ဆက်သွယ်ရေး › အွန်လိုင်းအထောက်အထားများစွာကို ဖန်တီးပြီး ကာကွယ်ပါ

အွန်လိုင်းအထောက်အထားများစွာကို ဖန်တီးပြီး ကာကွယ်ပါ

နောက်ဆုံးပြင်ဆင်ထားသော 9 September 2024

မာတိကာ

...မာတိကာ စတင်နေသည်...

    ဤ လမ်းညွှန်သည် သင့်အနေဖြင့် အခြား အွန်လိုင်း ကိုယ်စားပြု အထောက်အထားများကို ဖန်တီးရန်လိုအပ်သည့်အကြောင်းအချက်အလက်များ နှင့် သင်၏ တစ်ကိုယ်ရည်ဘဝ သို့မဟုတ် သင်၏ အခြားအွန်လိုင်း ကိုယ်စားပြုဖော်ညွှန်းနိုင်သည့် အထောက်အထားများနှင့် စပ်ဆက်မှု ခက်ခဲစေရန်အတွက် အထောက်အထားများကို လုံခြုံစေသည့် နည်းလမ်းများကို အကြံပြုပေးထားပါသည်။

    သင်၏ ဗျူဟာကို ဖော်ဆောင်ပါ

    သီးခြားအထောက်အထားကို ထိန်းသိမ်းထားသည့် နည်းဗျူဟာများသည် ပွင့်ပွင့်လင်းလင်း အနေအထားမှ အထူးလျှို့ဝှက်ထားသည့် အနေထား အထိ ဖြစ်နိုင်ခြေရှိသည်။

    သင့်၏ အခြေအနေ ၊ လိုအပ်ချက်များ ၊ ရည်ရွယ်ရာပန်းတိုင် နှင့် သင့်တွင်အန္တရာယ်ရှိမှုပေါ်မူတည်၍ သင်၏ တရားဝင် နာမည် နှင့် ဖြစ်တည်မှုကို ကို ပွင့်လင်းမြင်သာမှုရှိစွာ သုံးခြင်းသီးခြား နာမည် သီးခြားဇာတ်လမ်းဖြင့် အခြားပုဂ္ဂိုလ်တစ်ဦးပုံစံ - အမည်ဝှက်ဖန်တီးခြင်း သို့မဟုတ် သင်၏ ကိုယ်ပိုင်ဖြစ်တည်မှုကို အလုံးစုံ လျှို့ ဝှက် ဖုံးကွယ်ရန် ကြိုးပန်းခြင်း တို့ကို ရွေးချယ်နိုင်သည်။

    အောက်ဖော်ပြပါ ကဏ္ဍများတွင် သင့်အတွက် အကောင်းဆုံးအလုပ်ဖြစ်နိုင်မည့် နည်းဗျူဟာများကို ရွေးချယ် အကောင်ထည်ဖော်ရာတွင် အထောက်အကူဖြစ်စေမည့် အချက်အလက်များကို တွေ့ရမည်ဖြစ်သည်။

    အစစ်အမှန် အထောက်အထား

    အွန်လိုင်းတွင် သင်၏ တရားဝင် အမည်ကို အသုံးပြု၍ အကြောင်းအရာများတင်ပြခြင်းသည် သင့်ကို ကိုယ်စားပြုသည့်အထောက်အထား အနေဖြင့် ဖြစ်နိုင်ပြီး သင်၏ ဂုဏ်သိက္ခာတရား နှင့် ယုံကြည်မှုကို ဖော်ကျူးတည်ဆောက်ရန်လိုအပ်ပါက သင့်လျှော်မှုရှိနိုင်သည်။

    သင်မည်သူမည်ဝါ ဖြစ်သည်ကို ပွင့်လင်းမြင်သာမှုရှိစွာ ဖော်ပြမည်ဟု ဆုံးဖြတ်ခြင်းသည် သင့်၏ တကိုယ်ရည်ဘဝဖြစ်တည် လှုပ်ရှားမှု အားလုံးကို ထုတ်ဖော်ပြသစရာလိုအပ်သည်ဟု မဆိုလိုပါ။ ဥပမာအားဖြင့် သင့်၏ တရားဝင်လုပ်ငန်း ဆောင်တာများ ဖြစ်သော သတင်းမီဒီယာ များတွင် ရေးသားခြင်းကို သင့်အမည်မှန် ဖြင့် တင်ဆက်နိုင်ပြီး၊ သင်၏ တကိုယ်ရည်လှုပ်ရှားမှုများဖြစ်သော မိသားစု၊ နီးစပ်သူများနှင့် ဆက်သွယ်ရန် နှင့် လူမှုကွန်ရက် လှုပ်ရှားမှုများကို အမည်ဝှက်) ဖြင့် ဆောင်ရွက်နိုင်သည်။

    သင်၏ ကိုယ်ပိုင်အမှတ်သင်္ကေများကို ခွဲခြားသိမ်းဆည်းရန် အခြေခံအလေ့အကျင့်များကို အသုံးပြုခြင်းသည် ဤကဲ့သို့သော ကိစ္စများတွင် အရေးပါသော အရာများဖြစ်သည်။

    အမြဲတမ်းအမည်ဝှက်အားအသုံးပြုခြင်း

    အကယ်၍ သင်သည် အမည်ဝှက်ကိုသာ အမြဲအသုံးပြုပါက သင်သည် အမည်ဝှက်အား စွဲမြဲစွာအသုံးပြုခြင်းကို လုပ်ဆောင်နိုင်သူတစ်ဦးဖြစ်သည်။ ဤဗျူဟာသည် သင့်အမည်လွှဲနှင့်ချိတ်ဆက်နေသည့် အွန်လိုင်းဂုဏ်သတင်းကို တိုးမြှင့်နေစဉ်အတွင်းမှာပင် သင်ထုတ်ဝေလိုက်သော အကြောင်းအရာအတွက် နိုင်ငံရေး သို့မဟုတ် စီးပွားရေးအရ ပြစ်ဒဏ်ခတ်ခြင်းကဲ့သို့ အန္တရာယ်များကိုလည်း လျှော့ချပြီးသားဖြစ်စေပါသည်။ တစ်ဖက်တွင်လည်း သင့်အား ယုံကြည်ရမှုရှိမရှိအား တခြားသူများ ဆုံးဖြတ်ရန်အတွက်လည်း အထောက်အကူပြုနိုင်ပါသည်။ ဤသည်လည်း ယုံကြည်မှုပေါ်အခြေခံထားသော အွန်လိုင်းလူမှုအဖွဲ့အစည်းများအတွက် အရေးကြီးသည့် အချက်တစ်ခုဖြစ်သည်။

    မတူညီသည့် ရည်ရွယ်ချက်များအတွက် မတူညီသော အမည်လွှဲများ ( နှင့် နာမည်ဂုဏ်သတင်းများ ) အားထိန်းသိမ်းရန်လည်း ဖြစ်နိုင်ပါသည်။ ဉပမာ သင်၏ တက်ကြွလှုပ်ရှားမှုများအတွက် အသုံးပြုသော အမည် နှင့် ဝါသနာအရ သင်ဖြန့်ဝေသော ဓာတ်ပုံများအတွက် သုံးသော အမည် နှစ်ခုကို ခြားနားအောင် ပြုလုပ်နိုင်ပါသည်။

    လူနှင့် ဆက်စပ်နေခြင်းမရှိသော ကိုယ်ပိုင်အမှတ်သင်္ကေတတစ်ခုကို အစုအဖွဲ့အနေဖြင့်လည်း အသုံးပြုနိုင်ပါသည်။ ဤရွေးချယ်မှုသည် အဖွဲ့လိုက်စုပေါင်းလုပ်ဆောင်နိုင်ခြင်း အကျိုးကျေးဇူးကို ပေးစွမ်းစဉ်တွင်လျှင် တစ်ဦးဦးကြောင့် အဖွဲ့ဝင်များအား မည်သူမည်ဝါဖြစ်ကြောင်းပေါက်ကြားခြင်းကို ရှောင်ရှားလိုပါက အားကောင်းသော လုံခြုံရေးစီမံချက်များနှင့်အတူ ကောင်းမွန်သော ချိတ်ဆက်မှု၊ အလေ့အကျင့်ကောင်းများကို ပျိုးထောင်ထားရန် လိုအပ်ပါလိမ့်မည်။

    သင်၏ အမည်လွှဲ ကိုယ်ပိုင်အမှတ်သင်္ကေတအား မည်သို့ ဖန်တီးရမည် နှင့် ကာကွယ်ရမည်ဆိုသည်အတွက် လမ်းညွှန်မှုများကို အောက်ပါ အပိုင်းများတွင် ရှာဖွေတွေ့ရှိနိုင်သည်။

    မည်သူမည်ဝါဖြစ်ကြောင်းမသိရှိစေခြင်း

    အပြည့်အဝ မည်သူမည်ဝါမှန်းမသိအောင် လုံးစုံ လျှို့ဝှက် နေထိုင်ခြင်းအနေအထားသည် ရရှိကျင့်သုံးရန် ခက်ခဲနိုင်ပါသည်။ သို့သော် မည်သူမည်ဝါမှန်းမသိစေရန် ကာကွယ်ပေးနိုင်သော ကိရိယာများ နှင့် ဗျူဟာများသည် သင်၏ လွတ်လပ်မှု နှင့် ကောင်းကျိုးကို ထိပါးနိုင်သော၊ သင်နှင့် နီးစပ်သူများအား အန္တရာယ်ကျရောက်စေနိုင်သော အခြေအနေများတွင် အကူအညီဖြစ်နိုင်ပါသည်။

