X မှ ရွှေ့ပြောင်းရန် စဉ်းစားနေပါသလား ။ ဒီမှာ အကြံပြုချက်များ ရှိပါသည်

လူ့အခွင့်အရေးကာကွယ်သူများနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းအဖွဲ့ဝင်များသည် တွစ်တာကို စတင်ဖန်တီးသည့်အချိန်ကတည်းကပင် အသုံးပြုခဲ့ကြပြီး၊ at အနည်းဆုံး ၂၀၁၃ ခုနှစ်တွင် Security in a Box မှ တွစ်တာအား လုံခြုံစွာအသုံးပြုနည်း လမ်းညွှန် ကို ထုတ်ဝေခြင်းဖြင့်အသိအမှတ်ပြုခဲ့သည်။ အကြိမ်ကြိမ်မွမ်းမံမှုများပြုလုပ်ပြီးနောက်တွင် ပလက်ဖောင်း၏အမည်သည် X ဟု ပြောင်းလဲသွားသော်လည်း ထိုလမ်းညွှန်သည် ယခုတိုင် ဆက်လက်ရှိနေပါသည်။
ဒီနှစ်များစွာအတွင်း Twitter ကို သတင်းအချက်အလက်များ မြန်မြန်ဆန်ဆန် ဖြန့်ဝေရန်နှင့် အကျိုးစီးပွားတူညီသော လူ့အဖွဲ့အစည်းများနှင့် ပွင့်လင်းသော ဆွေးနွေးမှုများတွင် ပါဝင်ရန် အသုံးပြုလာကြသည်။ မည်သူမဆို အကောင့်မဖန်တီးဘဲ ဝင်ကြည့်နိုင်ရန်အတွက်၊ ကမ္ဘာတစ်ဝှမ်းတွင်ဖြစ်ပျက်နေသောအရာများ သို့မဟုတ် သီးခြားကဏ္ဍတစ်ခုအတွင်း ဖြစ်နေသောအရာများကိုသိရှိရန် လူအများ၏အမြင်များပြောဆိုနိုင်ရန်အသုံးပြုခဲ့သည်။ သီးသန့်အကြောင်းအရာများနှင့် ကဏ္ဍများအပေါ် အာရုံစိုက်သည့် ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကို လိုက်နာနိုင်သည့် ပလက်ဖောင်းတစ်ခုအနေနဲ့ Twitter သည် ကမ္ဘာတစ်ဝှမ်းအနှံ့ ဆက်သွယ်မှုများ ဖန်တီးပေးနိုင်သလို၊ တစ်ခါတစ်ရံတွင် မိတ်ဆွေများရရှိနိုင်စေခြင်းအထိ အသုံးဝင်ခဲ့သည်။
သို့သော် အခြား ဗဟိုချုပ်ကိုင်မှုစနစ်အပေါ် အခြေခံသည့် ပလက်ဖောင်းများလိုပင်၊ Twitter တွင်ကျွန်ုပ်တို့ လုပ်ဆောင်နိုင်သည့်အရာများဟာ ၎င်းရဲ့ စည်းကမ်းများနဲ့ ပိုင်ရှင်၏ဆုံးဖြတ်မှုများအပေါ် မူတည်နေခဲ့ပါသည်၊။ ထို့ကြောင့်လည်း ၂၀၂၂ ခုနှစ်မှာ Elon Musk မှ Twitter ကိုဝယ်ယူခဲ့ပြီးနောက်တွင် ၎င်း၏ မူဝါဒများနဲ့ စီမံခန့်ခွဲမှုများဟာလည်း ပြောင်းလဲသွားခဲ့ပြီး အမည်ကိုပါ ၂၀၂၃ ခုနှစ် ဇူလိုင်လမှာ “X” လို့ ပြန်လည်အမည်ပြောင်းခဲ့ပါသည်။
