gpg4usb - အီးမေးလ်စာနဲ့ ဖိုင် စာဝှက်စနစ်

မာတိကာ

...Loading Table of Contents...

    gpg4usb ဟာ အခမဲ့ဖြစ်ပြီး စာဝှက်ထားတဲ့ ပေးစာများနဲ့ ဖိုင်တွေအတွက် ပွင့်လင်းတဲ့ အရင်းအမြစ်၊ အိတ်ဆောင် ပရိုဂရမ် တစ်ခု ဖြစ်တယ်။ ၄င်းဟာ GPG နဲ့ PGP ပရိုဂရမ်တွေလိုပဲ Public Key စာဝှက်စနစ် အယ်လ်ဂိုရီသမ်ကို အသုံးပြုထားတယ်။

    ပင်မ စာမျက်နှာ

    ကွန်ပျူတာ လိုအပ်ချက်များ

    • Windows ဗားရှင်း အားလုံး

    ဒီလမ်းညွှန်ထဲမှာ အသုံးပြုသော ဗားရှင်း

    • 0.3.1

    လိုင်စင် ခွင့်ပြုချက်

    • အခမဲ့ပြီး ပွင့်လင်းတဲ့ အရင်းအမြစ် ဆော့ဗ်ဝဲ

    ဖတ်ရှုရမဲ့ အကြောင်းအရာများ

    အဆင့် - ၁။ လက်သင်၊ ၂။ ပျမ်းမျှ၊ ၃။ အလယ်အလတ်၊ ၄။ အတွေ့အကြုံရှိသော၊ ၅။ အဆင့်မြင့်

    ဒီပရိုဂရမ်ကို စတင် အသုံးပြုနိုင်ဖို့ လိုအပ်သော အချိန် - ၂၀ မိနစ်

    ပြန်လည်ရရှိမဲ့ အကျိုးကျေးဇူးများ -

    • သင် ရောက်ရှိတဲ့ နေရာတိုင်းမှာ ဖိုင်တွေနဲ့ စာသား ပေးပို့ချက်တွေကို စာဝှက်ပေးနိုင်တယ် (ဥပမာ အားဖြင့်၊ အင်တာနက် ကဖီး (သို့) အလုပ်ခွင်မှာ)
    • အော့ဖ်လိုင်း ရှိနေတဲ့အခါ (သို့) အင်တာနက် ဆက်သွယ်မှုလိုင်း မရတဲ့အခါ ပေးစာတွေကို စာဝှက်ပေးနိုင်ပြီး၊ နောက်မှ အင်တာနက်လိုင်းရတဲ့ ကွန်ပျူတာကနေ ပေးပို့နိုင်တယ်။

    gpg4usb ကို ဒေါင်းလုဒ် လုပ်ခြင်း

    • http://gpg4usb.cpunk.de/download.html ကို ဖွင့်ဖို့ အောက်ပါ gpg4usb ပုံကို နှိပ်ပါ
    • zip ဖိုင်ထုတ်ကို ဒေါင်းလုဒ် ဆွဲဖို့ ဖိုင်အမည် ခေါင်းစဉ်အောက်က gpg4usb-x.x.x.zip လင့်ခ်ကို နှိပ်ပါ။
    • gpg4usb-x.x.x.zip ဖိုင် ထားတဲ့နေရာကို သွားပြီး၊ zip ဖြည်ချလိုက်ပါ။
    • ဖိုင်အားလုံးကို zip ဖြည်ပြီးတဲ့အခါ၊ သင့်ကွန်ပျူတာထဲမှာ သိမ်းထားတဲ့ အဲဒီ .zip ဖိုင်ကို သင် ပယ်ဖျက်နိုင်တယ်

    gpg4usb

    ၁.၁ ဒီပရိုဂရမ်ကို စတင် အသုံးမပြုခင် သိထားသင့်တဲ့ အချက်များ

    gpg4usb ဟာ ရိုးရှင်း ပေါ့ပါးပြီး၊ ပေးစာတွေနဲ့ ဖိုင်တွေကို စာဝှက်ပေးနိုင်၊ ပြန်ဖေါ်ပေးနိုင်တဲ့ အိတ်ဆောင် ပရိုဂရမ် တစ်ခု ဖြစ်တယ်။ gpg4usb ဟာ public-key စာဝှက်ရေးနည်းကို အခြေခံထားတယ်။ ဒီနည်းလမ်းမှာ၊ လူတစ်ဦးစီဟာ သူ့/သူမရဲ့ ကိုယ်ပိုင် ကီး စုံတွဲကို ထုတ်လုပ်ရမှာ ဖြစ်တယ်။ ပထမ ကီးကို private key လို့ ခေါ်တယ်။ ၄င်းကို စကားဝှက် (သို့) စကားဝှက်စုနဲ့ ကာကွယ်ထားပြီး၊ တခြား ပုဂ္ဂိုလ်တွေနဲ့ လုံးဝ မဝေမျှရဘူး။

    ဒုတိယ ကီးကို public key လို့ ခေါ်တယ်။ ဒီကီးကို သင့်ရဲ့ အဆက်အသွယ် တစ်ဦးဦးနဲ့ ဝေမျှနိုင်တယ် - သင့် အဆက်အသွယ်တွေကလည်း သူတို့ရဲ့ ကီးကို သင့်ဆီ ဝေမျှနိုင်တယ်။ သင့် အဆက်အသွယ်ရဲ့ public key တစ်ခုကို သင် ရရှိတာနဲ့၊ အဲဒီ ပုဂ္ဂိုလ်ဆီ စာဝှက်ထားတဲ့ အီးမေးလ်တွေကို စတင် ပေးပို့နိုင်ပါပြီ။ သူကသာ သင့်ရဲ့ အီးမေးလ်တွေကို စာဝှက်ဖြည်ပြီး ဖတ်ရှုနိုင်မှာ ဖြစ်တယ်။ ဘာကြောင့်လဲ ဆိုရင်၊ သူသာလျှင် ကိုက်ညီမှု ရှိတဲ့ private key ထဲ ၀င်ရောက်နိုင်တာ ဖြစ်တယ်။

