ဒစ်ဂျစ်တယ်ဆိုင်ရာ ကာကွယ်ရေး လမ်းညွန် - လူမှုအသိုက်အဝန်းဆိုင်ရာ အရင်းအမြစ်များ စစ်တမ်း

ByGus Andrews ဂတ်စ် အမ်ဒရူး

တင်ထားခဲ့သည်2021.03.24

/

Security In A Box သည် အင်တာနက် လွတ်လပ်ခွင့် လူမှုအသိုင်းအဝန်းရှိ သင်တန်းအရင်းမြစ်များထဲတွင် အချက်အလက် အသေးစိတ်အကျဆုံးနှင့် ဘာသာဒေသအံဝင်ခွင်ကျအရှိဆုံးအဖြစ် နှစ်ပေါင်းများစွာ အသိမှတ်ပြု လေးစားခြင်းခံရသည့်အထဲမှ တစ်ခုဖြစ်သည်။ ပြီးခဲ့သည့် ဆယ့်ငါးနှစ်တွင် ကျွန်ုပ်တို့ လူမှုအသိုင်းအဝန်းက အသုံးပြုခဲ့သည့် ဒစ်ဂျစ်တယ် လုံခြုံရေး ဆော့ဝဲများသည် ပြောင်းလဲခဲ့သည်။ ထိုအတူ SiaB သည် တိုးတက်ပြောင်းလဲလာခဲ့ပြီးလျင် လူမှုအသိုင်းဝန်း က ပိုမိုကောင်းမွန်သည့် အရင်းအမြစ်အသစ်တွေကို ရရှိခဲ့ကြသည်။ လက်ရှိတွင် ကျွန်ုပ်တို့သည် SiaB ကို အပ်ဒိတ်လုပ်ရန် ပြင်ဆင်နေကြပြီး ယခုရှိနေသည့် လမ်းညွန်ချက်များ မြင်ကွင်းပုံစံကိုလည်း ထည့်သွင်းစဉ်းစားနေကြသည်။

လူမှုအသိုင်းအဝန်းတစ်ရပ် အနေနဲ့ ကျွန်ုပ်တို့သည် လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုခွဲကြာအထိ လေ့ကျင့်ရေးတွေကို ချဉ်းကပ်ပုံပြောင်းလဲခဲ့ကြရသည်။ ကျွန်ုပ်တို့သည် အသုံးပြုရ ပိုမိုလွယ်ကူမည့် ကိရိယာများနှင့် နည်းဗျူဟာတွေကို ကြိုးစား ရှာဖွေကြရသည်။ ကျွန်ုပ်တို့ အကောင်းဆုံး လုပ်ဆောင်နေချိန်အတွင်း မိမိကိုယ်ကို ကျွမ်းကျင်ပညာရှင်များအဖြစ် သတ်မှတ်ပြီး ဘာလုပ်ရမယ်ဆိုပြီး လမ်းညွန်နေတာတက် လူမှုအသို်င်းအဝန်းကနေ လုံခြုံစွာအသုံပြုဖို့ ညွန်ကြားခြင်းကိုသာ လိုက်နာပါသည်။ ဒစ်ဂျစ်တယ်လုံခြုံရေးနှှင့်သက်ဆိုင်သော ကျားမမတူညီသော အတွေ့အကြုံများနှင့် ကိုယ်ရေးကိုယ်တာ အတွေ့အကြုံတွေကို ပိုမိုသတိပြုလုပ်ဆောင်သည်။ ထို့အပြင် level up ကဲ့သို့သော သင်ရိုးညွန်းတမ်းများသည် အရွယ်ရောက်ပြီး လေ့လာသင်ယူသူများ၏ သီခြားလိုအပ်ချက်များကို ပိုမိုနားလည်စေနိုင်သည်။

