အင်တာနက်ဆက်သွယ်မှု › သင့်ချိတ်ဆက်မှုများနှင့်ဆက်သွယ်မှုများကို မည်သူမှမသိနိုင်အောင် ပြုလုပ်ခြင်း

သင့်ချိတ်ဆက်မှုများနှင့်ဆက်သွယ်မှုများကို မည်သူမှမသိနိုင်အောင် ပြုလုပ်ခြင်း

နောက်ဆုံးပြင်ဆင်ထားသော 17 September 2024

*““စနစ်တကျကာကွယ်ပေးသောဝှက်စာနစ်များနှင့် နာမည်ဝှက်စနစ်များသည် ယနေ့အခါအွန်လိုင်းလုံခြုံရေးအတွက်အဓိကဖြစ်နေသောနည်းလမ်းများဖြစ်ပြီး၊ တစ်ဦးချင်းစီ၏ကိုယ်ပိုင်သီးသန့်အကြောင်းအရာများကိုကာကွယ်နိုင်ရန် နည်းလမ်းများကိုပေးပါသည်။ ထို့အပြင် ဝင်ရောက်မစွက်ဖက်ခြင်းမရှိဘဲ သတင်းအချက်အလက်များအား ရှာဖွေဖတ်ရှုနိုင်ရန်၊ ဖန်တီးနိုင်ရန်၊ မျှဝေနိုင်ရန် ခွင့်ပြုသည်။ ထို့အတူ သတင်းထောက်များ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ လူမျိုးအုပ်စုများ သို့မဟုတ် ကိုးကွယ်သက်ဝင်သောဘာသာရေးအုပ်စုများ၊ လိင်ပိုင်းဆိုင်ရာစိတ်ကြိုက်ရွေးချယ်မှု သို့မဟုတ် လိင်အတိအကျ မသတ်မှတ်နိုင်မှုကြောင့် နှိပ်စက်ခံနေရသူများ၊ တက်ကြွလှုပ်ရှားသူများ၊ ပညာရှင်များ၊ အနုပညာရှင်များနှင့် အခြားသူများအနေဖြင့် မိမိ၏အမြင်များကိုထုတ်ဖော်ဖော်ပြခွင့်နှင့် အသံများဖော်ထုတ်နိုင်ခွင့်ကို အသုံးပြုနိုင်ရန် ကူညီပံ့ပိုးပေးသည်။” (လွတ်လပ်စွာ ထင်မြင်ချက်နှင့် ထုတ်ဖော်ပြောဆိုခွင့် မြှင့်တင်ရေးနှင့် ကာကွယ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် ဒေးဗစ်ကေးက ကုလသမဂ္ဂ အထွေထွေညီလာခံ၊ 22 မေလ 2015

ဤလမ်းညွှန်စာတမ်းသည် မည့်သည့်အချက်အလက်မှမကျန်ရှိစေပဲ သင်၏ချိတ်ဆက်မှုများနှင့် ဆက်သွယ်မှုများကို မည်သူမှမသိနိုင်စေရန် ပြုလုပ်နိုင်သည့်နည်းလမ်းများကိုရှင်းပြထားသည်။ ဤမဟာဗျူဟာသည် အန္တရာယ်များသောအခြေအနေများတွင် အထူးအထောက်အကူပြုပြီးသင်၏လွတ်လပ်ခွင့်နှင့် သင်၏ကောင်းကျိုးများအတွက် ခြိမ်းခြောက်မှုမဖြစ်စေရန် သင်၏လုပ်ငန်းဆောင်တာများကို သင်၏ကိုယ်ပိုင်အထောက်အထားအချက်အလက်များနှင့် မချိတ်ဆက်နေရန် ကူညီပေးနိုင်ပါသည်။

အကယ်၍ သင်သည် ရေရှည်တည်တံ့သော စီမံကိန်းအတွက် လဲပြောင်းအသုံးပြုနိုင်သော အထောက်အထားလိုအပ်ပါက (ဥပမာ - သင်ရဲ့တရားဝင်အမည်ကို လူ့အခွင့်အရေးကာကွယ်ရေးလုပ်ငန်းများနှင့် တွဲဖက်ခြင်းမရှိစေဖို့ ခွဲခြားရန်) အွန်လိုင်းတွင် များစွာသော အထောက်အထားများကို စီမံခန့်ခွဲခြင်းနှင့် လုံခြုံစွာသိမ်းဆည်းခြင်းအတွက် ကျွန်ုပ်တို့၏ အကြံပြုချက်များကိုဖတ်ရှုပါ။

