ရုပ်ပိုင်းဆိုင်ရာခြိမ်းခြောက်မှုမှ ကာကွယ်ခြင်း

နောက်ဆုံးပြင်ဆင်ထားသော25 June 2021

မာတိကာ

...မာတိကာ စတင်နေသည်...

    We do a lot of digital work to protect sensitive information. But that is only one aspect of information security. The work you do to protect your valuable devices and documents can be undone in an instant if your devices are lost, stolen, tampered with, confiscated, or damaged. Planning for physical security is as important as protecting your devices digitally.

    အန္တရာယ်ကို ဂရုတစိုက် ဆန်းစစ်ခြင်း ၊ ကွန်ပျူတာဖြင့် အလုပ်လုပ်နေသည့် ပတ်ဝန်းကျင်အား လုံခြုံမှုရှိမရှိ အမြဲစစ်ဆေးခြင်းနှင့် လုံခြုံရေးမူဝါဒတစ်ခု ရေးသားခြင်းတို့သည် ရုပ်ပိုင်းဆိုင်ရာ ဘေးအန္တရာယ်များကို ရှောင်ရှားရန် အထောက်အကူပြုနိုင်ပါသည်။ အဖွဲ့အစည်းတစ်ခုအချိန်ပြည့် အလုပ်မလုပ်လျှင်ပင် သင်ကိုယ်တိုင်၊ သင့်အိမ်ထောင်စုနှင့် သင်နှင့်အတူအလုပ်လုပ်နေသူများအတွက် လမ်းညွှန်ချက်များနှင့် တုံ့ပြန်မှုအစီအစဉ်များကို ရေးသားထားခြင်းသည် ကောင်းမွန်သည့် အကြံဉာဏ်တစ်ခုဖြစ်သည်။

    ရာဇဝတ်သားများနှင့် နိုင်ငံရေးအရ ဦးတည် တိုက်ခိုက်သူများသည် သင့်ဒေတာကို ပစ်မှတ်ထားရန် အကြောင်းပြချက်များ ရှိနိုင်ပါသည်။ ၎င်းတို့သည် သင့်အလုပ်နှင့် သက်ဆိုင်သည့် ထိခိုက်လွယ်သော အချက်အလက် သို့မဟုတ် ငွေကြေးဆိုင်ရာ အချက်အလက်များ၊ သင့်အားခြိမ်းခြောက်ရန် သို့မဟုတ် အယောင်ဆောင်ရန် အသုံးပြုနိုင်သည့် ကိုယ်ရေးကိုယ်တာအသေးစိတ်အချက်အလက်များကို ရှာဖွေနေပေမည်။ အခြားသူများထံမှ ရရှိသောအချက်အလက်များ - ဥပမာ - အဆက်အသွယ်လိပ်စာစာရင်း၊ အင်တာဗျူးများ၊ ခံဝန်များ။ ရာဇဝတ်မှုနှင့် နိုင်ငံရေးတိုက်ခိုက်မှုများသည် မကြာခဏ ခွဲခြားရခက်ပြီး ထိခိုက်လွယ်သော အချက်အလက်များကို ရယူရန် ကြိုးပမ်းမှုများသည် အဖိုးတန် ဟာ့ဒ်ဝဲများကို ခိုးယူရန် ကြိုးပမ်းမှုများနှင့် တူပါသည်။

    When planning your protection it is important to always consider the wellbeing aspect of all the people involved. See Resources for Wellbeing & Stress Management.

    သင်၏ ရုပ်ပိုင်းဆိုင်ရာ အကာအကွယ်ကို လုပ်ဆောင်နေချိန်တွင် လုပ်ငန်းစဉ်ထဲတွင် ထိခိုက်လွယ်သော အချက်အလက်များစွာကို ဖလှယ််ခြင်းနှင့် သိမ်းဆည်းခြင်းများ ပြုလုပ်ရန် လိုအပ်ပါသည်။ သင်၏ထိခိုက်လွယ်သော သတင်းအချက်အလက်ကာကွယ်ပါ နှင့် သင်၏အွန်လိုင်းဆက်သွယ်ရေးအားလုံခြုံအောင်ကာကွယ်ခြင်း.

    ရုပ်ပိုင်းဆိုင်ရာလုံခြုံရေးအစီအစဉ်အားမြှင့်တင်ရန် အောက်ပါအဆင့်များဖြင့်စတင်ပါ။

    ဈေးနည်းပြီး နည်းပညာရိုးရှင်းသည့် လုံခြုံရေးအစီအမံများကို စဉ်းစားပါ

    • ရုပ်ပိုင်းဆိုင်ရာလုံခြုံရေးအတွက် ဘတ်ဂျက်ငွေသည် အရေးကြီးသော်လည်း ငွေသည် အကာအကွယ်ရရှိနိုင်သည့် တစ်ခုတည်းသောနည်းလမ်းမဟုတ်ပါ။ သင်၏လုပ်ဆောင်ချက်များ၊ လုပ်ထုံးလုပ်နည်းများ၊ အဖွဲ့လိုက်လုပ်ဆောင်မှု၊ ပြင်ဆင်မှု၊ စီစဉ်မှု၊ လေ့ကျင့်မှု၊ အချိန်နှင့် သင်ယူမှုအားလုံးသည် အခမဲ့ ဖြစ်သည်။
    • နည်းပညာရိုးရှင်းပြီး ဖန်းတီးနိုင်စွမ်းရှိသည့်အကာကွယ်ဆိုင်ရာဖြေရှင်းနည်းများကိုစဉ်းစားကြည့်ပါ၊ ခွေးတစ်ကောင်သည် နောက်ဆုံးပေါ် စောင့်ကြည့်ကင်မရာကဲ့သို့ အချက်ပေးကောင်းတစ်ခု ဖြစ်နိုင်သည်။ ဂျပန်ရဲတိုက်များသည် ကျူးကျော်သူများကို ရှာဖွေရန် ရည်ရွယ်ချက်ရှိရှိဖြင့် အသံမြည်သည့်ကြမ်းပြင်များကို အသုံးပြုထားသည်။
    • မတူညီကွဲပြားသည့် လုံခြုံရေးဆိုင်ရာအစီအမံများစွာကိုစီစဉ်ပါ။ ကျစ်ကြိုးတစ်ချောင်းကဲ့သို့ ကြိုးရဲ့ချည်မျှင်တွေများလေလေ ကြိုးက ပိုသန်မာလေဖြစ်ပါသည် ။
    ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

    အမြဲတမ်း လုံခြုံရန် အဆင့်မြင့်နည်းပညာသုံး၍ ဖြေရှင်းရန် မလိုအပ်ပါ။ သင်၏ဘိုးဘေးများကို တွေးကြည့်ပါ နောက်ဆုံးပေါ် အီလက်ထရွန်းနစ် အချက်ပေးစနစ်များ လုံခြုံသောစတီးလ်တံခါးများ မရှိပဲ ၊ စောင့်ကြည့်ကင်မရာများမပါဘဲ ၊ လျှပ်စစ်မီးမရှိဘဲ လုံခြုံစွာနေခဲ့သည်။ ဤလုံခြုံရေး အခြေခံမူများသည် မပြောင်းလဲပါ။

    If you can’t buy the latest fire extinguisher, what else could you use to douse a fire? Sand, mud, or woollen blankets are all measures people have used in the past. Rather than saying "I can’t buy the latest fire extinguishers, therefore I can’t put out a fire," improvise, be creative, and find the logic behind the recommended security steps.

    မတူညီသော လုံခြုံရေးအစီအမံများစွာကို အသုံးပြုခြင်းအား "ထိရောက်စွာ ခုခံမှု" ဟုခေါ်သည်။ အစီအမံတစ်ခုစီသည် ရှုံးနိမ့်နိုင်သည် သို့မဟုတ် ကျရှုံးနိုင်သော်လည်း အဆိုပါအစီအမံများ၏ ပေါင်းစပ်မှုက သင့်ကို ပိုမိုကာကွယ်ပေးသည်။ သင့်တွင် အလွှာများ များလေလေ သင်၏ လုံခြုံရေး အစီအစဉ် အားကောင်းလေ ဖြစ်သည်။

    မိသားစု ၊ လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးမူဝါဒတစ်ခု ဖန်တီးပါ

