သင့် မတ်ထ်ကွန်ပျူတာကို ကာကွယ်ပါ
မာတိကာ
...မာတိကာ စတင်နေသည်...အကယ်၍ သင်သည် Mac ကိုအသုံးပြုပါကမတ်ထ်ကွန်ပျူတာများသည် ပိုမိုလုံခြုံသည်ဟူသော ဒဏ္ဍာရီကို ကြားဖူးပေလိမ့်မည်။ ဒါက သေချာပေါက်မမှန်ပါ။ လုံခြုံရေးသည် ကျွန်ုပ်တို့၏စက်ပစ္စည်းများကို အသုံးပြုပုံနှင့် ၎င်းတို့၏ကိုယ်ပိုင်ဆော့ဖ်ဝဲလ်ပေါင်းစပ်မှုပေါ်တွင် မူတည်ပြီး အားနည်းချက်များရှိသည်ကို အချိန်မရွေးတွေ့ရှိနိုင်ပါသည်။ သင့်စက်ပစ္စည်းကို ပိုမိုလုံခြုံစေရန်အတွက် ယခုလမ်းညွှန်အတွင်းရှိ အောက်ပါအဆင့်များကို လိုက်ပါလုပ်ဆောင်ပါ။ မိမိစက်ပစ္စည်းတွင်မည်သည့်အရာမှ မပြောင်းလဲကြောင်းသေချာစေရန် ဤဆက်တင်များကို အခါအားလျော်စွာစစ်ဆေးသည့်အလေ့အကျင့်ကိုရယူပါ။
သင့်စက်ပစ္စည်း လည်ပတ်မှုစနစ် (OS) ၏ နောက်ဆုံးဗားရှင်းကို အသုံးပြုပါ
- ဆော့ဖ်ဝဲကို update လုပ်သည့်အခါ၊ အင်တာနက်ကဖေး သို့မဟုတ် ကော်ဖီဆိုင်တွင်မဟုတ်ဘဲ သင့်အိမ် သို့မဟုတ် ရုံးကဲ့သို့ ယုံကြည်စိတ်ချရသော တည်နေရာမှ လုပ်ဆောင်ပါ။
- နောက်ဆုံးပေါ် လည်ပတ်ရေးစနစ်( OS ) သို့ အဆင့်မြှင့်တင်ခြင်းသည် ဆော့ဖ်ဝဲကို ဒေါင်းလုဒ်လုပ်ပြီး အကြိမ်ပေါင်းများစွာ ပြန်လည်စတင်ရန် လိုအပ်ပေမည်။ သင့်စက်ပစ္စည်းနှင့် အလုပ်မလုပ်မည့်အချိန်ကို ချိန်ပြီး OS အဆင်မြင့်တင်ခြင်းကိုပြုလုပ်ပါ။
- အဆင့်မြှင့်တင်ခြင်း ပြီးဆုံးသည့်အခါ တခြားထပ်တိုးအဆင့်မြှင့်တင်စရာအသစ်များ မကျန်တော့သည့်အထိ ရရှိထားသည့် အဆင့်မြှင့်တင်မှုများအားလုံးကို မြှင့်တငပြီးမပြီး ထပ်မံစစ်ဆေးပါ။
- MacOS ၏နောက်ဆုံးဗားရှင်းသည် သင့်ကွန်ပျူတာတွင်မလည်ပတ်ပါက
စက်ပစ္စည်းအသစ်ဝယ်ရန် စဉ်းစားခြင်းသည် အကောင်းဆုံးဖြစ်သည်။
- ရရှိနိုင်သည့် အဆင့်မြှင့်ထားသော ဗားရှင်းကို
ရှာဖွေပါ။
- တခြားနည်းလမ်းအားဖြင့် သင်အသုံးပြုနေသော macOS ဗားရှင်းသည် ဆက်လက်ထောက်ပံ့နေခြင်းရှိမရှိကို [MacOS အတွက် endoflife.date စာမျက်နှာ](https://endoflife.date/macos)တွင် စစ်ဆေးနိုင်ပါသည်။
- ၎င်းကို သင့် Mac တွင် ထည့်သွင်းထားသည့်ဗားရှင်းနှင့် နှိုင်းယှဉ်ပါ။
- သင့်လည်ပတ်မှုစနစ်ကိုအဆင့်မြှင့်တင်ပါ။
- သင့် Mac ကိုအလိုအလျောက် update လုပ်ရန် ပြင်ဆင်ပါ။
- ရရှိနိုင်သည့် အဆင့်မြှင့်ထားသော ဗားရှင်းကို
ရှာဖွေပါ။
- အဆင့်မြှင့်တင်ခြင်းကို အပြည့်အဝထည့်သွင်းခြင်းသေချာစေရန် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းစဉ်ပြီးဆုံးချိန် ပေါ်လာသော ပါဝင်အပိတ်အဖွင့်လုပ်ခြင်းကို အမြဲလုပ်ပါ။
Notes
- ထည့်သွင်းရန် သင့်ကွန်ပျူတာတွင် နေရာလပ်မကျန်တော့ပါက မည်သို့လုပ်ရမည်ကို ကြည့်ရှုပါ။
- macOS ဗားရှင်းအဟောင်းကိုအဆင့်မြှင့်တင်ခြင်းကိုပိုမိုလေ့လာပါ။
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ
သင့်စက်များနှင့် အက်ပ် များအတွင်းတွင် လုပ်ဆောင်ပေးသည့် ကုဒ်ရှိ အားနည်းချက်အသစ်များကို နေ့စဉ် တွေ့ရှိနေပါသည်။ ကုဒ်သည် အလွန်ရှုပ်ထွေးသောကြောင့် ထိုကုဒ်ကိုရေးသော ရေးသားသူများသည် မည်သည့်နေရာတွင်တွေ့မည်ကို ခန့်မှန်း၍မရပါ။ မလိုလားအပ်သော တိုက်ခိုက်သူများသည် သင့်စက်ပစ္စည်းများ အတွင်းသို့ ဝင်ရောက်ရန် ဤအားနည်းချက်များကို အသုံးချနိုင်သည်။ သို့သော် ဆော့ဖ်ဝဲရေးသားသူများက ထိုသို့သောအားနည်းချက်များကို ပြုပြင်ပေးမည့် ကုဒ်များကို ပုံမှန်ထုတ်လေ့ ရှိပါသည်။ ထို့ကြောင့် ပြုပြင်မွမ်းမံအသစ် များကို ထည့်သွင်းရန်နှင့် သင်အသုံးပြုသည့် စက်ပစ္စည်းတစ်ခုစီအတွက် ၎င်းတို့၏ လည်ပတ်မှုစနစ် နောက်ဆုံးဗားရှင်းကို အသုံးပြုရန် အလွန်အရေးကြီးပါသည်။ ကျွနု်ပ်တို့အနေဖြင့် သင့်စက်ပစ္စည်းကို အလိုအလျောက် ပြုပြင်မွမ်းမံမှု လုပ်ရန် ပြုလုပ်ထားဖို့အကြံပြုလိုပါသည် ၊ သို့မှသာ သင့်တွင် သတိတရလုပ်ဆောင်ရမည့်တာဝန်တစ်ခု လျော့သွားမည် ဖြစ်သည်။
Lockdown လုပ်ဆောင်ချက်ကို ဖွင့်ထားပါ။
သင်၏ မတ်ထ်ကွန်ပျူတာတွင် Lockdown Mode ကိုဖွင့်ထားဖို့ အကြံပြုအပ်ပါသည်။ သင့်စက်၏အလုပ်လုပ်ပုံတွင် မည်သည့်ထူးခြားမှုကိုမှ များများစားစားမတွေ့နိုင်သော်လည်း ဤသို့ပြုလုပ်ခြင်းသည် သင့်အား ပိုမိုကာကွယ်ပေးလိမ့်မည်။
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ
Lockdown Mode သည် Pegasus ကဲ့သို့သော ခေတ်မီဆန်းပြားသော spyware မှအသုံးပြုသော ကူးစက်မှုဗျူဟာများကို တားဆီးထားသည်။ Lockdown Mode လုပ်ဆောင်ချက်များကို လူတိုင်းအသုံးပြုသင့်ပြီး ၎င်းသည် အမှန်တကယ် စံလည်ပတ်မှုစနစ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သင့်သည်။
ယုံကြည်ရသောအရင်းအမြစ်များမှသာ အက်ပ်ပလီကေးရှင်းများကို အသုံးပြုပါ
- App Store မှသာ အက်ပ်ပလီကေးရှင်းများ ထည့်သွင်းခြင်း ပြုလုပ်ပါ။