အမည်ဝှက်ခြင်းကိရိယာများကို အသုံးပြုရန် သင်စဉ်းစားနေပါက အချို့နိုင်ငံများတွင် ထိုကိရိယာအချို့သည် တရားမဝင်ဖြစ်နိုင်ခြင်း သို့မဟုတ် သင်သည်မကောင်းသောအရာတစ်ခုခုလုပ်နေသည်ဟု သတ်မှတ်ခံရနိုင်ခြင်းရှိသည်ကို စဉ်းစားပါ။ ထိုသို့သောအခြေအနေများတွင် သင်၏ရည်မှန်းချက်များကို ပြည့်မှီစေနိုင်မည့်အခြားနည်းလမ်းများ၊ဥပမာ အင်တာနက်သုံးဖို့မလိုတဲ့ နည်းလမ်းတွေကိုသုံးပြီး သင့်ကိုယ်သင်မေးကြည့်ပါ။

အမည်ဝှက်ကိရိယာများ အမှန်တကယ် လိုအပ်ခြင်းရှိမရှိ သုံးသပ်ပါ

အောက်ဖော်ပြပါအခြေအနေများတွင် Tor ကိုအခြေခံထားသည့် နာမည်ဝှက်နိုင်သောကိရိယာများကို အသုံးပြုရန်နှင့် အောက်တွင်ဖော်ပြထားသောညွှန်ကြားချက်များကို လိုက်နာရန်ကို ပြင်းပြင်းထန်ထန်အကြံပြုပါသည်:

  • သင်လုပ်ဆောင်တော့မည့်အထူးအရေးကြီးသောလှုပ်ရှားမှုများကို မည်သူမဆို သင်၏တရားဝင်မှတ်ပုံတင်အထောက်အထား (official identity) နှင့် ချိတ်ဆက်၍ မတွေ့နိုင်အောင် နောက်ယောင်ခံလိုက်ခြင်းမရှိစေရန် သေချာစေရန် လိုအပ်ပါက;
  • အကယ်၍ VPN များကဲ့သို့ ဆင်ဆာဖြတ်တောက်ခြင်း ရှောင်တိမ်းခြင်းကိရိယာများကို သင့်နိုင်ငံ၌ ပိတ်ဆို့ထားလျှင်၊ သင်လုပ်ဆောင်သွားမည့် သီးခြားလုပ်ဆောင်ချက်အချို့ကို သင့်တရားဝင်အထောက်အထားဖြင့် ပြန်လည်ခြေရာခံနိုင်သည်။

အခြားသောအခြေအနေများတွင်၊ သင့်လိုအပ်ချက်များကို ကွဲပြားသည့်နည်းလမ်းများ (တစ်ခါတလေပိုမိုလွယ်ကူသည့်နည်းလမ်းများဖြစ်နိုင်သည်) ဖြင့် ဖြေရှင်းနိုင်သောအခွင့်အလမ်းရှိနိုင်သည်၊ ဥပမာ:

  • အကယ်၍ သင်သည်ဝက်ဘ်ဆိုဒ်တွင် သင်ထည့်သွင်းထားသော အရေးကြီးသော အချက်အလက်များကို သင့်ဒေသခံကွန်ရက် သို့မဟုတ် အင်တာနက်ရရှိရန်ထောက်ပံ့ပေးသည့်ဝန်ဆောင်မှုနေရာ (အင်တာနက်ရရှိရန်ဝန်ဆောင်မှုပေးသည့်နေရာ(ISP)) မှ တစ်စုံတစ်ဦးမှ မတွေ့အောင် တားဆီးရန် လိုအပ်သည်၊ သင်သည် သင့်၏ဘရောက်ဇာတွင်ရှိသောHTTPS-only mode ကိုဖွင့်ထားခြင်းဖြင့် သင်၏ချိတ်ဆက်မှုကို ဝှက်စာစနစ်ပြုလုပ်ထားကြောင်း သေချာစေနိုင်ပါသည်။
  • သင်ကိုယ်တိုင်ကို စီးပွားဖြစ် ခြေရာခံစုံစမ်းခြင်းမှ ကာကွယ်လိုပါက [သင့်၏ဘရောက်ဇာတွင် third-party cookies များကို ပိတ်ထားခြင်း] (../safer-browsing/#%E1%80%81%E1%80%BC%E1%80%B1%E1%80%9B%E1%80%AC%E1%80%81%E1%80%B6%E1%80%99%E1%80%BE%E1%80%AF%E1%80%80%E1%80%AC%E1%80%80%E1%80%BD%E1%80%9A%E1%80%BA%E1%80%9B%E1%80%B1%E1%80%B8-%E1%80%95%E1%80%BC%E1%80%84%E1%80%BA%E1%80%86%E1%80%84%E1%80%BA%E1%80%81%E1%80%BB%E1%80%AD%E1%80%94%E1%80%BA%E1%80%8A%E1%80%BE%E1%80%AD%E1%80%99%E1%80%BE%E1%80%AF%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%E1%80%80%E1%80%AD%E1%80%AF-%E1%80%96%E1%80%BD%E1%80%84%E1%80%BA%E1%80%B7%E1%80%80%E1%80%AC-%E1%80%A1%E1%80%9E%E1%80%AF%E1%80%B6%E1%80%B8%E1%80%95%E1%80%BC%E1%80%AF%E1%80%95%E1%80%AB) နှင့် အခမဲ့ဖြစ်သည့် open-source privacy extensions များကို ဘရောက်ဇာတွင်တပ်ဆင်ခြင်း တို့ကို ပြုလုပ်ခြင်းတို့သည် သင့်အတွက်လုံလောက်နိုင်ပါသည်။
  • လိုအပ်ပါက VPN ကိုသုံး၍ စမ်းကြည့်နိုင်ပါသည်:
    • သင်၏နိုင်ငံတွင် သို့မဟုတ် သင်ချိတ်ဆက်အသုံးပြုနေသော ဒေသခံကွန်ယက် (စာကြည့်တိုက်၊ အလုပ်သုံးနေရာ၊ ဟိုတယ်စသဖြင့်) အတွင်းတွင် ပိတ်ဆို့ထားသော သို့မဟုတ် ဆင်ဆာဖျက်သိမ်းထားသော ဝက်ဆိုက်ဒ်များ သို့မဟုတ် ဝန်ဆောင်မှုများကို ဝင်ရောက်အသုံးပြုလိုပါက၊
    • သင်ဝင်ရောက်အသုံးပြုနေသော website များနှင့် ဝန်ဆောင်မှုများ၏ပိုင်ရှင်များ သို့မဟုတ် စီမံခန့်ခွဲသူများက သင်ရှိနေသည့်တည်နေရာကို မသိနိုင်စေရန်ရှောင်ရှားလိုပါက၊သို့မဟုတ်
    • သင့်ဒေသခံအင်တာနက်ပေးသူ (ISP) သို့မဟုတ် သင်အသုံးပြုနေသော ဒေသခံကွန်ယက်အတွင်းရှိတစ်စုံတယောက်၏ကြီးကြပ်စောင့်ကြည့်မှုမှ ရှောင်ရှားလိုပါက။
    • ဤကိစ္စရပ်အားလုံးတွင် အင်တာနက်ပိတ်ဆို့ခြင်းများကို ရှောင်ရှားနည်း ကို ဦးစွာဖတ်ရန် သင့်အား အကြံပြုအပ်ပါသည်။
မည်သည်ကြောင့် ဤအရာကို ကျွန်ုပ်တို့ ညွှန်းသည်ကို လေ့လာပါ

