အင်တာနက်မည်သို့အလုပ်လုပ်သလဲနှင့် မည်ကဲ့သို့ ဆင်ဆာဖြတ်ခံရနိုင်သနည်း
နောက်ဆုံးပြင်ဆင်ထားသော 20 August 2024
မာတိကာ
...မာတိကာ စတင်နေသည်...အင်တာနက်အလုပ်လုပ်ပုံနှင့် အချို့သောနိုင်ငံများနှင့် အခြားအဖွဲ့အစည်းများက ဝဘ်ဆိုက်များနှင့် အွန်လိုင်းဝန်ဆောင်မှုများကို ပိတ်ဆို့ခြင်း သို့မဟုတ် ဆင်ဆာဖြတ်နည်း
အင်တာနက်သည် ကွန်ပျူတာများ၊ ဖုန်းများ၊ ဆာဗာများ၊ Router များနှင့် အခြားသော စက်ပစ္စည်းများသည် တစ်ခုနှင့်တစ်ခုအချင်းချင်းဆက်သွယ်မှုများပြုလုပ်နိုင်ရန် ပြုလုပ်ထားသည့်နိုင်ငံတကာ သုံး အရင်းအမြစ်တစ်ခုဖြစ်သည်။ ကွန်ရက်၏တစ်စိတ်တစ်ပိုင်း ပျက်စီးသွားခဲ့လျှင်လည်း ဝန်ဆောင်မှုကို ဆက်လက်ချိတ်ဆက်ပြုလုပ်နိုင်ရန် ရေးဆွဲထားခြင်းဖြစ်သည်။
လူတစ်ဦးတစ်ယောက်၊ ကုမ္ပဏီ၊ အဖွဲ့အစည်း သို့မဟုတ် အစိုးရသည် အင်တာနက်ကို အသုံးပြုခြင်းမရှိပါ။
သို့သော်လည်း နိုင်ငံအတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများသည် ၎င်းတို့၏သက်ဆိုင်ရာအုတ်ချုပ်မှုနယ်မြေအတွင်း အင်တာနက်ဆိုင်ရာ အခြေခံ တည်ဆောက်မှုတွေအပေါ် အချို့သောထိန်းချုပ်မှုများပြုလုပ်နိုင်ပါသည်။ နိုင်ငံအတော်များများသည် ၎င်းတို့နိုင်ငံနယ်မြေအတွင်းရှိ အင်တာနက်အသုံးပြုသူများအား အချို့သောဝဘ်ဆိုက်များ သို့မဟုတ် အွန်လိုင်းဝန်ဆောင်မှုများကို ဝင်ရောက်ကြည့်ရှုခွင့်မပေးဘဲ ထိန်းချုပ်ကာကွယ်ထားလေ့ရှိသည်။ ကုမ္ပဏီများ၊ ကျောင်းများ၊ စာကြည့်တိုက်များနှင့် အခြားသောအဖွဲ့အစည်းများသည် သူတို့၏ ဝန်ထမ်းများ၊ ကျောင်းသားများနှင့် ဖောက်သည်များအတွက် အန္တရာယ်ရှိသည်၊ သို့မဟုတ် ဖျက်ဆီးပျက်စီးစေသည်ဟု သတ်မှတ်ထားသည့် အကြောင်းအရာများမှ "ကာကွယ်ရန်" နောက်ဆက်တွဲစီစစ်မှုများကို အခြေခံမှီခိုလေ့ရှိသည်။
အင်တာနက်စိစစ်ခြင်းသည် မတူညီသော နည်းပညာများစွာတွင် အခြေခံနိုင်သည်။
အချို့သောစိစစ်မှုစနစ်များသည် ဝဘ်ဆိုက်များကို ၎င်းတို့၏ IP လိပ်စာများ (ဥပမာ -
172.105.249.143
သို့မဟုတ် 2a01:7e01::f03c:92ff:fecd:7e45
ကဲ့သို့သော
သတ်မှတ်နံပါတ်များ) အပေါ်အခြေခံ၍ ပိတ်ပင်သည်။ IP လိပ်စာများသည် ဖုန်းများ၊
ကွန်ပျူတာများ၊ Router များနှင့် ဝက်ဘ်ဆိုဒ်များမှ အင်တာနက်အကြောင်းအရာကို
ကြည့်ရှုရန်တောင်းဆိုသူထံသို့ပို့ဆောင်ရန် သတ်မှတ်ပေးထားသော နံပါတ်များဖြစ်သည်။
