Security in a Box က ဘယ်လို အလုပ်လုပ်ပါသလဲ?
မာတိကာ
...မာတိကာ စတင်နေသည်...Security in a Box က ဘယ်လို အလုပ်လုပ်ပါသလဲ?
Security in a Box သည် အခမဲ့ ပွင့်လင်းနည်းပညာနှင့်ဆိုင်သော လမ်းညွှန် Resources များကို Gitlab Gitlab.com တွင်စုစည်း တင်ထားလျက်ရှိပါသည်။
Security in a Box အားအချိန်နှင့်လျော်ညီစွာ ပြောင်းလဲပြင်ဆင်မှုများပြုလုပ်နိုင်ရန် ကူညီပေးပါသော Front Line Defenders’ မှ Digital Protection အဖွဲ့များရော အပြင်ကနေ ကူညီပံ့ပိုးပေးကြပါသော အဖွဲ့အားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ဖော်ပြလိုပါသည်။ လက်ရှိ လမ်းညွှန်များနှင့် အခြားအသစ်သစ်သော ပြောင်းလဲမှုများနှင့် အချိန်နှင့်လျော်ညီအောင် ပြင်ဆင်မှုများကိုတော့ Front Line Defenders’ Digital Protection မှာ အယ်ဒီတာများက ပြုလုပ်ပေးလျက်ရှိပါသည်။
Security in a Box တွင်ပါဝင်သော အကြောင်းအရာများ အမြဲတမ်းမှန်ကန်မှုရှိနေစေရန်အတွက် အောက်ပါ အချက်များနှင့် ကိုက်ညီမှုရှိ၊မရှိ စီစစ်ထားပါသည်။
ကျွန်တော်တို့ ထောက်ခံထားသော လုံခြုံရေးဆိုင်ရာ ကာကွယ်ခြင်းနည်းလမ်း (သို့) နည်းဗျူဟာများကို ဘယ်လိုဖန်တီးထားလဲဆိုတာ
Security in a Box ကတော့ ဒစ်ဂျစ်တယ်လုံခြုံရေး၊ကာကွယ်ရေး ဆိုင်ရာ လမ်းညွှန်များနဲ့ ကာကွယ်ခြင်းဆိုင်ရာ နည်းဗျူဟာရဲ့ လမ်းညွှန်တွေကို စုစည်းထားတဲ့ နေရာလေးပဲဖြစ်ပါသည်။ ဒီ ဝက်(ဘ်)ဆိုဒ်ကိုဖတ်ရှုရာမှာ သင့်အနေဖြင့် လုံခြုံအားကောင်းတဲ့ စကားဝှက်တွေကို ဖန်းတီးပြီး စီမံခန့်ခွဲခြင်းနည်းလမ်းများ၊ အကောင့်တွေကို ကာကွယ်ခြင်းဆိုင်ရာ နည်းလမ်းများ၊ လုံခြုံစွာ ဆက်သွယ်ခြင်းနည်းလမ်းများ၊ စက်ပစ္စည်းလုံခြုံရေးများ၊ အင်တာနက်ချိတ်ဆက်မှုပုံစံများနဲ့ ထိရှလွယ်တဲ့ အချက်အလက်တွေကို မည်သို့ ကိုင်တွယ်ရမလဲဆိုတဲ့ နည်းလမ်းတွေနဲ့ အကြံပြုချက်တွေကို ဖတ်ရှုနိုင်မှာ ဖြစ်ပါသည်။
ဒီမှာဖတ်ရှုနိုင်တဲ့ နည်းဗျူဟာတွေကတော့ ဒစ်ဂျစ်တယ် ပိုင်ဆိုင်မှုတွေကို ကာကွယ်ခြင်းပေါ်အခြေခံထားပေမယ့်လို့ နည်းလမ်းပေါင်းစုံကနေ ချဉ်းကပ်ထားပါသည်။ ကျွန်တော်တို့ အနေဖြင့် ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာကို ကာကွယ်ခြင်းလို့ပြောနေပေမယ့် ကာကွယ်ခြင်းနှင့် ပက်သက်လျှင်တော့ ထောင့်ပေါင်းစုံ ကစဉ်းစားချဉ်းကပ်ရမည်ဆိုတာကို နားလည်းပါသည်။ ဉပမာအားဖြင့် ဉပဒေရေးရှုထောင့် အပါအဝင် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ကာကွယ်ခြင်းစတဲ့ ရှုထောင့်တွေလည်း ပါဝင်မည်ဖြစ်ပါသည်။ ဒါကြောင့် ကာကွယ်ခြင်းဆိုင်ရာကို ဘက်ပေါင်းစုံရှုထောင့်နဲ့ ချဉ်းကပ်ပုံအသေးစိတ်ကိုလည်း ဤ Link တွင် လေ့လာနိုင်မည်ဖြစ်ပါသည်။ holistic approach in the Holistic Security Manual.