Tor သည် သင့်အွန်လိုင်းလှုပ်ရှားမှုများကို စူးစမ်းလေ့လာပြီး သင့်ချိတ်ဆက်မှုများအားလုံးကို ဝှက်စာနစ်ပြုလုပ်ပြီး အမည်ဝှက်ထားခြင်းဖြင့် ၎င်းတို့ကို ပြန်လည်ခြေရာခံရန် မည်သူမှမဖြစ်နိုင်သလောက်ဖြစ်ပါသည်။ (အောက်တွင် ဖော်ပြထားသော ဝဘ်ကိုအမည်ဝှက်ဖြင့်ကြည့်ရှုခြင်း တွင် မည်သို့အလုပ်လုပ်သည်ဆိုသည့် ရှင်းလင်းချက်ကို ကြည့်ပါ)။ သို့သော် သင့်ဒေသခံကွန်ရက်အဆင့်တွင် လျှို့ဝှက်ထားခြင်းမှ ကာကွယ်ရန်နှင့် သင့် အင်တာနက်ရရှိရန်ထောက်ပံ့ပေးသည့်ဝန်ဆောင်မှုနေရာ (ISP) နှင့် စီးပွားရေးဝဘ်ဆိုက်များမှ ပရိုဖိုင်းနှင့် ခြေရာခံခြင်းတို့ကို ရှောင်ရှားရန် လိုအပ်ပါက၊ အခြားနည်းလမ်းများလည်း ရှိသေးသည်။ အခြေအနေအများစုတွင် သင်၏ စံဘရောက်ဇာတွင် ကိုယ်ရေးကိုယ်တာဆက်တင်များ ပါ၀င်ပြီး သင်၏အခြေခံကိုယ်ရေးကိုယ်တာလိုအပ်ချက်များကိုဖြေရှင်းပေးနိုင်ပြီး၊ခြေရာခံခြင်းမှကာကွယ်ရန် addons များကိုထည့်သွင်းနိုင်သည်။

အကယ်၍ သင်သည် ပိတ်ဆို့ထားသော ဝဘ်ဆိုက်များကို ဝင်ရောက်ကြည့်ရှုလိုပါက၊ သင်ဝင်ရောက်သည့် ဝဘ်ဆိုက်များနှင့် ဝန်ဆောင်မှုများမှ သင့် IP ကို ဝှက်ထားပါ သို့မဟုတ် သင်၏ အင်တာနက်ရရှိရန်ထောက်ပံ့ပေးသည့်ဝန်ဆောင်မှုနေရာ သို့မဟုတ် ဒေသတွင်း ကွန်ရက်အဆင့်တွင် စောင့်ကြည့်ခြင်းကို ရှောင်ကြဉ်ပါ၊ ကိစ္စအများစုတွင် ဗွီပီအန် သည် ဤလိုအပ်ချက်များကို ဖြေရှင်းပေးပါလိမ့်မည်။

အဆင့်သင့်ပြုလုပ်ပါ

မည်သည်ကြောင့် ဤအရာကို ကျွန်ုပ်တို့ ညွှန်းသည်ကို လေ့လာပါ

မည်သူမဆို သင့်အွန်လိုင်းလှုပ်ရှားမှုများမှတစ်ဆင့် သင့်ကိုပြန်လိုက်၍ ရှာဖွေရာတွင် အလွယ်တကူရှာဖွေတွေ့ရှိခြင်းမရှိဖြစ်စေရန် စနစ်တကျအစီအစဉ်ရေးဆွဲမှုလိုအပ်သည်ကို ထည့်သွင်းစဉ်းစားပါ။ နောက်ထပ်အမည်တစ်ခုရွေးချယ်ခြင်း နှင့် အခြားသူအဖြစ်ဖန်တီး၍ သီးသန့်အသုံးပြုနိုင်သောအထောက်အထားတစ်ခု ဖန်တီးခြင်း (တစ်ခါတလေ ကန့်သတ်ချိန်အတွင်းသာဖြစ်သော်လည်း) တို့ကိုပြုလုပ်ရန်အပြင်၊ သင်၏တရားဝင်မှတ်ပုံတင်အထောက်အထားနှင့် ချိတ်ဆက်၍မရသော ဖုန်းနံပါတ်နှင့် အီးမေးလ်လိပ်စာအသစ်များဖြင့်သာ တစ်ခြားအကောင့်အသစ်များဖန်တီးရမည်ဖြစ်သည်။ သင်သည် သူခိုးဆော့ဖ်ဝဲမှ လုံခြုံပြီး ကာကွယ်ထားသည့် စက်ပစ္စည်းများကို လိုအပ်မည်ဖြစ်ပြီး သင်၏ အရေးကြီးသောဒေတာကို မည်သို့ကာကွယ်နည်းနှင့် သင်၏တရားဝင်အမည်ဝှက်အထောက်အထားနှင့် ကင်းကွာနေစေရန် သင်အသုံးပြုနိုင်သည့် နည်းဗျူဟာများကို လေ့လာသင့်သည်။

