အင်တာနက်ပေါ် အမည်ဝှက်ပြီး စိစစ် ဖြတ်တောက်မှု ရှောင်နည်း

နောက်ဆုံးပြင်ဆင်ထားသော2010

ဤလမ်းညွှန်အား အချိန်နှင့်တပြေးညီ ပြင်ဆင်မှု မရှိတော့ပါ။

ကမ္ဘာ့နိုင်ငံ အတော်များများမှာ ကွန်ရက် စာမျက်နှာ တချို့နဲ့ အင်တာနက် ဝန်ဆောင်မှုတွေကို အင်တာနက် သုံးစွဲသူတွေက ဝင်မကြည့်နိုင်အောင် တားဆီးပေးတဲ့ ဆော့ဗ်ဝဲကို install လုပ်ထားတတ်ကြတယ်။ ကုမ္ပဏီတွေ၊ ကျောင်းတွေနဲ့ လူထု စာကြည့်တိုက်တွေမှာ သူတို့ရဲ့ ရုံးဝန်ထမ်းတွေ၊ ကျောင်းသားတွေနဲ့ ဖောက်သည်တွေကို အာရုံ အနှောင့်အယှက် ဖြစ်စေတယ် (သို့) အန္တရာယ် ရှိနိုင်တယ်လို့ ယူဆတဲ့ အကြောင်းအရာတွေကနေ အကာအကွယ် ပေးဖို့ အလားတူ ဆော့ဗ်ဝဲတွေကို သုံးစွဲတတ်ကြပါတယ်။ ဒီလိုမျိုး စစ်ထုတ်ပိတ်ပင်ရာမှာ အသုံးပြုတဲ့ နည်းပညာတွေဟာ ပုံစံအမျိုးမျိုးနဲ့ ရှိတတ်ကြတယ်။ တခြား စစ်ထုတ်ကိရိယာတွေဟာ IP လိပ်စာကို အခြေခံပြီး ကွန်ရက်တစ်ခုခုကို ပိတ်တတ်ကြတယ်၊ အချို့ကတော့ ဒိုမိန်း အမည် တချို့ကို နာမည်ပျက်စာရင်း သွင်းတာမျိုး (သို့) လုံခြုံမှု မရှိတဲ့ အင်တာနက် ဆက်သွယ်ရေး လမ်းကြောင်းတွေကနေ သော့ချက် စာလုံး (keywords) အတိအကျနဲ့ ရှာပြီး ပိတ်ပင်တာမျိုး လုပ်တတ်ကြပါတယ်။

ဘယ်လိုမျိုး စစ်ထုတ်ပိတ်ပင်ရေး နည်းလမ်းတွေပဲ ရှိနေပါစေ၊ တခြား နိုင်ငံမှာ ရှိတဲ့ ကြားခံ ကွန်ပျူတာတွေကို အသုံးပြုပြီး စစ်ထုတ်ပိတ်ပင်မှုကို အမြဲတမ်းလိုလို ရှောင်ကွင်းလို့ ရပါတယ်။ ဒီဖြစ်စဉ်ကို တခါတလေ စိစစ်ဖြတ်ဆောက်မှု ရှောင်တိမ်းခြင်း၊ (သို့) [ရှောင်တိမ်းခြင်း] (/my/glossary#Circumvention) လို့ပဲ ခေါ်ဆိုပြီး ကြားခံ ကွန်ပျူတာတွေကိုတော့ proxies များလို့ ခေါ်ပါတယ်။ proxies တွေဟာလည်း ပုံစံအမျိုးမျိုးနဲ့ ရှိတတ်ကြတယ်။ ဒီသင်ခန်းစာထဲမှာ အခြေခံ ရှောင်တိမ်းရေး proxiesတွေ အကြောင်းနဲ့ သူတို့ အလုပ်လုပ်ပုံကို အသေးစိတ် ဖေါ်ပြထားတဲ့ proxy အမည်ဝှက် ကွန်ရက် ချိတ်ဆက်မှု အမျိုးမျိုးကို အကျဉ်းချုံး ဆွေးနွေးချက် တစ်ခု ပါဝင်ပါတယ်။

အဲဒီ နည်းလမ်း နှစ်မျိုးစလုံးက - အင်တာနက် သုံးစွဲမှုတွေကို လျှို့ဝှက်တဲ့နေရာမှာ အင်တာနက် အမြန်နှုန်းကို အဓိကဦးစားမပေးထားရင် ဒီနည်းလမ်းဟောင်းဟာ အသင့်တော်ဆုံး ဖြစ်ပေမဲ့ - အဲဒါတွေဟာ အင်တာနက် စစ်ထုတ် ပိတ်ပင်ရေး ကိရိယာတွေကို ရှောင်ရှားစေနိုင်တဲ့ အထိရောက်ဆုံး နည်းတွေ ဖြစ်ကြတယ်။ အကယ်လို့ proxy ကို စီမံခန့်ခွဲတဲ့ ပုဂ္ဂိုလ် တစ်ဦးတယောက် (သို့) အဖွဲ့အစည်းနဲ့ သိကျွမ်းထားတယ်၊ ယုံကြည် စိတ်ချရတယ် ဆိုရင်၊ (သို့) နာမည်ဝှက်ပြီး တည်ရှိနေတာထက် စွမ်းဆောင်ရည် ကောင်းမွန် ပိုအရေးကြီးနေတယ် ဆိုရင်၊ အခြေခံ ရှောင်တိမ်းရေး proxy တစ်ခုခုဟာ သင့်အတွက် အထောက်အကူ ပေးပါလိမ့်မယ်။

နောက်ခံ ဇာတ်လမ်း -

:Snippet

ဒီသင်ခန်းစာကနေ လေ့လာသင်ယူနိုင်တဲ့ အချက်များ

  • နိုင်ငံအတွင်းမှာ အပိတ်ပင်ခံရတဲ့ ကွန်ရက် စာမျက်နှာ တစ်ခုခုကို ဝင်ရောက်ကြည့်ရှုနည်း
  • ကွန်ရက်စာမျက်နှာတွေကို ကြည့်ရှုတဲ့အခါ သင့်ရဲ့ တည်နေရာကို မသိအောင် ဝှက်ထားနည်း
  • ကြည့်ရှုနေတဲ့ ကွန်ရက်စာမျက်နှာတွေနဲ့ အင်တာနက် ဝန်ဆောင်မှုတွေကို သင် နေထိုင်တဲ့ နိုင်ငံအတွင်းက ISP (သို့) စောင့်ကြည့်နေတဲ့ အဖွဲ့အစည်းတစ်ခုခုက မသိရှိနိုင်အောင် ဆောင်ရွက်နည်း

အင်တာနက် စိစစ်ဖြတ်တောက်မှုကို နားလည်ခြင်း

OpenNet Initiative (ONI) နဲ့ နယ်စည်းမခြား သတင်းထောက်များ (RSF) တို့လို အဖွဲ့အစည်းတွေက ပြုလုပ်တဲ့ သုတေသနပြုချက်အရ နိုင်ငံအတော်များများဟာ လူမှုရေး၊ နိုင်ငံရေးနဲ့ 'အမျိုးသား လုံခြုံရေး'နဲ့ ပါတ်သက်တဲ့ အကြောင်းအရာ အများအပြားကို ပိတ်ဆို့တဲ့ စာရင်းအတိအကျ မထုတ်ပြန်ပဲ ပိတ်ဆို့နေကြတဲ့ အဖြစ်ကို ညွှန်ပြနေတယ်။ ထုံးစံအတိုင်း၊ နိုင်ငံသားတွေရဲ့ အင်တာနက် သုံးစွဲမှုကို ထိန်းချုပ်လိုတဲ့ သူတွေဟာ သူတို့ သိထားတဲ့ proxy တွေနဲ့ အဲဒီ စစ်ထုတ် ကိရိယာတွေကို ရှောင်တိမ်းရာမှာ အထောက်အကူပေးတဲ့ ကိရိယာတွေနဲ့ ညွှန်ကြားချက်ကို ဖော်ပြတဲ့ ကွန်ရက်စာမျက်နှာတွေကို ပိတ်ဆို့ဖို့ အဓိက ကြိုးစားနေကြပါတယ်။

သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး ကြော်ငြာစာတမ်း အပိုဒ် ၁၉ ထဲမှာ အထူးတလည် အာမခံချက် ပေးထားပေမဲ့၊ အင်တာနက်ကို စိစစ်ဖြတ်တောက်တဲ့ နိုင်ငံတွေဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစပြီး သိသိသာသာ တိုးတက်လာပါတယ်။ အင်တာနက် စစ်ထုတ်တဲ့ အလေ့အထဟာ တစ်ကမ္ဘာလုံးကို ပျံ့နှံ့လာသလို၊ တက်ကြွလှုပ်ရှားသူတွေ၊ ပရိုဂရမ် ရေးဆွဲသူတွေနဲ့ စေတနာ့ဝန်ထမ်းတွေက ဖန်းတီး၊ အသုံးချပြီး ထုတ်ပြန်ထားတဲ့ ရှောင်တိမ်းရေး ကိရိယာတွေကို ရရှိနိုင်တဲ့ အတိုင်းအတာဟာလည်း တိုးပွားလာနေတယ်။

