KeePass - စကားဝှက် လုံလုံခြုံခြုံ သိမ်းဆည်းရေး ကိရိယာ

မာတိကာ

...Loading Table of Contents...

    KeePass ကို ဒေါင်းလုဒ် လုပ်ခြင်း

    • လက်ကမ်း လမ်းညွှန် မိတ်ဆက် အကျဉ်းချုပ်ကို ဖတ်ရှုပါ
    • www.keepass.info/download.html စာမျက်နှာကို ဖွင့်ဖို့ အောက်က KeePass icon ကို နှိပ်လိုက်ပါ
    • စာမျက်နှာထဲက "Classic Edition" အပိုင်းမှာ ရှိတဲ့ "KeePass 1.xx (Installer EXE for Windows)" ကို နှိပ်လိုက်ပါ
    • Installer KeePass-1.xx-Setup.exe ဖိုင်ကို ကွန်ပျူတာထဲမှာ သိမ်းထားပါ၊ အဲဒီနောက် နှိပ်ချက် နှိပ်လိုက်ပါ
    • KeePass ကို အောင်အောင်မြင်မြင် Install လုပ်ပြီးတဲ့အခါ Installation ပရိုဂရမ်ကို ကွန်ပျူတာထဲကနေ ပယ်ဖျက်နိုင်ပါတယ်။

    Keepass:

    ပင်မ စာမျက်နှာ

    www.keepass.info

    ကွန်ပျူတာ လိုအပ်ချက်များ

    • Windows ဗားရှင်း အားလုံး

    ဒီလမ်းညွှန်ထဲမှာ အသုံးပြုတဲ့ ဗားရှင်းများ

    • ၁.၁၈

    လိုင်စင် ခွင့်ပြုချက်

    • အခမဲ့ပြီး ပွင့်လင်းတဲ့ အရင်းအမြစ် ဆော့ဗ်ဝဲ

    ဖတ်ရှုရမည့် အကြောင်းအရာများ -

    အဆင့် - ၁။ လက်သင်၊ ၂။ ပျမ်းမျှ၊ ၃။ အလယ်အလတ်၊ ၄။ အတွေ့အကြုံရှိသော၊ ၅။ အဆင့်မြင့်

    ဒီဆော့ဗ်ဝဲကို စတင် သုံးစွဲဖို့ လိုအပ်တဲ့ အချိန် - ၁၅ မိနစ်

    ပြန်လည်ရရှိမဲ့ အကျိုးကျေးဇူးများ -

    • စကားဝှက် အားလုံးကို အဆင်ပြေပြေနဲ့ လုံခြုံမှုရှိတဲ့ ဒေတာဘေ့စ် တခုထဲမှာ သိမ်းဆည်းပေးနိုင်တယ်
    • အားကောင်းတဲ့ စကားဝှက် အများအပြားကို မှတ်ထားစရာမလိုပဲ ဖန်တီးပြီး သိမ်းဆည်းထားနိုင်တယ်။

    GNU Linux, Mac OS နဲ့ တခြား Microsoft Windows နဲ့ လိုက်ဖက်တဲ့ ပရိုဂရမ်များ -

    KeePass ကို GNU Linux နဲ့ Mac OS (KeePassX ဗားရှင်း) အတွက်လည်း ရရှိနိုင်တယ်။ KeePass ဗားရှင်းတွေကို တခြား ပလက်ဖောင်းတွေ ဖြစ်တဲ့ iPhone, BlackBerry, Android, PocketPC တွေအတွက် ရရှိနိုင်တယ်။ အကယ်လို့ တခြား အလားတူ ပရိုဂရမ်တွေကို စမ်းသပ် အသုံးပြချင်ရင် -

    • Microsoft Windows နဲ့ GNU Linux တို့အတွက် Password Safe ရရှိနိုင်တယ်
    • Mac OS, Microsoft Windows, iPhone နဲ့ iPad တို့အတွက် 1Password ရရှိနိုင်တယ်

    ၁.၁ ဒီပရိုဂရမ်ကို စတင် အသုံးမပြုခင် သိထားသင့်တဲ့အချက်များ

    KeePass ဆိုတာ သုံးရလွယ်ကူပြီး သင့်ရဲ့ စကားဝှက် အားလုံးကို လုံခြုံမှု ကောင်းမွန်တဲ့ ဒေတာဘေ့စ်ထဲမှာ သိမ်းဆည်းပြီး၊ စီမံခန့်ခွဲပေးတဲ့ ကိရိယာ တခု ဖြစ်ပါတယ်။ USB မှတ်ဉာဏ်ချောင်း တခုထဲမှာ အဲဒီ ဒေတာဘေ့စ်နဲ့ KeePass ပရိုဂရမ် နှစ်ခုစလုံးကို ထည့်ထားပြီး သင်နဲ့ တပါးထဲ ယူသွားလို့ ရတယ်။ အဲဒီ ဒေတာဘေ့စ်ကို သင် ဖန်တီးလိုက်တဲ့ 'master password' နဲ့ ထိန်းထားတယ်။ အဲဒီ စကားဝှက်က ဒေတာဘေ့စ်ထဲမှာ ရှိတဲ့ အကြောင်းအရာ အားလုံးကိုလည်း စာဝှက်ပေးလိုက်တယ်။ လက်ရှိ အသုံးပြုနေတဲ့ စကားဝှက်တွေကို KeePass ထဲမှာ သိမ်းထားနိုင်တယ် (သို့) စကားဝှက် အသစ် တခုကို ဖန်တီးနိုင်တယ်။ KeePass မှာ ကြိုတင်configuration လုပ်ဖို့ (သို့) installation လုပ်ဖို့ ညွှန်ကြားချက် အတိအကျ မရှိပါဘူး။ အဆင်သင့်ဖြစ်တာနဲ့ အသုံးပြုလို့ ရပါတယ်။

    KeePass ကို install လုပ်ပြီး အသုံးပြုနည်း

    ဒီစာမျက်နှာမှာ ပါဝင်တဲ့ အပိုင်းများ -

    ၂.ဝ Keepass ကို install လုပ်နည်း

    အဆင့် ၁ ကို နှစ်ချက် နှိပ်ပါ၊ Open File - Security Warning dialog ပေါ်လာလိမ့်မယ်။ ပေါ်လာတဲ့အခါ၊ အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ -

    ပုံ ၁ - ဘာသာစကား ရွေးချယ်တဲ့ မျက်နှာပြင် ပြပုံ

    အဆင့် ၂Setup - KeePass Password Safe – Welcome to the KeePass Password Safe Setup Wizard ကို သက်ဝင်စေဖို့ ကို နှိပ် ပါ။

    အဆင့် ၃License Agreement မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ။ ကျန်တဲ့ installation အပိုင်းတွေကို ဆက်မလုပ်မီ License Agreement ပါတဲ့ အချက်အလက်တွေကို ဖတ်ရှုပါ။

