သင့် အန်းဒရွိုက် စက်ပစ္စည်းကို ကာကွယ်ပါ
မာတိကာ
...မာတိကာ စတင်နေသည်...သင်၏ အန်းဒရွိုက် ဖုန်းထဲမှ အချက်အလက်များကို ကာကွယ်နိုင်ရန်အတွက် ဖုန်းရဲ့ Setting ကိုချိန်ညှိခြင်းမှ စတင်ရမည်ဖြစ်သည်။ ဖော်ပြပါအချက်အလက်များ လမ်းညွှန်များအား ကြည့်၍ လိုက်လုပ်ခြင်းဖြင့် သင်၏ဖုန်းထဲရှိ အချက်အလက်များအား ကာကွယ်ရန် လုပ်ဆောင်နိုင်သည်။ ထုတ်လုပ်သည့် ကုမ္ပဏီပေါ်မူတည်ပြီး သင်၏ အန်းဒရွိုက် စက်များ၏ Setting ထဲမှ နေရာအထားအသို များအနည်းငယ် ကွဲခြားနိုင်တာကြောင့် တစ်ချို့သော Setting ချိန်ညှိမှုများ ပြုလုပ်ရန်အတွက် ရှာဖွေမှုများ ပြုလုပ်ရမည်ဖြစ်သည်။
သင့်စက်ပစ္စည်း လည်ပတ်မှုစနစ် (OS) ၏ နောက်ဆုံးဗားရှင်းကို အသုံးပြုပါ
- ဆော့ဖ်ဝဲကို အဆင့်မြှင့်တင်ခြင်း လုပ်သည့်အခါ အင်တာနက်ကဖေး သို့မဟုတ် ကော်ဖီဆိုင်တွင်မဟုတ်ဘဲ သင့်အိမ် သို့မဟုတ် ရုံးခန်းကဲ့သို့ ယုံကြည်ရသော တည်နေရာတွင် အင်တာနက်ချိတ်ဆက်မှု ပြုလုပ်ပါ။
- နောက်ဆုံးပေါ် စက်လည်ပတ်ရေးစနစ်သို့ အဆင့်မြှင့်တင်ခြင်းသည် ဆော့ဖ်ဝဲကို ဒေါင်းလုဒ်လုပ်ပြီး အကြိမ်ပေါင်းများစွာ ပြန်လည်စတင်ရန် လိုအပ်ပေမည်။ သင့်စက်ပစ္စည်းနှင့် အလုပ်မလုပ်မည့်အချိန်ကို ချိန်ပြီး အဆင်မြင့်တင်ခြင်းကိုပြုလုပ်ပါ။
- အဆင့်မြှင့်တင်ခြင်း ပြီးဆုံးသည့်အခါ တခြားထပ်တိုးအဆင့်မြှင့်တင်စရာအသစ်များ မကျန်တော့သည့်အထိ ရရှိထားသည့် အဆင့်မြှင့်တင်မှုများအားလုံးကို မြှင့်တင်ပြီးခြင်း ရှိ မရှိကို ထပ်မံစစ်ဆေးပါ။
- သင်အသုံးပြုနေသော Android (အန်းဒရွိုက်) စက်ပစ္စည်းတွင် ပါဝင်သော Android Version က အဆင့်မြှင့် Update မရတော့သည့် အခြေအနေမျိုးဖြစ်နေပါက ဖုန်းအသစ်တစ်လုံး ဝယ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ သင်အသုံးပြုနေသော အန်းဒရွိုက် ဖုန်း၏ ဗားရှင်းကိုဝီကီပီးဒီးယား အန်းဒရွိုက် ဗားရှင်း မှတ်တမ်း တွင် ထိန်းသိမ်းထားခြင်းရှိမရှိ ကို စစ်ဆေးနိုင်သည် သို့မဟုတ် အန်းဒရွိုက် ဗားရှင်း နောက်ဆုံး အဆင့်မြှင့်တင်ခဲ့သော ရက်စွဲများအဆုံး စာမျက်နှာ တွင်လည်း စစ်ဆေးနိုင်သည်။
- အဆင့်မြင့် နောက်ဆုံးပေါ်ဗားရှင်းရရှိနိုင်မှုကို ဤနေရာတွင်ကြည့်ပါ။
- သင့်စက်ပစ္စည်းတွင် ထည့်သွင်းအသုံးပြုထားသော ဗားရှင်းနှင့် နှိုင်းယှဉ်ပြီး စက်လည်ပတ်စနစ်ကို အဆင့်မြှင့်တင်ပါ ။
- အဆင့်မြှင့်တင်ခြင်းကို အပြည့်အဝထည့်သွင်းခြင်းသေချာစေရန် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းစဉ်ပြီးဆုံးချိန် ပေါ်လာသော ပါဝင်အပိတ်အဖွင့်လုပ်ခြင်းကို အမြဲလုပ်ပါ။
- အများအားဖြင့် ဖုန်းစနစ် အဆင့်မြင့်တင်မှု၌ လုံခြုံရေးယိုပေါက် များရှိနေတတ်သည်။ အဆင့်မြှင့်တင်နိုင်ရန် ရှိမရှိ စစ်ဆေးပြီး သင်၏ အန်းဒရွိုက်ဗားရှင်းကို စစ်ဆေးပြီး အဆင့်မြှင့်တင်ပါ — Google play စနစ်မှ တဆင့် အဆင့်မြှင့်တင်ခြင်း နှင့် လုံခြုံရေး အဆင့်မြှင့်တင်ခြင်းရယူပါ ညွှန်ကြားချက်ကို လိုက်နာပါ။
- ထို့ပြင် သင့်ဖုန်းတွင်ရှိနေသော "အန်းဒရွိုက်၏ လုံခြုံရေး
အဆင့်မြှင့်တင်မှု"ကို
စစ်ဆေးပါ။လုံခြုံရေး
အဆင့်မြှင့်တင်မှုများကို အနည်းဆုံး တစ်လတစ်ခါနီးပါး ထုတ်လေ့ရှိသည်။
- အချို့သောဖုန်းထုတ်လုပ်သူများမှ သူတို့ စက်ပစ္စည်းများကို နောက်ဆုံးပေါ်လုံခြုံရေးအဆင့်မြင့်တင်မှုများ ပြုလုပ်ရာတွင် တစ်လမှ တစ်နှစ်ထိ ကြာချိန်ရှိနိုင်သည် ဟူသောအချက်ကို သိထားရမည်ဖြစ်သည်။
- သင်၏ အသုံးပြုနေသော စက်ပစ္စည်း ရှိ ရက်စွဲသည် နောက်ဆုံးပေါ် လုံခြုံရေး အဆင့်မြှင့်တင်မည့်ရက်စွဲ ထက် အမြဲတမ်း နောက်ကျနေပါက လုံခြုံရေး အဆင့်မြှင်တင်မှုများကို အကောင်အထည်ဖော်နိုင်မည့် ထုတ်လုပ်သူထံမှ ဖုန်းတစ်လုံးဝယ်ယူရန် စဉ်းစားပါ ၊ ဥပမာအားဖြင့် မကြာသေးမီက ထွက်ရှိထားသော Google Pixel မော်ဒယ်ကဲ့သောဖုန်းမျိုးဖြစ်သည်။ ၎င်းသည် အတော်လေး ဈေးကြီးနိုင်သည်ကို သတိပြုပါ။
- နောက်ထပ်ထည့်သွင်းစဉ်းစားရမည့်အချက်မှာ ဖုန်းများကို ထုတ်လုပ်သော
ထုတ်လုပ်သူများအနေဖြင့် ဖုန်းနှင့်ပက်သက်ပြီး လုံခြုံရေးဆိုင်ရာ
အဆင့်မြင့်တင်မှုများကို သူသတ်မှတ်ထားသော အချိန်များတွင်သာ
ပြုလုပ်လေ့ရှိပြီး သင်အသုံးပြုသည့် ဖုန်းအမျိုးအစား၊ မော်ဒယ်
အမျိုးအစားပေါ်မူတည်ပြီး ကွဲပြားနိုင်သည်။
- သင့်တွင် Google Pixel ဖုန်းတစ်လုံးရှိပါက လုံခြုံရေးဆိုင်ရာ အဆင်မြှင့်တင်မှုများ မည်သည့်အချိန်ထိရရှိမည်ဆိုသည်ကို တရားဝင် Google ၏မှတ်တမ်း တွင် သွားရောက်ကြည့်ရှုနိုင်သည်။
- သင့်တွင် ဆမ်ဆောင်း မိုဘိုင်းလ်ဖုန်းတစ်လုံးရှိပါက ဆမ်ဆောင်း လုံခြုံရေး အဆင့်မြှင့်တင်မှုစာမျက်နှာ တွင် ကြည့်နိုင်သည်။
- သင့်တွင် Fairphone အမျိုးအစားရှိပါကFairphone အဆင့်မြှင့်တင်ရန်အတွက် ဝန်ဆောင်မှုရပ်ဆိုင်းမည့်ရက်စွဲများ စာမျက်နှာတွင် ကြည့်ပါ။
- သင့်တွင် Motorola Device စက်ပစ္စည်းရှိပါက လုံခြုံရေး အဆင်မြင့်တင်ခြင်းနှင့် ပတ်သက်သော Mortorola ပံ့ပိုးကူညီမှု စာမျက်နှာ တွင် ကြည့်ရှူပါ။
- သင့်မှာ Nokia ဖုန်းရှိပါက၊ ဒီနေရာတွင် Nokia ဖုန်းတစ်လုံး၏ လုံခြုံရေးဆိုင်ရာများနဲ့ Nokia ဖုန်းတစ်လုံးအား မည်သို့ ထိန်းသိမ်းရမည်များကို Nokia’s ဝက်ဆိုက်(ဒ်) စာမျက်နှာ တွင် ကြည့်ရှုနိုင်ပါသည်။
- တစ်ခြားသော စက်ပစ္စည်း အမျိုးအစားများအတွက် Scott Brown မှာရေးထားသော ဆောင်းပါးတွင် ဖုန်းထုတ်လုပ်သူများရဲ့ Android (အင်းဒရွိုက်) ဖုန်းနှင့် ပက်သက်သော လုံခြုံရေး အဆင့်မြှင့်တင်ခြင်းများ နှင့် သူတို့ရဲ့ ပေါ်လစီတွေကို အသေးစိတ်ဖတ်ရှုနိုင်ပါသည်.