လက်ရှိ ဒစ်ဂျစ်တယ်လုံခြုံရေးနှင့် ကိုယ်ရေးကိုယ်တာ လမ်းညွန်ချက်များကို စတင် သုံးသပ်ချိန်မှာတင် ကျွန်ုပ်တို့ ပြုစုထားသည့် အချက်အလက်များသည် တစ်ချို့တွေအတွက် အသုံးတည့်နေသည်ကို လေ့လာသိရှိခဲ့သည်။ ထိုကြောင့် လူမှုအသိုင်းအဝန်းက တည်ဆောက်တဲ့ အရာတွေရဲ့ ခြုံငုံသုံးသပ်ချက်တွေကို သိလိုသူတိုင်းအတွက် ကြည့်ရှုနိုင်အောင် လုပ်ဆောင်နေကြသည်။ ဒီအရာသည် လူမှုအသိုင်းအဝန်း၏ လိုအပ်ချက်များကို ကြည့်ပြီး လမ်းညွန်ပေးရန် သင်ကြားပို့ချမည့်သူများအတွက် ပိုမိုလွယ်ကူစေမည်ဟု မျှော်လင့်ပါသည်။ ပိုမိုကောင်းမွန်သည့် အရာများ တည်ဆောက်နိုင်ရန် အကူညီရရှိမည်ဟုလည်း ယုံကြည်ပါသည်။

ဒစ်ဂျစ်တယ် လုံခြုံရေးဆိုင်ရာ လမ်းညွန်ချက်တွေကို ဒီနေရာမှာ ကြည့်ရန်

ယခုစာရင်းစာဇယားများသည် Google Sheets တွင် ဖော်ပြထားသည်ဖြစ်ကြောင်း အသိပေးပါသည်။ ဒီအရာတွေကို ကြည့်ရှုရန် သင့်တွင် Google အကောင့်ရှိနေရန် မလိုအပ်ပါ။ ယေဘုယျအားဖြင့် ကျွန်ုပ်တို့သည် အန္တရာယ်ရှိနိုင်သည့် အသိုင်းအဝိုင်းက Google ထုတ်ကုန်တွေ အသုံးပြုမှုကို ထောက်ခံခြင်းမရှိပါ။ ကျွန်ုပ်တို့၏ ဒေတာတွေကို ကြည့်ရှုနိုင်အောင် တစ်ခြားကုမ္ပဏီကို ရောင်းချနေတဲ့ Google ရဲ့ စီးပွားရေးလုပ်ဆောင်နေပုံက နောက်ဆုံးတွင် ကျွန်ုပ်တို့၏ ဒေတာများသည် ကျင့်ဝတ်မဲ့ ဒေတာပွဲစားတွေရဲ့ လက်ထဲရောက်ရှိနိုင်အောင် သို့မဟုတ် အစိုးရထံ ရောက်ရှိအောင် လုပ်ဆောင်နေခြင်းဖြစ်သည်။ သို့ပေမယ့် Google Sheets သည် ဒီဒေတာတွေကို ကူးယူနိုင်ယှဉ်ခြင်းမရတဲ့ ပုံစံမျိုးဖြင့် တင်ပြခွင့်ပြုထားသည်။ ဒီစာမျက်နှာမှာရှိတဲ့ Filter View မှာ မတူညီတဲ့ အသုံးပြုသူတွေအတွက် မတူညီတဲ့ လမ်းညွန်မှုတွေ (ဥပမာ- Amharic ဘာသာသို့ပြန်ဆိုခြင်း သို့မဟုတ် စာတတ်မြောက်မှုနည်းပါးသူများအတွက်) နှင့် မတူညီတဲ့ ရလဒ်တွေကို တစ်ပြိုင်တည်းကြည့်ရှုနိုင်သည်။ အကယ်လို့ သင်သည် အကြံပြုထားသည့် tracker-blocker plugins (uBlock Origin ကဲ့သို့) ကို အသုံးပြုမည်ဆိုရင် Google-based site ကိုကြည့်ရှုခြင်းကြောင့် ဖြစ်ပေါ်လာမည့် ခြေရာခံခြင်း အန္တရာယ်ကို အကာအကွယ်ပေးနိုင်မည်ဟု မျှော်လင့်ပါသည်။