X ကို ယခုအခါ အကောင့်ရှိသူများသာ အများအားဖြင့် ဝင်ရောက်ကြည့်ရှုနိုင်ပြီး၊ ၎င်းသည် အလွဲသုံးစားပြုမှုနှင့် သတင်းမှားများကို ထိန်းချုပ်မှု မရှိသလောက် နည်းပါးလာကာ၊ ပလက်ဖောင်းပေါ်ရှိ မုန်းတီးစကားများ၊ ကလေးသူငယ်အပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု၊ ကိုယ့်ကိုယ်ကို သတ်သေရန် ကြိုးပမ်းမှု၊ ကိုယ့်ကိုယ်ကို နာကျင်အောင် ပြုလုပ်ခြင်းနှင့် အခြားပြဿနာများကို ကိုင်တွယ်ဖြေရှင်းလေ့ရှိသည့် လွတ်လပ်သော အရပ်ဘက်၊ လူ့အခွင့်အရေးနှင့် အခြားအဖွဲ့အစည်းများ ပါဝင်သည့် အကြံပေးအဖွဲ့ဖြစ်သည့် ၎င်း၏ d,ယုံကြည်မှုနှင့် ဘေးကင်းရေးကောင်စီ - Trust and Safety Council ကိုလည်း ဖျက်သိမ်းခဲ့ပြီး ဖြစ်သည်။ ထို့အပြင် ကုမ္ပဏီသည် ယခုအခါ လင့်ခ်များပါဝင်သည့် ပို့စ်များ၏ ရောက်ရှိမှုကို လျှော့ချနေပြီး (အထူးသဖြင့် သတင်းဝက်ဘ်ဆိုက်များသို့ လင့်ခ်များ)၊နှင့် ယေဘုယျအားဖြင့် အခွင့်အရေးကိုလေ့လာသော အသုံးပြုသူများ ပိုမိုရေပန်းစားလာသည်ကို ပြသနေသည်။
ထိုအကျိုးဆက်အနေဖြင့်၊ X သည် နှောင့်ယှက်သူများ အသာစီးရနေသော ပို၍ ဆိုးရွားသည့် ပတ်ဝန်းကျင်တစ်ခု ဖြစ်လာခဲ့ပြီး၊ အရေးကြီးသော သုံးစွဲသူများနှင့် အဖွဲ့အစည်းများစွာသည် ဤပလက်ဖောင်းမှ ထွက်ခွာစပြုလာသည်။ မကြာသေးမီက X မှ ထွက်ခွာသွားသော မီဒီယာဌာနများနှင့် အဖွဲ့အစည်းများထဲတွင်၊ အချို့ကို နမူနာအနေဖြင့် ပြောရလျှင် ၊ The Guardian၊ NPR၊ EDRi and Statewatch တို့ ပါဝင်သည်။
X သည် Twitter က ယခင်က ပေးခဲ့သော အတွေ့အကြုံမျိုးကို မပေးနိုင်သော်လည်း၊ အချို့သော လူများနှင့် အဖွဲ့အစည်းများသည် သတင်းများ ဖြန့်ဝေရန်၊ ၎င်းတို့၏ အဆက်အသွယ်များနှင့် အဆက်အသွယ်မပြတ်စေရန်နှင့် အငြင်းပွားမှုများတွင် ပါဝင်ရန်အတွက် ၎င်းကို ဆက်လက် အသုံးပြုနေဆဲဖြစ်သည်။ အခြား ပလက်ဖောင်းများပေါ်တွင် ထိုသို့ ဆက်လက်လုပ်ဆောင်ရန် သေချာပေါက် ဖြစ်နိုင်သော်လည်း၊ အချို့သူများသည် X ၏ အစားထိုးပလက်ဖောင်းများထက် X ပေါ်တွင် ပိုမိုကျယ်ပြန့်သော ပရိသတ်ထံသို့ ရောက်ရှိနိုင်သည်။