    အမြဲတမ်း အမည်ဝှက်ဖြင့် နေထိုင်ခြင်းကဲ့သို့ မဟုတ်ပဲ အပြည့်အဝ မည်သူမည်ဝါမသိအောင် နေထိုင်ခြင်းသည် မည်သည့်ခြေရာလက်ရာမှ မကျန်ရှိစေပဲ ရည်မှန်းချက်တစ်ခုပြီးဆုံးချိန်ထိသာ ရေတိုကိုယ်ပိုင်အမှတ်သင်္ကေတ သို့မဟုတ် အမည်ဝှက် အား အသုံးပြုခြင်းဖြစ်သည်။ ဉပမာ မီဒီယာဌာနတစ်ခုသို့ အတွင်းသတင်းထုတ်ဖော်သတင်းပေးချင်သူတစ်ဦးသည် စာရွက်စာတမ်းပေးပို့လိုပါက ဂျာနယ်လစ်များ နှင့် ဆက်သွယ်ရာတွင် မည်သူမည်ဝါမှန်းမသိစေနိုင်သော ကိရိယာများအသုံးပြုမည်ဖြစ်ပြီး ဤရည်မှန်းချက် ပြီးဆုံးပါက ဖန်တီးထားသော အကောင့်မှန်သမျှ ဖျက်ဆီးမည်ဖြစ်သည်။

    အကယ်၍ သင်သည် သင်၏ အွန်လိုင်းလှုပ်ရှားမှုများကို မည်သူမည်ဝါမှန်းမသိအောင် လုပ်ချင်ပါက သတိထားသင့်သည်မှာ တစ်ချို့နိုင်ငံများတွင် ဤသို့ပြုလုပ်ခြင်းသည် မှားယွင်းသော အရာတစ်ခုအား လုပ်နေသည်ဟု အာဏာပိုင်များ၏ အထင်အမြင် ရရှိစေနိုင်ခြင်းဖြစ်သည်။ ဤသို့သော အခြေအနေများတွင် သင့်ရည်မှန်းချက်ကို ရောက်ရှိအောင် တခြားသော နည်းလမ်းများကို ရှာဖွေသင့်သည်။ ဉပမာ အင်တာနက်အား လုံးဝအသုံးမပြုခြင်းဖြစ်သည်။

    သင်၏ ချိတ်ဆက်မှုများ၊ မက်ဆေ့များ နှင့် ဖိုင်များမျှဝေခြင်းအတွက် မည်သူမည်ဝါဖြစ်ကြောင်းအားမသိစေရန် ကာကွယ်ရန် အသုံးပြုနိုင်သော ကိရိယာများ နှင့် ဗျူဟာများကို ပိုမိုလေ့လာပါ

    ဗျူဟာများအား ချိန်ဆ ကြည့်ခြင်း

    မျိုးစုံသော ကိုယ်ပိုင်အမှတ်သင်္ကေတရွေးချယ်စရာများ၏ ကောင်းကျိုး နှင့် ဆိုးကျိုးများ :

    သင့်အတွက် ပိုမိုအန္တရာယ်ကျရောက်နိုင်စွမ်းရှိသော နာမည်ဂုဏ်သတင်းအား ထိန်းသိမ်းခြင်း လိုအပ်သော အားထုတ်မှု
    ကိုယ်ပိုင်အမှတ်သင်္ကေတအစစ်အမှန် + ++ -
    အမြဲသုံးအမည်လွှဲ - + +
    အလုံးစုံ မည်သူမည်ဝါဖြစ်ကြောင်းမသိစေခြင်း -- - ++
    • စစ်မှန်သော ကိုယ်ပိုင်အမှတ်သင်္ကေတ

      • အန္တရာယ်ကျရောက်နိုင်စွမ်း : သင်၏ တရားဝင် ကိုယ်ပိုင်အမှတ်သင်္ကေတအား အွန်လိုင်းတွင် အသုံးပြုခြင်းသည် သင်၏ မိသားစုဝင်များ၊ လုပ်ဖော်ကိုင်ဖက်များ နှင့် တခြားသူများမှ သင့်အား မည်သူမည်ဝါဖြစ်ကြောင်း အလွယ်တကူ ဖော်ထုတ်စေနိုင်ပါသည်။ သင်၏ လှုပ်ရှားမှုများသည်လည်း သင့်ထံသို့ ပြန်လည်ချိတ်ဆက်လာစေနိုင်ပါသည်။
      • နာမည်ဂုဏ်သတင်း : တခြားသူများသည်သင့်အား မည်သူမည်ဝါဖြစ်ကြောင်း အလွယ်တကူ ဖော်ထုတ်နိုင်သည်၊ နာမည်ဂုဏ်သတင်း နှင့် ယုံကြည်မှု တည်ဆောက်ခြင်း အပိုင်းတွင် ပိုမို လွယ်ကူထိရောက်သည်။
      • အားထုတ်မှု : မည်သူမည်ဝါဖြစ်ကြောင်းမသိစေရန် ကာကွယ်နိုင်သော ကိရိယာများအား အသုံးပြုနည်းကကို လေ့လာရန် မလိုအပ်သောကြောင့် ဤဗျူဟာသည် အားထုတ်မှုအနည်းငယ်သာ လိုအပ်သည်။
    • အမည်လွှဲအား အမြဲအသုံးပြုခြင်း

      • အန္တရာယ်ကျရောက်နိုင်စွမ်း : သင်၏ ချိတ်ဆက်မှုများကို သေချာစွာ စီမံခန့်ခွဲမှု မပြုလုပ်ပါက သင်၏ တရားဝင် ကိုယ်ပိုင်အမှတ်သင်္ကေတဖြင့် အမည်လွှဲသည် ချိတ်ဆက်ဖော်ထုတ်ခံရခြင်း ဖြစ်လာနိုင်သည်။
      • နာမည်ဂုဏ်သတင်း : အမြဲတမ်း အမည်လွှဲအားအသုံးပြုခြင်းသည် သင့်အား ပလက်ဖောင်းများအား တစ်လျှောက် သင့်အား မည်သူမည်ဝါဖြစ်ကြောင်း ချိတ်ဆက်ဖော်ကျူးနိုင်သည်။ ထိုနည်းလမ်းသည်လည်း နာမည်ဂုဏ်သတင်း နှင့် ယုံကြည်မှုအား တည်ဆောက်ရန်ကောင်းသော နည်းလမ်းတစ်ခုလည်း ဖြစ်သည်။
      • အားထုတ်မှု : အမည်လွှဲအား ထိန်းသိမ်းခြင်းသည် အားထုတ်မှုတစ်ချို့ လိုအပ်သည်။ အထူးသဖြင့် သင်သည် သင်၏ တရားဝင်နာမည်ကို တခြားနေရာတွင် အသုံးပြုနေစဉ်တွင် ပိုမိုလိုအပ်နိုင်သည်။
    • မည်သူမည်ဝါဖြစ်ကြောင်းမသိရှိစေခြင်း

      • အန္တရာယ်ကျရောက်နိုင်စွမ်း : သင့်အခြေအနေတွင် ပိတ်ဆို့မှုများပြုလုပ်ထားသော လှုပ်ရှားမှုများကို ဆက်လက်လုပ်ကိုင်နိုင်လိုသည့်အခါတွင် ထိုအရာသည် အသုံးဝင်နိုင်သလို မည်သူမည်ဝါမှန်းမသိစေအောင်နေထိုင်ခြင်းက ထိန်းသိမ်းထားရန် ခက်ခဲပါသည်။ ထို့ကြောင့် သေချာစွာရွေးချယ်ပါ။ မည်သူမည်ဝါဖြစ်ကြောင်းအား ကာကွယ်ပေးနိုင်သော ကိရိယာများအား အသုံးပြုနည်း တွင် လိုအပ်သော သတင်းအချက်အလက်များကို ရယူပါ။
      • နာမည်ဂုဏ်သတင်း : မည်သူမည်ဝါဖြစ်ကြောင်း မသိစေရန် အသုံးပြုခြင်းသည် ယုံကြည်မှု၊ နာမည်ဂုဏ်သတင်း ရရှိရန် သို့မဟုတ် တခြားသူများ နှင့် ချိတ်ဆက်ရန်အတွက် အခွင့်အလမ်းနည်းသည်။
      • အားထုတ်မှု : မည်သူမည်ဝါဖြစ်ကြောင်းမသိစေရန် ကာကွယ်ထားခြင်းကို ထိန်းသိမ်းရန် ခက်ခဲပါသည်။ သင်၏ ကိုယ်ပိုင်အမှတ်သင်္ကေတကို သိစေနိုင်သော အချက်အလက်များပေါက်ကြားခြင်းကို ရှောင်ရှားရန် နှင့် အမြဲသတိပြုရန် အားထုတ်မှု လိုအပ်ပါသည်။

    အွန်လိုင်းတွင် သင်၏ မည်သည့်အချက်အလက်များရှိနေပြီးသားဖြစ်သည်ကို စစ်ဆေးပါ

    သင်၏ အွန်လိုင်းလှုပ်ရှားမှုများအတွက် မူကွဲ ကိုယ်ပိုင်အမှတ်သင်္ကေတများအား စတင်ဖန်တီးခြင်းမပြုလုပ်မီ အကောင်းဆုံးမှာ "self-doxing" ဟုခေါ်သော လုပ်ဆောင်မှုမှတစ်ဆင့် အင်တာနက်မှတစ်ဆင့် သင်၏ မည်သည့်အကြောင်းအရာများအား ဖော်ထုတ်နိုင်စွမ်းရှိသည်ကို ဝက်ဘ်တွင် ရှာဖွေမှုများ ပြုလုပ်ခြင်းဖြစ်သည်။