အင်တာနက် စိစစ်ဖြတ်တောက်မှုကို ကျော်လွှားတဲ့ နည်းလမ်း မျိုးစုံအကြောင်း မလေ့လာခင်၊ အဲဒီ စစ်ထုတ်ရေး ကိရိယာတွေရဲ့ အလုပ်လုပ်ပုံ အခြေခံကို အရင် နားလည်ထားဖို့ လိုတယ်။ ဒီလို လုပ်တဲ့အတွက်၊ အင်တာနက် ဆက်သွယ်မှုလိုင်းအတွက် လွယ်ကူ ရှင်းလင်းတဲ့ နည်းလမ်းကို စဉ်းစားတဲ့ နေရာမှာ အထောက်အကူ ဖြစ်လာစေမှာ ဖြစ်တယ်။

အင်တာနက် ဆက်သွယ်မှုလိုင်း

အင်တာနက် ဆက်သွယ်ဖို့အတွက် ပထမဆုံး လုပ်ရတဲ့ အဆင့်ကတော့ ထုံးစံအတိုင်း အင်တာနက် ဝန်ဆောင်မှု ပံ့ပိုးသူ ISP ကတဆင့် သင့်ရဲ့ အိမ်၊ ရုံး၊ ကျောင်း၊ စာကြည့်တိုက် (သို့) အင်တာနက် ကဖေးကို ဆက်သွယ်ရတာ ဖြစ်တယ်။ ISP က သင် သုံးစွဲတဲ့ ကွန်ပျူတာအတွက် IP လိပ်စာ တစ်ခုကို သတ်မှတ်ပေးတယ်၊ အဲဒါကို သုံးပြီး အင်တာနက် ဝန်ဆောင်မှု ပေးသူတွေက သင်ဟာ ဘယ်သူဘယ်ဝါ ဖြစ်တယ် ဆိုတာ သိရှိနိုင်ပြီး၊ ကြည့်ရှုအသုံးပြုဖို့ သင် တောင်းဆိုလိုက်တဲ့ အီးမေးလ်တွေ၊ ကွန်ရက်စာမျက်နှာတွေ စတဲ့ အချက်အလက်တွေကို ပေးပို့ပေးမှာ ဖြစ်ပါတယ်။ သင့်ရဲ့ IP လိပ်စာ ကို သိထားတဲ့ ဘယ်သူမဆို သင် ဘယ်မြို့မှာ ရှိနေတယ် ဆိုတာ သိရှိနိုင်တယ်။

  • အကယ်လို့ modem တစ်ခုခုကနေ အင်တာနက်ကို အသုံးပြုနေတယ် ဆိုရင် သင်ဟာ ဘယ်အဆာက်အဦမှာ ရှိနေတယ် ဒါမှမဟုတ် ဘယ်ဖုန်းလိုင်းကို အသုံးပြုနေတယ် ဆိုတာကို ISP က သိရှိနိုင်ပါတယ်။
  • အင်တာနက် ကဖီး၊ စာကြည့်တိုက် ဒါမှမဟုတ် လုပ်ငန်းခွင် မှာ ဘယ်အချိန်မှာ ဘယ်ကွန်ပျူတာကို သုံးနေတယ်၊ ဘယ် port ဒါမှမဟုတ် wireless ကို ချိတ်ဆက်နေတယ် ဆိုတာ သိရှိနိုင်တယ်။
  • အစိုးရ အေဂျင်စီတွေဟာ အဖွဲ့အစည်းတွေအပေါ် သြဇာလွှမ်းမှု ရှိနေကြတဲ့အတွက် အဲဒီ အသေးစိတ် အချက်အလက် အားလုံးကို သိရှိနိုင်ကြတယ်။

ဒီအခြေအနေမှာ ISP ဟာ သင် အပါအဝင် ကမ္ဘာတဝှမ်းမှာ ရှိကြတဲ့ သုံးစွဲသူတွေကို ဆက်သွယ်နိုင်ဖို့ သင် နေထိုင်တဲ့ နိုင်ငံတွင်းက အခြေခံ ကွန်ရက် အဆောက်အဦကို မှီခိုနေရတယ်။ အခြားတဖက်မှာ သင့်ရဲ့ ဆက်သွယ်ရေးလိုင်း၊ ကွန်ရက်စာမျက်နှာ ဒါမှမဟုတ် သင် သုံးစွဲနေတဲ့ အင်တာနက် ဝန်ဆောင်မှုပေးသူဟာ သူ့ရဲ့ IP လိပ်စာတွေကို သူ့နိုင်ငံမှာ ရှိတဲ့ ISP တစ်ခုဆီ ကနေ ရရှိတာ ဖြစ်တယ်။ နည်းပညာနဲ့ ဆိုင်တဲ့ အသေးစိတ် အချက်အလက်တွေ မပါပဲ၊ အဲဒီ အခြေခံ ပုံစံတစ်ခုဟာ စစ်ထုတ် ကိရိယာတွေကို ပတ်ရှောင်စေပြီး အင်တာနက်ပေါ်မှာ နာမည်ဝှက်ပေးနိုင်တဲ့ ကိရိယာအမျိုးမျိုးကို ရွေးချယ်ရာမှာ အထောက်အကူ ဖြစ်စေပါတယ်။

ကွန်ရက်စာမျက်နှာများ ပိတ်ဆို့ခံရပုံ

အခြေခံအနေနဲ့၊ ကွန်ရက်စာမျက်နှာ တစ်ခုကို ကြည့်ဖို့ ဖွင့်လိုက်တဲ့အခါ၊ အဲဒီ ကွန်ရက်စာမျက်နှာရဲ့ IP လိပ်စာ ကို ISP ဆီ ပေးလိုက်ပြီး webserver ရဲ့ ISP နဲ့ ဆက်သွယ်ပေးဖို့ တောင်းဆိုလိုက်တယ်။ အကယ်လို့ အင်တာနက် ဆက်သွယ်မှုလိုင်းကို ပိတ်ဆို့မခံရဘူး ဆိုရင်၊ အဲဒီအတိုင်း ဖွင့်ပေးမှာ ဖြစ်ပါတယ်။ အကယ်လို့ သင်ဟာ အင်တာနက်ကို စိစစ်ဖြတ်တောက်လေ့ရှိတဲ့ နိုင်ငံတစ်နိုင်ငံမှာ ရောက်နေတယ် ဆိုရင်၊ ပိတ်ပင်ခံရတဲ့ ကွန်ရက်စာမျက်နှာတွေရဲ့ နာမည်ပျက် စာရင်းကို အရင် စစ်ဆေးသွားမှာ ဖြစ်တယ်၊ အဲဒီနောက် သင် တောင်းဆိုတဲ့ အတိုင်း ပေးသင့် မပေးသင့် ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။

တချို့ အခြေအနေမှာ ISP တွေက စစ်ထုတ်မှုတွေကို လုပ်မဲ့အစား အစားထိုး လုပ်ကိုင်ပေးတဲ့ ဗဟို အဖွဲ့အစည်း တစ်ခုခု ရှိနေတတ်တယ်။ နာမည်ပျက် စာရင်းထဲမှာ IP လိပ်စာများ အနေနဲ့ မဟုတ်ပဲ www.blogger.com စတဲ့ ဒိုမိန်း အမည်တွေ ပါဝင်နိုင်ပါတယ်။ တချို့နိုင်ငံတွေမှာ၊ စစ်ထုတ်ရေး ဆော့ဗ်ဝဲက အင်တာနက် လိပ်စာတွေ အတိအကျကို မပိတ်ပဲ၊ ဆက်သွယ်မှုလိုင်းကိုပဲ စောင့်ကြည့်နေတတ်တယ်။ ဒီလို ဆော့ဗ်ဝဲ အမျိုးအစားဟာ ကြည့်ရှုဖို့ တောင်းဆိုလိုက်တဲ့ စာမျက်နှာတွေထဲမှာ အထိခိုက် မခံတဲ့ သော့ချက် စာလုံးတွေ (key words) ပါမပါ လိုက်ရှာပြီး သင့်ကို ပြသင့် မပြသင့် ဆုံးဖြတ်ချက် ချနိုင်ဖို့ ရလဒ်တွေကို စကင်ဖတ်တာတွေ လုပ်ပေးပါတယ်။

