Thunderbird ကို Enigmail ၊ GPGT တို့နဲ့ သုံးစွဲခြင်း - လုံခြုံတဲ့ အီးမေးလ် ဂလိုင်း

Updated 1 August 2014

ဤလမ်းညွှန်အား အချိန်နှင့်တပြေးညီ ပြင်ဆင်မှု မရှိတော့ပါ။

:Introduction

ပင်မ စာမျက်နှာ

ကွန်ပျူတာ လိုအပ်ချက်များ -

  • ဝင်းဒိုး ဗားရှင်း အားလုံး

ဒီလမ်းညွှန်ထဲမှာ အသုံးပြုတဲ့ ဗားရှင်းများ

  • Thunderbird 3.1.5
  • Enigmail 1.1.2
  • GNU Privacy Guard (GnuPG) 2.0.4

လိုင်စင် ခွင့်ပြုချက်

  • အခမဲ့ဖြစ်ပြီး ပွင့်လင်းတဲ့ အရင်းအမြစ် ဆော့ဗဲဝဲ

ဖတ်ရှုရမဲ့ အကြောင်းအရာများ

အဆင့် - ၁။ လက်သင်၊ ၂။ ပျမ်းမျှ၃။ အလယ်အလတ်၊ ၄။ အတွေ့အကြုံရှိသော၊ ၅။ အဆင့်မြင့်

ဒီဆော့ဗ်ဝဲကို စတင် သုံးစွဲဖို့ လိုအပ်တဲ့ အချိန် - ၄၀ မိနစ်

ပြန်လည်ရရှိမည့် အကျိုးကျေးဇူးများ -

  • ပရိုဂရမ်တစ်ခုထဲကို သုံးစွဲပြီး အီးမေးလ် အကောင့် အတော်များများကို စီမံခန့်ခွဲနိုင်တယ်
  • အင်တာနက်လိုင်း မရှိတဲ့အခါ အီးမေးလ်တွေကို ဖတ်ရှုနိုင်တယ်၊ ရေးသာနိုင်တယ်
  • အီးမေးလ်ကို သီးသန့်ဖြစ်စေဖို့ public key စာဝှက်စနှစ်ကို အသုံးပြုနိုင်တယ်

GNU Linux, Mac OS နဲ့ တခြား Microsoft Windows နဲ့ လိုက်ဖက်တဲ့ ပရိုဂရမ်များ -

Mozilla Thunderbird အီးမေးလ် ဂလိုင်းကို GNU Linux, Mac OS, Microsoft Windows နဲ့ တခြား OS တွေမှာ အသုံးပြုနိုင်တယ်။ အီးမေးလ် အကောင့် မျိုးစုံကို စီမံခန့်ခွဲရတာ ဒစ်ဂျစ်တယ် လုံခြုံရေး ရှုထောင့်ကနေကြည့်မယ် ဆိုရင် ရှုပ်ထွေးတဲ့ အလုပ်တစ်ခု ဖြစ်တယ်။ ဒါကြောင့် အဲဒီရည်ရွယ်ချက်အတွက် သုံးမယ်ဆိုရင် Mozilla Thunderbird ကို အသုံးပြုဖို့ အထူး အကြံပြုလိုတယ်။ ပလက်ဖောင်း မျိုးစုံမှာ အသုံးပြုနိုင်တဲ့ အခမဲ့ပြီး ပွင့်လင်းတဲ့ အရင်းအမြစ် ပရိုဂရမ်ဖြစ်တဲ့ Thunderbird မှာ ရရှိနိုင်တဲ့ လုံခြုံရေးဆိုင်ရာ အကျိုးအမြတ်တွေဟာ စီးပွားဖြစ် ထုတ်လုပ်တဲ့ Microsoft Outlook နဲ့ နှိုင်းယှဉ်ရင် ပိုပြီး အရေးပါပါတယ်။

ဒါပေမယ့်၊ Mozilla Thunderbird မဟုတ်တဲ့ တခြား ပရိုဂရမ် တစ်ခုခုကို အသုံးပြုမယ် ဆိုရင် အောက်မှာ ပါရှိတဲ့ အခမဲ့ပြီး ပွင့်လင်းတဲ့ တခြား အရင်းအမြစ်တွေကို ကျွန်တော်တို့ အကြံပြုလိုပါတယ် -

  • Claws Mail ကို GNU Linux နဲ့ Microsoft Windows တို့မှာ အသုံးပြုနိုင်တယ်။
  • Sylpheed ကို GNU Linux, Mac OS နဲ့ Microsoft Windows တို့မှာ အသုံးပြုနိုင်တယ်။
  • Alpine ကို GNU Linux, Mac OS နဲ့ Microsoft Windows တို့မှာ အသုံးပြုနိုင်တယ်။

:Installation instructions

၁.၁ ဒီပရိုဂရမ်ကို စတင် အသုံးမပြုခင် သိထားသင့်တဲ့အချက်များ

Mozilla Thunderbird ဟာ အခမဲ့ ဖြစ်ပြီး အီးမေးလ်တွေ ပေးပို့တာ၊ လက်ခံတာနဲ့ သိမ်းဆည်းတာတွေ လုပ်ပေးနိုင်တဲ့ ပွင့်လင်းတဲ့ အရင်းအမြစ် အီးမေးလ် ဂလိုင်းတစ်ခု ဖြစ်တယ်။ အီးမေးလ် ဂလိုင်း ဆိုတာ အင်တာနက် browser မပါပဲ အီးမေးလ်တွေကို download လုပ်ပေးနိုင်၊ စီမံခန့်ခွဲပေးနိုင်တဲ့ ကွန်ပျူတာသုံး ကိရိယာတစ်ခု ဖြစ်တယ်။ ပရိုဂရမ်တစ်ခုထဲကို သုံးစွဲပြီး အီးမေးလ် အကောင့် အတော်များများကို စီမံခန့်ခွဲနိုင်တယ်။ Thunderbird ကို အသုံးမပြုခင် သင့်ဆီမှာ အီးမေးလ် အကောင့်တစ်ခုခု ရှိနေရမှာ ဖြစ်တယ်။ အကယ်လို့ ဆန္ဒရှိတယ် ဆိုရင် Gmail (သို့) RiseUp အီးမေးလ် အကောင့်တွေကိုလည်း ဖွင့်ထားလို့ ရပါတယ်။

Enigmail ဟာ Thunderbird အတွက် အထူး ထုတ်လုပ်ထားတဲ့ add-on တစ်ခု ဖြစ်တယ်။ အဲဒါကို အသုံးပြုပြီး သုံးစွဲသူတွေဟာ GNU Privacy Guard (GnuPG) က ပံ့ပိုးထားတဲ့ စစ်မှန်ကြောင်း အတည်ပြုချက်တွေ၊ စာဝှက်စနှစ် features တွေကို အသုံးပြုနိုင်တယ်။

GnuPG ဟာ public key စာဝှက်စနစ် ပရိုဂရမ် တစ်ခု ဖြစ်ပြီး အီးမေးလ်စာတွေကို စာဝှက်တဲ့နေရာမှာ၊ စာဝှက်ဖေါ်တဲ့ နေရာတွေမှာ အသုံးပြုနိုင်တဲ့ key pairs တွေကို ထုတ်လုပ်ပေးပြီး စီမံခန့်ခွဲတဲ့နေရာမှာ ဖြစ်ဖြစ်၊ အီးမေးလ် ဆက်သွယ်ရေး လမ်းကြောင်းတွေကို သီးသန့်ဖြစ်စေဖို့နဲ့ လုံခြုံစေဖို့ အသုံးပြုနိုင်တယ်။ Enigmail အလုပ်လုပ်နိုင်အောင် GnuPG ကို install လုပ်ပေးရမှာ ဖြစ်တယ်။ ဒီအကြောင်းကို နောက်ပိုင်း အခန်းမှာ ဖော်ပြပေးထားပါတယ်။

Thunderbird ကို install လုပ်နည်း

ဒီစာမျက်နှာမှာ ပါဝင်တဲ့ အပိုင်းများ -

၂.ဝ Thunderbird ကို install လုပ်နည်း

Thunderbird ကို install လုပ်တာဟာ မြန်ဆန်မှုရှိပြီး ရိုးရှင်းတဲ့ လုပ်ငန်းစဉ် တစ်ခု ဖြစ်တယ်။ Thunderbird ကို စတင် install လုပ်ဖို့ အောက်ပါ အဆင့်တွေကို လုပ်ဆောင်ပါ -

အဆင့် ၁ - ကို နှစ်ချက် နှိပ်ပါ။ Open File - Security Warning စာမျက်နှာ ပေါ်လာလိမ့်မယ်။ ပြီးရင် အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ -

ပုံ ၁ Install လုပ်တဲ့ဖိုင်ကို ဖြည်ချတဲ့ အနေအထား တိုးတက်မှု ဘားပြပုံ

Thunderbird ဖိုင်တွေအားလုံးကို ဖြည်ချပြီးတဲ့အခါ 'Welcome to the Mozilla Thunderbird Setup Wizard' ဝင်းဒိုး ပေါ်လာလိမ့်မယ်။

အဆင့် ၂ - Mozilla Thunderbird - Setup Type ဝင်းဒိုးကို သက်ဝင်စေဖို့ ကို နှိပ်ပါ။

အဆင့် ၃ - default settings ကို လက်ခံဖို့ ကို နှိုပ်ပြီး အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေပါ -

ပုံ ၂ - Mozilla Thunderbird - Summary မျက်နှာပြင် ပြပုံ

အဆင့် ၄ - Installation လုပ်ငန်းစဉ် စတင်ဖို့ ကို နှိပ်ပါ။ Mozilla Thunderbird - Installing တိုးတက်မှုပြတဲ့ ဝင်းဒိုး ပေါ်လာလိမ့်မယ်။ Installation လုပ်ငန်းစဉ် ပြီးစီးသွားရင်၊ အောက်ပါ မျက်နှာပြင် ပေါ်လာလိမ့်မယ်။

ပုံ ၃ - 'Mozilla Thunderbird Setup Wizard' ပြီးစီးမှု မျက်နှာပြင် ပြပုံ

အဆင့် ၅ - Installation လုပ်ငန်းစဉ်ကို အဆုံးသတ်ဖို့ ကို နှိပ်ပါ။

သိကောင်းစရာ - Launch Mozilla Thunderbird now check box ကို check လုပ်ခဲ့မယ် ဆိုရင် Thunderbird ဟာ ပုံ ၃ မှာ ပြထားတဲ့အတိုင်း အလိုအလျောက် ဖွင့်လာလိမ့်မယ်။ လာမဲ့အချိန်မှာ အဲဒီ ပရိုဂရမ်ကို ဖွင့်မယ်ဆိုရင် desktop ပေါ်က Thunderbird icon ကို နှစ်ချက် နှိပ်ပါ၊ ဒါမှမဟုတ် Start > Programs > Mozilla Thunderbird > Mozilla Thunderbird ကို select လုပ်ပါ။

၂.၁ Thunderbird ထဲက Global Search နဲ့ Indexer option များကို disable လုပ်နည်း

သတိပေးချက် - Thunderbird ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့ Global Search and Indexer feature ကို ပိတ်ထားရမည်။ အီးမေးလ်တွေရဲ့ အရွယ်အစားနဲ့ အရေအတွက် အပေါ်မူတည်ပြီး Hard Drive မှာ ရှိတဲ့ အချက်အလက်တွေကို မလိုအပ်ပဲ အဆက်မပြတ် over-write လုပ်ခြင်းဖြင့်၊ ကွန်ပျူတာရဲ့ အမြန်နှုန်းကို လျော့ကျစေနိုင်တယ်။ hard drive နေရာ ပြည့်လာတာနဲ့ မသက်ဆိုင်တဲ့ ကွန်ပျူတာရဲ့ တခြား လုပ်ငန်းလည်ပတ်မှုကို နှေးကွေးစေနိုင်တယ်။

Global Search and Indexer ကို ပိတ်ဖို့ အောက်ပါ အဆင့်တွေကို လုပ်ဆောင်ပါ -

အဆင့် ၁ - Options ဝင်းဒိုးကို သက်ဝင်စေဖို့ Thunderbird console ထဲက Tools > Options ကို ရွေးချယ်ပါ။

အဆင့် ၂ - သူနဲ့ သက်ဆိုင်တဲ့ tab ကို သက်ဝင်စေဖို့ အောက်ပါအတိုင်း ကို နှိပ်ပါ -

ပုံ ၄ - Advanced tab ကို ပြထားသော Options ဝင်းဒိုး ပြပုံ

အဆင့် ၃ - Advanced Configuration အခန်းထဲက 'Enable Global Search and Indexer' စာတန်းပါတဲ့ check box ကို နှိပ်ပြီး ဒီ option ကို အောက်မှာ ပြထားတဲ့အတိုင်း disable လုပ်ပါ -

ပုံ ၅ - Advanced Configuration အခန်း ပြပုံ

ယခု ဒီ option ကို အောင်မြင်စွာ ပိတ်ပြီးပါပြီ၊ Thunderbird မှာ အီးမေးလ် အကောင့်တစ်ခုကို မှတ်ပုံတင်ဖို့ အဆင်သင့် ရှိနေပါပြီ။

၂.၂ အီးမေးလ်အကောင့် တစ်ခုကို Thunderbird မှာ မှတ်ပုံတင်ခြင်း ပြုလုပ်နည်း

Thunderbird ကို install လုပ်ပြီးတဲ့အခါမှာပဲ Import Wizard - Import Settings and Mail Folders ဝင်းဒိုးဟာ ပထမအကြိမ် ပေါ်လာတာ ဖြစ်တယ်။

အဆင့် ၁ - အောက်က မျက်နှာပြင်နဲ့ တူအောင် Don't import anything option ကို Uncheck လုပ်ပါ -

ပုံ ၆ - Import Wizard - Import Settings နဲ့ Mail Folders

အဆင့် ၂ - အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ -

ပုံ ၇ - Mail Account Setup ဝင်းဒိုး ပြပုံ

အဆင့် ၃ - သက်ဆိုင်တဲ့ ကွက်လပ်တွေမှာ အမည်၊ အီးမေးလ် လိပ်စာ၊ password တွေကို ရေးထည့်ပါ၊ အပေါ်က ပုံ ၇ နဲ့ တူအောင် Remember my password option ကို disable လုပ်ဖို့ check box ကို နှိပ်ပါ။

