သင်၏ ထိရှလွယ်သော အချက်အလက်များကို ကာကွယ်ပါ
မာတိကာ
...မာတိကာ စတင်နေသည်...ကျူးကျော်သူများသည် သင့်စက်ပစ္စည်းကို လက်ဝယ်ရရှိသွားပါသည်။ ထို့အကြောင့် သင့်ထံတွင် ဤ အန္တရာယ်ကို ကာကွယ်နိုင်ရန် ဆောင်ရွက်ထားသင့်သည်။ သင့်စက်ပစ္စည်း တွင် ဝှက်စာစနစ်ဖြင့် ဖိုင်များသိမ်းဆည်းထားခြင်းသည် အရေးကြီးသောကာကွယ်မှုပုံစံတစ်ခုဖြစ်သည်။
ဝှက်စာနစ်ပြုလုပ်ခြင်းသည် အဆင့်မြင့်သင်္ချာပညာကို အသုံးပြု၍ သင့်အချက်အလက်များကို ဖတ်ရှုဤ မရစေရန် ပုံဖျက်သည့် နည်းလမ်းတစ်ခုဖြစ်ပြီး၊ ဤအချက်အလက်ကို ရယူဖတ်ရှုနိုင်ရန် အတွက် သင် နှင့် သော့ ဖြစ်သော စကားဝှက် (password) နှင့် စကားဝှက်စာစု (passphrase) ကို သိရှိသူသာ ပြန်လည်ဖော်ထုတ်ရန် စီမံထားသည့် နည်းပညာဖြစ်သည်။ ထို့ကြောင့် စက်ပစ္စည်း အား ဝှက်စာစနစ်ဖြင့် ကာကွယ်ခြင်းသည် သင့်အချက်အလက်အား သင်သာဖွင့်နိုင်သည့် မီးခံသေတ္တာ တွင်းသို့ ထည့်သွင်းထားခြင်း နှင့် အလားတူသည်။
အောက်ပါ အဆင့်များ အတိုင်း သင့်စက်ပစ္စည်းမှ အချက်အလက်များကို ကာကွယ်ပါ။
အချက်အလက်ဟောင်းများကို သိမ်းဆည်းမည့်အစား ဖျက်ပစ်ရန် စဉ်းစားပါ
ဤကဲ့သို့ အကြံပြုရသည့် အကြောင်းရင်းမှာ
ထိရှလွယ်သော အချက်အလက်များကို လက်ဝယ်သိမ်းဆည်းထားခြင်းသည် သင် နှင့် သင့်လုပ်ဖော်ကိုင်ဘက်များအတွက် အန္တရာယ်ရှိနိုင်သည်။ ဝှက်စာစနစ်ပြုလုပ်ခြင်းသည် ထိုအန္တရာယ်ကို လျှော့ချပေးသော်လည်း မဖယ်ရှားနိုင်ပါ။ ထိရှလွယ်သော အချက်အလက်များကို ကာကွယ်ရန် ပထမအဆင့်မှာ သင့်အနားပတ်လည်တွင် သိမ်းဆည်းထားသော အချက်အလက်များကို လျှော့ချရန်ဖြစ်သည်။ အချက်အလက် သို့မဟုတ် ဖိုင်များကို ကို ထိန်းသိမ်းထားရန် ကောင်းမွန်သောအကြောင်းပြချက် မရှိပါက ဖျက်ဆီးသင့်သည်။ ထိရှလွယ်သော အချက်အလက် များ ဖျက်ဆီးနည်း ကို လေ့လာဤ လုံခြုံစွာ ဖျက်ဆီးပါ။
ဝှက်စာစနစ်ပြုလုပ်ခြင်းသည် သင်နေထိုင်နေသည့် နေရာတွင် တရားဝင်မှုရှိမရှိ ကိုလည်း ဆန်းစစ်ပါ
ဤကဲ့သို့ အကြံပြုရသည့် အကြောင်းရင်းမှာ
ဝှက်စာစနစ်ပြုလုပ်ခြင်းသည် အချို့နိုင်ငံများတွင် တရားမဝင်ပါ။ အကယ်၍ ၎င်းသည် သင့်နိုင်ငံတွင် တရားမဝင်ပါက ဝှက်စာစနစ်ပါဝင်သည့် ဆော့ဝဲများကို ဒေါင်းလုဒ်ပြုလုပ်ခြင်း နှင့် ထည့်သွင်းခြင်းသည် ရာဇ၀တ်မှုမြောက်နိုင်သည်။ ရဲ ၊ စစ်ဘက် သို့မဟုတ် ထောက်လှမ်းရေးများမှ သင်၏ ဝှက်စာနစ်ပါဝင်သည့် ဆော့ဝဲအသုံးပြုခြင်းကို အကြောင်းပြ၍ သင်၏ လှုပ်ရှားမှု များကို စုံစမ်းစစ်ဆေးခြင်း သို့မဟုတ် သင့်အဖွဲ့အစည်းကို တရားစွဲခြင်းတို့ ပြုလုပ်နိုင်သည်။ ဤ အနေအထားမျိုးတွင် သင် အမှန်တကယ် ဝှက်စာစနစ်ဖြင့် ထိန်းသိမ်းထားသော အချက်အလက် သည် တရားဝင်သည်ဖြစ်စေ မဝင်သည်ဖြစ်စေ၊ ဤကဲ့သို့ ဝှက်စာစနစ် ကို အသုံးပြုခြင်းဖြင့်ပင် သင့်အနေဖြင့် ပြစ်မှတ်ထားခံရနိုင်သည်။
ထို့အကြောင့် သင်နေထိုင် ကျင်လည်ရာနေရာတွင် ဝှက်စာစနစ်သီးသန့်အတွက်သာ အသုံးပြုနိုင်သော ဆော့ဖ်ဝဲလ် နှင့် အက်ပလီကေးရှင်းများ အသုံးပြုခြင်း အပေါ် အာဏာပိုင်များမှ မည်ကဲ့သို့ သတ်မှတ်ထားကြောင်း သေချာစွာ လေ့လာသင့်သည်။
ဤကဲ့သို့ လေ့လာရာတွင် Global Partners ၏ ဝှက်စာစနစ်ဆိုင်ရာ ဥပဒေ နှင့် မူဝါဒ ပြ မြေပုံ ကိုကြည့်ရှုပြီး သင်မှီတင်းရာ နိုင်ငံတွင် ဝှက်စာစနစ် တရားဝင်မှု ရှိ/မရှိ ကိုရှာဖွေခြင်းဖြင့် စတင်နိုင်သည်။
သင်နေထိုင်ရာ သို့မဟုတ် ကျင်လည်သည့် နိုင်ငံတွင် ဝှက်စာစနစ် သည် တရားဝင်ကြောင်း သတ်မှတ်ထားပါက သင်၏ စက်ပစ္စည်း တစ်ခုလုံးအား ဝှက်စာစနစ် ဖြင့် ကာကွယ်ခြင်း။