အခြားပိတ်ဆို့မှုစနစ်များကတော့ ဒိုမိန်းအမည်များ (သင်အသုံးပြုနေကျ
ဝက်ဘ်လိပ်စာများ၊ ဥပမာ - google.com သို့မဟုတ် securityinabox.org စသဖြင့်)
ကိုပိတ်ပင်သည့်နည်းလမ်းများကိုအသုံးပြုသည်။ အချို့သောစိစစ်ပိတ်ဆို့သောစနစ်များက
အာဏာပိုင်အဖွဲ့အစည်းများက သတ်မှတ်ထားသော သွားရောက်ကြည့်ရှုရန်ခွင့်ပြုသောစာရင်း
(Whitelist) တွင်ပါဝင်သည့် တရားဝင်လက်ခံထားသောဆိုဒ်များမှလွဲ၍
အခြားဝက်ဘ်လိပ်စာအားလုံးကို ပိတ်ပင်ပစ်ထားခြင်းမျိုးရှိသည်။ အခြားသော
စိစစ်မှုများသည် ဝှက်စာစနစ်မပြုလုပ်ထားသော
အင်တာနက်မှအချက်အလက်သွားလာရာလမ်းကြောင်းများကို ရှာဖွေပြီး
သီးခြားသတ်မှတ်ထားသောစကားလုံးများ(ဥပမာ "လူ့အခွင့်အရေးချိုးဖောက်မှုများ"
သို့မဟုတ် အတိုက်အခံခေါင်းဆောင်များ၏ အမည်များ ) ပါဝင်လာပါက
ရှာဖွေရန်တောင်းဆိုမှုများကို ပယ်ချပိတ်ဆို့မှုများကိုပြုလုပ်သည်။
သင့်အနေနှင့် တစ်ခါတစ်ရံမှာ ဤကဲ့သို့သောစိစစ်မှုစနစ်များကို ရှောင်လွှဲကျော်လွှားနိုင်ရန် အခြားနိုင်ငံများတွင်တည်ရှိသော ကြားခံဆာဗာများကို အသုံးပြုထားသည့် ဆော့ဝဲလ်များကို ထည့်သွင်းတပ်ဆင်ခြင်းဖြင့် ရှောင်လွှဲကျော်လွှားနိုင်ပါသည်။ ထိုဆာဗာများသည် သင်သွားရောက်ကြည့်ရှုရန်ကြိုးစားသော ပိတ်ဆို့ခံထားရသည့် ဝက်ဘ်ဆိုဒ် မှ အကြောင်းအရာများ နှင့် သင့်၏ စက်ပစ္စည်းအကြား တားဆီးပိတ်ဆို့ထားမှုများကို ကျော်လွှားပေးသည်။ ဤ ဆော့ဝဲလ် နှင့်ပတ်သက်၍ ပိုမိုလေ့လာလိုပါက အင်တာနက်ပိတ်ဆို့မှုများနှင့်စောင့်ကြည့်မှုများကို ရှောင်ကြဉ်နည်း လမ်းညွှန် တွင် ဖတ်ရှုနိုင်ပါသည်။
ဝက်ဘ်ဆိုဒ်များနှင့် အွန်လိုင်းဝန်ဆောင်မှုများကို မည်ကဲ့သို့ ပိတ်ပင်ခြင်းကို နားလည်ခြင်း
Open Observatory of Network Interference (OONI) (https://ooni.org/) နှင့် Reporters Without Borders (RSF) (https://rsf.org/en/recherche?text=censorship) ကဲ့သို့သော အဖွဲ့အစည်းများက ပြုလုပ်သည့် သုတေသနများအရ နိုင်ငံအတော်များများသည် လူမှုရေး၊ နိုင်ငံရေးနှင့် "အမျိုးသားလုံခြုံရေး" ဆိုင်ရာ အကြောင်းအရာများစွာကို စိစစ်ပိတ်ပင်လေ့ရှိသော်လည်း၊ ၎င်းတို့က ပိတ်ပင်ထားသော အကြောင်းအရာစာရင်းများကို ထုတ်ပြန်ထားသည်။ အစိုးရများသည် နိုင်ငံသားများ၏ အင်တာနက်ဝင်ရောက်ခွင့်ကို ထိန်းချုပ်လိုသောဆန္ဒရှိသည့်အပြင် လူအများမှ စိစစ်ပိတ်ဆို့မှုများကို ကျော်လွှားနိုင်ရန် အသုံးပြုသည့် လမ်းညွှန်ချက်များနှင့် ကိရိယာများပေးသော ဝဘ်ဆိုက်များကိုလည်း ပိတ်ပင်နိင်ရန်အတွက် ၎င်းတို့သိရှိထားသော VPNs နှင့် proxies ကိုပါ ပိတ်ဆို့သည်။