- အကယ်၍ မသေချာပါက App Store မှ ဒေါင်းလုတ်ဆွဲထည့်သွင်းသော အက်ပ်ပလီကေးရှင်းများကို ခွင့်ပြုပါ။
- အဆင့်မြင့်: learn how to သင့်အနေဖြင့် စိတ်ချသော အက်ပ်ပလီကေးရှင်းတစ်ခုအား ထည့်သွင်းရန်အတွက် လုံခြုံရေးဆက်တင်များအား ယာယီထိန်းထားနည်းအား လေ့လာပါ။
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ
Apple ၏ App Store သည် မတ်အိုအက်စ် အတွက်တရားဝင် အက်ပလီကေးရှင်းစတိုး ဖြစ်သည်။ တစ်နေရာတည်းတွင် အက်ပ် များထားရှိခြင်းကာ ဖြန့်ဖြူးခြင်းသည် သင်အလိုရှိသည့်အရာများကို ရှာဖွေရန် လွယ်ကူစေပြီး ကြီးမားသည့် လုံခြုံရေးချိုးဖောက်မှုများအတွက်သာမက စာရင်းသွင်းထားသော အက်ပ်ပလီကေးရှင်းများအပေါ်တွင် ပေါ်လစီများဖြင့် တင်းကြပ်စွာ ကွပ်ကဲခြင်းအတွက်လည်း ပိုမိလွယ်ကူစေသည်။ App Store မှ အက်ပ်များကိုသာ ထည့်သွင်းပါ။
သင်ဘာလုပ်နေသည်ဆိုသည်ကို သင်သေချာစွာသိရှိသည်ဆိုပါက ဆော့ဖ်ဝဲရေးသားသူများကိုယ်တိုင်၏ ဝဘ်ဆိုက်များမှ အက်ပ်များကိုသာ ထည့်သွင်းအသုံးပြုနိုင်သည်။ ဝန်ဆောင်မှုများကို ပံ့ပိုးပေးသူများကို သင်မသိဘဲ ယုံကြည်ခြင်းမရှိပါက "တူညီစွာ ကူးယူထားသည့်" ဒေါင်းလုဒ်ချသည့် ဝဘ်ဆိုက်များသည် ယုံကြည်၍ မရနိုင်ပါ။ အက်ပ်တစ်ခု၏ အကျိုးရရှိမှုသည် အန္တရာယ်ရှိခြင်းထက် သာလွန်သည်ဟု သင်ဆုံးဖြတ်ပါက ကိုယ်ရေးကိုယ်တာနှင့် အရေးကြီးအချက်အလက်များကို ထိုစက်ပစ္စည်းတွင် မသိမ်းဆည်းထားရန် စီစဉ်ခြင်းကဲ့သို့သော သင့်ကိုယ်သင်ကာကွယ်မည့် ထပ်ဆောင်းအဆင့်များ ကို လုပ်ဆောင်ပါ။
အက်ပ်ပလီကေးရှင်းတစ်ခုခုအား စိတ်ချစွာ အသုံးပြုနိုင်ခြင်းရှိမရှိဆုံးဖြတ်ခြင်းအား လေ့လာရန် Security In a Box မှ ညွှန်းဆိုသော ကိရိယာများ နှင့် ဝန်ဆောင်များကို မည်ကဲ့သို့ရွေးချယ်သည်ကို ဖတ်ရှုပါ။
သင်အသုံးမပြုသည့်မလိုအပ်သော App များကို ဖယ်ရှားပါ။
- မတ်ထိကွန်ပျူတာတွင် အက်ပ်ပလီကေးရှင်းများအား မည်ကဲ့သို့ ဖယ်ရှားဖျက်ဆီးရမည်ကို လေ့လာပါ။
- မှတ်ချက်: သင်၏ မတ်ထ်ကွန်ပျူတာတွင် နဂိုပါဝင်သည့် Safari နှင့် iTunes ကဲ့သို့ အက်ပလီကေးရှင်းများအား ဖယ်ရှားဖျက်ဆီးခြင်းသည် ခက်ခဲသကဲ့သို့ အန္တရာယ်ကျရောက်စွမ်းလည်း ရှိစေသည်။
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ
သင့်စက်များနှင့် အက်ပ်များတွင်လုပ်ဆောင်သည့် ကုဒ်ရှိ အားနည်းချက်အသစ်များကို နေ့စဉ် တွေ့ရှိနေပါသည်။ကုဒ်သည် အလွန်ရှုပ်ထွေးသောကြောင့် ထိုကုဒ်ကိုရေးသော developer များသည် မည်သည့်နေရာတွင်တွေ့မည်ကို ခန့်မှန်း၍မရပါ။ အန္တရာယ်ရှိသောတိုက်ခိုက်သူများသည် သင့်စက်များအတွင်းသို့ ဝင်ရောက်ရန် ဤအားနည်းချက်များကို အသုံးချနိုင်သည်။ သင်အသုံးမပြုသော App များကို ဖယ်ရှားခြင်းသည် သင့်စက်အတွက် အားနည်းချက်ဖြစ်စေသည့် App အရေအတွက်ကို ကန့်သတ်ပေးသည်။ သင်အသုံးမပြုသောApp များသည် သင့်တည်နေရာကဲ့သို့ အခြားသူများနှင့် မမျှဝေလိုသည့်အချက်အလက်များကိုလည်း ပေးပို့နိုင်ပါသည်။
ကိုယ်ရေးကိုယ်တာအချက်အလက်များအပေါ် ကျင့်ဝတ်ကောင်းများဖြင့် ကိုင်တွယ်သော အက်ပလီကေးရှင်းများကို အသုံးပြုပါ
- Firefoxကို အသုံးပြု၍ အင်တာနက်တွင် ရှာဖွေမှုများကို ပြုလုပ်နိုင်ပါသည်။
- သင့်အီးမေးလ်များကို Thunderbirdကို အသုံးပြု၍ ဖတ်ရှုနိုင်ပါသည်။
- [မတ်ထ်ကွန်ပျူတာတစ်လုံးပေါ်တွင် သုံးရန် လိုအပ်သမျှအတွက် အခမဲ့ဖြစ်ပြီး ပွင့်လင့်နည်းပညာဖြင့်ရေးဆွဲထားသည့် ဆော့ဖ်ဝဲများ] (https://github.com/serhii-londar/open-source-mac-os-apps?tab=readme-ov-file) ရှိပြီး ၄င်းတို့ကို အသုံးပြုနိုင်သည်။ အက်ပ်ပလီကေးရှင်းတစ်ခုကို အသုံးပြုသင့်မပြုသင့် ဆုံးဖြတ်နိုင်ရန် ကျွန်ုပ်တို့ ညွှန်းဆိုသော ကိရိယာများ နှင့် ဝန်ဆောင်မှုများကို မည်ကဲ့သို့ ရွေးချယ်သည်ကို ကြည်ရှုပါ။
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ
မတ်ထ်ကွန်ပျူတာများတွင် ကိုယ်ရေးကိုယ်တာအချက်အလက်ချိုးဖောက်ခြင်း နှင့် လုံခြုံရေးကျိုးပေါက်ခြင်း သမိုင်းများရှိဖူးသော Safari နှင့် iTunes စသည့် နဂိုမူပါဝင်သော ဆော့ဖ်ဝဲများ ပါတတ်သည်။ဝက်ဘ်တွင် ရှာဖွေရန်၊ အီးမေးလ်ပေးပို့ရန် နှင့် များစွာသော လုပ်ငန်းဆောင်တာများအတွက် ကိုယ်ရေးကိုယ်တာအချက်အလက်များအပေါ် ကျင့်ဝတ်ကောင်းများဖြင့် ကိုင်တွယ်သော အက်ပလီကေးရှင်းများကိုသာ အစားထိုးအသုံးပြုသင့်သည်။
သင်၏ အက်ပ်ပလီကေးရှင်း၏ တောင်းဆိုသည့် ခွင့်ပြုချက်များကို ကြည့်ရှုပါ
