Assess & Plan › သင့်အွန်လိုင်းဆက်သွယ်ရေး၏ လုံခြုံရေးကို ကာကွယ်ပါ

သင့်အွန်လိုင်းဆက်သွယ်ရေး၏ လုံခြုံရေးကို ကာကွယ်ပါ

နောက်ဆုံးပြင်ဆင်ထားသော 19 June 2025

မာတိကာ

ဆက်သွယ်ရေးနည်းလမ်းတစ်ခုစီသည် ဒစ်ဂျစ်တယ် သို့မဟုတ် အခြားနည်းတစ်ခုစီတွင် အဆင်ပြေမှု၊ လူကြိုက်များမှု၊ ကုန်ကျစရိတ်နှင့် လုံခြုံရေးဆိုင်ရာ သတ်မှတ်ချက်များနှင့်ပတ်သက်၍ အားသာချက်များနှင့် အားနည်းချက်များပါရှိသည်။ ကျွန်ုပ်တို့ ဆက်သွယ်ရန်အသုံးပြုသည့်နည်းလမ်းများ၏ အကျိုးကျေးဇူးများနှင့် အန္တရာယ်များကို ချိန်ဆရန် ကျွန်ုပ်တို့တစ်ဦးချင်းစီတွင် မူတည်သည်။ ကျွန်ုပ်တို့၏အန္တရာယ်များ ပိုမိုမြင့်မားလာသောအခါတွင် ကျွန်ုပ်တို့၏ဆက်သွယ်ရေးကိရိယာများကို ပို၍ကောင်းစွာစဉ်းစားရွေးချယ်ခြင်းသည် ပညာရှိရာရောက်ပါသည်။

ဒီမှာဖော်ပြထားတဲ့ လမ်းညွှန်ချက်တွေကတော့ အရေးကြီးပြီး လိုအပ်တဲ့ ဆက်သွယ်ရေးအစီအမံ၊ အစီအစဉ်တွေကို ဖန်တီးဖို့ကို အစဉ်လိုက်ဖော်ပြပေးထားသလို အွန်လိုင်းပေါ်ကနေ တစ်ခြားသူတွေနဲ့ ဆက်သွယ်မှုတွေ ပြုလုပ်တဲ့အခါမှာလည်း သင့်ရဲ့ ကိုယ်ရေးကိုယ်တာ နဲ့ အရေးကြီးတဲ့ အချက်အလက်တွေကို ကာကွယ်နိုင်ဖို့အတွက် ပြုလုပ်လို့ရနိုင်မယ့် အလေ့အကျင့်ကောင်းတွေကိုလည်း ဖော်ပြပေးထားပါတယ်။

သင့်ရဲ့ တစ်ခြားသူတွေနဲ့ ဆက်သွယ်မှုပြုလုပ်မယ့် ဆက်သွယ်ရေးပုံစံကို မြင်သာအာင် မြေပုံရေးဆွဲပါ၊ ပြီးရင်တော့ ဒီဆက်သွယ်ရေးပုံစံကို ကာကွယ်နိုင်ဖို့အတွက် အစီအစဉ် တစ်ခုချပါ။

သင့်စီစဉ်ထားတဲ့ ဆက်သွယ်ရေး ပုံစံရဲ့ ထိရှလွယ်မှု ကို အကဲဖြတ်ပါ။ ဆန်းစစ်ပါ။

  • သင်စီစဉ်ထားတဲ့ လက်ရှိ ဆက်သွယ်ရေးပုံစံကို ပြန်ပြီးမြင်ယောင်ကြည့်ပါ။ မည်သူက မည်သူ့ကို ဆက်သွယ်နေတာလဲ။ ပြီးရင် ဘယ်လိုမျိုးဆက်သွယ်မှု ချယ်နယ်တွေ ပလက်ဖောင်းတွေ တွေကို ကြားခံအသုံးပြုနေသလဲ။ ဘယ်လိုအချက်အလက်တွေကို မျှဝေနေသလဲ။ ဘယ်လိုပုံစံမျိုးနဲ့ အချက်အလက်တွေကို မျှဝေနေသလဲ။ သတင်းအချက်အလက်အားလုံးကို ပလက်တစ်ခုတည်း (သို့မဟုတ်) ချယ်နယ်တစ်ခုတည်းက မျှဝေနေတာမျိုးလား ဒါမှမဟုတ် မတူညီတဲ့ ဆက်သွယ်ရေးချယ်နယ်တွေကို အသုံးပြီး အချက်အလက်တွေကို မျှဝေနေတာမျိုးလား စတာတွေမေးကြည့်ပြီး လက်ရှိဆက်သွယ်ရေး ပုံစုံကို သုံးသပ်မြင်ယောင်ကြည့်ပါ။
  • အကယ်၍များ သင်မျှဝေလိုက်တဲ့ အချက်အလက်တွေက အခိုးခံလိုက်ရတယ်၊ ပျောက်ဆုံးသွားတယ်၊ ပေါက်ကြားသွားတယ် ဆိုတဲ့ အခြေအနေမျိုးမှာ ဘာတွေဖြစ်လာနိုင်မလဲ ဆိုတဲ့ မေးခွန်းကို သင့်ကိုယ်သင်ပြန်ပြီး မေးကြည့်လိုက်ပါ။
    • ဒီအချက်အလက်တွေက လူတိုင်းသိအောင် ဖွင့်ချလို့ရတဲ့ အချက်အလက်လား (ဒါမမဟုတ်) လူတစ်ချို့သာ သိသင့်ပြီး လျို့ဝှက်ထားသင့်တဲ့ အချက်အလား။
    • အကယ်၍များ ဒီအကြောင်းအရာ တစ်နည်းအားဖြင့် သတင်းအချက်အလက်တွေ လူသိပိုများသွားအောင် ထုတ်ဖော်ခံလိုက်ရတာ (သို့) ပေါက်ကြားသွားတာမျိုးဆိုရင် ဘာတွေဖြစ်လာနိုင််မလဲ?
    • အာဏပိုင်တွေ ဒါမှမဟုတ် နိုင်ငံအုပ်ချုပ်ခွင့်ရှိသူတွေက သင့်ရဲ့ ဆက်သွယ််မှုတွေကို ရယူဖို့ ကြိုးစားတယ်ဆိုရ၍ရော ဘာတွေဖြစ်မလဲ? အကယ်၍များသူတို့က သင်ရဲ့ ဆက်သွယ်မှုတွေကို ရယူနိုင်သွားခဲ့ရင်ရော ဘာတွေဖြစ်လာမလဲ?
    • အာဏာပိုင်တွေက သင်ဘယ်သူနဲ့ ဆက်သွယ်နေတယ် ဆိုတာ သိသွားရင် ဘာဖြစ်မလဲ?
    • အကယ်၍များ သင်က အဖွဲ့တစ်ဖွဲ့ ဆက်သွယ်နေတယ်ဆိုပါစို့? ဒီအဖွဲ့ထဲမှာ အတိုင်းအတာတစ်ခုထိ ထိရှလွယ်ပြီး Risk ရှိတဲ့သူတွေ ပါနေပါတယ်၊ အဲ့တော့ ဒီထဲမှာရှိတဲ့ လူတွေအားလုံးက အဖွဲ့ထဲမှာ ထိရှလွယ်တဲ့သူတွေ ပါဝင်နေတယ်ဆိုတာသိပြီး သူတို့လည်း အကြောင်းတစ်ခုခုကြောင့် ထိရှလွယ်နိုင်တာ တစ်နည်းအားဖြင့် Risk ရှိနေတာကို လက်ခံနိုင်ကြပါသလား။
  • သင့်ရဲ့ ဆက်သွယ်မှုတွေ၊ ဆက်သွယ်ရေးပုံစံတွေကို ထိရှလွယ်မှုရှိနေတဲ့ရေချိန် ပေါ်မှာ အခြေခံပြီး ပြန်လည်သုံးသပ်ပါ၊ စဉ်းစားပါ။
    • ဒီ Tools လေးကတော့ သတင်းအချက်အလက်တွေရဲ့ ထိရှလွယ်မှု အတိုင်းအတာ ပေါ်မူတည်ပြီး အစဉ်အလိုက်ခွဲခြားသတ်မှတ်နိုင်ပါတယ်၊ ဒါကို တစ်နည်းအားဖြင့် Traffic Light Protocol လို့လည်း ခေါ်ပါတယ်။ (https://www.circl.lu/pub/traffic-light-protocol) သတင်းအချက်အလက် အမျိုးအစား တစ်ခုချင်းစီပေါ်မူတည်ပြီး မည်သူနဲ့ မျှဝေမလဲ၊ မည့်သည့် ချယ်နယ်ကို အသုံးပြုပြီး မျှဝေမလဲ စတာများကို အစဉ်လိုက်ခွဲခြားသတ်မှတ်ပေးပါတယ်။
  • သင့်ရဲ့ ထိရှလွယ်မှုရှိတဲ့ ဆက်သွယ်မှုတွေကို မည်သို့ကာကွယ်မလဲကို ဆုံးဖြတ်ပါ။
    • သင်မျှဝေလိုတဲ့ အချက်အလက်တွေရဲ့ ထိရှလွယ်မှုပေါ်မူတည်ပြီးတော့ သီးခြားဆက်သွယ်ရေး ချယ်နယ်တွေ အသုံးပြုလို့ရနိုင်မလားဆိုတာကို စဉ်းစားကြည့်ပါ။ တစ်ချို့ ဆက်သွယ်ရေး Applications တွေ Tools တွေက အချက်အလက်တွေရဲ့ ထိရှလွယ်မှုပေါ်မူတည်ပြီး ကာကွယ်ပေးနိုင်တဲ့ Tools တွေရှိနေတာမို့ ဒီလိုမျိုး ဆက်သွယ်ရေး ချယ်နယ်တွေကို သီးခြားအသုံးပြုမလားဆိုတာကို စဉ်းစားရမှာပါ။
    • သင်နှင့် အပြန်အလှန်ဆက်သွယ်ကြမယ့်သူနဲ့ အပြန်အလှန် ဆက်သွယ်ရေးအတွက် အစီအစဉ်လေးတစ်ခု ချမှတ်ဖို့လိုပါတယ်။ ဘယ်လိုမျိုးချမှတ်ရမှာလည်းဆိုတော့ ဘယ်လို ဆက်သွယ်ရေး Tools တွေကို အသုံးပြုပြီး အပြန်အလှန်သတင်းအချက်အလက် မျှဝေကြမယ်….ဒီမျှဝေလိုက်တဲ့ အချက်အလက်တွေက သင်ရဲ့ စက်ပစ္စည်းထဲမှာ ဘယ်လို ပုံစံနဲ့ ရှိနေမလဲ၊ ဝှက်စာစနစ်နဲ့ ဘယ်လို လုံခြုံအောင်သိမ်းထားမလဲ၊ ပြီးတော့ ဒီအချက်အလက်တွေက သင်တို့ရဲ့ စက်ပစ္စည်းတွေမှာ ဘယ်လောက်ကြာအောင် ရှိနေမယ်..ပြီးရင်တော့ ဘယ်လိုမျိုး လုံခြုံစွာ ဖျက်ပစ်ကြမလဲ..စတာတွေကို အစီအစဉ်ချတဲ့အခါမှာ ထည့်သွင်းစဉ်းစားပါ။
ဘာကြောင့် ဒါမျိုးတွေကို သုံးသင့်လဲဆိုတာကိုသိရနိုင်ဖို့ ဒါတွေကိုလေ့လာပါ။