ဝဘ်ကို အမည်ဝှက်ဖြင့် ရှာဖွေပါ

မည်သည်ကြောင့် ဤအရာကို ကျွန်ုပ်တို့ ညွှန်းသည်ကို လေ့လာပါ

Tor သည် သင့်အသွားအလာကို ဝှက်စာစနစ်ပြုလုပ်ပြီး Tor ကွန်ရက်ရှိ အနည်းဆုံး ကျပန်းဆာဗာ (သို့မဟုတ် node) သုံးခုမှတဆင့် ပေးပို့ခြင်းဖြင့် သင်၏ချိတ်ဆက်မှုများကို ကာကွယ်ပြီး အမည်ဝှက်ပေးသည့် ကွန်ရက်တစ်ခုဖြစ်သည်။ circuit ရှိ နောက်ဆုံး node ("exit node" သို့မဟုတ် "exit relay" ဟုခေါ်သည်) ထို့နောက် လမ်းကြောင်းကို အများသူငှာ အင်တာနက်ပေါ်သို့ ပို့ပေးပါသည်။ Tor ဆာဗာ ထောင်ပေါင်းများစွာ ရှိပြီး ၎င်းတို့ကို ကမ္ဘာတဝှမ်းမှ စေတနာ့ဝန်ထမ်း များက ဆောင်ရွက်ပေးသည်။

Tor ကို လူအများစုအသုံးပြုသည့်နည်းလမ်းမှာ ပိုမိုကောင်းမွန်သောကိုယ်ရေးကိုယ်တာအတွက် Firefox ၏အဆင့်မြှင့်တင်ထားသောဗားရှင်းဖြစ်သည့် Tor Browser မှတဆင့်ဖြစ်သည်။ Tor Browser သည် အခမဲ့ဖြစ်ပြီး open-source software ဖြစ်သည်။

Tor ကွန်ရက်သည် သင်၏ချိတ်ဆက်မှုများ သို့မဟုတ် IP လိပ်စာအကြောင်း မှတ်တမ်းများကို သိမ်းဆည်းထားခြင်းမရှိပေ။ Tor ကို သင်အသုံးပြုသောအခါ၊ သင်၏ ISP သည် Tor ကွန်ရက်ရှိ ပထမဆုံး node သို့ သင့်ချိတ်ဆက်မှုများကိုသာ မြင်နိုင်မည်ဖြစ်ပြီး သင်သွားရောက်ကြည့်ရှုသည့် ဝဘ်ဆိုက်များ သို့မဟုတ် အွန်လိုင်းဝန်ဆောင်မှုများကိုသာ သင် Tor မှ ချိတ်ဆက်နေကြောင်းနှင့် သင်မည်သူဖြစ်သည်ကို မသိပါက၊ ဥပမာ၊ သင်၏ပုံမှန်အကောင့်ဖြင့် ပလပ်ဖောင်းတစ်ခုသို့ လော့ဂ်အင်ဝင်ခြင်းဖြင့် သင်မည်သူဖြစ်သည်ကို မသိပါ။ သင်ဝင်ရောက်ကြည့်ရှုသည့် ဝဘ်ဆိုက်များနှင့် ဝန်ဆောင်မှုများတွင် သင့်အထောက်အထားကို ဖော်ပြနိုင်သည့် သာမန်အမှားများကို မည်သို့ရှောင်ရှားရမည်ကို လေ့လာရန် ဤလမ်းညွှန်၏အောက်ပါအခန်းကို ဖတ်ရှုပါ။

