သင် မည်သူမည်ဝါ ဖြစ်ကြောင်းကို သတ်မှတ်နိုင်သော အခက်အလက်တွေကို ဖျက်ဆီးပါ။
မာတိကာ
...မာတိကာ စတင်နေသည်...သင့်ဓါတ်ပုံများနှင့် အခြားဖိုင်များမှ အချက်အလက်များအားဖယ်ရှားရန်
ရုပ်ပုံတွေနဲ့ ဗီဒီယိုတွေက သင်နဲ့ သင်နဲ့အတူရှိတဲ့လူတွေနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်တွေ အများကြီး ဖော်ပြနိုင်ပါတယ်။ ဥပမာ၊ ဓာတ်ပုံတစ်ပုံသည် ဆန္ဒပြပွဲတစ်ခုတွင် ပါဝင်သူများ၏ မျက်နှာများကို ပြသနိုင်ပြီး Selfie ဆဲလ်ဖီ (Selfie) ပုံများသည်လည်း သင်ပါဝင်သော လမ်းဆိုင်းဘုတ်ကို အာရုံမပြုခဲ့မိပါက သတ်မှတ်ထားသောအချိန်၌ သင်တည်ရှိသည့် လိပ်စာအတိအကျကို ဖော်ပြနိုင်ပါသည်။
ဓာတ်ပုံတစ်ပုံ၊ ဗီဒီယို တွေကိုတင်လိုက်တဲ့အခါမှာ ဒါတွေက သင့်ဘယ်သူဆိုတာကိုပဲ ဖော်ပြပေးနိုင်တာမဟုတ်ပါဘူး။ သင်တင်လိုက်တဲ့အကြောင်းအရာ ထပ်ပိုပြီးဖော်ပြနိုင်စွမ်းရှိပါသည်။ ဓါတ်ပုံများ၊ ဗီဒီယိုများ၊ PDFs နှင့်အခြားအသောဖိုင်များတွင် အလိုအလျောက် Meta Data များပါဝင်ပါသည်။ Meta ဒေတာဆိုတာကတော့ သင့်ရဲ့ဒေတာနောက်ကွယ်က ပါဝင်နေတဲ့ အချက်အလက်တွေကို ဆိုလိုခြင်းဖြစ်ပါသည်။ Meta ဒေတာက ဘာတွေပြောပြပေးနိုင်သလဲဆိုလျှင် ဓါတ်ပုံ၊ ဗီဒီယို၊ ဖိုင်တွေကို ဘယ်အချိန်က စတင်ဖန်တီးခဲ့သလဲ၊ ဘယ်နေရာမှာ ဘယ်သူက ဖန်တီးခဲ့သလဲ၊ နောက်ဆုံး ဘယ်စက်ပစ္စည်းကို အသုံးပြုပြီး ဖန်တီးခဲ့သလဲက အစပါဝင်နေပါသည်။ Meta ဒေတာက ရရှိတဲ့အချက်အလက်တွေကနေ သီးခြားဖိုင်တစ်ခုကို ရှာဖွေနိုင်သလို၊ ဒီဖိုင်ကို တီထွင်ဖန်တီးလိုက်သူ (သို့မဟုတ်) ဖြန့်ဝေခဲ့သောသူ နှင့် ပက်သက်သော အချက်အလက်များအား ပိုမို သိ လို သူ တစ် ဦး အား အသေးစိတ် အချက်အလက် များ ကို လည်း ပေး နိုင်သည်ကို သတိချပ်ရမည်ဖြစ်သည်။ ဥပမာ အနေဖြင့် ဓါတ်ပုံတစ်ပုံ၏ နောက်ကွယ်တွင် ပါဝင်သော Meta ဒေတာတွင် ထိုဓါတ်ပုံနှင့်ပက်သက်သော GPS အချက်အလက်တွေနဲ့ အချိန်ဇယားတွေ ပါဝင်နိုင်သလို၊ ဓာတ်ပုံရိုက်တဲ့အခါ ဘယ်မှာရှိတယ်ဆိုတာတွေလည်းပါဝင်နိုင်ပြီး လက်ရှိ သင်ပုန်းရှောင်နေတဲ့နေရာကို တစ်ယောက်ယောက်ကို ရှာတွေ့စေနိုင်တာဖြစ်ပါသည်။