Article 19 ၏ Universal Declaration of Human Rights တွင် လွတ်လပ်စွာ သတင်းရပိုင်ခွင့် ကို ထောက်ခံအားပေးထားသည်။ သို့သော်လည်း၊ အင်တာနက်ကို စိစစ်ပိတ်ပင်နေသော နိုင်ငံများ၏ အရေအတွက်မှာ တိုးလာနေသည်။ ဤလုပ်ရပ်သည် ကမ္ဘာတစ်ဝန်းတွင် ပျံ့နှံ့သွားသလို၊ အမေရိကန်၊ ကနေဒါ၊ ဥရောပသမဂ္ဂ၊ အလှူရှင်များနှင့် အခြားသော လွတ်လပ်သောပြောဆိုခွင့်ဆိုင်ရာ စိတ်ဝင်စားသူများမှ ထောက်ပံ့ကြေးပေးထားသော တက်ကြွလှုပ်ရှားသူများ ၊ ပရိုဂရမ်ရေးသားသူများနှင့် လုပ်အားပေးသူများမှ ဖန်တီး၊ ဖြန့်ဝေ၊ ကြော်ငြာပေးထားသော စိစစ်မှုများကို ကျော်လွှားနိုင်ရန်အတွက်ဖန်တီးပြုလုပ်ထားသော ဆော့ဝဲလ်များ၊ နည်းလမ်းများ ( Anti-blocking tools) ကို အသုံးပြုခြင်းကလည်း တိုးတက်လာနေသည်။
သင်ရဲ့ အင်တာနက်ချိတ်ဆက်မှု
သင်၏ကွန်ပျူတာနဲ့ဝက်ဘ်ဆိုဒ်တစ်ခုကိုဝင်ရောက်ကြည့်ရှုရန် (သို့) သင့်ဖုန်းနဲ့အက်ပလီကေးရှင်းတစ်ခုကိုအသုံးပြုရန်ပြုလုပ်တိုင်း သင်၏တောင်းဆိုမှုနဲ့ပြန်လည်မြင်တွေ့ရတဲ့အကြောင်းအရာတွေဟာ ကွန်ရက်ကိရိယာအမျိုးမျိုးကိုဖြတ်သန်းရပါတယ်။ သင့်ဖုန်း (သို့) ကွန်ပျူတာဟာ ကြိုးနဲ့ချိတ်ဆက်ထားသောအင်တာနက်၊ ကြိုးမဲ့အင်တာနက် သို့မဟုတ် မိုဘိုင်းဒေတာအင်တာနက် တစ်ခုခုအားအသုံးပြုပြီး သင့်အားအင်တာနက်ဝန်ဆောင်မှုပေးသည့်နေရာ (ISP)ဆီကို ပထမဆုံးရောက်ရှိပါတယ်။ အကယ်၍ သင်သည် မိမိအိမ်မှာရှိပြီး အိမ်တွင်ချိတ်ဆက်ထားသောဝိုင်ဖိုင်ကိုအသုံးပြုနေပါက ယင်း အင်တာနက်ဝန်ဆောင်မှုပေးသည့်နေရာ (ISP) သည် အင်တာနက်ဝန်ဆောင်မှုအတွက် သင်ငွေပေးချေသောကုမ္ပဏီ ဖြစ်နိုင်သည်။ မိုဘိုင်းဒေတာကိုအသုံးပြုနေပါက သင်ချိတ်ဆက်နေသော ISP သည် သင့်အားအင်တာနက်ဝန်ဆောင်မှုပေးထားသည့် မိုဘိုင်းကုမ္ပဏီဖြစ်သည်။ အကယ်၍ သင်က ရုံးခန်း၊ ကျောင်း၊ အင်တာနက်ကဖေး (သို့) အခြားသောအများပြည်သူအသုံးပြုရာနေရာတစ်ခုတွင် အလုပ်လုပ်နေပါက သင်ချိတ်ဆက်ထားသော ISP သည် ဘယ်သူဖြစ်ကြောင်းတိကျစွာသိနိုင်ရန်ခက်ခဲနိုင်ပါသည်။