သို့သော်လည်း X မှ အစုလိုက်အပြုံလိုက် ထွက်ခွာစေရန် လှုပ်ရှားမှုတစ်ရပ် ကို စတင်ခဲ့ပြီးဖြစ်သည်၊ ထို့အပြင် သင်၏ X ကွန်ရက်နှင့် အခြားနေရာများတွင် အဆက်အသွယ်မပြတ်စေရန်နှင့် Mastodon သို့မဟုတ် Bluesky သို့ ပြောင်းရွှေ့ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် အခြားပြဿနာများကို ဖြေရှင်းရန်အတွက် ကူညီပေးမည့် ကိရိယာအချို့ ရှိပါသည်။ အောက်တွင် ဖော်ပြထားသည်မှာ မည်သည့်နေရာသို့ ပြောင်းရွှေ့မည်ကို ဆုံးဖြတ်ရာတွင် ထည့်သွင်းစဉ်းစားရန် အချက်များနှင့် သင့်ပြောင်းရွှေ့မှု ပိုမိုချောမွေ့စေရန်အတွက် မည်သည့်ကိရိယာများကို အသုံးပြုရမည်နှင့် ပတ်သက်သည့် အကြံပြုချက် အနည်းငယ်တို့ ဖြစ်ပါသည်။
X မှ မထွက်ခွာမီ ထည့်သွင်းစဉ်းစားရန် အချက်များ
အကယ်၍ သင်သည် X မှ ထွက်ခွာရန် စဉ်းစားနေပါက၊ သင် မည်သည့် အစားထိုးပလက်ဖောင်းများ သို့မဟုတ် ကိရိယာများသို့ ပြောင်းသင့်သည်ကို ဆုံးဖြတ်ရာတွင် ကူညီမည့် မေးခွန်းအချို့ကို သင့်ကိုယ်သင် မေးမြန်းခြင်းသည် ကောင်းသောအကြံဖြစ်သည်။ ဤကိစ္စနှင့် ပတ်သက်၍ ဦးစွာ သတိပြုရန်မှာ ၂၀၂၂ ခုနှစ်အထိ Twitter တွင် သင်ရခဲ့သော အတွေ့အကြုံကို မည်သည့်အရာကမှ အစားထိုးနိုင်မည်မဟုတ်ပါ။ X သည် Twitter နေရာကို အစားထိုးခဲ့ပြီး ၎င်း၏ လှုပ်ရှားမှုပုံစံကို အပြီးတိုင် ပြောင်းလဲခဲ့သည်။ ၎င်း၏ သုံးစွဲသူအရေအတွက်သည် အထင်ကြီးစရာ ကောင်းနေသေးသော်လည်း၊ ယခင်က ပေးခဲ့သည့် ပွင့်လင်းသော ဆွေးနွေးပွဲ ပလက်ဖောင်းသည် ၎င်း၏ မူဝါဒအသစ်များနှင့်အတူ ပျောက်ကွယ်သွားခဲ့ပြီး ၎င်းကို အစားထိုးနိုင်သည့် အရာတစ်ခုမှ မရှိသေးပါ (ယခုအချိန်အထိ)။
သင် မည်သည့် အစားထိုးပလက်ဖောင်းများသို့ ပြောင်းသင့်သည်ကို ဆုံးဖြတ်ရန်အတွက်၊ သင်သည် X ကို မည်သည့်အတွက်ကြောင့် အသုံးပြုနေသည်နှင့် သင့်လိုအပ်ချက်များ မည်သို့ရှိသည်ကို သင့်ကိုယ်သင် မေးမြန်းပါ။ လူများ Twitter နှင့် X ကို အသုံးပြုခဲ့ကြသည့် အကြောင်းရင်းအချို့မှာ ဥပမာအားဖြင့်:
- မိမိ၏ လှုပ်ရှားမှုများဆိုင်ရာ သတင်းအချက်အလက်များကို ဖြန့်ဝေခြင်း
- သတင်းနှင့် လက်ရှိဖြစ်ရပ်များဆိုင်ရာ အချက်အလက်များကို ရယူခြင်း