ဒီလမ်းညွှန်ချက်တွင် ဓါတ်ပုံ၊ ဗီဒီယို၊ PDF နှင့် အခြားဖိုင်များ၏ နောက်ကွယ်တွင်ပါဝင်နေသော သင်မည်သူမည်ဝါဖြစ်ကြောင်းကို ထောက်ပြနေသာ သတင်းအချက်များကို မည်သို့ဖျက်ရမည်နည်းကို ဖော်ပြပေးထားပါသည်။
ဓါတ်ပုံနောက်ကွယ်တွင်ပါဝင်သော အချက်အလက်များကို ဖယ်ရှားပါ
အကယ်၍ သင်ကဓါတ်ပုံများရိုက်ပြီး အွန်လိုင်းပေါ်တွင် မဖြန့်ဝေခင် မကြည်လင်သော မျက်နှာသွင်ပြင်များ နှင့်အရာဝတ္ထုများကို ပိုမိုကြည်လင်အောင် ပြုလုပ်လိုပါက အဲ့လိုမျိုးပြုပြုင်နိုင်သော Tools အများရှိပါသည်။
ဆိုရှယ်မီဒီယာ နဲ့ အခြားသော လူမှုကွန်ရက် အတွက်အသုံးပြုသော ပလက်ဖောင်းတွေဖြစ်တဲ့ Instagram, Facebook (သို့) Snapchat စသည့် ပလက်ဖောင်းများတွင် ဓါတ်ပုံကို မတင်ခင်မှာ ချိန်ညှိပြင်ဆင်လို့ရနို်င်တဲ့ အရာတွေကို တစ်နည်းအားဖြင့် ပလက်ဖောင်း (သို့) Tool တွေ ပေးထားလေ့ရှိပါသည်။ ထိုသို့ပြင်ဆင်နိုင်ဖို့ရန်အတွက် သင်က သင်ရဲ့ ဓါတ်ပုံနောက်ကွယ်တွင် ပါဝင်နေသော အချက်အလက်တွေကို မဖျက်ပစ်ပဲ သူတို့ပေးထားတဲ့ ပလက်ဖောင်းကို တင်ပေးဖို့လိုပါသည်။ ဆိုလိုရင်းကတော့ သင်၏ ဓါတ်ပုံနှင့် ဓါတ်ပုံနောက်ကွယ်တွင် အချက်အလက်များစွာပါဝင်နေသော မူရင်းဓါတ်ပုံကို အဲ့ဒီ ပလက်ဖောင်းကရရှိနေမည်ဖြစ်ပြီး တစ်ခြားသူတွေနဲ့ မျှဝေခြင်းလည်း ရှိရင်လည်း ရှိနေနို်င်မှာပဲဖြစ်ပါသည်။ အဲ့ဒါကြောင့် သင် မည်သူမဝါဖြစ်ကြောင်း အချက်အလက်များစွာပါဝင်နေသော ဓါတ်ပုံများကို ပြင်ဆင်ရာတွင် အွန်လို်င်းပေါ်က အက်ပလီကေးရှင်း (Apps) တွေကို သုံးမည့်အစား သင်၏ဖုန်းထဲတွင် မူလပါပြီးသာဖြစ်တဲ့ အက်ပလီကေးရှင်း (Apps) များတွင်သာပြင်ဆင်ပြီး ဖျက်သင့်ပါသည်။
သင်၏မူရင်းဓါတ်ပုံကို အလိုအလျောက် Back up လုပ်နိုင်တယ်ဆိုတာ သတိချပ်ပါ။ အဲ့ဒါကြောင့် သင်က အလိုအလျောက် Backup မလုပ်စေချင်ပါက ပလက်ဖောင်းက အလိုအလျောက် backup လုပ်မထားနို်င်အောင် backup ကိုပိတ်ထားသင့်ပါသည်။
- အင်းဒရွိုက် (Android)၊ အိုင်အိုအက်(စ်) (iOS) များတွင် သင်ဓါတ်ပုံနှင့် ဓါတ်ပုံနောက်ကွယ်က သင်မည်သူမည်ဝါ ဖြစ်ကြောင်းကို ဖော်ပြသော အချက်အလက်များအား ဖျက်ပစ်ရန် ပိုမိုသိချင်ပါက အောက်ပါ Link တွင်လေ့လာနိုင်ပါသည်။ Redacting photos on the go: A field guide.
