ထိရှလွယ်သော အချက်အလက်များအားဖျက်ပစ်ခြင်း
မာတိကာ
...မာတိကာ စတင်နေသည်...ဖုန်း (သို့မဟုတ်) ကွန်ပျူတာတစ်လုံးသည် စာရွက်အလွန်ချွေတာသောသူတစ်ယောက်ကဲ့သို့ ၄င်း၏ မှတ်နိုင်၊ရေးနိုင်စွမ်းအားကို အသုံးပြုသည်။ ဥပမာပြရလျင် ကွန်ပျူတာသည် စာရွက်ပေါ်တွင်ခဲတံနှင့်ရေးပြီး၊ သင် ဖျက်ပစ်ဟုပြောလိုက်သော ဖိုင်များကို ချက်ချင်းမဖျက်ပစ်ဘဲ၊ ချွေတာပြီး (စက်ပစ္စည်း ၏ Trash သို့မဟုတ် Rubbish Bin တွင်ယာယီ) သိမ်းထားသည်။ မှတ်နိုင်စွမ်းအား အကန့်အသတ်ရှိလာသောအချိန်တွင် ၄င်း အမှိုက်ပုံများထဲတွင် ယာယီသိမ်းထားသည့် စာရွက်များကို ခဲဖျက်ဖြင့်ဖျက်၍ ပြန်ရေးသကဲ့သို့ ဖိုင် အသစ်များကို ပြန်လည်ဖန်တီးသည်။
သင် ဖိုင်တစ်ဖိုင်ကို Trash ထဲဆွဲထည့်ပြီး၊ ဖျက်လိုက်သည့်အချိန်တွင် သင်၏ဖုန်း၊ ကွန်ပျူတာသည် အမှန်တကယ် ၄င်းဖိုင်ကို ဖျက်ပစ်သည်မဟုတ်။ အမှိုက်ပုံးမဟုတ်သည့် အခြားတစ်နေရာရာတွင် ယာယီသိမ်းထားသေးသည်။ အမှိုက်ပုံးထဲမှ ပျောက်သွားသည် ဆိုသည်မှာ အမှိုက်ပုံးထဲမှ ဖိုင်နာမည်ကိုဖျောက်ပေးလိုက်ပြီး အခြားနေရာတွင်သွားသိမ်းထားခြင်းဖြစ်သည်။ ၄င်းနေရာတွင် အခြားဖိုင်တစ်ဖိုင်ရောက်မလာသေးသရွေ့ နဂိုဖိုင်ကို ယူ၍ရသည်။ ကြားအချိန်တွင် သင့်ကွန်ပျူတာကို ရရှိအသုံးပြုသော သူ တစ်ယောက်ယောက်မှ (သို့) Tools တစ်ခုခုကို အသုံးပြုပြီး သင် ပျက်သွားပြီဟုယူဆထားသော ဖိုင်များကို ရယူနိုင်သည့်အလားအလာရှိသည်။
ကျွန်ုပ်တို့ ညွှန်းသော ကိရိယာ များသည် ဖိုင်နာမည်ကိုသာဖျောက်ပစ်သည်မဟုတ်၊ ဖြစ်နိုင်ခြေရှိသည့် ဖိုင်နာမည်မှန်သမျှကို မည်သည့်ခြေရာမျှမကျန်အောင် အကြိမ်ကြိမ်အခါခါရှာသည့်တိုင် မူရင်းဖိုင်များကို အစအနမကျန်အောင် ဖျက်ပစ်သည့် ကိရိယာ များဖြစ်သည်။ လုံခြုံရေးကျွမ်းကျင်သူများ၏ အာဘော်အရ သင်၏ ဖုန်း (သို့) ကွန်ပျူတာရှိ မသုံးသေးသည့် နေရာလွတ်များကို ယာယီဖိုင်များမကျန်အောင် ရှင်းပစ်ခြင်းသည်ပင် သင်၏ဖျက်ပြီးသားဟုယူဆရသော ထိရှလွယ်ဖိုင်များကို မသမာသူများလက်ထဲမှ ကောင်းကောင်းကာကွယ်ထားနိုင်သည့် နည်းလမ်းဖြစ်သည်ဟု သိရသည်။