    အဆင့် ၄Next ခလုတ်ကို နှိပ်လို့ ရအောင် I accept the agreement option ကို Check လုပ်ပါ၊ အဲဒီနောက် Select Destination Location မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ။

    အဆင့် ၅။ default installation ဖိုင်လမ်းကြောင်းကို လက်ခံဖို့ ကို နှိပ်ပြီး၊ Select Start Menu Folder မျက်နှာပြင်ကို သက်ဝင်စေပါ၊ အဲဒီနောက် default ဖိုင်တွဲကို လက်ခံဖို့ ကို နှိပ်ပါ။

    အဆင့် ၆။ အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ။

    ပုံ ၂ - နောက်ဆက်တွဲ လုပ်ငန်းတွေကို ရွေးချယ်မှု ပြပုံ

    အဆင့် ၇ပုံ ၂ တွင် ပြသထားတဲ့အတိုင်း option ကို နှိပ်ပါ။

    မှတ်ချက် - Create a Start Menu folder option ကို enable လုပ်ထားတယ် ဆိုရင် Setup - KeePass Password Safe installation wizard က Start menu မှာ KeePass Quick Launch icon တခုကို အလိုအလျောက် ဖန်တီးလာမှာ ဖြစ်တယ်။

    အဆင့် ၈Ready to Install summary မျက်နှာပြင်ကို ဖွင့်ဖို့ ကို နှိပ်ပါ၊ Installing မျက်နှာပြင်နဲ့ သူ့ရဲ့ အနေအထား တိုးတက်မှုပြ ဘားကို သက်ဝင်စေဖို့ ကို နှိပ်ပါ။

    စက္ကန့်အနည်းငယ် ကြာတဲ့အခါ Completing the KeePass Password Safe Setup Wizard မျက်နှာပြင် ပေါ်လာလိမ့်မယ်။

    အဆင့် ၉Launch KeePass option ကို Check လုပ်ပြီး KeePass ကို တခါထဲ ဖွင့်ဖို့ ကို နှိပ်ပါ၊ အင်တာနက်နဲ့ ချိတ်ဆက်ထားရင် KeePass Plugins and Extensions ကွန်ရက်စာမျက်နှာဆီ ဆက်သွယ်ပေးလိမ့်မယ်။

    ၂.၁ စကားဝှက် သိမ်းထားမဲ့ ဒေတာဘေ့စ် အသစ် တခု ဖန်တီးနည်း

    အောက်မှာ ဖော်ပြမဲ့ အပိုင်းမှာ master password တခုကို ဖန်တီးခြင်း၊ အသစ် ပြုလုပ်ထားတဲ့ ဒေတာဘေ့စ်ကို Save လုပ်ခြင်း၊ သီးခြား ပရိုဂရမ် တခုစီအတွက် ကျပန်း စကားဝှက် ဖန်တီးခြင်း၊ ဒေတာဘေ့စ်အတွက် backup ကော်ပီ တခု ဖန်တီးခြင်း၊ လိုအပ်တဲ့အခါ စကားဝှက်တွေကို KeePass ကနေ ရယူခြင်း စတဲ့ နည်းလမ်းတွေကို လေ့လာ သင်ယူသွားမယ်။

    KeePass ကို ဖွင့်ဖို့ အောက်ပါ အဆင့်တွေကို လုပ်ဆောင်ပါ -

    အဆင့် ၁KeePass ရဲ့ ပင်မ မျက်နှာပြင်ကို အောက်ပါအတိုင်း သက်ဝင်စေဖို့ Start > Programs > KeePass Password Safe > KeePass ကို Select လုပ်ပါ (သို့) desktop ပေါ်က icon ကို နှိပ်ပါ -

    ပုံ ၃ - KeePass Password Safe console ပြပုံ

    ၂.၁.၁ စကားဝှက် ဒေတာဘေ့စ် အသစ် တခု ဖန်တီးနည်း

    စကားဝှက် ဒေတာဘေ့စ် အသစ် ဖန်တီးတဲ့နေရာမှာ အဆင့် (၂) ဆင့် ပါဝင်တယ် -

    စကားဝှက်တွေ ထားရှိတဲ့ ဒေတာဘေ့စ်ကို သော့ခတ် (lock) ထားဖို့ (သို့) ဖွင့်ဖို့အတွက် လုံခြုံမှု အားကောင်းတဲ့ သီခြား master password တခုကို ရွေးချယ် အသုံးပြုရမယ်။ ပြီးရင် အဲဒီ စကားဝှက် ဒေတာဘေ့စ်ကို save လုပ်ထားပါ။

    စကားဝှက် ဒေတာဘေ့စ် ဖန်တီးဖို့ အောက်ပါ အဆင့်တွေကို လုပ်ဆောင်ပါ -

    အဆင့် ၁။ အောက်ပါအတိုင်း File > New ကို Select လုပ်ပါ -

    ပုံ ၄ - File > New ကို ရွေးထားတဲ့ KeePass မျက်နှာပြင် ပြပုံ

    အောက်မှာ ဖေါ်ပြတဲ့အတိုင်း Create New Password Database မျက်နှာပြင်ကို သက်ဝင်စေလိမ့်မယ် -

    ပုံ ၅ - KeePass ရဲ့ Create New Password Database မျက်နှာပြင် ပြပုံ

    အဆင့် ၂။ ရွေးချယ်ထားတဲ့ master password ကို Master Password နေရာလပ်ထဲ ရေးထည့်လိုက်ပါ။

    ပုံ ၆ - Master Password နေရာလပ်ကို ဖြည့်စွတ်ထားတဲ့ KeePass ရဲ့ 'Set Composite Master Key' ပြပုံ

    စကားဝှက် ရေးထည့်တဲ့ နေရာရဲ့ အောက်ဘက်မှာ အစိမ်းရောင်၊ လိမ္မော်ရောင်နဲ့ လုပ်ငန်း တိုးတက်မှုပြ ဘားတခုကို တွေ့ရလိမ့်မယ်။ ရေးထည့်လိုက်တဲ့ စာလုံး အရေအတွက် အပေါ်မှာ မူတည်ပြီး စကားဝှက်ရဲ့ ရှုပ်ထွေးမှုနဲ့ ကြံ့ခိုင်မှု ပိုကောင်းလာတာနဲ့ အဲဒီ ဘားပေါ်က အစိမ်းရောင်တန်းလည်း တိုးတက်လာမှာ ဖြစ်ပါတယ်။

    သိကောင်းစရာ - စကားဝှက်ကို ရေးထည့်တဲ့အခါ အဲဒီ ဘားပေါ်မှာ ရှိတဲ့ အစိမ်းရောင်တန်း အမှတ်အသားဟာ အဲဒီ ဘားရဲ့ ထက်ဝက်အထိ အနည်းဆုံး ရောက်ရှိနေရမှာ ဖြစ်တယ်။

    အဆင့် ၃Repeat Master Password မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပြီး အောက်ပါအတိုင်း စကားဝှက်ကို အတည်ပြုပါ -

