အဟက်ခံရသောအကောင့်ကို ပြန်လည်ရယူခြင်း

နောက်ဆုံးပြင်ဆင်ထားသော09 December 2021

မာတိကာ

...မာတိကာ စတင်နေသည်...

    သင့်အကောင့် ပေါက်ကြားခံရသည်ကို သေချာ သိရဖို့ ခဲယဉ်းသော်လည်း သင့်အကောင့်ကို တစုံတယောက်မှ ဝင်ရောက်ရန် ကြိုးစားနေသည်ကို သိနိုင်သည့် သဲလွန်စအချို့ကို အောက်တွင် ဖော်ပြထားသည်။

    သင့်အကောင့်ကို တစုံတစ်ယောက်က ဝင်ရောက်ရန်ကြိုးစားနေသည့် အရိပ်အယောင်များကို ရှာဖွေပါ

    • သင်ပြုလုပ်ထားခြင်းမရှိသော အကောင့်အပြင်အဆင်များတွင် အကြောင်းအရာများ ပြောင်းလဲနေခြင်း
    • အဆက်အသွယ်တစ်ယောက်က သင်မပို့ခဲ့သော မက်ဆေ့ချ်တစ်စောင် ရရှိနေခြင်း
      • သင်၏အကောင့်မှ ထိုမက်ဆေ့ချ်ပေးပို့တာ သေချာပါစေ ၊ မက်ဆေ့ချ် ခေါင်းစီးမှာလည်း အယောင်ဆောင်မဟုတ်ကြောင်း သေချာပါစေ
    • သင် ထည့်သွင်းထားသော အသုံးပြုသူအမည်နှင့် စကားဝှက်မှာ မှန်ကန်သော်လည်း သင်၏အကောင့်ကို ဝင်ရောက်၍ မရပါ
    • အဆက်အသွယ်အကောင့်များက မက်ဆေ့ချ် ပို့လိုက်တာ သေချာပေမယ့် သင် ဘာမှ လက်ခံမရရှိပါ
      • အဲဒီမက်ဆေ့ချ်တွေက မလိုလားအပ်သော (Spam) ဖိုင်တွဲများထဲ ရောက်နေတာမျိုး မဖြစ်အောင် သေချာပါစေ
    • ပို့တဲ့သူ နှင့် လက်ခံတဲ့သူ မည်သူကမျှ မဝေမျှသော်လည်း တတိယအင်အားစုများမှ ဤအကောင့်မှ သတင်းအချက်အလက်များ သီးသန့် ဖလှယ်ခြင်းမျိုး ပြုလုပ်ထားသည်
    • သူတို့ ပြောင်းလဲဖို့ကြိုးစားခြင်းသည် အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ သင်မပြုလုပ်ဘဲနှင့် စကားဝှက်ပြောင်းလဲဖို့ တောင်းဆိုသည့် သတိပေးချက်မျိုး သင်ရရှိသည်
    • အကောင့်ဝင်ထားသည့် သင်၏ မိုဘိုင်းလ်ဖုန်း ခိုးခံရ (သို့မဟုတ်) သိမ်းဆည်းခံရ (သို့မဟုတ်) ပျောက်ဆုံးသွားသည်
    • သင့်ကို ဝန်ဆောင်မှုပေးသော ကုမ္မဏီမှ လက်တလော အကောင့်သုံးစွဲမှု အနေအထားများကို ပြပေးသည့်အခါ သင်မရောက်ရှိသည့် တည်နေရာတစ်ခုမှ အကောင့်ဆက်သွယ်မှုပြုလုပ်နေသည်ကို သင်သတိထားမိသည်
    • သင်အကောင့်ကို တစ်စုံတစ်ယောက်မှ ဝင်ရောက်သုံးစွဲရန် ကြိုးစားနေသည်ဟု ဝန်ဆောင်မှုပေးသည့် ကုမ္မဏီမှ မက်ဆေ့ချ့်ကို သင်လက်ခံရရှိခဲ့သည်

    အထက်ပါ အချက်များမှ တစ်ချက်ကို သတိထားမိခဲ့လျှင် — အခြား ရှင်းပြချက်များသည် ဖြစ်နိုင်ခြေမရှိဘူးဟုထင်ပါက — အောက်ပါ အချက်များကို လုပ်ဆောင်ရန် စဉ်းစားရမှာဖြစ်သည်:

    ထိုအကောင့်ကို သုံးပြီး ထိရှလွယ်သော အချက်အလက်များကို ဖလှယ်နေခြင်းကို ရပ်လိုက်ပါ

    • မည်သည့်အကြောင်းအရာဖြစ်နေသည်ကို ဂဃဏန နားလည်သည့်အချိန်ထိ စောင့်ပြီးမှ သုံးပါ။

    သင်၏စကားဝှက်ကို ချက်ချင်း ပြောင်းလဲပါ

    အခြားအကောင့်များနှင့်မတူသည့် သီးသန့် စကားဝှက်အသစ်များ ဖန်တီးပါ

    • ဒီလိုမျိုးဖန်တီးဖို့အရေးကြီးပါတယ် သင့်အကောင့်တွေမှာ တူညီပြီး သို့မဟုတ် ဆင်တူမဟုတ်သော စကားဝှက်များရှိနေလျှင် ။

