလာနိုင်တယ်။ အီးမေးလ် လိပ်စာ အသစ်ကို ဖွင့်၊ နာမည်ပြောင်ကို သုံးပြီး၊ သင့် မိတ်ဆွေတွေ၊ အဆက်အသွယ်တွေကို ဝေမျှခြင်းဖြင့် ပိုမို လုံခြုံမှု ရှိလာမှာ ဖြစ်တယ်။ အွန်လိုင်းမှာ နာမည်မဖေါ်ပဲ သုံးစွဲနည်း အကြောင်းကို အခန်း ၈။ အင်တာနက်ပေါ် အမည်ဝှက်ပြီး စိစစ် ဖြတ်တောက်မှု ရှောင်နည်း မှာ လေ့လာဖတ်ရှုနိုင်တယ်။

မှတ်ချက်။ သင့်အကောင့်နဲ့ အချက်အလက်တွေကို ကာကွယ်ဖို့ ကြံ့ခိုင်တဲ့ စကားဝှက်ကို ရွေးချယ်ဖို့ အလွန် အရေးကြီးတယ် ဆိုတာ သတိရပါ။ အခန်း ၃။ လုံခြုံတဲ့ စကားဝှက်များကို ဖန်တီးပြီး ထိန်းသိမ်းနည်း ကို လေ့လာ ဖတ်ရှုပါ။

အဆင့် ၃Facebook ရဲ့ sign up ကို မနှိပ်ခင် ၄င်းရဲ့သုံးစွဲမှု စည်းမျဉ်းများ နဲ့ ဒေတာ သုံးစွဲမှု မူဝါဒကို ဖတ်ရှုပြီး နားလည်အောင် လုပ်ထားပါ။ အဲဒီထဲမှာ Facebook ကို သင် ပေးအပ်လိုက်တဲ့ အချက်အလက်တွေနဲ့၊ သူတို့ အသုံးချသွားနိုင်မဲ့ ပုံစံတွေအကြောင်း အရေးကြီးတဲ့ အချက်တွေ ပါရှိတယ်။ Facebook ရဲ့ ဒေတာ သုံးစွဲမှု မူဝါဒနဲ့ ပါတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို ကျွန်တော်နဲ့ ကျွန်တော့် အရိပ် ကွန်ရက်ပေါ်က သတင်း ဓါတ်ပုံများကို လေ့လာ ဖတ်ရှုပါ။

အဆင့် ၄Find Your Contacts မျက်နှာပြင်ပေါ်မှာ Facebook မှာ ရှိတဲ့ သင့်ရဲ့ အီးမေးလ် အကောင့်ဆီက အဆက်အသွယ်တွေကို ရယူနိုင်ဖို့ Facebook ဟာ သင့်ရဲ့ အီးမေးလ် လိပ်စာနဲ့ စကားဝှက်ကို ရေးထည့်ဖို့ တောင်းဆိုလာလိမ့်မယ်။ အဲဒီ အဆက်အသွယ်တွေကို နောက်ပိုင်းမှာ Facebook ရဲ့ အဆက်အသွယ်တွေအဖြစ် ထည့်သွင်းနိုင်တယ်။ ဒီအဆင့်ကို ကျော်သွားဖို့ သင့်ကို အကြံပြုလိုပါတယ်။

ပုံ ၃ - အဆက်အသွယ်များ ရှာဖွေရေး မျက်နှာပြင် ပြပုံ

အဆင့် ၅Profile Information မျက်နှာပြင်ပေါ်မှာ Facebook ဟာ သင့်ရဲ့ အကြောင်းအရာတွေ ဖြစ်တဲ့ သင် တက်ရောက်ခဲ့တဲ့ အထက်တန်းကျောင်း၊ ကောလိပ် (သို့) တက္ကသိုလ်၊ လက်ရှိ အလုပ်ရှင် စတာတွေ တောင်းဆိုလာလိမ့်မယ်။ ဒီအချက်အလက်တွေအားဖြင့် သင့် မိတ်ဆွေတွေက သင့်ကကို အလွယ်တကူ ရှာတွေ့နိုင်သလို၊ ရန်သူတွေကလည်း အလွယ်တကူ ရှာတွေ့နိုင်မှာ ဖြစ်တယ်။ ဒီအချက်အလက်တွေကို ထည့်သွင်းသင့် မသင့် အထူး ဂရုစိုက် စဉ်းစားထားသင့်တယ်။ အဲဒီအစား အချက်အလက် အမှားတွေကိုပဲ ထည့်သွင်းခြင်းဖြင့် တခြားလူတွေက သင့်ကို ရှာဖွေရာမှာ ပိုပြီး ခက်ခဲသွားစေမှာ ဖြစ်တယ်။ ဒီနေရာမှာ အချက်အလက်တွေကို မပေးလိုရင် ဒီအဆင့်ကို ကျော်သွားနိုင်တယ်။

ဒီအဆင့်မှာ သင် ပေးထားတဲ့ အချက်အလက်တွေကို အခြေခံပြီး၊ Facebook ဟာ သင့်မိတ်ဆွေ အဖြစ် ထည့်သွင်းနိုင်တဲ့ ဖြစ်နိုင်ချေ အတန်းဖော်တွေ (သို့) လုပ်ဖော်ဆောင်ဖက်တွေကို ရှာဖွေဖို့ အကြံပြုလာလိမ့်မယ်။ တစ်ဦးတစ်ယောက်ကို ထည့်သွင်းဖို့ လက်မခံမီ ဂရုတစိုက် စဉ်းစားပါ။ သင်နဲ့ မသိကျွမ်း၊ မယုံကြည်ရတဲ့ လူတိုင်းကို ထည့်သွင်းခြင်း မပြုမိဖို့ သတိပြုပါ

ဒီနေရာမှာ ဘယ်မိတ်ဆွေကိုမှ မထည့်သွင်းလိုရင်၊ ဒီအဆင့်ကို ကျော်သွားနိုင်တယ်။

ပုံ ၄ - ပရိုဖိုင်း အချက်အလက် မျက်နှာပြင် ပြပုံ

အဆင့် ၆Profile Picture မျက်နှာပြင်ပေါ်မှာ Facebook က သင့်ကိုယ်ပိုင် ဓါတ်ပုံကို တင်ဖို့ (သို့) webcam ကနေ ဓါတ်ပုံရိုက်ယူပြီး တင်ဖို့ တောင်းဆိုလာလိမ့်မယ်။

ပုံ ၅ - ပရိုဖိုင်း ဓါတ်ပုံ မျက်နှာပြင် ပြပုံ

မှတ်ချက်။ သင့်ရဲ့ လုံခြုံရေး ချိန်ညှိချက်များကို ဘယ်လိုပဲ သတ်မှတ်ထားပါစေ၊ ဒီဓါတ်ပုံနဲ့ Facebook timeline ပေါ်က မျက်နှာဖုံး ဓါတ်ပုံဟာ သင့်ရဲ့ ပရိုဖိုင်ကို လာရောက် ကြည့်ရှုတဲ့ သင့်ရဲ့ မိတ်ဆွေ မဟုတ်သူတွေကလည်း မြင်တွေ့နိုင်ကြမှာ ဖြစ်တယ်။ သင့်ရဲ့ ရန်သူ ဖြစ်နိုင်တဲ့ သူတွေကပါ မှတ်မိလာနိုင်တဲ့ သင့်ရဲ့ ဓါတ်ပုံ၊ သင့်မိတ်ဆွေ၊ မိသားစု၊ လုပ်ဖော်ဆောင်ဖက် (သို့) အဖွဲ့အစည်းတွေရဲ့ ဓါတ်ပုံတွေကို တင်သင့် မတင်သင့် အထူးဂရုစိုက် စဉ်းစားပါ။

Skip (သို့) Save and Continue ကို တစ်ကြိမ် နှိပ်လိုက်တာနဲ့၊ သင် ပေးလိုက်တဲ့ အီးမေးလ် လိပ်စာ အကောင့်ထဲ ဝင်ရောက်ရန် တောင်းဆိုလာလိမ့်မည်။ အဲဒီအကောင့်ထဲမှာ Facebook ကနေ သင့်ရဲ့ အီးမေးလ် လိပ်စာ ဟုတ်မှန်ကြောင်း အတည်ပြုတဲ့ လင့်ခ် တစ်ခု ပါတဲ့ အီးမေးလ် တစ်စောင် တွေ့ရလိမ့်မည်။ ဒါကို လုပ်ဆောင်ပြီးတာနဲ့ Facebook စာမျက်နှာကို ဖန်တီးပြီးသွားပြီ ဖြစ်တယ်။

၂.၁ အထွေထွေ အကောင့် ချိန်ညှိချက်များ သိကောင်းစရာ

အဆင့် ၇Facebook ပင်မ စာမျက်နှာပေါ်က၊ ညာဖက်ထောင့် ထိပ်မှာ တွေ့ရတဲ့ Home ဘေးက မြှားလေးကို နှိပ်ပြီး Account Settings ကို ရွေးပါ။

ပုံ ၆ - ချိန်ညှိချက်များ မီနူး ပြပုံ

ဒီနေရာကနေ Account Settings မီနူးဆီကို ခေါ်သွားမှာ ဖြစ်တယ်။ ပထမ စာအမှတ်ကတော့ General Account Settings ဖြစ်ပြီး၊ ဒီနေရာမှာ သင့်နာမည်၊ သုံးစွဲသူအမည်၊ စကားဝှက်၊ ကွန်ရက်တွေ၊ ဘာသာစကား စတဲ့ အချက်အလက်တွေကို တည်းဖြတ်နိုင်တယ်။

အဆင့် ၇ - အထွေအထွေ အကောင့် ချိန်ညှိချက်များ ပြပုံ

အဆင့် ၈Facebook အကောင့်ကို ဖန်တီးတဲ့အခါ နာမည် အမှန်နဲ့ အီးမေးလ် လိပ်စာကို သုံးစွဲသင့် မသင့် ဂရုတစိုက် စဉ်းစားပါ။ ဒါတွေကို သုံးပြီး အာဏာပိုင်တွေ (သို့) ရန်သူတွေက သင့်ကို အလွယ်တကူ ရှာဖွေနိုင်လိမ့်မယ်။ တခြား အီးမေးလ် လိပ်စာကို ဖွင့်၊ နာမည်ကွဲ တစ်ခုကို သုံးပြီး နောက်မှ သင့်မိတ်ဆွေတွေ၊ အဆက်အသွယ်တွေဆီ ဝေမျှလိုက်တာ ပိုမို အန္တရာယ် ကင်းနိုင်တယ်။ သင့် နာမည်နဲ့ အီးမေးလ် လိပ်စာကို ဒီစာမျက်နှာပေါ်ကနေ ပြောင်းလဲနိုင်တယ်။ အွန်လိုင်းပေါ် နာမည်မဖေါ်ပဲ သုံးစွဲနည်း အကြောင်းကို အခန်း ၈။ အင်တာနက်ပေါ် အမည်ဝှက်ပြီး စိစစ် ဖြတ်တောက်မှု ရှောင်နည်းမှာ လေ့လာ ဖတ်ရှုနိုင်တယ်။

ပုံ ၈ - နာမည် ရွေးစရာများ ပြပုံ

အဆင့် ၉။ မိမိရဲ့ စကားဝှက်ကို ပုံမှန် မွမ်းမံပါ၊ အနည်းဆုံး သုံးလ တစ်ကြိမ် မွမ်းမံနိုင်လေ ပိုကောင်းလေ ဖြစ်တယ်။ မိမိ အကောင့်နဲ့ အချက်အလက်တွေကို ကာကွယ်ဖို့ ကြံ့ခိုင်တဲ့ စကားဝှက်ကို ရွေးချယ်ဖို့ အထူး အရေးကြီးတယ်။ သုံးစွဲနည်း စာအုပ်ငယ် အခန်း ၃။ လုံခြုံတဲ့ စကားဝှက်များကို ဖန်တီးပြီး ထိန်းသိမ်းနည်း ကို လေ့လာ ဖတ်ရှုပါ။

ပုံ ၉ - စကားဝှက် ရွေးစရာများ ပြပုံ

အဆင့် ၁၀။ ကွန်ရက် အကြောင်း။ ကွန်ရက်တွေနဲ့ ချိတ်ဆက်နိုင်ဖို့ Facebook ဟာ သင်နဲ့ သက်ဆိုင်ခဲ့တဲ့ အထက်တန်းကျောင်း၊ တက္ကသိုလ်၊ အလုပ်ရှင်၊ ဇာတိမြို့ (သို့) လက်ရှိ နေထိုင်ရာမြို့ စတဲ့ စံနှုန်းကို သုံးစွဲလေ့ရှိတယ်။ ဒီနည်းနဲ့ လူတွေက သင့်ကို အလွယ်တကူ ရှာဖွေနိုင်ပြီး ဆက်သွယ်လာနိုင်မှာ ဖြစ်တယ်။ ဒီနည်းနဲ့ အဆက်အသွယ်တွေကို အလွယ်တကူ ရှာဖွေနိုင်သလို၊ တခြားလူတွေနဲ့ ရန်သူတွေကလည်း သင့်ကို အလွယ်တကူ ခြေရာခံနိုင်မှာ ဖြစ်တယ်။ ကွန်ရက် သုံးစွဲသူ ဦးရေကို ထောက်ချင့်လျှင်၊ သင်နဲ့ သိကျွမ်းပြီး ယုံကြည့်ရတဲ့ သူတွေနဲ့ ဆက်သွယ်နိုင်ဖို့ ကွန်ရက် တစ်ခုခုနဲ့ ချိတ်ဆက်စရာ မလိုအပ်ပါဘူး။