အဆင့် ၄ - အောက်က မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ -

ပုံ ၈ - IMAP - Access folders and messages from multiple computers option ကို ဖွင့်ထားတဲ့ Mail Account Setup ဝင်းဒိုး ပြပုံ

IMAP နဲ့ POP - ဖေါ်ပြချက်များနဲ့ အသုံးနှုန်း

Internet Message Access Protocol (IMAP) နဲ့ Post Office Protocol (POP) တို့ဟာ အီမေးလ်တွေကို သိမ်းဆည်းဖို့နဲ့ လက်ခံရရှိဖို့ အသုံးပြုတဲ့ နည်းလမ်း နှစ်မျိုး ဖြစ်တယ်။

  • Internet Message Access Protocol (IMAP) - IMAP ကို အသုံးပြုနေတဲ့ အချိန်မှာ folder အားလုံး (Inbox, Drafts, Templates, Sent, Trash နဲ့ တခြား ဖိုင်တွဲတွေ) ဟာ အီးမေးလ် ဆာဗာပေါ်မှာ တည်ရှိနေကြတယ်။ ဒါကြောင့် ဒီ ဖိုင်တွဲတွေကို တခြား ကွန်ပျူတာကနေ ဝင်ရောက် သုံးစွဲနိုင်တယ်။ အစပိုင်းမှာ အီးမေးလ်တွေ အားလုံးဟာ ဆာဗာပေါ်မှာ ရှိပြီး အီးမေးလ်တွေရဲ့ ခေါင်းစဉ်တွေကိုသာ (အချိန်၊ ရက်စွဲ၊ အကြောင်းအရာ၊ ပေးပို့သူအမည် စတာတွေ ပါဝင်ပြီး) ကွန်ပျူတာမှာ မြင်နိုင်ဖို့ ဒေါင်းလုဒ် လုပ်ထားတယ်။ အီးမေးလ်ကို ဖွင့်ကြည့်တဲ့ အခါမှာပဲ အီးမေးလ် အပြည့်အစုံကို ဖေါ်ပြပေးတယ်။ အင်တာနက်လိုင်း မရှိတဲ့ အော့ဖ်လိုင်း အချိန်မှာ၊ ကွန်ပျူတာထဲမှာ ရှိတဲ့ အီးမေးလ်တွေ အားလုံး (သို့) ဖိုင်တွဲ တချို့ကို သိမ်းဆည်းထားဖို့ Thunderbird ကို configure လုပ်နိုင်တယ်။ IMAP ထဲက အီးမေးလ်တွေ (သို) ဖိုင်တွဲတွေကို ပယ်ဖျက်လိုက်တဲ့အခါ၊ ကွန်ပျူတာနဲ့ ဆာဗာ နှစ်ခုစလုံးထဲကပါ ပယ်ဖျက်သွားမှာ ဖြစ်တယ်။

  • Post Office Protocol (POP) - Post Office Protocol (POP) - ဆာဗာမှာ ရှိတဲ့ Inbox တခုဖြစ်တဲ့ POP ကိုပဲ အသုံးပြုနေတဲ့အခါ၊ တခြား ဖိုင်တွဲတွေ အားလုံးဟာ ကွန်ပျူတာထဲမှာပဲ ရှိနေကြတယ်။ အီးမေးလ်တွေကို ကွန်ပျူတာထဲမှာ ဒေါင်းလုဒ် လုပ်ပြီးတဲ့အခါ ဆာဗာပေါ်က Inbox မှာ ရှိတဲ့ အီးမေးလ်တွေကို ချန်ထားချင် ချန်ထားလို့ ရတယ်။ ဒါမှမဟုတ်၊ ဆာဗာပေါ်ကနေ ပယ်ဖျက်နိုင်တယ်။ အကယ်လို့ သင့်ရဲ့ အီးမေးလ် အကောင့်ကို တခြား ကွန်ပျူတာကနေ ဝင်သုံးနေတယ် ဆိုရင်၊ အီးမေးလ်တွေ (မဖျက်သေးတဲ့ အီးမေးလ် အသစ်တွေနဲ့ အီးမေးလ် အဟောင်းတွေ) ကို Inbox ဖိုင်တွဲ ထဲမှာပဲ ဖတ်ရှု့နိုင်မှာ ဖြစ်တယ်။

အဆင့် ၅ - အကောင့် ဖွင့်ဖို့ ကို နှိပ်ပြီး၊ Thunderbird console ကို All Folders sidebar မှာ ပြထားတဲ့ အီးမေးလ် အကောင့်နဲ့တကွ သက်ဝင်စေပါ -

ပုံ ၉ - အသစ်ဖွင့်ထားတဲ့ gmail အကောင့်ကို ဖော်ပြထားတဲ့ Mozilla Thunderbird ရဲ့ ပင်မမျက်နှာစာ

မှတ်ချက် - မှတ်ချက် - တခြား အီးမေးလ် အကောင့်ကို ထပ်ထည့်ဖို့၊ ဒီအခန်းမှာ ရှိတဲ့ ပုံ ၇ ကို သက်ဝင်စေဖို့ File > New > Mail Account... ကို select လုပ်ပါ၊ ပြီးရင် အဆင့် ၃ ကနေ အဆင့် ၅ ကို ထပ်လုပ်ပါ။

အီးမေးလ် အကောင့်ကို Thunderbird ထဲမှာ အောင်အောင်မြင်မြင် မှတ်ပုံတင်လိုက်ပြီး၊ နောက်တခါ ပင်မ သုံးစွဲသူ မျက်နှာပြင်ကို ဖွင့်လိုက်တဲ့ အခါ၊ အောက်မှာ ပြထားတဲ့အတိုင်း အကောင့် တစ်ခုစီရဲ့ စကားဝှက်ကို ရေးထည့်ဖို့ အချက်ပြလာပါလိမ့်မယ် -

ပုံ ၁ဝ - Mail Server စကားဝှက် တောင်းဆိုနေတဲ့ ဝင်းဒိုးပုံ

မှတ်ချက် - အင်တာနက် သီးသန့်ဖြစ်မှုနဲ့ လုံခြုံရေး ရှုထောင့် အနေနဲ့၊ စကားဝှက် မှတ်သားတာ (သို့) 'remembering' features တွေကို အများအားဖြင့် အားမပေးထားပေမဲ့၊ Thunderbird မှာ Master Password feature တစ်ခုကို ပံ့ပိုးပေးထားတယ်။ ဒီ feature ကို အသုံးပြုပြီး စကားဝှက် တစ်ခုထဲကို အသုံးပြုပြီး setup လုပ်တဲ့အချိန်မှာ ဖန်တီးခဲ့တဲ့ တခြား အကောင့်တွေနဲ့ သက်ဆိုင်တဲ့ စကားဝှက်တွေကို ကာကွယ်နိုင်တယ်။ ဒီ feature နဲ့ ပါတ်သက်ပြီး အချက်အလက် အသေးစိတ် သိချင်ရင်၊ အခန်း (၃.၃) Thunderbird တွင် လုံခြုံရေး tabs များကို Configure လုပ်နည်း - စကားဝှက် tab မှာ သွားရောက် ဖတ်ရှုပါ။

၂.၃ Thunderbird မှာ Blogs, News Feeds နဲ့ Newsgroup အကောင့်များကို မှတ်ပုံတင်နည်း

Blogs, News Feeds နဲ့ Newsgroup တွေအတွက် အကောင့်တစ်ခု ဖွင့်ဖို့ အောက်ပါ အဆင့်တွေကို လုပ်ဆောင်ပါ -

အဆင့် ၁ - Account Wizard > New Account Setup* ဝင်းဒိုးကို သက်ဝင်စေဖို့ File> New> Other Accounts ကို Select လုပ်ပါ။

အဆင့် ၂- Blogs & Newsfeeds ဒါမှမဟုတ် Newsgroup အကောင့် option ကို check လုပ်ပါ၊ အဲဒီနောက် အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ -

ပုံ ၁၁ - Account Wizard - Account Name ကို ဖေါ်ပြတဲ့ ဝင်းဒိုး

အဆင့် ၃ - အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ -

ပုံ ၁၂ - Account Wizard - Congratulations ဝင်းဒိုးပုံ

အဆင့် ၄- Account setup လုပ်ငန်းစဉ်ကို အပြီးသတ်ဖို့ ကို နှိပ်ပြီး Thunderbird console ကို ပြန်သွားပါ။

အခုချိန်မှာ Thunderbird ကို ကောင်းကောင်းမွန်မွန် အသုံးပြုနိုင်ဖို့ အတွက် စနစ်တကျ configure လုပ်ထားလိုက်ပါပြီ။ လာမဲ့ အခန်း Thunderbird တွင် လုံခြုံရေး settings များကို Configure ပြုလုပ်နည်း ကို ဆက်လက် လေ့လာပါ။

Thunderbird တွင် လုံခြုံရေး settings များကို Configure လုပ်နည်း

ဒီစာမျက်နှာမှာ ပါဝင်တဲ့ အပိုင်းများ -

၃.ဝ Thunderbird မှာရှိတဲ့ လုံခြုံရေး options အကြောင်း

Mozilla Thunderbird မှာ သုံးနှုန်းတဲ့ လုံခြုံရေး ဆိုတဲ့ စကားရပ်သည် ကွန်ပျူတာကို အန္တရာယ် ရှိတဲ့ အီးမေးလ်တွေရဲ့ နှောင့်ယှက်မှုကနေ ကာကွယ်ပေးတာကို ဆိုလိုတယ်။ တချို့ အီးမေးလ်တွေမှာ spam တွေသာ ပါဝင်ပြီး တခြားမှာ spyware နဲ့ viruses တွေ ပါနိုင်တယ်။ Mozilla Thunderbird မှာ အီးမေးလ် ကတစ်ဆင့် ကွန်ပျူတာထဲ ဝင်ရောက်တိုက်ခိုက်မှုတွေကို ခုခံ ကာကွယ်နိုင်တဲ့ စွမ်းရည်ကို မြှင့်တင်ပေးနိုင်တဲ့ settings တချို့ ရှိတယ်။ ဒါ့အပြင် ကွန်ပျူထာထဲမှာ anti-malware နဲ့ firewall ဆော့ဗ်ဝဲတွေကို မရှိမဖြစ် install လုပ်ထားဖို့ လိုပါတယ်။

အန္တရာယ်ရှိတဲ့ တိုက်ခိုက်မှုတွေကနေ ကာကွယ်တဲ့ အသေးစိတ် အချက်အလက်ကို သုံးစွဲနည်း လမ်းညွှန် အခန်း ၁။ ကွန်ပျူတာကို Malware နှင့် Hackers များ ရန်မှ ကာကွယ်နည်း မှာ သွားရောက် ကြည့်ရှုပြီး လုံခြုံရေး ဆော့ဖ်ဝဲတွေ ဖြစ်ကြတဲ့ Avast, Comodo Firewall နဲ့ Spybot တို့အကြောင်းကို လေ့လာနိုင်ပါတယ်။

၃.၁ Thunderbird မှာရှိတဲ့ Preview Pane ကို disable လုပ်နည်း

Thunderbird console ကို အပိုင်း သုံးပိုင်း ခွဲခြားထားပါတယ်။ ဘယ်ဖက်မှာ ရှိတဲ့ sidebar မှာ အီးမေးလ်တွေကို ထားရှိတဲ့ folders တွေကို ဖေါ်ပြထားပြီး ညာဖက်ခြမ်းမှာ အီးမေးလ်တွေရဲ့ စာရင်း တစ်ခုကို ဖေါ်ပြထားတယ်။ အောက်ပိုင်းက Preview အကန့်မှာ သင် ရွေးလိုက်တဲ့ အီးမေးလ်ရဲ့ အကြောင်းအရာ အပြည့်အစုံကို ဖေါ်ပြပေးတယ်။ အီးမေးလ်ကို ရွေးလိုက်တာနဲ့ တပြိုင်နက် အောက်ပိုင်း Preview အကန့်မှာ အကြောင်းအရာကို မြင်ရမှာ ဖြစ်ပါတယ်။

မှတ်ချက် - အကယ်လို့ အီးမေးလ် တစ်စောင်မှာ အန္တရာယ်ရှိတဲ့ ကုဒ်တွေ ပါလာမယ် ဆိုရင်၊ ဒီအီးမေးလ် အကန့်က သက်ဝင်လှုပ်ရှားစေနိုင်တဲ့အတွက်၊ သူ့ကို disable လုပ်ထားတာ ပိုကောင်းပါတယ်။

ပုံ ၁ - Thunderbird ရဲ့ ပင်မ သုံးစွဲသူ မျက်နှာပြင်

Preview အကန့်ကို disable လုပ်ဖို့ အောက်ပါ အဆင့်တွေကို လုပ်ဆောင်ပါ -

အဆင့် ၁ - View > Layout submenu ကို Select ရွေးပါ၊ ပြီးရင် အောက်ပါအတိုင်း Message Pane option ကို disable လုပ်ဖို့ သူ့ကို Select လုပ်ပါ -

ပုံ ၂ - ရွေးချယ်ထားတဲ့ Layout submenu နဲ့ Message Pane option ကို ပြသနေတဲ့ view menu ပြပုံ

'Message Pane' ပျောက်သွားလိမ့်မယ်။ အီးမေးလ် တစ်စောင်ကို ဖွင့်ဖတ်ဖို့ နှစ်ချက် နှိပ်ပါ။ အကယ်လို့ အီးမေးလ် တစ်စောင်ဟာ (ဥပမာ - မထင်မှတ်တဲ့ (သို့) မဆီလျှော်တဲ့ subject ခေါင်းစဉ် ပါလာရင်၊ ဒါမှမဟုတ် မသိကျွမ်းဖူးတဲ့ လူတစ်ယောက်ဆီက လာတယ် ဆိုရင်) သံသယ ရှိစရာဖြစ်နေရင်၊ သူ့ကို ဖွင့်မကြည့်ပဲ ပယ်ဖျက်နိုင်ပါတယ်။