    • အကယ်၍ သင်သည် အခြားသူများနှင့် နေထိုင်ပါက သို့မဟုတ် အခြားအဖွဲ့အစည်းတစ်ခုနှင့် ရုံးခန်းတစ်ခု မျှနေရပါက လုံခြုံရေးအကြောင်း ၎င်းတို့နှင့် ဆွေးနွေးပါ။ တစ်ယောက်နဲ့တစ်ယောက် သို့မဟုတ် ဧည့်သည်များဆီမှ မည်သို့သောအပြုအမူများ မျှော်လင့်နိုင်သည်ဆိုသည်ကို ကြိုးစား ဆုံးဖြတ်ပါ။
    • သင့်အိမ်နီးနားချင်းများနှင့် သိအောင်လုပ်ပါ ။ သင်အလုပ်လုပ်သော နေရာရှိ လုံခြုံရေးအခြေနေပေါ် မူတည်ပြီး ၎င်းသည် အကူအညီများ ပေးနိုင်သည် :
      • အိမ်နီးနားချင်းများသည် သင့်အိမ် သို့မဟုတ် ရုံးကို စောင့်ကြည့်ရန် ကူညီပေးနိုင်သည့် မဟာမိတ်များ ဖြစ်လာနိုင်သည်။
      • မဟုတ်လျှင် သင့်အိမ်နီးချင်းများသည် သင်ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည့် အလားအလာရှိသော ခြိမ်းခြောက်မှုစာရင်းတွင် ပါဝင်နေသောအရာတစ်ခု ဖြစ်လာပါလိမ့်မည်။
    • လုံခြုံရေးမူဝါဒအတွက် အလုပ်လုပ်ရန် အချိန်ဖယ်ထားပါ။
      • လုပ်ဖော်ကိုင်ဖက်များအနေဖြင့် ပါဝင်နိုင်စေရန် ၎င်းတို့နှင့် ပူးပေါင်းပါ ။
      • အိမ်တွင် လုံခြုံစေရန်အတွက် အစီအစဉ်များပြုလုပ်သည့်အခါ မိသားစုဝင်များနှင့်လည်း ညှိနှိုင်းဆောင်ရွက်ပါ။
      • လူတိုင်း ဘာလုပ်သင့်သလဲ နှင့် ဘာကြောင့်လဲ ဆိုသည်ကို မေးခွန်းများ မေးနိုင်ရန် ၎င်းတို့အနေဖြင့် အချိန်ရှိပါစေ။
      • သင့်လုပ်ဖော်ကိုင်ဖက်များ သို့မဟုတ် မိသားစုဝင်များအနေဖြင့် ၎င်းတို့သည် မူဝါဒအပေါ် လိုက်နာလုပ်ဆောင်နိုင်စွမ်းရှိကြောင်း သေချာစေရန်နှင့် ၎င်းကိုရရှိနိုင်ကြောင်း သေချာစေရန်အတွက် ပံ့ပိုးကူညီရန် လိုအပ်သည်များကို ဆုံးဖြတ်ပါ။
    • မူဝါဒကို ပြန်လည်ကြည့်ရှုရန် ရက်သတ်မှတ်ပါ။
    • Set dates for regular security and protection capacity building.
    • မတော်တဆဖြစ်ရပ်များအတွက် အချက်အလက်မျှဝေခြင်းဆိုင်ရာ လုံခြုံရေးအကျဉ်းချုပ် လုပ်ငန်းစဉ်များနှင့် မျှော်မှန်းချက်များကို ချမှတ်ပါ။
    • သင့်မူဝါဒစာရွက်စာတမ်းများကို လျင်မြန်စွာရယူနိုင်သောနည်းလမ်းများဖြင့် သိမ်းဆည်းထားပြီး အရန်သိမ်းဆည်းမှု ပြုလုပ်ပါ။
    • မူဝါဒအရ သင့်အဖွဲ့အစည်းသို့ အသစ်ရောက်ရှိလာသူများကို သင်မည်ကဲ့သို့ မိတ်ဆက်မည်ကို အစီအစဉ်ဆွဲပါ။
    • လုံခြုံရေးမူဝါဒကို မည်သို့ဖန်တီးရမည်ကို လက်တွေ့ကျသော အကြံဉာဏ်ရယူရန် Front Line Defenders ၏ လုံခြုံရေးဆိုင်ရာ အလုပ်စာအုပ် ကို ကြည့်ပါ။
    ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

    Emergencies often impact our ability to think clearly. For this reason, it is a good idea to write up your plans for security in a policy document and revise it as your situation changes. Work on this document with your colleagues and/or family to make sure everyone knows what to do. This will take some time, but doing it in advance ensures everyone will know how to act on small but important details.

    အရေးပေါ်အခြေအနေအတွက် ဆက်သွယ်ရေးအစီအစဉ်ထားရှိပါ

    သင်၏ အိမ်နှင့်ရုံး နှစ်ခုစလုံးအတွက် အစီအစဉ်တစ်ခုထားရှိရန် အရေးကြီးပါသည်။အောက်ပါအချက်အလက်များကို ထည့်သွင်းစဉ်းစားပါ -

    • သင့်မိတ်ဆွေများနှင့် ထောက်ခံသူအသိုင်းအဝိုင်းထဲတွင် သင့်အား လာရောက်ကူညီနိုင်မည့်သူ မည်သူရှိပါသလဲ။
    • Emergency contacts and medical conditions of staff.
    • မီးဘေး ၊ ရေဘေး သို့မဟုတ် သဘာဝ ဘေးကိစ္စရပ်များအတွက် မည်သူကို ဆက်သွယ်ရမည်နည်း ။
    • ဖောက်ထွင်းမှု သို့မဟုတ် ရုံးခန်းသို့ ဝင်ရောက်စီးနင်းမှုအား မည်သို့တုံ့ပြန်မည်နည်း။
    • စက်ပစ္စည်းပျောက်ဆုံးသွားပါက သို့မဟုတ် ခိုးယူခံရပါက မည်သို့လုပ်ဆောင်ရမည်နည်း။
    • ထိခိုက်လွယ်သော အချက်အလက်များကို ထုတ်ဖော်မိခြင်း သို့မဟုတ် နေရာလွဲမှားထားမိခြင်းဖြစ်ပါက မည်သူကို အကြောင်းကြားသင့်သနည်း။
    • သင့်ရဲ့ ဆိုက်ပြင်ပ အရန်သိမ်းဆည်းခြင်း စနစ်မှ သတင်းအချက်အလက်ကို မည်ကဲ့သို့ ပြန်လည်ရယူမည်နည်း ။
    • အရေးကြီးသော အရေးပေါ် ပြုပြင်မှုများကို မည်သို့လုပ်ဆောင်ရမည်နည်း။
    • လျှပ်စစ်ဓာတ်အား၊ ရေနှင့်အင်တာနက်အသုံးပြုမှုကဲ့သို့သော ဝန်ဆောင်မှုပေးသည့် အဖွဲ့အစည်းများနှင့် မည်သို့ဆက်သွယ်ရမည်နည်း။