Security in a Box primarily aims to help a global community of human rights defenders whose work puts them at risk. In general, we consider this resource aimed at helping not only human rights defenders but all those who are at risk of digital attacks, for example activists, journalists, and other members of civil society, as well as women and LGBTQIA+ persons who are at risk of gender-based online violence.
ကျွန်တော်တို့ရဲ့ ပင်မချဉ်းကပ်မှုကတော့ ရည်ရွယ်ထားသူများရဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို နားလည်စေရန်နှင့် တစ်ယောက်ချင်းစီရဲ့ လိုအပ်ချက်တွေကို အကဲဖြတ်နိုင်ရန်ဆိုတဲ့ ချဉ်းကပ်ခြင်းဖြစ်ပါသည်။ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားနေသူနှင့် သူတို့၏မိသားစုဝင်များ၊ SiaB နှင့် ဒီလမ်းညွှန်ကိုဖတ်ရှုကြမည့် အခြားသောစာဖတ်သူများအား "Do No Harm”ဆိုတဲ့အတိုင်း ထိခိုက်မှုမရှိစေရန် ရည်ရွယ်ပါသည်။ လူ့အခွင့်အရေးလှုပ်ရှားသူများနှင့် အခြားသော ဒစ်ဂျစ်တယ် အကြမ်းဖက်မှုခံနေရတဲ့သူတွေကို စာနာစွာ နားထောင်ပေးခြင်းနှင့် သူတို့တွေ့ကြုံနေရတဲ့ အခြေအနေကို သိနေခြင်းကပင် ထိရောက်သော ကာကွယ်ခြင်း ကူညီပေးခြင်းဖြစ်တယ်ဆိုတာကိုလည်း အပြည့်အဝနားလည်ပါသည်။ ဒါကြောင့် ဒီထဲမှာဖော်ပြထားတဲ့ ကာကွယ်ရေးလမ်းညွှန် နည်းဗျူဟာတွေက SiaB စာဖတ်သူများနဲ့ အခြားသောစာဖတ်သူများရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး ဖန်တီးထားတာဖြစ်ပြီး Fornt Line Defenders’ ၏ ပန်းတိုင်နှင့်လည်း ချိန်ထိုးထားလျက်ရှိပါသည်။ Vision, Mission & Core Values.
ကျွန်တော်တို့ အကြံပေးလမ်းညွှန်ထားတဲ့ Tools တွေကိုဘယ်လိုရွေးချယ်လဲဆိုတာ
ဆော့ဝဲ(လ်) တွေကရှုပ်ထွေးပါသည်။ အထူးသဖြင့် Security လို့ခေါ်တဲ့ လုံခြုံရေး Privacy ခေါ်တဲ့ ပုဂ္ဂလိက ပိုင်းဆိုင်ရာ ကာကွယ်ရေး နှင့်ပက်သက်လျှင်တော့ ဆော့ဝဲ(လ်)တစ်ခုနှင့်တစ်ခု ဘယ်တော့မှ တူမည်မဟုတ်ပါ။ မတူညီတဲ့ Tools တွေနဲ့ မတူညီတဲ့ ဝန်ဆောင်မှုတွေ ကိုထည့်သွင်းစဉ်းစားရမယ့် အချက်က သင်ဉပဒေရေးရာအရ ရင်ဆိုင်ရတဲ့အချိန်သော်လည်းကောင်း ရန်သူရဲ့တစ်ဖက်က တိုက်ခိုက်ရတဲ့ အချိန်မှာသော်လည်းကောင်း မူတည်ပြီး ထိရောက်မှု ပိုရှိခြင်း၊ မရှိခြင်းက ပေါ်အခြေခံထားပါသည်။
