သင်ခရီးသွားစဉ် သင်၏ အချက်အလက်များ နှင့် စက်ပစ္စည်းများကို ကာကွယ်ပါ
မာတိကာ
ခရီးသွားလာခြင်းသည် သင်အပါအဝင် သင်၏ စက်ပစ္စည်းများ နှင့် သင့်အချက်အလက်များကို များစွာသော အန္တရာယ်ကျရောက်နိုင်စွမ်းများနှင့် တွေ့ကြုံရစေနိုင်ပါသည်။ လပ်တော့ နှင့် တခြားစက်ပစ္စည်းများသည် မှန်ကန်စွာအလုပ်မလုပ်ခြင်း၊ ပျောက်ရှခြင်း၊ ပျက်ဆီးခြင်း နှင့် သိမ်းဆည်းခြင်းများ ခံရနိုင်သည်။ လေဆိပ် နှင့် ဟိုတယ်ဝိုင်ဖိုင် ကွန်ရက်များ ကဲ့သို့ လူအများမြင်တွေ့နိုင်သော အချိတ်အဆက်များမှ လွှဲပြောင်းဒေတာများသည် ကြားဖြတ်ခံရနိုင်သည်။ ယုံကြည်စိတ်ချရမှုမရှိသော စနစ်များကို အသုံးပြုခြင်းသည် ကီးဘုတ်မှ ရိုက်နှိပ်သည်များကို မှတ်သားတတ်သူများ နှင့် လုံခြုံစွာ သိမ်းဆည်းထားသင့်သည့် အချက်အလက်များအား ရယူရန် ပုံစံဆွဲထားသည့် တိုက်ခိုက်မှုများနှင့် ကြုံတွေ့ရစေနိုင်သည်။
ထပ်တိုးအနေဖြင့် သင်သည် မည်သည့်နိုင်ငံနယ်စပ်ကို မဆို ဖြတ်သန်းသွားလာစဉ်တွင် နယ်စပ်ထိန်းချုပ်သူများ သို့မဟုတ် အကောက်ခွန်အရာရှိမှ သင်၏ ဒေတာများထည့်သိမ်းဆည်းထားသည့် လပ်တော့၊ မိုဘိုင်းဖုန်း၊ ဒစ်ဂျစ်တယ်ကင်မရာ နှင့် အသံသွင်းစက်များပါဝင်သော သင်၏ ခရီးဆောင်အိတ်ကို စစ်ဆေးလိုပါက သင့်တွင် ဆန္ဒပြရန် သို့မဟုတ် ငြင်းဆန်ရန် အခွင့်အရေးအနည်းငယ်သာရှိသည်။ အမေရိကန်နိုင်ငံအပါအဝင် နိုင်ငံအများအပြားတွင် အကောက်ခွန်အရာရှိသည် ရှာဖွေရန် ဖြစ်နိုင်ခြေအကြောင်းအရင်းရှိရန် မလိုအပ်ပါ။ သင်၏ စက်ပစ္စည်းအား ရှာဖွေရန် နှင့် အသေးစိတ်စစ်ဆေးရန် သိမ်းယူရန်အတွက်ရှိရန် ရှာဖွေခွင့်လည်း မလိုအပ်ပါ။
သင့်ကိုယ်သင်မေးမြန်းကြည့်ပါ: သင်၏ စက်ပစ္စည်း နှင့် အချက်အလက်များအားလုံးကို ဝင်ရောက်နိုင်ခြင်းမရှိပါက သင်အလုပ်လုပ်နိုင်ပါမည်လား။ သင်သယ်ယူသွားသော ဒေတာသည် ပြင်ပစစ်ဆေးမှုမှတစ်ဆင့် ပေါက်ကြားပါက သင်၏ လုပ်ဖော်ကိုင်ဖက်များ၊ ထောက်ပံ့သူများ၊ အကူအညီများ၊ မိတ်ဆက်များ နှင့် ငွေအင်အားထောက်ပံ့သူများအား အန္တရာယ်ဖြစ်စေပါမည်လား။ သင်၏ အချက်အလက်များအား ကြားဖြတ်ကာ ဝင်ရောက်ခွင့်ရရှိထားသူသည် သူလေ့လာထားသည့် သင်၏အကြောင်းအရာများကို အသုံးပြု၍ သင့်ပုံစံဟန်ဆောင်ခြင်း၊ သင်၏ ကိုယ်ရေးကိုယ်တာ ၊ ပရောဂျက် နှင့် အဖွဲ့အစည်း၏ ဂုဏ်သိက္ခာကို ထိပါးကာ အကြောင်းပြန်သည့် အပြစ်မရှိသူများကို အန္တရာယ်ကျရောက်စေပါက သင်မည်ကဲ့သို့ ပြုလုပ်မည်နည်း။
ဤလမ်းညွှန်တွင် သင်၏ ခရီးသွားလာမှုများအတွက် ပြင်ဆင်ရန် နှင့် ခရီးသွားလာစဉ် နှင့် နယ်စပ်များဖြတ်ကျော်စဉ်တွင် သင်၏ အချက်အလက်များ နှင့် စက်ပစ္စည်းများအား အန္တရာယ်ကျရောက်စေနိုင်ခြင်းကို လျှော့ချနိုင်မည့် အကြံပြုချက်များပါဝင်သည်။
အခြေခံလုံခြုံရေးအလေ့အကျင့်များ
ဆက်လက်တွေ့ရမည့် တစ်ချို့သော အကြံပြုချက်များသည် အခြေခံလုံခြုံရေးအလေ့အကျင့်များဖြစ်သည်။ သို့သော် ခရီးစဉ်တစ်ခုအတွက် အစီအစဉ်ဆွဲရာတွင် အထူးဂရုပြုဆောင်ရွက်သင့်သည်များဖြစ်သည်။
- အကယ်၍ သင်သည် သင်၏ အကောင့်များအားလုံးအတွက် ခိုင်မာအားကောင်းပြီး မတူကွဲပြားသည့် စကားဝှက်များ မထားရှိရသေးပါက သင်၏ ခရီးစဉ်များအတွက် ပြင်ဆင်ရာတွင် ထိုသို့ပြုလုပ်သွားရန် အရေးကြီးသည်။
- သင်၏ အီးမေးလ်၊ ဆိုရှယ်မီဒီယာ နှင့် တခြားသော အကောင့်များအား တခြားသူတစ်ဦးဦးမှ ဝင်ရောက်နိုင်စေမည့် အန္တရာယ်ကို လျှော့ချနိုင်ရန် စစ်မှန်ကြောင်းအထောက်အထားပြခြင်း ကို ဖြစ်နိုင်သည့်အချိန်တိုင်း ထည့်သွင်းအသုံးပြုပါ။