- နိုင်ငံရေး ဆွေးနွေးပွဲများတွင် ပါဝင်ဆင်နွှဲခြင်း
- သတ်မှတ်ထားသော အကြောင်းအရာများဆိုင်ရာ ဆွေးနွေးမှုများတွင် ပူးပေါင်းပါဝင်ခြင်း
- ဖျော်ဖြေရေး
- ဗီီဲဒီယိုများမျှဝေခြင်း
- စိတ်တူကိုယ်တူရှိသူများနှင့် ကွန်ရက်ချိတ်ဆက်ခြင်း
- အမှတ်တံဆိပ်မြှင့်တင်ရေး
သင် မည်သည့် အသိုင်းအဝိုင်းများနှင့် ချိတ်ဆက်ရန် လိုအပ်သည်ကိုလည်း သင်ကိုယ်တိုင် မေးမြန်းပါ။ ၎င်းသည် ပိုမိုကျယ်ပြန့်သော ပရိသတ်လား၊ သို့မဟုတ် သီးသန့် အသေးစိတ်အုပ်စုတစ်ခုလား။ သင်သည် နာမည်ကြီးပုဂ္ဂိုလ်များ၊ အကြောင်းအရာတစ်ခုတွင် အထူးပြုသည့် လူအုပ်စု၊ ဝါသနာတူအဖွဲ့များ သို့မဟုတ် သူငယ်ချင်းအုပ်စုများကိုချိတ်ဆက်လိုပါသလား။ သင့်ကို စိတ်ဝင်စားသူများထံသို့ သတင်းအချက်အလက်များကို ပေးပို့ရန်သာ လိုအပ်ပါသလား၊ သို့မဟုတ် စကားဝိုင်းများတွင် ပါဝင်ဆွေးနွေးလိုပါသလား။
X ၏ အစားထိုးများ
အထက်ပါ မေးခွန်းများအတွက် သင်ပေးသော အဖြေများပေါ် မူတည်၍၊ အောက်ပါ ရွေးချယ်စရာများထဲမှ တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော အခြားနည်းလမ်းများသို့ ပြောင်းရွှေ့ရန်အတွက် စီမံချက်တစ်ခုကို သင် ရေးဆွဲနိုင်ပါသည်:
Bluesky သည် လက်ရှိတွင် X ၏ လူကြိုက်အများဆုံး အစားထိုးရွေးချယ်စရာဖြစ်ပြီး၊ X မှ ထွက်ခွာလာသူ အများအပြားသည် ဤပလက်ဖောင်းသို့ ပြောင်းရွှေ့နေကြသည်။
Twitter ကို ပူးတွဲဖန်တီးသူ Jack Dorsey မှ တည်ထောင်ထားသော Bluesky သည် သုံးစွဲသူ၏ အတွေ့အကြုံကို မိမိစိတ်ကြိုက်ပုံစံ ပြုလုပ်နိုင်ရန်နှင့် စကားဝိုင်းများကို မည်သို့ ထိန်းညှိမည်ကို ဆုံးဖြတ်နိုင်ရန် အခွင့်အရေးပေးသည်။ ဆိုးကျိုးမှာ Bluesky သည်လည်း ကုမ္ပဏီတစ်ခုပိုင်ဖြစ်သောကြောင့်၊ အကယ်၍ ထိုကုမ္ပဏီကို အခြားသူတစ်ဦးထံ ရောင်းချပါက ၎င်း၏ မူဝါဒများ ထပ်မံပြောင်းလဲနိုင်ခြေရှိသည်။ ထို့ပြင် Bluesky သည် ဗဟိုချုပ်ကိုင်မှုလျှော့ချထားသော ကွန်ရက်တစ်ခုပေါ်တွင် အခြေခံသည်ဟု ယူဆထားသော်လည်း၊ လက်ရှိတွင် အခြားသော instance တစ်ခုမှ ထိုကွန်ရက်နှင့် ချိတ်ဆက်ထားခြင်းမရှိသေးပါ (သို့သော် ဤအခြေအနေကို ပြောင်းလဲရန် ကြိုးပမ်းအားထုတ်မှုများ ပြုလုပ်နေပါသည်)။