- သင်၏လုံခြုံရေး ဖာထေးမှုများသည် နောက်ဆုံးပေါ်အဆင့်ကို အမြဲတမ်း နောက်ကောက်ကျနေပါက Google Pixel ကဲ့သို့ လုံခြုံရေးဆိုင်ရာ ပြုပြင်မွမ်းမံမှုများကို ပိုမိုမြန်ဆန်စွာ လုပ်ဆောင်ပေးသည့် ထုတ်လုပ်သူထံမှ ဖုန်းဝယ်ရန် စဉ်းစားပါ။ ဤဖုန်းများမှာ ပို၍ ဈေးကြီးနိုင်သည်။
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ
သင့်စက်များနှင့် အက်ပ် များအတွင်းတွင် လုပ်ဆောင်ပေးသည့် ကုဒ်ရှိ အားနည်းချက်အသစ်များကို နေ့စဉ် တွေ့ရှိနေပါသည်။ ကုဒ်သည် အလွန်ရှုပ်ထွေးသောကြောင့် ထိုကုဒ်ကိုရေးသော ရေးသားသူများသည် မည်သည့်နေရာတွင်တွေ့မည်ကို ခန့်မှန်း၍မရပါ။ မလိုလားအပ်သော တိုက်ခိုက်သူများသည် သင့်စက်ပစ္စည်းများ အတွင်းသို့ ဝင်ရောက်ရန် ဤအားနည်းချက်များကို အသုံးချနိုင်သည်။ သို့သော် ဆော့ဖ်ဝဲရေးသားသူများက ထိုသို့သောအားနည်းချက်များကို ပြုပြင်ပေးမည့် ကုဒ်များကို ပုံမှန်ထုတ်လေ့ ရှိပါသည်။ ထို့ကြောင့် ပြုပြင်မွမ်းမံအသစ် များကို ထည့်သွင်းရန်နှင့် သင်အသုံးပြုသည့် စက်ပစ္စည်းတစ်ခုစီအတွက် ၎င်းတို့၏ လည်ပတ်မှုစနစ် နောက်ဆုံးဗားရှင်းကို အသုံးပြုရန် အလွန်အရေးကြီးပါသည်။ ကျွနု်ပ်တို့အနေဖြင့် သင့်စက်ပစ္စည်းကို အလိုအလျောက် ပြုပြင်မွမ်းမံမှု လုပ်ရန် ပြုလုပ်ထားဖို့အကြံပြုလိုပါသည် ၊ သို့မှသာ သင့်တွင် သတိတရလုပ်ဆောင်ရမည့်တာဝန်တစ်ခု လျော့သွားမည် ဖြစ်သည်။
ထည့်သွင်းထားသော အက်ပလီကေးရှင်းများအားလုံးကို ပုံမှန် အဆင့်မြှင့်တင်ပါ
- သင် အသုံးပြုနေသော Google Play Store App သည် အဆင့်မြင့်တင်ထားခြင်းရှိမရှိကို Google Play Store ၏ အဆင့်မြှင့်တင်နည်း တရားဝင် လမ်းညွှန် တွင် စစ်ဆေး ဆောင်ရွက်နိုင်သည်.
- တရားဝင် မှတ်တမ်း ကို လေ့လာ၍ အက်ပလီကေးရှင်း များကို အလိုအလျှောက် အဆင့်မြှင့်တင်စေရန် ဆောင်ရွက်ပါ။
ယုံကြည်ရသောအရင်းအမြစ်များမှသာ အက်ပ်ပလီကေးရှင်းများကို အသုံးပြုပါ
- သင့်စက်ပစ္စည်းတွင် "root ဖောက်ခြင်း" ကိုရှောင်ကြဉ်ပါ.
- Application များကို Google Play Store မှ သာ သွင်းယူပါ။
- သွင်းယူမိထားသော (သို့) Download ဆွဲထားသော Application များကို Google Play Store မှ ရယူထားခြင်း ဟုတ်/မဟုတ်ကို စစ်ဆေးပါ၊ ထို့အတူ အခြား မသိရှိသော ရင်းမြစ်များမှ အက်ပလီကေးရှင်းများ install ပြုလုင်ခြင်းကို ပိတ်ထားပါ.
- If some of the apps you would like to install are not available in your country, consider changing your Google Play country (to do this, you may need to use a VPN.)
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ
Google Play Store သည် Android (အင်းဒရွိုက်) အသုံးပြုများအတွက် Application များ သွင်းဖို့ (သို့) Download ရယူဖို့ရန်အတွက် သွားရောက်ရမည့် တရားဝင် နေရာတစ်ခုဖြစ်ပါသည်။ တစ်နည်းအားဖြင့် Google ကုမ္ပဏီက ဗဟိုချုပ်ကိုင်မှု ပြုလုပ်သည်ဟု ထင်ရသောလည်း ဒီလိုမျိုးတရားဝင် သတ်မှတ်ထားခြင်းက အသုံးပြုသူများအနေဖြင့် မိမိတို့ ထည့်သွင်းလိုသော App များထည့်သွင်းရတွင် ပိုမိုလွယ်ကူစွာတွေ့ရှိနိုင်ပြီး၊ Google အနေဖြင့်လည်း Google Play Store ပေါ်တွင် တင်ထားသော Application များ၏ လုံခြုံရေးပိုင်ရာများချိုးဖောက်ကို စောင့်ကြည့်နိုင်သကဲသို့ ချိုးဖောက်မှုများပြုလုပ်ရာတွင်လည်း ပေါ်လစီများနှင့် ထိန်းချုပ်နိုင်မည်ဖြစ်သည်။ ဒါကြောင့် Google Play Store မှသာ Application များကို ရယူပါ။
အကယ်၍ သင့်အနေဖြင့် Google Playstore တွင် မရရှိနိုင်သော အက်ပလီကေးရှင်း တစ်ခုအား အသုံးပြုရန် ဆိုးကျိုးနှင့် အန္တရာယ်များထပ် အရေးတစ်ကြီး လိုအပ်ပါက၊ ပိုမို လုံခြုံစေရန် သီမံသင့်သည် - ဥပမာအားဖြင့် အဆိုပါ စက်ပစ္စည်းတွင် ထိရှလွယ်သော ပုဂ္ဂိုလ်ရေးဆန်သော အချက်အလက်များ မသိမ်းထားခြင်း။ သို့ရာတွင် အက်ပလီကေးရှင်းများကို စိတ်ချယုံကြည့်ရသည့် အခြား ရင်းမြစ်များဖြစ်သော F-droid သို့မဟုတ် Aurora Store သို့မဟုတ် developer များကိုယ်တိုင် စီမံထားသော website များမှသာ install ပြလုပ်ပါ။ တရားဝင်မဟုတ်သော "Mirror" website များသည် သင့်အနေဖြင့် အဆိုပါ ဝန်ဆောင်မှု၏ နောက်ကွယ်တွင် ရှိသော ထိန်းသိမ်းစီမံသူများကို မသိပါက ယုံကြည်စိတ်ချရန် မဖြစ်နိုင်ပါ။
အက်ပလီကေးရှင်း တစ်ခုခုအား အသုံးပြုသင့်မသင့်ကို ဆုံးဖြတ်နည်းကို လေ့လာရန် Security in a Boxမှ အသုံးပြုရန် အကြံပြုသည့် ကိရိယာများ နှင့် ဝန်ဆောင်မှုများအား မည်ကဲ့သို့ ရွေးချယ်သည်ကို ကြည့်ပါ။
အချို့သောအစိုးရများက မိမိတို့နိုင်ငံအတွင်းမျာ အချို့သော Application များကို အသုံးပြုခွင့်မရအောင် ပိတ်ပင်ထားဖို့ နည်းပညာ ကုမ္ပဏီများကို တောင်းဆိုလေ့ရှိသည်။ ထိုသို့သောအခြေအနေတွင် သင်က သင့်ဖုန်းထဲကို ပိတ်ပင်ထားသော Application များအား သွင်းယူနိုင်ဖို့ (သို့) Download ရယူနိုင်ဖို့အတွက် သင်၏စက်ပစ္စည်းအား “root” ဖောက်ခြင်း လုပ်လေ့ရှိကြသည်။ သို့ရာတွင် ဆင်ဆာပိတ်ဆို့ခြင်းကို ကျော်လွှားရန် နည်းလမ်းများ အရ root ဖောက်ရန် မလိုအပ်ပါ။
ဖုန်း (သို့) စက်ပစ္စည်းအာ Root ဖောက်ခြင်းမျိုးကို မပြုလုပ်ဖို့ အကြံပြုလိုသည်။ Roots ဖောက်ခြင်းဖြင့် မလိုလားအပ်သော အန္တရာယ်ကျရောက်မှုများဖြစ်နိုင်သည်။
သင်အတွက် အသုံးပြုရန်မလိုအပ်သော အက်ပ်များအား ရှင်းလင်းပါ
- Application များအားဖျက်နိုင်ရန်အတွက် ဤလမ်းညွှန်အား ဖတ်ရှုပြီး သင်ယူပါ.
- သင့်ဖုန်းတွင် ထုတ်လုပ်သူများ အလိုအလျောက် ထည့်သွင်းထားသည့် Application များကို ဖြုတ်ရန်မဖြစ်နိုင်သော်လည်း ဤလမ်းညွှန်ကိုဖတ်ကြည့်ပြီး ထို App များကို မည်သို့ဖယ်ထုတ်မည်နည်းကို ဆက်၍လေ့လာကြည့်ပါ။.
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ
သင့်စက်များနှင့် App များကို လုပ်ဆောင်သည့် ကုဒ်ရှိ အားနည်းချက်အသစ်များကို နေ့စဉ် တွေ့ရှိနေပါသည်။ ကုဒ်သည် အလွန်ရှုပ်ထွေးသောကြောင့် ထိုကုဒ်ကိုရေးသော developer များသည် မည်သည့်နေရာတွင်တွေ့မည်ကို ခန့်မှန်း၍မရပါ။ အန္တရာယ်ရှိသော တိုက်ခိုက်သူများသည် သင့်စက်များအတွင်းသို့ ဝင်ရောက်ရန် ဤအားနည်းချက်များကို အသုံးချနိုင်သည်။ သင်အသုံးမပြုသောအက်ပ်များကို ဖယ်ရှားခြင်းသည် အားနည်းချက်ဖြစ်နိုင်ခြေရှိသည့် အက်ပ်အရေအတွက်ကို ကန့်သတ်ပေးသည်။ သင်အသုံးမပြုသောApp များသည် သင့်တည်နေရာကဲ့သို့ အခြားသူများနှင့် မမျှဝေလိုသည့် သင့်အကြောင်းအချက်အလက်များကိုလည်း ပေးပို့နိုင်ပါသည်။ အက်ပ်များကို သင်မဖယ်ရှားနိုင်ပါက ၎င်းတို့ကို အနည်းဆုံး သင် ပိတ်နိုင်မည်ဖြစ်သည်။
ဖြစ်နိုင်ပါက ဆိုရှယ်မီဒီယာ အက်ပ်များ အသုံးပြုခြင်းကို ရှောင်ရှားပါ
- သင်၏ ဆိုရှယ်မီဒီယာများအသုံးပြုခြင်း နှင့် Website များဝင်ရောက်ကြည့်ရှုခြင်းများအား Application များနှင့် ထည့်သွင်းအသုံးပြုခြင်းထက် Browser များမှ Log in လုပ်ပြီး ဝင်ရောက် အသုံးပြုပါ။
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ
Apps may share a lot of your data, like the ID of your phone, your phone number and which wifi you connect to. Some social media apps collect more information than they should. This includes apps like Facebook or Instagram. Use those services through the secure browser on your device (like Firefox) to protect your privacy a bit more.
