သင့် အန်းဒရွိုက် စက်ပစ္စည်းကို ကာကွယ်ပါ

နောက်ဆုံးပြင်ဆင်ထားသော21 June 2021

မာတိကာ

...မာတိကာ စတင်နေသည်...

    လုံခြုံရေးသည် သင့်အချက်အလက်များကို ကာကွယ်ရန် သင့်စက်ပစ္စည်းကို ပြင်ဆင်သတ်မှတ်ခြင်း နေရာမှ စတင်ပါသည် ။ သင့် အန်းဒရွိုက် စက်ပစ္စည်းကို ပိုမိုလုံခြုံစေရန်အတွက် ဤ စစ်ဆေးရမည့်စာရင်းရှိ အဆင့်များကို လိုက်နာပါ ။ အန်းဒရွိုက်စက်များသည် ထုတ်လုပ်သူအလိုက် ကွဲပြားသောကြောင့် သင်ရှာဖွေနေသော ပြင်ဆင်သတ်မှတ်ချက်များကို နေရာအနည်းငယ် ရှာဖွေရန်လိုအပ်ပေမည် ။

    ပုံပြ လမ်းညွှန်

    အောက်ဖော်ပြပါ စစ်ဆေးရမည့် စာရင်းများကို သင်ကြည့်ရှုစဉ် ဤ ပုံပြလမ်းညွှန်ချက်ကို အသုံးပြုပါ။

    သင့်စက်ပစ္စည်း လည်ပတ်မှုစနစ် (OS) ၏ နောက်ဆုံးဗားရှင်းကို အသုံးပြုပါ

    • ဆော့ဖ်ဝဲကို အပ်ဒိတ်လုပ်သည့်အခါ အင်တာနက်ကဖေး သို့မဟုတ် ကော်ဖီဆိုင်တွင်မဟုတ်ဘဲ သင့်အိမ် သို့မဟုတ် ရုံးခန်းကဲ့သို့ ယုံကြည်ရသော နေရာနှင့် အင်တာနက်ချိတ်ဆက်မှုမှ တစ်ဆင့် လုပ်ဆောင်ပါ။
    • နောက်ဆုံးပေါ် OS သို့ အဆင့်မြှင့်တင်ခြင်းသည် ဆော့ဖ်ဝဲကို ဒေါင်းလုဒ်လုပ်ပြီး အကြိမ်ပေါင်းများစွာ ပြန်လည်စတင်ရန် လိုအပ်ပေမည်။ သင့်စက်ပစ္စည်းနှင့် အလုပ်မလုပ်မည့်အချိန်ကို ချိန်ပြီး OS အဆင်မြင့်တင်ခြင်းကိုပြုလုပ်ပါ။ သင့်စက်၏လက်ရှိဗားရှင်းအား နောက်ဆုံးဗားရှင်းဟုတ်မဟုတ်ကို အောက်ပါအဆင့်များကိုကြည့်ပြီး တိုက်စစ်ဆေးမှုပြုလုပ်ပါ။
    • OS ၏နောက်ဆုံးဗားရှင်းသည် သင့်စက်ပစ္စည်းတွင်မလည်ပတ်ပါက စက်ပစ္စည်းအသစ်ဝယ်ရန် စဉ်းစားခြင်းသည် အကောင်းဆုံးဖြစ်သည်။
    • ပြုပြင်မွမ်းမံမှု တစ်ခု ကို ဒေါင်းလုဒ် ပြုလုပ်ပြီးသည်နှင့် ၎င်းကိုအပြည့်အဝထည့်သွင်းထားကြောင်း သေချာစေရန် သင့်စက်ပစ္စည်းကို ပြန်လည်စတင်ခြင်း သေချာပြုလုပ်ပါ။
    • [နောက်ဆုံးပေါ်ဗားရှင်းရရှိနိုင်မှုကို ကြည့်ပါ] (https://en.wikipedia.org/wiki/Android_version_history)
    • ၎င်းအား သင့်စက်ပစ္စည်းတွင် ထည့်ထားသောဗားရှင်းဖြင့် နှိုင်းယှဉ်ပါ
    • သင့်လည်ပတ်မှုစနစ်အားအဆင့်မြှင့်တင်ပါ
    ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

    သင့်စက်များနှင့် အက်ပ် များကို လုပ်ဆောင်ပေးသည့် ကုဒ်ရှိ အားနည်းချက်အသစ်များကို နေ့စဉ် တွေ့ရှိနေပါသည်။ ကုဒ်သည် အလွန်ရှုပ်ထွေးသောကြောင့် ထိုကုဒ်ကိုရေးသော ရေးသားသူများသည် မည်သည့်နေရာတွင်တွေ့မည်ကို ခန့်မှန်း၍မရပါ။ မလိုလားအပ်သော တိုက်ခိုက်သူများသည် သင့်စက်ပစ္စည်းများ အတွင်းသို့ ဝင်ရောက်ရန် ဤအားနည်းချက်များကို အသုံးချနိုင်သည်။ သို့သော် ဆော့ဖ်ဝဲရေးသားသူများက ထိုသို့သောအားနည်းချက်များကို ပြုပြင်ပေးမည့် ကုဒ်များကို ပုံမှန်ထုတ်လေ့ ရှိပါသည်။ ထို့ကြောင့် ပြုပြင်မွမ်းမံအသစ် များကို ထည့်သွင်းရန်နှင့် သင်အသုံးပြုသည့် စက်ပစ္စည်းတစ်ခုစီအတွက် ၎င်းတို့၏ လည်ပတ်မှုစနစ် နောက်ဆုံးဗားရှင်းကို အသုံးပြုရန် အလွန်အရေးကြီးပါသည်။ ကျွနု်ပ်တို့အနေဖြင့် သင့်စက်ပစ္စည်းကို အလိုအလျောက် ပြုပြင်မွမ်းမံမှု လုပ်ရန် ပြုလုပ်ထားဖို့အကြံပြုလိုပါသည် ၊ သို့မှသာ သင့်တွင် သတိတရလုပ်ဆောင်ရမည့်တာဝန်တစ်ခု လျော့သွားမည် ဖြစ်သည်။

    ယုံကြည်ရသောရင်းမြစ်များမှထုတ်သော အက်ပ် များကိုအသုံးပြုပါ

    ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

    ဂူးဂဲလ် Play Store သည် အန်းဒရွိုက် အတွက်တရားဝင် အက်ပ် store ဖြစ်သည်။ တစ်နေရာတည်းတွင် အက်ပ် များထားရှိခြင်းသည် သင်အလိုရှိသည့်အရာများကို ရှာဖွေထည့်သွင်းရန် လွယ်ကူစေပြီး ကြီးမားသည့် လုံခြုံရေးချိုးဖောက်မှုများအတွက် အက်ပ် များကို စောင့်ကြည့်ရန် ဂူးဂဲလ် အတွက်လည်း ပိုမိုလွယ်ကူစေသည်။ ဂူးဂဲလ် Play Store မှ အက်ပ်များကိုသာ ထည့်သွင်းပါ။

