Android ဖုန်းများအတွက် TextSecure

မာတိကာ

...Loading Table of Contents...

    TextSecure ဟာ Android ပလက်ဖောင်း လက်ကိုင်ဖုန်း ဆော့ဗ်ဝဲ ဖြစ်ပြီး ဖုန်းထဲမှာ ရှိတဲ့ စာတွေ၊ ပေးပို့လိုက်တဲ့ စာတိုတွေကို စာဝှက်ပေးရာမှာ အသုံးပြုတယ်။

    ပင်မစာမျက်နှာ

    ဖုန်း လိုအပ်ချက်များ

    • Android 1.6 နဲ့ အထက်

    ဒီလမ်းညွှန်ထဲမှာ အသုံးပြုတဲ့ ဗားရှင်း -

    • 0.5.7

    လိုင်စင်

    • အခမဲ့ ဆော့ဗ်ဝဲ GPL-V3

    ဖတ်ရှုရမဲ့ အကြောင်းအရာများ -

    ဒီပရိုဂရမ်ကို စတင် အသုံးပြုနိုင်ဖို့ လိုအပ်သော အချိန် - ၂၀ မိနစ်

    ပြန်လည်ရရှိမဲ့ အကျိုးကျေးဇူးများ -

    • တခြား TextSecure ကို သုံးစွဲသူတွေထံ ပေးပို့လိုက်တဲ့ စာတိုတွေကို စာဝှက်ပေးတယ်။
    • စာတိုပေးပို့ချက်တွေကို ဖုန်းထဲက စာဝှက်ထားတဲ့ ဒေတာဘေ့စ် တစ်ခုထဲမှာ သိမ်းဆည်းထားပေးတယ်။
    • အကယ်လို့ မိမိရဲ့ ဖုန်း ပျောက်သွားတယ်၊ အခိုးခံရတယ် ဆိုရင်၊ အထဲက စာတွေကို ဘယ်သူမျှ ဖတ်နိုင်မှာ မဟုတ်ဘူး။

    TextSecure ကို ဒေါင်းလုပ် ရယူခြင်း

    တရားဝင် ကွန်ရက် စာမျက်နှာမှ

    • လက်ကမ်း လမ်းညွှန် မိတ်ဆက် အကျဉ်းချုပ်ကို လေ့လာဖတ်ရှုပါ
    • http://www.whispersys.com/ ကို ဖွင့်ဖို့ TextSecure ပုံသင်္ကေတကို နှိပ်ပါ
    • အဲဒီ လုပ်ငန်းသုံး ကိရိယာဆီ သွားဖို့ အောက်က TextSecure ပုံသင်္ကေတ ဘေးမှာ ရှိတဲ့ QR ကုဒ်ကို စကင်ဖတ်လို့ ရတယ်။ google play ထဲက Install ခလုတ်ကို နှိပ်လိုက်ပါ။
    • ထည့်သွင်းပြီးတာနဲ့ အဲဒီ လုပ်ငန်းသုံး ကိရိယာကို စတင် သုံးစွဲဖို့ open ကို နှိပ်လိုက်ပါ

    F-Droid မှ (Android FOSS သိမ်းဆည်းရာဌာန)

    • Android FOSS သိမ်းဆည်းရာဌာန တစ်ခု ဖြစ်တဲ့ F-Droid ဆီကနေလည်း TextSecure ကို ထည့်သွင်းနိုင်တယ်
    • ထည့်သွင်းပြီးတာနဲ့ အဲဒီ လုပ်ငန်းသုံး ကိရိယာကို စတင် သုံးစွဲဖို့ open ကို နှိပ်လိုက်ပါ

    TextSecure:

    ၁.၁ ဒီပရိုဂရမ်ကို စတင် အသုံးမပြုခင် သိထားသင့်တဲ့အချက်များ

    • ဒီလုပ်ငန်းသုံး ကိရိယာကို သုံးခြင်းဖြင့် မိမိရဲ့ ပေးစာတွေထဲမှာ ပါတဲ့ အကြောင်းအရာကို ဘယ်သူမှ ဖတ်ရှုနိုင်တော့မှာ မဟုတ်ဘူး။ ဒါကြောင့် မိမိ ပေးပို့လိုက်တဲ့ စာတွေ၊ ပေးပို့လိုက်တဲ့ ခရီးဆုံးကိုတော့ ၀ှက်ထားပေးနိုင်မှာ မဟုတ်ဘူး။