၃.၂ Thunderbird မှာရှိတဲ့ HTML Feature ကို disable လုပ်နည်း

Thunderbird ဟာ အီးမေးလ် ရေးသားဖို့နဲ့ ဖတ်ရှုဖို့ HyperText Markup Language (HTML) ကို အသုံးပြုထားတယ်။ ဒီနည်းနဲ့ အရောင်တွေ၊ ဖောင့်စာလုံးတွေ၊ ရုပ်ပုံတွေနဲ့ တခြား format နဲ့ ပေးပို့တဲ့ features တွေပါတဲ့ အီးမေးလ်တွေကို လက်ခံ ပေးပို့နိုင်တာ ဖြစ်တယ်။ ဒါပေမဲ့၊ အဲဒီ HTML ကိုပဲ ကွန်ရက် စာမျက်နှာတွေမှာ အသုံးပြုထားတယ်။ HTML format ပါတဲ့ အီးမေးလ်တွေကို ဖွင့်ကြည့်ခြင်းကြောင့်၊ ကွန်ရက် စာမျက်နှာတွေမှာ တွေ့ရတတ်တဲ့ အလားတူ အန္တရာယ် ခြိမ်းခြောက်မှုတွေကို ကူးစက်လာနိုင်ပါတယ်။

HTML ကို format လုပ်ပေးတဲ့ feature ကို disable လုပ်ရန် အောက်ပါအတိုင်း လုပ်ဆောင်ပါ -

အဆင့် ၁ - အောက်ပါအတိုင်း View > Message Body As > Plain Text ကို Select လုပ်ပါ -

ပုံ ၃ - ရွေးထားတဲ့ Message Body submenu ထဲက Plain Text option ကို ဖေါ်ပြနေတဲ့ View menu ပြပုံ

၃.၃ Thunderbird မှာရှိတဲ့ Security tabs ကို Configure လုပ်နည်း

Thunderbird မှာ သင့်ဆီ ရောက်လာတဲ့ အီးမေးလ်တွေဟာ စပမ်း ဟုတ်မဟုတ် စစ်ဆေးပေးတဲ့ built-in junk mail filters နှစ်ခု ရှိတယ်။ default အနေနဲ့၊ အဲဒီ filters တွေကို disable လုပ်ထား (ပိတ်ထား) တယ်။ ဒါကြောင့် အသုံးပြုမယ် ဆိုရင် enable လုပ်ဖို့ လိုတယ်။ သူတို့ကို enable လုပ်ပြီးတဲ့ အချိန်မှာလည်း၊ junk mail ကို ဆက်လက် ရရှိနေလိမ့်မယ်၊ ဒါပေမဲ့ Thunderbird က သူတို့ကို အလိုလျောက်နဲ့ Junk ဖိုင်တွဲထဲ ထည့်သွားမှာ ဖြစ်ပါတယ်။

Email scams - သူတို့ကို phishing အီးမေးလ်တွေ လို့လည်း ခေါ်ဆိုပြီး၊ အီးမေးလ်ထဲမှာ ထည့်ထားတဲ့ link တစ်ခုခုကို နှိပ်လာအောင် ဆွဲဆောင်တတ်တယ်။ မကြာခဏ ဆိုသလို၊ အဲဒီ links တွေဟာ သင် သုံးစွဲနေတဲ့ browser ကို ဗိုင်းရပ်စ်ရှိတဲ့ ကွန်ရက် စာမျက်နှာ တခုဆီ ခေါ်သွားပြီး ကွန်ပျူတာကို တိုက်ခိုက်ဖို့ ကြိုးစားနေလိမ့်မယ်။ နောက်တမျိုးအနေနဲ့၊ အဲဒီ link က သမာဓိ ရှိတဲ့ ကွန်ရက် စာမျက်နှာ တစ်ခုရဲ့ ပုံဖမ်းထားတဲ့ နေရာကို ခေါ်သွားပြီး၊ သင့်ရဲ့ user name နဲ့ password ကို ရယူဖို့ ကြိုးစားလိမ့်မယ်။ အဲဒါတွေကို စီးပွားရေးအရ တခြားသူဆီ ရောင်းချနိုင်တယ် (သို့) အန္တရာယ် ပေးဖို့ အတွက် အသုံးချနိုင်ပါတယ်။

Thunderbird က ဒီလို အီးမေးလ်တွေကို စစ်ဆေးဖေါ်ထုတ်ပြီး သတိပေးရာမှာ အကူအညီ ပေးနိုင်တယ်။ ထပ်ထည့်ထားတဲ့ ကိရိယာတွေကလည်း 'Firefox' အခန်းရဲ့ Firefox ရဲ့ တခြား အသုံးဝင်တဲ့ Add-Ons များ အပိုင်းမှာ ဖေါ်ပြထားတဲ့ အန္တရာယ် ပေးတတ်တဲ့ ကွန်ရက် စာမျက်နှာတွေရဲ့ ရန်ကနေ အကာအကွယ် ပေးရာမှာ ကူညီပေးနိုင်ပါတယ်။

ရွေးချယ်ထားတဲ့ Junk mail အစုနဲ့ လုံခြုံရေး ထိန်းချုပ်မှုတွေကို Options - Security ကတဆင့် လုပ်ဆောင်နိုင်တယ်။ အဲဒီကတဆင့် Privacy နဲ့ လုံခြုံရေး options တွေကို Configure လုပ်ရတာ ဖြစ်တယ်။ လုပ်ဆောင်တဲ့ အဆင့်တွေကတော့ အောက်ပါ အတိုင်း ဖြစ်တယ် -

အဆင့် ၁ - Options ဝင်းဒိုးကို သက်ဝင်စေဖို့ Tools > Options ကို Select လုပ်ပါ။

အဆင့် ၂ - အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ -

ပုံ ၄ - လုံခြုံရေး ဝင်းဒိုးနဲ့ သက်ဆိုင်တဲ့ tabs များကို ပြသပုံ

Junk tab

အဆင့် ၁Junk mail အဖြစ် သင် သတ်မှတ်လိုက်တဲ့ အီးမေးလ်ကို Thunderbird ကို ပယ်ဖျက်စေဖို့၊ အပေါ်က ပုံ ၄ မှာ ပြထားတဲ့အတိုင်း Junk tab ထဲက ဆီလျှော်တဲ့ options ကို Check လုပ်ပါ။

Email Scams tab

အဆင့် ၁ - အောက်ပါအတိုင်း လှည့်စားတဲ့ (email scams) အတွက် သတင်းပေးပို့ချက်များကို ခွဲခြားကြည့်ရှုရန် Thunderbird ကို enable လုပ်ဖို့ရာ 'Tell me if the message I'm reading is a suspected email scam' option ကို check လုပ်ပါ -

ပုံ ၅ - Email Scams tab ပြပုံ

Anti-Virus tab

အဆင့် ၁ - အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ Anti-Virus tab ကို နှိပ်ပါ။

ပုံ ၆ - Anti-Virus tab ပုံ

ဒီ option ကို အသုံးပြုပြီး ဗိုင်းရပ်စ် ဖယ်ရှားရေး ဆော့ဗ်ဝဲက ဝင်လာတဲ့ အီးမေးလ်တွေကို စကင်ဖတ် စစ်ဆေးပြီး ဖယ်ထုတ်ထားလိုက်တယ်။ ဒီ setting ကို enable လုပ်မထားရင်၊ အကယ်လို့ ဗိုင်းရပ်စ် ကူးစက်ထားတဲ့ အီးမေးလ် တစ်စောင်ကို လက်ခံရရှိထားတယ် ဆိုရင်၊ 'Inbox folder' တစ်ခုလုံးကို 'သီးသန့်ခွဲထား' ('quarantined') မှာ ဖြစ်တယ်။

မှတ်ချက် - ဒီနေရာမှာ သင်ဟာ ကောင်းကောင်းမွန်မွန် အလုပ်လုပ်တဲ့ ဗိုင်းရပ်စ် ဖယ်ရှားပေးမဲ့ ပရိုဂရမ် တစ်ခုခုကို install လုပ်ထားတယ်လို့ ယူဆထားတယ်။ 'ဗိုင်းရပ်စ် ဖယ်ရှားရေး ဆော့ဖ်ဝဲကို install လုပ်နည်းနဲ့ Configure လုပ်နည်းအကြောင်း အသေးစိတ်ကို Avast မှာ ဖတ်ရှုပါ။

Passwords tab

အဆင့် ၂ - အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ Passwords tab ကို နှိုပ်ပါ -

ပုံ ၇ - Passwords tab ပြပုံ

အရေးကြီးချက် - လုံခြုံရေးအတွက် ကိုက်ညီမှု ရှိအောင် စီစဉ် ထုတ်လုပ်ထားတဲ့ ဆော့ဗ်ဝဲ တစ်ခုခုကို အသုံးပြုပြီး သင့်ရဲ့ စကားဝှက်တွေကို လုံလုံခြုံခြုံနဲ့ လျှို့ဝှက်ထားဖို့ အထူး အကြံပြုလိုတယ်။ အသေးစိတ် အချက်အလက်တွေကို KeyPass မှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်။

မှတ်ချက် - Password tab မှာ ရှိတဲ့ ဒီ options ဟာ သင့်ရဲ့ အီးမေးလ်ကို Thunderbird မှာ မှတ်ပုံတင်တဲ့ အချိန်မှာ တွေ့ရတဲ့ ပထမ Mail Account Setup မျက်နှာပြင်ထဲက 'Remember password' option ကို check လုပ်ထားမှသာ အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။

အဆင့် ၁ - အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ -

ပုံ ၈: Saved Passwords ဝင်းဒိုး ပြပုံ

Saved Passwords ဝင်းဒိုးကို သုံးပြီး အကောင့် တစ်ခုချင်းနဲ့ သက်ဆိုင်တဲ့ စကားဝှက်တွေ အားလုံးကို ဖယ်ရှားနိုင်တယ် (သို့) ကြည့်ရှုနိုင်တယ်။ ဒါပေမဲ့၊ သင့်ရဲ့ Privacy နဲ့ လုံခြုံရေးကို တိုးမြှင့်ဖို့၊ *Master Password** တစ်ခုကို သတ်မှတ်ပြီး သင့်ရဲ့ အကောင့် စကားဝှက်တွေ အားလုံးကို *Thunderbird စကားဝှက် options အကြောင်း သိထားတဲ့ တခြား လူတွေက ဝင်လို့ မရအောင် ပိတ်ထားနိုင်ပါတယ်။

အဆင့် ၃ - Change Master password... ခလုတ်ကို enable လုပ်ဖို့ ပုံ ၇ မှာ ဖေါ်ပြတဲ့အတိုင်း Use a master password option ကို check လုပ်ပါ။

အဆင့် ၄ - အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ -

ပုံ ၉ - Master Password သတ်မှတ်တဲ့ ဝင်းဒိုး ပြပုံ

အဆင့် ၅ - သင် တစ်ယောက်ထဲကပဲ မှတ်မိနိုင်တဲ့ ခန့်မှန်းရခက်တဲ့ စကားဝှက် တစ်ခုကို ရေးထည့်ပါ။ အဲဒါကို Master password အဖြစ် အတည်ပြုဖို့ ကို နှိပ်ပါ။ နောက်တခါ ကို နှိပ်လိုက်တဲ့အခါ master password ကို ရေးထည့်ဖို့ အောင်ပါ မျက်နှာပြင် ပေါ်လာပါလိမ့်မယ် -

ပုံ ၁ဝ - စကားဝှက် တောင်းဆိုတဲ့ မျက်နှာပြင် ပြပုံ

Web Content tab

'Cookie' ဆိုတာ ကွန်ရက် စာမျက်နှာ တစ်ခုခုကို မှန်ကန်ကြောင်း ခွဲခြား သိရှိဖို့ web browser က အသုံးပြုတဲ့ စာသား သက်သက် ဖြစ်တယ်။ Web Content tab ကို အသုံးပြုပြီး လုံခြုံစိတ်ချရတဲ့ ဘလော့ဂ်၊ news feed (သို့) newsgroup cookies တွေကို ခွဲခြား သိရှိနိုင်ပါတယ်။

အဆင့် ၁ - အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ Web Content tab ကို နှိပ်ပါ။

ပုံ ၁၁ - Web Content tab ပြပုံ

အဆင့် ၂ - လုံခြုံရေး ပိုကောင်းအောင် Thunderbird ကို ပိတ်လိုက်တဲ့အချိန်တိုင်း အဲဒီ Cookies တွေကို ပယ်ဖျက်ဖို့ I close Thunderbird item in the Keep until: option ကို Select လုပ်ပါ။

၃.၄ Account Settings Junk Mail Filter ကို enable လုပ်နည်း

Thunderbird ရဲ့ ဒုတိယ အမျိုးအစား junk mail filter ကို Account Settings - Junks Settings ဝင်းဒိုးကနေ ဖွင့်လို့ရတယ်။ Default အနေနဲ့၊ အဲဒီ filters တွေကို disable လုပ်ထားတယ်။ ဒါကြောင့် အသုံးပြုမယ် ဆိုရင်၊ သူတို့ကို enable လုပ်ဖို့ လိုတယ်။ junk အီးမေးလ်တွေ ရောက်လာတဲ့အခါ၊ အကောင့် အသီးသီးမှာ ရှိတဲ့ Junk ဖိုင်တွဲတွေထဲကို အလိုအလျောက် ထည့်သွားမှာ ဖြစ်ပါတယ်။

အဆင့် ၁ - Account Settings ဝင်းဒိုးကို သက်ဝင်စေဖို့ Tools > Account Settings ကို Select လုပ်ပါ။

အဆင့် ၂ - Sidebar မှာ ရှိတဲ့ Gmail (သို့) Riseup အကောင့်တစ်ခုခုနဲ့ သက်ဆိုင်တဲ့ Junk Settings option ကို Select လုပ်ပါ။

အဆင့် ၃ - သင့်ရဲ့ ကိုယ်ပိုင် Account Settings - Junk Settings မျက်နှာပြင်ဟာ အောက်မှာ ဖေါ်ပြတဲ့ပုံနဲ့ တူအောင် Junk Settings options ကို enable လုပ်ပါ -

ပုံ ၁၂: Account Settings - Junk Settings ဝင်းဒိုး ပြပုံ

အဆင့် ၄ - Account Settings ဝင်းဒိုးအတွက် configuration ကို အပြီးသတ်ဖို့ ကို နှိပ်ပါ။

မှတ်ချက် - အကောင့် တစ်ခုစီအတွက် Junk Settings option ကို သီးခြားစီ Configure လုပ်ရမယ်။ Gmail (သို့) Riseup အကောင့်မှာ ရှိတဲ့ Junk mail ကို သူနဲ့ သက်ဆိုင်တဲ့ Deleted folder ထဲမှာ ထည့်ထားမှာ ဖြစ်တယ်။ နောက်တစ်မျိုးအနေနဲ့၊ အကောင့် အားလုံးမှာ ရှိတဲ့ junk mail ကို ထားရှိဖို့ Local Folder တစ်ခုကို သတ်မှတ်နိုင်ပါတယ်။