    အက်ပ် store များမှ သို့မဟုတ် ဆော့ဖ်ဝဲရေးသားသူများကိုယ်တိုင်၏ ဝဘ်ဆိုက်များမှ အက်ပ်များကိုသာ ထည့်သွင်းပါ။ ဝန်ဆောင်မှုများကို ပံ့ပိုးပေးသူများကို သင်မသိဘဲ ယုံကြည်ခြင်းမရှိပါက "တူညီစွာ ကူးယူထားသည့်" ဒေါင်းလုဒ်ချသည့် ဝဘ်ဆိုက်များသည် ယုံကြည်၍ မရနိုင်ပါ။ အက်ပ်တစ်ခု၏ အကျိုးရရှိမှုသည် အန္တရာယ်ရှိခြင်းထက် သာလွန်သည်ဟု သင်ဆုံးဖြတ်ပါက ကိုယ်ရေးကိုယ်တာနှင့် အရေးကြီးအချက်အလက်များကို ထိုစက်ပစ္စည်းတွင် မသိမ်းဆည်းထားရန် စီစဉ်ခြင်းကဲ့သို့သော သင့်ကိုယ်သင်ကာကွယ်မည့် ထပ်ဆောင်းအဆင့်များ ကို လုပ်ဆောင်ပါ။

    Security in a Box အကြံပြုထားသည့် app များကို ဘာကြောင့် ယုံကြည်ရသည် ဆိုသည်ကိုလေ့လာပါ ။

    အချို့သော အာဏာရှင်အစိုးရများသည် ၎င်းတို့၏နိုင်ငံများတွင် နည်းပညာကုမ္ပဏီများကို အက်ပ် အချို့ ပိတ်ပင်ရန် တောင်းဆိုထားသည်။ ထိုသို့ ပိတ်ပင်ရန်တောင်းဆိုသောအခါတွင် ပြင်ပ အက်ပ် store များ သို့မဟုတ် ဝဘ်ဆိုက်များသို့သွားခြင်းဖြင့် တားမြစ်ထားသောအက်ပ်များကို ထည့်သွင်းရန်အတွက် သင်၏အဆက်အသွယ်များက သင့်စက်ပစ္စည်းကို "root" လုပ်ရန် တိုက်တွန်းနိုင်ပါသည်။

    အန္တရာယ်ရှိသောကုဒ်မှတစ်ဆင့် သင့်အား ပိုမိုအန္တရာယ်ဖြစ်စေသောကြောင့် သင့်စက်ပစ္စည်းကို root မလုပ်ဖို့ အကြံပြုပါသည်။

    Remove apps that you do not need and do not use

    ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

    သင့်စက်ပစ္စည်းများနှင့် အက်ပ် များကို လုပ်ဆောင်ပေးသည့် ကုဒ်ရှိ အားနည်းချက်အသစ်များကို နေ့စဉ် တွေ့ရှိနေပါသည်။ ကုဒ်သည် အလွန်ရှုပ်ထွေးသောကြောင့် ထိုကုဒ်ကိုရေးသော ရေးသားသူများသည် မည်သည့်နေရာတွင်တွေ့မည်ကို ခန့်မှန်း၍မရပါ။ မလိုလားအပ်သော တိုက်ခိုက်သူများသည် သင့်စက်ပစ္စည်းများ အတွင်းသို့ ဝင်ရောက်ရန် ဤအားနည်းချက်များကို အသုံးချနိုင်သည်။ သင်အသုံးမပြုသောအက်ပ်များကို ဖယ်ရှားခြင်းသည် အားနည်းချက်ဖြစ်နိုင်သည့်အက်ပ်အရေအတွက်ကို ကန့်သတ်လျှော့ချပေးသည်။ သင်အသုံးမပြုသောအက်ပ်များသည် သင့်တည်နေရာကဲ့သို့ အခြားသူများနှင့် မမျှဝေလိုသည့် သင့်အကြောင်းအချက်အလက်များကိုလည်း ပေးပို့နိုင်ပါသည်။ အက်ပ်များကို သင်မဖယ်ရှားနိုင်ပါက ၎င်းတို့ကို အနည်းဆုံး သင် ပိတ်နိုင်အောင် ပြုလုပ်ရမည်ဖြစ်သည်။

    အက်ပ်များသည် သင့်ဖုန်း၏ ID ၊ သင့်ဖုန်းနံပါတ်နှင့် သင် မည်သည့် ဝိုင်ဖိုင်ကို ချိတ်ဆက်ထားသည် ကဲ့သို့သော သင့်ဒေတာအများအပြားကို မျှဝေနိုင်ပါသည်။ ဖေ့ဘွတ် သို့မဟုတ် WhatsApp စသည့် ဆိုရှယ်မီဒီယာအပါအဝင် သင်အသုံးပြုသည့် ဝဘ်ဆိုက်များနှင့် ဝန်ဆောင်မှုများကို ဝင်ရောက်ကြည့်ရှုရန်အတွက် App ရှိရန် မလိုအပ်ပါ။ သင့် တကိုယ်ရည်အချက်အလက်များကာကွယ်ရန် ၎င်းတို့ကို သင့်စက်ပစ္စည်းပေါ်ရှိ browser မှတစ်ဆင့် အသုံးပြုပါ။

    သင့် အက်ပ် ၏ သဘောတူညီချက်ကို စစ်ဆေးပါ

    သင်အသုံးပြုသည့်အက်ပ်များကိုသာ တစ်ခုချင်းစီ အက်ပ်များ၏ ခွင့်ပြုချက်အားလုံးကို ပြန်လည်စစ်ဆေးပါ။ သင် အသုံးမပြုသော အက်ပ်များတွင် သင် မသိသောအက်ပ်များကို အသုံးပြုသည့်အခါ သံသယဖြစ်ဖွယ်အဖြစ် ယူဆပြီး အောက်ပါခွင့်ပြုချက်များကို ပိတ်သင့်သည်:

    • တည်နေရာ
    • အဆက်အသွယ်များ
    • စာတိုများ
    • မိုက်ခရိုဖုန်း
    • အသံ သို့မဟုတ် စကား မှတ်သားမှု
    • (ဝက်ဘ်) ကင်မရာ
    • မျက်နှာပြင် (စခရင်) မှတ်တမ်းယူခြင်း
    • ဖုန်းခေါ်ဆိုမှုများ သို့မဟုတ် ဖုန်းခေါ်ဆိုမှုမှတ်တမ်းများ
    • ဖုန်း
    • ပြက္ခဒိန်
    • အီးမေးလ်
    • ပုံများ
    • ရုပ်ရှင်များ သို့မဟုတ် ဗီဒီယိုများနှင့် ၎င်းတို့၏ စာကြည့်တိုက်များ
    • လက်ဗွေရာဖတ်စက်
    • အီလက်ထရောနစ် စက်ပစ္စည်းများ တစ်ခုနှင့် တစ်ခု ကြား အနီးအနား ဆက်သွယ်မှု (NFC)
    • Bluetooth
    • ၎င်းတွင် "disk အသုံးပြုခွင့်" "ဖိုင်များ" "ဖိုင်တွဲများ" သို့မဟုတ် "စနစ်" ပါသည့် မည်သည့်ဆက်တင်မျိုးမဆို
    • ၎င်းတွင် "install" ပါသောမည်သည့် setting ကိုမဆို
    • မျက်နှာမှတ်သားမှု
    • အခြား App များကို ဒေါင်းလုပ်လုပ်ရန် ခွင့်ပြုသည်။

    ထပ်မံလေ့လာရန်

    ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

    သင့်တည်နေရာ၊ မိုက်ခရိုဖုန်း၊ ကင်မရာ သို့မဟုတ် စက်ဆက်တင်များကဲ့သို့သော အရေးကြီးသော ဒစ်ဂျစ်တယ်အသေးစိတ်အချက်အလက်များ သို့မဟုတ် ဝန်ဆောင်မှုများကို အသုံးပြုသည့်အက်ပ်များသည်လည်း အချက်အလက်များ ပေါက်ကြားနိုင်သည် သို့မဟုတ် တိုက်ခိုက်သူများ အသုံးချခံရနိုင်သည်။ ထို့ကြောင့် ဝန်ဆောင်မှုတစ်ခုအား အသုံးပြုရန် အက်ပ်တစ်ခုမလိုအပ်ပါက၊ အဆိုပါခွင့်ပြုချက်ကို ပိတ်ပါ။

    တည်နေရာအားပိတ်ထားပြီး မှတ်တမ်းအားရှင်းလင်းပါ

    • [တည်နေရာဝန်ဆောင်မှုများကို အလုံးစုံပိတ်ခြင်း] အလေ့အထကို ပြုလုပ်ပါ (https://support.google.com/android/answer/3467281) သို့မဟုတ် ၎င်းတို့ကို အသုံးမပြုသည့်အခါတွင်၊ သင့်စက်ပစ္စည်းတစ်ခုလုံးအတွက်သာမက အက်ပ်တစ်ခုချင်းစီအတွက်ပါ ၎င်းတို့ကို ပိတ်ထားပါ။
    • သင်၏တည်နေရာကိုဖွင့်ထားလျှင်(https://support.google.com/android/answer/3118687) တည်နေရာမှတ်တမ်းကို ပုံမှန်စစ်ဆေးပြီးရှင်းလင်းပါ။
    • တည်နေရာဆက်တင်များသည် မတူညီသော Android စက်ပစ္စည်းများတွင် အနည်းငယ်ကွဲပြားသည့်နေရာများတွင် ရှိနိုင်သော်လည်း ဆက်တင်များ၊ ကိုယ်ရေးကိုယ်တာ သို့မဟုတ် လုံခြုံရေးအပြင် သင့် Google အကောင့် ရွေးချယ်မှုများရှိ တစ်နေရာရာတွင် ရှိနေမည်ဖြစ်သည်။
    • ယခင်တည်နေရာမှတ်တမ်းကို ဖျက်ပြီး ၎င်းကို သတ်မှတ်ဖို့အတွက် သင့်စက်ပစ္စည်းများနှင့် Google Maps မှ သင့်တည်နေရာလုပ်ဆောင်ချက်ကို မသိမ်းဆည်းနိုင်စေရန်၊ ညွှန်ကြားချက်များကို လိုက်နာပါ (https://support.google.com/accounts/answer/3118687?#delete) နှင့်(https://support.google.com/maps/answer/3137804)
    ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

    ကျွန်ုပ်တို့၏စက်ပစ္စည်းအများအပြားသည် ကျွန်ုပ်တို့အသုံးပြုနေသည့်နေရာ၊ GPS၊ ဆဲလ်ဖုန်းတာဝါတိုင်များ သို့မဟုတ် wifi အသုံးပြုနေသည့်နေရာကို အမြဲမပြတ်ခြေရာခံသည်။ သင့်စက်ပစ္စည်းသည် သင်၏ရုပ်ပိုင်းဆိုင်ရာတည်နေရာကို မှတ်တမ်းတင်ထားပါက၊ တစ်စုံတစ်ဦးသည် သင့်အား ရှာဖွေတွေ့ရှိနိုင်စေရန် လုပ်ဆောင်သည်။ သို့မဟုတ် သီးခြားနေရာများသို့ သွားရောက်ခဲ့ကြောင်း သို့မဟုတ် သီးခြားလူများနှင့် ဆက်စပ်နေကြောင်းပြသရန် အဆိုပါမှတ်တမ်းကို အသုံးပြုနိုင်သည်။

