မာတိကာအသစ်များနှင့်ပြုပြင်မွမ်းမံထားသောသုံးစွဲသူ အတွေ့အကြုံ - လုံခြုံရေးသေတ္တာ ၏ ၂၀၂၆ လမ်းပြမြေပုံ

စတင်ဖန်တီးခဲ့သည့် ၂၀၀၅ ခုနှစ်မှ နှစ်၂၀ ကြာပြီးနောက် အန္တရာယ်နှင့်ကြုံတွေ့နေရသောလူသားများ၏ ဒစ်ဂျစ်တယ်လုံခြုံရေးနှင့် ကိုယ်ရေးကိုယ်တာအချက်အလက်များကိုကာကွယ်ရန် ခေတ်နှင့်အညီ ပံ့ပိုးကူညီမှု များကိုပေးနိုင်သော ရင်းမြစ်တစ်ခုအနေနှင့် ဆက်လက် လုပ်ဆောင်နိုင်ရန် ကျွန်ုပ်တို့၏ အစီအစဥ်များလုံခြုံရေးသေတ္တာ (SiaB) ကို ဝေမျှေပေးရခြင်းအတွက် ဝမ်းမြောက်မိပါတယ်။ Digital Protection Editor အသစ်တစ်ဦးနှင့်အတူ Front Line Defenders' မှ နည်းပညာနှင့်ဒစ်ဂျစ်တယ်ကာကွယ်ရေးအဖွဲ့များ၏ပူးပေါင်းဆောင်ရွက်မှုဖြင့် လုံခြုံရေးသေတ္တာသည် ယခုနှစ်အတွင်း အသုံးပြုသူများ၏ အတွေ့အကြုံကို ပိုမိုကောင်းမွန်လာစေရန် ပြုပြင်မွမ်းမံမှုများကို လုပ်ဆောင်သွားမှာဖြစ်ပါတယ်။
ပြုပြင်မွမ်းမံထားသော အကြောင်းအရာ
ဦးစွာ ကျွန်ပ်တို့အနေနှင့် လွန်ခဲ့သောနှစ်များကတည်းက တစိုက်မတ်မတ်လုပ်ဆောင်လာသည့် အကြောင်းအရာများ ကို မွမ်းမံခြင်း အလုပ်ကိုဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ယခုလုပ်ငန်းစဥ်တွင် email, git issues, social media comments နှင့် အခြား အရင်းအမြစ်များမှရရှိလာသော အသိုင်းအဝိုင်း၏အကြံပြုချက်များ အားလုံးကိုပြန်လည်သုံးသပ်ခြင်းပါဝင်ပြီး လူ့အခွင့်အရေးကာကွယ်သူများ ရင်ဆိုင်နေရသည့် ပေါ်ပေါက်လာသည့် ခြိမ်းခြောက်မှုများကို ကာကွယ်တုန့်ပြန်ရန် လုံခြုံရေးအစီအစဥ်များကို တိုးတက်လာအောင်ဖန်တီးခြင်းများပါဝင်ပါတယ်။
ကျွန်ုပ်တို့အနေနှင့်မနှစ်ကလှမ်းညွှန်ချက်များကို အဆင့်မြှင့်တင်ရာတွင် သိသာထင်ရှားသောတိုးတက်မှုများရရှိခဲ့ပြီး ၄င်းတို့မှာ
- ဆိုရှယ်မီဒီယာအသုံးပြုရာတွင်မိမိနှင့် မိမိ၏အချက်အလက်များကိုကာကွယ်ခြင်း
- သင်၏အီးမေးလ်ဆက်သွယ်မှုများအားလုံခြုံအောင်ကာကွယ်ခြင်း