- သင်၏ လည်ပတ်ရေးစနစ် နှင့် ဆောဖ့်ဝဲလ်ကို အဆင့်မြှင့်တင်ပါ။ ဤလမ်းညွှန်အတွင်းတွင် သင်လိုက်နာနိုင်သော အဆင့်မျိုးစုံပါဝင်သည်။ အကယ်၍ သင်၏ စနစ် နှင့် ဆောဖ့်ဝဲသည် နောက်ဆုံးပေါ်အဆင့်မဖြစ်နေသေးပါက တိုက်ခိုက်မှုများအတွက် အားနည်းချက်များ ပိုမိုရှိနေမည်ဖြစ်သည်။
- သင်၏ စက်ပစ္စည်းအတွင်းတွင် အဆင့်မြှင့်တင်ထားသော ဗိုင်းရပ်စ်ကာကွယ်ရေးစနစ်တစ်ခု အလုပ်လုပ်နေကြောင်း သေချာစေပါ။
- ငါးစာချတိုက်ခိုက်ခြင်း နှင့် အန္တရာယ်ရှိသော ဆောဖ့်ဝဲများ ကူးစက်ခြင်းမှ ကာကွယ်ရန် တောင်းဆိုထားခြင်းမရှိသော ဖိုင်တွဲများ ဖွင့်ကြည့်ခြင်း၊ အီးမေးလ် သို့မဟုတ် တခြားသော မက်ဆေ့များတွင်ပါဝင်သော လင့်များကို ဖွင့်ကြည့်ခြင်းကို ရှောင်ရှားပါ။
- သင်သွားရောက်မည့် နိုင်ငံ၏ အခြေအနေကို စုံစမ်းပါ။ အထူးသဖြင့် အင်တာနက်သည် ဆင်ဆာပြုလုပ်ထားမထား၊ ဗွီပီအန်များ နှင့် တခြားသော ဆင်ဆာဖြတ်တောက်မှုကို ကျော်ဖြတ်နိုင်သော ကိရိယာများအသုံးပြုခြင်းအား ခွင့်ပြုမှုရှိမရှိ၊ အကယ်၍ ဝှက်စာစနစ်အသုံးပြုခြင်းအား ပိတ်ပင်ထားခြင်းရှိမရှိ၊ သင်၏ စက်ပစ္စည်းအားကာကွယ်ထားသည့် စကားဝှက်၊ သင်၏ ဝှက်စာစနစ်သော့များ၊ သင်၏ အီးမေးလ်အကောင့်အချက်အလက်များ နှင့် သင်၏ တခြားသော စကားဝှက်များ သို့မဟုတ် ကုဒ်များအား နယ်စပ်ရဲသို့ လွှဲပြောင်းပေးရန် ဖိအားပေးသည့် ဉပဒေရှိမရှိအား နိုင်ငံအတွင်းသို့ မဝင်ရောက်မီ စစ်ဆေးပါ။
- သင်၏ စက်ပစ္စည်းအား လူမရှိသည့်အချိန်တွင် အလိုအလျောက် လော့ကျစေရန် သတ်မှတ်ထားပါ။ အများစုသော လည်ပတ်ရေးစနစ်များသည် စက်ပစ္စည်းများအား အသုံးမပြုချိန်ကြာသည့်အခါတွင် ကီးဘုတ် နှင့် စကရင်ပြသမှုကို အလိုက်အလျောက် လော့ချနိုင်သည့် နည်းလမ်းတစ်ခုကို ထောက်ပံ့သည်။ ဤသည် ကောင်းမွန်သည့် ဖြေရှင်းနည်းတစ်ခုဖြစ်သည်။သို့သော်လည်း သင်အနေဖြင့် ရာနှုန်းပြည့်ယုံကြည်မှုမရှိသည့် နေရာတွင် သင့်ပစ္စည်းအား လူမရှိပဲမထားခဲ့ခြင်းသည် အကောင်းဆုံးအလေ့အထတစ်ခုဖြစ်သည်။ ထိုနည်းတူစွာပင် အကောင့်ဝင်ရောက်ချိန်စဉ် နှင့် ရပ်ခဲ့သည်မှ ပြန်စစဉ်တွင် စကားဝှက်ထည့်သွင်းခြင်း လိုအပ်စေရန် သင်၏ စက်ပစ္စည်းအား သတ်မှတ်ထားသင့်သည်။
- ပုခုံးနောက်မှ စောင့်ကြည့်သူများကို သတိထားပါ။ သင်၏ ခရက်ဒစ်ကဒ်များ နှင့် ဒက်ဘစ်ကဒ်များကို ကာကွယ်ပေးသည့် ဂဏန်းများ၊ စကားစုများ နှင့် စကားဝှက်များကို သင်ရိုက်ထည့်ချိန်တွင် သင်၏ အနီးတစ်ဝိုက်တွင် မည်သူများရှိနေသည်ကို အမြဲသတိရှိပါ။ သင့်အား နောက်ကွယ်မှကြည့်ရှုခြင်း သို့မဟုတ် အဝေးမှကြည့်ရှုခြင်း(ကင်မရာများကို ဂရုပြုပါ) မှတစ်ဆင့် သင်၏ အသုံးပြုသူ အိုင်ဒီများ နှင့် စကားဝှက်များကို ခိုးယူသော ပုခုံးနောက်မှ စောင့်ကြည့်သူများထံမှ ကာကွယ်ခြင်းသည် ယနေ့ခေတ် လည်ပတ်ရေးစနစ်များအနေဖြင့် သင်စကားဝှက်ရိုက်ထည့်ချိန်တွင် အစက်များသာပြပေးခြင်းကို ပြောင်းလဲလိုက်ခြင်း၏ အကြောင်းပြချက်ဖြစ်သည်။ သို့သော် ထိုကဲ့သို့သော တူညီသည့်အချက်အလက်များကို သင်၏ ကီးဘုတ် သို့မဟုတ် စကရင်ပေါ်မှ လက်ချောင်းများအား ကြည့်ရှုခြင်းဖြင့်လည်း ခိုးယူနိုင်ပါသေးသည်။ ထို့ကြောင့် ဂရုစိုက်ပါ။
နယ်စပ်များဖြတ်ကျော်ရန် ပြင်ဆင်ပါ
သင်နှင့်အတူသယ်သွားမည့် အချက်အလက်များကို လျှော့ချပါ
- ခရီးသွားလာစဉ်တွင် မည်သည့်အချက်အလက်များသည် လိုအပ်ပြီး မည်သည့်အချက်အလက်များသည် ထားခဲ့နိုင်သည်ကို သင်ကိုယ်သင် မေးမြန်းပါ။
- သင်မလိုအပ်သည်များကို သင်၏ အိမ် သို့မဟုတ် ရုံးခန်းတွင်
လုံခြုံစွာချန်ခဲ့မည့် ဝှက်စာစနစ်ဖြင့် အပြည့်အဝကာကွယ်ထားသော ကွန်ပျူတာ
သို့မဟုတ် Hard Drive အတွင်းသို့ ပွားယူသိမ်းဆည်းပါ။ ထို့နောက်
သင်ခရီးသွားရာတွင် ယူဆောင်သွားမည့် စက်ပစ္စည်းများအတွင်းမှ ဖျက်ဆီးပါ။