ပိုဆိုးတာကတော့၊ ကွန်ရက်စာမျက်နှာ တစ်ခုခု အပိတ်ခံရတာကို သင် သိရှိမှာ မဟုတ်ဘူး။ တချို့ စစ်ထုတ်ကိရိယာတွေက စာမျက်နှာ တစ်ခုခုကို စိစစ်ဖြတ်တောက် ခံရတဲ့ အကြောင်းအရင်းကို ရှင်းလင်းချက် ပေးတဲ့ 'ပိတ်ဆို့မှု စာမျက်နှာ' တစ်ခု ထားပေးတယ်၊ တချို့ကတော့ ဘာမှ မသက်ဆိုင်တဲ့ စာတွေကို ပြထားပေးတယ်။ ဥပမာ၊ 'သင်ကြည့်ချင်တဲ့ စာမျက်နှာ ရှာမတွေ့ဘူး၊ ဒါမှမဟုတ် လိပ်စာ မှားနေတယ်' ဆိုတဲ့ စာတမ်းတွေ ပေါ်လာတတ်တယ်။

အများအားဖြင့်၊ သင် နေထိုင်တဲ့ နိုင်ငံမှာ အသုံးပြုနေတဲ့ စစ်ထုတ်ရေး နည်းပညာတွေရဲ့ အားသာချက်တွေနဲ့ အားနည်းချက်တွေ အားလုံးကို လေ့လာဖို့ ကြိုးစားတာထက်၊ အင်တာနက် စိစစ်ဖြတ်တောက်မှုကို လက်ခံလိုက်တာ အလွယ်ကူဆုံး ဖြစ်တယ်။ နောက်တစ်မျိုးနဲ့ သင် ယူဆနိုင်တဲ့ အချက်ကတော့၊

  • အင်တာနက် စီးဆင်းမှုကို သော့ချက် စာလုံးတွေ သုံးပြီး စောင့်ကြည့်နိုင်တယ်။
  • ပိတ်ဆို့မှုကို ISPအဆင့်မှာ တိုက်ရိုက် လုပ်ဆောင်တယ်။
  • ပိတ်ဆို့ခံရတဲ့ ကွန်ရက်စာမျက်နှာတွေကို IP လိပ်စာများဒိုမိန်း နာမည်များ နှစ်မျိုး စလုံးနဲ့ နာမည်ပျက် စာရင်းသွင်းထားတယ်။
  • ပိတ်ဆို့ခံရတဲ့ ကွန်ရက်စာမျက်နှာ တစ်ခုကို ဖွင့်လို့ မရတဲ့ အကြောင်းရင်းကို ရှင်းရှင်း ဖေါ်ပြမထားပဲ၊ မသက်ဆိုင်တဲ့ အကြောင်းအရာ တစ်ခုခုကို ပေးထားတတ်ပါတယ်။

ထိရောက်မှု အရှိဆုံး ရှောင်တိမ်းရေး ကိရိယာတွေကို ဘယ်လို ပိတ်ဆို့ စစ်ထုတ်ရေး နည်းလမ်းတွေပဲ ရှိနေပါစေ အသုံးပြုလို့ ရတဲ့အတွက်၊ ဒီလို မကောင်းတဲ့ ထင်မြင်ချက်တွေကို ပေးတာ ဘာအန္တရယ်မှ မဖြစ်စေပါဘူး။

:Snippet

စိစစ်ဖြတ်ထောက်မှု ရှောင်တိမ်းနည်းကို နားလည်ခြင်း

အကယ်လို့ အပေါ်မှာ ဆွေးနွေးထားအတိုင်း ကွန်ရက် စာမျက်နှာတစ်ခုခုကို နည်းလမ်း တစ်မျိုးမျိုးနဲ့ ပိတ်ဆို့ထားတဲ့အတွက် တိုက်ရိုက် ဝင်လို့ မရဘူးဆိုရင်၊ အဲဒီ ပိတ်ပင်မှုကို ကျော်လွှားတဲ့ နည်းတစ်မျိုးကို ရှာရမှာ ဖြစ်တယ်။ အင်တာနက် ပိတ်ပင်မှု မလုပ်တဲ့ နိုင်ငံမှာ ရှိတဲ့ လုံခြုံတဲ့ proxy ဆာဗာ တစ်ခုက သင် ကြည့်ရှုလို့တဲ့ ကွန်ရက် စာမျက်နှာတွေကို သင့်ဆီ အရောက် ပို့ဆောင်ပေးနိုင်ပါတယ်။ သင် အသုံးပြုနေတဲ့ ISP ရဲ့ အမြင်မှာတော့၊ သင်ဟာ အင်တာနက် တစ်နေရာရာမှာ ရှိတဲ့ (proxy ဆာဗာ) ကွန်ပျူတာ တစ်ခုခုကို လုံခြုံတဲ့ နည်းနဲ့ ဆက်သွယ်နေတယ်လို့ပဲ မှတ်ယူနေမှာ ဖြစ်တယ်။

နောက်ဆုံးမှာ သင် နေထိုင်တဲ့ နိုင်ငံ (ပိတ်ဆို့တဲ့ ဆော့ဗ်ဝဲအတွက် updates တွေကို ထုတ်လုပ်ပေးတဲ့ ကုမ္ပဏီ) မှာ ရှိတဲ့ အင်တာနက် စိစစ်ဖြတ်တောက်မှုကို တာဝန်ယူနေတဲ့ အစိုးရ အေဂျင်စီက ဒီ'အမည်မသိတဲ့ ကွန်ပျူတာ' ဟာ ရှောင်တိမ်းရေး proxy တစ်ခု ဖြစ်နေတယ် ဆိုတာ တကယ်ပဲ သိသွားနိုင်တယ်။ အကယ်လို့ သိသွားတယ် ဆိုရင်၊ အဲဒီ IP လိပ်စာ ကို နာမည်ပျက်စာရင်းထဲ ထည့်သွင်းမှာ ဖြစ်ပြီး၊ ဆက်ကြည့်လို့ ရတော့မှာ မဟုတ်ဘူး။ proxy တွေကို ပိတ်တဲ့ နေရာမှာ အချိန် အတော်လေး ကြာတတ်တယ်၊ အဲဒီ ရှောင်တိမ်းရေး ကိရိယာတွေကို ဖန်တီးပြီး update လုပ်ပေးတဲ့ သူတွေက ဒီလို အန္တရာယ်ကို ကောင်းကောင်း သတိပြုမိကြတယ်။ သူတို့က အောက်ပါ နည်းလမ်း တစ်ခုခုကို အသုံးပြုပြီး ပြန်လည် တိုက်ခိုက်ကြတယ် -

  • Hidden proxy တွေကို သတိထားမိဖို့ ပိုခက်ခဲတယ်။ အဲဒါဟာ လုံခြုံတဲ့ proxy များ ကို သုံးစွဲရတဲ့ အကြောင်းရင်းတွေထဲက တစ်ခု အပါအဝင် ဖြစ်တယ်။ စာဝှက်စနစ် ဟာ အဲဒီ ဖြေရှင်းချက်ရဲ့ အစိတ်အပိုင်း တစ်ခုသာ ဖြစ်တယ်။ အကယ်လို့ သုံးစွဲသူ လူသစ်တွေက ဆက်ပြီး နာမည်ဝှက်လိုကြတယ် ဆိုရင်၊ Proxy တစ်ခုကို စီမံခန့်ခွဲတဲ့ သူတွေက proxy ရဲ့ တည်နေရာကို ဖေါ်ပြမဲ့ အချိန်ကို တာဝန်ယူကြလိမ့်မယ်။

  • တစ်ခါသုံး proxy များကို အပိတ်ခံရတဲ့အခါ အလျင်အမြန် အစားထိုးလို့ ရတယ်။ ဒီအနေအထားမှာ၊ အစားထိုးလို့ ရတဲ့ proxy များကို သုံးစွဲသူတွေဆီ ပြောပြဖို့ သိပ်ပြီး လုံခြုံမှာ မဟုတ်ဘူး။ အဲဒီအစား၊ ဒီလို ရှောင်တိမ်းရေး ကိရိယာတွေက ပိတ်ဆို့ ခံရတာထက် ပိုပြီး မြန်တဲ့ proxy သစ်များကို ဖြန့်ဖြူးပေးနိုင်ပါတယ်။

