လက်တလော အိန္ဒိယနိုင်ငံ၏ ဆင်ဆာပြုလုပ်ခြင်းကို အကဲခတ်ခြင်း

ByKaustubh Srikanth

တင်ထားခဲ့သည်2015.01.06

၂၀၀၄ ခုနစ် ဒီဇင်ဘာ ၁၇ရက်နေ့တွင် အိန္ဒိယအစိုးရ၏ ဆက်သွယ်ရေးနှင့် သတင်းအချက်လက်နည်းပညာ ဝန်ကြီးဌာနက နိုင်ငံအတွင်းရှိ အင်တာနက်ကုမ္ပဏီများအား ညွန်ကြားချက်စာတစ်စောင် ထုတ်ပြန်ခဲ့သည်။block access to 32 websites ၎င်းပိတ်ပင်မှုသည် archive.org၊ vimeo.com၊ dailymotion.com ကဲ့သို့သော လူကြိုက်များသော ယဉ်ကျေးမှုဝဘ်ဆိုက်များသို့ ဝင်ရောက်ခွင့်ကို ထိခိုက်စေရုံသာမက၊ လူအမျိုးမျိုးအတွက် အသုံးဝင်ပြီး software developer များကြားတွင် အထူးရေပန်းစားသည့် github.com၊ pastebin.com ကဲ့သို့သော ဆိုက်များသို့လည်း ဝင်ရောက်ခွင့်ကို ပိတ်ပင်ထားသည်။

MCIT ၏ ဆက်သွယ်ရေးဌာနမှ ISP များထံသို့ပေးပို့လာသော ညွှန်ကြားစာမိတ္တူအား အောက်ပါအတိုင်းကြည့်ရှုနိုင်ပါသည်။ (http://cis-india.org/internet-governance/resources/2014-12-17_DoT-32-URL-Block-Order_compressed.pdf) (356kB, compressed PDF) or here (2MB).

၂၀၁၄ ခုနစ် နိုဝင်ဘာ ၁၅ရက်နေ့တွင် မွမ်ဘိုင်းရဲတပ်ဖွဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့၏ တောင်းဆိုမှုအရ ဝန်ကြီးဌာန၏ အမိန့်ကို ထုတ်ပြန်ခဲ့သည်။ ရဲတပ်ဖွဲ့၏ တောင်းဆိုချက်အရ ပစ်မှတ်ထားသော ဝက်ဝန်ဆောင်မှုများကို အမျိုးသားဆန့်ကျင့်ရေးအုပ်စုများမှ ဂျီဟတ်ဝါဒပြန့်ခြင်း အတွက် အသုံးပြုနေကြောင်းနှင့် နိုင်ငံအတွင်းရှိ လူငယ်များအား အစ္စလာမ်နိုင်ငံတော်ကဲ့သို့သော် အဖွဲ့အစည်းများနှင့် ပူးပေါင်းရန် တွန်းအားပေးနေကြောင်း ပြောကြားခဲ့သည်။

သို့သော်လည်းပိတ်ဆို့ထားသော ဆိုက်အများအပြားသည် အကြမ်းဖက်ဝါဒနှင့် ဆက်စပ်မှုမရှိသော မတူကွဲပြားသောအသိုင်းအဝိုင်းများမှ ယေဘုယျအသုံးပြုရန်အတွက် ကြီးမားသောအရင်းအမြစ်များဖြစ်သည်။၎င်းပိတ်ပင်ထားသောဆိုက်ဒ်များတွင် အိန္ဒိယအခြေစိုက် ဆော့ဖ်ဝဲရေးဆွဲသူများ၏ နေ့စဉ်လုပ်ငန်းဆောင်တာများတွင် အရေးပါသည့် ကိရိယာများပါဝင်ပြီး၊ အိုင်တီကဏ္ဏတွင်၎င်းလုပ်ငန်းများသည် အကြမ်းဖက်မှု ဆန့်ကျင်ရေးအစီအမံဆိုင်ရာအကြောင်းပြချက်နှင့်များစွာသောပိတ်ပင်မှုများဖြင့် အပြစ်ပေးခံထားရသည်။