ပုံ ၁၃ - ဘုံသုံး junk folder တစ်ခုကို ဖန်တီးတဲ့ settings တွေကို ပြသနေတဲ့ Account Settings - Junk Settings ဝင်းဒိုးပြပုံ

အဆင့် ၁ - Sidebar မှာ ရှိတဲ့ Local Folder အောက်က Junk Settings option ကို Selectလုပ်ပါ။

အဆင့် ၂ - ပုံ ၁၃ မှာ ပြထားတဲ့အတိုင်း ''Junk" folder on: drop-down list မှာ ရှိတဲ့ Local Folders ကို Select လုပ်ပါ။

အဆင့် ၃ - Account Settings ဝင်းဒိုးအတွက် configuration ကို အပြီးသတ်ဖို့ ကို နှိပ်ပါ။

ယချိန်မှာ Thunderbird မှာ ရှိတဲ့ အမျိုးအစားခွဲထားတဲ့ လုံခြုံရေး options နဲ့ junk mail settings တွေကို အောင်အောင်မြင်မြင် configure လုပ်လိုက်ပြီ။ ဆက်လက်ပြီး Thunderbird ထဲမှာ Enigmail နဲ့ GnuPG အသုံးပြုနည်း အခန်းကို လေ့လာ ဖတ်ရှုပါ။

Thunderbird ထဲမှာ Enigmail နဲ့ GnuPG အသုံးပြုနည်း

ဒီစာမျက်နှာမှာ ပါဝင်တဲ့ အပိုင်းများ -

၄.ဝ Enigmail, GnuPG နဲ့ Private-Public Key စာဝှက်စနစ် ခြုံငုံသုံးသပ်ချက်

Enigmail ဟာ Mozilla Thunderbird ရဲ့ add-on တစ်ခု ဖြစ်ပြီး အီးမေးလ် ဆက်သွယ်ရေး privacy ကို အကာအကွယ် ပေးတယ်။ Enigmail ဆိုတာ Thunderbird ထဲမှာ ရှိတဲ့ GnuPG စာဝှက်စနစ်ကို အသုံးပြုစေတဲ့ မျက်နှာပြင် တစ်ခု ဖြစ်တယ်။ Engimail မျက်နှာပြင်ကို Thunderbird console tool bar မှာ** OpenPGP** အဖြစ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Enigmail ဟာ public-key စာဝှက်စနစ် ကို အခြေခံထားတယ်။ ဒီနည်းလမ်းအရ၊ လူတဦးစီဟာ သူ့ရဲ့ ကိုယ်ပိုင် key pair ကို ပြုလုပ်ရမှာ ဖြစ်တယ်။ ပထမ key ကို private key လို့ ခေါ်တယ်။ အဲဒါကို password (သို့) passphrase တစ်ခုခုနဲ့ ကာကွယ်ထားရမှာ ဖြစ်ပြီး၊ တခြား သူတွေနဲ့ မဝေမျှပဲ လုံလုံခြုံခြုံ သိမ်းထားရပါမယ်။

ဒုတိယ key ကို public key လို့ ခေါ်တယ်။ ဒီ key ကို သင့်ရဲ့ အဆက်အသွယ်တွေဆီ ဝေမျှနိုင်ပါတယ်။ အဆက်အသွယ် တစ်ယောက်ယောက်ရဲ့ public key ကို ရရှိတာနဲ့ စာဝှက်ထားတဲ့ အီးမေးလ်တွေကို အဲဒီ ပုဂ္ဂိုလ်ဆီ စတင် ပေးပို့နိုင်တယ်။ သူကပဲ သင် ပေးပို့လိုက်တဲ့ အီးမေးလ်တွေကို စာဝှက်ဖေါ်ပြီး ဖတ်ရှုနိုင်မှာ ဖြစ်တယ်။ ဘာကြောင့်လဲ ဆိုတော့ private key နဲ့ ကိုက်ညီတဲ့ သူဟာ သူတစ်ဦးထဲ ဖြစ်နေလို့ ဖြစ်ပါတယ်။

အလားတူပဲ၊ အကယ်လို့ သင့်ရဲ့ ကိုယ်ပိုင် public key ကို သင့်ရဲ့ အီးမေးလ် အဆက်အသွယ်တွေဆီ ပေးပို့ပြီး သူနဲ့ ကိုက်ညီတဲ့ private key ကို လျှို့ဝှက် ထားမယ် ဆိုရင်၊ အဲဒီ အဆက်အသွယ်တွေဆီက စာဝှက်ထားတဲ့ အီးမေးလ်တွေကို သင် တစ်ယောက်ထဲကပဲ ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။

Enigmail ကို အသုံးပြုပြီး ဒစ်ဂျစ်တယ် လက်မှတ်တွေ*ကို အီးမေးလ်တွေထဲမှာ ပူးတွဲထားနိုင်ပါတယ်။ public key အစစ်အမှန် ရရှိထားတဲ့ အီးမေးလ် လက်ခံရရှိသူက သူရရှိတဲ့ အီးမေးလ်ဟာ သင့်ဆီကနေ လာတာဖြစ်ကြောင်း၊ စာထဲမှာ ပါတဲ့ အကြောင်းအရာတွေဟာ လမ်းခရီးမှာ အနှောင့်အယှက် မခံရကြောင်း အတည်ပြုနိုင်မှာ ဖြစ်တယ်။ အလားတူပဲ၊ အကယ်လို့ အဆက်အသွယ် တစ်ယောက်ရဲ့ *public key ကို သင် ရရှိထားတယ် ဆိုရင်၊ သူ့အီးမေးလ်မှာ ပါတဲ့ ဒီဂျစ်တယ် လက်မှတ်တွေကို သုံးပြီး မှန်ကန်ကြောင်း အတည်ပြုနိုင်ပါတယ်။

၄.၁ Enigmail နဲ့ GnuPG ကို install လုပ်နည်း

Enigmail နဲ့ GnuPG ကို ဒေါင်းလုဒ် လုပ်တဲ့နည်းနဲ့ ပါတ်သက်တဲ့ ညွှန်ကြားချက်တွေကို ရရှိဖို့ ဒေါင်းလုဒ် ကဏ္ဍကို သွားပါ။

၄.၁.၁ GnuPG ကို install လုပ်နည်း

GnuPG ကို install လုပ်တာဟာ အတော်လေး ရိုးရှင်းပြီး၊ သင် ပြုလုပ်ခဲ့ဖူးတဲ့ တခြား ဆော့ဗ်ဝဲ installations တွေနဲ့ အတူတူပဲ ဖြစ်တယ်။

GnuPG ကို install စလုပ်ဖို့ အောက်ပါ အဆင့်တွေကို လုပ်ဆောင်ပါ -

အဆင့် ၁ - Installation လုပ်ငန်းစဉ်ကို စတင်ဖို့ ကို နှစ်ချက် နှိပ်ပါ။ Open File - Security Warning dialog box ပေါ်လာလိမ့်မယ်။ ပေါ်လာတဲ့အခါ၊ အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေရန် ကို နှိပ်ပါ -

ပုံ ၁ - GNU Privacy Guard Setup Wizard ပြပုံ

အဆင့် ၂ - GNU Privacy Guard Setup - License Agreement ဝင်းဒိုးကို သက်ဝင်စေဖို့ ကို နှိပ်ပါ၊ အဲဒီကို အားလုံး ဖတ်ပြီးတဲ့အခါ၊ GNU Privacy Guard Setup - Choose Components ဝင်းဒိုးကို သက်ဝင်စေဖို့ ကို နှိပ်ပါ။

အဆင့် ၃ - default settings ကို လက်ခံဖို့ ကို နှိပ်ပြီး၊ GNU Privacy Guard Setup - Install Options - GnuPG Language Selection ဝင်းဒိုးကို သက်ဝင်စေပါ။

အဆင့် ၄ en-English ကို default language အဖြစ် လက်ခံဖို့ ကို နှိပ်ပြီး၊ Choose Install Location ဝင်းဒိုးကို သက်ဝင်စေပါ။

အဆင့် ၅ - default installation path လက်ခံဖို့ ကို နှိပ်ပြီး၊ Choose Start Menu Folder ကို သက်ဝင်စေပါ။

အဆင့် ၆ - GnuPG packages အမျိုးမျိုးကို ဖြည်ချပြီး စတင် install လုပ်ဖို့ ကို နှိပ်ပါ။ ဒီလုပ်ငန်းစဉ် ပြီးသွားတဲ့အခါ Installation Complete မျက်နှာပြင် ပေါ်လာလိမ့်မယ်။

အဆင့် ၇ - GnuPG ပရိုဂရမ်ကို အပြီးသတ် install လုပ်ဖို့ ကို နှိပ်ပြီး ကို နှိပ်ပါ။

၄.၁.၂ Enigmail Add-on ကို install လုပ်နည်း

GnuPG ဆော့ဖ်ဝဲကို အောင်အောင်မြင်မြင် install လုပ်ပြီးရင် သင်ဟာ Enigmail add-on ကို install လုပ်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။

Enigmail ကို စတင် install လုပ်ဖို့၊ အောက်ပါ အဆင့်တွေကို လုပ်ဆောင်ပါ -

အဆင့် ၁ - Thunderbird ကို ဖွင့်ပါ၊ အဲဒီနောက် Add-ons ဝင်းဒိုးကို သက်ဝင်စေဖို့ Tools > Add-ons ကို Select လုပ်ပါ။ Add-ons ဝင်းဒိုးဟာ enable လုပ်ထားတဲ့ default Get Add-ons အကန့်နဲ့အတူ ပေါ်လာလိမ့်မယ်။

အဆင့် ၂ - အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ -

ပုံ ၃ - Extensions အကန့်ကို ပြသထားတဲ့ Add-ons ဝင်းဒိုး ပြပုံ

အဆင့် ၃ - အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ -

ပုံ ၄ - Install လုပ်မဲ့ extenstion တစ်ခုကို ရွေးချယ်ပုံ

အဆင့် ၄ - Enigmail ကို save လုပ်ထားတဲ့ ဖိုင်တွဲဆီ သွားပြီ၊ အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ -

ပုံ ၅ - ဆော့ဖ်ဝဲ Installation လုပ်တဲ့ ဝင်းဒိုး

အရေးကြီးချက် - ဒီအဆင့်ကို မလုပ်ဆောင်ခင်၊ သင့်ရဲ့ အွန်လိုင်း လုပ်ငန်းတွေ အားလုံးကို save လုပ်ထားဖို့ လိုအပ်တယ်။

အဆင့် ၇ - ပုံ ၅ ကို ပြန်သွားဖို့ ကို နှိပ်ပါ။ အဲဒီနောက် Enigmail add-on installation ကို အဆုံးသတ်ဖို့ ကို နှိပ်ပါ။

Enigmail add-on ကို အောင်အောင်မြင်မြင် installation လုပ်တာကို အတည်ပြုဖို့၊ Thunderbird ပင်မ သုံးစွဲသူ မျက်နှာပြင်ကို ပြန်သွားပြီး၊ Thunderbird toolbar မှာ OpenPGP ပေါ်လာ မပေါ်လာ စစ်ဆေးပါ။

ပုံ ၆ - Open PGP ကို အသားပေးထားတဲ့ Thunderbird toolbar ပြပုံ

၄.၁.၃ Enigmail နဲ့ GnuPG တို့ အလုပ်လုပ်နေတဲ့အကြောင်း အတည်ပြုနည်း

အီးမေးလ်တွေဟာ စစ်မှန်ကြောင်း အတည်ပြုဖို့နဲ့ စာဝှက်ဖို့ Enigmail နဲ့ GnuPG တို့ကို စတင် အသုံးမပြုခင်၊ သူတို့ နှစ်ခု စလုံး တစ်ဖက်နဲ့ တစ်ဖက် ဆက်သွယ်နေဖို့ လိုအပ်ပါတယ်။

အဆင့် ၁ - အောက်ပါအတိုင်း OpenPGP Preferences မျက်နှာပြင်ကို ဖေါ်ပြဖို့ Open PGP > Preferences ကို Select လုပ်ပါ -

ပုံ ၇ - Open PGP Preferences မျက်နှာပြင် ပြပုံ

GnuPG ကို အောင်အောင်မြင်မြင် install လုပ်ပြီးတဲ့အခါ၊ ကို Files and Directories အပိုင်းမှာ မြင်တွေ့ရမှာ ဖြစ်တယ်။ ဒါမှမဟုတ်ရင်၊ အောက်မှာ ပြထားတဲ့ ပုံနဲ့ တူတဲ့ pop-up တစ်ခု ပေါ်လာပါလိမ့်မယ် -

ပုံ ၈ - OpenPGP Alert pop-up စာတမ်းပြပုံ

သိကောင်းစရာ - ဒီစာတမ်းကို ရရှိတဲ့အခါ ဖိုင်ကို နေရာမှားပြီး install လုပ်နေတဲ့ အကြောင်း ပြသ လာနိုင်တယ်။ Browse... ခလုတ်ကို enable လုပ်ဖို့ Override with option ကို Check လုပ်ပါ။ Locate GnuPG program ကို သက်ဝင်စေဖို့ ကို နှိပ်ပြီး ကွန်ပျူတာထဲက gpg.exe ဖိုင် ရှိတဲ့နေရာကို သွားပါ။

အဆင့် ၂ - Thunderbird console ကို ပြန်သွားဖို့ ကို နှိပ်ပါ။

၄.၂ Key Pairs ပြုလုပ်နည်းနဲ့ အီးမေးလ် အကောင့်များ၌ သုံးစွဲရန် Enigmail ကို Configure လုပ်နည်း

Enigmail နဲ့ GnuPG တို့ဟာ ကောင်းကောင်းမွန်မွန် အလုပ်လုပ်နေကြကြောင်း အတည်ပြုပြီးတဲ့အခါ၊ Enigmail ကို သုံးပြီး private/public key အစုံကို ပိုပြီး ထုတ်လုပ်ဖို့ အီးမေးလ် အကောင့်တွေကို တစ်ခုမက configure လုပ်နိုင်ပါတယ်။

၄.၂.၁ Key Pair တစ်ခု ထုတ်လုပ်ရန် OpenPGP Wizard အသုံးပြုနည်း

Engimail ကို အသုံးပြုပြီး private-public key pair တစ်စုံကို နည်းလမ်း နှစ်မျိုးနဲ့ ထုတ်လုပ်နိုင်တယ်။ ပထမ တစ်နည်းက OpenPGP Setup Wizard ကို အသုံးပြုထားပြီး ဒုတိယနည်းက Key Management မျက်နှာပြင်ကို အသုံးပြုပါတယ်။