ကျွန်တော်တို့ Security in a Box တွင် ညွန်းဆိုထားတဲ့ Tools နှင့် ဝန်ဆောင်မှု (Service) တွေကို ရွေးချယ်ရာတွင် အချက်များစွာကို ထည့်သွင်းစဉ်းစားထားပါသည်။ မတူညီသောနယ်ပယ်များတွင် မတူညီသော နည်းပညာပိုင်း ဥပဒေဆိုင်ရာလိုအပ်ချက်များရှိပြီး မတူညီသော ခြိမ်းခြောက်မှုများကိုရင်ဆိုင်ရသောကြောင့် အကြောင်းအရာတစ်ခုချင်းစီ၏အရေးပါမှုကို တစ်ကမ္ဘာလုံးအတိုင်းအတာအနေဖြင့် သတ်မှတ်ရန် ခက်ခဲသည်။
ကျွန်တော်တို့ အနေဖြင့် မည်သည့် Tools နှင့် ဝန်ဆောင်မှုများကို Security in a Box ထဲတွင် ညွှန်းဆိုမလဲ ဆိုသည့်အကြောင်းအရာများကို စဉ်းစားရာတွင် အရေးကြီးဆုံးမေးခွန်းများပါဝင်ပါသည်။ သင့်အနေဖြင့်လည်း ကျွန်တော်တို့ လမ်းညွှန်တွင် မပါဝင်သော Tools (နည်းပညာဆိုင်ရာ ကိရိယာများ) များကို အသုံးပြုမည်ဆိုပါကလည်း ထိုမေးခွန်းများကို မေးခြင်းဖြင့် ဆုံးဖြတ်နိုင်ပါသည်။
ညွန်းဆိုထားခြင်းခံရတဲ့ Tool (နည်းပညာဆိုင် App/ Software) တွေကိုဖန်တီးထားသူတွေက ယုံကြည်ရပါသလား?
- Tools (နည်းပညာဆိုင်ရာ App / Software) တွေရဲ့ နောက်ခံသမိုင်းကဘာလဲ? ဒါတွေကရော တက်ကြွလုပ်ရှားတဲ့သူတွေက ဖန်တီးထားတာလား (ဒါမှမဟုတ်) ကုမ္ပဏီတစ်ခုခုက ပိုင်ဆိုင်တာလား? သူတို့ နောက်ခံသမိုင်းကြောင်းတွေကို ရှာလို့ရနိုင်မယ့် ရနိုင်မယ့် နေရာရှိလား တစ်နည်းအားဖြင့် လူအများရှာဖတ်လို့ရနိုင်မယ့် Public Face ရှိလား?
- သူတို့ရဲ့ Tools (နည်းပညာဆိုင်ရာ App/ Software)၊ ဝန်ဆောင်မှု (Services) တွေကိုထုတ်လုပ်ရခြင်း ရည်ရွယ်ချက်နဲ့ ဖန်တီးလိုတဲ့ စီးပွားပုံစံတွေကရော ဘာဖြစ်မလဲ?
- လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများ ရှိခဲ့ဖူးပါသလား? ဉပမာ ဒေတာပေါက်ကြားမှုများရှိခဲ့ပါသလား (သို့) အာဏပိုင်တွေဆီက အချက်အလက်တောင်းခံရတာမျိုး ရှိခဲ့ပါလား။ ပိုင်ရှင်များနှင့် တီထွင်ရေးသားသူများသည် အဆိုပါစိန်ခေါ်မှုများကို မည်သို့တုံ့ပြန်ခဲ့ကြသနည်း။ ၎င်းတို့သည် ပြဿနာများကို ပွင့်ပွင့်လင်းလင်း ကိုင်တွယ်ဖြေရှင်းခဲ့သလား သို့မဟုတ် ဖုံးကွယ်ဖို့ ကြိုးစားခဲ့သလား?
ဒီ Tool (နည်းပညာဆိုင်ရာ App/ Software) တွေမှာရော ဝှက်စာစနစ်ပါဝင်ပါသလား? ပါဝင်တယ်ဆိုရင်ရော ဘယ်လိုမျိုးဝှက်စာ နည်းပညာကိုအသုံးပြုပါသလဲ?
- Tools တစ်နည်းအားဖြင့် နည်းပညာဆိုင် App/ Software အသုံးပြုနှစ်ဦးအကြား End-To-End Encryption လို့ခေါ်တဲ့ အစအဆုံးဝှက်စာစနစ် ကို ပြုလုပ်ပေးပါသလား၊ သင်အသုံးပြုလိုက်တဲ့ နည်းပညာကို ထောက်ပံ့ပေးနေတဲ့ ကုမ္ပဏီတွေအနေနဲ့ နှစ်ဦးအကြားဆက်သွယ်နေသော အကြောင်းအရာ အချက်အလက်တွေကို ကြားဖြတ် ကြည့်လို့မရအောင် ပြုလုပ်ပေးပါသလား?
