ဆိုရှယ်မီဒီယာကို အသုံးပြုသည့်အခါ သင်ကိုယ်တိုင်နှင့် သင့်ဒေတာကို ကာကွယ်ပါ
ကျွန်ုပ်တို့သည် အခြားသူများနှင့် ဆက်သွယ်ရန်နှင့် အရေးကြီးသော မက်ဆေ့ချ်များကို ဖြန့်ရန် ဆိုရှယ်မီဒီယာကို အသုံးပြုပါသည်။ တစ်ချိန်တည်းမှာပင် ဆိုရှယ်မီဒီယာသည် ကျွန်ုပ်တို့၏ ဆက်သွယ်ရေးနှင့် အဆက်အသွယ်များကို ငွေရှာရန်အတွက် အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝယ်ယူမှုအလေ့အထများ၊ လူမှုချိတ်ဆက်မှုများ၊ တည်နေရာ၊ မွေးနေ့နှင့် အခြားခွဲခြားသိရှိနိုင်သော အချက်အလက်များကဲ့သို့ မျှဝေနေကြသည်ကို ကျွန်ုပ်တို့ မသိ့ရှိရပဲ ကျွန်ုပ်တို့အချက်အလက်များကို မျှဝေပါသည်။ ၎င်းတို့၏ဝက်ဘ်ဆိုက်များကို သင်အသုံးပြုသောအခါ ၎င်းတို့အတွက် အဆင်ပြေသည်ဟု ကျွန်ုပ်တို့အချက်အလက်များကို မျှဝေခြင်း သို့မဟုတ် ရောင်းချခြင်းပြုလုပ်နိုင်သည်ဆိုသည့် ဝန်ဆောင်မှုစည်းမျဉ်းများကို သင်သဘောတူရပါသည်။ တခါတရံတွင် ယင်းအချက်အလက်များကို လူသိရှင်ကြား မည်သို့ပြုလုပ်မည်ဆိုသည်များသည် ရှင်းလင်းမှုမရှိပါ။
ထို့အပြင် ဆိုရှယ်မီဒီယာကို အစိုးရများနှင့် ဥပဒေစိုးမိုးရေးလုပ်ဆောင်သူများမှ တက်ကြွစွာ စောင့်ကြည့်နေပါသည်။ ၎င်းတို့သည် အများသူငါ ရရှိနိုင်သော အချက်အလက်များကို စုဆောင်းကြပြီး၊ တတ်နိုင်ပါက ၄င်းတို့သည် ကျန်ုပ်တို့ ဂရုမမူမိ့ကြသော "အနုဒေတာ" ဟုခေါ်သော အချက်အလက် ၏ အချက်အလက် များကို စုဆောင်းခြင်း(ဓာတ်ပုံမည်သည့်အချိန်မှ ရိုက်ခဲ့သနည်း သို့မဟုတ် မည်သူနှင့် မည်သူတွေက အချိတ်အဆက်ရှိသနည်း) စသည့် ဒေတာ စုဆောင်းခြင်းတို့ ပြုလုပ်သည်။ ၎င်းတို့သည် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ အပါအဝင် ၎င်းတို့စိတ်ဝင်စားသူ တစ်ဦးချင်းစီနှင့် ပတ်သက်သော ကိုယ်ရေးကိုယ်တာ အချက်အလက်များကို လွှဲပြောင်းပေးရန် ဆိုရှယ်မီဒီယာကုမ္ပဏီများကို တောင်းဆိုနိုင်သည်။
ဤလမ်းညွှန်တွင် အချို့သော ဆိုရှယ်မီဒီယာအတွက် လမ်းညွှန်ချက်များကိုသာ ထောက်ပံ့ပေးထားသော်လည်း အခြား ဆိုရှယ်မီဒီယာ ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီ သည်လည်း ယခုကဲ့သို့တူညီသော ဆက်တင်များရှိပါလိမ့်မည်။ သင့်ဆိုရှယ်မီဒီယာအကောင့်တစ်ခုစီတွင် သင့်ကိုယ်သင်ကာကွယ်ရန် ထိုကဲ့သို့သောအဆင့်တူများကိုလုပ်ဆောင်ခြင်းဖြင့် သင့်အကောင့်ဆက်တင်များကို ကြည့်ရှုရန် အကြံပြုအပ်ပါသည်။