အကယ်၍ သင့်နိုင်ငံ တွင် ဝှက်စာစနစ်ပြုလုပ်ခြင်းက တရားမဝင်ပါက အောက်ပါအခြားရွေးချယ်စရာများကို စဉ်းစားပါ
ထိရှလွယ်ခြင်း မရှိသော အရေးမကြီးသော အချက်အလက်များကိုသာ လက်ဝယ် ထားရှိထိန်းသိမ်းပါ
- အချက်အလက် အဟောင်းများကို မသိမ်းပဲ ဖျက်ဆီးခြင်း ကို လေ့လာ၍ မလိုသောအချက်အလက်များကို ဖျက်ဆီးပြစ်ခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း နားလည်ပါ။
- ထိရှလွယ်သော အချက်အလက် များကို ဖျက်ဆီးခြင်း ကို လေ့လာပြီး အချက်အလက်များကို လုံခြုံစွာ ဖျက်ဆီးပါ။
ဝှက်စာစနစ်ပြုလုပ်ထားသော cloud အကောင့်တွင် သိမ်းဆည်းပါ
- ဝှက်စာစနစ်ဖြင့် သိမ်းဆည်းပေးသည့် cloud ဝန်ဆောင်မှု များကို အသုံးပြုခြင်းသည်လည်း ဤခြိမ်းခြောက်မှုအား ပါးနပ်စွာရင်ဆိုင်နိုင်သည့် နည်းဖြစ်သည်။ သို့ရာတွင် အဆိုပါ ဝန်ဆောင်မှုများသည် သင့် အချက်အလက်များအား လုံခြုံစေရန် ဝှက်စာစနစ်ဖြင့် သိမ်းဆည်းပေးသော်လည်း ဤကဲ့ သို့သိမ်းဆည်းရာ ၌ သင့်ရန်သူများ လက်လှမ်းမှီနိုင်ခြင်း မရှိသော server နှင့် ဝန်ဆောင်မှု များ တွင်သာ အချက်အလက်များကို သိုမှီးသင့်သည်။ အဘယ်ကြောင့်ဆိုသော် သင့်ရန်သူများ အနေဖြင့် အဆိုပါ server များအား လက်လှမ်းမှီနိုင်မှု (အာဏာစက်သက်ရောက်နိုင်မှု) ရှိပါက၊ သင်မသိရှိပဲ သင်၏ သိုမှီးထားသော အချက်အလက်များအား သင့်မျက်ကွယ်တွင် ၄င်းတို့ စိတ်ကြိုက် ဖောက်ထွင်းနိုင်မည်ဖြစ်သည်။
အမည်လွှဲ စနစ်ထားရှိပါ
- အချက်အလက်များကို သိမ်းဆည်းရာ၌ ထိရှလွယ်သော အမည်များ၊ နေရာများ နှင့် လှုပ်ရှားမှု အစရှိသည် တို့ အတွက် အမည်လွှဲစနစ် ထားရှိပါ။
ဝှက်စာစနစ်ပြုဖြင့် ကာကွယ်ထားသော ဖြုတ်တပ်နိုင်သော drive တစ်ခုတွင် သိမ်းဆည်းပါ
ထိရှလွယ်သော အချက်အလက်များကို သင့်ကွန်ပျူတာတွင် မထားရှိဘဲ ဝှက်စာစံနစ်ဖြင့် ကာကွယ်ထားသော USB မှတ်ဉာဏ်ချောင်း သို့မဟုတ် သယ်ယူရလွယ်ကူသော hard drive တွင် သိမ်းဆည်းနိုင်သည်။ အောက်ပါ ပြင်ပ storage device များအား ဝှက်စာစံနစ်ဖြင့် ကာကွယ်ရန် စီမံခြင်းကို လေ့လာ၍ drive တစ်ခုလုံးအေား ဝှက်စာစနစ်ဖြင့် ကာကွယ်နိုင်သည်။
သို့ရာတွင် သတိပြုရမည်မှာ အဆိုပါ ပစ္စည်းများသည် များသောအားဖြင့် ပိုမိုလွယ်ကူစွာ ပျောက်ဆုံး ပျက်စီး ထိန်းသိမ်းခံရနိုင်သည်၊ ထို့ကြောင့် ထိလွယ်သော အချက်အလက်များအား ကိုယ်နှင့် တစ်ပါထဲ သယ်ဆောင်သွားခြင်းသည် အန္တရာယ်ရှိနိုင်သော အနေအထားဖြစ်သည်။ ခိုင်မာသော စကားဝှက်များ ဖန်တီးခြင်း နှင့် ထိန်သိမ်းခြင်း ကို လေ့လာ၍ အဆိုပါ ပစ္စည်းများအား ဝှက်စာစနစ်ဖြင့် ကာကွယ်ရာ၌ ခန့်မှန်းရမလွယ်ကူသော ခိုင်မာသော စကားဝှက်များ အသုံးပြုပါ။
သင့်စက်ပစ္စည်းတစ်ခုလုံးကို ဝှက်စာစနစ်ဖြင့်ကာကွယ်ရန် စဉ်းစားပါ
- Hard disk တစ်ခုလုံးအား ဝှက်စာစနစ်ဖြင့် ကာကွယ်ခြင်း (Full-Disk Encryption) သည် သင့်စက်ပစ္စည်းအား လုံးဝပိတ်ထားသည့်(shutdown ထားသည့်) အနေအထားတွင်သာ အသက်ဝင်အလုပ်လုပ်သည်၊ အိပ်နေသည့် (sleep) အနေအထား ("suspend" သို့မဟုတ် "hibernation") တို့တွင် အကျုံးဝင်မည်မဟုတ်ပါ။ သင့်စက်ပစ္စည်း အဆုံးထိ့ပိတ်ထားခြင်း မရှိပါက၊ တစ်စုံတစ်ဦးမှ သင့်စက်ပစ္စည်းအား ကိုယ်ထိလက်ရောက် ကိုင်တွယ်ခွင့်ရသွား ပါက သင့်၏ အချက်အလက်နှင့် ဆက်သွယ်မှုများကို ဖတ်ရှုခြင်း ပြင်ဆင်ခြင်းတို့ ပြုလုပ်သွားနိုင်သည်။
အန်းဒရွိုက်
Most devices with Android 10 and higher are required to use file-based encryption, which means that any device running on Android 10 or higher should be encrypted by default.