- အကယ်၍ အစအဆုံး ဝှက်စာစနစ်ပြုလုပ်ခြင်းကို မပြုလုပ်နိုင်ခဲ့လျှင်၊ ကျွန်တော်တို့အနေဖြင့် ဉီးစားပေးစဉ်းစားသင့်တယ်လို့ ယူဆတဲ့အချက်က သင်အသုံးပြုနေတဲ့ Tools တစ်နည်းအားဖြင့် နည်းပညာဆိုင်ရာ Apps/Software တွေက အသုံးပြု၏စက်ပစ္စည်းနှင့် ဆာဗာကြားမှာတော့ ဝှက်စာစနစ်ပြုလုပ်ပေးနို်င်ရမည့် အချက်ဖြစ်ပါသည်။ Encryption လို့ခေါ်တဲ့ ဝှက်စာစနစ်ကို ထောက်ပံ့ပေးခြင်းမရှိဘူးဆိုလျှင်တော့ စာဖတ်သူအနေဖြင့် သင်လက်ရှိအသုံးပြုနေတဲ့ Tools/ Apps/ Software စတဲ့ Service ကို တီထွင်ဖန်တီးပြီး စီမံခန့်ခွဲနေတဲ့သူ တစ်နည်းအားဖြင့် နည်းပညာကုမ္ပဏီ ယုံရတော့မယ့်အနေအထားပါ။ ဉပမာ သင်က App တစ်ခုကိုအသုံးပြုတယ်စိုပါစို့ ။ အဲ့ဒီ App က အစဆုံးဝှက်စာစနစ်ကို မထောက်ပံ့ပေးဘူး အဲ့လိုဆိုရင် သင်ရဲ့ အပြန်အလှန်ချိတ်ဆက်မှုတွေက ဝှက်စာစနစ်မပါဝင်တဲ့အတွက်ကြောင့် အဲ့ဒီ App ကိုတီထွင်ဖန်တီး စီမံခန့်ခွဲနေတဲ့ နည်းပညာကုမ္ပဏီတွေက သင့်ဒေတာတွေကို စောင့်ကြည့်လို့ရတာမျိုးဖြစ်နေနိုင်ပါသည်။ အဲ့ကနေလည်း မလိုလားအပ်တဲ့ပဲ ဖြစ်နိုင်ခြေရှိတဲ့ အန္တရာယ်တွေကျရောက်လာနိုင်ပါသည်။ နည်းပညာကုမ္ပဏီအနေဖြင့် သူတို့ဆီမှာ တစ်နည်းအားဖြင့် သူတို့ ဆာဗာမှာ သိမ်းထားတဲ့ ဒေတာ သတင်းအချက်အလက်တွေကို စောင့်ကြည်နိုင်ခြေရှိတယ်ဆိုတဲ့ အန္တရာယ်ပဲဖြစ်ပါသည်။
- သူတို့ဆီမှာ မူလပါဝင်တဲ့ စက်တင် Setting များသည် သင့်၏ကိုယ်ရေးကိုယ်တာ နှင့် လုံခြုံရေးကို ကာကွယ်ပေးပါသလား?
- အကယ်၍ အစအဆုံးဝှက်စာစနစ်ပြုလုပ်ခြင်း စနစ်ကို မထောက်ပံ့ပေးနိုင်ပါက ယင်းနည်းပညာ ကုမ္ပဏီအနေဖြင့် အသုံးပြုသူဘက်မှ အချက်အလက်များအား ထိန်းချုပ်နို်င်ရန်အတွက် မိမိ၏စက်ပစ္စည်းထဲတွင် ပြင်ဆင်အသုံးနိုင်အောင် ပြောင်းလဲပြင်ဆင်ခွင့် (သို့) ကိုယ်ပိုင် ထိန်းချုပ်လို့ရနိုင်သော နည်းပညာကို တည်ထောင်ခြင်းနှင့် ထည့်သွင်းခွင့်ပေးထားပါသလား?
ရေးသားထားသည့် ကုဒ်များကို စစ်ဆေးလို့ရပါသလား?
- တစ်နည်းအားဖြင့် သင်အသုံးပြုမည့် နည်းပညာက ပွင့်လင်းနည်းပညာ၊ ပွင့်လင်းအရင်းအမြစ်ဖြစ်ပါသလား။ ပွင့်လင်းနည်းပညာဆိုသည်မှာ လူအများစု၏ ဝေဖန်သုံးသပ်ချက်ကို ထည့်သွင်းစဉ်းစားပြီး လုံခြုံမှုအားကောင်းအောင် လူအများက စုပေါင်းစပ်ပေါင်း ပြုလုပ်ထားသော နည်းပညာများကို ဆိုလိုခြင်းဖြစ်ပါသည်။
- သင်အသုံးပြုမည်း Tool (App/Software) တွေ တစ်နည်းအားဖြင့် Service တွေကရော တသီးခြားလွတ်လပ်သော လုံခြုံရေးကျွမ်းကျင်သူများ စစ်ဆေးခြင်းခံပါသလား?