နောက်ဆုံးအနေနဲ့ လိုချင်တဲ့ ဝန်ဆောင်မှုတွေကို ရယူတဲ့နေရာမှာ စိတ်ချရတဲ့ proxy တစ်ခုခု ရှိနေသမျှ ကာလပတ်လုံး၊ လုပ်ရမဲ့ အချက်ကတော့ သင် ကြည့်ရှုလိုတဲ့ အရာတွေကို တောင်းဆိုလိုက်ပြီး ပေးပို့လာတဲ့ အကြောင်းအရာတွေကို သင့်တော်တဲ့ အင်တာနက် application နဲ့ ဖတ်ရှုဖို့ ဖြစ်တယ်။ ထုံးစံအရ၊ ဒီလုပ်ငန်းစဉ်နဲ့ ပါတ်သက်တဲ့ အသေးစိတ်ကို ကွန်ပျူတာထဲမှာ install လုပ်ထားတဲ့ ရှောင်တိမ်းရေး ဆော့ဗ်ဝဲက browser settings တွေကို ပြင်ပေးလိုက်ခြင်းဖြင့်၊ ဒါမှမဟုတ် browser ကို ကွန်ရက် အခြေပြုတဲ့ proxy စာမျက်နှာတစ်ခုခုဆီ လွှဲပေးခြင်းဖြင့် အလိုအလျှောက် ထိန်းကျောင်းပေးနိုင်တယ်။ အောက်မှာ ဖော်ပြထားတဲ့ Tor အမည်ဝှက် ကွန်ရက်က ပထမ နည်းကို အသုံးပြုထားပါတယ်။ အခြေခံနဲ့ ပါတ်သက်တဲ့ ဆွေးနွေးချက်တစ်ခု၊ proxy တစ်မျိုးထဲကို သုံးစွဲတဲ့ ရှောင်တိမ်းရေး ကိရိယာတွေလိုပဲ၊ လုပ်ဆောင်ပုံချင်း မတူပဲ အလုပ်လုပ်ကြပါတယ်။

အမည်ဝှက် ကွန်ရက်များနဲ့ အခြေခံ proxy ဆာဗာများ

အမည်ဝှက် ကွန်ရက်များ

အမည်ဝှက် ကွန်ရက်တွေဟာ ပုံမှန်အားဖြင့် လုံခြုံတဲ့ proxy အမျိုးမျိုးအကြားမှာ မိမိ ဘယ်နေရာမှာ ရှိနေတယ်၊ ဘာတွေ ကြည့်ရှုနေတယ် စတာတွေကို ရုပ်ဖျက်ပေးဖို့ မိမိရဲ့ အင်တာနက် စီးဆင်းမှုကို 'ကန်ထွက်' ('bounce') စေတယ်။ ဒီအချက်က ကွန်ရက် စာမျက်နှာတွေနဲ့ တခြား ဝန်ဆောင်မှုတွေကို ဖွင့်ကြည့်တဲ့အခါ အင်တာနက် အမြန်နှုန်းကို သိသိသာသာ လျော့ကျစေနိုင်ပါတယ်။ Tor ဟာ လုံခြုံ စိတ်ချရပြီး မိမိအသုံးပြုနေတဲ့ proxy တွေနဲ့ မိမိကြည့်ရှုတဲ့ ကွန်ရက်စာမျက်နှာတွေကို စီမံခန့်ခွဲပေးနေတဲ့ သူတွေအပေါ် စိတ်ချရတယ် စိတ်မချရဘူး စတာတွေအတွက် စိုးရိမ်နေစရာ မလိုတဲ့ အများသုံး ရှောင်တိမ်းရေး နည်းလမ်းဖြစ်တယ်။ ခါတိုင်းလိုပဲ၊ ဘရောင်ဆာ တစ်ခုခုကို အသုံးပြုပြီး စကားဝှက်တွေနဲ့ အီးမေးလ်တွေလို အထိခိုက်မခံတဲ့ အချက်အလက်တွေကို မပေးပို့ခင်၊ လုံခြုံတဲ့ ကွန်ရက်စာမျက်နှာ တစ်ခုခုကို အသုံးပြုပြီး လုံခြုံတဲ့ ဆက်သွယ်ရေးလိုင်း ပါတဲ့၊ HTTPS နဲ့ ဆက်သွယ်ရမှာ ဖြစ်ပါတယ်။

Tor ကို အသုံးပြုလို့ ရအောင် ဆော့ဗ်ဝဲကို ထည့်သွင်းဖို့ လိုပါတယ်၊ အဲဒီ ကိရိယာဟာ နာမည်ဝှက်ပေးတဲ့အပြင် ရှောင်တိမ်းတဲ့ အလုပ်ကို လုပ်ဆောင်ပေးတယ်။ Tor ကွန်ရက်ကို ဆက်သွယ်တဲ့ အခါတိုင်း၊ လုံခြုံတဲ့ Tor proxy သုံးခု ကနေတဆင့် ကျပန်း လမ်းကြောင်း တစ်ခုခုကို ရွေးချယ်ရတယ်။ ဒီအချက်က ISP နဲ့ proxy တွေဟာ မိမိ ကွန်ပျူတာရဲ့ IP လိပ်စာနဲ့ မိမိ ကြည့်ရှုနေတဲ့ အင်တာနက် ဝန်ဆောင်မှုတွေ တည်ရှိနေတဲ့ နေရာကို မသိရှိနိုင်အောင် လုပ်ဆောင်ပေးတယ်။ ဒီကိရိယာအကြောင်းကို Tor လမ်းညွှန်ထဲမှာ အသေးစိတ် လေ့လာနိုင်ပါတယ်။

လက်ကမ်း စာစောင်များ - Tor - ဒစ်ဂျစ်တယ် အမည်ဝှက်ခြင်းနဲ့ ရှောင်တိမ်းရေး လမ်းညွှန် ကို စတင် သုံးစွဲခြင်း

Tor ရဲ့ အားသားချက်တွေထဲက တစ်ခုကတော့ ၄င်းဟာ ဘရောင်ဆာ တစ်ခုထဲမှာပဲ အလုပ်လုပ်နိုင်တာ မဟုတ်ပဲ အင်တာနက် ဆော့ဗ်ဝဲ အမျိုးမျိုးမှာလည်း အသုံးပြုနိုင်ပါတယ်။ မော်ဇီလာ မိုးကြိုးဌက် အပါအဝင်၊ အီးမေးလ် ပရိုဂရမ်တွေနဲ့၊ Pidgin အပါအဝင် လက်ငင်း စာတိုပေးပို့ရေး ပရိုဂရမ်တွေဟာ ပိတ်ဆို့ခံနေရတဲ့ ဝန်ဆောင်မှုတွေထဲကို Tor ကတစ်ဆင့် ဝင်ရောက်နိုင်တယ် ဒါမှမဟုတ် အဲဒီ ဝန်ဆောင်မှုတွေ သုံးစွဲနေတာကို လျှို့ဝှက်ပေးနိုင်တယ်။

အခြေခံ ရှောင်တိမ်းရေး proxy များ

အခြေခံ ရှောင်တိမ်းရေး proxy တစ်ခုခုကို ရွေးချယ်တဲ့အခါ စဉ်းစားရမဲ့ အရေးကြီးတဲ့ မေးခွန်း သုံးပုဒ် ရှိပါတယ်။ ပထမအနေနဲ့၊ ကွန်ရက် အခြေပြု ကိရိယာ တစ်ခုခုကို အသုံးပြုမလား ဒါမှမဟုတ် settings ခေါ် ချိန်ညှိချက်တွေကို ပြောင်းဖို့ လိုသလား ဒါမှမဟုတ် ကွန်ပျူတာထဲမှာ ဆော့ဗ်ဝဲကို ထည့်သွင်းဖို့ လိုသလား။ ဒုတိယအနေနဲ့၊ ၄င်းဟာ လုံခြုံရဲ့လား။ တတိယ အနေနဲ့၊ သူဟာ သီးခြား ရပ်တည်တဲ့ ကိရိယာလား ဒါမှမဟုတ် လူအများသုံးဖို့ လုပ်ထားတာလား။

ကွန်ရက် အခြေပြုနဲ့ အခြား proxy များ

ကွန်ရက် အခြေပြု proxy တွေဟာ အသုံးပြုဖို့ အလွယ်ကူဆုံး ကိရိယာတွေ ဖြစ်နိုင်တယ်။ ဘရောင်ဆာကို proxy ကွန်ရက် စာမျက်နှာ တစ်ခုခု ရှိတဲ့ နေရာကို ညွှန်းပေးပြီး မိမိကြည့်ရှုလိုတဲ့ ပိတ်ဆို့ခံ ကွန်ရက်လိပ်စာကို ရေးထည့်ဖို့ ခလုတ် တစ်ခုကို နှိပ်လိုက်ပါ။ proxy ဟာ မိမိ လိုချင်တဲ့ အကြောင်းအရာကို ၄င်းရဲ့ ကိုယ်ပိုင် စာမျက်နှာပေါ်မှာ ဖေါ်ပြပေးမှာ ဖြစ်တယ်။ အကယ်လို့ စာမျက်နှာ အမျိုးမျိုးကို ကြည့်ရှုလိုရင် သာမန် လင့်ခ်တွေကို ဖွင့်ကြည့်နိုင်တယ် (သို့) proxy ထဲကို လိပ်စာအသစ် တစ်ခု ရေးထည့်နိုင်တယ်။ ဆော့ဗ်ဝဲတွေ ထည့်သွင်းစရာ မလိုဘူး (သို့) ဘရောင်ဆာရဲ့ ချိန်ညှိချက်တွေကို ပြင်စရာ မလိုဘူး။ ဆိုလိုတာက ကွန်ရက် အခြေပြု proxy တွေဟာ -