သင်၏အင်တာနက်ဝန်ဆောင်မှုပေးသည့်နေရာ (ISP) သည် ၎င်း၏အင်တာနက်အသုံးပြုသူများကို ကမ္ဘာအနှံ့ဆက်သွယ်စေနိုင်ရန် သင့်နိုင်ငံအတွင်းရှိ ကွန်ရက်အခြေခံအဆောက်အအုံဖွဲ့စည်းမှု ပေါ်ကိုအခြေခံထားသည်။ ISP သည် သင့်အိမ်တွင် အသုံးပြုသောဝိုင်ဖိုင်မှဖြစ်ပါစေ၊ သင့်မိုဘိုင်းဖုန်း သို့မဟုတ် အင်တာနက်ကဖေး၊ ကျောင်း ၊ သင်ချိတ်ဆက်အသုံးပြုနေသည့် ဟော့စပေါ့တို့မှကွန်ရက် ဖြစ်ပါစေ ဒေသတွင်း ကွန်ရက် သို့မဟုတ် စက်ပစ္စည်းဆီသို့ချိတ်ဆက်အသုံးပြုနိုင်ရန် အင်တာနက်ကွန်ရက် ချိတ်ဆက်သည့် လိပ်စာကို သတ်မှတ်ပေးပါသည်။ ISP သည် အဆိုပါလိပ်စာကို အသုံးပြုကာ သင့်စက်ပစ္စည်းဆီသို့အကြောင်းအရာများကိုပေးပို့မည်ဖြစ်သည်။ သင့်ချိတ်ဆက်မှု၏တစ်ဖက်ခြမ်းတွင် သင်ဝင်ကြည့်ရှုနေသောဝက်ဘ်ဆိုဒ် (သို့) အင်တာနက်ဝန်ဆောင်မှုသည် ၎င်းတည်ရှိရာနိုင်ငံ၏ ISP မှတစ်ဆင့် ၎င်းကိုယ်ပိုင် အင်တာနက်ကွန်ရက် ချိတ်ဆက်သည့် လိပ်စာကို ရရှိမည်ဖြစ်သည်။
အွန်လိုင်းဝန်ဆောင်မှုတွေဟာ အဆိုပါလိပ်စာကိုအသုံးပြုပြီး သင်ကြည်ရှုရန်ကြိုးစားသည့် ဝက်ဘ်စာမျက်နှာများနှင့် သင့်တောင်းဆိုသည့်အခြားအချက်အလက်များကို အဆိုပါလိပ်စာကိုအသုံးပြုပြီးသင့်ဆီကို ပို့ပေးမည်ဖြစ်သည်။သင်၏စက်ပစ္စည်းမှာ ၎င်း၏ကိုယ်ပိုင် အင်တာနက်ကွန်ရက် ချိတ်ဆက်သည့် လိပ်စာရှိပြီး၊ ၎င်းသည် သင်၏ router မှ သင်၏ကွန်ရက်ထဲတွင်ရှိသည့် လူတိုင်းဆီသို့ သူတို့၏ကိုယ်ပိုင်အချက်အလက်တွေကို ပေးပို့ပေးနိုင်ရန်အတွက်အသုံးပြုသည့်နည်းလမ်းဖြစ်ပါတယ်။ အဆိုပါ IP လိပ်စာသည် ဒေသတွင်းကွန်ရက်အတွင်းမှာပဲ အသုံးပြုရန်ဖြစ်ပါသည်။
သင်၏အင်တာနက်ကွန်ရက် ချိတ်ဆက်သည့် လိပ်စာကိုသိရှိသည့် မည်သူမဆို သင်ဘယ်မြို့ သို့မဟုတ် ဘယ်ဒေသတွင်ရှိနေသလဲဆိုတာကို ပုံဖော်သိရှိနိုင်သည်။ အချို့သောအဖွဲ့အစည်းများကတော့ သင်၏တည်နေရာအတိအကျကို ပိုမိုတိကျစွာသိရှိနိုင်ပါသည်။
- "သင်၏မိုဘိုင်းဝန်ဆောင်မှုပေးသည့်နေရာ" သည် သင်၏စက်ပစ္စည်းကိုဖွင့်ထားသည့်အခါ ချိတ်ဆက်ထားသော ဆဲလ်တာဝါတိုင်များကို အသုံးပြု၍ သင့်ဖုန်း၏တိကျသောရုပ်ပိုင်းဆိုင်ရာတည်နေရာကို တွက်ချက်၍သိရှိနိုင်ပါသည်။
- သင်၏ အင်တာနက်ဝန်ဆောင်မှုထောက်ပံ့ပေးရာနေရာ(ISP)သည် သင်ဘယ်အဆောက်အဦးထဲတွင်ရှိနေလဲဆိုတာကို သိရှိနိုင်သည်။