အိန္ဒိယရှိ အိုင်တီပညာရှင်များသည် ၎င်းတို့၏အလုပ်များကို ဆက်လက်လုပ်ဆောင်ရန် ကြိုးပမ်းနေသည့်အချိန်မှာဘဲ ဆိုဒ်ပိတ်ပင်မှု၏ သဘောသဘာဝနှင့် ပတ်သက်၍ သတင်းအချက်အလက် နည်းပါးနေပါသည်။ အခမဲ့သုံးစွဲနိုင်သောကိရိယာများကို အသုံးပြု၍ သုတေသနအချို့ပြုလုပ်ရန်နှင့် ဆင်ဆာဖြတ်တောက်မှုကို အကောင်အထည်ဖော်ပုံအပြင် လူတို့အသုံးပြုနေသည့် ရှောင်တိမ်းနည်းအမျိုးမျိုးကို ကြည့်ရှုနိုင်ရန်လုပ်ဆောင်ခြင်းသည် အကြံကောင်းဖြစ်မည်ဟု ကျွန်ုပ်တို့ထင်မြင်ပါသည်။

ကျွနု်ပ်တို့၏ တွေ့ရှိချက် အကျဉ်းချုပ်

2015 ခုနှစ် ဇန်နဝါရီ 1 ရက်နှင့် 3 ရက်ကြားတွင် အိန္ဒိယရှိ မတူညီသော ISP ခုနစ်ခုကို အသုံးပြု၍ အင်တာနက်ချိတ်ဆက်မှုအမျိုးမျိုးမှ ဆင်ဆာဖြတ်တောက်မှုတိုင်းတာမှုများကို ပြုလုပ်ခဲ့ပါသည်။ ၎င်းတို့တွင် TATA Communications နှင့် အစိုးရပိုင် Mahanagar Telecom Nigam Limited (MTNL) တို့ ပါဝင်သည်။ ကျွန်ုပ်တို့၏လက်ရှိနားလည်မှုမှာပဏာမဖြစ်ပြီး အိန္ဒိယတစ်ဝှမ်းရှိ မတူညီသော ISP များ၏ သုံးစွဲသူအများအပြား၏ ရှာဖွေကြည့်ရှုမှုအတွေ့အကြုံများရေးဆွဲခဲ့သည့်အပြင် Open Observatory of Network Interference (OONI) မှ ပံ့ပိုးထားသော open source ဆင်ဆာတိုင်းတာမှုကိရိယာအစုံကိုအသုံးပြုပြီးသတင်းအချက်အလက်များရယူခြင်းနှင့်အခြားလက်စွဲစမ်းသပ်မှုများကိုပြုလုပ်ခဲ့ပါသည်။

ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်က ဘာကိုပိတ်ပင်ရမယ်ဆိုတာ သတ်မှတ်ပေမယ့် ဘယ်လိုမှ တားလို့မရပါဘူး။အံ့သြစရာမဟုတ်သည်မှာ၊မတူညီသော ISP များက မတူညီသောနည်းလမ်းများကို အသုံးပြု၍ ဝဘ်ဆိုက်များကို ပိတ်ဆို့နေခြင်းသည် ၎င်းအခြေအနေသို့ ဦးတည်သွားစေခြင်းဖြစ်သည်။ တစ်ချို့သော ISP အသုံးပြုသူများသည် ၎င်းတို့၏ DNS ဆက်တင်များကို ပြောင်းလဲခြင်းဖြင့် ဆင်ဆာဖြတ်တောက်ခြင်းကို ရှောင်လွဲနိုင်မည်ဖြစ်သည်။ Proxy ကို configure သို့ ရှောင်းတိမ်းဖို့အတွက် software ထည့်သွင်းရန် လိုအပ်မည်ဖြစ်သည်။ Tor Browser.