ကိုယ်ရေးကိုယ်တာအချက်အလက်များအပေါ် ကျင့်ဝတ်ကောင်းများဖြင့် ကိုင်တွယ်သော အက်ပလီကေးရှင်းများကို အသုံးပြုပါ
- You can browse the web with Firefox.
- သင်၏ Email ကို K-9 Mail နှင့်ဖတ်ကြည့်နိုင်သည်။ K-9 Mail.
- သင်၏ဖုန်းထဲသို့ အခမဲ့ ပွင့်လင်းနည်းပညာပါဝင်သော (open-sources app) Application များကို F-Droid မှသော်လည်းကောင်း Aurora Store မှသော်လည်းကောင်း Download ရယူနိုင်သည်။
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ
Android devices come with built-in apps that by default ask you to log in to your Google accounts, like for example Chrome or GMail. Instead, you can use more privacy-friendly apps to browse the web, read your email and much more. In many cases you can also choose to install these apps from F-Droid – an alternative app store focused on free and open-source software – or from Google via an app such as Aurora Store, which improves anonymity by not requiring logging in with a Google account in order to download software.
ကိုယ်ရေးကိုယ်တာအချက်အလက်များအပေါ် ကျင့်ဝတ်ကောင်းများဖြင့် ကိုင်တွယ်သော အက်ပလီကေးရှင်းများကို ထည့်သွင်းပြီးသွားပါက နဂိုပါဝင်သော အက်ပလီကေးရှင်းများ နှင့် သင်အသုံးပြုရန် အစီအစဉ်မရှိသော အက်ပလီကေးရှင်းများကို [စက်ပစ္စည်းအတွင်းမှ ဖယ်ရှားခြင်း သို့မဟုတ် ပိတ်ပင်ခြင်း] (#%E1%80%9E%E1%80%84%E1%80%BA%E1%80%A1%E1%80%90%E1%80%BD%E1%80%80%E1%80%BA-%E1%80%A1%E1%80%9E%E1%80%AF%E1%80%B6%E1%80%B8%E1%80%95%E1%80%BC%E1%80%AF%E1%80%9B%E1%80%94%E1%80%BA%E1%80%99%E1%80%9C%E1%80%AD%E1%80%AF%E1%80%A1%E1%80%95%E1%80%BA%E1%80%9E%E1%80%B1%E1%80%AC-%E1%80%A1%E1%80%80%E1%80%BA%E1%80%95%E1%80%BA%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%E1%80%A1%E1%80%AC%E1%80%B8-%E1%80%9B%E1%80%BE%E1%80%84%E1%80%BA%E1%80%B8%E1%80%9C%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%AB) ကို လုပ်နိုင်ပါသေးသည်။
သင်၏ အက်ပ်ပလီကေးရှင်း၏ တောင်းဆိုသည့် ခွင့်ပြုချက်များကို ကြည့်ရှုပါ
ဖုန်းထဲတွင်ရှိသော Application တစ်ခုချင်းစီတွင် ရှိနေသော သို့မဟုတ် မျှဝေသုံးစွဲနေသော ခွင့်ပြုထားခြင်း (Permission) များကို စစ်ကြည့်ပါ။ အသုံးမပြုတော့သော Apps များ၏ Permission ကိုစစ်ကြည့်ပြီး လိုအပ်ပါက ပေးခဲ့မိသော ခွင့်ပြုချက်များကိုဖြုတ်ပစ်ပါ:
- တည်နေရာ
- အဆက်အသွယ်များ
- စာတိုများ
- မိုက်ခရိုဖုန်း
- အသံ သို့မဟုတ် စကား မှတ်သားမှု
- (ဝက်ဘ်)ကင်မရာ
- မျက်နှာပြင် (စခရင်) မှတ်တမ်းယူခြင်း
- ဖုန်းခေါ်ဆိုမှုများ သို့မဟုတ် ဖုန်းခေါ်ဆိုမှုမှတ်တမ်းများ
- ဖုန်း
- ပြက္ခဒိန်
- အီးမေးလ်
- ပုံများ
- ရုပ်ရှင်များ သို့မဟုတ် ဗီဒီယိုများနှင့် ၎င်းတို့၏ စာကြည့်တိုက်များ
- လက်ဗွေရာဖတ်စက်
- အီလက်ထရောနစ် စက်ပစ္စည်းများ တစ်ခုနှင့် တစ်ခု ကြား အနီးအနား ဆက်သွယ်မှု (NFC)
- ဘလူးတု
- ၎င်းတွင် "disk အသုံးပြုခွင့်" "ဖိုင်များ" "ဖိုင်တွဲများ" သို့မဟုတ် "စနစ်" ပါသည့် မည်သည့်ဆက်တင်မျိုးမဆို
- "install" ပါသောမည်သည့် setting ကိုမဆို
- မျက်နှာမှတ်သားမှု
- ပြင်ပတွင် လုပ်ဆောင်သော လုပ်ငန်းဆောင်တာ
- ကျန်းမာရေး ချိတ်ဆက်မှုများ
- အခြား App များကို ဒေါင်းလုပ်လုပ်ရန် ခွင့်ပြုသည်
သင်၏ Android (အန်းဒရွိုက်) ဖုန်းတွင်ရှိသော Application များ၏ Permission တစ်နည်းအားဖြင့် ခွင့်ပြုချက် (သို့) ဖုန်းထဲတွင်ရှိသော ဒေတာများကို စီမံပိုင်ခွင့် များကို ပြောင်းလဲသတ်မှတ်ရန် Google ၏ တရားဝင် လမ်းညွှန် တွင် ခွင့်ပြုချက်များ ပြောင်းလဲခြင်း ဖယ်ရှားခြင်း၊ အက်ပလီကေးရှင်း ခွင့်ပြုချက် တစ်ခုစီ၏ သက်ရောက်မှုများ ကို လေ့လာနိုင်ပြီး ကင်မရာနှင့် မိုက်ကရိုဖုန်းများအား ပိတ်ခြင်းတို့ အထိ လေ့လာနိုင်သည်။
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ
သင့်တည်နေရာ၊ မိုက်ခရိုဖုန်း၊ ကင်မရာ သို့မဟုတ် စက်ချိန်ညှိမှုများကဲ့သို့သော အရေးကြီးသော ဒစ်ဂျစ်တယ်အသေးစိတ်အချက်အလက်များ သို့မဟုတ် ဝန်ဆောင်မှုများကို အသုံးပြုသည့်အက်ပ်များသည်လည်း အချက်အလက်များ ပေါက်ကြားနိုင်သည် သို့မဟုတ် တိုက်ခိုက်သူများ အသုံးချခံရနိုင်သည်။ ထို့ကြောင့် ဝန်ဆောင်မှုတစ်ခုအား အသုံးပြုရန် အက်ပ်တစ်ခုမလိုအပ်ပါက၊ အဆိုပါခွင့်ပြုချက်ကို ပိတ်ပါ။
တည်နေရာအားပိတ်ထားပြီး မှတ်တမ်းအားရှင်းလင်းပါ
- သင်၏ စက်ပစ္စည်း တည်နေရာကို (location) ကို ပိတ် သော အလေ့အကျင့်ကို ပျိုးထောင်ပါ။ သို့မဟုတ် အသုံးမပြုချိတ်တွင် ပိတ်ထားပါ၊ ဖုန်းတစ်လုံးလုံး၏ စက်ပစ္စည်းတည်နေရာကိုလည်း ပိတ်ထားခြင်း သို့မဟုတ် အက်ပလီကေးရှင်း တစ်ခုချင်းစီအတွက် ပိတ်ခြင်း လည်းပြုလုပ်နိုင်သည်။
- Android (အန်းဒရွိုက်) စက်ပစ္စည်းများ တစ်နည်းအားဖြင့် ဖုန်းများတွင် တည်နေရာ (Location) ကိုသွားရောက်ပိတ်ရန်အတွက် setting ထဲတွင်ရှိနေသော အထားအသိုမှာ ဖုန်းတစ်လုံးနှင့် တစ်လုံးပေါ်မူတည်ပြီးကွဲပြားနိုင်ပေမယ့် ပုံမှန်အားဖြင့် Setting ထဲကနေမှ Privacy (ဒါမှမဟုတ်) Security ထဲမှာရှိနေတတ်ပါသည်။
- ဒီနေရာမှာ သင်က သင်၏ဖုန်းတည်နေရာကို ဖွင့်ထားပြီး အသုံးပြုသူတစ်ယောက်ဖြစ်ပါက ပုံမှန် တည်နေရာဖွင့်ထားမှုကို စစ်ဆေးပါသည်။ သင်၏တည်နေရာ မှတ်တမ်းတင်မှုများကို ဖျက်ထားသင့်သည်။ သင်ရဲ့ အတိတ်မှာသွားလာခဲ့တဲ့ တည်နေရာ (location) တွေကို ဖျက်ချင်တယ်ဆိုရင်တော့ Google Map ကနေ သင်ရဲ့ တည်နေရာ (Location) တွေကို မှတ်မထားစေရန် Google Map Timeline လမ်းညွှန် နှင့် လှုပ်ရှားမှု မှတ်တမ်းများ ကို လေ့လာနိုင်ပါသည်။
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ
ကျွန်ုပ်တို့၏စက်ပစ္စည်းများသည် ကျွန်ုပ်တို့အသုံးပြုနေသည့်နေရာ၊ GPS၊ ဖုန်းအသုံးပြုရန်အတွက် ချိတ်ဆက်ခဲ့သော တာဝါတိုင်များ ဒါမှမဟုတ် ချိတ်ဆက်အသုံးခဲ့သော wifi များနှင့် အသုံးပြုခဲ့သည့်နေရာများကို အမြဲမပြတ်ခြေရာခံသည်။ အကယ်၍များ သင်ရဲ့ စက်ပစ္စည်းတွေဖြစ်တဲ့ ဖုန်းတွေ၊ ကွန်ပျူတာတွေက သင်ရဲ့ ပြင်ပလက်ရှိတည်နေရာတွေကို မှတ်တမ်းတင်ထားမယ်ဆိုရင် အခြားသူတစ်ယောက်က ဒီအရာတွေကို အခြေခံပြီးသင့်ကို ရှာလို့ရနိုင်သလိုပဲ၊ ဒီ မှတ်တမ်းတွေကို အခြေခံပြီး ဘယ်အချိန်၊ ဘယ်နေရာမှာ သင်က ဘယ်သူတွေနဲ့ရှိခဲ့လဲဆိုတာတွေကို သက်သေပြနိုင်ပါသည်။
သင့်စက်များတွင် သီးခြားအသုံးပြုသည့်အကောင့်များ ဖန်တီးပါ
- စီမံခန့်ခွဲမှုအခွင့်ရရှိသည့်အသုံးပြုသူအကောင့် နှင့်အတူ
(စီမံခန့်ခွဲမှုအခွင့်မရရှိသည့်) နောက်ထပ်တစ်ဉီးထားရှိကာ
သင့်စက်ပစ္စည်းပေါ်တွင် အသုံးပြုသူတစ်ဦးထက်ပိုအောင်ဖန်တီးအသုံးပြုပါ။
- သင်တစ်ဦးတည်းသာ စီမံခန့်ခွဲခွင့်ရှိသည့်အသုံးပြုသူဖြစ်သင့်သည်။
- ပုံမှန်အသုံးပြုသူများအား သင့်စက်ပစ္စည်း ပေါ်ရှိ အက်ပ်၊ ဖိုင် သို့မဟုတ် ဆက်တင်တိုင်းကို ဝင်ရောက်ခွင့်မပြုသင့်ပါ။
- သင်၏နေ့စဉ်အလုပ်အတွက် ပုံမှန်အသုံးပြုသူအကောင့်ကို အသုံးပြုရန် စဉ်းစားပါ။
- ဆော့ဖ်ဝဲလ်ထည့်သွင်းခြင်းကဲ့သို့ သင့်စက်ပစ္စည်းလုံခြုံရေးကို ထိခိုက်စေသည့် အပြောင်းအလဲများပြုလုပ်ရန် လိုအပ်သည့်အခါမှသာ admin user အကောင့်ကို အသုံးပြုပါ။
- ပုံမှန်အသုံးပြုသူအကောင့်ကို နေ့စဉ်အသုံးပြုခြင်းဖြင့် သင့်စက်ပစ္စည်းသည် သူခိုးဆော့ဖ်ဝဲ၏ လုံခြုံရေးခြိမ်းခြောက်မှုများနှင့် ထိတွေ့မှုမည်မျှရှိသည်ကို သိရှိနိုင်သည်။
- When you cross borders, having a standard user open could help hide your more sensitive files. Use your judgment: will the border authorities confiscate your device for a thorough search, or will they force you to log in to your account so they can take a quick look? If you expect they won't look too deeply into your device, being logged in as a standard user for work that is not sensitive provides you some plausible deniability.
