Assess & Plan › ရုပ်ပိုင်းဆိုင်ရာခြိမ်းခြောက်မှုများမှ ကာကွယ်ခြင်း

ရုပ်ပိုင်းဆိုင်ရာခြိမ်းခြောက်မှုများမှ ကာကွယ်ခြင်း

နောက်ဆုံးပြင်ဆင်ထားသော 9 April 2024

မာတိကာ

...မာတိကာ စတင်နေသည်...

    ထိခိုက်လွယ်သော သတင်းအချက်အလက်များကိုကာကွယ်ရန် ကျွန်ုပ်တို့သည် များစွာသော ဒစ်ဂျစ်တယ်နည်းစနစ်များကို အသုံးပြုပါသည်။ သို့သော် ၎င်းသည် အချက်အလက် လုံခြုံရေး၏ အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်ပါသည်။ သင်၏ သင့်စက်ပစ္စည်း နှင့် အချက်အလက်များကို ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ ကာကွယ်ရန်ကြိုးစားထားမှုများ အားလုံးသည် အဆိုပါ စက်ပစ္စည်း ပျောက်ဆုံးသွားခြင်း၊ ခိုးယူခံရခြင်း၊ လက်ဆော့ခြင်း၊ သိမ်းဆည်းခံရခြင်း သို့မဟုတ် ပျက်စီးမှု နှင့် ကြုံတွေ့ရသည့်အခါ သဲထဲရေသွန်သဖွယ် အချည်းနှီး ဖြစ်သွားပါလိမ့်မည်။ ထို့ကြောင့် ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးအတွက် အစီအမံများ ပြုလုပ်ထားခြင်းသည် သင့်စက်ပစ္စည်းများကို ဒစ်ဂျစ်တယ်စနစ်ဖြင့် ကာကွယ်ခြင်း နှင့် အလားတူ အရေးကြီးပါသည်။

    မိမိ၏ အန္တရာယ် ကျ‌ရောက်နိုင်ခြေကို ဂရုပြုဆန်းစစ်ခြင်း၊ မိမိ ၏ လုပ်ငန်းခွင် လုံခြုံရေးအား ဂရုတစိုက် စီမံခြင်း နှင့် လုံခြုံရေးဆိုင်ရာ မူဝါဒ နှင့် အစီအမံများ ရေးဆွဲထားခြင်း ဖြင့် ရုပ်ပိုင်းဆိုင်ရာ ဘေးအန္တရာယ် နှင့် ခြိမ်းခြောက်မှုများကို ကာကွယ်ရှောင်လွှားနိုင်မည်ဖြစ်သည်။ သင့်အနေဖြင့် အဖွဲ့အစည်း အနေဖြင့် အလုပ်လုပ်နေခြင်း ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ၊ သင်ကိုယ်တိုင်၊ သင့်မိသားစု နှင့် သင့် လုပ်ဖော်ကိုင်ဖက်များအတွက် လမ်းညွှန်ချက်နှင့် တုံ့ပြန်မှုအစီစဥ်များကို ရေးဆွဲထားခြင်းသည် ကောင်းမွန်သော အလေ့အထကောင်းတစ်ခု ဖြစ်ပါသည်။

    မဿမာသူများနှင့် နှင့် နိုင်ငံရေးအရ သင့်အား ပစ်မှတ်ထား တိုက်ခိုက်သူများသည် သင့်အချက်အလက်များကို ရယူလိုကြပါသည်။ ၎င်းတို့သည် သင့်အလုပ်နှင့် သက်ဆိုင်သည့် ထိခိုက်လွယ်သော အချက်အလက် သို့မဟုတ် ငွေကြေးဆိုင်ရာ အချက်အလက်များ၊ သင့်အားခြိမ်းခြောက်ရန် သို့မဟုတ် အယောင်ဆောင်ရန် အသုံးပြုနိုင်သည့် ကိုယ်ရေးကိုယ်တာအသေးစိတ်အချက်အလက်များကို ရှာဖွေနေပေမည်။ အဆိုပါတိုက်ခိုက်မှုများသည် အခြားသူများ ထံမှ ရရှိလာသော - ဥပမာအားဖြင့် - အဆက်အသွယ်လိပ်စာအချက်အလက်များ၊ အင်တာဗျူးများ၊ ခံဝန်ဖြင့် ဖော်ထုတ်မှုများ နှင့် သက်သေများ၊ နစ်နာသူများ ၏ အချက်အလက်များ - ကဲ့သို့အချက်အလက်များ မှတစ်ဆင့်ခြေရာခံ၍ သင့်အား ပစ်မှတ်ထား တိုက်ခိုက်လာခြင်းများရှိနိုင်သည်။ နိုင်ငံ‌ရေးအရ တိုက်ခိုက်မှုများနှင့် မဿမာသူများမှ ပစ်မှတ်ထားခြင်း များသည် ခွဲခြားရ ခက်လေ့ရှိပြီး ထိခိုက်လွယ်သော အချက်အလက်များခိုးယူရန် ကြိုးပမ်းမှုသည် တစ်ခါတစ်ရံ၌ စက်ပစ္စည်း ခိုးယူရန် ကြိုးပမ်းမှုနှင့် ဝေခွဲရခက်နိုင်ပါသည်။

    သင့်အနေဖြင့် ကာကွယ်ရေး အစီအမံများ ချမှတ်ရာတွင် ပါဝင်ပတ်သတ်သူ အားလုံး၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး (well-being)ကို ‌အရေးပါသော အစိတ်အပိုင်းတစ်ခုအနေဖြင့် ထည့်သွင်း စဥ်းစားသင့်ပါသည်။ ဤ အတွက် ပိုမိုလေ့လာလိုပါက Front Line Defender ၏ ကျန်းမာခြင်း နှင့် စိတ်ဖိစီးမှု စီမံခန့်ခွဲမှုဆိုင်ရာ လေ့လာဖွယ်ရာများ ကို လေ့လာနိုင်ပါသည်။

    သင်၏ ရုပ်ပိုင်းဆိုင်ရာကာကွယ်မှု အစီအမံများကို ဆောင်ရွက်ရာတွင် ထိရှလွယ်သော အချက်အလက်များစွာကို ဖလှယ်ခြင်း၊ သိမ်းဆည်းခြင်းများ ပြုလုပ်ရနိုင်ပါသည်။ ထို့ကြောင့် ထိခိုက်လွယ်သော သတင်းအချက်အလက်ကာကွယ်ရန် နှင့် အွန်လိုင်းဆက်သွယ်ရေးအားလုံခြုံအောင်ကာကွယ်ရန် လိုအပ်နိုင်ပါသည်။

    ရုပ်ပိုင်းဆိုင်ရာလုံခြုံရေးအစီအစဉ်အားမြှင့်တင်ရန် အောက်ပါအဆင့်များဖြင့်စတင်ပါ။

    အကုန်အကျနည်း ပြီး နည်းပညာအရ ရိုးစင်း သည့် လုံခြုံရေးအစီအမံများကို စဉ်းစားပါ

    • ရုပ်ပိုင်းဆိုင်ရာလုံခြုံရေးအတွက် အစီအမံများ ရေးဆွဲရာတွင် ကုန်ကျနိုင်ခြေရှိသည်များကို ထည့်တွက်ထားရန် လိုအပ်သော်လည်း ငွေပေး၍ လုံခြုံရေးရယူခြင်းသည် တစ်ခုထဲသော နည်းလမ်းမဟုတ်ပါ။ သင့် အပြုအမူများ၊ လုပ်ထုံးလုပ်နည်းများ၊ အဖွဲ့လိုက် အချိတ်အဆက်မိ့မိ့ ဆောင်ရွက်မှုများ၊ ပြင်ဆင်မှု၊ စီစဉ်မှု၊ လေ့ကျင့်မှု၊ အချိန်နှင့် သင်ယူမှုအားလုံး ကို ငွေကြေးကုန်ကျမှုများ မရှိပြ ပြင်ဆင်မွမ်းမံနိုင်ပါသည်။
    • ရိုးရှင်းပြီး ထိရောက်နိုင်သည့် ကာကွယ်မှု အစီအမံများကို စိတ်ကူးဉာဏ်ရွှင်ရွှင်ဖြင့် စဥ်းစားကြည့်ပါ - ဥပမာအားခြင့် နောက်ဆုံးပေါ်စောင့်ကြည့်ရေး ကင်မရာ ဝယ်ယူမည့်အစား အိမ်စောင့်ခွေး တစ်ကောင်မွေးမြူနိုင်သည်။ ဂျပန်နိုင်ငံမှ ရဲတိုက်ခံတပ်များတွင် ကျူးကျော်သူများကို အလွယ်တကူ သိရှိရှာဖွေနိုင်ရန် နင်း လိုက်ပါက တစ်ကျွိကျွိအသံမြည်စေ သည့် ကြမ်းခင်းများဖြင့် လုံခြုံရေးစီမံထားသည်။
    • တစ်ခုထပ်ပိုသော မတူညီကွဲပြားသည့် လုံခြုံရေးဆိုင်ရာအစီအမံများပြုလုပ်ထားပါ။ လွန်းတင်ထားသည့် ကြိုးတစ်ချောင်းကဲ့သို့ လွန်းထားသည့် ကြိုးများလာသည်နှင့်အမျှ ခံနိုင်ဝန် ပိုကောင်းလာမည်ဖြစ်သည် ။
    အဘယ့်ကြောင့် ဤကဲ့သို့ ကိုအကြံပြုသည်ကို လေ့လာပါ

    လုံခြုံရေးစေရန် အဆင့်မြင့်နည်းပညာများ မဖြစ်မနေ မလိုအပ်ပါ။ သင်၏ဘိုးဘေးများကို တွေးကြည့်ပါ၊ ၄င်းတို့သည် နောက်ဆုံးပေါ် အီလက်ထရွန်းနစ် အချက်ပေးစနစ်များ လုံခြုံသောစတီးလ်တံခါးများ မရှိပဲ၊ စောင့်ကြည့်ကင်မရာများမပါဘဲ ၊ လျှပ်စစ်မီးမရှိဘဲ လုံခြုံစွာနေခဲ့သည်။ ဤလုံခြုံရေး အခြေခံမူများသည် မပြောင်းလဲသေးပါ။

