ဘလော့ဂ် › ဝင်းဒိုး 10 (Windows 10) အား ဆက်လက်ထောက်ပံ ပေးမှု များကို မကြာခင်ရပ်ဆိုင်းသွားမှာပါ - ဘယ်လိုလုံခြုံအောင် လုပ်နိုင်မလဲ

ဝင်းဒိုး 10 (Windows 10) အား ဆက်လက်ထောက်ပံ ပေးမှု များကို မကြာခင်ရပ်ဆိုင်းသွားမှာပါ - ဘယ်လိုလုံခြုံအောင် လုပ်နိုင်မလဲ

By လုံခြုံရေး သေတ္တာ
တင်ထားခဲ့သည် 2025.09.25

ဝင်းဒိုး 10 (Windows 10) သည် ၄င်း၏ End Of Life (EOL) ကို အောက်တိုဘာ ၁၄ ရက်နေ့ ၂၀၂၅ တွင် ရောက်ရှိမှာဖြစ်ပါတယ်။ ဒီ ရက် နောက်ပိုင်းမှာတော့ ဝင်းဒိုး 10 နှင့် စပ်လျှဥ်းပြီး နည်းပညာအထောက်အပံ့ (technical support)၊ အသွင်အပြင်နှင့်လုပ်ငန်းဆောင်တာ (feature update) အဆင့်မြှင့်တင်မှုများ၊ လုံခြုံရေး အဆင့်မြှင့်တင်မှု (security update) များရနိုင်တော့မှာ မဟုတ်ပါဘူး။ ဝင်းဒိုး၏ ပါဝင်ပြီးသား ဗိုင်းရက်စ် ကာကွယ်ရေး ဆော့ဖ်ဝဲလ် ဖြစ်သည့် Windows Defender အနေဖြင့် ဝင်းဒိုး ၁၀ အတွက် ထောက်ပံမှုများ ဆက်လက်ရနေမည်ဖြစ်ပါတယ်။ သို့သော် အရေးကြီးသော လုံခြုံရေး အဆင့်မြှင့်တင်မှု များမရရှိနိုင်သောကြောင့် ဗိုင်းရက်စ် ကာကွယ်ရေး ဆော့ဖ်ဝဲလ် အလုပ်လုပ်သော်လည်း သင့် ကွန်ပျူတာအတွက် အန္တရာယ်ရှိနိုင့်သည့် အနေအထားဖြစ်နိုင်ပါတယ်။

ဝင်းဒိုး 11 သို့ အဆင့်မြှင့်တင်ခြင်း မှာ သင့်ကွန်ပြူတာအား လုံခြုံစေရန် အရိုးရှင်းဆုံး နည်းလမ်းဖြစ်သည်။ သို့သော် သင့်အနေဖြင့် ကွန်ပျူတာစက်ပစ္စည်း အဟောင်း ကို ကိုင်တွယ်သုံးစွဲနေပါက ဝင်းဒိုး မှ သင့်၏ စက်ပစ္စည်းအား ထောက်ပံပေးမည် မဟုတ်သောကြောင့် ဤကဲ့သို့ လက်ငင်းပြုလုပ်နိုင်မည် မဟုတ်ပါ။ ဤ စာမျက်နှာတွင် သင့်အနေဖြင့် ဝင်းဒိုး 11 ကို ပုံမှန်နည်းလမ်းအတိုင်း သွင်းယူမသုံးစွဲနိုင်ပါက ဆောင်ရွက်နိုင်မည့် ဖြေရှင်းနည်းများကို ဆွေးနွေးထားပါတယ်။

သင့်အနေဖြင့် အောက်ပါ အကြံပြုချက်များကို လိုက်နာဆောင်ရွက်ခြင်းမပြုမီ သင့် အချက်အလက်အများကို အရန် သိမ်းဆည်း ရန် လိုအပ်နိုင်ပါသည်။ အချို့သော အဆင့်များတွင် သင့် hard drive ထဲမှ အချက်အလက်များကို အသုံးပြု၍ မရနိုင်၊ သို့မဟုတ် လုံးဝ ပျက်စီးဆုံးရှုံးသည်အထိ ဖြစ်နိုင်ပါသည်။

ဝင်းဒိုး 10 ၏ သက်တမ်းကုန်ဆုံးချိန် (EOL) ကိုကျော်သွားသော်လည်း သင့်အနေဖြင့် အခကြေးငွေဖြင့် ပေးဝယ်ရသည့် ဝန်ဆောင်မှုတစ်ခုဖြစ်သော Extended Security Updates ကို ရယူပြီး ထပ်မံပြီး ရွေးချယ်စဥ်းစားရန် အချိန်ရနိုင်ပါသေးသည်။