ထိရှလွယ်သော အချက်အလက်တွေဆိုတာ ပုံစံမျိုးစုံနဲ့ ရှိနေတာပါ။ စာရွက်စာတမ်း (Document), ပြက္ခဒိန် ရက်စွဲများ (Calendar Dates)၊ ဓါတ်ပုံများ (Pictures)၊ ဗီဒီယိုများ (Videos)၊ အသံဖိုင်များ (Voice Notes)၊ အပြန်အလှန်ပေးပို့ထားသော စာတိုများ (Chat Message, etc.) စတာတွေအားလုံးက အချက်အလက်တွေပဲဖြစ်ပါတယ်။ ဒိအချက်အလက်တွေက ပေါက်ကြားတာတွေ..ဆုံးရှုံးတာတွေရှိနေနိုင်ပါတယ်။

  • အလုပ်ကို အဆက်မပြတ်အနှောက်အယှက်ပေးခြင်း (ဉပမာ သင့်အလုပ်အတွက် အရေးပါပြီး ဘယ်လိုမှ ပြန်ယူ၍မရနိုင်သော အရေးကြီးသည့် ဖိုင်များ ပျောက်ဆုံးခြင်း (သို့) ဖျက်ဆီးခံရခြင်း
  • တစ်ဦးတစ်ယောက်ချင်းပေါ်မှာ အန္တရာယ်ကျရောက်ခြင်း (သင်ရဲ့ မိတ်ဆွေ၊ လုပ်ဖော်ဆောင်ဖက်၊ အလှူရှင်အဖွဲ့အစည်းများ)
  • အယောင်အဆောင်ပြုလုပ်ခြင်း (သို့) ဂုဏ်သိက္ခာကို ထိခိုက်စေခြင်း ( ဉပမာ တစ်စုံတစ်ယောက်ရဲ့ အကောင့် login နှင့် သက်ဆိုင်တဲ့ အချက်အလက်တွေကနေတစ်ဆင့် နှစ်ကိုယ်ကြားပြောဆိုဆက်သွယ်ထားတဲ့ အချက်အလက်တွေကို အသုံးပြုသူခွင့်ပြုချက်မရှိပဲ တစ်ခြားသော သူများက ရရှိသွားခြင်း)
  • ဉပဒေများကို ချိုးဖောက်ခြင်း (ဉပမာ Copyright ကိစ္စရပ်များနှင့် Conteညအ ဖန်တီးမှုအပိုင်းအစရှိသဖြင့် )

အလွန်အမင်း ထိရှလွယ်တဲ့ အချက်အလက်တွေကို ထိရောက်စွာကာကွယ်ဖို့လိုအပ်ပါတယ်။ ဉပဒေရေးရာ အကာကွယ်တွေအပြင်၊ တစ်ဦးတစ်ယောက်ချင်းစီ (သို့) အဖွဲ့အစည်းတစ်ခုလုံးပေါ်မှာ ကျရောက်လာနိုင်ခြေရှိတဲ့ အန္တရာယ်ရှိမှုတွေကို ထည့်သွင်းစဉ်းစားရမှာလည်းဖြစ်ပါတယ်။ ဒါကြောင့် ဒီနေရာမှာ ထိရှလွယ်ပြီးအရေးကြီးတဲ့ အချက်အလက်တွေကို ဘယ်လိုကာကွယ်မလဲဆိုတာကို သေချာလေးစဉ်းစားပြီး အစီအစဉ်ချဖို့ လိုပါတယ်။

သင်က မည်သူ့ကို ထိရှလွယ်တဲ့ အချက်အလက်တွေကို မျှဝေဖို့လိုအပ်တာလဲဆိုတာကို ပြန်လည်သုံးသပ်ပါ။ စဉ်းစားပါ။