    ပုံ ၇ - KeePass Repeat Master Password မျက်နှာပြင် ပြပုံ

    အဆင့် ၄။ အရင်က စကားဝှက်ကို ပြန်ရေးထည့်ပြီး ကို နှိပ်ပါ။

    အဆင့် ၅။ ရေးထည့်လိုက်တဲ့ စကားဝှက် မှန်မမှန် စစ်ဆေးဖို့ ကို နှိပ်ပါ။

    သတိပေးချက် - တကယ်လို့ တဦးတယောက်က နောက်ကျောဘက်ကနေ ချောင်းကြည့်နေမယ် ဆိုရင် ဒါကို အသုံးမပြုတာ ကောင်းတယ်။

    Master password ကို အောင်အောင်မြင်မြင်နဲ့ နှစ်ကြိမ် ရေးထည့်လိုက်ပြီ ဆိုရင်၊ KeePass console ဟာ အောက်ပါအတိုင်း သက်ဝင်လာလိမ့်မယ် -

    ပုံ ၈ - အလုပ်လုပ်ဖို့ အဆင်သင့်ဖြစ်နေတဲ့ 'KeePass Password Safe' မျက်နှာပြင် ပြပုံ

    စကားဝှက် ဒေတာဘေ့စ်ကို ဖန်တီးပြီးတဲ့အခါ save လုပ်လိုက်ပါ။ စကားဝှက် ဒေတာဘေ့စ် ကို save လုပ်ဖို့ အောက်ပါ အဆင့်တွေကို လုပ်ဆောင်ပါ -

    အဆင့် ၁။ အောက်ပါအတိုင်း File > Save As ကို Select လုပ်ပါ -

    ပုံ ၉ - 'KeePass Password Safe' မျက်နှာပြင်ပြပုံ

    အောက်ပါအတိုင်း Save As မျက်နှာပြင် သက်ဝင်လာလိမ့်မယ် -

    ပုံ ၁ဝ - 'Save As' မျက်နှာပြင်ပြပုံ

    အဆင့် ၂။ စကားဝှက် ဒေတာဘေ့စ် ဖိုင်အသစ်ရဲ့ အမည် တခုကို ရေးထည့်ပါ။

    အဆင့် ၃။ ဒေတာဘေ့စ်ကို save လုပ်ဖို့ ကို နှိပ်ပါ။

    သိကောင်းစရာ - Database ရဲ့ တည်နေရာနဲ့ ဖိုင်တွေကို မှတ်သားထားပါ။ ဒေတာဘေ့စ်အတွက် backup တခုကို ဖန်တီးတဲ့အခါ အတော်လေး အလုပ်များလာနိုင်တယ်။

    လုံခြုံစိတ်ချရတဲ့ စကားဝှက် ဒေတာဘေ့စ် တခုကို အောင်မြင်စွာ တည်ဆောက်လိုက်ပါပြီ။ အခုချိန်ကစပြီး ဘယ်လို စကားဝှက်မျိုးကိုမဆို စကားဝှက် ဒေတာဘေ့စ်ထဲမှာ ထည့်လို့ ရပြီ။

    ၂.၂ Entry တခု ထည့်သွင်းနည်း

    Add Entry မျက်နှာပြင်ကို အသုံးပြီး အသစ်စက်စက် ဖန်တီးလိုက်တဲ့ ဒေတာဘေ့စ်ထဲမှာ အကောင့် အချက်အလက်တွေ၊ စကားဝှက်တွေနဲ့ တခြားအရေးကြီးတဲ့ အချက်အလက်တွေကို ထည့်သွင်းနိုင်တယ်။ အောက်မှာ ဖော်ပြထားတဲ့ နမူနာအရ ကွန်ရက် စာမျက်နှာတွေနဲ့ အီးမေးလ် အကောင့်တွေမှာ အသုံးပြုတဲ့ username နဲ့ passwords တွေကို သိမ်းဆည်းဖို့ Entry တွေကို ရေးထည့်နိုင်ပါတယ်။

    အဆင့် ၁Add Entry မျက်နှာပြင်ကို အောက်ပါအတိုင်း သက်ဝင်စေဖို့ KeePass Password Safe မျက်နှာပြင်ပေါ်က Edit > Add Entry ကို Select လုပ်လိုက်ပါ -

    ပုံ ၁၁ - ရွေးချယ်ထားတဲ့ Edit > Add Entry နဲ့အတူ တွေ့ရတဲ့ KeePass Password Safe မျက်နှာပြင် ပြပုံ

    ပုံ ၁၂ - 'KeePass Add Entry' မျက်နှာပြင် ပြပုံ

    မှတ်ချက် - 'Add Entry' မျက်နှာပြင်ပေါ်မှာ ဖြည့်စွက်ရမဲ့ နေရာလပ်တွေကို တွေ့ရမယ်။ အဲဒီ နေရာလပ်တွေ အားလုံးကို မဖြစ်မနေ ဖြည့်စွတ်ရမှာ မဟုတ်ပဲ၊ အဲဒီ အချက်အလက်တွေဟာ သင့်အတွက် အဆင်ပြေအောင် ပံ့ပိုးပေးထားတာ ဖြစ်တယ်။ ၎င်းဟာ Entry တခုခုကို ရှာဖွေတဲ့ အခြေအနေမျိုးမှာ အသုံးဝင်နေမှာ ဖြစ်ပါတယ်။

    Text boxes အမျိုးမျိုးအကြောင်း ရှင်းလင်းချက် အကျဉ်းချုပ်ကို အောက်မှာ ဖော်ပြထားတယ် -

    • Group - ဒီနေရာမှာ KeePass ဟာ စကားဝှက်တွေကို အမျိုးအစားအလိုက် ခွဲပြီး ကြိုတင် သတ်မှတ်ထားတဲ့ Groups ထဲကို ထည့်သွင်းထားတယ်။ ဥပမာ ကွန်ရက် စာမျက်နှာနဲ့ သက်ဆိုင်တဲ့ စကားဝှက်တွေကို Internet ဆိုတဲ့ Group ထဲမှာ ထည့်သွင်းနိုင်ပါတယ်။

    • Title - ရေးထည့်တဲ့ စကားဝှက် တခုခုရဲ့ အမည် ဖေါ်ပြချက် ဖြစ်တယ်။ ဥပမာ အားဖြင့် - Gmail စကားဝှက်

    • User name - ရေးထည့်တဲ့ စကားဝှက်နဲ့ သက်ဆိုင်တဲ့ သုံးစွဲသူ အမည် ဖြစ်တယ်။ ဥပမာ အားဖြင့် - (securitybox@gmail.com)

    • URL - ရေးထည့်တဲ့ စကားဝှက်နဲ့ သက်ဆိုင်တဲ့ အင်တာနက် စာမျက်နှာ ဖြစ်တယ်။ ဥပမာ အားဖြင့် - (http://mail.google.com)