- အသုံးပြုသူ (User) များကို မည်သို့ ထည့်သွင်းရမည်ဆိုသည်ကို Google ၏ အသုံးပြုသူများ ထည့်ပေါင်းခြင်း နှင့် ဖျက်ခြင်း ပံ့ပိုးကူညီမှုစာမျက်နှာတွင် လေ့လာပါ။
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ
သင်အသုံးပြုသည့် စက်များကို ထိလွယ်ရှလွယ် အလုပ်အတွက် အခြားမည်သူနှင့်မျှ မျှဝေခြင်းမပြုရန် ကျွန်ုပ်တို့ အလေးအနက် အကြံပြုအပ်ပါသည်။ သို့သော် သင်သည် သင်၏စက်ပစ္စည်းများကို လုပ်ဖော်ကိုင်ဖက် သို့မဟုတ် မိသားစုနှင့် မဖြစ်မနေ မျှဝေရမည်ဆိုပါက သင်၏ စက်ပစ္စည်း နှင့် အရေးကြီးသောဖိုင်များကို အခြားသူများမရရှိအောင်ကာကွယ်ထားနိုင်ရန် သီးခြားအသုံးပြုသူအကောင့်များကို သင့်စက်ပစ္စည်းပေါ်တွင် ထားရှိခြင်းဖြင့် အရေးကြီးသော အချက်အလက်များကို ပိုမိုကောင်းမွန်စွာ ကာကွယ်နိုင်ပါသည်။
သင့်စက်နှင့်ဆက်စပ်နေသော မလိုအပ်သောအသုံးပြုသူများကို ဖယ်ရှားပါ
- မလိုအပ်သောအသုံးပြုသူများကိုဖယ်ရှားရန် Google ၏ အသုံးပြုသူများကိုမည်သို့ဖျက်ရမည်ဆိုသည့် ပံ့ပိုးကူညီမှုစာမျက်နှာတွင် လေ့လာပါ။
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ
သင့်စက်ပစ္စည်းကို အခြားသူတစ်ဦးမှ ဝင်ရောက်မကြည့်ရှုစေလိုပါက ၊ နောက်ထပ် "တံခါး" ကို သင့်စက်ပေါ်တွင် မဖွင့်ထားပါက ပိုကောင်းပါသည်။ (၎င်းကို "သင်၏တိုက်ခိုက်မှုမျက်နှာပြင်ကို လျှော့ချခြင်း" ဟုခေါ်သည်) ထို့အပြင် သင်မသိဘဲ သင့်စက်ပေါ်တွင် တင်ထားသော မည်သည့်အကောင့်များသည် သင့်စက်အားဖော်ထုတ်နိုင်သည်ကို စစ်ဆေးပါ။
သင့်စက်နှင့်ချိတ်ဆက်ထားသော gmail account ကို လုံခြုံအောင်လုပ်ပါ။
- သင့်စက်နှင့်ဆက်စပ်နေသည့် gmail အကောင့်တစ်ခုစီသို့ ဝင်ရောက်ပါ။
- သင့်အကောင့်ကို အသုံးပြုသည့် စက်ပစ္စည်းများ မှတ်တမ်းကို ကြည့်ပါ
- သင့် စက်ပစ္စည်းနှင့် ချိတ်ဆက်ထားသော ဂူးဂဲလ်အကောင့်များကို အောက်ပါ Google မည်သို့အသုံးပြုရမည်ဆိုသည့် လမ်းညွှန်တွင် အကောင့်ကာကွယ်ရန် အဆင့်များ အတိုင်းလိုက်နာ၍ လုံခြုံရေးလုပ်ဆောင်ပါ။
- သင့်စက်ပစ္စည်း နှင့် ချိတ်ဆက်မှုရှိနေသာ တခြားအကောင့်များအား စစ်ဆေးရန် ဆိုရှယ်မီဒီယာအကောင့်အပိုင်းကိုလည်းကြည့်ပါ။
- သင့်အကောင့်တွင် သံသယရှိစရာကောင်းသော လုပ်ဆောင်မှု တစ်ခုခုရှိနေသဖွယ် သံသယမကင်း ဖြစ်ပါက မှတ်တမ်းဓါတ်ပုံရိုက်ယူပါ၊ ဒါမှမဟုတ် screenshot ရိုက်ပါ။
- Google အသုံးပြုမှုနှင့်ပက်သက်ပြီး သံသယရှိဖွယ်၊ သတိထားစရာများကို ဤလမ်းညွှန်တွင်ဖတ်ရှုနိုင်သည်.
- တစ်စုံတစ်ခုသော အသိပေးချက်များရောက်ရှိလာပါက ကြည့်ရှူရန် သို့မဟုတ် အကောင့်များနှင့် ပက်သက်၍ လုံခြုံရေးဆိုင်ရာ စစ်ဆေးမှုများပြုလုပ်နိုင်ရန်အတွက် လမ်းညွှန်တွင် ဝင်ရောက်ဖတ်ရှုနိုင်သည်။
- အောက်ပါအဆင့်များကို လိုက်လုပ်ကြည်ပါ။
- သင့်အကောင့်ဆက်တင်များ နောက်ဆုံးလုပ်ဆောင်ချက်ကို စစ်ဆေးပါ။ ထိုသို့လုပ်ဆောင်ရန် [သင်၏ gmail စာမျက်နှာ၏အောက်ခြေရှိ အသေးစိတ်ချက်များကို နှိပ်](https://mail.google.com/mail /u/0/#inbox) နိုင်သည်။
- သင့် Google အကောင့်တွင် လက်တလော လုံခြုံရေးနှင့်ဆက်စပ်သော လုပ်ဆောင်ချက်များ ရှိနေသလားဆိုသည်ကို စစ်ဆေးပါ။
- သင့် Google အကောင့်သည် third-party အက်ပ်များ သို့မဟုတ် ဝန်ဆောင်မှုများနှင့် ချိတ်ဆက်နေခြင်း ရှိမရှိ စစ်ဆေးပါ။
- အက်ပလီကေးရှင်း စကားဝှက်များ ဖွင့်ထားမိသလားဆိုသည်ကို စစ်ဆေးပါ။
- အကယ်၍များ သင့်၏အကောင့်သည် log out ထွက်သွားသော အခြေအနေမျိုးတွင် အကောင့်အား ပြန်လည်အသုံးပြုနိုင်ရန်အတွက် အရန် recovery Email တစ်ခုနှင့်ချိတ်ဆက် ခြင်း နှင့် [recovery ဖုန်းနံပါတ်များထားဖို့လိုပါတယ်။]https://myaccount.google.com/signinoptions/rescuephone)
- သင်၏ Mail က တစ်ခြားသော တစ်စုံတစ်ယောက်သော Mail သို့ အလိုအလျောက် Forward လုပ်ထားခြင်းရှိမရှိကို စစ်ဆေးပါ။.