- ထိုသို့လုပ်နေစဉ်အတွင်း သင်၏ ထိရှလွယ်သော အချက်အလက်များကို Hard Drive များ နှင့် USB ချောင်းများအတွင်းသို့ ဖိုင်ပွားသိမ်းဆည်းပါ။ သင်၏ ရုံးနှင့် ဝေးသောနေရာတွင် ပင်မကွန်ပျူတာဖြင့် ခွဲထားပြီး ဂဏန်းများဖြင့် ကာကွယ်ထားသည့် သေတ္တာငယ်ကဲ့သို့ လုံခြုံသောနေရာတွင် သိမ်းဆည်းပါ။
- သင်၏ အချက်အလက်များအား မည်ကဲ့သို့ လုံခြုံစွာ ဖိုင်ပွားသိမ်းဆည်းရမည်ကို လေ့လာပါ။
- သင်၏ အချက်အလက်များအား (ဝှက်စာနစ်ဖြင့်ကာကွယ်ခြင်းပြီးမှသာ) သိမ်းဆည်းခြင်း သို့မဟုတ် ကလောက်ဒ်ဝန်ဆောင်မှုထောက်ပံ့သူပေါ်တွင် ဆောဖ့်ဝဲလ်ဖြင့် ရိုက်ထားသော သင့်လည်ပတ်ရေးစနစ်၏ ဓာတ်ပုံတစ်ခုလုံးအား သိမ်းဆည်းခြင်း နှင့် ခရီးသွားချိန်တွင် လပ်တော့အလွတ်တစ်လုံးဖြင့် သွားလာခြင်းကို ထည့်သွင်းစဉ်းစားပါ။ ဦးတည်ရာကို ရောက်သည့်အခါ အချက်အလက် နှင့်/သို့မဟုတ် ဆောဖ့်ဝဲလ်ကို ပြန်လည်ဒေါင်းလုတ်ဆွဲပြီး သင်မထွက်ခွာခင် ပြန်လည်တင်ပို့သိမ်းဆည်းပါ။ ဤပြင်ဆင်မှုသည် ဒေတာများအား အနည်းဆုံးလျှော့ချခြင်း နှင့် ဝင်ရောက်အသုံးပြုနိုင်သည့် ဖိုင်ပွားတစ်ခုအနေဖြင့် ထောက်ပံ့ပေးပါသည်။ သို့သော် လမ်းအလယ်တွင် သင်လုပ်နိုင်သည့် အလုပ်ကိုတော့ အကန့်အသတ်ဖြစ်စေနိုင်သည်။
ဘာကြောင့် ဒါမျိုးတွေကို သုံးသင့်လဲဆိုတာကိုသိရနိုင်ဖို့ ဒါတွေကိုလေ့လာပါ။
သင်နှင့်အတူ မယူဆောင်သွားသော အချက်အလက်များသည် ပျောက်ရှခြင်း သို့မဟုတ် ခိုးယူခံရခြင်းမဖြစ်နိုင်ပါ။
နယ်စပ်ဖြတ်ကျော်စဉ်တွင် သင်သွားရောက်မည့် နိုင်ငံများအားလုံးတွင် တရားမဝင်သော အချက်အလက်များအား သယ်ဆောင်သွားခြင်းမပြုမိစေရန် သေချာစေခြင်းသည် အလွန်မှအရေးကြီးသည်။ တရားမဝင်အချက်အလက်ဖြစ်စေနိုင်သည်များတွင် မူပိုင်ခွင့်ရရှိထားသော ပစ္စည်းများ၏ တရားဝင်မိတ္တူများ ( ဉပမာ သီချင်း၊ ဗီဒီယို ) နှင့် မည်သည့်အဖော်အချွတ်အမျိုးအစား စသည်ဖြင့် ပါဝင်နိုင်သည်။ အကယ်၍ထိုကဲ့သို့သော ပစ္စည်းများအား နယ်စပ်ရှာဖွေရေးတွင် တွေ့ရှိပါက သင်၏ လပ်တော့အား သိမ်းဆည်းခြင်းခံရနိုင်သည်။
အခြား အရန်အီးမေးလ်လိပ်စာတစ်ခုကိုအသုံးပြုပါ
- အက်ပလီကေးရှင်းတစ်ခုအသုံးပြုခြင်းဖြစ်ဖြစ်၊ သင်၏ အီးမေးလ်ကို ဖတ်ရှုရန် အီးမေးဝန်ဆောင်မှုပေးသူတစ်ခု သို့မဟုတ် ဘရောက်ဇာမှ ဝင်ရောက်ခြင်းဖြစ်ဖြစ် အကောင့်များကို ထွက်ပါ။
- သင်ခရီးများအတွက် ဝက်ဘ်ဆိုက်တွင် အခြေခံထားသော အီးမေးလ်အကောင့်တစ်ခု ဖန်တီးပါ။
ဘာကြောင့် ဒါမျိုးတွေကို သုံးသင့်လဲဆိုတာကိုသိရနိုင်ဖို့ ဒါတွေကိုလေ့လာပါ။
ထိရှလွယ်သောအချက်အလက်များစွာ ပါဝင်နိုင်သည့် သင်၏ အီးမေးလ်အား နယ်စပ်အေးဂျင့်များမှ စစ်ဆေးနိုင်သည်။ ထို့အပြင် သင်၏ အီးမေးလ်အား ဖြစ်နိုင်ခြေရှိသည့် များစွာသော တိုက်ခိုက်မှုများအား ကြုံတွေ့ရစေနိုင်သည့် စိတ်မချရသော ချိတ်ဆက်မှုများ နှင့် စနစ်များအား သင်ခရီးသွားစဉ်အတွင်း အသုံးပြုခြင်းမျိုးဖြစ်နိုင်သည်။ ထိုကဲ့သို့သော တိုက်ခိုက်မှုများ၏ အကျိုးဆက်များအား ကန့်သတ်နိုင်ရန် အရေးကြီးသော နည်းလမ်းတစ်ခုမှာ ဝက်ဘ်ဆိုက်အားအခြေခံသည့် အီးမေးလ်တစ်ခုအား ဖန်တီးအသုံးပြုပြီး ခရီးစဉ်ပြီးဆုံးပါက ဖျက်ဆီးပစ်ရန်ဖြစ်သည်။
ခရီးသွားလာစဉ်အတွင်း ထိရှမလွယ်သော ဆက်သွယ်မှုများအားလုံးအတွက် ဤလိပ်စာကို အသုံးပြုပါ။ ထိုမှသာ အကောင့်အား တိုက်ခိုက်သူမှ ရရှိသွားပါက သင့်ခရီးပြီးဆုံးချိန်တွင် မည်သည့်တန်ဖိုးရှိသော အချက်အလက်မှရရှိသွားစေမဟုတ်ပါ။ သင်၏ ချိတ်ဆက်မှုနှင့် ကွန်ပျူတာသည် ဘေးကင်းသည်ဟု ယုံကြည်မှုရှိပါက သို့မဟုတ် ယုံကြည်မှုမရှိသေးခင်အထိ သင်၏ ပုံမှန် အီးမေးလ်အကောင့်ကို အကောင့်ဝင်ရောက်အသုံးမပြုပါနှင့်။.
