Pidgin နဲ့ တွဲသုံးတဲ့ OTR - လုံခြုံတဲ့ လက်ငင်း စာတိုပေးပို့ရေး ကိရိယာ

မာတိကာ

...Loading Table of Contents...

    Pidgin ဟာ အခမဲ့ဖြစ်ပြီး ပွင့်လင်းတဲ့ အရင်းအမြစ် ဂလိုင်းတခု ဖြစ်တယ်၊ Instant Messaging (IM) အကောင့်အမျိုးမျိုးကို interface တခုထဲမှာ စုစည်းပြီး စီစဉ်နိုင်၊ စီမံခန့်ခွဲနိုင်တယ်။ Off-the-Record (OTR) plug-in ကို Pidgin နဲ့ တွဲသုံးနိုင်အောင် စီစဉ် ရေးဆွဲထားပြီး Pidgin သုံးစွဲသူတွေ အကြားမှာ စစ်မှန်ပြီး လုံခြုံမှု ရှိတဲ့ စကားပြော ဆက်သွယ်မှုတွေကို ဖန်တီးပေးတယ်။

    ပင်မ စာမျက်နှာ

    ကွန်ပျူတာ လိုအပ်ချက်များ

    • အင်တာနက်လိုင်း တခု
    • ၀င်းဒိုး ဗားရှင်း အားလုံး

    ဒီလမ်းညွှန်ချက်ထဲမှာ သုံးစွဲထားတဲ့ ဗားရှင်း

    • Pidgin 2.7.11
    • OTR 3.2.0.1

    ခွင့်ပြုချက် လိုင်စင် -

    • အခမဲ့ပြီး ပွင့်လင်းတဲ့ အရင်းအမြစ် ဆော့ဗ်ဝဲ

    ဖတ်ရှုရမဲ့ အကြောင်းအရာများ -

    သုံးစွဲနည်း စာအုပ်ငယ် အခန်း ၇။ အင်တာနက် ဆက်သွယ်မှု လမ်းကြောင်းကို လျှို့ဝှက်ထားနည်း

    အဆင့် - ၁။ လက်သင်၊ ၂။ ပျမ်းမျှ၊ ၃။ အလယ်အလတ်၊ ၄။ အတွေ့အကြုံရှိသော၊ ၅။ အဆင့်မြင့်

    ဒီဆော့ဗ်ဝဲကို စတင် သုံးစွဲဖို့ လိုအပ်တဲ့ အချိန် - ၃၀ မိနစ်

    ပြန်လည်ရရှိမဲ့ အကျိုးကျေးဇူးများ -

    • အလွန် ရေပမ်းစားတဲ့ လက်ငင်း စာတိုပို့ရေး ၀န်ဆောင်မှု တချို့ကို ပရိုဂရမ် တခုထဲမှာ စုစည်းထားပြီး စီစဉ်နိုင်၊ စီမံခန့်ခွဲနိုင်တယ်
    • သီးသန့်ဖြစ်ပြီး စစ်မှန်တဲ့ chat စကားပြောဆိုမှုတွေကို ဆောင်ရွတ်နိုင်တယ်

    GNU Linux, Mac OS နဲ့ တခြား Microsoft Windows တွေနဲ့ လိုက်ဖက်တဲ့ ပရိုဂရမ်များ -

    Pidgin နဲ့ OTR နှစ်မျိုးစလုံးကို Microsoft Windows နဲ့ GNU/Linux တို့အတွက် ရရှိနိုင်တယ်။ OTR ကို ပံ့ပိုးမှုပေးတဲ့ Microsoft Windows ရဲ့ တခြား multi-protocol IM ပရိုဂရမ်ကတော့ Miranda IM ဖြစ်တယ်။ Mac OS မှာတော့ OTR plugin ကို ပံ့ပိုးမှုပေးတဲ့ multi-protocol IM ပရိုဂရမ် တခု ဖြစ်တဲ့ Adium ကို အသုံးပြု နိုင်ပါတယ်။

    ၁.၁ ဒီပရိုဂရမ်ကို စတင် အသုံးမပြုခင် သိထားသင့်တဲ့ အချက်များ

    Pidgin ဟာ အခမဲ့ပြီး ပွင့်လင်းတဲ့ အရင်းအမြစ် Instant Messaging (IM) ဂလိုင်း ဖြစ်တယ်၊ IM အကောင့်အမျိုးမျိုးကို interface တခုထဲမှာ စုစည်းပြီး စီစဉ်နိုင်၊ စီမံခန့်ခွဲနိုင်တယ်။ Pidgin ကို စတင် မသုံးစွဲခင်၊ လောလောဆယ် သင် အသုံးပြုနေတဲ့ IM အကောင့် တခုခု ရှိထားရမယ်၊ အဲဒီ အကောင့်ကို Pidgin မှာ မှတ်ပုံတင်ထားရမယ်။ ဥပမာ အားဖြင့်၊ အကယ်လို့ သင့်ဆီမှာ Gmail အီးမေးလ် အကောင့်တခု ရှိတယ် ဆိုရင်၊ IM ၀န်ဆောင်မှု တခု ဖြစ်တဲ့ GoogleTalk ကို Pidgin ထဲမှာ အသုံးပြုနိုင်တယ်။ လက်ရှိ IM အကောင့် log-in အချက်အလက်ကို အသုံးပြုပြီး Pidgin ထဲမှာ မှတ်ပုံတင်နိုင်၊ ၀င်ရောက် အသုံးပြုနိုင်ပါတယ်။

    မှတ်ချက် - သုံးစွဲသူ အားလုံးက သူတို့ရဲ့ Instant Messaging Service Provider တွေရဲ့ privacy နဲ့ လုံခြုံရေး မူဝါဒတွေကို အတတ်နိုင်ဆုံး လေ့လာ သိရှိထားဖို့ လိုအပ်ပါတယ်။

    Pidgin က အောက်ပါ IM ၀န်ဆောင်မှုတွေကို ပံ့ပိုးထားတယ် - AIM, Bonjour, Gadu-Gadu, Google Talk, Groupwise, ICQ, IRC, MIRC, MSN, MXit, MySpaceIM, QQ, SILC, SIMPLE, Sametime, Yahoo!, Zephyr နဲ့ XMPP messaging protocol ကို အသုံးပြတဲ့ IM clients အားလုံး။

    Pidgin ကို သူနဲ့ အမျိုးမတူတဲ့ IM services တွေနဲ့ ဆက်သွယ် စကားပြောလို့ မရဘူး။ ဥပမာ အားဖြင့်၊ အကယ်လို့ Pidgin ကို အသုံးပြုပြီး Google Talk အကောင့်ထဲ ၀င်မယ် ဆိုရင်၊ ICQ အကောင့်ကို အသုံးပြုနေတဲ့ မိတ်ဆွေ တယောက်ယောက်ကို chat လုပ်လို့ ရမှာ မဟုတ်ပါဘူး။

    ဒါပေမဲ့၊ Pidgin ကို ပံ့ပိုးမှုပေးတဲ့ messaging protocols တွေကို အခြေခံပြီး multiple accounts တွေကို configure လုပ်နိုင်၊ စီမံခန့်ခွဲနိုင်တယ်။ ဆိုလိုတာက Gmail နဲ့ ICQ အကောင့်တွေကို တပြိုင်တည်း အသုံးပြုပြီး (Pidgin က ထောက်ပံ့ထားတဲ့) services တခုခုနဲ့ အဆက်အသွယ် လုပ်တဲ့သူတွေကို chat စကားပြောနိုင်ပါတယ်။

    Pidgin ဟာ IM sessions အတွက် အထူး သင့်တော်တယ်၊ တခြား messaging clients တွေထက် ပိုကောင်းတဲ့ လုံခြုံရေးကို ပံ့ပိုးထားပြီး သင့်ရဲ့ privacy နဲ့ လုံခြုံရေးကို အန္တရာယ် ဖြစ်နိုင်တဲ့ မလိုအပ်တဲ့ adware (သို့) spyware တွေလည်း မပါဘူး။

    Off-the-Record (OTR) စာတိုပေးပို့ရေးစနစ်ဟာ Pidgin အတွက် စီစဉ် ရေးသားထားတဲ့ plugin တခု ဖြစ်တယ်။ အောက်ပါ privacy နဲ့ လုံခြုံရေး features တွေကို ပံ့ပိုးထားတယ် -

    • Authentication - သင်နဲ့ ဆက်သွယ် စကားပြောနေသူဟာ သင် ရည်ရွယ်ထားတဲ့သူ ဖြစ်ကြောင်း အတည်ပြုလို့ ရတယ်။
    • Deniability - စကားပြောဆိုမှု chat session ပြီးဆုံးသွားတဲ့အခါ၊ စာတိုပေးပို့ချက်တွေကို ဘယ်နေရာကနေ လုပ်တယ်၊ ဘယ်သူနဲ့ စကားပြောတယ် စတာတွေကို ခွဲခြား ဖေါ်ထုတ်လို့ ရမှာ မဟုတ်ပါဘူး။
    • Encryption - လက်ငင်း စာတိုပေးပို့ချက်တွေကို ဘယ်သူမှ ရယူ ဖတ်ရှုလို့ ရမှာ မဟုတ်ပါဘူး။
    • Perfect Forward Security - အကယ်လို့ တယောက်ယောက်က သင့်ရဲ့ private keys တွေကို ရရှိသွားတယ် ဆိုရင်၊ အရင်က စကားပြောဆိုချက်တွေကို သိနိုင်မှာ မဟုတ်ဘူး။