    နောက်ဆုံးပေါ် မီးသတ်ဆေးဘူးကို မဝယ်နိုင်ပါက အခြားမည်သည့်အရာများဖြင့် မီးငြှိမ်းသတ်နိုင်မည်နည်း? သဲ၊ ရွှံ့ သို့မဟုတ် သိုးမွှေးစောင်များသည် ရှေးလူတို့အသုံးပြုခဲ့သောအရာများဖြစ်သည်၊ ယခုထိလည်း တွင်လည်း ဤနည်းလမ်းများသည် အလုပ်ဖြစ်သေးသည်။ "ငါကတော့ဖြင့် နောက်ဆုံးပေါ် မီးသတ်ဆေးဘူးတွေ မဝယ်နိုင်ဘူး၊ ဒါကြောင့် မီးမငြိမ်းနိုင်ဘူး" ဆိုသည်ကို ပြောခြင်းထက် တီထွင်ကြံဆပါ၊ ဖန်တီးနိုင်စွမ်းရှိပါ၊ အကြံပြုထားသည့် လုံခြုံရေးအဆင့်များကို နောက်ကွယ်မှ ယုတ္တိ နှင့် အကြောင်းရင်း ကို ရှာဖွေသုံးသပ်ပါ။

    မတူညီသော လုံခြုံရေးအစီအမံများစွာကို အသုံးပြုခြင်းအား "အဆင့်ဆင့် ခုခံမှု" ဟုခေါ်သည်။ အစီအမံတစ်ခုစီသည် ရှုံးနိမ့်နိုင်သည် သို့မဟုတ် ကျရှုံးနိုင်သည်၊ သို့သော်လည်း အဆိုပါအစီအမံများ၏ ပေါင်းစပ်မှုက သင့်ကို တစ်ဆင့်စီ ကာကွယ်ပေးသည်။ သင့်တွင် လုံခြုံရေး အစီမံ အလွှာများ များလေလေ သင်၏ လုံခြုံရေး အစီအစဉ် အားကောင်းလေ ဖြစ်သည်။

    မိသားစု၊ လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးမူဝါဒတစ်ခု ဖန်တီးပါ

    • အကယ်၍ သင်သည် အခြားသူများနှင့် အတူတကွ နေထိုင်နေရပါက သို့မဟုတ် ရုံးခန်းတစ်ခုထဲကို အခြားအဖွဲ့အစည်းတစ်ခုနှင့် မျှဝေ သုံးစွဲနေရပါက လုံခြုံရေးအကြောင်း ၎င်းတို့နှင့် ဆွေးနွေးပါ။ တစ်ယောက် နှင့် တစ်ယောက် သို့မဟုတ် ဧည့်သည်များဆီမှ မည်သို့သောအပြုအမူများ မျှော်လင့်နိုင်သည် ကို ကြိုးစားဆွေးနွေး ဆင်ခြင်ပါ။
    • ပတ်ဝန်းကျင် အိမ်နီးနားချင်း အနေအထားကို ကိုလေ့လာပါ၊ နားလည်အောင်ပြုလုပ်ပါ။ သင့် လုပ်ငန်း အနေအထားပေါ် မူတည်ဤ ၄င်းတို့သည် အောက်ပါအတိုင်း နှစ်မျိုးဖြစ်နိုင်သည် :
      • အိမ်နီးနားချင်းများသည် သင့်အိမ် သို့မဟုတ် ရုံးကို စောင့်ကြည့်ရန် ကူညီပေးနိုင်သည့် မဟာမိတ်များ ဖြစ်လာနိုင်သည်။
      • သို့မဟုတ် ၄င်းတို့သည် ခြိမ်းခြောက်နိုင်ခြေအလားအလာရှိသော သင်ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည့် စာရင်းတွင် ပါဝင်နေသောအရာတစ်ခု ဖြစ်လာပါလိမ့်မည်။
    • လုံခြုံရေးမူဝါဒလုပ်ငန်းစဥ် အတွက် ဆွေးနွေးရေးဆွဲရန် အချိန်ကို သတ်သတ်မှတ်မှတ် ဖယ်ထားပါ။
      • လုပ်ဖော်ကိုင်ဖက်များအနေဖြင့် ပူးပေါင်းပါဝင်နိုင်စေရန် ၎င်းတို့နှင့် ညှိနှိုင်းဆောင်ရွက်ပါ။
      • အိမ်တွင်း လုံခြုံရေးအစီအမံ များပြုလုပ်သည့်အခါတွင်လည်း မိသားစုဝင်များနှင့် ညှိနှိုင်းဆောင်ရွက်ပါ။
      • ပါဝင်သူ လူတိုင်းအနေဖြင့် ဤ အစီအမံများအား ဆောင်ရွက်ရသည့် အကြောင်းရင်း နှင့် လုပ်ဆောင်ရမည်များကို ဆွေးနွေးအဖြေရှာနိုင်စေရန် လုံလုံလောက်လောက် အချိန်ယူပါ။
      • လုံခြုံရေးမူဝါဒ တွင် ပါဝင်သော အဆင့်များ နှင့် ဆောင်ရွက်ဖွယ်ရာများကို လုပ်ဖောင်ကိုင်ဖက်များ နှင့် မိသားစုဝင်များ အနေဖြင့် လိုက်နာဆောင်ရွက်နိုင်ရန် လိုအပ်နိုင်သည့် ပံပိုးမှုများကို ဖော်ထုတ်ပါ၊ ထို့အတူ အဆိုပါ ပံပိုးမှုများကို ထောက်ပံနိုင်ကြောင်း သင့်အနေဖြင့် သေချာပါစေ။
    • မူဝါဒကို ပြန်လည်သုံးသပ်နိုင်ရန် လည်း အချိန်/နေ့ရက်များအားဖြင့် သတ်မှတ်ထားပါ။
    • လုံခြုံရေး နှင့် ကာကွယ်ရေး စွမ်းရည်များ မြှင့်တင်နိုင်ရန် လေ့ကျင့်ခန်းများ နှင့် အကြိုလေ့ကျင့်မှုများ ဆောင်ရွက်နိုင်ရန် လည်း သတ်မှတ်ချိန်းဆိုပါ။
    • လုံခြုံရေး ကျိုးပေါက်မှု များနှင့် ပတ်သတ်သော အချက်အလက်များကို မျှဝေဆွေးနွေးနိုင်စေရန်လည်း မျှဝေမှုဆိုင်ရာ လုပ်ငန်းစဥ်များနှင့် ရည်မှန်းချက်၊ မျှော်မှန်းချက်များကို ချမှတ်ပါ။
    • အဆိုပါ မူဝါဒဆိုင်ရာ စာရွက်စာတမ်းများကို အလွယ်တကူ လက်လှမ်းမှီနိုင်သော အနေအထားဖြင့် သိမ်းဆည်းပါ၊ အရန်အနေဖြင့်လည်း သိမ်းဆည်းပါ။
    • အဆိုပါ မူဝါဒ များအား အဖွဲ့အစည်းသို့ ဝင်ရောက်မည့် လူသစ်များထံ မိတ်ဆက် ပို့ချမည့် အစီအစဥ်ကိုလည်း ချမှတ်ပါ။
    • Front Line Defender ၏ လုံခြုံရေး ဆိုင်ရာ လက်စွဲစာအုပ် ကိုဖတ်ရှုပြီးလည်း လုံခြုံရေးမူဝါဒ တစ်ခုဖိန်တီးရာတွင် အသုံးဝင်သော အကြံပြုချက်များကို ရယူနိုင်ပါသည်။
    • Access Now ဒစ်ဂျစ်တယ် လုံခြုံရေး Helpline ၏ မျှဝေထားသော အရင်းအမြစ် များတွင်လည်း လုံခြုံရေးမူဝါဒ များကို နမူနာ အနေဖြင့် ရယူနိုင်ပါသည်။
    အဘယ့်ကြောင့် ဤကဲ့သို့ ကိုအကြံပြုသည်ကို လေ့လာပါ

    အရေးပေါ်အခြေအနေများကြုံရသည့်အခါ ကျွန်ုပ်တို့၏ ရှင်းလင်းစွာတွေးခေါ်နိုင်စွမ်း ပျောက်ဆုံးသွားတတ်သည်။ ထို့ကြောင့် သင်၏လုံခြုံရေး အစီအမံများကို မူဝါဒစာတမ်းတစ်ခုတွင် ရေးသားထားသင့်သည်၊ ထို့အတူ အခြေအနေအနေအထား ပြောင်းလဲသည်နှင့်အမျှ ထိုမူဝါဒကို ပြန်လည် သုံးသပ်ပြင်ဆင်ခြင်း ပြုလုပ်သင့်သည်။ ထို့အပြင် သင်၏ လုပ်ဖော်ကိုင်ဖက် သို့မဟုတ် မိ့သားစုဝင်များနှင့် ကို ပါဝင်စေပြီး အဆိုပါ မူဝါဒ စာရွက်စာတမ်းကို ပြုလုပ်ပါ၊ ထို့မှသာ တစ်ဦးချင်းအနေဖြင့် အားလုံးကို သိရှိလိုက်နာနိုင်မည်ဖြစ်သည်။ ဤကဲ့သို့ ချဉ်းကပ်ခြင်း အားခြင့် မူဝါဒ ချမှတ်သည့်လုပ်ငန်းစဥ်အနေဖြင့် အချိန် ပိုမို လိုအပ်နိုင်သော်လည်း ဤသို့ကြိုတင်လုပ်ဆောင်ခြင်းသည် အသေးအမွှားများသာမက အရေးကြီးသော အသေးစိတ်အချက်အလက်များကို လူတိုင်းတပြေးညီ သိရှိလိုက်နာနိုင်မည် ဖြစ်သည်။

    အရေးပေါ်အခြေအနေအတွက် ဆက်သွယ်ရေးအစီအမံ ထားရှိပါ

    သင်၏ အိမ်နှင့်ရုံး နှစ်ခုစလုံးအတွက် အစီအစဉ်တစ်ခုထားရှိရန် အရေးကြီးပါသည်။ အောက်ပါအချက်အလက်များကို ထည့်သွင်းစဉ်းစားပါ :