သင်၏ စက်ပစ္စည်းအတွင်းမှ အကောင့်များကိုဖျက်ပါ
- နယ်စပ်ကို မဖြတ်ကျော်မီ အကောင့်များကို ထွက်ထားပါ။
- ဆိုရှယ်မီဒီယာ နှင့် တခြားသော ထိရှလွယ်သော အက်ပလီကေးရှင်းများကို သင်၏ စက်ပစ္စည်းအတွင်းမှ ဖယ်ရှားပါ (သို့မဟုတ်ဝှက်ထားပါ)။
- တချို့သော လူသုံးများသည့် ဆိုရှယ်မီဒီယာပလက်ဖောင်းများ နှင့် အွန်လိုင်းဝန်ဆောင်မှုများတွင် သင်၏ ဒုတိယပရိုဖိုင်ကို ဖန်တီးထားရန် ထည့်သွင်းစဉ်းစားပါ။ ထိုအကောင့်များတွင် ရက်သတ္တပတ်တချို့ နှင့် လတချို့ မှစ၍ ကြိုတင်ကာ အကြောင်းအရာများဖြင့် ဖြည့်ထားပါ။ ထိုအကောင့်များကို သင်ခရီးသွားလာလျှင် ယူဆောင်သွားမည့် မိုဘိုင်းစက်ပစ္စည်းတွင် အကောင့်ဝင်ရောက်ထားပါ။
ဘာကြောင့် ဒါမျိုးတွေကို သုံးသင့်လဲဆိုတာကိုသိရနိုင်ဖို့ ဒါတွေကိုလေ့လာပါ။
နယ်စပ်အေးဂျင့်များသည် စက်ပစ္စည်းများအတွင်း သူတို့တွေ့ရှိသော ဆိုရှယ်မီဒီယာအကောင့်များကို စစ်ဆေးချင်နိုင်သည်။ ထိုအကောင့်များကို ထွက်ထားခြင်း နှင့် သက်ဆိုင်ရာ အက်ပလီကေးရှင်းများကို ဖယ်ရှားထားခြင်းအားဖြင့် သင်သည် ထိခိုက်နိုင်သော အကြောင်းအရာများကို မည်သည့် ဆိုရှယ်မီဒီယာတွင် ဖြန့်ဝေထားသည်ကို သူတို့မသိနိုင်အောင် ပြုလုပ်ထားနိုင်သည်။
အကယ်၍ သင်၏ စက်ပစ္စည်းစစ်ဆေးသည့် အေးဂျင့်သည့် ထိုအရာကို သံသယဖြစ်နိုင်ပြီး သင့်တွင် ဆိုရှယ်မီဒီယာအသုံးပြုမှုမရှိခြင်းကို မယုံကြည်လောက်ဟု သင်ထင်ပါက လူသုံးများသော ဆိုရှယ်ချိတ်ဆက်မှုပလက်ဖောင်းတချို့တွင် အကောင့်တစ်ခုဖန်တီးနိုင်သည်။ အကယ်၍ ဤကဲ့သို့ ပြုလုပ်မည်ဟု ဆုံးဖြတ်ပါက သင်၏ တခြားအကောင့်များအား ဘေးကင်းသော အကြောင်းအရာများ( ဉပမာ ထွေရာလေးပါးပြောထားသော မက်ဆေ့များ နှင့် အစားအစာများ၊ ကြောင်များ၏ ဓာတ်ပုံများ ) ဖြင့် ဖြည့်ထားခြင်းသည် ကောင်းသည်။
သင်၏ ဝက်ဘ်ဘရောက်ဇာများကို ရှင်းလင်းပါ
- အီးမေးလ် နှင့် ဆိုရှယ်ချိတ်ဆက်ရေးပလက်ဖောင်းများကဲ့ သို့ အကောင့်များကို ထွက်သွားပါ။
- ယာယီအင်တာနက်ဖိုင်များ နှင့် ဘရောက်ဇာမှတ်တမ်းများ ကို ရှင်းလင်းပါ။
သင်၏ စကားပြောဆိုမှု အက်ပလီကေးရှင်းများကို နှစ်ဦးနှစ်ဖက် ရှင်းလင်းပါ
- မည်သည့်စကားပြောဆိုသည့် အက်ပလီကေးရှင်းများကို ထည့်သွင်းဖူးသည်ကို ထည့်သွင်းစဉ်းစားပါ (ဉပမာ တစ်ချို့နိုင်ငံများတွင် Singal အား သင့်ဖုန်းအတွင်း ရှာဖွေရေးဂိတ်များတွင် တွေ့ရှိခြင်းသည် သင့်အား အန္တရာယ်ဖြစ်စေနိုင်သည်)။
- စကားပြောထားသည့် မှတ်တမ်းအတွင်းမှ ထိရှလွယ်သော စကားလုံးများကို ရှာဖွေပြီး ထိုပြောဆိုမှုများကို သင်၏ မှတ်တမ်းအတွင်းမှ ဖယ်ရှားပါ။
- အကယ်၍ သင်သည် အဖွဲ့များ၏ စီမံခန့်ခွဲသူနေရာတွင်ရှိပါက အဖွဲ့များ၏ နာမည်များကို ပြောင်းလဲပါ။ ထိရှလွယ်သော စကားလုံးများမပါဝင်သော အဓိပ္ပါယ်မပေါ်လွင်သည့် နာမည်များကို အသုံးပြုပါ။
- အလိုအလျောက်ပျောက်သော မက်ဆေ့စနစ်ကို သင်၏ထိရှလွယ်သော ပြောဆိုမှုများတွင် ထည့်သွင်းပါ။
- အကယ်၍ အချိန်မရှိပါက သင်၏ messenger အက်ပလီကေးရှင်းကို ဖယ်ရှားလိုက်နိုင်သည်။ သို့သော် messenger အက်ပလီကေးရှင်းမရှိခြင်းသည် သင့်အား သံသယဖြစ်ဖွယ်ဖြစ်စေနိုင်သည်ကို ထည့်သွင်းစဉ်းစားပါ။
[အဆင့်မြင့်] သင်၏ ထိရှလွယ်သော ဖိုင်များ နှင့် ဖိုင်တွဲများကို ဝှက်ထားပါ
- သင့်တွင် အန်းဒရွိုက်ဖုန်းရှိပါက [သင်၏ Files အက်ပလီကေးရှင်း၏ Safe Folder ထဲတွင် သင်၏ ဖိုင်များအားကာကွယ်] (https://support.google.com/accounts/answer/6046815) နိုင်သည်။
- အကယ်၍ သင့်တွင် အိုင်အိုအက်စ် စက်ပစ္စည်းတစ်လုံးရှိပါက ဓာတ်ပုံများကို ဝှက်ထားနိုင်သော အယ်လ်ဘမ်အတွင်းသို့ ထည့်၍ ဝှက်ထားခြင်း ကို လုပ်နိုင်သည်။
- သင်၏ ထိရှလွယ်သော ဖိုင်များအား ဖွက်ထားရန် အန်းဒရွိုက် နှင့် အိုက်အိုအက်စ် နှစ်ခုလုံးတွင် ရနိုင်သည့် Tella ကို အသုံးပြုနိုင်သည်။ အန်းဒရွိုက်တွင် ရုပ်လွှဲ Tella အားအသုံးပြုကာ အလုပ်လုပ်သော ဂဏန်းပေါင်းစက်တစ်ခုအနေဖြင့်လည်း အသုံးပြုနိုင်သည်။
- အကယ်၍ သင်သည် သင်၏ ထိရှလွယ်သော ဖိုင်များကို သင်၏ ကွန်ပျူတာအတွင်းတွင် သိမ်းရန် အားသန်ပါကVeraCrypt အသုံးပြု၍ ဝှက်ထားသော ဖိုင်တွဲတစ်ခုဖန်တီးခြင်း ကို ထည့်သွင်းစဉ်းစားပါ။