    မှတ်ချက် - Pidgin ကို OTR plugin မတိုင်ခင် install လုပ်ထားရပါ့မယ်။

    Pidgin နဲ့ OTR ကို Install လုပ်ခြင်း

    • လက်ကမ်းလမ်းညွှန် မိတ်ဆက် အကျဉ်းချုပ်ကို ဖတ်ရှုပါ။
    • www.pidgin.im/download/windows စာမျက်နှာကို ဖွင့်ဖို့ အောက်က Pidgin icon ကို နှိပ်ပါ
    • Download Pidgin for Windows link ကို နှိပ်ပါ
    • installation ဖိုင်ကို Save လုပ်ပြီး၊ နေရာချထားပါ၊ အဲဒီနောက် နှစ်ချက် နှိပ်ပါ
    • www.cypherpunks.ca/otr စာမျက်နှာကို ဖွင့်ဖို့ အောက်က OTR icon ကို နှိပ်ပါ
    • OTR plugin for Pidgin အခန်းက Win32 installer for pidgin link ကို နှိပ်ပါ
    • installer ကို Save လုပ်ပြီး၊ နေရာချထားပါ၊ အဲဒီနောက် နှစ်ချက် နှိပ်ပါ
    • Pidgin နဲ့ OTR ကို အောင်အောင်မြင်မြင် Install လုပ်ပြီးတဲ့အခါ Installation ပရိုဂရမ်ကို ကွန်ပျူတာထဲကနေ ပယ်ဖျက်နိုင်တယ်။

    Pidgin: OTR -

    Pidgin နဲ့ OTR ဆော့ဗ်ဝဲကို Install လုပ်ပြီး အကောင့်ကို Pidgin မှာ မှတ်ပုံတင်၊ Set Up လုပ်နည်း

    ဒီစာမျက်နှာမှာ ပါဝင်တဲ့ အပိုင်းများ -

    ၂.၀ Pidgin အကြောင်း

    Pidgin နဲ့ Off-the-Record (OTR) နှစ်ခုစလုံးက အလိုအလျှောက် စာဝှက်ပေးတယ်၊ ပရိုဂရမ် တခုခု အလုပ်လုပ်နိုင်ဖို့ authentication engine ကို စနစ်တကျ install ထားရမယ်။ ပရိုဂရမ် နှစ်ခုစလုံးကို installation လုပ်ရတာ လွယ်ကူပြီး မြန်ဆန်ပါတယ်။

    ၂.၁ Pidgin ကို Install လုပ်နည်း

    အဆင့် ၁ ကို နှိပ်ချက် နှိပ်ပါ၊ Open File - Security Warning dialog box ပေါ်လာလိမ့်မယ်။ အောက်ပါ မျက်နှာပြင်ကို သက်ရောက်စေဖို့ ကို နှိပ်ပါ -

    ပုံ ၁ - Install လုပ်တဲ့အခါ ဘာသာစကား ရွေးချယ်အတည်ပြုတဲ့ နေရာပြပုံ

    အဆင့် ၂Welcome to the Pidgin 2.7.11 Setup Wizard မျက်နှာပြင်ကို သက်ဝင်စေဖို့ နှိပ်ပါ။

    အဆင့် ၃License Agreement မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ၊ License Agreement ကို ဖတ်ပြီးတဲ့အခါ၊ Pidgin 2.7.11 Setup - Choose Components ၀င်းဒိုးကို သက်ဝင်စေဖို့ ကို နှိပ်ပါ။

    အဆင့် ၄Pidgin 2.7.11 Setup - Choose Install Location ၀င်းဒိုးကို သက်ဝင်စေဖို့ ကို နှိပ် ပါ။

    အဆင့် ၅။ default installation ဖိုင်တည်နေရာကို အတည်ပြုဖို့ နှိပ်ပြီး၊ Pidgin ဆော့ဗ်ဝဲ ကို install စလုပ်ဖို့ Pidgin 2.7.11 Setup - Installing ၀င်းဒိုးကို activate လုပ်ပါ။

    ဖိုင်တွဲတွေနဲ့ ဖိုင်တွေဟာ အလိုလို install စလုပ်ကြမှာ ဖြစ်ပြီး ခဏအတွင်း ပြီးသွားလိမ့်မယ်။ installation လုပ်ပြီးသွားတဲ့အခါ Pidgin 2.7.11 Setup - Installation Complete window ပေါ်လာပါလိမ့်မယ်။

    အဆင့် ၆Completing the Pidgin 2.7.11 Setup Wizard ကို သက်ဝင်စေဖို့ ကို နှိပ်ပါ။

    အောက်က အဆင့်ကို စိတ်ကြိုက် ရွေးချယ်နိုင်တယ် -

    အဆင့် ၇။ အကယ်လို့ Pidgin ကို ချက်ခြင်း ဖွင့်ချင်ရင်၊ option ကို Check လုပ်ပါ။

    မှတ်ချက် - installation လုပ်ငန်းစဉ် အဆင့် ၃ ကို လုပ်နေတဲ့အချိန်မှာ၊ Pidgin ကို Start > Programs စာရင်းမှာ ပေါ်လာဖို့ configure လုပ်ထားပေးတယ်၊ နောက်ပိုင်းကျရင် အဲဒီ နေရာကနေ ဖွင့်လို့ ရပါတယ်။

    အဆင့် ၈Pidgin ကို အပြီးသတ် install လုပ်ဖို့ ကို နှိပ်ပါ။

    ၂.၂ Pidgin Off-the-Record (OTR) Engine ကို Install လုပ်နည်း

    အဆင့် ၁ ကို နှစ်ချက် နှိပ်ပါ၊ Open File - Security Warning dialog box ပေါ်လာလိမ့်မယ်။ အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ -

    ပုံ ၂ - pidgin-otr 3.2.0-1 Setup မှ ကြိုဆိုတဲ့ Wizard ပြပုံ

    အဆင့် ၃License Agreement မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ၊ License Agreement ကို ဖတ်ပြီးတဲ့အခါ၊ pidgin-otr 3.2.0-1 Setup - Choose Install Location မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ။

    အဆင့် ၄။ installation လုပ်ငန်းစဉ်ကို စတင်ဖို့ ကို နှိပ်ပါ။

    အဆင့် ၅Pidgin-OTR messaging ဆော့ဗ်ဝဲ အင်ဂျင်ကို အပြီးသတ် install လုပ်ဖို့ ကို နှိပ်ပါ။

    Pidgin နဲ့ OTR နှစ်ခုစလုံးကို အပြီးသတ် install လုပ်ပြီးတဲ့အခါ၊ အောက်ပါ icon လေးဟာ Windows task bar ထဲမှာ ပေါ်လာပါလိမ့်မယ် -

    ပုံ ၃ - အနက်ရောင်နဲ့ ကွပ်ထားတဲ့ Pidgin-OTR icon ပြပုံ

    Pidgin နဲ့ OTR ပရိုဂရမ်ကို အောင်အောင်မြင်မြင် install လုပ်လိုက်ပြီ။

    ၂.၃ Pidgin ထဲမှာ အကောင့် မှတ်ပုံတင်ခြင်းနဲ့ Setup လုပ်ငန်းစဉ် ခြုံငုံ သုံးသပ်ချက်

    Pidgin account registration နဲ့ setup process မှာ အခြေခံ အဆင့် လေးဆင့် ရှိတယ်၊ လက်ရှိ IM အကောင့်ကို Pidgin ထဲမှာ မှတ်ပုံတင်ခြင်း၊ Pidgin universe ထဲမှာ ဖေါ်ပြတဲ့အတိုင်း အဆက်အသွယ် လုပ်တဲ့သူ (သို့) buddy တဦးကို ထည့်သွင်းခြင်း၊ တဖက်က သင့်ရဲ့ buddy ကိုလည်း အလားတူ လုပ်စေပြီး၊ စတင် chatting စကားပြောဖို့ chat ၀င်းဒိုးကို ဖွင့်လိုက်ပါ။

    Chat (သို့) IM sessions တွေဟာ အဖွဲ့ နှစ်ဖွဲ့အကြားက ဖြစ်ပျက်နေတဲ့ အရာ ဖြစ်တယ်။ ဒီစာမျက်နှာမှာ ပါတဲ့ ဥပမာတွေထဲမှာ အကောင့် မှတ်ပုံတင်တဲ့ အဆင့် အမျိုးမျိုးမှာ buddies/အဆက်အသွယ် လုပ်တဲ့သူ နှစ်ဖက်စလုံးမှာ ဖြည့်စွတ်ပုံစံ အမျိုးမျိုး၊ ၀င်းဒိုးစ် အမျိုးမျိုး ပေါ်လာတဲ့ ပုံစံတွေကို ဖေါ်ပြထားတယ်။ ဒီဥပမာတွေ အားလုံးဟာ Google Talkprotocol ကို အခြေခံထားပါတယ်။

    မှတ်ချက် - Pidgin ကို စတင် မသုံးစွဲခင်၊ ပုံ ၃ မှာ ပြထားတဲ့အတိုင်း သင့်ဆီမှာ providers တခုခုဆီက Internet Messaging (IM) အကောင့်တခုခု ရှိထားပြီးသား ဖြစ်နိုင်တယ်။ အကယ်လို့ သင်ဟာ IM အကောင့် တခုကို ဖွင့်ချင်တာ ဆိုရင်၊ Google Talk ကို အသုံးပြုဖို့ အထူး အကြံပြုလိုတယ်။

    ၂.၄ Instant Messaging အကောင့်ကို Pidgin မှာ မှတ်ပုံတင်နည်း

    IM အကောင့်ကို Pidgin မှာ မှတ်ပုံတင်ဖို့၊ အောက်ပါ အဆင့်တွေကို လုပ်ဆောင်ပါ -

    အဆင့် ၁ ကို နှိပ်ပါ (သို့) Pidgin ကို ဖွင့်ဖို့ Start > Pidgin ကို select လုပ်ပါ။ Pidgin ကို ပထမအကြိမ် အသုံးပြုတာ ဆိုရင်၊ အောက်ပါ မျက်နှာပြင် ပေါ်လာလိမ့်မယ် -

    ပုံ ၄ - အကောင့်တွေကို အတည်ပြုချက်ပေးတဲ့ ၀င်းဒိုးပြပုံ

    အဆင့် ၂Add Account အလွတ်တခုကို သက်ဝင်စေဖို့ အောက်ပါအတိုင်း ကို နှိပ်ပါ -

    ပုံ ၅ - Basic, Advanced and Proxy tabs တွေကို ဖေါ်ပြနေတဲ့ Add Account မျက်နှာပြင် ပြပုံ