ဒစ်ဂျစ်တယ်လုံခြုံရေးဆိုင်ရာ သင်တန်းဆရာများနှင့် ဒစ်ဂျစ်တယ်လုံခြုံရေး လေ့လာနေသူများအတွက်

ဤ “လမ်းညွှန်များအတွက် လမ်းညွှန်များ” တွင် နိုင်ငံတကာ ဒစ်ဂျစ်တယ် အခွင့်အရေး အဖွဲ့အစည်းများနှင့် အရပ်ဘက်နယ်ပယ်ရှိ ကျွန်ုပ်တို့၏ လုပ်ဖော်ကိုင်ဖက်များက ထုတ်လုပ်သည့် ကရိယာများ ပါဝင်သည်။ သို့သော် ထိုနယ်ပယ်အပြင်ဘက်ရှိ လူတစ်ဦးချင်းစီမှ ထုတ်လုပ်ထားသော လမ်းညွှန်များ သာမက ကျွန်ုပ်တို့သိသော သင်တန်းဆရာများမှ အသုံးပြုသည့် လမ်းညွှန်များအပြင် အခြားသော လမ်းညွှန်များမှ ချိတ်ဆက်ထားသော လမ်းညွှန်ချက်များလည်း ပါဝင်သည်။ ဒစ်ဂျစ်တယ်လုံခြုံရေးနှင့် ကိုယ်ရေးကိုယ်တာ ကိရိယာများသည် ပဟေဋ္ဌိ အတိုလေးများ ကနေ သင်ခန်းစာ လမ်းညွှန်ချက် အပြည့်အစုံ အထိ၊ meme ရုပ်ပုံများအထိ၊ podcasts များစသည့် ပုံစံမျိုးစုံပါဝင်ပါသည်။.၎င်းတို့ကို Amharic၊ Aymara၊ Azerbaijani၊ Igbo၊ Kiswahili၊ nasa Yuwe၊ Pijao၊ Quechua ဒေသိယစကား၊ Singhalese၊ Twi နှင့် Yoruba အပါအဝင် ဘာသာစကား ၅၈ မျိုးဖြင့် ရရှိနိုင်သည်။

ကိုယ်ရေးကိုယ်တာ၊လုံခြုံရေးနှင့် သက်ဆိုင်သည့်အရာများကို ဒီနေရာမှာတွေ့ရှိနိုင်ပါသည်။ ဒစ်ဂျစ်တယ် အခွင့်ရေးလှုပ်ရှားမှု ကြီးထွားလာတဲ့အမျှ ကျွန်ုပ်တို့ထံသို့ စိုးရိမ်စရာများလည်း ရောက်ရှိလာကြသည်။ ကျွန်ုပ်တို့ အတော်များများ စိုးရိမ်နေကြတဲ့နေရာမှာ သတင်းအမှားတိုက်ဖျက်ခြင်းဆိုင်ရာတွေလည်း ပါဝင်တယ်။ (၂၀၁၅ မှစတင်ပြီး ဒီကိစ္စရပ်များ ပက်သက်သည်များတိုးပွားလာခဲ့သဖြင့် စိတ်ဝင်စားခြင်းများရှိပါက ကျွန်ုပ်တို့ ထပ်မံဖြည့်စွက်ထည့်သွင်းနိုင်ပါသည်။) ကျွန်ုပ်တို့သည် ကိုယ်ရေးကိုယ်တာ အချက်လက်များဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာများနှင့် အကြမ်းဖက်မှုရှိတဲ့ ဆက်ဆံရေးတွေဆိုင်ရာ၊ အွန်လိုင်း လိင်ပိုင်းဆိုင်ရာ အသရေဖျက်မှုများနှင့် နှောက်ယှက်မှုများ အတွက် လမ်းညွှန်မှုတွေကို ထည့်သွင်းထားပါသည်။ နည်းပညာအကူညီလိုအပ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ရှင်းပြပေးဖို့အတွက်လည်း အသုံးဝငမယ့် လမ်းညွန်းမှုတစ်ချို့လည်း ထအကျတော့ မဟုတ်ပါ။ ၎င်းတို့ကို သုတေတန စာကြည့်တိုက်လို့ မာတိကာတွင် ဖော်ပြထားသည်။ ၎င်းတို့တွင် Internews ၏ civicspace.tech လမ်းညွှန်များ၊ XYZ၏ နည်းပညာနှင့် ကျားမပိုင်းဆိုင်ရာ လုပ်ဆောင်မှုများနှင့် Womensnet ZA မှ အင်တာနက်အခြေခံအဆောက်အအုံဆိုင်ရာ နောက်ခံအချို့တို့ ပါဝင်သည်။ ထိုလမ်းညွှန်ချက်များတွင် မိုဘိုင်းကွန်ရက်များ၊ blockchain နည်းပညာများ၊ ဉာဏ်ရည်တုနှင့် စက်သင်ယူမှုဆိုင်ရာ အကြောင်းအရာများ ပါဝင်သည်။