If you would like to make sure that file-based encryption is indeed enabled in your device, navigate to Settings > Security > Encryption & credentials and look for Encryption or Encrypt phone. Please note that these options may differ on your device.
အိုင်အိုအက်စ်
- အိုင်အိုအက်စ်မိုဘိုင်းလ်ဖုန်းများ တွင် သင် အသုံးပြုရန် စကားဝှက်ထားဖြင့် ကာကွယ်ခြင်း ပြုလုပ်ထားသောအခါတွင် အလိုအလျာက်အားဖြင့် ဝှက်စာစနစ်ဖြင့်ကာကွယ်ပြီးသားဖြစ်သည်။
လင်းနဇ်စ်
လင်းနဇ်စ် ကို စတင် အသုံးပြုရင် သွင်းသည့်(install) အချိန် တွင်သာ disk တစ်ခုလုံးအားဝှက်စာစနစ်ဖြင့် ကာကွယ်ရန် ရွေးချယ်နိုင်သည်။ သင့်အနေဖြင့် ဤ ကဲ့သို့ မရွေးချယ်ခဲ့ပါ က လင်းနဇ်စ်လည်ပတ်ရေးစနစ်အား အစမှ ပြန်သွင်းရမည်ဖြစ်သည်။ ဤသို့မပြုလုပ်မှီ:
- သင့်ဒေတာများ အားလုံးကို အရန်ကူးယူသိမ်းဆည်းပါ။ Install ပြုလုပ်သည့် လုပ်ငန်စဉ်ပြီးပါက အလိုအလျောက် အချက်အလက်များကို နဂိုလ်အတိုင်း သိုမှီးပြီး ဖြစ်နေမည်ဖြစ်သည်။
- သင့်ကွန်ပျူတာကို လည်ပတ်ရေးစနစ် ပြန်လည်သွင်းနေစဉ်အချိန်အတွင်း ကွန်ပျူတာပိတ်မသွားရန်အတွက် ပါဝါအားသွင်းထားပါ။
- အဆိုပါသွင်းယူနေစဥ် အချိန်အတွင်း အင်တာနက် ကြိုးဖြင့် ချိတ်ဆက်ကာ နောက်ဆုံးပေါ်လင်းနဇ်စ် update များကိုရယူနေနိုင်မည်ဖြစ်သည်။ ကြိုးဖြင့် ချိတ်ဆတ်ထားခြင်းမရှိပါက Wireless Network ကြိုးမဲ့ကွန်ရက်(ရှိပါက) ကိုရွေးချယ်ရန် တောင်းဆိုလိမ့်မည်။
Ubuntu သွင်းရန် ၄င်း၏ တရားဝင် မှတ်တမ်း ဖြစ်သော အူဘန်းတူး သွင်းခြင်း လက်တွေ့ပြုလုပ်နည်း အတိုင်း လေ့လာဆောင်ရွက်ပါ။
ဤကဲ့သို့ သွင်းရန် Boot တက်နိုင်သော USB စတစ် တစ်ခု ဖန်တီးရန် လိုအပ်မည်ဖြစ်သည်။
- သင်အသုံးပြုသော စက်ပစ္စည်းအပေါ်လိုက်၍ boost USB စတစ် ဖန်တီးရန် အူဘန်းတူး (ubuntu) ၏ လမ်းညွှန်ချက်များအတိုင်းဆောင်ရွက်ပါ:
MacOS (မတ်အိုအက်စ်)
ဝင်းဒိုး
သင့် ဝင်းဒိုးကွန်ပျူတာ အား ဝှက်စာစနစ်ဖြင့်ကာကွယ်ရန် ဝင်းဒိုး 10 သို့မဟုတ် ဝင်းဒိုး 11 ၏ Pro, Enterprise နှင့် Education ဗားရှင်းများတွင်ပါဝင်ပြီးသား Bitlocker ကိုအသုံးပြုပါ။
- ဝင်းဒိုးကွန်ပျူတာ အား Bitlocker အသုံးပြု၍ ဝှက်စာစနစ်ဖြင့်ကာကွယ်ရန်
မိုက်ခရိုဆော့ ၏
တရားဝင်မှတ်တမ်း
ကိုလေ့လာပါ
- ပိုမို လုံခြုံစေလို ပါက boot မတက်ခင် အဆင့်တွင် PIN ဖြင့်ကာကွယ်ပါ။
- စက်ပစ္စည်း အဟောင်းများကို
ဝှက်စာစနစ်ဖြင့်ကာကွယ်ရန်
- "This device can't use a Trusted Platform Module" ဆိုသည့် error နှင့်
ကြုံတွေ့ရပါက သင့်ကွန်ပျူတာတွင့် TPM ခေါ် Trusted Platform Module
ချစ်ပ်ပြား ပါဝင်မှုမရှိခြင်းကြောင့်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ အောက်ပါ
ညှိနိုင်းချိန်ဆမှုများကို လုပ်ဆောင်ခြင်းဖြင့် Bitlocker ကို TPM
ချစ်ပ်ပြားမပါသော ကွန်ပျူတာတွင် ဆက်လက်အသုံးပြုနိုင်မည် ဖြစ်သည် :