    Make separate user accounts on your devices

    • စီမံခန့်ခွဲမှုအခွင့်ရရှိသည့်အသုံးပြုသူနှင့် စီမံခန့်ခွဲမှုအခွင့်မရရှိသည်အခြားတစ်ဉီးထားရှိခြင်းဖြင့် သင့်စက်ပစ္စည်းပေါ်တွင် အသုံးပြုသူတစ်ဦးထက်ပိုအောင်လုပ်ပါ။
      • သင်တစ်ဦးတည်းသာ စီမံခန့်ခွဲခွင့်ရှိသည့်အသုံးပြုသူဖြစ်သင့်သည်။
      • ပုံမှန်အသုံးပြုသူများအား သင့်စက်ပစ္စည်းပေါ်ရှိ အက်ပ်၊ ဖိုင် သို့မဟုတ် ဆက်တင်တိုင်းကို ဝင်ရောက်ခွင့်မပြုသင့်ပါ။
    • သင်၏နေ့စဉ်အလုပ်အတွက် ပုံမှန်အသုံးပြုသူအကောင့်ကို အသုံးပြုရန် စဉ်းစားပါ
      • ဆော့ဖ်ဝဲလ်ထည့်သွင်းခြင်းကဲ့သို့ သင့်စက်ပစ္စည်းလုံခြုံရေးကို ထိခိုက်စေသည့် အပြောင်းအလဲများပြုလုပ်ရန် လိုအပ်သည့်အခါမှသာ admin user အကောင့်ကို အသုံးပြုပါ။
      • ပုံမှန်အသုံးပြုသူအကောင့်ကို နေ့စဉ်အသုံးပြုခြင်းဖြင့် သင့်စက်ပစ္စည်းသည် သူခိုးဆော့ဖ်ဝဲ၏ လုံခြုံရေးခြိမ်းခြောက်မှုများနှင့် ထိတွေ့မှုမည်မျှရှိသည်ကို သိရှိနိုင်သည်။
      • သင် နယ်စပ်ဖြတ်ကျော်သည့်အခါ၊ ပုံမှန်အသုံးပြုသူအကောင့်ကို ဖွင့်ထားခြင်းဖြင့် သင်၏ပိုမိုထိခိုက်လွယ်သောဖိုင်များကို ဝှက်ထားနိုင်မည်ဖြစ်သည်။ ဤနယ်ခြားအာဏာပိုင်များသည် သင့်စက်ပစ္စည်းကို စေ့စေ့စပ်စပ်ရှာဖွေရန် သိမ်းယူမည်လား သို့မဟုတ် ၎င်းတို့က ၎င်းကိုဖွင့်ပြီး အမြန်ကြည့်ပြီး ပြန်ပေးမည်လားဆိုသည်ကို သင်အကဲဖြတ်ပြီး သုံးစွဲပါ။ ၎င်းတို့သည် သင့်စက်ပစ္စည်းကို စေ့စေ့စပ်စပ်ကြည့်မည်မဟုတ်ဟု သင်မျှော်လင့်ပါက၊ အလုပ်အတွက် အရေးမကြီးသည့်ပုံမှန်အသုံးပြုသူအကောင့်ကို အသုံးပြုခြင်းဖြင့် သင့်အနေဖြင့် ဖြစ်နိုင်ခြေရှိသော ငြင်းပယ်မှုကို ပေးနိုင်မည်ဖြစ်သည်။
    • users ဘယ်လိုထည့်မလဲ (https://support.google.com/nexus/answer/6115141)
    ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

    ထိလွယ်ရှလွယ် အလုပ်အတွက် သင်အသုံးပြုသည့် စက်များကို အခြားမည်သူနှင့်မျှ မျှဝေခြင်းမပြုရန် ကျွန်ုပ်တို့ အလေးအနက် အကြံပြုအပ်ပါသည်။ သို့သော်၊ သင်သည် သင်၏စက်ပစ္စည်းများကို လုပ်ဖော်ကိုင်ဖက် သို့မဟုတ် မိသားစုနှင့် မျှဝေရမည်ဆိုပါက၊ သင်၏ အရေးကြီးသောဖိုင်များကို အခြားသူများမရရှိအောင်ကာကွယ်ထားနိုင်ရန် သီးခြားအသုံးပြုသူအကောင့်များကို သင့်စက်ပစ္စည်းပေါ်တွင် ထားရှိခြင်းဖြင့် အရေးကြီးသော အချက်အလက်များကို ပိုမိုကောင်းမွန်စွာ ကာကွယ်နိုင်ပါသည်။

    သင့်စက်နှင့်ဆက်စပ်နေသော မလိုအပ်သောအသုံးပြုသူများကို ဖယ်ရှားပါ။

    ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

    သင့်စက်ပစ္စည်းကို အခြားသူတစ်ဦးမှ ဝင်ရောက်မကြည့်ရှုစေလိုပါက ၊ နောက်ထပ် "တံခါး" ကို သင့်စက်ပေါ်တွင် မဖွင့်ထားပါက ပိုကောင်းပါသည်။ (၎င်းကို "သင်၏တိုက်ခိုက်မှုမျက်နှာပြင်ကို လျှော့ချခြင်း" ဟုခေါ်သည်) ထို့အပြင် သင်မသိဘဲ သင့်စက်ပေါ်တွင် တင်ထားသော မည်သည့်အကောင့်များသည် သင့်စက်အားဖော်ထုတ်နိုင်သည်ကို စစ်ဆေးပါ။

    Secure the Google accounts connected with your device

    ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

    Most devices have accounts associated with them, like Google accounts for your Android phone, your Chrome laptop, and Google TV. More than one device may be logged in at a time (like your phone, laptop, and maybe your TV). If someone else has access to your account who shouldn't, this is one place you might see and be able to stop that.

    Set your screen to sleep and lock

    • သင့် screen အားအသုံးပြုပြီးသည့်အခါ ၎င်းအား အချိန်တိုအတွင်း လော့ခ်ချရန် သတ်မှတ်ပါ (၎င်းကို 1 မိနစ် သို့မဟုတ် 5 မိနစ်အထိ သင်အဆင်ပြေသလို သတ်မှတ်ကြည့်ပါ)
    • စကားဝှက်တို သို့မဟုတ် နံပါတ် မဟုတ်ဘဲ ရှည်လျားသော စကားဝှက်တစ်ခု (အနည်းဆုံး အက္ခရာ 10 လုံး) ကို အသုံးပြုပါ။
      • သင့်လက်ဗွေ၊ မျက်နှာ၊ မျက်လုံး သို့မဟုတ် အသံကို လော့ခ်ဖွင့်သည့်စနစ်ပြုလုပ်ထားခြင်းသည် သင့်အား အင်အားသုံး၍ ဖွင့်ခိုင်းနိုင်သည်။ သင့်တွင် စာရိုက်ရန်အဆင်မပြေလောက်သည့် မသန်စွမ်းခြင်းမရှိပါက ဤရွေးချယ်စရာများကို မသုံးပါနှင့်။
        • သင့်လက်ဗွေနှင့် မျက်နှာကို သင့်စက်ပစ္စည်းတွင် ထည့်သွင်းပြီးသားဖြစ်နေပါက ၎င်းအားဖယ်ရှားပါ။ Android စက်ပစ္စည်းများ၏ ဆက်တင်များသည် ကွဲပြားသောကြောင့် စက်ပစ္စည်းလော့ချခြင်းဆက်တင်သည် သင့်စက်ပစ္စည်းရှိ အချို့နေရာများတွင် ရှိနိုင်သည်၊ သို့သော် ပုံမှန်အားဖြင့် ရှာတွေ့နိုင်သည့်နေရာများတွင် ရှာဖွေကြည့်ပါ (https://support.google.com/android/answer/9079129)
    • pattern ဖြင့်လော့ချခြင်းသည် ခန့်မှန်းနိုင်သည့်အတွက် ၎င်းရွေးချယ်မှုကိုအသုံးမပြုပါနှင့်။
    • ရိုးရှင်းသည့် "swipe to unlock"ရွေးချယ်မှုသည် လုံခြုံသောလော့ချခြင်းမဟုတ်ပါ၊ ၎င်းရွေးချယ်မှုကိုအသုံးမပြုပါနှင့်။
    • "စကားဝှက်အားမြင်နိုင်အောင်ပြုလုပ်ခြင်း" ရွေးချယ်မှုကို ပိတ်ပါ
    • စကားဝှက်အရှည်သတ်မှတ်ပါ (https://support.google.com/android/answer/9079129)
    • သင်စက်ပစ္စည်းအား အချိန်တိုအတွင်း မျက်နှာပြင်ပိတ်အောင်ပြုလုပ်ထားပြီး ပြန်ဖွင့်လိုပါက စကားဝှက်ဖြင့်ဖွင့်ရန်လိုအပ်အောင်ပြုလုပ်ထားပါ။ ထိုသို့ ဆက်တင်ပြုလုပ်ရသည့်နေရာသည် စက်ပစ္စည်းတစ်ခုနှင့်တခုတွင် မတူညီပေ သို့သော် ၎င်းသည် "display", "system" သို့မဟုတ် "Security" စသည့်နေရာများတွင်ရှိနေနိုင်သည်။
    ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