ဘာကြောင့် ဒါမျိုးတွေကို သုံးသင့်လဲဆိုတာကိုသိရနိုင်ဖို့ ဒါတွေကိုလေ့လာပါ။
အကယ်၍ သင်သည် နယ်စပ်ဖြတ်ကျော်စဉ် တချို့သော ထိရှလွယ်သော ဖိုင်များအား သင်နှင့်အတူ သယ်ဆောင်သွားရန် လိုအပ်ပါက ထိုဖိုင်များကို သင်၏ ပင်မ အန်းဒရိုက် သို့မဟုတ် အိုင်အိုအက်စ် လုပ်ဆောင်မှုများအတွင်းတွင် ဖွက်ထားရန် စဉ်းစားသင့်သည်။ သို့မဟုတ် ပိုမိုကောင်းမွန်သည်မှာ သင်၏ ဖိုင်များအား ဖွက်ပေးရုံမဟုတ်ပဲ ဝှက်စာစနစ်ဖြင့် ကာကွယ်ထားသော ဖိုင်တွဲထဲတွင် ကာကွယ်သိမ်းဆည်းပေးသည့် Tella သို့မဟုတ် VeraCrypt ကဲ့သို့ လုံခြုံသော အက်ပလီကေးရှင်းများကို အသုံးပြုရန် စဉ်းစားသင့်သည်။
သင်၏ အချက်အလက်များ နှင့် ဆက်သွယ်မှုများကို ကာကွယ်ရန် ဝှက်စာစနစ်ကို အသုံးပြုပါ
ဝှက်စာစနစ်ပြုလုပ်ခြင်းသည် သင်သွားလာမည့်နိုင်ငံများတွင် တရားဝင်ဖြစ်ခြင်း ရှိမရှိကို စစ်ဆေးပါ
- ခရီးမသွားမီ သင်သွားမည့်နိုင်ငံများတွင် ဝှက်စာစနစ်ဖြင့်ပတ်သက်သော
စည်းမျဉ်းများ ရှိမရှိကို
စစ်ဆေးပါ။
- သင့်နိုင်ငံ၏ ဝှက်စာစနစ်ဖြင့်ပတ်သက်သော တရားဝင်အခြေအနေကို the Global Partners Digital World ၏ ဝှက်စာစနစ်နှင့် ပတ်သက်သော ဉပဒေ နှင့် ပေါ်လစီများတွင် ကြည့်ရှုပါ။
- Princeton University Information security office ၏ ခရီးသွားခြင်း နှင့် ဝှက်စာစနစ်အကြောင်း အချက်အလက်များကို ဖတ်ရှုပါ။
ဘာကြောင့် ဒါမျိုးတွေကို သုံးသင့်လဲဆိုတာကိုသိရနိုင်ဖို့ ဒါတွေကိုလေ့လာပါ။
သင်၏ စက်ပစ္စည်းများအတွင်းရှိ အချက်အလက်များအား ဝှက်စာစနစ်ဖြင့်ကာကွယ်ခြင်းသည် အမြဲလုပ်သင့်သော်လည်း တချို့နိုင်ငံများတွင် ဝှက်စာစနစ်အား တင်သွင်းခြင်း၊ ပေးပို့ခြင်း နှင့် သို့မဟုတ် အသုံးပြုခြင်းသည် တရားမဝင်ပါ။
တချို့သော အခြေအနေများတွင် တင်သွင်းခြင်း နှင့် ပေးပို့ခြင်းခွင့်ပြုချက်တစ်ခုအတွက် လျှောက်ထားရန် လိုအပ်ခြင်းရှိနိုင်သည်။ တချို့သောကိစ္စများတွင် တစ်ကိုယ်ရည်အသုံးပြုခြင်းသည် ဉသုံပိတ်ပင်ထားခြင်းခံရနိုင်သည်။ သင်၏ ပုဂ္ဂလိကသော့များအား အစိုးရထံသို့ လက်လွှဲပြောင်းပေးရမည့် တရားရေးအခြေအနေကိုလည်း စစ်ဆေးသင့်သည်။ တချို့သော နိုင်ငံများတွင် ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆိုပါက ထောင်ကျနိုင်သည်။
အကယ်၍ သင်သွားရောက်မည့် နိုင်ငံများတွင် ဝှက်စာစနစ်အသုံးပြုခြင်းသည် တရားမဝင်ပါက သင်၏ ထိရှလွယ်သော အချက်အလက်များအား ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းမှာ သင်လိုအပ်မည့်အချက်အလက်များအားလုံးအား ဝှက်စာစနစ်ဖြင့် ကာကွယ်ကာ လုံခြုံသော ကလောက်ဒ်သိုလှောင်မှုတစ်ခုသို့ တင်သိမ်းဆည်းပြီး သင်ခရီးသွားချိန်တွင် ယူဆောင်သွားမည့် စက်ပစ္စည်းများအတွင်းမှ ဖျက်ဆီးခြင်းဖြစ်သည်။
သင်၏ စက်ပစ္စည်းများကို ဝှက်စာစနစ်ဖြင့် ကာကွယ်ပါ
- သင့်စက်ပစ္စည်းများအား အပြည့်အဝ ဝှက်စာစနစ်ဖြင့်ကာကွယ်ပါ။
- သင်၏ ပြင်ပသိုလှောင်ရေးပစ္စည်းများကို ဝှက်စာစနစ်ဖြင့် ကာကွယ်ပါ။
- သင်၏ ထိရှလွယ်သော အချက်အလက်များကို မည်ကဲ့သို့ ကာကွယ်ရမည်ကို လေ့လာပါ။
ဘာကြောင့် ဒါမျိုးတွေကို သုံးသင့်လဲဆိုတာကိုသိရနိုင်ဖို့ ဒါတွေကိုလေ့လာပါ။
အကယ်၍ တစ်စုံတစ်ယောက်သည် သင်၏ လပ်တော့ နှင့် တခြားသော စက်ပစ္စည်းများကို လက်ဝယ်ရရှိထားပြီး သင်၏ အချက်အလက်များကို သင်၏ စကားစုမရှိပဲ ဝင်ရောက်ရန်ကြိုးစားပါက ဝှက်စာစနစ်သည် အရေးကြီးသည့် နည်းဗျူဟာတစ်ခုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဝင်ရောက်ရန် ကြိုးစားသူသည် ကျပန်း ၁ နှင့် ၀ များကိုသာ တွေ့ရှိရမည်ဖြစ်သောကြောင့်ဖြစ်သည်။
သို့သော်လည်း အကယ်၍ သင်၏ သိုလှောင်ရေးပစ္စည်းသည် အောက်သို့ပြုတ်ကျသည်၊ ပြင်းထန်စွာ ခေါက်မိသည် သို့မဟုတ် မတော်တဆတစ်ခုခုကြုံရပါက ဝှက်စာစနစ်အသုံးပြုခြင်းသည် သင်၏ အချက်အလက်များအား ပြန်လည်ဆည်ယူရန် ခက်ခဲစေနိုင်သည်ကို သတိပြုပါ။ အများစုသော လူ့အခွင့်အရေး ကာကွယ်သူများ နှင့် လူမှုအဖွဲ့အစည်းများအတွက် ဤကဲ့သို့ အဆင့်မြင့် အချက်အလက်ပြန်လည်ဆည်ယူရေး၏ ကုန်ကျစရိတ်သည် များနိုင်သည်။ ဖိုင်ပွားများသိမ်းဆည်းခြင်း သည် အရေးပါသည်။
