TrueCrypt - ဖိုင်ကို စာဝှက်ပြီး လုံလုံခြုံခြုံ သိမ်းဆည်းရေး ကိရိယာ

မာတိကာ

...Loading Table of Contents...

    Truecrypt ဟာ ဖိုင်တွေကို တဦးတယောက်က စကားဝှက် အမှန်မပါပဲ ဖွင့်လို့ မရအောင် လုံလုံခြုံခြုံ ကာကွယ်ပေးပြီး၊ ဖိုင်တွေကို လုံလုံခြုံခြုံ သော့ခတ်နိုင်အောင် အသုံးပြုတဲ့ အီလက်ထရိုနစ် အာမခံသေတ္တာ တလုံးနဲ့ ဆင်တူတယ်။

    ပင်မ စာမျက်နှာ

    www.truecrypt.org

    ကွန်ပျူတာ လိုအပ်ချက်များ

    • Windows 2000/XP/2003/Vista/7
    • Install လုပ်ဖို့ (သို့) volumes တွေကို (လက်ရှိ volumes အထဲကို ဝင်ရောက်ဖို့ မဟုတ်ပဲ) ဖန်တီးဖို့ Administrator လုပ်ပိုင်ခွင့် ရှိထားရမယ်။

    ဒီလမ်းညွှန်ထဲမှာ အသုံးပြုတဲ့ ဗားရှင်းများ

    • ၇.ဝa

    လိုင်စင် ခွင့်ပြုချက်

    • အခမဲ့ပြီး ပွင့်လင်းတဲ့ အရင်းအမြစ် ဆော့ဗ်ဝဲ

    ဖတ်ရှုရမည့် အကြောင်းအရာများ -

    အဆင့်

    • (Standard Volumes) - ၁။ လက်သင်၊ ၂။ ပျမ်းမျှ၊ ၃။ အလယ်အလတ်၊ ၄။ အတွေ့အကြုံရှိသော၊ ၅။ အဆင့်မြင့်
    • (Hidden Volumes) - ၁။ လက်သင်၊ ၂။ ပျမ်းမျှ၊ ၃။ အလယ်အလတ်၊ ၄။ အတွေ့အကြုံရှိသော၊ ၅။ အဆင့်မြင့်

    ဒီဆော့ဗ်ဝဲကို စတင် သုံးစွဲဖို့ လိုအပ်တဲ့ အချိန် -

    • (Standard Volumes) - ၃၀ မိနစ်
    • (Hidden Volumes) - ၃၀ မိနစ်

    ပြန်လည်ရရှိမဲ့ အကျိုးကျေးဇူးများ -

    • ဖိုင်တွေကို ကျူးကျော် ဝင်ရောက်လာသူတွေ (သို့) ခွင့်ပြုချက် မရှိပဲ ဝင်ရောက်မှုတွေရဲ့ အန္တရာယ်ကနေ ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်
    • အရေးကြီးတဲ့ ဖိုင်တွေကို အလွယ်တကူနဲ့ လုံလုံခြုံခြုံ သိမ်းဆည်းပေးနိုင်ပါတယ်

    GNU Linux, Mac OS နဲ့ တခြား Microsoft Windows နဲ့ လိုက်ဖက်တဲ့ ပရိုဂရမ်များ -

    မှတ်ချက် - TrueCrypt ကို GNU Linux နဲ့ Mac OS တို့မှာ အသုံးပြုဖို့ ကျွန်တော်တို့ အထူး အကြံပြုလိုပါတယ်။

    ဥပမာ Ubuntu လို၊ GNU Linux ထုတ်လုပ်ဖြန့်ချီရေးအဖွဲ့ အတော်များများက standard feature အရ disk တခုလုံးအတွက် on-the-fly စာဝှက် - စာဖြည်စနစ်ကို ပံ့ပိုးထားကြတယ်။ system ကို Install လုပ်ပြီးတဲ့အခါ အဲဒါကို စတင် အသုံးပြုနိုင်တယ်။ စာဝှက်စနစ်ကို Linux system ထဲမှာ dm-crypt, cryptsetup နဲ့ LUKS စုစည်းမှု တခုကို အသုံးပြုပြီး ထည့်သွင်းနိုင်တယ်။ နောက်တမျိုးအနေနဲ့ အခမဲ့ ဖြစ်ပြီး ပွင့်လင်းတဲ့ အရင်းအမြစ် on-the-fly စာဝှက်-စာဖြည်တဲ့ ပရိုဂရမ်တခု ဖြစ်တဲ့ScramDisk for Linux SD4L ကို အသုံးပြုနိုင်ပါတယ်။

    Mac OS မှာတော့ FileVault ကို အသုံးပြုနိုင်တယ်၊ သူဟာ operating system ရဲ့ အစိတ်အပိုင်းတခုဖြစ်ပြီး၊ ပင်မ ဖိုင်တွဲထဲက အကြောင်းအရာနဲ့ ဖိုင်တွဲငယ် အားလုံးကို on-the-fly နည်းနဲ့ စာဝှက်-စာဖြည်ပေးနိုင်တယ်။ အခမဲ့ဖြစ်ပြီး ပွင်းလင်းတဲ့ အရင်းအမြစ် ပရိုဂရမ် ဖြစ်တဲ့ Encrypt This ကိုလည်း အသုံးပြုနိုင်တယ်။ ရွေးထားတဲ့ ဖိုင်တွေကို သူက .DMG disk image အဖြစ် စာဝှက်ပေးပါတယ်။

    Microsoft Windows အတွက် စာဝှက်ပေးတဲ့ ပရိုဂရမ်တွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့ အကြံပြုထားတဲ့ ဖော်ပြချက်တချို့ကို အောက်မှာ ကြည့်ရှုပါ -

    • The FREE CompuSec ဟာ အခမဲ့ပြီး၊ တဦးတည်းပိုင်၊ on-the-fly စာဝှက်/စာဖြည် ပရိုဂရမ်တခု ဖြစ်တယ်။ သူဟာ ကွန်ပျူတာ disk တစိတ်တပိုင်းကိုပဲ ဖြစ်ဖြစ်၊ တခုလုံးကိုပဲ ဖြစ်ဖြစ်၊ USB drives (သို့) CD ကိုပဲ ဖြစ်ဖြစ် စာဝှက်ပေးနိုင်တယ်။ CompuSec ရဲ့ DataCrypt module ကို သီးခြား ဖိုင်တွေကို စာဝှက်တဲ့ နေရာမှာ အသုံးပြုပါတယ်။
    • CryptoExpert 2009 Lite ဟာ အခမဲ့ပြီး၊ တဦးတည်းပိုင်၊ on-the-fly စာဝှက်စာဖြည် ပရိုဂရမ်တခု ဖြစ်တယ်။ သူဟာ TrueCrypt လိုပဲ ဝှက်ထားတဲ့ ဖိုင်တွေကို ထားရှိနိုင်တဲ့ container ကို ဖန်တီးပေးပါတယ်။
    • AxCrypt ဟာ အခမဲ့ပြီး သီးခြား ဖိုင်တွေကို စာဝှက်ပေးနိုင်တဲ့ ပွင့်လင်းတဲ့ အရင်းအမြစ် ပရိုဂရမ်တခု ဖြစ်ပါတယ်။
    • Steganos LockNote ဟာ အခမဲ့ပြီး ပွင့်လင်းတဲ့ အရင်းအမြစ် ပရိုဂရမ် တခု ဖြစ်တယ်။ သူ့ကို အသုံးပြုပြီး ဘယ်လို စာမျိုးကိုမဆို စာဝှက်နိုင်၊ စာဖြည်ပေးနိုင်တယ်။ အဲဒီ စာကို LockNote application ထဲမှာ သိမ်းဆည်းထားမှာ ဖြစ်တယ်။ မှတ်ချက်တခုကို စာဝှက်/စာဖြည်ပေးနိုင်တဲ့ ယန္တရားဟာ သူရဲ့ အစိတ်အပိုင်းတခု ဖြစ်တယ်။ LockNote ကို သယ်ဆောင်ရတာ လွယ်ကူပြီး Installation လုပ်ဖို့လည်း မလိုပါဘူး။

    ၁.၁ ဒီပရိုဂရမ်ကို စတင် အသုံးမပြုခင် သိထားသင့်တဲ့အချက်များ

    TrueCrypt ဟာ ဖန်တီးလိုက်မဲ့ စကားဝှက်နဲ့ ဒေတာတွေကို သော့ခတ်ပေးခြင်းဖြင့် ကာကွယ်မှု ပေးမှာ ဖြစ်တယ်။ အကယ်လို့ အဲဒီ စကားဝှက်ကို မေ့သွားရင်တော့၊ ဒေတာတခုလုံးကို ဆုံးရှုံးသွားမှာ ဖြစ်တယ်။ TrueCrypt ဟာ ဖိုင်တွေကို ကာကွယ်ပေးနိုင်ဖို့ encryption (စာဝှက်စနစ်)လို့ ခေါ်တဲ့ လုပ်ငန်းစဉ်တခုကို အသုံးပြုထားတယ်။ စာဝှက်စနစ် အသုံးပြုမှုကို တချို့နိုင်ငံတွေမှာ တရားဝင် ခွင့်ပြုမထားဘူး။ ဖိုင်တခုချင်းကို စာဝှက်တာထက်၊ ကွန်ပျူတာထဲမှာ volume လို့ခေါ်တဲ့ ကန့်သတ်ထားတဲ့ နေရာတခုကို TrueCrypt က ဖန်တီးပေးနိုင်တယ်။ အဲဒီ စာဝှက်ထားတဲ့ volume ထဲမှာ ဖိုင်တွေကို လုံလုံခြုံခြုံ သိမ်းထားနိုင်ပါတယ်။

    TrueCrypt က standard encrypted volume (သို့) hidden volume တခုခုကို ဖန်တီးပေးနိုင်တယ်။ အဲဒီ နေရာတခုခုမှာ ဖိုင်တွေကို လုံလုံခြုံခြုံ သိမ်းထားပေးမှာ ဖြစ်တယ်၊ ဒါပေမဲ့ hidden volume ဟာ အရေးကြီးတဲ့ အချက်အလက်တွေကို သိပ် အရေးမကြီးတဲ့ ဖိုင်တွေရဲ့ နောက်ကွယ်မှာ ဝှက်ထားခြင်းဖြင့်၊ TrueCrypt volume ကို ဖွင့်ဖို့ ဖိအားပေးလာတဲ့ အချိန်မျိုးမှာ သင့်ကို အကာအကွယ် ပေးနိုင်မှာ ဖြစ်တယ်။ ဒီလမ်းညွှန်ချက်ထဲမှာ volumes နှစ်ခုစလုံးရဲ့ အသေးစိတ် အကြောင်းအရာကို ရှင်းလင်းဖေါ်ပြပေးထားပါတယ်။

    TrueCrypt ကို ဒေါင်းလုဒ် လုပ်ခြင်း

    • လက်ကမ်းလမ်းညွှန် မိတ်ဆက် အကျဉ်းချုပ်ကို ဖတ်ရှုပါ။
    • *www.truecrypt.org/downloads ကို ဖွင့်ဖို့ အောက်က TrueCrypt icon ကို နှိပ်လိုက်ပါ
    • တည်ငြိမ်တဲ့ နောက်ဆုံးထွက် ဗားရှင်း - Windows အပိုင်း အောက်ဖက်မှာ ရှိတဲ့ Download ခလုတ်ကို နှိပ်လိုက်ပါ
    • Installer ကို ကွန်ပျူတာထဲမှာ သိမ်းထားပါ၊ အဲဒီနောက် နှိပ်ချက် နှိပ်လိုက်ပါ
    • ရှေ့ဆက်မသွားခင် အောက်က installation လုပ်နည်း လမ်းညွှန်ချက်တွေကို ဖတ်ရှုပါ
    • TrueCrypt ကို အောင်အောင်မြင်မြင် install လုပ်ပြီးတဲ့အခါ installation ပရိုဂရမ်ကို ကွန်ပျူတာထဲကနေ ပယ်ဖျက်နိုင်တယ်။