    • Password - ဒီ Feature ဟာ Add Entry မျက်နှာပြင် သက်ဝင်လာတဲ့အခါ ကျပန်း စကားဝှက် တခုကို အလိုအလျောက် ထုတ်လုပ်ပေးတယ်။ တကယ်လို့ အီးမေးလ် အကောင့် အသစ် တခုကို မှတ်ပုံတင်မယ် ဆိုရင်၊ ဒီနေရာလပ်မှာ ‘Default’ စကားဝှက်ကို အသုံးပြုနိုင်တယ်။ KeePass နဲ့ ထုတ်လုပ်ခဲ့တဲ့ လက်ရှိ အသုံးပြုနေတဲ့ စကားဝှက်ကို ပြောင်းချင်တယ် ဆိုရင် ဒီ Feature ကို အသုံးပြုနိုင်တယ်။ KeePass က အမြဲတမ်း မှတ်ထားပေးတဲ့အတွက် အဲဒီ စကားဝှက်ကို သိနေစရာ မလိုဘူး။ ကျပန်း ထုတ်လုပ်လိုက်တဲ့ စကားဝှက်တခုဟာ (ကျူးကျော် ၀င်ရောက်လာသူတွေက မခန့်မှန်းနိုင်အောင် ခက်ခဲပြီး) လုံခြုံရေး အားကောင်းတယ်လို့ မှတ်ယူနိုင်ပါတယ်။

    လိုအပ်ချက် အရ ကျပန်း စကားဝှက် ထုတ်လုပ်တဲ့ နည်းအကြောင်းကို အောက်က အပိုင်းကဏ္ဍမှာ ဖေါ်ပြထားတယ်။ Default စကားဝှက်ကို ကိုယ်ပိုင် စကားဝှက်နဲ့ အစားထိုးလို့ ရတယ်။ ဥပမာ အားဖြင့်၊ ရှိထားပြီးသား အကောင့် တခုအတွက် Entry တခုကို ဖန်တီးမယ် ဆိုရင် ဒီနေရာမှာ စကားဝှက် အမှန်ကို ရေးထည့်ဖို့ လိုအပ်ပါတယ်။

    • Repeat Password - စကားဝှက် အတည်ပြုချက်။

    • Quality - စကားဝှက်ရဲ့ ကြံ့ခိုင်မှုကို စကားဝှက်ရဲ့ အရှည်နဲ့ ကျပန်းရွေးချယ်မှုတို့ အပေါ် အခြေခံပြီး တိုင်းတာပေးတဲ့ တိုးတက်မှုပြ ဘားတန်း တခု ဖြစ်တယ်။ ဘားတန်းပေါ်က အစိမ်းရောင် စကေး များလာလေလေ ရွေးချယ်လိုက်တဲ့ စကားဝှက်ဟာ ပိုပြီး ကြံ့ခိုင် အားကောင်းလေလေ ဖြစ်တယ်။

    • မှတ်ချက်များ - ဒီနေရာဟာ ရွေးချယ်ထားတဲ့ အကောင့် (သို့) ကွန်ရက် စာမျက်နှာတို့ရဲ့ ဖေါ်ပြချက် (သို့) အထွေထွေ သတင်း အချက်အလက်တွေကို ရေးထည့်ရမဲ့ နေရာ ဖြစ်တယ်။ ဥပမာ အားဖြင့် - (Mail server settings: POP3 SSL, pop.gamil.com, Port: 995; SMTP TLS, smtp.gmail.com,Port:465)

    မှတ်ချက် - KeePass ထဲက စကားဝှက် entry တွေကို ဖန်တီးတာ၊ ပြုပြင်တာတွေကြောင့် လက်ရှိ စကားဝှက်ကို မထိခိုက်စေဘူး။ KeePass ကို စကားဝှက်တွေအတွက် စိတ်ချယုံကြည်ရတဲ့ အီလက်ထရိုနစ် လိပ်စာ စာအုပ် တအုပ်အဖြစ် သဘောထားကြည့်ပါ။ KeePass ထဲမှာ ရေးထည့်လိုက်တဲ့ အချက်အလက်တွေကို သိမ်းဆည်းပေးတာကလွဲရင် တခြား လုပ်ဆောင်တာ မရှိပါဘူး။

    အကယ်လို့ Group drop-down list ထဲက 'Internet' ကို ရွေးလိုက်ရင်၊ စကားဝှက် entry ဟာ အောက်က ဖေါ်ပြချက်နဲ့ ဆင်တူနေမှာ ဖြစ်တယ် -

    ပုံ ၁၃ - ဖြည့်စွတ်ထားပြီး ဖြစ်တဲ့ Kee Pass Add Entry မျက်နှာပြင် ပြပုံ

    အဆင့် ၂ - Add Entry မျက်နှာပြင်ထဲမှာ ပြင်ဆင်ချက်တွေကို save လုပ်ဖို့ ကို နှိပ်ပါ။

    စကားဝှက် entry ဟာ အခု Internet group ထဲမှာ မြင်တွေ့ရမှာ ဖြစ်တယ်။

    ပုံ ၁၄ - KeePass Password Safe မျက်နှာပြင် ပြပုံ

    မှတ်ချက် - ဒီဝင်းဒိုး အောက်ခြေ panel ထဲမှာ ရွေးချယ်ထားတဲ့ Entry နဲ့ ပါတ်သက်တဲ့ အချက်အလက်တွေကို ဖော်ပြထားတယ်။ ဒီနေရာမှာ Entry ထဲမှာ မှတ်သားထားတဲ့ မှတ်စုတွေ အပါအ၀င်၊ ဖန်တီးလိုက်တဲ့ အချိန်၊ တည်းဖြတ်တဲ့အချိန်နဲ့ သက်တမ်း ကုန်ဆုံးချိန်တွေ ပါဝင်တယ်။ စကားဝှက်ကိုတော့ ဖော်ပြမထားဘူး။

    • Expires - သက်တမ်းကုန်ဆုံးချိန်ကို သတ်မှတ်လိုတဲ့ Text boxes တွေကို သက်ဝင်စေဖို့ ဒီအချက်ကို Check လုပ်ပါ။ ဒီလို လုပ်ခြင်းဖြင့်၊ သတ်မှတ်ထားတဲ့ အချိန် (ဥပမာ - ၃ လ တကြိမ်) ရောက်တဲ့အခါ စကားဝှက်ကို ပြောင်းလဲရန် သတိပေးချက် တခု ထည့်သွင်းထားနိုင်တယ်။ စကားဝှက်တခုရဲ့ သက်တမ်း ကုန်ဆုံးသွားပြီး ဆိုရင်၊ အောက်က နမူနာမှာ ပြထားတဲ့အတိုင်း အမည်ပေါ်မှာ အနီရောင် ကြက်ခြေခတ်တခု ပေါ်လာလိမ့်မည် -