- နောက်ဆုံးစစ်ဆေးရေးလုပ်ခဲ့သည့်အချိန်မှာ မည်သည့်အချိန်နည်း?
- စစ်ဆေးခံရတဲ့အချိန်မှာလည်း အလုံးစုံစစ်ဆေးခြင်းခံရတာလား၊ ဒါမှမဟုတ် Tools ရဲ့ အစိတ်အပိုင်းတစ်ခုမျှသာ အစစ်အဆေးခံခဲ့တာလား?
- အဖွဲ့အစည်းတစ်ခု (သို့) ကုမ္ပဏီတစ်ခုကို ကိုယ်စားပြုခြင်းမရှိသော အလွတ်တန်း ပညာရှင်တွေက ဒီနည်းပညာ App/ Software တစ်နည်းအားဖြင့် Tool တွေနဲ့ပက်သက်ပြီး တစ်ခုခုပြောထားတာ (သို့) သုံးသပ်ထားတာတွေရှိပါသလား?
ဒီနည်းပညာသည် လုံခြုံပါသလား?
- ဒီနည်းပညာက က ထွက်တာဘယ်လောက်ကြာပ၊ စမ်းသုံးကြည့်တဲ့ အဆင့်ကို ကျော်ဖြတ်နို်င်ခဲ့ပြီလား?
- ၎င်း၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် တက်ကြွစွာ လုပ်ဆောင်နေသေးသည့် ဆော့ဖ်ဝဲရေးသားသူများပါဝင်သည့် အသိုင်းအဝိုင်းကြီးရှိပါသလား?
- ၎င်းတွင် တက်ကြွစွာအသုံးပြုသူ မည်မျှရှိသလဲ ?
server များမှာ မည်သည့်နေရာတွင် တည်ရှိနေပါသနည်း?
- ဝန်ဆောင်မှုတွေက တစ်နေ့ထပ်တစ်နေ့ Cloud ပေါ်မှာများလာတဲ့ အချိန်မှာတော့ ဒီမေးခွန်းကတော့ ဖြေဖို့ တော်တော်လေးခက်ခဲမည် ဖြစ်ပါသည်။ သို့ပေမယ့် ယုံကြည်ရတဲ့ နည်းပညာ (သို့) ဝန်ဆောင်မှုတွေကို တီထွင်ဖန်တီးသူ (သို့) ထောက်ပံ့ပေးတဲ့သူတွေကတော့ ဒီအချက်အလက်တွေကို သူတို့ရဲ့ အင်တာနက်စာမျက်နှာ၊ ဝက်(ဘ်)ဆိုဒ် စာမျက်နှာကတွေပေါ်မှာ လူအများမြင်အောင် ပြုလုပ်ထားတာ ဖြစ်ပါသည်။
- အပိုင်းအစလေးတစ်ခုကို ဆွဲထုတ်လိုက်ပြီး အားလုံးကို မှတ်ချက်ချဖို့ဆိုတာ နည်းနည်းလေးတော့ခက်ပါသည်။ သူတို့၏ ဆာဗာများသည် HRDs လို့ခေါ်တဲ့ လူအခွင့်အရေးများအတွက် တက်ကြွလှုပ်ရှားသူများ နှင့် အခြားသော လူမှုရေးအဖွဲ့ဝင်များအတွက် ကာကွယ်ပေးထားသော နေရာများတွင် တည်ရှိနေတာမျိုးဖြစ်နို်င်သလို၊ တစ်ချို့ ဆာဗာများကတော့ အဲ့လို လုံခြုံတဲ့နေရာမျိုးမှာ ရှိချင်မှ ရှိနေမှာပါ ဆိုတာကို ကောက်ချက်ချဖို့ အင်မတန်မှာ ခက်ပါသည်။