    • သင့်မိတ်ဆွေများနှင့် ထောက်ခံသူအသိုင်းအဝိုင်းတွင်းမှ သင့်အား ကူညီနိုင်မည့်သူများ။
    • အရေးပေါ်အဆက်အသွယ်များနှင့် ဝန်ထမ်းများ၏ ကျန်းမာရေးအခြေအနေများ။
    • မီးဘေး၊ ရေဘေး သို့မဟုတ် သဘာဝ ဘေးကိစ္စရပ်များအတွက် ဆက်သွယ်ရန်။
    • ဖောက်ထွင်းမှု သို့မဟုတ် ရုံးခန်းသို့ ဝင်ရောက်စီးနင်းမှုအား တုံ့ပြန်မည့် အစီအစဥ်။
    • စက်ပစ္စည်း ပျောက်ဆုံးသွားပါက သို့မဟုတ် ခိုးယူခံရပါက လုပ်ဆောင်ရမည့် အဆင့်များ။
    • ထိရှလွယ်သော အချက်အလက်များ ဖော်ထုတ်လိုက်ရခြင်း သို့မဟုတ် ပျောက်ဆုံးပျက်စီးခြင်း တို့ ဖြစ်ပေါ်လာပါက အကြောင်းကြားရမည့် အစီအမံများ။
    • လုပ်ငန်းခွင် ပြင်ပ ရှိ အရန်သိမ်းဆည်းထားသော စနစ် မှ အချက်အလက်များကို ပြန်လည်ရယူရမည့် အဆင့် နှင့် စီမံမှုများ။
    • အရေးကြီးပြီး ထိရှလွယ်နိုင်သော အရေးပေါ် ပြုပြင်မှုများအတွက် ဆောင်ရွက်ရမည့် လမ်းစဥ်များ။
    • လျှပ်စစ်ဓာတ်အား၊ ရေနှင့်အင်တာနက်အသုံးပြုမှုကဲ့သို့သော ဝန်ဆောင်မှုပေးသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ရမည့် အစီအမံလမ်းစဥ်များ။

    သင့် အစီအမံ မှာ ဘာတွေ ပါသင့်သလဲ?

    သင်၏ အန္တရာယ်ကျရောက်နိုင်ခြေများနှင့် လုံခြုံရေးအားနည်းချက်များကို အကဲဖြတ်ပြီ နိုင်ဖို့ အောက်ပါမေးခွန်းများ ဖြေကြည့်ပါ:

    • သင့်အချက်အလက်များသည် မည်ကဲ့သို့ ပျောက်ဆုံးသွားနိုင် သို့မဟုတ် ကျိုးပေါက် သွားနိုင်မည်နည်း?
    • ထိုကဲ့သို့ဖြစ်ခဲ့ပါက မည်သည့် အကျိူးဆက်တို့ရှိနိုင်မည်နည်း?
    • သင့်အနေဖြင့် မည်သည့်စက်ပစ္စည်းများကို အသုံးပြုသနည်း?
      • ပစ္စည်း စာရင်း ပြုစုပါ။
      • စက်ပစ္စည်းများ၏ serial အမှတ်စဉ်နံပါတ်များ နှင့် သွင်ပြင်ဆိုင်ရာ ဖော်ပြချက်များ ကိုပါ မှတ်တမ်းပြုလုပ်ပါ။
      • ထို့အတူ စက်ပစ္စည်းတစ်ခုချင်းစီတွင် ချိတ်ဆက်ထား သော တွင် မည်သည့်ဝန်ဆောင်မှုများ (ဥပမာ ဆိုရှယ်မီဒီယာအကောင့်၊ ချိတ်ဆက်ထားသည့် ပြက္ခဒိန်များ၊ အီးမေးလ်အကောင့်များ၊ cloud ဖိုင်သိုလှောင်မှု စသည်တို့ကို) ကိုလည်း ထည့်သွင်းရေးမှတ်ပါ။
    • ထို့အတူ ၄င်းတို့၏ ထားရှိတတ်ရာ နေရာများ၊ သိမ်းထားတတ်သည့် နေရာများ။
      • ဒေါင့်စေပါစေ: သင့်အိမ်/ရုံးတွင်ရှိသော အချက်အလက်များသာမက: တစ်စုံတစ်ယောက်၏ ခရီးဆောင်အိတ်ထဲ၊ အမှိုက်ပုံးထဲ သို့မဟုတ် "အင်တာနက် ဒေါင့်တစ်နေရာ" (ဥပမာအားဖြင့် လူသိမများသော လူမှုကွန်ယက်များ၊ သို့မဟုတ် ဝန်ဆောင်မှုများ တွင်ရှိသည့်) တွင်ရှိနိုင်သည့် အချက်အလက်များကိုပါ ထည့်သွင်းစဥ်းစားပါ။
    • အလုပ်နှင့်သက်ဆိုင်သော ကိစ္စများအတွက် ကိုယ်ပိုင်စက်ပစ္စည်းများကို မူဝါဓ အရ အသုံးပြုခွင့် ပြုမည်လော?
    • မည်သည့်ဆက်သွယ်ရေးလမ်းကြောင်းများကို သင်အသုံးပြုသနည်း၊ ၎င်းတို့ကို သင်မည်ကဲ့သို့အသုံးပြုသနည်း?
      • ဥပမာများအနေဖြင့် စာများ၊ ဖက်စ်များ၊ မိုဘိုင်းစက်ပစ္စည်းများ၊ လိုင်းဖုန်းများ၊ အီးမေးလ်များ၊ ဗီဒီယိုခေါ်ဆိုမှုများ၊ ဆိုရှယ်မီဒီယာနှင့် လုံခြုံသော စာတိုပေးပို့ခြင်း ပလက်ဖောင်းများ ပါဝင်သည်။
    • အရေးကြီးပြီး ထိလွယ်ရှလွယ်သောသတင်းအချက်အလက်များကို သင်မည်သို့ သိမ်းဆည်းသနည်း?
      • ကွန်ပျူတာ hard drive များ၊ အီးမေးလ်နှင့် ဝက်ဘ်ဆာဗာများ၊ USB memory stick များ၊ ပြင်ပ hard drive များ၊ မိုဘိုင်းလ်ဖုန်းများ၊ ပုံနှိပ်စာရွက်နှင့် လက်ရေးမှတ်စုများသည် အချက်အလက်များ ရှိနေနိုင်သည့် နေရာများ ဖြစ်သည်။
        • အချက်အလက် သိမ်းဆည်းထားသမျှ စက်ပစ္စည်းများတွင် ဝှက်စာစနစ်ဖြင့် ကာကွယ်ထားခြင်း ရှိ၊ မရှိ၊ အရန်သိမ်းဆည်းထားခြင်း ရှိ၊ မရှိ နှင့် ဝှက်စာဖော်နိုင်သော စကားဝှက် ကို မည်သူသိသနည်း၊ အစရှိသည့် အချက်အလက်များကို သင့်လုံခြုံရေး အစီအမံတွင်း ထည့်သွင်းစဉ်းစားပါ။
      • See the chapter on protecting your sensitive information and our basic security guides on encrypting your devices and setting screen locks to learn how to stop anyone who gets physical access to your device from getting access to your files.
    • မလိုအပ်တော့သည့် ထိခိုက်လွယ်သောဒေတာကို မည်ကဲ့သို့ဖျက်မည်နည်း?
      • ထိလွယ်ရှလွယ်သည့်သတင်းအချက်အလက်များပါရှိသော စက္ကူ အမှိုက်များအား မည်ကဲ့သို့ လုံခြုံစွာစွန့်ပစ်မည်နည်း?
      • အသုံးမလိုတော့ သည့် စွန့်ပြစ်လိုသော စက်ပစ္စည်းများမှ ထိခိုက်လွယ်သော အချက်အလက်များကို မည်ကဲ့သို့ ဖယ်ရှားမည်နည်း?
      • အချက်အလက်များကို လုံခြုံစွာ ဖျက်နိုင်ရန် (ကျွန်ုပ် တို့၏ ထိရှလွယ်သော အချက်အလက်များ ဖျက်နည်း)(../../files/destroy-sensitive-information/) ကိုလေ့လာပါ။
    • ခရီးသွားလာရေးအတွက် ထားရှိသည့် သင့်အစီအစဉ်က မည်သို့နည်း?
      • သင်၊ သင့်လုပ်ဖော်ကိုင်ဖက်များနှင့် မိသားစုဝင်များ အနေဖြင့် အခြေအနေအမျိုးမျိုးတွင် လူဝင်မှုကြီးကြပ်ရေးနှင့် နယ်စပ်လုံခြုံရေးဝန်ထမ်းများနှင့်ဆက်ဆံရပါက မည်ကဲ့ သို့ ဆက်ဆံတုံ့ပြန်မည်နည်း?
      • ရာဇဝတ်မှုမြောက်သည်ဟု ထင်မြင်ယူဆစေနိုင်သည့် ထိရှလွယ်သော အချက်အလက် သို့မဟုတ် ဆော့ဖ်ဝဲများ အားလုံးကို သင် မည်သို့ကိုင်တွယ်မည်နည်း?
      • ခရီးသွားအမခံ ရှိမရှိ နှင့် ရှိပါက မည့်သည့်အချက်အလက်များ လိုအပ်သနည်း?
      • ခရီးစဥ်တွင် မပါဝင်သည့် တစ်ဦးဦးမှ အဖော်အနေ ဖြင့်သတ်မှတ်၍ ခရီးသွားသူအား အချိန်မှန် check in ဝင်စေခြင်း အစရှိသည်တို့ဖြင့် သင့် လုံခြုံရေးအစီအမံ ပိုမိုကောင်မွန်လာ စေနိုင်ပါသလား?
      • အကယ်၍ လုပ်ဖော်ကိုင်ဖက်တစ်ဦးသည် စီစဉ်ထားသည့်အတိုင်း check-in ဝင်ရောက်ရန် ပျက်ကွက်ပါက သင်မည်သို့ လုပ်ဆောင်မည်နည်း?
    • မတူညီသည့် အရေးပေါ်အခြေအနေ အမျိုးမျိုး တွင် သင်မည်သို့လုပ်ဆောင်မည်နည်း?
      • ဖိအားများသည့်အခြေအနေများအောက်တွင် ပိုမိုလွယ်ကူစွာလုပ်ဆောင်နိုင်စေရန် ဆောင်ရွက်ရန် အဆင့်များကို သေချာရှင်းလင်းစွာ စာရင်းပြုစုပါ။
      • တရားရေး နှင့် ဥပဒေပိုင်း ဆိုင်ရာ ပံ့ပိုးကူညီမှုရများ ရှိရေးအတွက်လည်း အချက်အလက်များကို ထည့်သွင်းထားပါ။
      • သင့်အိမ် သို့မဟုတ် ရုံးခန်းသို့ ဝင်ရောက်ရန် ကြိုးစားမည့် ဥပဒေအရာရှိများ၊ အိမ်ပိုင်ရှင်များနှင့် အခြားသူများကို ချေပတွန်းလှန်နိုင်ရန် သင့် အား အကာအကွယ်ပေးနိုင်မည့် ဥပဒေများကို ရှာဖွေထားပါ။
    အဘယ့်ကြောင့် ဤကဲ့သို့ ကိုအကြံပြုသည်ကို လေ့လာပါ