Android and iOS
Signal Signal ကတော့ ပွင့်လင်းနည်းပညာကို အခြေခံပြီးဖန်တီးထားတာကြောင့် အသုံးပြုသူများအတွက် သင့်လျော်ပါသည်။ အထူးသဖြင့် ဓါတ်ပုံများလည်းရိုက်သလို ဓါတ်ပုံတွင်ပါဝင်သော မျက်နှာများကိုလည်း ဝါးသွားအောင် ဖန်တီးနိုင်ပါသည်။ Signal တွင် ဓါတ်ပုံများ ဝါးသွာအောင် ပြုလုပ်လိုပါက ဤလမ်းညွှန်တွင် Blur tools for Signal ဖတ်ရှုနိုင်ပါသည်။
Signal တွင် သင်ရိုက်ထားသော ဓါတ်ပုံများအား မိမိကိုယ်ကို ပြန်ပို့ထားနိုင်သော လုပ်ဆောင်ချက်လည်းပါဝင်ပါသည်။sending it to yourself အဲဒီဓါတ်ပုံကို ပြန်၍ download ရယူပြီး အွန်လိုင်းပလက်ဖောင်းများသို့ ပြန်လည် တင်နိုင်မည်ဖြစ်ပြီး တစ်ခြားသူများကိုလည်း တစ်ခြားသော ဆက်သွယ်ရေး ပလက်ဖောင်းများအသုံးပြုကာ ပြန်၍ ဖြန့်ဝေနို်င်မည်ဖြစ်ပါသည်။
အန်းဒရွိုက်
- အခမဲ့ဖြစ်ပြီး ပွင့်လင်းနည်းပညာ တစ်နည်းအားဖြင့် Open-Source ဖြစ်သော Obscuracam Obscuracam ကို ဓါတ်ပုံတွင်ပါဝင်သော မျက်နှာများဝါးဖို့နှင့် ကင်မရာနောက်တွင် ကပ်ပါလျက်ရှိသော တည်နေရာနှင့်သက်ဆိုင်သော Meta ဒေတာများကို ဖျက်ပစ်ရန် အသုံးပြုနို်င်ပါသည်။
- နောက်တစ်နည်းကတော့ သင့်၏ ဖုန်းတွင် အလိုအလျောက်ရှိနှင့်ပြီးသား (သို့) ပါဝင်ပြီးသား ဖြစ်သော ဓါတ်ပုံကို ပြင်ဆင်နိုင်သော အက်ပလီကေးရှင်း (Apps) ကိုလည်း အသုံးပြုခြင်းပင်ဖြစ်ပါသည်။built-in Photo app to edit a photo ဓါတ်ပုံများကို ပြင်ဆင် တည်းဖြတ်ရာတွင် ရှင်းလင်းပြတ်သားသောနည်းစနစ်များဖြင့် ဖျက်နိုင်ရန် ခဲတံပုံစံ Tool ကိုအသုံးပါ။ အကယ်၍ ဖောင်တိန်ပုံ Tool တစ်နည်းအားဖြင့် Marker အသုံးပြုမည်ဆိုပါက သင်ဖျက်လိုသော အရာများသေချာပျက်စေရန် နှစ်ကြိမ်အသုံးပြုပြီး စစ်ဆေးပါ။
အိုင်အိုအက်စ်
- ရုပ်ပုံ အက်ပ်ပလီကေးရှင်းကို အသုံးပြုပြီး ရုပ်ပုံတစ်ခုပေါ်တွင် ရေးပါ သို့မဟုတ် ဆွဲပါ ။ အလင်းရောင်ကို အပြည့်ပိတ်ထားသည့် လုံးဝမကြည်သည့် ပုံစံသည် အလင်းရောင်ကို အပြည့်ပိ်တ်ထားသည့် marker ကိရိယာထက် ပို၍ထိရောက်မှုရှိသည်။ ပုံများကို အမည်းရောင် လေးထောင့်များ ထည့်သွင်းခြင်း သို့မဟုတ် စာရိုက်သည့်ကိရိယာကိုအသုံးပြု၍ အီမိုဂျီများ ထည့်သွင်းခြင်းဖြင့် ပြန်လည်ပြင်ဆင်ရန် စဉ်းစားပါ။