*သို့ရာတွင် ခြွင်းချက်အကြီးကြီးရှိသည်။ ဖုန်းများအားလုံး နှင့် ကွန်ပျူတာ များ နှင့် ပြင်ပအချက်အလက် သိုမှီးနိုင်သော စက်ပစ္စည်းများ တွင် Solid State Drive (SSD) ဟုခေါ်သည့် Drive များကို သုံးထားလေ့ရှိသည်။ SSD များသည် "wear leveling" ဟုခေါ်သော နည်းပညာကို အသုံးပြုထားသည့်အတွက်ဖြစ်သည်။ *SSD များတွင် ဒေတာဖျက်ရခက်သည့်အကြောင်း Surveillance Self-Defence ၏ အချက်အလက် များ လုံခြုံစွာဖျက်နည်း ကိုလေ့လာနိုင်သည်။ ဖျက်လိုက်သည့် ဒေတာများကို ပြန်လည်မရယူနိုင်စေရန်အတွက် SSD ကို ဝှက်စာစနစ်အရင်ပြောင်းထားဖို့ အရေးကြီးသည်။ အသုံးမလိုတော့၍ Device ကိုစွန့်ပစ်လိုက်မည့်အချိန် သို့မဟုတ် ပြန်လည် အသုံးပြုမည့်အချိန်များတွင် ဝှက်စာစနစ်ပြောင်းထားဖို့လိုသည်။
လုံခြုံသော ဖိုင်ဖျက် Tools များသည် သင်မဖျက်လိုသည့် ဖိုင်များကို ဖျက်ပစ်မည်မဟုတ်ပါ။ သို့သော် စတင်သုံးစွဲချိန်တွင် မလိုလားအပ်သည်များကို မဖျက်ပစ်မိစေရန် သတိပြုပါ။ သင်သည် ပထမဆုံးအကြိမ်စသုံးသူဖြစ်ပါက ဖျက်လိုသည့်ဖိုင်ကိုသာ ထိထိမိမိဖျက်နိုင်စေဖို့ အောက်ပါ နည်းလမ်းများကို အသုံးပြုပါ။ ထိရှလွယ်သော အချက်အလက်များကို ဖျက်ရာတွင် ပုံစံအမျိုးမျိုးရှိသည်။ အမှိုက်ပုံးထဲရှိ ဖိုင်အားလုံးကိုဖျက်ခြင်း၊ Drive ထဲတွင်လွတ်နေသောနေရာများကိုဖျက်ခြင်း သို့မဟုတ် Drive တစ်ခုလုံးကိုဖျက်ခြင်း စသဖြင့် အမျိုးမျိုးရှိသည်။
သင်၏အလုပ်မှ ခြေရာလက်ရာများကို သင့် Device မှဖျက်ပစ်ခြင်း
စက်ပစ္စည်းများ၏ နေရာလွပ်များကို ကို ပုံမှန် အချိန်ဇယားဖြင့် ဒေတာဖျက်ခြင်း ပြုလုပ်ပါ။ ဤ နည်းဖြင့် သင်၏ ထိရှလွယ် ဖိုင်များ သင့် Device, Hard Drives, USB Stick, ကင်မရာမှ SD Cards များ၊ ဖုန်း၊ သီချင်းနားထောင်စက်များ နှင့် အခြား မည်သည့် Device ပေါ်တွင်မှ အမှုမဲ့အမှတ်မဲ့ကျန်မနေစေရန်ဖြစ်သည်။
အန်းဒရွိုက်
အက်ပလီကေးရှင်း၏ သိမ်းဆည်းထားသောဖိုင်များ၊ ဘရောက်ဇာများ၏ အသုံးပြုမှု မှတ်တမ်းများ၊ clipboard တွင် ကူးထားသော အချက်အလက်များနှင့် ဖုန်းခေါ်ဆိုမှု မှတ်တန်းများ ကဲ့သို့ ယာယီနှင့် ဖွက်ထားသောဖိုင်များကို ဖျက်ရန် အန်းဒရွိုက် အတွက် CCleaner ကို အသုံးပြုပါ။