    ပုံ ၁၅ - NetSecureDb.kdb မျက်နှာပြင်ပေါ်က သက်တမ်းကုန်ဆုံးသွားတဲ့ key တခု ပြပုံ

    ၂.၃ Entry တခုကို တည်းဖြတ်နည်း

    KeePass ထဲမှာ ရှိတဲ့ လက်ရှိ Entry တခုခုကို အချိန်မရွေး တည်းဖြတ်လို့ ရတယ်။ စကားဝှက် ကို ပြောင်းနိုင်တယ် (အများအားဖြင့် စကားဝှက်ကို ၃ လမှ ၆ လ တကြိမ် ပြောင်းပေးတာ လုံခြုံရေးအတွက် ကောင်းတဲ့ အလေ့အကျင့် ဖြစ်တယ်)၊ (သို့) စကားဝှက် Entry ထဲမှာ သိမ်းဆည်းထားတဲ့ တခြား အသေးစိတ် အချက်အလက်တွေကို ပြုပြင်နိုင်တယ်။

    Entry တခုကို တည်းဖြတ်မယ် ဆိုရင် အောက်ပါ အဆင့်တွေကို လုပ်ဆောင်ပါ -

    အဆင့် ၁။ သက်ဆိုင်တဲ့ Entries တွေကို သက်ဝင်စေဖို့ ဘယ်ဘက်ခြမ်းမှာ ရှိတဲ့ Group အမှန်ကို Select လုပ်ပါ။

    အဆင့် ၂။ ဆီလျော်တဲ့ Entry ကို Select လုပ်ပါ။ နောက်ပြီး အောက်က ၀င်းဒိုးကို သက်ဝင်စေဖို့ ရွေးထားတဲ့ Entry အပေါ် ညာဖက် နှိပ်ပါ -

    ပုံ ၁၆ - Edit menu ကို ဖော်ပြထားတဲ့ KeePass Password Safe မျက်နှာပြင် ပြပုံ

    အဆင့် ၃။ စကားဝှက် အပါအဝင်၊ ဒီအချက်အလက်မှာ ပြုလုပ်တဲ့ အပြောင်းအလဲတွေကို save လုပ်ဖို့ ကို နှိပ်ပါ။

    KeePass က အကြံပြုထားသလို အစပိုင်းမှာ ကိုယ်တိုင် ဖန်တီးထားတဲ့ လက်ရှိ စကားဝှက်ကို ပြောင်းဖို့၊ အောက်က အပိုင်းကို ဖတ်ရှုပါ။

    ၂.၄ ကျပန်း စကားဝှက်များကို ထုတ်လုပ်နည်း

    လုံခြုံရေး နယ်ပယ်မှာ ရှည်လျားပြီး ကျပန်းနည်းနဲ့ ထုတ်လုပ် စကားဝှက်တွေကို ကြံ့ခိုင်မှု ရှိတဲ့ စကားဝှက်အဖြစ် မှတ်ယူထားကြတယ်။ ကျပန်းစနစ်ဟာ သင်္ချာနည်းနဲ့ဆိုင်တဲ့ စည်းမျဉ်းတွေကို အခြေခံထားပြီး အကောင့် တခုခုကို ချိုးဖေါက် ဝင်ရောက်ဖို့ ကြိုးစားသူလာမဲ့ သူတွေက တော်ရုံ ခန့်မှန်းလို့ မရဘူး။ ဒီလုပ်ငန်းစဉ်တွေမှာ အထောက်အကူပေးဖို့ KeePass က 'Password Guenerator' တခုကို ပံ့ပိုးထားတယ်။ အပေါ်မှာ မြင်တွေ့ခဲ့တဲ့အတိုင်း၊ ကျပန်း စကားဝှက်ဟာ Entry အသစ်တခုကို ထည့်သွင်းတဲ့အခါ အလိုအလျောက် ထုတ်လုပ်လာတာ ဖြစ်တယ်။ ဒီအပိုင်းတွင် ကိုယ်တိုင် ထုတ်လုပ်တဲ့ နည်းကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

    မှတ်ချက် - Password Generator ကို Add Entry နဲ့ Edit/View Entry မျက်နှာပြင်တို့ကနေ သက်ဝင်စေနိုင်တယ်။ နောက်တနည်း အနေနဲ့၊ Tools > Password Generator ကို select လုပ်ပါ။

    အဆင့် ၁။ အောက်မှာ ဖေါ်ပြတဲ့အတိုင်း Password Generator ကို သက်ဝင်စေဖို့ Add Entry (သို့) Edit/View Entry မျက်နှာပြင်ထဲက ကို နှိပ်ပါ -

    ပုံ ၁၇ - KeePass Password Generator မျက်နှာပြင် ပြပုံ

    Password Generator မျက်နှာပြင်ပေါ်မှာ စကားဝှက် တခုကို ဖန်တီးရာမှာ ရွေးချယ်နိုင်တဲ့ နည်းလမ်း အမျိုးမျိုး ရှိတယ်။ နှစ်သက်တဲ့ စကားဝှက်ရဲ့ အရှည်ကို ဖြစ်ဖြစ်၊ ပါဝင် ထည့်သွင်းလိုတဲ့ အက္ခရာ စာလုံးတွေကို ဖြစ်ဖြစ် သတ်မှတ်ပေးနိုင်တယ်။ ကျွန်ုပ်တို့ အနေနဲ့၊ default options တွေကို အသုံးပြုနိုင်တယ်။ ဆိုလိုတာက ထုတ်လုပ်လိုက်တဲ့ စကားဝှက်ဟာ အက္ခရာ စာလုံးရေ ၂ဝ ရှိရမှာ ဖြစ်ပြီး စာလုံး အကြီးအသေးတွေ၊ နံပါတ်တွေ ပေါင်းစပ်ထားတယ်။

    အဆင့် ၂။ လုပ်ငန်းစဉ်ကို စတင်ဖို့ ကို နှိပ်ပါ။ ပြီးသွားတဲ့အခါ KeePass က ထုတ်လုပ်ပေးလိုက်တဲ့ စကားဝှက်ကို ထုတ်ပေးမှာ ဖြစ်တယ်။

    ပုံ ၁၈ - KeePass ရဲ့ Generated Password အပိုင်း ပြပုံ

    မှတ်ချက် - ထုတ်လုပ်လိုက်တဲ့ စကားဝှက်ကို ကို နှိပ်ပြီး ကြည့်ရှုနိုင်တယ်။ ဒါပေမဲ့ ဒီနည်းဟာ အပေါ်မှာ ဆွေးနွေးခဲ့တဲ့အတိုင်း လုံခြုံရေး ပြဿနာတွေ ဖြစ်ပေါ်စေနိုင်တယ်။ ဆိုလိုတာက ထုတ်လုပ်လိုက်တဲ့ စကားဝှက်ကို သိရှိဖို့ ပြန်ကြည့်နေစရာ မလိုအပ်ဘူး။ ဒီအပိုင်းကို အခန်း ၃.၀ KeePass စကားဝှက်များကို အသုံးပြုခြင်း ထဲမှာ အကျယ်တ၀န့် ရှင်းပြထားတယ်။