    အလားတူပဲ၊ အကယ်၍ သင့် ကိုယ်ပိုင် public key ကော်ပီ တစ်ခုကို သင့် အီးမေးလ် အဆက်အသွယ်တွေဆီ ပေးပို့ပြီး ကိုက်ညီတဲ့ private key ကို လျှို့ဝှက်ထားရင်၊ အဲဒီ အဆက်အသွယ်တွေဆီက ပေးပို့တဲ့ စာဝှက်ထားတဲ့ ပေးစာတွေကို သင် ဖတ်ရှုနိုင်မှာ ဖြစ်တယ်။

    သင့်ရဲ့ ပေးစာတွေထဲမှာ ဒစ်ဂျစ်တယ် လက်မှတ်တွေကိုလည်း ပူးတွဲထားနိုင်တယ်။ သင့်ရဲ့ public key ကော်ပီ အစစ်ကို ရထားပြီး သင့်ရဲ့ ပေးစာကို လက်ခံရရှိသူဟာ သင် ပေးပို့လိုက်တဲ့ အီးမေးလ်ကို လမ်းမှာ အဟန့်အတား ရှိမရှိ စစ်ဆေး အတည်ပြုနိုင်မှာ ဖြစ်တယ်။ အလားတူပဲ၊ အကယ်၍ အဆက်အသွယ် တစ်ဦးဦးရဲ့ public key ဟာ သင့်ဆီ ရှိထားတယ် ဆိုရင်၊ သူ့ပေးစာထဲမှာ ပါလာတဲ့ ဒစ်ဂျစ်တယ် လက်မှတ်တွေကို သင် စစ်ဆေး အတည်ပြုနိုင်မှာ ဖြစ်တယ်။

    gpg4usb ကို သုံးပြီး စာဝှက်ထားတဲ့ ကီး စုံတွဲကို သင် ထုတ်လုပ်နိုင်တယ်၊ public keys တွေကို တခြား ပုဂ္ဂိုလ်တွေနဲ့ ဝေမျှနိုင်ဖို့ သင် တင်ပို့နိုင်တယ်၊ စာရေးနိုင်တယ်၊ စာဝှက်နိုင်တယ်။ gpg4usb ကနေ ရရှိတဲ့ public key နဲ့ စာဝှက်ထားတဲ့ စာကို ကော်ပီကူးပြီး သင့်အီးမေးလ်ရဲ့ စာကိုယ်ထဲမှာ ပွားထည့်နိုင်တယ်၊ (သို့) နောက်ကျမှ ပို့နိုင်အောင် စာသားဖိုင်အနေနဲ့ သိမ်းဆည်းထားနိုင်တယ်။ မှတ်တမ်းမှတ်ရာတွေနဲ့ ဖိုင်တွေကိုလည်း စာဝှက်ထားနိုင်တယ်။

    မှတ်ချက် - gpg4usb ကို သုံးပြီး ကီးတွေနဲ့ စာဝှက်ထားတဲ့ ပေးစာတွေကို တခြား အလားတူ GPG (သို့) PGP ပရိုဂရမ်တွေနဲ့ ဖလှယ်နိုင်တယ်။

    gpg4usb ကို Install လုပ်နည်းနဲ့ ကီး စုံတွဲကို ထုတ်လုပ်နည်း

    ဒီစာမျက်နှာမှာ ပါဝင်တဲ့ အပိုင်းများ -

    gpg4usb ကို Install လုပ်နည်း

    gpg4usb ကို Install လုပ်တာဟာ အတော်လေး လွယ်ကူပြီး ရိုးရှင်းတဲ့ လုပ်ငန်းစဉ် ဖြစ်တယ်။ Install ကို စတင် လုပ်ဆောင်ဖို့ အောက်ပါ အဆင့်တွေကို လုပ်ဆောင်ပါ -

    အဆင့် ၁gpg4usb zip ဖိုင်ထုတ် ထားတဲ့နေရာကို သွားပြီး၊ ဖိုင်အားလုံးကို ဖြုတ်တပ်နိုင်တဲ့ USB drive တစ်ခုထဲ (သို့) ကွန်ပျူတာထဲက ဖိုင်တွဲ တစ်ခုထဲ ဖြည်ချလိုက်ပါ -

    ပုံ ၁ - gpg4usb ပရိုဂရမ် ဖိုင်တည်နေရာ ပြပုံ

    အဆင့် ၂gpg4usb ပရိုဂရမ်ကို ဖွင့်ဖို့၊ gpg4usb ဖိုင်တွဲထဲက ကို နှစ်ချက် နှိပ်ပြီး ဖိုင်ဖွင့်ရန် - လုံခြုံရေး သတိပေးချက်ကို သက်ဝင်စေဖို့ ကို နှစ်ချက် နှိပ်ပါ။

    အဆင့် ၃gpg4usb ပရိုဂရမ်ကို အောက်ပါအတိုင်း ဖွင့်ဖို့ ကို နှိပ်ပါ -

    ပုံ ၂ - gpg4usb ပင်မ console ပြပုံ

    ၂.၁ gpg4usb ကို သုံးပြီး ကီး စုံတွဲ တစ်စုံ ထုတ်လုပ်နည်း

    မှတ်တမ်းမှတ်ရာတွေ၊ ဖိုင်တွေနှင့် ပေးစာတွေကို စတင် ဖြည်ချခြင်း၊ စာဝှက်ခြင်း မပြုမီ၊ ကီး စုံတွဲကို အရင် ထုတ်လုပ်ရမှာ ဖြစ်တယ်။ သို့သော်၊ တခြားသူတွေဆီ ပေးပို့လိုတဲ့ သတင်း အချက်အလက်တွေကို စာမ၀ှက်ခင်၊ သူတို့ရဲ့ public keys တွေကို သင့်ဆီ သူတို့က အရင် ပေးပို့ကြဖို့ လိုတယ်။ public keys ဝေမျှနည်းကို နောက် စာမျက်နှာမှာ ဖေါ်ပြထားတယ်။ သင့် ကီး စုံတွဲကို စတင် ထုတ်လုပ်ဖို့၊ အောက်ပါ အဆင့်တွေကို လုပ်ဆောင်ပါ -