CCleaner ကို အင်းဒရွိုက် (Android) ဖုန်းများအတွက် ပထမဦးဆုံး အသုံးပြုမည်ဆိုလျှင် ၄င်းတို့၏လမ်းညွှန် ကို ဖတ်ရှုနိင်ပါသည်။
အင်းဒရွိုက် ဖုန်းများတွင် ခေတ္တယာယီဖျက်သိမ်းထားသော ဖိုင်းများ နှင့် တစ်နေရာရာတွင် ဖျောက်ထားသော လုပ်ထားသော ဖိုင်များကို CCleaner ကိုအသုံးပြုပြီး ဖျက်ပြီးဆိုပါက သင့်စက်ပစ္စည်းတွင်း ရှိအသုံးမပြုသော သော နေရာလွတ်များကို ရှင်းလင်းစေရန် အတွက် Extirpaterကိုအသုံးပြုနိုင်သည်။
Extirpater သည် Google Play Store တွင်မရှိပါ။ F-Droid APK ကို အရင် install လုပ်ပါ။ ထို့နောက် Extirpater ကို install လုပ်ပါ။ သင့်အချက်အလက်များ ရာသက်ပန်ပျောက်ကွယ်သွားနိုင်သဖြင့် မဖျက်သင့်သည်ကို မဖျက်မိစေရန် အထူးသတိပြုပါ။
အိုင်အိုအက်စ်
- ယာယီနှင့် ဖွက်ထားသောဖိုင်များကို ဖျက်ရန် အိုင်အိုအက်စ် အတွက် CCleaner ကို အသုံးပြုပါ။
လင်းနဇ်စ် နှင့် ဝင်းဒိုး
- ယာယီနှင့် ဖွက်ထားသောဖိုင်များကို ဖျက်ရန် BleachBit ကိုအသုံးပြုပါ။ ၄င်းတို့ လမ်းညွှန်ကို ကိုလည်း လေ့လာပါ။
MacOS (မတ်အိုအက်စ်)
- ယာယီနှင့် ဖွက်ထားသောဖိုင်များကို ဖျက်ရန် မတ်အိုအက်စ် အတွက် CCleaner တွင် "Custom files and folders" ကို ရွေးချယ်ပြီး အသုံးပြုပါ။
ဤကဲ့သို့ အကြံပြုရသည့် အကြောင်းရင်းမှာ
စက်ပေါ်ရှိ သင့်လုပ်ဆောင်ချက်မှတ်တမ်းကို ဖယ်ရှားရန်၊ သူခိုးဆော့ဖ်ဝဲများကို တိုက်ဖျက်ရန်နှင့် စက်ပစ္စည်း၏ အလုပ်ပိုကောင်းစေရန် အတွက် သင့်အလုပ်၏ ခြေရာများကို သန့်ရှင်းရေးပြုလုပ်ရန် အကြံပြုပါသည်။ ဤဖိုင်များသည် ရှာဖွေရန်နှင့် လုံခြုံစွာ ဖယ်ရှားရန် ခက်ခဲပါသည်။ နောက်စာပိုဒ်အနည်းငယ်တွင်၊ ဤဖိုင်များအကြောင်း ပိုအသေးစိတ် ဆွေးနွေးသွားမည်ဖြစ်သည်။
Your web browser saves text, images, cookies, account information, the history of websites you have visited and personal data used to complete online forms. Our guide on secure browsing can tell you more about this data and how to delete it more often.