    အဆင့် ၃။ စကားဝှက်ကို လက်ခံဖို့ ကို နှိပ်ပြီး၊ အောက်ပါအတိုင်း Add Entry မျက်နှာပြင်ကို ပြန်သွားပါ -

    ပုံ ၁၉ - KeePass Add Entry မျက်နှာပြင်ပြပုံ

    အဆင့် ၄။ ဒီ entry ကို save လုပ်ဖို့ ကို နှိပ်ပါ။

    အဆင့် ၅။ Update လုပ်ထားတဲ့ စကားဝှက် ဒေတာဘေ့စ်ကို save လုပ်ဖို့ File > Save ကို Select လိုက်ပါ။

    ၂.၅ KeePass ကို Exit လုပ်နည်း၊ Minimize လုပ်နည်း၊ Restore လုပ်နည်း

    KeePass ပရိုဂရမ်ကို အချိန်မရွေး minimize လုပ်တာ၊ exit လုပ်တာတွေ ဆောင်ရွတ်နိုင်တယ်။ အဲဒီ ပရိုဂရမ်ကို open ပြန်လုပ်တဲ့အခါ (သို့) restore ပြန်လုပ်တဲ့အခါ၊ Master Password ကို ရေးထည့်ဖို့ တောင်းခံလာလိမ့်မယ်။

    KeePass ဟာ သူ့ဟာသူ minimize လုပ်သွားပြီး အောက်က ပုံစံအတိုင်း system tray (မျက်နှာပြင်ရဲ့ အောက်ခြေ ညာဘက်ထောင့်မှာ) ထဲမှာ ပေါ်နေလိမ့်မယ်။ minimize အနေအထားနဲ့ ရှိနေမှာ ဖြစ်တယ် -

    .

    အောက်ပါ အဆင့်များကို ဆောင်ရွက်ခြင်းဖြင့် KeePass က program ကို lock ချရန် ခွင့်ပြုသည် -

    အဆင့် ၁ - အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ File > Lock Workspace ကို Select လုပ်ပါ။

    ပုံ ၂ဝ - KeePass - Safe before Close/Lock မျက်နှာပြင် ပြပုံ

    အဆင့် ၂။ အချက်အလက်တွေကို save လုပ်ဖို့ ကို နှိပ်ပြီး KeePass console ကို disable လုပ်လိုက်ရင် ပုံ ၃ နဲ့ ဆင်တူနေမှာ ဖြစ်တယ်။ ဒါဆိုရင် အောက်က icon ဟာ System Tray ထဲမှာ ပေါ်လာလိမ့်မယ်။

    အဆင့် ၁KeePass ကို ပုံမှန် အရွယ် ပြန်ထားဖို့ ဒီ icon ကို 'နှိပ်ချက် နှိပ်'ပြီး၊ အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေပါ -

    ပုံ ၂၁ - KeePass Open Database - NetSecure Db.kdb မျက်နှာပြင် ပြပုံ

    အဆင့် ၃KeePass ကို ဖွင့်ဖို့ Master Password ကို ရေးထည့်ပါ။

    KeePass ကို ပိတ်ဖို့ အောက်ပါ အဆင့်ကို လုပ်ဆောင်ပါ -

    အဆင့် ၁KeePass ပရိုဂရမ် တခုလုံးကို ပိတ်ဖို့ File > Exit ကို Select လုပ်ပါ။

    ဒေတာဘေ့စ်ထဲမှာ save မလုပ်ရသေးတဲ့ အကြောင်းအရာတွေ ရှိရင်၊ အဲဒါတွေကို save လုပ်ဖို့ KeePass က သတိပေးလာ လိမ့်မယ်။

    ၂.၆ စကားဝှက် ဒေတာဘေ့စ် ဖိုင်အတွက် Backup တခုကို ဖန်တီးနည်း

    ကွန်ပျူတာပေါ်မှာ ရှိတဲ့ ဒေတာဘေ့စ်ဖိုင်ကို file extension <.kdb> နဲ့ အမှတ်အသား ပြထားတယ်။ ဒီဖိုင်ကို USB မှတ်ဉာဏ်ချောင်းထဲမှာ ကူးယူနိုင်တယ်။ ဒေတာဘေ့စ်ဖိုင်ကို master password မပါဘဲ ဘယ်သူကမှ ဖွင့်လို့ ရမှာ မဟုတ်ဘူး။

    အဆင့် ၁။ အဆင့် ၁။ ပင်မ မျက်နှာပြင်ကနေ File > Save As ကို Select လုပ်ပြီး၊ ဒေတာဘေ့စ်ရဲ့ ကော်ပီကို တခြား နေရာမှာ သိမ်းထားပါ။

    KeePass ပရိုဂရမ် တခုလုံးကို USB မှတ်ဉာဏ်ချောင်းထဲကနေ အသုံးပြုနိုင်တယ်။ အိတ်ဆောင် KeePass စာမျက်နှာကို ဖတ်ရှုပါ။

    ၂.၇ Master Password ကို Reset လုပ်နည်း

    Master Password ကို အချိန်မရွေး ပြောင်းလဲလို့ ရတယ်။ ပြောင်းချင်ရင် စကားဝှက် ဒေတာဘေ့စ်ကို ဖွင့်ပြီး လုပ်ဆောင်နိုင်တယ်။

    အဆင့် ၁. File > Change Master Key ကို Select လုပ်ပါ။

    ပုံ ၂၂ - KeePass Change Master Key မျက်နှာပြင် ပြပုံ

    အဆင့် ၂Master Password ကို ညွှန်ကြားလာတဲ့အတိုင်း နှစ်ကြိမ် ရေးထည့်ပါ။

    ပုံ ၂၃ - Master Key ကို ပြောင်းလိုက်တဲ့ KeePass မျက်နှာပြင် ပြပုံ

    KeePass စကားဝှက်များကို အသုံးပြုခြင်း

    ၃.ဝ KeePass Passwords များကို အသုံးပြုခြင်း

    လုံခြုံစိတ်ချရတဲ့ စကားဝှက်တခုကို အလွယ်တကူ မှတ်မိဖို့ မလွယ်ကူဘူး။ KeePass ထဲမှာ ရှိတဲ့ ဒေတာဘေ့စ် ထဲက စကားဝှက်ကို ကော်ပီးလိုက်ပြီး အကောင့် တခုခု (သို့) ကွန်ရက် စာမျက်နှာတခုခုမှာ paste လုပ်ရတယ်။ ပိုပြီး လုံခြုံအောင်၊ ကော်ပီ လုပ်လိုက်တဲ့ စကားဝှက်ဟာ clipboard ပေါ်မှာ ၁ဝ စက္ကန့်လောက်ပဲ တည်ရှိနိုင်တယ်။ ဒါကြောင့် အဲဒီအချိန် အတွင်းမှာ အကောင့်တခုခု (သို့) ကွန်ရက် စာမျက်နှာ တခုခုမှာ paste လုပ်ဖို့ အချိန် လုံလုံလောက်လောက် ရရှိမှာ ဖြစ်တယ်။