    အဆင့် ၁။ အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ -

    ပုံ ၃ - ထုတ်လုပ်ထားတဲ့ ကီးကို ရွေးချယ်ထားတဲ့ ကီး စီမံခန့်ခွဲရေး ၀င်းဒိုး ပြပု

    အဆင့် ၂ကီး ထုတ်လုပ်ရန် ၀င်းဒိုးကို သက်ဝင်စေဖို့ ကီး မီနူးမှ ကီး ထုတ်လုပ်ရန်ကို ရွေးပါ။

    အဆင့် ၃။ သင့်ကိုယ်ပိုင် ၀င်းဒိုးဟာ အောက်ပါ ပုံနဲ့ ဆင်တူဖို့၊ သက်ဆိုင်ရာ နေရာကွက်ထဲမှာ သင့်လျှော်တဲ့ ဒေတာတွေကို ရေးထည့်ပါ -

    ပုံ ၄ - ကီး ထုတ်လုပ် ဖြည့်စွတ်ပုံစံကို အပြည့် ဖြည့်စွတ်ထားတဲ့ နမူနာပြပုံ

    အရေးကြီးချက် - သင့် private key ကို ကာကွယ်ဖို့ လုံခြုံတဲ့ စကားဝှက် တစ်ခုကို သတ်မှတ်ပါ အခန်း ၃။ လုံခြုံတဲ့ စကားဝှက်များကို ဖန်တီးပြီး ထိန်းသိမ်းနည်းကို ရည်ညွှန်းပါ)

    မှတ်ချက် - သင့် ကီး စုံတွဲအတွက် သက်တမ်းကုန်ဆုံးချိန်ကို မသတ်မှတ်ခင်၊ ပြက္ခဒိန် အင်္ဂါရပ်ကို ဖွင့်ဖို့ သက်တမ်းကုန်ဆုံးချိန်မရှိ အမှန်ခြစ်ကွက်ကို ပိတ်ထားရမှာ ဖြစ်တယ်။

    မှတ်ချက် - KeySize in Bit ဟာ သင့်ကီးရဲ့ အရွယ်အစားကို သတ်မှတ်ရာမှာ အသုံးပြုတယ်။ အရွယ်ပိုကြီးတဲ့ ကီးဟာ ပိုပြီး လုံခြုံမှု ရှိတယ် ဆိုတာ သိထားရမည်၊ ဒါပေမဲ့ စာသားတွေကို ဖန်တီးဖို့၊ စာဝှက်ဖို့နဲ့ စာဝှက်ဖြည်ဖို့ အချိန်ပိုပြီး လိုအပ်လာမှာ ဖြစ်တယ်။

    အဆင့် ၄။ ကီး စုံတွဲကို ထုတ်လုပ်ဖို့ ကို နှိပ်ပါ။ ကီး စုံတွဲကို အောင်မြင်စွာ ထုတ်လုပ်ပြီးတဲ့အခါ၊ မြင်ရမဲ့ မျက်နှာပြင်ဟာ အောက်ပါ ပုံနဲ့ ဆင်တူမှာ ဖြစ်တယ် -

    ပုံ ၅ - အသစ်စက်စက် ဖန်တီးလိုက်တဲ့ ကီး စုံတွဲကို ပြသနေတဲ့ ကီး စီမံခန့်ခွဲရေး ၀င်းဒိုး ပြပုံ

    အခုချိန်မှာ ကီး စုံတွဲ တစ်ခုကို အောင်မြင်စွာ သင် ဖန်တီးလိုက်ပြီး၊ သင့် public key ကို တခြား သူတွေနဲ့ ဝေမျှဖို့ ဖိုင်တင်ပို့တဲ့ နည်းနဲ့၊ သင့် အဆက်အသွယ်တွေရဲ့ public keys တွေ တင်သွင်းတဲ့ နည်းကို သင် လေ့လာရမယ်။

    ကီးများကို တင်ပို့နည်း၊ တင်သွင်းနည်း

    ဒီစာမျက်နှာမှာ ပါဝင်တဲ့ အပိုင်းများ -

    ၃.၁ Public Key ကို gpg4usb နဲ့အတူ တင်ပို့နည်း

    သင့် စာရေးဆက်သွယ်သူက သူစာဝှက်ထားတဲ့ စာတွေကို သင့်ဆီ မပေးပို့မီ၊ သင့် public key ကို သူ့ဆီ ပေးပို့ရမှာ ဖြစ်တယ်။

    သင့် public key ကို gpg4usb နဲ့အတူ တင်ပို့ဖို့၊ အောက်ပါ အဆင့်တွေကို လုပ်ဆောင်ပါ -

    အဆင့် ၁။ gpg4usb ပရိုဂရမ်ကို ဖွင့်ဖို့ ကို နှစ်ချက် နှိပ်ပါ။

    အဆင့် ၂။ အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ -

    ပုံ ၁ - ကီး စုံတွဲ အားလုံးကို ပြသနေတဲ့ ကီး စီမံခန့်ခွဲရေး ၀င်းဒိုး ပြပုံ

    အဆင့် ၃။ အပေါ်က ပုံ ၁ မှာ ပြသထားတဲ့အတိုင်း၊ သင့်ကိုယ်ပိုင် ကီးကို စစ်ဆေးပါ။

    အဆင့် ၄။ အောက်မှာ ပြထားတဲ့အခါ ကီး မီနူးထဲက ဖိုင်အဖြစ် တင်ပို့ရန် ကို ရွေးပါ -

    ပုံ ၂ - ဖိုင်အဖြစ် တင်ပို့ရန် အချက်ကို ရွေးချယ်ထားတဲ့ ကီး စီမံခန့်ခွဲရေး ၀င်းဒိုး ပြပုံ