    နည်းပညာဆိုင်ရာ တိုက်ခိုက်မှုများသည် သင့်အတွက် အကြီးမားဆုံး စိုးရိမ်စရာဟု ထင်ရသော်လည်း သင့်စက်ပစ္စည်းကို သိမ်းဆည်းခံရခြင်း သို့မဟုတ် ခိုးယူခံရပြီး တစ်စုံတစ်ဦးမှ ဖောက်ထွင်းခံရခြင်းက ဖြစ်နိုင်ခြေပိုများပါသည်။ ဤအကြောင်းအရာကြောင့်၊ စကားဝှက်စခရင်လော့ခ်ကို ပြုလုပ်ထားခြင်းသည် အဆင်ပြေပြီး ၎င်းကိုဖွင့်လိုက်ရုံဖြင့် သင့်စက်ကို မည်သူမျှ ဝင်ရောက်ကြည့်ရှုနိုင်မည်မဟုတ်ပေ။

    စကားဝှက်များမှလွဲ၍ အခြား စခရင်လော့ခ်ချရွေးချယ်မှုများကို ကျွန်ုပ်တို့ မအကြံပြုပါ။ ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်း သို့မဟုတ် ရှာဖွေခံရပါက သင်၏မျက်နှာ၊ အသံ၊ မျက်လုံး သို့မဟုတ် လက်ဗွေဖြင့် သင့်စက်ပစ္စည်းကို အလွယ်တကူ လော့ခ်ဖွင့်ရန် ခိုင်းစေနိုင်သည်။ သင့်စက်ကို ၎င်းတို့ဘက်ရှိလူတစ်ဦးဦးက စကားဝှက်တိုများ သို့မဟုတ် ပင်နံပါတ်များကို ခန့်မှန်းရန် ဆော့ဖ်ဝဲကို အသုံးပြုနိုင်သည်။ မျက်နှာပြင်ပေါ်ရှိ လက်ဗွေရာများကို ကြည့်ခြင်းဖြင့် "pattern" သော့ခတ်မှုများကို ခန့်မှန်းနိုင်သည်။ အကယ်၍ သင်သည် လက်ဗွေသော့ခတ်ခြင်းကို ပြုလုပ်ထားပါက ဖုန်မှုန့်သုတ်ထားသူတစ်ဦးသည် သင့်လက်ဗွေရာအားရယူပြီး သင့်စက်ပစ္စည်းကို လော့ခ်ဖွင့်ရန် သင့်လက်ချောင်းအတုဗားရှင်းကို ပြုလုပ်နိုင်မည်ဖြစ်သည်။ အလားတူ ဟက်ခ်ခြင်းများဖြစ်သည့် မျက်နှာဖြင့် လော့ခ်ဖွင့်ခြင်းကို သရုပ်ဖော်ပြထားသည်။

    ဤအကြောင်းများကြောင့်၊ ချမှတ်ရန်အလုံခြုံဆုံးသောသော့သည် ရှည်လျားသော စကားဝှက်တစ်ခုဖြစ်သည်။

    သင့်စက်လော့ခ်ချထားချိန်တွင် မြင်နိုင်သောအရာများကို ထိန်းချုပ်ပါ။

    ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

    ခိုင်မာသော မျက်နှာပြင်လော့ခ်သည် သင့်စက်ပစ္စည်းအား ခိုးယူခံရပါက သို့မဟုတ် သိမ်းဆည်းခံရပါက အကာအကွယ်အချို့ကို ပေးလိမ့်မည်။ သို့သော် သင့်လော့ခ်မျက်နှာပြင်တွင် ပေါ်လာသည့် အကြောင်းကြားချက်များကို မပိတ်ပါက၊ သင့်အဆက်အသွယ်များက စာတိုများပေးပို့သည့်အခါနှင့် အီးမေးလ်အသစ်များသင်လက်ခံသည့်အခါတွင် အချက်အလက်များပေါက်ကြားနိုင်ပြီး သင့်စက်ပစ္စည်းရရှိနေသည့် မည်သူမဆို မြင်တွေ့နိုင်မည်ဖြစ်သည်

    Disable voice controls

    • Disable Google Assistant and/or voice control. Voice and Assistant settings may be in slightly different places on different Android devices, but are probably somewhere in Settings > Google. Review the instructions here.
    • Alexa သို့မဟုတ် Siri ကဲ့သို့သော စမတ်စပီကာကို အသုံးပြုခြင်း၏ ကြီးမားသောအန္တရာယ်များထက် သင့်အတွက် အကျိုးကျေးဇူးများ ပိုရှိနိုင်ကြောင်းသင်ဆုံးဖြတ်ပြီးပါက ပိုမိုလုံခြုံစွာလုပ်ဆောင်ရန် ဤညွှန်ကြားချက်များကို လိုက်နာပါ(https://securityplanner.consumerreports.org/tool/secure-your-smart -speaker)
    ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

    စက်ပစ္စည်းတစ်ခုအား စနစ်ထည့်သွင်းသောအခါတွင် ၎င်းအား ထိန်းချုပ်ရန်အတွက် သင်စကားပြောနိုင်သည်။ဥပမာ၊ Siri၊ Cortana၊ Google Voice၊ Echo၊ သို့မဟုတ် Alexa စနစ်များသည် ၎င်းကိုဖွင့်ထားချိန်တွင် အဆက်မပြတ်နားထောင်နေပါသည်။ ၎င်းသည် ဖြစ်ပျက်နေသည့်အရာများကိုပင် မှတ်တမ်းတင်နိုင်ပြီး [၎င်းကို Amazon ကဲ့သို့ကုမ္ပဏီများထံ ပြန်လည်ပေးပို့နိုင်သည်](https://www.theguardian.com/technology/2019/apr/11/amazon-staff-listen-to-customers-alexa-recordings- report-says)သို့မဟုတ် အရည်အသွေးထိန်းချုပ်မှုအတွက် မိုက်ခရိုဆော့ဖ်နှင့် [၎င်းတို့၏ကန်ထရိုက်တာများသည် အဆိုပါမှတ်တမ်းများကို သိမ်းဆည်းပြီး ပြန်လည်သုံးသပ်ခြင်းတို့လုပ်နိုင်သည်။(https://www.theguardian.com/technology/2019/jul/26/apple-contractors-regularly-hear-confidential-details -on-siri-recordings) သင့်စက်တွင် နားထောင်နေသည့်အရာများကို ဖမ်းယူပေးနိုင်သည့် ကုဒ်ကို အခြားသူတစ်ဦးဦးက ထည့်သွင်းထားခြင်းလည်း ဖြစ်နိုင်သည်။