[အဆင့်မြင့်] သင်၏ ဝှက်စာသော့များကို ကာကွယ်ပါ
အကယ်၍ သင်သည် သင်၏ အီးမေးလ်ကို ဝှက်စာစနစ်ဖြင့် ကာကွယ်ထားပါက သင်နှင့်အတူသယ်ဆောင်သွားသော စက်ပစ္စည်းအတွင်းရှိ တန်ဖိုးအရှိဆုံးသော အချက်အလက်သည် သင်၏ PGP ဝှက်စာစနစ်သော့များဖြစ်နိုင်သည်။ ထိုသော့များ နှင့် ထိုသော့များကို ဖွင့်နိုင်သော စကားစုတွဲများကို ပိုမိုသတိထား ကာကွယ်သင့်သည်။ ထို့ကြောင့် ထိုစက်ပစ္စည်းများကို သင်၏ ကြီးကြပ်မှုမရှိပဲနှင့် တတိယပါတီများ၏ လက်ထဲတွင်မရှိစေသင့်ပါ။ ထို့အပြင် ထိုစက်ပစ္စည်းများကို တခြားသူများ ဝင်ရောက်နိုင်ခြင်းရှိနိုင်ချိန်တွင် သင်မရှိပဲ ဖွင့်ထားခဲ့ခြင်းမျိုး မပြုလုပ်သင့်ပါ။ သင်၏ ပုဂ္ဂလိကသော့များကို သင်၏ စက်အတွင်းသိမ်းဆည်းထားခြင်းကိုပင် မရွေးချယ်သင့်ပါ။ ထိုအစား သင်၏ ထိန်းချုပ်မှုအောက်တွင် အမြဲတမ်းရှိနေနိုင်သော၊ သင်၏ လည်ပင်းတွင် ဆွဲထားနိုင်သော ဝှက်စာစနစ်ဖြင့် ကာကွယ်ထားသသည့် USB ချောင်းထဲတွင် သိမ်းဆည်းသင့်သည်။
လူအများအသုံးပြုခွင့်ရှိသည်
ခရီးသွားချိန်တွင် စာကြည့်တိုက်များ၊ အများသုံးနေရာများ၊ ဟိုတယ်များရှိ ကြိုး သို့မဟုတ် ကြိုးမဲ့ ကွန်ရက်များ၊ ဆွေးနွေးခန်းများ နှင့် တခြားသောနေရာများတွင် ထောက်ပံ့ထားသော ကွန်ပျူတာများကဲ့သို့ အများသုံးစနစ်များကို မကြာခဏ အသုံးပြုရနိုင်သည်။ ထိုအခြေအနေတစ်ခုချင်းစီတွင် သူတို့၏ ကိုယ်ပိုင်သီးခြား အန္တရာယ်ဖြစ်နိုင်ခြေများရှိသည်။
အများနှင့် မျှဝေအသုံးပြုသော ကွန်ပျူတာများ
- အကယ်၍ သင်သည် အများနှင့် မျှဝေအသုံးပြုရသော ကွန်ပျူတာများကို ခရီးသွားစဉ်အတွင်း အသုံးပြုရန် စီစဉ်နေပါက ထိုကွန်ပျူတာများကို လုံခြုံမှုမရှိသော ကွန်ပျူတာများအဖြစ် အမြဲစဉ်းစားပါ။
- သင်၏ ဆက်သွယ်မှုများအား ထောက်လှမ်းရန် အသုံးပြုသည့် မှတ်တမ်းယူတတ်သောကီးဘုတ်မှတစ်ဆင့် အန္တရာယ်ကျရောက်နိုင်စွမ်းကို လျှော့ချရန် သင်ယုံကြည်မှုမရှိသည့် ကွန်ပျူတာများတွင် တပ်ဆင်အသုံးပြုရန် သေးငယ်သည့် USB ကီးဘုတ်တစ်ခုအား သင်နှင့်အတူ ယူဆောင်သွားရန် ထည့်သွင်းစဉ်းစားပါ။
- လူအများနှင့် မျှဝေအသုံးပြုသော ကွန်ပျူတာအတွင်းတွင် ထည့်သွင်းထားသော
စောင့်ကြည့်ရေးဆောဖ့်ဝဲလ်မှတစ်ဆင့် စောင့်ကြည့်ခြင်းခံရသည့် အန္တရာယ်ကို
လျှော့ချနိုင်ရန် သင့်စိတ်ကြိုက်ရွေးချယ်ထားသော လည်ပတ်ရေးစနစ် နှင့်
သင်အခြေခံလိုအပ်သည့် ဆောဖ့်ဝဲလ်များ ထည့်သွင်းထားသော ကြိုတင်ပြင်ဆင်ထားသည့်
အလုပ်လုပ်နေသာ စိတ်ကြိုက် USB တစ်ခုဖြင့် ခရီးသွားခြင်းကို
ထည့်သွင်းစဉ်းစားပါ။ ဤနည်းဖြင့် USB မှတစ်ဆင့် သင်ပိုင်ဆိုင်သည့် ယုံကြည်ရေသာ
လည်ပတ်ရေးစနစ်ကို ထည့်သွင်းနိုင်ပြီး မယုံကြည်ရသော ကွန်ပျူတာ၏
မူရင်းပြင်ဆင်ချိန်ညှိထားမှုများအားလုံးကို ကျော်ဖြတ်ကာ
အသုံးပြုနိုင်မည်ဖြစ်သည်။
- အကယ်၍ သင်သည် အလုပ်လုပ်သော USB ချောင်တစ်ခုကို ပြင်ဆင်ရန် စီစဉ်နေပါကTor networkမှဖြတ်သန်းကာ သင်၏ ချိတ်ဆက်မှုများအားလုံးကို ကာကွယ်ပေးနိုင်သည့် Tails ကို အသုံးပြုခြင်းအား ထည့်သွင်းစဉ်းစားပါ။
- အများအသုံးပြုသော ကွန်ပျူတာများသည် အလုပ်လုပ်သော USB ချောင်းတစ်ခုဖြင့် စက်ကိုအသစ်မှစ၍လည်ပတ်စေနိုင်သည်ကို အမှတ်ရပါ။
ဤအရာကို ကျွန်ုပ်တို့ မည်သည်ကြောင့် အကြံပြုထားသည်ကို လေ့လာပါ
သင်ခရီးသွားစဉ်အတွင်း သင်အများဆုံးကြုံတွေ့နိုင်သော သင့်လုံခြုံရေးကျိုးပေါက်ခြင်းသည် ယုံကြည်ရမှုမရှိသော စက်တစ်ခုတွင် သင်၏ အကောင့်များအားဝင်မိခြင်းဖြစ်သည်။
အထူးသဖြင့် အန္တရာယ်ရှိသည်မှာ ရိုက်နှိပ်သည်ကို သိရှိနိုင်သော စက်ပစ္စည်းများ နှင့် ထောက်လှမ်းရေးဆောဖ့်ဝဲလ်များဖြစ်သည်။ ထိုအရာများသည် သင်ကွန်ပျူတာတွင် လုပ်ဆောင်သမျှကို ဖမ်းယူသိမ်းဆည်းနိုင်သည်။
ရိုက်နှက်သည်ကို သိရှိနိုင်သော စက်ပစ္စည်းများသည် ကွန်ပျူတာ နှင့် ကီးဘုတ်ကြားရှိ ကေဘယ်ကြိုးအတွင်း ထည့်သွင်းထားသော USB ချောင်းသဏ္ဌန်စက်ပစ္စည်းများဖြစ်သည်။ သင့်ကိုယ်ပိုင်မဟုတ်သော မည်သည့်ကီးဘုတ်ကိုမဆို အသုံးမပြုမီ စစ်ဆေးသင့်သည်။
