Security in a Box - လုံခြုံရေး သေတ္တာသည်
လုံခြုံရေး သေတ္တာသည် ကမ္ဘာတစ်ဝှမ်းရှိ တက်ကြွလှုပ်ရှားသူများ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများအတွက် ဒစ်ဂျစ်တယ် လုံခြုံရေးဆိုင်ရာ လမ်းညွှန်တစ်ခု ဖြစ်ပါသည်။
အကယ်၍ သင်သည် ဒစ်ဂျစ်တယ် လုံခြုံရေးနှင့် စိမ်းနေသေးပါက ဤနည်းဗျူဟာ လမ်းညွှန်ချက်ထဲ၌ လူမှု ကွန်ရက် ပလက်ဖောင်းများနှင့် မိုဘိုင်ဖုန်းများကို လုံခြုံစွာ သုံးစွဲနည်းများ ပါဝင်သော အခြေခံမှုများ ဖေါ်ပြထားပါသည်။ နည်းဗျူဟာ လမ်းညွှန်ချက်ထဲ၌ မရှိမဖြစ် သုံးစွဲရန် အသင့်တော်ဆုံးသော ဒစ်ဂျစ်တယ် လုံခြုံရေး ဆော့ဖ်ဝဲနှင့် ဝန်ဆောင်မှုများကို ထည့်သွင်းနည်း၊ သုံးစွဲနည်း အဆင့်ဆင့် လမ်းညွှန်ချက်များကို ထည့်သွင်းထားပါသည်။
လူမှုအသိုင်းအဝိုင်း လမ်းညွှန်ချက် သည် - တစ်ခါတစ်ရံ ဒစ်ဂျစ်တယ်နဲ့ဆိုင်သော ခြိမ်းခြောက်မှု ပြင်းထန်သည့် နေရာဒေသများရှိ - သီးခြား လူ့အစုအဖွဲ့ကို အာရုံပြုထားပါသည်။ ယင်းကဲ့သို့သော သီးခြား လူစုများ၏ လိုအပ်ချက်နဲ့ သင့်လျှော်သော ကိရိယာများနဲ့ နည်းဗျူဟာများအတွက် အံဝင်ခွင်ကျဖြစ်သော အကြံဉာဏ်များလည်း ပါဝင်ပါသည်။
လုံခြုံရေး သေတ္တာကို Front Line Defenders နှင့် Tactical Technology Collective တို့နှင့်အတူ ကမ္ဘာအနှံ့ ကွန်ရက်ချိတ်ဆက်ထားသော တက်ကြွလှုပ်ရှားသူများ၊ သင်တန်းဆရာများ၊ ဒစ်ဂျစ်တယ် လုံခြုံရေး ကျွမ်းကျင်သူများနှင့်အတူ ပူးတွဲတည်ဆောက်ထားပါသည်။