    သင့်တွင် စာရိုက်ရန် သို့မဟုတ် အခြားထိန်းချုပ်မှုများကို အသုံးပြုရန် ခက်ခဲစေသော မသန်စွမ်းမှုတစ်ခုရှိပါက၊ လိုအပ်သော အသံဖြင့်ထိန်းချုပ်မှုများကို သင်ရှာဖွေနိုင်ပါသည်။ ၎င်းတို့ကို ပိုမိုလုံခြုံစွာတပ်ဆင်နည်းအတွက် လမ်းညွှန်ချက်များကို အထက်တွင်ကြည့်ပါ။ သို့သော်၊ သင်သည် ဤအကြောင်းကြောင့် အသံထိန်းချုပ်မှုများကို အသုံးမပြုပါက၊ ၎င်းတို့ကို ပိတ်ထားခြင်းက ပိုမိုလုံခြုံပါသည်။

    သင့်ဖန်သားပြင်ကို အခြားသူများမမြင်နိုင်အောင် တားဆီးပေးသည့် ရုပ်ပိုင်းဆိုင်ရာ ကိုယ်ရေးကိုယ်တာ စစ်ထုတ်မှုကို အသုံးပြုပါ။

    ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

    ကျွန်ုပ်တို့၏ ဒစ်ဂျစ်တယ်လုံခြုံရေးတိုက်ခိုက်ခံရခြင်းများကို အဆင့်မြင့်နည်းပညာပိုင်းအနေဖြင့် ထင်မြင်နေသော်လည်း၊ လူ့အခွင့်အရေးကာကွယ်သူအချို့သည် ၎င်းတို့၏ အချက်အလက်များ ခိုးယူခံရခြင်း သို့မဟုတ် တစ်စုံတစ်ယောက်သည် ၎င်းတို့၏စခရင်ကို အပေါ်မှချောင်းကြည့်ပြီး သို့မဟုတ် လုံခြုံရေးကင်မရာကို အသုံးပြုကြည့်ရှုပြီး ၎င်းတို့၏အကောင့်များကို အခိုးခံရကြောင်း လေ့လာသိရှိရသည်မှာ အံ့အားသင့်စရာဖြစ်နိုင်ပါသည်။ကိုယ်ရေးကိုယ်တာကာကွယ်သည့်မှန်တစ်ခုက ထိုသို့လုပ်ဆောင်နေသူတို့ကို အောင်မြင်နိုင်ခြေနည်းစေသည်။ ၎င်းတို့ကို စက်နှင့်ဆက်စပ်သည့်ပစ္စည်းများရှိသည့်နေရာတိုင်းတွင် ရှာကြည့်နိုင်သည်။

    Use a camera cover

    • ပထမဆုံးအနေဖြင့် သင့်စက်တွင် ကင်မရာများ မည်သည့်နေရာမှာရှိ၊ မရှိကို ရှာဖွေပါ။ သင့်စမတ်ဖုန်းတွင် တစ်ခုထက်မက ရှိနိုင်ပါသည်။
    • နည်းပညာနိမ့် ကင်မရာအဖုံး - သင့်ကင်မရာအပေါ်တွင် ကပ်ခွာပတ်တီးငယ်ကို အသုံးပြုကာ ပိတ်ထားပြီး ကင်မရာကို အသုံးပြုရန် လိုအပ်သည့်အခါ ၎င်းကို အခွံခွာပါ။ အလယ်အပိုင်းသည် ကော်မပါသောကြောင့် ကင်မရာမှန်မျက်နှာပြင်ကို စေးကပ်ခြင်းမရှိသည့်အတွက် ပတ်တီးသည် စတစ်ကာထက် ပိုကောင်းပါသည်။
    • သို့မဟုတ် "webcam cover thin slide" အတွက် သင်နှစ်သက်ရာ စတိုးကို ရှာပါ။ အချို့အဖုံးများသည် ထူလွန်းသဖြင့် သင့်လက်ပ်တော့ မပိတ်နိုင်သောကြောင့် "ပါးလွှာ"သည့်အဖုံးကိုရှာဖွေရန် အရေးကြီးပါသည်။
    ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

    သင့်အား၊ သင့်ပတ်ဝန်းကျင်ရှိလူများ သို့မဟုတ် သင်မသိရှိဘဲရှိနေသောနေရာများကို မြင်နိုင်စေရန်အတွက် အချို့သော အန္တရာယ်ရှိသောဆော့ဖ်ဝဲလ်များသည် သင့်စက်ပစ္စည်းပေါ်ရှိ ကင်မရာကိုဖွင့်မည်ဖြစ်သည်။

    သင်အသုံးမပြုပါက လိုင်းချိတ်ဆက်မှုကိုပိတ်ထားပါ။

    • ညဘက်တွင်သင့်စက်များကို လုံးဝပိတ်ထားပါ။
    • wifi,bluetooth နှင့် ကွန်ရက်မျှဝေခြင်းကို အသုံးမပြုပါက ပိတ်သည့်အလေ့အကျင့်ကိုပြုလုပ်ပါ။
    • Airplane mode သည် သင့်မိုဘိုင်းပေါ်ရှိ ချိတ်ဆက်မှုကို ပိတ်ရန် အမြန်နည်းလမ်းတစ်ခုဖြစ်သည်။ သင့်စက်ပစ္စည်းသည် Airplane mode ပြုလုပ်ထားသည့်အချိန်တွင် သင်အလိုရှိသော ဝန်ဆောင်မှုများကိုသာ အသုံးပြုရန် wifi နှင့် Bluetooth ကို မည်သို့ရွေးချယ်ရမည်ကို လေ့လာပါ။
    • personal hotspot အား သင်အသုံးမပြုသည့်အချိန်တွင်ပိတ်ထားပါ။
    • airplane mode ကိုဖွင့်ပြီး wifi နှင့် bluetooth များကို သချောပိတ်ပါ
    ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