ကီးဘုတ်မှရိုက်နှိပ်သည်ကို မှတ်တမ်းယူတတ်သော ဆောဖ့်ဝဲလ်များ နှင့် တခြားသော စောင့်ကြည့်ရေးဆောဖ့်ဝဲလ်များသည် သူတို့ ရှိနေကြောင်း ပြောရန်ခက်ခဲသောကြောင့် ပိုမိုအန္တရာယ်ရှိသည်။ ထို့ကြောင့် ယုံကြည်ရမှုမရှိသော ကွန်ပျူတာများကို အသုံးပြုခြင်းသည် အန္တရာယ်ရှိသည်။
ယုံကြည်စိတ်ချရမှုမရှိသော ကွန်ရက်များအား အသုံးပြချိန်တွင် သင်၏ ချိတ်ဆက်မှုများကို ကာကွယ်ပါ
- သင်သွားလာလိုသည့် ဝက်ဘ်ဆိုက်၏ HTTPS ပုံစံကိုသာ ရနိုင်သည့်အချိန်တိုင်း ဖွင့်ပေးရန် သင်၏ ဘရောက်ဇာကို HTTPS မှသာ ချိတ်ဆက်စေရန် သတ်မှတ်ထားပါ။
- သင်ခရီးမတိုင်ခင် ဗွီပီအန်တစ်ခု သို့မဟုတ် တစ်ခုထက်ပိုပြီး ထည့်သွင်းသွားပါ။
- ဘရောက်ဇာအတွင်းရှိ ကာကွယ်မှုပေးသော တိုးချဲ့လုပ်ဆောင်မှုများကို အသုံးပြုပါ, အထူးသဖြင့် ကြော်ငြာများကို ပိတ်ပင်ပေးသော uBlock Origin (သို့မဟုတ်uBlock Origin Lite for Chrome/Chromium) ကို အသုံးပြုပါ။
- မည်သည့် ဝှက်စာစနစ်ပြောင်းလဲသည့် ပရိုတိုကော ကို သင်အသုံးပြုနေပါစေ ချို့ယွင်းမှုများသည် ကြားခံစက်မှ တိုက်ခိုက်ခြင်း ဖြစ်နိုင်သောကြောင့် သင်ချိတ်ဆက်မှုတစ်ခု စတင်ချိန်တွင် သတိပေးမှုပေါ်လာပါက ဂရုပြုကြည့်ရှုပါ။ သို့သော် သတိပေးမှုများမရှိခြင်းသည်လည်း သင်အနေဖြင့် လုံခြုံသည်ဟု မဆိုလိုပေ: တစ်ချို့သော ကြားခံစက်မှ တိုက်ခိုက်ခြင်းများသည် ချို့ယွင်းမှုသတိပေးခြင်းကို မပြသောကြောင့်ဖြစ်သည်။ သို့သော်လည်း အောင်မြင်သော ဘရောက်ဇာဆက်ရှင်များအား ခိုးယူခြင်းသည် တိုက်ခိုက်သူများအား လက်ရှိဆက်ရှင်၏ သော့များကိုသာ ပေးသောကြောင့် ဖျက်ဆီးမှုများ ပြုလုပ်ရန် အချိန်အကန့်အသတ်တစ်ခုသာ ပေးသည်။
ဘာကြောင့် ဒါမျိုးတွေကို သုံးသင့်လဲဆိုတာကိုသိရနိုင်ဖို့ ဒါတွေကိုလေ့လာပါ။
ခရီးသွားစဉ်တွင် အင်တာနက်ရရှိရန် ယုံကြည်ရမှုမရှိသည့် ချိတ်ဆက်မှုများကို အသုံးပြုရ အမြဲလိုပင် အသုံးပြုရတတ်သည်။ ယုံကြည်စိတ်မချရသည့် ချိတ်ဆက်မှုများတွင် ဟိုတယ် ကြိုး နှင့် ကြိုးမဲ့ချိတ်ဆက်မှုများ၊ စည်ပင် နှင့် စီးပွားဖြစ် ချိတ်ဆက်မှုထုတ်လွှခြင်းများ နှင့် တခြားသော အရာများ ပါဝင်သည်။ ထိုကွန်ရက်များအတွင်းမှ မကောင်းသော ဆုံမှတ်များသည် ကြားခံစက်မှ တိုက်ခိုက်ခြင်းများ ( MMIT ) ဟုခေါ်သော ဖောက်ထွင်းမှုကို ဖြစ်စေနိုင်သည်။ ထိုဆုံမှတ်များသည် သင် သွားရောက်သောဝက်ဘ်ဆိုက်များ၏ လိပ်စာများ နှင့် အီးမေးဆက်သွယ်မှုများ၏ အကြောင်းအရာများနှင့် လိပ်စာများကို ဖမ်းယူရနိုင်သည်။ မကောင်းသော ဆုံမှတ်တစ်ခုသည် သင်၏ အင်တာနက်သွားလာရာလမ်းကြောင်းအား သင်ဝင်ရောက်ရန်ကြိုးစားနေသော မှန်ကန်သည့် ဝက်ဘ်ဆိုက်မှ အန္တရာယ်ရှိသော ဝက်ဘ်ဆိုက်အတုဆီသို့လည်း လွှဲပြောင်းနိုင်သည်။
အမြဲလိုပင် ဝှက်စာစနစ်သည် ကြားဖြတ်ကြည့်ရှုမည့်သူများအား အချက်အလက်ကို မဖတ်ရှုနိုင်အောင် ကာကွယ်ပေးသည့် အရေးကြီးဆုံး နည်းပညာဖြစ်သည်။ အခြေခံနည်းလမ်းမှာ ယုံကြည်ရသော ဗွီပီအန်တစ်ခု အသုံးပြုခြင်းဖြစ်သည်။ သို့သော် သင် ဝက်ဘ်ဆိုက်တစ်ခုကို သွားရောက်စဉ်တွင်ဖြစ်စေ၊ တခြားသော အွန်လိုင်းဝန်ဆောင်မှုတစ်ခုကို အသုံးပြုသည်ဖြစ်စေ သင်၏ သွားလာရောက်လမ်းကြောင်းကို ဝှက်စာနစ်ဖြင့် ကာကွယ်ပေးသော HTTPS စနစ်ကို အသုံးပြုခြင်းဖြင့် သင်၏ ချိတ်ဆက်မှုများကို ကာကွယ်ခြင်းသည် ပိုမိုအရေးကြီးသည်။
အင်တာနက်ဆင်ဆင်ဖြတ်တောက်ခြင်း နှင့် ပိတ်ဆို့မှုများ
- အင်တာနက်၏ အလုပ်လုပ်ပုံနှင့် မည်ကဲ့သို့ ဆင်ဆာပြုလုပ်ပိတ်ပင်နိုင်သည်အား လေ့လာပါ။
- စောင့်ကြည့်မှုများနှင့် အင်တာနက်ပိတ်ဆို့မှုများအား မည်ကဲ့သို့
ကျော်လွှားရမည်များကို လေ့လာပါ။
- တချို့သော နိုင်ငံများတွင် ဆင်ဆာဖြတ်တောက်မှုကို ကျော်လွှားသော ကိရိယာများအား အသုံးပြုခြင်းသည် မတရားမဝင်နိုင်သည်ကို ထည့်သွင်းစဉ်းစားပါ။ ထို့ကြောင့် နယ်စပ်မဖြတ်ကျော်မီ သင်သွားရောက်မည့်နိုင်ငံများ၏ အခြေအနေကို ကြည့်ရှုပါ။