- သင်အသုံးပြုသော အက်ပ်ပလီကေးရှင်းများတွင်သာ ခွင့်ပြုချက်များပေးထားကြောင်း သေချာစေရန် ခွင့်ပြုချက်အားလုံးကို တစ်ခုပြီးတစ်ခု စစ်ဆေးပါ။ အန္တရာယ်ရှိသော App များသည် အောက်ပါခွင့်ပြုချက်များဖြစ်သည့် တည်နေရာ၊ ဓာတ်ပုံများ၊ အဆက်အသွယ်များ၊ ပြက္ခဒိန်၊ မိုက်ခရိုဖုန်း၊ ကင်မရာ၊ အသုံးပြုမှုမှတ်တမ်းများကို အမြဲပုံမှန်အသုံးပြုတတ်ကြသည့်အတွက် ၎င်းခွင့်ပြုချက်များသည် အထူးသံသယဖြစ်ဖွယ်ရှိပါသည်။
- သင်၏ မတ်ထ်တွင် ကိုယ်ရေးကိုယ်တာကာကွယ်ခြင်းကို မည်ကဲ့သို့ ထိန်းသိမ်းရမည်အကြောင်းရေးသားထားသော "Control the personal information you share with apps"အပိုင်းထဲတွင် လင့်ချိတ်ထားသော မတ်ထ်အိုအက်စ် လမ်းညွှန်ကို ဖတ်ရှုပါ။
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ
သင့်တည်နေရာ၊ မိုက်ခရိုဖုန်း၊ ကင်မရာ သို့မဟုတ် စက်ချိန်ညှိမှုများကဲ့သို့သော အရေးကြီးသော ဒစ်ဂျစ်တယ်အသေးစိတ်အချက်အလက်များ သို့မဟုတ် ဝန်ဆောင်မှုများကို အသုံးပြုသည့်အက်ပ်များသည်လည်း အချက်အလက်များ ပေါက်ကြားနိုင်သည် သို့မဟုတ် တိုက်ခိုက်သူများ အသုံးချခံရနိုင်သည်။ ထို့ကြောင့် ဝန်ဆောင်မှုတစ်ခုအား အသုံးပြုရန် အက်ပ်တစ်ခုမလိုအပ်ပါက၊ အဆိုပါခွင့်ပြုချက်ကို ပိတ်ပါ။
တည်နေရာကိုပိတ်ပြီးမှတ်တမ်းကိုဖျက်ပါ
- သင့်စက်တစ်ခုလုံးနှင့် အက်ပ်တစ်ခုချင်းအတွက်ပါ ၎င်းတို့ကို အသုံးမပြုသည့်အခါတွင် တည်နေရာဝန်ဆောင်မှုများကို အလုံးစုံပိတ်သည့်အလေ့အကျင့်ကို ရယူပါ။
- သင့်တည်နေရာကို ဖွင့်ထားပါက တည်နေရာမှတ်တမ်းကို ပုံမှန်စစ်ဆေးပြီး ရှင်းလင်းပါ။
- တည်နေရာဝန်ဆောင်မှုများအား အက်ပ်လီကေးရှင်းအားလုံးတွင် သို့မဟုတ် သတ်မှတ်ထားသော အက်ပ်ပလီကေးရှင်းများတွင်သာ ပိတ်ပင်ခြင်းအား လေ့လာပါ။
- အကယ်၍ Google Map ကို အသုံးပြုပါက တည်နေရာမှတ်တမ်းများကို ပုံမှန်စစ်ဆေးပြီး ရှင်းလင်းပါ။ ယခင်တည်နေရာမှတ်တမ်းကို ဖျက်ပြီး ၎င်းကို သတ်မှတ်ဖို့အတွက် Google Maps မှ သင့်တည်နေရာလုပ်ဆောင်ချက်ကို မသိမ်းဆည်းနိုင်စေရန်၊ ညွှန်ကြားချက်များကို လိုက်နာပါ (https://support.google.com/accounts/answer/3118687?#delete) နှင့်(https://support.google.com/maps/answer/3137804)။
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ
ကျွန်ုပ်တို့၏စက်ပစ္စည်းအများအပြားသည် ကျွန်ုပ်တို့အသုံးပြုနေသည့်နေရာ၊ ဂြိုလ်တုတည်နေရာသတ်မှတ်ရေးစနစ်၊ ဆဲလ်ဖုန်းတာဝါတိုင်များ သို့မဟုတ် ချိတ်ဆက်နေသည့် Wi-Fi တို့ကို အမြဲမပြတ်ခြေရာခံတတ်ပါသည်။ သင့်စက်ပစ္စည်းသည် သင်၏ရုပ်ပိုင်းဆိုင်ရာတည်နေရာကို မှတ်တမ်းတင်ထားပါက၊ တစ်စုံတစ်ဦးသည် သင့်အား ရှာဖွေတွေ့ရှိနိုင်စေရန် သို့မဟုတ် ထိမှတ်တမ်းကို အသုံးပြုပြီး သင်နေရာတစ်ခုအားရောက်ရှိနေခဲ့သည်ဆိုသည်ကို သက်သေပြခြင်းမျိုး လုပ်ဆောင်နိုင်ပါသည်။ သို့မဟုတ် သင်နှင့် တစ်ချိန်တစ်နေရာတည်း အတူတူရှိနေသည့်သူများ နှင့် သင်နှင့် ပတ်သက်ဆက်နွယ်ခြင်းကိုပြသရန် အဆိုပါမှတ်တမ်းကို အသုံးပြုနိုင်သည်။
သင့်စက်များတွင် သီးခြားအသုံးပြုသည့်အကောင့်များ ဖန်တီးပါ။
- သင့်စက်တွင် အသုံးပြုသူအကောင့်အား တစ်ခုထက်ပို၍ဖန်တီးထားပါ။ တစ်ခုသည်
စီမံခန့်ခွဲမှုလုပ်သည့်အကောင့်နှင့် နောက်တစ်ခုသည်
ပုံမှန်အသုံးပြုသူအကောင့်ဟူ၍ထားပါ။
- သင်တစ်ဦးတည်းသာစီမံခန့်ခွဲသည့်အကောင့်ဝင်ခွင့်ရှိရမည်ဖြစ်သည်။
- ပုံမှန်အကောင့်များကို သင့်စက်ပစ္စည်းပေါ်ရှိ အက်ပ်၊ ဖိုင် သို့မဟုတ် ဆက်တင်တိုင်းကို ဝင်ရောက်ခွင့်မပြုသင့်ပါ။
- သင်၏နေ့စဉ်အလုပ်အတွက် ပုံမှန်အသုံးပြုသူအကောင့်ကို အသုံးပြုရန် စဉ်းစားပါ:
- ဆော့ဖ်ဝဲလ်ထည့်သွင်းခြင်းကဲ့သို့ သင့်စက်ပစ္စည်းလုံခြုံရေးကို ထိခိုက်စေသည့် အပြောင်းအလဲများပြုလုပ်ရန် လိုအပ်သည့်အခါမှသာ admin user အကောင့်ကို အသုံးပြုပါ။
- ပုံမှန်အသုံးပြုသူအကောင့်ကို နေ့စဉ်အသုံးပြုခြင်းဖြင့် သင့်စက်ပစ္စည်းသည် သူခိုးဆော့ဖ်ဝဲ၏ လုံခြုံရေးခြိမ်းခြောက်မှုများနှင့် ထိတွေ့မှုမည်မျှရှိသည်ကို သိရှိနိုင်သည်။
- သင် နယ်စပ်ဖြတ်ကျော်သည့်အခါ၊"ခရီးသွား"အသုံးပြုသူအကောင့်ကို ဖွင့်ထားခြင်းဖြင့် သင်၏ပိုမိုထိခိုက်လွယ်သောဖိုင်များကို ဝှက်ထားနိုင်မည်ဖြစ်သည်။ ဤနယ်ခြားအာဏာပိုင်များသည် သင့်စက်ပစ္စည်းကို စေ့စေ့စပ်စပ်ရှာဖွေရန် သိမ်းယူမည်လား သို့မဟုတ် ၎င်းတို့က သင့်အား ဖိအားပေး ဖွင့်စေပြီး ကြည့်ရှုမည်လားဆိုသည်ကို သင်အကဲဖြတ်ပြီး သုံးစွဲပါ။ ၎င်းတို့သည် သင့်စက်ပစ္စည်းကို စေ့စေ့စပ်စပ်ကြည့်မည်မဟုတ်ဟု သင်မျှော်လင့်ပါက၊ အလုပ်အတွက် အရေးမကြီးသည့်ပုံမှန်အသုံးပြုသူအကောင့်အဖြစ် ဝင်ရောက်အသုံးပြုခြင်းဖြင့် ယုတ္တိဆန်သော ငြင်းချက်ထုတ််မှုကို ပေးနိုင်မည်ဖြစ်သည်။
- မတ်ထ်ကွန်ပျူတာတွင် အသုံးပြုသူအကောင့်တစ်ခု ထပ်တိုးထည့်ခြင်းအား လေ့လာပါ။
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ
သင်အသုံးပြုသည့် စက်များကို ထိလွယ်ရှလွယ် အလုပ်အတွက် အခြားမည်သူနှင့်မျှ မျှဝေခြင်းမပြုရန် ကျွန်ုပ်တို့ အလေးအနက် အကြံပြုအပ်ပါသည်။ သို့သော် သင်သည် သင်၏စက်ပစ္စည်းများကို လုပ်ဖော်ကိုင်ဖက် သို့မဟုတ် မိသားစုနှင့် မဖြစ်မနေ မျှဝေရမည်ဆိုပါက သင်၏ စက်ပစ္စည်း နှင့် အရေးကြီးသောဖိုင်များကို အခြားသူများမရရှိအောင်ကာကွယ်ထားနိုင်ရန် သီးခြားအသုံးပြုသူအကောင့်များကို သင့်စက်ပစ္စည်းပေါ်တွင် ထားရှိခြင်းဖြင့် အရေးကြီးသော အချက်အလက်များကို ပိုမိုကောင်းမွန်စွာ ကာကွယ်နိုင်ပါသည်။
သင့်စက်နှင့်ဆက်နွယ်နေသည့်မလိုအပ်သောအကောင့်များကိုဖျက်ပါ
- မလိုအပ်သောအကောင့်များကိုဖယ်ရှားခြင်း(https://support.apple.com/en-gw/guide/mac-help/mchlp1557/mac) လေ့လာပါ။
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ
သင့်စက်ကို အခြားသူတစ်ဦးမှ ဝင်ရောက်မကြည့်ရှုစေလိုပါက ထပ်တိုး "တံခါး" ကို သင့်စက်ပေါ်တွင် ဖွင့်၍မထားခဲ့ခြင်းက ပိုကောင်းပါသည် (၎င်းကို "သင်၏တိုက်ခိုက်မှုမျက်နှာပြင်ကို လျှော့ချခြင်း" ဟုခေါ်သည်)။ ထို့အပြင် သင့်စက်ပစ္စည်းနှင့်ဆက်စပ်နေသည့် အသုံးပြုသူအကောင့်များကို စစ်ဆေးခြင်းသည် သင့်မသိဘဲ သင့်စက်ပေါ်တွင် ဖန်တီးထားသော အကောင့်များကို ဖော်ပြနိုင်သည်။
သင့်စက်နှင့်ချိတ်ဆက်ထားသည့်အကောင့်များအားလုံခြုံအောင်ပြုလုပ်ပါ။
- Apple ID နှင့် စကားဝှက်ကို ကာကွယ်ရန် Apple ၏ စစ်ဆေးရန်စာရင်း ကို ဖတ်ရှုပါ။ တိတိကျကျပြောရလျှင် ခိုင်မာအားကောင်းသော စကားဝှက်တစ်ခုထားရန်၊ နှစ်ဆင့်ခံလုံခြုံရေးကို ဖွင့်ထားရန် နှင့် သင်၏ Apple ID အကောင့်ကို မည်သူနှင့်မှ မျှဝေထားခြင်းမရှိစေရန် ဂရုစိုက်ပါ။
- သင်၏ Apple ID အကောင့်နှင့် ချိတ်ဆက်နေသော စက်ပစ္စည်းများကို ကြည့်ရှုရန် သင်၏ စက်ပစ္စည်းစာရင်းကို ကြည့်ရှုနည်းကို လေ့လာပါ။
- သင့်စက်ပစ္စည်း နှင့် ချိတ်ဆက်မှုရှိနေသာ တခြားအကောင့်များအား စစ်ဆေးရန် ဆိုရှယ်မီဒီယာအကောင့်အပိုင်းကိုလည်းကြည့်ပါ။
- သင်စွန့်ပစ်ထားသော၊ ထိန်းချုပ်မှုမရှိသော သို့မဟုတ် အသိအမှတ်မပြုသည့် စက်ပစ္စည်းများမှ သံသယဖြစ်ဖွယ်လုပ်ဆောင်ချက်များကို သင်တွေ့ရှိပါက ဓာတ်ပုံ သို့မဟုတ် screenshot ကိုရိုက်ယူရန် လိုအပ်နိုင်ပါလိမ့်မည်။
- Follow the Apple ID သည် ပေါက်ကြားမှုရှိနေသည်ဟု သံသယရှိချိန်တွင် လိုက်နာရန် Apple မှ အကြံပြုထားသော အဆင့်များအား လိုက်နာပါ။
- အစွန်းနှစ်ဖက်ဝှက်စာစနစ်ဖြင့် ကာကွယ်ထားပြီး သင်၏ အချက်အလက်များအား
စိတ်ချရသော ချိတ်ဆက်ဖူးသည့် စက်ပစ္စည်းများမှသာ
ဝင်ရောက်ကြည့်ရှုနိုင်ခြင်းရှိစေရန် iCloud အတွက် Advanced Data
Protectionအား ဖွင့်ကာ
အသုံးပြုခြင်းကို ထည့်သွင်းစဉ်းစားပါ။
- အကယ်၍သင်သည် Advanced Data Protection ကို ဖွင့်ထားပါက ဝက်ဘ်ဆိုက်ပေါ်ရှိ iCloud မှတစ်ဆင့် သင်၏ အချက်အလက်များကို ဝင်ရောက်ကြည့်ရှုနိုင်တော့မည်မဟုတ်ပဲ ယခင်ဝင်ရောက်ဖူးသည့် စိတ်ချရသော စက်ပစ္စည်းများတွင်သာ ဝင်ရောက်ကြည့်ရှုနိုင်တော့မည်ဖြစ်သည်။ ဝက်ဘ်ဆိုက်မှတစ်ဆင့် ဝင်ရောက်ခြင်းကို ပြန်လည်ဖွင့်ထားပါက သင်ချိတ်ဆက်ဖူးသည့် စိတ်ချရသော စက်ပစ္စည်းတစ်လုံးလုံးအား ဝဘ်တွင် အသုံးပြုခြင်းကို ယာယီအသုံးခွင့်ပြုပေးရန်အတွက် အသုံးပြုနိုင်သည်။
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ
စက်အများစုတွင် သင့် မတ်အိုအက်စ် ကွန်ပျူတာ၊ Apple နာရီ၊ အိုင်ပတ်ထ် နှင့် Apple တီဗွီများအတွက် Apple ID အကောင့်များကဲ့သို့ စက်ပစ္စည်းအများစုသည် ၎င်းတို့နှင့် ဆက်စပ်နေသော အကောင့်များဖြစ်သည်။ တစ်ကြိမ်တွင် စက်တစ်ခုထက်ပို၍ အကောင့်ဝင်နိုင်သည် (သင့်ဖုန်း၊ လက်ပ်တော့၊ နှင့် သင့် TV စသည်ဖြင့်)။ အကယ်၍ သင့်အကောင့်ကိုအခြားသူတစ်ဦးမှ သင်ခွင့်ပြုခြင်းမရှိပဲ ဝင်ရောက်သုံးစွဲခြင်းရှိလျှင် ဤအပိုင်းတွင် ပါဝင်သော အဆင့်များသည် ထိုကဲ့သို့ ဝင်ရောက်နေခြင်းအား ရပ်တန့်ရန် ကူညီနိုင်မည်ဖြစ်သည်။
သင်၏ အသုံးပြုသူအကောင့် နှင့် ကွန်ပျူတာအား ခိုင်မာအားကောင်းသော စကားဝှက်နှင့် ကာကွယ်ပါ
- စကားဝှက်တို သို့မဟုတ် နံပါတ် မဟုတ်ဘဲ ရှည်လျားသော စကားဝှက် တစ်ခု (အနည်းဆုံး အက္ခရာ 16 လုံး) ကို အသုံးပြုပါ။
- အလိုအလျောက်အကောင့်ဝင်ခြင်းကို ပိတ်ထားပါ။
- မတ်ထ်ကွန်ပျူတာတွင် အကောင့်ဝင်ရောက်ရာတွင် အသုံးပြုသည့် စကားဝှက်အား ပြောင်းလဲနည်းကို ဖတ်ရှုလေ့လာပါ။
- FileVault အားဖွင့်ထားကြောင်း သေချာစေပါ။
- သင့်လက်ဗွေအား လော့ခ်ဖွင့်သည့်စနစ်အား သင့်စက်ပစ္စည်းအား ဖွင့်ရာတွင်
ကာကွယ်ခြင်းအတွက် အသုံးပြုခြင်းသည် သင့်အား အင်အားသုံး၍
ဖွင့်ခိုင်းနိုင်စေသည်။ သင့်တွင် စာရိုက်ရန်အဆင်မပြေလောက်သည့်