- Google ၏ အဆင့်မြင့် ကာကွယ်ခြင်း အစီအစဉ် လျှောက်ထားရန် စဥ်းစားပါ။
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ
တစ်ချို့သောအခြေအနေတွင် စက်ပစ္စည်းအများကြီးထဲတွင် သင်၏အကောင့် တစ်ခုတည်းအား ဝင်ရောက်သုံးစွဲခြင်းမျိုး ဖြစ်နိုင်ပါသည်။ ဉပမာ သင့်ရဲ့ ဖုန်း ၊ သင့်ရဲ့ Laptop ထဲက Chromebook ဒါမှမဟုတ် သင်၏အိမ်က Google TV ဒါတွေအားလုံးကို သင်ရဲ့ gmail အကောင့်တစ်ခုတည်းနဲ့ ချိတ်ဆက် အသုံးပြုကြတာမျိုး ဖြစ်နိုင်ပါသည်။ ဒါကြောင့် တစ်စုံတစ်ယောက်က သင်ရဲ့ခွင့်ပြုမရပဲ အကောင့်ကို ဝင်ရောက် သုံးစွဲနေတာမျိုးရှိမရှိကို ဒီအပိုင်းတွင် သေချာစစ်ဆေးနိုင်ပြီး အကယ်၍များ သုံးနေခဲ့တယ်ဆိုလျှင် တစ်စုံတစ်ယောက်အား အသုံးခွင့်ပိတ်ခြင်း စတာတွေကို ဒီအပိုင်းမှာ သိရှိနိုင်ပါသည်။
အချိန်တစ်ခုထိ ဖုန်းအားအသုံးမပြုတော့ပါက ဖုန်းစခရင်အား ပိတ်ပြီး လော့ခ်ချထားပါ
- စကားဝှက်အတို သို့မဟုတ် နံပါတ် မထားဘဲ ရှည်လျားသော
စကားဝှက်စာစု (အနည်းဆုံး အက္ခရာ 10 လုံး) ကို
အသုံးပြုပါ။
- စကားဝှက် ပြောင်းလဲခြင်း ထားရှိခြင်း ပြုလုပ်ရန် Google ၏ အန်းဒရွိုက် ဖုန်းများတွင် screen lock ပြုလုပ်ခြင်း လမ်းညွှန် တွင် ကြည့်ရှုနိုင်သည်။
- သင်၏ဖုန်းအား ဖွင့်ဖို့ရန်အတွက် လက်ဗွေ၊ မျက်နှာ Scan ကဲ့သို့သော
အရာများအား စကားဝှက်အဖြစ်ထားခြင် (ဒါမှမဟုတ်) မျက်လုံး၊ အသံကို
အသုံးပြုပြီး ဖုန်း၏ လော့ခ်ဖွင့်ခိုင်းသည့်စနစ်ကို ပြုလုပ်ထားခြင်းသည်
အခြေအနေတစ်ခုခု ကြုံရပါက သင့်အား အကြပ်ကိုင်သော နည်းလမ်းအသုံးပြုပြီး
သင်၏ဖုန်းအားဖွင့်ဖို့ တစ်စုံတစ်ယောက် (သို့) အစုအဖွဲ့အလိုက်
အသုံးပြုနိုင်သည်။ ဉပမာ သင်၏ ဖုန်းလုခံရသော အခြေအနေတစ်ခုကို
စဉ်းစားကြည့်ပါက ပို၍ မြင်သာနိုင်မည်ဖြစ်သည်။ ဒါကြောင့် သင့်တွင်
စာရိုက်ရန်အဆင်မပြေလောက်သည့် အမြင်အာရုံချို့တဲ့ခြင်း၊
အကြားအာရုံချို့တဲ့ခြင်း ၊ ကိုယ်လက်မသန်စွမ်းခြင်း စတဲ့
အခြေအနေတွေမရှိပါက Passphrase ပေးခြင်းကိုသာ အသုံးပြုသင့်ပြီး
တစ်ခြားအရာများအား အသုံးမပြုသင့်ပါ။
- သင့်လက်ဗွေနှင့် မျက်နှာကို သင့်စက်ပစ္စည်းတွင်
ထည့်သွင်းပြီးသားဖြစ်နေပါက ၎င်းတို့အားဖယ်ရှားပါ။ အန်းဒရွိုက်
စက်ပစ္စည်းများသည် ကွဲပြားသောကြောင့် သင့်စက်ပစ္စည်း
ထားရှိသည့်နေရာများသည်လည်း ကွဲပြားနိုင်သည်၊သို့သော်လည်း အောက်ပါ
ညွှန်ကြားချက်များအတိုင်း လက်ဗွေရာ
ဖယ်ရှားခြင်း
သို့မဟုတ် Face Unlock
ဖယ်ရှားခြင်း
ကြိုးစားလုပ်ကြည့်ပါ။ တနည်းအားဖြင့်
သင်ပုံမှန်အားဖြင့်ရှာဖွေတွေ့ကြည့်နိုင်သည့် နေရာတွင်
သင့်စက်ပစ္စည်း လော့ချသည့်
ဆက်တင်တွင်ရှာပါ
ကြိုးစားရှာကြည့်ပါ။
- pattern ဖြင့်လော့ချခြင်းသည် ခန့်မှန်းရလွယ်နိုင်သည့်အတွက် Pattern ထားရှိခြင်းကို အသုံးမပြုပါနှင့်။
- ရိုးရှင်းသည့် "swipe to unlock"ရွေးချယ်မှုသည် လုံခြုံသောလော့ချခြင်းမဟုတ်ပါ ၎င်းရွေးချယ်မှုကိုအသုံးမပြုပါနှင့်။
- "စကားဝှက်အားမြင်နိုင်အောင်ပြုလုပ်ခြင်း" ရွေးချယ်မှုကို ပိတ်ပါ။
- သင့်လက်ဗွေနှင့် မျက်နှာကို သင့်စက်ပစ္စည်းတွင်
ထည့်သွင်းပြီးသားဖြစ်နေပါက ၎င်းတို့အားဖယ်ရှားပါ။ အန်းဒရွိုက်
စက်ပစ္စည်းများသည် ကွဲပြားသောကြောင့် သင့်စက်ပစ္စည်း
ထားရှိသည့်နေရာများသည်လည်း ကွဲပြားနိုင်သည်၊သို့သော်လည်း အောက်ပါ
ညွှန်ကြားချက်များအတိုင်း လက်ဗွေရာ
ဖယ်ရှားခြင်း
သို့မဟုတ် Face Unlock
ဖယ်ရှားခြင်း
ကြိုးစားလုပ်ကြည့်ပါ။ တနည်းအားဖြင့်
သင်ပုံမှန်အားဖြင့်ရှာဖွေတွေ့ကြည့်နိုင်သည့် နေရာတွင်
သင့်စက်ပစ္စည်း လော့ချသည့်
ဆက်တင်တွင်ရှာပါ
ကြိုးစားရှာကြည့်ပါ။
- သင်၏ ဖုန်းစခရင်ကို အသုံးမပြုတော့သည့်အချိန်တွင် ၁မိန်−၅မိန်စ် အချိန်ခဏလေးအတွက် စခရင်ပိတ်သွားအောင် စီမံပါ။ ထိုသို့ Setting ချိန်ညှိရန် စက်ပစ္စည်းအမျိုးအစား ပေါ်မူတည်ပြီး တည်နေရာ အနည်းငယ်ကွာခြားနိုင် သော်လည်း အများအားဖြင့် ဖုန်း "Setting" တွင်း "System" သို့မဟုတ် "Security" သို့မဟုတ် "Display" အောက်တွင် "Screen timeout" ကိုရှာဖွေ သတ်မှတ်ပါ။
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ
နည်းပညာဆိုင်ရာ တိုက်ခိုက်မှုများသည် သင့်အတွက် အကြီးမားဆုံး စိုးရိမ်စရာဟု ထင်ရသော်လည်း သင့်စက်ပစ္စည်းကို သိမ်းဆည်းခံရခြင်း သို့မဟုတ် ခိုးယူခံရပြီး တစ်စုံတစ်ဦးမှ ဖောက်ထွင်းခံရခြင်းက ဖြစ်နိုင်ခြေပိုများပါသည်။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် Passphrase ထားရှိခြင်းသည် တစ်ခြားတစ်စုံတစ်ယောက် သင်၏ဖုန်းအား ရယူ၍ Password (သို့) PIN များအား အလွယ်တကူ ခန့်မှန်းပြီး ဝင်ရောက်နိုင်မှုအား ကာကွယ်ပေးသည်။
Passphrase ( ဂဏန်း၊ အက္ခရာ၊ အမှတ်အသားများစွာ ထည့်သွင်းနိုင်သော ) စကားဝှက်များမှလွဲ၍ အခြား စခရင်လော့ခ်ချရွေးချယ်မှုများကို ကျွန်ုပ်တို့ မအကြံပြုပါ။ ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်း ဒါမှမဟုတ် ရှာဖွေခံရသော အခြေအနေမျိုးတွင် သင်၏မျက်နှာ၊ အသံ၊ မျက်လုံး သို့မဟုတ် လက်ဗွေဖြင့် သင့်စက်ပစ္စည်းကို အလွယ်တကူ လော့ခ်ဖွင့်ရန် ခိုင်းစေနိုင်သည်။ တစ်စုံတစ်ယောက်၏ လက်ထဲသို့ သင်၏ဖုန်းရောက်ရှိသွားချိန်တွင် ထိုသူများက သင်သတ်မှတ်ခဲ့သော စကားဝှက်တွေကို ခန့်မှန်းရန် ဆော့ဖ်ဝဲကို အသုံးပြုနိုင်သည်။ မျက်နှာ Scan (သို့) လက်ဗွေရာများဖြင့် ဖုန်းတွင် စကားဝှက်အနေဖြင့် ထားရှိခဲ့ပါကလည်း တစ်စုံတစ်ယောက် က သင်၏မျက်နှာသွင်ပြင် (သို့) လက်ဗွေရာအား နည်းပညာအသုံးပြုပြီး ပုံစံတုလုပ်ကာ ဖုန်းအားဖွင့်ရန် ကြိုးပမ်းနိုင်ပါသည်။
ဤအကြောင်းများကြောင့်၊ ချမှတ်ရန်အလုံခြုံဆုံးသောသော့သည် ရှည်လျားသော Passphrase စကားဝှက်တစ်ခုဖြစ်သည်။
သင့်စက်လော့ခ်ချထားချိန်တွင် မြင်နိုင်သောအရာများကို ထိန်းချုပ်ပါ
- [သင်၏ဖုန်းစခရင်တွင် ပေါ်လာနိုင်သော Notification များအား မည်သို့
စီမံရမည်]https://support.google.com/android/answer/9079661)
ကိုလေ့လာနိုက်သည်။ ဤလမ်းညွှန်အတိုင်း ပြုလုပ်ခြင်းဖြင့် မည်သည့်
Notification မဆို ဖုန်းခစရင်ပေါ်တွင် ပေါ်မလာစေရန်
စီမံဆောင်ရွက်ပါ။
- သင်၏ဖုန်းသို့ဝင်ရောက်လာသော စာတိုမက်ဆေ့(ချ်)များကို မဖြစ်မနေ သင်၏ဖုန်းစခရင်ပေါ်တွင် Notification တက်ဖို့လိုအပ်လျှင် ထိရှလွယ်သော အချက်အလက်များ ဖုန်းစခရင်ပေါ်တွင် မပေါ်အောင် စီမံခန့်ခွဲနိုင်သည်၊ ထိုသို့စီမံထားမည်ဆိုပါက သင်၏ဖုန်းစခရင်ပေါ်သို့ Notification များ တစ်နည်းအားဖြင့် မက်ဆေ့(ချ်)များ ရောက်လာသော်လည်း ဤမက်ဆေ့(ချ်)အား မသည်သူမျှပေးပို့သည် (သို့မဟုတ်) မည်သည့်အကြောင်းအရာပေးပို့သည် စတဲ့ အရေးပါသော အကြောင်းအရာများ မပေါ်လွင်အောင် ပြုလုပ်ထားနိုင်သည်။
- အကယ်၍ စက်ပစ္စည်း တစ်ခုတည်းကနေ အသုံးပြုသူအများကြီးခွဲပြီး သုံးလို့ရတဲ့ ပုံစံမျိုး Android (အန်းဒရွိုက်) တွေမှာ ပြုလုပ်လို့ရသည်။ ထို့သို့သင်က သင်၏စက်ပစ္စည်းကို အများသူများနဲ့ User ခွဲပြီးသုံးလိုပါက အသုံးပြုနိုင်သည်။ သို့ပေမယ့် ဖုန်းစခရင်ပိတ်ထားတဲ့အချိန်မှာ User နောက်တစ်ယောက်ကို သင်၏ခွင့်ပြုချက်မပါပဲနဲ့ ထည့်သွင်းလို့မရနိုင်အောင် “Add uses from lock’ screen” ဆိုသော Setting ကို “Off” ပြုလုပ်ထားရမည်။ ဤသို့ပြုလုပ်ရန် Google ၏ အသုံးပြုသူများ ခွဲခြားခြင်း လမ်းညွှန် တွင့်လေ့လာနိုင်သည်။ သင်၏ ဖုန်းအမျိုးအစားပေါ်မူတည်ပြီး ထို Setting ကိုသွားရောက်ရန် နေရာ ကွဲပြားမှုရှိနိုင်သော်လည်း အများအားဖြင့် ဖုန်းထဲက Security > Lock Screen or in System > Advanced > Multiple users အနေအထားဖြင့် တွေ့ရနိုင်သည်။