    ခိုးမှု၊ ဘေးအန္တရာယ် သို့မဟုတ် သိမ်းဆည်းခံရမှုကြောင့် သင့်စက်ပစ္စည်းများနှင့် စာရွက်စာတမ်းများ ဆုံးရှုံးပျောက်ဆုံးပါက မည်သို့ဖြစ်မည်ကို စဉ်းစားပါ။ မည်သူတို့ ထိခိုက်မည်နည်း? သင့် အနေဖြင့် အဆိုပါ အခြေအနေတွင် အလုပ်ကို ဆက်လုပ်နိုင်မည်လား။ အမျိုးမျိုးသောအန္တရာယ်များကို တွေးတောစဉ်းစားခြင်းဖြင့် သင့်အလုပ်အပေါ် ၎င်း ဘေးအန္တရာယ်တို့၏ အကျိုးသက်ရောက်မှုကို လျော့နည်းစေရန် လုပ်ဆောင်နိုင်မည်ဖြစ်သည်။

    အချက်အလက်များသည် တစ်နည်းနည်း အားဖြင့် ယိုပေါက်တစ်ခု အနေဖြင့် ဖြစ်လာနိုင်သည်။ ဥပမာအားဖြင့် သင့်အနေဖြင့် ထိရှလွယ်သော အချက်အလက်များကို USB စတစ်ဖြင့် သိမ်းဆည်းထားပါက သူခိုးဆော့ဖ်ဝဲများက ခြိမ်းခြောက်နိုင်ပြီး၊ အဆိုပါ စတစ် အား ပျောက်ဆုံးခြင်း အခိုးယူခံရခြင်းတို့ ဖြစ်နိုင်သည်။ ဤဖြစ်နိုင်ခြေများ အားလုံးကို ထည့်သွင်းစဥ်းစားပါ။ တစ်ချို့သော အစီအမံများ - ဥပမာအားဖြင့် သင့် ဖိုင်များအား ရုံးပြင်ပတွင်ရှိသော စက်ပစ္စည်းထဲ ထည့်သွင်းပြီး အရန်သိမ်းဆည်းထားခြင်း အစရှိသည်တို့သည် ဒစ်ဂျစ်တယ်နှင့် ရုပ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုများကို တွန်းလှန်ရာတွင် အထောက်အကူဖြစ်စေပါသည်။

    အလုံးစုံ "မှန်ကန်သော" မူဝါဒဟူ၍ မရှိပါ၊ သင့်အား အထောက်အကူပြုနိုင်မည့် မူဝါဒသည် သင့်အခြေအနေအပေါ် မူတည်ပါသည်။ ဥပမာအားဖြင့် သင်သည် ရုံးပြင်ပသို့ စက်ပစ္စည်းများကို သယ်ဆောင်သည့်အခါ ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များ ချမှတ်ရာတွင် တိတိပပ ချမှတ်ရန် လိုအပ်နိုင်သည်။ မြို့ထဲသွားလာသည့်အခါ လုံခြုံရေး အစီအမံ လိုပါသလား? နယ်စပ်ဖြတ်ကျော် ခရီးသွားသည့်အတွက် မူဝါဒ ချမှတ်ထားရန် လိုပါသလား? သို့မဟုတ် အခြားတစ်ဦးအား သင့်အိတ်အား သယ်လာစေမည်လော? ဆန္ဒပြပွဲသွားပါက သင့် စက်ပစ္စည်းအတွက် အန္တရာယ်ရှိနိုင်ပါသလား?

    ရုံးဝင်ခွင့်မူဝါဒကို ဖန်တီးပါ

    • သင့်မူဝါဒတွင် သော့ခွဲဝေကိုင်ဆောင်မှု၊ ကင်မရာများ နှင့် အချက်ပေးစနစ်များကဲ့သို့ စောင့်ကြည့်စနစ်များ နှင့်ပတ်သတ်သော အချက်အလက် များပါဝင်သင့်ပြီး ပစ္စည်းလာရောက်ပေးပို့သူများ၊ ပြင်ဆရာများ၊ သန့်ရှင်းရေးသမား အစရှိသူတို့နှင့် ဆက်ဆံရမည့် စဥ်းမျဉ်းများလည်း ပါဝင်သင့်သည်။
    • သင့်ရုပ်ပိုင်းဆိုင်ရာလုံခြုံရေးတွင် အောက်ပါအတိုင်း အဆင့်များသတ်မှတ်၍ ၎င်းတို့တစ်ခုချင်းစီ၏ ကာကွယ်မှုအတွက် အစီအစဉ်ဆွဲပါ:
      • သင့်နေထိုင်ရာ နေရာ၏ ခြံစည်းရိုး နှင့် အဆောက်အဦး နံရံများ၊
      • နံရံ/ခြံစည်းရိုးကြား နှင့် သင့်အဆောက်အဦး၏ တံခါးများနှင့် ပြတင်းပေါက်များ ကြား၊
      • သင့်အဆောက်အအုံ အတွင်း၊
      • နောက်ဆုံးအလွှာအနေဖြင့် ထိုအဆောက်အအုံအတွင်း တွင် အခြားအလွှာများ ကျိုးပေါက်ပါက လုံခြုံနိုင်မည့် အခန်းတစ်ခု ကို ရှာဖွေပါ၊ ထို့အတူ ဘေးလွတ်ရာပြေးနိုင်မည့် အစီအမံ လမ်းကြောင်းကိုလည်း ဖော်ဆောင်ထားပါ။
    • မည်သည့်နေရာများ တွင် ဧည့်သည်များလာရောက်သည်ကို ကန့်သတ်သင့်ကြောင်း ဆုံးဖြတ်ပါ။
    • ဖြစ်နိုင်လျှင် အခန်းများကို အစီအစဥ်ချရ၌ ပိုမိုကောင်းမွန်သော ကိုယ်ရေးကိုယ်တာလွပ်လပ်ခွင့် နှင့် လုံခြုံရေး အရ ချမှတ်ပါ:
      • ရုံးသို့ဝင်ရောက်သည့်အခါ ဧည့်သည်နှင့် တွေ့ဆုံနိုင်မည့် ဧည့်ကြိုဧရိယာတစ်ခု ဖန်တီးပါ။
      • သင်၏ ပုံမှန်အလုပ်နေရာနှင့် သီးခြားဖြစ်သော အစည်းအဝေးခန်းတစ်ခု ဖန်တီးပါ။
      • သင့်အိမ်အပြင်တွင် အလုပ်လုပ်ပါက၊ ဧည့်သည်များနှင့်တွေ့ဆုံသည့်အခါတွင် စာရွက်စာတမ်းများနှင့် ပစ္စည်းကိရိယာများကို အိပ်ခန်း သို့မဟုတ် အခြားသီးသန့်နေရာတစ်ခုသို့ ရွှေ့ရန် လိုအပ်နိုင်ပါသည်။
    • Apple၊ Google၊ Samsung၊ Sony အစရှိသည့် နာမည်ကြီးပြီး ယုံကြည်ရသော ရောင်းချသူများထံမှ စက်ပစ္စည်းများကို ဝယ်ယူရန် စဉ်းစားပါ။ နာမည်မရှိသော အမှတ်တံဆိပ်များဖြစ်သော စက်ပစ္စည်းများသည် သူခိုးဆော့ဖ်ဝဲအား ကြိုတင်ထည့်သွင်းထားနိုင်ပြီး လုံခြုံရေးမြင့်တင်မှုများ ကင်းမဲ့နိုင်သောကြောင့် ၎င်းပစ္စည်းတို့အား ဝယ်ယူခြင်းကို ရှောင်ကြဉ်ပါ။
    • သင့်မိတ္တူစက်များ၊ မော်နီတာများ၊ ပရိုဂျက်တာများနှင့် အခြားစက်ပစ္စည်းများတွင် USB၊ ethernet သို့မဟုတ် အခြားပလက်ပေါက်များ ရှိနိုင်ဖွယ်ရှိသည်။ ၎င်းတို့ကို လက်လှမ်းမမီသော သို့မဟုတ် အများသူငှာ နှင့် ဝေးရာတွင်ထားပါ၊ ထိုသို့ အကာအကွယ်ပြုလုပ်ခြင်းဖြင့် သင့်အား ထောက်လှမ်းနိုင်မည့် မည်သူမျှ စက်ပစ္စည်းကို ထည့်သွင်း၍ မရနိုင်စေရန်ဖြစ်သည်။
    အဘယ့်ကြောင့် ဤကဲ့သို့ ကိုအကြံပြုသည်ကို လေ့လာပါ

    ကျွန်ုပ်တို့သည် ဒစ်ဂျစ်တယ်ခြိမ်းခြောက်မှုများကို နည်းပညာပိုင်းအရသာ စဉ်းစားလေ့တွက်ဆလေ့ရှိကြသည်။ သို့သော် ဟက်ကာများသည် ၄င်းတို့ လိုချင်သော ထိရှလွယ်သော အချက်အလက်များကို ခိုးယူနိုင်ရန် တိုက်ခိုက်ရေးအဆင့်များ ထဲမှ တစ်ခုအနေဖြင့် သင့်၏နေရာတွင်းသို့ ဝန်ရောက်ခွင့်ရစေရန် "လူမှုရေးအရလည့်ဖျားခြင်း" မှတစ်ဆင့်လည်း ကြံဆနိုင်ကြသည်။ ထို့ကြောင့် ဤကဲ့ သို့ တိုက်ခိုက်မှုများရန်ကိုလျှော့ချနိုင်ရန် မည်သူမှ မည်သည့်နေရာသို့ သွားရောက်ခွင့်ရှိမရှိ ကန့်သတ်ထားသော မူဝါဒ များ နှင့် မည်ကဲ့သို့ကာကွယ်ရမည်ကို တွေးတောထားရမည်ဖြစ်သည်။