X ၏ ဒုတိယအများဆုံး အသုံးပြုသည့် အစားထိုးနည်းလမ်းမှာ Mastodon ဖြစ်ပြီး၊ ၎င်းသည် အသုံးပြုသူများ၏ ကိုယ်ရေးကိုယ်တာလုံခြုံမှုကို လေးစားသည့်အပြင် လွတ်လပ်ပြီး ပွင့်လင်းသော ရင်းမြစ်ဆော့ဖ်ဝဲ (free and open-source software) ကို အခြေခံထားသော ပေါင်းစည်းထားသည့် လူမှုကွန်ရက်ပလက်ဖောင်းတစ်ခု ဖြစ်သည်။
၎င်းကို စတင်အသုံးပြုရန်အတွက် အနည်းငယ်ပို၍ စီမံကိန်းဆွဲရန် လိုအပ်သည်၊ အဘယ်ကြောင့်ဆိုသော် သင်သည် ၎င်း၏ အသိုင်းအဝိုင်း၊ ကျင့်ဝတ်စည်းကမ်း၊ ထိန်းညှိမှုဆိုင်ရာ စည်းမျဉ်းများနှင့် အကြောင်းအရာဆိုင်ရာ မူဝါဒများအပေါ် အခြေခံ၍ သင်အသုံးပြုလိုသည့် ဆာဗာကို ရွေးချယ်ရမည်ဖြစ်သည်။ သင်၏ home server ကို )joinmastodon.org ရှိ Mastodon ဆာဗာအားလုံး၏ စာရင်း တွင် ရွေးချယ်နိုင်သည်၊ သို့မဟုတ် X ပေါ်တွင် သင် လိုက်ပါသည့် ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများ မည်သည့်နေရာသို့ ပြောင်းရွှေ့နေသည်ကို စစ်ဆေးခြင်းဖြင့်လည်း ရွေးချယ်နိုင်ပါသည်။
အကယ်၍သင်သည် Mastodon အကောင့်တစ်ခု စတင်လိုပါက၊ Mastodon နှင့် Fediverse ကို အသုံးပြုရန်အတွက် တရားဝင်မဟုတ်သော နည်းပညာပိုင်းဆိုင်ရာ မဟုတ်သည့် လမ်းညွှန်ဖြစ်သော Fedi.Tips မှ စတင်နိုင်ပါသည်။
- Threads (and other Meta platforms)
Threads သည် Meta ၏ မိုက်ခရိုဘလော့ဂ် ပလက်ဖောင်းဖြစ်သည်။ အချို့လူများက ၎င်းဆီသို့ ပြောင်းရွှေ့နေကြပြီး၊ အကယ်၍ သင်သည် အမှတ်တံဆိပ်တစ်ခုကို ကြော်ငြာရန် အဓိကထားပြီး Meta ၏ အခြားပလက်ဖောင်းများကို အသုံးပြုနေပါက၊ ၎င်းကို အသုံးပြုခြင်းသည် ကောင်းမွန်သောအကြံ ဖြစ်နိုင်သည်။ သို့သော် Threads တွင် အခြားပလက်ဖောင်းများကဲ့သို့ သုံးစွဲသူများ မများပြားသေးသလို၊ လူများစွာ သို့မဟုတ် အဖွဲ့အစည်းများက တက်ကြွစွာ အသုံးပြုနေခြင်း မရှိသေးပါ။ အခြားသော စီးပွားရေး လူမှုကွန်ရက် ပလက်ဖောင်းများကဲ့သို့ပင်၊ ထိုနေရာတွင် အကောင့်တစ်ခု ဖွင့်ရန် ဆုံးဖြတ်သည့်အခါ သတိထားရန် သင့်အား အကြံပြုလိုပါသည်။