    ကျွနု်ပ်တို့ ဤ အရာကို အဘယ်ကြောင့် ညွှန်းသည်ကို လေ့လာပါ

    Doxing ပြုလုပ်ခြင်းသည် တစ်ဦးဦးအား ရနိုင်သမျှသော အရင်းအမြစ်များအား အသုံးပြု၍ ခြေရာခံခြင်း၊ အချက်အလက်များစုဆောင်းခြင်းများပြုလုပ်ခြင်းဖြစ်သည်။ အန္တရာယ်ပြုနိုင်သူသောတစ်ဦးသည် သူပစ်မှတ်ထားသူ၏ တန်ဖိုးရှိသည့် အချက်အလက်များကို ဖော်ထုတ်နိုင်ရန်အတွက် Doxing ပြုလုပ်နိုင်သည်။ ဉပမာ အွန်လိုင်းအကောင့်တစ်ခု၏ တစ်ကိုယ်ရည်အသေးစိတ်အကြောင်းအရာများကို ရှာဖွေခြင်းဖြစ်သည်။ "Self-Doxing" ပြုလုပ်ခြင်းသည် ရရှိနိုင်သော သင့်အကြောင်းအရာများကို ရှာဖွေတွေ့ရှိစေရန် ကူညီနိုင်ပြီး လိုအပ်ပါက ထိုအချက်အလက်များအား လူအများနှင့် မျှဝေခံရခြင်း၊ ပျံ့နှံ့သွားစေခြင်းများအား တားဆီးရန်အတွက် ဖျက်ဆီးပြစ်နိုင်သည်။

    မလိုလားအပ်သော အချက်အလက်များ နှင့် ကိုယ်ပိုင်အမှတ်သင်္ကေတအဟောင်းများကို ဖယ်ရှားပါ

    အကယ်၍ သင်၏ ကိုယ်ပိုင်အမှတ်သင်္ကေတများ အချင်းချင်းအား ချိတ်ဆက်နိုင်သည့် ဓာတ်ပုံ နှင့် ဗီဒီယိုများအား သင်ရှာတွေ့ပါက တင်ထားသည့် ဝက်ဘ်ဆိုက် နှင့် ပလက်ဖောင်းများအား ဆက်သွယ်ကာ ဖြုတ်ချရန် တောင်းဆိုနိုင်သည်။

    ကျွနု်ပ်တို့ ဤ အရာကို အဘယ်ကြောင့် ညွှန်းသည်ကို လေ့လာပါ

    သင်၏ အလုပ်အတွက်၊ တစ်ကိုယ်ရည်ဘဝအတွက် နှင့် တခြားသော လှုပ်ရှားမှုများအတွက် ကိုယ်ပိုင်အမှတ်သင်္ကေတတစ်ခုအား အချိန်ကြာမြင့်စွာ အသုံးပြုခြင်းသည် သင့်၏ အချက်အလက်များကို ခြေရာခံစုဆောင်းရန် သို့မဟုတ် တိုက်ခိုက်ခြင်းရန်အတွက် အသုံးပြုနိုင်သည့် အချက်အလက်ခြေရာများစွာကို ဖန်တီးနိုင်ပါသည်။ သင့်တရားဝင်အမည်ပါဝင်နေသော အမည်အပါအဝင် ကိုယ်ပိုင်အမှတ်သင်္ကေတတစ်ခုချင်းစီအား ဖျက်ဆီးရန်အသင့်ဖြစ်သည့် အရာများအဖြစ်မှတ်ယူသင့်သည်။ သင်၏ အချက်အလက်များ၊ ဓာတ်ပုံများ၊ ဗီဒီယိုများ နှင့် အကောင့်ဟောင်းများကို လိုအပ်ပါက ဖျက်ဆီးပါ။

    သင်၏ ဆိုရှယ် ဒိုမိန်း (ဖြစ်တည်မှု) များကို မြေပုံဆွဲပါ

    မတူညီသည့် ကိုယ်ပိုင်အမှတ်သင်္ကေတများအား မဖန်တီးခင် အရေးကြီးသော အဆင့်သည် သင်၏ ဆိုရှယ်ဒိုမိန်းများကို မြေပုံဆွဲကြည့်ခြင်းဖြစ်သည်။ ဤနည်းဖြင့် မည်သည့်နေရာများတွင် ထပ်နေသည် နှင့် မည်သည့် ထိစပ်နေမှုများက နယ်ပယ် ဖြတ်သန်း တိုက်ခိုက် မှု များအား ဦးတည်နိုင်သည်ကို သိရှိနိုင်စေသည်။

    သင်၏ အွန်လိုင်း နှင့် အွန်လိုင်းမဟုတ်သော မတူညီသည့် လှုပ်ရှားမှုများ နှင့် ကွန်ရက်ချိတ်ဆက်မှုများအား စဉ်းစားကာ တစ်ခုချင်းစီ၏ ထိရှလွယ်မှုကို တွေးကြည်ပါ။ သင်၏ အထိရှလွယ်ဆုံးသော ဒိုမိန်းများကို ထုတ်ဖော်သိရှိပြီးပါက သင့်ဘဝတွင်ရှိသော တခြားကွန်ရက်ချိတ်ဆက်မှုများထံမှ ထိုဒိုမိန်းများအား မည်သို့ကန့်သတ်ထားရှိမည်အား သုံးသပ်ပါ။ ဤသုံးသပ်မှုပေါ်တွင် မူတည်ကာ သင်၏ ကျန်ရှိသော လှုပ်ရှားမှုများ နှင့် သင်၏ ထိရှလွယ်သော ဒိုမိန်းများအား ခွဲခြားပေးထားနိုင်မည့် အွန်လိုင်း ကိုယ်ပိုင်အမှတ်သင်္ကေတများ ဖန်တီးရန် ရှေ့ဆက်လုပ်ဆောင်ပါ။

    ကျွနု်ပ်တို့ ဤ အရာကို အဘယ်ကြောင့် ညွှန်းသည်ကို လေ့လာပါ

    လူတစ်ဦးချင်းစီသည် အလုပ်ခွင်၊ တက်ကြွလှုပ်ရှားကြသောအဖွဲ့အစည်း၊ မိသားစု၊ မိတ်ဆွေစက်ဝန်း၊ အားကစားအသင်းများ၊ အိမ်နီးနားချင်းများ နှင့် ဂိမ်းကစားဖက်များ ကဲ့သို့ များပြားသော ဆိုရှယ်ဒိုမိန်းများနှင့် ပတ်သက်ပါသည်။

    တခြားသူများထက် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ကွန်ရက်များ နှင့် လုပ်ဆောင်မှုများကို လုံခြုံအောင် ထားချင်တတ်ကြသည်။ ဉပမာ ကျွန်ုပ်တို့၏ လုပ်ငန်းဆောင်တာများ သို့မဟုတ် တက်ကြွလှုပ်ရှားမှုများအတွက် ဆက်သွယ်ရေးများကို ပိုမိုလုံခြုံအောင် ကာကွယ်တတ်ကြပြီး ဆိုရှယ်မီဒီယာပလက်ဖောင်းများပေါ်တွင် အသိမိတ်ဆွေများနှင့် ပတ်သက်စပ်လျှက်ရှိမှုကို ပေါ့လျှော့ထားတတ်ကြသည်။ သို့ရာတွင် ဤအဖွဲ့အများကြား ထိစပ်မှုများသည် အန္တရာယ်အဖြစ် ပြောင်းလဲသွားနိုင်သည်။ ဉပမာ တက်ကြွလှုပ်ရှားသူတစ်ဦးသည် သူ၏ ဝါသနာပါရာကို ဆိုရှယ်မီဒီယာပေါ်တွင် မျှဝေသည့်အခါ ထိုသူအားခြေရာခံလိုသူတစ်ဦးဦးသည် ဝါသနာပါသောအကြောင်းအရာနှင့် ပတ်သက်သည့် ဗိုင်းရက်စ်ထည့်သွင်းထားသော PDF ဖိုင်တစ်ခုအား ပေးပို့ပြီး ဖွင့်ကြည့်ရန် ဆွဲဆောင်ကာ စက်ပစ္စည်းများအတွင်းသို့ ဗိုင်းရက်စ်များ ကူးစက်စေနိုင်ပါသည်။ လူတစ်ဦးသည် အွန်လိုင်းပေါ်တွင် လုပ်ဆောင်သမျှတိုင်းအတွက် တူညီသည့် ကိုယ်ပိုင်အမှတ်သင်္ကေတကိုသာ အသုံးပြုပါက ထိုကဲ့သို့ ပစ်မှတ်ထားတိုက်ခိုက်ခြင်းမျိုးကို ကြုံရနိုင်ခြေရှိပါသည်။ ထိုသို့ကြုံရနိုင်ခြေရှိခြင်းမျိုးကြောင့် ကျွန်ုပ်တို့၏ ဆိုရှယ်မီဒီယာများအား တစ်ခု နှင့် တစ်ခု ဆက်စပ်နေခြင်းမရှိအောင် ထားရှိခြင်းဖြင့် ကျွန်ုပ်တို့၏ ထိရှိလွယ်သော လှုပ်ရှားမှုများကို လုံခြုံအောင်ပြုလုပ်သင့်ခြင်း၏အကြောင်းပြချက်တစ်ခုလည်းဖြစ်သည်။