    အဆင့် ၃Pidgin က ပံ့ပိုးထားတဲ့ IM ၀န်ဆောင်မှု protocols တွေကို ကြည့်ရှုဖို့ Protocol drop-down စာရင်းကို နှိပ်ပါ -

    ပုံ ၆ - ပံ့ပိုးထားတဲ့ IM protocols စာရင်း တခုကို ဖေါ်ပြနေတဲ့ Add အကောင့် ၀င်းဒိုး ပြပုံ

    အဆင့် ၄။ သင့်တော်တဲ့ IM protocol ကို Select လုပ်ပါ။

    မှတ်ချက် - IM ၀န်ဆောင်မှုကို ပေးတဲ့ providers အမျိုးမျိုးက သူတို့ရဲ့ text fields တွေကို ဖြည့်စွတ်ဖို့အတွက် ဖေါ်ပြလာကြလိမ့်မယ်။ တချို့ကိုတော့ အလိုအလျှောက် ဖြည့်စွတ်ထားတယ် (ဥပမာ အားဖြင့်၊ အကယ်လို့ သင်ဟာ Google Talk ကို select လုပ်လိုက်တယ် ဆိုရင်၊ Domain နဲ့ Resource text fields နှစ်ခုစလုံးကို အလိုလို ဖြည့်စွတ်သွားလိမ့်မယ်)။ ဒါပေမဲ့၊ services အားလုံးမှာ username နဲ့ စကားဝှက် ရေးထည့်ဖို့ တောင်းဆိုကြပါလိမ့်မယ်။

    အဆင့် ၅Username နေရာမှာ အီးမေးလ် လိပ်စာကို (ဥပမာ အားဖြင့်၊ terence.t.thester@gmail.com) ရေးထည့်ပါ။

    အဆင့် ၆Password နေရာမှာ သင့်ရဲ့ စကားဝှက်ကို ရေးထည့်ပါ။

    အဆင့် ၇Local Alias နေရာလပ်မှာ သင့်ကို သိရှိနိုင်တဲ့ nickname တခုခုကို ရွေးထည့်ပါ။ (ဒီနေရာကို စိတ်ကြိုက် ရွေးနိုင်တယ်။)

    အရေးကြီးချက် - သင့်ရဲ့ privacy နဲ့ လုံခြုံရေးကို ကောင်းမွန်စေဖို့၊ Remember password option ကို enable လုပ်မထားပါနဲ့။ ဆိုလိုတာက အွန်လိုင်းမှာ chatting လုပ်မဲ့ အချိန်တိုင်းမှာ Pidgin က စကားဝှက်ကို တောင်းလာလိမ့်မယ်။ ဒီလိုလုပ်တဲ့အတွက်၊ ကွန်ပျူတာကို အချိန်အတော်ကြာ မသုံးပဲ ထားတဲ့အခါ၊ သင့်အယောင်ကို ဆောင်တဲ့ တခြားသူက ၀င်ပြီး သုံးနိုင်မှာ မဟုတ်ဘူး။ chat session ပြီးသွားတဲ့အခါ Buddies drop-down menu ထဲက Quit item ကို select လုပ်ပါ။

    ဖြည့်စွတ်ထားတဲ့ Add Account မျက်နှာပြင်ကို အောက်ပါအတိုင်း မြင်တွေ့ရမယ် -

    ပုံ ၇ - ဖြည့်စွတ်ထားတဲ့ Add Account ဖြည့်စွတ်ပုံစံ တခုရဲ့ ဥပမာ ပြပုံ

    သိကောင်းစရာ - Google Talk, IRC, SILC နဲ့ XMPP ဂလိုင်းတွေက စာဝှက်ထားတဲ့ connection တခုခုကို အလွယ်တကူ တောင်းခံလာနိုင်တယ်။

    အဆင့် ၈။ အကောင့်ကို အပြီးသတ် ဖြည့်စွတ်ဖို့ ကို နှိပ်ပြီး၊ Buddy List မျက်နှာပြင်ထဲက မွမ်းမံထားတဲ့ Accounts တခုကို အောက်ပါအတိုင်း တပြိုင်ထဲ activate လုပ်ပါ -

    ပုံ ၈ - မွမ်းမံထားတဲ့ Accounts ၀င်းဒိုး တခု ပုံ ၉ - Active mode မှာ ရှိနေတဲ့ Buddy List

    အဲဒီ အဆင့်တွေကို လုပ်ပြီးသွားတဲ့အခါ၊ Pidgin buddies တွေရဲ့ ဆက်သွယ်မဲ့ လိပ်စာတွေကို ရေးထည့်ပြီး သူတို့ကို register လုပ်ဖို့ အခု သင် အဆင်သင့် ဖြစ်နေပါပြီ။

    ၂.၅ Pidgin ထဲမှာ Buddy တယောက် ထည့်သွင်းနည်း

    Pidgin ထဲမှာ Buddies (သို့) အဆက်အသွယ် လုပ်တဲ့သူတွေကို ထည့်သွင်းတယ် ဆိုတာ သူတို့ကို ဆက်သွယ်ရမဲ့ လိပ်စာတွေကို ထည့်သွင်းပြီး save လုပ်တာတွေ ပါဝင်တယ်။ အောက်မှာ ဖေါ်ပြတဲ့ ဥပမာအရ၊ တာရိန်က ဆာလီမာကို သူ့ရဲ့ buddy အဖြစ် ထည့်သွင်းမှာ ဖြစ်ပါတယ်။

    Buddy တယောက်ကို IM အကောင့်ထဲမှာ ထည့်သွင်းဖို့၊ အောက်ပါ အဆင့်တွေကို လုပ်ဆောင်ပါ -

    အဆင့် ၁Buddies နဲ့ သက်ဆိုင်တဲ့ menu ကို သက်ဝင်စေဖို့ သူ့ကို နှိပ်ပြီး၊ အောက်ပါအတိုင်း + Add Buddy... item ကို select လုပ်ပါ -

    ပုံ ၁၀ - Buddies item ကို select လုပ်ထားတဲ့ Buddy List menu ပြပုံ

    အောက်ပါ မျက်နှာပြင်ကို သက်ဝင်လာစေလိမ့်မယ် -

    ပုံ ၁၁ - Add Buddy ၀င်းဒိုး ပြပုံ

    အဆင့် ၁။ အကယ်လို့ အကောင့် အများကြီး ရှိရင်၊ သင့်ရဲ့ 'buddy' ရဲ့ messaging service နဲ့ တူတဲ့ အကောင့်ကို select လုပ်ပါ။

    မှတ်ချက် - အကယ်လို့ သင်နဲ့ သင့်ရဲ့ buddy နှစ်ယောက် စလုံးဟာ တဖက်ကနေ Pidginကို မသုံးဘူး ဆိုရင်တောင် messaging service တမျိုးတည်းကို အသုံးပြုဖို့ လိုတယ်။ ICQ (သို့) MSN ထဲက buddy ကို Google Talk အကောင့် တခုမှာ ထည့်လို့ မရဘူး။ ဒါပေမဲ့၊ Pidgin မှာ ပံ့ပိုးထားတဲ့ protocols တွေကို အခြေခံထားတဲ့ အကောင့် အများအပြားကို register လုပ်ပြီး အသုံးပြုနိုင်တယ်၊ အဲဒီမှာ buddy တယောက်ယောက်ကို Google Talk နဲ့ စကားပြောနေတဲ့ အချိန်မှာ တခြား buddy ကို ICQ (သို့) MSN ကို အသုံးပြုပြီး စကားပြောနိုင်တယ်။

    အဆင့် ၃။ သင့် buddy ရဲ့ အီးမေးလ် လိပ်စာကို Username နေရာမှာ ရေးထည့်ပါ။

    အောက်က အဆင့်ကတော့ စိတ်ကြိုက် ရွေးလို့ ရတယ်။

    အဆင့် ၄(Optional) Alias နေရာမှာ buddy ရဲ့ Alias (သို့) nickname ကို ရေးထည့်ပါ၊ ဒါဆိုရင် သင့်ရဲ့ Add Buddy ဖြည့်စွတ်ပုံစံဟာ အောက်က မျက်နှာပြင်နဲ့ တူလာလိမ့်မယ် -

    ပုံ ၁၂ - ဖြည့်စွတ်ပြီးသွားတဲ့ Add Buddy ဖြည့်စွတ်ပုံစံ တခုရဲ့ ဥပမာ ပြပုံ

    အဆင့် ၅။ buddy ကို ထည့်သွင်းဖို့ ကို နှိပ်ပါ။

    မှတ်ချက် - သင့် buddy ရဲ့ တောင်းဆိုချက်ကို အတည်ပြုဖို့ သူ့ဆီမှာ စာတစောင်ပို့ပြီး တောင်းဆိုလာလိမ့်မယ်၊ သူ့ရဲ့ Buddy List ထဲမှာ အောက်ပါအတိုင်း ပေါ်လာလိမ့်မယ် -

    ပုံ ၁၃ - ဆာလီမာကို သူ့ရဲ့ buddy အဖြစ် ဖေါ်ပြနေတဲ့ တာရိန်းစ်ရဲ့ Buddy စာရင်း ပြပုံ

    ဒီနေရာမှာ၊ သင့်ရဲ့ buddy က အောက်ပါ အဆင့်ကို လုပ်ဆောင်ရမယ် -

    အဆင့် ၆။ ဒီလူကို သင့်ရဲ့ buddy အဖြစ် ထည့်သွင်းပြီး သင့်ရဲ့ Buddy List ထဲမှာ ပြသဖို့ ကို နှိပ်ပါ -

    ပုံ ၁၄ - Salima ရဲ့ Buddy List ထဲမှာ ပေါ်လာတဲ့ Authorize buddy တောင်းဆိုချက် ပြပုံ