- ယေဘုယျအားဖြင့်ပြောရလျှင် ကျွန်တော်တို့ မိမိဘာသာ မေးမြန်းသင့်တဲ့ အချက်ကတော့ ဆာဗာများတည်ရှိနေရာ နိုင်ငံများသည် တစ်ခြား နိုင်ငံတွေ အထူးသဖြင့် ဥပဒေစည်းမျဉ်းမရှိသည့် နိုင်ငံများရဲ့ အာဏာပိုင်များက အသုံးပြုသူရဲ့ ဒေတာတွေများအား တောင်းခံရလာသည့်အခါတွင် ပေးလေ့ရှိလား? အတိုချုပ်ပြောရရင် ဒီမိုကရေစီစနစ်ကို ကျင့်သုံးခြင်းမရှိသော နိုင်ငံတွေမှာရှိတဲ့ အာဏာပိုင်တွေဟာ သူတို့လိုချင်တဲ့အချိန်မှာ အသုံးပြုတွေရဲ့ အချက်အလက်တွေကို တောင်းခံဖို့ ဖို့ ဒါမှမဟုတ် သတင်းအချက်အလက်တွေကို ဝင်ရောက်ကြည့်ဖို့အတွက် တရားဝင်လုပ်ပိုင်ခွင့်ရှိနေပါသလား? ဒါမှမဟုတ် သူတို့ရဲ့ လိုအပ်ပေါ်မူတည်ပြီး တစ်ချို့သော နည်းပညာဝန်ဆောင်မှု တွေကို ကန့်သတ်တာ၊ ပိတ်ပင်တာမျိုးရော လုပ်ခွင့်ရှိလား အထူးသဖြင့်တော့ ဆာဗာတွေ တည်ရှိတဲ့နေရာတွေကြောင့် ဒီဝန်ဆောင်မှုတွေကို ကန့်သတ်ခွင့်ရှိသလား၊ ပိတ်ပစ်ပိုင်ခွင့်ရှိသလား ဆိုတာတွေက စဉ်းစားစရာအချက်တွေပဲဖြစ်ပါသည်။
သင့်ထံမှ မည်သည့် ကိုယ်ရေးကိုယ်တာအချက်အလက်များကို ၎င်းမှ လိုအပ်ပါသလဲ? နည်းပညာဝန်ဆောင်မှုကို ပိုင်ဆောင်သာ သူတွေအနေနဲ့ အသုံးပြုသူဒေတာတွေကို ဘယ်လောက်အတိုင်းအတာထိ ရယူနိုင်ပါသလဲ?
- နည်းပညာနှင့်ဆိုင်သော Tool လို့ခေါ်သည့် App များ၊ Software များက အသုံးပြုသူများရဲ့ ဖုန်းနံပါတ်၊ အီမေး(လ်)လိပ်စာ၊ နာမည်ဗြောင် စသည့် အသုံးပြုတစ်ယောက်က မည်သူမည်ဝါ ဖြစ်သည်ကို ခွဲခြား၍ ရနိုင်သော အချက်အလက်တွေကို တောင်းခံလေ့ရှိပါသလား?
- ထိုဝန်ဆောင်မှုကို အသုံးပြုရန်အတွက် သီးသန့် အက်ပ်ပလီကေးရှင်း (သို့မဟုတ်) ပရိုဂရမ် တစ်ခု ကို ထည့်သွင်းရန် လိုအပ်ပါသလား? ထိုထပ်မံထည့်လိုက်သော အက်ပလီကေးရှင်း (သို့မဟုတ်) ပရိုဂရမ်တစ်ခုကရော အသုံးပြုသူရဲ့ အချက်အလက်တွေနဲ့ သွားရာလမ်းကြောင်းတွေကို စောင့်ကြည့်လေ့လာနိုင်ပါသလား?
- သူ တို့ ၏ လုံခြုံ ရေး မူဝါဒ ကရော အသုံးပြုသူရဲ့ အချက်အလက်နှင့်ပက်သက်၍ မည်သို့ပြောဆိုထားသနည်း? သူတို့ဉပဒေတွေကရော အသုံးပြုရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ဥရောပ သမဂ္ဂ အထွေထွေ အချက်အလက် ကာကွယ်ရေး စည်းမျဉ်း ကဲ့သို့ ကိုယ်ပိုင် လွတ်လပ် မှု ဥပဒေ များ ကို လိုက်နာ ခြင်း ရှိပါသလား။ အသုံးပြုသူအချက်အလက်ကို ကာကွယ်ပေးထားပါသလား?