    မူကွဲ ကိုယ်ပိုင်အမှတ်သင်္ကေတတစ်ခုကို ဖန်တီးပြီး လုံခြုံအောင် ပြုလုပ်ပါ

    နာမည်တစ်ခုကို ရွေးချယ်ပါ

    သင်၏ ကိုယ်ပိုင်အမှတ်သင်္ကေတအသစ်တွင် သင်အကောင့်ဖွင့်နေသော ဆိုရှယ်မီဒီယာပလက်ဖောင်းတွင် တရားဝင်အမည်တစ်ခုအနေဖြင့် အသိအမှတ်ပြုခံရနိုင်သော နာမည် နှင့် မျိုးရိုးနာမည်တစ်ခု ရှိ၍ရနိုင်ပါသည်။ ငြင်းချက်ထုတ်နိုင်ခြေရှိသော နာမည်တစ်ခုကို ရွေးချယ်နိုင်ပါသည်။ သို့ရာတွင် Facebook ကဲ့သို့သော ပလက်ဖောင်းများသည် "နေ့စဉ်ဘဝတွင်အသုံးပြုသောအမည်" ဖြင့် စာရင်းသွင်း အကောင့်ဖွင့်ရန်လိုအပ်သော ပလက်ဖောင်းများလည်း ရှိသည်ကို ထည့်သွင်းစဉ်းစားပါ။ ထို့ကြောင့် ဤကဲ့သို့အွန်လိုင်းအကောင့်ဖွင့်ရာတွင် အသိအမှတ်ပြုခြင်းခံရနိုင်သော အမည်မျိုးသည် အကူအညီဖြစ်နိုင်သည်။ အကယ်၍ သင်သည် ဆိုရှယ်မီဒီယာပလက်ဖောင်းများတွင် အမည်ဝှက်ကို အသုံးပြုမည်ဆိုပါက အကောင့်ပိတ်ခံရနိုင်ခြေကိုလည်း အမြဲထည့်သွင်းစဉ်းစားသင့်ပြီး ထိုအကောင့်ကို ဝင်မရတော့ပါက ဆက်သွယ်နိုင်မည့် တခြားနည်းလမ်းများကိုလည်း တွေးထားသင့်သည်။

    သင်၏ အကောင့်အတွက် အမည်၊ မျိုးရိုးနာမည် နှင့် အသုံးပြုသူနာမည်အား ရွေးချယ်သတ်မှတ်ပြီးပါက တခြားသူတစ်ဦးမှ ထိုနာမည်အား အသုံးပြုနေပြီးသားဖြစ်ခြင်းရှိမရှိအား ရှာဖွေဖော်ထုတ်ခြင်းသည် အကောင့်ဆုံးဖြစ်သည်။

    မတူညီသည့် ဖုန်းနံပါတ်တစ်ခုကို ရယူပါ

    မတူညီသော ဖုန်းနံပါတ်တစ်ခုကို ရရှိရန် နည်းလမ်းများစွာ ရှိပါသည်။ သင်နေထိုင်ရာနေရာပေါ် မူတည်ပြီး သင်၏ တရားဝင် ကိုယ်ပိုင်အမှတ်သင်္ကေနှင့် ဆက်စပ်ခြင်းမရှိပဲ မှတ်ပုံတင်ကာ အသုံးပြုနိုင်စွမ်းပင် ရှိနိုင်ပါသည်။

    • တစ်ချို့နိုင်ငံများတွင် သင်၏ စာရွက်စာတမ်းများ ပြသရန် မလိုအပ်သည့် မှတ်ပုံတင်ထားပြီးသား ဈေးသက်သာသော ငွေချေပြီးသား ဆင်းကဒ်များကို ဝယ်ယူနိုင်ပါသည်။
    • Hushed, Google Voice or Twilio ကဲ့သို့ အွန်လိုင်းဖုန်းခေါ်ဆိုမှု ဝန်ဆောင်မှုများမှလည်း ဖုန်းနံပါတ်တစ်ခုကို ရရှိနိုင်သည်။

    သင်၏ တခြားသော ဖုန်းနံပါတ်အပေါ်တွင် ထိန်းချုပ်နိုင်မှုရှိခြင်းကို ထိန်းသိမ်းထားနိုင်ရန် အရေးကြီးကြောင်းကို အမှတ်ရပါ။ သင်သာ ငွေပေးချေခြင်းကို ရပ်တန့်လိုက်ပါက ထိုဖုန်းနံပါတ်သည် တခြားတစ်ဦးစီ ရောင်းချခြင်းဖြစ်နိုင်ပြီး အကောင့်အား ဝင်ရောက်နိုင်စွမ်းအား ဆုံးရှုံးလိုက်ရချိန်တွင် ထိုနံပါတ်ဖြင့် ဖွင့်ထားသော အကောင့်အား ပြန်လည်ဆည်ယူရန် ပိုမိုခက်ခဲသွားစေနိုင်ပါသည်။

    ကျွနု်ပ်တို့ ဤ အရာကို အဘယ်ကြောင့် ညွှန်းသည်ကို လေ့လာပါ

    အီးမေးလ် လိပ်စာအသစ်၊ ဆိုရှယ်မီဒီယာအကောင့်အသစ် သို့မဟုတ် ဆက်သွယ်ရေးအက်ပ်ပလီကေးရှင်းများ စသည့်ဖြင့် အကောင့်အသစ်တစ်ခုကို ဖန်တီးချိန်တွင် ဖုန်းနံပါတ်တစ်ခုအား မကြာခဏ တောင်းတတ်ပါသည်။ များသောအားဖြင့် သင့်ဖုန်းနံပါတ်သည် သင်၏ စာရွက်စာတမ်းများ နှင့် သင်၏ တရားဝင်ကိုယ်ပိုင်အမှတ်သင်္ကေတနှင့် ဆက်စပ်နေလေ့ရှိပါသည်။ ထို့ကြောင့် သင့်ဖုန်းနံပါတ်သည် သင်၏ တခြားကိုယ်ပိုင်အမှတ်သင်္ကေတအား ခြေရာခံနိုင်ရာတွင် ဖြစ်နိုင်သွားစေနိုင်သည့် အားနည်းချက်တစ်ခုဖြစ်နိုင်ပါသည်။ ထို့ကြောင့် သင်၏ အွန်လိုင်းအကောင့်များတစ်ခုစီအတွက် မတူညီသည့်၊ အမြဲသုံး၍ရနိုင်သည့် ဖုန်းနံပါတ်များ ရနိုင်ရန် နည်းလမ်းရှာထားခြင်းသည် မတူညီသည့် ကိုယ်ပိုင်အမှတ်သင်္ကေတများဖန်တီးရန်အတွက် လုပ်ဆောင်သင့်သည့် ပထမဆုံးအဆင့်လည်း ဖြစ်သည်။

    သင်၏ အင်တာနက်ကွန်ရက် ချိတ်ဆက်သည့် လိပ်စာကို ကွယ်ဝှက်ပါ

    သင်၏ အင်တာနက်ချိတ်ဆက်သည့် လိပ်စာကို ဖုံးကွယ်ထားချင်ပါက စိတ်ချရသော VPN တစ်ခုကို သုံးနိုင်ပါသည်။ သို့သော် VPN အား ထောက်ပံ့သူများသည် သင်၏ အွန်လိုင်းလှုပ်ရှားမှုများကို ကြည့်ရှုနိုင်စွမ်းရှိသည်ကို သတိရပါ။ ထို့ကြောင့် သင်သည် ယုံကြည်ရသော VPN ကိုသာ ရွေးချယ်သင့်သည်။ သင်၏ တခြားသော ကိုယ်ပိုင်အမှတ်သင်္ကေတများ နှင့် သင်၏ တရားဝင်အမည်အား ချိတ်ဆက်မှုမရှိကြောင်း သေချာလိုပါက အကောင်းဆုံးမှာ Tor အား အသုံးပြု၍ သင်၏ ချိတ်ဆက်မှုများကို မည်သူမည်ဝါမှန်းမသိအောင် ပြုလုပ်ခြင်းဖြစ်သည်။

    ကျွနု်ပ်တို့ ဤ အရာကို အဘယ်ကြောင့် ညွှန်းသည်ကို လေ့လာပါ

    သင် အသုံးပြုသော အင်တာနက်ရရှိရန်ဝန်ဆောင်မှုပေးသည့်နေရာ(ISP)၊ အီးမေးဝန်ဆောင်မှု ထောက်ပံ့သူ နှင့် အွန်လိုင်းပလက်ဖောင်းများမှ သင်၏ တခြားသော ကိုယ်ပိုင်အမှတ်သင်္ကေတများ နှင့် တရားဝင် ကိုယ်ပိုင်အမှတ်သင်္ကေတများအား ဆက်စပ်နိုင်မှုမရှိသည်အား သေချာစေရန် သင်ထိုအကောင့်များအား အသုံးပြုနေစဉ်အတွင်း နှင့် ကိုယ်ပိုင်အမှတ်သင်္ကေတအတွက် အကောင့်အသစ်များဖန်တီးနေစဉ်အချိန်များတွင် သင်၏ အင်တာနက်ကွန်ရက် ချိတ်ဆက်သည့် လိပ်စာကို ဖုံးကွယ်ထားခြင်းသည် အကောင်းဆုံးဖြစ်သည်။.