    မှတ်ချက် - အပေါ်က ဥပမာထဲမှာ၊ ဆာလီမာရဲ့ Alias (သို့) nickname ကို ဖေါ်ပြထားပြီး၊ တခြား လုံခြုံရေး အထောက်အထား အဆင့်ကို ထည့်သွင်းထားတယ်။

    ၂.၆ Pidgin ကို သုံးစွဲနေသူက သင့်ကို Buddy တယောက်အဖြစ် ထည့်သွင်းနည်း

    Pidgin chat buddy ကို ထည့်သွင်းပြီးတဲ့အခါ၊ ခွင့်ပြုပြီးတဲ့အခါ၊ အတည်ပြုပြီးတဲ့အခါ၊ ဒီပုံစံအတိုင်း သူက သင့်ရဲ့ IM ဆက်သွယ်တဲ့ လိပ်စာကို လုပ်သွားရမှာ ဖြစ်တယ်။

    ဒီအခန်းမှာ ဖေါ်ပြတဲ့ ဥပမာအရ ဆာလီမာဟာ တာရိန်းစ်ကို Pidgin ထဲမှာ သူမရဲ့ chat buddy အဖြစ် ခွင့်ပြုတာတွေ၊ အတည်ပြုတာတွေကို ဖေါ်ပြထားတယ်။ ဆာလီမာက အခန်း ၃.၂ Pidgin ထဲမှာ Buddy တဦးကို ထည့်သွင်းနည်း ထဲက အဆင့် ၁ ကနေ အဆင့် ၆ အထိ လုပ်သွားပါတယ်။

    အာလီမာဟာ အဆင့် ၁ ကနေ ၃ ကို ပြီးသွားတဲ့အခါ၊ သူမရဲ့ Add Buddy ၀င်းဒိုးဟာ အောက်ပါအတိုင်း ပေါ်လာတယ် -

    ပုံ ၁၅ - ဆာလီမာရဲ့ Add Buddy ၀င်းဒိုး ပြပုံ

    ဆာလီမာဟာ တာရိန်းစ်ကို သူမရဲ့ buddy အဖြစ် တပြိုင်ထဲ ထည့်သွင်းဖို့ ကို နှိပ်ပြီး တာရိန်းစ်ဆီ authorisation တောင်းဆိုချက် တခုကို အောက်ပါ အတိုင်း ပေးပို့လိုက်ပါတယ် -

    ပုံ ၁၆ - တာရိန်းစ်ဆီမှာ ပေါ်လာတဲ့ Authorize buddy တောင်းဆိုချက် ပြပုံ

    မှတ်ချက် - cursor ကို Buddy List ထဲမှာ ရှိတဲ့ buddy တယောက်ယောက် အပေါ်မှာ တင်လိုက်ရင်၊ pop-up တခု အောက်ပါအတိုင်း ပေါ်လာပါလိမ့်မယ် -

    ပုံ ၁၇ - တာရိန်းစ်ကို သူမရဲ့ buddy အဖြစ် ဖေါ်ပြနေတဲ့ ဆာလီမာရဲ့ Buddy List ၀င်းဒိုး ပြပုံ

    ၂.၇ Pidgin ထဲမှာ IM ၀င်းဒိုးတခု ဖွင့်နည်း

    IM chat တခုကို Pidgin ထဲကနေ ဖွင့်ဖို့၊ အောက်ပါ အဆင့်တွေကို လုပ်ဆောင်ပါ -

    အဆင့် ၁။ သင် လုပ်နိုင်တဲ့ အလုပ်တွေ အားလုံးကို ဖေါ်ပြတဲ့ pop-up menu တခုကို သက်ဝင်စေဖို့ Buddy List ထဲက သင့်ရဲ့ buddy နာမည်ကို ညာဖက် နှိပ်လိုက်ပါ -

    ပုံ ၁၈ - Buddy tasks menu ပြပုံ

    အဆင့် ၂။ ပုံမှန် chat ၀င်းဒိုးတခုကို အောက်ပါအတိုင်း သက်ဝင်စေဖို့ pop-up menu ထဲက IM item တခုကို Select လုပ်ပါ -

    ပုံ ၁၉ - Pidgin မှာ ရှိတဲ့ ပုံမှန် chat ၀င်းဒိုးတခုပြပုံ

    အခုချိန်မှာ သင်ဟာ Pidgin ကို အသုံးပြုပြီး သင့်ရဲ့ buddy နဲ့ chatting စကားပြောဖို့ အဆင်သင့် ဖြစ်နေပြီ။ ပထမဆုံး အနေနဲ့၊ သင့်ရဲ့ chat sessions တွေဟာ Privacy ရှိပြီး လုံခြုံမှု ရှိစေဖို့ OTR ကို configure လုပ်ပါ။

    ၂.၈ Pidgin ထဲမှာ အကောင့်တခုကို Re-enable လုပ်နည်း

    အမြဲတမ်းလိုလိုပဲ သင့်ရဲ့ Pidgin အကောင့် disable ဖြစ်နေတာမျိုး ကြုံရလိမ့်မယ်၊ အင်တာနက်လိုင်း မကောင်းတာတို့၊ (သို့) ကွန်ပျူတာ ကောင်းကောင်း အလုပ်မလုပ်တာတို့ ကြုံရနိုင်တယ်။ Pidgin ကို စနစ်တကျ မပိတ်လို့ (သို့) shut down မလုပ်ထားလို့ disable ဖြစ်နေတာ ဖြစ်နိုင်တယ်။ Pidgin ထဲမှာ အကောင့်ကို enable လုပ်နိုင်တဲ့ နည်းလမ်း အများကြီး ရှိပါတယ်။

    အကောင့်ကို re-enable လုပ်ဖို့၊ အောက်ပါ အဆင့်တွေကို လုပ်ဆောင်ပါ -

    အဆင့် ၁ ကို နှိပ် ပါ (သို့) Pidgin ကို ဖွင့်ဖို့ Start > Pidgin ကို select လုပ်ပါ။

    အဆင့် ၂Accounts menu ကို Open လုပ်ပါ၊ နောက်ပြီး အောက်ပါအတိုင်း Manage Accounts ကို select လုပ်လိုက်ပါ -

    ပုံ ၂၀ - Manage Accounts item ကို select (re-size ပြန်လုပ်ထားတဲ့) လုပ်ထားတဲ့ Accounts menu ပြပုံ

    အောက်ပါ မျက်နှာပြင် ဖွင့်လာလိမ့်မယ် -

    ပုံ ၂၁ - disable လုပ်ထားတဲ့ အကောင့်တခုကို ဖေါ်ပြနေတဲ့ (re-size ပြန်လုပ်ထားတဲ့) Accounts ၀င်းဒိုး ပြပုံ

    အဆင့် ၃Pidgin စကားဝှက် အချက်ပေး ၀င်းဒိုးကို အောက်ပါအတိုင်း သက်ဝင်စေဖို့ သင့်ရဲ့ အကောင့်ဘေးက check box ကို နှိပ်ပါ -

    ပုံ ၂၂ - Pidgin စကားဝှက်ကို အချက်ပေးတဲ့ dialog box ပြပုံ

    အဆင့် ၄။ ကိုယ်ပိုင် Pidgin စကားဝှက် အချက်ပေး dialog box ဟာ အောက်က ပုံနဲ့ ဆင်တူဖို့ သင့်ရဲ့ စကားဝှက်ကို ရေးထည့်ပါ -

    ပုံ ၂၃ - စကားဝှက် နေရာလပ်ကို ဖြည့်ထားတဲ့ Pidgin စကားဝှက် အချက်ပေး dialog box ပြပုံ

    အဆင့် ၅။ အကောင့်တွေကို အောက်ပါအတိုင်း re-enable ပြန်လုပ်ဖို့ ကို နှိပ်ပါ -

    ပုံ ၂၄ - အကောင့်တခုကို အောင်အောင်မြင်မြင် re-enable လုပ်ထားတဲ့ ဥပမာ ပြပုံ

    အဆင့် ၆Accounts ၀င်းဒိုးကို ပိတ်ဖို့ ကို နှိပ်ပါ။

    Pidgin မှာ လုံခြုံတဲ့ စာတိုပေးပို့မှု စနစ်ကို စတင်ဖို့ OTR ကို အသုံးပြုနည်း

    ဒီစာမျက်နှာမှာ ပါဝင်တဲ့ အပိုင်းများ -

    ၃.၀ Pidgin နဲ့ OTR အကြောင်း

    သင်နဲ့ အဆက်အသွယ် လုပ်နေတဲ့သူဟာ သီးသန့်ရှိပြီး လုံခြုံတဲ့ Internet Messaging (IM) sessions တွေကို enable မလုပ်ခင် OTR plugin ကို configure လုပ်ထားရမယ်။ OTR plugin ဟာ Pidgin အတွက် အထူး ထုတ်လုပ်ထားတာ ဖြစ်တယ်။ နှစ်ခုစလုံးကို install လုပ်တဲ့အခါ အလိုအလျှောက် ချိတ်ဆက်မိသွားမှာ ဖြစ်ပြီး OTR plugin ကို စနစ်တကျ configure လုပ်သွားမှာ ဖြစ်ပါတယ်။

    မှတ်ချက် - အကယ်လို့ OTR ကို install လည်း မလုပ်၊ configure လည်း လုပ်မထားတဲ့ မိတ်ဆွေတဦးနဲ့ သီးသန့် စကားပြောနေတယ် ဆိုရင်၊ သူ့ဆီ OTR plugin ကို ရရှိနိုင်တဲ့ နည်းလမ်းကို ရှင်းပြတဲ့ စာတစောင်ကို အလိုအလျှောက် ပေးပို့လိမ့်မယ်။