- မက်ဆေ့ပို့သည့်အပလီကေးရှင်းများပိုမိုလုံခြုံစွာအသုံးပြုခြင်း
- ဖြစ်နိုင်ခြေရှိသောအကောင့်လုံခြုံရေးဖောက်ဖျက်ခံရမှုများမှပြန်လည်ရယူခြင်း
- အင်စတာဂရမ်အသုံးပြုနေစဥ်သင်နှင့်သင့်ဒေတာအားကာကွယ်ခြင်း
- Xအသုံးပြုနေစဥ်သင်နှင့်သင့်ဒေတာအားကာကွယ်ခြင်း
- သင့်အွန်လိုင်းဆက်သွယ်မှုများ၏ကိုယ်ရေးကိုယ်တာအချက်အလက်များကာကွယ်ခြင်း
- အွန်လိုင်းအထောက်အထားများဖန်တီးခြင်းနှင့်ကာကွယ်ခြင်း
- သင်၏ဝင်းဒိုးကွန်ပျူတာအားကာကွယ်ခြင်း
- သင်၏အင်းဒရွိုက်စက်ပစ္စည်းများအားကာကွယ်ခြင်း
- အင်တာနက်ချိတ်ဆက်ခြင်းနှင့်ဆက်စပ်ကိရိယာများ
- လျို့ဝှက်စကားလုံးများနှင့်ဆက်စပ်ကိရိယာများ
- ခိုင်မာအားကောင်းသောစကားဝှက်များဖန်တီးခြင်းနှင့်ထိန်းသိမ်းခြင်း
- ဖိုင်များနှင့်ဆက်စပ်ကိရိယာများ
- ဆက်သွယ်ရေးနှင့်ဆက်စပ်ကိရိယာများ
- WhatsAppအသုံးပြုနေစဥ်သင်နှင့်သင်၏ဆက်သွယ်မှုများကိုကာကွယ်ခြင်း
- ရုပ်ပ်ိုင်းဆိုင်ရာတိုက်ခိုက်မှုများမှကာကွယ်ခြင်း
- သတင်းအချက်အလက်များအားအရံသိမ်းဆည်းခြင်းနှင့်ဆုံးရှုံးမှုများမှကာကွယ်ခြင်း
- ထိရှလွယ်သောအချက်အလက်များအားဖျက်စီးခြင်း
- သူခိုးဆော့ဖ်ဝဲများမှကာကွယ်ခြင်း
- မက်ဆေ့ပို့သည့်အပလီကေးရှင်းများပိုမိုလုံခြုံစွာအသုံးပြုခြင်း
ထို့အပြင်မိမိတို့အနေနှင့်အောက်ပါလမ်းညွှန်များကိုလည်းဖန်တီးထားပါတယ် :
- Signal အသုံးပြုနေစဥ် သင်နှင့်သင်၏ဆက်သွယ်မှုများကိုကာကွယ်ခြင်း, Signal အား မည်ကဲ့သို့ ပိုမိုလုံခြုံစွာအသုံးပြုနိုင်ရန် နှင့် သင့်အကောင့်အားလုံခြုံစွာထားရှိခြင်း လမ်းညွှန်ကို ထောက်ပံ့ပေးထားပါတယ်.
- ခရီးသွားနေစဥ်သင့်အချက်အလက်များနှင့်စက်ပစ္စည်းများအားကာကွယ်ခြင်း, ခရီးသွားနေစဥ် နှင့် နယ်စပ်ဖြတ်ကျော်နေစဥ် အတွင်းမှာ သင့်အချက်အလက်များနှင့် စက်ပစ္စည်းများကို အန္တရာယ်ကျရောက်မှုအနည်းဆုံးဖြစ်စေရန်မည်ကဲ့သို့ ကြိုတင်ပြင်ဆင်ရမည်ကို အကြံပြုချက်များစုစည်းတင်ပြထားမှုများ ပါဝင်ပါတယ်.