ဒီစာမျက်နှာကို အပ်ဒိတ်ဖြစ်နေဖို့ ကျွန်ုပ်တို့မျှော်လင့်ပါသည်။ တကယ်လို့ အန္တရာယ်ရှိလောက်အောင် အပ်ဒိတ်မဖြစ်နေတာမျိုး တွေ့ရင် ကျွန်ုပ်တို့ကို အသိပေး အကြောင်းကြားပါ။ အထူးသဖြင့် အင်္ဂလိပ်ဘာသာနှင့် စပိန်ဘာသာပါ၀င်တဲ့ နောက်ထပ် သက်ဆိုင်ရာ လမ်းညွန်ချက်တွေကို သိရှိလိုပါက က ကျွန်ုပ်တို့ကို အသိပေးအကြောင်းကြားပါ။ ကိုယ်ပိုင်စာရွက်စာတမ်း လုံခြုံရေး ဆော့ဝဲ သတင်းအချက်အလက်တွေကို နောက်မကျခင်မှာ အပ်ဒိတ်လုပ်နိုင်ဖို့လည်း မျှော်လင့်ပါတယ်။

လုံခြုံရေး လမ်းညွှန်ချက်ရေးဆွဲသူများ၊ NGO များနှင့် ငွေကြေးထောက်ပံသူများ အတွက်

လမ်းညွှန်မယ့်သူများအတွက် ဒီလမ်းညွန်ချက်တွေက အသုံးဝင်မည်ဟု မျှော်လင့်ပါသည်။ ယခု ဇယားကိုပြုလုပ်သည်နှင့်အမျှ အောက်ပါတွေ့ရှိချက်များကိုလည်း မျှဝေလိုပါသည်။

လမ်းညွန်ချက် အသစ်တစ်ခုရေးဖို့ စဉ်းစားနေပါသလား? ရှိပြီးသား လမ်းညွှန်းများကိုကာလဒေသနှင့်ကိုက်ညီပြီး လိုအပ်ချက်ကိုဖြည့်စည်းပေးနိုင်မည့် ရည်ရွယ်ချက်ဖြင့် အပ်ဒိတ်တွေပြုလုပ်ဖို့ စဉ်းစားပါ။ လက်ရှိတွင် စပိန်ဘာသာနှင့် အင်္ဂလိပ်ဘာသာဖြင့် လမ်းညွန်ချက်အခု ၄၀ ရှိနေပြီဖြစ်သည်။ ၎င်းတို့ထဲမှ အများစုသည် ပြန်လည်အသုံးပြုရန်အတွက် Crective Commons လိုင်စင်ဖြင့် ထုတ်ဝေထားသော လမ်းညွှန်များဖြစ်သည်။ ရှိပြီးသား လုံခြုံရေးလမ်းညွှန်ကို ဘာသာပြန်ပြီး ထိုအသိုင်းအဝိုင်း၏ လိုအပ်ချက်များကို ပံ့ပိုးပေးနိုင်ရန် အသိုင်းအဝိုင်းတစ်ခုဖန်တီးပါ။ အသစ်ရေးမည်ဆိုပါကလည်း ဘာကြောင့် ရှိပြီးသားကို ဘာသာမပြန်ဘဲ အသစ်ရေးရမည်ဆိုတာကိုလည်း သေချာစည်းစားပါ။