- Start ကို နှိပ်ပါ ။ gpedit.msc ကိုရိုက်ထည့်၍ Enter ကို နှိပ်ပါ။ Window အသစ်တွင် "Operating System Drives" ကို နှစ်ဆင့်နှိပ်ပါ။
- ဆိုပါ ပွင့်လာသော Window ၏ ညာဘက်အကန့်ခြမ်းတွင်ရှိသော "Require additional authentication at startup" ကို နှစ်ချက်ဆင့် နှိပ်ပါ ၊ Window အသစ်ပွင့်လာမည်ဖြစ်သည်။ (မှတ်ချက် : Require additional authentication at startup (Windows Server 2008 and Windows Vista)" ကိုလည်း တွေ့ရမည်ဖြစ်သည်။ သင်လုပ်ရမည့်အရာမဟုတ်ပါ။)
- Enable ကို ရွေးချယ်ပါ ထို့နောက် Allow BitLocker without a compatible TPM (Requires a password or a startup key on a USB flash drive) ကို သေချာဖွင့်ပါ။ OK ကို နှိပ်ပါ။
- Local Group Policy Editor window ကို ပိတ်ပါ။
- အထက်ပါအဆင့်များပြုလုပ်ပြီးပါက စက်ပစ္စည်း အား ဝှက်စာနစ်ဖြင့်ကာကွယ်ခြင်းကို ဖွင့်ပါ။
- "This device can't use a Trusted Platform Module" ဆိုသည့် error နှင့်
ကြုံတွေ့ရပါက သင့်ကွန်ပျူတာတွင့် TPM ခေါ် Trusted Platform Module
ချစ်ပ်ပြား ပါဝင်မှုမရှိခြင်းကြောင့်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ အောက်ပါ
ညှိနိုင်းချိန်ဆမှုများကို လုပ်ဆောင်ခြင်းဖြင့် Bitlocker ကို TPM
ချစ်ပ်ပြားမပါသော ကွန်ပျူတာတွင် ဆက်လက်အသုံးပြုနိုင်မည် ဖြစ်သည် :
ဤကဲ့သို့ အကြံပြုရသည့် အကြောင်းရင်းမှာ
အကယ်၍ သင်ပစ္စည်းသည် ပျက်စီးခြင်း၊ အခိုးခံရခြင်း၊ မဿမာသူများ လက်ထဲရောက်ရှိခြင်းတို့ ဖြစ်ခဲ့ပါက အကာအကွယ်ထားရှိရန် လိုအပ်မည်ဖြစ်သည်။ သင်၏စက်ပစ္စည်းတစ်ခုလုံးကို ခိုင်မာသော စကားဝှက် သို့မဟုတ် code တစ်ခုခုဖြင့် ဝှက်စာစနစ်အနေဖြင့်ကာကွယ်ထားနိုင်မည်ဖြစ်သည်။
If your computer does not support full-disk encryption or if you prefer to use a free and open-source tool to enable disk encryption, you can use VeraCrypt to encrypt your whole device.
ဖြုတ်တပ်နိုင်သော external ပစ္စည်း တစ်ခုလုံးကို ဝှက်စာစနစ်ဖြင့်ကာကွယ်ရန် စဉ်းစားပါ
- ထိရှလွယ်သော အချက်အလက်များအား ဖြုတ်တပ်ရ လွယ်ကူပြီး ဝှက်စာစနစ်ဖြင့်ကာကွယ်ထားသည့် USB စတစ်များ သို့မဟုတ် hard disk များတွင် သိမ်းဆည်းထားခြင်းဖြင့် သင့်ကွန်ပျူတာ အား စစ်ဆေးမည့် ရန်သူများ ရန်မှ ကာကွယ်ပေးနိုင်သည်။
- သတိပြုရမည်မှာ အဆိုပါ ပစ္စည်းများသည် များသောအားဖြင့် ပိုမိုလွယ်ကူစွာ ပျောက်ဆုံး ပျက်စီး ထိန်းသိမ်းခံရနိုင်သည်၊ ထို့ကြောင့် ထိလွယ်သော အချက်အလက်များအား ခိုင်မာသော စကားဝှက်များ ကိုအသုံးပြုကာ ဝှက်စာစနစ်ဖြင့် ကာကွယ်ထားရန် လိုအပ်သည်။ ခိုင်မာသော စကားဝှက်များ ဖန်တီးခြင်းနှင့် ထိန်းသိမ်းခြင်း ကို လေ့လာပါ။
- On desktops and laptops, your device may have built-in encryption options for external storage devices. Alternatively, you can use VeraCrypt to encrypt external storage devices.