OpenPGP Setup Wizard ကို အသုံးပြုပြီး key pair တခုကို ပထမဆုံး အကြိမ် ထုတ်လုပ်ဖို့၊ အောက်ပါ အဆင့်တွေကို လုပ်ဆောင်ပါ -

အဆင့် ၁။ အောက်ပါအတိုင်း OpenPGP Setup Wizard မျက်နှာပြင်ကို ဖွင့်ဖို့ OpenPGP > Setup Wizard ကို Select လုပ်ပါ -

ပုံ ၉ - OpenPGP Setup Wizard မျက်နှာပြင်မှ ကြိုဆိုတဲ့ပုံ

အဆင့် ၂ - အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ -

ပုံ ၁ဝ - အထောက်အထားတွေကို ရွေးချယ်တဲ့ မျက်နှာပြင် ပြပုံ

အဆင့် ၃ - အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ -

ပုံ ၁၁ - လက်မှတ်ထိုးခြင်း - ဒစ်ဂျစ်တယ်နည်းနဲ့ လက်မှတ်ရေးထိုးထားတဲ့ အီးမေးလ် အထွက် မျက်နှာပြင်ပုံ

အဆင့် ၄ - အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ -

ပုံ ၁၂ - စာဝှက်စနစ် - အီးမေးလ် အထွက်တွေကို စာဝှက်ထားတဲ့ မျက်နှာပြင်ပုံ

အဆင့် ၅ - အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ် -

ပုံ ၁၃ - Preferences - OpenPGP ပိုပြီး စိတ်ချလက်ချ အလုပ်လုပ်နိုင်အောင် အီးမေးလ် Settings များကို ပြင်ဆင်တဲ့ပုံ

အဆင့် ၆- အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ -

ပုံ ၁၄ - Preferences မြက်နှာပြင် ပြပုံ

မှတ်ချက် - အပိုင်း ၃.၂ Thunderbird မှာရှိတဲ့ HTML Feature ကို disable လုပ်နည်း*မှာ HTML နည်းနဲ့ ရေးထားတဲ့ အီးမေးလ်တွေဟာ ဗိုင်းရပ်စ် အမျိုးမျိုးက အလွယ်တကူ တိုက်ခိုက်နိုင်တာကို အကျဉ်းချုံး ဆွေးနွေးခဲ့ကြတယ်။ *View message body as plain text option နဲ့ Do not compose HTML messages options တို့က ဒီပြဿနာကို တင်ပြထားပါတယ်။

အဆင့် ၇ - OpenPGP Setup Wizard ကို ပြန်သွားဖို့ ကို နှိပ်ပါ။ အဲဒီနောက် Create Key - Create A Key To Sign and Encrypt Email ဝင်းဒိုးကို သက်ဝင်စေဖို့ ကို နှိပ်ပါ။

မှတ်ချက် - ပထမဆုံး အကြိမ် အနေနဲ့ အီးမေးလ် အကောင့်တစ်ခုကို ဖွင့်ဖို့ ကြိုးစားတဲ့အခါ၊ သင့်ရဲ့ အီးမေးလ် အကောင့်တွေဟာ drop-down list ထဲမှာ ပေါ်လာအုံးမှာ မဟုတ်ဘူး

အဆင့် ၈ - စကားဝှက်နေရာ နှစ်ခုစလုံးမှာ အက္ခရာ နံပါတ် စာလုံး အနည်းဆုံး ၈ လုံးပါတဲ့ passphrase တစ်ခုကို ရေးထည့်ပါ

ပုံ ၁၅ - Create Key - အီးမေးလ်ကို လက်မှတ်ထိုးပြီး စာဝှက်ရေးဖို့ Key တခုကို ဖန်တီးတဲ့ ဝင်းဒိုးပြပုံ

အဆင့် ၉ - အဲဒီ Settings တွေကို အတည်ပြုဖို့ ကို နှိပ်ပါ၊ အဲဒီနောက် Create a Key မျက်နှာပြင်ကို ပြန်သွားဖို့ ကို နှိပ်ပါ၊ ပထမဆုံး အီးမေးလ် အကောင့်အမည် ပေါ်လာပြီး၊ အောက်မှာ ဖေါ်ပြတဲ့ ပုံနဲ့ တူနေလိမ့်မယ် -

ပုံ ၁၆ - အသစ်စက်စက် ဖွင့်ထားတဲ့ Account / User ID

အဆင့် ၁ဝ - Summary မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ၊ အခြေခံအားဖြင့်၊ သူက key pairs တွေကို ထုတ်လုပ်နေတဲ့အချိန်မှာ အသုံးပြုတဲ့ Settings ကို ထင်ဟပ်စေပါလိမ့်မယ်။

မှတ်ချက် - OpenPGP Setup Wizard ကို အသုံးပြုပြီး ထုတ်လုပ်ထားတဲ့ key pair ဟာ အလိုအလျှောက်နဲ့ 2048-bit ကို အခြေခံထားပြီး၊ သက်တမ်းအားဖြင့် ၅ နှစ်ထိ ခံတယ်။ ဒီနည်းလမ်းကို အသုံးပြုပြီး key pair ကို ထုတ်ယူပြီးတဲ့အခါ အဲဒီ ထူးခြားတဲ့ လက္ခဏာတွေကို ပြောင်းလဲလို့ မရတော့ပါဘူး။

၄.၂.၂ တခြား အီးမေးလ် အကောင့်အတွက် နောက်ထပ် Key Pairs နဲ့ Revocation Certificates ကို ထုတ်လုပ်နည်း

အီးမေးလ် အကောင့် တစ်ခုစီအတွက် သီးခြား key pair တစ်စုံ ထားရှိတာ ကောင်းတဲ့ အလေ့အထ ဖြစ်တယ်။ တခြား အီးမေးလ်အကောင့်အတွက် နောက်ထပ် key pairs တွေကို ထုတ်လုပ်လိုရင် အောက်က အဆင့်တွေကို လိုက်နာပါ။ key pair တစုံကို ထုတ်လုပ်တဲ့နေရာမှာ အဲဒီ key pair နဲ့ သက်ဆိုင်တဲ့ revocation certificate တခုလည်း ပါဝင်တယ်။ အကယ်လို့ သင့်ရဲ့ private key ဟာ တစ်ယောက်တစ်ယောက်က ယူသွားတာတို့၊ (သို့) ပျောက်သွားတာတို့ ဖြစ်နိုင်တဲ့ အခြေအနေမှာ သင့်ရဲ့ public key ကို အသုံးမပြုဖို့ သင့်ရဲ့ အဆက်အသွယ်တွေဆီကို ဒီ certificate ကိုပို့လိုက်ပါ။

အဆင့် ၁ - အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ OpenPGP > Key Management ကို Select လုပ်ပါ -

ပုံ ၁၇ - Key Pair item အသစ်ကို ရွေးထားတဲ့ Open PGP Key Management Generate Menu ပြပုံ

မှတ်ချက် - အပေါ်က ပုံ ၁၇ မှာ တင်ပြတဲ့အတိုင်း၊ ပထမဆုံး အီးမေးလ် အကောင့်ရဲ့ OpenPGP Setup Wizard ကို အသုံးပြုပြီး ထုတ်လုပ်တဲ့ key pair ကို ကြည့်ရှုဖို့ 'Display All Keys by Default' ကို check လုပ်ပါ။

အဆင့် ၂ - အောက်က မျက်နှာပြင်ကို သက်ဝင်စေဖို့ အပေါ်က ပုံ ၁၇ မှာ ဖော်ပြထားတဲ့ Key Management ထဲက Generate > New Key Pair ကို Select လုပ်ပါ -

ပုံ ၁၈ - OpenPGP Key ကို ထုတ်လုပ်နေတဲ့ ပုံ

အဆင့် ၃ - Account / User ID drop-down စာရင်းထဲကနေ အီးမေးလ် အကောင့်တစ်ခုကို select လုပ်ပါ။ Use generated key for the selected identity* option ကို check လုပ်ပါ။ သင့်ရဲ့ private key ကို ကာကွယ်ဖို့ passphrase တစ်ခုကို ဖန်တီးပါ။

မှတ်ချက် - နာမည်မှာ ပေါ်တဲ့အတိုင်း 'passphrase' ဆိုတာဟာ ပိုပြီး ရှည်လျားတဲ့ စကားဝှက် တစ်ခု ဖြစ်တယ်။ Enigmail က ပုံမှန်ထက် ပိုမို ရှည်လျားပြီး ပိုလုံခြုံတဲ့ စကားဝှက် တစ်ခုကို ရေးထည့်ဖို့ အချက်ပေးတယ်။ အရေးကြီးချက် - key-pairs ကို passphrase နဲ့ တွဲပြီး အမြဲတမ်း ထုတ်လုပ်ပါ။ "no passphrase" option ကို ဘယ်တော့မှ enable မလုပ်ပါနဲ့ -

ပုံ ၁၉ - Key Expiry tab ကို ဖေါ်ပြနေတဲ့ OpenPGP Key ထုတ်လုပ်မှု ပြပုံ

မှတ်ချက် - key pair တစ်စုံရဲ့ သက်တမ်းဟာ သင့်ရဲ့ privacy နဲ့ လုံခြုံရေး လိုအပ်ချက်တွေအပေါ်လုံးဝ မူတည်နေတယ်။ key pair ကို မကြာခဏ ပြောင်းလေလေ၊ key pair အသစ်အပေါ် အန္တရာယ် ကျရောက်နိုင်ဖို့ ခက်ခဲလေလေဖြစ်တယ်။ ဒါပေမဲ့၊ key pair ကို ပြောင်းတဲ့ အခါတိုင်း သင့်ရဲ့ အဆက်အသွယ်တွေဆီ ပေးပို့ရမှာ ဖြစ်ပြီး သူတို့ တစ်ဦးချင်းကို စစ်မှန်ကြောင်း အတည်ပြုရမှာ ဖြစ်ပါတယ်။

အဆင့် ၅ - သင့်လျော်တဲ့ နံပါတ်ကို ရေးထည့်ပါ။ အဲဒီနောက် ထို့နောက် key pair အသုံးပြုနိုင်မဲ့ အချိန်အပိုင်းအခြား (ရက်၊ *လ၊ *နှစ်) ကို select လုပ်ပါ။

အဆင့် ၆ - အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ -

ပုံ ၂ဝ - OpenPGP အတည်ပြုပေးတဲ့ dialog ပြပုံ

အဆင့် ၇ - အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ -

ပုံ ၂၁ - OpenPGP အတည်ပြုချက် အချက်ပြ dialog ပြပုံ

အဆင့် ၈ - 'Create & Save Revocation Certificate' navigation ဝင်းဒိုးကို သက်ဝင်စေဖို့ ကို နှိပ်ပါ။

မှတ်ချက် - အကယ်လို့ အန္တရာယ်ရှိတဲ့ အဖွဲ့ တစ်ခုခုက သင့်ရဲ့ public key ကို တရားမဝင် ရရှိသွားတယ် (သို့) ဒီ key ကို အသုံးမပြုနိုင်တော့ဘူး ဆိုရင်၊ အဆက်အသွယ်တွေဆီ revocation certificate ပေးပို့ပြီး သင့်ရဲ့ public key ကို ဆက်ပြီး အသုံးမပြုဖို့ အသိပေးနိုင်တယ်။ အကယ်လို့ သင့်ရဲ့ ကွန်ပျူတာ ပျောက်ဆုံးသွားရင်၊ အခိုးခံရရင်၊ (သို့) အသိမ်းခံရရင် အဲဒီအတိုင်း လုပ်ဖို့ လိုတယ်။ back up ထားရှိပြီး သင့်ရဲ့ revocation certificate ကို ကာကွယ်ဖို့ အထူး အကြံပြုလိုပါတယ်။

ပုံ ၂၂ - OpenPGP အချက်ပြ အတည်ပြုချက် မျက်နှာပြင်ပုံ

အဆင့် ၉ - အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ။ အဲဒီနောက် အောက်ပါအတိုင်း ဒီအကောင့်နဲ့ ဆက်စပ်တဲ့ passphrase ကို ရေးထည့်ပါ -

ပုံ ၂၃ - key pair ထုတ်လုပ်ဖို့ 'Please Type In Your Open PGP passphrase' အချက်ပြပုံ

အဆင့် ၁ဝ - key pair နဲ့ revocation certificate နှစ်ခုစလုံးကို အပြီးသတ် ထုတ်လုပ်ဖို့ ကို နှိပ်ပြီး၊ အောက်ပါ မျက်နှာပြင်ကို ပြန်သွားပါ -

ပုံ ၂၄ - key pair ကို ဖေါ်ပြတဲ့ OpenPGP Key စီမံခန့်ခွဲရေး ဝင်းဒိုး ပြပုံ

မှတ်ချက် - အကယ်လို့ သင်ဟာ အန္တရာယ်ကင်းတဲ့ နေရာမှာ တစ်ယောက်ထဲ ရှိနေရင်၊ Key pairs အားလုံးနဲ့ သူတို့နဲ့ ဆက်စပ်တဲ့ အကောင့်တွေကို ဖေါ်ပြဖို့ 'Display All Keys by Default' option ကို check လုပ်ပါ။

သင့်ရဲ့ Key pairs နဲ့ သူနဲ့ ဆက်စပ်တဲ့ associated revocation လက်မှတ် နှစ်ခုစလုံးကို အောင်အောင်မြင်မြင် ထုတ်လုပ်လိုက်ပြီး ဆိုရင်၊ အခုချိန်ကစပြီး public keys တွေကို စိတ်ချရတဲ့ အဆက်အသွယ် တစ်ဦးတစ်ယောက်ကို ဖလှယ်ဖို့ သင်ဟာ အဆင်သင့် ဖြစ်နေပါပြီ။

၄.၂.၃ Enigmail ကို အီးမေးလ် အကောင့်မှာ သုံးစွဲဖို့ Configure လုပ်နည်း

Enigmail ကို သီးခြား အီးမေးလ် အကောင့်တစ်ခုမှာ အသုံးပြုနိုင်အောင် enable လုပ်ဖို့၊ အောက်ပါ အဆင့်တွေကို လုပ်ဆောင်ပါ -