သာမန်အမှားများကိုရှောင်ရှားခြင်းဖြင့် Tor ကို လုံခြုံစွာအသုံးပြုပါ

သင်၏ချိတ်ဆက်မှုများအားလုံးကို အမည်ဝှက်ထားပါ

မည်သည်ကြောင့် ဤအရာကို ကျွန်ုပ်တို့ ညွှန်းသည်ကို လေ့လာပါ

Tor Browser သည် ဝဘ်ဆိုက်များသို့ ဝင်ရောက်ကြည့်ရှုခြင်း သို့မဟုတ် ဝဘ်စာမျက်နှာမှတဆင့် ရောက်ရှိနိုင်သော အွန်လိုင်းပလပ်ဖောင်းများကို အသုံးပြုခြင်းကဲ့သို့ Tor Browser မှတဆင့် သင်လုပ်ဆောင်သည့်အရာကိုသာ အမည်ဝှက်ပေးပါသည်။ ဥပမာ စာတိုပေးပို့ခြင်း အက်ပ်များ သို့မဟုတ် အီးမေးလ် ကလိုင်းယင့်ကဲ့သို့ မတူညီသော ကိရိယာများ လိုအပ်သည့် လုပ်ဆောင်ချက်များကို အမည်ဝှက်ထားလိုပါက၊ အချို့သော စက်တစ်ခုမှ ထွက်လာသော ဆက်သွယ်မှုများကို အမည်ဝှက်ထားရန် လိုအပ်သောကြောင့် ဤကဏ္ဍတွင် ဖော်ပြထားသော ကိရိယာများထဲမှ တစ်ခုကို အသုံးပြုရန် လိုအပ်ပါသည်။

Tails သည် USB stick မှတစ်ဆင့်အသုံးပြုနိုင်ပြီး Tor မှတဆင့် အင်တာနက်သို့ ချိတ်ဆက်ပြီး သင့်ကွန်ပျူတာပေါ်တွင် ခြေရာမချန်ဘဲ အသုံးပြုနိုင်သော အခမဲ့နှင့် open-source operating system တစ်ခုဖြစ်သည်။

Whonix သည် Windows၊ macOS၊ Linux နှင့် Qubes OS တွင် အက်ပ်တစ်ခုကဲ့သို့ လုပ်ဆောင်သည့် အမည်မသိ လည်ပတ်မှုစနစ်တစ်ခုဖြစ်ပြီး Tor ကွန်ရက်မှတစ်ဆင့် ၎င်း၏အလုပ်ရုံအတွင်းမှ ထုတ်ပေးသော အင်တာနက်လမ်းကြောင်းအားလုံးကို လမ်းကြောင်းပေးပါသည်။

Orbot သည် Tor ကွန်ရက်မှတစ်ဆင့် အင်တာနက်လမ်းကြောင်းများကို လမ်းကြောင်းပေးသည့် မိုဘိုင်းစက်ပစ္စည်းများအတွက် အခမဲ့နှင့် ပွင့်လင်းသော အရင်းအမြစ် အက်ပ်တစ်ခုဖြစ်သည်။ သင်သည် Orbot ဖြင့် သင်၏ချိတ်ဆက်မှုများအားလုံးကို သို့မဟုတ် အချို့သောအက်ပ်များကိုသာ အမည်ဝှက်ထား၍အသုံးပြုနိုင်သည်။

အမည်မသိစကားပြောပါ

အမည်မသိအီးမေးလ်များကို လဲလှယ်ပါ

  • သင့်အတွက် အဆင်ပြေသော အီးမေးလ်ဝန်ဆောင်မှုကို ရွေးချယ်ရန် ကျွန်ုပ်တို့၏ လုံခြုံသောအီးမေးလ်လမ်းညွှန် ကိုဖတ်ပါ။ [Tor Browser] (#%E1%80%A1%E1%80%99%E1%80%8A%E1%80%BA%E1%80%99%E1%80%9E%E1%80%AD%E1%80%A1%E1%80%AE%E1%80%B8%E1%80%99%E1%80%B1%E1%80%B8%E1%80%9C%E1%80%BA%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%E1%80%80%E1%80%AD%E1%80%AF-%E1%80%9C%E1%80%B2%E1%80%9C%E1%80%BE%E1%80%9A%E1%80%BA%E1%80%95%E1%80%AB) သို့မဟုတ် သင့်ချိတ်ဆက်မှုများအားလုံးကို အမည်ဝှက်ပေးသည့် အခြားကိရိယာတစ်ခု ကို အသုံးပြုပြီး ရွေးချယ်ထားသော ဆာဗာပေါ်ရှိ အီးမေးလ်အကောင့်အသစ်တစ်ခု တောင်းဆိုပါ။
    • အီးမေးလ်တစ်စောင် သို့မဟုတ် အနည်းငယ်သာပေးပို့လိုပြီး တူညီသောအီးမေးလ်လိပ်စာကို အချိန်ကြာကြာသိမ်းဆည်းထားရန် မလိုအပ်ပါက၊ anonbox သို့မဟုတ် Guerrilla Mail ကဲ့သို့သော တစ်ခါသုံးအီးမေးလ်ဝန်ဆောင်မှုကို အသုံးပြုရန် စဉ်းစားပါ။
  • Tor ဘရောက်ဇာ မှတဆင့် ဝက်ဘ်မေး ကြားခံအသုံးပြု၍ဖြစ်စေ သို့မဟုတ် [သင်၏ချိတ်ဆက်မှုများကို အမည်ဝှက်ဖြစ်စေနိုင်သည့်] (#%E1%80%9E%E1%80%84%E1%80%BA%E1%81%8F%E1%80%81%E1%80%BB%E1%80%AD%E1%80%90%E1%80%BA%E1%80%86%E1%80%80%E1%80%BA%E1%80%99%E1%80%BE%E1%80%AF%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%E1%80%A1%E1%80%AC%E1%80%B8%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%80%E1%80%AD%E1%80%AF-%E1%80%A1%E1%80%99%E1%80%8A%E1%80%BA%E1%80%9D%E1%80%BE%E1%80%80%E1%80%BA%E1%80%91%E1%80%AC%E1%80%B8%E1%80%95%E1%80%AB) စက်ပစ္စည်းတွင် Thunderbird ကဲ့သို့သော အီးမေးလ်ကလိုင်းယင့်ကို အသုံးပြု၍ဖြစ်စေ ဝက်ဘ်မေးလ်စာမျက်နှာ ဝန်ဆောင်မှုကို Tor မှတဆင့်သာ တိုက်ရိုက်ချိတ်ဆက်သုံးစွဲပါ။