အောက်ဖော်ပြပါ ဝန်ဆောင်မှုများကို သင်အသုံးပြုပါက သက်ဆိုင်ရာ လင့်များကိုနှိပ်ပြီး ဝန်ဆောင်မှု တစ်ခုချင်းစီနှင့် ပတ်သတ်၍ သင့်အကောင့်ကို လုံခြုံအောင် ဆောင်ရွက်သင့်သည်များကို တွေ့နိုင်ပါသည်။
→ ဖေ့စ်ဘွတ်
→ အင်စတာဂရမ်
→ X (တွစ်တာ)
→ Youtube
→ တစ်တော့
အခြားရွေးချယ်စရာများ
သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို လူသုံးများသော လူမှုကွန်ယက်များကဲ့သို့ သင့်ရဲ့ ကိုယ်ရေးအချက်အလက်များ ပြင်ပသို့ များစွာပေါက်ကြားမှုမရှိစေဘဲ အသုံးပြုနိုင်သော အခြား လူမှုကွန်ယက်များရှိပါသည်:
- လက်တင်ရွေးထားသော လူစီစစ်ထားသော သူများ အကြား အသုံးပြုရန် Element ၊ Signal သို့မဟုတ် Delta Chat ကဲ့သို့ ဝှက်စာစနစ်ပြုလုပ်ထားသော chat များသည် အလွယ်ကူဆုံး ရွေးချယ်စရာများထဲမှ တစ်ခုဖြစ်သည်။
- လူများများဖြင့်ဖွဲ့စည်းထားသော အဖွဲ့အတွက်Mattermost သို့မဟုတ် Rocket.chat တစ်ခုတည်ဆောက်ရန် ကြည့်ရှုပါ။
- Telegram ကလည်းလူသုံးများတဲ့ ဆက်သွယ်ရေးပလက်ဖောင်းတစ်ခုဖြစ်ပါတယ်။ Telegram
ကို လူနည်းစုအတွက်ရည်ရွယ်ပြီး Private Group ဖွဲ့ပြီး အသုံးပြုလို့ရသလို၊
လူအများကြီးကိုရည်ရွယ်ပြီး အသုံးပြုနိုင်အောင် Public Channel တွေအနေနဲ့လည်း
အသုံးပြုနိုင်ပါတယ်။ Whatsapp ကလည်း Telegram နဲ့ပုံစံတူပေမယ့်
ဒီဆက်သွယ်ရေးပလက်ဖောင်း နှစ်ခုလုံးကိုတော့ လုံခြုံတဲ့ဆက်သွယ်ရေး
ပလက်ဖောင်းတွေအနေနဲ့ သတ်မှတ်ဖို့ရန်တော့ ခက်ပါတယ်။ ဒီပလက်ဖောင်းတွေကို
ပိုင်ဆိုင်တဲ့ ကုမ္ပဏီ ပိုင်ရှင်တွေက တစ်ခြားသော ဆိုရှယ်မီဒီယာ
ပလက်ဖောင်းတွေလိုပဲ ကြေငြာအသားပေး စီးပွားရေးကို ဦးတည်ထားမို့ပဲဖြစ်ပါတယ်။
သင့် အနေဖြင့် လူအများကို ဦးတည်ပြီ သတင်းတွေနဲ့ တစ်ခြားသော
လုပ်ငန်းဆောင်တာများအတွက် ဖော်ပြပါ ဆက်သွယ်ရေးပလက်ဖောင်းတွေကို
အသုံးပြုမယ်ဆိုရင်တော့ ကျွန်နုပ်တို့ ၏ Telegram လမ်းညွှန်
သို့မဟုတ် WhatsApp
လမ်းညွှန် ကိုလေ့လာပြီး လုံခြုံရေးအစီအမံများ
ဆောင်ရွက်ပါ။