    အီးမေးလ်အကောင့် အသစ်တစ်ခုကို ဖန်တီးပါ

    သင်၏ ယခုအသုံးပြုနေသော အီးမေးလ်အကောင့်မှ စတင်ကာ အီးမေးလ်အကောင့်တစ်ခု၊ အမည်တစ်ခုကို စာရင်းသွင်းနိုင်ပါသည်။ သို့မဟုတ် သင်သည် အမြဲတမ်းအသုံးပြုရန်လိုအပ်သည့် လိပ်စာမဟုတ်ပါက အချိန်ကြာလျှင်ပျက်သွားမည့် အီးမေးလ်ဝန်ဆောင်မှုတစ်ခုကို အသုံးပြုနိုင်ပါသည်။ ဤရွေးချယ်စရာများကို စိတ်ချရသော အီးမေးလ် အကြောင်း ကျွန်ုပ်တို့၏ လမ်းညွှန်တွင် ပိုမိုဖတ်ရှုနိုင်ပါသည်။

    ကျွနု်ပ်တို့ ဤ အရာကို အဘယ်ကြောင့် ညွှန်းသည်ကို လေ့လာပါ

    မတူညီသော အွန်လိုင်း ကိုယ်ပိုင်အမှတ်သင်္ကေတတစ်ခု ဖန်းတီးခြင်း၏ အရေးကြီးသော လုပ်ဆောင်ရန် အဆင့်သည် အီးမေးလ်အကောင့်အသစ်တစ်ခု ဖန်တီးခြင်းဖြစ်သည်။ ဆိုရှယ်ချိတ်ဆက်ရေး ပလက်ဖောင်းများ နှင့် တခြားသော အွန်လိုင်းဝန်ဆောင်မှုများတွင် အကောင့်ဖွင့်ရန် ထိုအီးမေးလ်အကောင့်ကို သင်လိုအပ်ပါလိမ့်မည်။

    သင်၏ အကောင့်အကောင့်အသစ်မှတစ်ဆင့် သင်၏ တရားဝင် ကိုယ်ပိုင်အမှတ်သင်္ကေတအား သင်၏ အီးမေးလ်ဝန်ဆောင်မှုထောက်ပံ့သူမျ ခြေရာခံခြင်း မခံလိုပါက အီးမေးလ်အကောင့်အသစ်တစ်ခုဖွင့်နေချိန်တွင် သင်၏ အင်တာနက်ကွန်ရက် ချိတ်ဆက်သည့် လိပ်စာအား ဖုံးကွယ်ရန် ကိရိယာတစ်ခု အား အသုံးပြုပါ။ ထို့အပြင် ထိုအကောင့်ဖြင့် အီးမေးလ်များအား စစ်ဆေးချိန်တိုင်း ထိုကိရိယာကို အသုံးပြုရန် သတိရပါ။

    သင်၏ ကိုယ်ပိုင်အမှတ်သင်္ကေတများကို သီးခြားစီထားပါ

    သင်၏ ကိုယ်ပိုင်အမှတ်သင်္ကေတများအား သီးခြားစီထားရန် အခြေခံအလေ့အကျင့်များကို အသုံးချပါ

    မည်သည့် ချဉ်းကပ်မှုကို သင်ရွေးချယ်ပါစေ ဆိုရှယ်မီဒီယာ၊စကားပြောပလက်ဖောင်းများ နှင့် တခြားသော အွန်လိုင်းပလက်ဖောင်းများအသုံးပြုစဉ်တွင် သင့်ကိုယ်ပိုင်အမှတ်သင်္ကေတများအကြောင်းကို အလွန်အကြူးဖော်ပြခြင်းရန်အား လျှော့ချရာတွင် အထောက်အကူဖြစ်စေမည့် အခြေခံအလေ့အကျင့်များကို ထည့်သွင်းအသုံးပြုသင့်ပါသည်။

    • သင်၏ တစ်ကိုယ်ရည်ဘဝနှင့် ပတ်သက်သော ကိုယ်ရေးကိုယ်တာအချက်အလက်များကို မျှဝေရာတွင် ရွေးချယ်သတ်မှတ်ထားသော အသိမိတ်ဆွေများသာ ဝင်ရောက်ကြည့်ရှုနိုင်သော တစ်ကိုယ်ရည်ပရိုဖိုင်ကို အသုံးပြုပါ။
      • သင်သည် စီးပွားရေးအတွက် ဖန်တီးထားသော ဆိုရှယ်မီဒီယာတစ်ခုပေါ်တွင် ကိုယ်ရေးကိုယ်တာဆန်သော ပရိုဖိုင်များ ဖန်တီးအသုံးပြုချိန်တွင် ထိုပလက်ဖောင်း၏ ပုံမှန် ပြောင်းလဲနေသော ကိုယ်ရေးကိုယ်တာမူဝါဒများကို သတိပြုပါ။ ထိုမူဝါဒများသည် သင်၏ ပရိုဖိုင်များ၏ တစ်ကိုယ်ရည်ဖြစ်မှုပေါ်တွင် သက်ရောက်မှု ရှိနိုင်ပါသည်။ ကိုယ်ရေးကိုယ်တာချိန်ညှိမှုများ ပြောင်းလဲခြင်း၊ တစ်ကိုယ်ရည်ပရိုဖိုင်များ နှင် ဂရုများ၏ ဓာတ်ပုံများ၊ အကြောင်းအရာများ နှင့် ပြောဆိုထားသည်များပေါက်ကြားခြင်းကဲ့သို့သော ကိစ္စရပ်များ ဖြစ်ဖူးခဲ့သည်များ ရှိပါသည်။
    • ပွဲတစ်ခု၏ ဓာတ်ပုံများ သို့မဟုတ် စာရေသားတင်ခြင်းပြုလုပ်ချိန်တွင် သင်မျှဝေသော အချက်အလက်သည် တစ်စုံတစ်ဦးအား တိုက်ခိုက်နိုင်ခြင်း သို့မဟုတ် မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်နိုင်ခြင်းရှိမရှိကို အမြဲတစေ ထည့်သွင်းစဉ်းစားပါ။ လူပုဂ္ဂိုလ်များအကြောင်းအား စာရေးသားမည်ဆိုပါက ခွင့်ပြုချက်တောင်းခြင်းသည် ကောင်းပါသည်။ အကယ်၍ သင်သည်အချက်အလက်ကို တင်ဖို့ ဆုံးဖြတ်ပါက ပွဲပြီးမှသာ တင်ပါ။
    • သင်ဖန်တီးသော အွန်လိုင်းအကောင့်အားလုံးအတွက် အားကောင်းပြီး ကွဲပြားခြားနားသော စကားဝှက်များ and two-factor authentication ကို အသုံးပြုပါ။
    • ဝက်ဘ်အား ရှာဖွေနေစဉ် ခြေရာခံခြင်းရန်အား မည်သို့ လျှော့ချရမည်ကို လေ့လာပါ

    ဓာတ်ပုံများ နှင့် တခြားသော ဖိုင်များမှ မည်သူမည်ဝါဖြစ်ကြောင်းပေါ်လွင်စေသော အချက်အလက်များကို ဖယ်ရှားပါ

    ဓာတ်ပုံများ၊ ဗီဒီယိုများ နှင့် တခြားသော ဖိုင်များအား တင်ရာတွင် အနုဒေတာ နှင့် သင်၏ ကိုယ်ပိုင်အမှတ်သင်္ကေတာ၊ တည်နေရာ စသည့် အချက်အလက်များအား ပေါက်ကြားစေနိုင်သော အချက်အလက်များကို ဖျက်ဆီးရန် သတိရပါ။

    သင်၏ ဆက်သွယ်ရေးအတွက် ရှိသော ရည်မှန်းချက်များပေါ် မူတည်၍ မတူညီသော အွန်လိုင်းအကောင့်များ သို့မဟုတ် မတူညီသော ပလက်ဖောင်းများပင်လျှင် အသုံးပြုပါ

    ဆက်သွယ်ရေးအက်ပ်ပလီကေးရှင်းများ နှင့် ဆိုရှယ်မီဒီယာပေါ်တွင် ကိုယ်ပိုင်အမှတ်သင်္ကေတတစ်ခုချင်းစီအတွက် မတူညီသည့် အကောင့်များရှိသင့်ပါသည်။ ထိုအကောင့်များအား စာရင်းသွင်း အကောင့်ဖွင့်ရာတွင် သင့်ပင်မ ကိုယ်ပိုင်အမှတ်သင်္ကေတနှင့် ချိတ်ဆက်နေသော အကောင့်များထက် မတူညီသည့် အင်တာနက်ချိတ်ဆက်သည့် လိပ်စာဖုန်းနံပါတ် နှင့် အီးမေးလ်လိပ်စာမှတစ်ဆင့် ဖွင့်ရန်ကို ဂရုစိုက်သင့်သည်။

    သင်၏ ကိုယ်ပိုင်အမှတ်သင်္ကေတများတစ်ခုစီအတွက် တူညီသည့် ဆိုရှယ်ချိတ်ဆက်ရေး ပလက်ဖောင်းများ နှင့် ဆက်သွယ်ရေးအက်ပ်ပလီကေးရှင်းများအသုံးပြုခြင်းသည့် ကောင်းမွန်သည့်အကြံတစ်ခုမဟုတ်ပါ။ သင်ဆောင်ရွက်လိုသော လှုပ်ရှားမှုများမှုများ နှင့် သင်ပြသလိုသော သင်၏ ဇာတ်ကောင်ပုံစံပေါ်တွင် မူတည်၍ သင့်အကောင့်များအား မတူညီသည့် ပလက်ဖောင်းများကို အသုံးပြုရန် ဆုံးဖြတ်သင့်သည်။ ဉပမာ ပွဲလမ်းများကို လူသိများစေရန် ကြော်ငြာလိုပါက Facebook ကို အသုံးပြုသင့်ပြီး အသက်အရွယ်ငယ်သည့် ပရိတ်သက်များ နှင့် ထိတွေ့လိုပါက TikTok ကို အသုံးပြုသင့်သည်။

    သင်၏ အွန်လိုင်းအကောင့်များအား အမှန်တကယ် သီးခြားစီထားပါ

    အကယ်၍ သင်သည် တူညီသည့် ဆိုရှယ်ချိတ်ဆက်ရေးပလက်ဖောင်းများတွင် မတူညီသည့် အကောင့်များကို အသုံးပြုပါက သင့်အကောင့်များအချင်းချင်းအား တစ်ဦးဦးမှ ဆက်စပ်ခြင်းရန်အား လျှော့ချနိုင်ရန်အတွင် ဤအပိုင်းတွင် ဖော်ပြထားသော အကြံပြုချက်များကို လိုက်နာပါ:

    • ဆိုရှယ်မီဒီယာပလက်ဖောင်းတစ်ခုတွင် လူအသစ်အတွက် အကောင့်တစ်ခုဖွင့်ရာတွင် စက်ပစ္စည်းဘရောက်ဇာ သို့မဟုတ် ထိုလူအတွက် ပြုလုပ်ထားသော အက်ပ်ပလီကေးရှင်းကို အသုံးပြုပါ။
    • သင်တင်သော အကြောင်းအရာသည် လူတကာ နှင့် မျှဝေသည်ဟုတ်မဟုတ်၊ မည်သူများ သင့်အကြောင်းအရာအား မြင်တွေ့ရသည်၊ မည်သူများသင့်အား ဆက်သွယ်နိုင်သည်၊ သင့်အား မည်သူများရှာဖွေနိုင်မည် နှင့် သင့်အသိအကျွမ်းများ မည်သည်လုပ်ရပ်များအား လုပ်နိုင်သည် ဆိုသည်အား သိရှိစေရန်အတွက် သင့်အကောင့်၏ ကိုယ်ရေးကိုယ်တာချိန်ညှိမှုများကို စစ်ဆေးပါ။ ဆိုရှယ်မီဒီယာအသုံးပြုနေစဉ်တွင် သင့်ကိုယ်သင် နှင့် သင့်ဒေတာမျိားအား မည်ကဲ့သို့ ကာကွယ်ရမည်အား လေ့လာပါ
    • သင် ပေးသော ပရိုဖိုင်အချက်အလက်၊ သင်၏ ပရိုဖိုင်ဓာတ်ပုံ နှင့် နောက်ခံဓာတ်ပုံများကို ဂရုပြုပါ။ အဘယ်ကြောင့်ဆိုသော် သင်အနေဖြင့် ကိုယ်ရေးကိုယ်တာဆက်တင်များကို မည်ကဲ့သို့ ချိန်ညှိထားပါစေ၊ အခြေခံအားဖြင့် ထိုအချက်အလက်များသည် လူတကာတွေ့ရှိနိုင်သော အချက်အလက်များဖြစ်သည်။
    • သင်၏ ကိုယ်ပိုင်အမှတ်သင်္ကေတ၏ ဘဝအကြောင်းအသေးစိတ်အချက်အလက်များကို အများနှင့် များစွာ မဝေမျှပါနှင့်။
    • သင်၏ မတူညီသည့် ကိုယ်ပိုင်အမှတ်သင်္ကေတများ အချင်းချင်း ချိတ်ဆက်မိနေခြင်းမရှိစေရန် သေချာစေပါ။ ထို့အပြင် သင်၏ မတူညီသည့် ကိုယ်ပိုင်အမှတ်သင်္ကေတများအား တူညီသည့် မိတ်ဆွေများက ချိတ်ဆက်နေခြင်းအား ရှောင်ရှားပါ။ အကယ်၍ တစ်စုံတစ်ယောက်ကသာ သင့်အကောင့်သည် မည်သူမည်ဝါဖြစ်ကြောင်းကို ဖော်ထုတ်မည်ဆိုပါက ထိုအကောင့်က မည်သူများကို ချိတ်ဆက်ထားပြီး မည်သူများက ထိုအကောင့်ကို ချိတ်ဆက်ထားသည်အား လိုက်လံကြည့်ရှုမည်ဖြစ်သည်။ ထို့ကြောင့်ပင်လျှင် အကြောင်းအရာတူများအား ပြန်တင်ခြင်း၊ သင့်အကောင့်တစ်ခုဖြင့် တင်ထားသည့် အကြောင်းအရာများအား တခြားသင့်အကောင့်တစ်ခုဖြင့် ထိတွေ့ခြင်းမျိုးကို ရှောင်ရှားသင့်သည်။
    • အများစုသော ဆိုရှယ်ချိတ်ဆက်ရေး ပလက်ဖောင်းများသည် သင့်တည်နေရာကို ပြပေးနိုင်သည့် နေရာများတွင် ပြသပေးသည်။ GPS အသက်ဝင်နေသော ဖုန်းများဖြင့် ပလက်ဖောင်းများကို အသုံးပြုပါက ဤသို့ ဖြစ်နိုင်ပါသည်။ တခြားသော စက်ပစ္စည်းများမှ ချိတ်ဆက်အသုံးပြုရာတွင်လည်း တည်နေရာကို သိရှိနိုင်စွမ်းရှိသည်။ ဉပမာအားဖြင့် ကျွန်ုပ်တို့၏ ကွန်ပျူတာနှင့် ချိတ်ဆက်နေသာ ကွန်ရက်သည် တည်နေရာအချက်အလက်ကို ဖော်ပြနိုင်စွမ်းရှိနေသည့် အခြေအနေမျိုးတွင်ဖြစ်သည်။ ဓာတ်ပုံ နှင့် ဗီဒီယိုများ မျှဝေသည့် ဝက်ဘ်ဆိုဒ်များအား အသုံးပြုချိန်တွင် ဆက်တင်များအား သေချာစွာ စစ်ဆေးထားခြင်းသည် ကောင်းမွန်သည်။
    • သင်မသိလိုက်ရပဲနှင့်ပဲ ဓာတ်ပုံများ နှင့် ဗီဒီယိုများသည် အချက်အလက်များစွာကို ပေါ်သွားစေနိုင်သည်။ ကင်မရာများစွာသည် ရက်စွဲ၊ အချိန် နှင့် တည်နေရာကဲ့သို့သော အချက်အလက်များအား သင်၏ ဓာတ်ပုံအတွင်းတွင် တွဲချိတ်ထည့်သွင်းထားနိုင်သည်။ ဓာတ်ပုံ နှင့် ဗီဒီယိုများမျှဝေသည့် ပလက်ဖောင်းများ၏ ဝက်ဘ်ဆိုက်ပေါ်သို့ ဓာတ်ပုံများ၊ ဗီဒီယိုများတင်လိုက်သည် ထိုဝက်ဘ်ဆိုက်များသည် တွဲချိတ်နေသည့် အချက်အလက်များကို ထုတ်ဝေလိုက်နိုင်သည်။ သင်ထုတ်ဝေသာ ဓာတ်ပုံ၊ ဗီဒီယိုများနှင့် တွဲချိတ်နေသည့် အချက်အလက်များအား မည်ကဲ့သို့ ဖယ်ရှားရမည်ကို လေ့လာပါ
    • ဖြန့်ဖြူးမှုများကို သင်၏ မူကွဲ ကိုယ်ပိုင်အမှတ်သင်္ကေတများမှ မတူညီသည့် အချိန်များတွင် ပြုလုပ်သင့်သည်။ တစ်ချို့သော ဆိုရှယ်မီဒီယာပလက်ဖောင်းများသည် တင်မည့်အကြောင်းအရာများကို တင်ချင်သည့် အချိန်အား ကြိုတင်သတ်မှတ်ကာ တင်ထားနိုင်သည်။

    မတူညီသော စက်ပစ္စည်းများ၊ ပရိုဖိုင်များ နှင့် ပုံရိပ်ယောင် ပတ်ဝန်ကျင်များအား အသုံးပြု၍ သင်၏ ကိုယ်ပိုင်အမှတ်သင်္ကေတတစ်ခုချင်းစီကို အပိုင်းခွဲပါ

    သင်၏ ကိုယ်ပိုင်အမှတ်သင်္ကေတများကို သင်၏ စက်ပစ္စည်းများအတွင်းတွင် သိမ်းဆည်းထားရန် အသုံးပြုနိုင်သော ကိရိယာများ များစွာရှိပါသည်။ ဤအပိုင်းတွင် သင်၏ ဖုန်း နှင့် ကွန်ပျူတာတွင် မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို ညွှန်ပြထားသော လမ်းညွှန်များကို ရှာဖွေနိုင်ပါသည်။

    ကွန်ပျူတာများ

    မတူညီသော စက်ပစ္စည်းများကို အသုံးပြုပါ

    • သင်၏ ကိုယ်ပိုင်အမှတ်သင်္ကေတတစ်ခုချင်းစီအတွက် ကွန်ပျူတာတစ်ခုစီအား အသုံးပြုနိုင်ပါသည်။ ထိုစက်ပစ္စည်းများသည် လုံခြုံရေးအဆင့်မြှင့်မှုများ ဆက်လက်ရရှိနိုင်စွမ်းရှိရန် လိုအပ်ကြောင်း သတိချပ်ပါ။
      • သင်၏ မူကွဲ အမှတ်သင်္ကေတအတွက် အသုံးပြုမည့် စက်ပစ္စည်းသည် လုံခြုံရေးအဆင့်မြှင့်မှုများရနိုင်သေးခြင်းရှိမရှိအား ကျွန်ုပ်တို့၏ Windows၊ Mac](../../phones-and-computers/mac/#use-the-latest-version-of-your-devices-operating-system-os) နှင့် Linux တို့တွင် ကြည့်ရှုပါ။