သင့်စက်ပစ္စည်းသည် သင်အသုံးပြုနေသော ဖိုင်များကို ယာယီအဖြစ်သိမ်းထားပေးသည်။ ဤနည်းဖြင့် အပလီကေးရှင်းများ ရုတ်တရက်ပိတ်သွားလျင်ဖြစ်စေ၊ မီးပျက်သွားလျင်ဖြစ်စေ သင့်လုပ်လက်စအလုပ်များ ပျက်မသွားစေရန်အတွက် ဖြစ်သည်။ ထို့အကြောင့် သင့်အနေဖြင့် သင့်လုပ်လက်စဖိုင်ကို ဖျက်လိုက်သော်လည်း လုပ်လက်စဗားရှင်းသာပျက်သွားမည်ဖြစ်ပြီး၊ ဗားရှင်းဟောင်းများမှာ သင့် စက်ပစ္စည်း တွင် ကျန်ခဲ့မည်ဖြစ်ပြီး၊ ၄င်းတို့သည် ရှာရခက်ပြီး ကိရိယာ တစ်ခုခုအသုံးမပြုပဲ ရှင်းလင်းရခက်နိုင်သည်။ Clipboard တွင် ကူးယူထားသော ဒေတာများအပါအဝင် Shortcut များအားလုံးကို ကျွနု်ပ်တို့၏စက်က အလုပ်လုပ်ရလွယ်ကူစေရန်မှတ်ထားပေးခြင်းဖြစ်သည်။
ကွန်ပျူတာ (သို့) ဖုန်း စသည့် စက်ပစ္စည်းတစ်ခုလုံးကို (wipe) ဖျက်ပစ်ပါ
စက်ပစ္စည်း တစ်ခုလုံး အား ဖျက် (wipe) မပြစ်မှီ ကျွနု်ပ်တို့၏လမ်းညွှန်တွင်ပါသည့်အတိုင်း အချက်အလက်များကို အရန်သိမ်းဆည်းခြင်း နှင့် အချက်အလက်ဆုံးရှုံးခြင်းမှ ကာကွယ်ခြင်း ကိုလေ့လာ၍ အရေးကြီးဖိုင်များကို အရန်သိမ်းဆည်းထားပါ။
အရေးကြီး အချက်အလက်များကို လုံခြုံစွာ အရန်သိမ်းဆည်းပြီးပါကအောက်ပါလမ်းညွှန်ချက်များကို လေ့လာပါ။
စက်ပစ္စည်းများ အားလုံးအတွက်
- အသုံးမပြုသော အက်ပလီကေးရှင်းများအားလုံးကို ပိတ်ထားပါ။
- မလိုအပ်ပါက အင်တာနက်၊ ဝိုင်ဖိုင် များကိုပိတ်ပါ၊ အင်တာနက်ကြိုးတပ်သုံးနေလျင် ကြိုးဖြုတ်ပါ။
- You may want to start by clearing your browser's temporary files.
မိုဘိုင်လ်း ဖုန်းများအားလုံးတွင်
- ဖြစ်နိုင်လျင် စက်ပစ္စည်း အား မဖျက်ခင် သင့်ဖုန်း စက်ပစ္စည်းတစ်ခုလုံးအား ဝှက်စာစနစ် ပြုလုပ်ကာကွယ်ခြင်း အရင်ပြုလုပ်ပါ။
အန်းဒရွိုက်
- သင့် ဖုန်းတွင် ရှိသော အချက်အလက်များ အားလုံးကို ဖျက်ဆီးပြစ်ရန် စက်ပစ္စည်း အား factory reset ပြုလုပ်ပါ။
အိုင်အိုအက်စ်
- အိုင်အိုအက်စ် စက်ပစ္စည်း တွင်းရှိ အချက်အလက်များအား လုံခြုံစွာ ဖျက်ဆီးပြစ်ရန် သင့် iPhone သို့မဟုတ် iPad အား ရောင်းချမှု၊ လက်လွှဲမှု သို့မဟုတ် အလှဲအလှယ်မပြုလုပ်ခင် ဆောင်ရွက်သင့်သည်များ ကိုလေ့လာပါ။
ကွန်ပျူတာများ
- ကွန်ပြူတာစက်ပစ္စည်း များကို ၄င်းတစ်ခုထဲ အနေဖြင့် လုံခြုံစေ့ငှ စွာ
အချက်အလက်အားလုံးကို ဖျက်ဆီးရန် မဖြစ်နိုင်ပါ။ ဤကဲ့သို့ပြုလုပ်ရန်