    What goes in your plan? Assess the risks and vulnerabilities you face

    • သင့်အချက်အလက်များသည် မည်ကဲ့သို့ ပျောက်ဆုံးသွားနိုင် သို့မဟုတ် ကျိုးပေါက် သွားနိုင်မည်နည်း ?
    • ထိုသို့ဖြစ်လျှင် မည်သည်တို့ဖြစ်လာမည်နည်း ?
    • မည်သည့်စက်ပစ္စည်းများကို သင်အသုံးပြုသနည်း ?
      • စာရင်းတစ်ခုပြုလုပ်ပါ။
      • အမှတ်စဉ်နံပါတ်များနှင့် ရုပ်ပိုင်းဆိုင်ရာဖော်ပြချက်များကို ပါဝင်ထည့်သွင်းပါ။
      • မည်သည့် စက်ပစ္စည်းများသည် မည်သည့်ဝန်ဆောင်မှုများနှင့်ချိတ်ဆက်ထားသည် (ဥပမာ ဆိုရှယ်မီဒီယာအကောင့်၊ အဝေးထိန်း ပြက္ခဒိန်များ၊ အီးမေးလ်အကောင့်များ၊ cloud ဖိုင်သိုလှောင်မှု စသည်တို့ကို ) ပါဝင်ထည့်သွင်းပါ။
    • ဤအရာများသည် ရုပ်ပိုင်းဆိုင်ရာအရ မည်သည့်နေရာတွင် ရှိနေသနည်း?
      • ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားပါ- ရုံးတွင် သို့မဟုတ် အိမ်တွင်ရှိသောသတင်းအချက်အလက်မဟုတ်ဘဲ တစ်စုံတစ်ယောက်၏ ခရီးဆောင်အိတ်ထဲတွင် အမှိုက်ပုံးထဲတွင် သို့မဟုတ် "အင်တာနက်ပေါ်ရှိတစ်နေရာရာ" တွင် (ဆိုလိုသည်က အင်တာနက်ဝန်ဆောင်မှုပေးသူများ၊ ဆိုရှယ်မီဒီယာကုမ္ပဏီများက လည်ပတ်နေသည် server များ သို့မဟုတ် မသိသည့် အရပ်က လူများ။) ရှိနိုင်သည်များကို ။
    • အလုပ်အတွက် ကိုယ်ပိုင်စက်ပစ္စည်းများကို အသုံးပြုသူများအပေါ် သင့်ချမှတ်မည့်မူဝါဒက မည်သည်ဖြစ်မည်နည်း?
    • မည်သည့်ဆက်သွယ်ရေးလမ်းကြောင်းများကို သင်အသုံးပြုသနည်း၊ ၎င်းတို့ကို သင်မည်ကဲ့သို့အသုံးပြုသနည်း?
      • ဥပမာများအနေဖြင့် စာများ၊ ဖက်စ်များ၊ မိုဘိုင်းစက်ပစ္စည်းများ၊ လိုင်းဖုန်းများ၊ အီးမေးလ်များ၊ ဗီဒီယိုခေါ်ဆိုမှုများ၊ ဆိုရှယ်မီဒီယာနှင့် လုံခြုံသော စာတိုပေးပို့ခြင်း ပလက်ဖောင်းများ ပါဝင်သည်။
    • အရေးကြီးပြီး ထိလွယ်ရှလွယ်သောသတင်းအချက်အလက်များကို သင်မည်သို့ သိမ်းဆည်းသနည်း?
      • ကွန်ပျူတာ hard drive များ၊ အီးမေးလ်နှင့် ဝက်ဘ်ဆာဗာများ၊ USB memory stick များ၊ ပြင်ပ hard drive များ၊ စီဒီများ၊ ဒီဗီဒီများ၊ မိုဘိုင်းလ်ဖုန်းများ၊ ပုံနှိပ်စာရွက်နှင့် လက်ရေးမှတ်စုများသည် ဒေတာသိမ်းဆည်းခြင်း၏ ဘုံနည်းလမ်းအလုံးစုံ ဖြစ်သည်။
        • ကိစ္စရပ်တစ်ခုစီတွင် ဒေတာများကို ဝှက်စာပြုလုပ်ထားခြင်း ရှိ၊ မရှိ ၊ အရန်သိမ်းဆည်းထားခြင်း ရှိ ၊ မရှိ၊ နှင့် မည်သည့်နေရာတွင် ပြုလုပ်ထားခြင်း ၊ ၎င်းဝှက်စာစနစ်များကို ပြန်ဖွင့်ရန် လိုအပ်သော သော့များ သို့မဟုတ် စကားဝှက်များသို့ မည်သူဝင်ရောက်ခွင့်ရှိသည်နှင့် ပတ်သက်သည့် အချက်အလက်များကို သင့်အစီအစဉ်တွင် ထည့်သွင်းပါ။
      • သင့်စက်ပစ္ဏည်းမှ ထိရှလွယ်သော ဖိုင်များကို ကာကွယ်ပါ တွင် သင့်စက်ပစ္စည်းအား ရရှိသွားသည့် မည်သူမဆို သင့်ဖိုင်များသို့ ဝင်ရောက်ခွင့်ကို ရပ်တန့်ရန် သင့်စက်ပစ္စည်းများကို ဝှက်စာစနစ်ပြုလုပ်ခြင်းနှင့် မျက်နှာပြင် lock များ ပြင်ဆင်ထားရှိခြင်းဆိုင်ရာ အခြေခံလုံခြုံရေးလမ်းညွှန်များ ကို ကြည့်ပါ။
    • ထိခိုက်လွယ်သောဒေတာကို သင်မလိုအပ်တော့သည့်အခါ မည်ကဲ့သို့ဖျက်မည်နည်း။
      • ထိလွယ်ရှလွယ်သည့်သတင်းအချက်အလက်များပါရှိသော စက္ကူအမှိုက်များကို သင်မည်ကဲ့သို့ လုံခြုံစွာစွန့်ပစ်မည်နည်း?
      • သင်စွန့်ပစ်လိုသော /ဖယ်ရှားလိုသော စက်ပစ္စည်းများမှ ထိခိုက်လွယ်သော အချက်အလက်များကို သင်မည်သို့ ဖယ်ရှားမည်နည်း ?
    • ခရီးသွားလာရေးအတွက် ထားရှိသည့် သင့်အစီအစဉ်က မည်သည်နည်း ?
      • သင်၊ သင့်လုပ်ဖော်ကိုင်ဖက်များနှင့် မိသားစုဝင်များသည် အခြေအနေအမျိုးမျိုးတွင် လူဝင်မှုကြီးကြပ်ရေးနှင့် နယ်စပ်လုံခြုံရေးဝန်ထမ်းများနှင့်ဆက်ဆံရပါက မည်သို့တုံ့ပြန်မည်နည်း ?
      • ရာဇဝတ်မှုမြောက်သည်ဟု ထင်မြင်ယူဆနိုင်သည့် ထိရှလွယ်သော အချက်အလက် သို့မဟုတ် ဆော့ဖ်ဝဲအားလုံးကို သင် မည်သို့ကိုင်တွယ်မည်နည်း ?
      • ခရီးသွားအာမခံ နှင့် ပတ်သက်သည့် အချက်အလက်များရှိရင် မည်သည်များ လိုအပ်မည်နည်း ?
      • ခရီးသွားလာနေကျမဟုတ်သည့်သူနှင့် ပူးပေါင်း၍ အချိန်ကိုက်ကြိုတင်စီစဉ်ထားပြီး check in ပြုလုပ်ခြင်းက သင့်လုံခြုံရေးကို ပိုမိုကောင်းမွန်စေမှာလား ?
      • လုပ်ဖော်ကိုင်ဖက်တစ်ဦးသည် စီစဉ်ထားသည့်အတိုင်း Check-in ဝင်ရောက်ရန် ပျက်ကွက်ပါက သင်မည်သို့ လုပ်ဆောင်မည်နည်း ?
    • မတူညီသည့် အရေးပေါ်အခြေအနေမျေားတွင် သင်မည်သို့လုပ်ဆောင်မည်နည်း?
      • ဖိအားများသည့်အခြေအနေများအောက်တွင် ပိုမိုလွယ်ကူစွာလုပ်ဆောင်နိုင်စေရန် ရိုးရှင်းသော စစ်ဆေးမှုစာရင်းများကို ပြုလုပ်ပါ။
      • တရားရေးဆိုင်ရာ ပံ့ပိုးကူညီမှုရရှိရေးအတွက် အချက်အလက်များကို ထည့်သွင်းပါ။
      • သင့်အိမ် သို့မဟုတ် ရုံးခန်းသို့ ဝင်ရောက်ရန် ကြိုးစားမည့် ဥပဒေအရာရှိများ၊ အိမ်ပိုင်ရှင်များနှင့် အခြားသူများကို ချေပနိုင်ရန် သင့်တွင် မည်သည့် ဥပဒေ အကာအကွယ်များ ရှိသည်ကို ရှာဖွေပါ။
    ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

    ခိုးမှု၊ ဘေးအန္တရာယ် သို့မဟုတ် သိမ်းဆည်းခံရမှုကြောင့် သင့်စက်ပစ္စည်းများနှင့် စာရွက်စာတမ်းများ ဆုံးရှုံးပျောက်ဆုံးပါက မည်သို့ဖြစ်မည်ကို စဉ်းစားပါ။ မည်သူတို့ ထိခိုက်မည်နည်း ? သင့်အလုပ်ကို ဆက်လုပ်နိုင်မည်လား။ အမျိုးမျိုးသောအန္တရာယ်များကို တွေးတောစဉ်းစားခြင်းဖြင့် သင့်အလုပ်အပေါ် ၎င်းတို့၏ အကျိုးသက်ရောက်မှုကို လျော့နည်းစေရန် လုပ်ဆောင်နိုင်မည်ဖြစ်သည်။

    သင့်အချက်အလက်များ၏ မည်သည့်အပိုင်းသည်ပင်မဆို လမ်းကြောင်းတစ်ခုထက်ပို၍ ထိခိုက်လွယ်နိုင်သည်။ ဥပမာအားဖြင့် USB memory stick တွင် သိမ်းဆည်းထားသော ဖိုင်များသည် သူခိုးဆော့ဖ်ဝဲလ် ပါရှိနိုင်သည့် အားနည်းချက်ဖြစ်နိုင်သော်လည်း stick ပျောက်ဆုံးသွားခြင်း သို့မဟုတ် ၎င်းကို ခိုးယူသွားနိုင်သည့် အကြောင်းအရာများလည်း ရှိနိုင်သည်။ ဤဖြစ်နိုင်ချေများအားလုံးကို သင့်အစီအစဉ်တွင် ထည့်သွင်းပါ။ သင့်လုံခြုံရေးကို ကာကွယ်ရန် သင်လုပ်ဆောင်သော အချို့အဆင့်များဖြစ်သည့် သင့်ရုံးတွင်မရှိသော စက်ပစ္စည်းသို့ သင့်ဖိုင်များကို အရန်သိမ်းဆည်းမှုပြုလုပ်ခြင်းစသည့်လုပ်ဆောင်ချက်များသည် ဒစ်ဂျစ်တယ်နှင့် ရုပ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုများကို တွန်းလှန်ရာတွင် အထောက်အကူဖြစ်စေပါသည်။

    အလုံးစုံ "မှန်ကန်သော" မူဝါဒဟူ၍ မရှိပါ၊ သင့်အား ကူညီမည့်မူဝါဒသည် သင့်အခြေအနေအပေါ် မူတည်ပါသည်။ ဥပမာအားဖြင့် သင်သည် ရုံးပြင်ပသို့ စက်ပစ္စည်းများကို သယ်ဆောင်သည့်အခါ မည်သို့လုပ်ဆောင်ရမည်ကို ဆုံးဖြတ်ချက်ချပါက သင်သည် ပိုမိုတိကျသောအချက်အား လိုချင်ပေမည်။ သင့်အနေဖြင့် မြို့အတွင်းတွင်သွားလာနေရသူများအတွက် မူဝါဒချမှတ်ရန် လိုအပ်ပါသလား ? နယ်စပ်ကိုဖြတ်ပြီး ခရီးသွားဖို့အတွက် မူဝါဒလိုအပ်ပါသလား ? တခြားတစ်ယောက်ယောက်က သင့်အိတ်ကို သယ်လာမည်လား ? သင်ဆန္ဒပြမှုတစ်ခုသို့ သွားလျှင်ယူဆောင်သွားသည့် စက်ပစ္စည်းအန္တရာယ်သည် တစ်ခုနဲ့ တစ်ခု ကွာခြားပါသလား?