    သင့်အိမ်နှင့် ရုံးပြင်ပတွင် အလုပ်လုပ်သည့်အခါ

    • အများပြည်သူသုံး WiFi နှင့် အင်တာနက်ဆိုင်များသည် မလုံခြုံဟု ယူဆသင့်သည်။
    • လပ်တော့ ထည့်သည့် အိတ် နှင့် မတူသောအရာကို အသုံးပြု၍ သင့် လပ်တော့ ကိုသယ်ဆောင်ရန် စဉ်းစားပါ။
    • စက်ပစ္စည်းများကို အမြဲတမ်း သင့်အနီး တွင်ထားပါ။ အားသွင်းသည့်အခါ သင့်စက်ပစ္စည်းကို သင်မြင်ကွယ်တွင် မသွင်းမိ့ပါစေနှင့်။
    • ခရီးသွားလျှင် လုံခြုံရေးကေဘယ်ကြိုးဆောင်သွားရန် စဥ်းစားပါ၊ ထို့အတူ အဆိုပါကေဘေကြီးအသုံးပြုပြီး သင်အလုပ်လုပ်ရာနေရာတွင် လက်တော့ကို မလှုပ်ရှားနိုင်သော အရာတစ်ခုခုနှင့် တွဲထားသည့် အလေ့အကျင့် ကိုပြုလုပ်ပါ။ ခိုးယူလိုသူများသည် ဟိုတယ်ခန်းများ၊ ကော်ဖီဆိုင်များတွင် သင် အစာစားနေချိန် သို့မဟုတ် သန့်စဉ်ခန်းသွားနေစဉ် ဂရုမပြုမိသော ပစ္စည်းများကို အခွင့်ကောင်းယူနိုင်သည်။
    • ဟော်တယ်များတွင်ရှိသော မီးခံသတ္တာများကို ဟော်တယ်ဝန်ထမ်းများ အနေဖြင့် ၄င်းတို့၏ မာစတာသော့ဖြင့် ဖွင့်ယူနိုင်ကြောင်း မမေ့ပါနှင့်။

    စောင့်ကြည့်ရေးကင်မရာများနှင့် လှုပ်ရှားမှုဆင်ဆာများကိုအသုံးပြုရန်စဉ်းစားပါ

    • သတိပြုရန်မှာ သင့်အနေဖြင့် တစ်စုံတစ်ခုကြုံရပါက အလျှင်အမြန်သတိ‌‌‌ပေးချက် ရလိုပါက နည်းပညာမြင့်မားရန်မလိုအပ် ပဲ တံခါးဖွင့်သည့်အခါ အလိုအလျှောက်အသံမည်နိုင်မည့် ခေါင်းလောင်းသံ သို့မဟုတ် ခွေးဟောင်သံ သည်လည်း စော့ကြည့်ရေး CCTV ကင်ရာကဲ့သို့ပင် အလားတူ သို့မဟုတ် ပိုမို အလုပ်ဖြစ်နိုင်သည်။ စောင့်ကြည့်ရေး ကင်မရာစနစ် တပ်ဆင်ပါက တစ်ဦးဦး အနေဖြင့် စောင့်ကြည့်ပေးနေရခြင်း သို့မဟုတ် ပြန်လည်စစ်ဆေးနေရခြင်း တို့ ရှီနိုင်သည်။
    • ဤကဲ့သို့ စောင့်ကြည့်ရေးကင်မရာ အသုံးပြုခြင်းအားဖြင့် အဆိုပါ စနစ်တွင်းသို့ ဖောက်ထွင်းသူမှ ဝင်ရောက်ခွင့်ရ သွားပါက အနီးအနား နေထိုင်သူများ အနေဖြင့် ဘေးအန္တရာယ် ကျရောက်နိုင်မှု အခြေအနေကိုလည်း ထည့်သွင်း သုံးသပ်ပါ။ ဖောက်ထွင်းခံရချိန် သို့မဟုတ် စီးနင်းခံရချိန်တွင် ဤကဲ့သို့ ကင်မရာစနစ်ထားရှိခြင်းမှကာကွယ်ရနိုင်သည့် ကောင်းကျိုးများ နှင့် အန္တရာယ် ကျရောက်စေနိုင်သည့် ဆိုးကျိုးများကို ချိန်ဆပါ။
    • Amazon's Ring ကဲ့သို့သော "အင်တာနက် နှင့် ချိတ်ဆက်ထားသော IoT ပစ္စည်းများ" စက်ပစ္စည်းများကို အသုံးပြုခြင်းကို ရှောင်ကြဉ်ပါ။ များစွာသော အဆိုပါ IoT ပစ္စည်းများသည် သူလျှိုပြုလုပ်ရန် လွယ်ကူလှသည်။ Ring ၏ ပိုင်ရှင်ဖြစ်သော Amazon မှ အသုံးပြုသူများ၏ ခွင့်ပြုချက်မပါပဲ ကင်မရာမှတ်တမ်းများကို ရဲ များထံ ပေးအပ်ခဲ့သည့် သာဓကများရှိပြီး၊ သင် နှင့် သက်ဆိုင်သော အချက်အလက်အား မည်ကဲ့သို့ အသုံးပြုမည်ကို ဖွင့်မပြောပဲ အခြားနည်းများအဖြစ် အသုံးပြုနိုင်သည်။
    • အခြား ရွေးချယ်စရာအနေဖြင့် Haven ကို အသုံးပြုရန်စဉ်းစားပါ။ ထို Heaven သည် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများအနေဖြင့် ၎င်းတို့၏ ကိုယ်ပိုင်အချက်အလက်များကို ထိန်းချုပ်နိုင်စေရန် နှင့် မိမိ ကိုယ်ကိုစောင့်ကြည့်ရာတွင် ကူညီနိုင်ရန် အထူးဖန်တီးထားသည်။
    • စောင့်ကြည့်‌ရေး ကင်မရာစနစ်ကို အသုံးပြုသောအခါတွင် သင်စောင့်ကြည့်နေသော နေရာမှ ဗီဒီယို အချက်အလက်အား အခြားနေရာတစ်ခုသို့ ဒါရိုက် ပို့ဆောင်ရန် စဥ်းစားသင့်သည်။ ဤကဲ့သို့ဗီဒီယို အချက်အလက် ပို့ဆောင်ရာတွင် နှင့် သိမ်းဆည်းရာတွင်လည်း ဝှက်စာစနစ်ဖြင့် ကာကွယ်ထားရန် လိုအပ်သည်။ ထို့အပြင် ဤ ဗီဒီယိုအချက်အလက်များအား မည်ကဲ့သို့ အကောင်းဆုံး လုံခြုံစေရန် ရုပ်ပိုင်းဆိုင်ရာ ရရှိပိုင်ခွင့်ကိုလည်း ကာကွယ်ပါ၊ ထို့အတူ ဤ ဗီဒီယိုများအား သင်မည်မျှ ကြာကြာ သိမ်းမည်၊ မကဲ့သို့ လုံခြုံစွာ ဖျက်မည်ကိုလည်း တွေးတောစီမံထားပါ။

    သင့် အိမ်၏ အင်တာနက်ကွန်ရက်ကို ကာကွယ်ပါ

    Ethernet ကြိုးနှင့်ချိတ်ဆက်ပါ၊ လုံခြုံသောနေရာဖြစ်ပါစေ

    • Ethernet ကေဘယ်ကြိုးကို အသုံးပြုခြင်းသည် ပိုမိုလုံခြုံပေမည်။ ကြိုးမဲ့ကွန်ရက်များသည် ရုပ်ပိုင်းဆိုင်ရာဝင်ရောက်စရာမလိုဘဲ ချိုးဖောက်ခံရနိုင်သည်။
    • အဆောင်အအုံအပြင်ဖက် နှင့် အကာအကွယ်မရှိသော နေရာများတွင် ethernet ကေဘယ်ကြိုးများ မသွယ်ပါနှင့်၊ သင်မသိပဲ အလွယ်တကူ ဝင်ရောက် ပြင်ဆင်လိုက်နိုင်သည်။

    သင့် ကြိုးမဲ့ကွန်ရက်တွင် ခိုင်မာသော စကားဝှက်တစ်ခု သတ်မှတ်ပါ

    အဘယ့်ကြောင့် ဤကဲ့သို့ ကိုအကြံပြုသည်ကို လေ့လာပါ

    သင်၏ wifi အချက်ပြမှုအကွာအဝေးအတွင်းရှိ မည်သူမဆို သင့်ကွန်ရက် သို့မဟုတ် ဆက်သွယ်မှုများကို ထောက်လှမ်းနိုင်သည်။ သင့် WiFi သည် အားနည်းသော စကားဝှက် ဖြစ်ပါက သို့မဟုတ် စကားဝှက် လုံးဝမရှိပါက အကွာအဝေးအတွင်းမှ မည်သူမဆို ကျူးကျော်ဝင်ရောက်လာနိုင်သည်။

    Firewall တပ်ဆင်ပါ

    • Consider purchasing and installing a firewall router to protect and separate your office or home network from the router of your internet service provider company. Read more on this in our guide on how to secure your router.
    အဘယ့်ကြောင့် ဤကဲ့သို့ ကိုအကြံပြုသည်ကို လေ့လာပါ