    Wifi သည် အများအားဖြင့် ပိုမိုကျယ်ပြန့်သောအင်တာနက်နှင့် ကြိုးတပ်ချိတ်ဆက်ထားသော router သို့ ချိတ်ဆက်ရန် ရေဒီယိုလှိုင်းများကို အသုံးပြု၍ ကျွန်ုပ်တို့၏စက်ပစ္စည်းများကို အင်တာနက်ပေါ်ရှိ အခြားစက်ပစ္စည်းများသို့ရောက်ရှိစေသည့် ဒေတာချိတ်ဆက်မှုတစ်ခုဖြစ်သည်။ ဆဲလ်ဖုန်းချိတ်ဆက်မှုများသည် တာဝါတိုင်များနှင့် repeater များရှိ cellular ကွန်ရက်မှတစ်ဆင့် ကမ္ဘာတစ်ဝှမ်းရှိ အခြားကွန်ပျူတာများနှင့် ဖုန်းများကို အသုံးပြုနိုင်စေရန် ကူညီပေးပါသည်။NFC နှင့် Bluetooth တို့သည် ရေဒီယိုလှိုင်းများအသုံးပြု၍လည်း ကျွန်ုပ်တို့၏စက်ပစ္စည်းများအား ၎င်းတို့အနီးရှိ အခြားစက်ပစ္စည်းများသို့ ချိတ်ဆက်ပါသည်။ ဤချိတ်ဆက်မှုအားလုံးသည် အခြားသူများနှင့် ဆက်သွယ်ရာတွင် အရေးကြီးပါသည်။ သို့သော် ကျွန်ုပ်တို့၏စက်ပစ္စည်းများသည် အခြားစက်ပစ္စည်းများနှင့် ချိတ်ဆက်နေသောကြောင့် တစ်စုံတစ်ဦးက ကျွန်ုပ်တို့၏စက်ပစ္စည်းများနှင့် အရေးကြီးသောအချက်အလက်များကိုရရှိအောင် ဤချိတ်ဆက်မှုကို အန္တရာယ်ရှိစွာ အသုံးပြုနိုင်သည့် အခြေအနေရှိပါသည်။

    ထို့ကြောင့်၊ အထူးသဖြင့် wifi နှင့် Bluetooth တို့ကိုအသုံးမပြုသည့်အခါ ဤချိတ်ဆက်မှုများကို ပိတ်ခြင်းသည် အကြံကောင်းဖြစ်ပါသည်။ ၎င်းသည် တိုက်ခိုက်သူက သင့်စက်ပစ္စည်းပေါ်တွင် ထူးဆန်းစွာဖြစ်ပျက်နေသည်ကို သင်သတိမထားမိစေဘဲ သင်၏အဖိုးတန်ပစ္စည်းများကို ဝင်ရောက်ရန်လုပ်ဆောင်နိုင်သည့်အချိန်ကို တားမြစ်သည် (စက်သည် နှေးကွေးစွာလည်ပတ်နေခြင်း သို့မဟုတ် သင်အလွန်အကျွံအသုံးမပြုဘဲ အပူလွန်ကဲခြင်းကဲ့သို့)။

    သင်မှတ်မိသော wifi ကွန်ရက်များကို ရှင်းလင်းပါ။

    • သင့်စက်၏ကွန်ရက်များစာရင်းတွင်မှတ်ထားမည့်အစား သင့်စကားဝှက်မန်နေဂျာတွင် ကွန်ရက်အမည်များနှင့် စကားဝှက်များကို သိမ်းဆည်းပါ။
    • [ကွန်ရက်တစ်ခုစီအတွက် ဤညွှန်ကြားချက်များကို အသုံးပြု၍ သင့် wifi ကွန်ရက်များစာရင်းကို ဖျက်ခြင်း]ကို ပုံမှန်လုပ်သည့်အလေ့အကျင့်ကိုရရှိအောင်လုပ်ပါ(https://support.google.com/android/answer/9075847#turn_on_and_connect&zippy=%2Cremove-saved-networks)
    • "Turn on Wi-Fi automatically" နှင့် "Connect to open networks" တို့ကို ေသချာပိတ်ပါ (https://support.google.com/android/answer/9654714?#zippy=%2Cchange-more-wi-fi-settings)
    ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

    သင့်စက်၏ wifi ချိတ်ဆက်မှုကို ဖွင့်လိုက်သောအခါ၊ ၎င်းသည် သင် ယခင်က ချိတ်ဆက်ထားခဲ့သော မည်သည့် wifi ကွန်ရက်ကိုမဆို ရှာဖွေရန် ကြိုးစားသည်။ အခြေခံအားဖြင့်၊ ၎င်းသည် ၎င်းနှင့်ချိတ်ဆက်ရန်ရနိုင်ခြင်းရှိမရှိကြည့်ရှုရန် ၎င်း၏စာရင်းရှိကွန်ရက်တိုင်း၏အမည်များကို "အော်" သည်။ အနီးနားတွင် လျှိုလျှိုနေသူတစ်ဦးသည် သင့်စက်ပစ္စည်းကို ခွဲခြားသတ်မှတ်ရန် ဤ "ကြွေးကြော်သံ" ကို သုံးနိုင်သည်၊ အကြောင်းမှာ သင့်စာရင်းသည် အများအားဖြင့် ထူးခြားသည်- သင့်တွင် အနည်းဆုံး သင့်အိမ်ကွန်ရက်နှင့် သင့်ရုံးကွန်ရက်သို့ ချိတ်ဆက်ထားပြီး ဖြစ်နိုင်သည်၊ သူငယ်ချင်းများ၏အိမ်များ၊ အကြိုက်ဆုံး ကော်ဖီဆိုင်များ၊ စသည်ဖြင့် ကွန်ရက်များကို ဖော်ပြခြင်းမပြုပါနှင့်။ ဤလက်ဗွေနှင့်တူသော အထောက်အထားများသည် သင့်ဧရိယာအတွင်း လျှိုနေသူတစ်ဦးအတွက် သင့်စက်ပစ္စည်းကို ပစ်မှတ်ထားရန် သို့မဟုတ် သင်ရောက်ရှိခဲ့သည့်နေရာကို ဖော်ထုတ်ရန် လွယ်ကူစေသည်။

    ဤသက်သေလိုက်နိုင်သည့်အရာမှ သင့်ကိုယ်သင် ကာကွယ်ရန်၊ သင့်စက်မှသိမ်းဆည်းထားသော wifi ကွန်ရက်များကို ဖျက်ပစ်ပြီး သင့်စက်အား ကွန်ရက်များကို မမှတ်မိစေရန် လုပ်ဆောင်ပါ။ ၎င်းသည် လျင်မြန်စွာ ချိတ်ဆက်ရန် ပိုမိုခက်ခဲစေလိမ့်မည်၊ သို့သော် ထိုအချက်အလက်များကို သင့်စကားဝှက်မန်နေဂျာတွင် သိမ်းဆည်းထားခြင်းသည် သင်လိုအပ်သည့်အခါတွင် ၎င်းကိုရယူနိုင်မည်ဖြစ်သည်။