လက်ရှိ ရှိပြီးသား လမ်းညွန်ချက်တွေကို ထိန်းသိမ်းနေပါသလား? အပ်ဒိတ်လုပ်ရာတွင် ပိုမိုလွယ်ကူစေရန် အပိုင်းလိုက်ခွဲထုတ် စဉ်းစားပါ :

  • ကိုယ်ရေးအချက်အလက် ပေါက်ကြားမှုအတွက် စိတ်ပူစရာမလိုတဲ့ လုံခြုံရေးဆိုင်ရာ အကြံဉာဏ်ပေးရသည့် အကြောင်းအရင်း။ ဥပမာ : တစ်စုံတစ်ယောက်က သင့်ရဲ့တစ်ခုထက်ပိုတဲ့ အကောင့်တွေကို လွယ်ကူစွာဝင်ရောက်နိုင်မည် စကားဝှက်စာရင်းတွေ အင်တာနက်ပေါ်တင် ပြန့်နေသဖြင့် သုံးပြီးသာ စကားဝှက်များကို ထပ်မသုံးပါနှင့်။ ,"

  • သင့်စာဖတ်သူများနှင့် သင်တန်းသားများ ရင်ဆိုင်ရသည့် ခြိမ်းခြောက်မှုများအတွက် နည်းဗျူဟာများ

  • ကိရိယာများအသုံးပြုပုံ အဆင့်လိုက် လမ်းညွှန်ချက်များ။

ကျွန်ုပ်တို့ ဒါကို ဘာကြောင့်လမ်းညွှန်တာလဲ ? မတူညီတဲ့ အကြံပေးချက်တွေကို ပိုင်းခြားထုတ်လိုက်ခြင်းက ဒေသန္တရလုပ်ရာမှာ ပိုမိုလွယ်ကူစေပါသည်။ မတူညီတဲ့ အကြုံပြုချက်တွေကို မတူညီတဲ့ အချိန်ဇယားနဲ့ အပ်ဒိတ်လုပ်ရန် လိုအပ်ပါသည်။ အပိုင်းလိုက် ခွဲထုတ်လိုက်တာက ဘယ်အရာတွေကို ဘယ်အချိန်မှာ အပ်ဒိတ်လုပ်ရမလဲဆိုတာ အာရုံစိုက်ဖို့ ပိုလွယ်ကူစေပါသည်။ လုံခြုံရေးစနစ်အတွက် ဘာကြောင့်လဲ ဆိုတဲ့ နည်းဗျူဟာမှာ မကြာခဏ အပ်ဒိတ်လုပ်ရန် မလိုအပ်ပါ။ သင့်ရဲ့ စာရွက်စာတမ်း အချက်လက်တွေကို ခိုင်မာတဲ့ ဝှက်စာစနစ် အသုံးပြုနေတဲ့ နောက်ကွယ်က အကြောင်းအရာတွေက လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခု အတွင်း ပြောင်းလဲမှု သိပ်မရှိခဲ့ပါ။ ဒါပေမယ့် ကျွန်ုပ်တို့အသုံးပြုသော ဝှက်စာ ပရိုဂရမ်များမှာတော့ ပြောင်းလဲမှုများရှိနိုင်ပါသည်။ သတ်မှတ်ထားတဲ့ ခြိမ်းခြောက်မှုပုံစံတွေက အချိန်အခါအလိုက် အပ်ဒိတ်လုပ်ပေးရန် လိုအပ်သည်။ ဥပမာ - အစိုးရ စွမ်းဆောင်ရည် မြင့်တင်ခြင်း၊ အားနည်းချက် အသစ်တွေ ရှာဖွေခြင်း၊ လူအများမှ tools အသစ်များကို ပြောင်းလဲအသုံးပြုလာခြင်း သို့မဟုတ် အသုံးပြုပုံ ပြောင်းလဲသွားခြင်း။ အဆင့်လိုက် ကိရိယာများအသုံးပြုနည်း လမ်းညွှန်ချက်တွေက မြန်မြန်ဆန်ဆန်နှင့် ပုံမှန် အပ်ဒိတ်လုပ်နေဖို့ လိုအပ်သည်။ ဒါတွေက တစ်ခြားသော လမ်းညွန်ချက်အပိုင်းတွေထက် အပ်ဒိတ်မဖြစ်ဘဲ နောက်ကျကျန်တာ ပိုမြန်ပါတယ်။ ကိရိယာထုတ်လုပ်သူများသည် လုံခြုံရေးသင်တန်းဆရာများထက် လမ်းညွှန်များကို udpate လုပ်ခြင်းပိုမို မြန်ဆန်တတ်သည်။ Tails နှင့် Thunderbird တို့သည် ဤအရာအတွက် စံနမူနာပြုသော အလုပ်တစ်ခုဖြစ်သည်။ ဆော့ဖ်ဝဲအင်ဂျင်နီယာများသည် အသုံးပြုနိုင်သော လမ်းညွှန်ချက်များ သို့မဟုတ် စာရွက်စာတမ်းများကို update မြန်မြန်မလုပ်နိုင်ပါက ကျွနု်ပ်တို့ အသိုင်းအဝိုင်းက မည်ကဲ့သို့ ကူညီကြမလဲ?