ဖိုင်များ အမည်ဝှက်၍ ပို့ခြင်းနှင့် လက်ခံရယူခြင်း

Tor ကို အလိုအလျောက် မချိတ်ဆက်နိုင်ပါက Tor Bridges ကို အသုံးပြုပါ

[Advanced] အမည်ဝှက်ဖြင့် ဖိုင်များလက်ခံရရှိရန် သတင်းပေးသည့် ပလက်ဖောင်းတစ်ခု တည်ဆောက်ပါ

  • SecureDrop ကို အသုံးပြုရန် စဉ်းစားပါ။
  • GlobaLeaks ကို အသုံးပြုရန် စဉ်းစားပါ။
မည်သည်ကြောင့် ဤအရာကို ကျွန်ုပ်တို့ ညွှန်းသည်ကို လေ့လာပါ

ဥပမာအားဖြင့် စုံစမ်းထောက်လှမ်းသော ဂျာနယ်လစ်ဇင်ပရောဂျက်အတွက် အမည်မသိသတင်းပေးပို့တင်ပြမှုများကို လက်ခံရရှိရန် သတင်းပေးသည့်ပလက်ဖောင်းတစ်ခု တည်ဆောက်ရန် စီစဉ်နေပါက၊ SecureDrop သို့မဟုတ် GlobaLeaks ကဲ့သို့သော အခမဲ့နှင့် ပွင့်လင်းသောအရင်းအမြစ်ဆော့ဖ်ဝဲကို သင်စဉ်းစားနိုင်ပါသည်။

SecureDrop သည် လုံခြုံရေးကိုအထူးအလေးပေးသည့် သတင်းပေးသူ တင်ပြမှုစနစ်တစ်ခု Open Sopurce ဖြစ်သည်။ SecureDrop အတွက် တပ်ဆင်ခြင်းလုပ်ငန်းစဉ်သည် ရှုပ်ထွေးနိုင်သော်လည်း SecureDrop အဖွဲ့သည် ၎င်းကို အသုံးပြုလိုသည့် အဖွဲ့အစည်းများအား ပံ့ပိုးကူညီမှုပေးပါသည်။

GlobaLeaks သည် အခမဲ့ဖြစ်ပြီး open-source software ဖြစ်သည်။ တပ်ဆင်ရန်နှင့် စီမံခန့်ခွဲရန် ပိုမိုလွယ်ကူသော်လည်း မြင့်မားသောလုံခြုံရေးထက် အသုံးဝင်မှုအပေါ် ပိုမိုအာရုံစိုက်ထားသောကြောင့် သီးသန့်နည်းပညာဆိုင်ရာ ပံ့ပိုးကူညီမှုမရှိသော အဖွဲ့အစည်းများနှင့် စာရင်းစစ်၊ စစ်တမ်း သို့မဟုတ် ဖိုင်တင်သွင်းမှုပလက်ဖောင်းလိုအပ်သော အဖွဲ့အစည်းများအတွက် အကြံပြုထားသည်။