- သင်အင်တာနက်သုံးနေသော အင်တာနက်ကဖေး၊ စာကြည့်တိုက် သို့မဟုတ် လုပ်ငန်းတစ်ခု သည် သင် မည်သည့်အချိန်မှာ သူတို့၏မည်သည့်ကွန်ပျူတာကို သုံးနေသနည်းဆိုတာကို သိရှိနိုင်ပါသည်။ သင်၏ကိုယ်ပိုင်စက်ပစ္စည်းကို အသုံးပြုနေပါကလည်း ၎င်းတို့၏ ဒေသတွင်းကွန်ရက်အတွင်း သင့်စက်ပစ္စည်းအား ချမှတ်ထားသည့် ဒေသတွင်း အင်တာနက်ကွန်ရက် ချိတ်ဆက်သည့် လိပ်စာကိ သိရှိနိုင်မည်ဖြစ်ပြီး၊ သင့်စက်ပစ္စည်းနှင့် ဆက်စပ်ကာ သင့်လှုပ်ရှားမှုအားလုံးကို သိရှိနိုင်ပါသည်။
- အစိုးရအေဂျင်စီများ သည် အထက်ပါအချက်အားလုံးကို သိရှိနိုင်ပါသည်။ သူတို့ မလုပ်ဘူးဆိုရင်တောင် သူတို့၏ အာဏာနှင့်လွှမ်းမိုးနိုင်မှုကို မကြာခဏ အသုံးချပြီးရှာဖွေမှုများပြုလုပ်တတ်သည်။
အင်တာနက်ဆက်သွယ်မှုသည် အထက်ပါဖော်ပြချက်ထက်နည်းနည်းပိုရှုပ်ထွေးပါသည်။ သို့သော် ဒီလိုရိုးရှင်းစွာဖော်ပြထားသည့်ပုံစံက သင်အင်တာနက်ကိုချိတ်ဆက်ရာတွင် ကြုံရနိုင်သည့်အန္တရာယ်များနှင့် သင်ဝင်ရောက်ကြည့်ရှုရန်ကြိုးစားနေသော ဝက်ဘ်ဆိုဒ်တစ်ခုကို ဘယ်အဖွဲ့အစည်း (သို့) အေဂျင်စီကပိတ်ဆို့နေကြောင်းကို သိရှိနိုင်ရန် ကူညီပေးနိုင်ပါသည်။
ဝက်ဘ်ဆိုက်များကို မည်သို့ပိတ်ဆို့ထားသနည်း။
သင်သည် ဝက်ဘ်စာမျက်နှာတစ်ခုကို ကြည့်ရှုသည့်အခါ သင့်၏ စက်ပစ္စည်းသည် ထိုဝက်ဘ်ဆိုဒ်၏ ဒိုမိန်းအမည်ပေးစနစ်နှင့် ဆက်စပ်နေသော အင်တာနက်ကွန်ရက် ချိတ်ဆက်သည့် လိပ်စာကို ရှာဖွေရန် ဒိုမိန်းအမည်ပေးစနစ် (DNS) ဆီသို့ ချိတ်ဆက်လေ့ရှိပါသည်။ ဥပမာအားဖြင့် securityinabox.org ၏ အင်တာနက်ကွန်ရက် ချိတ်ဆက်သည့် လိပ်စာကို မေးမြန်းပြီး 172.105.249.143 ဟူသော အဖြေကိုပြန်ပေးပါသည်။ ထို့နောက် သင်၏စက်ပစ္စည်းသည် 172.105.249.143 ကို စီမံနိုင်သည့် အင်တာနက်ထောက်ပံ့ပေးသောနေရာ (ISP) ထံသို့ securityinabox.org ၏ အကြောင်းအရာများကိုပြန်လည်ပို့ဆောင်ပြသပေးရန် သင်အသုံးပြုနေသော ISP ကို တောင်းဆိုသည့်ပုံစံဖြစ်သည်။ ထိုသို့ဖြင့်သင်ကြည့်ရှုလိုသော ဝက်ဘ်စာမျက်နှာကို ကြည့်ရှုနိုင်ခြင်းဖြစ်သည်။
အကယ်၍ သင်သည် securityinabox.org ကို ဆင်ဆာပြုလုပ်ထားသော နိုင်ငံတစ်ခုတွင် ရှိနေပါက၊ သင့်တောင်းဆိုချက်သည် ဤလုပ်ငန်းစဉ်၏ တစ်နေရာရာတွင် မအောင်မြင်နိုင်ပါ။ ထိုသို့မအောင်မြင်နိုင်သည့်နေရာဆိုသည်မှာ သင့်စက်ပစ္စည်းသည်အင်တာနက်ကွန်ရက် ချိတ်ဆက်သည့် လိပ်စာ ကို ရှာဖွေနေသည့်အချိန် သို့မဟုတ် အကြောင်းအရာကို တောင်းခံသည့်အချိန် သို့မဟုတ် အကြောင်းအရာကို သင့်စက်ပစ္စည်းသို့ ပို့ဆောင်နေစဉ်အချိန်တွင် ဖြစ်နိုင်ပါသည်။ အချို့နိုင်ငံများတွင် အင်တာနက်ရရှိရန်ဝန်ဆောင်မှုပေးသည့်နေရာ(ISP) များသည် သင့်အား မပြသရန် တားမြစ်ထားသောဝက်ဘ်ဆိုဒ်များ၏ စာရင်း (blacklist) များကို ကြိုတင်ပြင်ဆင်ထားသည်။ ဤပိတ်ပင်ထားသော စာရင်းများတွင် ဒိုမိန်းအမည်များ၊ အင်တာနက်ကွန်ရက် ချိတ်ဆက်သည့် လိပ်စာများ၊ သော့ချက်စကားလုံးများ သို့မဟုတ် ဤအရာအားလုံး၏ ရောစပ်မှုများ ပါဝင်နိုင်ပါသည်။ သော့ချက်စကားလုံး စစ်ထုတ်မှုများသည် ဝှက်စာစနစ်ပြုလုပ်ထားခြင်းမရှိသော တောင်းဆိုချက်များနှင့် ဝက်ဘ်ဆိုဒ် သို့မဟုတ် ဝန်ဆောင်မှုတစ်ခုမှ သင့်ထံသို့ ပြန်ပို့သော ရလဒ်များကို စစ်ဆေးပါသည်။
သင် တောင်းဆိုလိုက်သော ဝက်ဘ်စာမျက်နှာ၊ အကြောင်းအရာ သို့မဟုတ် ဝန်ဆောင်မှုတစ်ခုကို ပိတ်ပင်ထားသည်ကို သင်အမြဲတမ်း သတိထားမိနိုင်မည် မဟုတ်ပါ။ တစ်ခါတစ်ရံမှာတော့ အကြောင်းအရာ သို့မဟုတ် ဝန်ဆောင်မှုတစ်ခုကို အဘယ်ကြောင့် ဆင်ဆာဖြတ်ထားသည်ကို ရှင်းပြသော တုံ့ပြန်ချက်တစ်ခုကို သင်ရရှိနိုင်ပါသည်။ သို့သော် များသောအားဖြင့် စာမျက်နှာ သို့မဟုတ် ဝန်ဆောင်မှုကို ရှာမတွေ့ပါ သို့မဟုတ် လိပ်စာကို မှားယွင်းစွာ ရိုက်ထည့်မိခြင်း ဖြစ်နိုင်သည်ဆိုပြီး ဖော်ပြထားသည့်လှည့်စားထားသော သတင်းစကားအမှားကိုသာ သင်မြင်ရနိုင်ပါသည်။
ပိတ်ပင်မှုနည်းပညာတစ်ခုစီတွင် အားသာချက်များနှင့် အားနည်းချက်များ ရှိပါသည်။ အင်တာနက်ပိတ်ပင်မှုများကို ကျော်လွှားရန် ကြိုးစားသည့်အခါ၊ သင့်နိုင်ငံတွင် မည်သည့်နည်းပညာများကို အသုံးပြုနေကြသည်ကို အဖြေရှာရန်ထက် အဆိုးဆုံးအခြေအနေကို ယူဆထားခြင်းက ပိုမိုလွယ်ကူပါသည်။ သင် ယူဆနိုင်သည်မှာ -
- ဤပိတ်ပင်မှုသည် အမျိုးသားအဆင့်၊ အင်တာနက်ရရှိရန်ဝန်ဆောင်မှုပေးသည့်နေရာ(ISP) အဆင့် နှင့် သင့်ဒေသတွင်းကွန်ယက်ပေါ်တွင် အကောင်အထည်ဖော်ထားသည်ဟု ယူဆနိုင်ပါသည်။
- ဒိုမိန်းအမည်ပေးစနစ်ရှာဖွေမှုများ နှင့် အကြောင်းအရာတောင်းဆိုမှုများကို ပိတ်ပင်ထားသည်ဟု ယူဆနိုင်ပါသည်။
- ဒိုမိန်းအမည်များ နှင့် အင်တာနက်ကွန်ရက်ချိတ်ဆက်သည့်လိပ်စာများအတွက် ပိတ်ပင်စာရင်းများ ကို ထိန်းသိမ်းထားသည်ဟုယူဆနိုင်ပါသည်။
- ဝှက်စာစနစ်ပြုလုပ်ထားခြင်းမရှိသော အင်တာနက်မှ အချက်အလက်အသွားလာလမ်းကြောင်းများကို သော့ချက်စာလုံးများနှင့် စောင့်ကြည့်ခြင်းခံနေရသည်ဟု ယူဆနိုင်ပါသည်။
- that no indication or reason will be given for the blocking.