  • သင် သတင်းအချက်အလက် မျှဝေလိုက်တဲ့သူတွေကို ကန့်သတ်မလား (ဒါမမဟုတ်) သတင်းအချက်တွေကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့် မျှဝေခိုင်းမလား ဆိုတာကို ဆုံးဖြတ်ပါ။
    • အကယ်၍ သင်က သင်နဲ့ အပြန်အလှန်ဆက်သွယ်နေတဲ့ သူ နဲ့ ဆက်သွယ်ဖို့ဖွဲ့ထားတဲ့ အဖွဲ့ (group) တွေကို ကန့်သတ်မယ်ဆိုရင်တောင် End-To-End Encryption ပါဝင်သော တစ်နည်းအားဖြင့် အစွန်းနှစ်ဖက် လုံခြုံဖို့အတွက် ဝှက်စာစနစ်ပါဝင်တဲ့ ဆက်သွယ်ရေး Tools တွေကို အသုံးပြုပါ။
    • ဒီအချက်အလက်တွေကို မည်သူမဆို လူတိုင်းဝင်ရောက် ကြည့်ရှုနိုင်တယ်ဆိုရင်တောင် သင့်အနေနဲ့ သင့်ရဲ့ identity ကို ကာကွယ်ရုံသာမက၊ Group ထဲမှာပြောထားတဲ့ အကြောင်းအရာတွေကိုပါ ကာကွယ်ရမယ်ဆိုတာကို သတိရပါ။ သင်အသုံးပြုမယ့် ဆက်သွယ်ရေး ပလက်ဖောင်း (ဉပမာ Facebook, Telegram, Gmail, Signal ကဲ့သို့သော ) ပက်လက်ဖောင်းတွေရဲ့ Terms of Services လို့ခေါ်တဲ့ Application တွေကို အသုံးပြုရန်အတွက် ကုမ္ပဏီတွေက တောင်းခံလေ့ရှိတဲ့ သဘောတူချက်တွေကိုလည်း ဖတ်ကြည့်ဖို့ လိုအပ်ပါတယ်။ သင်အသုံးပြုနေတဲ့ Communication Platform (ဆက်သွယ်ရေးပလက်ဖောင်း) တွေက သူတို့အပြင် တစ်ခြားသော ကုမ္ပဏီတွေနဲ့ ပါ သင့်ရဲ့ အချက်အလက်တွေကို မျှဝေသုံးစွဲတာမျိုးရှိနိုင်ပါတယ်။

သင့်ရဲ့ လိုအပ်ချက်နဲ့ နည်းပညာနဲ့ပက်သက်လာရင် လုပ်နိုင်စွမ်းရှိမှုတွေကို သုံးသပ်ပါ

ထိရှလွယ်တဲ့အချက်အလက်တွေကို တစ်ခြားသူနဲ့ မျှဝေဖို့အတွက် ဘယ်လို ဆက်သွယ်ရေး ချယ်နယ်တွေ၊ ပလက်ဖောင်း (Communication Channel and Platforms) တွေကို အသုံးပြုသင့်သလဲဆိုတာကို သိနိုင်ရန်အတွက် ဒီမှာပါဝင်တဲ့မေးခွန်းတွေကို သင့်ကိုယ်သင်မေးကြည့်ပါ။