    သင်၏ ကွန်ပျူတာအား USB တစ်ခုဖြင့် စတင်ပါ

    • အကယ်၍ သင်သည် သင်၏ ချိတ်ဆက်မှုအားလုံးအား မည်သူမည်ဝါဖြစ်ကြောင်းမသိအောင် အသုံးပြုရန် လိုအပ်ပါက အသုံးပြုသင့်သည့် လုံခြုံရေးကိရိယာတစ်ခုသည် အခမဲ့ဖြစ်ပြီး ပွင့်လင်းလည်ပတ်ရေးစနစ်တစ်ခုဖြစ်သော Tails ဖြစ်သည်။ Tails သည် Tor မှတစ်ဆင့် အင်တာနက်နှင့် ချိတ်ဆက်ပြီး သင်၏ ကွန်ပျူတာတွင် ခြေရာလက်ရာမကျန်စေပါ။ သင်၏ အထိရှလွယ်ဆုံးသော ကိုယ်ပိုင်အမှတ်သင်္ကေတတစ်ခုချင်းစီအတွက် Tail USB တစ်ခုစီ အသုံးပြုနိုင်သည်။
      • သင်၏ မတူညီသည့် ကိုယ်ပိုင်အမှတ်သင်္ကေတအတွက် အချက်အလက်များကို သိမ်းဆည်းရန် ဝှက်စာစနစ်ဖြင့် ကာကွယ်ထားသည့် Tails USB တစ်ခုကို အမြဲသိမ်းမည့်နေရာတစ်ခု ဖန်တီးခြင်းကာ အသုံးပြုနိုင်ပါသည်။ [Tails ၏ တရားဝင် မှတ်တမ်း(https://tails.net/doc/persistent_storage/index.en.html) တွင် ဤရွေးချယ်မှုအကြောင်းကို ပိုမိုလေ့လာနိုင်ပါသည်။
    • အမြဲအသုံးပြုမည့် Ubuntu live USB ကို ဖန်တီးပြီး သင်၏ မတူညီသည့် ကိုယ်ပိုင်အမှတ်သင်္ကေတများကို စီမံခန့်ခွဲနိုင်ပါသည်။ သို့သော် ဤနည်းဖြင့်ဆိုလျှင် သင့် USB သည် နဂိုအနေဖြင့် ဝှက်စာစနစ်နှင့် ကာကွယ်ထားမည်မဟုတ်ပါ။ ထို့ကြောင့် ထို USB ကို စိတ်ချရသော နေရာတွင် သိမ်းဆည်းသင့်ပြီး သင့်ခွင့်ပြုချက်မရှိပဲ တခြားအသုံးများ အသုံးပြုနိုင်ခြင်း မရှိစေပါနှင့်။

    ပုံရိပ်ယောင် စက်များ သို့မဟုတ် Sandboxing ကိရိယာများ ကို အသုံးပြုပါ

    • အကယ်၍ သင့်ကွန်ပျူတာကသာစနစ်လိုအပ်ချက်များ နှင့် ကိုက်ညီပါက အကန့်များခွဲပေးနိုင်ပြီး လုံခြုံရေးကို အလေးထားသော အခမဲ့ ပွင့်လင်းနည်းပညာတစ်ခုဖြစ်သော Qubes OS ကို ထည့်သွင်းအသုံးပြုနိုင်ပါသည်။
    • အင်တာနက်နှင့် ချိတ်ဆက်မှုများ အားလုံးအား မည်သူမည်ဝါမသိစေနိုင်ပဲ ကွဲပြားသည့် ကိုယ်ပိုင်အမှတ်သင်္ကေတများကို ထိန်းသိမ်းရာ၌ လုံခြုံသော နောက်ထပ်နည်းလမ်းသည် အင်တာနက်ချိတ်ဆက်မှုများအား Tor မှတစ်ဆင့် ဖြတ်သန်းစေပြီး အက်ပ်ပလီကေးရှင်းတစ်ခုကဲ့သို့အလုပ်လုပ်ကာ မည်သူမည်ဝါဖြစ်ကြောင်းကာကွယ်ပေးသည့်အတုအယောင်စက် Whonix ဖြစ်သည်။
    • သင်၏ ကိုယ်ပိုင်အမှတ်သင်္ကေတများကို အတုအယောင်စက်များ ( သို့မဟုတ် VM ) ကို အသုံးပြု၍ တစ်ခု နှင့် တစ်ခု ဆက်စပ်နေခြင်းမရှိအောင်လည်း ကန့်သတ်ထားနိုင်သည်။ သင်သည် VM များကို VirtualBoxVMware သို့မဟုတ် KVM ကို အသုံးပြု၍ ဖန်တီးနိုင်ပါသည်။ သို့ရာတွင် ဤသို့ပြုလုပ်ရန်အတွက် သင့်ကွန်ပျူတာထံမှ အရင်းအမြစ်များစွာကို လိုအပ်ပြီး သင်၏ IP လိပ်စာကိုလည်း ပြောင်းလဲစေမှာ မဟုတ်ပါဘူး။ ထို့ကြောင့် တစ်ကြိမ်တွင် VM တစ်ခုသာ ဖွင့်အသုံးပြုသင့်ပြီး VM တစ်ခုကို ဖွင့်မသုံးခင်မှာ VPN တစ်ခု သို့မဟုတ် Tor အား ဖွင့်ထားခြင်းသည် အကောင်းဆုံးဖြစ်သည်။
    • ဝင်းဒိုးတွင် တခြားရွေးချယ်စရာတစ်ခုဖြစ်သည့် အရင်းအမြစ်များစွာမလိုပေမယ့် အင်တာနက်ကွန်ရက် ချိတ်ဆက်သည့် လိပ်စာကို မပြောင်းလဲပေးနိုင်သောSandboxiesandboxing toolအား သင်၏ ကိုယ်ပိုင်အမှတ်သင်္ကေတာများအား အပိုင်းခွဲနိုင်ရန် အသုံးပြုနိုင်သည်။

    သင်၏ စက်ပစ္စည်းများတွင် မတူညီသည့် အကောင့်များကို ဖန်တီးပါ

    • အကယ်၍ သင်သည် သင်၏ အကောင့်များအား အဆင့်မြင့်တိုက်ခိုက်မှုများ သို့မဟုတ် တစ်စုံတစ်ဦးမှ သင့်၏ စက်ပစ္စည်းများအား စစ်ဆေးခြင်းရန်မှ ကာကွယ်ရန်မလိုအပ်ပါက သင်၏ ကိုယ်ပိုင်အမှတ်သင်္ကေတတစ်ခုစီအတွက် မတူညီသည့် အသုံးပြုသူအကောင့်များကို ဖန်တီးနိုင်သည်။
      • WindowsMac နှင့် Linux တွင် မတူညီသော အသုံးပြုသော အကောင့်များ ဖန်တီးရန် လေ့လာပါ။

    မတူညီသည့် ဘရောက်ဇာများ၊ ဘရောက်ဇာ ပရိုဖိုင်များ သို့မဟုတ် တိုးချဲ့လုပ်ဆောင်မှုများကို အသုံးပြုပါ

    ဖုန်းများ

    မတူညီသော စက်ပစ္စည်းများကို အသုံးပြုပါ

    • သင်၏ မူကွဲ ကိုယ်ပိုင်အမှတ်သင်္ကေတများအတွက် တခြားဖုန်းတစ်လုံးကို အတည်တကျအသုံးပြုရန် ထည့်သွင်းစဉ်းစားပါ။ ထိုစက်ပစ္စည်းများသည် အဆင့်မြှင့်တင်မှုများ ဆက်လက်ရရှိနိုင်စွမ်းရှိသေးကြောင်းကို သေချာစေပါ။
      • သင်၏ မူကွဲ အမှတ်သင်္ကေတအတွက် အသုံးပြုမည့် စက်ပစ္စည်းသည် လုံခြုံရေးအဆင့်မြှင့်မှုများရနိုင်သေးခြင်းရှိမရှိအား ကျွန်ုပ်တို့၏ အန်းဒရွိုက် နှင့် အိုင်အိုအက်စ် တွင် ကြည့်ရှုပါ။

    အန်းဒရွိုက် တွင် မတူညီသည့် အကောင့်များကို ဖန်တီးပါ

    • အဆင့်မြင့်သော တိုက်ခိုက်မှုများ နှင့် တစ်ဦးဦးမှ သင့်စက်ပစ္စည်းများအား စစ်ဆေးခြင်းရန်မှ သင့်အမည်များကို ကာကွယ်ရန်မလိုအပ်ပါက သင်၏ ကိုယ်ပိုင်အမှတ်သင်္ကေတတစ်ခုချင်းစီအတွက် မတူညီသည့် အသုံးပြုသူအကောင့်များကို သင်၏ တက်ပလက် သို့မဟုတ် ဖုန်းတွင် အကောင့်များဖန်တီးနိုင်ပါသည်။
      • Android တွင် မတူညီသည့် အသုံးပြုသူအကောင့်များ ဖန်တီးရန် လေ့လာပါ။

    အန်းဒရွိုက် တွင် သင်၏ အက်ပ်ပလီကေးရှင်းများကို အပိုင်းခွဲပါ

    • အကောင့်တစ်ခု နှင့် တစ်ခုကို အမြဲတမ်းပြောင်းလဲအသုံးမပြုနေလိုပါက sandboxing ကိရိယာ တစ်ခုဖြစ်သည့် Shelter ကို (F-Droidတွင် ရယူအသုံးပြုနိုင်သည်။ Shelter သည် အန်းဒရွိုက်ပရိုဖိုင်အတွင်းတွင် သင်၏ တခြားကိုယ်ပိုင်အမှတ်သင်္ကေတကို အပိုင်းခွဲထားပေးနိုင်သည်။ သို့သော် Shelter ကို အသုံးပြု၍ အပိုင်းခွဲထားခြင်းသည် သင်၏ အင်တာနက်ကွန်ရက် ချိတ်ဆက်သည့် လိပ်စာကို ပြောင်းလဲပေးနိုင်ခြင်းမရှိသည့်အပြင် အဆင့်မြင့်တိုက်တိုက်မှုများ သို့မဟုတ် သင့်စက်ပစ္စည်းများအား စစ်ဆေးခံရခြင်းရန်မှ ကာကွယ်ပေးနိုင်မည်မဟုတ်ပါ။