  • အသုံးပြုရ လွယ်ကူတယ်။
  • ပရိုဂရမ်တွေကို ထည့်သွင်းခွင့် မပေးတဲ့ (သို့) ချိန်ညှိချက်တွေကို ပြင်ခွင့်မပေးတဲ့ အင်တာနက် ကဖေးလို အများသုံး ကွန်ပျူတာတွေမှာ အသုံးပြုနိုင်တယ်။
  • ကွန်ပျူတာထဲက ရှောင်တိမ်းရေး ဆော့ဗ်ဝဲနဲ့တကွ 'အဖမ်းခံထိ'မှာကို ကြောက်တယ်ဆိုရင် ဒီနည်းဟာ ပိုပြီး လုံခြုံပါတယ်။

ကွန်ရက် အခြေပြု proxy တွေမှာ ဆိုးကျိုးတွေလည်း ရှိနိုင်တယ်။ စာမျက်နှာတွေကို အမြဲတမ်း မှန်မှန်ကန်ကန် ဖေါ်ပြမပေးနိုင်ဘူး၊ ကွန်ရက် အခြေပြု proxy တွေဟာ streaming audio နဲ့ ဗွီဒီယို အကြောင်းအရာတွေ၊ ရှုပ်ထွေးတဲ့ ကွန်ရက် စာမျက်နှာတွေကို မဖွင့်ပေးနိုင်ဘူး။ proxy တွေဟာ အသုံးပြုတဲ့သူ များလာတာနဲ့ နှေးကွေးသွားနိုင်တဲ့အတွက် အများသုံး ကွန်ရက် အခြေပြု proxy တွေမှာ အခက်အခဲတွေ ရှိလာနိုင်တယ်။ ကွန်ရက် အခြေပြု proxy တွေဟာ ကွန်ရက်စာမျက်နှာတွေ အတွက်ပဲ အသုံးဝင်တယ်။ ကွန်ရက် အခြေပြု proxy တစ်ခုခုကို သုံးပြီး ပိတ်ဆို့ ခံထားရတဲ့ လက်ငင်း စာတိုပေးပို့ရေး ပရိုဂရမ် တစ်ခုခု ဒါမှမဟုတ် အီးမေးလ် ဂလိုင်း တစ်ခုခုကို အသုံးပြုလို့ ရမှာ မဟုတ်ဘူး။ နောက်ဆုံးအနေနဲ့၊ လုံခြုံမှု ရှိတဲ့ ကွန်ရက် အခြေပြု proxy တွေကို အကန့်အသတ်နဲ့ပဲ စိတ်ချ သုံးစွဲနိုင်တယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ ၄င်းတို့ဟာ မိမိကြည့်နေတဲ့ ကွန်ရက်စာမျက်နှာတွေရဲ့ အချက်အလက်တွေကို ဝင်ရောက် ပြင်ဆင်ပေးနေတဲ့ အတွက် ဖြစ်ပါတယ်။ အကယ်၍ ဒီလို မလုပ်ဘူးဆိုရင်၊ proxy ကို မသုံးပဲ၊ ကြည့်ရှုလိုတဲ့ ကွန်ရက်စာမျက်နှာဆီ တိုက်ရိုက် ဆက်သွယ်ပေးတဲ့ လင့်ခ် တစ်ခုကို နှိပ်လို့ ရမှာ မဟုတ်ဘူး။ ဒီအကြောင်းကို နောက်ပိုင်းမှာ ဆက်လက် ဆွေးနွေးထားပါတယ်။

အများအားဖြင့် အခြား proxy အမျိုးအစားတွေဟာ မိမိ ဘရောင်ဆာထဲမှာ ဒါမှမဟုတ် operating system ထဲမှာ ပရိုဂရမ် တစ်ခုခုကို ထည့်သွင်းဖို့ ဒါမှမဟုတ် ပြင်ပ proxy လိပ်စာတစ်ခုခုကို ပြုပြင်ဖန်တီးဖို့ တောင်းဆိုလာလိမ့်မယ်။ ပထမ အချက် အနေနဲ့၊ ရှောင်တိမ်းရေး ပရိုဂရမ်ဟာ အဖွင့်အပိတ် လုပ်လို့ ရတဲ့ စနစ်ဖြစ်ပြီး၊ ဘရောင်ဆာက proxy ကို အသုံးပြုဖို့ လိုတယ် မလိုဘူး စတာကို ပြောပြပေးမှာ ဖြစ်တယ်။ အပေါ်မှာ ဆွေးနွေးထားတဲ့အတိုင်း ဒီလိုဆော့ဗ်ဝဲဟာ proxy တစ်ခု အပိတ်ခံရတဲ့အခါ တခြား proxy တွေကို အလိုအလျှောက် ပြောင်းပေးမှာ ဖြစ်တယ်။ အကယ်လို့ မိမိရဲ့ Browser ဒါမှမဟုတ် operating system ထဲမှာ ပြင်ပက proxy လိပ်စာ တစ်ခုခုကို ပြုပြင်ဖန်တီးထားတယ် ဆိုရင်၊ အကယ်လို့ proxy တစ်ခုခု အပိတ်ခံရရင်၊ ဒါမှမဟုတ် အတော်လေး လေးလံလာပြီး သုံးလို့ မရ ဖြစ်လာခဲ့ရင် အပြောင်းအလဲ လုပ်ပေးနိုင်တဲ့ proxy လိပ်စာ အမှန်ကို သိထားဖို့ လိုအပ်လာလိမ့်မယ်။

၄င်းဟာ ကွန်ရက် အခြေပြု proxy တစ်ခုခုကို အသုံးပြုရတာထက် နည်းနည်း ခက်ခဲနိုင်ပေမဲ့၊ ဒီလို ရှောင်တိမ်းရေး စနစ်တွေက ရှုပ်ထွေးတဲ့ ကွန်ရက် စာမျက်နှာတွေကို ကောင်းကောင်းမွန်မွန် ဖွင့်ပေးနိုင်မှာ ဖြစ်ပြီး အဲဒီ proxy ဆာဗာ တစ်ခုကိုပဲ အသုံးပြုတဲ့ လူတွေ များလာတာနဲ့ ပိုပြီး နှေးကွေးလာနိုင်တယ်။ အဲဒီနောက် proxy တွေကို အင်တာနက် လုပ်ငန်းသုံး ဆော့ဗ်ဝဲ အတော်များများမှာ တွေ့ရှိနိုင်တယ်။ ဥပမာ - ဘရောင်ဆာတွေမှာ အသုံးပြုနိုင်တဲ့ HTTP proxy တွေ၊ အီးမေးလ်နဲ့ chat ပရိုဂရမ်တွေ အသုံးပြုနိုင်တဲ့ SOCKS proxy တွေ၊ ပိတ်ဆို့မှုတွေကို ရှောင်ကွင်းနိုင်ပြီး အင်တာနက် စီးဆင်းမှု အားလုံးကို လွှဲပြောင်းပေးနိုင်တဲ့ VPN proxy တွေ ပါဝင်တယ်။