    အောက်ပါ မျက်နှာပြင် သက်ဝင်လာလိမ့်မယ် -

    ပုံ ၃ - ဖိုင်တွဲထဲ တင်ပို့ရန် ဖွင့်ကြည့် ၀င်းဒိုး ပြပုံ

    အဆင့် ၅။ သင့် ကီး စုံတွဲကို gpg4usb ပရိုဂရမ် ဖိုင်တွဲထဲ သိမ်းဆည်းဖို့ ကို နှိပ်ပါ

    မှတ်ချက် - public keys တွေကို နေရာတကာ သိမ်းထားချင်ရင်၊ ဖိုင်တွဲထဲ တင်ပို့ရန် ဖွင့်ကြည့် ၀င်းဒိုးကို သုံးပြီး သင် လိုချင်တဲ့ ၀င်းဒိုးဆီကို သွားပါ။

    အဆင့် ၆ - သင့် public key ပါတဲ့ တင်ပို့ဖိုင်ကို ပူးတွဲဖိုင် အနေနဲ့ သင့် စာရေးဆက်သွယ်သူထံ ပေးပို့ပါ။

    ၃.၂ စာရေးဆက်သွယ်သူရဲ့ Public Key ကို gpg4usb နဲ့အတူ တင်သွင်းနည်း

    သတင်း အချက်အလက်တွေကို စာဝှက်ပြီး သင့် စာရေးဆက်သွယ်သူထံ ပေးပို့နိုင်ဖို့၊ သူ့ရဲ့ public key ကို လက်ခံရရှိပြီး တင်သွင်းရမှာ ဖြစ်တယ်။ gpg4usb အသုံးပြုပြီး စာရေးဆက်သွယ်သူရဲ့ Public key ကို တင်သွင်းဖို့၊ အောက်ပါ အဆင့်တွေကို လုပ်ဆောင်ပါ -

    အဆင့် ၁gpg4usb ပရိုဂရမ်ကို ဖွင့်ဖို့ ကို နှစ်ချက် နှိပ်ပါ

    အဆင့် ၂။ အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ -

    ပုံ ၄ - ကီး တင်သွင်းမှု အညွှန်းစာမျက်နှာ ပြပုံ

    အဆင့် ၃။ ကီး အရင်းအမြစ်ကို ရွေးပြီး အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ -

    ပုံ ၅ - အနက်ရောင်နဲ့ ဘောင်ခတ်ထားတဲ့ ဆာလီမာရဲ့ အကောင့်နဲ့ သက်ဆိုင်တဲ့ အသစ်စက်စက် public key ကို ပြသနေတဲ့ gpg4usb console ပြပုံ

    အခုချိန်မှာ သင်ဟာ စာရေးဆက်သွယ်သူရဲ့ public key ကို အောင်မြင်စွာ တင်သွင်းလိုက်ပြီ၊ တင်သွင်းလိုက်တဲ့ ကီးကို စစ်ဆေး အတည်ပြုပြီး လက်မှတ်ရေးထိုးရမှာ ဖြစ်တယ်။

    ၃.၃ Key Pair တစ်စုံကို gpg4usb သုံးပြီး စစ်ဆေး အတည်ပြုနည်း

    တင်သွင်းလိုက်တဲ့ ကီးဟာ ရည်ရွယ်ထားတဲ့ ပုဂ္ဂိုလ်ဆီက ပေးပို့ကြောင်း စစ်ဆေး အတည်ပြုပြီး စစ်မှန်ကြောင်း အတည်ပြုရမှာ ဖြစ်တယ်။ သင်နဲ့ သင့် အီးမေးလ် အဆက်အသွယ်တွေဟာ သင်တို့ ရရှိတဲ့ public key တစ်ခုစီကို ခြေရာခံ လိုက်ရမှာ ဖြစ်တယ်။

    ကီး စုံတွဲ တစ်ခုကို အတည်ပြုဖို့၊ အောက်ပါ အဆင့်များကို လုပ်ဆောင်ပါ -

    အဆင့် ၁။ သင့် စာရေးဆက်သွယ်သူကကို အီးမေးလ်ဖြင့် မဟုတ်ပဲ တခြား ဆက်သွယ်ရေး လမ်းကြောင်း တချို့မှတဆင့် ဆက်သွယ်ပါ

    မှတ်ချက် - တယ်လီဖုန်း၊ စာတိုပေးပို့ချက်တွေ၊ အင်တာနက် ပရိုတိုကော (VoIP) ကို သုံးပြီး အသံဖြင့် ဆက်သွယ်နည်း (သို့) အခြား နည်းလမ်းကို သင် အသုံးပြုနိုင်တယ်၊ ဒါပေမဲ့ သင်ဆက်သွယ်နေသူဟာ ရည်ရွယ်ထားတဲ့ ပုဂ္ဂိုလ်အမှန် ဖြစ်ကြောင်း သေချာဖို့ လိုတယ်။ ရလဒ်အနေနဲ့၊ တယ်လီဖုန်းနဲ့ စကားပြောဆိုမှုတွေ၊ မျက်နှာချင်းဆိုင် တွေ့ဆုံမှုတွေဟာ လူတစ်ဦးတစ်ယောက်ရဲ့ အထောက်အထားကို အတည်ပြုနိုင်တဲ့ အကြီးဆုံး အာမခံချက် တစ်ခု ဖြစ်တယ်။ အန္တရာယ်ကင်းတဲ့ အချိန်ကို စီစဉ်ထားနိုင်ဖို့တော့ လိုတယ်။