    ၃.၁ Pidgin-OTR Plugin ကို Configure လုပ်နည်း

    OTR plugin ကို enable လုပ်ဖို့၊ အောက်ပါ အဆင့်တွေကို ဆောင်ရွတ်ပါ -

    အဆင့် ၁Pidgin ကို ဖွင့်ဖို့ ကို နှစ်ချက် နှိပ်ပါ (သို့) Start > Programs > Pidgin ကို select လုပ်ပါ၊ အဲဒီနောက် Buddy List ၀င်းဒိုးကို ဖွင့်လိုက်ပါ။ (ပုံ ၁ ကို ကြည့်ပါ)

    အဆင့် ၂Tools menu ကို Open လုပ်ပြီး Plugins item ကို အောက်ပါအတိုင်း select လုပ်ပါ -

    ပုံ ၁ - Tools menu ကနေ select လုပ်ထားပြီး Plugins item ပါတဲ့ Buddy List ၀င်းဒိုး ပြပုံ

    Plugins ၀င်းဒိုးကို အောက်ပါအတိုင်း သက်ဝင်စေလိမ့်မယ် -

    အဆင့် ၂Off-the-Record Messaging option ရှိတဲ့ နေရာကို Scroll လုပ်ပါ၊ သူ့ကို enable လုပ်ဖို့ သူနဲ့ သက်ဆိုင်တဲ့ check box ကို နှိပ်ပါ။

    ပုံ ၂ - Off-the-Record Messaging ကို select လုပ်ထားတဲ့ OTR Plugins ၀င်းဒိုး ပြပုံ

    အဆင့် ၃Off-the-Record Messaging ကို စတင် configure လုပ်ဖို့ ကို နှိပ်ပါ။

    အခြေခံအားဖြင့်၊ OTR ကို သီးသန့်ရှိပြီး လုံခြုံမှု ရှိစေဖို့ IM sessions တွေကို စနစ်တကျ configure လုပ်တဲ့ နေရာမှာ ပါဝင်တဲ့ အဆင့် ၃ ဆင့် ရှိတယ် -

    • ပထမဆုံး အဆင့် - ဒီအဆင့်မှာ သင့်ရဲ့ အကောင့်နဲ့ သက်ဆိုင်တဲ့ သီးခြား private key တခုကို ဖန်တီးတာ၊ သူ့ရဲ့ fingerprint ကို ဖေါ်ပြတာတွေ ပါဝင်တယ်။

    နောက် အဆင့်နှစ်ခုမှာ IM session ကို လုံခြုံစေခြင်းနဲ့၊ buddies တွေကို စစ်မှန်ကြောင်း အတည်ပြုခြင်းတို့ ပါဝင်တယ်။

    • ဒုတိယ အဆင့် - ဒီအဆင့်မှာ လူတယောက်ယောက်က လောလောဆယ် အွန်လိုင်းမှာ ရှိနေတဲ့ တခြား လူတယောက်ကို သီးသန့်ရှိပြီး လုံခြုံတဲ့ စာတိုပေးပို့မှု တခုကို အသုံးပြုဖို့ တောင်းဆိုတာ ပါဝင်တယ်။

    • တတိယ အဆင့် - ဒီအဆင့်မှာ Pidgin ထဲက buddy ဟာ စစ်မှန်ကြောင်း အတည်ပြုတာ ပါဝင်တယ်။ (မှတ်ချက် - Pidgin ထဲက buddy ဆိုတာ IM sessions လုပ်တဲ့အချိန်မှာ သင်နဲ့ ဆက်သွယ်နေတဲ့ လူတိုင်းကို ဆိုလိုတယ်။) buddy တဦးတယောက်ရဲ့ စစ်မှန်မှုကို အတည်ပြုတဲ့ လုပ်ငန်းစဉ်ကို Pidgin မှာ authentication လို့ ခေါ်တယ်။ ဒီအချက်က buddy တဦးတယောက်ဟာ သင် သိကျွမ်းထားတဲ့ သူ အစစ်အမှန်ဖြစ်ကြောင်း သက်သေပြတာ ဖြစ်ပါတယ်။

    ၃.၂ ပထမ အဆင့် - Private Key တခုကို ဖန်တီးပြီး သူ့ရဲ့ Fingerprint ကို ပြသနည်း

    ဆီလျှော်တဲ့ အကောင့်အတွက် private key တခု ထုတ်လုပ်ခြင်းဖြင့် Pidgin ထဲက လုံခြုံတဲ့ chat sessions တွေကို ဖွင့်ထားနိုင်တယ်။ Off-the-Record configuration ၀င်းဒိုးကို Config နဲ့ Known fingerprints tabs စသဖြင့် ခွဲခြားထားတယ်။ Config tab ကို အကောင့် တခုစီရဲ့ key ကို ထုတ်လုပ်ရာမှာ အသုံးပြုတယ်။ Known fingerprints tab မှာတော့ သင့် မိတ်ဆွေတွေရဲ့ keys တွေ ပါဝင်တယ်။ buddy တဦးဦးနဲ့ သီးသန့် chat လုပ်နိုင်ဖို့ သင့်ဆီမှာ key တခုခု ရှိထားဖို့ လိုတယ်။

    ပုံ ၃ - Config tab ကို ဖေါ်ပြတဲ့ Off-the-Record Messaging မျက်နှာပြင်ပြပုံ

    အဆင့် ၁။ privacy ကို ကောင်းမွန်အောင် လုပ်ဖို့၊ အပေါ်က ပုံ ၃ မှာ ပြထားတဲ့အတိုင်း Config tab ထဲက Enable private messagingAutomatically initiate private messaging နဲ့ Don't log OTR conversations options ကို check လုပ်ပါ။

    အဆင့် ၂။ လုံခြုံမှု ရှိတဲ့ key ကို စတင် ထုတ်လုပ်ဖို့ ကို နှိပ်ပါ၊ private key တခုကို ထုတ်လုပ်နေတဲ့အကြာင်း ဖေါ်ပြတဲ့ အချက်ပြ မျက်နှာပြင်ကို အောက်ပါအတိုင်း တွေ့ရပါမယ် -

    ပုံ ၄ - private key ထုတ်လုပ်မှု အတည်ပြုချက် ပြပုံ

    မှတ်ချက် - သင့်ရဲ့ buddy ဟာ သူ့ရဲ့ အကောင့်မှာ အလားတူအဆင့်တွေကို လုပ်ဆောင်ရမှာ ဖြစ်တယ်။

    အဆင့် ၃။ private key (အောက်က ပုံနဲ့ ဆင်တူတယ်) ကို ထုတ်လုပ်ပြီးတဲ့အခါ ကို နှိပ် ပါ -

    ပုံ ၅ - OTR engine ကနေ ထုတ်လုပ်လိုက်တဲ့ key ရဲ့ fingerprint ဥပမာ ပြပုံ

    အရေးကြီးချက် - သင့် အကောင့်မှာ အသုံးပြုမဲ့ private key တခုကို အခု ဖန်တီးလိုက်ပါပြီ။ အဲဒါကို အသုံးပြုပြီး သင့်ရဲ့ စကားပြောဆိုချက်တွေကို - အကယ်လို့ တယောက်ယောက်က သင့်ရဲ့ chat sessions တွေကို ထိန်းချုပ်ဖို့ ကြိုးစားလာရင်တောင် - ဘယ်သူမှ ဖတ်လို့ မရအောင် စာဝှက်ပေးလိမ့်မယ်။ fingerprint ဆိုတာ အက္ခရာတွေနဲ့ နံပါတ်တွေ ပါဝင်တဲ့ စာတန်းဖြစ်ပြီး၊ အပေါ်က ပုံ ၅ မှာ ပြထားတဲ့အတိုင်း အကောင့် တခုခုရဲ့ key ဖေါ်ထုတ် သိရှိနိုင်တယ်။

    Pidgin ဟာ fingerprint နဲ့ buddies တွေကို မှတ်ထားစရာ မလိုအောင် အလိုအလျှောက် save လုပ်ပေးပြီး စစ်ဆေး အတည်ပြုပေးတယ်။

    ၃.၃ ဒုတိယ အဆင့် - စာတိုပေးပို့မှုစနစ် တခု စစ်မှန်ကြောင်း အတည်ပြုနည်း

    အဆင့် ၁IM စကားပြောဆိုမှု အသစ် တခုကို စတင်ဖို့ လောလောဆယ် အွန်လိုင်းမှာ ရှိနေတဲ့ buddy တယောက်ယောက်ရဲ့ အကောင့်ကို နှစ်ချက် နှိပ်ပါ။ အကယ်လို့ သင်တို့ နှစ်ယောက်စလုံးဟာ OTR plugin ကို install လုပ်ထားပြီး စနစ်တကျ configure လုပ်ထားရင်၊ OTR ခလုတ် အသစ်တခုဟာ chat ၀င်းဒိုးရဲ့ အောက် ညာဖက်မှာ ပေါ်လာတာကို တွေ့ရပါလိမ့်မယ်။

    ပုံ ၆ - OTR icon ကို အနက်ရောင်နဲ့ ကွက်ထားတဲ့ Pidgin messaging ၀င်းဒိုး ပြပုံ

    အဆင့် ၂။ Not Private နဲ့ သက်ဆိုင်တဲ့ pop-up menu ကို သက်ဝင်စေဖို့ ကို နှိပ်ပြီး၊ Start private conversation item ကို အောက်ပါအတိုင်း select လုပ်ပါ -

    ပုံ ၇ - Start private conversation item ကို select လုပ်ထားတဲ့ pop-up menu ပြပုံ

    Pidgin IM ၀င်းဒိုးဟာ အောက်ပါ မျက်နှာပြင်အတိုင်း ပေါ်လာလိမ့်မယ် -

    ပုံ ၈ - Unverified tab ကို ဖေါ်ပြတဲ့ Pidgin IM ၀င်းဒိုး ပြပုံ

    မှတ်ချက် - Pidgin ဟာ buddy ရဲ့ IM ပရိုဂရမ်နဲ့ အလိုအလျှောက် ဆက်သွယ်လာပြီး၊ သီးသန့်ရှိပြီး လုံခြုံမှုရှိတဲ့ chat session တခုကို enable လုပ်တဲ့အခါ messages တွေကို ထုတ်လုပ်ပေးတယ်။ ရလဒ်အနေနဲ့၊ OTR ခလုတ်ဟာ အဖြစ် ပြောင်းသွားမှာ ဖြစ်ပြီး၊ သင့်ရဲ့ buddy နဲ့ စာဝှက်ပြီး စကားစတင် ပြောဆိုနိုင်ပြီး ဖြစ်ကြောင်း အချက်ပြလာပါလိမ့်မယ်။