ကျွန်ုပ်တို့ရဲ့ လမ်းညွန်ချက်တွေကို ဘယ်အချိန်မှာ နောက်ဆုံး အပ်ဒိတ်လုပ်ခဲ့လည်း ဆိုတာ သိထားသင့်ပါသည်။ လမ်းညွန်ချက် အတော်များများမှာ အပ်ဒိတ်မဖြစ်နေတဲ့ အရာတွေရှိနေနိုင်သည်။ အပ်ဒိတ်မဖြစ်တဲ့ အရာတွေက အသုံးပြုသူတွေကို အန္တရာယ်ပေးနိုင်ပါသည်။ အပ်ဒိတ်မဖြစ်တဲ့ အရာတွေကို ဘယ်ချိန်မှာ ဖြုတ်ချရမယ် ဒါမှမဟုတ် သတိပေးချက်ပေးဖို့ ကိစ္စကိုလည်း ထည့်သွင်းစဉ်းစားရမည်။

ဗားရှင်းတွေက ဘာသာစကားမျိုးစုံ အဖြစ်တည်ရှိနေရင် သင့်ရဲ့ လမ်းညွန်သူကို ရှင်းပြပါ။ တရားဝင် ဘာသာပြန်သူများနှင့် စေတနာ့ဝန်ထမ်း ဘာသာပြန်သူများကြားမှာ ကြီးမားတဲ့ ကွာခြားမှုတွေ ရှိနေနိုင်ပါသည်။ ပူးပေါင်းထုတ်လုပ်ထားသော လမ်းညွှန်များသည် နည်းပညာကိုအသုံးပြုသည့် ဒေသအခြေအနေများအတွက် ပိုအသေးစိတ်ကျနိုင်ပါသည်။

ဖန်တီးမှုဆိုင်ရာ လိုင်စင် အသုံးပြုခြင်းကို စဉ်းစားသုံးသပ်ခြင်း။ ဒါက အတိုင်းအတာ တစ်ခုထိ ရေရှည်တည်တံ ခိုင်မြဲဖို့ကို ဦးတည်သွားတယ်လို့ ကျွန်ုပ်တို့ ယူဆပါသည်။ မတူညီတဲ့ ပရောဂျက်တွေက ကိရိယာတွေကို အပြန်လှန်အလှန် အသုံးပြုနေတာ သေချာပါတယ်၊ ဒါမှမဟုတ် အနည်းဆုံးတော့ ချိတ်ဆက်နေကြတယ်။ သို့သော် အပ်ဒိတ်တွေရဲ့ ပေါင်းစပ်မှုတွေကတော့ များများစားစား မရှိပါဘူး၊ ဒါမှမဟုတ် အပ်ဒိတ်ဖြစ်တဲ့ ကိရိယာတွေကို ဘယ်သူတွေတွေက သုံးနေတယ် မသုံးနေဘူးဆိုတာ မသိတာ ဖြစ်သည်။