    ရုံးတွင် ဝင်ရောက်အသုံးပြုနိုင်မည့် မူဝါဒကို ဖန်တီးပါ

    • သင့်မူဝါဒတွင် သော့ခွဲဝေမှု၊ ကင်မရာများ နှင့် အချက်ပေးစနစ်များကဲ့သို့ စောင့်ကြည့်စနစ်များ ၊ ပစ္စည်းပေးပို့နေသူများ၊ သင့်စနစ်များ သို့မဟုတ် သင့်နေရာကို ပြုပြင်ခြင်း ပြင်ဆင်ခြင်း နှင့် သန့်ရှင်းရေး ပြုလုပ်သူများနှင့် ပတ်သက်သည့် စည်းမျဉ်းများ ပါဝင်သင့်သည်။
    • သင့်ရုပ်ပိုင်းဆိုင်ရာလုံခြုံရေးတွင် အောက်ပါအဆင့်များပါရှိသည်ဟု ယူဆကာ ၎င်းတို့တစ်ခုချင်းစီ၏ ကာကွယ်မှုအတွက် အစီအစဉ်ဆွဲပါ:
      • သင့်ဆိုက်၏ နံရံများ သို့မဟုတ် ခြံစည်းရိုးများ
      • နံရံ/ခြံစည်းရိုးများနှင့် သင့်အဆောက်အဦး၏ တံခါးများနှင့် ပြတင်းပေါက်များကြား
      • သင့်အဆောက်အအုံ အတွင်း
      • နောက်ဆုံးအနေဖြင့် ထိုအဆောက်အအုံအတွင်းတွင် လုံခြုံသောအခန်းတစ်ခုရှိပြီး အခြားအလွှာများ ဖောက်ဖျက်ခံရပါက သင့်၏ ဘေးလွတ်ရာသို့ ပြောင်းလဲမည့် အစီအစဉ်။
    • သင့်နေရာ၏မည်သည့်အပိုင်းများကို ဧည့်သည်များလာရောက်ရန် ကန့်သတ်သင့်သည်ကို ဆုံးဖြတ်ပါ။
    • ဖြစ်နိုင်လျှင် ပိုမိုကောင်းမွန်သော ကိုယ်ရေးကိုယ်တာနှင့် လုံခြုံရေးအတွက် အခန်းများကို အစီစဉ်ချပါ:
      • ရုံးသို့ဝင်ရောက်သည့်အခါ ဧည့်သည်တွေ့ဆုံနိုင်မည့် ဧည့်ကြိုဧရိယာတစ်ခု ဖန်တီးပါ
      • သင်၏ ပုံမှန်အလုပ်နေရာနှင့် သီးခြားဖြစ်သော အစည်းအဝေးခန်းတစ်ခု ဖန်တီးပါ။
      • သင့်အိမ်အပြင်တွင် အလုပ်လုပ်ပါက၊ ဧည့်သည်များနှင့်တွေ့ဆုံသည့်အခါတွင် စာရွက်စာတမ်းများနှင့် ပစ္စည်းကိရိယာများကို အိပ်ခန်း သို့မဟုတ် အခြားသီးသန့်နေရာတစ်ခုသို့ ရွှေ့ရန် လိုအပ်ပါသည်။
    • Apple၊ Google၊ Samsung၊ Sony အစရှိသည့် နာမည်ကြီးပြီး ယုံကြည်ရသော ရောင်းချသူများထံမှ စက်ပစ္စည်းများကို ဝယ်ယူရန် စဉ်းစားပါ။ နာမည်မရှိသော အမှတ်တံဆိပ်များဖြစ်သော စက်ပစ္စည်းများသည် သူခိုးဆော့ဖ်ဝဲအား ကြိုတင်ထည့်သွင်းထားနိုင်ပြီး လုံခြုံရေးမြင့်တင်မှုများ ကင်းမဲ့နိုင်သောကြောင့် ၎င်းပစ္စည်းတို့အား ဝယ်ယူခြင်းကို ရှောင်ကြဉ်ပါ။
    • သင့်မိတ္တူစက်များ၊ မော်နီတာများ၊ ပရိုဂျက်တာများနှင့် အခြားစက်ပစ္စည်းများတွင် USB၊ ethernet သို့မဟုတ် အခြားပလက်ပေါက်များ ရှိနိုင်ဖွယ်ရှိသည်။ ၎င်းတို့ကို လက်လှမ်းမမီသော သို့မဟုတ် အများသူငှာနေရာနှင့် ဝေးရာတွင်ထားပါ၊ ထိုသို့ပြုလုပ်ခြင်းဖြင့် သင့်အား ထောက်လှမ်းနိုင်မည့် မည်သူမျှ စက်ပစ္စည်းကို ထည့်သွင်း၍ မရနိုင်ပါ။
    ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

    ကျွန်ုပ်တို့သည် ဒစ်ဂျစ်တယ်ခြိမ်းခြောက်မှုများကို နည်းပညာပိုင်းအရသာ စဉ်းစားလေ့ရှိသည်။ သို့သော် ဟက်ကာများသည် "လူမှုရေးအင်ဂျင်နီယာပညာ" ကို တွေးတောခြင်း သို့မဟုတ် သင်၏ ဒစ်ဂျစ်တယ် အဖိုးတန်အရာများအားရယူရန် ၎င်းတို့၏ကိရိယာတန်ဆာပလာ တစ်စိတ်တစ်ပိုင်းအနေဖြင့် သင့်စက်ပစ္စည်းများအနီးရှိ ရုပ်ပိုင်းဆိုင်ရာနေရာများတွင် ထားရှိစေပြီး သင့်အားစည်းရုံးခြင်း ဖြစ်သည်။သင့်နေရာ၏ မည်သည့်အစိတ်အပိုင်းများကို ဝင်ရောက်နိုင်သနည်း ၊ မည်သည်ကြောင့် ဝင်ရောက်နိုင်သနည်း စသည့်မူဝါဒတစ်ခုထားရှိခြင်းနှင့် ၎င်းမူဝါဒအား ချိုးဖောက်ခံရခြင်းမှကာကွယ်ထိန်းသိမ်းနိုင်ရန် မည်ကဲ့သို့လုပ်ဆောင်မည်ကို တွေးတောစဉ်းစားထားခြင်းသည် ထိုကဲ့သို့သောအကြောင်းအရာများဖြစ်နိုင်ခြေအား ထိန်းချုပ်ကန့်သတ်နိုင်မည် ဖြစ်သည်။

    သင့်အိမ်နှင့် ရုံးပြင်ပတွင် အလုပ်လုပ်သည့်အခါ

    • အများပြည်သူသုံး WiFi နှင့် အင်တာနက်ဆိုင်များသည်မလုံခြုံဟု ယူဆသင့်သည်။
    • လပ်တော့ ထည့်သည့် အိတ်နှင့်မတူသောအရာကို အသုံးပြု၍ သင့် လပ်တော့ ကိုသယ်ဆောင်ရန် စဉ်းစားပါ။
    • စက်ပစ္စည်းများကို အမြဲတမ်း သင့်အနီးတွင်ထားပါ။ ဥပမာ အားသွင်းသည့်အခါ သင့်စက်ပစ္စည်းကို သင်မြင်ကွင်းကွယ်တွင် မသွင်းပါနှင့်။
    • လုံခြုံရေးကေဘယ်ကြိုးဆောင်ယူပြီး ခရီးသွားရန် စဉ်းစားပါ ၊ ထို့ကြိုးများ တွဲခိုအသုံးပြုနိုသည့် အရာများအနီးရှိ အလုပ်နေရာများကို ရှာဖွေပါ။ သူခိုးများသည် ဟိုတယ်ခန်းများနှင့် ကော်ဖီဆိုင်များမှ ပိုင်ရှင်မဲ့ပစ္စည်းများကို ခိုးယူရန် ထမင်းစားချိန်နှင့် သန့်စင်ခန်းသွားသည့်အချိန်များကို မကြာခဏ အသုံးချတတ်ကြသည်။
    • မာစတာသော့ပါရှိသော ဟိုတယ်ဝန်ထမ်းများသည် လုံခြုံစိတ်ချရသော ငွေထည့်သေတ္တာများကို သုံးစွဲနိုင်သည်ကို မမေ့ပါနှင့်။