၂.၂ Facebook လုံခြုံရေး ချိန်ညှိချက်များ

အဆင့် ၁၁။ ဘယ်ဖက်မှာ တွေ့ရတဲ့ မီနူးထဲက ကို နှိပ်ပါ။ လုံခြုံရေး ချိန်ညှိချက်များ စာမျက်နှာ ပွင့်လာလိမ့်မယ်။

ပုံ ၁၀ - လုံခြုံရေး ချိန်ညှိချက်များ စာမျက်နှာ ပြပုံ

အဆင့် ၁၂Secure Browsing စာအမှတ်ကို နှိပ်ပါ၊ ပေါ်လာတဲ့ မီနူးထဲက Browse Facebook on a secure connection (https) when possible မှတ်ထားတဲ့ အကွက်ကို ရွေးလိုက်ပြီး ကို နှိပ်ပါ။ ဒီနည်းနဲ့ သင့်ဘရောင်ဆာဟာ ကွန်ရက်စာမျက်နှာကို ပုံမှန် သတ်မှတ်ထားတဲ့ Secure Socket Layer (SSL) ဆက်သွယ်ရေး လိုင်းကတစ်ဆင့် ချိတ်ဆက်သွားမှာ ဖြစ်တယ်။

မှတ်ချက် - SSL ခံထားချက်ဟာ Facebook Chat နဲ့ သက်ဆိုင်မှု မရှိပါဘူး။ အကယ်လို့ အရေးကြီးတဲ့ အကြောင်းအရာနဲ့ ပါတ်သက်ပြီး ဆက်သွယ် စကားပြောမယ် ဆိုရင်၊ ဒီ Facebook Chat ကို အသုံးမပြုဖို့ အကြံပြုလိုတယ်။ လုံလုံခြုံခြုံ ချက်တင် စကားပြောနည်းကို သုံးစွဲနည်း စာအုပ်ငယ် အခန်း ၇။ အင်တာနက် ဆက်သွယ်ရေး လမ်းကြောင်း လျှို့ဝှက်ထားနည်းမှာ ဆက်လက် လေ့လာနိုင်တယ်။

ပုံ ၁၁ - လုံခြုံစွာ ကွန်ရက် ကြည့်ရှုခြင်း ရွေးစရာများ ပြပုံ

အဆင့် ၁၃Login Notifications စာအမှတ်ကို နှိပ်ပါ။ အရင်က သင် အသုံးမပြုခဲ့ဖူးတဲ့ စက်ကို သုံးပြီး Facebook စာမျက်နှာထဲ ဝင်ဖို့ ကြိုးစားတဲ့အခါ အချက်ပေးလာဖို့ ရွေးချယ်ထားနိုင်တယ်။ အချက်ပေးလာမဲ့ လမ်းကြောင်းဖြစ်တဲ့ အီးမေးလ် (သို့) စာတိုပေးပို့ချက်ကို ရွေးချယ်ထားနိုင်တယ်။

ပုံ ၁၂ - ကွန်ရက်ထဲ ဝင်ရောက်မှု အချက်ပေးမှု ရွေးစရာများ ပြပုံ

အဆင့် ၁၄။ လုံခြုံရေး တိုးမြှင့်တဲ့ အနေဖြင့်၊ Facebook နဲ့ ရင်းနှီးမှု မရှိတဲ့ ကွန်ပျူတာ (သို့) စက် တစ်ခုခုဖြင့် ချိတ်ဆက်လာတဲ့ အခါတိုင်း လုံခြုံရေး ကုဒ်ကို ထည့်သွင်းဖို့ ရွေးချယ်ထားနိုင်တယ်။ လုံခြုံရေး ကုဒ်ကို သင့် လက်ကိုင်ဖုန်းမှာ စာတိုပေးပို့စနစ်နဲ့ ပေးပို့လာမှာ ဖြစ်တယ်။

မှတ်ချက် - ဆိုလိုတာက Facebook ကို သင့်ရဲ့ လက်ကိုင်ဖုန်း နံပါတ် ပေးထားရမှာ ဖြစ်တယ်။ ဒီနည်းနဲ့ သင်ဟာ Facebook အကောင့် ပိုင်ရှင် ဖြစ်ကြောင်း သက်သေပြနိုင်မှာ ဖြစ်တယ်။ ဒီရွေးချယ်မှုရဲ့ အကျိုးကျေးဇူးအနေနဲ့ ကွန်ရက်ထဲ ဝင်ရောက်တဲ့အခါမှာ အတည်ပြုချက် လုပ်ဆောင်ရမှာ ဖြစ်တယ်။ ရှောင်တိမ်းရေး ကိရိယာတွေ (Tor Browser, proxy, VPN, စသဖြင့်) ကို အသုံးပြုပြီး သင့်အကောင့်ကို အလွယ်တကူ ဆက်သွယ်နိုင်တယ်။ ဒီရွေးချယ်မှုကို သက်ဝင်စေလိုရင်၊ Login Approvals စာအမှတ်ကို နှိပ်ပြီး၊ လမ်းညွှန်ချက်အတိုင်း ဆက်လက် လုပ်ဆောင်သွားပါ။

ပုံ ၁၃ - ကွန်ရက်ထဲ ဝင်ရောက်မှု အတည်ပြု ရွေးစရာများ ပြပုံ

အဆင့် ၁၅။ အပေါ်က ပုံ ၁၀ မှာ ပြထားတဲ့အတိုင်း Active Sessions စာအမှတ်ကို နှိပ်လိုက်ပါ၊ သင် ပိတ်ဖို့ မေ့လျှော့ခဲ့တဲ့ Facebook အပိုင်းတွေရဲ့ အသေးစိတ်ကို မြင်တွေ့ရမှာ ဖြစ်တယ်။ ဥပမာ အားဖြင့်၊ လောလောဆယ်အထိ မပိတ်ရသေးတဲ့ အင်တာနက် ကဖေး တစ်ခုခု၊ (သို့) မိတ်ဆွေရဲ့ ကွန်ပျူတာ စသဖြင့်။

ပုံ ၁၄ - လက်ရှိ ဖွင့်ထားတဲ့ အပိုင်းကဏ္ဍ စာရင်း နမူနာ ပြပုံ

သင့် Facebook အကောင့်ကို တခြား တစ်ယောက်ယောက်က မသုံးစွဲနိုင်အောင် အဲဒီ အပိုင်းကဏ္ဍတွေကို ပိတ်ထားဖို့ အလွန် အရေးကြီးပါတယ်။ အထူးသဖြင့် စာရင်းထဲမှာ ပြထားတဲ့ စက်တွေဟာ သင့်ကိုယ်ပိုင် မဟုတ်ရင်၊ (သို့) သင် မသိရှိတဲ့ စက် ဖြစ်နေမယ် ဆိုလျှင် ပိတ်ထားလိုက်ပါ။ ဒီလို လုပ်ဆောင်ဖို့၊ ဖွင့်နေတဲ့ အပိုင်းကဏ္ဍ တစ်ခုစီရဲ့ ဘေးက End Activity ကို နှိပ်လိုက်ပါ။

၂.၃ စာရင်းသွင်းသူများ

Facebook ကို အသုံးပြုပြီး သင့်ရဲ့ သတင်းတွေကို ရယူလိုတဲ့ လူတွေကို မိတ်ဆွေ ဖြစ်နေစရာ မလိုပဲ စာရင်းသွင်းနိုင်တယ်။ ဒါပေမဲ့ သတိထားရမှာက၊ သင့်ရဲ့ သတင်းတွေကို ရယူမဲ့ တခြား လူတွေကို စာရင်းသွင်းလိုက်ခြင်းဖြင့်၊ သင့်ရဲ့ ဒေတာ တချို့ဟာ သူတို့ဆီ ရောက်ရှိသွားမှာ ဖြစ်ပြီး သူတို့ရဲ့ ကွန်ရက်ကတဆင့် အခြား သူတွေဆီ ရောက်ရှိသွားမှာ ဖြစ်တယ်။ အန္တရာယ် အကင်းဆုံး ရွေးချယ်မှု ကတော့ သင့်ရဲ့ သတင်းကို လူတွေ ရယူခြင်း မပြုနိုင်အောင် စာရင်းသွင်းမှုကို ပိတ်ပင်ထားဖို့ပဲ ဖြစ်တယ်။

အဆင့် ၁၆။ အပေါ်က ပုံ ၇ မှာ ပြထားတဲ့အတိုင်း ဘယ်ဖက်မှာ တွေ့ရတဲ့ စာအမှတ်ကို နှိပ်ပြီး allow subscribers အကွက်ရှိ အမှတ်ကို ဖြုတ်လိုက်ပါ။

ပုံ ၁၅ - စာရင်းသွင်းမှု ချိန်ညှိချက်များ ပြပုံ

###၂.၄ App ချိန်ညှိချက်များ

လူအတော်များများဟာ Facebook အကောင့်နဲ့ ချိတ်ဆက်ထားတဲ့ အပို ဆော့ဗ်ဝဲတွေ (Apps) ဖြစ်တဲ့ ဂိမ်းတွေ (သို့) လူမှု ဖတ်စာတွေကို သုံးစွဲလေ့ ရှိကြတယ်။

အပို ဆော့ဗ်ဝဲတွေကို သုံးစွဲနိုင်ဖို့၊ အဲဒီ ဆော့ဗ်ဝဲ ပိုင်ရှင်တွေက သင်နဲ့ သင့်ရဲ့ မိတ်ဆွေတွေရဲ့ အချက်အလက် တချို့ကို ကြည့်ရှုခွင့် ပြုနိုင်ဖို့ သင့်ရဲ့ သဘောတူညီချက်ကို တောင်းခံလာမှာ ဖြစ်တယ်။ အဲဒီအချက်တွေထဲမှာ ကိုယ်ရေး အချက်အလက်တွေ ဖြစ်တဲ့ အသက်၊ တည်နေရာ၊ ပညာရေး၊ ဆွေမျိုး တော်စပ်မှု၊ ဘာသာရေးနဲ့ နိုင်ငံရေး ခံယူချက်၊ အနေအထား မွမ်းမံချက်များ၊ ဆက်သွယ်ရန် လိပ်စာ အပြင်၊ အခြား အချက်တွေ ပါဝင်နိုင်တယ်။ မိမိရဲ့ လုံခြုံရေး၊ မိတ်ဆွေတွေ၊ အဆက်အသွယ်တွေရဲ့ လုံခြုံရေးအတွက် အကောင်းဆုံး ကာကွယ်နည်း ကတော့၊ Facebook ပေါ်က ဖန်တီးရေးဆွဲသူတွေရဲ့ အကြောင်း မသိကျွမ်းပဲ အပို ဆော့ဗ်ဝဲတွေကို သုံးစွဲမှု မပြုဖို့ ဖြစ်ပါတယ်။

Apps ခေါ် အပို ဆော့ဗ်ဝဲတွေ ဖယ်ရှားနည်းကတော့ -

အဆင့် ၁၇။ ဘယ်ဖက်မှာ တွေ့ရတဲ့ ဘားတန်းထဲက စာအမှတ်ကို နှိပ်ပါ။ သင့် ပရိုဖိုင်းနဲ့ လတ်တလော ချိတ်ဆက်နေတဲ့ အပို ဆော့ဗ်ဝဲ စာရင်း ဖေါ်ပြလာလိမ့်မယ်။

ပုံ ၁၅ - အပို ဆော့ဗ်ဝဲများ ပါဝ်တဲ့ စာရင်း နမူနာ ပြပုံ

အဆင့် ၁၈။ စာရင်းထဲကနေ သင် ပယ်ဖျက်လိုတဲ့ ဆော့ဗ်ဝဲကို နှိပ်လိုက်ပါ။

ပုံ ၁၆ - သင် သုံးစွဲနေတဲ့ အပို ဆော့ဗ်ဝဲကို ရေးဆွဲခဲ့တဲ့ ပိုင်ရှင်က မြင်တွေ့နိုင်တဲ့ အချက်အလက်တွေ ဖေါ်ပြတဲ့ စာရင်း ပြပုံ

အဆင့် ၁၉။ ရွေးချယ်နိုင်တဲ့ စာရင်းတွဲရဲ့ ညာဖက်ဘေး ထိပ်ပိုင်းမှာ မြင်တွေ့ရတဲ့ Remove App ကို နှိပ်ပါ။

လုံခြုံရေး ချိန်ညှိချက်များ မွမ်းမံနည်း

ဒီစာမျက်နှာမှာ ပါဝင်တဲ့ အပိုင်းများ -

Facebook ဟာ သုံးစွဲသူများ အနေဖြင့် သူတို့ရဲ့ သီးသန့်ဖြစ်မှု တချို့ ကဏ္ဍတွေကို ထိန်းချုပ်နိုင်တဲ့ အခွင့်အရေးကို ပိုမို ပေးအပ်ထားတယ်။ အဲဒီ ရွေးချယ်မှုတွေကို လေ့လာပြီး၊ Facebook မှာ ရှိတဲ့ သီးသန့်ဖြစ်မှု အတိုင်းအတာကို ညှိနှိုင်း လုပ်ဆောင်နိုင်တယ်။