    အဆင့် ၂။ သင်နဲ့ သင့်စာရေး ဆက်သွယ်သူဟာ သင်ဖလှယ်လိုက်ခဲ့တဲ့ public keys ရဲ့ 'လက်ဗွေများ'ကို အတည်ပြုဖို့ လိုတယ်။

    မှတ်ချက် - လက်ဗွေ ဆိုတာ ကီးတစ်ခုစီကို ခွဲခြားသိရှိစေပြီး မတူညီတဲ့ ဂဏန်းတွေ၊ အက္ခရာ စာလုံးတွေ စုစည်းထားမှု ဖြစ်တယ်။ လက်ဗွေ ကိုယ်နှိုက်က လျှို့ဝှက်ချက် တစ်ခု မဟုတ်ပဲ၊ လိုအပ်တဲ့အခါ အတည်ပြုချက် လုပ်ဆောင်ဖို့အတွက် သိမ်းထားနိုင်တယ်။

    သင် ဖန်တီးလိုက်တဲ့ ကီး စုံတွဲရဲ့ လက်ဗွေနဲ့ သင် တင်သွင်းထားတဲ့ public keys ကို ကြည့်ရှုဖို့၊ အောက်ပါ အဆင့်တွေကို လုပ်ဆောင်ပါ -

    အဆင့် ၁။ ကီး တစ်ခုကို ရွေးပြီး၊ ၄င်းနဲ့ သက်ဆိုင်တဲ့ ပွင့်ထွက် မီနူးကို သက်ဝင်စေဖို့ ၄င်းကို ညာဖက် နှိပ်ပါ

    အဆင့် ၂။ အောက်က ပုံ ၆ မှာ ပြထားတဲ့အတိုင်း ကီး အသေးစိတ် ဖေါ်ပြရန် ကို ရွေးပါ

    ပုံ ၆ - စာရေး ဆက်သွယ်သူရဲ့ ကီး စုံတွဲနဲ့ သက်ဆိုင်တဲ့ ပွင့်ထွက် မီနူး ပြပုံ

    အောက်ပါ မျက်နှာပြင် သက်ဝင်လာလိမ်မယ် -

    ပုံ ၇ - တာရိန်းစ်ရဲ့ အဆက်အသွယ်ဖြစ်တဲ့၊ ဆာလီမာရဲ့ ကီး စုံတွဲနဲ့ သက်ဆိုင်တဲ့ ပွင့်ထွက် မီနူးကို အနက်ရောက် ဘောင်ခတ်ထားတဲ့ လက်ဗွေနဲ့အတူ တွေ့ရပုံ

    အဆင့် ၃။ ဒီလက်ဗွေကို သင့် စာရေးဆက်သွယ်သူက သူ့ gpg4usb ပရိုဂရမ်ထဲမှာ မြင်ရတဲ့ လက်ဗွေနဲ့ နှိုင်းယှဉ်ကြည့်ပါ

    သင်တို့ အချင်းချင်း ဖလှယ်တဲ့ လက်ဗွေဟာ ပေးပို့သူရဲ့ လက်ဗွေနဲ့ ကိုက်ညီမှု ရှိအောင် စစ်ဆေးအတည်ပြုပါ။ အကယ်လို့ မကိုက်ညီဘူး ဆိုရင်၊ သင်တို့ public keys တွေကို အချင်းချင်း ဖလှယ်ကြပြီး အတည်ပြုတဲ့ လုပ်ငန်းစဉ်ကို ဆက်လက် လုပ်ဆောင်ပါ။

    အကယ်လို့ လက်ဗွေ အချင်းချင်း အတိအကျ ကိုက်ညီတယ် ဆိုရင်၊ စာဝှက်ထားတဲ့ ပေးစာတွေနဲ့ ဖိုင်တွေကို လုံလုံခြုံခြုံနဲ့ အချင်းချင်း ပေးပို့ဖို့ အဆင်သင့် ဖြစ်နေပြီ ဖြစ်တယ်။

    စာသားနဲ့ ဖိုင်များကို စာဝှက်နည်း၊ စာဝှက်ဖြည်နည်း

    ဒီစာမျက်နှာမှာ ပါဝင်တဲ့ အပိုင်းများ -

    ၄.၀ စာပေးပို့ချက်များကို gpg4usb ဖြင့် စာဝှက်နည်း

    စာပေးပို့ချက်တွေကို စာဝှက်တဲ့ လုပ်ငန်းစဉ်ဟာ လွယ်ကူပြီး မြန်ဆန်တယ်၊ အောက်ပါ ဥပမာထဲမှာ၊ တာရိန်းစ်ဟာ သူ့သူငယ်ချင်း ဆာလီမာ အတွက် အီးမေးလ် တစ်စောင်ကို အောက်ပါ အဆင့်တွေအတိုင်း စာဝှက်ပေးမှာ ဖြစ်တယ် -

    အဆင့် ၁gpg4usb console ကို ဖွင့်ဖို့ ကို နှစ်ချက် နှိပ်ပါ

    အဆင့် ၂။ အောက်ပါ ဥပမာထဲမှာ ပြထားတဲ့အတိုင်း စာတစ်စောင် ရေးပါ -

    ပုံ ၁ - ပေးစာ တစ်စောင်ရဲ့ ဥပမာကို ပြသထားတဲ့ gpg4usb console ပြပုံ

    အဆင့် ၃။ အောက်မှာ ပြထားတဲ့အတိုင်း ရည်ရွယ်ထားတဲ့ သင့်အီးမေးလ်ကို လက်ခံမဲ့ ပုဂ္ဂိုလ်နဲ့ သက်ဆိုင်တဲ့ အမှန်ခြစ်ကွက်ကို ခြစ်ပါ -

    ပုံ ၂ - ရည်ရွယ်ထားတဲ့ လက်ခံမဲ့သူကို အနက်ရောင် ဘောင်ခတ်ပြီး ပြသထားတဲ့ gpg4usb console ပြပုံ