    • စာတို ပေးပို့တဲ့ ကုန်ကျစရိတ်တွေကို စဉ်းစားထားပါ။ စာတိုတွေကို လုံခြုံတဲ့ ဆက်သွယ်ရေုးလိုင်းနဲ့ ပေးပို့တဲ့နေရာမှာ TextSecure ကို အသုံးပြုပြီး နှစ်ဦးနှစ်ဖက်က စာတို ပေးပို့နိုင်သလို၊ လက်ခံနိုင်မှာ ဖြစ်တယ်။

    • တချို့ နိုင်ငံတွေမှာ၊ TextSecure လို စာဝှက်နိုင်တဲ့ ပရိုဂရမ် သုံးစွဲမှုဟာ တရားဝင် ခွင့်ပြုထားခြင်း မရှိပဲ၊ ဖိအားပေး သိမ်းဆည်းခြင်း ခံရနိုင်သည်။

    TextSecure ကို ထည့်သွင်းနည်းနဲ့ သုံးစွဲနည်း

    ၂။ TextSecure ကို ထည့်သွင်းနည်းနဲ့ သုံးစွဲနည်း

    ပါဝင်တဲ့ အခန်းများ -

    ၂.၀ TextSecure ကို ထည့်သွင်းနည်း

    အဆင့် ၁။ App ကို Google play စတိုးမှ ဒေါင်းလုဒ် ဆွဲယူပါ

    ပုံ ၁ - Google Play စတိုးမှာ ရရှိနိုင်တဲ့ TextSecure

    အဆင့် ၂။ App ကို ထည့်သွင်းပါ (သင့်လျှော်တဲ့ install ခလုတ်ကို နှိပ်ပါ)။

    ပုံ ၂ - ဒေါင်းလုဒ် ဆွဲရန် လိုအပ်သော ခွင့်ပြုချက်များ

    အဆင့် ၃။ GNU လိုင်စင်ကို ဖတ်ရှုပြီး လက်ခံပါ။

    ပုံ ၃ - သုံးစွဲသူ လိုင်စင် သဘောတူညီချက်

    အဆင့် ၄။ မိမိရဲ့ ဒေတာကို ဖုန်းထဲမှာ စာဝှက်ဖို့အတွက် စကားဝှက် (သို့) စကားဝှက်စုကို ဖန်တီးပါ

    ပုံ ၄ - စကားဝှက် (သို့) စကားဝှက်စု တစ်ခုကို ဖန်တီးရန်

    ၂.၁ ပြုပြင်ဖန်တီးခြင်းနဲ့ ပထမအကြိမ် တပ်ဆင်ခြင်း

    အဆင့် ၁။ TextSecure ပုံသင်္ကေတကို နှိပ်ပါ၊ အဲဒီနောက် မိမိရဲ့ TextSecure စကားဝှက်ကို ရေးထည့်ပါ။

    ပုံ ၅ - စကားဝှက် (သို့) စကားဝှက်စု

    အဆင့် ၂။ ဖုန်းထဲမှာ ရှိတဲ့ လက်ရှိ စာတို ဒေတာဘေ့စ်ကို ကော်ပီ ကူးဖို့ အလိုရှိမရှိ လုပ်ငန်းသုံး ကိရိယာက မေးမြန်းလာလိမ့်မယ်။ မိမိရဲ့ စာတိုတွေကို စာဝှက်ထားရှိဖို့ ကော်ပီ ကူးယူပြီး၊ နေရာဟောင်းကနေ ပယ်ဖျက်ဖို့ အကြံပြုလိုပါတယ်။

    ပုံ ၆ နဲ့ ၇ - စာတို ပေးပို့ချက် ဒေတာဘေ့စ်ကို ရွှေ့ပြောင်းခြင်း

    အဆင့် ၃။ မိမိရဲ့ ပေးစာ အဟောင်းတွေဟာ TextSecure app ထဲမှာ ရှိမရှိ စစ်ဆေးပါ။

    အဆင့် ၄။ စာတိုပေးပို့ချက်တွေကို ၄င်းတို့ရဲ့ နဂိုနေရာကနေ ပယ်ဖျက်လိုက်ပါ။

    ဒီအဆင့်မှာ TextSecure ကို မိမိရဲ့ စာတို ပေးပို့ကိရိယာအဖြစ် အသုံးပြုဖို့ အဆင်သင့် ဖြစ်နေပါပြီ။