လုံခြုံမှု ရှိတဲ့ proxy များနဲ့ လုံခြုံမှု မရှိတဲ့ proxy များ -

ဒီအခန်းထဲက လုံခြုံတဲ့ proxy ဆိုတာ သုံးစွဲသူတွေအတွက် စာဝှက်ထားတဲ့ ဆက်သွယ်ရေးလိုင်းတွေကို ပံ့ပိုးပေးတဲ့ proxy အားလုံးကို ရည်ညွှန်းတယ်။ လုံခြုံမှု မရှိတဲ့ proxy တစ်ခုခုကို အသုံးပြုပြီး ပိတ်ဆို့မှု အမျိုးမျိုးကို ရှောင်ကွင်းနိုင်ပေမယ့်၊ သော့ချက် စာလုံးတွေ (key words) ဒါမှမဟုတ် သီးခြား ကွန်ရက် လိပ်စာတွေနဲ့ အင်တာနက် ဆက်သွယ်ရေးလိုင်းကို စကင်ဖတ် စစ်ဆေးလာတဲ့အခါ အလုပ် လုပ်နိုင်တော့မှာ မဟုတ်ဘူး။ ကွန်ရက် မေးလ် အကောင့်တွေ၊ ဘဏ်နဲ့ပါတ်သက်တဲ့ ကွန်ရက်စာမျက်နှာတွေ စတဲ့ ပုံမှန် စာဝှက်ထားတဲ့ ကွန်ရက် စာမျက်နှာတွေထဲကို ဝင်ရောက်တဲ့အခါ လုံခြုံမှု မရှိတဲ့ proxy တစ်ခုခုကို အသုံးပြုတာဟာ မသင့်တော်ဘူး။ ဒီလို လုပ်တဲ့အတွက်၊ လျှို့ဝှက်အပ်တဲ့ အထိခိုက်မခံတဲ့ အချက်အလက်တွေကို ဖော်လိုက်သလို ဖြစ်သွားနိုင်တယ်။ အစပိုင်းမှာ ဖော်ပြခဲ့သလိုပဲ၊ လုံခြုံမှု မရှိတဲ့ proxy တွေဟာ အင်တာနက် ပိတ်ဆို့တဲ့ ဆော့ဗ်ဝဲနဲ့ မူဝါဒတွေကို မွမ်းမံတဲ့ သူတွေက တွေ့ရှိသွားရင် ပိတ်ဆို့ဖို့ ပိုပြီး လွယ်ကူသွားစေနိုင်တယ်။ နောက်ဆုံးအနေနဲ့၊ မြန်ဆန် လုံခြုံမှု ရှိပြီး အခမဲ့တဲ့ proxy တွေ ရရှိနိုင်တဲ့အတွက် လုံခြုံမှု မရှိတဲ့ proxy တွေကို သုံးစွဲဖို့ မလိုအပ်တော့ပါဘူး။

အကယ်လို့ HTTPS လိပ်စာ တစ်ခုခုကို အသုံးပြုပြီး proxy ကွန်ရက် စာမျက်နှာကို ဖွင့်လို့ ရတယ် ဆိုရင် အဲဒီ ကွန်ရက် အခြေပြု proxy ဟာ လုံခြုံမှု ရှိကြောင်း သိရှိနိုင်တယ်။ ကွန်ရက် မေးလ် ဝန်ဆောင်မှုတွေမှာ၊ လုံခြုံမှု ရှိတဲ့ ဆက်သွယ်ရေးလိုင်းနဲ့ လုံခြုံမှု မရှိတဲ့ ဆက်သွယ်ရေးလိုင်းတွေကို အသုံးပြုနိုင်တယ်။ ဒါကြောင့် လုံခြုံမှု ရှိတဲ့ လိပ်စာကိုပဲ အသုံးပြုပါ။ ဒီလို အခြေအနေမျိုးမှာ ဘရောင်ဆာပေါ်က 'လုံခြုံရေး လက်မှတ် သတိပေးချက်' တစ်ခုကို သဘောတူ လက်ခံရပါလိမ့်မယ်။ ဒါဟာ အောက်မှာ ဆွေးနွေးထားတဲ့ Psiphon နဲ့ Peacefire proxies နှစ်ခုစလုံး အတွက် အကျုံးဝင်တယ်။ အဲဒီ သတိပေးချက်တွေက ISP ဒါမှမဟုတ် hacker တစ်ယောက်ယောက်ဟာ မိမိ ဆက်သွယ်နေတဲ့ proxy တစ်ခုခုကို စောင့်ကြည့်နေတယ် ဆိုတာကို ပြသနေတယ်။ ဒီလို သတိပေးချက်တွေ တွေ့ရပေမဲ့၊ ဖြစ်နိုင်ရင် လုံခြုံမှု ရှိတဲ့ proxy တွေကိုအဲ အသုံးပြုတာ ပိုကောင်းပါတယ်။ ဒါပေမဲ့၊ ရှောင်တိမ်းရေးအတွက် အဲဒီလို proxy တွေကို အသုံးပြုတဲ့အခါ လုံခြုံတဲ့ ကွန်ရက် စာမျက်နှာတွေဆီကို သွားပြီး အဲဒီ proxy ရဲ့ SSL fingerprint ကို အတည်ပြုချက် မရပဲ စကားဝှက်တွေကို ရိုက်ထည့်တာတို့ ဒါမှမဟုတ် အထိခိုက် မခံတဲ့ အချက်အလက်တွေကို ဖလှယ်တာတို့ ရှောင်ရှားရမယ်။ ဒီလို လုပ်နိုင်ဖို့၊ အဲဒီ [*proxy my/glossary#Proxy) ကို စီမံခန့်ခွဲတဲ့သူနဲ့ ဆက်သွယ်ရပါလိမ့်မယ်။

ကွန်ရက်အခြေပြု proxy တစ်ခုခုကို စီမံခန့်ခွဲနေတဲ့ ပုဂ္ဂိုလ်ကို စိတ်ချယုံကြည်မှု မရှိပဲနဲ့ အထိခိုက်မခံတဲ့ အချက်အလက်တွေ မသုံးသင့်ပါဘူး။ ဆိုလိုတာက proxy တစ်ခုခုကို အသုံးပြုတဲ့အခါ လုံခြုံရေး လက်မှတ် သတိပေးချက် တစ်ခုခုကို တွေ့ရတယ် ဖြစ်စေ၊ မတွေ့ဘူး ဖြစ်စေ နှစ်ခု စလုံးနဲ့ သက်ဆိုင်မှု ရှိတယ်။ အကယ်လို့ သတိပေးချက်ကို သဘောတူလက်ခံဖို့ ဘရောင်ဆာကို ညွှန်ကြားချက် မပေးခင်၊ ဆာဗာရဲ့ fingerprint ကို စစ်ဆေး အတည်ပြုရလောက်အောင် proxy ကို စီမံခန့်ခွဲသူနဲ့ ကောင်းကောင်း သိကျွမ်းထားတယ် ဆိုရင်လည်း အကျုံးဝင်ပါတယ်။ ရှောင်တိမ်းတဲ့နေရာမှာ proxy ဆာဗာ တစ်ခုခုကို အသုံးပြုနေတယ် ဆိုရင်၊ ၄င်းကို စီမံခန့်ခွဲနေတဲ့ ပုဂ္ဂိုလ်က မိမိရဲ့ IP လိပ်စာနဲ့ ကြည့်ရှုနေတဲ့ ကွန်ရက်စာမျက်နှာ(တွေ)ကို အမြဲတမ်း သိရှိနေလိမ့်မယ်။ ပိုပြီး အရေးကြီးတာက၊ အကယ်လို့ အဲဒီ proxy ဟာ ကွန်ရက် အခြေပြု ဖြစ်နေတယ် ဆိုရင်၊ အန္တရာယ်ရှိတဲ့ စီမံခန့်ခွဲသူ တစ်ဦးတစ်ယောက်က မိမိရဲ့ ကွန်ရက် မေးလ်နဲ့ စကားဝှက်တွေ အပါအဝင်၊ မိမိ အသုံးပြုနေတဲ့ ဘရောင်ဆာနဲ့ ကြည့်ရှုနေတဲ့ ကွန်ရက် စာမျက်နှာအကြားမှာ စီးဆင်းနေတဲ့ အချက်အလက်တွေ အားလုံးကို သိရှိနေမှာ ဖြစ်ပါတယ်။

ကွန်ရက် အခြေပြု မဟုတ်တဲ့ proxy တွေမှာ၊ လုံခြုံတဲ့ ဆက်သွယ်ရေးလိုင်းတွေကို ပံ့ပိုးထားတယ် မပံ့ပိုးဘူး စတဲ့ အချက်ကို မိမိအနေနဲ့ အနည်းအကျဉ်း လေ့လာထားရမယ်။ ဒီအခန်းမှာ ဖော်ပြထားတဲ့ proxy တွေနဲ့ အမည်ဝှက်ပေးတဲ့ ကွန်ရက် စာမျက်နှာအားလုံးဟာ လုံခြုံမှု ရှိကြပါတယ်။