ပြင်ပအချက်အလက် သိုမှီးနိုင်သော external drive တစ်ခုမှတစ်ဆင့် ကွန်ပျူတာကို
ဖွင့်ရမည်ဖြစ်သည်။
- ပထမနည်းမှာ ကွန်ပျူတာ မှ hard drive ကို ဖြုတ်ယူ၍ ၄င်းကို external drive
တစ်ခု အနေဖြင့် အခြား ကွန်ပျူတာမှ တစ်ဆင့် ဖျက်နိုင်ပါတယ်။
- ဤ ကဲ့သို့ သင့် စက်ပ္စည်းမှ drive ကို ဖြုတ်ယူရန် iFixit တွင် "remove hard drive" ကိုရှာဖွေပြီး သင့် ကွန်ပျူတာ တံဆိပ်နှင့် အမှတ်အသားကိုပါ တစ်ပါထဲ ထည့်သွင်းပါ။
- သင်ဖြုတ်ထားသော drive အား USB ခေါင်း နှင့် အပေါက်ပါဝင်သည့် ကာဗာ တစ်ခုတွင် တပ်ဆင်ပါ။
- ပထမနည်းမှာ ကွန်ပျူတာ မှ hard drive ကို ဖြုတ်ယူ၍ ၄င်းကို external drive
တစ်ခု အနေဖြင့် အခြား ကွန်ပျူတာမှ တစ်ဆင့် ဖျက်နိုင်ပါတယ်။
- သင်၏ HDD drive တစ်ခုလုံးထဲရှိ အချက်အလက်များကို ဖျက်ဆီးရန်
ShredOS ကို
အသုံးပြုနိုင်သည်။ ဤသို့ပြုလုပ်ရန် Shred OS ကို ဒေါင်းလုပ်ရယူပြီး USB
စတစ်ပေါ်တွင် live-OS အဖြစ်တင်ကာ ထိုမှတစ်ဆင့် ကွန်ပျူတာကို ဖွင့်၍
ဆောင်ရွက်ရမည်ဖြစ်သောကြောင့် အချိန်အတိုင်းအတာတစ်ခုအထိယူနိုင်ကြောင်း
သတိပြုပါ။
- ShredOS ကို အသုံးပြု၍ SSD များရှိ အချက်အလက်များကိုပါ ဖျက်ဆီးနိုင်သော်လည်း အဆိုပါ SSD drives များ၏ အလုပ်လုပ်ပုံအရ ဤ ကိရိယာကို အသုံးပြု၍ စေ့ငှလုံခြုံစွာ အချက်အလက်များကို ဖျက်နိုင်မည်မဟုတ်ပါ။ ထို့ကြောင့် SSD များကို ဝှက်စာစနစ်ဖြင့် လုံခြုံအောင်ပြုလုပ် ပြီး လုံခြုံခိုင်မာသော စကားဝှက်ဖြင့် ကာကွယ်ပြီးမှ သာ ဖျက်ဆီးခြင်းဖြင့် အချက်အလက်များကို ပြန်လည်ရယူပြီးပါက စကားဝှက် ရှိမှသာ အချက်အလက်များကို အသုံးပြုနိုင်စေခြင်းဖြင့် ကာကွယ်နိုင်မည်ဖြစ်သည်။
- Once you have wiped the entire disk, be sure to set up full-disk encryption when reinstalling the operating system.
- သို့သော်၊ SSD များဖြင့် လည်ပတ်သော နောက်ဆုံးပေါ် ကွန်ပြူတာများတွင်,
အချက်အလက်များအားလုံး ပျက်စီးစေရန် အာမခံချက်မရှိပါ။ သို့သော် သင့်အနေဖြင့်
ကွန်ပျူတာ လည်ပတ်ရေး စနစ်အလိုက် အောက်ပါ အဆင့်များကို လေ့လာပြီး
ကာကွယ်နိုင်ပါသည်။
- SSD တစ်ခုလုံးအား ဝှက်စာစနစ်ဖြင့် ကာကွယ်ပြီး ခိုင်မာသော စကားဝှက်ထားခြင်းအားဖြင့် သင့်ခွင့်ပြုချက် မပါပဲ အချက်အလက်များကို ဖတ်ရှုအသုံးပြုနိုင်မည်မဟုတ်ပါ။
မတ်အိုအက်စ်