  • ဆက်သွယ်ရေး ပလက်ဖောင်းတစ်ခုခုကို အသုံးပြုတဲ့သူရဲ့ အချက်အလက်တွေကို ဒီပလက်ဖောင်းကို စတင်တည်ထောင်အသုံးပြုသူ (သို့) ဝယ်ယူသူတွေက တစ်ခြားသူတွေ အချက်အလက်တွေကို လျိုဝှက်လုံခြုံစွာ သိမ်းထားသင့်ပါသလား။ ဒီနေရာမှာ Admin ဟုဆိုလိုခြင်းမှာ Communication Platform များတွင် Group စတင်ဖွဲ့သူ (Admin) များလည်းပါဝင်သလို၊ Google Product တွေကို ဝယ်ယူအသုံးပြုပြီး အဖွဲ့ဝင်တစ်ယောက်ချင်းစီရဲ့ Mail တွေကို စီမံခန့်ခွဲသူတွေလည်းပါဝင်ပါတယ်။
    • သင်က အသုံးပြုသူ မည်သူမည်ဝါဖြစ်ကြောင်းကို ကာကွယ်နိုင်ဖို့အတွက် အသုံးပြုသူအချက်အလက် အထူးသဖြင့် ဖုန်းနံပါတ်နှင့် ဖွင့်စရာမလိုပဲ အသုံးပြုနိုင်သော တစ်ခြားသော ဆက်သွယ်ရေး Tools အသစ်တွေကိုရှာဖွေပါ။
    • ဒီနေရာမှာ ဆက်သွယ်ရေးအတွက် မည်သူမဝါမှန်းမသိအောင် anonymize လုပ်လို့ရပြီး အသုံးပြုလို့ရတဲ ဆက်သွယ်ရေးတွေကို နည်းလမ်းတွေကို ဖတ်ကြည့်နိုင်ပါတယ်(../../internet-connection/anonymity).
  • သင့်အနေနဲ့ အချိန်နဲ့တစ်ပြေးညီ ဆက်သွယ်ဖို့ လိုအပ်တာလား (ဒါမှမဟုတ်) တစ်ယောက်ယောက် ဆက်သွယ်လာတဲ့အခါမှာ ခဏလေးစောင့်ပြီးမှ စာပြန်တာမျိုး စဆက်သွယ်မှု ပုံစံမျိုးပြုလုပ်ချင်တာလား။
    • ပြန်စဉ်းစားကြည့်မယ်ဆိုရင် Real-Time Communication (အချိန်နဲ့ တစ်ပြေးညီ တစ်ချိန်တည်း အပြန်အလှန်ဆက်သွယ် ပြောဆိုခြင်း) တွေက ပိုပြီးတော့မှ မြန်ဆန်တယ်၊ ချက်ချင်းပြန် တုံ့ပြန်ဆက်သွယ်ပြောဆိုရတာဖြစ်လို့ စဉ်းစားချိန်သိပ်မရဘူး။ ဒါပေမယ့် Email လိုမျိုး Slower Communication (တစ်နည်းအားဖြင့် သိပ်မြန်လေ့မရှိတဲ့ ဆက်သွယ်ရေးတွေကြတော့) တစ်ခုခုကို တုံ့ပြန်ပြောဆို ဆက်သွယ်ဖို့ရန်အတွက် အချိန်လည်းရသလို ပိုပြီးတော့ စနစ်ကျတယ်လို့ ဆိုနိုင်တယ်။
    • သင်က အချိန်နဲ့ တစ်ပြေးညီ လွယ်ကူစွာ ဆက်သွယ်မှုတွေပြုလုပ်ချင်တယ်ဆိုရင်တော့ မက်ဆေ့(ချ်) ပို့လိုရတဲ့ Messaging App messaging apps တွေကို သုံးလို့ရနိုင်သလို၊ ဗီဒီယိုနဲ့ ဆက်သွယ်ခြင်းများအတွက်လည်း Video Conferencing Tools video conferencing tools တွေကို အသုံးပြုနိုင်ပါတယ်။
    • သင်က ဆက်သွယ်မှုတွေကို အစီတကျလည်းဖြစ်ချင်တယ်၊ လုံခြုံစိတ်ချရတဲ့ ဆက်သွယ်ရေး Tools တွေကိုပဲ သုံးချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Email တွေကို ဘယ်လို လုံခြုံစိတ်ချစွာ သုံးနိုင်မလဲဆိုတာကို ပြောပြပေးထားပါတယ်။ encrypted email.
  • သင်က မည်သည့်အကြောင်းအရာကို ပို့ချင်တာလဲကိုသိဖို့လိုပါတယ်။ Text မက်ဆေ့(ချ်)တွေကိုပဲ ပေးပို့ချင်တာလား၊ ဒါမှမဟုတ် ပေးပို့ချင်တဲ့ အကြောင်းအရာတွေကို စာမက်ဆေ့(ချ်) မဟုတ်ပဲ၊ အသံဖိုင်၊ ဗီဒီယိုဖိုင် တွေစတဲ့ တစ်ခြားသော ပုံစံတွေနဲ့ ပို့ချင်တာလား ဆိုတာကို သိဖို့လိုပါတယ်။
    • အချို့သောအချိန်တွေမှာ သင်က စာမက်ဆေ့(ချ်) တွေအပြင် ဗီဒီယို၊ ဓါတ်ပုံ၊ အသံဖိုင်တွေကို ပူးတွဲပေးပို့ဖို့ လိုအပ်တာဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ သတိထားဖို့က တစ်ချို့သော Attached files (ဖိုင်အမျိုးအစား) တွေကို ပေးပို့ခြင်းကနေတစ်ဆင့် Virus - ဗိုင်းရပ်(စ်) တွေ ဝင်တာမျိုးဖြစ်တတ်လို့ လုံခြုံရေးအတွက် သေချာစွာ စဉ်းနိုင်ဖို့ ဒီနေရာမှာလေ့လာနိုင်ပါတယ်။ security implications of attachments, as some file types may be infected with viruses.
    • တစ်ချို့ကိစ္စရပ်တွေအတွက် Files (ဖိုင်) တွေကို ပေးပို့ရမှာ Email (သို့) တစ်ခြားသော လုံခြုံစိတ်ချရတဲ့ မက်ဆေ့(ချ်) ပို့လို့ရတဲ့ ပလက်ဖောင်းတွေကို သုံးပြီး ကြားခံပြီး ပေးပို့ခြင်းဆက်သွယ်ခြင်းက ပိုပြီးမှ အဆင်ပြေပါတယ်။ သင်ပို့ပေးရမယ့် Files အမျိုးအစားက Size အရွယ်အစား ကြီးနေတဲ့ အခြေအနေမျိုး (သို့) ဖိုင်တွေကို သူ့နေရာနဲ့သူ နာမည်တွေနဲ့ အလွယ်တကူရှာဖွေလို့ရအောင် သိမ်းထားတာမျိုး လုပ်ခြင်တဲ့ အခြေအနေအတွက်ဆိုရင် ပိုပြီး အဆင်ပြေပါတယ်။ ဆိုလိုတာက Google Drive လိုနေရာမျိုးမှာ Files တွေကို သိမ်းထားမယ် ပြီးရင် Email ကနေတစ်ဆင့် ဆက်သွယ်ပြောဆိုကြရင် တစ်ချို့သော အခြေအနေတွေ အတွက် ပိုကောင်းပါတယ်။
    • သင်က တစ်စုံတစ်ယောက်ကို အသံမက်ဆေ့(ချ်)ဖိုင်တွေကို ရှာဖွေပြီးပေးပို့တာ၊ ဒါမှမဟုတ် တစ်ခြားသူက ပို့လာတဲ့ အသံဖိုင်တွေကို လက်ခံရရှိတေဲ့အခါမှာ အသံဖိုင်တွေကို ပြန်ရှာဖွေရတာ လွယ်ပါတယ်။ ဒါပေမယ့် နှစ်ယောက်အပြန်အလှန်ပြောဆိုဆက်သွယ်ထားတဲ့ Chat တွေထဲမှာ အကြောင်းအရာ(Content) တွေကို စာရိုက်ပြီး ပြန်ရှာပါဆိုရင်တော့ ဒါက အတိုင်းအတာတစ်ခုထိ ခက်ခဲနေမှာပါ။
  • သင်က ဆက်သွယ်မှုတွေ ပြုလုပ်တဲအခါ ဘယ်နည်းလမ်းကို ပိုပြီး အသုံးပြုလေ့ရှိပါသလဲ။ စာနဲ့ရိုက်ပြီးပြောဆိုဆက်သွယ်ရတာထပ် ဖုန်းခေါ်ရတာ (သို့) ဗီဒီယိုခေါ်ပြီး ပြောရတာကို ကြိုက်တာလား ဒါမှမဟုတ် လက်ရှိအခြေအနေပေါ်မူတည်ပြီး မည်သို့ ဆက်သွယ်ရမလဲဆိုတာမျိုးကို ဆုံးဖြတ်တဲ့သူမျိုးလား?
    • သင်က သင်နဲ့ ဆက်ဆံပြောဆိုရမယ့် သူတွေနဲ့ ယုံကြည်မှုကိုတည်ဆောက်တဲ့ အခါမှာတော့ အသံနဲ့ ဖုန်းခေါ်တာ (သို့) ဗီီဒီယို ခေါ်ပြီးဆက်သွယ်ပြောဆိုမှုတွေကတော့ audio or video call ပိုပြီးတော့မှ ယုံကြည်မှုကို တည်ဆောက်ရာမှာ အကျိုးရှိပါတယ်။ ဒါပေမယ့် ဖုန်းခေါ်နေစဉ်အတွင်း (သို့) ဗီဒီယို ခေါ်နေစဉ်အတွင်း ကို အပြန်အလှန်ပြောဆိုခဲ့တဲ့ စကားတွေကို မှတ်တမ်းယူချင်တယ်ဆိုရင်တော့ ဖုန်းခေါ်ဆိုနေတဲ့ မီတင်အတွင်း မှတ်စု (note) နဲ့လိုက်မှတ်ဖို့တော့ လိုအပ်ပါတယ်။
  • ကွန်ပျူတာနဲ့ ဖုန်း နှစ်ခုလုံးမှာ ဆက်သွယ်ပြောဆိုလိုပါသလား။ ဒီလိုဆိုရင်တော့ သင်နဲ့ အပြန်အလှန်ဆက်သွယ်နေတဲ့သူ နှစ်ဦးလုံးက ဘယ်လိုမျိုး စက်ပစ္စည်းတွေနဲ့ အော်ပရေးရှင်း စစ်စတန် (operation system) အသုံးပြုသလဲ?
    • ဆက်သွယ်မှုပြုလုပ်ရန်အတွက် အသုံးပြုနိုင်တဲ့ Apps၊ Tools တွေ တော်တော်များများက စက်တိုင်းမှာ အသုံးပြုလို့ရနိုင်ပေမယ့် တစ်ချို့ Tools တွေက ဖုန်းနဲ့ သုံးမှ အဆင်ပြေတာမျိုးရှိသလို၊ တစ်ချို့ Tools တွေကတော့ ကွန်ပျူတာလို စခရင် အကြီးကြီးတွေနဲ့ သုံးနိုင်အောင် အသားပေးထားပါတယ်။ ဒါကြောင့် လူတိုင်းကရော ဆက်သွယ်ရေးအတွက် အသုံးပြုလို့ရနိုင်မယ့် သင့်တော်တဲ့ စက်ပစ္စည်းတွေရှိနေလား ဆိုတာကို မိမိကိုယ်ကို ပြန်မေးကြည့်ပါ။
  • သင်နဲ့ ပြောဆိုဆက်သွယ်နေတဲ့သူတွေက ဘယ်လိုမျိုး ဆက်သွယ်ရေး Applications တွေ Tools တွေ အသုံးပြုလဲ? သူတို့မှာ တစ်ခြားအသစ်သစ်သော ဆက်သွယ်ရေး Apps တွေ Tools တွေ အသုံးပြုဖို့ သင်ယူလေ့လာရမယ်ဆိုရင်ရော အဆင်ပြေနိုင်လား?
    • သင်နဲ့ ပြောဆိုဆက်သွယ်မယ့်သူက အပြန်အလှန် ဆက်သွယ်ပြောဆိုနေတဲ့ ဆက်သွယ်ရေး ချယ်နယ်တွေ၊ စက်ပစ္စည်းတွေကို လုံခြုံအောင် လုပ်နိုင်တဲ့ အသိပညာ (သို့) လုပ်နိုင်စွမ်းရှိပါသလား။
    • သင်နဲ့ ပြောဆိုဆက်သွယ်မယ့်သူမှာ တိပတဲ့ လုံခြုံရေးဆိုင်ရာ အသိပညာ နဲ့ လိုအပ်ချက်တွေရှိနေလား?
    • သင်နဲ့ ပြောဆိုဆက်သွယ်မယ့်သူမှာ သုံးလို့ အဆင်ပြေမယ့် အင်တာနက်ရှိပါသလား။
  • သင့်မှာ ဆက်သွယ်ရေး Tools တွေကို ဝယ်ယူပြီးသော်လည်းကောင်း၊ ကိုယ်ပိုင်ဆာဗာထောင်ပြီးတော့ Self-host လုပ်နိုင်ဖို့ ငွေကြေးတတ်နိုင်ပါသလား၊ ကိုယ်ပိုင်လုပ်နိုင်ဖို့ရော အသိပညာရှိပါသလား။
    • သင်က ထိရှလွယ်ပြီး အပြင်ကို မသိစေချင်တဲ့အကြောင်းအရာတွေကို အစွန်းနှစ်ဖက် လုံခြုံရေးစနစ်ပါဝင်သော End-To-End Encryption ဆက်သွယ်ရေး Tools တွေကိုလည်း အသုံးမပြုနိုင်ဘူးဆိုရင် အဖွဲ့အစည်းက ဝယ်ယူအသုံးပြုပြီး ကိုယ်ပိုင်ထောင်ထားတဲ့ ဆက်သွယ်ရေးကို အသုံးပြုသင့်သလို၊ လုံခြုံရေးအတွက် စိတ်ချရတဲ့ အဖွဲ့တွေက ပြုလုပ်ထားတဲ့ Communication Tools ကို အသုံးပြုရမှာဖြစ်ပါတယ်။