ဝင်းဒိုး 11 အား "ထောက်ပံမှုမရှိသည့် စက်ပစ္စည်းများ" အတွက် သွင်းယူနည်းကိုရှာပါ

PC Health Check အက်ပလီကေးရှင်း အနေဖြင့် သင့် ကွန်ပျူတာ အား "doesn't meet the minimum requirement for Windows 11" ဟူ၍ ဝင်းဒိုး 11 ထောက်ပံမှု ပြုလုပ်နိုင်ရန် လိုအပ်သော hardware လိုအပ်ချက် မရှိပါဟု ဆိုနိုင်သော်လည်း သင့်အနေဖြင့် အခြားနည်းလမ်းများဖြင့် ဝင်းဒိုး 11 သို့ ပြောင်းယူရန် ကြိုးစားနိုင်ပါသည်။ အောက်ပါတို့မှာ အချို့နည်းလမ်းများဖြစ်သည်:

  1. ပြဿနာကို ဖြေရှင်းရန် ကြိုးစားပါ:
  2. အထက်ပါ နည်းလမ်းများ လုံးဝအလုပ်မဖြစ်ပါက သင့်အနေဖြင့် ဝင်းဒိုး 11 သွင်းယူရန် လိုအပ်သည့် အဆင့်မျးကို ကျော်နိုင်ပါသေးသည်။ သို့သော် ဤနည်းလမ်းဖြင့် ဆောင်ရွက်ပါက လည်ပတ်ရေးစနစ် မတည်ငြိမ်မှုများ ဖြစ်ပေါ်နိုင်သောကြောင့် အရေးကြီးလုပ်ငန်းဆောင်တာများ ပြုလုပ်သည့် ကွန်ပျူတာများတွင် ဤနည်းလမ်းကို အသုံးပြုရန် မသင့်တော်နိုင်ပါ။

လင်းနဇ်စ် သွင်းပါ

အကယ်၍ သင့်ကွန်ပျူတာမှာ အသုံးပြုရအဆင်ပြေနေပြီး ဝင်းဒိုးတွင်သာရနိုင်သော ဆော့ဖ်ဝဲလ်များ အသုံးပြုရန်မလိုပါက၊ အခြား လည်ပတ်ရေးစနစ်တစ်ခု၊ အထူးသဖြင့် လင်းနဇ်စ် သို့ ပြောင်းလဲရန် လုံးဝ သင့်လျှော်နိုင်သည်။

ကွန်ပြူတာ အသစ်ဝယ်ပါ

သို့သော် သင့် ဝင်းဒိုး 10 ကွန်ပျူတာသည် အိုဟောင်းပြီး အသုံးပြုရန် အဆင်ပြေမနေပါက ကွန်ပျူတာ အသစ်ဝယ်ရန် စဥ်းစားသင့်သည်။

  • ဈေးအချိုဆုံး ရွေးချယ်မှု အနေဖြင့် မည်သည့် လည်ပတ်ရည်စနစ် မှ မပါဝင်သည့် ကွန်ပြူတာ တစ်လုံးဝယ်ယူပြီး လင်းနဇ်စ် သွင်းပါ
  • သင့်အနေဖြင့် အကျိူးအမြတ်ဦးမတည်သည့် non-profit အဖွဲ့အစည်းများ သို့မဟုတ် U.S. မှ အများပိုင် စာကြည့်တိုက်များတွင် တာဝန်ထမ်းဆောင်သူဖြစ်ပါက သင့်အနေဖြင့် ဝင်းဒိုး 11 လိုင်စင် ကို လျှော့ဈေး သို့မဟုတ် လက်တော့ ကိုပါ TechSoup
  • သင့်အနေဖြင့် ဈေးချိုသည့် အသင့်သုံး ကွန်ပျူတာ လိုအပ်ပါက Google ၏ ကိုယ်ပိုင် လည်ပတ်ရေးစနစ်ဖြစ်သော ChromeOS ပါဝင်သည့် Chromebook ကိုလည်း စဉ်းစားနိုင်သည်။
  • သင့်အနေဖြင့် ငွေကြေးသုံးစွဲရန် လျာထားမှု ရှိပါက ဝင်းဒိုး ၁၁ (ဖြစ်နိုင်ပါက Pro version) ပါဝင်ပြီးသား ကွန်ပျူတာတစ်လုံး သို့မဟုတ် မက်ဘွတ် (macbook) ဝယ်ယူရန်လည်း စဥ်းစားနိုင်သည်။

Image: The end of 10. No more 10., by Mitch Groff, released under the Creative Commons Attribution-NonCommercial-ShareAlike 2.0 Generic license.