- သူတို့၏ ဆာဗာပေါ်တွင် မည်သည့် အချက်အလက်တွေကို သိမ်းဆည့်ထားပါသနည်း? ကုမ္ပဏီ၏ စည်းကမ်းချက်များနှင့်သတ်မှတ်ချက်များတွင် နည်းပညာကို ပိုင်ဆိုင်သော တီထွင်ဖန်တီးသူ (သို့) ကုမ္ပဏီတွေက အသုံးပြုသူတွေရဲ့ အချက်အလက်များကို ဝင်ရောက်ကြည့်ရှုခွင့်ကို ရှိနေပါသလား? မည်သည့် ရည်ရွယ်ချက်ဖြင့် ကြည်ရှုခွင့်ရနေပါသနည်း?
- ဒီ app/Program က သင့်စက်ပစ္စည်းတွင်ရှိသော မည်သည့်အချက်အလက်များကို ဝင်ရောက်ကြည့်ရှုခွင့်ရှိသနည်း။ သင့်ဖုန်း (သို့မဟုတ်) ကွန်ပျူတာ စက်ပစ္စည်းများတွင်ရှိသော လိပ်စာ၊ တည်နေရာ၊ မိုက်ခရိုဖုန်း၊ ကင်မရာစတဲ့ အချက်အလက်တွေကို ဘယ်လောက်အတိုင်းအတာ ထိ ဝင်ရောက်ကြည့်ရှုခွင့်ရှိသနည်း။ ဤခွင့်ပြုချက်များကို ပိတ်ထားလိုက်ပါက ၊ ထို App/Program သည် ဆက်၍ အလုပ်လုပ်နိုင်ပါသလား (သို့မဟုတ်) အလုပ်လုပ်ခြင်း ရပ်တန့်သွားပါသလား?
စျေးနှုန်းအနေနဲ့ရော သင့်တင့်မျှတမှုရှိပါသလား၊ တတ်နိုင်သောနှုန်းထား ဖြစ်ပါသလား?
- နည်းပညာနှင့် ဝန်ဆောင်မှု (သိုမဟုတ်) အပ်ပလီကေးရှင်း တစ်ခုကို အသုံးပြုရာတွင် စျေးနှုန်းများကို ထည့်သွင်းစဉ်းစားကြသည်။ သင့်တင်မျှတသော နှုန်းထားဖြစ်ပါရဲ့လား? ပြီးတော့ ဒီနည်းပညာ (သို့မဟုတ်) ဝန်ဆောင်မှုကို တီထွင်သူဖန်တီးသူ (သို့) ထောက်ပံ့ပေးသူတွေရဲ့ စီးပွါးရေးစံနှုန်းတွေနဲ့ ရပ်တည်ချက်တွေက မည်သို့ဖြစ်မည်နည်း?
- ထို့အပြင် ထည့်သွင်းစဉ်းစားရမည့် စရိတ်များတွင် Tools အသုံးပြုခြင်း၏ နှစ်စဉ်ကြေးစရိတ်များ၊ ထိုနည်းပညာ Tools ကို ကောင်းမွန်စွာ အသုံးပြုနိုင်ရန်အတွက် သင်ယူခြင်းအတွက်ကုန်ကျစရိတ်၊ နည်းပညာရှင်များရဲ့ အထောက်အပံ့ လိုအပ်ပါက ထည့်သွင်းစဉ်းစားရမည့် စရိတ်များ /ဒါမှမဟုတ် ထို Tools ကိုအသုံးပြုနိုင်ရန်အတွက် ထပ်မံဖြည့်စွက်ရမည့် အခြားစက်ပစ္စည်းများ၏ စရိတ်များကိုလည်း ထပ်ပေါင်း ထည်တွက်ရမည်ဖြစ်သည်။
- အကယ်၍ သင်အသုံးပြုနေသော Tools (သို့မဟုတ်) ဝန်ဆောင်မှု တစ်ခုက ငွေကြေးမပေးရပဲ အခမဲ့ အသုံးပြုနိုင်မည်ဆိုပါက ဘာကြောင့်လဲဆိုပြီး မေးခွန်းထုတ်သင့်ပါသည်။ ဒီ Tools (သို့) ဝန်ဆောင်မှုက အခကြေးငွေမပေးရလျှင် ဒီပရောဂျက်အတွက် နောက်ကွယ်ကနေ ထောက်ပံ့မှုတွေရှိနေပါသလား။ အကယ်၍ ထိုပရော စေတနာ့ ဝန်ထမ်းများဖြင့် ပြုလုပ်နေပါသလား (သို့) အစိုးရ ဒါမဟုတ် ကုမ္ပဏီတစ်ခုခုက ထောက်ပံ့ပေးပါသလား။ အကယ်၍ ကုမ္ပဏီတစ်ခုက ထောက်ပံ့နေလျှင် ထိုကုမ္ပဏီ အသုံးပြသူတွေရဲ့ အချက်အလက်ကို တစ်ခြားနောက်ထပ်ကုမ္ပဏီတွေအား ရောင်းချခြင်းအားဖြင့် ငွေရနေပါလား စတဲ့ မေးခွန်းတွေကို မေးခွန်းထုတ်သင့်ပါသည်။
ကွန်ပျူတာလည်ပတ်မှုစနစ်များနှင့် စက်ပစ္စည်းအများအပြားတွင် ရနိုင်ပါသလား?