    TrueCrypt:

    TrueCrypt ကို install လုပ်ပြီး Standard Volumes ကို ဖန်တီးနည်း

    ဒီစာမျက်နှာမှာ ပါဝင်တဲ့ အပိုင်းများ -

    ၂.ဝ TrueCrypt ကို install လုပ်နည်း

    အဆင့် ၁ ကို နှစ်ချက်နှိပ်ပါ၊ Open File - Security Warning dialog box ပွင့်လာလိမ့်မယ်။ ပွင့်လာတဲ့အခါ၊ TrueCrypt License မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ။

    အဆင့် ၂. Accept ခလုတ်ကို နှိပ်လို့ ရအောင် I accept and agree to be bound by the license termsကို Checkလုပ်ပါ၊ အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ -

    ပုံ ၁ - Wizard mode ကို Default Install mode ထဲမှာ မြင်တွေ့ရပုံ

    • Install mode - ဒီ option ကတော့ TrueCrypt ကို ကွန်ပျူတာထဲမှာ install လုပ်ထားတာကို ဖုံးကွယ် မထားလိုတဲ့ သုံးစွဲသူတွေအတွက် ဖြစ်တယ်။

    • Extract mode - ဒီ option ကတော့ TrueCrypt ကို ကွန်ပျူတာထဲမှာ Install လုပ်ဖို့ ဆန္ဒ မရှိပဲ၊ အိတ်ဆောင် TrueCrypt ကို USB မှတ်ဉာဏ်ချောင်းကနေ အသုံးပြုလိုတဲ့ သုံးစွဲသူတွေအတွက် ဖြစ်တယ်။

    မှတ်ချက် - TrueCrypt ဟာ Extract mode အတွက်ပဲ ဆိုရင်၊ ဒီ options တချို့ (ဥပမာ အားဖြင့်၊ partition တခုလုံးနဲ့ Disk encryption လုပ်တဲ့ နေရာမှာ) ကို အသုံးပြုလို့ ရမှာ မဟုတ်ဘူး။

    မှတ်ချက် - ဒီနေရာမှာ default Install mode ကို အကြံပြုထားပေမဲ့၊ TrueCrypt ကို အိတ်ဆောင် mode အနေနဲ့ နောက်ပိုင်းမှာ အသုံးပြုနိုင်တယ်။ TrueCrypt ကို Traveller mode နဲ့ အသုံးပြုတဲ့ အကြောင်းကို လေ့လာဖို့ အိတ်ဆောင် TrueCrypt စာမျက်နှာကို သွားရောက် ဖတ်ရှုပါ။

    အဆင့် ၃ - အောက်ပါ screen သို့ သက်ဝင်စေဖို့ ကို နှိပ်ပါ -

    ပုံ ၂ - Setup Options ၀င်းဒိုး ပြပုံ

    အဆင့် ၄TrueCrypt ကို ကွန်ပျူတာထဲမှာ စတင် Install လုပ်ဖို့ ကို နှိပ်ပြီး Installing မျက်နှာပြင်ကို သက်ဝင်စေပါ။

    အဆင့် ၅။ အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ -

    ပုံ ၃ - TrueCrypt Setup ကို အတည်ပြုတဲ့ dialog box ပြပုံ

    အဆင့် ၆TrueCrypt ကွန်ရက် စာမျက်နှာကို ဖွင့်ဖို့ ကို ဖွင့်ပြီး၊ TrueCrypt installation ကို အပြီးသတ်လိုက်ပါ၊ အဲဒီနောက် ကို နှိပ်ပါ။

    မှတ်ချက် - သုံးစွဲသူတွေဟာ ဒီနည်းပြစာအုပ်မှာ ပါတဲ့ အဆင့်တွေကို ပြီးစီးသွားတဲ့အခါ TrueCrypt ကနေ ရရှိနိုင်တဲ့ အထောက်အပံ့ စာတမ်းကို ဖတ်ရှုဖို့ အကြံပြုလိုတယ်။

    ၂.၁ TrueCrypt အကြောင်း

    TrueCrypt ဟာ ဖိုင်တွေကို တဦးတယောက်က စကားဝှက် အမှန်မပါပဲ ဖွင့်လို့ မရအောင် လုံလုံခြုံခြုံ ကာကွယ်ပေးတဲ့ ပရိုဂရမ် တခု ဖြစ်တယ်။ သူဟာ အီလက်ထရိုနစ် အာမခံသေတ္တာ တလုံးနဲ့ ဆင်တူပြီး တဦးတယောက်က စကားဝှက်အမှန်ကို ပေးနိုင်တဲ့ သူကသာ ဖွင့်လို့ ရအောင် ဖိုင်တွေကို သော့ခတ် (lock) ပေးထားတယ်။ TrueCrypt ဟာ ကွန်ပျူတာထဲက ဖိုင်တွေကို လုံလုံခြုံခြုံ သိမ်းဆည်းလိုတဲ့ နေရာတွေမှာ volumes တွေ (သို့) အခန်းတွေကို ခွဲထားပေးတယ်။ အဲဒီ volumes တွေမှာ ဒေတာတွေကို ဖန်တီးရင် ဖြစ်ဖြစ် (သို့) ဒေတာတွေကို ရွှေ့ပြောင်းရင် ဖြစ်ဖြစ်၊ အဲဒီ အချက်အလက်တွေကို TrueCrypt က အလိုအလျောက် စာဝှက် (encrypt) ထားပေးတယ်။ ဖိုင်တွေကို ဖွင့်တဲ့အခါ ဖြစ်ဖြစ် (သို့) ထုတ်ယူတဲ့အခါ ဖြစ်ဖြစ်၊ အလိုအလျောက် စာဝှက်ဖြည် (decrypt) ပေးလိုက်တယ်။ ဒီလုပ်ငန်းစဉ်ကို on-the-fly encryption လို့ ခေါ်တယ်။

    ၂.၂ Standard Volume တခုကို ဖန်တီးနည်း

    TrueCrypt ဟာ Hidden Volume နဲ့ Standard Volume စသဖြင့် Volumes နှစ်မျိုးကို ဖန်တီးပေးနိုင်တယ် - ဒီအပိုင်းမှာ ဖိုင်တွေကို သိမ်းဆည်းလို့ ရအောင် Standard Volume ဖန်တီးတဲ့နည်းကို လေ့လာသွားကြမယ်။

    Standard Volume တခုကို ဖန်တီးနိုင်အောင် TrueCrypt ကို စတင် အသုံးပြုဖို့၊ အောက်ပါ အဆင့်တွေကို လုပ်ဆောင်ပါ -

    အဆင့် ၁ ကို နှစ်ချက်နှိပ်ပါ (သို့) TrueCrypt ကို ဖွင့်ဖို့ Start > Programs > TrueCrypt > TrueCrypt ကို Select လုပ်ပါ။

    အဆင့် ၂ - TrueCrypt အလွှာထဲက စာရင်းထဲမှာ ရှိတဲ့ drive တခုကို အောက်ပါအတိုင်း Select လုပ်ပါ -

    ပုံ ၄ - TrueCrypt Console ပြပုံ

    အဆင့် ၃TrueCrypt Volume Creation Wizard ကို အောက်ပါအတိုင်း သက်ဝင်စေဖို့ ကို နှိပ်ပါ -

    ပုံ ၅ - TrueCrypt Volume ဖန်တီးတဲ့ Wizard ၀င်းဒိုး ပြပုံ

    ပုံ ၅ ထဲမှာ ဖေါ်ပြထားတဲ့ Standard Volume တခုကို encrypt လုပ်နိုင်တဲ့ options သုံးခု ရှိတယ်။ ဒီသင်ခန်းစာမှာ၊ Create an encrypted file container option ကို အသုံးပြုကြမှာ ဖြစ်တယ်။ တခြား options နှစ်ခုရဲ့ ဖေါ်ပြချက်ကို လေ့လာဖို့ TrueCrypt စာတမ်းကို သွားရောက် ဖတ်ရှုပါ။

    အဆင့် ၄ - အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ -

    ပုံ ၆ - Volume Type Window ပြပုံ

    TrueCrypt Volume Creation Wizard Volume Type ၀င်းဒိုးမှာ သင် ဖန်တီးလိုတဲ့ Standard (သို့) Hidden TrueCrypt volume တခုခုကို ရွေးချယ်နိုင်တယ်။

    အရေးကြီးချက် - Hidden Volume တခု ဖန်တီးနည်းနဲ့ ပါတ်သက်ပြီး အကြောင်းအရာ အပြည့်အစုံ လေ့လာချင်ရင်၊ Hidden Volumes စာမျက်နှာကို သွားရောက် ဖတ်ရှုပါ။

    အဆင့် ၅Standard TrueCrypt Volume option ကို Check လုပ်ပါ။

    အဆင့် ၆။ အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ။

    ပုံ ၇ - Volume Creation Wizard ထဲက Volume Location အလွှာ ပြပုံ

    Standard Volume ကို သိမ်းထားချင်တဲ့ နေရာကို Volume Creation Wizard မှာ ရှိတဲ့ Volume location မျက်နှာပြင်ကနေ ရွေးချယ် သတ်မှတ်နိုင်တယ်။ ဒီဖိုင်ကို တခြား ဖိုင်တွေလိုပဲ သိမ်းဆည်းထားနိုင်ပါတယ်။

    အဆင့် ၇- File အမည်ကို text field ထဲသို့ ရိုက်ထည့်ပါ (သို့) အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ -

    ပုံ ၈ - Specify Path and File Name နေရာပြ ၀င်းဒိုးပုံ

    မှတ်ချက် - TrueCrypt Volume ဟာ သာမန် ဖိုင်အထဲမှာ ရှိနေတယ်။ ဆိုလိုတာက အဲဒီ ဖိုင်ကို ရွှေ့ပြောင်းနိုင်တယ်၊ ကော်ပီလုပ်နိုင်တယ်၊ ပယ်ဖျက်နိုင်တယ်။ ဖိုင်ကို ထားရှိတဲ့ နေရာနဲ့ ဖိုင်အမည်ကို မှတ်ထားဖို့ လိုအပ်တယ်။ ဒါပေမဲ့၊ သင် ဖန်တီးလိုက်တဲ့ (အခန်း ၂.၃ USB မှတ်ဉာဏ်ချောင်းထဲမှာ Standard Volume တခု ဖန်တီးနည်းကိုလည်း သွားရောက် ဖတ်ရှုပါ) volume အတွက် ဖိုင် နာမည်အသစ်ကို ရွေးချယ်ရမယ်။ ဒီနည်းပြစာအုပ်ထဲမှာ၊ Standard Volume ကို My Documents ဖိုင်တွဲအောက်မှာ ဖန်တီးပြီး၊ အပေါ်က ပုံ ၈ တွင် ပြထားတဲ့အတိုင်း ဖိုင်နာမည်ကို My Volume အဖြစ် နာမည် ပေးလိုက်မယ်။

    သိကောင်းစရာ - နှစ်သက်တဲ့ ဘယ်ဖိုင်နာမည်နဲ့ extensions တွေကို မဆို အသုံးပြုနိုင်တယ်။ ဥပမာ အားဖြင့်၊ Standard Volume နာမည်ကို recipes.doc ဆိုပြီး အမည်ပေးခြင်းဖြင့် Word document တခုနဲ့ တူနေမှာ ဖြစ်သလို (သို့) ရုပ်ရှင် ဖိုင်တခုနဲ့ တူအောင် holidays.mpg ဆိုပြီး အမည် ပေးနိုင်တယ်။ ဒီလိုနည်းနဲ့ Standard Volume ရှိနေတာကို ဖုံးကွယ်ထားလို့ ရတယ်။

    အဆင့် ၈Specify Path and File Name ၀င်းဒိုးကို ပိတ်ဖို့ ကို နှိပ်ပြီး Volume Creation Wizard ဆီ အောက်ပါအတိုင်း ပြန်သွားပါ -