- TikTokအသုံးပြုနေစဥ်သင့်အချက်အလက်များကိုကာကွယ်ခြင်း, TikTok ပေါ်တွင် အချက်အလက်များ ဝေမျှခြင်း, ဗီဒီယိုများကြည့်ရှုခြင်း နှင့် Content များ တိုက်ရိုက်ထုတ်လွှင့်ချိန်တွင် သင်၏ ကိုယ်ရေးကိုယ်တာအချက်မလက်များနှင့် လုံခြုံမှုကို တိုးမြှင့်ရန်.
၂၀၂၆ အတွက် ဦးစားပေးများ
၂၀၂၆ တွင် ကျွန်ုပ်တို့အနေနှင့် မက်ဆေ့ပို့သည့်အက်ပ်များပိုမိုလုံခြုံစွာအသုံးပြုခြင်း သင်၏အွန်လိုင်းဆက်သွယ်မှုများတွင်သင်၏တစ်ကိုယ်ရည်အချက်အလက်များကိုကာကွယ်ခြင်း, သင်၏အန်းဒရွီုက်စက်ပစ္စည်းများကိုကာကွယ်ခြင်းနှင့် ၂၀၂၄ တွင် နောက်ဆုံး အဆင့်မြှင့်တင်ခဲ့သော လမ်းညွှန်များအားလုံးကို ပြန်လည်ဆန်းစစ်အဆင့်မြှင့်တင်ခြင်း ကို အဓိကထား သွားမှာဖြစ်ပါတယ်. ကျွန်ုပ်တို့အနေနှင့် self-care strategies, AI ကို တစ်ကိုယ်ရည် နှင့် လုံခြုံစွာအသုံးပြုခြင်း, မိမိကိုယ်ကို သူခိုးဆော့ဖ်ဝဲနှင့်အွန်လိုင်းလိမ်လည်တိုက်ခိုက်မှုများမှကာကွယ်ခြင်းလမ်းညွှန်များကို ဖန်တီးရန် မျှော်မှန်းထားပါတယ်. ထို့အပြင် ကျွန်ုပ်တို့အနေနှင့်Tails,Qube Os,Zoom, Jitsi,နှင့် Vimeo စသည့် အထူးသီးသန့်ကိရိယာများအတွက် လမ်းညွှန်များကိုလည်းဖန်တီးသွားမှာဖြစ်ပါတယ်။ ထို့အပြင် ယခင်ကတည်းက လုပ်ဆောင်ခဲ့ဖူးသလို ကျွန်ပ်တို့၏ လူမှုစက်ဝန်းအတွင်းရှိ တက်ကြွသော ဘာသာပြန်များ၏ အကူအညီဖြင့် လုံခြုံရေးသေတ္တာ အား ဘာသာစကား၁၃မျိုးဖြင့် ဘာသာပြန်ခြင်း အားဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်.
သုံးစွဲသူအတွေ့အကြုံ
ဒုတိယဦးစားပေးအနေနှင့် လုံခြုံရေးသေတ္တာကို လစဥ် လာရောက်ကြသည့် ထူးခြားသည့် လာရောက်လည်ပါတ်သူ ၁၀,၀၀၀ ကျော်အတွက် ပိုမိုကောင်းမွန်သော သုံးစွဲသူအတွေ့အကြုံရရှိရန် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ လွန်ခဲ့သောနှစ်က မိမိတို့အနေနှင့် ရှာဖွေရေးအင်ဂျင်များ နှင့် မိမိတို့၏ blog အတွက် RSSနှင့် အခြေအနေအားအကဲဖြတ်ခြင်းနှင့်အစီအစဥ်ရေးဆွဲခြင်း ကိုဖြည့်သွင်းခဲ့ပါတယ်. ယခုအခါ ကျွန်ပ်တို့အနေနှင့် အချို့သော ပုံစံများကို ပြောင်းလဲပြီး ဖတ်ရှုနိုင်စွမ်းပိုမိုမြင့်တက်လာစေရန် နှင့် အသွင်အပြင်အသစ်များထည့်သွင်းရန် စီစဥ်လျှက်ရှိပါတယ်. ပြောရလျှင် မိမိတို့အနေနှင့် လမ်းညွှန်မှုအသစ်များကိုဖန်တီးလျှက်ရှိသည့်အလျှောက် ၄င်းတို့ကို သဘာဝကျကျချောမွေ့စွာ စုစည်းတင်ပြနိုင်ရန် လမ်းညွှန်မှုပုံစံအသစ်များကိုဖန်တီးလျှက်ရှိပါတယ်, ထို့အပြင် လမ်းညွှန်တစ်ခုကို နောက်ဆုံးသုံးသပ်ခဲ့သည့်အချိန်ကိုလည်း အလေးပေးဖော်ပြသွားမှာဖြစ်ပါတယ်, ထို့မှသာ အသုံးပြုသူများအနေနှင့် အကြောင်းအရာများ မည်မျှ လတ်တလောဖြစ်သည် ကို လျင်မြန်စွာ တွေ့ရှိနိုင်မှာဖြစ်ပါတယ်.