    သင်အသုံးမပြုပါက မျှဝေခြင်းကိုပိတ်ထားပါ

    • Android စက်များသည် ကွဲပြားသည် သို့သော် "connected devices", "device connections" သို့မဟုတ် ဆက်တင်ထဲတွင် ပုံစံတူရွေးချယ်မှုများကိုရှာဖွေပြီး ၎င်းတွင်ရှိသောစက်များအားလုံးကိုဖယ်ရှားပါ သို့မဟုတ် ပိတ်ပါ။
    • Nearby Share ကိုပိတ်ပါ
    ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

    စက်ပစ္စည်းအများအပြားသည် ကျွန်ုပ်တို့အား ကျွန်ုပ်တို့ပတ်ဝန်းကျင်ရှိ အခြားသူများနှင့် ဖိုင်များ သို့မဟုတ် ဝန်ဆောင်မှုများကို အလွယ်တကူမျှဝေရန် ရွေးချယ်ခွင့်ပေးခြင်းသည် အသုံးဝင်သောအင်္ဂါရပ်တစ်ခုဖြစ်သည်။ သို့သော်၊ ကျွန်ုပ်တို့အနေဖြင့် ၎င်းကို အသုံးမပြုသည့်အခါတွင် ဤလုပ်ဆောင်ချက်ကို ဖွင့်ထားပါက၊ အန္တရာယ်ရှိသောသူများသည် သင့်စက်ပစ္စည်းရှိ ဖိုင်များကို ရယူရန် ၎င်းကို အသုံးချနိုင်သည်။

    Advanced: figure out whether someone has accessed your device without your permission (basic forensics)

    အောက်ပါ စစ်ဆေးရေးစာရင်းတွင်ပါရှိသောအဆင့်များကိုလိုက်နာပါ : - chat app များနှင့်ချိတ်ဆက်နေသည့်စက်များကိုလေ့လာပါ

    ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

    တစ်စုံတစ်ယောက်သည် သင့်စက်ပစ္စည်းများ၊ ဖိုင်များ၊ သို့မဟုတ် ဆက်သွယ်ရေးများကို ဝင်ရောက်အသုံးပြုသည့်အခါ အမြဲတမ်းသိသာထင်ရှားနိုင်မည်မဟုတ်ပေ။ ဤထပ်တိုးစစ်ဆေးစာရင်းများသည် သင့်စက်ပစ္စည်းများကို ကမောက်ကမဖြစ်စေခြင်းရှိမရှိကို ပိုမိုထိုးထွင်းသိမြင်စေနိုင်ပါသည်။

    အဆင့်မြင့် - google account မပါဘဲ Android ကိုအသုံးပြုပါ

    If you are concerned with google tracking your every move you can remove your Google account from your device by following the steps in the Android documentation on how to Add or remove an account on Android. Better yet, the first time you configure your phone you can skip the "Sign in" screen. This way your phone will not be tied to any google account. And information regarding location, searches, installed apps and such will not be added to it's profile.

    သင့်စက်တွင် Google အကောင့်များမရှိသောအခါတွင် သင်သည် Google Play Store အပြင်ဘက်တွင်ရှိသော အပလီကေးရှင်းများကို ထည့်သွင်းရမည်ဖြစ်ပါသည်။

    အခြားရွေးချယ်စရာ stores အနေဖြင့် F-Droid နှင့် Aurora Storeတို့ကိုသုံးပါ။

    • F-Droid store သည် အခမဲ့ဖြစ်ပြီး ပွင့်လင်းသောအရင်းအမြစ် (FOSS) အပလီကေးရှင်းများကိုသာ ပေးသည်။ ၎င်းကိုထည့်သွင်းရန် ဒေါင်းလုပ်ဆွဲရန် F-Droid APK။ တပ်ဆင်ခွင့်ပေးပါ။ သင်သည် ယာယီ အမည်မသိရင်းမြစ်များမှ အက်ပ်များကို ထည့်သွင်းခွင့်ပြုပါ။ F-Droid ကို ထည့်သွင်းပြီးနောက် ဤရွေးချယ်မှုကို သေချာပိတ်ပါ။
    • Google Play Store ရှိ Aurora Store တွင် အလားတူ App များကို သင်တွေ့လိမ့်မည်။ သင်သည် F-Droid အတွင်းမှ Aurora Store ကို ထည့်သွင်းနိုင်သည်။(https://f-droid.org/en/packages/com.aurora.store/)
    • F-Droid နှင့် Aurora Store ကိုဖွင့်ပြီး အဆင့်မြှင့်တင်မှုများကို ကိုယ်တိုင်စစ်ဆေးခြင်းဖြင့် ထည့်သွင်းထားသောအက်ပ်များကို ပုံမှန်update လုပ်ပါ။သင်သည် ခေတ်နောက်ကျနေပြီး မလုံခြုံသောအက်ပ်များကို အချိန်အကြာကြီး အသုံးပြုနေလျှင် အလိုအလျောက်update များသည် အလုပ်မဖြစ်နိုင်ပါ။

    အဆင့်မြင့်- သင်၏ Android စက်မျာ၏ လည်ပတ်မှုစနစ်ကို ပြောင်းလဲပါ။

    Android ကို Google မှ ဖန်တီးထားသောကြောင့် ၎င်းသည် သင့်အား ခြေရာခံပြီး သင်လုပ်ဆောင်သည့်နေရာ၊ သင်ရောက်နေသည်နှင့်ပတ်သက်သော အချက်အလက်များစွာကို စုဆောင်းပေးသည့် google app များဖြင့် တင်ဆောင်ထားသည်။ အချို့ကိစ္စများတွင် သင်သည် LineageCalyx သို့မဟုတ် Graphene ကဲ့သို့သော ပိုမိုလုံခြုံပြီး သီးသန့်ဖြစ်သော Android လည်ပတ်မှုစနစ်အား ထည့်သွင်းနိုင်သည်။ ကြိုတင်ဖြေရှင်းချက်အနေဖြင့်၊၎င်းကိုလုပ်ဆောင်ရန်ဆုံးဖြတ်ပါက သင့်စက်ပစ္စည်းသည် တွဲဖက်အသုံးပြုနိုင်ကြောင်း သေချာပါစေ။ သင့်အနေဖြင့် App ထည့်သွင်းရန်လုပ်ဆောင်ရမည့် အဆင့်များစွာရှိပြီး တစ်ခုခုမှားယွင်းပါက သင့်စက်ပစ္စည်းများကို အသုံးပြု၍မရအောင် ပြုလုပ်နိုင်သည်။

    ကြည့်ပါ