Facebook ရဲ့ လုံခြုံရေး ချိန်ညှိချက်များကို တည်းဖြတ်လိုလျှင်၊ စာမျက်နှာရဲ့ ထိပ်ပိုင်း ညာဖက်မှာ တွေ့ရတဲ့ ရွေးချယ်နိုင်တဲ့ စာရင်းတွဲ မီနူးထဲက Privacy Settings ကို ရွေးပါ။ Privacy Settings စာမျက်နှာ ပွင့်လာမှာ ဖြစ်ပြီး၊ အဲဒီမှာ တွေ့ရမဲ့ Custom setting ကို ရွေးလိုက်ခြင်းဖြင့် သင့်ရဲ့ လုံခြုံရေး ချိန်ညှိချက်များအားလုံးကို စီမံထိန်းချုပ်နိုင်မှာ ဖြစ်တယ်။

ပုံ ၁ - လုံခြုံရေး ချိန်ညှိချက်များ စာမျက်နှာ ပြပုံ

၃.၁ ဆက်သွယ်မှု ပုံစံ

တည်းဖြတ်ရမဲ့ ပထမ အပိုင်းကတော့ “How You Connect” ခေါ် ဆက်သွယ်မှု ပုံစံ ဖြစ်တယ်။ ဒီနေရာမှာ သင့်ရဲ့ ပရိုဖိုင်းကို ကြည့်ရှုနိုင်သူ၊ သင့်ဆီ စာပေးပို့နိုင်သူ၊ မိတ်ဆွေအဖြစ် သတ်မှတ်နိုင်သူတွေကို စီမံထိန်းချုပ်နိုင်တယ်။

အဆင့် ၁How You Connect စာအမှတ်မှာ တွေ့ရတဲ့ Edit Settings ကို နှိပ်ပါ။

အဆင့် ၂။ အချက်အားလုံး ချိန်ညှိချက်ကို “Friends” နေရာမှာ သတ်မှတ်လိုက်ပါ။ ဒီနည်းဖြင့် သင့်ရဲ့ ကွန်ရက်ဟာ သင်နဲ့ သိကျွမ်းတဲ့ လူတွေထဲမှာသာ ရှိနေမှာ ဖြစ်ပြီး၊ မသိကျွမ်းတဲ့ တခြားသူတွေ ဝင်ရောက်လာနိုင်တော့မှာ မဟုတ်ဘူး -

ပုံ ၂ - ဆက်သွယ်မှု ပုံစံ ရွေးချယ်မှု ပြပုံ

၃.၂ အချိန်ဖြစ်စဉ်နှင့် နောက်လိုက် မှတ်သားခြင်း

အချိန်ဖြစ်စဉ်နှင့် နောက်လိုက် မှတ်သားခြင်း လို့ခေါ်တဲ့ Timeline and Tagging မီနူးမှာ သင်နဲ့ သင့်ရဲ့ တင်ပို့ချက်တွေကို နောက်လိုက် မှတ်သားတဲ့အခါ ဖြစ်စေ၊ သင့်ရဲ့ timeline (အချိန် ဖြစ်စဉ်) မှာ တင်ပို့ချက်တွေ ပြုလုပ်တဲ့အခါဖြစ်စေ ဖြစ်ပျက်လာမဲ့ အချက်တွေကို သတ်မှတ်ထားနိုင်တယ်။

အဆင့် ၃Timeline and Tagging မီနူးကို နှိပ်ပါ။ ရွေးချယ်နိုင်တဲ့ စာရင်းတွဲ အောက်ခြေမှာ လုံခြုံရေးအတွက် ပိုကောင်းတဲ့ ရွေးစရာတွေ ပေါ်လာလိမ့်မယ် -

ပုံ ၃ - အချိန်ဖြစ်စဉ်နှင့် နောက်လိုက် မှတ်သားခြင်း မီနူး ပြပုံ

အဆင့် ၄။ မိတ်ဆွေတွေ (သို့) အဆက်အသွယ်တွေကို သင့်ရဲ့ timeline ပေါ်မှာ စာ တင်ခွင့် ပြုမပြု ရွေးချယ်ပါ။

မှတ်ချက် - မိတ်ဆွေတွေ (သို့) အဆက်အသွယ်တွေကို သင့်ရဲ့ timeline ပေါ်မှာ စာတင်ရေးခွင့် ပြုမယ် ဆိုရင်၊ သူတို့ရဲ့ တင်ပို့ချက်တွေကိုလည်း သင် တစ်ဦးတည်းသာ မြင်တွေ့နိုင်အောင် လုပ်ဆောင်နိုင်တယ်။ ဒီလို လုပ်ဆောင်ဖို့၊ Who can see what others post in your timeline အောက်က Custom ကို ရွေးပြီး၊ Make this visible to: Only me ကို ရွေးချယ်လိုက်ပါ။

အဆင့် ၅Timeline Review ကို သက်ဝင်စေပါ။ ဒီနည်းဖြင့် သင်ကြည့်ရှုခဲ့တဲ့ တင်ပို့ချက်တွေ၊ ဓါတ်ပုံတွေကို timeline ပေါ် မတင်မီ ပြန်လည် ဆန်းစစ်ပြီး အတည်ပြုနိုင်တယ်။ မိမိရဲ့ မိတ်ဆွေတွေ၊ မိသားစုဝင်တွေက သင့်ရဲ့ တည်နေရာ (သို့) ကိုယ်ရေး အချက်အလက်တွေကို ဖြန့်ဝေမှု မပြုမိဖို့ လိုအပ်တယ်။

Facebook ဟာ လူ့မျက်နှာ ခွဲခြားသိမြင်နိုင်တဲ့ facial recognition နည်းပညာကို သုံးပြီး မိတ်ဆွေတွေ၊ အဆက်အသွယ်တွေရဲ့ ဓါတ်ပုံတွေထဲမှာ သင်နဲ့ ဆင်တူတဲ့ ဓါတ်ပုံတွေကို ခွဲခြားဖေါ်ထုတ်ခြင်းဖြင့်၊ သင့်ဓါတ်ပုံကို ဘယ်သူက ဝင်ကြည့်သွားတယ် စတာတွေ ပြောပြနိုင်တယ်။ ပုံမှန်အားဖြင့်၊ ဒီအချက်ဟာ လူ့အခွင့်အရေး လှုပ်ရှားသူတွေအတွက် အထိအခိုက်မခံနိုင်တဲ့ အနေအထားမှာ ရှိနေတဲ့အတွက်၊ ဒီရွေးချယ်မှုကို ပိတ်ထားဖို့ အထူး အကြံပြုလိုပါတယ်။

အဆင့် ၆Who sees tag suggestions when photos that look like you are uploaded ကို နှိပ်ပြီး၊ No-one ကို ရွေးချယ်လိုက်ပါ။

ပုံ ၄ - ကြည့်ရှုမှု အကြံပြုချက်များ ဆိုင်ရာ ရွေးစရာများ ပြပုံ

အဆင့် ၇ ကို နှိပ်ပါ။

Facebook ဟာ အချိန်ကြာလာတာနဲ့အမျှ timeline နဲ့ wall posts အဟောင်းတွေကို "ပျောက်ကွယ်"အောင် လုပ်ဆောင်နိုင်တဲ့ ရွေးစရာ ထားရှိပေးတယ်။

အဆင့် ၈Limit the Audience for Past Posts စာအမှတ်မှာ တွေ့ရတဲ့ Manage Past Post Visibility ကို နှိပ်ပါ။

ပုံ ၅ - တင်ပို့ချက် အဟောင်း မြင်တွေ့နိုင်တဲ့ ရွေးချယ်မှု ပြပုံ

အဆင့် ၉။ “Limit Old Posts” ကို နှိပ်ပါ။

ပုံ ၆ - တင်ပို့ချက် အဟောင်းများ ကန့်သတ်ပေးတဲ့ ရွေးချယ်မှု ပြပုံ

အဆင့် ၁၀ ကို နှိပ်ပါ။

၃.၃ အပို ဆော့ဗ်ဝဲများနှင့် ကွန်ရက် စာမျက်နှာများ

ဒီအခန်းမှာ ပါတဲ့ အပိုင်း ၂.၄ မှာ ဖေါ်ပြထားတဲ့အတိုင်း၊ Facebook မှာ ရှိတဲ့ apps အတော်များများဟာ သုံးစွဲသူရဲ့ အချက်အလက်ကို ရယူနိုင်သည်မက၊ မိတ်ဆွေတွေရဲ့ အချက်အလက်တွေကိုလည်း ရယူနိုင်တယ်။ ဆိုလိုတာက အဲဒီ apps တွေကို သင်ကိုယ်တိုင် အသုံးမပြုပေမဲ့၊ သင့် မိတ်ဆွေတွေက သုံးစွဲနေကြတဲ့အတွက် တခြားလူတွေက သင့်ရဲ့ အချက်အလက်တွေကို ရယူနိုင်ကြသေးတယ်။ သို့သော်၊ ဒါကိုလည်း ပြောင်းလဲလို့ ရပါတယ်။ မိတ်ဆွေတွေက သင့်ရဲ့ အတွင်းရေး အချက်အလက်တွေကို apps တွေက တစ်ဆင့် ရယူခြင်း မပြုနိုင်အောင် ဆောင်ရွက်နိုင်ရန် -

အဆင့် ၁၁Ads, Apps and Websites ကို နှိပ်ပါ၊ အဲဒီနောက် How people bring your info to apps they use ချိန်ညှိချက်များကို နှိပ်ပါ -

ပုံ ၇ - အပို ဆော့ဗ်ဝဲများ၊ ဂိမ်းများ၊ ကွန်ရက် စာမျက်နှာများ ရွေးချယ်မှု ပြပုံ

သင့်ဒေတာအားလုံး လုံးဝ လုံခြုံမှု ရှိပြီး၊ တခြားသူတွေက ရှာဖွေမှု မပြုနိုင်အောင် (သို့) တခြား သူတွေဟာ သင့် မိတ်ဆွေတွေ အသုံးပြုနေတဲ့ အပို ဆော့ဗ်ဝဲတွေကတစ်ဆင့် ဝင်ရောက်လာခြင်း မပြုနိုင်ဖို့ ရွေးထားတဲ့ အကွက်အားလုံးကို ဖြုတ်လိုက်ပါ။ အဲဒီနောက် ကို နှိပ်ပါ။

ပုံ ၈ - လူတွေ သုံးစွဲတဲ့ apps မှတစ်ဆင့် မိမိရဲ့ အချက်အလက်များ ရောက်ရှိသွားနိုင်သည့် ရွေးစရာများ ပြပုံ

Facebook ရဲ့ Instant Personalization (လက်ငင်း ကိုယ်ပိုင် အမှတ်အသား ပြုလုပ်ခြင်း) နည်းစနစ်အရ၊ သင် ကြည့်ရှုခဲ့တဲ့ အချို့ ကွန်ရက် စာမျက်နှာတွေဟာ သင့်ရဲ့ Facebook ပရိုဖိုင်း အချက်အလက်တွေကို ရယူခွင့် ပြုထားတယ်။ ဒီနည်းနဲ့ အဲဒီ ကွန်ရက်တွေဟာ သူတို့ရဲ့ စာမျက်နှာတွေကို သင့်ရဲ့ အလိုဆန္ဒ၊ လိုအပ်ချက်တွေနဲ့ ကိုက်ညီအောင် ညှိပေးပြီး မိမိ စိတ်ကြိုက်ဖြစ်အောင် လုပ်ဆောင်ပေးကြတယ်။ ဒီဝန်ဆောင်မှုကို သင့်နေရာဒေသ အတွင်းမှာ ရယူ သုံးစွဲနိုင်ရင်၊ လုံခြုံရေး စိတ်ချရအောင် ပိတ်ထားလိုက်တာ ကောင်းတယ်။

အဆင့် ၁၂Instant Personalisation စာအမှတ်အောက်က ကို နှိပ်ပါ။ Instant Personalisation အကြောင်း ရှင်းလင်းတဲ့ မျက်နှာပြင်မှာ ပေါ်လာတဲ့အခါ ကို နှိပ်ပါ။ ရှေ့စာမျက်နှာရဲ့ အောက်ခြေမှာ၊ Enable instant personalisation on partner websites မှတ်သားတဲ့ အကွက်ကို ဖြုတ်လိုက်ပါ။

ပုံ ၉ - လက်ငင်း ကိုယ်ပိုင် အမှတ်အသား ပြုလုပ်ခြင်း ရွေးချယ်မှု ပြပုံ

တစ်ဦးတစ်ယောက်ရဲ့ အချက်အလက်ကို ရှာဖွေနိုင်တဲ့ အလွယ်ကူဆုံး နည်းတစ်မျိုးကတော့ သူတို့ရဲ့ နာမည်ကို ဂူဂဲလ်လို ရှာဖွေရေး ယန္တရား တစ်ခုခု အသုံးပြုပြီး ရှာဖွေတဲ့ နည်းပဲ ဖြစ်တယ်။ ရန်သူတွေက သင့်ရဲ့ Facebook စာမျက်နှာကနေ သင့်ကို အလွယ်တကူ မတွေ့ရှိနိုင်အောင် ဖြစ်စေ၊ Google, Bing, Yahoo, စသဖြင့် လူထုသုံး ရှာဖွေရေး ယန္တရားတွေကနေ သင့်ကို မတွေ့နိုင်အောင် ဖြစ်စေ မိမိကိုယ်ကို ဖျောက်ထားဖို့ လိုအပ်တယ်။