    အင်တာနက်ဝန်ဆောင်မှုပေးသူသည် သင့်အား အင်တာနက်အသုံးပြုရန်အတွက် ၎င်းတို့ပေးပို့ထားသော router သို့ အပြည့်အဝ ဝင်ရောက်ခွင့်ရှိသည်။ အချို့အနေအထားများတွင် ၄င်းတို့ သည် ဤ router များမှ တစ်ဆင့် သင့်ကွန်ရက်၊ ဆက်သွယ်ရေးနှင့် စက်ပစ္စည်းများသို့ ဝင်ရောက်နိုင်သည်။ ထို့ကြောင့် firewall ပါဝင်သည့် router ကို ၄င်းတို့ ပေးသော router အစား တင်ဆင်လိုက်ခြင်းဖြစ်စေ အဆိုပါ router မှာ သပ်သပ် အိမ်အတွက် ကွန်ယက် ဖြန့်ဖြူခြင်း ဖြင့် အင်တာနက်ဝန်ဆောင်မှဒ ပေးသော သူများ အနေဖြင့် မည်သည့် စက်ပစ္စည်းများချိတ်ဆက်ထားသည် ကို သိရှိနိုင်တော့မည်မဟုတ်ပေ။

    သင့်ကွန်ရက်သို့ မလိုအပ်သော စက်ပစ္စည်းများ ချိတ်ဆက်ခြင်းမှ ရှောင်ကြဉ်ပါ

    • ရုပ်မြင်သံကြားများ၊ ကင်မရာများ၊ ဖုန်းများ၊ မိတ္တူစက်များ၊ ဗီဒီယိုဂိမ်းစက်များနှင့် "အင်တာနက်နှင့် ချိတ်ဆက်ထားသော IoT ပစ္စည်းများ" (IoT) စက်ပစ္စည်းများသည်လည်း ကွန်ပျူတာများဖြစ်သည်။ ၎င်းတို့သည်လည်း အန္တရာယ်ပြုနိုင်ခြေများစွာရှိသည်။ သင့်အိမ် သို့မဟုတ် ရုံးကွန်ရက်သို့ ပစ္စည်းအသစ်များ မချိတ်ဆက်မီ နှစ်ကြိမ်စဉ်းစားပါ။
    • သင့်ကွန်ရက် (Network) နှင့် ချိတ်ဆက်ထားသည့် စက်ပစ္စည်းများကို စစ်ဆေးပြီး သင်အသုံးမပြုသည့် အရာများကို ဖြုတ်ပစ်ပါ။

    သင့် WiFi ကွန်ရက် ကို အမည် ပြောင်းပါ

    • Give your wifi a name that does not clearly identify you, your organization or the location of your access point.

    ဧည့်သည်များအတွက်သီးခြား wifi အကောင့်တစ်ခု ဖန်တီးပါ

    • လက်ရှိ wifi router စက်အများစုတွင် ဤသို့ပြုလုပ်နိုင်သော စွမ်းရည်ရှိပါသည်။
    • ဤနည်းအားဖြင့် သင့်စကားဝှက်ကို ဧည့်သည်များအတွက် မျှဝေပြစရာမလိုပဲ လိုအပ်ပါက စကားဝှက်များကို ပြောင်းလဲရန် ပိုမိုလွယ်ကူမည်ဖြစ်သည်။
    • ဧည့်သည် အကောင့်တွင် လည်း စကားဝှက် ထားရှိကြောင်းသေချာစေပါ။ သင့် router ကို စကားဝှက်ဖြင့် အကာအကွယ်မပေးဘဲ ထားခဲ့ခြင်းသည် ကျူးကျော်သူများအတွက် သင်၏ wifi ကို ကမောက်ကမဖြစ်သွားအောင် လုပ်စေနိုင်သည်။

    ကွန်ရက်နှင့် သက်ဆိုင်သော ပစ္စည်းများကို သော့ခတ်သိမ်းထားပါ

    • ဆာဗာများ၊ router များ၊ switch များ၊ နှင့် modem များကဲ့သို့သော ကွန်ရက်ချိတ်ဆက်ကိရိယာများကို လုံခြုံသောအခန်း သို့မဟုတ် သေတ္တာအတွင်းတွင်းဖြစ်စေ ထားရှိခြင်းဖြင့် ကျူးကျော်သူများအတွက် ထိပါးနှောင့်ယှက်စေဖို့ ခက်ခဲစေသည်။

    သင့်ဆာဗာများကို ဝှက်စာစနစ်ဖြင့် ကာကွယ်ထားပါ

    • အကယ်၍ သင့်ရုံးတွင် သည် ဆာဗာများကို အသုံးပြုပါက ထိုဒေတာများကို ဝှက်စာစနစ်ဖြင့် ကာကွယ်ထားကြောင်း သေချာစေရန် ဆာဗာအားစီမံခန့်ခွဲသူနှင့် လုပ်ဆောင်ပါ (ဤအကြောင်းအရာနှင့်ပတ်သက်၍ ဆက်လက်သိရှိစေရန် ဒစ်ဂျစ်တယ်အချက်အလက်ကို သီးသန့်ထား လုံခြုံစေခြင်း ကဏ္ဍကို ကြည့်ပါ)။
    အဘယ့်ကြောင့် ဤကဲ့သို့ ကိုအကြံပြုသည်ကို လေ့လာပါ

    သင်၏ ဆာဗာများကို ဝှက်စာစနစ်ပြုလုပ်ထားခြင်းသည် သင့်ဆာဗာများ ဖမ်းဆီးခံရခြင်း သို့မဟုတ် သိမ်းဆည်းခြင်းဖြစ်လျှင်ပင် သင့်ဖိုင်များကို ကာကွယ်ပေးထားသည်၊ ထို့အပြင် ဆာဗာများ ပြင်ဆင်ခြင်း/အစားထိုးရန်လိုအပ်သည့်အခြေအနေများတွင်လည် သင့်ဖိုင်များကို ကာကွယ်ပေးပါသည်။

    မတော်တဆမှုဖြစ်ပေါ်မှု များ နှင့် ပျက်စီးမှု၊ဖြတ်တောက်မှုများကို ကာကွယ်ပါ

    ကွန်ပျူတာများ၊ ကွန်ရက်ချိတ်ဆက်ကိရိယာများနှင့် ဒေတာသိမ်းဆည်းသည့်ကိရိယာများသည် အလွန်ထိခိုက်လွယ်သည်။ စောင့်ကြည့်ကင်မရာများ၊ မိတ္တူစက်များ၊ "စမတ်စက်ပစ္စည်းများ" နှင့် အခြားသော ဟာ့ဒ်ဝဲများမှာလည်း အလားတူပင်ဖြစ်သည်။ မိုးကြိုးပစ်ခြင်း၊ ဓာတ်အားတက်လာခြင်း၊ ဓာတ်အားဖြတ်တောက်ခြင်း၊ မီးဖြတ်ခြင်းနှင့် မီးပျက်ခြင်းများကဲ့သို့ လျှပ်စစ်အတက်အကျများသည် အီလက်ထရွန်းနစ်အစိတ်အပိုင်းများကို ထိခိုက်ခြင်း သို့မဟုတ် ဟာ့ဒ်ဒရိုက်များပေါ်ရှိ ဒေတာများကို ဖျက်ဆီးပြီး ဒစ်ဂျစ်တယ်စက်ပစ္စည်းများကို ရုပ်ပိုင်းဆိုင်ရာပျက်စီးစေပါသည်။ လွန်ကဲသည့်အပူချိန်၊ ဖုန်မှုန့်နှင့် အစိုဓာတ်များသည်လည်း ၎င်းတို့ကို ထိခိုက်နိုင်သည်။

    မြေပြင်သို့ ground စိုက်ထားသော လျှပ်စစ် အပေါက်နှင့်ပလပ်များကို အသုံးပြုပါ

    မြေပြင် သို့ ground ချထားခြင်း က သင့် အီလက်ထရွန်းနစ်ပစ္စည်းများ၏သက်တမ်းကို တာရှည်စေပြီး ပုံမှန်မဟုတ်သော ဓာတ်ကူးမှုနှင့် လျှပ်စီးကြောင့်ဖြစ်ပေါ်လာသော ချို့ယွင်းမှု အန္တရာယ်ကို လျှော့ချနိုင်သည်။

    အီလက်ထရွန်းနစ်ပစ္စည်းများကို လျှပ်စီးကာ (surge protector) များနှင့် တပ်ဆင်ပါ

    • ပါဝါပလပ်များ အားလုံးတွင် လျှပ်ကာ မပါဝင်ပါ၊ ထို့ကြောင့် အသစ်ဝယ်ယူသည့်အခါ ပါ၊ မပါ စစ်ဆေးပါ။ လျှပ်ကာ တစ်ခု အနေဖြင့် ၄င်း၏ ခံနိင်ရည် ဗို့အားနင့် စွမ်းရည် (joules) ကို ဖော်ပြထားမည်ဖြစ်သည်။
    • သင့်လျှပ်စစ်ဓာတ်အား တည်မငြိမ်ဖြစ်နေပါက၊ မီးအားမြှင့်စက် သို့မဟုတ် မီးအားညှီ့စက် တပ်ဆင်ရန် လိုအပ်နိုင်သည်
    • လှုပ်ကာပစ္စည်းများ၊ UPS များ၊ ပလက်ပေါက်များနှင့် extension ကြိုးများကို အလွယ်တကူ မပြုတ်နိုင်သော၊ လူနှင့် တိုက်မိ့ပြီး မပြုတ်နိုင်သော နေရာများတွင်ထားပါ။

    မီးပျက်လျှင် ပျက်စီးနိုင်ခြေရှိသည်များကို ကြိုတင်ကာကွယ်ပါ

    • UPS (Uninterruptible Power Supplies) တပ်ဆင်ရန် စဥ်းစားပါ။ ၎င်းတို့သည် လှုပ်ကာ surge protector များထက် အနည်းငယ်ဈေးကြီးသော်လည်း ၎င်းတို့သည် သင်၏ ပါဝါပို့လွှတ်မှုကိုတည်ငြိမ်စေပြီး မီးပျက်သည့်အခါတွင် ယာယီပါဝါကို ပေးစွမ်းမည် ဖြစ်သည်။
    • UPS များသည် ပလပ်မထိုးထားသည့်အခြေအနေတွင် အလုပ်မလုပ်သော ဆာဗာများနှင့် ဒက်စ်တော့ကွန်ပျူတာများအတွက် အထူးတန်ဖိုးရှိပါသည်။
    • လျှပ်စစ်မီးပေါ်တွင် မမူတည်သောအလင်းရောင်များ- ခိုင်ခံသော ဓာတ်မီးများ၊ ဘက်ထရီဖြင့်သုံးသော နံရံများပေါ်ရှိ မီးချောင်းများ၊ ဆိုလာအားသွင်းမီးများ စသည်တို့ကို ထည့်သွင်းစဉ်းစားပါ။