Threads အပြင်၊ သင်၏ X လှုပ်ရှားမှုများကို Instagram နှင့် Facebook သို့ ပြောင်းရွှေ့ရန်လည်း စဉ်းစားနိုင်သည်၊ အထူးသဖြင့် သင့်ကို X တွင် ဖော်လိုလုပ်သူများထဲမှ များစွာသောသူတို့က ဤပလက်ဖောင်းများကို အသုံးပြုနေပါက ပြောင်းရွှေ့ရန်စဉ်းစားနိုင်သည်။ ဤပလက်ဖောင်းများကို အသုံးပြုရန် သင်ဆုံးဖြတ်ပါက ပိုမိုလုံခြုံစွာ အသုံးပြုနည်းဆိုင်ရာ Security in a Box လမ်းညွှန်များဖြစ်သည့် Instagram နှင့် Facebook စစ်ဆေးကြည့်ပါ။
- တစ်ချိန်တည်းတွင် မတူညီသော ပလက်ဖောင်းများစွာကို အသုံးပြုနိုင်သည့် လူမှုမီဒီယာ စီမံခန့်ခွဲမှု ကိရိယာ
X ကို လုံးဝစွန့်ခွာရန် မလိုအပ်ဘဲ သင်ပြုလုပ်နိုင်သော နောက်ထပ်ရွေးချယ်မှုတစ်ခုမှာ၊ ရှိပြီးသား ပလက်ဖောင်းများအားလုံးတွင် တစ်ချိန်တည်း ပို့စ်တင်နိုင်သည့် လူမှုမီဒီယာ စီမံခန့်ခွဲမှု ကိရိယာတစ်ခုကို စတင်အသုံးပြုခြင်းပင်ဖြစ်သည်။ သင့်လိုအပ်ချက်အတွက် အကောင်းဆုံးဖြစ်မည့် ဖြေရှင်းချက်ကို ရွေးချယ်ရန် topsocialtools website တွင် ရှာဖွေကြည့်ရှုနိုင်ပါသည်။
အကယ်၍ သင့်လိုအပ်ချက်မှာ သီးခြားကိစ္စရပ်များဆိုင်ရာ စကားဝိုင်းများကို လိုက်ပါကြည့်ရှုရန်နှင့် ပူးပေါင်းပါဝင်ရန်ဖြစ်ပါက၊ Reddit သို့ ပြောင်းရွှေ့ရန် စဉ်းစားနိုင်သည်။ ထိုနေရာတွင် ဖြစ်နိုင်သမျှ အမျိုးအစားတိုင်း၏ အကြောင်းအရာများကို ဖော်လို လုပ်နိုင်ပြီး၊ မကြာခဏဆိုသလို ဝင်ရောက်ခြင်း (log in) မပြုလုပ်ပဲ အသုံးပြုနိုင်သည့်အပြင် ၊ ပလက်ဖောင်း၏ upvote နှင့် comment စနစ်မှ ပေးသော သက်ဆိုင်မှု (relevance) အပေါ် အဓိကထားပါသည်။
အကယ်၍ သင်သည် X ကို ပညာရှင်တစ်ဦးအနေဖြင့် အသုံးပြုနေသည်ဆိုလျှင်၊ လုပ်ဖော်ကိုင်ဖက်များနှင့် ကွန်ရက်ချိတ်ဆက်ရန်၊ အလုပ်ရှာရန်နှင့် သင်၏ လုပ်ငန်းနယ်ပယ်ကို လိုက်ပါကြည့်ရှုရန်အတွက် X ၏ အစားထိုးအနေဖြင့် LinkedIn ကိုလည်းစဉ်းစားနိုင်သည်။
- RSS feed reader