    မတူညီသော ဘရောက်ဇာများကို အသုံးပြုပါ

    ကျွနု်ပ်တို့ ဤ အရာကို အဘယ်ကြောင့် ညွှန်းသည်ကို လေ့လာပါ

    သင်၏ မတူညီသော ကိုယ်ပိုင်အမှတ်သင်္ကေတများတစ်ခုချင်းစီအား မတူညီသော စက်ပစ္စည်း၊ အသုံးပြုသူပရိုဖိုင် သို့မဟုတ် snadbox ဖြင့် စီမံခန့်ခွဲခြင်းသည် လူသားအမှားများကဲ့သို့သော အကောင့်မှား၍ စာပြန်မိခြင်းမျိုးကို ကာကွယ်ပေးနိုင်ပါသည်။ ထို့အပြင် စက်ပစ္စည်း သို့မဟုတ် ဘရောက်ဇာတွင် ခြေရာလက်ရာကျန်ခြင်း မှတစ်ဆင့် သင်၏ မတူညီသော ကိုယ်ပိုင်အမှတ်သင်္ကေတများကို ဆက်စပ်နိုင်ခြင်းအား ပိုမိုခက်ခဲသွားစေပါသည်။

    Whonix၊ Tor Browser သို့မဟုတ် Qubes OS ကဲ့သို့သော ကိရိယာအချို့သည် စက်ပစ္စည်းတစ်ခုတည်းအား အသုံးပြုနေစည်အတွင်းပင်လျှင် တစ်ခုထက်မကသော ကိုယ်ပိုင်အမှတ်သင်္ကေများကို မတူညီသည့် အင်တာနက်ချိတ်ဆက်ရာတွင် အသုံးပြုသည့်လိပ်စာနှင့် အသုံးပြုရန် ထောက်ပံ့ပေးနိုင်သည်။

    တစ်ချို့အခြေအနေများတွင် ကိုယ်ပိုင်အမှတ်သင်္ကေတတစ်ခုစီအတွက် ဘရောက်ဇာတစ်ခုကို အသုံးပြုသင့်သည်။ ထိုမှသာ ဆိုရှယ်မီဒီယာအကောင့်များ နှင့် စာပို့စနစ်များတွင် ကိုယ်ပိုင်အမှတ်သင်္ကေတများရောထွေးခြင်းမရှိနိုင်မည်ဖြစ်သည်။

    သင်၏ တရားဝင် ကိုယ်ပိုင်အမှတ်သင်္ကေတအား မပေါက်ကြားမည့် ငွေပေးချေမှုစနစ်ကို အသုံးပြုပါ

    သင်၏ အမည်လွှဲ ကိုယ်ပိုင်အမှတ်သင်္ကေတအတွက် အွန်လိုင်းဝယ်ယူမှုများ လုပ်ဆောင်ရန် လိုအပ်ပါက သင်၏ တရားဝင်အမည် နှင့် ဘဏ်အကောင့် နှင့် ဆက်စပ်နေခြင်းမရှိသည့် ငွေပေးခြေမှုစနစ်များကို အသုံးပြုသင့်ပါသည်။

    သင့်ကိုယ်ပိုင်အမှတ်သင်္ကေတကို ရောင်းချသူများထံမှ ကာကွယ်ရန် ထိန်းသိမ်းရန်ခက်ခဲသော ခရစ်ပတိုငွေကြေးစနစ်အပြင် စူပါမားကတ်များတွင်ရောင်းချသည့် ငွေကြိုဖြည့်ကဒ်မျာကို ငွေသားပေး၍ ဝယ်ယူနိုင်သလို ပုံရိပ်ယောင် အကြွေးဝယ်ကဒ်များကို ထောက်ပံ့သည့် ဘဏ်များတွင်လည်း အကောင့်ဖွင့်နိုင်ပါသည်။

    ပြင်ပကမ္ဘာတွင် သင်၏ တစ်ခုထပ်ပိုသော ကိုယ်ပိုင်အမှတ်သင်္ကေတများကို စီမံခန့်ခွဲရန် လေ့လာပါ

    အကယ်၍ သင်၏ မူကွဲ ကိုယ်ပိုင်အမှတ်သင်္ကေတ၏ လှုပ်ရှားမှုမျာစသည် အွန်လိုင်းရပ်ဝန်းတွင် လုပ်ဆောင်နိုင်သည်ထက် ကျော်လွန်ပါက သင်၏ အမည်လွှဲ နှင့် ဆက်စပ်ကာ သင့်မျက်နှာအား မည်သို့ဖော်ပြမည်ကို သင့်အနေဖြင့် သုံးသပ်ရန် လိုအပ်ပါလိမ့်မည်။

    ဉပမာ အားဖြင့် ပွဲတစ်ပွဲသို့ တက်ရောက်ရာတွင် သို့မဟုတ် ပွဲတွင် စကားပြောချိန်များတွင် သင်၏ တခြားအကောင့်တစ်ခု၏ ပြင်ပလှုပ်ရှားမှုများ နှင့် သင်၏ နေ့စဉ်ဘဝအား မည်သို့ ခွဲခြားထားမည်ဆိုသည်ကို သုံးသပ်ပါ။ သင့်ကိုယ်သင် မတူညီသင့် အပြင်အဆင်ပြောင်းလဲခြင်း၊ မျက်နှာဖုံးတပ်ခြင်း သို့မဟုတ် ဓာတ်ပုံ၊ဗီဒီယိုရိုက်ရန် ခွင့်မပြုထားသင့်နေရာများတွင်၊ သင်ယုံကြည်စိတ်ချရသော သူများရှိသော နေရာများတွင်သာ သင့်မျက်နှာအား ဖော်ပြခြင်း စသည့်နည်းလမ်းများဖြင့်လည်း သင့်ကိုယ်သင် ရုပ်ဖျက်ထားနိုင်သည်။ သို့ရာတွင် ထိုနေရာသို့သွားရာလမ်းသည်လည်း လုံခြုံရေးကင်မရာများဖြင့် စောင့်ကြည့်နေခြင်းမျိုးဖြစ်နိုင်သည်ကို ထည့်သွင်းစဉ်းစားပါ။

    တစ်ခါသုံး ကိုယ်ပိုင်အမှတ်သင်္ကေတအား သင်၏ အသိမိတ်ဆွေများ နှင့် ထိတွေ့ဆက်ဆံနိုင်ရန်အတွက် အသုံးပြုနိုင်ရန် ဖန်တီးနိုင်ပါသည်။ စိတ်ချရသော မိတ်ဆွေများစာရင်းသို့ မထည့်သွင်းခင် သင့် မိတ်ဆွေအသစ်များသည် ယုံကြည်စိတ်ချရနိုင်ခြင်းရှိမရှိအား နားလည်နိုင်ရန် သင့်အား ပိုမိုအချိန်ရစေနိုင်ပါသည်။

    [အဆင့်မြင့်] သင်၏ ကိုယ်ပိုင်အမှတ်သင်္ကေတ နှင့် ချိတ်ဆက်ခြင်းမရှိနိုင်သည့် ဝက်ဘ်ဆိုက်တစ်ခုကို ဖန်တီးပါ

    • သင်ရွေးချယ်ထားသည့် ဒိုမိန်းအမည် နှင့် မှတ်ပုံတင်ပေးသူတို့သည် ကိုယ်ရေးကိုယ်တာ အချက်အလက်ကာကွယ်ပေးခြင်းအား ခွင့်ပြုမပြုအား စစ်ဆေးပါ။ ဤရွေးချယ်မှုအား အခမဲ့ပေးနိုင်သည့် ဒိုမိန်းအမည်ထောက်ပံံ့သူကို ရှာဖွေရန် ကြိုးစားကြည့်ပါ။
    • သင်၏ ဒိုမိန်းအမည်ထောက်ပံ့သူပင် သင်မည်သူမည်ဝါဖြစ်သည်ကို မသိရှိနိုင်စေရန် သင်၏ ဒိုမိန်းကို Njalla မှတစ်ဆင့် မှတ်ပုံတင်နိုင်ပါသည်။ Njalla သည် ဝှက်သာစနစ်ဖြင့် ကာကွယ်ထားသော တောင်းဆိုမှုများ နှင့် ခရစ်ပတိုငွေကြေးစနစ်ဖြင့် ငွေပေးချေခြင်းကို လက်ခံသော မည်သူမည်ဝါမှန်းမသိအောင် မှတ်ပုံတင်ခြင်းအား လက်ခံသည့် ထောက်ပံ့သူဖြစ်သည်။
    ကျွနု်ပ်တို့ ဤ အရာကို အဘယ်ကြောင့် ညွှန်းသည်ကို လေ့လာပါ

    သင်အသုံးပြုသော ဒိုမိန်းအား စာရင်းသွင်းခြင်းကို ထောက်ပံ့သူသည် ကိုယ်ရေးကိုယ်တာအချက်အလက်ကာကွယ်ခြင်းကို မထောက်ပံ့ပါက သင်ဖန်တီးထားသည့် ဝက်ဘ်ဆိုဒ်၏ ပိုင်ရှင်သည် မည်သူဖြစ်သည်ကို လူတိုင်းရှာဖွေနိုင်သည်ကို သတိရပါ။ ဒိုမိန်းပိုင်ရှင်မည်သူဖြစ်ကြောင်းကာကွယ်ပေးခြင်းသည် ဒိုမိန်းအမည်ဝယ်ယူရာတွင် ပါဝင်သည့် အခြေခံအဖြစ်ရနိုင်သည်များထဲတွင် ပါဝင်သင့်သည်။ သို့မဟုတ် ငွေကြေးထပ်မံပေးကာ ရယူနိုင်သော ဝန်ဆောင်မှုတစ်ခု ဖြစ်သင့်သည်။ သို့သော် တစ်ချို့သော ထိပ်ပိုင်းဒိုမိန်းများတွင် ဤကဲ့သို့သောရွေးချယ်စရာကို လုံးဝ ထောက်ပံ့ခြင်းမရှိသည်ကို အမှတ်ရပါ။