    ပုံ ၉ - Volume Location အလွှာကို ပြသနေတဲ့ TrueCrypt Volume Creation Wizard ပြပုံ

    အဆင့် ၉ပုံ ၁ဝ ကို သက်ဝင်စေဖို့ ကို နှိပ်ပါ။

    ၂.၃ USB မှတ်ဉာဏ်ချောင်းထဲ Standard Volume တခု ဖန်တီးနည်း

    USB မှတ်ဉာဏ်ချောင်းထဲမှာ TrueCrypt Standard Volume တခု ဖန်တီးဖို့၊ အခန်း ၂.၂ Standard Volume တခုကို ဖန်တီးနည်းထဲက အဆင့် ၁ ကနေ ၇ ကို လုပ်ပါ။ အဲဒီနေရာမှာ Select a TrueCrypt Volume မျက်နှာပြင်ကို သက်ဝင်စေနိုင်တယ်။ My Documents ကို ဖိုင်ထားရှိမဲ့ နေရာအဖြစ် မရွေးချယ်ပဲ၊ USB မှတ်ဉာဏ်ချောင်းကို ပြညွှန်ပြီး ရွေးချယ်ပါ။ အဲဒီနောက် ဖိုင်အမည် တခုကို ရေးထည့်ပြီး Standard Volume တခုကို ဖန်တီးလိုက်ပါ။

    ၂.၄ Standard Volume တခုကို ဖန်တီးနည်း (အဆက်)

    ဒီအဆင့်မှာ၊ Standard Volume ထဲမှာ သိမ်းဆည်းထားမဲ့ ဒေတာတွေကို စာဝှက်စနစ်နဲ့ ရေးသားဖို့ သုံးစွဲမဲ့ encryption နည်းလမ်းတခုကို ရွေးချယ်နိုင်ပါတယ်။

    ပုံ ၁ဝ - Volume Creation Wizard မှာရှိတဲ့ Encryption Options များ ပြပုံ

    မှတ်ချက် - ဒီနေရာမှာ တွေ့ရတဲ့ default options အတိုင်း ထားခဲ့နိုင်တယ်။ ဒီ Options နှစ်ခုလုံးမှာ ပေးထားတဲ့ လုပ်ဆောင်နည်း အားလုံးကို လုံခြုံစိတ်ချရတဲ့ နည်းလမ်းတွေ အဖြစ် မှတ်ယူနိုင်ပါတယ်။

    အဆင့် ၁ဝ - အောက်ပါ အတိုင်း TrueCrypt Volume Creation Wizard မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ -

    ပုံ ၁၁ - Volume size အလွှာကို ပြသနေတဲ့ Volume Creation Wizard ပြပုံ

    Volume Size အလွှာနေရာမှာ Standard Volume ရဲ့ အရွယ်အစားကို သတ်မှတ်နိုင်တယ်။ ဒီဥပမာထဲမှာ ၁ဝ megabytes ဆိုပြီး သတ်မှတ်ထားတယ်။ ဒါပေမဲ့ အရွယ်အစား အမျိုးမျိုးကို သတ်မှတ်ပေးလို့ ရတယ်။ သိမ်းထားချင်တဲ့ documents တွေနဲ့ ဖိုင် အမျိုးအစားတွေရဲ့ အရွယ်အစားကို စဉ်းစားပါ။ အဲဒီနောက် သူတို့နဲ့ သင့်တော်တဲ့ volume အရွယ်အစားကို ရွေးချယ်သတ်မှတ်ပါ။

    သိကောင်းစရာ - အကယ်လို့ သင့်ရဲ့ Standard Volume ကို CD တချပ်ထဲမှာ Backup လုပ်ချင်တယ် ဆိုရင်၊ သူ့ရဲ့ အရွယ်အစားကို ၇ဝဝ MB (သို့) အဲဒီထက် လျှော့ပြီး သတ်မှတ်နိုင်ပါတယ်။

    အဆင့် ၁၁။ သတ်မှတ်ထားတဲ့ volume အရွယ်အစားကို Text field ထဲမှာ ရေးထည့်ပြီး၊ အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ -

    ပုံ ၁၂ - Volume Password အလွှာကို အသားပေး ဖေါ်ပြနေတဲ့ TrueCrypt Volume Creation Wizard ပြပုံ

    အရေးကြီးချက် - Standard Volume တခုကို ဖန်တီးတဲ့ နေရာမှာ လုံခြုံမှု ရှိပြီး ကြံ့ခိုင်တဲ့ စကားဝှက် တခုကို ရွေးချယ်တာဟာ သင် လုပ်ဆောင်ရမည့် လုပ်ငန်းတွေထဲမှာ အရေးကြီးဆုံး လုပ်ငန်း တခု အပါအ၀င် ဖြစ်တယ်။ ကောင်းမွန်တဲ့ စကားဝှက်တခုဟာ စာဝှက်ထားတဲ့ (encrypted) volume ကို ကာကွယ်ပေးမှာ ဖြစ်ပြီး၊ ရွေးချယ်လိုက်တဲ့ စကားဝှက်ဟာ ပိုပြီး ကြံ့ခိုင်လေ၊ ပိုကောင်းလေ ဖြစ်တယ်။ စကားဝှက်တခုကို KeePass လို စကားဝှက် ထုတ်လုပ်ပေးတဲ့ ပရိုဂရမ် တခုခုကို အသုံးပြုပြီး ထုတ်လုပ်ထားတယ် ဆိုရင်၊ အဲဒီ စကားဝှက်တွေကို မှတ်ထားစရာ မလိုဘူး။ စကားဝှက် ဖန်တီးခြင်းနဲ့ သိမ်းဆည်းခြင်းတို့ အကြောင်းကို လေ့လာဖို့ KeePass ကို ဖတ်ရှုပါ။

    အဆင့် ၁၂။ စကားဝှက်ကို ရေးထည့်ပြီး Confirm လုပ်တဲ့ နေရာလပ်ထဲမှာ နောက်တခါ ရေးထည့်လိုက်ပါ။

    အရေးကြီးချက် - 'Next' ခလုတ်ဟာ စကားဝှက် ရေးထည့်မဲ့ နေရာလပ် နှစ်စလုံး တထပ်ထဲ မကျမချင်း၊ အရောင်မှိန် (disabled) နေမှာ ဖြစ်တယ်။ အကယ်လို့ စကားဝှက်ဟာ နဂိုကတည်းက လုံခြုံမှု မရှိဘူး ဆိုရင်၊ အကြံပြုတဲ့ သတိပေးချက် တခု မြင်တွေ့ရမှာ ဖြစ်တယ်။ အဲဒါကို ပြောင်းလိုက်ပါ။ TrueCrypt ဟာ သင် ပေးလိုက်တဲ့ ဘယ် စကားဝှက်ကို မဆို လက်ခံမှာ ဖြစ်ပေမဲ့၊ သင့်ရဲ့ ဒေတာတွေအတွက် လုံခြုံမှု ရှိမှာ မဟုတ်ပါဘူး။

    အဆင့် ၁၃။ အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ါ။

    ပုံ ၁၃ - Volume Format အလွှာကို အသားပေး ဖေါ်ပြနေတဲ့ TrueCrypt Volume Creation Wizard ပြပုံ

    TrueCrypt ဟာ Standard Volume ကို ဖန်တီးဖို့ အဆင်သင့် ဖြစ်နေပြီ။ Mouse ကို TrueCrypt Volume Creation Wizard ၀င်းဒိုးပေါ်မှာ နေရာမရွေး စက္ကန့်အတော်ကြာ အလိုက်သင့် လှုပ်ရှားပေးလိုက်ပါ။ Mouse ကို ကြာကြာရွှေ့လေလေ၊ encryption key ရဲ့ အရည်အသွေး ပိုကောင်းလေ ဖြစ်ပါတယ်။

    အဆင့် ၁၄Standard Volume ကို စတင် ဖန်တီးဖို့ ကို နှိပ်ပါ။

    အစောပိုင်းတုန်းက ဖော်ပြခဲ့တဲ့ အတိုင်း၊ TrueCrypt ဟာ My Volume အမည်ပေးထားတဲ့ ဖိုင်ကို My Documents ဖိုင်တွဲအောက်မှာ ဖန်တီးပေးမှာ ဖြစ်တယ်။ ဒီဖိုင်ထဲမှာ အရွယ်အစား အားဖြင့် ၁၀ Megabytes ရှိတဲ့ TrueCrypt Standard Volume တခု ပါရှိမှာ ဖြစ်ပြီး၊ အဲဒါကို ဖိုင်တွေ လုံလုံခြုံခြုံ သိမ်းဆည်းဖို့ အသုံးပြုနိုင်ပါတယ်။

    Standard Volume ကို အောင်အောင်မြင်မြင် ဖန်တီးလိုက်တာနဲ့၊ အောက်က dialog box ကို မြင်တွေရမှာ ဖြစ်တယ် -

    ပုံ ၁၄ - TrueCrypt volume ကို အောင်အောင်မြင်မြင် ဖန်တီးလိုက်ပြီး ဖြစ်ကြောင်း အချက်ပြတဲ့ မျက်နှာပြင် ပြပုံ

    အဆင့် ၁၅Standard Volume ကို ဖန်တီးမှုကို အပြီးသတ်ဖို့ ကို နှိပ်ပြီးTrueCrypt console ကို ပြန်သွားပါ။

    အဆင့် ၁၆TrueCrypt Volume Creation Wizard ပိတ်ဖို့ ကို နှိပ်ပါ။

    Standard Volume ကို mount လုပ်နည်း

    ဒီစာမျက်နှာမှာ ပါဝင်တဲ့ အပိုင်းများ -

    ၃.ဝ Standard Volume တခုကို mount လုပ်နည်း

    TrueCrypt မှာ၊ Standard Volume တခုကို mount လုပ်တယ် ဆိုတာ အသုံးပြုလို့ရအောင် ဆောင်ရွက်တာ ဖြစ်တယ်။ ဒီအပိုင်းမှာ အသစ် ဖန်တီးထားတဲ့ Standard Volume ကို mount လုပ်တဲ့နည်းကို လေ့လာသွားမှာ ဖြစ်တယ်။

    Standard Volume ကို စတင် mount လုပ်ဖို့ အောက်ပါ အဆင့်တွေကို လုပ်ဆောင်ပါ -

    အဆင့် ၁TrueCrypt ကို ဖွင့်ဖို့ ကို နှစ်ချက် နှိပ်ပါ (သို့) Start > Programs > TrueCrypt > TrueCrypt ကို Select လုပ်ပါ။

    အဆင့် ၂။ အောက်ပါ စာရင်းထဲက drive တခုခုကို Select လုပ်ပါ -

    ပုံ ၁ -TrueCrypt Console ပြပုံ

    ဒီဥပမာမှာ Standard Volume ကို M: drive အဖြစ် mount လုပ်သွားမှာ ဖြစ်တယ်။

    မှတ်ချက် - မှတ်ချက် - ပုံ ၁ တွင် Standard Volume ကို Mount လုပ်ဖို့ M: drive ကို ရွေးချယ်ထားတယ်၊ ဒါပေမဲ့ တခြား drive တခုခုကို ရွေးချယ်နိုင်တယ်။

    အဆင့် ၃ ကို နှိပ်ပါ။

    ရွေးချယ်သွားမဲ့ TrueCrypt Volume မျက်နှာပြင်ဟာ အောက်ပါအတိုင်း ပေါ်လာလိမ့်မယ် -

    ပုံ ၂ - TrueCrypt Volume တခုကို ရွေးချယ်တဲ့ မျက်နှာပြင် ပြပုံ

    အဆင့် ၄။ ဖန်တီးလိုက်တဲ့ standard volume ဖိုင်ကို Select လုပ်ပါ၊ အဲဒီနောက် ပုံ ၂ ကို ပိတ်ဖို့ ကို နှိပ်ပြီး TrueCrypt console ကို ပြန်သွားပါ။

    အဆင့် ၅။ အောက်မှာ ပြထားတဲ့အတိုင်း Enter password for အချက်ပြ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ -

    ပုံ ၃ - စကားဝှက် ရေးထည့်ဖို့ အချက်ပြတဲ့ မျက်နှာပြင် ပြပုံ

    အဆင့် ၆Password: နေရာလပ်မှာ စကားဝှက်ကို ရေးထည့်ပါ။

    အဆင့် ၇Standard Volume ကို စတင် mount လုပ်ဖို့ ကို နှိပ်ပါ။

    မှတ်ချက် - ရေးထည့်လိုက်တဲ့ စကားဝှက်ဟာ မှားနေတယ် ဆိုရင်၊ စကားဝှက်ကို ပြန်ရေးထည့်ဖို့ TrueCrypt က သတိပေးလာလိမ့်မယ်။ ကို နှိပ်လိုက်ပါ။ အကယ်လို့ စကားဝှက် မှန်တယ် ဆိုရင်၊ Standard Volume ကို အောက်ပါအတိုင်း mount လုပ်လာလိမ့်မယ် -

    ပုံ ၄ - အသစ် စက်စက် Mount လုပ်လိုက်တဲ့ Standard Volume ကို ပြသနေတဲ့ TrueCrypt console ပြပုံ

    အဆင့် ၈ - TrueCrypt ထဲမှာ highlight လုပ်ထားတဲ့ entry ကို နှစ်ချက် နှိပ်ပါ (သို့) Standard Volume (အခု ကွန်ပျူတာထဲမှာ drive M: အဖြစ် mount လုပ်ထားတယ်) ထဲ ၀င်ရောက်ဖို့ My Computer မျက်နှာပြင်ပေါ်က သက်ဆိုင်တဲ့ drive အက္ခရာကို နှစ်ချက် နှိပ်ပါ။

    ပုံ ၅ - Standard Volume ကို 'My Computer' မျက်နှာပြင် ကတဆင့် access လုပ်နေပုံ

    မှတ်ချက် - ကျွန်ုပ်တို့ဟာ အခုတင်လေးပဲ My Volume standard volume ကို virtual disk: M ပေါ်မှာ အောင်အောင်မြင်မြင် mount လုပ်လိုက်ကြပြီ။ အဲဒီ virtual disk ဟာ တခုလုံးကို စာဝှက်ထားတာက လွဲရင် တကယ့် disk တခုလိုပဲ အလုပ်လုပ်တယ်။ ဘယ်လို ဖိုင်မျိုးကို မဆို virtual disk ထဲမှာ ကော်ပီယူတာ၊ ရွှေ့ပြောင်းတာ (သို့) save လုပ်တာတွေ လုပ်ဆောင်တဲ့အခါ အဲဒီ ဖိုင်တွေကို အလိုအလျောက် စာဝှက် (encrypt) ပေးမှာ ဖြစ်တယ်။ ဒီလုပ်ငန်းစဉ်ကို on-the-fly encryption လို့ ခေါ်တယ်။)

    Standard Volume ထဲမှာ ရှိတဲ့ ဖိုင်တွေကို တခြား ပုံမှန် disk တွေလို (ဥပမာ အားဖြင့်၊ အထုတ် အသွင်း လုပ်နိုင်တယ်) ကော်ပီး ကူးတာတွေ အပြန်အလှန် လုပ်လို့ ရတယ်။ ဖိုင်တပုဒ်ကို Standard Volume ကနေ ထုတ်ယူတဲ့အခါ၊ အဲဒီဖိုင်ကို အလိုအလျောက် စာဝှက်ဖြည် (decrypt) ပေးမှာ ဖြစ်တယ်။ ဆန့်ကျင်ဖက် အနေနဲ့၊ အကယ်လို့ ဖိုင်တဖိုင်ကို Standard Volume ထဲ ရွှေ့ပြောင်းလိုက်တယ် ဆိုရင် TrueCrypt က အဲဒီဖိုင်ကို အလိုအလျောက် စာဝှက် (encrypt) ပေးမှာ ဖြစ်တယ်။ အကယ်လို့ ကွန်ပျူတာ ရုတ်တရက် ချို့ယွင်းတာတို့၊ မီးပျက်တာတို့ ဖြစ်ပေါ်လာရင် TrueCrypt က Standard Volume ကို ချက်ခြင်း ပိတ်ပေးသွားမှာ ဖြစ်တယ်။

    အရေးကြီးချက် - ဖိုင်တွေကို TrueCrypt volume ထဲ ရွှေ့ပြောင်းပြီးတဲ့အခါ၊ သူတို့ရဲ့ မူရင်းနေရာ အမှတ်အသားတွေကို ကွန်ပျူတာနဲ့ USB မှတ်ဉာဏ်ချောင်းမှာ မကျန်ရစ်ခဲ့ဖို့ သတိပြုပါ။ အခန်း ၆။ အထိခိုက် မခံတဲ့ အချက်အလက် ဖျက်ဆီးနည်းကို သွားရောက် ဖတ်ရှုပါ။

    ၃.၁ Standard Volume တခုကို dismount လုပ်နည်း

    TrueCrypt ထဲမှာ Standard Volume တခုကို dismount လုပ်တယ် ဆိုတာ volume တခုကို အသုံးပြုလို့ မရအောင် ပြုလုပ်တာပဲ ဖြစ်တယ်။

    Standard Volume ကို ပိတ်ဖို့ (သို့) dismount လုပ်ဖို့နဲ့ အထဲမှာ ရှိတဲ့ ဖိုင်တွေကို စကားဝှက် သိထားတဲ့ သူတွေကပဲ ဖွင့်နိုင်ဖို့၊ အောက်ပါ အဆင့်တွေကို လုပ်ဆောင်ပါ -

    အဆင့် ၁။ ပင်မ TrueCrypt ပေါ်မှာ mount လုပ်နိုင်တဲ့ စာရင်းထဲက volume တခုကို အောက်မှာ ဖေါ်ပြတဲ့အတိုင်း Select လုပ်ပါ -

    ပုံ ၁၇ - dismount လုပ်မဲ့ Standard Volume ကို ရွေးချယ်နေတဲ့ ပုံ

    အဆင့် ၂TrueCrypt standard volume ကို dismount လုပ်ဖို့ (သို့) ပိတ်ဖို့ ကို နှိပ်ပါ။

    အရေးကြီးချက် - ကွန်ပျူတာကို standby (သို့) Hibernate စနစ်မှာ မထားခင် TrueCrypt volume ကို dismount အရင် လုပ်ဖို့ သတိပြုပါ။ ပိုကောင်းတာက၊ တနေရာရာကို သွားမယ် ဆိုရင်၊ ကွန်ပျူတာ (သို့) လက်ဆွဲ ကွန်ပျူတာကို အမြဲတမ်း shutdown လုပ်ထားပါ။ ဒီနည်းနဲ့ တခြားလူတွေက volume စကားဝှက်ကို မရယူနိုင်အောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

    Standard Volume ကို ပိတ်ပြီးတဲ့အခါ (သို့) dismount လုပ်ပြီးတဲ့အခါ၊ အထဲမှာ သိမ်းထားတဲ့ ဖိုင်တွေကို ပြန်လည် ရယူချင်တယ် ဆိုရင်၊ အဲဒီ volume ကို mount ပြန်လုပ်ရမှာ ဖြစ်ပါတယ်။

    Hidden Volumes များ

    ဒီစာမျက်နှာမှာ ပါဝင်တဲ့ အပိုင်းများ -

    ၅.ဝ Hidden Volumes အကြောင်း

    TrueCrypt မှာ၊ Hidden Volume တခုကို encrypt လုပ်ထားတဲ့ Standard volume အထဲမှာ သိမ်းထားတဲ့အတွက် သူရှိနေတာကို ဖုံးကွယ်ထားတယ်။ standard volume ကို mount တဲ့အခါ (သို့) ဖွင့်တဲ့အခါမှာတောင် အထဲမှာ Hidden Volume ရှိနေတာကို သိရှိဖို့ (သို့) သက်သေပြဖို့ မလွယ်ဘူး။ အကယ်လို့ သင့်ရဲ့ စကားဝှက်နဲ့ Standard volume ရှိတဲ့ နေရာ၊ အထဲမှာ သိမ်းထားတဲ့ အကြောင်းအရာတွေကို ဖေါ်ပြဖို့ ဖိအားပေး ခံရရင်၊ အထဲမှာ Hidden Volume ရှိနေမှန်း သတိထားမိမှာ မဟုတ်ဘူး။

    လျှို့ဝှက်အကန့် ပါတဲ့ လက်ဆွဲအိတ်တလုံးကို မြင်ယောင်ကြည့်ပါ။ အသိမ်းခံရရင် ဖြစ်ဖြစ် (သို့) ပျောက်ဆုံးသွားရင် ဖြစ်ဖြစ် သိပ် အရေးစိုက်စရာ မလိုတဲ့ ဖိုင်တွေကို လက်ဆွဲအိတ်ရဲ့ သာမန် အကန့်ထဲမှာ သိမ်းထားလေ့ရှိပြီး၊ အရေးကြီးတဲ့ ကိုယ်ရေးကိုယ်တာ ဖိုင်တွေကိုတော့ လျှို့ဝှက်အကန့်ထဲမှာ သိမ်းထားလေ့ ရှိတယ်။ (အထူးစီမံပြုလုပ်ထားတဲ့) လျှို့ဝှက်အကန့် ဆိုတာ အခန်းဝှက် ရှိနေတာကို ဖြစ်ဖြစ်၊ အထဲမှာ သိမ်းထားတဲ့ စာရွတ်စာတမ်းတွေကို ဖြစ်ဖြစ် တခြား သူတွေ မသိရှိအောင် အထူး စီမံပြုလုပ်ထားတဲ့ အခန်းငယ် ဖြစ်တယ်။

    ၅.၁ Hidden Volume တခု ဖန်တီးနည်း

    TrueCrypt hidden volume တခုကို ဖန်တီးတဲ့ ပုံစံဟာ standard volume ကို ဖန်တီးတဲ့ ပုံစံနဲ့ အတူတူ ဖြစ်တယ်။ တချို့ အလွှာတွေ၊ မျက်နှာပြင်တွေနဲ့ ၀င်းဒိုးတွေလည်း ပုံစံ တူညီကြတယ်။

    အဆင့် ၁TrueCrypt ကို ဖွင့်ပါ။

    အဆင့် ၂ - TrueCrypt Volume Creation Wizard ကို သက်ဝင်စေဖို့ ကို နှိပ်ပါ။

    အဆင့် ၃။ default ပေးထားတဲ့ Create an encrypted file container option ကို လက်ခံဖို့ ကို နှိပ်ပါ။

    အဆင့် ၄။ အောက်မှာ ပြထားတဲ့အတိုင်း Hidden TrueCrypt volume option ကို Check လုပ်ပါ -

    ပုံ ၁ - Hidden volume option ကို enable လုပ်ထားတဲ့ TrueCrypt Volume Creation Wizard ပြပုံ

    အဆင့်၅။ အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ -

    ပုံ ၂ - TrueCrypt Volume Creation Wizard ထဲမှာ ရွေးချယ်နိုင်တဲ့ Modes တွေကို ပြတဲ့ ၀င်းဒိုးပုံ

    • Direct mode - ဒီ option ကို အသုံးပြုပြီး လက်ရှိ Standard Volume ထဲမှာ Hidden Volume တခုကို ဖန်တီးနိုင်တယ်။

    • Normal mode - ဒီ option ကို အသုံးပြုပြီး Hidden Volume ကို သိမ်းထားဖို့ Standard Volume အသစ် စက်စက် တခုကို ဖန်တီးနိုင်ပါတယ်။

    ဒီဥပမာမှာ၊ Direct mode ကို အသုံးပြုကြမယ်။

    မှတ်ချက် - အကယ်လို့ Standard Volume အသစ် တခုကိုပဲ စတင် ဖန်တီးချင်တယ် ဆိုရင်၊ အခန်း ၂.၂ Standard Volume တခု ဖန်တီးနည်း ထဲက လုပ်ငန်းစဉ်တွေကို ပြန်လုပ်ပါ။