အကယ်၍ သင်သည် X ကို သတင်းများ အမြဲရရှိနေစေရန်အတွက် အသုံးပြုနေပါက၊ ဘလော့ဂ်များ၊ သတင်းဌာနများနှင့် ဝက်ဘ်ဆိုက်အများစုကို လိုက်ပါရန်အတွက် RSS feed reader တစ်ခုကို အသုံးပြုရန် စဉ်းစားပါ။
- မည်သည့်ဆိုဒ်၏ RSS feed ကိုမဆို မည်သို့ရှာရမည်ကို လေ့လာရန်အတွက် SocialBee မှ ညွှန်ကြားချက်များကို လိုက်နာပါ။
- Thunderbird တွင် သင့် RSS feed ကို မည်သို့ဖတ်ရမည်ကို လေ့လာပါ။
- Firefox တွင်၊ Feedbro ကဲ့သို့သော RSS feed reader add-on ကို သင်အသုံးပြုနိုင်ပါသည်။
- သင့်ကိုယ်ပိုင် ဘလော့ဂ် သို့မဟုတ် ဝက်ဘ်ဆိုဒ်
အကယ်၍ သင်သည် X ကို သင်၏လုပ်ငန်းဆောင်တာများဆိုင်ရာ သတင်းအချက်အလက်များကို ဖြန့်ဝေရန်အတွက် အသုံးပြုနေပြီး၊ သင့်ကိုယ်ပိုင်ဆိုဒ်ကို စီမံခန့်ခွဲနိုင်သည့် စွမ်းဆောင်ရည်ရှိပါက၊ ဘလော့ဂ် သို့မဟုတ် ဝက်ဘ်ဆိုဒ်တစ်ခု တည်ထောင်ရန် စဉ်းစားပါ။ ထို့အပြင်၊ သင်သည် သင့် RSS feed ကို ထုတ်ဝေနိုင်ပြီး၊ သင်ထုတ်ပြန်သည့် သတင်းများအကြောင်း တုံ့ပြန်ချက်ရရှိရန်နှင့် စကားဝိုင်းများ ပြုလုပ်ရန်အတွက် မှတ်ချက်များပေးပို့ခြင်းကိုလည်း လက်ခံနိုင်သည်။
- သတင်းစာစောင်တစ်ခု သို့မဟုတ် တယ်လီဂရမ်ချယ်နယ်တစ်ခု
သင်၏ ပရိသတ်ကို သင်၏ လှုပ်ရှားမှုများဆိုင်ရာ သတင်းအချက်အလက်များ အမြဲရရှိနေစေရန် လိုအပ်ပါက၊ သတင်းလွှာ (newsletter) သို့မဟုတ် Telegram channel တစ်ခုကို စီမံဖန်တီးရန် စဉ်းစားပါ။ ၎င်းသည် သင်ထုတ်ဝေသည့် အကြောင်းအရာနှင့်ပတ်သက်၍ လွတ်လပ်စွာ ရွေးချယ်နိုင်ခွင့်ကို ခွင့်ပြုမည်ဖြစ်ပြီး၊ Substack သို့မဟုတ် Mailchimpကဲ့သို့သော ကိရိယာတစ်ခုကို အသုံးပြု၍ သို့မဟုတ် Telegram တွင် premium account ကို အသုံးပြု၍ ငွေရှာရန်လည်း သင်ရွေးချယ်နိုင်ပါသည်။
တချို့သော အသုံးဝင်သည့် ကိရိယာများ
သင်၏ X-မှ ထွက်ခွာခြင်း X-odus ကို စီစဉ်ပြီးပါက၊ သင်၏ပြောင်းရွှေ့မှုကို ပိုမိုလွယ်ကူစေမည့် ကိရိယာအချို့ရှိကြောင်း သိရှိထားခြင်းသည် အသုံးဝင်သည်။
- Cyd သည် သင့်ဒေတာများ—ဥပမာ သင်၏ Tweet များ၊
ပြန်လည်တွဒ်လုပ်သည့် retweets များ ၊ လိုက်ခ်များ၊ မှတ်သားထားမှု Bookmarks