- မတ်အိုအက်စ်ကွန်ပျူတာ များကို factory reset ပြုလုပ်ရန် ၄င်းတို့၏ တရားဝင် မှတ်တမ်း များကို လေ့လာပါ။
- SSD အသုံးပြုထားသော မတ်အိုအက်စ် ကွန်ပျူတာများတွင် အချက်အလက်များကို Disk Utility ဖြင့် လုံခြုံစွာ ဖျက်နိုင်မည်မဟုတ်ပါ။ သင့် SSD drive တွင်း သိမ်းထားသော အချက်အလက် များကို drive တစ်ခုလုံးအား ဝှက်စာစနစ်ဖြင့် ကာကွယ်ခြင်း ပြုလုပ်ပါ။ ဤသို့စီမံခြင်းဖြင့် သင့် hard drive ထဲမှ အချက်အလက်များသည် စကားဝှက် မသိရှိသူများအတွက် ဖတ်ရှုအသုံးပြု၍ မရနိုင်သော အချက်အလက်များအနေဖြင့် ကာကွယ်ထားပေးနိုင်မည်ဖြစ်သည်။
- Intel ၏ CPU များအသုံးပြုထားသော မတ်ထ်ကွန်ပျူတာများ တွင် သင့်၏ hard drive အား Disk Utility သို့မဟုတ် Erase Assistant ကိုအသုံးပြု၍ hard drive တွင်းရှိ အချက်အလက်များကို လုံခြုံစွာဖျက်နိုင်မှာဖြစ်ပါတယ်။
ဝင်းဒိုး
- ကွန်ပျူတာ ၏ hard disk ကို ဖြုတ်ယူပါ။ ဤကဲ့သို့ ဖြုတ်ယူရန် iFixit တွင် "remove hard drive" ကိုရှာဖွေပြီး သင့် ကွန်ပျူတာ တံဆိပ်နှင့် အမှတ်အသားကိုပါ တစ်ပါထဲ ထည့်သွင်းပါ။
- သင်ဖြုတ်ထားသော drive အား USB ခေါင်း နှင့် အပေါက်ပါဝင်သည့် ကာဗာ တစ်ခုတွင် တပ်ဆင်ပါ။
- ဖြုတ်ထားသော hard disk အား Eraser အက်ပလီကေးရှင်းသွင်းထားသည့် အခြား ကွန်ပျူတာတွင် တပ်ဆင်ပါ။
- သင်ဖြုတ်ယူလာသော drive တွင်းမှ အချက်အလက်များအားလုံး ကို ဖျက်ပါ။
- ထို့နောက် Eraser ကို အသုံးပြုပြီး အဆိုပါ Drive တွင်းမှ မသုံးရသေးသည့် အစိတ်အပိုင်းများအားလုံးကို ရှင်းပစ်ပါ။ ဤလုပ်ငန်းစဥ်သည် နှေးကွေးနိုင်ပြီး တစ်ညလုံး အချိန်ယူနိုင်သည်ကို သတိပြုပါ။
ဤကဲ့သို့ အကြံပြုရသည့် အကြောင်းရင်းမှာ
ဖျက်နေစဥ်တွင် သင်ကွန်ပျူတာ၏ လည်ပတ်ရေးစံနစ် Operating System ကို အခြား Drive တစ်ခုပေါ်တွင် run ထားရမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် Eraser သည် ၄င်း run နေသော Operating System Drive အား အလုံးစုံမရှင်းပစ်နိုင်သောကြောင့်ဖြစ်သည်။ သင့် Drive ကိုဖြုတ်ပြီး အခြား ကွန်ပျူတာတစ်လုံးဖြင့် လုပ်ကောင်းလုပ်ရနိုင်သည်။
ကွန်ပျူတာ သို့မဟုတ် ဖုန်း အဟောင်းများကို ရောင်းချခြင်း၊ ပေးကမ်းခြင်း၊ လွှင့်ပြစ်ခြင်း မပြုလုပ်မှီ
