အကြောင်း › Security-in-a-box အကြောင်း

Security-in-a-box အကြောင်း

Security in a Box (SiaB) သည် Front Line Defenders ၏ စီမံကိန်းတစ်ခုဖြစ်သည်။

၂၀၀၅ ခုနှစ်တွင် Tactical Technology Collective နှင့် ပူးပေါင်း၍ ( NGO in a Box - လုံခြုံရေးအပိုင်း အဖြစ်) ဖန်တီးခဲ့သည် ။ ထိုနောက် ၂၀၀၉ ခုနှစ်တွင် လက်ရှိခေါင်းစဉ်သို့ နာမည်ပြောင်းလဲခဲ့သည် ။ ၂၀၂၁ ခုနှစ်တွင် Front Line Defenders က ၎င်းကို သိသာထင်ရှားစွာ ပြင်ဆင်မွမ်းမံခဲ့ပြီး စဉ်ဆက်မပြတ် အပ်ဒိတ်လုပ်ခြင်းလုပ်ငန်းစဉ်ကို ဆောင်ရွက်လျက်ရှိသည်။

Security in a Box ၏ အဓိကရည်ရွယ်ချက်မှာ ကမ္ဘာ့အသိုင်းအဝိုင်းတွင် အန္တရာယ်ရှိသောအလုပ်များလုပ်ကိုင်နေရသော လူ့အခွင့်အရေးကာကွယ်သူများအား ကူညီရန် ဖြစ်သည်။အန္တရာယ်ကျရောက်နေသောလူများအား ၎င်းတို့၏ဒစ်ဂျစ်တယ်လုံခြုံရေးနှင့် ကိုယ်ရေးကိုယ်တာလုံခြုံရေးကို ကာကွယ်ရန် ကူညီပေးသည့် အခြေခံအရင်းအမြစ်တစ်ခုအဖြစ် ကမ္ဘာတစ်ဝှမ်းက အသိအမှတ်ပြုထားသည်။

Security in a Box ကတော့ အခမဲ့ဖြစ်ပြီး ပွင့်လင်းနည်းပညာကို အခြေခံထားပါသည် Gitlab.com တွင် ပြုစု၍ တင်ပေးထားပါသည် ။

ကျွန်တော်တို့နှင့် ပက်သက်၍ အကြံပြုချက်ရှိ၍သော်လည်းကောင်း၊ အကူအညီပေးလိုလျှင်သော်လည်းကောင်း အောက်ပါ Gitlab Link တွင်အသေးစိတ်ဝင်ရောက်ကြည့်ရှု၍ Gitlab မှ SiaB စီမံကိန်း၏ Readme ဖိုင်တွင် ပါရှိသော ညွှန်ကြားချက်များ တွင် အကြံပေးနိုင်သည် ။

ကျွနု်ပ်တို့ကို အီးမေးလ်ပို့လိုပါက siab@frontlinedefender.rog ကို ရေးသားပေးပို့နိုင်ပါသည်။

သင်၏မက်ဆေ့ချ်ကို ဝှက်စာစနစ်ဖြင့်ပေးပို့လိုပါ ကျွနု်ပ်တို့၏ GnuPG public key သို့ ပေးပို့နိုင်ပါသည်။

Security in a Box အား အမည်မဖော်ဘဲသုံးစွဲပါ

Tor Browser အားအသုံးပြုပြီး Security in a Box အား အမည်မဖော်ဘဲသုံးစွဲရန် သင့်အနေဖြင့် အောက်တွင်ပေးထားသော onion serviceသို့ ဝင်ရောက်နိုင်သည်:

http://lxjacvxrozjlxd7pqced7dyefnbityrwqjosuuaqponlg3v7esifrzad.onion/en/

Front Line Defenders အကြောင်း

Front Line Defenders သည် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း (UDHR) တွင် ပြဌာန်းထားသည့် အခွင့်အရေးအားလုံး သို့မဟုတ် မည့်သည့်အခွင့်အရေးအတွက်မဆို အကြမ်းမဖက်ဘဲ အလုပ်လုပ်နေသူများကို အကာအကွယ်ပေးရန် တိကျသောရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ Front Line Defenders အဖွဲ့သည် လူအခွင့်အရေးကာကွယ်သူများမှ သတ်မှတ်ထားသော အချို့လိုအပ်ချက်များ ဖြစ်သည့် ကာကွယ်မှု ၊ ကွန်ရက်ချိတ်ဆက်ခြင်း ၊ သင်တန်းများပို့ချခြင်း နှင့် သူတို့ကိုယ်စား အရေးယူဆောင်ရွက်နိုင်မည့် နိုင်ငံတကာအဖွဲ့ဝင်များကို ဝင်ရောက်ခြင်း တို့ကို ဖြေရှင်းရန် ရည်ရွယ်သည်။

ငွေကြေးမတည်သူများ

Security in a Box ကို ရေးသားပြုစုရန်အတွက် HivosInternewsSida, Oak FoundationSigrid Rausing FundAJWSOpen Society FoundationsFord Foundation နှင့် EIDHR.¹တို့မှ ပံ့ပိုးပေးထားပါသည် ။

¹ဤဝက်ဘ်ဆိုက်ကို ဥရောပသမဂ္ဂ၏ ပံ့ပိုးမှုဖြင့် ထုတ်လုပ်ထားပါသည်။ ဤ ဝက်ဘ်ဆိုက်တွင်ပါသော အကြောင်းအရာများသည် Front Line Defenders ၏ တာဝန်ခံထားခြင်းဖြစ်ပြီး ဥရောပသမဂ္ဂရဲ့ အမြင်များ ထင်ဟပ်ထားမှု မရှိပါ။

လိုင်စင်

This work is licensed under a Creative Commons Attribution-ShareAlike 4.0 International. We strongly encourage the re-use of the material in Security in a Box.