- မက်ဆေ့ချ် (Messages) ၊ မှတ်စု (Note) ၊ စာအုပ် (Books) စသည့် အက်ပလီကေးရှင်း များတွင် ပုံများ ၊ စကရင်ရှော့များ ၊ PDF များနှင့်အခြားအရာများပေါ်တွင် ပုံဆွဲနိုင်သည်။ အိုင်ဖုန်းတွင် Markup ဖြင့် အက်ပ်များတွင် ဆွဲပါ မည်သို့ပြုလုပ်သည်ကို လေ့လာပါ။
လင်းနဇ်စ် (Linux) ၊ ဝင်းဒိုး (Windows) ၊ မတ်အိုအက်စ်(MacOs)
- သင်က ကင်မရာနှင့် ဓါတ်ပုံရိုက်ပြိး ကွန်ပျူတာတွင် ထည့်သွင်းရန် စီစည်ထားပါက သင်အနေဖြင့် ဖော်ထုတ်နိုင်သည့် အသေးစိတ်အချက်အလက်များကို Gimp ကဲ့သို့သော အခမဲ့ ဖြစ်ပြီးပွင့်လင်းရင်းမြစ် ဓါတ်ပုံတည်းဖြတ်ဆော့ဝဲများဖြင့် ဝါးအောင်ပြုလုပ်နိုင်သည် ။ Gimp တရားဝင်လမ်းညွှန် တွင် မည်သို့ပြုလုပ်ရသည်ကို လေ့လာပါ။
ဤကဲ့သို့ အကြံပြုရသည့် အကြောင်းရင်းမှာ
မျက်နှာဝါးစေသည့် လုပ်ဆောင်ချက်ကို အသုံးပြုရုံ သို့မဟုတ် ထိခိုက်ရှလွယ်သော အသေးစိတ်အချက်အလက်များကို ဖုံးအုပ်ရုံဖြင့် သင့်၏ ဓါတ်ပုံများထဲမှာ လူများ သို့မဟုတ် နေရာများကို ကာကွယ်ပေးလိမ့်မည်ကို ထင်ရနိုင်သည်။ သို့သော်လည်း ဝါးခြင်းကို သတ်မှတ်ထားသော နည်းလမ်းတိုင်းမလုပ်ပါက သင်ဖုံးကွယ်ထားသော အရာကို ဓါတ်ပုံဖိုင်ရှိနေသူတစ်စုံတစ်ယောက်က မြင်တွေ့နိုင်စွမ်းရှိနိုင်သည်။ အန်းဒရွိုက် အတွက် ထုတ်ထားသည့် Obscuracam က မျက်နှာဝါးခြင်းကို လုံခြုံအောင်ပြုလုပ်နိုင်ကြောင်း သေချာစေသည်။
ဝါးစေသည့် နည်းလမ်းအချို့သည် ပြန်လည်ရှင်းလင်းပေးသော (ဖျောက်ထားသည်ကို ပြန်လည်ဖော်ထုတ်သော) နည်းလမ်းများကြောင့် အားနည်းနိုင်သည်။ ထိခိုက်ရှလွယ်သော စာသားများကို ဖုံးကွယ်ရန်အတွက် ပုံရိပ်အပိုင်းအစများ အချိုးအစားပြောင်းခြင်း ဘာကြောင့်မလုပ်သင့်သလဲ ဆိုသည်ကို ဖတ်ရှူပါ ။ မည်သည့် ပုံဝါးသည့် နည်းလမ်းက အကောင်းဆုံးဖြစ်သည်ကို သင်အနေဖြင့် ခရီးသွားရင်း ဓါတ်ပုံများတည်းဖြ်ခြင်း လမ်းညွှန် တွင် အကြံပြုချက်အချို့ရှာတွေ့နိုင်သည်။
ဗီဒီယိုများတွင် သတ်မှတ်နိုင်သော အချက်အလက်များကို ဖယ်ရှားပါ
အန်းဒရွိုက်