အလုံခြုံဆုံးနှင့် အထိရောက်ဆုံးသော ပိတ်ပင်မှုကို ကျော်လွှားနို်င်သည့် ကိရိယာများသည် သင်ကြုံတွေ့နေရသည့် ပိတ်ပင်ခြင်းအမျိုးအစား မူတည်ခြင်းမရှိဘဲ အလုပ်လုပ်နိုင်ရပါမည်။
ကိရိယာများသည် ပိတ်ပင်မှုများကို မည်သို့ကျော်လွှားသနည်း။
Tor နှင့် VPNs ကဲ့သို့သော ပိတ်ပင်မှုကျော်လွှားရေးကိရိယာများသည် သင့်လမ်းကြောင်းများကို ဝှက်စာနစ် ပြုလုပ်ပေးပြီး၊ တောင်းဆိုထားသော ဝန်ဆောင်မှု၏ အင်တာနက်ကွန်ရက် ချိတ်ဆက်သည့် လိပ်စာအပါအဝင် တောင်းဆိုထားသော အချက်အလက်များကိုပါ လျို့ဝှက်နိင်ရန်ကာကွယ်ပေးပါသည်။ ထိုကိရိယာများသည် သင့်တောင်းဆိုချက်ကို အခြားနိုင်ငံရှိ proxy server တစ်ခုသို့ မရောက်ရှိမချင်း လိပ်စာကို ဖျောက်ထားပေးပါသည်။ Proxy သည် ထိုလိပ်စာကို ဝှက်စာစနစ်ဖြေပြီး သင်ကြည့်ရှုန်တောင်းဆိုထားသော အကြောင်းအရာကို ပို့ဆောင်ပေးကာ , စာမျက်နှာ သို့မဟုတ် ဝန်ဆောင်မှုမှ တုံ့ပြန်ချက်ကို လက်ခံပေးပြီး၊ ထိုတုံ့ပြန်ချက်ကို ထပ်မံ၍ ဝှက်စာစနစ်ပြုလုပ်၍ဥ သင့်စက်ပစ္စည်းသို့ ပြန်ပို့ပေးပါသည်။ ကျွန်ုပ်တို့သည် ထိုသို့ဖြတ်သန်းခြင်းကို "ဥမှင်လှိုင်ခေါင်းများ"ဟူသော ဥပမာဖြင့်မကြာခဏရည်ညွှန်းလေ့ရှိပါသည်။ သင့်လမ်းကြောင်းများသည် အင်တာနက်ရရှိရန်ထောက်ပံ့ပေးသည့်ဝန်ဆောင်မှုနေရာ (ISP)၊ အစိုးရ သို့မဟုတ် သင်၏ဝင်ရောက်မှုကို ပိတ်ပင်လိုသော အဖွဲ့အစည်းများ စသည်တို့က ထိန်းချုပ်ထားသည့် အခြေခံအဆောက်အအုံများကို ဖြတ်သန်းနေရပေမယ့်လည်း သင်သည် ဥမှင်လှိုင်ခေါင်း အတွင်းမှတစ်ဆင့် ဖြတ်သန်းသွားတဲ့အခါ ၎င်းတို့၏ စစ်ထုတ်မှုများသည် သင့်တောင်းဆိုချက်၏ အကြောင်းအရာကို ဖတ်ရှုနိုင်ခြင်း သို့မဟုတ် သင်ဖြတ်သန်းသွားတဲ့အခါ သင်သွားလိုသည့် နေရာအတိအကျကိုသိရှိခြင်း မရှိနို်င်ပါ။ ၎င်းတို့သိရှိနိုင်သည်မှာ သင်သည် proxy တစ်ခုနှင့် ဆက်သွယ်နေပြီး သင်တောင်းဆိုနေသော အချက်အလက်များကို မြင်နိုင်စေရန် ဝှက်စာစနစ်ကို အသုံးပြုထားသည် ဆိုသည်ကိုပဲ ဖြစ်ပါသည်။
ပိတ်ပင်မှုကို ခံနိုင်ရည်ရှိခြင်း