    အဆင့် ၆ - Direct mode ကို Check လုပ်လိုက်ပါ၊ ပြီးရင် TrueCrypt Volume Creation - Volume Location ၀င်းဒိုးကို သက်ဝင်စေဖို့ ကို နှိပ်ပါ။

    မှတ်ချက်။ ။Standard Volume ကို မရွေးခင် သူ့ကို အရင် unmount လုပ်ထားပါ။

    အဆင့် ၇။ အေက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ -

    ပုံ ၃ - TrueCrypt Volume Creation Wizard ထဲက TrueCrypt Volume တခုကို ရွေးချယ်တဲ့ ပုံ

    အဆင့် ၈- ပုံ ၃ တွင် ပြထားတဲ့အတိုင်း Select a TrueCrypt Volume ၀င်းဒိုးကို အသုံးပြုပြီး volume ဖိုင်ကို နေရာချပါ။

    အဆင့် ၉TrueCrypt Volume Creation Wizard ကို ပြန်သွားဖို့ ကို နှိပ်ပါ။

    အဆင့် ၁၀Enter password မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ။

    အဆင့် ၁၁။ အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ Standard Volume ဖန်တီးတဲ့ အချိန်မှာ ဖန်တီးထားတဲ့ စကားဝှက်ကို Password နေရာလပ်ထဲမှာ ရေးထည့်ပါ -

    ပုံ ၄ - TrueCrypt Volume Creation Wizard ထဲက Hidden Volume သတိပေး စာတမ်း ပြပုံ

    အဆင့် ၁၂။ သတိပေး စာတမ်းကို ဖတ်ပြီးတဲ့အခါ Hidden Volume Encryptions Options မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ။

    မှတ်ချက် - Hidden Volume အတွက် default အနေအထားနဲ့ ပေးထားတဲ့ Encryption Algorithm နဲ့ Hash Algorithm Settings နှစ်ခု စလုံးကို ဒီအတိုင်း ချန်ထားပါ။

    အဆင့် ၁၃။ အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ -

    ပုံ ၅ - TrueCrypt Volume Creation Wizard ထဲက Hidden Volume အရွယ်အစားပြ ၀င်းဒိုးပုံ

    Hidden Volume ရဲ့ အရွယ်အစားကို သတ်မှတ်ဖို့ အချက်ပြလာလိမ့်မယ်။

    မှတ်ချက် - Hidden Volume ထဲမှာ သိမ်းထားချင်တဲ့ မှတ်တမ်းမှတ်ရာ အမျိုးအစားတွေ၊ သူတို့ရဲ့ အရေအတွက်နဲ့ အရွယ် ပမာဏတွေကို ထည့်တွက်ပါ။ Standard Volume အတွက် နေရာ ချန်ထားပါ။ အကယ်လို့ Hidden Volume အတွက် ရရှိနိုင်တဲ့ အရွယ် ပမာဏ အများစုကို ယူထားမယ် ဆိုရင်၊ မူရင်း Standard Volume အထဲမှာ ဖိုင်အသစ်တွေကို ထပ်ထည့်လို့ ရမှာ မဟုတ်တော့ဘူး။

    Standard Volume ရဲ့ အရွယ်ပမာဏ ဟာ ၁ဝ MB ရှိမယ် ဆိုရင်၊ Hidden Volume အတွက် (အပေါ်က ပုံ ၆ မှာ ပြထားတဲ့အတိုင်း) ၅ MB သတ်မှတ်ပေးပါ။ ဒါဆိုရင် Volumes (Hidden Volume နဲ့ Standard Volume) နှစ်ခုစလုံးဟာ ၅ MB အသီးသီး ရှိကြမှာ ဖြစ်တယ်။

    Standard Volume ထဲမှာ သိမ်းထားတဲ့ အချက်အလက်တွေဟာ ၅ MB ထက် မကျော်လွန်အောင် သတိပြုပါ။ အကြောင်းကတော့၊ TrueCrypt ပရိုဂရမ်က Hidden Volume ရှိနေတာကို အလိုအလျောက် မသိရှိနိုင်တဲ့ အတွက် မတော်တဆ ဖျက်ဆီး (overwrite) မိနိုင်တယ်။ ဒါကြောင့် မူလ သတ်မှတ်ထားတဲ့ အရွယ်အစားထက် ကျော်လွန်ပြီး ဖိုင်တွေကို သိမ်းထားမိရင် Hidden Volume မှာ ရှိတဲ့ ဖိုင်တွေအားလုံး ပျောက်ဆုံးသွားမဲ့ အန္တရာယ် ရှိပါတယ်။

    အဆင့် ၁၄ပုံ ၆ မှာ ပြထားတဲ့အတိုင်း အလိုရှိတဲ့ Hidden Volume ရဲ့ အရွယ်ပမာဏကို သက်ဆိုင်ရာ နေရာလပ်ထဲမှာ ရေးထည���့ပါ။

    အဆင့် ၁၅Hidden Volume Passwod ၀င်းဒိုးကို သက်ဝင်စေဖို့ ကို နှိပ်ပါ။

    Standard Volume အတွက် စကားဝှက်ကို ဖန်တီးခဲ့သလိုပဲ၊ Hidden Volume အတွက် သီးခြား စကားဝှက် တခုကို ဖန်တီးပါ။ ဒီနေရာမှာ ကြံ့ခိုင်မှုရှိတဲ့ စကားဝှက်ကို ရွေးချယ်ဖို့ သတိရပါ။ ကြံ့ခိုင်မှု ရှိတဲ့ စကားဝှက်တွေ ဖန်တီးနည်း အကြောင်းကို KeePass အခန်းမှာ သွားရောက် ဖတ်ရှုပါ။

    သိကောင်းစရာ - အကယ်လို့ TrueCrypt Volumes တွေထဲမှာ သိမ်းထားတဲ့ အကြောင်းအရာတွေကို ဖေါ်ပြဖို့ ဖိအားပေး ခံရနိုင်တယ် ဆိုရင်၊ Standard Volume မှာ အသုံးပြုတဲ့ စကားဝှက်တွေကို KeePass ထဲမှာ သိမ်းထားပြီး၊ Hidden Volume ကို ဖွင့်ဖို့ သင် တယောက်ထဲပဲ သိတဲ့ ကြံ့ခိုင်မှု ရှိတဲ့ စကားဝှက်တခုကို ရွေးချယ်ပါ။ ဒီနည်းနဲ့ Hidden Volume ရှိနေတာကို ပြတဲ့ သဲလွန်စတွေကို မချန်ထားပဲ၊ ဖုံးကွယ်ထားနိုင်မှာ ဖြစ်ပါတယ်။

    အဆင့် ၁၆။ စကားဝှက် တခုကို ဖန်တီးပြီး နှစ်ကြိမ် ရေးထည့်ပါ၊ အဲဒီနောက် အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ -

    ပုံ ၆ -TrueCrypt Volume Creation Wizard ထဲက Hidden Volume Format အလွှာ ပြပုံ

    Default ပေးထားတဲ့ File System နဲ့ Cluster option တို့ကို ဒီအတိုင်း ချန်ထားပါ။

    အဆင့် ၁၇။ စာဝှက်စနစ်ရဲ့ စာဝှက်တဲ့ စွမ်းရည်ကို မြင့်မားစေဖို့ Mouse ရဲ့ cursor ကို မျက်နှာပြင် တခုလုံးမှာ လှုပ်ရှားပေးပါ။ အဲဒီနောက် Hidden Volume ကို format လုပ်ဖို့ ကို နှိပ်ပါ။

    Hidden Volume ကို format လုပ်ပြီးတဲ့အခါ၊ အောက်ပါ မျက်နှာပြင် ပေါ်လာလိမ့်မယ် -

    ပုံ ၇ - TrueCrypt Volume ကို ဖန်တီးတဲ့ Wizard စာတမ်း မျက်နှာပြင် ပြပုံ

    မှတ်ချက် - ပုံ ၈ အရ Hidden Volume တခုကို အောင်အောင်မြင်မြင် ဖန်တီးလိုက်ပြီ ဖြစ်ကြောင်းနဲ့၊ standard volume ထဲမှာ ဖိုင်တွေကို သိမ်းဆည်းတဲ့အခါ hidden Volume ထဲမှာ ရှိတဲ့ ဖိုင်တွေကိုပါ ဖျက်ဆီး (Overwrite) မိနိုင်တဲ့ အန္တရာယ်ကို သတိပေးလာပါလိမ့်မယ်။

    အဆင့် ၁၈Hidden Volume Created ၀င်းဒိုးကို သက်ဝင်စေဖို့ ကို နှိပ်ပြီး၊ ကို နှိပ်ပါ၊ အဲဒီနောက် TrueCrypt console ကို ပြန်သွားပါ။

    အခုချိန်မှာ Hidden volume ကို standard volume အထဲမှာ ဖန်တီးလိုက်ပါပြီ။ အခုချိန်က စပြီး Hidden volume ထဲမှာ မှတ်တမ်းမှတ်ရာတွေကို သိမ်းဆည်းနိုင်ပါပြီ။ Standard Volume ကို ဖွင့်တဲ့ စကားဝှက် ရှိထားတဲ့ သူကတောင် Hidden volume ရှိတာကို သိနိုင်မှာ မဟုတ်ဘူး။

    ၅.၂ Hidden Volume တခု Mount လုပ်နည်း

    Hidden Volume ကို အသုံးပြုလို့ ရအောင် mount လုပ်တဲ့ နည်းလမ်းဟာ Standard Volume နဲ့ အတူတူပဲ ဖြစ်တယ်။ တခုတည်းသော ကွာခြားချက်ကတော့ Hidden Volume အတွက် သီးသန့် ဖန်တီးထားတဲ့ စကားဝှက်ကိုပဲ အသုံးပြုရမှာ ဖြစ်ပါတယ်။

    Hidden Volume ကို mount လုပ်ဖို့ အောက်ပါ အဆင့်တွေကို လုပ်ဆောင်ပါ -

    အဆင့် ၁ - စာရင်းထဲက Drive တခုကို Select လုပ်ပါ။ (ဒီဥပမာမှာ drive K ကို ရွေးထားတယ်) -

    ပုံ ၈ - TrueCrypt Volume မျက်နှာပြင်မှာ ရွေးချယ်ထားတဲ့ mount လုပ်ထားတဲ့ drive တခု ပြပုံ

    အဆင့် ၂Select a TrueCrypt Volume ၀င်းဒိုးကို သက်ဝင်စေဖို့ ကို နှိပ်ပါ။

    အဆင့် ၃။ TrueCrypt Volume ဖိုင်ကို ရှာပြီး ရွေးလိုက်ပါ (Standard volume ဖိုင်နဲ့ အတူတူ ဖြစ်တယ်)။

    အဆင့် ၄TrueCrypt console ကို ပြန်သွားဖို့ ကို နှိပ်ပါ။

    အဆင့် ၅။ အောက်မှာ ပြထားတဲ့အတိုင်း Enter Password for အချက်ပေး မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ် ပါ -

    ပုံ ၉ - စကားဝှက် ရေးထည့်တဲ့ မျက်နှာပြင် ပြပုံ

    အဆင့် ၆Hidden Volume ကို ဖန်တီးတဲ့အချိန်မှာ ဖန်တီးထားတဲ့ စကားဝှက်ကို ရေးထည့်ပြီး၊ ကို နှိပ်ပါ။

    Hidden volume ဟာ အောက်ပါအတိုင်း mount လုပ် (ဖွင့်နေ) တာကို မြင်တွေ့ရမှာ ဖြစ်တယ် -

    ပုံ ၁ဝ - အသစ် စက်စက် mount လုပ်ထားတဲ့ Hidden Volume ကို ပြသနေတဲ့ TrueCrypt ပင်မ မျက်နှာပြင် ပြပုံ

    အဆင့် ၇။ အပေါ်က Entry ကို နှစ်ချက် နှိပ်ပါ (သို့) My Computer ၀င်းဒိုးကနေ တဆင့် ၀င်သွားပါ။