- ဖြစ်နိုင်လျှင် ကွန်ပျူတာ အဟောင်းကို ရောင်းချခြင်း၊ ပေးကမ်းခြင်းပြုလုပ်ပါက Hard Drive ကို ဖြုတ်ယူထားပါ။ မဖြစ်မနေပေးရမည်ဆိုလျင် အထက်ပါ လမ်းညွှန်ချက်များအတိုင်း စက်ပစ္စည်း တစ်ခုလုံးကို ဖျက်ပစ်ရန် လိုအပ်ကြောင်း သတိပြုပါ။
- သင့်အနေဖြင့် မိုဘိုင်လ်း ဖုန်း သို့မဟုတ် ပြင်ပတွင် အချက်အလက်သိမ်းဆည်းနိုင်သော external storage ပစ္စည်းများကို ရောင်းချခြင်း၊ ပေးကမ်းခြင်း နှင့် လွှင့်ပြစ်ခြင်းတို့ မပြုလုပ်မှီ အလုံးစုံ စက်ပစ္စည်း တစ်ခုလုံးရှိ အချက်အလက်များအား ဖျက်ထားရန် လိုအပ်ပါသည်။
- USB drives, SD cards, SIM cards, dongles နှင့် အခြား ဆက်စပ် ပစ္စည်း များအားလုံးကို ဖြုတ်ပါ။
- Hard Drive အဟောင်းများကို မစွန့်ပစ်ခင် အရင် ကိုယ်ထိလက်ရောက်ဖျက်ဆီးပစ်ခြင်း၊ သို့မဟုတ် ဒေတာများကို အရင်ရှင်းပစ်ပါ။ Hard Drive ထဲသို့ သံမှိုများရိုက်သွင်းခြင်း သို့မဟုတ် လွန်စက်ဖြင့်ဖောက်ပစ်ခြင်းတို့အားဖြင့် ဖျက်ပစ်နိုင်သည်။ ၄င်းအား မီးရှို့ခြင်း အက်စစ်ဖြင့်လောင်းခြင်း Microwave ထဲသို့ထည့်ခြင်းတို့အား ရှောင်ပါ။ ဒေတာကိုမဟုတ်ဘဲ Hard Drive အလုံးလိုက်ကို ဖျက်ဆီးပစ်ခြင်းသည် အလုံခြုံဆုံး နည်းလမ်းဖြစ်သည်။
- ဒေတာဖျက်ထားပြီးသား Hard Drive များအားအကောင်းအတိုင်းရှိသေးသည်ဆိုလျင် အခြား ကွန်ပျူတာတွင် တပ်ဆင်၍ ဖြစ်စေ External Drive အဖြစ်ဖြစ်စေ ပြန်လည်အသုံးပြုနိုင်သည်။
- အောက်ပါ ထပ်လောင်းအဆင့်များဖြင့် သင်၏ Device ကို လုံခြုံစွာ ဖျက်ပစ် ခြင်းကို သေချာစေနိုင်သည်။
အန်းဒရွိုက်
- သင်၏ စက်ပစ္စည်း တွင်းမှ အွန်လိုင်း အကောင့်များမှ ဖယ်ရှားပစ်ရန်
စက်ပစ္စည်း နှင့် ချိတ်ဆက်နေသော Google account များကို
လုံခြုံစေခြင်း
ဖြင့် သင်၏ google အကောင့်နှင့် ချိတ်ဆက်နေသော စက်ပစ္စည်း စာရင်းမှ
ဖယ်ထုတ်ပြစ်နိုင်သည်။
- စက်ပစ္စည်း တစ်ခုလုံးအတွင်းမှ အချက်အလက် များ အားလုံးကို ဖျက်ဆီးခြင်း အတိုင်းလိုက်နာ ဆောင်ရွက်ပါ။
အိုင်အိုအက်စ်
- သင်၏ စက်ပစ္စည်း တွင်းမှ အွန်လိုင်း အကောင့်များမှ ဖယ်ရှားပစ်ရန် စက်ပစ္စည်း နှင့် ချိတ်ဆက်နေသော account များကို လုံခြုံစေခြင်း ဖြင့် သင်၏ အကောင့်နှင့် ချိတ်ဆက်နေသော စက်ပစ္စည်း စာရင်းမှ ဖယ်ထုတ်ပြစ်နိုင်သည်။