မသန်စွမ်းခြင်းမရှိပါက TouchID အား အကောင့်ဝင်ရန်အတွက် ရွေးချယ်စရာများအဖြစ်
မသုံးပါနှင့်။
- သင့်အနေဖြင့် သင့်လက်ဗွေများကို ထည့်သွင်းထားပြီးဖြစ်ပါက ၎င်းတို့ကို သင့်စက်ပစ္စည်းမှ ဖယ်ရှားပါ။
- ဒစ်ဂျစ်တယ်ခြေရာတစ်ခုကို ဖျက်ဆီးရန်မတ်ထ်ကွန်ပျူတာတွင် TouchID အား အသုံးပြုနည်းအား လေ့လာပါ။
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ
နည်းပညာဆိုင်ရာ တိုက်ခိုက်မှုများသည် စိုးရိမ်စရာဟု ထင်ရသော်လည်း သင့်စက်ပစ္စည်းကို သိမ်းဆည်းခံရခြင်း သို့မဟုတ် ခိုးယူခံရပြီး တစ်စုံတစ်ဦးမှ ဖောက်ထွင်းခံရခြင်းမျိုးလည်း ကြုံရနိုင်သည်။ ထို့ကြောင့် သင့်ကွန်ပျူတာ နှင့် အသုံးပြုအကောင့်ကို ကာကွယ်ရန် ခိုင်မာအားကောင်းသည့် စကားဝှက်ဖြင့် ကာကွယ်ထားသင့်သည်။ ထို့မှသာ သင်စက်ပစ္စည်းအား ဖွင့်လှစ်ကာ စကားဝှက်ခန့်မှန်းရိုက်ထည့်ရုံဖြင့် ဝင်ရောက်ကြည့်ရှုနိုင်သူမရှိမည်ဖြစ်သည်။
စကားဝှက်များမှလွဲ၍ အခြား စခရင်လော့ခ်ချရွေးချယ်မှုများကို ကျွန်ုပ်တို့ မအကြံပြုပါ။ ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်း သို့မဟုတ် ရှာဖွေခံရပါက သင်၏လက်ဗွေဖြင့် သင့်စက်ပစ္စည်းကို အလွယ်တကူ လော့ခ်ဖွင့်ရန် ခိုင်းစေနိုင်သည်။ သင့်စက်ကို ၎င်းတို့ဘက်ရှိလူတစ်ဦးဦးက စကားဝှက်တိုများ ခန့်မှန်းရန် ဆော့ဖ်ဝဲကို အသုံးပြုနိုင်သည်။ အကယ်၍ သင်သည် လက်ဗွေသော့ခတ်ခြင်းကို ပြုလုပ်ထားပါက ဖုန်မှုန့်သုတ်ထားသူတစ်ဦးသည် သင့်လက်ဗွေရာအားရယူပြီး သင့်စက်ပစ္စည်းကို လော့ခ်ဖွင့်ရန် သင့်လက်ချောင်းအတုဗားရှင်းကို ပြုလုပ်နိုင်မည်ဖြစ်သည်။
ဤသို့သော အကြောင်းများကြောင့် သင်၏ စက်ပစ္စည်းအား ဝင်ရောက်ရန်အတွက် အလုံခြုံဆုံးကာကွယ်နိုင်သည့် နည်းလမ်းသည် ပိုမိုရှည်လျားသော စကားဝှက်ထားရှိခြင်းပင်ဖြစ်သည်။
သင့်မျက်နှာပြင်ကို ပိတ်ပြီး လော့ခ်ချရန် သတ်မှတ်ပါ။
- ၎င်းကိုအသုံးပြုပြီးသည့် အချိန်တိုအတွင်း လော့ခ်ချရန် သင့်မှန်မျက်နှာပြင်ကို သတ်မှတ်ပါ (၅ မိနစ်ထားခြင်းသည် ကောင်းပါသည်)(https://support.apple.com/en-in/guide/mac-help/mh11784/mac)။
- ဖုန်းမျက်နှာပြင်ပိတ်ခြင်း သို့မဟုတ် စခရင်ချွေတာခြင်းစတင်ပြီးနောက် ၎င်းအားစကားဝှက်တစ်ခုဖြင့်ဖွင့်မှရသည့်လုပ်ဆောင်ချက်ကို လေ့လာပါ။
သင့်စက်လော့ခ်ချထားချိန်တွင် မြင်နိုင်သောအရာများကို ထိန်းချုပ်ပါ။ ဉပမာ တစ်စုံတစ်ယောက်က မက်ဆေ့(ချ်) ပို့လာချိန်တွင် သင်ဖုန်းခရင်ပေါ်၌ မက်ဆေ့(ချ်) ပေါ်နေခြင်းစတဲ့ အကြောင်းအရာများကိုဆိုလိုသည်။
သင့်စက်လော့ချထားသောအခါတွင် အကြောင်းကြားချက်များ ပေါ်လာခြင်းကို ရပ်တန့်ပါ။ ထိုသို့ပြုလုပ်ရန် နည်းလမ်းအမျိုးမျိုးရှိသည်။
- ဖုန်းမျက်နှာပြင်ပိတ်ခြင်း သို့မဟုတ် စခရင်ချွေတာခြင်းစတင်ချိန်တွင် သင်၏ Notification များအား ရပ်တန့်ထားရန် မတ်ထ်တွင် Notification ဆက်တင်များ ပြင်ဆင်ခြင်းလမ်းညွှန်တွင် လေ့လာပါ။
- Notification များ ပိတ်ပင်ရန် တခြားမြန်ဆန်သည့် နည်းလမ်းသည် Do Not Disturb ကဲ့သို့ Focus အား Control Centre အား သုံး၍ ဖွင့်ထားခြင်းဖြစ်သည်။
- You can also သတ်မှတ်ထားသော အက်ပ်ပလီကေးရှင်းများ နှင့် ဝက်ဘ်ဆိုက်များအတွက်သာ Notification များ ပိတ်ခြင်းကို ဤတွင် ကြည့်ရှုနိုင်သည်။
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ
ဖုန်းတစ်လုံး၌ ဖုန်းစခရင် လော့(ခ်)ချထားခြင်း တစ်နည်းအားဖြင့် ခိုင်မာအားကောင်းသော စကားဝှက်များဖြင့် ကာကွယ်ထားခြင်းသည် အင်မတန်မှအရေးကြီးသည်။ ခိုင်မာအကောင်းသော စကားဝှက်များနှင့် စခရင်လေ့(ချ်) ထားခြင်းက မိမိ၏ စက်ပစ္စည်း အခိုးခံရချိန် သို့မဟုတ် သိမ်းဆည်းခံရချိန်၌ သင့်ကို အတိုင်းအတာ တစ်ခုထိ ကာကွယ်ပေးနိုင်သည်။ ထိုသို့သော အခြေအနေတွင် သင်က ဖုန်းစခရင်လော့(ချ်) ချထားသော်လည်း Notification ပိတ်ထားခြင်းမရှိပါက သင့်၏အသိမိတ်ဆွေပေးပို့လာသော မက်ဆေ့(ချ်) (သို့) အီးမေး(လ်) ကနေလည်း သင်၏ အချက်အလက်အချို့ ပေါက်ကြားနိုင်သည်။
Voice Controls (အသံထိန်းချုပ်ခြင်း) ကိုပိတ်ပါ။
- Siri အား မည်ကဲ့သို့ ပိတ်ထားမည်ကို လေ့လာပါ။
- မတ်ထ်ကွန်ပျူတာတွင် Siri အား မေးမြန်းမှုများ နှင့် သတ်ပုံများမေးမြန်းခြင်း မှတ်တမ်းများအား ဖယ်ရှားနည်းအား လေ့လာပါ။
- အသံထိန်းချုပ်မှုအားပြုလုပ်နိုင်သော (Voice Control) ကိုသည် သင့်အတွက် အန္တရာယ်ရှိနိုင်နေခြင်းထပ် သင့်အတွက် အကျိုးကျေးဇူးများစွာပေးသည်ဟုယူဆပါက ပိုမိုလုံခြုံစေရန် အောက်ပါအကြောင်းအရာများအား ဖတ်ရှုပါ။ (https://securityplanner.consumerreports.org/tool/secure-your-smart -speaker)
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ
အကယ်၍ သင်က စက်ပစ္စည်းတစ်ခုအား သင်၏အသံ နှင့် ထိန်းချုပ်နိုင်ရန် စနစ်တစ်ခုကို ပြုလုပ်ထားနိုင်ပါက တစ်စုံတစ်ယောက်သော သူကလည်း သင်၏စက်ပစ္စည်းက နားထောင်နေသော အသံတွေကို ဖမ်းယူနိုင်ရန်အတွက် တစ်ခြားကုဒ်တစ်ခုအသုံးပြုကာ ပြုလုပ်နိုင်ပါသည်။
အသံတုခြင်းမှ ဖြစ်နိုင်ချေရှိသည့် အန္တရာယ်ကိုလည်း ထည့်သွင်းစဉ်းစားရန် အရေးကြီးပါသည် : သင့်အား တစ်ဦးဦးမှ အသံသွင်းကာ သင့်ကွန်ပျူတာအား သင့်ခွင့်ပြုချက်မရှိပဲ ထိန်းချုပ်ရန် အသုံးပြုနိုင်သည်။
သင့်တွင် စာရိုက်ရန် သို့မဟုတ် အခြားထိန်းချုပ်မှုများကို အသုံးပြုရန် ခက်ခဲစေသော မသန်စွမ်းမှုတစ်ခုရှိပါက၊ လိုအပ်သော အသံဖြင့်ထိန်းချုပ်မှုကို သင်ရှာဖွေနိုင်ပါသည်။ ၎င်းတို့ကို ပိုမိုလုံခြုံစွာတပ်ဆင်နည်းအတွက် လမ်းညွှန်ချက်များကိုဤအပိုင်းတွင်ကြည့်ပါ။ သို့သော် သင်သည် ဤအကြောင်းကြောင့် အသံထိန်းချုပ်မှုများကို အသုံးမပြုပါက၊ ၎င်းတို့ကို ပိတ်ထားခြင်းက ပိုမိုလုံခြုံပါသည်။
သင့် ၏ဖုန်းစခရင်ကို အခြားသူများမမြင်နိုင်အောင် တားဆီးပေးသည့် Privacy စခရင်မှန်ကပ်များကို အသုံးပြုပါ။
- အထပ်ပါအကြောင်းအရာများနှင့် ပက်သက်ပြီး အထူးသဖြင့် လုံခြုံရေးအစီအမံအကြောင်းများ ပိုမိုသိရှိလိုပါက ဖော်ပြပါ Link တွင့် လေ့လာနိုင်သည်။ (https://securityplanner.consumerreports.org/tool/use-a-privacy-filter-screen).
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ
ကျွန်ုပ်တို့၏ ဒစ်ဂျစ်တယ်လုံခြုံရေးတိုက်ခိုက်ခံရခြင်းများကို အဆင့်မြင့်နည်းပညာပိုင်းအနေဖြင့် ထင်မြင်နေသော်လည်း၊ လူ့အခွင့်အရေးကာကွယ်သူအချို့သည် ၎င်းတို့၏ အချက်အလက်များ ခိုးယူခံရခြင်း သို့မဟုတ် တစ်စုံတစ်ယောက်သည် ၎င်းတို့၏စခရင်ကို အပေါ်မှချောင်းကြည့်ပြီး သို့မဟုတ် လုံခြုံရေးကင်မရာကို အသုံးပြုကြည့်ရှုပြီး ၎င်းတို့၏အကောင့်များကို အခိုးခံရကြောင်း လေ့လာသိရှိရသည်မှာ အံ့အားသင့်စရာဖြစ်နိုင်ပါသည်။ကိုယ်ရေးကိုယ်တာကာကွယ်သည့်မှန်တစ်ခုက နောက်ကစောင့်ကြည့်ရန်လုပ်ဆောင်နေသူတို့ကို အောင်မြင်နိုင်ခြေနည်းစေသည်။ ၎င်းတို့ကို စက်နှင့်ဆက်စပ်သည့်ပစ္စည်းများရှိသည့်နေရာတိုင်းတွင် ရှာကြည့်နိုင်သည်။
ကင်မရာအကာ ကို အသုံးပြုပါ
- ပထမဆုံးအနေနှင့် သင့်စက်တွင် ကင်မရာများ မည်သည့်နေရာတွင်ရှိ၊ မရှိကို ရှာဖွေပါ။ သင့်စက်တွင်တပ်ဆင်ထားသည့်ကင်မရာအပြင် သင့်စက်တွင်ထည့်သွင်းထားသည့် ကင်မရာတစ်လုံးကိုပါ အသုံးပြုပါက သင့်ကွန်ပျူတာတွင် ကင်မရာတစ်ခုထက်ပို၍ ရှိနိုင်ပါသည်။
- နည်းပညာနိမ့် ကင်မရာအဖုံး - သင့်ကင်မရာအပေါ်တွင် ကပ်ခွာပတ်တီးငယ်ကို အသုံးပြုကာ ပိတ်ထားပြီး ကင်မရာကို အသုံးပြုရန် လိုအပ်သည့်အခါ ၎င်းကို ရွှေ့၍ အသုံးပြုနိုင်ပါသည်။ အလယ်အပိုင်းသည် ကော်မပါသောကြောင့် ကင်မရာမှန်မျက်နှာပြင်ကို စေးကပ်ခြင်းမရှိသည့်အတွက် ပတ်တီးသည် စတစ်ကာထက် ပိုကောင်းပါသည်။
- တခြားနည်းလမ်းအနေဖြင့် သင့်စက်ပစ္စည်းအတွက် အသင့်တော်ဆုံးသောကင်မရာဘေးဆွဲအကာကို ရှာဖွေရန် သင့်ကွန်ပျူတာ၏ အမျိုးအစား နှင့် ကွန်ပျူတာကင်မရာအကာပါး အတွက် အကြိုက်တွေ့သော ဆိုင်ကိုလည်း ရှာဖွေနိုင်ပါတယ်။
- သတ်မှတ်ထားသော အက်ပ်ပလီကေးရှင်းများအတွက် သင့်ကွန်ပျူတာရှိ ကင်မရာအား ပိတ်ထားခြင်းကိုလည်း ထည့်သွင်းစဉ်းစားသင့်သည်။
- မတ်ထ်ကွန်ပျူတာများ တွင် နဂိုပါဝင်သော ကင်မရာအား တစ်ပေါင်းတည်း ပိတ်ထားနိုင်သည်။ ထိုသို့လုပ်ဆောင်ရန် Settings > Screen Time > Content & Privacy သို့သွားကာ Content & Privacy toggle ကို ဖွင့်ပါ။ ထို့နောက် App Restrictions ကို နှိပ်ကာ Allow Camera toggle ကို ပိတ်ပါ။ ထို့နောက် Done ကို နှိပ်ပါ။ [မတ်ထ်ကွန်ပျူတာတွင် ပါဝင်သော Screen Time မှတစ်ဆင့် App & Feature Restrictions ဆက်တင်များကို ပြောင်းလဲရန် လမ်းညွှန်] (https://support.apple.com/en-ie/guide/mac-help/mchl3a19a9e7/14.0/mac/14.0) တွင် ပိုမိုလေ့လာနိုင်သည်။
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ
သင့်အား၊ သင့်ပတ်ဝန်းကျင်ရှိလူများ၊ သို့မဟုတ် သင်ရှိနေသောနေရာကို စူးစမ်းရန် အန္တရာယ်ရှိသောဆော့ဖ်ဝဲများသည် သင်မသိဘဲ သင့်စက်တွင်ရှိသော ကင်မရာကိုဖွင့်ပါလိမ့်မည်။
သင်အသုံးမပြုနေချိန်တွင် ချိတ်ဆက်နေမှုများကို ပိတ်ထားပါ
- သင့်ကွန်ပျူတာအား ညဘက်တွင် လုံးဝပိတ်ထားပါ။
- Wi=Fi ၊ ဘလူးတုရှ်နှင့် ကွန်ရက်မျှဝေခြင်းကို အသုံးမပြုပါက ပိတ်သည့်အလေ့အကျင့်ကိုပြုလုပ်ပါ။
- မတ်ထ်ကွန်ပျူတာရှိ ဝိုင်ဖိုင်သင်္ကေတအား နားလည်ခြင်းအား ဖတ်ရှုပါ။