    မှတ်ချက် - စာဝှက်ရန် ဘောင်ထဲက သက်ဆိုင်တဲ့ အမှန်ခြစ်ကွက်တွေကို ခြစ်ပြီး စာဝှက်ထားတဲ့ သင့်ပေးစာကို လက်ခံမဲ့သူ တစ်ဦးမက ပေးပို့နိုင်တယ်။ အဲဒီ စာဝှက်ထားတဲ့ စာကို သိမ်းထားခြင်းဖြင့် သင့် ကိုယ်ရေးကိုယ်တာ အတွက် အကျိုးရှိလာနိုင်တယ်၊ နောက် လိုချင်တဲ့အခါ ဖတ်ရှုနိုင်မှာ ဖြစ်တယ်။

    အဆင့် ၄။ သင့် ပေးစာကို စာဝှက်ဖို့ အောက်ပါအတိုင်း ကို နှိပ်ပါ (သို့) စာဝှက် မီနူးပေါ်က စာဝှက်ရန်ကို ရွေးပါ -

    ပုံ ၃ - စာဝှက်ထားတဲ့ ပေးစာ တစ်စောင်ရဲ့ ဥပမာကို ပြသနေတဲ့ gpg4usb console ပြပုံ

    အဆင့် ၅။ စာဝှက်ထားတဲ့ ပေးစာ တစ်ခုလုံးကို ရွေးချယ်ဖို့ အားလုံး ရွေးချယ်ရန် ကို နှိပ်ပါ၊ အဲဒီနောက် ပေးစာကို clipboard ထဲ ကော်ပီး ကူးဖို့ ကို နှိပ်ပါ

    မှတ်ချက် - နောက်တစ်မျိုးအနေနဲ့၊ မီနူးပေါ်က အချက် တစ်ခုစီနဲ့ သက်ဆိုင်တဲ့ ဖြတ်လမ်း ကီးတွေကို သင် သုံးစွဲနိုင်တယ်၊ ဥပမာ အားဖြင့် Ctrl + E

    အဆင့် ၆။ သင့် အီးမေးလ် အကောင့်ကို ဖွင့်ပြီး စာမျက်နှာ အလွတ် တစ်ခုကို ဖွင့်ပါ။ အဲဒီနောက် အောက်ပါ ပုံစံနဲ့ တူအောင် စာတစ်စောင် ပွားထည့်ပါ -

    ပုံ ၄ - gpg4usb မှာ စာဝှက်ထားတဲ့ ပေးစာ တစ်စောင်ကို ဂျီးမေးလ် အကောင့်ထဲမှာ ပွားထည့်လိုက်တဲ့ ဥပမာ ပြပုံ

    မှတ်ချက် - Rich Text Formats (RTF) ဟာ စာဝှက်ထားတဲ့ စာပုံစံကို ပျက်စီးစေနိုင်တယ်။ ဒါကြောင့်၊ ပေးစာတွေကို စာသားသက်သက်နဲ့ ရေးတာ ပိုကောင်းတယ်။ ဂျီမေးလ်မှာ RTF ကို စာသားသက်သက် အဖြစ် ပြောင်းဖို့ အပေါ်က ပေးစာဘောင်ထဲက စာပုံစံချတဲ့ တူးဘားမှာ ပြထားတဲ့ ကို နှိပ်ပါ

    ၄.၁ စာပေးပို့ချက်များကို gpg4usb ဖြင့် စာဝှက်ဖေါ်နည်း

    စာဝှက်ထားတဲ့ အီးမေးလ် တစ်စောင်ကို စာဝှက်ဖို့၊ အောက်ပါ အဆင့်တွေကို လုပ်ဆောင်ပါ -

    အဆင့် ၁။ gpg4usb ပရိုဂရမ်ကို ဖွင့်ဖို့ ကို နှစ်ချက် နှိပ်ပါ

    အဆင့် ၂။ သင့် အီးမေးလ် အကောင့်ကို ဖွင့်ပြီးနောက်၊ ပေးစာကို ဖွင့်ပါ

    အဆင့် ၃။ စာဝှက်ထားတဲ့ ပေးစာကို ရွေးချယ်ကော်ပီးကူးပြီး အောက်မှာ ဖေါ်ပြထားတဲ့ gpg4usb console ထဲက untitled1.txt စာအမှတ်ထဲ ပွားထည့်ပါ -

    ပုံ ၅ - စာဝှက်ဖြည်မဲ့ ပေးစာကို ပြသတဲ့ gpg4usb console ပြပုံ

    မှတ်ချက် - အကယ်လို့ စာဝှက်ထားတဲ့ စာသားဟာ အောက်က ပုံ ၆ မှာ ပြထားတဲ့အတိုင်း လိုင်းနှစ်ကြောင်းစာ ပိုဒ်ခွဲပြီး ပေါ်နေရင်၊ အဲဒါကို gpg4usb က အလိုအလျောက် စာဝှက်ဖြည်ပေးနိုင်မှာ မဟုတ်ဘူး။ အဲဒီ ပိုဒ်ခွဲတွေကို ဖယ်ရှားဖို့၊ တည်းဖြတ်ရန် မီနူးထဲက လိုင်းနှစ်ကြောင်းစာ ပိုဒ်ခွဲ ဖယ်ရှားရန် ကို ရွေးချယ်ပြီး၊ အဆင့် ၄ မှာ ဖေါ်ပြတဲ့အတိုင်း စာဝှက်ဖြည်တဲ့ လုပ်ငန်းစဉ်ကို ဆက်လုပ်ပါ။

    ပုံ ၆ - လိုင်းနှစ်ကြောင်းစာ ပိုဒ်ခွဲပါတဲ့ စာဝှက်ဖြည်မဲ့ ပေးစာ တစ်စောင်ကို ပြသနေတဲ့ gpg4usb console ပြပုံ

    အဆင့် ၄ ကို နှိပ်ပြီး သင် ကီး စုံတွဲ တစ်ခု ထုတ်လုပ်တဲ့အခါ သင် ဖန်တီးလိုက်တဲ့ စကားဝှက်ကို အောက်ပါ မျက်နှာပြင်မှာ ပြထားတဲ့အတိုင်း ရေးထည့်ပါ -