သီးသန့် proxy များနဲ့ အများသုံး proxy များ -

အများသုံး proxy တွေဟာ အယောက်တိုင်းဆီကနေ ဆက်သွယ်ရေးလိုင်းတွေကို ရရှိကြပေမဲ့၊ သီးသန့် proxy တွေမှာတော့ ပုံမှန်အားဖြင့် သုံးစွဲသူအမည်နဲ့ စကားဝှက် တစ်ခုခု ရေးထည့်ဖို့ လိုအပ်တယ်။ အများသုံး proxy တွေကို အခမဲ့ ရယူနိုင်ပြီး၊ အလွယ်တကူ တွေ့ရှိနိုင်တယ်၊ ခဏလေးအတွင်း လိုင်းပြည့်သွားနိုင်တယ်။ အများသုံး proxy တွေဟာ နည်းပညာအရ သီးသန့် proxy တွေလို ရှုပ်ထွေးပြီး စနစ်တကျ စီမံထားပေမဲ့ အတော်လေး နှေးကွေးသွားနိုင်တယ်။ သီးခြား proxy တွေကို စီးပွားရေး လုပ်ငန်းတွေအတွက် အဖိုးအခ ပေးပြီး ဖြစ်စေ၊ စီမံခန့်ခွဲသူတွေ ကိုယ်တိုင်အတွက် ဖြစ်စေ၊ ဒါမှမဟုတ် လူမှုရေးအရ သိကျွမ်းထားတဲ့ သုံးစွဲသူတွေအတွက် ဖြစ်စေ အကောင့်တွေကို ဖွင့်ပြီး အသုံးပြုနိုင်တယ်။ ဒါကြောင့်၊ သီးသန့် proxy ကို စီမံခန့်ခွဲတဲ့ သူတွေကို လှုံ့ဆော်ပေးနေတဲ့ အချက်တွေကို သိရှိဖို့ လွယ်ကူသွားစေတယ်။ ဒါကြောင့်၊ သီးသန့် proxy တွေဟာ အခြေခံအနေနဲ့ ပိုပြီး ယုံကြည် စိတ်ချရတယ်လို့ ယူဆထားလို့ မရဘူး။ အရင်က အွန်လိုင်း ဝန်ဆောင်မှု ဌာနတွေဟာ အကျိုးအမြတ်အတွက် နောက်ဆုံးမှာတော့ သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို ဖွင့်ချခဲ့ကြဖူးတယ်။

လုံခြုံမှု မရှိတဲ့ အများသုံး ရိုးရိုး proxy တွေကို ရှာဖွေရေး အင်ဂျင် တစ်ခုခုမှာ 'public proxy' ဆိုတဲ့ စာလုံးတွေနဲ့ ရှာရင် အလွယ်တကူ တွေ့ရှိနိုင်တယ်၊ ဒါပေမဲ့ ဒီလိုနည်းနဲ့ ရလာတဲ့ proxy တွေကို အားမကိုးသင့်ဘူး။ အကယ်လို့ ရွေးချယ်မယ် ဆိုရင်၊ မိမိနဲ့ လူကိုယ်တိုင်ဖြစ်စေ၊ ဂုဏ်သတင်းကြောင့် ဖြစ်စေ သိကျွမ်းရင်းနှီးထားပြီး ယုံကြည် စိတ်ချရတဲ့ သူတွေ၊ ဆာဗာကို လုံခြုံအောင် ထိန်းသိမ်းပေးတဲ့ နည်းပညာ ကျွမ်းကျင်သူတွေက ပံ့ပိုးထားတဲ့ သီးသန့်ဖြစ်ပြီး လုံခြုံတဲ့ proxy တစ်ခုခုကို အသုံးပြုတာ ပိုသင့်တော်ပါတယ်။ ကွန်ရက် အခြေပြု proxy တစ်ခုခုကို အသုံးပြုတယ် အသုံးမပြုဘူး ဆိုတာ မိမိရဲ့ ကိုယ်ပိုင် လိုအပ်ချက်တွေနဲ့ ဦးစားပေးချက်တွေအပေါ် မူတည်လိမ့်မယ်။ ရှောင်တိမ်းတဲ့ နေရာမှာ proxy တစ်ခုခုကို အသုံးပြုတဲ့ အခါတိုင်း၊ မီးလျှံမြေခွေး ဘရောင်ဆာကို သုံးပြီး မီးလျှံမြေခွေး လမ်းညွှန်ထဲမှာ ဆွေးနွေးထားတဲ့အတိုင်း NoScript Browser extension ကို ထည့်သွင်း သုံးစွဲတာ ကောင်းတယ်။ ဒီလို လုပ်ဆောင်တဲ့အတွက် အန္တရာယ် ရှိတဲ့ proxy တွေ၊ မိမိရဲ့ IP လိပ်စာ အမှန်ကို ဖော်ထုတ်ဖို့ ကြိုးစားနေတဲ့ ကွန်ရက်စာမျက်နှာတွေရဲ့ ရန်ကနေ ကာကွယ်ပေးနိုင်တယ်။ နောက်ဆုံးအနေနဲ့၊ စာဝှက်ထားတဲ့ proxy တစ်ခုခုဟာ လုံခြုံမှု မရှိတဲ့ ကွန်ရက် စာမျက်နှာကို လုံခြုံလာအောင် လုပ်ပေးမှာ မဟုတ်ဘူး ဆိုတာကိုတော့ သိထားပါ။ အထိခိုက်မခံတဲ့ အချက်အလက်တွေကို ပေးပို့တာ လက်ခံတာတွေ မလုပ်ခင် မိမိမှာ HTTPS ဆက်သွယ်ရေးလိုင်း တစ်ခုခု ရှိထားရပါမယ်။

အကယ်လို့ မိမိ နေထိုင်တဲ့ နိုင်ငံထဲမှာ ယုံကြည်စိတ်ချရပြီး လက်ခံ အသုံးပြုနိုင်တဲ့ proxy ဝန်ဆောင်မှုမျိုးကို ပေးနိုင်တဲ့ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်း တစ်ခုခုကို မတွေ့ရှိနိုင်ရင်၊ အပေါ်မှာ ဆွေးနွေးထားတဲ့ အမည်ဝှက် ကွန်ရက်များအောက်က Tor အမည်ဝှက် ကွန်ရက်ကို အသုံးပြုဖို့ စဉ်းစားရမှာ ဖြစ်တယ်။

အသေးစိတ် ရှောင်တိမ်းရေး proxy များ

အောက်မှာ ဖော်ပြထားတဲ့ ကိရိယာတွေနဲ့ proxy တွေကို အသုံးပြုပြီး အင်တာနက် ပိတ်ဆို့မှုတွေကို ရှောင်တိမ်းနိုင်တယ်။ ရှောင်တိမ်းရေး ကိရိယာအသစ်တွေကို ပုံမှန် ထုတ်လုပ်နေကြပြီး၊ လက်ရှိ သုံးစွဲနေတဲ့ ကိရိယာတွေကို မကြာခဏ မွမ်းမံပေးလေ့ ရှိကြတယ်၊ ဒါကြောင့် အွန်လိုင်း လုံခြုံရေး-သေတ္တာ ကွန်ရက် စာမျက်နှာကို လေ့လာထားသင့်တယ်။ ဆက်လက် လေ့လာနိုင်တဲ့ အရင်းအမြစ်တွေ အကြောင်းကို အောက်က ဆက်လက်ဖတ်ရှုရန် အပိုင်းမှာ ဖော်ပြထားပါတယ်။

Virtual Private Network (VPN) အခြေပြု proxies များ

အောက်မှာ ဖေါ်ပြထားတဲ့ VPN proxies တွေဟာ "လိုင်းချိတ်ဆက်"တဲ့အခါ အဲဒီ proxy ကနေတစ်ဆင့် အင်တာနက်လိုင်း တစ်လုံး ဖြတ်သန်းသွားတယ်။ မိမိနေထိုင်တဲ့ နိုင်ငံမှာ ပိတ်ဆို့ခံရတဲ့ အီးမေးလ် (သို့) လက်ငင်း စာတိုပေးပို့ရေး ဌာနတွေကို အသုံးပြုတယ် ဆိုရင် ဒါတွေက အထောက်အကူ ပြုနိုင်တယ်။

Riseup VPN ကတော့ Riseup ဆာဗာမှာ အီးမေးလ် အကောင့် ရှိထားတဲ့ သုံးစွဲသူတွေ အတွက် ဖြစ်ပါတယ်။ ဒီစုစည်းချက်ဟာ အသုံးပြုပြီး လုံခြုံမှုရှိ၊ သီးသန့်ဖြစ်တဲ့ အခမဲ့ VPN proxy ဆာဗာကို ဆက်သွယ်ပေးတယ်။ Riseup VPN အကြောင်းနဲ့ ၄င်းကို ဆက်သွယ်နည်းကို လေ့လာ ဖတ်ရှုပါ။