    ၅.၃ Hidden Disk Feature ကို လုံလုံခြုံခြုံ အသုံးပြုနည်း သိကောင်းစရာများ

    Hidden disk ကို ထားရှိရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ အထိခိုက် မခံတဲ့ သတင်း အချက်အလက်တွေကို ဖေါ်ပြဖို့ ဖိအားပေး ခံရတာ မဟုတ်ပဲ၊ စာဝှက်ထားတဲ့ ဖိုင်တွေကို အာဏာပိုင် တဦးတယောက်က လွှဲပြောင်းပေးဖို့ တောင်းခံလာနိုင်တဲ့ ဖြစ်နိုင်ချေ အန္တရာယ် အခြေအနေမျိုးကို ရှောင်ရှားနိုင်ဖို့ ဖြစ်တယ်။ ဒေတာတွေကို ကာကွယ်ပေးတဲ့အပြင်၊ သင့်ရဲ့ လုံခြုံရေးကို အန္တရာယ် ဖြစ်စေနိုင်တဲ့ အနေအထား၊ လုပ်ဖော်ဆောင်ဖတ်တွေ၊ မိတ်ဖက်တွေကို ဖေါ်ပြမိနိုင်တဲ့ အခြေအနေတွေကိုလည်း ရှောင်ရှားစေနိုင်တယ်။ ဒီနည်းစနစ် ထိရောက်မှု ရှိအောင်၊ သင့်ရဲ့ ဖိုင်တွေကို ကြည့်ရှုဖို့ တောင်းခံလာတဲ့ ပုဂ္ဂိုလ်ဟာ သင် ပြလိုက်တဲ့ ဖိုင်တွေကို မြင်တွေ့တဲ့အခါ ကျေနပ်သွားပြီး၊ သင့်ကို လျှောလျှောရှုရှု သွားခွင့်ပြုစေမဲ့ အနေအထားမျိုးကို ဖန်တီးထားရပါ့မယ်။

    အဲဒီလို လုပ်ဆောင်ဖို့၊ အောက်မှာ ပေးထားတဲ့ အကြံအဉာဏ် တချို့ကို အသုံးချနိုင်တယ် -

    • တခြားသူတွေက တွေ့သွားရင်လည်း ကိစ္စမရှိတဲ့ အရေးကြီးတဲ့ မှတ်တမ်းမှတ်ရာ တချို့ကို Standard Volume ထဲမှာ ထည့်ထားပါ။ အဲဒီ မှတ်တမ်းမှတ်ရာတွေဟာ encrypt လုပ်ထားတဲ့ volume ထဲမှာ ထားရလောက်အောင် အရေးကြီးတဲ့ ပုံစံမျိုး ပေါက်နေဖို့ လိုအပ်တယ်။

    • ဖိုင်တွေကို ကြည့်ရှုဖို့ တောင်းဆိုလာတဲ့ ပုဂ္ဂိုလ်ဟာ Hidden Volume ရှိနေတာ သိရှိသွားနိုင်တာကို သတိထားပါ။ အကယ်လို့ TrueCrypt ကို မှန်မှန်ကန်ကန် အသုံးချသွားမယ် ဆိုရင်၊ အဲဒီ ပုဂ္ဂိုလ်က Hidden Volume ရှိနေတာကို သက်သေပြနိုင်မှာ မဟုတ်ပဲ၊ သင့်ရဲ့ ဖြေရှင်းချက်ကို ပိုပြီး ယုံကြည်သွားပါလိမ့်မယ်။

    • Standard Volume ထဲမှာ ရှိတဲ့ ဖိုင်တွေကို အပတ်စဉ် update လုပ်ပါ။ ဒီနည်းနဲ့ အဲဒီ ဖိုင်တွေကို အမှန်တကယ် အသုံးပြုနေတယ် ဆိုတာကို ထင်ရှားစေပါလိမ့်မယ်။

    TrueCrypt Volume တခု Mount လုပ်တဲ့ အခါတိုင်းမှာ၊ Protect hidden volume against damage caused by writing to outer volume feature ကို enable လုပ်ထားနိုင်တယ်။ အလွန် အရေးကြီးတဲ့ အဲဒီ feature ဟာ၊ Hidden Volume ထဲမှာ ရှိတဲ့ စာဝှက်ထားတဲ့ အကြောင်းအရာတွေကို မတော်တဆ ပယ်ဖျက်မိနိုင် (သို့) overwrite လုပ်မိနိုင်တဲ့ အန္တရာယ်မရှိဘဲ standard volume ထဲမှာ ရုပ်ဖျက်တဲ့ ဖိုင် အသစ်တွေကို ထည့်သွင်းစေနိုင်ပါတယ်။

    အစောပိုင်းမှာ ဖေါ်ပြခဲ့တဲ့အတိုင်း၊ standard volume ထဲမှာ သိုလှောင်တဲ့ ပမာဏကို ကျော်လွန်သွားရင်၊ စာဝှက်ထားတဲ့ ဖိုင်တွေကို ဖျက်စီးနိုင်တယ်။ TrueCrypt volume တခုကို အတင်းအကျပ် mount လုပ်တဲ့ အချိန်မှာ 'Protect hidden volume' ကို enable မလုပ်ပါနဲ့၊ ဘာဖြစ်လို့လဲ ဆိုတော့ ဒီလို လုပ်ခြင်းကြောင့် hidden volume ထဲကို ၀င်ဖို့ လျှို့ဝှက် စကားဝှက်ကို ပေးဖို့ တောင်းခံလာမှာ ဖြစ်ပြီး၊ အဲဒီ volume ရှိနေတာကို ရှင်းရှင်းလင်းလင်း ဖေါ်ထုတ်လိုက်သလို ဖြစ်သွားမှာ ဖြစ်တယ်။ ရုပ်ဖျက်ထားတဲ့ ဖိုင်တွေကို လျှို့ဝှက်ပြီး update လုပ်မယ် ဆိုရင်၊ ဒီ option ကို အမြဲတမ်း enable လုပ်ထားရမှာ ဖြစ်ပါတယ်။

    Protect hidden volume feature ကို အသုံးပြုဖို့ အောက်ပါ အဆင့်တွေကို လုပ်ဆောင်ပါ -

    အဆင့် ၁။ အပေါ်က ပုံ ၁၀ မှာ ပြထားတဲ့အတိုင်း Enter Password အချက်ပြလာတဲ့အခါ ကို နှိပ်ပါ။ အောက်မှာ ပြထားတဲ့အတိုင်း Mount option ၀င်းဒိုးကို သက်ဝင်စေမှာ ဖြစ်တယ်။

    ပုံ ၁၁ - Mount Options ၀င်းဒိုး ပြပုံ

    အဆင့် ၂ - Protect hidden volume against damage caused by writing to outer volume option ကို check လုပ်ပါ။

    အဆင့် ၃။ Hidden Volume စကားဝှက်ကို ရေးထည့်ပြီး၊ ကို နှိပ်ပါ။

    အဆင့် ၄Standard volume ကို mount လုပ်ဖို့ ကို နှိပ်ပါ။ အောင်အောင်မြင်မြင် Mount လုပ်ပြီးတဲ့အခါ၊ hidden volume ကို မထိခိုက်စေပဲ ရုပ်ဖျက်ထားတဲ့ ဖိုင်တွေကို ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။

    အဆင့် ၅။ Dismount လုပ်ဖို့ ကို နှိပ်ပါ၊ (သို့) အထဲမှာ ပါရှိတဲ့ အကြေင်းအရာတွေကို ပြုပြင်မွမ်းမံပြီးတဲ့အခါ standard volume ကို အသုံးပြုလို့ မရအောင် ပိတ်လိုက်ပါ။

    မှတ်သားရန် - ဒါတွေကို standard volume ထဲမှာ ရှိတဲ့ ဖိုင်တွေကို update လုပ်တဲ့ အချိန်မှာပဲ လုပ်ဆောင်ဖို့ လိုတယ်။ standard volume ကို တခြားသူတွေဆီ ပြသဖို့ အကျပ်ကိုင်လာတယ် ဆိုရင်၊ Protect hidden volume feature ကို အသုံးမပြုပါနဲ့။

    အိတ်ဆောင် TrueCrypt

    ၁.၀ Install လုပ်ရတဲ့ TrueCrypt ဗားရှင်းနဲ့ အိတ်ဆောင် ဗားရှင်းတို့ရဲ့ ကွာခြားချက်များ

    အိတ်ဆောင် ကိရိယာတွေကို ကွန်ပျူတာထဲမှာ install လုပ်စရာ မလိုဘူး၊ သူတို့ ဘယ်နေရာမှာ ရှိနေတယ်၊ ဘာတွေအတွက် အသုံးပြုတယ် စတာတွေကို ခြေရာခံလို့ မရဘူး။ ဒါပေမဲ့၊ ပြင်ပ ကိရိယာ (သို့) USB မှတ်ဉာဏ်ချောင်းနဲ့ အိတ်ဆောင် ကိရိယာတွေဟာ သင် အသုံးပြုနေတဲ့ ကွန်ပျူတာ လုံခြုံနေမှ အန္တရာယ် ကင်းရှင်းနိုင်မှာ ဖြစ်ပြီး၊ adware, malware, spyware နဲ့ ဗိုင်းရပ်စ်တို့ရဲ့ တိုက်ခိုက်မှု ခံရနိုင်သေးတယ်။

    ဒီမှာ မှတ်တမ်းတင်ထားတဲ့ တခြား အိတ်ဆောင် ဆော့ဗ်ဝဲ ကိရိယာ (encryption tool) အတော်များများလိုပဲ၊ အိတ်ဆောင် TrueCrypt ဟာ အစွမ်းထက်တဲ့ ရိုးရိုး ဖိုင် စာဝှက်ကိရိယာကို ဘယ်သူမျှ မသိရှိပဲ အသုံးပြုနိုင်အောင် လုပ်ဆောင်ပေးတယ်။ အိတ်ဆောင် TrueCrypt ကို ဖြုတ်တပ်လို့ ရတဲ့ ကိရိယာ (သို့) USB မှတ်ဉာဏ်ချောင်း တခုခုထဲမှာ ထည့်ပြီး စက်အမျိုးမျိုးမှာ အသုံးပြုနိုင်တယ်။

    Install လုပ်ရတဲ့ TrueCrypt ဗားရှင်းနဲ့ အိတ်ဆောင် ဗားရှင်းတို့မှာ ကွာခြားချက် အနည်းငယ် ရှိကြတယ်၊ အဓိက အချက်ကတော့ အိတ်ဆောင် TrueCrypt ကို အသုံးပြုပြီး disk တခုလုံး (သို့) system disk တခုလုံးကို စာဝှက် (encrypt) လို့ မရနိုင်တာပဲ ဖြစ်တယ်။

    Install လုပ်ရတဲ့ TrueCrypt ဗားရှင်းနဲ့ အိတ်ဆောင် ဗားရှင်းတို့ရဲ့ ကွာခြားချက်တွေနဲ့ ပါတ်သက်တဲ့ အချက်အလက်ကို http://www.truecrypt.org မှာ ဖတ်ရှုပါ။

    ၂.၀ အိတ်ဆောင် TrueCrypt ကို Download လုပ်ခြင်း၊ Extract လုပ်ခြင်းနဲ့ အသုံးပြုခြင်း

    မှတ်ချက် - အိတ်ဆောင် TrueCrypt ကို ဖြတ်တပ်လို့ ရတဲ့ ကိရိယာ (သို့) USB မှတ်ဉာဏ်ချောင်း တခုခုထဲမှာ မဖြည်ချ(extract) ခင် သူ့ကို ထားရှိမဲ့ ဖိုင်တွဲကို ကိုယ်တိုင် ဖန်တီးဖို့ လိုတယ်။