    ပုံ ၇ - စကားဝှက် ရေးထည့်တဲ့ ၀င်းဒိုး ပြပုံ

    အဆင့် ၅။ အပေါ် ပုံ ၂ နဲ့ ဆင်တူတဲ့ gpg4usb console တစ်ခုကို သက်ဝင်စေဖို့ ကို နှိပ်ပါ

    ၄.၂ ဖိုင်များကို gpg4usb ဖြင့် စာဝှက်နည်း

    ဖိုင်တစ်ပုဒ်ကို စာဝှက်တဲ့ လုပ်ငန်းစဉ်ဟာ ပေးစာတွေကို စာဝှက်တာနဲ့ ဆင်တူတယ်၊ အောက်မှာ ဖေါ်ပြထားတဲ့ ဥပမာထဲမှာ၊ ဆာလီမာဟာ တာရိန်းစ်အတွက် ဖိုင်တစ်ဖိုင်ကို အောက်ဖေါ်ပြပါ အဆင့်တွေအတိုင်း စာဝှက်ပေးမှာ ဖြစ်တယ် -

    အဆင့် ၁gpg4usb ပရိုဂရမ်ကို ဖွင့်ဖို့ ကို နှစ်ချက် နှိပ်ပါ

    အဆင့် ၂။ အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ -

    ပုံ ၈ - ဖွင့်ထားတဲ့ ပုံမှန် စာဝှက်ဖြည့်တဲ့ ရွေးစရာနဲ့အတူ တွေ့ရတဲ့ စာဝှက်ရန် / စာဝှက်ဖြည်ရန် ဖိုင် ၀င်းဒိုး ပြပုံ

    စာဝှက်ရန် / စာဝှက်ဖြည်ရန် ဖိုင် ၀င်းဒိုး စာရင်းကို (အနက်ရောင်နဲ့ ဘောင်ခတ်) သုံးပြီး အီးမေးလ် အကောင့်နဲ့ သက်ဆိုင်ရာ ကီးကို ရွေးချယ်နိုင်ပြီး ပေးစာ တစ်စောင်ကို သင် စာဝှက်နိုင်တယ်။

    အဆင့် ၃စာဝှက်ဖြည်ရန် ကြယ်ပွင့် ခလုတ်ကို မှတ်ပြီး အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ -

    ပုံ ၉ - ဖိုင် ဖွင့်ကြည့် ၀င်းဒိုး ပြပုံ

    အဆင့် ၄။ စာဝှက်မဲ့ ဖိုင်တစ်ဖိုင်ကို ပူးတွဲဖို့ ကို နှိပ်ပြီး အောက်ပါအတိုင်း စာဝှက်ရန် / စာဝှက်ဖြည်ရန် ၀င်းဒိုးကို ပြန်သွားပါ -

    ပုံ ၁၀ - စာဝှက်ဖို့ သတ်မှတ်ထားတဲ့ ဖိုင်ကို ပြသနေတဲ့ စာဝှက်ရန် / စာဝှက်ဖြည်ရန် ဖိုင် ၀င်းဒိုး ပြပုံ

    အဆင့် ၅။ အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ -

    ပုံ ၁၁ - လုပ်ငန်း ပြီးစီးမှု အတည်ပြု အညွှန်း စာမျက်နှာ

    လုပ်ငန်း ပြီးစီးမှု အတည်ပြု အညွှန်း စာမျက်နှာဟာ သင် အသစ်စက်စက် စာဝှက်လိုက်တဲ့ ဖိုင် တည်ရှိတဲ့ နေရာကို ပြသပေးတယ်။ စာဝှက်ထားတဲ့ ဖိုင်တစ်ဖိုင်ကို .asc ဖိုင် extension နဲ့ ခွဲခြား သိရှိနိုင်တယ်၊ ဥပမာ အားဖြင့်၊ Technical White Paper.doc.asc

    အဆင့် ၆။ ဖိုင် စာဝှက်တဲ့ လုပ်ငန်းစဉ်ကို အပြီးသတ်ဖို့ ကို နှိပ်ပါ

    မှတ်ချက် - စာဝှက်ထားတဲ့ ဖိုင်နဲ့တကွ ပေးပို့လိုတဲ့ ပေးစာ တစ်စောင်ကို သီးခြားစီ သင် စာဝှက်နိုင်တယ်။

    အဆင့် ၇။ သင့် အီးမေးလ် အကောင့်ကို သုံးပြီး၊ လုပ်ငန်း ပြီးစီးမှု အတည်ပြု အညွှန်း စာမျက်နှာ (ပုံ ၁၁) ထဲမှာ ဖေါ်ပြထားတဲ့ ဖိုင်တည်နေရာကို သွားပါ။ ပြီးရင် စာဝှက်ထားတဲ့ ဖိုင်ကို တခြားဖိုင်တွေကို သင့်အီးမေးလ်နဲ့ ပေးပို့သလို ပူးတွဲပါ။

    အရေးကြီးချက် - ဖိုင်ရဲ့ အမည်ကို စာဝှက်မထားသည်ကို သတိပြုပါ။ အဲဒီ ဖိုင်အမည်ဟာ အရေးကြီးတဲ့ သတင်း အချက်အလက်တွေကို ဖေါ်ပြတဲ့ အမည်မျိုး မပေါက်ရအောင် သတိထားပါ။ စာဝှက်မထားတဲ့ ဖိုင် ဗားရှင်းဟာ disk ထဲမှာ ဆက်ရှိနေသေးတာကို မမေ့ပါနဲ့။