- Apple ၏ တရားဝင် မှတ်တမ်းဖြစ်သော သင့် iPhone သို့မဟုတ် iPad အား ရောင်းချမှု၊ လက်လွှဲမှု သို့မဟုတ် အလှဲအလှယ်မပြုလုပ်ခင် ဆောင်ရွက်သင့်သည်များ ကိုလိုက်နာ၍ သင့်ဖုန်းအား စွန့်ပြစ်ခြင်း မပြုလုပ်မှီ လိုက်နာပါ၊ ထို့အတူ စက်ပစ္စည်း တွင်းမှ အချက်အလက်များအားလုံးကို ဖျက်ဆီး (wipe) ပြုလုပ်ရန် လမ်းညွှန်ချက်များကိုလည်း လိုက်နာပါ။
လင်းနဇ်စ်
- စက်ပစ္စည်း နှင့် ချိတ်ဆက်နေသော မလိုအပ်သော account
များဖယ်ရှားခြင်း
ကိုလေ့လာ၍ သင်၏ အကောင့်နှင့် ချိတ်ဆက်နေသော စက်ပစ္စည်း စာရင်းမှ
ဖယ်ထုတ်ပြစ်နိုင်သည်။
- စက်ပစ္စည်း တစ်ခုလုံးအတွင်းမှ အချက်အလက် များ အားလုံးကို ဖျက်ဆီးခြင်း အတိုင်းလိုက်နာ ဆောင်ရွက်ပါ။
MacOS (မတ်အိုအက်စ်)
- စက်ပစ္စည်း နှင့် ချိတ်ဆက်နေသော account များအား လုံခြုံစေခြင်း ကိုလေ့လာ၍ သင်၏ အကောင့်နှင့် ချိတ်ဆက်နေသော စက်ပစ္စည်း စာရင်းမှ ဖယ်ထုတ်ပြစ်နိုင်သည်။
- Apple ၏ တရားဝင် မှတ်တမ်းဖြစ်သော သင့် ၏ မတ်အိုအက်စ် ကွန်ပျူတာ အား ရောင်းချမှု၊ လက်လွှဲမှု သို့မဟုတ် အလှဲအလှယ်မပြုလုပ်ခင် ဆောင်ရွက်သင့်သည်များ ကိုလိုက်နာ၍ သင့်ကွန်ပျူတာအား စွန့်ပြစ်ခြင်း မပြုလုပ်မှီ လိုက်နာပါ၊ ထို့အတူ စက်ပစ္စည်း တွင်းမှ အချက်အလက်များအားလုံးကို ဖျက်ဆီး (wipe) ပြုလုပ်ရန် လမ်းညွှန်ချက်များကိုလည်း လိုက်နာပါ။
ဝင်းဒိုး
- စက်ပစ္စည်း နှင့် ချိတ်ဆက်နေသော account များကို လုံခြုံစေခြင်း ကိုလေ့လာ၍ သင်၏ အကောင့်နှင့် ချိတ်ဆက်နေသော စက်ပစ္စည်း စာရင်းမှ ဖယ်ထုတ်ပြစ်နိုင်သည်။
- မိုက်ခရိုဆော့၏ တရားဝင် မှတ်တမ်းဖြစ်သော သင့် ၏ XBox သို့မဟုတ် ကွန်ပျူတာ အား ရောင်းချမှု၊ လက်လွှဲမှု သို့မဟုတ် အလှဲအလှယ်မပြုလုပ်ခင် ဆောင်ရွက်သင့်သည်များ ကိုလိုက်နာ၍ သင့်ကွန်ပျူတာအား စွန့်ပြစ်ခြင်း မပြုလုပ်မှီ လိုက်နာပါ။
- စက်ပစ္စည်း တစ်ခုလုံးအတွင်းမှ အချက်အလက် များ အားလုံးကို ဖျက်ဆီးခြင်း အတိုင်းလိုက်နာ ဆောင်ရွက်ပါ။
ဤကဲ့သို့ အကြံပြုရသည့် အကြောင်းရင်းမှာ
Drive ကိုအလုံးစုံဖျက်ပစ်ခြင်းသည် အချိန်အတိုင်းအတာတစ်ခုထိ ယူနိုင်သည်။ သင့်ကွန်ပျူတာကို ပြန်ရောင်းရာတွင် Hard Drive ကို မပေးဘဲရောင်းဖို့ဆိုသည်မှာ ညှိရနှိုင်းရအလွန်လက်ဝင်နိုင်သည်။ သို့သော် သင့်အရေးကြီးအချက်အလက်များကို မတော်တဆ သူများလက်ထဲမထည့်လိုက်မိစေဖို့ရန်အတွက်မှာ အထက်ဖော်ပြပါ သတိပေးချက်များကို သတိပြုလုပ်ဆောင်ခြင်းမှာ လက်ဝင် ပြီး အချိန်ပေးရသော်လည်း နောင်တမရမည့် အလုပ် ဖြစ်သည်။