လင်းနဇ်စ်၊ မတ်အိုအက်စ် နှင့် ဝင်းဒိုး
သင့်ကွန်ပျူတာတွင် မည်သည့် လည်ပတ်ရေးစနစ်ကို အသုံးပြုသည်ဖြစ်စေ Veracrypt ကို အသုံးပြု၍ external device များတွင်ထားရှိသော ထိရှလွယ်သည့်ဖိုင်များအား ကာကွယ်နိုင်သည်။ သင့်အနေဖြင့် ၄င်းကို အသုံးပြု၍ စက်ပစ္စည်း တစ်ခုလုံးကို ဖြစ်စေ ၄င်းထဲတွင် ဝှက်စာစနစ်ဖြင့် ကာကွယ်ထားသည့် အကန့် volume တစ်ခုဖန်တီး နိုင်သည်။
- Download VeraCrypt
- How to use VeraCrypt
- External drive တစ်ခုလုံးအား Veracrypt အသုံးပြု၍ ဝှက်စာစနစ်ဖြင့် ကာကွယ်ရန် Lifewire ၏ flash drive ကို ဝှက်စာစနစ်ဖြင့် ကာကွယ်နည်း ကို ဖတ်ရှူပါ
- Consider using VeraCrypt in portable mode so anyone who searches your computer can't see you're using VeraCrypt in the first place.
MacOS (မတ်အိုအက်စ်)
မတ်အိုအက်စ် တွင် ပါဝင်ပြီးသား Disk Utility ဆော့ဖ်ဝဲလ်ကို အသုံးပြုပြီး external drive များအား ဝှက်စာစနစ်ဖြင့်ကာကွယ်နိုင်သည်။ ဂရုပြုရန်မှာ ဤကဲ့သို့ အသုံးပြုပါက အဆိုပါ ဝှက်စာဖြင့်ကာကွယ်ထားသော external drive အား မတ်အိုအက်စ်မှ တစ်ဆင့်သာ ဝင်ရောက် အသုံးပြုနိုင်မည်ဖြစ်သည်။
ဝင်းဒိုး
ဝင်းဒိုးတွင် ဝင်းဒိုး 10 နှင့် 11 ၏ Pro၊ Enterprise နှင့် Education ဗားရှင်းများတွင်ပါဝင်သော Bitlocker ဆော့ဖ်ဝဲ အားအသုံးပြုကာ external drive များကို ကာကွယ်နိုင်သည်။ ဂရုပြုရန်မှာ ဤကဲ့သို့ အသုံးပြုပါက အဆိုပါ ဝှက်စာဖြင့်ကာကွယ်ထားသော external drive အား ဝင်းဒိုးမှ တစ်ဆင့်သာ ဝင်ရောက် အသုံးပြုနိုင်မည်ဖြစ်သည်။
Tails လည်ပတ်ရေးစနစ်
Tails is an operating system that runs off a USB drive plugged into your machine. It protects all of your internet connections by using Tor at all times and erases your history when you shut it down, leaving no traces either in your computer or in the USB where the system is running. Furthermore, you can optionally create an encrypted volume inside the USB stick to store sensitive information that cannot be accessed by intruders who get access to your Tails stick in case you lose it or it is confiscated.
- Tails အကြောင်း ပိုမိုလေ့လာပါ။
- Tails ၏ persistent storage အကြောင်း ပိုမိုလေ့လာပါ။
သင့်ဖိုင်များ၏ တချို့တဝက်ကိုသာလျှင် ဝှက်စာစနစ်ဖြင့်ကာကွယ်ရန် စဉ်းစားပါ
On desktops and laptops, your device may have built-in encryption options that offer additional protection for specific files. Alternatively, you can use Cryptomator to activate this additional layer of protection on any operating system, including mobile devices. Another option to encrypt your sensitive data on computers is VeraCrypt, which also makes it possible to hide your encrypted folder.
ဤကဲ့သို့ အကြံပြုရသည့် အကြောင်းရင်းမှာ
သင့် စက်ပစ္စည်း ထဲတွင် အချို့သော ထိရှလွယ်မှု မရှိသော အချက်လက် များကို ဝှက်စာစနစ်ဖြင့်မကာကွယ်ပဲ ဟန်ပြ အနေဖြင့် ထားထားခြင်းသည် အချို့အနေအထားများ၌ အသုံးဝင်ကြောင်း တွေ့ရမည်ဖြစ်သည်။ စက်ပစ္စည်းတွင်းသို့ ရှာဖွေခံရသော အနေအထား တွင် နေ့စဥ် အသုံးပြုနေဟန် ဖိုင်များ ထို့အပြင် ချိတ်ဆက်ပြောဆိုထားမှုများ ပေါ်ပေါ်ထင်ထင် ဟန်ပြအနေဖြင့် ချန်ထားခြင်းသည် သင့်စက်ပစ္စည်းအား သံသယကင်းစေရန် အထောက်ကူပြုနိုင်သည်။ ထို့ကြောင့် အချို့ ဖိုင်များကိုသာ ဝှက်စာစနစ်ဖြင့် ကာကွယ်ပါ။
ဝင်းဒိုး၊ မတ်အိုအက်စ်၊ လင်းနဇ်စ်၊ အန်းဒရွိုက် နှင့် အိုင်အိုအက်စ်
သင်၏ ဖိုင်များကို ဝှက်စာစနစ်ဖြင့် ကာကွယ်ပြီး စက်ပစ္စည်း များတွင်သာမက အင်တာနက်ပေါ်မှ cloud ဝန်ဆောင်မှုများ မှတစ်ဆင့်ပါ အသုံးပြုနိင်ရန် လွပ်လပ်ပြီး ပွင်းလင်းရင်းမြစ် ဆော့ဖ်ဝဲဖြစ်သည့် Cryotimator(https://cryptomator.org) ကို ကွန်ပျူတာ နှင့် မိုဘိုင်းလ်ဖုန်း များတွင်ပါ အသုံးပြုနိုင်သည်။
Cryptomator အသုံးပြုနည်းကို လေ့လာရန် ၄င်းတို့၏ တရားဝင် မှတ်တမ်း တွင်လေ့လာနိုင်သည်။ အထူးသဖြင့် ကွန်ပျူတာများတွင် စတင် အသုံးပြုပုံ ကို ဖတ်ရှုပါ။
ဝင်းဒိုး
- ဝင်းဒိုး 10 တွင် ဖိုင်ကို ဝှက်စာစနစ်ဖြင့်ကာကွယ်နည်း
- ဝင်းဒိုး 11 တွင် ဖိုင်ကို ဝှက်စာစနစ်ဖြင့်ကာကွယ်နည်း
MacOS (မတ်အိုအက်စ်)
- မတ်အိုအက်စ် တွင် ဖိုင်တစ်ခုချင်းစီကို Disk Utility ဖြင့် လုံခြုံသော disk များဖန်တီးခြင်း ဖြင့်ကာကွယ်နိုင်သည်။
လင်းနဇ်စ်၊ မတ်အိုအက်စ် နှင့် ဝင်းဒိုး
With VeraCrypt, you can protect individual files by storing them within an encrypted file container.