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ
ဖုန်းတစ်လုံးတွင် ဖုန်းစခရင် လော့(ခ်)ချထားခြင်း တစ်နည်းအားဖြင့် ခိုင်မာအားကောင်းသော စကားဝှက်များဖြင့် ကာကွယ်ထားခြင်းသည် အင်မတန်မှအရေးကြီးသည်။ ခိုင်မာအကောင်းသော စကားဝှက်များနှင့် စခရင်လော့(ချ်) ချထားခြင်းက မိမိ၏ စက်ပစ္စည်း အခိုးခံရချိန် သို့မဟုတ် သိမ်းဆည်းခံရချိန်၌ သင့်ကို အတိုင်းအတာ တစ်ခုထိ ကာကွယ်ပေးနိုင်သည်။ ထိုသို့သော အခြေအနေတွင် သင်က ဖုန်းစခရင်လော့(ချ်) ချထားသော်လည်း သတိပေးချက်များကို ပိတ်ထားခြင်းမရှိပါက သင့်၏အသိမိတ်ဆွေပေးပို့လာသော မက်ဆေ့(ချ်) (သို့) အီးမေး(လ်) ကနေလည်း သင်၏ အချက်အလက်အချို့ ပေါက်ကြားနိုင်သည်။
Voice Controls (အသံထိန်းချုပ်ခြင်း) ကိုပိတ်ပါ
Google Assistant ဒါမှမဟုတ် အသံဖြင့်ထိန်းချုပ်အသုံးပြုနိုင်သော Voice Control ကိုပိတ်ပါ။ ထိုသို့ပိတ်နိုင်ရန်အတွက် သင်၏ Android (အန်းဒရွိုက်) စက်ပစ္စည်းအမျိုးအစားပေါ်မူတည်ပြီး ကွဲပြားနိုင်သော်လည်း ၊ Setting ၏ Google ဆိုသော နေရာတွင် ရှာကြည့်နိုင်သည်။
Google Assistant နှင့်ပက်သက်သော လမ်းညွှန်များကို ပြန်လည်စမ်းစစ်ကြည့်ပါ။
သင်က Voice Control ကိုသုံးချင်တယ်၊ လုံခြုံရေးရှုထောင့်အရလည်း အန္တရာယ်ရှိမှု ထိရှလွယ်မှုတွေကို သတိထားနေရတယ်ဆိုရင်တော့ လုံခြုံရေး လမ်းညွှန်းကို ကြည့်ပြီး ပိုမိုလိုခြုံအောင်ပြင်ဆင်ပါ ထို့အတူ အချက်အလက် လုံခြုံရေးအတွက် google ၏ တရားဝင်လမ်းညွှန် ကိုလည်း လေ့လာပါ။
ထို့အပြင်သင်၏ ဖုန်း Microphone access ကို လုံးဝ ပိတ်ထားပြီး လိုအပ်သည့်အခါတွင်သာ Microphone access ကိုပေးပြီးအသုံးပြုပါ။
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ
အကယ်၍ သင်က စက်ပစ္စည်းတစ်ခုအား သင်၏အသံ နှင့် ထိန်းချုပ်နိုင်ရန် စနစ်တစ်ခုကို ပြုလုပ်ထားနိုင်ပါက တစ်စုံတစ်ယောက်သော သူကလည်း သင်၏စက်ပစ္စည်းက နားထောင်နေသော အသံတွေကို ဖမ်းယူနိုင်ရန်အတွက် တစ်ခြားကုဒ်တစ်ခုအသုံးပြုကာ ပြုလုပ်နိုင်ပါသည်။
ဒီနေရာမှာ "အသံအတုအယောင်ပြုလုပ်ခြင်း" အန္တရာယ်ကို ထည့်သွင်းစဉ်းစားရန် အရေးကြီးသည်။ တစ်စုံတစ်ယောက်သောသူက သင်၏အသံကို ဖမ်းယူမှတ်တမ်းတင်နိုင်ပြီး သင့်ခွင့်ပြုချက်မရှိဘဲ သင့်ဖုန်းကို ထိန်းချုပ်ရန်အတွက် ထို "အသံအတုအယောင်" ကိုအသုံးပြုနိုင်သည်။
သင့်တွင် စာရိုက်ရန် သို့မဟုတ် အခြားထိန်းချုပ်မှုများကို အသုံးပြုရန် ခက်ခဲစေသော မသန်စွမ်းမှုတစ်ခုရှိပါက၊ လိုအပ်သော အသံဖြင့်ထိန်းချုပ်မှုများကို သင်ရှာဖွေနိုင်ပါသည်။ ၎င်းတို့ကို ပိုမိုလုံခြုံစွာတပ်ဆင်နည်းအတွက် လမ်းညွှန်ချက်များကို ဤအပိုင်းတွင် ရယူနိုင်ပါသည်။ သို့သော်၊ သင်သည် ဤအကြောင်းကြောင့် အသံထိန်းချုပ်မှုများကို အသုံးမပြုပါက၊ ၎င်းတို့ကို ပိတ်ထားခြင်းက ပိုမိုလုံခြုံပါသည်။
သင့်ဖုန်းမျက်နှာပြင်ကို အခြားသူများမမြင်နိုင်အောင် တားဆီးပေးသည့် တကိုယ်ရည်သုံး အခြားသူလှမ်းမမြင်နိုင်သည့် Privacy မျက်နှာပြင်မှန်ကပ်များကို အသုံးပြုပါ
- အထက်ပါခေါင်းစဉ်နှင့်ပတ်သက်၍ အကြောင်းအရာများ ပိုမိုသိရှိလိုပါက တကိုယ်ရည်သုံး လုံခြုံရေး စီစစ်ထားသည့်မျက်နှာပြင်များအတွက် လုံခြုံရေးအစီအမံ လမ်းညွှန် တွင် ဖတ်ရှူပါ ။
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ
ကျွန်ုပ်တို့၏ ဒစ်ဂျစ်တယ်လုံခြုံရေးတိုက်ခိုက်ခံရခြင်းများကို အဆင့်မြင့်နည်းပညာပိုင်းအနေဖြင့် ထင်မြင်နေသော်လည်း လူ့အခွင့်အရေးကာကွယ်သူအချို့၏ အချက်အလက်များ ခိုးယူခံရခြင်း သို့မဟုတ် အကောင့်များ ကျိုးပေါက်ခြင်းမှာ တစ်စုံတစ်ယောက်က ၎င်းတို့၏ ဖုန်းမျက်နှာပြင်ကို ပုခုံးထက်မှ ကျော်ကြည့်ခြင်း သို့မဟုတ် လုံခြုံရေးကင်မရာကို အသုံးပြု၍ကြည့်ရှုခြင်းဖြစ်ကြောင်း သင်အနေဖြင့် သိရှိပါက အံ့အားသင့်စရာဖြစ်နိုင်ပါသည်။ တကိုယ်ရည်သုံး အခြားသူလှမ်းမမြင်နိုင်အောင် မျက်နှာပြင်အကာမှန်တစ်ခုသုံးထားခြင်း က များသာအားဖြင့် ပုခုံးထက်မှ ကျော်ကြည့်ခြင်းဟုခေါ်သည့် တိုက်ခိုက်မှုမျိုး မအောင်မြင်စေရန် ဆောင်ရွက်ပေးနိုင်သည် ။ ၎င်းတို့ကို စက်ပစ္စည်းနှင့်ဆက်စပ်သည့်ပစ္စည်းများ ရောင်းသည့်ဆိုင်များတွင် ရှာကြည့်နိုင်သည်။
ကင်မရာအကာ ကို အသုံးပြုပါ
- ပထမဆုံးအနေဖြင့် သင့်စက်တွင် ကင်မရာများ မည်သည့်နေရာမှာရှိ၊ မရှိကို ရှာဖွေပါ။ သင့်စမတ်ဖုန်းတွင် တစ်ခုထက်မက ရှိနိုင်ပါသည်။
- သင့်အနေဖြင့် နည်းပညာနိမ့် ကင်မရာအဖုံး - သင့်ကင်မရာအပေါ်တွင် ကပ်ခွာပတ်တီးငယ်ကို အသုံးပြုကာ ပိတ်ထားပြီး ကင်မရာကို အသုံးပြုရန် လိုအပ်သည့်အခါ ၎င်းကို လိုအပ်သလို ရွှေ့၍ အသုံးပြုနိုင်ပါသည်။ အလယ်အပိုင်းသည် ကော်မပါသောကြောင့် ကင်မရာမှန်မျက်နှာပြင်ကို စေးကပ်ခြင်းမရှိသည့်အတွက် ပတ်တီးသည် စတစ်ကာထက် ပိုကောင်းပါသည်။
- သင်၏စက်ပစ္စည်းများ၍ ပါဝင်သော ကင်မရာများအား ပိတ်ထားနိုင်ရန်အတွက် သင့်တော်သော ကင်မရာကာဗာ “ Webcam” များအား ရှာဖွေ၊ ဝယ်ယူ တပ်ဆင်ပါ။
- ထို့အတူ ဖုန်း၏ Camera အားလုံးဝပိတ်ထားရန် စဥ်းစားပါ။
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ
သင့်အား၊ သင့်ပတ်ဝန်းကျင်ရှိလူများ၊ သို့မဟုတ် သင်ရှိနေသောနေရာကို စူးစမ်းရန် အန္တရာယ်ရှိသောဆော့ဖ်ဝဲများသည် သင်မသိဘဲ သင့်စက်တွင်ရှိသော ကင်မရာကိုဖွင့်ပါလိမ့်မည်။
သင်အသုံးမပြုနေချိန်တွင် ချိတ်ဆက်နေမှုများကို ပိတ်ထားပါ
- ညဘက်တွင်သင့်စက်များကို လုံးဝပိတ်ထားပါ။
- Wi=Fi ၊ ဘလူးတုရှ်နှင့် ကွန်ရက်မျှဝေခြင်းကို အသုံးမပြုပါက ပိတ်သည့်အလေ့အကျင့်ကိုပြုလုပ်ပါ။
- Airplane mode ဖွင့်ထားခြင်းသည် သင်၏စက်ပစ္စည်းများအား ချိတ်ဆက်များမှုကို
အလွယ်တကူပိတ်ရန် အမြန်နည်းလမ်းတစ်ခုဖြစ်သည်။ ဒါကြောင့် သင်၏စက်ပစ္စည်းများကို
Airplane Mode "On” စဉ်အချိန်မှာပဲ သင်အသုံပြုလိုသည့် အခြား အရာများကို
အသုံးပြုဖို့ရန်အတွက် Wifi နဲ့ Bluetooth အားတစ်ပြိုင်တည်း ဖွင့်နည်းကို
လေ့လာပါ။
- airplane mode ကိုဖွင့်ပြီး wifi နှင့် bluetooth များကို သေချာပိတ်ပါ။
- Wifi နှင့် bluetooth အား Airplane Mode ဖြင့် အသုံးပြုရန် Google ၏ airplane mode ခြင့် wireless ဆက်သွယ်ခြင်း ကို လေ့လာပါ။
- Advanced Networking Setting ထဲသို့ဝင်ရောက်ကာ Wifi setting ကိုစစ်ဆေးပါ။ ဉပမာ Public Wifi ရှိတဲ့နေရာရောက်ရင်တောင် “Notify for public networks” စတဲ့ Setting များကိုပိတ်ထားပါ။ (https://support.google.com/pixelphone/answer/9655181?hl=en#zippy=%2Cchange-more-wi-fi-settings)
- အင်တာနက်ပြန်လည်ထုတ်လွှင့်ပေးသည့် hotspot အား
သင်အသုံးမပြုသည့်အချိန်တွင်ပိတ်ထားပါ။