- ဗီဒီယိုများတွင် မျက်နှာများကို ဝါးရန်အတွက် Putmask ကိုသုံးပါ ။ သူတို့၏ မျက်နှာခြေရာခံ သင်ခန်းစာl ကို ကြည့်၍ မျက်နှာများကို အလိုအလျောက် ဝါးအောင်ပြုလုပ်သည့် နည်းလမ်းကို လေ့လာပါ။
- သင် ယူကျူ့ စတူဒီယိုကို ကွန်ပျူတာတွင် အသုံးပြုပြီး သင်၏ ဗီဒီယို အချို့အပိုင်းများ ကို ဝါးအောင်ပြုလုပ်နိုင်သည်။ ဗီဒီယိုများ ဝါးရန် ယူကျူ့လမ်းညွှန် တွင် လေ့လာပါ။
အိုင်အိုအက်စ်
- သင့် ဗီဒီယိုများ၏ နောက်ခံတွင် ပါရှိနေသော မျက်နှာများ ၊ အမှတ်တံဆိပ်များ သို့မဟုတ် အရာဝတ္ဃုများကို ဝါးသွားရန်Blur-Video ကိုအသုံးပြုပါ။
လင်းနဇ်စ် (Linux) ၊ ဝင်းဒိုး (Windows) ၊ မတ်အိုအက်စ်(MacOs)
- သင့်ဗီဒီယိုများတွင် သတ်မှတ်ဖော်ထုတ်နိုင်သော အချက်အလက်များကို ဝါးရန်Shotcut ကဲ့သို့ အခမဲ့ နှင့် ပွင့်လင်းရင်းမြစ် ဖြစ်သော ဗီဒီယိုတည်းဖြတ်ဆော့ဝဲလ် ကိုသုံးပါ ။ [Shotcut တွင် ဗီဒီယိုအပိုင်းများ မည်သို့ဝါးရသနည်း]https://www.youtube.com/watch?v=k6eyh1UaRYI) ကိုလေ့လာပါ။
သင့် စက်ပစ္စည်းရှိ ပထဝီတည်နေရာ ကို ပိတ်ပါ
အချို့ ကွန်ပျူတာလည်ပတ်သည့်စနစ်များတွင် ဓါတ်ပုံများမှအပ ဖိုင်များမှ အနုဒေတာ များဖယ်ရှားခြင်းသည် ပိုပြီး ခက်ခဲနိုင်သည် ၊ ထိုကြောင့် ဓါတ်ပုံများ ၊ ဗီဒီယိုများ ၊ အသံဖိုင်များ မဖန်တီးခင် သင်၏ စက်ပစ္စည်းများရှိ တည်နေရာဝန်ဆောင်မှုများကို ပိတ်ထားခြင်းဖြင့် တည်နေရာပြ အချက်အလက်များကို ဖယ်ရှားရန်မလိုအောင်ကာကွယ်ခြင်းသည် အကြံကောင်းဖြစ်နိုင်သည်။
အန်းဒရွိုက်
- သင်၏ အန်းဒရွိုက်တွင် ပထဝီတည်နေရာ ကိုပိတ်ရန် သင့် အန်းဒရွိုက် စက်ပစ္စည်းရှိ တည်နေရာ ဆက်တင်များကို စီမံခန့်ခွဲပါ။
- သင်၏ အန်းဒရွိုက် စက်ပစ္စည်းကို ကာကွယ်နည်းလမ်းညွှန်တွင် တည်နေရာကို မည်သို့ပိတ်ရမည်နှင့် တည်နေရာမှတ်တမ်းကို မည်သို့ဖျက်ရမည်ဆိုသည် ကိုလည်း လေ့လာပါ။
အိုင်အိုအက်စ်
- သင်၏ အိုင်ပက်နှင့် အိုင်ဖုန်းတွင် ပထဝီတည်နေရာကိုပိတ်ရန် အိုင်ဖုန်း ၊ အိုင်ပက် နှင့် အိုင်ပေါ့တွင် GPS နှင့် တည်နေရာဝန်ဆောင်မှုကို ပိတ်ခြင်း သို့မဟုတ် ဖွင့်ခြင်း ကို ကြည့်ပါ။
- သင်၏ အိုင်အိုအက်စ် ကာကွယ်နည်းလမ်းညွှန်တွင် တည်နေရာကို မည်သို့ပိတ်ရမည်နှင့် တည်နေရာမှတ်တမ်းကို မည်သို့ဖျက်ရမည်ဆိုသည် ကိုလည်း လေ့လာပါ။