    အဆင့် ၁။ drop-down စာရင်း တခုကို သက်ဝင်စေဖို့ လိုအပ်တဲ့ စကားဝှက် entry ပေါ်မှာ ညာဖက်နှိပ်လိုက်ပါ -

    အဆင့် ၂။ အောက်မှာ ပြထားတဲ့အတိုင်း Copy Password ကို Select လုပ်ပါ။

    ပုံ ၁ - KeePass Password Safe မျက်နှာပြင် ပြပုံ

    အဆင့် ၃။ သက်ဆိုင်တဲ့ အကောင့် (သို့) ကွန်ရက် စာမျက်နှာကို သွားပြီး သင့်လျှော်တဲ့ နေရာလပ်မှာ စကားဝှက်ကို paste လုပ်လိုက်ပါ -

    ပုံ ၂ - paste လုပ်ထားတဲ့ password တခုကို ဖေါ်ပြနေတဲ့ Gmail အကောင့်တခု ပြပုံ

    သိကောင်းစရာ - copy လုပ်တာ၊ paste လုပ်တာ၊ တခြား windows ကို ကူးပြောင်းတာတွေကို လွယ်ကူစေဖို့ keyboard shortcuts တွေကို အသုံးပြုပါ။ စကားဝှက် တခုကို copy လုပ်ဖို့ Ctrl key နဲ့ C တို့ကို တပြိုင်ထဲ နှိပ်လိုက်ပါ။ Ctrl key နဲ့ V တို့ကို တပြိုင်ထဲ နှိပ်ပြီး အဲဒီ စကားဝှက်ကို paste လုပ်ပါ။ ဖွင့်ထားတဲ့ ပရိုဂရမ်တွေနဲ့ windows တွေအကြား အကူးအပြောင်း လုပ်ဖို့ Alt နဲ့ tab key ကို တပြိုင်ထဲ နှိပ်လိုက်ပါ။

    မှတ်ချက် - KeePass ကို အမြဲတမ်း အသုံးပြုခြင်းဖြင့်၊ စကားဝှက်ကို သိရှိဖို့ ပြန်ကြည့်နေစရာ မလိုတော့ဘူး။ Copy / paste လုပ်ဆောင်ချက်တွေက ဒေတာဘေ့စ်ထဲကနေ လိုအပ်တဲ့ ၀င်းဒိုးဆီ ပြောင်းရွှေ့ပေးမှာ ဖြစ်တယ်။ အကယ်လို့ Random Generator feature ကို အသုံးပြုပြီး ဒီ စကားဝှက်ကို အီးမေးလ် အကောင့်သစ် ဖွင့်တဲ့ နေရာမှာ လွှဲပြောင်း အသုံးပြုလိုက်တယ် ဆိုရင်၊ အပြင်မှာ တခါမှ မမြင်တွေ့ဖူးတဲ့ စကားဝှက် တခုကို အသုံးပြုနေရမှာ ဖြစ်ပါတယ်။

    အိတ်ဆောင် KeePass

    ၁.၀ Install လုပ်ရတဲ့ KeePass ဗားရှင်းနဲ့ အိတ်ဆောင် ဗားရှင်းတို့ရဲ့ ကွာခြားချက်များ

    အိတ်ဆောင် ကိရိယာတွေကို ကွန်ပျူတာထဲမှာ install လုပ်စရာ မလိုဘူး၊ သူတို့ ဘယ်နေရာမှာ ရှိနေတယ်၊ ဘာတွေအတွက် အသုံးပြုတယ် စတာတွေကို ခြေရာခံလို့ မရဘူး။ ဒါပေမဲ့၊ ပြင်ပ ကိရိယာ (သို့) USB မှတ်ဉာဏ်ချောင်းနဲ့ အိတ်ဆောင် ကိရိယာတွေဟာ သင် အသုံးပြုနေတဲ့ ကွန်ပျူတာ လုံခြုံနေမှ အန္တရာယ် ကင်းရှင်းနိုင်မှာ ဖြစ်ပြီး၊ adware, malware, spyware နဲ့ ဗိုင်းရပ်စ်တို့ရဲ့ တိုက်ခိုက်မှု ခံရနိုင်သေးတယ်။

    အိတ်ဆောင် KeePass နဲ့ ကွန်ပျူတာထဲမှာ install လုပ်ဖို့ ထုတ်လုပ်ထားတဲ့ ဗားရှင်းတို့မှာ တခြား ကွာခြားချက်တွေ မရှိကြဘူး။

    ၂.၀ အိတ်ဆောင် KeePass ကို Download လုပ်ပြီး Extract လုပ်တဲ့နည်း

    အဆင့် ၁။ သင့်လျှော်ပြီး download လုပ်နိုင်တဲ့ ကွန်ရက်စာမျက်နှာကို သွားဖို့ http://keepass.info/download.html ကို နှိပ်ပါ။

    အဆင့် ၂။ သူနဲ့ သက်ဆိုင်တဲ့ Source Forge ရဲ့ download စာမျက်နှာကို သက်ဝင်စေဖို့ ကို နှိပ်ပါ -

    အဆင့် ၃ installation ဖိုင်ကို ကွန်ပျူတာထဲမှာ save လုပ်ဖို့ ကို နှိပ်ပြီး၊ အဲဒီနေရာကို သွားပါ။

    အဆင့် ၄။ pop-up menu ကို သက်ဝင်စေဖို့ ကို ညာဖက် နှိပ်ပြီး၊ အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ Extract files... ကို select လုပ်ပါ -

    ပုံ ၁ - Extraction path and options ၀င်းဒိုးပြပုံ

    အဆင့် ၅။ ဖြုတ်တပ်လို့ ရတဲ့ drive (သို့) USB မှတ်ဉာဏ်ချောင်း ရှိတဲ့နေရာကို အောက်က ပုံ ၂ မှာ ပြထားတဲ့အတိုင်း သွားပြီး၊ ကို extract လုပ်မဲ့ ဖိုင်တွဲအသစ်ကို ဖွင့်ဖို့ ကို နှိပ်လိုက်ပါ။

    အဆင့် ၆။ အသစ် ဖွင့်လိုက်တဲ့ ဖိုင်တွဲ အမည်ကို မှာ (သို့) အောက်က ပုံ ၃ မှာ ပြထားတဲ့အတိုင်း document tree ထဲမှာ ရေးထည့်ပါ -

    ပုံ ၂ - အရွယ် ပြန်ညှိထားတဲ့ Extraction path and options ၀င်ဒိုး document tree ပြပုံ

    မှတ်ချက် - အိတ်ဆောင် KeePass ဖိုင်တွဲအတွက် တခြား အမည်တခုကို ရွေးလိုက်ရင် ရွေးလိုက်တဲ့ အမည်အတိုင်းပဲ ရှိနေမှာ ဖြစ်တယ်။