    သတိပေးချက် - အခုချိန်မှာ ဒီစကားပြောဆိုချက်ဟာ လုံခြုံမှု ရှိပေမဲ့၊ သင့် buddy ရဲ့ စစ်မှန်မှုကို အတည်မပြုသေးဘူး။ သတိပြုရန် - buddy တယောက်ယောက်ဟာ သင့်ရဲ့ buddy အယောင်ဆောင်နေတဲ့ တခြားလူ ဖြစ်ချင် ဖြစ်နေနိုင်တယ်။

    ၃.၄ တတိယ အဆင့် - သင်နဲ့ အဆက်အသွယ် လုပ်နေတဲ့သူကို စစ်မှန်ကြောင်း အတည်ပြုနည်း

    Pidgin ထဲက buddy တယောက်ယောက်ကို စစ်မှန်ကြောင်း အတည်ပြုတဲ့ နည်းလမ်း သုံးခုထဲက တခုခုကို အသုံးပြုနိုင်တယ်၊ ၁) ကြိုတင်-စီစဉ်ထားတဲ့ လျှို့ဝှက်ကုဒ် ပါတဲ့ စကားစု (သို့) စာလုံးကို သုံးနည်း ၊ ၂) မေးခွန်းတခု ထုတ်ပြီး၊ သင်တို့ နှစ်ဦးကပဲ သိတဲ့ မေးခွန်းနဲ့ အဖြေ ပေးထားတဲ့နည်း၊ (သို့) ၃) သင့်ရဲ့ fingerprints key ကို သီးခြား ဆက်သွယ်ရေး လမ်းကြောင်း တခုခု အသုံးပြုပြီး စစ်မှန်ကြောင်း အတည်ပြုတဲ့နည်းတို့ ပါဝင်ပါတယ်။

    လျှို့ဝှက်ကုဒ် ပါတဲ့ စကားစု (သို့) စာလုံးကို သုံးနည်း

    ကုဒ်ပါတဲ့ စကားစု (သို့) စာလုံးတခုခုကို သင်နဲ့ ဆက်သွယ်မဲ့ သူနဲ့ လူချင်းတွေ့ပြီး ဖြစ်ဖြစ်၊ တခြား ဆက်သွယ်ရေး လမ်းကြောင်းတွေ (တယ်လီဖုန်း၊ Skype သုံးပြီး စကားပြောခြင်း၊ (သို့) လက်ကိုင်ဖုန်းကနေ စာတိုပေးပို့ခြင်း) တွေကနေတဆင့် ဖြစ်ဖြစ် ကြိုတင် အကြောင်းကြားနိုင်တယ်။ နှစ်ဖက် စလုံးဟာ ကုဒ်ပါတဲ့ စကားစု (သို့) စာလုံး တမျိုးထဲကို ရေးထည့်ပြီးတဲ့ အခါမှာ၊ သင့်ရဲ့ session ကို အတည်ပြုပေးသွားမှာ ဖြစ်ပါတယ်။

    မှတ်ချက် - OTR လျှို့ဝှက်ကုဒ်ပါ စာလုံးကို စစ်ဆေးတဲ့ feature ဟာ case sensitive ဖြစ်တဲ့အတွက်၊ စာလုံးအကြီး (A,B,C) တွေနဲ့ စာလုံးအသေး (a,b,c) တွေရဲ့ ကွာခြားမှုကို ခွဲခြားနိုင်တယ်။ လျှို့ဝှက်ကုဒ် ပါတဲ့ စကားစု (သို့) စာလုံး တခုခုကို ဖန်တီးတဲ့အခါ ဒါကို သတိထားပါ။

    အဆင့် ၁။ chat ၀င်းဒိုးထဲက OTR ခလုတ်ကို နှိပ်ပြီး၊ အောက်မှာ ပြထားတဲ့အတိုင်း Authenticate Buddy item ကို select လုပ်ပါ -

    ပုံ ၉ - Authenticate buddy item ကို select လုပ်ထားတဲ့ Unverified pop-up menu ပြပုံ

    Authenticate Buddy ၀င်းဒိုး ပွင့်လာမှာ ဖြစ်ပြီး၊ စစ်မှန်ကြောင်း အတည်ပြုတဲ့ နည်းလမ်း တခုခုကို select လုပ်ဖို့ အချက်ပြလာလိမ့်မယ်။

    အဆင့် ၂ ကို နှိပ်ပြီး Shared Secret ကို အောက်မှာ ပြထားတဲ့အတိုင်း select လုပ်ပါ -

    ပုံ ၁၀ - drop-down list ကို ဖေါ်ပြနေတဲ့ Authenticate buddy မျက်နှာပြင် ပြပုံ

    အဆင့် ၃။ လျှို့ဝှက်ကုဒ် ပါတဲ့ စာလုံး (သို့) စကားစုကို အောက်ပါအတိုင်း ရေးထည့်ပါ -

    ပုံ ၁၁ - Shared Secret မျက်နှာပြင် ပြပုံ

    အဆင့် ၄။ အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ -

    ပုံ ၁၂ - အယောင်ဆောင်ပြီး ဆက်သွယ်လာသူကို စစ်မှန်ကြောင်း သက်သေပြဖို့ တောင်းဆိုတဲ့ Authenticate Buddy ၀င်းဒိုး ပြပုံ

    အဆင့် ၅Authenticating Buddy တိုးတက်မှု အနေအထားကို ပြတဲ့ bar ကို သက်ဝင်စေဖို့ ကို နှိပ်ပါ၊ ခဏအကြာမှာ အောက်ပါ မျက်နှာပြင် ပေါ်လာလိမ့်မယ် -

    ပုံ ၁၃ - အယောင်ဆောင်ပြီး ဆက်သွယ်လာသူကို စစ်မှန်ကြောင်း သက်သေပြဖို့ တောင်းဆိုတဲ့ Authenticate Buddy ၀င်းဒိုး ပြပုံ

    မှတ်ချက် - သင့်ရဲ့ buddy ဟာ အလားတူ ၀င်းဒိုးကို သူ့ဖက်ကနေ မြင်တွေ့ရမှာ ဖြစ်ပြီး ကုဒ်စာလုံး တမျိုးထဲကို ရေးထည့်ကြရမှာ ဖြစ်တယ်။ အကယ်လို့ ကိုက်ညီတယ် ဆိုရင်၊ သင်ရဲ့ session ကို အတည်ပြုပေးမှာ ဖြစ်ပါတယ်။

    Session ကို တကြိမ် အတည်ပြုပြီးတာနဲ့ OTR ခလုတ်ဟာ အတိုင်း ပြောင်းသွားလိမ့်မယ်။ အခုချိန်မှာ သင့်ရဲ့ session ဟာ လုံခြုံသွားပြီ ဖြစ်တဲ့အတွက် သင့်ရဲ့ buddy နဲ့ စိတ်ချလက်ချ စကားပြောနိုင်ပါပြီ။

    မေးခွန်းထုတ်ပြီး အဖြေပေးတဲ့ နည်းလမ်း

    တဖက်နဲ့ တဖက် မှန်ကန်ကြောင်း အတည်ပြုပေးတဲ့ တခြား နည်းလမ်းကတော့၊ မေးခွန်းထုတ်ပြီး အဖြေပေးတဲ့ နည်းလမ်း ဖြစ်တယ်။ သင့်ရဲ့ buddy က မေးခွန်းကို ဖတ်ပြီးတဲ့အခါ၊ တိကျတဲ့ အဖြေကို ရေးထည့်ရမှာ ဖြစ်တယ်၊ အကယ်လို့ သူ့ရဲ့ အဖြေဟာ သင့်ဆီက အဖြေနဲ့ ကိုက်ညီတယ် ဆိုရင်၊ အလိုအလျှောက် အတည်ပြုသွားမှာ ဖြစ်ပါတယ်။

    အဆင့် ၁OTR menu နဲ့ သက်ဆိုင်တဲ့ pop-up menu ကို သက်ဝင်စေဖို့ active message ၀င်းဒိုးထဲက OTR menu ကို နှိပ်ပါ၊ အဲဒီနောက် Authenticate Buddy ၀င်းဒိုးကို select လုပ်ပါ။ (ပုံ ၉ ကို ကြည့်ပါ)

    ပုံ ၁၄ - OTR icon ကို ပြသတဲ့ Pidgin chat ၀င်းဒိုး ပြပုံ

    Authenticate Buddy ၀င်းဒိုး တခု ပေါ်လာပြီး စစ်မှန်ကြောင်း အတည်ပြုတဲ့ နည်းလမ်းကို ရွေးချယ်ဖို့ အချက်ပြလာလိမ့်မယ်။

    အဆင့် ၂။ drop-down menu ကို နှိပ်ပြီး Question and Answer item ကို အောက်ပါအတိုင်း select လုပ်ပါ -

    ပုံ ၁၅ - buddy ကို စစ်မှန်ကြောင်း အတည်ပြုတဲ့ မျက်နှာပြင် ပြပုံ

    အဆင့် ၃။ မေးခွန်းတပုဒ်ကို သူ့ရဲ့ အဖြေနဲ့တကွ ရေးထည့်ပါ။ အဲဒီမေးခွန်းကို သင့်ရဲ့ buddy ဆီ ပေးပို့ပေးပါ။