Hotspot Shield ဟာ အများသုံးဖြစ်ပြီး၊ လုံခြုံမှုလည်းရှိ၊ VPN အခမဲ့ ရှောင်တိမ်းရေး proxy တစ်ခု ဖြစ်ပါတယ်။ အဲဒါကို အသုံးပြုနိုင်ဖို့၊ ဒီကိရိယာကို ဒေါင်းလုဒ် လုပ်ပြီး ထည့်သွင်းဖို့ လိုပါတယ်။ Hotspot Shield ကို တည်ဆောက်တဲ့ ကုမ္ပဏီဟာ ထောက်ပံ့ငွေကို ကြော်ငြာကနေ ရရှိတာ ဖြစ်တယ်။ အဲဒါကြောင့် စာဝှက်စနစ် အသုံးမပြုတဲ့ ကွန်ရက် စာမျက်နှာတွေကို ကြည့်ရှုတဲ့ အခါတိုင်း ဘရောင်ဆာ ဝင်းဒိုးရဲ့ ထိပ်ပိုင်းမှာ "နဖူးစည်း စာတမ်း ကြော်ငြာ" တစ်ခုကို မြင်တွေ့နေရမှာ ဖြစ်တယ်။ အတည်ပြုလို့ မရပေမဲ့၊ အဲဒီကုမ္ပဏီရဲ့ အဆိုအရ၊ ဒီကိရိယာကို သုံးစွဲနေတဲ့ သူတွေရဲ့ IP လိပ်စာတွေကို သိမ်းထားတာတို့၊ ကြော်ငြာဌာနတွေဆီ ပေးပို့တာတို့ မလုပ်ပဲ၊ ဖျောက်ဖျက်ပေးတယ်လို့ ဆိုပါတယ်။

Your-Freedom ဟာ သီးသန့်ဖြစ်ပြီး၊ လုံခြုံမှုရှိတဲ့၊ VPN/SOCKS ရှောင်တိမ်းရေး proxy တစ်ခု ဖြစ်တယ်။ အဲဒါဟာ အခမဲ့ ရှောင်တိမ်းရေး ဝန်ဆောင်မှု တစ်ခုခုကို ဆက်သွယ်ရာမှာ အသုံးပြုနိုင်တဲ့ အခမဲ့ ဆော့ဗ်ဝဲ ကိရိယာ တစ်ခု ဖြစ်တယ်။ bandwidth နဲ့ မိမိ သုံးစွဲနိုင်တဲ့ အချိန် အတိုင်းအတာကို (တစ်ရက်ကို ၃ နာရီ၊ တစ်ပတ်ကို ၉ နာရီ စသဖြင့်) ကန့်သတ်ထားတယ်။ ပိုမို မြန်ဆန်ပြီး ကန့်သတ်ချက် နည်းတဲ့ စီးပွားဖြစ် ဝန်ဆောင်မှု တစ်ခုခုကို အခကြေးငွေ ပေးပြီး အသုံးပြုနိုင်တယ်။ Your-Freedom ကို အသုံးပြုနိုင်ဖို့ ဒီကိရိယာကို ဒေါင်းလုဒ် လုပ်ပြီး အကောင့်တစ်ခု ဖွင့်ထားပါ။ ဒီနှစ်မျိုး စလုံးကို Your-Freedom ကွန်ရက် စာမျက်နှာပေါ်မှာ လုပ်ဆောင်နိုင်ပါတယ်။ အင်တာနက်ကို ချိတ်ဆက်တဲ့အချိန်မှာ OpenVPN proxy ကို အသုံးပြုနိုင်ဖို့ ဘရောင်ဆာကို ပြုပြင်ဖန်တီးဖို့ လိုအပ်တယ်။ အသေးစိတ် အကြောင်းအရာကို Sesawe စီမံချက် ကွန်ရက်စာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

Freegate ဟာ အများသုံးဖြစ်ပြီး၊ လုံခြုံမှုလည်းရှိ၊ VPN အခမဲ့ ရှောင်တိမ်းရေး proxy တစ်ခု ဖြစ်ပါတယ်။ နောက်ဆုံးထွက် Freegate ဗားရှင်းကို ဒေါင်းလုဒ် ဆွဲပြီး ၄င်းနဲ့ပါတ်သက်တဲ့ စိတ်ဝင်စားစရာ ဆောင်းပါးကို ဖတ်ရှုနိုင်ပါတယ်။

SecurityKISS ဟာ အများသုံးဖြစ်ပြီး၊ လုံခြုံမှုလည်းရှိ၊ VPN အခမဲ့ ရှောင်တိမ်းရေး proxy တစ်ခု ဖြစ်ပါတယ်။ အဲဒါကို အသုံးပြုနိုင်ဖို့ အခမဲ့ ပရိုဂရမ် တစ်ခုကို ဒေါင်းလုဒ် လုပ်ပြီး ဖွင့်သုံးနိုင်တယ်။ အကောင့် တစ်ခုကို မှတ်တင်စရာ မလိုဘူး။ proxyကို ဖြတ်သွားတဲ့ အင်တာနက် စီးဆင်းမှုအတွက် အခမဲ့ သုံးစွဲသူတွေရဲ့ တစ်နေ့တာ သုံးစွဲခွင့်ကို MB ၃၀၀ အဖြစ် ကန့်သတ်ထားပေးတယ်။ အခကြေးငွေ ပေးသွင်းသူအတွက် ကန့်သတ်ချက်တွေ မရှိပဲ VPN ဆာဗာတွေကို ပိုမို သုံးစွဲနိုင်တယ်။ အသေးစိတ်ကို လေ့လာဖို့ SecureKISS ပင်မစာမျက်နှာကို ဖတ်ရှုပါ။

Psiphon3 ဟာ လုံခြုံပြီး၊ အများသုံး VPN နဲ့ SSH အခမဲ့ ရှောင်တိမ်းရေး proxy တစ်ခု ဖြစ်ပါတယ်။ အဲဒါကို အသုံးပြုနိုင်ဖို့ အခမဲ့ ဆော့ဗ်ဝဲ ပရိုဂရမ် ရရှိနိုင်တဲ့ လင့်ခ်တစ်ခုကို တောင်းဆိုရမှာ ဖြစ်ပြီး အဲဒီ ပရိုဂရမ်နဲ့ proxy ကို စီစဉ်သတ်မှတ်သွားမှာ ဖြစ်တယ်။ လင့်ခ်ကို တောင်းဆိုဖို့ get@psiphon3.com ဆီ အီးမေးလ် တစ်စောင် ပေးပို့ပါ။ Psiphon3 ပင်မစာမျက်နှာကို လေ့လာ ဖတ်ရှုပါ။

ကွန်ရက် Proxies များ

Psiphon2 ဟာ သီးသန့် ဖြစ်ပြီး အမည်ဝှက်တဲ့ webproxy ဆာဗာ နည်းစနစ် တစ်ခု ဖြစ်တယ်။ Psiphon2 ကို အသုံးပြုဖို့ မိမိဆီမှာ proxy ဆာဗာရဲ့ ကွန်ရက် လိပ်စာ (URL) နဲ့ အကောင့်တစ်ခု (သုံးစွဲသူ၊ စကားဝှက်) ရှိထားဖို့ လိုအပ်တယ်။ psiphon2 ကို ဖွင့်ဖို့ psiphon2 အကောင့် ရှိထားတဲ့ သုံးစွဲသူ တစ်ဦးဦးဆီကနေ ဖိတ်ကြားချက် တစ်ခု ရယူရမှာ ဖြစ်တယ်။ ဒီနေရာမှာ ထုတ်ပြန်ထားတဲ့ သုံးစွဲနည်း စာအုပ်ငယ်ထဲမှာ ပါတဲ့ ဖိတ်ကြားချက်ကိုလည်း အသုံးပြုနိုင်ပါတယ်။ Psiphon2 ပင်မ စာမျက်နှာကို ဖတ်ရှုပါ။

Peacefire ဟာ အများသုံးဖြစ်ပြီး၊ သုံးစွဲမှုအပေါ် မူတည်ပြီး လုံခြုံမှု ရှိနိုင်သလို၊ လုံခြုံမှု မရှိတဲ့ ကွန်ရက် အခြေပြု proxy အစုအဝေး တစ်ခုကို ဖန်တီးပေးနိုင်တယ်။ Peacefire proxy တစ်ခုကို အသုံးပြုတဲ့အခါ၊ မိမိနဲ့ proxy ကြားမှာ လုံခြုံမှု ရှိတဲ့ ဆက်သွယ်ရေးလိုင်း တစ်ခု တည်ဆောက်ဖို့ HTTPS လိပ်စာကို ထည့်သွင်းပေးရမှာ ဖြစ်တယ်။ proxy အသစ်တွေကို အီးမေးလ် အုပ်စု စာရင်းကနေ ပုံမှန် ထုတ်ပြန် ကြော်ငြာပေးလေ့ရှိတယ်။ မွမ်းမံချက်တွေကို ရရှိဖို့ Peacefire ကွန်ရက် စာမျက်နှာမှာ မှတ်ပုံတင်နိုင်တယ်။

ဆက်လက် လေ့လာရန်