ဤကဲ့ သို့ ဝှက်စာစနစ်ဖြင့် ကာကွယ်ထားသော container file ဖိုင်များ တည်ဆောက်ရာ၌ လျှို့ဝှက် hidden volume အနေဖြင့် ပြုလုပ်ရန် စဉ်းစားပါ
ဤကဲ့သို့ အကြံပြုရသည့် အကြောင်းရင်းမှာ
အချက်အလက်များကို ဝှက်စာစနစ်ပြုလုပ်ထားလျှင် မည်သူမျှ ဖတ်၍မရနိုင်ပါ၊ သို့သော် အဆိုပါ ဝှက်စာစနစ်ပြုလုပ်ထားသေး အချက်အလက်ရှိနေသည် ကို သိနိုင်သည်။ ထို့ကြောင့် ရန်သူများအနေဖြင့် သည် ဝှက်စာစနစ်ပြုလုပ်ထားခြင်းကို ဖြည်ချရန် သင့်ကို ခြိမ်းခြောက်ခြင်း ၊ ခြိမ်းခြောက်စာများပေးပို့ခြင်း၊ စစ်ဆေးမေးမြန်းခြင်း သို့မဟုတ် ညှင်းပန်းနှိပ်စက်ခြင်းများ ကြိုးပမ်းကောင်းကြိုးပမ်းနိုင်သည်။
VeraCrypt gives you the opportunity to avoid this risk by creating a "hidden volume." To open a hidden volume, you just need to enter a different password from the one you set for the standard volume. So if an intruder becomes suspicious about your encrypted files, they will be unable to prove hidden ones exist.
သင်သိမ်းဆည်းလိုသော ထိရှလွယ်သည့်အချက်အလက်များကို Veracrypt အသုံးပြု၍ ဝှက်စာစနစ်ဖြင့်ကာကွယ်ရာ တွင် ၄င်းတို့ ကို အရေးမကြီးသည့် ပုံမှန် သီချင်း/စာအုပ် များအဖြစ် ပါပုံဖျက် ကာကွယ်ပေးနိုင်သည်။ အတွင်းကျကျ ခွဲခြားစိတ်ဖြာကြည့်လျင်ပင် veracrypt container ဖိုင် တစ်ခုတွင် လှိုဝှက် volume ပါမပါကို ခွဲခြား၍ မရနိုင်ဟု ယေဘုယအားဖြင့် သတ်မှတ်ထားကြသည်။ ထိုကြောင့် အကယ်၍ စစ်ဆေးသူများမှ ဝင်ရောက်သူမှ သင်၏သော့ကိုခိုးယူ၍ သို့မဟုတ် သင့်ကို တရားရုံးကို ခေါ်ဆောင်သွား၍ သို့မဟုတ် သင့် စကားဝှက်ပေးရန် ခြိမ်းခြောက်ခြင်းပြုလုပ်လျှင်ပင် အတုအယောင် ဟန်ပြ အချက်အလက် များကိုသာ တွေ့ရှိရမည်ဖြစ်ပြီး သင်ကာကွယ်လိုသော အချက်အလက်များကို ရနိုင်မည်မဟုတ်ပါ။
လှို့ဝှက် hidden volume သည် မီးခံသေတ္တာ အတွင်းတွင် နောက်တစ်ဆင့် တည်ဆောက်ထားသော "အံဝှက်" နှင့်တူသည်၊ သင်တစ်ဦးထဲသာ အဆိုပါ လှို့ဝှက်အကန့်ရှိကြောင်းကို သိနိုင်မည်ဖြစ်သည်။ ထို့ကြောင့် သင့်အနေဖြင့် အချက်အလက်များကို ထုတ်ပေးရသည့် အနေအထားတွင်ပင် အခြားအရေးကြီး အချက်အလက်များ သိမ်းထားသေးကြောင်း ငြင်းဆိုနိုင်သည့် အခွင့်အရေးဖြစ်နိုင်သည်။ လှို့ဝှက် hidden volume ကို အသုံးပြုခြင်းအားဖြင့် အန္တရာယ်ဖြစ်နိုင်ခြေအနေအထားမှ လွတ်မြောက်ရန် အခွင့်အရေး ရနိုင်သည်။ သတိပြုရန်မှာ ဝှက်စာစံနစ် အသုံးပြုခြင်းသည် တရားဝင်မဟုတ်ပါက အသုံးပြုခြင်းသည် ပိုမိုသံဿဝင်စေမည့် အနေအထားဖြစ်သည်။
သတိပြုရန်မှာ၊ လှို့ဝှက် hidden volume အား လူအများစုတွင်တွင်ကျယ်ကျယ်မသုံးကြသော်လည်း၊ Veracrypt ဖြင့် အချက်အလက်များကို ဤကဲ့ သို့ ကာကွယ်နိုင်ကြောင်းကိုလည်း သင့် ရန်သူများအနေဖြင့် သိနေနိုင်သည်၊ ထို့ကြောင့် ဟန်ပြအချက်အလက်များ ထုတ်ဖေါ်ပေးလိုက်ရုံ ဖြင့် ၄င်းတို့ အနေဖြင့် လက်လျှော့သွားနိင်သည် ဟု မုချမမှတ်ယူသင့်ပါ။