    စောင့်ကြည့်ကင်မရာများနှင့် လှုပ်ရှားမှုဆင်ဆာများကိုအသုံးပြုရန်စဉ်းစားပါ

    • အကယ်၍သင်သည် လျင်မြန်သောသတိပေးချက်ကိုရှာဖွေနေပါက တံခါးဖွင့်သည့်အခါ အချက်ပေးကဲ့သို့သော အသံမြည်သည့် ခေါင်းလောင်း သို့မဟုတ် ခွေးဟောင်သံ စသည့် ရိုးရှင်းသည့်နည်းပညာဖြင့် ဖြေရှင်းနည်းများသည် စောင့်ကြည့်ကင်မရာကဲ့သို့ ထိရောက်မှုရှိနိုင်သည်ကို သတိရပါ။ စောင့်ကြည့် ကင်မရာ (CCTV) များသည် ၎င်းတို့ကို စောင့်ကြည့်ရန် သို့မဟုတ် ဗီဒီယိုဖိုင်ကို ပြန်လည်သုံးသပ်ရန် တစ်စုံတစ်ဦး လိုအပ်နိုင်သည်။
    • သင့်နေရာအား စောင့်ကြည့်ရန် ကင်မရာကို သင့်အနီးအနားတွင် ထားရှိရန် စဉ်းစားပါက သင်၏ရန်သူသည် ကင်မရာများကို အသုံးပြုခွင့်ရခဲ့ပါက အန္တရာယ်ဖြစ်စေမည်ကို စဉ်းစားပါ။ သင့်နေရာအား ရှာဖွေခြင်း၊ ဝင်ရောက်စီးနင်းခြင်း သို့မဟုတ် ဖောက်ထွင်းဖောက်ထွင်းခံရခြင်းရှိမရှိ သိရန် သင့်လိုအပ်ချက်ပေါ်မူတည်ပြီး ဤအန္တရာယ်ကို ချိန်ဆကြည့်ပါ။
    • Amazon's Ring ကဲ့သို့သော "အင်တာနက်ဆိုင်ရာပစ္စည်းများ" စက်ပစ္စည်းများကို အသုံးပြုခြင်းကို ရှောင်ကြဉ်ပါ။ များစွာသော အင်တာနက်စနစ်များသည် သူလျှိုလုပ်သည်ဆိုသည့် နာမည်ဆိုးရှိပြီး အားနည်းချက်များရှိသည် ။ Ring စနစ်အား ပံ့ပိုးပေးသည့် Amazon သည် အသုံးပြုသူများ၏ ခွင့်ပြုချက်မရှိဘဲ ဥပဒေစိုးမိုးရေးအဖွဲ့များသို့ ကင်မရာမှတ်တမ်းများကို မျှဝေရန် လူသိများပြီး သင့်ဒေတာကို အခြားနည်းလမ်းများဖြင့် အသုံးပြုနိုင်သည်။
    • အခြား ရွေးချယ်စရာအနေဖြင့် Haven ကို အသုံးပြုရန်စဉ်းစားပါ ။ ထို Heaven သည် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများအနေဖြင့် ၎င်းတို့၏ ကိုယ်ပိုင်အချက်အလက်များကို ထိန်းချုပ်နိုင်စေရန်ပြုလုပ်ရာတွင် ကူညီရန် အထူးဖန်တီးထားသည် ။
    • စောင့်ကြည့်ကင်မရာကို အသုံးပြုသောအခါတွင် သင်သည် သင်စောင့်ကြည့်နေသည့်နေရာမှ အခြားတည်နေရာသို့ ဗီဒီယိုကို ပို့လိုပေမည်။ ဤဗီဒီယိုကို ဝှက်စာစနစ်ဖြင့် ပေးပို့သင့်ပြီး ၎င်းကို သိမ်းဆည်းထားသည့် နေရာတိုင်းတွင် ဝှက်စာစနစ်ပြုလုပ်ထားပါ။ ဤဗီဒီယိုများကို ရုပ်ပိုင်းဆိုင်ရာ ဝင်ရောက်ခွင့်ရရှိဖို့ ကိုယ်ထိလက်ရောက် ဝင်ရောက်ခွင့်ကို မည်ကဲ့သို့ အကောင်းဆုံးကာကွယ်နိုင်မည်၊ ၎င်းတို့ကို မည်မျှကြာကြာထားမည်နှင့် ၎င်းတို့ကို သင်မည်ကဲ့သို့ ဖယ်ရှားမည်ကို စဉ်းစားကြည့်ပါ။

    သင့် အိမ်၏ အင်တာနက်ကွန်ရက်ကို ကာကွယ်ပါ

    အကာအကွယ်မဲ့နေရာများတွင် ethernet ကေဘယ်ကြိုးများ ထားခြင်းကို ရှောင်ကြဉ်ပါ

    • Ethernet ကေဘယ်ကြိုးကွန်ရက်ကို အသုံးပြုခြင်းသည် ပိုမိုလုံခြုံပေမည်။ ကြိုးမဲ့ကွန်ရက်များသည် ရုပ်ပိုင်းဆိုင်ရာဝင်ရောက်စရာမလိုဘဲ ချိုးဖောက်ခံရနိုင်သည်။
    • သင့်အဆောက်အအုံအပြင်ဘက်နှင့် ရုပ်ပိုင်းဆိုင်ရာကာကွယ်ထားသည့်နေရာများအပြင်တွင် အင်တာနက်ကေဘယ်ကြိုးများ သွယ်တန်းထားခြင်းကို ရှောင်ကြဉ်ပါ၊ ၎င်းအခြေအနေသည် သင်မမြင်သည့်အချိန်တွင် ၎င်းတို့ကို တစ်စုံတစ်ဦးမှဆော့ကစားရန် ပိုမိုလွယ်ကူစေသည်။

    သင့် ကြိုးမဲ့ကွန်ရက်တွင် ခိုင်မာသော စကားဝှက်တစ်ခု သတ်မှတ်ပါ

    ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

    It is possible for anyone in range of your wifi signal to spy on your network or communications. If your wifi relies on a weak password — or no password at all — anyone within range is a potential intruder.

    firewall router အား တပ်ဆင်ပါ

    • သင့်ရုံး သို့မဟုတ် အိမ်အနီးတစ်ဝိုက်ရှိကွန်ရက်ကို သင့် အင်တာနက်ဝန်ဆောင်မှုပေးသူကုမ္ပဏီ၏ router နှင့် ခွဲခြားကာကွယ်ရန် firewall router ကို ဝယ်ယူတပ်ဆင်ရန် စဉ်းစားပါ။ သင်၏ router ကို လုံခြုံအောင်ထားပါ တွင် မည်ကဲ့သို့ ပြုလုပ်ရမည်ကို ဖတ်ပါ။
    ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

    အင်တာနက်ဝန်ဆောင်မှုပေးသူသည် သင့်အား အင်တာနက်အသုံးပြုရန်အတွက် ၎င်းတို့ပေးပို့ထားသော router သို့ အပြည့်အဝ ဝင်ရောက်ခွင့်ရှိသည်။ ဤ router မှတဆင့် ၎င်းတို့သည် သင့်ကွန်ရက်၊ ဆက်သွယ်ရေးနှင့် စက်ပစ္စည်းများသို့ ဝင်ရောက်နိုင်သည်။

    သင့်ကွန်ရက်သို့ မလိုအပ်သော စက်ပစ္စည်းများ ချိတ်ဆက်ခြင်းမှ ရှောင်ကြဉ်ပါ

    • ရုပ်မြင်သံကြားများ၊ ကင်မရာများ၊ ဖုန်းများ၊ မိတ္တူစက်များ၊ ဗီဒီယိုဂိမ်းစက်များနှင့် "အင်တာနက်ဆိုင်ရာပစ္စည်းများ" (IoT) စက်ပစ္စည်းများသည်လည်း ကွန်ပျူတာများဖြစ်သည်။ ၎င်းတို့တွင် တူညီသော အန္တရာယ်များစွာရှိသည်။ သင့်အိမ် သို့မဟုတ် ရုံးကွန်ရက်သို့ ပစ္စည်းအသစ်များ မချိတ်ဆက်မီ နှစ်ကြိမ်စဉ်းစားပါ။
    • သင်အသုံးမပြုသော စက်များကို ဖြုတ်ထားပါ။

    သင့် WiFi ကွန်ရက်အမည်ကို ပြောင်းပါ

    • သင်၊ သင့်အဖွဲ့အစည်း သို့မဟုတ် အသုံးပြုခွင့်နေရာ၏ တည်နေရာများကို ရှင်းရှင်းလင်းလင်းမခွဲခြားနိုင်သည့် wifi အမည်တစ်ခုပေးပါ။

    ဧည့်သည်များအတွက်သီးခြား wifi အကောင့်တစ်ခု ဖန်တီးပါ

    • Most modern WiFi devices have this capability.
    • ဤနည်းအားဖြင့် သင်သည် ၎င်းတို့အား သင့်စကားဝှက်ကို ပေးဆောင်ရန် မလိုအပ်ဘဲ လိုအပ်ပါက စကားဝှက်များကို ပြောင်းလဲရန် ပိုမိုလွယ်ကူမည်ဖြစ်သည်။
    • Ensure this network is protected by a password. Leaving your router unprotected makes it possible for intruders to tamper with your wifi.