    ၄.၃ ဖိုင်များကို gpg4usb ဖြင့် စာဝှက်ဖေါ်နည်း

    အောက်မှာဖေါ်ပြတဲ့ ဥပမာထဲမှာ၊ တာရိန်းစ်ဟာ ဆာလီမာ ပေးပို့လိုက်တဲ့ ဖိုင်ကို အောက်ပါ အဆင့်တွေအတိုင်း စာဝှက်ပေးသွားမှာ ဖြစ်တယ် -

    အဆင့် ၁။ gpg4usb ပရိုဂရမ်ကို ဖွင့်ဖို့ ကို နှစ်ချက် နှိပ်ပါ

    အဆင့် ၂။ သင့် အီးမေးလ် အကောင့်ကို ဖွင့်ပါ၊ ပေးစာကို ဖွင့်ပြီး ပူးတွဲဖိုင်ကို ဒေါင်းလုဒ် ဆွဲပါ

    မှတ်ချက် - အကယ်လို့ သင့် စာရေးဆက်သွယ်သူဟာ စာဝှက်ထားတဲ့ ဖိုင်ပါတဲ့ စာတစ်စောင်ကို ပေးပို့လိုက်တယ်။ အဲဒီ စာကို အခန်း ၄.၁ စာပေးပို့ချက်များကို gpg4usb ဖြင့် စာဝှက်ဖေါ်နည်း မှာ ဖေါ်ပြထားတဲ့ နည်းလမ်းကို သုံးပြီး သင် စာဝှက်နိုင်တယ်။

    အဆင့် ၃။ (အပေါ်က ပုံ ၁ မှာ ပြထားတဲ့အတိုင်း) gpg4usb console ထဲမှာ၊ (အောက် ပုံ ၁၂ မှာ ပြထားတဲ့အတိုင်း) ဖိုင် စာဝှက်ရန် / စာဝှက်ဖြည်ရန် ၀င်းဒိုးကို သက်ဝင်စေဖို့ ကို နှိပ်ပါ။

    အဆင့် ၄။ အောက်ပါအတိုင်း ဒေါင်းလုဒ် ဆွဲထားတဲ့ စာဝှက်ထားတဲ့ ဖိုင်ရဲ့ တည်နေရာကို ဖွင့်ကြည့်ဖို့ ကို နှိပ်ပါ -

    ပုံ ၁၂ - စာဝှက်ထားတဲ့ ဖိုင် လမ်းကြောင်းကို ပြသနေတဲ့ စာဝှက်ရန် / စာဝှက်ဖြည်ရန် ၀င်းဒိုး ပြပုံ

    အဆင့် ၅။ အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ -

    ပုံ ၁၃ - စာဝှက်ဖြည်ထားတဲ့ ဖိုင် လမ်းကြောင်းကို ပြသနေတဲ့ ပြီးစီးမှု အတည်ပြု အညွှန်း စာမျက်နှာ ပြပုံ

    အရေးကြီးချက် - အကယ်လို့ သင်ဟာ အင်တာနက် ကဖီး (သို့) လုပ်ငန်းခွင်မှာ အလုပ်လုပ်နေတယ် ဆိုရင်၊ တခြား လူတွေက ၀င်ကြည့်နိုင်တယ်၊ .asc ဖိုင်ကို သင့်ရဲ့ USB (သို့) အိတ်ဆောင် drive ထဲ ကော်ပီး ကူးပြီး သင့်ကိုယ်ပိုင် အိမ်မှာ လုံလုံခြုံခြုံနဲ့ စာဝှက်ဖြည်တာ ပိုကောင်းတယ်။

    မကြာခဏ မေးလေ့ရှိတဲ့ မေးခွန်းများနဲ့ သုံးသပ်ချက်များ

    မူဟင်ဒိုနဲ့ ဆာလီမာ တို့ဟာ gpg4usb ကို သုံးစွဲရတာ လွယ်ကူကြောင်း သိသွားကြတယ်၊ သူတို့မှာ ဒီကိရိယာနဲ့ ပါတ်သက်ပြီး မေးခွန်း တချို့ ရှိနေသေးတယ်။

    ၅.၀ ပေးစာများကို gpg4usb သုံးပြီး စာဝှက်နည်း

    မေး - gpg4usb ကို USB မှတ်ဉာဏ်ချောင်းနဲ့ပဲ သုံးစွဲရမလား?

    ဖြေ - မဟုတ်ပါဘူး။ ၄င်းကို သင့်ကွန်ပျူတာ hard disk ထဲမှာ install လုပ်ပြီး သုံးစွဲနိုင်ပါတယ်။

    မေး - ကီး စုံတွဲတွေကို အကောင့် ဘယ်နှစ်ခုအတွက် ထုတ်လုပ်ရမလဲ?

    ဖြေ - သင်လိုချင်သလောက် ထုတ်လုပ်နိုင်ပါတယ်။

    မေး - ဒီနေရာမှာ ဖြတ်ယူ-ပွားထည့်တဲ့ ရိုးရိုး နည်းစနစ်တွေ သုံးစွဲထားတာကို သဘောကျမိတယ်။

    ဖြေ - ဟုတ်ပါတယ်။ ဒါပေမဲ့၊ သင့် အီးမေးလ်ရဲ့ အကြောင်းအရာ ခေါင်းစဉ်ကို စာဝှက်ပေးမထားတာကို မမေ့ပါနဲ့။ ဒါကြောင့်၊ သိသာထင်းရှားလွန်းတဲ့ အကြောင်းအရာ ခေါင်းစဉ်မျိုး မရေးမိဖို့ သတိထားပါ၊ ဒါမှမဟုတ်ရင် သင့်အတွက် အန္တရာယ် ရှိနိုင်တယ်။

    ၅.၁ ပြန်လှန် မေးခွန်းများ

    • Public key တစ်ခုကို လက်မှတ်ရေးထိုးခြင်းနဲ့ အတည်ပြုခြင်းတို့ရဲ့ ခြားနားချက်က ဘာလဲ?
    • လက်ဗွေဆိုတာ ဘာလဲ၊ ၄င်းကို ဘယ်လို သုံးစွဲမလဲ?