    အဆောက်အဦးအသစ်သို့ပြောင်းသောအခါ ပါဝါထောက်ပံ့မှုကိုစမ်းသပ်ပါ

    • အရေးကြီးသောပစ္စည်းများကို ပလပ်မထိုးမီ ဤအရာကိုလုပ်ဆောင်ပါ။ ပါဝါသည် မီးချောင်းများ၊ မီးလုံးများနှင့် ပန်ကာများအား ပံ့ပိုးနိုင်မှုညံ့ဖျင်းပါက ၎င်းသည် သင့် ဒစ်ဂျစ်တယ်စက်ပစ္စည်းများကို ပျက်စီးစေနိုင်သည်။
    • ကေဘယ်ကြိုးကို စစ်ဆေးရန် ယုံကြည်စိတ်ချရသော လျှပ်စစ်ပညာရှင်ကို မေးပါ။

    ကေဘယ်ကြိုး ကောင်းကောင်းသုံးပါ

    • အရည်အသွေးမြင့် ကွန်ပျူတာကေဘယ်ကြိုးများ၊ လျှပ်စီးကြောင်းအကာအရံများနှင့် ပါဝါကြိုးများကို တွေ့ပါက အရန်အပိုပစ္စည်းအနေဖြင့် ဝယ်ယူရန် စဉ်းစားပါ။ မီးတောက် spark ဖြစ်နေ သော၊ မမြဲပဲ ပြုတ်ကျတတ်သာ ပလပ်များ နှင့် ခေါင်းများ သည် လူကိုအန္တရာယ်ပြုနိုင်ရုံမျှမက သင့်စက်ပစ္စည်းများနှင့် ဒေတာများကို ထိခိုက်စေနိုင်သည်။

    လေဝင်လေထွက်စနစ်

    • သင့်ကွန်ပြူတာကို ဗီဒိုနှင့် သုံးစွဲပါက အပူလွန်ကဲခြင်းမှ ကာကွယ်ရန် ၎င်းတွင် လုံလောက်သော လေဝင်လေထွက်ရှိကြောင်း သေချာပါစေ။
    • ကွန်ပျူတာပစ္စည်းများကို ရေတိုင်ကီများ၊ အပူပေးပေါက်များ၊ လေအေးပေးစက်များ သို့မဟုတ် အခြားသော ပြွန်များအနီးတွင် မထားရှိသင့်ပါ။

    ခိုးမှု၊ ပြင်ဆင်ခံရမှု၊ သိမ်းဆည်းခံရမှုတို့ရန်မှ ကာကွယ်ပါ

    သော့ခတ်ခြင်းဖြင့် စတင်ပါ

    • ဖြစ်နိုင်ပါက သင့်တံခါးများနှင့် ပြတင်းပေါက်များတွင် အရည်အသွေးမြင့်သော့များ တပ်ဆင်ပါ။
      • သော့ အပို မည်မျှဖန်တီးခဲ့ကြောင်းနှင့် ၎င်းတို့ကိုဖြန့်ဝေခဲ့သည့်သူများ၏ စာရင်းကို ပြုစုသိမ်းဆည်းထားပါ။
      • ဝင်ရောက်ခွင့် မလိုအပ်တော့သည့်သူများထံမှ သော့များ စုဆောင်းရန် အစီအစဉ်များ ပြုလုပ်ပါ (လူများ အဖွဲ့အစည်းတစ်ခုမှ ထွက်သွားသည့်အချိန်သည် သော့ပြန်ယူရန် အကောင်းဆုံးအချိန်ဖြစ်သည်။)
    • ထိရှလွယ်သည့် စာရွက်စာတမ်းများနှင့် ပစ္စည်းကိရိယာများအတွက် လုံခြုံသော လက်တော့ပ် မီးခံသေတ္တာ တစ်ခု သို့မဟုတ် လော့ခ်ချနိုင်သည့် ဗီဒိုတစ်ခု ကို ဝယ်ယူရန် စဉ်းစားပါ။
    • စက်ပစ္စည်းများကို လည်း လော့ခ်ချခြင်းပြုလုပ်ပါ:
      • စားပှဲတင်ကွန်ပြူတာပုံးအများစုတွင် တစ်စုံတစ်ယောက်ဝင်ရောက်လာပြီး hardware ကို စွက်ဖက်ခြင်းမှ တားဆီးရန် သော့ခလောက်ကို ချိတ်ထားနိုင်သည့် နေရာ တစ်ခု ရှိသည်။
      • ဒက်စ်တော့နှင့် လက်ပ်တော့ကွန်ပြူတာများ ခိုးယူခြင်းမှ တားဆီးရန် အတတ်နိုင်ဆုံး သော့ခတ်ထားသော လုံခြုံရေးသော့ကြိုးများကို အသုံးပြုပါ။
    အဘယ့်ကြောင့် ဤကဲ့သို့ ကိုအကြံပြုသည်ကို လေ့လာပါ

    တံခါးများ၊ ဂိတ်များ၊ ပြတင်းပေါက်များနှင့် အခြားဝင်ပေါက်များတွင် သော့ခတ်ထားခြင်းများဖြင့် သင်၏ အပြင်ဘက် လုံခြုံရေးအလွှာများအဖြစ် လုပ်ဆောင်နိုင်သည်။ ၎င်းတို့သည် သင့်ကို ကျူးကျော်မှုများကို ရပ်တန့်စေရုံသာမက ၎င်းတို့၏ ထောက်လှမ်းရေးကို နှောင့်နှေးသွားအောင် ကူညီပေးနိုင်ပါသည်။

    ကိရိယာများကို အလွယ်တကူ မွှေနှောက် နှိင်သည့် သို့မဟုတ် ခိုးယူနိုင်သည့် အနေအထားတွင် မထားရှိပါနှင့်

    • ဆာဗာများနှင့် wifi router များ အပါအဝင် အရေးကြီးသောစက်ပစ္စည်းများကို စင်္ကြံလမ်းများနှင့် ဧည့်ကြိုနေရာများကဲ့သို့ အလွယ်တကူ ဝင်ရောက်နိုင်သော နေရာများ သို့မဟုတ် ပြတင်းပေါက် သို့မဟုတ် တံခါးများဘေးတွင် ထားရှိခြင်းမှ ရှောင်ကြဉ်ပါ။
    • သင့်အဆောက်အဦး၏ ပင်မလျှပ်စစ်ခလုတ်များကို သော့ခတ်ကာကွယ်ပါ။
    အဘယ့်ကြောင့် ဤကဲ့သို့ ကိုအကြံပြုသည်ကို လေ့လာပါ

    ပစ္စည်းကရိယာများကို လက်လှမ်းမှီသော နေရာများတွင် ထားရှိခြင်းအားဖြင့် ကျူးကျော်သူများမှ ခိုးယူခြင်း သို့မဟုတ် သူခိုးဆော့ဖ်ဝဲလ် ထည့်သွင်းခြင်းတို့ ပြုလုပ်သွားနိုင်သည်။ ကျူးကျော်သူများ အနေဖြင့် သင့် ပိုင်နက်ထဲ မဝင်မှီ ပိုမိုရှုပ်ထွေးစေရန် နှင့် အလွယ်တကူ အကူညီမ‌တောင်းခံနိုင်စေရန် လျှပ်စစ်မီး ဖြတ်တောက်လိုက်နိုင်သည်။

    စက်ပစ္စည်းများကို ချန်ထားခဲ့ခြင်း သို့မဟုတ် သင်နှင့်အတူယူဆောင်သွားခြင်း နှစ်ခုလုံးတွင် တွေ့ကြုံနိုင်သည့်အန္တရာယ်များကို ထည့်သွင်းစဉ်းစားပါ

    • သင့်အန္တရာယ် ကျရောက်နိုင်ခြေအား သင်အသိ့ဆုံးဖြစ်ပါမည်၊ ထို့ကြောင့် စဥ်းစားပါ : သင့်အပြင်သွားနေစဥ် တစ်စုံတစ်ဦးမှ ဝင်ရောက်စီးနင်းခြင်း သို့မဟုတ် သင့် စက်ပစ္စည်းအားဝင်ရောက် ကလိ့သွားခြင်း က ဖြစ်နိုင်ဖြစ်နိုင်မည်လော? သို့မဟုတ် သင်အပြင်သွားနေစဥ် အဆိုပါစက်ပစ္စည်းနှင့် တကွ ဖမ်းဆီးခံရခြင်း ရှာဖွေစစ်ဆေးခံရခြင်းတို့ ပိုဖြစ်နိုင်မည်လော?
    • ရုံးမှ ထွက်ခွာပြီး သင်ဘာလုပ်မှာလဲ? ခရီးသွားမှာလား? နယ်စပ်ကို ဖြတ်ကျော်မှာလား?အဖမ်းခံရနိုင်ခြေရှိတဲ့ ဆန္ဒပြပွဲကို သွားမှာလား? စက်ပစ္စည်းသည် သင့်တွင်ရှိနေပါက သို့မဟုတ် သင်ချန်ထားခဲ့ပါက ဖြစ်ပေါ်လာနိုင်မည့်အန္တရာယ် သို့မဟုတ် ရှာဖွေမှု သို့မဟုတ် သိမ်းဆည်းမှုရှိနိုင်ခြေများကို ချိန်ဆပါ။
    • သင့်ကွန်ပျူတာတွင် ပါဝင်သော USB အပေါက်များနှင့် Disk Drive များကို ဖုံးအုပ်ရန် လုံခြုံရေးတိပ်ကို အသုံးပြုပါ။
    • သေးငယ်သော အရာဝတ္ထုများကို သင့်စက်ပေါ်တွင် ဖြန့်ကြဲပါ။ မသွားခင် ဓာတ်ပုံရိုက်ဖို့ စဉ်းစားပါ။ သင်ပြန်လာသောအခါ စက်ပစ္စည်းကို ရွှေ့လိုက်ခြင်းရှိမရှိ သိနိုင်ရန် ဓာတ်ပုံကို အရာဝတ္ထုများ၏ အနေအထားနှင့် နှိုင်းယှဉ်ပါ။ (ဂန္တဝင်နည်းဗျူဟာတစ်ခုမှာ ဧရိယာအတွင်း လေတိုက်သည့်နေရာမရှိလျှင် အပ်ချည်မျှင် သို့မဟုတ် ဆံပင်ကို စက်ပေါ်တွင် ထားခဲ့ရန်ဖြစ်သည် ထိုသို့ပြုလုပ်ခြင်းသည် တိုက်ခိုက်သူအနေဖြင့် ထိုချည်မျှင် သို့မဟုတ် ဆံပင်ပုံသဏ္ဍာန်ကို ပြန်လည်ဖန်တီးရန် ခက်ခဲနိုင်သည်။)
    • သင်သွားနေစဉ်တွင် သင့်ပစ္စည်းများကို ကိုမျက်ခြေမပျက်စောင့်ကြည့်နိုင်ရန် Haven ကဲ့သို့သောစောင့်ကြည့်ရေး App ကို အသုံးပြုရန် စဉ်းစားပါ။
    • သင်၏နေရာအား ရှာဖွေခံရသည့်အခါတွင် သော့ခတ်ထားနိုင်သည့်သေတ္တာသည် သင့်စက်ပစ္စည်းများကို လုံခြုံစေနိုင်မည်လားဆိုသည်ကို ထည့်သွင်းစဉ်းစားပါ။