- "မျှဝေခြင်း" စနစ် window သို့ရောက်ရန် ညွှန်ကြားချက်များကို လိုက်နာပြီး "အင်တာနက် မျှဝေခြင်း" အမှတ်ခြစ်အကွက်ရှိ အမှန်ခြစ်ကိုဖျက်ပါ](https://support.apple.com/guide/mac-help/share-internet-connection-mac-network-users-mchlp1540/14.0/mac/14.0)။
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ
Wi-Fi၊ NFC နှင့် ဘလူးတုရှ်ကဲ့သို့ ကြိုးမဲ့ဆက်သွယ်မှုများအားလုံးသည် ကွန်ရက်များ၏ အားနည်းချက်များကို ရှာဖွေဖောက်ထွင်းကာ ထိရှလွယ်သော အချက်အလက်များ နှင့် ကျွန်ုပ်တို့ စက်ပစ္စည်းများကို ရရှိအောင် ကြိုးစားနိုင်သည့် ကျွန်ုပ်တို့အနီးက တိုက်ခိုက်သူများ၏ တိုက်ခိုက်မှုကို ခံရနိုင်သည်။
သင့်စက်၏ ဘလူးတုရှ်သို့မဟုတ် Wi-Fi ချိတ်ဆက်မှုကို ဖွင့်လိုက်သောအခါ သင့်စက်ပစ္စည်းသည် သင် ယခင်က ချိတ်ဆက်ထားခဲ့သော မည်သည့် wifi ကွန်ရက်ကိုမဆို ရှာဖွေရန် ကြိုးစားပါသည်။ အခြေခံအားဖြင့်၊ ၎င်းသည် ၎င်းနှင့်ချိတ်ဆက်ရန်ရနိုင်ခြင်းရှိမရှိကြည့်ရှုရန် ၎င်း၏စာရင်းရှိကွန်ရက်တိုင်း၏အမည်များကို သိရှိရန်ကြိုးစားပါသည်။ အနီးနားတွင်ရှိသော စောင့်ကြည့်နေသူတစ်ဦးသည် သင့်စက်ပစ္စည်းကို ကို သိရှိရန် ဤရှာဖွေမှုကို သုံးနိုင်သည်။ အကြောင်းမှာ သင့်စက်ပစ္စည်း သို့မဟုတ် ကွန်ရက်စာရင်းသည် အများအားဖြင့် တခြားအရာများနှင့် မတူပဲ ကွဲပြားမှု ရှိပါသည်။ ဤလက်ဗွေနှင့်တူသော သင်မှန်းသိသာစေသောအရာများသည် သင့်ဧရိယာအတွင်ရှိ စောင့်ကြည့်နေသူတစ်ဦးအတွက် သင့်စက်ပစ္စည်းကို ပစ်မှတ်ထားရန် သို့မဟုတ် သင်ရောက်ရှိခဲ့သည့်နေရာကို ဖော်ထုတ်ရန် လွယ်ကူစေသည်။
ထို့ကြောင့် အထူးသဖြင့် wifi နှင့် Bluetooth တို့ကိုအသုံးမပြုသည့်အခါ ဤချိတ်ဆက်မှုများကို ပိတ်ခြင်းသည် အကြံကောင်းဖြစ်ပါသည်။ ၎င်းသည် တိုက်ခိုက်သူက သင့်စက်ပစ္စည်းပေါ်တွင် ထူးဆန်းစွာဖြစ်ပျက်နေသည်ကို သင်သတိမထားမိစေဘဲ သင်၏အဖိုးတန်ပစ္စည်းများကို ဝင်ရောက်ရန်လုပ်ဆောင်နိုင်သည့်အချိန်ကို တားမြစ်သည်။
သင်သိမ်းဆည်းထားသော wifi ကွန်ရက်များကို ရှင်းလင်းပါ
- သင့်စက်၏ကွန်ရက်များစာရင်းတွင်မှတ်ထားမည့်အစား ကွန်ရက်အမည်များနှင့် စကားဝှက်များကို သင့် စကားဝှက်မန်နေဂျာတွင် သိမ်းဆည်းပါ။
- အကယ်၍ သင်သာ ကွန်ရက်အမည်များ နှင့် စကားဝှက်များကို သိမ်းထားသော Wi-Fi
ကွန်ရက်များစာရင်းအတွင်းတွင် သိမ်းထားပါက သေချာဖို့လိုသည်မှာ :
- သင်မှတ်သားထားသော ချိတ်ဆက်ခဲ့ဖူးသည့် ကွန်ရက်များအား အလိုအလျောက်ချိတ်ဆက်ခြင်းမရှိစေရန် ဝိုင်ဖိုင်ဆက်တင်များအတွင်းရှိ သင်ချိတ်ဆက်ဖူးသော ကွန်ရက်များစာရင်းထဲမှ ကွန်ရက်တစ်ခုပေါ်သို့ ကွန်ပျူတာမြှားတင်ကာ Options ခလုတ်ကို နှိပ်ပါ။ ထို့နောက် Auto-Join ကို အမှန်ခြစ်ဖြုတ်ပါ။
- ဆက်လက်အသုံးပြုခြင်းမရှိတော့သည့် ဝိုင်ဖိုင်ကွန်ရက်များကို ဖယ်ရှားသည့် အလေ့အကျင့်ကို မွေးမြူပါ။ သင်၏ ဝိုင်ဖိုင်ဆက်တင်များရှိ ချိတ်ဆက်ဖူးသော ကွန်ရက်များစာရင်းသို့သွားကာ ကွန်ရက်တစ်ခုပေါ်သို့ ကွန်ပျူတာမြှားအားတင်၍ Options ခလုတ်ကို နှိပ်ပါ။ ထို့နောက် Forget this network ကို နှိပ်၍ ချိတ်ဆက်ခဲ့မှုကို ဖယ်ရှားပါ။
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ
ဝိုင်ဖိုင် ချိတ်ဆက်မှုကို ဖွင့်လိုက်သောအခါ သင်၏ ကွန်ပျူတာသည် သင် ယခင်က ချိတ်ဆက်ထားခဲ့သော မည်သည့် wifi ကွန်ရက်ကိုမဆို ရှာဖွေရန် ကြိုးစားသည်။ အခြေခံအားဖြင့်၊ သင့်ကွန်ပျူတာသည် ချိတ်ဆက်ခဲ့ဖူးသော ကွန်ရက်များကို ယခုချိတ်ဆက်နိုင်ခြင်းရှိမရှိစစ်ဆေးရန် ၄င်းကွန်ရက်များစာရင်းကို ဖွင့်ထားကြောင်းကို အသိပေးသည်။ အနီးနားတွင်ရှိသော စောင့်ကြည့်သူတစ်ဦးဦးသည် ဤအသိပေးခြင်းကို အသုံးပြုပြီး သင့်စက်ပစ္စည်းကို ဖော်ထုတ်နိုင်သည်။ အကြောင်းမှာ သင်ချိတ်ဆက်ခဲ့ဖူးသည့် ကွန်ရက်များစာရင်းသည် များသောအားဖြင့် မတူကွဲပြားတတ်သည်။ သင့်တွင် အနည်းဆုံး သင့်အိမ်ကွန်ရက်နှင့် သင့်ရုံးကွန်ရက်သို့ ချိတ်ဆက်ထားပြီး ဖြစ်နိုင်သည်၊ သူငယ်ချင်းများ၏အိမ်များ၊ အကြိုက်ဆုံး ကော်ဖီဆိုင်များ၊ စသည်ဖြင့် ကွန်ရက်များကို ဖော်ပြခြင်းမပြုပါနှင့်။ ဤလက်ဗွေနှင့်တူသော အထောက်အထားများသည် သင့်ဧရိယာအတွင်း လျှိုနေသူတစ်ဦးအတွက် သင့်စက်ပစ္စည်းကို ပစ်မှတ်ထားရန် သို့မဟုတ် သင်ရောက်ရှိခဲ့သည့်နေရာကို ဖော်ထုတ်ရန် လွယ်ကူစေသည်။
ဤသက်သေလိုက်နိုင်သည့်အရာမှ သင့်ကိုယ်သင် ကာကွယ်ရန်၊ သင့်စက်မှသိမ်းဆည်းထားသော wifi ကွန်ရက်များကို ဖျက်ပစ်ပြီး သင့်စက်အား ကွန်ရက်များကို မမှတ်မိစေရန် လုပ်ဆောင်ပါ။ ၎င်းသည် လျင်မြန်စွာ ချိတ်ဆက်ရန် ပိုမိုခက်ခဲစေလိမ့်မည်၊ သို့သော် ထိုအချက်အလက်များကို သင့်စကားဝှက်မန်နေဂျာတွင် သိမ်းဆည်းထားခြင်းသည် သင်လိုအပ်သည့်အခါတွင် ၎င်းကိုရယူနိုင်မည်ဖြစ်သည်။
သင်အသုံးမပြုနေချိန်တွင် မျှဝေခြင်းကိုပိတ်ထားပါ
- AirDrop အား