လုံခြုံရေးအတွက် အခြေခံကျတဲ့ အချက်တွေကို အမြဲသတိချပ်ပါ။

  • ဆက်သွယ်ရေးအတွက် သင့်ရဲ့လိုအပ်ချက်တွေပေါ်မူတည်ပြီး ဆက်သွယ်ရေးပလက်ဖောင်း အမျိုးမျိုးကို အသုံးပြုရမယ့်အချိန်မှာ နှစ်ဆင့်ခံလုံခြုံရေးစနစ် ပါဝင်တဲ့ ပလက်ဖောင်းတွေကို ရွေးချယ်ပါ။
  • ဆက်သွယ်ရေးအတွက် မည်သည့် Tool ကိုပဲသုံးသုံး အမြဲတမ်းလုံခြုံစိတ်ချရအောင် HTTPS/TLS တွေပါမှ Link တွေကိုနှိပ်လို့ရနိုင်အောင် Setting တွေကို ချိန်ညှိသုံးစွဲပါ။
    • သင်အသုံးပြုနေသော ဆက်သွယ်ရေး ပလက်ဖောင်တွေကို တီထွင်တဲ့သူတွေက ဒီ ဆက်သွယ်ရေး ပလက်ဖောင်းတွေအတွက် TLS ထည့်သွင်းထားခြင်းရှိမရှိကို ဒီနေရာမှာစစ်ဆေးပါ။ running a test on checktls.com.
    • ဆက်သွယ်ရေး ပလက်ဖောင်းတွေ ကိုအသုံးပြုတဲ့အခါမှာ Application ကနေ Download ဆွဲအသုံးပြုခြင်းမျိုးမဟုတ်ပဲ Browser တွေကနေတစ်ဆင့် ဝင်ရောက်သုံးစွဲခဲ့မယ်ဆိုရင်တော့ https ပါဝင်တဲ့ Link တွေကိုသာ နှိပ်ပြီး အသုံးပြုဖို့လိုအပ်ပါတယ်။ ဉပမာ Gmail ကို Mail Application ထဲကနေ မဝင်ပဲ ဖုန်းထဲမှာ (သို့) ကွန်ပျူတာထဲမှာ Browser တွေကနေတစ်ဆင့် ဝင်ရောက် သုံးစွဲခြင်းကိုဆိုလိုခြင်းဖြစ်ပါတယ်။ Browser တွေကို ဘယ်လို လုံခြုံအောင် Setting ချိန်ညှိ အသုံးပြုရမလဲဆိုတာ ဒီနေရာမှာ လေ့လာနိုင်ပါတယ်။ make sure you are accessing the service through HTTPS.
    • သင်က ဆက်သွယ်ရေး Tools တစ်ခုကို Application ထည့်သွင်းပြီး အသုံးပြုမယ်ဆိုရင် ဒီဝန်ဆောင်မှု ကိုတီထွင်ပေးတဲ့ ကုမ္ပဏီတွေက ထုတ်ထားတဲ့ စာတွေကို ဖတ်ကြည့်ပါ။ အထူးသဖြင့် ဆက်သွယ်မှုပြုလုပ်ရာတွင် လုံခြုံအောင် ဝှက်စာစနစ်တွေ ထည့်သွင်းထားလား TLS (Transport Layer Security ) လို့ခေါ်တဲ့ အွန်လိုင်းပေါ် ဆက်သွယ်မှုတွေကို လုံခြုံအောင် ပြုလုပ်ထားတဲ့ လုံခြုံရေးစီစစ်မှုအဆင့်တွေ ထည့်သွင်းထားလား စတာတွေကို သတိထားဖို့ လိုအပ်ပါတယ်။
  • Communication Tools တွေကို ထုတ်လုပ်တဲ့သူတွေအနေနဲ့ သူတို့ရဲ့ Application တွေ Softwareတွေက ဝှက်စာစနစ်ပါဝင်တယ်လို့ဆိုရင်တောင် အစွန်းနှစ်ဖက် လုံခြုံရေးစနစ် (End-To-End Encryption) အပြည့်အဝပါဝင်ရဲ့လား၊ Application တွေ Software တွေက အခမဲ့အသုံးပြုလို့ရလား၊ တစ်ခုခုဖြစ်ခဲ့ရင် အသုံးပြုသူတွေအနေနဲ့ ပါဝင်ဆွေးနွေး စုပေါင်းမှတ်ချက်ပေးခြင်းများ၊ ဝေဖန်အကြံပြု စုပေါင်းဖြေရှင်းခြင်းများ ပြုလုပ်နိုင်တဲ့ ပွင့်လင်းနည်းပညာ တစ်နည်းအားဖြင့် Open-Source ဖြစ်ရဲ့လားစတာတွေကိုလည်း ကြည့်ရမှာဖြစ်ပါတယ်။
    • သတိပြုရမှာက တစ်ချို့သော ဆက်သွယ်ရေး ပလက်ဖောင်းတွေက လူအများစိတ်ဝင်စားမှုရရှိအောင်၊ သူတို့ရဲ့ ဝန်ဆောင်မှုတွေကို လူတွေအသုံးပြုအောင် ဝှက်စာစနစ်တွေ ထည့်သွင်းထားတယ်လို့ မက်လုံးပေးတတ်ကြပါတယ်။ တကယ့်လက်တွေ့မှာတော့ အစွန်းတစ်ဖက်ကိုသာ လုံခြုံမှုပေးတဲ့ Client-To-Server Encryption သာဖြစ်နေတတ်ပါတယ်။ Client-To-Server Encryption (အစွန်းတစ်ဖက် လုံခြုံရေးစနစ်) ဆိုတာကတော့ ဆက်သွယ်မယ့်သူ တစ်ယောက်နဲ့ Server ကြားမှာ ဝှက်စာစနစ်နဲ့ လုံခြုံစွာ ပေးပို့နိုင်တယ်၊ လက်ခံမယ့်သူနဲ့ Server ကြားလည်း လုံခြုံတယ်။ ပြသနာက ဒီ Application ကိုရေးဆွဲသူတွေ တီထွင်တဲ့သူတွေ ပိုင်ဆိုင်တဲ့ Server မှာတော့ ဝှက်စာ မထားထားတာ ဖြစ်တဲ့ အတွက် ကုမ္ပဏီက အပြန်အလှန်ဆက်သွယ်ပေးပို့မှုတွေကို သိနေနိုင်တယ်ဆိုတဲ့ အားနည်းချက်ရှိပါတယ်။ ဒါကြောင့် End-To-End Encryption မပါဝင်တာများပါတယ်။ သတိထားပါ။
ဘာကြောင့် ဒါမျိုးတွေကို သုံးသင့်လဲဆိုတာကိုသိရနိုင်ဖို့ ဒါတွေကိုလေ့လာပါ။

အွန်လိုင်းမှာ အသုံးပြုလို့ရတဲ့ ဆက်သွယ်ရေး Tools တွေ တစ်နည်းအားဖြင့် ဆက်သွယ်လို့ရမယ့် Email အပါအဝင် Chat App တွေက Client-To-Server ကိုထောက်ပံ့ပါတယ်။ သင်ရဲ့ စက်ပစ္စည်းကနေ ထွက်သွားတဲ့ စာတစ်စောင် ရှိတယ်ဆိုပါစို့။ အဲ့ဒီစာ တစ်စောင်က သင့်စက်ကနေ Router ကို ဖြတ်မယ်၊ Internet Service Provider (Wifi ကုမ္ပဏီ) တွေဆီဖြတ်မယ်၊ အဲ့ကနေမှ တစ်ဆင့် သင်ပေးပို့လိုတဲ့ သူဆီ စာရောက်သွားတဲ့ အဆင့်ထိ ရောက်ရှိသွားတဲ့ အဆင့်တွေကို ဖြတ်သန်းရမှာပါ။ ဒီလို ဖြတ်သန်းတဲ့အချိန်မှာ ကြားကနေ တစ်ယောက် ဝင်ရောက်ဖတ်ရှုလို့မရအောင် TLS လို့ခေါ်တဲ့ Transport Layer Security တွေ ထည့်သွင်းဖို့ လိုတာဖြစ်ပါတယ်။