MacOS (မတ်အိုအက်စ်)
- သင်၏ မက်ဘွတ်တွင် တည်နေရာဝန်ဆောင်မှု ကိုပိတ်ရန် သင့် မက်ဘွတ် တည်နေရာကို အက်ပ်များက သိရှိခွင့်ပြုနိုင်ခြင်းဆိုင်ရာ ပါဝင်သည့် တရားဝင်လမ်းညွှန်တွင် တည်နေရာဝန်ဆောင်မှုပိတ်ရန် တွင် ကြည့်ပါ။
- သင်၏ မတ်အိုအက်စ် စက်ပစ္စည်း ကာကွယ်နည်းလမ်းညွှန်တွင် တည်နေရာကို မည်သို့ပိတ်ရမည်နှင့် တည်နေရာမှတ်တမ်းကို မည်သို့ဖျက်ရမည်ဆိုသည် ကိုလည်း လေ့လာပါ။
ဝင်းဒိုး
- အက်ပ်များက သင့် တည်နေရာ ဆက်တင်များကို သိရှိခြင်းမှ ရပ်ပစ်ရန် ၊ ဝင်းဒိုး၏ တည်နေရာ ဝန်ဆောင်မှုနှင့် ပုဂ္ဓိုလ်ရေးဆိုင်ရာ တရားဝင်လမ်းညွန် ကို ကြည့်ပါ။
- သင်၏ ဝင်းဒိုး စက်ပစ္စည်းကို ကာကွယ်နည်းလမ်းညွှန်တွင် တည်နေရာကို မည်သို့ပိတ်ရမည်နှင့် တည်နေရာမှတ်တမ်းကို မည်သို့ဖျက်ရမည်ဆိုသည် ကိုလည်း လေ့လာပါ။
လင်းနဇ်စ်
- Ubuntu တွင် တည်နေရာဝန်ဆောင်မှုကို ပိတ်ရန် တည်နေရာဝန်ဆောင်မှုများကို ထိန်းချုပ်သည့် တရားဝင် စာရွက်စာတမ်း ကို ကြည့်ပါ။
- Gnome-based ကွန်ပျူတာလည်ပတ်ရေးစနစ်များတွင် ပထဝီတည်နေရာကို ပိတ်ရန် ပထီဝင်တည်နေရာကို ဖွင့်ခြင်း နှင့် ပိတ်ခြင်း ဆိုင်ရာ တရားဝင်လမ်းညွှန် ကို ကြည့်ပါ။
- သင်၏ လင်းနဇ်စ် စက်ပစ္စည်းကို ကာကွယ်နည်းလမ်းညွှန်တွင် တည်နေရာကို မည်သို့ပိတ်ရမည်နှင့် တည်နေရာမှတ်တမ်းကို မည်သို့ဖျက်ရမည်ဆိုသည် ကိုလည်း လေ့လာပါ။
သင်၏ အက်ပလီကေးရှင်းများကို ခွင့်ပြုထားချက်များကို စစ်ဆေးခြင်း နှင့် ဖြစ်နိုင်သည့်အခါတိုင်း ပထဝီတည်နေရာများပိတ်ထားခြင်းကို လုပ်ဆောင်သင့်သည် ။ ၎င်းကို မည်သို့ပြုလုပ်ရမည်ဆိုသည်ကို လေ့လာရန် သင် စက်ပစ္စည်းများကို ကာကွယ်နည်းဆိုင်ရာ လမ်းညွှန်များတွင် ကြည့်ပါ:
ဓါတ်ပုံများ ၊ ဗီဒီယိုများနှင့် အခြား ဖိုင်များမှ အနုဒေတာ ကို ဖယ်ရှားပါ
သင့်အနေဖြင့် ဓါတ်ပုံများ ၊ ဗီဒီယိုများ ၊ အသံဖိုင်များ နှင့် PDF အစရှိသည်များမှ အနုဒေတာ ကို ဖယ်ရှားဖို့လိုအပ်လျင် ဤ အပိုင်းတွင် စာရင်းပြုစုထားသော ဆော့ဝဲလ် ကိရိယာများကိုအသုံးပြုနိုင်သည်။ သို့သော အချို့သော ကွန်ပျူတာ လည်ပတ်လုပ်ဆောင်ရေးစနစ်များတွင် ပုံများ နှင့် ဗီဒီယိုဖိုင်များမှ အနုဒေတာ များကိုသာ တည်းဖြတ်ခြင်း သို့မဟုတ် ဖျက်ခြင်းပြုလုပ်နိုင်သည်ကို သတိပြုပါ။