ထို့အပြင် ဤကဲ့သို့ ပြုလုပ်ရာ၌ အဆိုပါ လျှို့ဝှက် hidden volume အား ပိပိရီရီ ဖုန်းကွယ်ထားရန် နှင့် ဤကဲ့သို့ hidden volume ရှိကြောင်း သံသယဝင်စေမည့် အနေအထားမျိုးများ မပြုလုပ်သင့်ပါ၊ ဥပမာ hidden volume ဖွင့်လျက်သားဖြစ်နေခြင်း သို့မဟုတ် ၄င်းအတွင်းရှိ ဖိုင်များ အား အခြားနေရာများတွင် သုံးရလွယ်စေရန် shortcut ထုတ်ထားခြင်း။
ဝှက်စာစနစ်ပြုလုပ်ထားသော ဖိုင်တွဲနှင့် volume များကို ကာကွယ်နည်းများ
ဝှက်စာစနစ်ဖြင့် ကာကွယ်ထားသော ဖိုင်တွဲ သို့မဟုတ် volume အား ဖြုတ်/ဖယ်ရှားပါ
- သင့်၏ VeraCrypt volume ကို 'အသုံးပြုရန်ဖွင့်' ထားပါက၊ တစ်နည်းအားဖြင့် သင်ဝင်ရောက် အသုံးပြုနေသည့် အချိန်တိုင်းတွင်- သင့်အချက်အလက်များ လုံခြုံမှုရှိနေမည်မဟုတ်ပါ။ ထို့အကြောင့် အသုံးမပြုဖြစ်သော အချိန်များတွင် dismount ဖြုတ်ထားသင့်သည်။
- အဆိုပါ ဝှက်စာစနစ်ဖြင့် ပြုလုပ်ထားသော ဖိုင် သို့မဟုတ် volume သည် USB စတစ် သို့မဟုတ် external drive တွင် ထည့်ထားခြင်း ဖြစ်ပါက၊ drive သို့မဟုတ် stick ကို အသုံးပြုနေစဉ် ရုတ်တရက် ဆွဲဖြုတ်လိုက်ခြင်းဖြင့် သင့်ကွန်ပျူတာ မှ ချက်ချင်း ပျောက်ကွယ်သွားမည်မဟုတ်ပါ။ ဤကဲ့သို့ ပြုလုပ်ပါက drive သို့မဟုတ် stick ထဲမှ ဖိုင်များ corrupt ဖြစ်ခြင်း ပျက်စီးခြင်းတို့ ဖြစ်နိုင်ပါသည်။ unmount ပြုလုပ်ပြီးမှ သာ နောက်တစ်ဆင့်အနေဖြင့် eject ပြုလုပ်ပြီးမှ သာ ဆွဲဖြုတ်ဖို့ လိုအပ်မည်ဖြစ်သည်။ ဤကဲ့သို့ unmount ပြုလုပ်ရန်လည်း အဆိုပါ volume မှ ပွင့်နေသော ဖိုင်တွေအားလုံး ပိတ်နေဖို့လိုပါတယ်။ အကယ်၍ သင်က စာရွက်စာတမ်း တစ်ခုခု ဖွင့်ထားတယ် သို့မဟုတ် ဓေါတ်ပုံတစ်ခုကို ကြည့်နေတယ်ဆိုရင် ဒါ်တွေ ပိတ်ပြီးတော့မှသာ unmount ရမှာဖြစ်ပါတယ်။ ဤကဲ့သို့ လုပ်ငန်းစဥ်ကို အရေးပေါ်အခြေအနေများအတွက် အဆင်သင့်ဖြစ်နေစေရန် လေ့ကျင့်ထားသင့်သည်။
အောက်ပါအခြေအနေများ တွင် ဝှက်စာစနစ်ဖြင့် ကာကွယ်ထားသော ဖိုင်တွဲနှင့် volume များကို unmount နှင့် ဖြုတ်ထားရန် လိုအပ်သည်:
- သင်စက်ပစ္စည်း နားတွင် ခေတ္တဖြစ်စေ ရှိမနေနိုင်သည့် အနေအထား။ သင်မရှိခင် အနေအထားတွင် ထိရှလွယ်သော ဖိုင်များကို ကျူးကျော်သူများ ဝင်ရောက်ရှိခြင်း မရှိစေရန်အတွက် ဖြစ်သည်။
- သင့်ကွန်ပျူတာအား sleep (suspend သို့မဟုတ် hibernate) မပြုလုပ်မှီ ဖြစ်စေ၊ အဖုံးမပိတ်ခင်ဖြစ်စေ။
- တစ်စုံတစ်ယောက်ကို သင်ကွန်ပျူတာ အသုံးပြုခွင့်မပေးခင်။ ထို့အပြင် လပ်ပ်တော့ကို လုံခြုံရေး စစ်ဆေးဂိတ်သို့မဟုတ် နယ်စပ်ဖြတ်ကျော်ဂိတ်များမှ တဆင့် ယူဆောင်သောအခါ ဝှက်စာစနစ်ပြုလုပ်ထားသော volumes များကို ချိတ်ဆက်မှုဖြတ်တောက်စေပြီး ကွန်ပျူတာကို လုံးလုံး ပိတ်ချထားရန် အရေးကြီးသည်။
- စိတ်ချယုံကြည်ရခြင်းမရှိသော USB စတစ်များ (သူငယ်ချင်း နှင့် လုပ်ဖော်ကိုင်ဖက်များပိုင်ဆိုင်သည်ဖြစ်စေ)ကို မထိုးသွင်းခင်။