အဆင့် ၁၃Edit Settings in the Public Search စာအမှတ်ကို နှိပ်ပြီး Enable Public Search ဘေးမှာ တွေ့ရတဲ့ မှတ်သားထားတဲ့ အကွက်ကို ဖြုတ်လိုက်ပါ။

ပုံ ၁၀ - လူထုသုံး ရှာဖွေရေး ရွေချယ်မှုများ ပြပုံ

အဆင့် ၁၄။ အချက်ပေးလာတဲ့အခါ ကို နှိပ်ပါ။

၃.၄ ကြော်ငြာများ

Facebook ကြော်ငြာများ - လက်ရှိအချိန်မှာ Facebook က သင့်ရဲ့ နာမည် (သို့) ဓါတ်ပုံကို တခြား ကြော်ငြာလုပ်ငန်းတွေနဲ့ ပါတ်သက်မှု မရှိကြောင်း ကတိကဝတ် ပေးထားတယ်။ ဒါပေမဲ့ ဒါမျိုးကို နောက်ပိုင်းမှာ အခွင့်ပေးလာနိုင်တယ်။ လာမဲ့အချိန်မှာ ကြော်ငြာရေး စည်းမျဉ်းတွေ အပြောင်းအလဲ ရှိလာရင်လည်း သင့်ရဲ့ အချက်အလက်တွေ သီးခြားလျှို့ဝှက် တည်ရှိနိုင်ဖို့ ချိန်ညှိချက်များကို ပြောင်းထားပါ။

ပုံ ၁၁ - ကြော်ငြာ ရွေးချယ်မှုများ ပြပုံ

အဆင့် ၁၅Ads စာအမှတ်ထဲက Edit Settings ကို နှိပ်ပါ။

အဆင့် ၁၆Third Party Ads အောက်က Edit third party ad settings ကို နှိပ်ပါ။

အဆင့် ၁၇If we allow this in the future, show my information to: ဘေးက ရွေးချယ်နိုင်တဲ့ စာရင်းတွဲထဲမှာ ရှိတဲ့ No-one ကို ရွေးလိုက်ပါ။

အဆင့် ၁၈ ကို နှိပ်ပါ။

အဆင့် ၁၉Ads and friends အောက်မှာ Edit social ad settings ကို နှိပ်ပါ။

အဆင့် ၂၀။ စာမျက်နှာရဲ့ အောက်ခြေမှာ ရှိတဲ့ Pair my social actions with ads for: ရဲ့ ဘေးက No-one ကို ရွေးပါ။ အဆင့် ၂၁ ကို နှိပ်ပါ။

Facebook စာမျက်နှာကို ပိတ်နည်း (သို့) ပယ်ဖျက်နည်း

ဒီစာမျက်နှာမှာ ပါဝင်တဲ့ အပိုင်းများ -

၄.၁ Facebook စာမျက်နှာ ပိတ်ထားခြင်း

Facebook အကောင့်ထဲ ဝင်ပြီး ပြန်ထွက်တဲ့အချိန်တိုင်း သင့် Facebook ကို ပိတ်ထားပြီး အသုံးပြုလိုတဲ့အခါ ပြန်လည် အသက်ဝင်စေဖို့ သင် စဉ်းစားခဲ့မိလိမ့်မယ်။ ဆိုလိုတာက၊ သင် အွန်လိုင်း အသုံးမပြုတဲ့အချိန်မှာ သင့် Facebook စာမျက်နှာနဲ့ ပရိုဖိုင်း အချက်အလက်တွေကို မိတ်ဆွေတွေ သာမက၊ တခြား သုံးစွဲသူတွေက ဝင်ရောက်ကြည့်ရှုလို့ ရမှာ မဟုတ်ဘူး။ ဒါပေမဲ့ သင့်ရဲ့ အချက်အလက်တွေကိုတော့ ပယ်ဖျက်ထားခြင်း မရှိပဲ၊ အကောင့်ထဲ ပြန်ဝင်တဲ့အခါ ပြန်လည် ရရှိမှာ ဖြစ်တယ်။

Facebook စာမျက်နှာကို ပိတ်ထားလိုရင် -

အဆင့် ၁။ မျက်နှာပြင်ရဲ့ ထိပ်ပိုင်း ညာဖက်ထောင့်မှာ တွေ့ရတဲ့ ရွေးချယ်နိုင်တဲ့ စာရင်းတွဲထဲက Account Settings ကို ရွေးပါ။

ပုံ ၁ - ချိန်ညှိချက်များ မီနူး ပြပုံ

အဆင့် ၂။ ဘယ်ဖက်မှာ တွေ့ရတဲ့ မီနူးထဲက ကို နှိပ်ပါ။

အဆင့် ၃Facebook အနေနဲ့ စစ်တမ်း မေးခွန်းထဲမှာ သင် ဘာကြောင့် Facebook ကို ပိတ်ထားရတယ် ဆိုတဲ့ အကြောင်းရင်းကို မေးမှာ ဖြစ်ပြီးပြီး သင့်ရဲ့ ပရိုဖိုင်းကို မပိတ်ဖို့အတွက် တိုက်တွန်းလာလိမ့်မယ်။ ဒီနေရာမှာ အရေးကြီးတဲ့ အပိုင်းကတော့၊ အကယ်လို့ သင်ဟာ Facebook စာမျက်နှာ သို့မဟုတ် အုပ်စု (အဖွဲ့အစည်း (သို့) စည်းရုံးလှုံ့ဆော်မှု တစ်ခုခုနဲ့ဆိုင်တဲ့) တစ်ခုခုရဲ့ တစ်ဦးတည်းသော စီမံခန့်ခွဲသူ ဖြစ်နေရင် ဖြစ်စေ၊ သင့် အကောင့်ကို ပိတ်ထားတဲ့ အချိန်မှာ တခြား စာမျက်နှာတွေနဲ့ အုပ်စုတွေကိုတော့ ဆက်ဖွင့်ထားလိုရင် ဖြစ်စေ၊ တခြား စီမံခန့်ခွဲသူ တစ်ဦးဦးကို သင် အဆိုပြု ခန့်ထားရမှာ ဖြစ်တယ်။

ပုံ ၂ - သင့်စာမျက်နှာကို ပိတ်ထားလိုကြောင်း အတည်ပြုချက် ပြပုံ

အဆင့် ၄။ စာမျက်နှာရဲ့ အောက်ခြေက ကို နှိပ်ပါ။

အဆင့် ၅။ သင့် စကားဝှက်ကို ရေးထည့်ပြီး ကို နှိပ်ပါ။

အဆင့် ၆။ လုံခြုံရေး စစ်ဆေးမှုအတွက် အကွက်ထဲမှာ နံပါတ်နဲ့ အက္ခရာ စာလုံးတွေ ကျပန်းရောပြီး ရေးထည့်ပါ၊ အဲဒီနောက် ကို နှိပ်ပါ။

၄.၂ Facebook စာမျက်နှာ ပယ်ဖျက်ခြင်း

Facebook ပရိုဖိုင်းကို ပိတ်ထားတယ် ဆိုပေမဲ့ သင့် အကောင့်ထဲကို ပြန်ဝင်တဲ့အခါ ပြန်လည် သက်ဝင်လာမှာ ဖြစ်ပြီး၊ သင့်ရဲ့ အချက်အလက် အားလုံးကို ပြန်လည် ရရှိမှာ ဖြစ်တယ်။ အကယ်လို့၊ Facebook ကို ဆက်လက် အသုံးမပြုလိုဘူး ဆိုရင်၊ သင့်ရဲ့ ပရိုဖိုင်းကိုလည်း တစ်ခါတည်း ပယ်ဖျက်နိုင်တယ်။ ဆိုလိုတာက Facebook အကောင့်ထဲမှာ သိမ်းဆည်းထားတဲ့ ဓါတ်ပုံတွေ၊ စာတို ပေးပို့ချက်တွေ စတဲ့ အချက်အလက် အားလုံးကို ဝင်ရောက်ကြည့်ရှုနိုင်တော့မှာ မဟုတ်ဘူး။ ဒါပေမဲ့၊ သင့်ရဲ့ ပရိုဖိုင်းကို မပယ်ဖျက်မီ၊ ဒီအချက်အလက်တွေရဲ့ ကော်ပီပွား တစ်ခုကို ဒေါင်းလုဒ် လုပ်နိုင်ဖို့ အခွင့်အလမ်း ပေးအပ်ထားတယ်။

အဆင့် ၁https://www.facebook.com/help/delete_account ကို သွားပါ။

ပုံ ၃ - ပရိုဖိုင်း စာမျက်နှာ ပယ်ဖျက်မှု ပြပုံ

အဆင့် ၂ ကို နှိ်ပ်ပါ။

အဆင့် ၃။ စကားဝှက်နဲ့ လုံခြုံရေး စစ်ဆေးမှုအတွက် ကျပန်း နံပါတ်နဲ့ အက္ခရာ စာလုံးတွေကို ရေးထည့်ပါ။

ပုံ ၄ - နောက်ဆုံး လုံခြုံရေး စစ်ဆေးမှု ပြပုံ

အဆင့် ၄ ကို နှိပ်ပါ။ သင့် အကောင့်ကို ၁၄ ရက်အတွင်း ပယ်ဖျက်သွားမှာ ဖြစ်ကြောင်း ဖေါ်ပြတဲ့ စာတမ်း တစ်ခုကို မြင်တွေ့ရမှာ ဖြစ်တယ်။ ဒီအချိန်မတိုင်မီ သင့်ရဲ့ အကောင့်ကို ပြန်လည် သက်ဝင်စေနိုင်ပြီး ပယ်ဖျက်မဲ့ သင့်ရဲ့ ဆုံးဖြတ်ချက်ကိုတော့ ပျက်ပြယ်သွားစေမှာ ဖြစ်တယ်။

privacy@facebook.com ထံ အီးမေးလ် တစ်စောင် ပေးပို့ပြီး သင့်ရဲ့အကောင့်ကို ပယ်ဖျက် ပေးဖို့ တောင်းဆိုခြင်းဖြင့်လည်း ပယ်ဖျက်နိုင်တယ်။

မှတ်ချက်။ ဒါပေမဲ့ Facebook အနေနဲ့ သင့်ရဲ့အချက်အလက်တွေကို သူတို့ရဲ့ဒေတာဘေ့စ်ထဲကနေ အမြဲတမ်း ပယ်ဖျက်ပေးမယ် မပယ်ဖျက်ပေးဘူး ဆိုတာကတော့ မသေချာလှပါဘူး။ ဒီအခြေအနေမှာ၊ သင့် အချက်အလက်တွေကို အာဏာပိုင်တွေက တောင်းဆိုနိုင်သေးတယ်။ ဒီ့အပြင်၊ ပယ်ဖျယ်လိုက်တယ် ဆိုတာ အကောင့်နဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကိုပဲ တိုက်ရိုက် ရည်ညွှန်းတာ ဖြစ်တယ်။ Facebook ပေါ်က သင့်ရဲ့ လှုပ်ရှားမှုတွေ ဖြစ်တဲ့ အုပ်စုထဲ စာပေးပို့ခြင်း၊ တစ်ဦးတစ်ယောက်ဆီ စာတိုပေးပို့ခြင်း စတဲ့ အချက်အလက်တွေကိုတော့ ပယ်ဖျက်ပေးမှာ မဟုတ်ဘူး။

Twitter လုံခြုံရေး လမ်းညွှန်ချက်

Twitter ဆိုတာ လူတွေ အချင်းချင်းကြားမှာ သတင်း အချက်အလက်တွေကို အက္ခရာ စာလုံးရေ ၁၄၀ အထိ ဝေမျှနိုင်တဲ့ လူမှု ဆက်သွယ်ရေး ကွန်ရက် တစ်ခု ဖြစ်တယ်။ ဒီမွမ်းမံချက်တွေရဲ့ မူလ တုံ့ပြန်ချက် မေးခွန်းကတော့၊ "သင် အခု ဘယ်လုပ်နေသလဲ" ဆိုတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့၊ ၄င်းဟာ သတင်း အချက်အလက်တွေကို ပုံစံ အမျိုးမျိုးနဲ့ ဖြန့်ဝေပေးတဲ့ နည်းစနစ်အဖြစ် ပေါ်ထွက်လာခဲ့တယ်။ Facebook နဲ့ မတူပဲ၊ Twitter ပေါ်မှာ သင် တကယ် သိကျွမ်းတဲ့ သူတွေနောက်ကို လိုက်သွားတာ မဟုတ်ပဲ၊ သင့်ကို စိတ်ဝင်စားတဲ့ တခြား သုံးစွဲသူတွေနောက်ကို 'လိုက်'သွားတာ ဖြစ်တယ်။