သင်က ဆက်သွယ်ရေး ဝန်ဆောင်မှု တစ်ခုအသုံးပြုမည်ဆိုပါစို့။ ဒီဝန်ဆောင်မှုကို တီထွင်ဖန်တီးတဲ့သူတွေအနေနဲ့ သင့်ရဲ့ ဒေတာကို သူတို့ရဲ့ Server မှာသိမ်းထားလေ့ရှိပါတယ်။ ဒီလိုသိမ်းထားတဲ့နေရာမှာ အစွန်းနှစ်ဖက်လုံခြုံရေးဖြစ်တဲ့ End-To-End Encryption အနေနဲ့ သိမ်းထားမယ်ဆိုရင်တော့ သင်ရဲ့ ဆက်သွယ်ပေးပို့တဲ့ အချက်အလက်တွေကို Server မှာသိမ်းထားပေမယ့် ကြားကနေ ဝန်ဆောင်မှုပေးတဲ့သူကလည်း ဖတ်လို့မရအောင် ဝှက်စာစနစ်ပါဝင်တာမို့လို့ လုံခြုံပါတယ်။ ဒီနေရာမှာ Client-To-Server Encryption နဲ့သိမ်းထားတာမျိုးဆိုရင်တော့ ကျန်တဲ့အဆင့်တွေမှာ လုံခြုံပြီး Server ပေါ်မှာသိမ်းထားတဲ့ အချက်အလက်တွေကိုတော့ ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေက ဝင်ရောက်ဖတ်ကြည့်လို့ရနိုင်တာဖြစ်ပါတယ်။ ဒါကြောင့် မည်သို့ပင်ဆိုစေကာမူ သင့်အချက်အလက်တွေကို တစ်စုံတစ်ယောက်ကတော့ ဖတ်ကြည့်နေနိုင်တာဖြစ်ပါတယ်။ ဒါကြောင့် ဆက်သွယ်ရေးအတွက် ဝန်ဆောင်မှုတွေကို အသုံးပြုတဲ့အခါမှာ End-To-End Encryption ကိုပဲ အသုံးပြုဖို့ အကြံပြုပါတယ်။

တစ်ချို့သော ကိစ္စရပ်တွေမှာ သင်က အရမ်းလုံခြုံတဲ့ ဝန်ဆောင်မှုတွေ Communication Tools တွေကို အသုံးပြုချင်တယ်၊ ဒါပေမယ့် အလုံးစုံ ကို တစ်နေရာတည်းမှာ Application တစ်ခု Tools တစ်ခု ထဲမှာရနိုင်တာမျိုးက ရှားသလို၊ သင့်ရဲ့ လိုအပ်ချက်ကို ဖြည့်စွမ်းပေးနိုင်ဖို့ ဆိုတာ မလွယ်ကူလှပါဘူး။ တစ်နည်းအားဖြင့် သင်က Communication Tools တစ်ခုသုံးပြီး လူအများကြီးနဲ့ ဗီဒီယို Conference တစ်ခု လုပ်ချင်တယ်စိုပါစို့၊ လုံခြုံပြီး လူအများကြီးတစ်ပြိုင်တည်း Conference လုပ်လို့ရနိုင်တဲ့ ဝန်ဆောင်မှုက ရှားပါတယ်။ ဒါကြောင့် သင်ရဲ့လိုအပ်ချက်ပေါ်မူတည်ပြီး လုံခြုံပြီး စိတ်ချရတဲ့ End-To-End Encryption ပါဝင်တဲ့ Communication Platforms တွေကိုရှာသုံးလို့မရတဲ့ အခြေအနေမျိုးမှာ၊ ယုံကြည်စိတ်ချရတဲ့ အဖွဲ့အစည်းတွေက ဖန်တီးတီထွင်ထားတဲ့ ဝန်ဆောင်မှုတွေကို အသုံးပြုတာ (သို့) သင့်မှာ ငွေရေးကြေရေးအတိုင်းအတာ တစ်ခုထိ သုံးနိုင်တယ်ဆိုရင်တော့ ကိုယ်ပိုင် Self-Hosting Server ထောင်တာမျိုးတွေလုပ်ပြီး သုံးနိုင်သလို၊ Server တွေအမြဲတမ်းလုံခြုံနေဖို့ကိုလည်း နည်းပညာရှင်တွေကို အဖွဲ့အနေနဲ့ ခန့်ထားတာမျိုးလည်း လုပ်လို့ရပါတယ်။

ဆက်သွယ်ရေးအစီအစဉ်တစ်ခု သတ်မှတ်ပါ

ယခင်ကမေးထားတဲ့ မေးခွန်းကို ဖြေထားတဲ့သင့်ရဲ့အဖြေကို ပြန်ကြည့်ပြီး ဒီနေရာမှာ အခြေခံ လုံခြုံရေး ရေချိန်တွေကိုတိုင်းတာနိုင်ပါတယ်။ သင်ရဲ့ ဆက်သွယ်ရေး Plan တွေကို ဒီနေရာမှာ ပြန်လည် ပြင်ဆင်လို့ရနိုင်တာဖြစ်ပါတယ်။ ဒါမှ သင့်အတွက်ရော သင်နဲ့တွဲဖက်လုပ်ဆောင်နေတဲ့ အသိုက်အဝန်း လူမူဝန်းကျင်အတွက်မှာရော ထိရှလွယ်တဲ့ အချက်အလက်တွေကို သတိထား မျှဝေခြင်းအားဖြင့် လက်ရှိဖြစ်နေတဲ့ အခက်အခဲ အကြပ်အတည်း ပြသနာတွေကို ပေါ့ပါးစွာရင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။