- အသုံးပြုမည့် Tool က ကွန်ပျူတာ၊ ဖုန်း နှစ်မျိုးလုံးတွင် အသုံးပြု၍ ရပါသလား? အကယ်၍များ တိကျသော Operating System တစ်ခုခုမှာပဲ အသုံးပြုလို့ရမျိုးဖြစ်နေပါသလား အထူးသဖြင့် macOS, iOS, Linux စတဲ့ Operating System မှာပဲအဓိက သုံးလို့ရတာမျိုးလား? Operating System အားလုံးတွင် မရရှိနိုင်ပါက ထိုဝန်ဆောင်မှုကို အသုံးပြုနိုင်ရန်အတွက် အခြားသော အစားထိုးအသုံးပြုသော ဝန်ဆောင်မှုများရှိနေပါသလား? သို့မဟုတ် ထိုဝန်ဆောင်မှုကို အသုံးမပြုနိ်င်သော စက်ပစ္စည်းများ ဆိုပြီး အတိအကျသတ်မှတ်ထားတာမျိး ရှိနေပါသလား?
အသုံးပြုသူများအနေဖြင့် အလွယ်တကူအသုံးပြုနိုင်အောင် ပြုလုပ်ထားတဲ့ ပုံစံမျိုးလား? အန္တရာယ်ရှိသောသူများအတွက်ရော အဆင်ပြေနိုင်ပါသလား?
- Tools ကို ဘေးကင်းစွာအသုံးပြုနို်င်ရန်အတွက် လွယ်ကူပါသလား? ထိုနည်းပညာကို တီထွင်ဖန်တီးထားသူများအနေဖြင့် အသုံးပြုများ လွယ်ကူစွာအသုံးပြုနိုင်ရန် နှင့် လုံခြုံစွာ အသုံးပြုနိင်ရန် အားစိုက်ထုတ်ထားခြင်းရှိပါသလား?
- လူ့အခွင့်အရေး ကာကွယ်သူ၊ အခွင့်အရေးအတွက် တက်ကြွလှုပ်ရှားသူ တွေနှင့် ထိရှလွယ်သော အလုပ်များလုပ်ကိုင်နေသူများက ဤနည်းပညာ tool (သို့မဟုတ်) ဝန်ဆောင်မှုကို အသုံးပြုဖို့ရွေးချယ်ပါသလား? သို့မဟုတ် အသုံးပြုဖို့ ငြင်းဆိုပါသလား?
- Is the user interface intuitive? Or, alternatively, has documentation been developed to clearly explain how to use the tool or service?
မတူညီသော ဘာသာစကားအသုံးပြုသူများအတွက် ဘာသာပြန်ဆိုထားခြင်းရှိပါသလား?
- အသုံးပြုမည့် Tool (သို့မဟုတ်) ဝန်ဆောင်မှုတွေကိုများကိုသော်လည်းကောင်း၊ အသုံးပြုနည်းလမ်းညွှန်များသော်လည်းကောင်း မတူညီတဲ့ ဘာသာစကားပြောဆိုသူများအတွက် အသုံးပြုရ လွယ်ကူအောင် ဘာသာပြန်ဆိုထားခြင်းရှိပါသလား?
- မတူညီတဲ့ အသုံးပြုသူများနားလည်ရန် သူတို့ပြောဆိုသော ဘာသာစကားများနှင့် ဘာသာပြန်ဆိုခြင်းများကို ဆက်တိုက်ပြုလုပ်ပါသလား။ အချိန်နှင့်တစ်ပြေးညီ ပြောင်းလဲပြင်ဆင်မှုများပြုလုပ်ပါသလား?
- ဒေသိယစကား၏ အရည်အသွေး မည်မျှရှိသနည်း?
- အသုံးပြုသူများအနေဖြင့် လုံခြုံစွာ အသုံးပြုနိုင်ရန် လိုအပ်သော လမ်းညွှန်ချက်များကို ဘာသာစကားပေါင်းစုံဖြင့် ဘာသာပြန်ဆိုထားခြင်းရှိပါသလား?