    ပုံ ၁၆ - အမေးနဲ့ အဖြေတွေကို ဖေါ်ပြတဲ့ မျက်နှာပြင်ပုံ

    အကယ်လို့ သင့်ရဲ့ buddy က ပေးတဲ့ အဖြေဟာ သင့်ဆီက အဖြေနဲ့ ကိုက်ညီတယ် ဆိုရင်၊ နှစ်ဖက်စလုံးရဲ့ buddies တွေဟာ စစ်မှန်ကြောင်း အတည်ပြုပေးလိမ့်မယ်။

    Session ကို တကြိမ် အတည်ပြုပြီးတာနဲ့၊ OTR ခလုတ်ဟာ အဖြစ် ပြောင်းသွားလိမ့်မယ်။ အခုချိန်မှာ သင့်ရဲ့ session ဟာ လုံခြုံသွားမှာ ဖြစ်ပြီး သင်နဲ့ chat လုပ်နေတဲ့ buddy နဲ့ လုံလုံခြုံခြုံ စကားပြောလို့ ရပါပြီ။

    Buddy List > Tools > Plugins > Off The Record Messaging > Configure Plugin ကို သင် Select လုပ်တဲ့အခါ၊ Known fingerprints ထဲမှာ သင့် buddy ရဲ့ အကောင့်နဲ့၊ သူ့ကို စစ်မှန်ကြောင်း အတည်ပြုတဲ့ စာတန်းတခု ဖေါ်ပြနေတာကို သတိထားလာလိမ့်မယ်။

    ပုံ ၁၇ - Known Fingerprints tab ကို ပြသနေတဲ့ Off-the-Record Messaging မျက်နှာပြင် ပြပုံ

    ဂုဏ်ယူဝမ်းသာပါတယ်။ အခုချိန်ကစပြီး သီးသန့် chat စကားပြောနိုင်ပါပြီ။ နောက်တခါ သင့်ရဲ့ buddy နဲ့ (ကွန်ပျူတာကို သုံးပြီး) chatting စကားပြောတဲ့အခါ၊ အပေါ်မှာ ဖေါ်ပြထားတဲ့ ပထမနဲ့ တတိယ အဆင့်တွေကို ကျော်သွားလို့ ရပါပြီ။ လုံခြုံမှု ရှိတဲ့ connection တခုကို တောင်းဆိုဖို့ သင့်ရဲ့ buddy က လက်ခံဖို့သာ လိုအပ်ပါတယ်။

    အိတ်ဆောင် Pidgin နဲ့ OTR

    ၁.၀ Install လုပ်ရတဲ့ Pidgin ဗားရှင်းနဲ့ အိတ်ဆောင် ဗားရှင်းတို့ရဲ့ ကွာခြားချက်များ

    အိတ်ဆောင် ကိရိယာတွေကို ကွန်ပျူတာထဲမှာ install လုပ်စရာ မလိုဘူး၊ သူတို့ ဘယ်နေရာမှာ ရှိနေတယ်၊ ဘာတွေအတွက် အသုံးပြုတယ် စတာတွေကို ခြေရာခံလို့ မရဘူး။ ဒါပေမဲ့၊ ပြင်ပ ကိရိယာ (သို့) USB မှတ်ဉာဏ်ချောင်းနဲ့ အိတ်ဆောင် ကိရိယာတွေဟာ သင် အသုံးပြုနေတဲ့ ကွန်ပျူတာ လုံခြုံနေမှ အန္တရာယ် ကင်းရှင်းနိုင်မှာ ဖြစ်ပြီး၊ adware, malware, spyware နဲ့ ဗိုင်းရပ်စ်တို့ရဲ့ တိုက်ခိုက်မှု ခံရနိုင်သေးတယ်။

    အိတ်ဆောင် Pidgin နဲ့ ကွန်ပျူတာထဲမှာ install လုပ်ဖို့ ထုတ်လုပ်ထားတဲ့ ဗားရှင်းတို့မှာ တခြား ကွာခြားချက်တွေ မရှိကြဘူး။

    ၂.၀ အိတ်ဆောင် Pidgin ကို Download လုပ်ပြီး Extract လုပ်နည်း

    အိတ်ဆောင် Pidgin ကို စတင် Download လုပ်ပြီး Extract လုပ်ဖို့ အောက်ပါ အဆင့်တွေကို လုပ်ဆောင်ပါ -

    အဆင့် ၁။ သင့်လျှော်ပြီး download လုပ်နိုင်တဲ့ ကွန်ရက်စာမျက်နှာကို သွားဖို့ http://portableapps.com/apps/internet/pidgin_portable ကို နှိပ်ပါ။

    အဆင့် ၂။ သူ့နဲ့ သက်ဆိုင်တဲ့ Source Forge ရဲ့ download စာမျက်နှာကို သက်ဝင်စေဖို့ ကို နှိပ်ပါ -

    အဆင့် ၃ to save the installation ဖိုင်ကို ကွန်ပျူတာထဲမှာ save လုပ်ဖို့ ကို နှိပ်ပြီး၊ အဲဒီနေရာကို သွားပါ။

    အဆင့် ၄ ကို နှစ်ချက် နှိပ်ပါ၊ Open File - Security Warning စာမျက်နှာ ပေါ်လာလိမ့်မယ်၊ ပေါ်လာတဲ့အခါ၊ အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ -

    ပုံ ၁ - Language Installer ၀င်းဒိုးပြပုံ

    အဆင့် ၅။ အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ -

    ပုံ ၂ - အိတ်ဆောင် Pidgin | PortableApps.com ၀င်းဒိုးပြပုံ

    အဆင့် ၆။ အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ -

    ပုံ ၃ - Choose Components ၀င်းဒိုးပြပုံ

    မှတ်ချက် - အဲဒီ option ကို ဖွင့်ဖို့ နှိပ်ပြီး၊ အကယ်လို့ အိတ်ဆောင် Pidgin ကို အင်္ဂလိပ်လို မဟုတ်ပဲ တခြား ဘာသာစကား တခုခုနဲ့ အသုံးပြုချင်တယ် ဆိုရင် ဘာသာစကားမျိုးစုံ အထောက်အပံ့ကို ထည့်သွင်းထားပါ။ ဒီ option ကို ထည့်သွင်းလိုက်ရင် ဖြည်ချတဲ့ လုပ်ငန်းစဉ် ပိုကြာသွားမှာ ဖြစ်တယ်။

    အဆင့် ၇Choose Install Location ၀င်းဒိုးကို သက်ဝင်စေဖို့ ကို နှိပ်ပါ၊ အဲဒီနောက် အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ -

    ပုံ ၄ - Browse for Folder ၀င်းဒိုးပြပုံ

    အဆင့် ၈။ ပြင်ပ hard drive (သို့) USB မှတ်ဉာဏ်ချောင်း ရှိတဲ့နေရာကို သွားပါ၊ သူ့ကို select လုပ်ပြီး သူ့ရဲ့ နေရာကို အတည်ပြုဖို့နဲ့၊ Choose Install Location ၀င်းဒိုးကို ပြန်သွားဖို့ ကို နှိပ်ပါ။

    အဆင့် ၉အိတ်ဆောင် Pidgin ကို သတ်မှတ်ထားတဲ့ ဖိုင်တွဲထဲမှာ စတင် ဖြည်ချဖို့ ကို နှိပ်ပါ၊ အဲဒီနောက် installation ကို အပြီးသတ်ဖို့ ကို နှိပ်ပါ။

    အဆင့် ၁၀။ အောက်က ပုံ ၅ မှာ ပြထားတဲ့အတိုင်း၊ ပြင်ပ hard drive (သို့) USB မှတ်ဉာဏ်ချောင်း ရှိတဲ့ နေရာကို သွားပါ၊ အဲဒီနောက် အိတ်ဆောင် Pidgin ကို အောင်အောင် မြင်မြင် ဖြည်ချလိုက်ပြီး ဖြစ်ကြောင်း အတည်ပြုဖို့ သူ့ကို ဖွင့်ပါ။

    ပုံ ၅ - Browse for Folder ၀င်းဒိုး

    အိတ်ဆောင် Pidgin ကို ဘေးအန္တရာယ်ကင်းပြီး လုံခြုံတဲ့ရှိတဲ့ ပုံစံနဲ့ စတင် အသုံးမပြုခင်၊ သူ့ရဲ့ ဖြည့်စွတ် အိတ်ဆောင် Off-the-Record (OTR) plugin ကို download လုပ်ပြီး ဖြည်ချဖို့ လိုတယ်။

    ၃.၀ အိတ်ဆောင် Pidgin OTR ကို Download လုပ်ပြီး ဖြည်ချနည်း

    အဆင့် ၁။ သင့်လျှော်ပြီး download လုပ်နိုင်တဲ့ ကွန်ရက် စာမျက်နှာကို သွားဖို့ http://sourceforge.net/projects/portableapps/files/Pidgin-OTR%20Portable/Pidgin-OTR%20Portable%203.2%20Rev%202/ ကို နှိပ်ပါ။

    အဆင့် ၂။ Pidgin-OTR_Portable_3.2_Rev_2.paf.exe ကို download လုပ်လို့မဲ့ ၀င်းဒိုးကို သက်ဝင်စေဖို့ ကို နှိပ်ပါ၊ အဲဒီနောက် installation ဖိုင်ကို ကွန်ပျူတာထဲမှာ save လုပ်ဖို့ ကို နှိပ်ပါ။

    အဆင့် ၃ ကို နှစ်ချက် နှိပ်ပါ၊ Open File - Security Warning စာမျက်နှာ ပေါ်လာလိမ့်မယ်၊ ပေါ်လာတဲ့အခါ၊ အောက်က Installer Language ၀င်းဒိုးကို သက်ဝင်စေဖို့ ကို နှိပ်ပါ (ပုံ ၁ ကို ကြည့်ပါ) -

    အဆင့် ၄အိတ်ဆောင် Pidgin-OTR | PortableApps.com ၀င်းဒိုးကို သက်ဝင်စေဖို့ ကို နှိပ်ပါ (ပုံစံတူတဲ့ ပုံ ၂ ကို ကြည့်ပါ)။