အဆင့် ၁ - Tools > Account Settings ကို Select လုပ်ပါ။

အဆင့် ၂ - အောက်ပါအတိုင်း sidebar မှာ ရှိတဲ့ OpenPGP Security menu ကို Select လုပ်ပါ -

ပုံ ၂၅ - Account Settings - OpenPGP လုံခြုံရေး မျက်နှာပြင် ပြပုံ

အဆင့် ၃ - Enable OpenPGP support option ကို check လုပ်ပြီး ပုံ ၁၁ မှာ ပြထားတဲ့အတိုင်း Use email address of this identity to identify OpenPGP Key option ကို select လုပ်ပါ။

အဆင့် ၄ - Thunderbird console သို့ ပြန်သွားဖို့ ကို နှိပ်ပါ။

၄.၃ Public Keys ကို ဖလှယ်နည်း

စာဝှက်ထားတဲ့ အီးမေးလ်ကို အခြား တစ်ယောက်ဆီ စတင် မပေးပို့ခင်၊ သင်နဲ့ သင့်ရဲ့ အဆက်အသွယ်တို့ဟာ public keys ကို ဖလှယ်ကြဖို့ လိုတယ်။ သင် လက်ခံရရှိထားတဲ့ Key တွေဟာ မူရင်း ပေးပို့သူဆီက အမှန်တကယ် ဖြစ်ကြောင်း အတည်ပြုဖို့ လိုအပ်ပါတယ်။

၄.၃.၁ Enigmail ကို သုံးပြီး Public Key ပေးပို့နည်း

Enigmail/OPenPGP ကို အသုံးပြုပြီး public key ကို ပေးပို့ဖို့၊ သင်နဲ့ သင့်ရဲ့ အဆက်အသွယ်တို့ဟာ အောက်ပါ အဆင့်တွေကို လုပ်ဆောင်ရမယ် -

အဆင့် ၁ - Thunderbird ကို ဖွင့်ပြီး အီးမေးလ် တစ်စောင် ရေးဖို့ ကို နှိပ်ပါ။

အဆင့် ၂ - menu option OpenPGP > Attach My Public Key ကို select လုပ်ပါ။

မှတ်ချက် - ဒီနည်းလမ်းမှာ Attachments: အကန့်ကို ချက်ခြင်း ဖေါ်ပြမထားဘူး။ အီးမေးလ် ပေးပို့ပြီး မကြာခင် ပေါ်လာမှာ ဖြစ်ပါတယ်။

အကယ်လို့ တခြား Public Key တစ်ခုကို ပေးပို့မယ် ဆိုရင် menu option OpenPGP > Attach Public Key... ကို ရွေးပြီး၊ သင် ပေးပို့ချင်တဲ့ Key ကို ရွေးပါ။

ပုံ ၂၆ - Attachments အကန့်မှာ ပူးတွဲထားတဲ့ Public Key ကို ဖေါ်ပြနေတဲ့ အီးမေးလ် ရေးသားတဲ့ အကန့် ပြပုံ

အဆင့် ၃ - public key ကို ပူးတွဲထားတဲ့ အီးမေးလ် တစ်စောင်ကို ပေးပို့ဖို့ ကို နှိပ်ပါ။

ပုံ ၂၈ - default encryption နဲ့ signing mode ကို ချမှတ်ပေးတဲ့ OpenPGP အချက်ပြ မျက်နှာပြင် ပြပုံ

အဆင့် ၄ - Encrypt/sign message as a whole option ကို check လုပ်ပါ၊ အဲဒီနောက် ပုံ ၂၃ ကို သက်ဝင်စေဖို့ ကို နှိပ်ပါ။

အဆင့် ၅ - passphrase ကို ရေးထည့်ပါ၊ အဲဒီနောက် အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ -

ပုံ ၂၉ - OpenPGP အချက်ပြ - အီးမေးလ်ကို save မလုပ်ခင် encrypt လုပ်မလုပ် မေးမြန်းတဲ့ မျက်နှာပြင် ပြပုံ

အဆင့် ၆ - အီးမေးလ်ကို စာဝှက်ဖို့၊ လက်မှတ်ထိုးပြီး ပေးပို့ဖို့ ကို နှိပ်ပါ။

၄.၃.၂ Enigmail ကို သုံးပြီး Public key တစ်ခု Import လုပ်နည်း

သင်နဲ့ သင့်ရဲ့ အဆက်အသွယ်တို့ဟာ နှစ်ဦးနှစ်ဖက်ရဲ့ public keys တွေကို import လုပ်တဲ့အခါ အလားတူ အဆင့်တွေကို လုပ်ဆောင်ရမှာ ဖြစ်တယ်။

အဆင့် ၁ - သင့် အဆက်အသွယ်ရဲ့ public key ပါတဲ့ အီးမေးလ်ကို select လုပ်ပြီး ဖွင့်ပါ။

အကယ်လို့ သင့် အဆက်အသွယ်ရဲ့ public key ကို အီးမေးလ်ထဲမှာ ပူးတွဲထားတယ် ဆိုရင်၊ Decrypt ခလုတ်ဟာ enable ဖြစ်နေမှာ ဖြစ်ပြီး၊ 'message pane' ထဲမှာ အောက်ပါ ခေါင်းစီး ပေါ်လာလိမ့်မယ် -

ပုံ ၃ဝ - အီးမေးလ်ထဲမှာ ပါတဲ့ Public Key ကို Import လုပ်ဖို့ 'Decrypt' ခလုတ် နှိပ်ရမဲ့ပုံ

အဆင့် ၂ - စာဝှက်ထားတဲ့ ဒေတာတွေကို လက်ခံရရှိတဲ့ အီးမေးလ် အကြောင်းအရာထဲမှာ အလိုအလျောက် စကင်ဖတ် စစ်ဆေးမှု စလုပ်ဖို့ ကို နှိပ်ပါ။ Enigmail/OpenPGP ကိရိယာက public key တစ်ခု ပါတဲ့ အီးမေးလ် တစ်စောင်ကို တွေ့ရှိတဲ့အခါ၊ key ကို import လုပ်ဖို့ အောက်ပါအတိုင်း အချက်ပြလာပါလိမ့်မယ် -

ပုံ ၃၁ - အီးမေးလ်ထဲမှာ ပါတဲ့ public key ကို import လုပ်ဖို့ OpenPGP က အတည်ပြုချက် တောင်းတဲ့ပုံ

အဆင့် ၃ - သင့် အဆက်အသွယ်ရဲ့ public key ကို import လုပ်ဖို့ ကို နှိပ်ပါ။

public key ကို အောင်အောင်မြင်မြင် import လုပ်ပြီးတဲ့အခါ၊ အီးမေးလ်ဟာ အောက်မှာ ပြထားတဲ့ ပုံနဲ့ တူနေမှာ ဖြစ်ပါတယ် -

ပုံ ၃၂ - သင့် အဆက်အသွယ်သူရဲ့ public key ကို ဖော်ပြနေတဲ့ OpenPGP အချက်ပြ မျက်နှာပြင်ပုံ

သင့် အဆက်အသွယ်ရဲ့ public key ကို လက်ခံရရှိကြောင်း အတည်ပြုဖို့၊ အောက်ပါ အဆင့်ကို လုပ်ဆောင်ပါ -

အဆင့် ၁ - OpenPGP Key Management မျက်နှာပြင်ကို အောက်ပါအတိုင်း ဖော်ပြဖို့ OpenPGP > Key Management ကို Select လုပ်ပါ -

ပုံ ၃၃ - OpenPGP - လတ်တလော import လုပ်ထားတဲ့ public key ကို ပြသတဲ့ Key Management ပုံ

၄.၄ Key Pair ကို အတည်ပြုပြီး လက်မှတ်ရေးထိုးနည်း

နောက်ဆုံးမှာ၊ import လုပ်လိုက်တဲ့ key ဟာ ရည်ရွယ်ထားတဲ့ ပေးပို့သူဆီက အစစ်အမှန် ဖြစ်ကြောင်း အတည်ပြုဖို့ လိုတယ်။ ဒါဟာ သင်နဲ့ သင့် အီးမေးလ် အဆက်အသွယ် နှစ်ဖက်စလုံးက လက်ခံရရှိလာတဲ့ public key တစ်ခုစီကို စစ်ဆေးလုပ်ဆောင်ရမဲ့ အရေးကြီးတဲ့ အဆင့် တစ်ခု ဖြစ်ပါတယ်။

၄.၄.၁ Key Pair တစ်စုံကို စစ်မှန်ကြောင်း အတည်ပြုနည်း

အဆင့် ၁ - သင့်ရဲ့ အဆက်အသွယ်ကို အီးမေးလ် မဟုတ်တဲ့ တခြား ဆက်သွယ်ရေး လမ်းကြောင်းကနေ တဆင့် ဆက်သွယ်ပါ။ တယ်လီဖုန်း၊ စာတိုပေးပို့စနစ်၊ အင်တာနက် ကတစ်ဆင့် စကားပြော ဆက်သွယ်ခြင်း (VoIP) သို့မဟုတ် တခြားနည်းလမ်းတွေကို အသုံးပြုပါ။ သင်နဲ့ စကားပြောနေသူဟာ သင် ရည်ရွယ်ထားတဲ့ လူအစစ်အမှန် ဖြစ်ကြောင်း သေချာနေဖို့ လိုတယ်။ ရလဒ်အရ၊ အကယ်လို့ အဆင်ပြေမယ် ဆိုရင်၊ လုံခြုံတဲ့နေရာမှာ တွေ့ဆုံနိုင်ရင် တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောတာ၊ မျက်နှာချင်းဆိုင် တွေ့ဆုံတာတွေဟာ အကောင်းဆုံး ဖြစ်ပါတယ်။

အဆင့် ၂ - သင်နဲ့ သင့်ရဲ့ အဆက်အသွယ်ဟာ အချင်းချင်း ဖလှယ်ခဲ့ကြတဲ့ public keys တွေရဲ့ 'finderprints' တွေကို ခွဲခြားအတည်ပြုဖို့ လိုတယ်။ သင် ထုတ်လုပ်ခဲ့တဲ့ key pairs ရဲ့ 'fingerprint' နဲ့ Import လုပ်ထားတဲ့ public keys တွေကို ကြည့်ရှုဖို့ OpenPGP Key Management မျက်နှာပြင်ကို အသုံးပြုနိုင်ပါတယ်။

Key Pair တစုံရဲ့ 'finger print' ကို ကြည့်ရှုဖို့၊ အောက်ပါ အဆင့်တွေကို လုပ်ဆောင်ပါ။

အဆင့် ၁ - OpenPGP >Key Management ကို Select လုပ်ပါ။ အဲဒီနောက် pop-up menu ကို သက်ဝင်စေဖို့ Key တခုခုပေါ် right-click နှိပ်ပါ -

ပုံ ၃၄ - ရွေးထားတဲ့ Key Properties နဲ့ မြင်တွေ့ရတဲ့ OpenPGP Key Management menu ပုံ

အဆင့် ၂ - အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ Key Properties ကို Select လုပ်ပါ -

ပုံ ၃၅ - Key Properties မျက်နှာပြင် ပြပုံ

သင့် အဆက်အသွယ်က အဲဒီ အဆင့်တွေကို ထပ်ခါထပ်ခါ လုပ်ဖို့ လိုတယ်။ သင်တို့ နှစ်ဦးနှစ်ဖက် ဖလှယ်ခဲ့ကြတဲ့ key တစ်ခုစီရဲ့ 'fingerprint' ဟာ ပေးပို့သူရဲ့ မူရင်း 'fingerprint' နဲ့ ကိုက်ညီမှု ရှိ၊ မရှိ စစ်ဆေး အတည်ပြုဖို့ လိုတယ်။ အကယ်လို့ မကိုက်ညီဘူး ဆိုရင်၊ သင်တို့ရဲ့ public key တွေကို ထပ်မံ ဖလှယ်ပြီး စစ်ဆေး အတည်ပြုတဲ့ လုပ်ငန်းစဉ်ကို ပြန်လုပ်ပါ။

မှတ်ချက် - 'fingerprint' ကိုယ်တိုင်ဟာ လျှို့ဝှက်စရာ မဟုတ်ဘူး။ နောက် အဆင်ပြေတဲ့အခါ စစ်ဆေး အတည်ပြုဖို့ မှတ်သားထားနိုင်ပါတယ်။

၄.၄.၂ Valid Public Key တစ်ခုကို လက်မှတ်ထိုးနည်း

သင် ရရှိတဲ့ အဆက်အသွယ်တစ်ဦးဆီက Key တစ်ခုဟာ လုံးဝ ကိုက်ညီမှုရှိကြောင်း သတ်မှတ်ပြီးတဲ့အခါ၊ လက်မှတ် ရေးထိုးရမှာ ဖြစ်တယ်။ ဒီနည်းနဲ့ အဲဒီ key ဟာ မှန်ကန်ကြောင်း အတည်ပြုနိုင်မှာ ဖြစ်ပါတယ်။

အတည်ပြုထားတဲ့ public key တခုကို စနစ်တကျ လက်မှတ်ထိုးဖို့၊ အောက်ပါ အဆင့်တွေကို လုပ်ဆောင်ပါ -

အဆင့် ၁ - Key Management မျက်နှာပြင်ကို ပြန်သွားဖို့ ကို နှိပ်ပါ။

အဆင့် ၂- သင့် အဆက်အသွယ်ရဲ့ public key ကို ညာဖက် နှိပ်ပြီး၊ အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ menu မှာ ရှိတဲ့ Sign Key item ကို Select လုပ်ပါ -

ပုံ ၃၆ - OpenPGP - Sign Key မျက်နှာပြင် ပြပုံ

အဆင့် ၃ - 'I have done very careful checking' option ကို check လုပ်ပါ။ သင့် အဆက်အသွယ်ရဲ့ public key ကို အပြီးသတ် လက်မှတ်ထိုးဖို့ ကို နှိပ်ပြီး၊ အတည်ပြုတဲ့ လုပ်ငန်းစဉ်ကို အဆုံးသတ်လိုက်ပါ။ ပြီးရင် အောက်မှာ ပြထားတဲ့အတိုင်း OpenPGP Key Management ဝင်းဒိုးကို ပြန်သွားပါ -