Codeberg သို့ပြောင်းရွှေ့ခြင်း
နောက်ဆုံး ယခုနှစ်အတွက် ကျွန်ပ်တို့အတွက် တတိယ ပန်းတိုင်အနေနှင့် ဒစ်ဂျစ်တယ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိနိုင်ရန်အတွက်, SiaB's repository ကို GitLabမှ Codebergသို့ပြောင်းရွှေ့သွားမှာဖြစ်ပါတယ်. GitLab ဟာ ကျွန်ပ်တို့ရဲ့ repository ကို ၂၀၂၀ ကတည်းက တင်ထားပေးခဲ့ပါတယ်. ယခုအချိန်ကတော့ Big Tech မှထွက်ပြီးForgejoအသိုင်းအဝိုင်းအခြေပြုဆော့ဖ်ဝဲဖွံ့ဖြိုးရေးပလက်ဖောင်း, GNU General Public Licence အောက်တွင် FLOSS git ဗားရှင်းထိန်းသိမ်းရေး ဆော့ဖ်ဝဲလိုင်စင်ရယူထားသော Codeberg သို့ပြောင်းရွှေ့ရမယ့်အချိန်ဖြစ်ပါတယ်. GitLab နှင့်မတူပဲ Codeberg သည် ဥရောပတွင်မှတ်ပုံတင်ထားသည့် အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းမှ ထိန်းသိမ်းထားပါတယ်. ထိုပြောင်းရွှေ့မှုကို မိမိတို့အနေနှင့် ယခုနှစ်ကုန်တွင် ပြီးဆုံးနိုင်မည်ဟုခန့်မှန်းထားပါတယ်.
မည်ကဲ့သို့ပူးပေါင်းပါဝင်နိုင်သလည်း
လုံခြုံရေးသေတ္တာသည် open-source အရင်းအမြစ်တစ်ခုဖြစ်ပြီး အကြံပြုခြင်းများ မှတ်ချက်များကို အမြဲလက်ခံကြိုဆိုလျှက်ရှိပါသည်. အကြံပြုချက်များမည်ကဲ့သို့ပေးနိုင်သည်ကို README pageမှတစ်ဆင့်လုပ်ဆောင်ပုံညွှန်ကြားချက်များကိုရှာဖွေနိုင်ပါတယ်. သင်တို့ထံမှကျေးဇူးတင်ဖွယ်ကောင်းသော တုန့်ပြန်မှုများဖြင့် လုံခြုံရေးသေတ္တာအား အစဥ်အမြဲပိုမို အသုံးတည့်လာစေရန် မျှော်လင့်လျှက်ရှိပါတယ်!
Image: SiaB 2026 လမ်းပြမြေပုံ, by Inés Binder. Created with free software (Inkscape) and released under the Creative Commons Attribution-NonCommercial-ShareAlike 4.0 Generic license.