    မှတ်ချက် - အကယ်လို့ စာဝှက်ထားတဲ့ စာတိုတွေကို အပြန်အလှန် ပေးပို့လိုရင်၊ မိမိ ပေးပို့ (သို့) လက်ခံလိုက်တဲ့ ပေးစာတွေကို TextSecure အသုံးပြုပြီး လုံလုံခြုံခြုံ သိမ်းဆည်းထားနိုင်တယ်။ ဆိုလိုတာက အကယ်လို့ ဖုန်းပျောက်သွားရင်တောင်၊ တွေ့သွားတဲ့သူက အဲဒီ စာတိုတွေကို ဖတ်ရှုနိုင်မှာ မဟုတ်ဘူး။

    ၂.၂ လုံခြုံတဲ့ စကားပြောဆက်သွယ်မှု တည်ဆောက်ခြင်း

    It is required to do a one-time secure connection per phone number with which you like to use TextSecure. To do this: TextSecure ကို အသုံးပြုလိုတဲ့ သီးသန့် ဖုန်းနံပါတ်နဲ့ လုံခြုံတဲ့ ဆက်သွယ်ရေးလိုင်းကို တစ်ကြိမ် ပြုလုပ်ရမှာ ဖြစ်တယ်။ အဲဒါကို လုပ်ဆောင်ဖို့ -

    အဆင့် ၁။ Menu* ကို သွားပြီး၊ secure session ကို နှိပ်ပါ*

    ပုံ ၈ - Menu ရွေးစရာများ

    အဆင့် ၂။ မိမိ နှစ်သက်တဲ့ လိပ်စာကို Initiate Key Exchange ထဲမှာ ရေးထည့်ပါ (သို့) ရွေးချယ်ပါ

    ပုံ ၉ နဲ့ ၁၀ - လုံခြုံတဲ့ အစီအစဉ် စတင်ခြင်း

    အဆင့် ၂။ send ကို ဖိနှိပ်ပါ။

    TextSecure app ဟာ လက်ခံမဲ့သူဆီကို စာတို တစ်စောင် ပို့ပေးလိမ့်မယ်။ တစ်ဖက်က TextSecure app ကလည်း လုံခြုံတဲ့ ဆက်သွယ်ရေးလိုင်းကနေ စာတို တစ်စောင်ကို အလိုအလျောက် ပေးပို့လာလိမ့်မယ်။ ဖုန်းနံပါတ် (သို့) လိပ်စာ တစ်ခုစီအတွက် ဒီလို တစ်ကြိမ်စီ လုပ်ဆောင်ပေးမှာ ဖြစ်တယ်။

    ပုံ ၁၁ နဲ့ ၁၂ - ကီး ဖလှယ်ရေး စာတမ်းများ

    အဆင့် ၃။ ဒီအဆက်အသွယ်နဲ့ လုံခြုံတဲ့ ဆက်သွယ်ရေးလိုင်းကို တည်ဆောက်ပြီးတဲ့အခါ၊ ထိပ်ပိုင်း ဘယ်ဖက်ထောင့်မှာ သော့ခလောက်ပုံ တစ်ပုံ ပေါ်ထွက်လာလိမ့်မယ်။

    ပုံ ၁၂ - ကီး ဖလှယ်ရေး စာတမ်း ပေးပို့ချက်

    မှတ်ချက် - TextSecure ဆီကနေ အလိုအလျောက် စာပေးပို့ခြင်း မပြုအောင် Menu ကို သွား၊ Settings ကို နှိပ်ပြီး ချိန်ညှိချက်တွေကို ပြောင်းနိုင်တယ်။

    ပုံ ၁၃ - Menu ရွေးစရာများ

    အဆင့် ၄။ Complete Key Exchanges ရှိတဲ့ နေရာအထိ ဆင်းသွားပါ။ ဒီရွေးစရာဟာ လုံခြုံတဲ့ လုပ်ငန်းအသစ်တွေ (သို့) ဆင်တူတဲ့ ကီးကို သုံးပြီး လက်ရှိ လုပ်ငန်းတွေအတွက် ကီး အလဲအလှယ် ပြုလုပ်တာကို အလိုအလျောက် အပြီး ဆောင်ရွတ်ပေးလိမ့်မယ်။