- သင်၏ဖုန်းကနေ တစ်ခြားသူအသုံးပြုနိုင်အောင် Hotspot ဖွင့်ထားခြင်းကို သတိပြုပါ။ Hotspot ကိုပိတ်ထားနိုင်ရန် Android (အန်းဒရွိုက်) အသုံးပြုသူမျာအနေဖြင့် (https://support.google.com/android/answer/9059108)၊ Pixel အသုံးပြုသူများအနေဖြင့် https://support.google.com/pixelphone/answer/2812516) ဤလမ်းညွှန်ကို ဖတ်ရှုပြီး hotspot ဖွင့်ထားခြင်းအား ပြန်လည်ပိတ်နိုင်သည်။
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ
Wi-Fi၊ NFC နှင့် ဘလူးတုကဲ့သို့ ကြိုးမဲ့ဆက်သွယ်မှုများအားလုံးသည် ကွန်ရက်များ၏ အားနည်းချက်များကို ရှာဖွေဖောက်ထွင်းကာ ထိရှလွယ်သော အချက်အလက်များ နှင့် ကျွန်ုပ်တို့ စက်ပစ္စည်းများကို ရရှိအောင် ကြိုးစားနိုင်သည့် ကျွန်ုပ်တို့အနီးက တိုက်ခိုက်သူများ၏ တိုက်ခိုက်မှုကို ခံရနိုင်သည်။
သင့်စက်၏ ဘလူးတုသို့မဟုတ် Wi-Fi ချိတ်ဆက်မှုကို ဖွင့်လိုက်သောအခါ သင့်စက်ပစ္စည်းသည် သင် ယခင်က ချိတ်ဆက်ထားခဲ့သော မည်သည့် wifi ကွန်ရက်ကိုမဆို ရှာဖွေရန် ကြိုးစားပါသည်။ အခြေခံအားဖြင့်၊ ၎င်းသည် ၎င်းနှင့်ချိတ်ဆက်ရန်ရနိုင်ခြင်းရှိမရှိကြည့်ရှုရန် ၎င်း၏စာရင်းရှိကွန်ရက်တိုင်း၏အမည်များကို သိရှိရန်ကြိုးစားပါသည်။ အနီးနားတွင်ရှိသော စောင့်ကြည့်နေသူတစ်ဦးသည် သင့်စက်ပစ္စည်းကို ကို သိရှိရန် ဤရှာဖွေမှုကို သုံးနိုင်သည်။ အကြောင်းမှာ သင့်စက်ပစ္စည်း သို့မဟုတ် ကွန်ရက်စာရင်းသည် အများအားဖြင့် တခြားအရာများနှင့် မတူပဲ ကွဲပြားမှု ရှိပါသည်။ ဤလက်ဗွေနှင့်တူသော သင်မှန်းသိသာစေသောအရာများသည် သင့်ဧရိယာအတွင်ရှိ စောင့်ကြည့်နေသူတစ်ဦးအတွက် သင့်စက်ပစ္စည်းကို ပစ်မှတ်ထားရန် သို့မဟုတ် သင်ရောက်ရှိခဲ့သည့်နေရာကို ဖော်ထုတ်ရန် လွယ်ကူစေသည်။
ထို့ကြောင့် အထူးသဖြင့် ဝိုင်ဖိုင်နှင့် ဘလူးတု တို့ကိုအသုံးမပြုသည့်အခါ ဤချိတ်ဆက်မှုများကို ပိတ်ခြင်းသည် အကြံကောင်းဖြစ်ပါသည်။ ၎င်းသည် တိုက်ခိုက်သူက သင့်စက်ပစ္စည်းပေါ်တွင် ထူးဆန်းစွာဖြစ်ပျက်နေသည်ကို သင်သတိမထားမိစေဘဲ သင်၏အဖိုးတန်ပစ္စည်းများကို ဝင်ရောက်ရန်လုပ်ဆောင်နိုင်သည့်အချိန်ကို တားမြစ်သည်။
သင်သိမ်းဆည်းထားသော ဝိုင်ဖိုင်ကွန်ရက်များကို ရှင်းလင်းပါ
- သင်ချိတ်ဆက်မည့် ကွန်ယက် Wifi နာမည် နှင့် စကားဝှက်များကို သင်၏စက်ပစ္စည်းထဲမှာ Networks နေရာတွင် မှတ်သားခြင်းထပ် (../../passwords/tools/#keepassdx) စကားဝှက်များအား စီမံခန့်ခွဲနိုင်သော Password Manager တွင်မှတ်သားပါ။
- သင်၏ဖုန်းထဲတွင် ဖုန်းနှင့်ချိတ်ဆက်ခဲ့သော အထူးသဖြင့် Wifi နာမည်၊ စကားဝှက်တွေကို သင်၏ဖုန်း Network ထဲတွင်မှတ်ထားမိခဲ့ပါ ထိုမှတ်ထားခဲ့သော ကွန်ယက်နှင့် စကားဝှက်များအား အမြဲတမ်းပြန်လည်ရှင်းလင်းခြင်းကို ပြုလုပ်သင့်သည်။ ထိုသို့ပြုလုပ်နိုင်ရန်အတွက် ဤလမ်းညွှန်ကိုဖတ်ရှုပါ။ (https://support.google.com/android/answer/9075847#zippy=%2Cremove-a-saved-network).
- သင်၏စက်ပစ္စည်း Setting ထဲတွင် Wifi ကိုအမြဲတမ်းဖွင့်ထားရန် " Turn on Wifi Automatically” စသည့် Setting နှင့် Public Wifi တစ်ခုခုရှိနေပါက အသိပေးရန် စတဲ့ “"Notify for public networks" Setting များအား Network Preferences တွင်ဝင်ရောက်ပိတ်ပါ။(https://support.google.com/android/answer/9654714?#zippy=%2Cchange-more-wi-fi-settings).
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ
Wi-Fi ချိတ်ဆက်မှုကို ဖွင့်လိုက်သောအခါ၊ သင်စက်ပစ္စည်းသည် သင် ယခင်က ချိတ်ဆက်ထားခဲ့သော မည်သည့် Wi-Fiကွန်ရက်ကိုမဆို ရှာဖွေရန် ကြိုးစားသည်။ အခြေခံအားဖြင့်၊ ၎င်းသည် ၎င်းနှင့်ချိတ်ဆက်ရန်ရနိုင်ခြင်းရှိမရှိကြည့်ရှုရန် ၎င်း၏စာရင်းရှိကွန်ရက်တိုင်း၏အမည်များကို "အော်" သည်။ အနီးနားတွင် လျှိုလျှိုနေသူတစ်ဦးသည် သင့်စက်ပစ္စည်းကို ခွဲခြားသတ်မှတ်ရန် ဤ "ကြွေးကြော်သံ" ကို သုံးနိုင်သည်၊ အကြောင်းမှာ သင့်စာရင်းသည် အများအားဖြင့် ထူးခြားသည်- သင့်တွင် အနည်းဆုံး သင့်အိမ်ကွန်ရက်နှင့် သင့်ရုံးကွန်ရက်သို့ ချိတ်ဆက်ထားပြီး ဖြစ်နိုင်သည်၊ သူငယ်ချင်းများ၏အိမ်များ၊ အကြိုက်ဆုံး ကော်ဖီဆိုင်များ၊ စသည်ဖြင့် ကွန်ရက်များကို ဖော်ပြခြင်းမပြုပါနှင့်။ ဤလက်ဗွေနှင့်တူသော အထောက်အထားများသည် သင့်ဧရိယာအတွင်း လျှိုနေသူတစ်ဦးအတွက် သင့်စက်ပစ္စည်းကို ပစ်မှတ်ထားရန် သို့မဟုတ် သင်ရောက်ရှိခဲ့သည့်နေရာကို ဖော်ထုတ်ရန် လွယ်ကူစေသည်။
ဤသက်သေလိုက်နိုင်သည့်အရာမှ သင့်ကိုယ်သင် ကာကွယ်ရန် သင့်စက်မှသိမ်းဆည်းထားသော wifi ကွန်ရက်များကို ဖျက်ပစ်ပြီး ကွန်ရက်များကို အချိန်ပြည့် ရှာဖွေချိတ်ချက်ခြင်းအားမလုပ်အောင် သင့်စက်အား ရပ်တန့်ပါ။ ၎င်းသည် လျင်မြန်စွာ ချိတ်ဆက်ရန် ပိုမိုခက်ခဲစေလိမ့်မည်၊ သို့သော် ထိုအချက်အလက်များကို သင့်စကားဝှက်မန်နေဂျာတွင် သိမ်းဆည်းထားခြင်းသည် သင်လိုအပ်သည့်အခါတွင် ၎င်းကိုရယူနိုင်မည်ဖြစ်သည်။
သင်အသုံးမပြုနေချိန်တွင် မျှဝေခြင်းကိုပိတ်ထားပါ
- Android (အင်းဒရွိုက်) စက်ပစ္စည်းတွင် နေရာအထာအသိုကွာနိုင်ပေမယ့် Setting ထဲသို့ဝင်ရောက်ကာ “device connections” လိုနေရာမျိုး ဒါမှမဟုတ် “connected devices” လိုနေရာမျိုးကို Setting မှတစ်ဆင့်သွားရောက်ကာ ချိတ်ဆက်နေသော စက်ပစ္စည်းအားလုံးကို သွားရောက်ဖယ်ရှားသင့်သည်။
- ဒေတာအချက်အလက်မျှဝေရန် ပြုလုပ်ထားသော “Nearby Share) စတဲ့ Setting
(https://support.google.com/android/answer/9286773)များကိုပိတ်ထားသင့်သည်။
လိုအပ်လို့ အသုံးပြုမှသာ သွားရောက်ဖွင့်သင့်ပြီး ယုံကြည်ရသော
စက်ပစ္စည်းများနှင့်သာ ချိတ်ဆက်သင့်သည်။
- အကယ်၍ မဖြစ်နေ ဒေတာအချက်အလက်တွေကို အနီးအနားမှာ ရှိတဲ့သူတစ်ယောက်ကို မျှဝေရမည်..ထိုသူ၍လည်း Google Contact ရှိမနေသည့်အခြေအနေမျိုးတွင်၊ အချက်အလက်မျှဝေသော အချိန်တွင် “Everyone” မျှဝေဖို့ ရွေးချယ်ရမှာဖြစ်ပြီး " Use everyone mode temporarily” ကိုရွေးချယ်ထားရမှာပါ။ ဒါမှ အချိန်အတိုင်းအတာ တစ်ခုတွင်သာ သင်၏စက်ပစ္စည်းရှိနေခြင်းကို မြင်ရမှာဖြစ်ပြီး မိနစ်အနည်းငယ်အကြာတွင် ပျောက်သွားမှာဖြကစ်ပါတယ်။ မျှဝေလုပ်ဆောင်ခြင်းပြီးပါက “Quick share” ကိုချက်ခြင်းပြန်ပိတ်သင့်ပါသည်။
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ
စက်ပစ္စည်းအများအပြားသည် ကျွန်ုပ်တို့အား ကျွန်ုပ်တို့ပတ်ဝန်းကျင်ရှိ အခြားသူများနှင့် ဖိုင်များ သို့မဟုတ် ဝန်ဆောင်မှုများကို အလွယ်တကူမျှဝေရန် ရွေးချယ်ခွင့်ပေးခြင်းသည် အသုံးဝင်သောအင်္ဂါရပ်တစ်ခုဖြစ်သည်။ သို့သော် အသုံးမပြုနေစဉ်အတွင်း ဤလုပ်ဆောင်ချက်ကို ဖွင့်ထားပါက၊ အန္တရာယ်ရှိသောသူများသည် သင့်စက်ပစ္စည်းရှိ ဖိုင်များကို ရယူရန် ၎င်းကို အသုံးချနိုင်သည်။
အဆင့်မြင့်: တစ်စုံတစ်ယောက်သည် သင့်ခွင့်ပြုချက်မရှိဘဲ သင့်စက်ပစ္စည်းကို ဝင်ရောက်အသုံးပြုခြင်းရှိမရှိသုံးသပ်ပါ (အခြေခံဒစ်ဂျစ်တယ်ဓာတ်ခွဲခန်းပညာ)
အောက်ပါ စစ်ဆေးစာရင်းများရှိ အဆင့်များကို လိုက်နာပါ
- chat app များနှင့်ဆက်စပ်နေသောစက်ပစ္စည်းများအား စစ်ဆေးပါ။
- Application များအား သင်၏စက်ပစ္စည်းထဲ သွင်းယူမှု တစ်နည်းအားဖြင့် Download ဆွဲခြင်းကို ပြန်လည်စီစစ်ပါ။ Application တစ်ခုခြင်းစီကို စီစစ်ပါ။ (https://github.com/securitywithoutborders/guide-to-quick-forensics/blob/master/android/applications.md).