ပင်မ စာမျက်နှာ

ကွန်ပျူတာ လိုအပ်ချက်များ

ဖတ်ရှုရမဲ့ အကြောင်းအရာများ -

ဒီပရိုဂရမ်ကို စတင် အသုံးပြုနိုင်ဖို့ လိုအပ်သော အချိန် - ၄၀ မိနစ်

ပြန်လည်ရရှိမဲ့ အကျိုးကျေးဇူးများ -

  • Twitter ကို သုံးစွဲနေစဉ် သင့်ရဲ့ ကိုယ်ရေး အချက်အလက်တွေကို လူသိရှင်ကြား ထုတ်ဖေါ်နိုင်တဲ့ ပမာဏကို လျှော့ချပေးနိုင်တယ်။
  • Twitter မှတစ်ဆင့် ဝေမျှလိုက်တဲ့ status ခေါ် အနေအထား မွမ်းမံချက်တွေ၊ ဓါတ်ပုံတွေနဲ့၊ တခြား ဒေတာတွေကို ကြည့်ရှုနိုင်တဲ့ အနေအထားကို စီမံထိန်းချုပ်နိုင်တယ်။
  • သင့်ရဲ့ ကိုယ်ရေး အချက်အလက်တွေကို တခြားသူတွေက ရရှိသွားနိုင်တဲ့ ပမာဏကို လျှော့ချပေးနိုင်တယ်။

၁.၁ ဒီပရိုဂရမ်ကို စတင် အသုံးမပြုခင် သိထားသင့်တဲ့အချက်များ

Twitter က ၄င်းရဲ့ ဝန်ဆောင်မှု စည်းမျဉ်းတွေထဲမှာ ဖေါ်ပြထားချက် ကတော့ - “ဒီလိုင်စင်အရ သင် ပေးပို့လိုက်သော စာတိုကို ကမ္ဘာအနှံ့ ဖြန့်ဝေပိုင်ခွင့်ကို ကျွန်တော်တို့အား ပေးအပ်ထားသကဲ့သို့၊ အခြားသူများ၏ စာတိုကိုလည်း အလားတူ ဖြန့်ဝေခွင့် ရှိသည်။ သင့် လုပ်ဆောင်ချက်သည် သင်နဲ့သာ သက်ဆိုင်သည် - သင် ဖေါ်ပြခဲ့သော အကြောင်းအရာသည် သင့်ကိုယ်ပိုင်ပင် ဖြစ်သည်။” ဒီ့အပြင်၊ Twitter ဟာ အစိုးရတွေရဲ့တောင်းဆိုချက်အရ သင့်အချက်အလက်တွေကို လက်ဆင့်ကမ်း ပိုင်ခွင့် ရှိတယ်။

Twitter ဟာ ကွန်ရက် စာမျက်နှာ တစ်ခု ဖြစ်ပေမဲ့၊ Twitter clients အဖြစ် သိရှိထားကြတဲ့ စားပွဲတင် ကွန်ပျူတာနဲ့ စမတ်ဖုန်းတို့မှာ သုံးစွဲတဲ့ Twitter လုပ်ငန်းသုံး ကိရိယာတွေကတစ်ဆင့် လူအများနဲ့ ဆက်သွယ်ပြီး စီမံဆောင်ရွက်နိုင်တယ်။ အကယ်လို့ Twitter clients ကို သင် သုံးစွဲတယ် ဆိုရင်၊ ပင်မ ကွန်ရက် စာမျက်နှာဆီကို စာဝှက်ထားတဲ့ လုံခြုံတဲ့ နည်းလမ်းနဲ့ ဆက်သွယ်ထားခြင်း ရှိမရှိ စစ်ဆေးကြည့်ပါ။ ကွန်ရက် မေးလ်ကို လုံခြုံစွာ ထိန်းသိမ်းနည်းကို အခန်း ၇။ အင်တာနက် ဆက်သွယ်ရေး လမ်းကြောင်း လျှို့ဝှက်ထားနည်းမှာ လေ့လာပါ။

ဒီ့အပြင်၊ Facebook လိုပဲ၊ လူအများအပြားဟာ Twitter ကို အသုံးပြုပြီး တခြား ကွန်ရက် စာမျက်နှာများ၊ လုပ်ငန်းသုံး ကိရိယာ အများအပြားနဲ့ ပေါင်းစပ်ခြင်း၊ အနေအထား မွမ်းမံချက်တွေ၊ ဓါတ်ပုံတွေ၊ တည်နေရာတွေ၊ လင့်ခ်တွေနဲ့ အခြားအရာတွေကို ဝေမျှခြင်းတွေ ပြုလုပ်ကြတယ်။ အဲဒီ လုပ်ငန်းသုံး ကိရိယာတွေကို သုံးစွဲခြင်းဟာ လုံခြုံရေး အားနည်းချက်တွေကို ဖြစ်ပေါ်စေနိုင်တယ်။ ဒါကြောင့် တခြား လုပ်ငန်းသုံး ကိရိယာအားလုံးမှာ ရှိတဲ့ လုံခြုံရေး ချိန်ညှိချက်များကို အတတ်နိုင်ဆုံး လုံခြုံအောင် ပြုလုပ်ထားဖို့ အရေးကြီးတယ်။

အမေရိကန် ပြည်ထောင်စု ပြည်တွင်း လုံခြုံရေး အဖွဲ့က Twitter နဲ့ အခြား လူမှု ဆက်သွယ်ရေး ကွန်ရက်တွေကို စောင့်ကြည့်နေပြီး အခြား အစိုးရတွေကလည်း အလားတူ စောင့်ကြည့်မှုမျိုးကို မလွဲမသွေ လုပ်ဆောင်ကြမှာ ဖြစ်တယ်။

Twitter ရဲ့ လုံခြုံရေး မူဝါဒ အကြောင်း အသေးစိတ်ကို လေ့လာပြီး ကျွန်တော်နဲ့ ကျွန်တော့် အရိပ် ကွန်ရက် စာမျက်နှာမှာ သတင်း ဓါတ်ပုံအကြောင်းကို လေ့လာ ဖတ်ရှုပါ။

Twitter ၏ မူလ အကောင့် ချိန်ညှိချက်များ ပြောင်းလဲနည်း

၂.၁ Twitter ရဲ့ မူလ အကောင့် ချိန်ညှိချက်များ

Twitter ရဲ့ မူလ အကောင့် ချိန်ညှိချက်များကနေ လူတွေက သင့် ပရိုဖိုင်းကို ရှာဖွေနိုင်တဲ့ ပုံစံ၊ သင့်ရဲ့ တင်ပို့ချက် (tweets) တွေကို မြင်တွေ့နိုင်မဲ့သူတွေ စတာတွေကို စီမံထိန်းချုပ်နိုင်တယ်။ ကွန်ရက် ဘရောင်ဆာ အခြေခံတဲ့ Twitter ကို သုံးစွဲတဲ့အခါ (ဒီနေရာမှာ Twitter client ၊ စမတ်ဖုန်း app ၊ (သို့) GSM ဖုန်း တစ်ခုခုကို မဆိုလိုပါ) သင် ပေးပို့လိုက်တဲ့ နေရာဒေသရဲ့ တည်နေရာကို စီမံ ထိန်းချုပ်ပေး နိုင်တယ်။

ပုံ ၁ - ရွေးစရာများ

အဆင့် ၁။ မျက်နှာပြင်ရဲ့ ထိပ်ပိုင်း ညာဖက်ထောင့်မှာ တွေ့ရတဲ့ ပုံသင်္ကေတကို နှိပ်ပြီး Settings ကို ရွေးပါ။ ချိန်ညှိချက်များပါတဲ့ စာမျက်နှာ ပွင့်လာလိမ့်မယ်။

အဆင့် ၂။ အကောင့် ချိန်ညှိချက်များ စာရင်းထိပ်မှာ၊ username ခေါ် သုံးစွဲသူအမည်နဲ့ အီးမေးလ် ချိန်ညှိချက်များကို မြင်တွေ့ရလိမ့်မယ်။ သုံးစွဲသူအမည် နေရာမှာ နာမည်အမှန် (သို့) နာမည်အတုကို သုံးစွဲသင့် မသင့်၊ ပရိုဖိုင်းမှာ သုံးစွဲရမဲ့ အီးမေးလ်လိပ်စာ စတာတွေကို ဂရုတစိုက် ရွေးချယ်ပါ။ let others find me by my email address အကွက် မှတ်သားချက်ကို ဖြုတ်လိုက်ပါ။

ပုံ ၂ - သုံးစွဲသူအမည်နဲ့ အီးမေးလ် ချိန်ညှိချက်များ

အဆင့် ၃Twitter မှာ တင်ပို့ချက်တွေ ပေးပို့ခဲ့တဲ့ တည်နေရာကိုပါ ထည့်သွင်းနိုင်တဲ့ ရွေးစရာ ပါရှိတယ်။ အဲဒါကို ရွေးချယ်ခြင်းဖြင့် လုံခြုံရေးနဲ့ဆိုင်တဲ့ ဆက်နွှယ်မှုတွေ ဖြစ်ပေါ်လာနိုင်တယ်။ ဥပမာ အားဖြင့်၊ အကယ်လို့ သင်ဟာ မိမိနေထိုင်ရာ မြို့ကနေ အဝေးရောက်နေတဲ့အခါ၊ သင့်ရဲ့ တည်နေရာကို ဖေါ်ပြထားခြင်းကြောင့် ရန်သူတွေအနေနဲ့ လူမရှိတဲ့ သင့်ရဲ့ အိမ် (သို့) ရုံးကို သွားရောက် ဖေါက်ထွန်းသွားနိုင်တယ်၊ ဒါမှမဟုတ် ဒီထက် ပိုဆိုးနိုင်တယ်။ ဒါကြောင့်၊ Add a location to my tweets နေရာမှာ မှတ်ထားတဲ့ အကွက်ကို ဖြုတ်ပစ်ဖို့ သတိပြုပါ။

ပုံ ၃ - တည်နေရာ ရွေးချယ်မှုများ ပြပုံ

အဆင့် ၄။ အရင်တုန်းက တင်ပို့ချက်တွေကို သင် ပေးပို့ခဲ့တဲ့ တည်နေရာ အချက်အလက် အားလုံးကို ဖယ်ရှားဖို့ ကို နှိပ်ပါ။

အဆင့် ၅Twitter မှာ ရှိတဲ့ ပုံမှန် ချိန်ညှိချက်အရ သင့်နောက်ကို မလိုက်တဲ့ သူတွေ၊ Twitter အကောင့် မရှိသေးတဲ့ သူတွေ အပါအဝင်၊ ဘယ်သူမဆို သင့်ရဲ့ တင်ပို့ချက် အားလုံးကို မြင်တွေ့နိုင်တယ်။ အားလုံးက မဟုတ်ရင်တောင်၊ အစိုးရတွေဟာ Twitter ရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်နေကြပြီး လူ့အခွင့်အရေး ကာကွယ်သူတွေလည်းဟာ သူတို့ရဲ့ တင်ပို့ချက်တွေကြောင့် ညှင်းပမ်း နှက်စက်ခံကြရတဲ့ အဖြစ်အပျက်တွေ တိုးပွားလာနေတယ်။ ဒါကြောင့်၊ သင့်နောက်လိုက်လာတဲ့ သုံးစွဲသူတွေကသာ သင့်ရဲ့ တင်ပို့ချက်တွေကို ဖတ်ရှုနိုင်အောင် ဖြစ်စေ၊ သင့်ရဲ့ တင်ပို့ချက်ကို ဖတ်ရှုမဲ့ သူတွေကို သင်ကိုယ်တိုင် အတည်ပြုနိုင်အောင် ဖြစ်စေ Protect my Tweets ကို ရွေးချယ်ထားဖို့ အထူး အကြံပြုလိုတယ်။ သို့သော်၊ Twitter ရဲ့ လုံခြုံရေး မူဝါဒအရ တရားဝင် အာဏာပိုင်တွေရဲ့ တောင်းဆိုချက်အပေါ် မူတည်ပြီး၊ သင့်ရဲ့ သတင်း အချက်အလက်တွေကို သူတို့ထံ လက်ဆင့်ကမ်း ပေးအပ်ခွင့် ရှိနေတာကို သတိပြုထားပါ။

ပုံ ၄ - တင်ပို့ချက်များ ကာကွယ်ရန် ရွေးစရာ ပြပုံ

အဆင့် ၆Twitter ဟာ personalization service ခေါ် အမှတ်အသား ပြုလုပ်တဲ့ ဝန်ဆောင်မှုစနစ်ကို သုံးပြီး တခြား ကွန်ရက် စာမျက်နှာတွေမှာ သင် လုပ်ဆောင်ချက်တွေ ဖြစ်တဲ့ Twitter ခလုတ် နှိပ်ခြင်း (သို့) widget သုံးစွဲခြင်း စတဲ့ သင့်ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေတယ်။ အဲဒီ လှုပ်ရှားမှုတွေအပေါ် အခြေခံပြီး သင့် နောက်လိုက်လိုတဲ့ လူတွေ (သို့) အဖွဲ့အစည်းတွေကို အကြံပြုပေးမှာ ဖြစ်တယ်။ အကယ်လို့ ဒီဝန်ဆောင်မှုကို သင် ရရှိထားတယ် ဆိုရင်၊ ၄င်းကို ပိတ်ထားဖို့ အကြံပြုလိုတယ်။ ဒီ့အပြင်၊ သင့်ရဲ့ သီးသန့်ဖြစ်မှု မြှင့်တင်ပေးတဲ့ အနေနဲ့ မီးလျှံမြေခွေး ဘရောင်ဆာမှာ DoNotTrack ကို အပိုဆောင်း အနေနဲ့ ထည့်သွင်း သုံးစွဲပါ။