ပိတ်ထားပါ။
- အကယ်၍ သင်သည် AirDrop အား သင်၏ အဆက်အသွယ်များနှင့် မျှဝေရန်အသုံးပြုပါက AirDrop ၏ ဘေးရှိမြှားကို နှိပ်ကာ Contacts Only ကို ရွေးချယ်ထားသင့်သည်။ သင်၏ အချက်အလက်များ မမျှဝေလိုသူများအား အဆက်အသွယ်များစာရင်းမှ ဖယ်ရှားထားပါ။
- မတ်ထ်ကွန်ပျူတာရှိ"မျှဝေခြင်း" ပြင်ဆင်မှုများအတွက် လမ်းညွှန်ကို ဖတ်ရှုပါ။ သင်အသုံးမပြုသော ဝန်ဆောင်မှုများကို ပိတ်ပြီး သင်အသုံးပြုသောဝန်ဆောင်မှုများကိုစီမံခန့်ခွဲခြင်း (သင်သည် အလုပ်အတွက် မျက်နှာပြင်မျှဝေခြင်း သို့မဟုတ် မိတ္တူစက်မျှဝေခြင်း သို့မဟုတ် သီချင်းနားထောင်ရန် မီဒီယာမျှဝေခြင်းတို့ပြုလုပ်သော)အက်ပ်ပလီကေးရှင်းများကို စီမံခန့်ခွဲပါ။
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ
စက်ပစ္စည်းအများအပြားသည် ကျွန်ုပ်တို့အား ကျွန်ုပ်တို့ပတ်ဝန်းကျင်ရှိ အခြားသူများနှင့် ဖိုင်များ သို့မဟုတ် ဝန်ဆောင်မှုများကို အလွယ်တကူမျှဝေရန် ရွေးချယ်ခွင့်ပေးခြင်းသည် အသုံးဝင်သောအင်္ဂါရပ်တစ်ခုဖြစ်သည်။ သို့သော် အသုံးမပြုနေစဉ်အတွင်း ဤလုပ်ဆောင်ချက်ကို ဖွင့်ထားပါက၊ အန္တရာယ်ရှိသောသူများသည် သင့်စက်ပစ္စည်းရှိ ဖိုင်များကို ရယူရန် ၎င်းကို အသုံးချနိုင်သည်။
firewall တစ်ခုကိုသုံးပါ
- Firewall ကို အသုံးပြု၍ သင့် မတ်ထ်ကွန်ပျူတာ၏ ချိတ်ဆက်မှုများအား ပိတ်ပင်ခြင်းကို လေ့လာပါ။
- ကွန်ပျူတာအား ပိုမိုလုံခြုံမှုရှိစေရန် "stealth" လုပ်ဆောင်ချက်အား ဖွင့်ထားခြင်းအား ကျွန်ုပ်တို့ အကြံပြုပါသည်။Stealth လုပ်ဆောင်ချက်အကြောင်း မတ်အိုအက်စ်မှ တရားဝင်ရေးသားထားသော မှတ်တမ်း အား ကြည့်ရှုပါ။
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ
Firewall များသည် သင့်စက်အတွက် မလိုအပ်သော ဆက်သွယ်မှုများကို ရပ်တန့်စေသည့် လုံခြုံရေး ရွေးချယ်မှုတစ်ခုဖြစ်သည်။ မည်သူဝင်ရောက်နိုင်သည်ကို ဆုံးဖြတ်ရန် အဆောက်အအုံ၏ တံခါးဝတွင်ထားသော လုံခြုံရေးအစောင့်တစ်ဦးကဲ့သို့ပင်၊ Firewall သည် သင့်စက်မှ ဆက်သွယ်ရေးအဝင်အထွက်နှင့်ပတ်သက်သည့်အချက်အလက်များကို လက်ခံခြင်း၊စစ်ဆေးခြင်းများပြုလုပ်ပြီး ဆုံးဖြတ်ချက်များချပေးသည်။ အန္တရာယ်ရှိသောကုဒ်အား သင့်ကွန်ပျူတာတွင်းသို့ ဝင်ရောက်ရန်ကြိုးစားခြင်းမှ ကာကွယ်ရန် သင့်အား firewall ဖွင့်ရန် အကြံပြုအပ်ပါသည်။ ပုံသေ firewall တည်ဆောက်မှုသည် လူအများစုအတွက် လုံလောက်သော အကာအကွယ်ဖြစ်သင့်သည်။.
ထပ်တိုးကာကွယ်ရေးအကြံပြုချက်များ
- System Preferences > Spotlight > Search Results မှတစ်ဆင့်သွားကာ အနည်းဆုံး Contacts၊ Events & Reminders၊ Mail & Messages နှင့် Siri Suggestions များအား အမှန်ခြစ်ဖြုတ်ထားပါ။
- System Preferences > Spotlight > Privacy မှတစ်ဆင့် Spotlight မှ Apple သို့ မပေးပို့လိုသော ထိရှလွယ်သော ဖိုင်တွဲများကို သတ်မှတ်ထားနိုင်သည်။
- မတ်ထ်ကွန်ပျူတာတွင် ကိုယ်ရေးကိုယ်အချက်အလက်ကာကွယ်ခြင်း နှင့် လုံခြုံရေးအတွက် အကြံပြုထားသည်များကို ဖတ်ရှုပါ။
အဆင့်မြင့်: တစ်စုံတစ်ယောက်သည် သင့်ခွင့်ပြုချက်မရှိဘဲ သင့်စက်ပစ္စည်းကို ဝင်ရောက်အသုံးပြုခြင်းရှိမရှိသုံးသပ်ပါ (အခြေခံဒစ်ဂျစ်တယ်ဓာတ်ခွဲခန်းပညာ)
- လည်ပတ်မှုလုပ်ငန်းစဉ်များ၊ စတင်ချိန်တွင် ပရိုဂရမ်မိတ်ဆက်ခြင်း၊ လိုင်းချိတ်ဆက်မှု နှင့်kernel extensionsများအား ဖတ်ရှုပါ။
- OverSight၊ BlockBlockနှင့် KnockKnock ကို Objective-See.com ဖြင့်
ထည့်သွင်းရန်စဉ်းစားပါ။
- LuLu၊ DoNotDisturb၊ RansomWhere နှင့်ReiKey များသည်လည်းအသုံးဝင်နိုင်ပါသည်။
- အကယ်၍ သင့်သည် Apple T2 Security Chip ပါဝင်သော မတ်ထ်ကွန်ပျူတာကို အသုံးပြုနေပါက Security Utility အား ဖွင့်ထားရန် နှင့် Secure Boot ကို Full Security သို့ သတ်မှတ်ထားကြောင်း သေချာပါစေ။
- အကယ်၍ သင်သည် Apple silicon ပါဝင်သော မတ်ထ်ကွန်ပျူတာကို အသုံးပြုနေပါက Security Policy တွင် Full Security သို့ပြောင်းလဲရန် ပြင်ဆင်နည်းများတွက် လေ့လာပါ။
- အကယ်၍ သင့်စက်ပစ္စည်းသည် ဖောက်ထွင်းခံရပြီဟု သံသယရှိပါက Digital First Aid Kit troubleshooter တွင် ပါဝင်သော အဆင့်များကို လိုက်နာပါ။ ကျွန်ုပ်၏ စက်သည် သံသယရှိစရာကောင်းသည်များ လုပ်ဆောင်နေသည်။
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ
တစ်စုံတစ်ယောက်သည် သင့်စက်ပစ္စည်းများ၊ ဖိုင်များ၊ သို့မဟုတ် ဆက်သွယ်ရေးများကို ဝင်ရောက်အသုံးပြုသည့်အခါ အမြဲတမ်းသိသာထင်ရှားနိုင်မည်မဟုတ်ပေ။ ဤထပ်တိုး အကြံပြုချက်များ နှင့် စစ်ဆေးရန်စာရင်းများသည် သင့်စက်ပစ္စည်းများကို ကမောက်ကမဖြစ်စေခြင်းရှိမရှိကို ပိုမိုထိုးထွင်းသိမြင်စေနိုင်ပါသည်။