သူခိုးဆော့ဝဲလ်များရန်မှ ကာကွယ်ပါ
ဝှက်စာစနစ်ဖြင့် ကာကွယ်ခြင်းသည် သင့်အနေဖြင့် သင်၏ စကားဝှက် အား ထည့်သွင်းနေစဥ် သင့်အား စောင့်ကြည့်နေပြီးသားသူ မရှိမှသာ လုံခြုံမည်ဖြစ်သည်။ အန္တရာယ်ပြုနိုင်သော သူခိုးဆော့ဖ်ဝဲများဖြစ်သည့် စပိုင်ဝဲတို့ မှ စောင့်ကြည်နေခြင်းသည် သင့်၏ အချက်အလက်များကို ကာကွယ်ရာ၌ ထိရောက်မှု မရှိစေသည့် အကြောင်းရာများဖြစ်သောကြောင့် သင့်စက်ပစ္စည်း များအား Security in a Box ၏ သူခိုးဆော့ဖ်ဝဲ များရန်မှ ကာကွယ်နည်း ကို ဖတ်ရှု ပြီး သန့်ရှင်းစွာ အသုံးပြုသင့်သည်။
သင်စိတ်ချယုံကြည်မှုမရှိသော စက်ပစ္စည်းတွင် ဝှက်စာစနစ်ဖြင့်ကာကွယ်ထားသော drive ကိုမသုံးပါနှင့်
- ရန်သူသည် အင်တာနက်ကဖေးဆိုင်မှ ကွန်ပျူတာ တစ်ခုကဲ့သို့ သင့်၏ ထိန်းချုပ်မှုမရှိသော စက်ပစ္စည်းတွင် သင့်ကိုစောင့်ကြည့်ရန် သူခိုးဆော့ဖ်ဝဲ များထည့်သွင်းထားနိုင်သည်။ ဤကဲ့သို့ သင်၏ စကားဝှက် ကိုခိုးယူပြီး ဝှစ်စာဖြည်ကာ ထိရှလွယ်သည့် အချက်အလက်များကို ခိုးယူရန် ကြိုးပမ်းနိုင်သည်။
ဤကဲ့သို့ အကြံပြုရသည့် အကြောင်းရင်းမှာ
သောခတ်ထားသည့် မီးခံသေတ္တာ နှင့် အလားတူ၊ ၄င်းမီးခံသေတ္တာ မည်မျှ ခိုင်ခံစေကာမူ၊ သော့ဖွင့်ပြီး တံခါးဖွင့်ထားခြင်း သို့မဟုန် တစ်ဦးတစ်ယောက်ရှေ့တွင် မသိပဲ မီးခံသေတ္တာ ဖွင့်ခြင်း ပြုလုပ်ပါက လုံခြုံမည်မဟုတ်ပေ။
ယုံကြည်စိတ်ချရသော စက်ပစ္စည်း အရောင်းကိုယ်စားလှယ်များနှင့် ပြုပြင်ရေးဆိုင်များကိုသာ သုံးပါ
- လက်လွှဲ (second hand) ဝယ်ယူခြင်းဖြစ်ပါက အဆိုပါ စက်ပစ္စည်းအား သူခိုးဆော့ဖ်ဝဲအစရှိသည်တို့ ကင်းစင်စေရန် ကြည်ရသောသူများထံ စစ်ဆေးစေပါ။
- သင့်ရန်သူများ အနေဖြင့် သင်စက်ပစ္စည်း တစ်ခုခု မဝယ်ယူခင်က ပင် သူခိုးဆော့ဖ်ဝဲ အစရှိသည်တို့ ကို ကြိုတင် ထည့်သွင်းထားနိုင်လောက်သည့် အနေအထား၊ လုပ်နိုင်စွမ်း နှင့် ဆန္ဒရှိနေနိင်သည်ဆိုပါက၊ ယုံကြည်ရလောက်သော အရောင်းကိုယ်စလှယ်ကို သေချာစွာရှာဖွေပေါ။
- သင့်စက်ပစ္စည်း ပြုပြင်ရန်လိုအပ်ပါက စိတ်ချယုံကြည်ရသော ပြင်ဆိုင်တွင်သာအပ်ပါ။
ဤကဲ့သို့ အကြံပြုရသည့် အကြောင်းရင်းမှာ
သင့်အနေဖြင့် second hand စက်ပစ္စည်းဝယ်ယူသည့် အနေအထားနှင့် ပြုပြင်ရန် ဆိုင်ပို့ထားသော အနေအထားများတွင် ရန်သူများ အနေအဖြင့် သင့်ဖိုင်များကို ရယူရန် ကြိုးပမ်းနိုင်သည်။ Second hand စက်ပစ္စည်း များတွင် သူခိုးဆော့ဖ်ဝဲ နှင့် စပိုင်ဝဲ များပါလာနိုင်သောကြောင့် အသစ်ဝယ်ယူခြင်းသည် အကောင်းဆုံးဖြစ်သည်။ ပြုပြင်ဆိုင်များသည်လည်း ဖောက်သည်များအထံ မှ အချက်အလက်များကို ခိုးယူခြင်း ရောင်းချခြင်းတို့ ပြုလုပ်လေ့ရှိတတ်ကြသည်။ ထို့အကြောင့် ယုံကြည်ရသော ပြုပြင်ဆိုင်တွင်သာ အပ်နှံပါ။
သင်သည် လူသိထင်ရှားသူ ပုဂ္ဂိုလ် ဖြစ်ပါက၊ စပ်စုချင်စိတ် မဖြစ်စေရန် ပြင်ဆိုင်များနှင့် တိုက်ရိုက် အဆက်အဆံ မပြုလုပ်ရန် နှင့် ယုံကြည်ရသော သူကို သာအပ်နှံစေပါ။