အဆင့် ၇Twitter မှာ လုံခြုံပြီး စာဝှက်ထားတဲ့ Secure Socket Layer (SSL) ဆက်သွယ်မှုလိုင်း ("HTTPS" လို့လည်း ခေါ်တယ်) ကို သုံးစွဲခွင့် ပြုထားတယ်။ ဒါကို သုံးစွဲခြင်းဖြင့် သင့်ကွန်ပျူတာနဲ့ Twitter ကွန်ရက်စာမျက်နှာ အကြား သင် တင်ပို့နေတဲ့ အကြောင်းအရာကို အခြားသူတွေက ချောင်းမြောင်း နားထောင်ခြင်း မပြုနိုင်အောင် တားဆီးပေးထားတယ်။ Always use HTTPS နေရာမှာ မှတ်သားချက် ပြုလုပ်ဖို့ သတိပြုပါ။

ပုံ ၅ - HTTPS ရွေးစရာများ

မှတ်ချက် - ဒီချိန်ညှိချက်ဟာ Twitter ကို မီးလျှံမြေခွေးလို ကွန်ရက် ဘရောင်ဆာ မှတဆင့် သုံးစွဲတဲ့ အချိန်မှာသာ အကြုံးဝင်တယ်။ အကယ်လို့ Twitter Client ဖြစ်တဲ့ HootSuite (သို့) စမတ်ဖုန်း လုပ်ငန်းသုံး ဆော့ဗ်ဝဲ တစ်ခုခုကို သုံးစွဲနေတယ် ဆိုရင်၊ client (သို့) လုပ်ငန်းသုံး ဆော့ဗ်ဝဲမှာ SSL ဆက်သွယ်မှု ပြုလုပ်နိုင်ဖို့ ချိန်ညှိချက်များ ပြင်ဆင်ထားရမှာ ဖြစ်တယ်။ ဒီရွေးစရာကို client အားလုံး (သို့) လုပ်ငန်းသုံး ဆော့ဗ်ဝဲ အားလုံးအတွက် မရရှိနိုင်ပါဘူး

အဆင့် ၈ ကို နှိပ်ပါ။

Twitter ဂလိုင်းနဲ့ Apps ခေါ် လုပ်ငန်းသုံး ဆော့ဗ်ဝဲများ

ဒီစာမျက်နှာမှာ ပါဝင်တဲ့ အပိုင်းများ -

၂.၀ ဂလိုင်းများ၊ Apps များအတွက် အထွေထွေ လမ်းညွှန်ချက်များ

Twitter သုံးစွဲသူတွေဟာ အပိုဆောင်း လုပ်ငန်းသုံး ဆော့ဗ်ဝဲ အမျိုးမျိုးကို သုံးစွဲနိုင်ပြီး၊ သူတို့ရဲ့ Twitter အကောင့်ကို တခြား လူမှု ဆက်သွယ်ရေး ကွန်ရက်တွေ၊ ဓါတ်ပုံ ဝေမျှနိုင်တဲ့ ကွန်ရက် စာမျက်နှာတွေနဲ့ ဆက်သွယ်ပေးနိုင်တယ်။ ဥပမာ အားဖြင့်၊ TwitPic, YFrog (သို့) Flickr စတဲ့ ကွန်ရက် စာမျက်နှာတွေကတစ်ဆင့် တင်ပို့ထားခဲ့တဲ့ ဓါတ်ပုံတွေကို ဝေမျှနိုင်တယ်။ သို့သော်၊ အခန်း ၁၀။ လူမှုဆက်ဆံရေး ကွန်ရက်များ၌ မိမိကိုယ်ကိုနှင့် ဒေတာများ ကာကွယ်နည်းမှာ ဖေါ်ပြထားတဲ့အတိုင်း၊ သင့်ရဲ့ ပရိုဖိုင်းကို တခြား လူမှု ဆက်သွယ်ရေး ကွန်ရက်တွေနဲ့ ပေါင်းစပ်တဲ့အခါ အထူး ဂရုစိုက်ပါ။ အဲဒီ ကွန်ရက်စာမျက်နှာတွေဟာ၊ Twitter နဲ့ မတူပဲ၊ မိမိတို့ရဲ့ သီးခြား သုံးစွဲမှု စည်းမျဉ်းတွေ၊ လုံခြုံရေး မူဝါဒတွေ၊ သီးခြား ချိန်ညှိချက်တွေ ရှိနေတတ်ကြတယ်။ ဒါကြောင့်၊ သင့်ရဲ့ Twitter အကောင့်ဟာ အတော်လေး လုံခြုံနေနိုင်ပေမဲ့၊ သင့်ရဲ့ ပရိုဖိုင်းတွေဟာ တခြား app ကွန်ရက် စာမျက်နှာတွေမှာ အဆီးအတားမရှိ ဖွင့်ဟနေနိုင်တယ်။ အကယ်လို့ အဲဒီလို ကွန်ရက် စာမျက်နှာတွေမှာ အလားတူ သုံးစွဲသူအမည် (သို့) အီးမေးလ် လိပ်စာကို သုံးစွဲနေမယ် ဆိုရင်၊ သင့်ကို အလွယ်တကူ ခြေရာခံမိနိုင်တယ်။ အဲဒီလို ကွန်ရက် စာမျက်နှာတွေနဲ့ apps တွေဟာ ကျယ်ပြန့်လွန်းပြီး၊ လူနည်းစုကသာ ဒီလမ်းညွှန်ချက်ကို လေ့လာဖတ်ရှုနိုင်ကြတယ်။ ဒါပေမဲ့ သင့် Twitter စာမျက်နှာနဲ့ ချိတ်ဆက်ထားတဲ့ အပိုဆောင် apps အားလုံးမှာ လုံခြုံရေး ချိန်ညှိချက်တွေကို လေ့လာပြီး မွမ်းမံထားဖို့ အရေးကြီးတယ်။ အဲဒါတွေဟာ လုံခြုံမှု ရှိတယ်လို့ မယူဆရင်၊ သင့်ရဲ့ ပရိုဖိုင်းကို ပယ်ဖျက်ပြီး သင့်ရဲ့ Twitter အကောင့်နဲ့ ဆက်သွယ်မှုကို ပြန်ရုပ်သိမ်းနိုင်တယ်။

လုပ်ငန်းသုံး ဆော့ဗ်ဝဲ တစ်ခုနဲ့ သင့် Twitter ပရိုဖိုင်းတို့ ဆက်သွယ်နေမှုကို ပြန်ရုပ်သိမ်းလိုရင် -

အဆင့် ၁။ သင့်အကောင့်ထဲက ချိန်ညှိချက်များ ရှိရာကို သွားပြီး ဘယ်ဖက်မှာ တွေ့ရတဲ့ Apps စာအမှတ်ကို နှိပ်ပါ။

ပုံ ၁ - ချိန်ညှိချက်များ မီနူး ပြပုံ

အဆင့် ၂။ သင့်ရဲ့ Twitter အကောင့်နဲ့ ဆက်သွယ်ထားတဲ့ apps စာရင်းကို ဖွင့်ထားပြီး၊ ပြန်ရုပ်သိမ်းလိုတဲ့ app ကို ရွေးလိုက်ပါ။ ပြီးရင် ကို နှိပ်ပါ။

ပုံ ၂ - apps စာရင်း နမူနာ ပြပုံ

၂.၁ TwitPic

Twitter သုံးစွဲသူ အတော်များများဟာ Twitter မှာ သူတို့ ဝေမျှလိုတဲ့ ဓါတ်ပုံတွေကို TwitPic ကွန်ရက် စာမျက်နှာပေါ်မှာ တင်ပို့ပြီး သိမ်းဆည်းထားတတ်ကြတယ်။ TwitPic ဆိုတာ Twitter နဲ့ မသက်ဆိုင်ပဲ သီးခြား ကုမ္ပဏီ တစ်ခု ဖြစ်ပြီး သူ့မှာ သီးခြား သုံးစွဲမှု စည်းမျဉ်းတွေနဲ့ လုံခြုံရေး မူဝါဒ ရှိတယ်။ ဒါကြောင့်၊ TwitPic ဟာ သုံးစွဲသူတွေရဲ့ ပရိုဖိုင်း (သို့) ဓါတ်ပုံတွေကို ဝှက်ထားနိုင်တဲ့ ရွေးစရာ ပေးမထားဘူး။ TwitPic မှာ တင်ထားတဲ့ ဓါတ်ပုံအားလုံးဟာ ပုံမှန်အားဖြင့် လူတိုင်း မြင်တွေ့နိုင်ပြီး အပြောင်းအလဲ လုပ်လို့ မရပါဘူး။ အကယ်လို့ သင်ဟာ Twitter နဲ့ TwitPic အကောင့်တို့မှာ သုံးစွဲသူအမည် တစ်မျိုးတည်းကို အသုံးပြုနေတယ် ဆိုရင် ရန်သူတွေက TwitPic မှာ တင်ပို့ထားတဲ့ ဓါတ်ပုံတွေအားလုံးကို အလွယ်တကူ ရယူနိုင်မှာ ဖြစ်တယ်။

TwitPic ဟာ တခြား သုံးစွဲသူတွေကို ဓါတ်ပုံတွေမှာ ပါတဲ့ သင့်ပုံကို မှတ်သားခွင့် ပြုထားတယ်။ ဒီအချက်ကြောင့် အထိအခိုက်မခံတဲ့ ဓါတ်ပုံ တစ်ပုံကို တစ်ဦးတစ်ယောက်က မှတ်သားသွားတယ် ဆိုရင်၊ အဲဒီ အချက်အလက်ဟာ လူသိရှင်ကြား ဖြစ်သွားတာနဲ့ သင့်အတွက် အန္တရာယ် ရှိလာနိုင်တယ်။ ဒါကြောင့်၊ တခြား သုံးစွဲသူတွေကို သူတိုရဲ့ ဓါတ်ပုံတွေမှာ ပါတဲ့ သင့်ပုံတွေကို မှတ်သားခွင့် မပြုဖို့ အကြံပြုလိုတယ်။

အဆင့် ၁။ မျက်နှာပြင် ထိပ်ပိုင်း ညာဖက်မှာ တွေ့ရတဲ့ မီနူးထဲက Settings ကို နှိပ်ပါ။

ပုံ ၃ - TwitPic ပင်မ စာမျက်နှာ မီနူးဘား ပြပုံ

အဆင့် ၂privacy အောက်မှာ တွေ့ရတဲ့ Allow others to tag my photos မှတ်သားတဲ့ အကွက်ကို ဖြုတ်ပြီး Save Changes ခလုတ်ကို နှိပ်ပါ။

ပုံ ၄ - နောက်လိုက် မှတ်သားမှု ရွေးစရာများ ပြပုံ

TwitPic ပေါ်က အထိခိုက်မခံတဲ့ ဓါတ်ပုံတွေကို ပယ်ဖျက်လိုရင် -

အဆင့် ၃။ မျက်နှာပြင်ရဲ့ ထိပ်ပိုင်း ညာဖက်မှာ တွေ့ရတဲ့ မီနူးထဲက Profile ကို နှိပ်ပါ။

အဆင့် ၄။ ပယ်ဖျက်လိုတဲ့ ဓါတ်ပုံဘေးက Delete ကို နှိပ်ပါ။

ပုံ ၅ - ရုပ်ပုံ ရွေးစရာများ ပြပုံ

သင့်ရဲ့ TwitPic အကောင့်ကို ပယ်ဖျက်လိုရင် -

အဆင့် ၅။ မျက်နှာပြင်ရဲ့ ထိပ်ပိုင်း ညာဖက်မှာ တွေ့ရတဲ့ မီနူးထဲက Settings ကို နှိပ်ပါ။

အဆင့် ၆Delete Account အပိုင်းအောက်မှာ၊ "captcha" ပုံထဲက စာလုံးတွေကို အကွက်ထဲ ရေးထည့်ပါ။

ပုံ ၆ - သင့် ပရိုဖိုင်းကို မဖျက်ခင် "captcha" ပုံ မြင်တွေ့ရစဉ်

အဆင့် ၇ ကို နှိပ်ပါ။

၂.၂ YFrog##

YFrog ဟာ ImageShack ကော်ပိုရေးရှင်းပိုင် ဖြစ်တယ်

ဒီစာတမ်း ရေးသားနေချိန်မှာ၊ TwitPic လိုပဲ၊ YFrog မှာ တင်ပို့ထားတဲ့ ဓါတ်ပုံအားလုံးဟာ ပုံမှန်အားဖြင့် လူတိုင်း မြင်တွေ့နိုင်ပြီး၊ အဲဒါကို အပြောင်းအလဲ လုပ်လို့ မရပါဘူး။ ImageShack ရဲ့ ဝန်ဆောင်မှု စည်းမျဉ်းတွေအရ၊ သင့်ရဲ့ အကြောင်းအရာကို ထုတ်ပြန်ခွင့် ရှိတဲ့ ပုဂ္ဂိုလ်တွေကို တိုက်ရိုက် ဆက်သွယ်ပြီး ပြန်လည် ရုပ်သိမ်းစေနိုင်တယ်။ ဒီတောင်းဆိုချက် သက်ရောက်မှု ရှိဖို့ ၂၄ နာရီ အချိန်ယူရလိမ့်မယ်။