    Lock up networking equipment

    • ဆာဗာများ၊ router များ၊ ခလုတ်များ၊ နှင့် မိုဒမ်များကဲ့သို့သော ကွန်ရက်ချိတ်ဆက်ကိရိယာများကို လုံခြုံသောအခန်း သို့မဟုတ် သေတ္တာအတွင်းတွင် ပိတ်ထားခြင်းသည် ကျူးကျော်သူများအတွက် ထိပါးနှောင့်ယှက်စေဖို့ ခက်ခဲစေသည်။

    သင့်ဆာဗာများကို ဝှက်စာစနစ်ပြုလုပ်ထားခြင်း သေချာပါစေ

    • If your office runs servers, work with the person who manages them to ensure they encrypt their data (see the section on keeping your digital information private for more information on this topic). If for some reason you run unencrypted servers, ensure that at least if they are unplugged, they will encrypt their contents.
    ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

    သင်၏ ဆာဗာများကို ဝှက်စာစနစ်ပြုလုပ်ထားခြင်းသည် သင့်ဆာဗာများ ဖမ်းဆီးခံရခြင်း သို့မဟုတ် သိမ်းဆည်းခြင်းဖြစ်လျှင်ပင် သင့်ဖိုင်များကို ကာကွယ်ပေးထားသည် ၊ ဆာဗာများ ပြင်ဆင်ခြင်း/အစားထိုးရန်လိုအပ်သည့်အခြေအနေများတွင်လည် သင့်ဖိုင်များကို ကာကွယ်ပေးပါသည်။

    မတော်တဆမှုများ နှင့် ဖြတ်တောက်မှုများကို ကာကွယ်ပါ

    ကွန်ပျူတာများ၊ ကွန်ရက်ချိတ်ဆက်ကိရိယာများနှင့် ဒေတာသိမ်းဆည်းသည့်ကိရိယာများသည် အလွန်ထိခိုက်လွယ်သည်။ စောင့်ကြည့်ကင်မရာများ၊ မိတ္တူစက်များ၊ "စမတ်စက်ပစ္စည်းများ" နှင့် အခြားသော ဟာ့ဒ်ဝဲများမှာလည်း အလားတူပင်ဖြစ်သည်။ မိုးကြိုးပစ်ခြင်း၊ ဓာတ်အားတက်လာခြင်း၊ ဓာတ်အားဖြတ်တောက်ခြင်း၊ မီးဖြတ်ခြင်းနှင့် မီးပျက်ခြင်းများကဲ့သို့ လျှပ်စစ်အတက်အကျများသည် အီလက်ထရွန်းနစ်အစိတ်အပိုင်းများကို ထိခိုက်ခြင်း သို့မဟုတ် ဟာ့ဒ်ဒရိုက်များပေါ်ရှိ ဒေတာများကို ဖျက်ဆီးပြီး ဒစ်ဂျစ်တယ်စက်ပစ္စည်းများကို ရုပ်ပိုင်းဆိုင်ရာပျက်စီးစေပါသည်။ လွန်ကဲသည့်အပူချိန်၊ ဖုန်မှုန့်နှင့် အစိုဓာတ်များသည်လည်း ၎င်းတို့ကို ထိခိုက်နိုင်သည်။

    Use electrical sockets and plugs that have ground lines

    မြေပြင်ပါဝါချိတ်ဆက်မှုရှိခြင်းသည် သင့် အီလက်ထရွန်းနစ်ပစ္စည်းများ၏သက်တမ်းကို တာရှည်စေပြီး ပုံမှန်မဟုတ်သော ဓာတ်ကူးမှုနှင့် လျှပ်စီးကြောင့်ဖြစ်ပေါ်လာသော ချို့ယွင်းမှု အန္တရာယ်ကို လျှော့ချနိုင်သည်။

    Plug electronics into surge protectors

    • ပါဝါကြိုးများအားလုံးတွင် လျှပ်စီးကြောင်းအကာအရံများမပါဝင်သောကြောင့် အသစ်ဝယ်ယူသည့်အခါ ၎င်းကိုစစ်ဆေးပါ။ Surge protector သည် အမြင့်ဆုံးဗို့အားကို သတ်မှတ်ပြီး စွမ်းအင်ယူနစ်များ (Joules) အဆင့်သတ်မှတ်ချက်ကို စာရင်းပြုစုထားသင့်သည်။
    • သင့်လျှပ်စစ်ဓာတ်အား သိသိသာသာမတည်မငြိမ်ဖြစ်နေပါက၊ သင်သည် "ပါဝါစစ်ထုတ်ခြင်း" သို့မဟုတ် "လိုင်းထိန်းသိမ်းပေးစက်" လိုအပ်နိုင်သည်
    • တစ်စုံတစ်ဦးက ၎င်းအားတိုက်မိသောအခါတွင် ၎င်းတို့အားပလပ်ဖြုတ်ခြင်း သို့မဟုတ် ပါဝါပိတ်ခြင်းမပြုရန် surge protector များ၊ UPS များ၊ ပါဝါကြိုးများနှင့် extention ကြိုးများကို တပ်ဆင်ပါ။

    Consider installing Uninterruptible Power Supplies (UPSs)

    • These are somewhat more expensive than surge protectors, but they will stabilize your power supply and provide temporary power in the event of a blackout.
    • UPS များသည် ပလပ်မထိုးထားသည့်အခြေအနေတွင် အလုပ်မလုပ်သော ဆာဗာများနှင့် ဒက်စ်တော့ကွန်ပျူတာများအတွက် အထူးတန်ဖိုးရှိပါသည်။
    • လျှပ်စစ်မီးပေါ်တွင် မမူတည်သောအလင်းရောင်များ- ခိုင်ခံသော ဓာတ်မီးများ၊ ဘက်ထရီဖြင့်သုံးသော နံရံများပေါ်ရှိ မီးချောင်းများ၊ ဆိုလာအားသွင်းမီးများ စသည်တို့ကို ထည့်သွင်းစဉ်းစားပါ။

    When moving into a new building, test the power supply

    • အရေးကြီးသောပစ္စည်းများကို ပလပ်မထိုးမီ ဤအရာကိုလုပ်ဆောင်ပါ။ ပါဝါသည် မီးချောင်းများ၊ မီးလုံးများနှင့် ပန်ကာများအား ပံ့ပိုးနိုင်မှုညံ့ဖျင်းပါက ၎င်းသည် သင့် ဒစ်ဂျစ်တယ်စက်ပစ္စည်းများကို ပျက်စီးစေနိုင်သည်။
    • ကေဘယ်ကြိုးကို စစ်ဆေးရန် ယုံကြည်စိတ်ချရသော လျှပ်စစ်ပညာရှင်ကို မေးပါ။

    Get good cables

    • အရည်အသွေးမြင့် ကွန်ပျူတာကေဘယ်ကြိုးများ၊ လျှပ်စီးကြောင်းအကာအရံများနှင့် ပါဝါကြိုးများကို သင်အသုံးပြုဖို့ရှာဖွေသည့်အခါ အပိုပစ္စည်းအချို့ကို ဝယ်ယူရန် စဉ်းစားပါ။ နံရံစွပ်များမှ ပြုတ်ကျပြီး ပလပ်များကို လုံလုံခြုံခြုံ မတပ်ထားသည့် ပါဝါကြိုးများ၊ မီးပွားများသည် လူများကို ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ဖြစ်စေသည့်အပြင် သင့်စက်ပစ္စည်းများနှင့် ဒေတာများကို ထိခိုက်စေနိုင်သည်။

    Ventilation

    • သင့်ကွန်ပြူတာကို အဆင့်ပါသော အံဆွဲအတွင်းတွင် အသုံးပြုပါက အပူလွန်ကဲခြင်းမှ ကာကွယ်ရန် ၎င်းတွင် လုံလောက်သော လေဝင်လေထွက်ရှိကြောင်း သေချာပါစေ။
    • ကွန်ပျူတာပစ္စည်းများကို ရေတိုင်ကီများ၊ အပူပေးပေါက်များ၊ လေအေးပေးစက်များ သို့မဟုတ် အခြားသော ပြွန်များအနီးတွင် မထားရှိသင့်ပါ။

    ခိုးမှု၊ လက်ဆော့မှု၊ သိမ်းဆည်းခံရမှုတို့ရန်မှ ကာကွယ်ပါ

    သော့ခတ်ခြင်းဖြင့် စတင်ပါ

    • ဖြစ်နိုင်ပါက သင့်တံခါးများနှင့် ပြတင်းပေါက်များတွင် အရည်အသွေးမြင့်သော့များ တပ်ဆင်ပါ။
      • သော့မည်မျှဖန်တီးခဲ့ကြောင်းနှင့် ၎င်းတို့ကိုဖြန့်ဝေခဲ့သည့်သူများ၏ update စာရင်းကို သိမ်းဆည်းထားပါ။
      • ဝင်ရောက်ခွင့် မလိုအပ်တော့သည့်သူများထံမှ သော့များ စုဆောင်းရန် အစီအစဉ်များ ပြုလုပ်ပါ (လူများသည် အဖွဲ့အစည်းတစ်ခုမှ ထွက်သွားသည့်အချိန်သည် သော့ပြန်ယူရန် အကောင်းဆုံးအချိန်ဖြစ်သည်။)
      • ထိရှလွယ်သည့် စာရွက်စာတမ်းများနှင့် ပစ္စည်းကိရိယာများအတွက် လုံခြုံသော လက်တော့ပ် မီးခံသေတ္တာ တစ်ခု သို့မဟုတ် လော့ခ်ချနိုင်သည့် ဗီဒိုတစ်ခု ကို ဝယ်ယူရန် စဉ်းစားပါ။
      • စက်ပစ္စည်းများကို ၎င်းတို့ကိုယ်တိုင် လော့ခ်ချခြင်းပြုလုပ်ပါ:
        • စားပှဲတင်ကွန်ပြူတာအများစုတွင် တစ်စုံတစ်ယောက်ဝင်ရောက်လာပြီး hardware ကို စွက်ဖက်ခြင်းမှ တားဆီးရန် သော့ခလောက်ကို ချိတ်ထားနိုင်သည့် slot တစ်ခု ရှိသည်။
        • ဒက်စ်တော့နှင့် လက်ပ်တော့ကွန်ပြူတာများ ခိုးယူခြင်းမှ တားဆီးရန် အတတ်နိုင်ဆုံး သော့ခတ်ထားသော လုံခြုံရေးသော့ကြိုးများကို အသုံးပြုပါ။
    ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