ဟုတ်ပါတယ်၊ အင်တာနက်စစ်ထုတ်မှုများကို တာဝန်ယူထားသော အစိုးရအေဂျင်စီ — သို့မဟုတ် အစိုးရကို ပိတ်ပင်မှုဆော့ဖ်ဝဲများ ထောက်ပံ့ပေးသည့် ကုမ္ပဏီ — သည် နောက်ဆုံးမှာ ၎င်းတို့မသိနိုင်တဲ့ကွန်ပျူတာကို proxy တစ်ခုအဖြစ် သတ်မှတ်ပြီး ၎င်းတို့၏ ပိတ်ပင်စာရင်း ထဲသို့ ထည့်သွင်းလိုက်နိုင်ပါသည်။ ထို့ကြောင့်ပင် VPN နှင့် အခြားကိရိယာများသည် တစ်ခါတစ်ရံမှာ အလုပ်မလုပ်တော့ပဲ ရပ်တန့်သွားတာမျိူးရှိတတ်သည်။
သို့သော်လည်းပဲ အင်တာနက်ပိတ်ပင်ထားသူများသည် proxies များကို ရှာဖွေတွေ့ရှိရန် များသောအားဖြင့် အချိန်ယူရတတ်ပါသည်။ ပိတ်ပင်ထားသော ဝက်ဘ်ဆိုဒ်များကို ဝင်ရောက်ကြည့်ရှုရန် ကိရိယာများသည် အောက်ပါနည်းလမ်းများထဲမှ တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော နည်းလမ်းများကို အသုံးပြုပါသည်။
- Hidden proxies သည် ဆင်ဆာများအားလုံးကို တစ်ပြိုင်နက် ရှာဖွေခြင်းမှ တားဆီးသည့် နည်းလမ်းဖြင့် အသုံးပြုသူများထံ ဖြန့်ဝေနိုင်ပါသည်။
- Private proxies တစ်ကိုယ်ရည်သုံး Proxy များသည် ၎င်းတို့ကို သိရှိပြီး အသုံးပြုနိုင်သူများ၏ အရေအတွက်ကို ကန့်သတ်ထားသဖြင့်၊ အစိုးရအာဏာပိုင်များအတွက် ထို Proxies များကို ရှာဖွေပြီး ပိတ်ပင်ရန် ပိုမိုခက်ခဲစေပါသည်။တစ်ကိုယ်ရည်သုံး proxy တစ်ခုကို အောက်ပါနည်းလမ်းဖြင့် ဖန်တီးနိုင်ပါသည်။ ဥပမာအားဖြင့် Outline သို့မဟုတ် Algo.
- ** တစ်ခါသုံး proxy များကို သူတို့ ပိတ်ဆို့ထားနိုင်သည်ထက် ပိုမိုလျင်မြန်စွာ အစားထိုးအသုံးပြုနိုင်သည်။
- Obfuscation ဝှက်ထားခြင်း သည် proxy လမ်းကြောင်းများကို ပုံမှန်အင်တာနက်မှ အချက်အလက်အသွားလာ လမ်းကြောင်းများအဖြစ် ဖုံးကွယ်ပေးပြီး၊ ဆင်ဆာဖြတ်သူများအား မသိရှိထားသော proxies များကို ဖော်ထုတ်ခြင်းမှ တားဆီးပေးပါသည်။
- Domain fronting ဝက်ဘ်လိပ်စာတစ်ခုကို ပိတ်ပင်ရန် ပိုမိုခက်ခဲစေပါသည်။ အဘယ်ကြောင့်ဆိုသော် ဤပိတ်ပင်မှုသည် အခြားအသုံးဝင်သော၊ လူကြိုက်များသော ဝန်ဆောင်မှုများ (ဥပမာ Google) လိုမျိုး ဝန်ဆောင်မှုများကိုပါ ပိတ်ပင်မိစေနိုင်သောကြောင့် ဖြစ်ပါသည်။
ဆက်လက်ဖတ်ရှုရန်
- စောင့်ကြည့်ခြင်းမှ ကာကွယ်ခြင်း ကွန်ရက်ဆင်ဆာဖြတ်တောက်မှုများကို နားလည်ပြီး ကျော်ဖြတ်ခြင်း
- Security in a box guide on accessing blocked websites.