    ပုံ ၁၄ - ချိန်ညှိချက်များ

    အဆင့် ၅။ အောက်မှာ မြင်ရတဲ့အတိုင်း ဒီရွေးစရာကို ပိတ်ဖို့ ဒီအကွက် ရွေးထားချက်ကို ပြန်ဖြုတ်လိုက်ပါ။

    ပုံ ၁၅ - ကီး အပြည့်အစုံ ဖလှယ်မှု ဖြုတ်သိမ်းချက်

    ၂.၃ အထောက်အထား အတည်ပြုချက်

    မိမိနဲ့ ဆက်သွယ်နေသူဟာ ရည်ရွယ်ထားသူ ဖြစ်ကြောင်း အတည်ပြုနိုင်အောင်၊ အောက်ပါ အဆင့်တွေကို လုပ်ဆောင်ပါ။

    အဆင့် ၁။ လုံခြုံတဲ့ ဆက်သွယ်ရေးလိုင်းကို တည်ဆောက်ဖို့ TextSecure က ပေးပို့လိုက်တဲ့ စာကို ရွေးချယ်ပါ။

    ပုံ ၁၆ - ရွေးချယ်ထားတဲ့ စာတိုပေးပို့ချက် နမူနာ

    အဆင့် ၂။ Menu ကို ရွေးချယ်ပြီး၊ အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ Secure Session Options ကို နှိပ်ပါ -

    ပုံ ၁၇ - Menu ရွေးစရာများ

    အဆင့် ၃။ Verify Recipient Identity ကို နှိပ်ပါ။ အဲဒီနေရာမှာ အက္ခရာစာစဉ်တွေနဲ့ အခြား တစ်ဖက်မှာ ရှိနေတဲ့ လူကို ဖေါ်ပြပေးမှာ ဖြစ်တယ်။

    ပုံ ၁၈ - လုံခြုံတဲ့ အစီအစဉ် ရွေးစရာများ

    အဆင့် ၄။ တခြား ပုဂ္ဂိုလ်ကို (ဖုန်း သို့မဟုတ် တခြား လုံခြုံတဲ့ ချယ်နယ်တွေကတဆင့်) ဆက်သွယ်ပြီး အလားတူ အက္ခရာစာစဉ်တွေကို သူတို့ မြင်ရ မမြင်ရ အတည်ပြုလိုက်ပါ။

    ၂.၄ စာဝှက်ထားတဲ့ ပေးစာများ ဖလှယ်ခြင်း

    အဆင့် ၁။ TextSecure ပုံသင်္ကေတကို နှိပ်ပါ။

    အဆင့် ၂။ ပေးစာ အသစ်ကို ရေးသားပါ။

    ပုံ ၁၉ - ပင်မ မျက်နှာပြင်

    အဆင့် ၃။ နှစ်သက်တဲ့ လိပ်စာကို ရွေးချယ်ပါ။

    ပုံ ၂၀ - အဆက်အသွယ် ရွေးချယ်မှု နေရာ

    အဆင့် ၄။ မိမိရဲ့ စာသားဟာ လုံခြုံမှု ရှိတယ် မရှိဘူး ညွှန်ပြပေးဖို့ send ခလုတ်မှာ ပေါ်လာတဲ့ သော့ခလောက်ကို အတည်ပြုပါ။

    ပုံ ၂၁ - ပေးစာ ရေးသားတဲ့ နေရာ

    အဆင့် ၅။ ပေးစာ ရေးသားပါ။

    ပုံ ၂၂ - ပေးစာ နမူနာ

    အဆင့် ၆။ Send ကို နှိပ်ပါ။

    အရေးကြီးချက် - စာတို ရေးသားနေချိန်မှာ send ခလုတ်ရဲ့ ဘေးမှာ သော့ခလောက် ပေါ်မလာဘူး ဆိုရင်၊ မိမိ ပေးပို့မဲ့ စာတိုဟာ စာသားသက်သက်နဲ့သာ ခရီးဆက်မှာ ဖြစ်ပြီး လမ်းခရီးမှာ ကြားဖြတ် ခံရနိုင်တယ်၊ အသံဖမ်းထားခြင်း ခံရနိုင်တယ်။