    အဆင့် ၁အိတ်ဆောင် TrueCrypt ပရိုဂရမ်ကို ဖြည်ချမဲ့ ဖြတ်တပ်လို့ ရတဲ့ device (သို့) USB မှတ်ဉာဏ်ချောင်းထဲကို သွားပြီး၊ သူ့ကို သက်ဝင်စေဖို့ သူနဲ့ သက်ဆိုင်တဲ့ menu ကို ညာဖက် နှိပ်ပါ။

    အဆင့် ၂။ ဖိုင်တွဲငယ်ကို သက်ဝင်စေဖို့ New ကို ရွေးပြီး၊ အောက်က ပုံ ၁ မှာ ပြထားတဲ့တိုင်း Folder ကို ရွေးပါ -

    ပုံ ၁ - Windows explorer ဖိုင်တွဲနဲ့ ဖိုင်တွဲငယ် ပြပုံ

    အဆင့် ၃။ ဖိုင်တွဲ အမည်ကို ရေးထည့်ပါ။

    မှတ်ချက် - အိတ်ဆောင် TrueCrypt ပရိုဂရမ် ရှိနေတာကို ဖုံးကွယ်ဖို့အတွက် ဒီဖိုင်တွဲကို သိပ်မထင်ရှားတဲ့ အမည် တခု ပေးလိုက်ပါ။

    အိတ်ဆောင် TrueCrypt ကို install လုပ်ရတဲ့ ဗားရှင်းတွေလိုပဲ archive တခုထဲကနေ ဖြည်ချလို့ ရတယ်။ အိတ်ဆောင် TrueCrypt ကို download လုပ်ဖို့၊ အောက်က ဆင်တူ အဆင့်တွေကို လုပ်ဆောင်ပါ -

    အဆင့် ၁www.truecrypt.org/downloads ကို ဖွင့်ပါ

    အဆင့် ၂။ အေက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ အပိုင်းအောက်က ကို နှိပ်ပါ -

    ပုံ ၂ - install လုပ်တဲ့ TrueCrypt Setup 7.0a.exe ကို ဖွင့်နေပုံ

    အဆင့် ၃ installation ဖိုင်ကို ကွန်ပျူတာထဲမှာ save လုပ်ဖို့ ကို နှိပ်ပြီး၊ အထဲကို သွားပါ။

    အဆင့် ၄ ကို နှိပ်ချက် နှိပ်ပါ၊ Open File - လုံခြုံရေး သတိပေးချက် စာမျက်နှာ ပေါ်လာမှာ ဖြစ်တယ်၊ ပေါ်လာတဲ့အခါ၊ TrueCrypt installation wizard ကို သက်ဝင်စေဖို့ ကို နှိပ်ပါ။

    အဆင့် ၅အိတ်ဆောင် TrueCrypt ကို အောက်ပါ ပုံ ၃ မှာ ပြထားတဲ့အတိုင်း ဖြုတ်တပ်လို့ ရတဲ့ drive (သို့) USB ကိရိယာထဲ ဖြည်ချဖို့ Extract option ကို Check လိုက်ပါ -

    ပုံ ၃ - Wizard Mode - ၀င်းဒိုး mode တခုကို Select လုပ်နေပုံ

    အဆင့် ၆Extraction Options ကို အောက်ပါအတိုင်း သက်ဝင်စေဖို့ ကို နှိပ်ပါ -

    ပုံ ၄ - Extraction Options ၀င်းဒိုးပြပုံ

    အဆင့် ၇Browse for Folders ၀င်းဒိုးကို အောက်ပါအတိုင်း သက်ဝင်စေဖို့ ကို နှိပ်ပါ -

    ပုံ ၅ - Browse for Folders ၀င်းဒိုးပြပုံ

    အဆင့် ၈။ ဖိုင်တွဲကို ထားမဲ့ ဖြုတ်တပ်လို့ ရတဲ့ drive မှာ ဖြစ်ဖြစ်၊ USB မှတ်ဉာဏ်ချောင်းမှာ ဖြစ်ဖြစ် သွားပြီး၊ အောက်ပါမှာ ဖေါ်ပြတဲ့အတိုင်း Extraction Options ကို ပြန်သွားဖို့ ကို နှိပ်ပါ -

    ပုံ ၆ - Extraction Options ၀င်းဒိုးက ဖိုင်တွဲထားတဲ့ နေရာကို ပြသနေပုံ

    အဆင့် ၉TrueCrypt ကို ဖြုတ်တပ်လို့ ရတဲ့ drive မှာ (သို့) USB မှတ်ဉာဏ်ချောင်းမှာ ဖြည်ချဖို့ ကို နှိပ်ပါ၊ စက္ကန့် အနည်းငယ် ကြာတဲ့အခါ၊ အောက်ပါ ၀င်းဒိုး ပေါ်လာလိမ့်မယ် -

    ပုံ ၇ - TrueCrypt pop-up အတည်ပြုတဲ့ စာမျက်နှာနဲ့ Extraction ပြီးစီးမှု ပြတဲ့ ၀င်းဒိုးပုံ

    အဆင့် ၁၀ ကို နှိပ်ပြီး installation လုပ်ငန်းစဉ်ကို အပြီးသတ်ဖို့ ကို နှိပ်ပါ။

    အကယ်လို့ option ကို ဖွင့်ထားတယ် ဆိုရင် (default ထားတဲ့အတိုင်း)၊ အောက်ပါ မျက်နှာပြင် ပေါ်လာလိမ့်မယ် -

    ပုံ ၈ - အိတ်ဆောင် TrueCrypt ကို ဖြုတ်တပ်လို့ ရတဲ့ drive တခုထဲမှာ ဖြည်ချနေပုံ

    အဆင့် ၁၁အိတ်ဆောင် TrueCrypt ကို ဖွင့်ဖို့ ကို သွားပြီး နှိပ်ချက် နှိပ်ပါ။

    ဒီနေရာကနေTruecrypt အသုံးပြုပုံနဲ့ ပါတ်သက်ပြီး လမ်းညွန်ချက်တွေကို လေ့လာဖို့၊ လက်စွဲလမ်းညွှန် အပိုင်းထဲက TrueCrypt အခန်းကို သွားပါ။

    ၃.၀ အိတ်ဆောင် TrueCrypt ဖြည်ချထားတဲ့ ခြေရာတွေ အားလုံးကို ရှင်းလင်းနည်း

    အရေးကြီးချက် - အိတ်ဆောင် TrueCrypt ကို ပြင်ပ/ဖြုတ်တပ်လို့ ရတဲ့ device ထဲမှာ အောင်အောင် မြင်မြင် ဖြည်ချပြီးတဲ့အခါ၊ installation လုပ်တဲ့ ဖိုင်ကို ကွန်ပျူထာထဲကနေ ပယ်ဖျက်လိုက်ပါ၊ ဒီနည်းနဲ့ အိတ်ဆောင် TrueCrypt ကို download လုပ်ပြီး၊ install လုပ်ခဲ့တုန်းက ခြေရာတွေကို ဖယ်ရှားနိုင်မှာ ဖြစ်တယ်။

    အဆင့် ၁အိတ်ဆောင် TrueCrypt ကို download လုပ်ခဲ့တဲ့ ဖိုင်တွဲဆီ သွားပြီး၊ Windows pop-up menu ကို သက်ဝင်စေဖို့ installation ဖိုင် ကို ညာဖက် နှိပ်ပါ၊ အဲဒီနောက်၊ အဲဒါကို Recycle Bin ထဲ ထည့်ဖို့ Delete command ကို select လိုက်ပါ။

    အဆင့် ၂။ သူနဲ့ သက်ဆိုင်တဲ့ ၀င်းဒိုးကို ဖွင့်ဖို့ ကို နှစ်ချက် နှိပ်ပါ၊ အဲဒီနောက် အဲဒီဖိုင်ကို select လုပ်ပြီး delete လုပ်ပါ။

    မှတ်ချက် - အကယ်လို့ သင့်မှာ CCleaner (သို့) Eraser တခုခုကို install လုပ်ထားတယ် ဆိုရင်၊ အိတ်ဆောင် TrueCrypt ကို download လုပ်ပြီး၊ install လုပ်ခဲ့တုန်းက ခြေရာတွေကို ဖယ်ရှားနိုင်ဖို့ သူ့ကို အသုံးပြုနိုင်တယ်။

    မကြာခဏ မေးလေ့ရှိတဲ့ မေးခွန်းများနဲ့ သုံးသပ်ချက်များ

    ၆.၀ မကြာခဏ မေးလေ့ရှိတဲ့ မေးခွန်းများနဲ့ သုံးသပ်ချက်များ

    ကလောဒီယာနဲ့ ပါဗလိုတို့ဟာ TrueCrypt အသုံးပြုရတာကို နှစ်သက်ကြတယ်။ အထူးသဖြင့် ဒီပရိုဂရမ်ဟာ install ရတာ လွယ်ကူပြီး အလိုအလျောက် အလုပ်လုပ်နိုင်တဲ့ အတွက် ဖြစ်ပါတယ်။ ဒါပေမဲ့၊ ဒီပရိုဂရမ်ကို အသုံးပြုဖို့ သူတို့ ဆုံးဖြတ်ချက် မကျခင်၊ TrueCrypt နဲ့ပတ်သက်ပြီး သူတို့ နှစ်ယောက်စလုံးက မေးချင်တဲ့ မေးခွန်းတချို့ ရှိတယ်။

    မေး - TrueCrypt ထဲကို စကားဝှက်တွေ တချိန်လုံး ရေးထည့်နေရမှာလား။

    ဖြေ - မဟုတ်ပါဘူး၊ Standard Volume ကို စဖွင့်တဲ့အခါမှာပဲ စကားဝှက်ကို တကြိမ် ရေးထည့်ရမှာ ဖြစ်တယ်။ ပြီးလို့ ရှိရင်၊ စကားဝှက်ကို ထပ်ခါထပ်ခါ ရိုက်စရာမလိုတော့ပဲ ဖွင့်ချင်တဲ့ ဖိုင်တွေကို ဖွင့်လို့ ရတယ်။

    မေး - အကယ်လို့ TrueCrypt ကို အသုံးမလိုတော့ဘူး ဆိုရင်၊ အလွယ်တကူ uninstall လုပ်လို့ ရသလား။ uninstall လုပ်လိုက်တယ် ဆိုရင်၊ ကျွန်တော့ ဖိုင်တွေကို စာဝှက်ထားဦးမလား။

    ဖြေ - ရပါတယ်၊ TrueCrypt ကို Start > Programs > TrueCrypt > Uninstall TrueCrypt ကို Select လုပ်လိုက်ရုံနဲ့ အလွယ်တကူ ဖယ်ရှားနိုင်ပါတယ်။

    အဲဒီ ပရိုဂရမ်ကို မဖယ်ရှားခင် volume ထဲမှာ ရှိတဲ့ ဖိုင်တွေ အားလုံးကို နေရာပြောင်းလိုက်ဖို့ သတိရပါ။ ဒါမှ မဟုတ်ရင်တော့၊ အဲဒီ ဖိုင်တွေကို ပြန်ပြီး ရနိုင်မှာ မဟုတ်တော့ဘူး။ အကယ်လို့ အဲဒီ volume ကို တခြား ကွန်ပျူတာမှာ ရွှေ့ပြောင်းလိုက်တယ် ဆိုရင်၊ အဲဒါကို ဖွင့်ဖို့ စကားဝှက်နဲ့ TrueCrypt ပရိုဂရမ်တွေကို လိုအပ်နေဦးမှာ ဖြစ်တယ်။

    မေး - အကယ်လို့ TrueCrypt နဲ့ ပတ်သတ်ပြီး ပြဿနာ တခုခု ရှိတယ် ဆိုရင် အကူအညီ တောင်းခံမဲ့ ကွန်ရက် စာမျက်နှာ တခုခု (သို့) အီးမေးလ် လိပ်စာတခုခု ရှိသလား။