ပုံ ၃၇ - အတည်ပြုထားတဲ့ Key Pairs တွေကို ပြနေတဲ့ OpenPGP Key Management ပုံ

၄.၄.၃ Key Pairs ကို စီမံဆောင်ရွက်ပုံ

OpenPGP Key Management ဝင်းဒိုးကို key pairs အမျိုးမျိုးကို ထုတ်ယူဖို့၊ အတည်ပြုဖို့နဲ့ လက်မှတ်ထိုးဖို့ အသုံးပြုတယ်။ ဒါပေမဲ့၊ Key Management နဲ့ ဆက်စပ်တဲ့ တခြား အလုပ်တွေကိုလည်း လုပ်ဆောင်နိုင်ပါတယ် -

  • Change Passphrase - ဒီ item ကို အသုံးပြုပြီး Key pair ကို ကာကွယ်ပေးတဲ့ passphrase ကို ပြောင်းလို့ ရတယ်။
  • Manage User IDs - ဒီ item ကို အသုံးပြုပြီး key pair တစုံထဲမှာပဲ အီးမေးလ် လိပ်စာ တစ်ခုထက် ပိုပြီး ဆက်စပ်ထားရှိနိုင်တယ်။
  • Generate & Save Revocation Certificate - ဒီ item ကို အသုံးပြုပြီး အရင်က သင် ထုတ်လုပ်ခဲ့တဲ့ Revocation Certificate ပျောက်သွားတယ် (သို့) ထားတဲ့နေရာ မသိတော့ဘူး ဆိုရင်၊ အဲဒီ Revocation Certificate အသစ်တစ်ခုကို ထုတ်လုပ်နိုင်ပါတယ်။

၄.၅ စာတစ်စောင်ကို စာဝှက်နည်းနဲ့ စာဝှက်ဖြည်နည်း

အရေးကြီးချက် - အီးမေးလ် တစ်ခုခုရဲ့ ခေါင်းစဉ် - သူ့ရဲ့ Subject နဲ့ ရည်ရွယ်ထားတဲ့ လက်ခံရရှိမဲ့သူတွေ (To, CC နဲ့ BCC နေရာတွေမှာ ရှိတဲ့ အချက်အလက်တွေ အပါအဝင်) - ကို စာဝှက်လို့ မရပဲ၊ စာသား သက်သက်နဲ့ပဲ ပေးပို့မှာ ဖြစ်တယ်။ သင် ပေးပို့နေတဲ့ အီးမေးလ်တွေရဲ့ privacy နဲ့ လုံခြုံရေးကို ကာကွယ်ဖို့ အီးမေးလ်ရဲ့ subject (သို့) title ကို အရေးကြီးတဲ့ ပုံစံမျိုး မပေါက်စေတဲ့ သာမန် ဖေါ်ပြချက်မျိုး ဖြစ်ရမယ်။ နောက်ပြီး၊ လူအများအပြားကို အီးမေးလ်တွေ ပေးပို့တဲ့အခါ၊ လိပ်စာတွေ အားလုံးကို BCC နေရာမှာ ရေးထည့်ဖို့ အထူး အကြံပြုလိုပါတယ်။

ပူးတွဲစာပါတဲ့ အီးမေးလ်တွေကို စာဝှက်တဲ့အခါ PGP/MIME option ကို အသုံးပြုဖို့ အထူး အကြံပြုလိုတယ်။ ဒီ option က အီးမေးလ်နဲ့ ပူးတွဲပါရှိတဲ့ ဖိုင်တွေကို ထပ်ပြီး စာဝှက်ပေးမှာ ဖြစ်ပါတယ်။

၄.၅.၁ စာတစ်စောင်ကို စာဝှက်နည်း

သင်နဲ့ သင့် အဆက်အသွယ် နှစ်ဦးစလုံးက နှစ်ဦးနှစ်ဖက်ရဲ့ Public Keys တွေကို အောင်အောင်မြင်မြင် import လုပ်ပြီး အတည်ပြုပြီးတာနဲ့၊ စာဝှက်ထားတဲ့ အီးမေးလ်တွေကို စတင် ပေးပို့နိုင်ပြီး၊ စာဝှက်ဖြည်ထားတဲ့ စာတွေကို လက်ခံရရှိနိုင်ပါတယ်။

သင့် အဆက်အသွယ်ဆီ ပေးပို့လိုက်တဲ့ အီးမေးလ်ကို စာဝှက်ဖို့၊ အောက်ပါ အဆင့်တွေကို လုပ်ဆောင်ပါ -

အဆင့် ၁ - အီးမေးလ် အကောင့်ကို ဖွင့်ပြီး အီးမေးလ် တစ်စောင် ရေးဖို့ ကို နှိပ်ပါ။

အဆင့် ၂ - အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ -

ပုံ ၃၈ - OpenPGP စာဝှက်စနစ် pop-up ဝင်းဒိုး ပုံ

မှတ်ချက် - Encrypt/sign message as a whole option ကို check လုပ်ထားရင်၊ ပုံ ၂၈ မှာ အကြံပြုထားတဲ့အတိုင်း PGP/MIME ကို သုံးပြီး ပေးပို့ပါ။ ပုံ ၃၅ ပေါ်လာမှာ မဟုတ်ပါဘူး။

အဆင့် ၃ - အပေါ်က ပုံ ၃၂ မှာ ပြထားတဲ့အတိုင်း Sign Message နဲ့ Encrypt Message options နှစ်ခုစလုံးကို check လုပ်ပါ။ အဲဒီနောက် အီးမေးလ် အကြောင်းအရာ တစ်ခုလုံးကို အပြီးသတ် လက်မှတ်ထိုးပြီး စာဝှက်ဖို့ ကို နှိပ်ပါ။

မှတ်ချက် - သင့်ရဲ့ အီးမေးလ်ဟာ စာဝှက်ထားပြီး လက်မှတ်ထိုးထားတဲ့အကြောင်း စစ်ဆေး အတည်ပြုဖို့၊ အောက်မှာ ပြထားတဲ့အတိုင်း အီးမေးလ် အကန့်ရဲ့ အောက်ပိုင်း ညာဖက်ထောင့်မှာ အောက်က icon နှစ်ခု ပေါ် မပေါ် စစ်ဆေးပါ -

ပုံ ၃၉ - အီးမေးလ်ကို လက်မှတ်ထိုးခြင်းနဲ့ စာဝှက်စနစ် အတည်ပြု icons များ ပြပုံ

အဆင့် ၄ - အီးမေးလ်ကို ပေးပို့ဖို့ ကို နှိပ်ပါ။ အဲဒီ အီးမေးလ်ကို လက်မှတ် ရေးထိုးရာမှာ private key ကို အသုံးပြုဖို့ စကားဝှက် တောင်းလာပါလိမ့်မယ်။

၄.၅.၂ စာတစ်စောင်ကို စာဝှက်ဖေါ်နည်း

စာဝှက်ထားတဲ့ အီးမေးလ် တစ်စောင်ကို လက်ခံရရှိပြီး ဖွင့်လိုက်တဲ့အခါ၊ Enigmail/OpenPGP က စာဝှက်ဖြည်ဖို့ အလိုအလျောက် ကြိုးစားလာလိမ့်မယ်။ အောက်မှာ ပြထားတဲ့ မျက်နှာပြင် ပေါ်လာပါလိမ့်မယ် -

ပုံ ၄ဝ - OpenPGP Prompt - OpenPGP passphrase (သို့) Smart Card PIN နံပါတ် ကို ရေးထည့်ပုံ

အဆင့် ၁ - အပေါ်က ပုံ ၃၇ မှာ ပြထားတဲ့အတိုင်း သင့်ရဲ့ 'passphrase' ကို ရေးထည့်ပါ။

private key passphrase ကို ရေးထည့်ပြီးတဲ့အခါ၊ အီးမေးလ်ကို အောက်ပါအတိုင်း စာဝှက်ဖြည်ပြီး ဖေါ်ပြလာပါလိမ့်မယ် -

ပုံ ၄၁ - အီးမေးလ် အကန့်ထဲမှာ အသစ်စက်စက် စာဝှက်ဖြည်ထားတဲ့ အီးမေးလ် အကန့် ပြပုံ

ဒီ အီးမေးလ်ကို အခုချိန်မှာ အောင်အောင်မြင်မြင် စာဝှက်ဖြည်လိုက်ပါပြီ။ သင်နဲ့ အဆက်အသွယ်တို့က အချင်းချင်း အီးမေးလ် ပေးပို့တဲ့ အချိန်တိုင်း အခန်း ၄.၅ စာတစ်စောင်ကို စာဝှက်နည်းနဲ့ စာဝှက်ဖြည်နည်းမှာ ဖော်ပြထားတဲ့ အဆင့်တွေကို ထပ်ခါထပ်ခါ ပြုလုပ်ပြီး၊ သင်တို့ အချင်းချင်း ဖလှယ်နေတဲ့ အီးမေးလ်တွေကို စောင်ကြည့်ဖို့ ဘယ်သူကပဲ ကြိုးစားကြိုးစား၊ သင်တို့ရဲ့ သီးခြားဖြစ်မှု၊ စစ်မှန်ပြီး လုံခြုံမှု ရှိတဲ့ ဆက်သွယ်ရေး လမ်းကြောင်းကို ထိန်းသိမ်းထားနိုင်ပါတယ်။

အိတ်ဆောင် Thunderbird

##၁.၀ Install လုပ်ရတဲ့ Thunderbird ဗားရှင်းနဲ့ အိတ်ဆောင် ဗားရှင်းတို့ရဲ့ ကွာခြားချက်များ##

အိတ်ဆောင် Thunderbird ကို မရှိမဖြစ် အသုံးပြုရတဲ့ အကျိုးကျေးဇူးကတော့ အီးမေးလ်တွေကို ဖြုတ်တပ်လို့ ရတဲ့ drive (သို့) USB မှတ်ဉာဏ်ချောင်းထဲမှာ သိမ်းထားနိုင်တယ်။ နောက်ပြီး အိတ်ဆောင် Thunderbird ပရိုဂရမ်ကိုလည်း အီးမေးလ်တွေနဲ့အတူ၊ VeraCrypt စာဝှက်ထားတဲ့ volume ထဲမှာ ဝှက်ထားနိုင်တယ်။ ဒီနည်းနဲ့ အီးမေးလ်တွေရဲ့ လုံခြုံရေးကို တိုးမြှင့်နိုင်ပြီး အီးမေးလ် အကောင့်တွေ၊ သင်အသုံးပြုတဲ့ လိပ်စာတွေကို ဖုံးကွယ်ထားနိုင်တယ်။ ဒါပေမဲ့၊ ပြင်ပ ကိရိယာ (သို့) USB မှတ်ဉာဏ်ချောင်းနဲ့ အိတ်ဆောင် ကိရိယာတွေဟာ သင် အသုံးပြုနေတဲ့ ကွန်ပျူတာ လုံခြုံနေမှ အန္တရာယ် ကင်းရှင်းနိုင်မှာ ဖြစ်ပြီး၊ adware, malware, spyware နဲ့ ဗိုင်းရပ်စ်တို့ရဲ့ တိုက်ခိုက်မှု ခံရနိုင်သေးတယ်။

မှတ်ချက် - အီးမေးလ် ဆက်သွယ်ရေးတွေကို privacy ရှိစေပြီး လုံခြုံမှု ရှိအောင် ထိန်းသိမ်းနိုင်ဖို့၊ ဒီစာမျက်နှာရဲ့ အဆုံးမှာ ဖေါ်ပြထားတဲ့ အိတ်ဆောင် GnuPG ကို download လုပ်ပြီး ဖြည်ချဖို့ အထူး အကြံပြုလိုတယ်။

##၂.၀ အိတ်ဆောင် Thunderbird ကို Download လုပ်ပြီး Extract လုပ်နည်း##

အဆင့် ၁။ သင့်လျှော်ပြီး download လုပ်နိုင်တဲ့ ကွန်ရက်စာမျက်နှာကို သွားဖို့ http://portableapps.com/apps/internet/Thunderbird_portable ကို နှိပ်ပါ။

အဆင့် ၂Source Forge ရဲ့ download စာမျက်နှာကို သက်ဝင်စေဖို့ ကို နှိပ်ပါ -

အဆင့် ၃။ installation ဖိုင်ကို ကွန်ပျူတာထဲမှာ save လုပ်ဖို့ ကို နှိပ်ပြီး၊ အဲဒီနေရာကို သွားပါ။

အဆင့် ၄ ကို နှစ်ချက် နှိပ်ပါ၊ Open File - Security Warning စာမျက်နှာ ပေါ်လာလိမ့်မယ်၊ ပေါ်လာတဲ့အခါ၊ အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ -

ပုံ ၁ - Mozilla Thunderbird, Portable Edition | Portableapps.com Installer ဝင်းဒိုးပြပုံ

အဆင့် ၅။ အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ -

ပုံ ၂ - Choose Install Location ဝင်းဒိုးပြပုံ

အဆင့် ၆Browse for Folders ဝင်းဒိုးကို အောက်ပါအတိုင်း သက်ဝင်စေဖို့ ကို နှိပ်ပါ -

ပုံ ၃ - Browse for Folder ဝင်းဒိုးပြပုံ

အဆင့် ၇။ အပေါ်က ပုံ ၃ မှာ ပြထားတဲ့အတိုင်း ပြင်ပ hard drive (သို့) USB မှတ်ဉာဏ်ချောင်း ရှိတဲ့နေရာကို သွားပါ၊ အဲဒီနောက် အိတ်ဆောင် Mozilla Thunderbird ဖိုင် ထားမဲ့နေရာကို အတည်ပြုဖို့ ကို နှိပ်ပြီး၊ Choose Install Location ဝင်းဒိုးကို ပြန်သွားပါ။

အဆင့် ၈Installing ဝင်းဒိုးကို သက်ဝင်စေပြီး အိတ်ဆောင် Mozilla Thunderbird ကို စတင် ဖြည်ချဖို့ ကို နှိပ်ပါ၊ အဲဒီနောက် installation ကို အပြီးသတ်ဖို့ ကို နှိပ်ပါ။

အဆင့် ၉အိတ်ဆောင် Mozilla Firefox ဖိုင်ကို save လုပ်ထားတဲ့ ဖြုတ်တပ်လို့ ရတဲ့ drive (သို့) USB မှတ်ဉာဏ်ချောင်း ရှိတဲ့နေရာကို သွားပါ။

အဆင့် ၁၀။ ဖြုတ်တပ်လို့ ရတဲ့ drive (သို့) USB မှတ်ဉာဏ်ချောင်းကို ဖွင့်ဖို့ နှိပ်ချက် နှိပ်ပါ၊ သူဟာ အောက်က ပုံစံနဲ့ ဆင်တူနေမှာ ဖြစ်တယ် -