  • သင့်အနေ့နဲ့ Traffic Light Protocol (TLP) ကိုသတ်မှတ်ပါ။ Traffic Light Protocol ဆိုတာကတော့ မီးပွိုင့်တွေ ဝါ၊ နီ၊ စိမ်း စတဲ့အရောင်တွေရှိသလိုပဲ ဘယ်အခြေအနေကအန္တရာယ်ရှိလဲ၊ ဘယ်လိုလူကိုတော့ ဘယ်လိုပုံစံနဲ့ ဆက်သွယ်ရမလဲဆိုတာမျိုးကို စဉ်းစားတာမျိုးပါ။ ဒါကြောင့် Traffic Light Protocol CIRCL's Traffic Light Protocol နဲ့ ပက်သက်ပြီး အသေးစိတ်ကို ဒီနေရာမှာ လေ့လာနိုင်ပါတယ််။
    • TLP ကိုသတ်မှတ်လိုက်ခြင်းကို အလွယ်အကူဆုံးပြောပါဆိုရင် မိမိမဟုတ်တဲ့ အခြားသူတစ်ယောက်ကို ထိရှလွယ်တဲ့ အချက်အလက်တွေကို မပို့ဖို့၊ မပြောဖို့ ဆိုတာမျိုးပဲဖြစ်ပါတယ်။
    • ဉပမာ တစ်စုံတစ်ယောက်က နယ်စပ်ကို ဖြတ်သန်းသွားလာနေတဲ့ အချိန် (သို့) ဖမ်းဆီးထိန်းသိမ်းခံရပြီး ပြန်လွတ်လာတဲ့ အခြေအနေမျိုးမှာ မက်ဆေ့(ချ်) မပို့သင့်ဘူးဆိုတဲ့ နားလည်ချက်မျိုးဖြစ်ပါတယ်။
    • လူတစ်ယောက်ရဲ့ ပုဂ္ဂိုလ်ရေးရာ အချက်အလက်တွေဖြစ်တဲ့ နာမည်အရင်း၊ လိပ်စာ၊ အချို့အချက်အလက်တွေကို မပြောပေမယ့်လည်း အပြန်အလှန်ဆက်သွယ်မယ့်သူ အချင်းချင်းသာ နားလည်ပြီး ဖြေလိုရမယ့် ကြိုတင်သဘောတူညှိနှိုင်းထားတဲ့ သတ်မှတ်ထားတဲ့ လျို့ဝှက်ကုဒ် ( Code) တွေကို ကြိုတင်စီမံထားပါ။ ဉပမာ ဒီနေ့ နေသာတယ်နော်..အစရှိသဖြင့် တစ်ဖက်လူက လုံခြုံတဲ့နေရာမှာရှိပြီး စကားပြောလို့ရမရကို သိစေဖို့ရန်အတွက် အပြန်အလှန် နားလည်နိုင်မယ့် Code Words တွေကိုဆိုလိုခြင်းဖြစ်ပါတယ်။
  • အပြန်အလှန်ဆက်သွယ်ပြောဆိုကြမယ့်သူ အချင်းချင်းမှာ ကြိုတင်ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ပါ။ အစီအစဉ်ချပါ။ ဘယ်လိုအခြေအနေအချိန်အခါမျိုးမှာ ဘယ်လိုမျိုး ဆက်သွယ်မလဲကို ကြိုတင်ညှိနှိုင်းသတ်မှတ်ပါ။
    • သိရှိသည့် အန္တရာယ်များမှာ
    • သင်အသုံးပြုမယ့်/လုံးဝ အသုံးမပြုမယ့် အက်ပ်များနှင့် ဝန်ဆောင်မှုများကို ကြိုတင်ပြောပြပါ။
    • တစ်စုံတစ်ခုကို သံသယရှိတဲ့အခြေအနေမျိုး၊ တစ်ခုခုမှားနေပြီလို့ သတိထားမိတဲ့အခြေအနေမျိုးမှာ သင်ဘက်က စတင်လုပ်ဆောင်မယ့် လုပ်ငန်းစဉ်ကိုပြောပြပါ။
  • သင်ပြုလုပ်မယ့် လုပ်ငန်းစဉ်တွေထဲမှာ ဘာတွေပါဝင်မလဲဆိုတာကို စဉ်းစားပါ။
    • အရေးပေါ်အခြေအနေတွင် အသုံးပြုမယ့် အရန် ဆက်သွယ်ရန် ဖုန်းနံပါတ်၊ Email လိပ်စာများ၊ ဆက်သွယ်ရေး အတွက် အသုံးပြုမယ့် ချယ်နယ်တွေကို အပြန်အလှန် လဲလှယ်ထားပါ။
    • အရေးပေါ် ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေနဲ့ ဆက်သွယ်ရမယ့်သူတွေကို မျှဝေထားပါ။
  • သင်လုပ်ဆောင်နိုင်သော ပိုမို သမရိုးကျသည့် အဆင့်များကို ထည့်သွင်းစဉ်းစားပါ:
    • ဉပမာ အရေးပေါ်အခြေအနေမျိုးတွင် လိုက်နာရမယ့် လုံခြုံရေးပေါ်လစီတွေ၊ ဆက်သွယ်ရမယ့် နည်းလမ်းတွေ၊ လက်ထဲရှိတဲ့ ထိရှလွယ်တဲ့ အချက်အလက်တွေကို ဖျက်ချိနိုင်ဖို့အတွက် အသင့်ပြင်ထားတဲ့ သဘောမျိုး‌ အပြန်အလှန်သိရှိထားရမှာဖြစ်ပါတယ်။
  • သင်ရေးဆွဲထားတဲ့ ဆက်သွယ်ရေးအစီအစဉ်ကို အပြန်အလှန် အစမ်းသဘောမျိုးလေ့ကျင့်ကြည့်ပါ။
ဘာကြောင့် ဒါမျိုးတွေကို သုံးသင့်လဲဆိုတာကိုသိရနိုင်ဖို့ ဒါတွေကိုလေ့လာပါ။

အကြပ်အတည်း အခက်အခဲ အထူးသဖြင့် အရေးပေါ်အခြေမျိုးတွင် စဉ်းစားဖို့ရန် အချိန်မရှိပဲ အလျင်အမြန် လုပ်ဆောင်ရမယ့် ကိစ္စရပ်တွေရှိပါတယ်။ အရေးပေါ်အခြေအနေအတွက် ဆက်သွယ်ရေးအတွက် အစီအမံတွေ ကြိုတင်ရေးဆွဲထားခြင်းက သင်နဲ့ သင့်အဖွဲ့အစည်းရဲ့ လုံခြုံရေးအတွက် အထောက်အကူပြုပေးနိုင်တာပဲဖြစ်ပါတယ်။

အရန်အကောင့်များ တစ်နည်းအားဖြင့် မိမိရဲ့အချက်အလက်အစစ်အမှန် ပါဝင်မှုမှရှိသော အရန်အကောင့်များဖွင့်ပါ။

အပြန်အလှန်ချိတ်ဆက် ဆက်သွယ်ကြမယ့်သူတွေအပေါ် ယုံကြည်ရမယ့် အနေအထားပေါ်မူတည်ပြီး သင်ရဲ့ အစစ်အမှန်အကောင့်တွေနဲ့ ဆက်သွယ်မလား၊ ဒါမှမဟုတ် အခြေအနေတစ်ခုအတွက် အသုံးပြုရန် ဖွင့်ထားပြီး သင့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေနဲ့ မချိတ်ဆက်ထားတဲ့ အရန်အကောင့်နဲ့ ဆက်သွယ်မလားကို ဆုံးဖြတ်ပါ။ စဉ်းစားပါ။

ဘာကြောင့် ဒါမျိုးတွေကို သုံးသင့်လဲဆိုတာကိုသိရနိုင်ဖို့ ဒါတွေကိုလေ့လာပါ။

မတူညီတဲ့ အကောင့်တွေကို အသုံးပြုပြီး ဆက်သွယ်ခြင်းက သင့်ရဲ့ အန္တရာယ်ကျရောက်နိုင်မှုကို လျော့ချနိုင်ပါတယ်။

သင်၏ ချိတ်ဆက်မှုကို ကာကွယ်ပြီး အမည်ဝှက်ပြုလုပ်ပါ။

  • Learn how to browse more securely အွန်လိုင်းပေါ်မှာ သင်ရဲ့သွားလားလှုပ်ရှားမှုတွေကို စောင့်ကြည့်မခံရအောင် Browser တွေရဲ့ လုံခြုံရေးကို မြှင့်တင်ပါ။ ဒီနေရာမှာ Browser တွေကို ဘယ်လိုလုံခြုံစွာသုံးရမလဲ ဆိုတာကို လေ့လာနိုင်ပါတယ်။
  • Learn how to anonymize your connections and communications သင်က အတိုင်းအတာ တစ်ခုထိ ထိရှလွယ်တဲ့သူဖြစ်ပြီး သင့်ရဲ့ အွန်လိုင်းပေါ်မှာ သွားလာလှုပ်ရှားမှုတွေနဲ့ သင့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို စောင့်ကြည့်ခံရတဲ့အထိ ထိရှလွယ်တဲ့သူဆိုရင်တော့ အွန်လိုင်းပေါ်မှာ ဒစ်ဂျစ်တယ်ခြေရာတွေ သဲလွန်စတွေ မချန်ခဲ့ဖို့လိုအပ်ပါတယ်။ ဒီနေရာမှာတော့ အွန်လိုင်းပေါ်မှာ သင်ရဲ့အချက်အလက်တွေ မပေါက်ကြားအောင် ဘယ်လိုသုံးမလဲ၊ ဆက်သွယ်မှုတွေပြုလုပ်တဲ့အခါမှာ Connection တွေရဲ့ လုံခြုံရေးတွေကို ဘယ်လိုသတိထားမလဲ ဆိုတာတွေကို လေ့လာနိုင်ပါတယ်။
    • သင်က အင်တာနက်ပေါ်မှာ ကိုယ်ယောင်ဖျောက်ပြီး အသုံးပြုချင်တယ်ဆိုရင်တော့ တစ်ချို့သော Tools တွေကို အသုံးပြုဖို့လိုပါတယ်။ နိုင်ငံအချို့ကတော့ ဒီ Tools တွေကို သုံးခွင့် ပိတ်ပင်ထားတာမျိုးရှိတတ်တာမို့ တရားမဝင်တဲ့ App တွေ အသုံးပြုတယ်ဆိုပြီး မှတ်ချက်ချခံရနိုင်ပါတယ်။ ဒါကြောင့် သင့်က တစ်ခြားနည်းလမ်းတွေကိုလည်းစဉ်းစားထားဖို့ လိုပါတယ်။
ဘာကြောင့် ဒါမျိုးတွေကို သုံးသင့်လဲဆိုတာကိုသိရနိုင်ဖို့ ဒါတွေကိုလေ့လာပါ။