သို့သော်၊ Twitter မှာ တင်ပို့ချက်တွေကို အကာအကွယ် ပေးထားရင်၊ သင့်ရဲ့ တင်ပို့ချက်တွေဟာ YFrog အကောင့်ကနေ မြင်တွေ့နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ သင့်ရဲ့ ဓါတ်ပုံတွေကတော့ ဆက်ရှိနေဦးမှာ ဖြစ်တယ်။

YFrog ဟာ တခြား သုံးစွဲသူတွေကို ဓါတ်ပုံတွေမှာ ပါတဲ့ သင့်ပုံကို မှတ်သားခွင့် ပြုထားတယ်။ ဒီအချက်ကြောင့် အထိအခိုက်မခံတဲ့ ဓါတ်ပုံ တစ်ပုံကို တစ်ဦးတစ်ယောက်က မှတ်သားသွားတယ် ဆိုရင်၊ အဲဒီ အချက်အလက်ဟာ လူသိရှင်ကြား ဖြစ်သွားတာနဲ့ သင့်အတွက် အန္တရာယ် ရှိလာစေနိုင်တယ်။ ဒါကြောင့်၊ တခြား သုံးစွဲသူတွေကို သူတိုရဲ့ ဓါတ်ပုံတွေမှာ ပါတဲ့ သင့်ပုံတွေကို မှတ်သားခွင့် မပြုဖို့ အကြံပြုလိုတယ်။

အဆင့် ၁။ မျက်နှာပြင်ရဲ့ ထိပ်ပိုင်း ညာဖက်မှာ တွေ့ရတဲ့ မြှားကို နှိပ်ပြီး Settings ကို ရွေးချယ်ပါ။

ပုံ ၇ - YFrog ရွေးစရာများ ပြပုံ

YFrog ချိန်ညှိချက်များ စာမျက်နှာကို ရောက်သွားမှာ ဖြစ်တယ်။

ပုံ ၈ - YFrog ချိန်ညှိချက်များ မီနူး ပြပုံ

အဆင့် ၂ - (အောက်မှာ မြင်တွေ့တဲ့အတိုင်း) Photo tagging အောက်က Change ကို နှိပ်ပြီး People can tag me in their photos အကွက် မှတ်သားချက်ကို ဖြုတ်လိုက်ပါ။

ပုံ ၉ - ဓါတ်ပုံ မှတ်သားခြင်း ရွေးစရာများ ပြပုံ

အကယ်လို့ YFrog အကောင့်ကို ပယ်ဖျက်လိုရင်၊ Settings မီနူးကို ပြန်သွားပါ -

အဆင့် ၃ - ချိန်ညှိချက်များ စာမျက်နှာမှာ၊ Delete beside the Delete account ရွေးစရာကို နှိပ်ပါ။ စကားဝှက်ကို ရေးထည့်ဖို့ အချက်ပြလာလိမ့်မယ်။

အဆင့် ၄။ စကားဝှက်ကို ရေးထည့်ပြီး ကို နှိပ်ပါ။

၂.၃ HootSuite##

HootSuite ဟာ ရေပမ်းစားတဲ့ Twitter Client တစ်ခု ဖြစ်ပြီး Twitter အကောင့် တစ်ခု (သို့) တစ်ခုထက်ပိုပြီး တပြိုင်တည်း စီမံခန့်ခွဲနိုင်တယ်၊ စီစဉ်ဆောင်ရွက်နိုင်တယ်၊ တင်ပို့ချက်တွေကို စီစဉ်နိုင်တယ်၊ Twitter ပေါ်မှာ ဒေတာတွေရဲ့ ဆက်စပ်မှုတွေကို ဆန်းစစ်နိုင်တယ်၊ အဖွဲ့အစည်းတွေ အတွင်းမှာ Twitter ကို စုပေါင်း သုံးစွဲဖို့ ဆောင်ရွတ်ပေးနိုင်တယ်။

အဆင့် ၁HootSuite Twitter ဂလိုင်းဟာ ပုံမှန်အားဖြင့် စာဝှက်ထားတဲ့ ဆက်သွယ်ရေးလိုင်း (Secure Socket Layer, HTTPS လို့လည်း ခေါ်တယ်) ကို သုံးစွဲမထားဘူး။ သို့သော်၊ သုံးစွဲသူတွေကို ရွေးချယ်ခွင့်ကို ပေးထားတယ်။ Account နဲ့ ကပ်ရပ် ဘယ်ဖက်မှာ တွေ့ရတဲ့ မီနူးထဲက Settings ကို နှိပ်ပါ။

ပုံ ၁၀ - HootSuite ပင်မ စာမျက်နှာ ပြပုံ

အဆင့် ၂။ အကောင့်ရဲ့ Preferences ခေါ် ဦးစားပေးချက်များ မီနူးထဲက၊ Preferences ကို နှိပ်ပါ။

ပုံ ၁၁ - HootSuite ဦးစားပေးချက်များ ပြပုံ

အဆင့် ၃ ကို နှိပ်ပါ။

၂.၄ စမတ်ဖုန်းသုံး Apps များ

အပေါ်မှာ ဖေါ်ပြထားတဲ့ အချက်တွေ အားလုံး အပါအဝင်၊ Clients နဲ့ Apps အတော်များများကို စမတ်ဖုန်းတွေ ဖြစ်ကြတဲ့ iPhone, Android, Blackberrys (သို့) ဝင်းဒိုး ဖုန်းတွေမှာ သုံးစွဲနိုင်တယ်။ စမတ်ဖုန်းတွေမှာ ပင်ကိုအားဖြင့် လုံခြုံရေးဆိုင်ရာ ပြဿနာ တချို့ ရှိနေတယ်၊ အဲဒီ Apps နဲ့ Clients တွေကို စမတ်ဖုန်းတွေမှာ သုံးစွဲတာဟာ ကွန်ပျူတာမှာ သုံးစွဲတာထက် လုံခြုံရေး ပိုမို အားနည်းတယ်။ ဥပမာ အားဖြင့်၊ twitter ကို လုံခြုံရေးစနစ် ဖြစ်တဲ့ SSL စာဝှက်စနစ်နဲ့ ဆက်သွယ်မထားတဲ့အတွက်၊ သင့်ရဲ့ တင်ပို့ချက်တွေကို ဖွင့်ဟထားပြီးသား ဖြစ်သွားမှာ ဖြစ်တယ်။ စမတ်ဖုန်းတွေ သုံးစွဲနေစဉ် အန္တရာယ်ကို လျှော့နည်းစေတဲ့နည်း အသေးစိတ် အချက်အလက်ကို အခန်း ၁၁ မှာ လေ့လာ ဖတ်ရှုပါ။

YouTube

YouTube ဟာ သင့်ရဲ့ ဗွီဒီယိုကို ဘီလီယံနဲ့ချီတဲ့ သုံးစွဲသူတွေ ကြည့်ရှုနိုင်အောင် လုပ်ဆောင်ပေးတဲ့ ဝန်ဆောင်မှု ဖြစ်တယ်။ သို့သော်၊ YouTube ကို Google က ပိုင်ဆိုင်ထားတဲ့အတွက်၊ Google မှာ အလုပ်လုပ်တဲ့ လူတွေက သင့်ရဲ့ ဗွီဒီယိုဟာ လက်မခံနိုင်တဲ့ အကြောင်းအရာ အဖြစ် တွေ့ရှိသွားရင်၊ ပယ်ဖျက်ခံရမှာ ဖြစ်တယ်။ ဆိုလိုတာက YouTube ဟာ သင့်ရဲ့ ဗွီဒီယိုကို လုံလုံခြုံခြုံ သိမ်းဆည်းထားနို်င်တဲ့ နေရာကောင်း မဟုတ်ဘူး။ Google ဟာ YouTube ကို ဆင်ဆာ အပိတ်မခံရအောင် YouTube မှာ ရှိတဲ့ အကြောင်းအရာတွေကို ဖယ်ရှားဖို့ ဖိအားပေးလေ့ရှိတယ်။ အကယ်လို့ သင့်ရဲ့ ဗွီဒီယိုကို လူတွေ ကြည့်စေချင်ရင်၊ ကော်ပီ တစ်ခုကို YouTube ပေါ် တင်ပါ - လုံခြုံရေးအရ သင့်ရဲ့ တစ်ခုတည်းသော ကော်ပီကို YouTube မှာပဲ မတင်လိုက်ပါနဲ့။

Google ဟာ ဗွီဒီယို တင်ပို့ချက်နဲ့ ကြည့်ရှုမှု အားလုံးကို သုံးစွဲသူ အမည်နဲ့ တည်နေရာ အချက်အလက်နဲ့တကွ မှတ်တမ်းတင်ထားလေ့ရှိတယ်။ ဒီနည်းနဲ့ တစ်ဦးတစ်ယောက်ကို ခြေရာခံရာမှာ အသုံးချလာနိုင်တယ်။

YouTube မှာ တင်ထားတဲ့ အကြောင်းအရာဟာ သင့်ကိုယ်ပိုင်သာ ဖြစ်တယ်၊ YouTube ပေါ် တင်လိုက်ခြင်းဖြင့် သင်ဟာ အဲဒီအကြောင်းအရာကို Google အား ဖြန့်ချိခွင့် ပြုထားပြီးသား ဖြစ်သွားတယ်။

YouTube ကို နိုင်ငံအတော်များများမှာ ကြည့်ရှုလို့ မရကြောင်း သတင်းတွေ ပေါ်ထွက်နေတယ်။ အဲဒီ နိုင်ငံ တချို့ကတော့ - တရုတ်နိုင်ငံ (၂၀၀၉ မတ်လမှ စတင်ပြီး)၊ မြန်မာနိုင်ငံ (၂၀၁၀ မတ်လမှ ၂၀၁၁ သြဂုတ်လ အကြား)၊ အီရန်နိုင်ငံ (၂၀၁၁ ဇန်နဝါရီလမှ စတင်ပြီး)၊ လီဘီယားနိုင်ငံ (၂၀၁၁ ဖေဖေါ်ဝါရီလနှင့် သြဂုတ်လ အကြား)၊ ဆီးရီးယားနိုင်ငံ (၂၀၁၁ ဇွန်လမှ စတင်ပြီး)၊ ဥဘက်ကစ္စတန် နိုင်ငံ (၂၀၁၁ သြဂုတ်လမှ စပြီး)၊ တူနီးရှားနိုင်ငံ၊ တတ်ခ်မင်နီစတန် နိုင်ငံနဲ့၊ တူရကီနိုင်ငံတို့ ဖြစ်ကြတယ်။

အသေးစိတ်ကို သူတို့ရဲ့ ပွင့်လင်းမြင်သာမှု မှတ်တမ်းကို Google ရဲ့ ကွန်ရက် စီးဆင်းမှု အခန်းမှာ လေ့လာဖတ်ရှုပါ။

Google ရဲ့ လုံခြုံရေး မူဝါဒ အကြောင်း အသေးစိတ် အချက်အလက်ကို၊ ကျွန်တော်နဲ့ ကျွန်တော့် အရိပ် ကွန်ရက်စာမျက်နှာပေါ်က ဓါတ်ပုံ သတင်းများမှာ လေ့လာ ဖတ်ရှုနိုင်တယ်။

YouTube အကြောင်း သိကောင်းစရာများ -

  • တစ်ဦးတစ်ယောက်ရဲ့ ဗွီဒီယိုကို သူတို့ရဲ့ သဘောတူညီမှု မရပဲ မတင်ပါနဲ့။ သူတို့က သဘောတူရင်တောင်၊ ဗွီဒီယိုကို မတင်ပို့မီ ဖြစ်နိုင်ချေ ဂယက်ရိုက်ခတ်မှုတွေကို စဉ်းစားထားပါ။

  • YouTube ကို ဖွင့်တဲ့အခါ၊ ဘရောင်ဆာရဲ့ လိပ်စာတန်းမှာ https://www.youtube.com ဆိုပြီး ရေးထည့်ပါ။ ဒီနည်းဖြင့် သင့်ကွန်ပျူတာနဲ့ YouTube ဆာဗာတွေအကြား ဆက်သွယ်ရေးကို လုံခြုံရေး စနစ်ဖြစ်တဲ့ Secure Socket Layer (SSL) ဆက်သွယ်ရေး စနစ်နဲ့ စာဝှက်ပေးသွားမှာ ဖြစ်တယ်။ နောက်တစ်ခါ ထပ်ပြီး လုပ်စရာ မလိုအောင်၊ မီးလျှံမြေခွေး ရဲ့ add-ons တစ်ခု ဖြစ်တဲ့ HTTPS Everywhere ကို သုံးပြီး YouTube ကို ချိတ်ဆက်ဖို့ အကြံပြုလိုတယ်။