    သင့်စက်ပစ္စည်းများကို တရားဝင်မှတ်ပုံတင်ရန် ဆုံးဖြတ်ပါ

    • သင့်ဒေသခံဥပဒေရေးရာဌာနသည် ယုံကြည်စိတ်ချရပါက၊ သင့်စက်ပစ္စည်းများ၏ မော်ဒယ်နှင့် အမှတ်စဉ်နံပါတ်ကို မှတ်ပုံတင်ခြင်းသည် ၎င်းတို့ခိုးယူခံရပါက စက်များကို ပြန်လည်ရယူရန် ကူညီပေးနိုင်ပါသည်။

    မြင်နိုင်သောအရာကို စဉ်းစားပါ

    • "စားပွဲ ရှင်းလင်းရေး မူဝါဒ" ကို ချမှတ်ပါ- သင်နှင့် သင့်လုပ်ဖော်ကိုင်ဖက်များ အနေဖြင့် စားပွဲပေါ်တွင် အရေးကြီးသော အချက်အလက်များ၊ အထူးသဖြင့် စကားဝှက်များ၊ စာရွက်ပြက္ခဒိန်များ၊ အစီအစဉ်များ၊ မှတ်စုများ၊ လိပ်စာစာအုပ်များ သို့မဟုတ် ကပ်ခွာစာများ များကို မထားမိကြောင်း သေချာအောင်ပြုလုပ်ပါ။
    • သင့်အိမ် သို့မဟုတ် ရုံးတွင် ကွန်ပျူတာအသုံးပြုသောအခါ ကွန်ပျူတာစခရင်များကို ပြင်ပမှ မမြင်နိုင်စေရန် နေရာချထားပါ။ ပြတင်းပေါက်များ၊ တံခါးဖွင့်ခြင်းနှင့် ဧည့်သည် စောင့်ဆိုင်းနေသည့် နေရာများကို ထည့်သွင်းစဉ်းစားရန် မမေ့ပါနှင့်။
    • တစ်စုံတစ်ယောက်သည် သင့်ပခုံးအပေါ်စီးမှကြည့်၍မြင်နိုင်သော လူမြင်ကွင်းတွင် စက်ပစ္စည်းများကို အသုံးပြုခြင်းမှ ရှောင်ကြဉ်နိုင်သည့် နည်းလမ်းများကို စဉ်းစားပါ။
    • သင်သည် အများသူသုံးနေရာများတွင် မကြာခဏအလုပ်လုပ်ရမည်ဆိုပါက privacy screen guard ဝယ်ပါ။ ဤရိုးရှင်းသော ပလပ်စတစ်အဖုံးများသည် အခြားသူများက သင့်ရှေ့တွင်တိုက်ရိုက်မကြည့်ရှုနေလျှင် ဘေး မှနေ၍ စခရင်ကိုဖတ်ရန် ခက်ခဲစေသည်။ ၎င်းတို့ကို လက်ပ်တော့များ၊ ပြင်ပမော်နီတာများ၊ တက်ဘလက်များနှင့် စမတ်ဖုန်းများအတွက်လည်း ရနိုင်ပါသည်။ Privacy screen guard နှင့်ပတ်သတ်၍ တွင်လေ့လာနိုင်သည်။
    • သင့်နေဖြင့် သင့်တည်နေရာကို ဖုန်းကွယ်ထားစေလိုပါက အောက်ပါအချက်များသည် သင့်တည်နေရာအား ဖော်ညွှန်းပေးနိုင်ကြောင်း သတိပြုပါ:
      • ဗီဒီယိုခေါ်ဆိုမှုများတွင် မည်သည့်အရာများ - အဆောက်အဦးပုံစံများ ၊ ဆိုင်းဘုတ်များ၊ သစ်ပင်များ၊ တောင်များကဲ့သို့ ဘူမိဗေဒဆိုင်ရာ စသဖြင့် ကင်မရာတွင် မြင်နိုင်သနည်း?
      • နောက်ခံတွင် မည်သည့်အရာများ ကြားနိုင်သည်ကို စဉ်းစားကြည့်ပါ - အနီးနားရှိ ယာဉ်ကြောပိတ်ဆို့မှုများ၊ အသံစနစ်များ၊ စက်ရုံများ၊ ကလေးများ ကစားနေသည့်အသံများ စသဖြင့် ပါဝင်နေနိုင်လား?
    • Cover cameras on your devices when you are not using them, so they cannot be manipulated to spy on you. Read more on camera covers.
    အဘယ့်ကြောင့် ဤကဲ့သို့ ကိုအကြံပြုသည်ကို လေ့လာပါ

    သင်၏နေရာ သို့မဟုတ် စက်ပစ္စည်းကို ကြည့်ရှုခြင်းဖြင့် သင်၏အရေးကြီးအချက်အလက်များကို မြင်နိုင်လျှင် သင်၏ရန်သူသည် သင်၏ အရေးကြီးသောစက်များနှင့် ဒေတာများသို့ ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် အီလက်ထရွန်းနစ်အရ ဝင်ရောက်စရာ မလိုအပ်ပါ။ ဖုန်းခေါ်ဆိုမှုများ သို့မဟုတ် ဗီဒီယိုများ၏ နောက်ခံတွင် မြင်သည့်၊ ကြားသည့်အရာများမှနေ၍ သင့်တည်နေရာအတိအကျကို ဆုံးဖြတ်နိုင်ပါက ၎င်းတို့သည် စက်ပစ္စည်းများအတွင်းသို့ ဝင်ရောက်ထောက်လှမ်းရန် မလိုအပ်တော့ပါ ။ စက္ကူစာရွက်စာတမ်းများသည် သူခိုးဆော့ဖ်တဲ ကို ခုခံနိုင်သော်လည်း ၎င်းတို့ကို ခိုးယူခံရခြင်း၊ ကူးယူခြင်း သို့မဟုတ် ဓာတ်ပုံရိုက်ခြင်းခံရပါက အလွန်အထိခိုက်မခံသော အချက်အလက်များကို ထုတ်ဖော်နိုင်ပါသည်။

    ထိရှလွယ်သော အချက်အလက်များကို သင်မည်ကဲ့သို့ စွန့်ပစ်မည်ကို ဆုံးဖြတ်ပါ

    • သင့်စက်ပစ္စည်းများ၊ Hard drive များ၊ USB memory stickများ၊ ကင်မရာများ၊ မိုဘိုင်းလ်ဖုန်း သို့မဟုတ် ဖျော်ဖြေရေးစက်ပစ္စည်းများနှင့် အခြားစက်ပစ္စည်းများတွင်ပါရှိသည့် ဖယ်ရှားနိုင်သော memory ကတ်များ (SD ကတ်များ) နှင့် အခြားစက်ပစ္စည်းများတွင် ထိရှလွယ်သော အချက်အလက်များ မကျန်ရှိစေရန်အတွက် စက်များရှိ အချက်အလက်များကို လုံခြုံစွာ ဖျက်ပစ်ရန် ပုံမှန်အချိန်ဇယားကို သတ်မှတ်ပါ။
    • ဖိုင်များကို လုံခြုံစွာ ဖျက်ရန် ကျွန်ုပ် တို့၏ ထိရှလွယ်သော အချက်အလက်များကို ဖျက်ခြင်း လမ်းညွှန် ကို လေ့လာ၍ သင့်၏စက်ပစ္စည်းဟောင်းများတွင် နေရာလွတ်များ ကို ဖျက်နိုင်ပါသည်။ ဤ လမ်းညွှန်များကို အသုံးပြုပြီး သင့်၏ စက်ပစ္စည်းတစ်ခုချင်းစီ (Android၊ iOS၊ Windows၊ macOS သို့မဟုတ် Linux)၊ လုံခြုံအောင်ပြုလုပ်ပြီးသင်၏ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးအတွက် စီစဉ်ထားသော အစီအစဉ်တွင် ထည့်သွင်းပါ။
    • ကွန်ပျူတာ hard drive ကို စွန့်ပစ်သောအခါ၊ ၎င်းကို လွန်တူ ဖြင့် ဖျက်ဆီးခြင်း၊ သံတူဖြင့် ပြင်းပြင်းထန်ထန် ထိုးနှက်ခြင်း သို့မဟုတ် သံချောင်းများဖြင့် ထုဖျက်ထားခြင်းဖြင့် ဒေတာများအားပြန်လည်ရယူဖို့ ပိုမိုခက်ခဲအောင်လုပ်ဆောင်ပါ။ Drive ပေါ်တွင် အက်ဆစ်ကို လောင်ကျွမ်းစေခြင်း သို့မဟုတ် လောင်းချခြင်းမပြုလုပ်ပါနှင့် ၊ မိုက်ခရိုဝေ့ဖ်ထဲသို့ မထည့်ပါနှင့်။

    ထပ်မံ မှီငြမ်းရရှိနိုင်သော အရင်းအမြစ်များ