    သင် အကောင့်ကို ဝင်ရောက်အသုံးပြု၍ မရနိုင်ဖြစ်နေလျှင်

    • သင်၏အကောင့်ကို ပြန်ပြီးအသုံးပြုနိုင်ရန် ဝန်ဆောင်မှုပေးသည့်ကုမ္မဏီကို ဆက်သွယ်၍ ရကောင်းရနိုင်ပါသည်။ ဆိုရှယ်မီဒီယာနှင့် အီးမေးလ်ဝန်ဆောင်မှုပေးသည့် ကုမ္မဏီများအားလုံးတွင် ဤအခြေအနေအတွက် ပြန်ဆက်သွယ်လို့ရသည့် လုပ်ငန်းစဉ်များရှိနိုင်မည် မဟုတ်ပါ သို့သော် အချို့တွင် ရှိပါသည်။
    • ကျွမ်းကျင်သူ၏ အကူအညီကို ရယူရန် စဉ်းစားပါ။
      • သင့် အသိုင်းအဝိုင်းထဲတွင် လုံခြုံရေးသုတေသီများ သို့မဟုတ် နည်းပညာရှင်များက သင့်ကို ကူညီမှုပေးကောင်းပေးနိုင်ပါလိမ့်မည်။
      • Access Now Digital Security Helpline offers emergency technical assistance and advice for activists, journalists, human rights defenders and other members of civil society.

    ထိုအကောင့်နှင့်ချိတ်ဆက်ထားသည့် စက်ပစ္စည်းများ၏ လုံခြုံရေးကို ပြန်လည်ဆန်းစစ်ပါ

    ထိုအကောင့်နှင့် ချိတ်ဆက်ထားသည့် ဝန်ဆောင်မှုကို စစ်ဆေးပါ

    • Many third party services allow you to log in with your Facebook, Google or Microsoft account.
    • ချိတ်ဆက်ထားသည့် အကောင့်များကို (သင်၏ အကောင့်စာတိုက်ပုံးထဲတွင် “သင်၏ အီးမေးလ်ကို စိစစ်အတည်ပြုပါ” သို့မဟုတ် “အီးမေးလ်အတည်ပြုခြင်း” အစရှိသည့် စာများကို အလျင်အမြန်ရှာဖွေပါ) စာရင်းပြုစုပါ။
    • ဖြစ်နိုင်လျှင် ထိုအရာများမှ ချိတ်ဆက်မှုများကို ဖြုတ်ချပါ။
    • အခြား ပိုမိုထိရှလွယ်သည့် ဆက်သွယ်မှုများပြုလုပ်ထားသည့် အကောင့်များနှင့် ငွေရေးကြေးရေးဆိုင်ရာမှာ အသုံးပြုသည့်အကောင့်များကို ဦးစားပေးပြုလုပ်ပါ။

    လက်ရှိဝင်ရောက်ထားသည့် နေရာများမှ အကောင့်ကို ထွက်ပါ

    • အီးမေးလ်နှင့် အခြား ဆက်သွယ်ရေးဝန်ဆောင်မှုကုမ္မဏီများမှ သင့်အကောင့် မည်သည့်နေရာမှ ဝင်ရောက်သုံးစွဲထားသည်ကို သင်မြင်နိုင်ရန် ပြထားလေ့ရှိသည်။ သင် မသုံးသည့် နေရာများမှ ဆက်သွယ်မှုများရှိနေလျှင် ပြထားသည့်နေရာမှကြည့်၍ အကောင့်များကို ထွက်လိုက်ပါ။
    • သင်အကောင့် အသုံးပြုချင်သည့် စက်ပစ္စည်းများတွင် ထိုအကောင့်ကို ပြန်ဝင်ရောက်ရန် လိုပါလိမ့်မည်။
    • သင်၏ ဖုန်းနှင့်ကွန်ပျူတာများအတွက် အချက်အလက်များကို ကျွန်ုပ်တို့၏ အခြေခံလုံခြုံရေးလမ်းညွှန်များကို ကြည့်ပါ။

    သင်၏အကောင့်ကို ကာကွယ်ရန် အချက်အလက်များပြုလုပ်ပါ

    • ဝန်ဆောင်မှုပေးသည့် ကုမ္မဏီတစ်ခုချင်းစီတွင် ပါရှိသော “သင်၏အကောင့် ပျောက်ဆုံး၊အခိုးခံရ (သို့မဟုတ်) သူများရယူနှောင့်ယှက်ခံရပါက” သို့မဟုတ် “အကောင့်ကာကွယ်ခြင်း” ခေါင်းစဉ်အောက်မှ ညွှန်ကြားချက်များ ဆိုရှယ်မီဒီယာလမ်းညွှန်ချက်များအတိုင်း လိုက်လုပ်ကြည့်ပါ