  • ဆန္ဒပြတဲ့ ဖြစ်ရပ်မျိုးလို ဗွီဒီယိုတွေမှာ ပါဝင်သူတွေရဲ့ မျက်နှာကို မမှတ်မိစေဖို့ YouTube ရဲ့ face-blurring ရွေးစရာကို အသုံးပြုပါ။ ဒီနေရာ မှာ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။

  • Google/YouTube ကတဆင့် ဝေမျှလိုက်တဲ့ ဗွီဒီယိုတွေရဲ့ ကော်ပီပွားကို အမြဲတမ်း အရန်သင့် သိမ်းဆည်းထားပါ။

  • ဗွီဒီယိုကို လူတစ်ဦးတစ်ယောက်ကိုပဲ ဝေမျှလိုတယ် ဆိုရင် သီးခြား ချိန်ညှိချက်ကို အသုံးပြုပါ။

YouTube အစားထိုးများ

သင့်ရဲ့ ဗွီဒီယိုတွေကို Google ပရိုဖိုင်းနဲ့ ပတ်သက်မှု မရှိစေချင်ရင်၊ Vimeo လို အစားထိုးနိုင်တဲ့ နေရာတွေ ရှိတယ်။ Vimeo ဟာ YouTube နဲ့ စာရင် သုံးစွဲသူ လူနည်းစုကပဲ အသုံးပြုနေကြတယ်။ YouTube လိုပဲ၊ လုံခြုံတဲ့ SSL စနစ်နဲ့ ဆက်သွယ်ထားပြီး၊ သုံးစွဲသူတွေကို သူတို့ရဲ့ ဗွီဒီယိုတွေအပေါ် သီးခြား ရွေးချယ်နိုင်ခွင့် အမျိုးမျိုး၊ ဖန်တီးမှု အထွေထွေ လိုင်စင် စီမံထိန်းချုပ်နိုင်ခွင့်တွေ ပေးထားတယ်။ တခြား အလားတူ ကွန်ရက်စာမျက်နှာတွေဟာ အခြား နေရာဒေသတွေမှာ ရေပမ်းစားနိုင်ပါတယ်။ ဒါကြောင့်၊ တခြား ရွေးစရာတွေကိုလည်း လေ့လာထားဖို့ လိုတယ်။ တစ်ခုခုကို မရွေးချယ်မီ၊ အောက်ပါ အချက်တွေကို စဉ်းစားထားပါ -

၁။ ကွန်ရက် စာမျက်နှာရဲ့ လုပ်ဆောင်ချက် အားလုံးမှာ လုံခြုံမှု စနစ်ဖြစ်တဲ့ SSL ကို ပံ့ပိုးပေးထားသလား။ စာဝှက်စနစ် လက်မှတ်နဲ့ ပါတ်သက်တဲ့ ပြဿနာလိုမျိုး စာဝှက်စနစ် ပြဿနာတွေ ရှိမရှိ။

၂။ သုံးစွဲသူ လိုင်စင် သဘောတူညီချက်နဲ့ လုံခြုံရေး မူဝါဒ (သို့) ဒေတာ သုံးစွဲမှု မူဝါဒကို သေသေ ချာချာ ဖတ်ရှုပါ။ သင့်ရဲ့ အကြောင်းအရာနဲ့ ကိုယ်ပိုင် ဒေတာတွေကို ဘယ်လို ကိုင်တွယ်ထားသလဲ။ ဘယ်သူတွေနဲ့ ဝေမျှထားသလဲ။

၃။ သုံးစွဲသူတွေအတွက် ဘယ်လို လုံခြုံရေး ရွေးစရာတွေကို ပံ့ပိုးပေးထားသလဲ။ သင့်ရဲ့ ဗွီဒီယိုတွေကို တချို့လူတွေဆီ လုံခြုံတဲ့ နည်းလမ်းနဲ့ ဝေမျှနိုင်တဲ့ နည်းရှိသလား၊ (သို့) ပုံမှန်အားဖြင့် လူတိုင်းက မြင်တွေ့နိုင်သလား။

၄။ အကယ်လို့ ဆန္ဒပြပွဲလို အဖြစ်အပျက်နဲ့ ဆိုင်တဲ့ အထိအခိုက်မခံတဲ့ ဗွီဒီယိုတွေကို တင်ပို့မယ် ဆိုရင်၊ သင် ရိုက်ကူးခဲ့တဲ့ ဗွီဒီယိုတွေမှာ ပါတဲ့ မျက်နှာတွေကို ရုပ်ဖျက်ပေးတာမျိုး ကာကွယ် လုပ်ဆောင်ပေးသလား၊

၅။ နယ်မြေ ပိုင်နက် (သို့) ကုမ္ပဏီ မှတ်ပုံတင်ထားတဲ့ နယ်အတွင်း ဆာဗာတွေ ထားရှိတဲ့ နေရာကို သင် သိရှိသလား။ ဒီသတင်း အချက်အလက်တွေဟာ သင့်ရဲ့ အီးမေးလ် အဝင်အထွက် သီးခြားဖြစ်မှု လုံခြုံရေးတို့နဲ့ ဆက်စပ်နေတာကို သတိပြုမိသလား။ ကွန်ရက် ပိုင်ရှင်တွေဟာ အကယ်လို့ အစိုးရက တောင်းဆိုလာမယ် ဆိုရင် သင့်ရဲ့ သတင်း အချက်အလက်တွေကို သူတို့ထံ လက်ဆင့်ကမ်း ပေးအပ်နိုင်သလား။

Flickr

လုပ်ဆောင်ချက်များ - ဓါတ်ပုံ/ဗွီဒီယို ဝေမျှခြင်း၊ အင်တာနက် အကြောင်းအရာ ဝေမျှခြင်း

Flickr ကို Yahoo! က ပိုင်ဆိုင်ထားပြီး Google နဲ့ Facebook တို့လို အကောင့်တွေမှတစ်ဆင့် ဝင်ရောက်နိုင်အောင် စီစဉ်ပေးထားတယ်။

Flickr မှာ တင်ပို့ချက်တွေဟာ သင့် ကိုယ်ပိုင်သာ ဖြစ်ပြီး၊ အမျိုးမျိုးသော ဖန်တီးမှု အထွေထွေ လိုင်စင်တွေ (သို့) မူပိုင်ခွင့်တွေ ပေးထားတယ်။ အကြောင်းအရာတွေကို တင်ပို့လိုက်ခြင်းဖြင့် သင်ဟာ Yahoo! ကို သင့်ရဲ့ ဓါတ်ပုံတွေ (သို့) ဗွီဒီယိုတွေကို ဖြန့်ဝေခွင့် ပြုထားပြီးသား ဖြစ်သွားတယ်။

ကွဲပြားတဲ့ ခွင့်ပြုချက်ဆိုင်ရာ ကိစ္စတွေကြောင့်၊ Flickr ဟာ စည်းရုံးလှုံ့ဆော်ရေးတွေမှာ သုံးစွဲမဲ့ ဓါတ်ပုံတွေကို ရှာဖွေတဲ့ နေရာမှာ ဖြစ်စေ၊ ဓါတ်ပုံတွေကို လုပ်ဖော်ဆောင်ဖက်တွေ၊ မိတ်ဖက်တွေ၊ သင့် ကွန်ရက်တွေထဲက အဖွဲ့ဝင်တွေထံ မျှဝေရာမှာ ဖြစ်စေ အရင်းအမြစ် တစ်ခုအဖြစ် ရပ်တည်နေတယ်။

Yahoo! ရဲ့ လုံခြုံရေး မူဝါဒ အကြောင်း အသေးစိတ် အချက်အလက်အတွက်၊ ကျွန်တော်နဲ့ ကျွန်တော့် အရိပ်ကွန်ရက် စာမျက်နှာမှ ဓါတ်ပုံ သတင်းကို လေ့လာ ဖတ်ရှုပါ။

Flickr အကြောင်း သိကောင်းစရာများ

  • Flickr ဟာ ဒစ်ဂျစ်တယ် ကင်မရာက မှတ်တမ်းတင်ထားတဲ့ ဝှက်ထားတဲ့ အချက်အလက်တွေ (metadata) ကို ဖေါ်ပြမပေးထားဘူး။ ဥပမာ - ရိုက်ကူးခဲ့တဲ့ နေ့စွဲ၊ အချိန်၊ GPS တည်နေရာ၊ ကင်မရာ မိုဒယ်၊ စတာတွေ ပါဝင်တယ်။

  • Flickr ပေါ်မှာ တစ်ဦးတစ်ယောက်ရဲ့ ဓါတ်ပုံတွေကို သူတို့ရဲ့ သဘောတူညီမှု မရပဲ လုံးဝ ဝေမျှခြင်း မပြုပါနှင့်။ ဓါတ်ပုံတွေမှာ ပါတဲ့ အကြောင်းအရာဟာ သူတို့ ဓါတ်ပုံမှာ သတ်မှတ်ထားတဲ့ ခွင့်ပြုချက် အမျိုးအစားနဲ့ ကိုက်ညီစေဖို့ လိုတယ်။

အမေရိကန် ပြည်ထောင်စု ပြည်တွင်း လုံခြုံရေး အဖွဲ့ဟာ Flickr နဲ့ တခြား လူမှု ဆက်သွယ်ရေး ကွန်ရက်တွေကို စောင့်ကြည့်နေသလို၊ အခြား အစိုးရတွေကလည်း အလားတူ စောင့်ကြည့် ခံရကိန်း အနေအထား ပိုများနေတယ်။

Flickr အစားထိုးများ

အကယ်လို့ သင့်ရဲ့ ဓါတ်ပုံတွေကို Yahoo, Google (သို့) Facebook ပရိုဖိုင်းတွေနဲ့ ပါတ်သက်မှု မရှိစေချင်ရင်၊ အစားထိုးနိုင်တဲ့ နေရာတွေ ရှိတယ်။ တခြား အလားတူ ကွန်ရက် စာမျက်နှာတွေဟာ တချို့ နေရာဒေသတွေမှာ ရေပမ်းစားနေနိုင်တယ်။ ဒါကြောင့် တခြား ရွေးစရာတွေကိုလည်း သင် လေ့လာထားဖို့ လိုအပ်တယ်။ တစ်ခုခုကို ရွေးချယ်မှု မပြုမီ အောက်ပါ အချက်တွေကို စဉ်းစားထားပါ -

၁။ ကွန်ရက် စာမျက်နှာရဲ့ သုံးစွဲမှု အားလုံးမှာ လုံခြုံမှု စနစ်ဖြစ်တဲ့ SSL ကို ပံ့ပိုးထားသလား။ စာဝှက်စနစ် လက်မှတ်နဲ့ ပါတ်သက်တဲ့ ပြဿနာမျိုး စာဝှက်စနစ် ပြဿနာတွေ ရှိမရှိ။

၂။ သုံးစွဲသူ လိုင်စင် သဘောတူညီချက်နဲ့ လုံခြုံရေး မူဝါဒ (သို့) ဒေတာ သုံးစွဲမှု မူဝါဒကို သေသေ ချာချာ ဖတ်ရှုလေ့လာပါ။ သင့်ရဲ့ အကြောင်းအရာ၊ ဓါတ်ပုံတွေနဲ့ ကိုယ်ပိုင် ဒေတာတွေကို ဘယ်လို ကိုင်တွယ်ထားသလဲ။ ဘယ်သူတွေနဲ့ ဝေမျှထားသလဲ။

၃။ သုံးစွဲသူတွေအတွက် ဘယ်လို လုံခြုံရေး ရွေးစရာတွေကို ပံ့ပိုးပေးထားသလဲ။ သင့်ရဲ့ ဓါတ်ပုံတွေကို လူတချို့ဆီ လုံခြုံတဲ့ နည်းနဲ့ ဝေမျှနိုင်တဲ့ နည်းလမ်းရှိသလား၊ (သို့) ပုံမှန်အားဖြင့် လူတိုင်းက မြင်တွေ့နိုင်သလား။

၄။ အကယ်လို့ ဆန္ဒပြပွဲလို အဖြစ်အပျက်မျိုးနဲ့ ဆိုင်တဲ့ အထိအခိုက်မခံတဲ့ ဓါတ်ပုံတွေကို တင်ပို့မယ် ဆိုရင်၊ သင် ရိုက်ယူခဲ့တဲ့ ဓါတ်ပုံတွေမှာ ပါတဲ့ လူမျက်နှာတွေကို ရုပ်ဖျက်ပေးတာမျိုး ကာကွယ် လုပ်ဆောင်ပေးသလား။

၅။ နယ်မြေ ပိုင်နက် (သို့) ကုမ္ပဏီ မှတ်ပုံတင်ထားတဲ့ နယ်အတွင်း ဆာဗာတွေ ထားရှိတဲ့ နေရာကို သင် သိရှိသလား။ ဒီသတင်း အချက်အလက်တွေဟာ သင့်ရဲ့ အီးမေးလ် အဝင်အထွက် သီးခြားဖြစ်မှု လုံခြုံရေးတို့နဲ့ ဆက်စပ်နေတာကို သတိပြုမိသလား။ ကွန်ရက် ပိုင်ရှင်တွေဟာ အကယ်လို့ အစိုးရက တောင်းဆိုလာမယ် ဆိုရင် သင့်ရဲ့ သတင်း အချက်အလက်တွေကို သူတို့ထံ လက်ဆင့်ကမ်း ပေးအပ်နိုင်သလား။