- သင်၏ဖုန်းအား root ဖောက်ထားခြင်းရှိ၊မရှိကို စစ်ဆေးပါ (https://github.com/securitywithoutborders/guide-to-quick-forensics/blob/master/android/root.md).
- တစ်စုံတစ်ခုအားထောက်လှမ်းရန် ရည်ရွယ်ချက်ဖြင့်ထည့်သွင်းထားသော Stalkerware များစက်ပစ္စည်းထဲတွင် ထည့်သွင်းထားခြင်းရှိမရှိကို ဒီအချက်အလက်များကို ကြည့်၍ စစ်ဆးပါ(https://github.com/securitywithoutborders/guide-to-quick-forensics/blob/master/android/stalkerware.md).
- သင်၏စက်ပစ္စည်းတွင် တစ်စုံတစ်ခု လုပ်ဆောင်မှုအား သံသယရှိပါက Digital First Aid Kit တွင် ဝင်ရောက်ကာ ကြည့်ရှု စစ်ဆေးနိုင်သည်။ (https://digitalfirstaid.org/topics/device-acting-suspiciously/#android-intro).
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ
တစ်စုံတစ်ယောက်သည် သင့်စက်ပစ္စည်းများ၊ ဖိုင်များ သို့မဟုတ် ဆက်သွယ်ရေးများကို ဝင်ရောက်အသုံးပြုသည့်အခါ အမြဲတမ်းသိသာထင်ရှားနိုင်မည်မဟုတ်ပေ။ ဤထပ်တိုးစစ်ဆေးစာရင်းများသည် သင့်စက်ပစ္စည်းများကို ကမောက်ကမဖြစ်စေခြင်းရှိမရှိကို ပိုမိုထိုးထွင်းသိမြင်စေနိုင်ပါသည်။
Advanced: သင်၏ Android (အန်းဒရွိုက်) စက်ပစ္စည်းများကို Google အကောင့်နှင့်ချိတ်ဆက်အသုံးပြုပါ။
သင်၏ စက်ပစ္စည်းများ တစ်နည်းအားဖြင့် ဖုန်းများကို Google Account နှင့်ချိတ်ဆက်ထားခြင်းကြောင့် Google ကုမ္ပဏီက သင်ရဲ့ လှုပ်ရှားသွားလာမှုတွေ ခြေရာခံထားခြင်းကြောင့် သက်တောင့်သက်သာ မဖြစ်ပါက ဤလမ်းညွှန်တွင် Android (အန်းဒရွိုက်) ဖုန်းများ၌ Google အကောင့်များအား မည်သို့ဖြုတ်ရမည် မည်သို့ထည့်သွင်းအသုံးပြုရမည်ကို Add or remove an account on Android. ရှင်းပြထားသည်။ အစကတုန်းကတည်း ဖုန်းကိုစပြီး Set Up လုပ်ကတည်းက အကောင့် “Sign in” လုပ်ခိုင်းတဲ့နေရာကို ရှောင်ပြီး Setup လုပ်နိုင်ပါသည်။ ဒါဆိုရင်တော့ Google Account ထည့်သွင်းထားခြင်းမရှိတာကြောင့် သင်ရဲ့ တည်နေရာ၊ ရှာဖွေမှုမှတ်တမ်းတွေက သင်၏စက်ပစ္စည်းနှင့် ချိတ်ဆက်ထားခြင်းရှိမည်မဟုတ်ပေ။
သင်၏စက်ပစ္စည်းက Google Account တစ်နည်းအားဖြင့် Gmail တစ်ခုခုနှင့်ချိတ်ဆက်ထားခြင်း မရှိခြင်းကြောင့် Application များဖုန်းထဲသို့သွင်းယူဖို့အတွက် Google Play Store ကိုအသုံးပြု၌မရနိုင်ပါ။ ဒါကြောင့် တစ်ခြားသော Application များ သွင်းယူ၍ရနိုင်သော F-Droid နှင့် Aurora စသည့် Store များကို အသုံးပြုရမည်ဖြစ်သည်။
- F-Droid store သည် အခမဲ့ဖြစ်ပြီး ပွင့်လင်းနည်းပညာ ဖြစ်ပြီး F-Droid ကိုရယူနိုင်ရန်အတွက် F-Droid ရဲ့ ဝက်(ဘ်)ဆိုက်တွင် သွားရောက်ပြီး Download (https://f-droid.org/) ဆွဲယူရမှာဖြစ်ပါသည်။ Download ဆွဲယူထားသည့် ဖိုင်အား စက်ထဲတွင် ထည့်သွင်းနိုင်ဖို့ရန်အတွက် သင့်အနေဖြင့် “installing unknown App” ကိုခေတ္တဖွင့်ထားပေးဖို့လိုအပ်ပါသည်။ ထိုသို့ဖွင့်နိုင်ရန်အတွက် ဤလမ်းညွှန်တွင်ကြည့်နိုင်သည်။(https://www.androidauthority.com/how-to-install-apks-31494/#1). Install ပြုလုပ်ပြီးသည်နှင့် တစ်ပြိုင်ထိုခွင့်ပြုချက် Permission အားပြန်ပိတ်ရမည်ဖြစ်သည်။
- Google Play Store တွင်ရှိသော App များအား Aurora Store တွင်လည်းရရှိနိုင်ပါသည်။ Aurora Store အား သွင်းယူရန် ဖော်ပြပါ Link ကိုနှိပ်ပြီး ရယူနိုင်ပါသည်။ (https://f-droid.org/en/packages/com.aurora.store/).
- F-Droid နှင့် Aurora Store တွင်ရှိနေသော application များကို သုံးသပ်ပြီး အလိုအလျောက် အဆင်မြင့်တင်မှုများကိုပြုလုပ်နိုင်သည်။
Advanced: သင်၏ Android (အင်းဒရွိုက်) စက်ပစ္စည်းများရဲ့ Operating System ကိုပြောင်းလဲပါ။
Android (အန်းဒရွိုက်) စက်ပစ္စည်းများသည့် Google မှ ပြုလုပ်ထားခြင်းကြောင့် Google Apps တွေကနေတစ်ဆင့် သင်ရဲ့ ပုဂ္ဂိုလ်ရေးရာနဲ့ဆိုင်တဲ့ အချက်အလက်တွေကို စုဆောင်းတာမျိုးနိုင်ပါသည်။ ထိုအချက်အလက်များတွင် သင်က ဘာတွေလုပ်နေလဲ၊ သင်ရဲ့တည်နေရာ စတဲ့အချက်အလက်တွေ ပါဝင်တာပဲဖြစ်သည်။ ဒါကြောင့် သင်က Android (အန်းဒရွိုက်) ကိုလည်းသုံးချင်တယ် ပိုပြီး လုံခြုံရေးအသားပေးတဲ့ Operation System ကိုသုံချင်တယ်ဆိုရင်တော့ Graphene OS (https://grapheneos.org/) (သို့) ClayxOS (https://calyxos.org/) တို့လိုမျိုး Operation System တွေကိုသုံးလို့ရပါသည်။ ဒါကတော့ အဆင့်မြင့်နည်းပညာများဖြစ်ပါသည်။ သင်က အသုံးပြုဖို့ ဆုံဖြတ်ပြီဆိုရင်တော့ သင်အသုံးပြုမည့် စက်ပစ္စည်းကလည်း ထို Operation System များနှင့် သယဇာတ ဖြစ်ဖို့ရန်လိုအပ်သည်။ အကယ်၍များ OS ကို သွင်းယူနေသည့်အချိန်တွင် အမှားတစ်ခုခုဖြစ်ပေါ်ခဲ့ပါက သင်၏ စက်ပစ္စည်းက အသုံးပြုနိုင်တော့မည်မဟုတ်ပေ။
ကြည့်ပါ
- Security in a Box သူခိုးဆော့ဖ်ဝဲ လမ်းညွှန်
- Google ၏ လုံခြုံရေးဆိုင်ရာ အကြံပြုချက်များကို ဒီနေရာတွင်ဖတ်ပါ။ (https://safety.google/security/security-tips/)