    တံခါးများ၊ ဂိတ်များ၊ ပြတင်းပေါက်များနှင့် အခြားဝင်ပေါက်များတွင် သော့ခတ်ထားခြင်းများဖြင့် သင်၏ အပြင်ဘက် လုံခြုံရေးအလွှာများအဖြစ် လုပ်ဆောင်နိုင်သည်။ ၎င်းတို့သည် သင့်ကို ကျူးကျော်မှုများကို ရပ်တန့်စေရုံသာမက ၎င်းတို့၏ ထောက်လှမ်းရေးကို နှောင့်နှေးသွားအောင် ကူညီပေးနိုင်ပါသည်။

    အလွယ်တကူ မွှေနှောက် သို့မဟုတ် ခိုးယူနိုင်သည့် ကိရိယာများကို မထားရှိပါနှင့်

    • ဆာဗာများနှင့် wifi router များ အပါအဝင် အရေးကြီးသောစက်ပစ္စည်းများကို စင်္ကြံလမ်းများနှင့် ဧည့်ကြိုနေရာများကဲ့သို့ အလွယ်တကူ ဝင်ရောက်နိုင်သော နေရာများ သို့မဟုတ် ပြတင်းပေါက် သို့မဟုတ် တံခါးများဘေးတွင် ထားရှိခြင်းမှ ရှောင်ကြဉ်ပါ။
    • သင့်အဆောက်အဦး၏ ပင်မလျှပ်စစ်ခလုတ်များကို လော့ခ်များဖြင့် ကာကွယ်ပါ။
    ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

    တိုက်ခိုက်သူများသည် ဝင်ရောက်ရလွယ်ကူသော နေရာများတွင် ဆော့ဖ်ဝဲကို တပ်ဆင်နိုင်သည် သို့မဟုတ် ကိရိယာများကို ခိုးယူနိုင်သည်။ တိုက်ခိုက်သူများသည် အိမ်ထဲသို့မဝင်မီ လျှပ်စစ်မီးကို မကြာခဏ ဖြတ်တောက်ရန် ကြိုးစားကြကာ သင့်စိတ်ရှုပ်ထွေးမှုကို ဖြစ်ပေါ်အောင်လုပ်ပြီး အကူအညီတောင်းရန် ခက်ခဲစေအောင် ပြုလုပ်နိုင်သည်။

    စက်ပစ္စည်းများကို ချန်ထားခဲ့ခြင်း သို့မဟုတ် သင်နှင့်အတူယူဆောင်သွားခြင်းတွင် တွေ့ကြုံနိုင်သည့်အန္တရာယ်များကို ထည့်သွင်းစဉ်းစားပါ

    • အခြားသူများထက် အန္တရာယ်အဆင့်ကို သင်ပိုသိပါသည် ၊ ထို့ကြောင့် သင့်နေရာကို တစ်စုံတစ်ယောက်က ဝင်ရောက်စီးနင်းခြင်း သို့မဟုတ် သင်အပြင်ထွက်နေချိန်တွင် သင့်စက်ပစ္စည်းများကို ခိုးယူသွားခြင်း ဖြစ်နိုင်ပါသလား ? သို့မဟုတ် သင့်တွင် သင့်စက်ပစ္စည်းများဖြင့် ရှာဖွေခံရနိုင်ခြေ နှင့်ဖမ်းဆီးထိန်းသိမ်းခံရနိုင်ခြေ ပိုများပါသလားဆိုသည်တိုကို စဉ်းစားကြည့်ပါ ?
    • သင်ဘာသွားလုပ်မှာလဲ ? ခရီးသွားမှာလား ? နယ်စပ်ကို ဖြတ်မှာလား ? အဖမ်းခံရနိုင်ခြေရှိတဲ့ ဆန္ဒပြပွဲကို သွားမှာလား ? စက်ပစ္စည်းသည် သင့်တွင်ရှိနေပါက သို့မဟုတ် သင်ချန်ထားခဲ့ပါက ဖြစ်ပေါ်လာနိုင်မည့်အန္တရာယ် သို့မဟုတ် ရှာဖွေမှု သို့မဟုတ် သိမ်းဆည်းမှုရှိနိုင်ခြေများကို ချိန်ဆပါ။
    • သေးငယ်သော အရာဝတ္ထုများကို သင့်စက်ပေါ်တွင် ဖြန့်ကြဲပါ။ မသွားခင် ဓာတ်ပုံရိုက်ဖို့ စဉ်းစားပါ။ သင်ပြန်လာသောအခါ စက်ပစ္စည်းကို ရွှေ့လိုက်ခြင်းရှိမရှိ သိနိုင်ရန် ဓာတ်ပုံကို အရာဝတ္ထုများ၏ အနေအထားနှင့် နှိုင်းယှဉ်ပါ။ (ဂန္တဝင်နည်းဗျူဟာတစ်ခုမှာ ဧရိယာအတွင်း လေတိုက်သည့်နေရာမရှိလျှင် အပ်ချည်မျှင် သို့မဟုတ် ဆံပင်ကို စက်ပေါ်တွင် ထားခဲ့ရန်ဖြစ်သည် ထိုသို့ပြုလုပ်ခြင်းသည် တိုက်ခိုက်သူအနေဖြင့် ထိုချည်မျှင် သို့မဟုတ် ဆံပင်ပုံသဏ္ဍာန်ကို ပြန်လည်ဖန်တီးရန် ခက်ခဲနိုင်သည်။)
    • Consider using a monitoring app like Haven to watch your things while you are gone.
    • သင်၏နေရာအား ရှာဖွေခံရသည့်အခါတွင် သော့ခတ်ထားနိုင်သည့်သေတ္တာသည် သင့်စက်ပစ္စည်းများကို လုံခြုံစေနိုင်မည်လားဆိုသည်ကို ထည့်သွင်းစဉ်းစားပါ။

    သင့်စက်ပစ္စည်းများကို ဥပဒေဆိုင်ရာဖြင့် မှတ်ပုံတင်ရန် ဆုံးဖြတ်ပါ

    • သင့်ဒေသခံဥပဒေရေးရာဌာနသည် ယုံကြည်စိတ်ချရပါက၊ သင့်စက်ပစ္စည်းများ၏ မော်ဒယ်နှင့် အမှတ်စဉ်နံပါတ်ကို မှတ်ပုံတင်ခြင်းသည် ၎င်းတို့ခိုးယူခံရပါက စက်များကို ပြန်လည်ရယူရန် ကူညီပေးနိုင်ပါသည်။

    မြင်နိုင်သောအရာကို စဉ်းစားပါ

    • "သန့်ရှင်းသော စားပွဲမူဝါဒ" ကို ချမှတ်ပါ- သင်နှင့် သင့်လုပ်ဖော်ကိုင်ဖက်များသည် သင့်စားပွဲပေါ်တွင် အရေးကြီးသော အချက်အလက်များ၊ အထူးသဖြင့် စကားဝှက်များ၊ စာရွက်ပြက္ခဒိန်များ၊ အစီအစဉ်ဆွဲသူများ၊ ဂျာနယ်များ၊ လိပ်စာစာအုပ်များ သို့မဟုတ် ကပ်စေးကပ်ထားသော မှတ်စုများကို မထားမိကြောင်း သေချာအောင်ပြုလုပ်ပါ။
    • သင့်အိမ် သို့မဟုတ် ရုံးတွင် ကွန်ပျူတာအသုံးပြုသောအခါ ကွန်ပျူတာစခရင်များကို ပြင်ပမှ မမြင်နိုင်စေရန် နေရာချထားပါ။ ပြတင်းပေါက်များ၊ တံခါးဖွင့်ခြင်းနှင့် ဧည့်သည် စောင့်ဆိုင်းနေသည့် နေရာများကို ထည့်သွင်စဉ်းစားရန် မမေ့ပါနှင့်။
    • တစ်စုံတစ်ယောက်သည် သင့်ပခုံးအပေါ်စီးမှကြည့်၍မြင်နိုင်သော လူမြင်ကွင်းတွင် စက်ပစ္စည်းများကို အသုံးပြုခြင်းမှ ရှောင်ကြဉ်နိုင်သည့် နည်းလမ်းများကို စဉ်းစားပါ။
    • If you often work in public, buy privacy screens. These simple plastic covers make it difficult to read a screen unless it is directly in front of you. They are available for laptops, external monitors, tablets and smartphones. More on privacy screens.
    • သင့်တည်နေရာကို ဖုံးကွယ်ထားရန် လိုအပ်ပါက သင် မည်သည့်နေရာတွင် ရှိသည်ကို သိရှိနိုင်စေရန် ဤ သဲလွန်စများကို မှတ်သားထားပါ:
      • ဗီဒီယိုခေါ်ဆိုမှုများတွင် မည်သည့်အရာများ ကင်မရာတွင် မြင်နိုင်သည့်ဆိုသည်ကိုစစ်ဆေးပါ - ဗိသုကာပညာ၊ ဆိုင်းဘုတ်များ၊ သစ်ပင်များ၊ တောင်များကဲ့သို့ ဘူမိဗေဒဆိုင်ရာ စသဖြင့်?
      • နောက်ခံတွင် မည်သည့်အရာများ ကြားနိုင်သည်ကို စဉ်းစားကြည့်ပါ - အနီးနားရှိ ယာဉ်ကြောပိတ်ဆို့မှုများ၊ အသံစနစ်များ၊ စက်ရုံများ၊ ကလေးများ ကစားနေသည့်အသံများ စသဖြင့် ?
    • Cover cameras on your devices when you are not using them, so they cannot be manipulated to spy on you. More on Camera Cover.
    ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