- ဤကဲ့သို့ စာတို့ပို့စနစ်အပေါ် အခြေခံသော ရွေးချယ်မှုများ၏ အားနည်းချက်မှာ ခေတ်ရေစီးကြောင်း ဆိုရှယ်မီဒီယာကဲ့သို့ အများပြည်သူကို ဖြန့်ဝေရန် မပံ့ပိုးနိုင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ခိုင်မာသော ဝှက်စာစနစ်ပါဝင်ပါက ပုဂ္ဂလိက အဖွဲ့များအတွက် ပိုမိုကောင်းမွန်စွာ ပံ့ပိုးကူညီမှုပေးပါသည်။ ဤကဲ့သို့ ဆုံးဖြတ်ရာတွင် သင်နှင့် သင်၏ လုပ်ဖော်ကိုင်ဖက်များ အပေါ် မူတည်ရမည်ဖြစ်သည်။ သင့်အနေဖြင့် လုပ်ငန်းဆောင်တာဆောင်ရွက်ရန် စာတိုပို့စနစ်အပေါ် အခြေခံသော အက်ပလီကေးရှင်းများကို ရွေးချယ်မည်ဆိုပါက ကျွန်နုပ်တို့၏ လုံခြုံစွာဆက်သွယ်နည်းလမ်းညွှန် ကိုလေ့လာနိုင်ပါသည်။
- သင်၏ လှုပ်ရှားမှုတွေအပေါ်မူတည်ပြီး သတင်းအချက်အလက်များကို “X” ပလက်ဖောင်းမှာ
မျှဝေသကဲ့သို့ အခြားသော ပလက်ဖောင်းများဖြစ်သည့်
MastodonMastodon သို့မဟုတ်
BlueskyBluesky ကဲ့သို့ App တွေများတွင်လည်း
စူးစမ်းရှာဖွေနိုင်သည်။တစ်ခြားသော App တွေကိုလည်း ကျွနု်ပ်တို့၏ X မှ
စွန့်ခွာခြင်း လမ်းညွှန် ကို
ဖတ်ရှုပြီးရှာဖွေနိုင်ပါတယ်။
- Maston Account ကိုစတင်ပြီးစမ်းသုံးကြည့်ချင်တယ်ဆိုရင်တော့ FadiFedi.Tips မှာ လေ့လာကြည့်နိုင်ပါတယ်။ ဒါကတော့ တရားဝင် Mastodon က ထုတ်ထားမျိုးမဟုတ်ပေမယ့် Mastodon နဲ့ Fediverse အသုံးပြုမှုကို အကြမ်းဖျင်းလေ့လာနိုင်မှာပဲဖြစ်ပါတယ်။
- သင့်အနေဲ့ Mastodon ကို ချက်ချင်းအသုံးပြုချင်တယ်ဆိုရင်တော့ Mastodon Server ကိုဘယ်လို ထောင်မလဲ၊ ပြီးရင် သင့်ရဲ့ ကိုယ်ပိုင် Social Networking Platform တွေ ဘယ်လိုတည်ဆောက်မလဲလမ်းညွှန်တွေမှာ အသေးစိတ်ဖတ်ရှုနိုင်ပါတယ်။
- အကယ်၍များသင်က လူအများစုအတွက်ရည်ရွယ်ပြီး Public ဖြစ်တဲ့ပလက်ဖောင်းတစ်ခုကို သတင်းတွေ ၊ ဓါတ်ပုံ၊ ဗီဒီယိုတွေ မျှဝေချင်တယ်ဆိုရင်တော့Noblogs တိုလို့ Blog တွေဖန်တီးနိုင်တဲ့ ပလက်ဖောင်းတွေ သုံးကြည့်လိုရသလို၊ Blackblogs သို့မဟုတ် Shelter တို့လို Website လုပ်လို့ရနိုင်တဲ့ App တွေ ပလက်ဖောင်းတွေကို စမ်းကြည့်သင့်ပါတယ်။
- နောက်တစ်မျိုးလုပ်လို့ရနိုင်တာက Mailing List လုပ်ထားပြီး Riseup Riseup ကနေအသုံးပြုလို့ရနိုင်သလို၊ Autistici.org ကနေပြီးထုတ်ထားတဲ့ ပလက်ဖောင်းတွေကို Autistici/Inventatiအသုံးပြုပြီးတော့လည်း လူအများမြင်အောင် သတင်းတွေ မျှဝေလို့ရပါတယ်။ ဥပမာအားဖြင့် Autistici/Inventati တွင် Setting ချိန်ညှိခြင်း အသေးစိတ်ကို လည်းဖတ်ကြည့်နိုင်ပါတယ်။
လုံခြုံရေးနဲ့ တစ်ကိုယ်ရေ လွတ်လပ်ခွင့် အသားပေးပြီး တီထွင်ထားတဲ့ ဆက်သွယ်ရေးဆိုင်ရာ Tools တွေကိုလည်း ဒီနေရာမှာ အသေးစိတ်လေ့လာနိုင်ပါတယ်။