    အဆင့် ၅Choose Install Location ၀င်းဒိုးကို သက်ဝင်စေဖို့ ကို နှိပ်ပါ (ပုံစံတူတဲ့ အပေါ်က ပုံ ၃ ကို ကြည့်ပါ)။

    အဆင့် ၆။ သူနဲ့ သက်ဆိုင်တဲ့ Browse for Folder ၀င်းဒိုးကို သက်ဝင်စေဖို့ ကို နှိပ်ပါ (အပေါ်က ပုံ ၄ ကို ကြည့်ပါ)။

    အဆင့် ၇။ ပြင်ပ hard drive (သို့) USB မှတ်ဉာဏ်ချောင်း ရှိတဲ့နေရာကို သွားပါ၊ သူ့ကို select လိုက်ပြီး သူ့ရဲ့ နေရာကို အတည်ပြုဖို့နဲ့၊ Choose Install Location ၀င်းဒိုးကို ပြန်သွားဖို့ ကို နှိပ်ပါ။

    အဆင့် ၈အိတ်ဆောင် Pidgin ကို သတ်မှတ်ထားတဲ့ ဖိုင်တွဲထဲမှာ စတင် ဖြည်ချဖို့ ကို နှိပ်ပါ၊ installation ကို အပြီးသတ်ဖို့ ကို နှိပ်ပါ။

    အဆင့် ၉။ အပေါ်က ပုံ ၅ မှာ ပြသတဲ့အတိုင်း၊ ပြင်ပ hard drive (သို့) USB မှတ်ဉာဏ်ချောင်း ရှိတဲ့နေရာကို သွားပါ၊ အဲဒီနောက် အိတ်ဆောင် Pidgin ပရိုဂရမ် ရှိတဲ့ ဖိုင်တွဲကို ဖွင့်ပါ။

    အဆင့် ၁၀အိတ်ဆောင် Pidgin ကို ဖွင့်ဖို့ နှစ်ချက် နှိပ်ပါ။

    Pidgin ကို configure လုပ်ပြီး အသုံးပြုနိုင်ဖို့ Pidgin အခန်းကို လေ့လာပါ။

    မကြာခဏ မေးလေ့ရှိတဲ့ မေးခွန်းများနဲ့ သုံးသပ်ချက်များ

    ၅.၀ မကြာခဏ မေးလေ့ရှိတဲ့ မေးခွန်းများနဲ့ သုံးသပ်ချက်များ

    ဂလော်ဒီယာနဲ့ ပါပလောတို့ဟာ Pidgin နဲ့ သူနဲ့ ဆက်စပ်တဲ့ OTR စာဝှက်စနစ်၊ စစ်မှန်ကြောင်း စစ်ဆေးပေးတဲ့ အင်ဂျင်တို့ကို အောင်အောင်မြင်မြင် Install လုပ်ပြီး Set up လုပ်ခဲ့ကြတယ်။ သူတို့ နှစ်ယောက်စလုံးဟာ features နဲ့ options အမျိုးမျိုးကို နာရီ အတော်ကြာ အချိန်ယူပြီး လေ့လာခဲ့ကြတဲ့အပြင်၊ Google Talk နဲ့ Pidgin က ပံ့ပိုးထားတဲ့ တခြား IM protocols ကို အခြေခံတဲ့ အကောင့်တွေနဲ့ စမ်းသပ်ပြီး တယောက်နဲ့ တယောက် chatting လုပ်နေကြတယ်။

    ဒါပေမဲ့၊ ပါပလောမှာ Pidgin-OTR နဲ့ ပါတ်သက်ပြီး သိချင်တဲ့ မေးခွန်းတချို့ ရှိနေသေးတယ်။

    မေး - MSN နဲ့ Yahoo နှစ်မျိုးစလုံးကို သုံးစွဲတဲ့ မိတ်ဆွေတွေကို Pidgin-OTR အသုံးပြုပြီး စကားပြောလို့ ရသလား။

    ဖြေ - Pidgin-OTR ဟာ chat နဲ့ messaging services အတော်များများကို ပံ့ပိုးထားပေမဲ့၊ သင့်ရဲ့ buddy နဲ့ IM session တခု စလုပ်ဖို့ provider အချင်းချင်း တူနေဖို့ လိုတယ်။ ဥပမာ အားဖြင့်၊ သင်တို့ နှစ်ဦးစလုံးက MSN (သို့) Google Talk တခုခုကို အသုံးပြုဖို့ လိုတယ်။ ဒါပေမဲ့၊ Pidgin ထဲမှာ IM အကောင့် အတော်များများကို မှတ်ပုံတင်ပြီး အွန်လိုင်းမှာ တပြိုင်ထဲ သုံးစွဲလို့ ရတယ်။ အဲဒါဟာ multi-protocol IM client တခုကို အသုံးပြုရခြင်းရဲ့ အကျိုးကျေးဇူး ဖြစ်တယ်။

    မေး - ကျွန်တော့်ရဲ့ Pidgin-OTR အကောင့်ကို တခြား ကွန်ပျူတာမှာ ဘယ်လို ဖွင့်လို့ ရမလဲ။

    ဖြေ - အဲဒီ ကွန်ပျူတာမှာ ရှိတဲ့ IM အကောင့်နဲ့ အသုံးပြုနိုင်ဖို့ private key အသစ်တခုကို ဖန်တီးဖို့ လိုတယ်။ ဒီ key အသစ်ကို အသုံးပြုပြီး သင့်ရဲ့ buddy နဲ့ စကား စတင်ပြောနိုင်ပါတယ်၊ ဒါပေမဲ့ သင့်ရဲ့ session ကို ပြန် အတည်ပြုဖို့ လိုအပ်ပါလိမ့်မယ်။

    မေး - အကယ်လို့ ကျွန်တော့်ရဲ့ IM အကောင့်ရဲ့ login စကားဝှက်ကို မေ့သွားတယ်ဆိုရင် (သို့) တယောက်ယောက်က ခိုးသွားတယ် ဆိုရင် ဘယ်လို လုပ်မလဲ။ ကျွန်တော် အရင်တုန်းက စကားပြောဆိုချက်တွေကို သူတို့က ပြန်ကြည့်လို့ ရသလား။

    ဖြေ - ပါပလောရယ်၊ ဒါဟာ အလွန်ကောင်းပြီး အရေးကြီးတဲ့ မေးခွန်းတပုဒ် ပါပဲ။ ပထမဆုံး အနေနဲ့၊ အကယ်လို့ သင့်ရဲ့ စကားဝှက်ကို မေ့သွားတယ် ဆိုရင်၊ IM အကောင့်အသစ် တခုကို ဖွင့်ဖို့ လိုတယ်။ အဲဒီနောက်၊ သင့်ရဲ့ buddy ဆီ သင် ဖွင့်လိုက်တဲ့ အကောင့်အသစ်အကြောင်းကို Skype နဲ့ ဖြစ်ဖြစ်၊ လုံခြုံမှု ရှိတဲ့ အီးမေးလ် (သို့) voice-chat နဲ့ ဖြစ်ဖြစ် အကြောင်းကြားလိုက်ပါ။

    နောက်ဆုံးအနေနဲ့၊ သင်တို့ အချင်းချင်း buddies တွေအဖြစ် အတည်ပြုဖို့ လိုတယ်။ အကယ်လို့ တယောက်ယောက်က သင့်ရဲ့ IM စကားဝှက်ကို ရသွားတယ် ဆိုရင်၊ အဲဒီလူဟာ Pidgin ကို အသုံးပြုပြီး သင့်ရဲ့ သူငယ်ချင်း အယောင်ဆောင်လာနိုင်တယ်။ အဲဒီ ပုဂ္ဂိုလ်က သင့်ရဲ့ shared code စာလုံး မပါပဲနဲ့ အဲဒီ session ကို အတည်ပြုလို့ ရမှာ မဟုတ်ဘူး။ ဒါဆိုရင် သင့်ရဲ့ buddy က သံသယ ၀င်သွားလိမ့်မယ်။ ဒါကြောင့် စစ်မှန်ကြောင်း (authentication) အတည်ပြုတာဟာ အလွန် အရေးကြီးတယ်။ ဒါ့အပြင်၊ အကယ်လို့ သင်ဟာ အပေါ်မှာ ဖေါ်ပြထားတဲ့ ညွှန်ကြားချက်တွေကို လိုက်နာပြီး OTR ရဲ့ 'Config' tab မှာ အကြံပြုထားတဲ့ preferences တွေကို ချမှတ်ထားတယ် ဆိုရင်၊ သင့်ရဲ့ စကားဝှက်ကို ခိုးယူတဲ့ သူတွေက၊ အရင်တုန်းက သင် စကားပြောဆိုခဲ့တဲ့ မှတ်တမ်းကို ဖတ်နိုင်ကြမှာ မဟုတ်ပါဘူး။

    ၅.၁ ပြန်လှန် မေးခွန်းများ

    • buddy ကို chat session မှာ ဘယ်နှစ်ကြိမ် အတည်ပြုရမလဲ။
    • Pidgin ထဲမှာ multiple IM အကောင့်တွေကို မှတ်ပုံတင်ပြီး တပြိုင်ထဲ အသုံးပြုလို့ ရသလား။
    • Pidgin ထဲက fingerprint ဆိုတာ ဘာလဲ?
    • Pidgin - OTR ကို တခြား ကွန်ပျူတာထဲမှာ install လုပ်ရင် (keys' fingerprints အပါအ၀င်) သင့်ရဲ့ OTR preferences ဘာဖြစ်သွားမလဲ။
    • Pidgin ထဲမှာ သီးသန့်ဖြစ်ပြီး စစ်မှန်ကြောင်း အတည်ပြုထားတဲ့ chat session တခုကို စတင်လုပ်ဆောင်ဖို့ ဘာလိုအပ်သလဲ။
    • Pidgin ထဲမှာ အကောင့်တခုကို ဖွင့်ဖို့ ဘာတွေ လိုအပ်သလဲ။