ပုံ ၄ - အသစ်စက်စက် install လုပ်လိုက်တဲ့ အိတ်ဆောင် Mozilla Thunderbird ဖိုင်တွဲကို ပြသထားပုံ

##၃.၀ Thunderbird မှာ အသုံးပြုမဲ့ အိတ်ဆောင် GPG ကို Download လုပ်ပြီး Extract လုပ်နည်း##

အဆင့် ၁။ download လုပ်နိုင်တဲ့ ကွန်ရက်စာမျက်နှာကို သွားဖို့ http://portableapps.com/support/thunderbird_portable#encryption ကို နှိပ်ပါ -

အဆင့် ၂GPG_for_Thunderbird_Portable_1.4.11.paf.exe ရဲ့ download ဝင်းဒိုးကို သက်ဝင်စေဖို့ ကို နှိပ်ပြီး၊ installation ဖိုင်ကို save လုပ်ဖို့ ကို နှိပ်ပါ၊ ပြီးရင် အဲဒီနေရာကို သွားပါ။

အဆင့် ၃ကို နှစ်ချက် နှိပ်ပါ၊ Open File - Security Warning စာမျက်နှာ ပေါ်လာလိမ့်မယ်။ ပေါ်လာတဲ့အခါ၊ အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ -

ပုံ ၆ - Installer Language ဝင်းဒိုးပြပုံ

အဆင့် ၄။ GPG for Thunderbird | Portable Apps Installer ဝင်းဒိုးကို သက်ဝင်စေဖို့ ကို နှိပ်ချက် နှိပ်ပြီး၊ အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ -

ပုံ ၇ - Choose Install Location ဝင်းပြပုံ

အဆင့် ၅Browse for Folder ဝင်းဒိုးကို အောက်ပါအတိုင်း သက်ဝင်စေဖို့ ကို နှိပ်ပါ -

ပုံ ၈ - Browse for Folder ဝင်းဒိုးပြပုံ

အဆင့် ၆Choose Install Location ဝင်းဒိုး (ပုံ ၇) ကို ပြန်သွားဖို့ ကို နှိပ်ပြီး အိတ်ဆောင် GnuPG ကို စတင် ဖြည်ချဖို့ ကို နှိပ်ပါ၊ ဖြည်ချပြီးတဲ့အခါ ကို နှိပ်ပါ။

အဆင့် ၇။ ဖြုတ်တပ်လို့ ရတဲ့ drive (သို့) USB မှတ်ဉာဏ်ချောင်း ရှိတဲ့နေရာကို သွားပါ၊ ပြီးရင် အောင်အောင်မြင်မြင် ဖြည်ချလိုက်တဲ့ အိတ်ဆောင် Thunderbird ရဲ့ GPG ကို အတည်ပြုဖို့ E:\ThunderbirdPortable\App ကို select လုပ်ပါ။

ပုံ ၉ - အသစ်စက်စက် ဖြည်ချလိုက်တဲ့ အိတ်ဆောင် Thunderbird ပရိုဂရမ်ရဲ့ GPG ကို ပြသနေတဲ့ ဖြုတ်တပ်လို့ ရတဲ့ drive ဝင်းဒိုး ရှိတဲ့နေရာပြပုံ

##၄.၀ Enigmail ကို Download လုပ်ပြီး Install လုပ်နည်း##

Enigmail ဟာ Mozilla Thunderbird ရဲ့ ဖြည့်စွက် ပရိုဂရမ်တစ်ခု ဖြစ်ပြီး အီးမေးလ် ဆက်သွယ်ရေး လုံခြုံဖို့ အတွက် အကာအကွယ် ပေးထားတယ်။ Enigmail ဟာ Thunderbird အတွင်းမှာ ရှိတဲ့ GnuPG စာဝှက်စနစ် ပရိုဂရမ်ကို အသုံးပြု ခွင့်ပေးထားတဲ့ မျက်နှာပြင် (interface) တစ်ခု ဖြစ်တယ်။ Engimail ရဲ့ မျက်နှာပြင်ဟာ Thunderbird ရဲ့ console tool bar ပေါ်မှာ OpenPGP အဖြစ် မြင်တွေ့ရမှာ ဖြစ်တယ်။

အဆင့် ၁။ download လုပ်နိုင်တဲ့ ကွန်ရက်စာမျက်နှာကို သွားဖို့ http://enigmail.mozdev.org/home/index.php.html ကို နှိပ်ပါ -

အဆင့် ၂။ enigmail-1.1.2-tb-win.xpi ရဲ့ download ဝင်းဒိုးကို သက်ဝင်စေဖို့ ဒီစာမျက်နှာ အပေါ်ဖက်၊ ဘယ်ဖက်ထောင့်က Download ခေါင်းစဉ်အောက်က ကို နှိပ်ပါ၊ ပြီးရင် ကို ကွန်ပျူတာထဲမှာ save ထားဖို့ ကို နှိပ်ပါ။

အဆင့် ၃အိတ်ဆောင် Thunderbird ဖိုင်တွဲကို ဖွင့်ပါ၊ အဲဒီနောက် အိတ်ဆောင် Thunderbird ကို ဖွင့်ဖို့ ကို နှစ်ချက် နှိပ်ပါ။

အဆင့် ၄အိတ်ဆောင် Thunderbird ရဲ့ ပင်မ console ထဲက Tools > Add-ons ကို အောက်ပါအတိုင်း Select လုပ်ပါ -

ပုံ ၁၀- Add-ons item ကို select လုပ်ထားတဲ့ အိတ်ဆောင် Thunderbird ရဲ့ ပင်မ console ပြပုံ

အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေလိမ့်မယ် -

ပုံ ၁၁ - အိတ်ဆောင် Thunderbird Add-ons ဝင်းဒိုးပြပုံ

အဆင့် ၅Enigmail installation ကို အပြီးသတ်ဖို့ ကို နှိပ်ပါ၊ အဲဒီနောက် အိတ်ဆောင် Thunderbird ကို restart လုပ်ပါ။

အိတ်ဆောင် Thunderbird နဲ့ Thunderbird မှာ အသုံးပြုမဲ့ GPG ကို အောင်အောင်မြင်မြင် ဖြည်ချပြီးတဲ့အခါ၊ အီးမေးလ် အကောင့်တွေကို စတင် မှတ်ပုံတင်ဖို့နဲ့ အသုံးပြုနိုင်အောင် configure လုပ်ဖို့ Thunderbird အခန်းကို လေ့လာပါ။

မကြာခဏ မေးလေ့ရှိတဲ့ မေးခွန်းများနဲ့ သုံးသပ်ချက်များ

၅.၀ မကြာခဏ မေးလေ့ရှိတဲ့ မေးခွန်းများနဲ့ သုံးသပ်ချက်များ

ဂလော်ဒီယာနဲ့ ပါပလော တို့ဟာ သူတို့ရဲ့ RiseUp အကောင့်တွေကနေတဆင့် အီးမေးလ် ပေးပို့တာ၊ လက်ခံတာတွေ လုပ်နိုင်ဖို့ Mozilla Thunderbird ကို configure လုပ်ထားကြတယ်။ သူတို့ရဲ့ အီးမေးလ်ကို စစ်ဆေးတဲ့အခါ၊ အင်တာနက် မရှိတဲ့ အချိန်မှာတောင် သူတို့ရဲ့ အီးမေးလ်တွေကို ဖတ်နိုင်တဲ့အတွက် ပျော်ရွှင်ခဲ့ကြတယ်။

ခဏကြာတဲ့အခါ၊ ဂလောဒီယာနဲ့ ပါပလောတို့ဟာ GnuPG နဲ့ Enigmail ကို install လုပ်ကြပြီး သူတို့နဲ့ သက်ဆိုင်တဲ့ key pairs တွေကို ဖန်တီးခဲ့ကြတယ်၊ public keys တွေကို ဖလှယ်ခဲ့ကြပြီး သူတို့ အချင်းချင်းရဲ့ keys တွေကို fingerprints တွေ နှိုင်းယှဉ်ပြီး အတည်ပြုခဲ့ကြတယ်။

Public key စာဝှက်စနစ်ရဲ့ ရှုပ်ထွေးမှုတွေကို နားလည်ဖို့ အချိန်အတော်ယူရပေမဲ့၊ ဂလောဒီယာနဲ့ ပါပလော တို့ဟာ စာဝှက်ထားပြီး လုံခြုံမှု ရှိတဲ့ ဆက်သွယ်ရေး လမ်းကြောင်းတစ်ခု ပိုင်ဆိုင်ရခြင်းရဲ့ အကျိုးကျေးဇူးတွေကို မြင်တွေ့ခဲ့ကြတယ်။ ဆော့ဗ်ဝဲ အသစ်တွေနဲ့ ပါတ်သက်ပြီး သူတို့ မေးမြန်းချင်တဲ့ တခြား မေးခွန်းတွေ ရှိနေတယ်။

*မေး - အကယ်လို့ GnuPG မပါပဲ Enigmail ကိုပဲ install လုပ်ရင် ဘာဖြစ်သွားမလဲ။*

*ဖြေ - ဒါကတော့ တကယ်ပဲ ရှင်းပါတယ်။ Enigmail အလုပ်လုပ်မှာ မဟုတ်ဘူး။ အဲဒါအပြင်၊ Enigmail အသုံးပြုနေတဲ့ encryption engine ဟာ GnuPG ဆော့ဗ်ဝဲက ပံ့ပိုးပေးတာ ဖြစ်ပါတယ်။*

*မေး - Thunderbird ထဲမှာ အီးမေးလ် အကောင့် ဘယ်နှစ်ခုကို ဖွင့်လို့ ရမလဲ။*

*ဖြေ - လိုချင်သလောက် ဖွင့်လို့ ရပါတယ်။ Thunderbird ဟာ အီးမေးလ် manager တစ်ခုဖြစ်ပြီး အကောင့် ၂၀ (သို့) အဲဒီထက်မက အလွယ်တကူ ကိုင်တွယ်နိုင်ပါတယ်။*

*မေး - ကျွန်တော့် သူငယ်ချင်းမှာ Gmail အကောင့် တစ်ခုရှိတယ်။ သူ့ကို Thunderbird နဲ့ Enigmail ကို install လုပ်ဖို့ ပြောပြရမလား။*

*ဖြေ - ဒါ ပြောပြသင့်တာပေါ့။ သူဟာ လုံခြုံရေး settings အားလုံးကို သင်လုပ်ခဲ့တဲ့အတိုင်း configure လုပ်ဖို့ လိုတယ်။ ဒါဆိုရင် သင်တို့ နှစ်ယောက်စလုံးဟာ လုံခြုံမှုရှိ၊ အန္တရာယ်ကင်းပြီး အလွန် ထိရောက်တဲ့ ဆက်သွယ်ရေး လမ်းကြောင်း တစ်ခုကို ရရှိကြမှာ ဖြစ်ပါတယ်။*

*မေး - နောက်တစ်ခါ မေးပါရစေ၊ အီးမေးလ် တစ်စောင်ရဲ့ ဘယ်အပိုင်းကို Enigmail က စာဝှက်ပေးသလဲ။*

*ဖြေ - Enigmail က အီးမေးလ်ရဲ့ အကြောင်းအရာကို စာဝှက်ပေးတယ်။ အီးမေးလ်ရဲ့ subject စာသား၊ အီးမေးလ် လိပ်စာ (သို့) အဲဒီ အီးမေးလ် အကောင့်နဲ့ သက်ဆိုင်တဲ့ နာမည်ကိုတော့ စာဝှက်ပေးမှာ မဟုတ်ဘူး။ ဒါကြောင့်၊ အကယ်လို့ အရေးကြီးတဲ့ စာတစ်စောင်ကို ပေးပို့ဖို့ ကြိုးစားနေတယ် ဆိုရင်၊ subject မှာပါတဲ့ စာသားကြောင့် ပြဿနာ မပေါ်စေပါနဲ့။ အကယ်လို့ အမည်မဖေါ်ပဲ ဆက်ရှိနေချင်တယ် ဆိုရင်၊ အီးမေးလ် အကောင့်ကို ဖွင့်တဲ့အခါ နာမည်အရင်းကို အသုံးမပြုပါနဲ့။

*မေး - အီးမေးလ်တွေကို ဒစ်ဂျစ်တယ်နည်းနဲ့ လက်မှတ်ထိုးရတဲ့ ရည်ရွယ်ချက်ကို ကျွန်တော် နားမလည်နိုင်သေးဘူး။*

*ဖြေ - digital signature က သင်ဟာ အီးမေးလ် ပို့တဲ့သူ ဖြစ်ပြီး သင် ရည်ရွယ်ထားတဲ့ လက်ခံရရှိမဲ့သူဆီ သွားတဲ့ လမ်းကြောင်းမှာ အနှောင့်အယှက် မရှိတဲ့အကြောင်း သက်သေပြပေးတဲ့အရာ ဖြစ်တယ်။ အဲဒါဟာ အတော်လေး အရေးကြီးတဲ့ စာပါတဲ့ စာအိတ်တစ်ခုကို ဖယောင်းစက်နဲ့ တံဆိပ်ခတ်ထားတာနဲ့ တူတယ်။*

၅.၁ ပြန်လှန် မေးခွန်းများ

  • အီးမေးလ်ကို Internet browser တစ်ခုကနေတဆင့် ကြည့်တာနဲ့ Thunderbird လို ပရိုဂရမ် တစ်ခုနဲ့ ကြည့်တာ ဘာကွာခြားသလဲ။
  • Thunderbird ကို အသုံးပြုပြီး အီးမေးလ်ကို ဘယ်လို လုံလုံခြုံခြုံ သုံးစွဲနိုင်မလဲ။
  • အီးမေးလ် အကောင့်နဲ့ ဆိုင်တဲ့ စကားဝှက်တွေကို Thunderbird ထဲမှာ ဘယ်လို လုံလုံခြုံခြုံ သိမ်းထားမလဲ။
  • အန္တရာယ်ရှိတဲ့ အကြောင်းအရာ ပါနေတဲ့ အီးမေးလ်ကို ဘယ်လို ကာကွယ်မလဲ။
  • အင်တာနက် browser ကို သုံးပြီး အီးမေးလ် ဖွင့်ကြည့်တာနဲ့ Thunderbird လို ပရိုဂရမ်တစ်ခုကို အသုံးပြုတာ ဘာကွာခြားချက်တွေ ရှိသလဲ။