များ နှင့် တိုက်ရိုက်မက်ဆေ့ချ်များ အားလုံးကဲ့သို့သော—ဒေသတွင်း၊ သီးသန့်
အရန်ကူးယူမှုကို ပြုလုပ်နိုင်ရန် ကူညီပေးသည်။ ၎င်းကို ပြုလုပ်ပြီးသည်နှင့်၊
Cyd သည် သင်၏ Tweet များအားလုံးကို ဖျက်ပစ်ရန် ကူညီပေးသည်။ အကယ်၍ သင်သည်
ပရီမီယံဗားရှင်းကို စာရင်းသွင်းပါက၊ သင့် X အကောင့်မှ မည်သည့်ဒေတာကို
ဖျက်လိုသည်ကိုလည်း သင်ရွေးချယ်နိုင်ပြီး၊ သင်၏ဒေတာများကို X မှ Bluesky သို့
ပြောင်းရွှေ့ရန်အတွက် Cyd ကို အသုံးပြုနိုင်သည်။
- သင့် username ကို ထိန်းသိမ်းထားပြီး သင့်ကို လိုက်ပါသူများအား မည်သည့်နေရာတွင် ရှာတွေ့နိုင်ကြောင်း ပြောကြားရင်း သင့် X အကောင့်ကို မည်သို့ ပိတ်သိမ်းရမည်ဆိုသော Cyd ၏ အဆင့်ဆင့် လမ်းညွှန်ချက်များကို ဖတ်ရှုပါ။ ၂၀၂၅ ခုနှစ်တွင် X မှ ထွက်လိုပါသလား။ ဤတွင် Cyd ဖြင့် မှန်ကန်သောနည်းလမ်းအတိုင်း လုပ်ဆောင်ပုံကို ဖော်ပြထားသည်။
- [OpenPortability](https://openportability.org/en/auth/signin သည် သင့်ဒေတာနှင့် အဆက်အသွယ်များကို X မှ Bluesky နှင့် Mastodon သို့ ပြောင်းရွှေ့ရန် ကူညီပေးသည်။
- အကယ်၍ သင်သည် Bluesky သို့ ပြောင်းရွှေ့ပါက၊ BlueNotify သည် သင်၏ Follower များတင်သည့် ပို့စ်အသစ်များအတွက် အကြောင်းကြားချက်များကို ရရှိစေမည်ဖြစ်သည် (၎င်းသည် Bluesky မှ လက်ရှိတွင် မပေးနိုင်သေးသော တစ်ခု ဖြစ်သည်)။.
- Xcancel သည် ပလက်ဖောင်းသို့ ဝင်ရောက်စရာမလိုဘဲ (log in လုပ်စရာမလိုဘဲ) X ပေါ်ရှိ ပို့စ်များကို ဖတ်ရှုနိုင်စေသည်။
အခြားရွေးချယ်စရာများထဲမှ တစ်ခုခုအတွက် လုံခြုံရေး လမ်းညွှန်အသစ်တစ်ခုကို လိုချင်ပါသလား။
အကယ်၍ သင်သည် X ၏ အခြားရွေးချယ်စရာများထဲမှ တစ်ခုခုအတွက် Security in a Box က လမ်းညွှန်တစ်ခု ဖန်တီးပေးစေလိုပါက၊ ကျွန်ုပ်တို့ကို အသိပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ siab @ frontlinedefenders . org သို့ အီးမေးလ် ပေးပို့ခြင်းဖြင့် ကျွန်ုပ်တို့ကို ဆက်သွယ်နိုင်ပါသည်။
Image by Walter Baxter licensed for reuse under a CC BY-SA 2.0 Creative Commons Licence