Tor Browser ၊ VPN သို့မဟုတ် Tails ကိုအသုံးပြုခြင်းက သင်မည်သူဖြစ်တယ် (သို့) သင်ဘယ်ကလာလဲဆိုတာ မဖော်ပြဘဲ ဝဘ်ဆိုက်များသို့ ဝင်ကြည့်လို့ရစေနိုင်ပါတယ်။ ဒါပေမယ့် Tor ကိုသုံးထားပေးမယ့်လည်း သင်က Webiste တစ်ခုကို ဝင်ရောက်သုံးစွဲတဲ့အခါမှာ သင့်ရဲ့ ပုဂ္ဂိုလ်ရေးရာ အချက်အလက်တွေပါဝင်နေတဲ့ အကောင့်နဲ့ပဲ Login ဝင်ပြီးအသုံးပြုနေသေးတယ်ဆိုရင်တော့ သင့်ရဲ့အကောင့်အချက်အလက်တွေကို မျှဝေနေသလိုပဲဖြစ်ပါတယ်။ Website ကသင့်ရဲ့အချက်အလက်ကို သိနေနိုင်ပါတယ်။

အီးမေးလ်ကို ပိုမိုလုံခြုံစွာ အသုံးပြုပါ

  • Email ကိုဘယ်လို လုံခြုံစွာအသုံးပြုနည်းကို ဒီနေရာတွင် လေ့လာနိုင်ပါတယ်။ Learn how to secure your email communications.
ဘာကြောင့် ဒါမျိုးတွေကို သုံးသင့်လဲဆိုတာကိုသိရနိုင်ဖို့ ဒါတွေကိုလေ့လာပါ။

လူတော်တော်များများက Email ကိုအသုံးပြုတာနည်းလာပြီး တစ်ခြားသော ဝှက်စာစနစ်ပါဝင်တဲ့ Chat app တွေ၊ ဗီဒီယို Call တွေကို နေ့စဉ်ဘဝမှာ သုံးနေပေမယ့်လည်း၊ အခုထိ Email ကို အကြောင်းပြချက်များစွာနဲ့ အသုံးပြုသူတွေရှိပါတယ်။ ဉပမာ အွန်လိုင်းမှာ အကောင့်တစ်ခုဖန်တီးဖို့နဲ့ အလုပ်နဲ့ပက်သက်တာတွေကို စနစ်တကျ စီမံဖို့အတွက် ဆိုတဲ့အကြောင်းအရင်းလည်းပါပါတယ်။

Email ကတော့ အလိုအလျောက် လုံခြုံတဲ့ ဝှက်စာစနစ်မပါဝင်ပါဘူး။ ဒါကြောင့် Email နဲ့ ဆက်သွယ်ခြင်းက Metadata တွေနဲ့ အခြားဒေတာတွေ ကို မျှဝေရတာဖြစ်နိုင်သလို၊ တစ်ချို့အခြေအနေတွေမှာ Email ကနေတစ်ဆင့် သံသယရှိစရာကောင်းတဲ့ Phishing Link တွေ Malware တွေရောက်လာနိုင်တာလည်းဖြစ်ပါတယ်။ သို့ပေမယ့် Email က ရေရှည်သုံးလာကြတဲ့ ဆက်သွယ်ရေး တစ်ခုလည်းဖြစ်ပါတယ်။

မက်ဆေ့ချ် အက်ကပ်များကို ပိုမိုလုံခြုံစွာ အသုံးပြုပါ

  • Chat Application တွေကို လုံခြုံစွာ အသုံးပြုနည်းကိုသိနိုင်ဖို့ ဒီနေရာတွင်လေ့လာပါ။ Learn how to use chat apps more securely
ဘာကြောင့် ဒါမျိုးတွေကို သုံးသင့်လဲဆိုတာကိုသိရနိုင်ဖို့ ဒါတွေကိုလေ့လာပါ။

ဆက်သွယ်ရေးဝန်ဆောင်မှုများသည် သင့်တည်နေရာ၊ လုပ်ဆောင်ချက်၊ အကြောင်းအရာနဲ့ သင်ပြောနေတဲ့ အကြောင်းအရာများဆိုင်ရာ အချက်အလက်များကို ရယူပြီး စုဆောင်းနိုင်ပါတယ်။ ဒါကြောင့် လုံခြုံတဲ့ Applciation ကိုရွေးချယ်ပြီး အသုံးပြုဖို့ လိုအပ်ပါတယ်။

သင်ရဲ့ ဓါတ်ပုံနဲ့ အခြားဖိုင်အမျိုးအစားတွေထဲကနေ သင်မည်သူဖြစ်တယ်ဆိုတာဖော်ပြနိုင်တဲ့ သတင်းအချက်တွေကို ဖယ်ထုတ်ပစ်ပါ။

  • ဒီနေရာမှာ ဓါတ်ပုံ၊ဗီဒီယို၊ PDFs နဲ့ အခြားသော ဖိုင်အမျိုးအစားတွေထဲကနေ သင်ဘယ်သူဖြစ်တယ်ဆိုတာကို ဖော်ပြနိုင်တဲ့ အချက်အလက်တွေကို ဖယ်ထုတ်ပစ်နိုင်ဖို့ ဒီလမ်းညွှန်ကိုဖတ်ကြည့်ပါ။ Learn how to remove identifying information out of your photos, videos, PDFs and other files.
ဘာကြောင့် ဒါမျိုးတွေကို သုံးသင့်လဲဆိုတာကိုသိရနိုင်ဖို့ ဒါတွေကိုလေ့လာပါ။

ဒါက ဓါတ်ပုံထဲမှာ မျက်နှာဝါးလိုက်တဲ့ Features တွေသုံးတာလည်းဖြစ်နိုင်သလို၊ ထိရှလွယ်တဲ့အချက်အလက်တွေ လူတွေ..ပါခဲ့ရင်လည်း အပေါ်ကတစ်ခုခုထပ်ပြီးအုပ်ပြီး ဖယ်ရှားတာမျိုးဖြစ်နိုင်ပါတယ်။ သို့ပေမယ့်လည်း သင်ပြင်လိုက်တဲ့ ဓါတ်ပုံတွေကို ဘယ်နေရာမှာတော့ ပြင်လိုက်တယ်၊ ဘယ်အချက်အလက်တွေကိုတော့ အုပ်လိုက်တယ်ဆိုတာကို ပြန်ကြည့်နိုင်ပါတယ်။ ဒါကိုလည်းသတိချပ်ဖို့လိုပါတယ်။

ဖိုင်တွေရဲ့ နောက်ကွယ်မှာ မမြင်နိုင်တဲ့ ဒေတာအချက်အလက်တွေက ရှိနေစမြဲပါ။ ဒါကို Metadata လို့ခေါ်ပါတယ်။ ဒီဖိုင်တွေကို ဘယ်တုန်းက ဘယ်နေရာမှာ ဘယ်လို စက်ပစ္စည်းနဲ့ ရိုက်ခဲ့လဲဆိုတာတွေက Metadata တွေပါ။ သင်ကိုယ်တိုင်လည်း ဖိုင်တစ်ဖိုင်ကို ဖွင့်ကြည့်တဲအခါ Right Click ကိုနှိပ်ပြီး၊ “Properties” ထဲက “Get info" ကိုနှိပ်ကြည့်ရင် လွယ်လင့်တကူ Metadata တွေကို တွေ့ရနိုင်ပါတယ်။ ဒါကြောင့် သင်က တစ်ခြားတစ်ယောက်နဲ့ မျှဝေမယ့် ဖိုင်တွေကို ထဲမှာပါဝင်နေမယ့် Metadata တွေကို ဖျက်ပစ်နိုင်ဖို့ ဒီလမ်းညွှန်မှာ လေ့လာနိုင်မှာပဲဖြစ်ပါတယ်။