    သင်၏နေရာ သို့မဟုတ် စက်ပစ္စည်းကို ကြည့်ရှုခြင်းဖြင့် သင်၏အရေးကြီးအချက်အလက်များကို မြင်နိုင်လျှင် သင်၏ရန်သူသည် သင်၏ အရေးကြီးသောစက်များနှင့် ဒေတာများသို့ ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် အီလက်ထရွန်းနစ်အရ ဝင်ရောက်စရာ မလိုအပ်ပါ။ ဖုန်းခေါ်ဆိုမှုများ သို့မဟုတ် ဗီဒီယိုများ၏ နောက်ခံတွင် မြင်သည့်၊ ကြားသည့်အရာများမှနေ၍ သင့်တည်နေရာအတိအကျကို ဆုံးဖြတ်နိုင်ပါက ၎င်းတို့သည် စက်ပစ္စည်းများအတွင်းသို့ ဝင်ရောက်ထောက်လှမ်းရန် မလိုအပ်တော့ပါ ။ စက္ကူစာရွက်စာတမ်းများသည် သူခိုးဆော့ဖ်တဲ ကို ခုခံနိုင်သော်လည်း ၎င်းတို့ကို ခိုးယူခံရခြင်း၊ ကူးယူခြင်း သို့မဟုတ် ဓာတ်ပုံရိုက်ခြင်းခံရပါက အလွန်အထိခိုက်မခံသော အချက်အလက်များကို ထုတ်ဖော်နိုင်ပါသည်။

    ထိရှလွယ်သော အချက်အလက်များကို သင်မည်ကဲ့သို့ စွန့်ပစ်မည်ကို ဆုံးဖြတ်ပါ

    • သင့်စက်ပစ္စည်းများ၊ Hard drive များ၊ USB memory stickများ၊ ကင်မရာများ၊ မိုဘိုင်းလ်ဖုန်း သို့မဟုတ် သယ်ဆောင်ရလွယ်ကူသော တေးဂီတဆိုင်ရာ စက်ပစ္စည်းများနှင့် အခြားစက်ပစ္စည်းများတွင်ပါရှိသည့် ဖယ်ရှားနိုင်သော memory ကတ်များ (SD ကတ်များ) နှင့် အခြားစက်ပစ္စည်းများတွင် ထိရှလွယ်သော အချက်အလက်များ မကျန်ရှိစေရန်အတွက် စက်များရှိ အချက်အလက်များကို လုံခြုံစွာ ဖျက်ပစ်ရန် ပုံမှန်အချိန်ဇယားကို သတ်မှတ်ပါ။
    • သင့်တွင်ရှိသော စက်ပစ္စည်းတစ်ခုစီ (Android၊ iOS၊ Linux၊ Mac၊ နှင့် Windows) အတွက် အခြေခံလုံခြုံရေးလမ်းညွှန်ချက်များကို ကြည့်ပါ ။ အထူးသဖြင့် ဖိုင်များကို လုံလုံခြုံခြုံဖျက်ခြင်း၊ နေရာလွတ်များကို ရှင်းလင်းခြင်းနှင့် စက်ပစ္စည်းဟောင်းကို စွန့်ပစ်ခြင်းဆိုင်ရာ ကဏ္ဍများကို ကြည့်ပါ။ ဤညွှန်ကြားချက်များကို သင်၏ရုပ်ပိုင်းဆိုင်ရာလုံခြုံရေးအစီအစဉ်တွင် ထည့်သွင်းရေးဆွဲပါ။
    • စာရွက်ဖျက်စက်အများအပြားသည် CD များ၊ DVD များ၊ ဘဏ်ကတ်များအပြင် စာရွက်စာတန်းများပေါ်တွင် အလုပ်လုပ်ပါသည်။ သင်ဤအရာကို မစမ်းမီ သင့် စက္ကူဖျက်စက် ပြုလုပ်ကြောင်း သေချာပါစေ။
    • ဖျက်စက်ပြုလုပ်ပြီးက ပြန်လည်ဆက်စပ်ဖို့ ပိုမိုခက်ခဲစေရန် သင့်အိမ် သို့မဟုတ် ရုံးခန်းနှင့်ဝေးသောနေရာအမျိုးမျိုးတွင် အပိုင်းအစများကို စွန့်ပစ်ပါ။
    • ကွန်ပျူတာ hard drive ကို စွန့်ပစ်သောအခါ၊ ၎င်းကို power drill ဖြင့် ဖျက်ဆီးခြင်း၊ သံတူဖြင့် ပြင်းပြင်းထန်ထန် ထိုးနှက်ခြင်း သို့မဟုတ် သံချောင်းများဖြင့် ထုဖျက်ထားခြင်းဖြင့် ဒေတာများအားပြန်လည်ရယူဖို့ ပိုမိုခက်ခဲအောင်လုပ်ဆောင်ပါ။ Drive ပေါ်တွင် အက်ဆစ်ကို လောင်ကျွမ်းစေခြင်း သို့မဟုတ် လောင်းချခြင်းမပြုလုပ်ပါနှင့် ၊ မိုက်ခရိုဝေ့ဖ်ထဲသို့ မထည့်ပါနှင့်။
    ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

    သင့်အနေဖြင့် CD သို့မဟုတ် DVD တွင်အပိုဒေတာကို သိမ်းဆည်းနိုင်လျှင်တောင် (၎င်းသည် "ပြန်ရေးနိုင်သည့် ဒေတာဆိုပါက") disc ကို ဖျက်ဆီးပစ်ခြင်းသည် ပိုကောင်းပါသည်။ CD သို့မဟုတ် DVD ရှိအကြောင်းအရာများကို ဖျက်ရန်မှာ အံ့သြစရာကောင်းလောက်အောင် ခက်ခဲသည်။

    CD များ သို့မဟုတ် DVD များမှ အချက်အလက်များကို အပိုင်းငယ်များ ဖြတ်ပြီးနောက် ပြန်လည်ရယူခဲ့သည့် သတင်းများကို သင် ကြားဖူးပေမည်။ ဤသို့ ဖြစ်နိုင်သော်လည်း ဤနည်းဖြင့် အချက်အလက်ပြန်လည်တည်ဆောက်ခြင်းသည် အချိန်နှင့် ကျွမ်းကျင်မှုများစွာလိုအပ်ပါသည်။ သင်ဖျက်စီးထားသော disc ကို ပြန်လည်တည်ဆောက်ရန်အတွက် တစ်စုံတစ်ဦးသည် ထိုဖျက်ဆီးပြီးသောအရာများကို သုံးစွဲလို့ရနိုင်ချေ ရှိ၊ မရှိ သင်ကိုယ်တိုင် ဆုံးဖြတ်ပါ။

    For our reasoning on these methods of secure disposal, also see our guides for basic device security.

    ထပ်မံပါရှိသော အရင်းအမြစ်များ

    • ရုပ်ပိုင်းဆိုင်ရာ၊ ဒစ်ဂျစ်တယ်၊ စိတ်ပိုင်းဆိုင်ရာ လူမှုရေးနှင့် အဖွဲ့အစည်းဆိုင်ရာ လုံခြုံရေးတို့ကို သင်၏မူဝါဒများနှင့် ကျင့်ထုံးများတွင် ဖြည့်စွက်ရန် Holistic Security manual (pdf) နှင့် Holistic trainers' manual (pdf) တို့တွင် ပိုမိုလေ့လာနိုင်သည်။
    • လုံခြုံရေးမူဝါဒတစ်ခု မည်သို့ဖန်တီးရမည်ကို လုံခြုံရေးနှင့်ပတ်သက်၍ Front Line Defenders ၏ Workbook တွင် လက်တွေ့ကျသော အကြံဉာဏ်ရယူရနိုင်သည် ။