    အဆင့် ၇။ သူ့ရဲ့ အကြောင်းအရာတွေကို အသစ် ဖွင့်ထားတဲ့ အိတ်ဆောင် KeePass ဖိုင်တွဲထဲမှာ ဖြည်ချ (extract) ဖို့ ကို နှိပ်ပါ။

    အဆင့် ၈။ ဖြုတ်တပ်နိုင်တဲ့ drive (သို့) USB မှတ်ဉာဏ်ချောင်းထဲကို သွားပြီး၊ အိတ်ဆောင် KeePass ဖိုင်တွဲကို ဖွင့်ကြည့်ပါ။

    ပုံ ၃ - ဖြုတ်တပ်နိုင်တဲ့ drive ထားရှိတဲ့ ၀င်းဒိုးထဲမှာ အသစ်စက်စက် ဖြည်ချ (extract) လိုက်တဲ့ အိတ်ဆောင် KeePass ဖိုင်တွဲ ပြပုံ

    အဆင့် ၉။ အိတ်ဆောင် KeePass ကို စတင် အသုံးပြုဖို့ ကို နှစ်ချက် နှိပ်ပါ။

    KeePass အသုံးပြုခြင်း လမ်းညွှန်ချက်တွေနဲ့ ပါတ်သက်တဲ့ KeePass အခန်းကို ကိုးကား လိုက်ပါ။

    မကြာခဏ မေးလေ့ရှိတဲ့ မေးခွန်းများနဲ့ သုံးသပ်ချက်များ

    ၄.ဝ မကြာခဏ မေးလေ့ရှိတဲ့ မေးခွန်းများနဲ့ သုံးသပ်ချက်များ

    KeePass ဟာ နီကိုလိုင်နဲ့ အယ်လီနာတို့အတွက် အသုံးပြုရ လွယ်ကူတဲ့ ပရိုဂရမ် တခု ဖြစ်ပုံရတယ်။ သူတို့ အတွက် နည်းနည်း ရှုပ်ထွေးတယ် ထင်ရတဲ့ အပိုင်းကတော့ KeePass ထဲမှာ စကားဝှက် အသစ်တွေကို ဖန်တီးတဲ့ အလေ့အထပဲ ဖြစ်တယ်။ ဖန်တီးလိုက်တဲ့ စကားဝှက် တခုကို နောက်တခါ မမြင်တွေ့ရတဲ့အတွက် အယ်လီနာအတွက် အခက်အခဲဖြစ်နေတယ်။ ဒါပမဲ့ ဒီလိုလုပ်တာဟာ မှတ်မိအောင် ကြိုးစားတာထက် ပိုပြီး လွယ်ကူတယ်။

    မေး - နီကိုလိုင်ရယ်၊ KeePass ရဲ့ အသုံးပြုရ လွယ်ကူပုံကိုတော့ ကျွန်မ အံ့သြမိပါတယ်။ ဒါပေမယ့်၊ ကျွန်မရဲ့ master password ကို မေ့သွားတယ် ဆိုရင်၊ ကျွန်မရဲ့ စကားဝှက် ဒေတာဘေ့စ်ကို ပြန်ပြီး ရယူနိုင်တဲ့ တခြား အခွင့်အလမ်း ရှိသလား။

    ဖြေ - ဒါကတော့ လွယ်လွယ်လေးပါ။ ဆောရီးပါပဲ၊ အယ်လီနာရယ်။ ဒီလို အခြေအနေမျိုးမှာတော့ လုပ်နိုင်တာ ဘာမှ မရှိဘူး။ အကောင်းဘက်ကနေ တွေးကြည့်မယ် ဆိုရင် သင့်ရဲ့ စကားဝှက် ဒေတာဘေ့စ်ကို တခြား ဘယ်သူကမှ ဖွင့်နိုင်မှာ မဟုတ်ဘူး။ ဒီလိုမျိုး မကြုံရလေအောင် သုံးစွဲနည်း စာအုပ်ငယ် အခန်း ၃။ လုံခြုံမှု ရှိတဲ့ စကားဝှက်များကို ဖန်တီးပြီး ထိန်းသိမ်းနည်း ထဲမှာ ဖော်ပြထားတဲ့ စကားဝှက် တခုကို မှတ်သားနည်း တချို့ကို အသုံးပြုနိုင်တယ်။

    မေး - ပြီးတော့ အကယ်လို့ KeePass ကို ကျွန်မ 'uninstall' လုပ်တယ် ဆိုရင် ကျွန်မရဲ့ passwords တွေ ဘာဖြစ်သွားမလဲ။

    ဖြေ - အဲဒီ ပရိုဂရမ်ကိုတော့ သင့်ရဲ့ ကွန်ပျူတာထဲကနေ ပယ်ဖျက်သွားလိမ့်မယ်။ ဒါပေမဲ့၊ သင့်ရဲ့ (.kdb ဖိုင်တခုထဲမှာ သိမ်းဆည်းထားတဲ့) ဒေတာဘေ့စ်ကတော့ ကျန်ခဲ့မှာ ဖြစ်တယ်။ အကယ်လို့ KeePass ကို နောက်တခါ 'install' လုပ်တယ် ဆိုရင်၊ အဲဒီ ဖိုင်ကို အချိန်မရွေး ���ွင့်ကြည့်နိုင်တယ်။

    Q - ဒေတာဘေ့စ်ဖိုင်ကို ကျွန်မ မတော်တဆ ပယ်ဖျက်မိတယ် ထင်တယ်။

    A - ဒီလိုမျိုး မကြုံတွေ့ရအောင် စောစော ကတည်းက Backup တခုကို လုပ်ထားရမှာ ဖြစ်တယ်။ နောက်ပြီး အဲဒီ Backup ဖိုင် သိမ်းထားတဲ့ နေရာကိုလည်း မှတ်မိဖို့ လိုအပ်တယ်။ ကွန်ပျူတာထဲမှာ (.kdb) extension ပါတဲ့ file တခုကို ရှာလိုက်ပါ။ အကယ်လို့ အဲဒီဖိုင်ကို တကယ်ပဲ ပယ်ဖျက်မိတယ် ဆိုရင်၊ လက်စွဲ လမ်းညွှန်ထဲမှာ ပါတဲ့ Recuva အကြောင်းကို လေ့လာပါ။ သူက အဲဒီဖိုင်ကို ပြန်ဆယ်တင်တဲ့ နေရာမှာ အကူအညီ ပေးနိုင်ပါလိမ့်မယ်။

    ၄.၁ ပြန်လှန် မေးခွန်းများ

    • ကြံ့ခိုင်မှုရှိတဲ့ စကားဝှက် တခုကို ဘယ်လို ဖန်တီးသလဲ။
    • လက်ရှိ စကားဝှက် entry တခုကို KeePass ထဲမှာ ဘယ်လို ပြုပြင်မလဲ။
    • KeePass မှာ အက္ခရာ စာလုံးရေ ၃ဝ ရှိတဲ့ password ကို ဘယ်လို ထုတ်လုပ်နိုင်မလဲ။