- အကယ်၍ သင်သည် လူ့အခွင့်အရေးကာကွယ်သူ၊ ဂျာနယ်လစ် သို့မဟုတ် တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပြီး သင်သည် အင်တာနက် ရရှိရန် ခက်ခဲပြီး စောင့်ကြည့်မှုမြင့်မားသည့် နိုင်ငံသို့ သွားရောက်မည်ဆိုပါက ထိုနိုင်ငံများတွင် အင်တာနက်ဆင်ဆာဖြတ်တောက်မှုအား ကျော်ဖြတ်နိုင်သည့် နည်းလမ်းများအတွက် အကြံပြုချက်များကို Front Line Defenders သို့မဟုတ် Access Now Digital Security Helpline သို့ ဆက်သွယ်ပါ။
ဘာကြောင့် ဒါမျိုးတွေကို သုံးသင့်လဲဆိုတာကိုသိရနိုင်ဖို့ ဒါတွေကိုလေ့လာပါ။
တချို့သောနိုင်ငံများတွင် ဝက်ဘ်ဆိုက်များအား ဆင်ဆာပြုလုပ်ခြင်း သို့မဟုတ် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပိတ်ဆို့ခြင်းကြောင့် ဝက်ဘ်ကို ဝင်ရောက်နိုင်ရန် ကန့်သတ်မှုရှိနိုင်သည်။
မိုဘိုင်းဖုန်းလုံခြုံရေး
သင်၏ ဖုန်းကို အိမ်တွင်ထားခဲ့ပြီး မတူညီသည့် တခြားဖုန်းတစ်လုံးဖြင့် ခရီးသွားပါ
အခြေခံအားဖြင့် မိုဘိုင်းဖုန်းများသည် လုံခြုံမှုမရှိဟု မှတ်ယူနိုင်သည်။ ခရီးသွားချိန်တွင် သင်၏ ဖုန်းအား အိမ်တွင်ထားခဲ့ပြီး သင်၏ အချက်အလက်အားလုံးမပါဝင်သော တခြားမတူညီသည့် ဖုန်းတစ်လုံးဖြင့် ခရီးသွားခြင်းသည် အကောင်းဆုံးဖြစ်သည်။ အကယ်၍ သင်သည် သင်၏ ဖုန်းအား မဖြစ်အနေ ယူသွားရမည်ဆိုပါက သင်၏ ဖုန်းအတွင်းမှ အချက်အလက်များအား တခြားဖုန်းတစ်လုံးထဲသို့ ဖိုင်ပွားသိမ်းဆည်းပြီး သင့်ဖုန်းအတွင်းမှ အချက်အလက်များအား ဖယ်ရှားသွားပါ။ သင်၏ ဖုန်းအား ပေါက်ကြားခြင်း အန္တရာယ်မှ လျှော့ချနိုင်ရန် အန်းဒရိုက် စက်ပစ္စည်းများ နှင့် အိုင်ဖုန်းများ သို့မဟုတ် အိုင်ပတ်များအား ကာကွယ်သည့် လမ်းညွှန်အား ဖတ်ရှုနိုင်သည်။
လုံခြုံသော စာပေးပို့သည့် အက်ပလီကေးလရှင်းများမှတစ်ဆင့် ဆက်သွယ်ပါ
- သင်၏ ဆက်သွယ်မှုများအား လုံခြုံစေရန် ကျွန်ုပ်တို့ ညွှန်းဆိုသော စာပေးပို့ရေးအက်ပလီကေးရှင်းများကို ကြည့်ရှုပါ။
- သင်၏ ဆက်သွယ်မှုများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို မည်သို့ကာကွယ်ရမည်ကို ကျွန်ုပ်တို့လမ်းညွှန်မှတစ်ဆင့် ဖတ်ရှုပါ။
ဘာကြောင့် ဒါမျိုးတွေကို သုံးသင့်လဲဆိုတာကိုသိရနိုင်ဖို့ ဒါတွေကိုလေ့လာပါ။
သင်ခရီးသွားစဉ်တွင် သင်၏ ဆက်သွယ်မှုများအား အလျင်မြန်ဆုံးလုံခြုံမှုပေးနိုင်သည့် တချို့သော နည်းလမ်းများကို သင်၏ မိုဘိုင်းစက်ပစ္စည်းများအတွင်းရှိ ဆက်သွယ်ရေးအက်ပလီကေးရှင်းများက ထောက်ပံ့ပေးနိုင်သည်။ အကယ်၍ သင်ဆက်သွယ်ရန် လိုအပ်သောသူများသည် လုံခြုံသော ဆက်သွယ်ရေး အက်ပလီကေးရှင်းများကို အသုံးပြုပါက သင်၏ ပေးပို့သောစာများ နှင့် ဖိုင်များ၊ ဖုန်းခေါ်ဆိုမှုများအား ထိုကိရိယာများကို အသုံးပြုကာ ဝှက်စာစနစ်ဖြင့် ကာကွယ်သင့်သည်။.
[အဆင့်မြင့်] သင်၏ မိုဘိုင်းစက်ပစ္စည်းအတွင်းရှိ ထိရှလွယ်သော အက်ပလီကေးရှင်းများကို ဝှက်ထားပါ
- အကယ်၍ သင့်တွင် အန်းဒရွိုက် စက်ပစ္စည်းတစ်လုံးရှိပါကPrivate Space တွင် ထိရှလွယ်သော အက်ပလီကေးရှင်းများကို ဝှက်ထားခြင်း ကို အသုံးပြုရန် ထည့်သွင်းစဉ်းစားပါ။
- အိုင်အိုအက်စ်တွင် ထိရှလွယ်သော အက်ပလီကေးရှင်းများအား မည်ကဲ့သို့ ဝှက်ထားရမည်ကို လေ့လာပါ။
ဘာကြောင့် ဒါမျိုးတွေကို သုံးသင့်လဲဆိုတာကိုသိရနိုင်ဖို့ ဒါတွေကိုလေ့လာပါ။
သင်ခရီးသွားစဉ်တွင် သင်၏ မိုဘိုင်းစက်ပစ္စည်းများအတွင်း ထည့်သွင်းထားသော ထိရှလွယ်သည့် အက်ပလီကေးရှင်းတချို့အား သိမ်းဆည်းရန် လိုအပ်ပါက အန်းဒရွိုက် နှင့် အိုင်အိုအက်စ် နှစ်ခုလုံးတွင် ရရှိသော မူရင်းပါ လုပ်ဆောင်မှုများကို အ သုံးပြု၍ ထိုအက်ပလီကေးရှင်းများကို ဖွက်ထားနိုင်သည်။.
ကိုးကားခြင်းများ
- Lily Hay Newman, Matt Burgess, အမေရိကနယ်စပ်တွင် သင်၏ ဖုန်းအား စစ်ဆေးခံရခြင်းမှ သင့်ကိုယ်သင် ကာကယ်နည်း, Wired, Apr 21, 2025
- Nikita Mazurov, Matt Sledge, အမေရိကန်နိုင်ငံနယ်စပ်ကို ဖြတ်ကျော်မည်လား? သင်ကိုယ်သင်မည်သို့ကာကွယ်ရမည်ကို ဒီမှာကြည့်ပါ, The Intercept, March 29 2025
- Andy Greenberg, Matt Burgess, သင်၏ ကိုယ်ရေးကိုယ်တာချိုးဖောက်ခြင်းမခံရပဲ အမေရိကန်နိုင်ငံအတွင်းသို့ ဝင်နည်း, Wired, Mar 24, 2025
- Princeton University ၏ နိုင်ငံတကာခရီးသွားလာခြင်း လမ်းညွှန် - ရနိုင်သည်များထဲတွင် အစုံအလင်ဆုံးသော လမ်းညွှန်များထဲမှတစ်ခု