သင့်ရဲ့ ကိရိယာတွေကို ပုံမှန် အပ်ဒိတ်လုပ်ရန် စီစဉ်ဖို့ စဉ်းစားရန်။ လက်ရှိ လမ်းညွန်ချက် တစ်ချို့မှာ ဆောင်းပါးတစ်ခုချင်းဆီ အတွက် အသုံးပြုရလွယ်ကူတဲ့ တုံပြန်ချက်ပေးတာမျိုးပါပေမယ့် လူတွေက တုံပြန်ချက်ပေးတာတွေ မလုပ်ဘဲ ချန်လှန်ထားခဲ့တာတွေ ဖြစ်နေသည်။ တုံ့ပြန်ချက်ရယူခြင်းအတွက် ကျွန်ုပ်တို့၏ အထိရောက်ဆုံးနည်းဗျူဟာမှာ တစ်ဦးချင်းထံ တိုက်ရိုက်ဆက်သွယ်ခြင်းနှင့် မှတ်ချက်ပေးခြင်းအတွက် လူများ အတူတကွလုပ်ဆောင်နိုင်သည့်အချိန်ကို ဖယ်ထားခြင်းဖြစ်သည်။

အင်တာနက် လွတ်လပ်ခွင့် အသိုင်းအဝန်းတွင် လုံခြုံရေးလမ်းညွန် ထုတ်လုပ်မှုကို စီမံခန့်ခွဲပြီ ညှိနှိုင်းဆောင်ရွက်ရန် ပိုမိုကောင်းမွန်သည့် အခွင့်အလမ်းတွေ ရှိသည်။ ဘာကြောင့်လဲဆိုတော့ GitHub နှင့် GitLab တို့မှာ ကိရိယာအများကြီးရှိကြသည် ပြီးတော့ အတော်များများက ဖန်းတီခြင်းဆိုင်ရာ လိုင်စင်ရရှိထားတာကြောင့် လေ့ကျင့်ရေး လမ်းညွှန် ကာကွယ်မှုမှာ အစုရှယ်ယာ ပါဝင်သည့် အဖွဲ့အစည်းများ အတွက် သိုလှောင်ခန်း တစ်ခုကို ပူပေါင်းဆောင်ရွက်ရန် ခက်ခဲတော့မှာ မဟုတ်တော့ပါ။ ဒီနေရာမှာ ကိရိယာ ဖန်တီးသူတွေ ကိုယ်တိုင် ထုတ်လုပ်တဲ့ စာရွက်စာတမ်း ရွေးထုတ်ခြင်းတွေလည်း ပါဝင် ပါသည်။

သင့် လမ်းညွှန်ချက်တွေ တိုးတက်ဖို့က ဒေသန္တရ ပြုစုခြင်း၊ နောက်ထပ်ဘာသာတစ်ခုကို ဘာသာပြန်ရန် စီစဉ်ခြင်းက အစောပိုင်းကာလ ကတည်းက ဖြစ်သည့်သည်။ သင်အသုံးပြုမည့် မတူညီသော ဆော့ဝဲလ်များထဲမှ "အလုပ်အသွားအလာ" ကို သင်မည်ကဲ့သို့ နေရာချထားမည်ကို ကြိုတင်စဉ်းစားပါ။ (Office Suites ကဲ့သို့သော ပူးပေါင်းတည်းဖြတ်သည့် ဆော့ဝဲ၊ GitHub သို့မဟုတ် GitLab ကဲ့သို့သော ဗားရှင်း ထိန်းချုပ် ဆော့ဝဲနှင့် ဘာသာပြန် သီးသန့် ဆော့ဝဲများ၊ ဥပမာ Transifex)။

Image: Flickr user stanzebla, "Gate Lock", CC-BY-SA-2.0/