အန်းဒရွိုက်
- သင့် ဓါတ်ပုံများရှိ အနုဒေတာ များမှ သတ်မှတ်ဖော်ထုတ်နိုင်သော အချက်လက်များ ဖယ်ရှားရန် Scrambled Exif ကို သုံးပါ ။
- ဓါတ်ပုံများနှင့် ဗီဒီယိုများရှိ အနုဒေတာ ကို ကြည့်ရှူရန် ၊ တည်းဖြတ်ရန် နှင့် ဖျက်ဆီးရန် အန်းဒရွိုက် အတွက် ExifTool ကို သုံးပါ။
အိုင်အိုအက်စ်
- သင့် ဓါတ်ပုံများ၏ အနုဒေတာကို စစ်ဆေးရန် ၊ တည်းဖြတ်ရန် နှင့် ဖျက်ဆီးရန် MetaX ကို သုံးပါ။
- သင့် ဓါတ်ပုံများနှင့် ဗီဒီယိုများမှ အနုဒေတာ ကို ဖယ်ရှားရန် ဓါတ်ပုံ နှင့် ဗီဒီယို အနုဒေတာ ဖယ်ရှားရေး ကိရိယာ အက်ပလီကေးရှင်းကို အသုံးပြုပါ ။ ဤ အက်ပ်သည် နဂိုမူလ ဓါတ်ပုံ သို့မဟုတ် ဗီဒီယိုကို ပြောင်းလဲခြင်းမရှိဘဲ အနုဒေတာ မပါသော မိတ္တူတစ်ခုကို ဖန်တီးပေးသည်ကို သတိပြုပါ ။
လင်းနဇ်စ် ၊ ဝင်းဒိုး နှင့် မတ်အိုအက်စ်
- ဓါတ်ပုံများ ၊ ဗီဒီယိုများ ၊ PDF ဖိုင်များနှင့် အခြားဖိုင်များမှ အနုဒေတာ ကို ရှင်းလင်းရန် Exifcleaner ကို သုံးပါ။
ဤကဲ့သို့ အကြံပြုရသည့် အကြောင်းရင်းမှာ
ပုံများတွင် ရုပ်ပုံ၌ မြင်နေရသည်ထက် ပိုမိုသော သတင်းအချက်အလက်များ ပါဝင်သည်။ ဖိုင်အားလုံးတွင် မည်သည့်နေရာတွင် မည်သို့ဖန်တီးခဲ့သည်ဆိုသည့် အနုဒေတာ များ ပါဝင်သည်။ များသောအားဖြင့် ကွန်ပျူတာတွင် ဖိုင်ကို ညာဘက်ကလစ် နှိပ်၍ Properties သို့မဟုတ် Get info ကို ရွေးချယ်ပေးရုံဖြင့် ဖိုင်တစ်ခု၏ အနုဒေတာ အချို့ ကို သင် ကြည့်ရှူနိုင်သည် ။
အချို့ အနုဒေတာ များတွင် ဖိုင်ကို တည်ဆောက်ခဲ့သည့် စက်ပစ္စည်း မော်ဒယ် သို့မဟုတ် သင်၏ တည်နေရာများ : ဖိုင်ကိုကြည့်ရုံဖြင့် သင်ဖြစ်ကြောင်း အသိအမှတ်ပြုနိုင်သည့် အချက်အလက်များ ပါဝင်ကောင်း ပါဝင်နိုင်သည်။ ဤကဏ္ဍတွင် အကြံပြုထားသည့် အက်ပ်များက အနုဒေတာ ကို လုံခြုံစွာဖျက်နိုင်ရန် ကူညီပေးပါသည်။
အနုဒေတာ အကြောင်းပိုမိုလေ့လာရန် နှင့် သင့် ဖိုင်များမှ ၎င်းတို့ကို ရှင်းထုတ်နည်းများကို အနုဒေတာ အကြောင်း သင်သိချင်သမျှ အရာအားလုံး ၊ သို့သော် မေးဖို့ဝန်လေးခဲ့ခြင်း တွင် ကြည့်ပါ။