    ဖြေ - အကူအညီနဲ့ အထောက်အပံ့တွေကို TrueCrypt ကွန်ရက် စာမျက်နှာပေါ်က သုံးစွဲနည်း မှတ်တမ်းကို http://www.TrueCrypt.org/docs/ မှာ ဖြစ်ဖြစ် (သို့) ဆွေးနွေးခန်းကို http://forums.truecrypt.org// မှာ ဖြစ်ဖြစ် (သို့) ကျွန်ုပ်တို့ရဲ့ ကွန်ရက် စာမျက်နှာ http://securityinabox.org/en/truecrypt_main မှာ ဖြစ်ဖြစ် သွားရောက် ဖတ်ရှုနိုင်တယ်။ ဒါပေမဲ့၊ volume စကားဝှက်ကို မေ့သွားရင်တော့၊ ဘယ်သူကမှ ပြန်ပြီး ရယူပေးနိုင်မှာ မဟုတ်တော့ဘူး။

    မေး - TrueCrypt ကို ဗားရှင်း မတူတဲ့ Windows တွေမှာ အသုံးပြုရင် မတူညီတဲ့ မြင်ကွင်းတွေ ပေါ်လာမလား။

    ဖြေ - သူတို့ရဲ့ ပုံသဏ္ဍာန်တွေ အနည်းငယ် ကွဲပြားနိုင်ပေမဲ့၊ ပါဝင်တဲ့ အကြောင်းအရာကတော့ အတူတူပဲ ဖြစ်နေလိမ့်မယ်။

    မေး - 'Encryption' လုပ်ဖို့ ဘယ်လို အချက်အလက်တွေ လိုအပ်သလဲ။

    ဖြေ - ကိုယ်ရေးကိုယ်တာနဲ့ အထိခိုက် မခံတဲ့ သတင်းအချက်အလက်တွေ ပါတဲ့ မှတ်တမ်းမှတ်ရာတွေ၊ ဓါတ်ပုံတွေနဲ့ တခြား ဖိုင်တွေ အားလုံးကို စာဝှက် (encrypt) ထားဖို့ လိုတယ်။ ကွန်ပျူတာ ပျောက်သွားရင် ဖြစ်ဖြစ်၊ (သို့) အသိမ်း ခံရရင် ဖြစ်ဖြစ် TrueCrypt volume ထဲမှာ ရှိတဲ့ သတင်းအချက်အလက်တွေကတော့ လုံလုံခြုံခြုံ ရှိနေမှာ ဖြစ်ပါတယ်။

    မေး - ဖိုင်တွေက ဘယ်လောက်အထိ လုံခြုံမှု ရှိသလဲ။

    ဖြေ - TrueCrypt ရဲ့ လုပ်ဆောင်ချက်တွေက ဘယ်လောက်ထိ ကောင်းမွန်ပြီး စိတ်ချရတယ် ဆိုတာကို လုံခြုံရေး အထူးကျွမ်းကျင်တဲ့ ပုံဂ္ဂိုလ်တွေက သီးခြား လွတ်လွတ်လပ်လပ် စမ်းသပ်ပြီး၊ ဆန်းစစ်ခဲ့ကြတယ်။ ရလဒ်တွေ အားလုံး ကြည့်တဲ့အခါ၊ TrueCrypt က အဆင့်မြင့်တဲ့ လုံခြုံရေး စနစ်ပေးစွမ်းနိုင်တာကို တွေ့ရှိရတယ်။ volume ရဲ့ လုံခြုံရေးအတွက် ကြံ့ခိုင်မှုရှိတဲ့ စကားဝှက် တခုကို ရွေးချယ်ဖို့ အရေးကြီးပါတယ်။

    TrueCrypt ထဲမှာ ရှိတဲ့ hidden disk feature ဟာ ကွန်ပျူတာထဲမှာ သိမ်းဆည်းထားတဲ့ သတင်း အချက်အလက်တွေအတွက် ထူးခြားတဲ့ လုံခြုံရေး အဆင့်ကို ပံ့ပိုးပေးတယ်။ သုံးစွဲသူ အနေနဲ့ ပရိုဂရမ်နဲ့ သူ့ရဲ့ အခြေခံ လုပ်ဆောင်ချက်တွေ အပေါ် ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတတ်ဖို့ လိုအပ်သလို၊ သူတို့ ကိုယ်တိုင်ရဲ့ လုံခြုံရေး အခြေအနေကို ကျွမ်းကျွမ်းကျင်ကျင် အကဲဖြတ်ဖို့ လိုအပ်ပါတယ်။

    မေး - Hidden volume မဟုတ်ပဲ ကျွန်တော့်ရဲ့ မူရင်း standard volume ကို ဘယ်လို mount လုပ်ရမယ် ဆိုတာ ထပ်ပြောပြပါဦး။

    ဖြေ - အဲဒါကတော့ စကားဝှက် ရေးထည့်မဲ့ နေရာလပ်မှာ ဘယ်ဟာရဲ့ စကားဝှက်ကို ရေးထည့်လိုက်သလဲ ဆိုတဲ့ အပေါ်မှာ မူတည်တယ်။ အကယ်လု့ Standard Volume* ရဲ့ password ကို ရေးထည့်မယ်ဆိုရင် TrueCrypt က Standard Volume ကိုပဲ mount လုပ်ပေးမှာ ဖြစ်ပြီး Hidden Volume ရဲ့ password ရေးထည့်ခဲ့ရင်တော့ TrueCrypt က Hidden Volume ကိုပဲ mount လုပ်ပေးမှာ ဖြစ်တယ်။ ဒါကြောင့် တယောက်ယောက်က TrueCrypt ထဲမှာ ရှိတဲ့ သတင်း အချက်အလက်တွေကို တွေ့ရှိနိုင်အောင် တောင်းဆိုလာတဲ့အခါ Standard volume ကိုပဲ ဖွင့်ပြလိုက်ပါ။ ဒါလိုနဲ့ ငါးမျှားချိတ် ဘေးကနေ လွတ်ပြီး ဒုက္ခတွေကနေ လွတ်မြောက်သွားနိုင်တယ်။*

    မေး - Hidden Volume ဟာ အမှတ်မထင် ပျက်စီးတာတို့၊ ပယ်ဖျက်ခံရတာတို့ ဖြစ်နိုင်သလား။

    ဖြေ - ဖြစ်နိုင်ပါတယ်။ အကယ်လို့ TrueCrypt Standard Volume* ထဲမှာ ဖိုင်တွေကို နေရာ မဆန့်တော့တဲ့အထိ ဆက်ထည့်နေမယ် ဆိုရင်၊ Hidden disk ထဲကို အလိုအလျောက် overwrite လုပ်သွားမှာ ဖြစ်တယ်။ ဒီ Hidden disk ထဲကို overwrite မလုပ်အောင် တားဆီးနိုင်တဲ့ option တခုကို TrueCrypt menu မှာ တွေ့ရှိနိုင်တယ်။ ဒီ option ကို ဖွင့်ထားခြင်းဖြင့် Standard Volume အသုံးပြုနေတဲ့အချိန်မှာ Hidden disk ရှိနေမှန်း ရန်သူ တဦးတယောက်က သိရှိသွားနိုင်တယ်။*

    မေး - hidden disk ကို ဖန်တီးပြီးတဲ့အခါ သူ့ရဲ့ အရွယ်အစားကို ပြန်ပြင်လို့ ရသလား။

    ဖြေ - မရပါဘူး။ တခြား Hidden disk အသစ်တခုကို ဖန်တီးရမှာ ဖြစ်ပြီး၊ ဖိုင်တွေကို ကိုယ်တိုင် ရွှေ့ပြောင်းဖို့ လိုတယ်။

    မေး - mount လုပ်ထားတဲ့ TrueCrypt volume ထဲမှာ ရှိတဲ့ ဖိုင်တွေကို စစ်ဆေးဖို့ chkdsk, disk defragmenter စတဲ့ ကိရိယာတွေကို အသုံးပြုလို့ ရသလား။

    ဖြေ - TrueCrypt ဟာ တကယ့် disk drive တခုလိုပဲ အလုပ်လုပ်တယ်။ ဒါကြောင့် mount လုပ်ထားတဲ့ ဘယ် TrueCrypt volume မှာ မဆို file system* ကို စစ်ဆေးပေးတဲ့/ပြုပြင်ပေးတဲ့/ဖိုင်စီပေးတဲ့ ကိရိယာတွေကို အသုံးပြုနိုင်တယ်။*

    မေး - Hidden Volume ရဲ့ စကားဝှက်ကို ပြောင်းလို့ ရသလား။

    ဖြေ - ပြောင်းလို့ ရပါတယ်။ စကားဝှက် ပြောင်းတဲ့ feature ထဲမှာ Standard နဲ့ Hidden volume နှစ်ခု စလုံး အကြုံးဝင်တယ်။ 'Volume Password Change' အချက်ပြ မျက်နှာပြင်မှာ ရှိတဲ့ 'Current Password' နေရာလပ်ထဲမှာ hidden volume ရဲ့ စကားဝှက်ကို ရေးထည့်လိုက်ပါ။

    မေး - Hidden disk ရဲ့ feature ကို ဘယ်အချိန်မှာ အသုံးပြုမလဲ။

    ဖြေ - ကွန်ပျူတာပေါ်မှာ ရှိတဲ့ တချို့ သတင်း အချက်အလက်တွေ ရှိနေတာကို ဖုံးကွယ်ထားဖို့ လိုအပ်လာတဲ့အခါ TrueCrypt ရဲ့ hidden disk ကို အသုံးပြုပါ။ ဒါဟာ အချက်အလက်တွေကို ရယူလို့ မရအောင် ကာကွယ်ပေးတဲ့ Standard Volume ကို အသုံးပြုတာနဲ့ ကွာခြားတာကို သတိပြုပါ။

    TrueCrypt အကြောင်းနဲ့ ပါတ်သက်ပြီး မကြာခဏ မေးလေ့ရှိတဲ့ မေးခွန်းတွေ၊ သုံးသပ်ချက်တွေကို လေ့လာဖို့ http://www.TrueCrypt.org/fag.php ကို သွားရောက် ဖတ်ရှုပါ။

    ၆.၁ Standard Volume နဲ့ ဆိုင်တဲ့ ပြန်လှန် မေးခွန်းများ

    • 'Encryption' ဆိုတာ ဘာလဲ။
    • 'Standard Volume' ဆိုတာ ဘာလဲ။
    • Standard Volume တခုကို USB မှတ်ဉာဏ်ချောင်းထဲမှာ ဘယ်လို ဖန်တီးမလဲ။
    • Standard Volume ကို dismount လုပ်တဲ့ တခြား နည်းလမ်းတွေက ဘာတွေလဲ။
    • Standard Volume အတွက် ကြံ့ခိုင်တဲ့ စကားဝှက်တခုကို ဘယ်လို ရွေးချယ်ပြီး ထိန်းသိမ်းမလဲ။
    • Standard Volume အတွက် back up တခုကို ဖန်တီးနိုင်တဲ့ နည်းလမ်းတွေက ဘာတွေလဲ။
    • ကွန်ပျူတာမှာ ရှိတဲ့ Standard Volume ရှိနေတာကို ဖုံးကွယ်နိုင်တဲ့ တချို့ နည်းလမ်းတွေက ဘာတွေလဲ။

    ၆.၂ Hidden Volume နဲ့ ဆိုင်တဲ့ ပြန်လှန်မေးခွန်းများ

    • Standard Volume နဲ့ Hidden Volume တို့ရဲ့ အဓိက ကွာခြားချက်က ဘာလဲ။
    • အကယ်လို့ သင့်မှာ Hidden Volume ရှိမယ်ဆိုရင် Standard Volume ထဲကို ဘယ်လို ဖိုင်အမျိုးအစားတွေကို ထည့်ထားသင့်သလဲ။
    • Hidden Volume ဟာ ဘယ်နေရာမှာ ရှိသလဲ။
    • Hidden Volume မှာ ရှိသင့်တဲ့ အရွယ်အစားက ဘယ်လောက်လဲ။
    • Hidden Volume ကို မတော်တဆ မဖျက်မိအောင် ကာကွယ်ရခြင်းရဲ့ ကောင်းကျိုးတွေနဲ့ ဆိုးကျိုးတွေက ဘာတွေလဲ။