ISP အများအပြားတွင် မတူညီသော ဘလော့ခ်စာမျက်နှာများ အမျိုးမျိုးကို ကျွန်ုပ်တို့ တွေ့ခဲ့ရသည်။ ဤသည်မှာ ကျွန်ုပ်တို့ရိုက်ကူးထားသော screenshot ပုံခြောက်ခုဖြစ်သည်။

  • "URL ကို ပိတ်ပင်ထားသောကြောင့် သင်တောင်းဆိုထားသော စာမျက်နှာကို ပိတ်ဆို့ထားသည်"
  • "အာဏာပိုင်အဖွဲ့၏ ညွှန်ကြားချက်အရ ဤဆိုဒ်ကို ပိတ်ဆို့ထားသည်"
  • "ဒါက မှတ်ချက်ပါ မှတ်ချက်များကို ဘရောင်ဇာတွင် ပြသမည်မဟုတ်ပါ"
  • အိန္ဒိယအစိုးရ၏ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ဆက်သွယ်ရေးနှင့် အိုင်တီဝန်ကြီးဌာနမှ လက်ခံရရှိသည့်တားမြစ်မိန့်ကို အခြေခံ၍ တောင်းဆိုထားသည့် url ကို ပိတ်ဆို့ထားသည်"
  • “HTTP Error 404 — File or Directory not found” /
  • URL ကို ပိတ်ပင်ထားသောကြောင့် သင်တောင်းဆိုထားသော စာမျက်နှာကို ပိတ်ဆို့ထားသည်။"

မတူညီသော ISP များသည် မတူညီသော ပိတ်ဆို့ခြင်းနည်းလမ်းများကို အသုံးပြုကြသည်ကို တွေ့ရှိသည့်အပြင် တူညီသောဆိုဒ်များကို တူညီသော ISP မှပင် မတူညီသောနည်းလမ်းများဖြင့် ပိတ်ဆို့နိုင်ကြောင်းကိုလည်း ကျွန်ုပ်တို့တွေ့ရှိခဲ့သည်။"မတွေ့ပါ" နှင့် "ဒါကမှတ်ချက်တစ်ခု" အမှားစာမျက်နှာများသည် ISP အများအပြားတွင် ပေါ်လာသည်၊ ဤသည်မှာ ပထမတစ်ခု "ဖွင့်မရ" ပါက အခြားအလွှာက ၎င်းကို ဖမ်းမိစေရန် ပိတ်ဆို့နိုင်သည့်အလွှာများစွာရှိကြောင်း ညွှန်ပြနိုင်သည့် စာမျက်နှာများဖြစ်သည်။

TATA သည် အချို့သော IP လိပ်စာများသို့ အသွားအလာစစ်ဆေးရန်နှင့် ပြင်ဆင်ရန် ပရောက်စီဆာဗာကို အသုံးပြုနေပုံပေါ်သည်။ တောင်းဆိုချက်သည် ဆင်ဆာဖြတ်ထားသော ဆိုက်များထဲမှ တစ်ခုအတွက်ဖြစ်ပါက၊ ၎င်းအစား ပိတ်ဆို့စာမျက်နှာကို ပြန်ပေးပါမည်။ကျွန်တော်တို့အနဖြေင့် မသက်ဆိုင်သောဝဘ်ဆိုဒ်များ၏ IP လိပ်စာများသို့ ဆင်ဆာလုပ်ထားသော hostnameများအတွက် HTTP တောင်းဆိုချက်များကို ပေးပို့ခြင်းဖြင့် စစ်ထုတ်ခြင်းအား အချို့သော IP လိပ်စာများတွင်သာ အသုံးပြုထားကြောင်းပြောပြနိုင်ပါသည်။အချို့သော TATA ချိတ်ဆက်မှုများကို အသုံးပြု၍ အချို့သော IP လိပ်စာများသို့ တောင်းဆိုမှုများသည် တောင်းဆိုချက်၏ အကြောင်းအရာအပေါ် အခြေခံ၍ ပိတ်ဆို့ထားသော်လည်း အခြားသော IP များသို့ ပေးပို့သော အလားတူ hostname များအတွက် တောင်းဆိုမှုများကို ပိတ်ဆို့ထားခြင်းမရှိပေ။အထူးသဖြင့်၊ ပိတ်ဆို့ထားသော hostname များတောင်းဆိုသည့် host headers များပါရှိသော google.com IP များသို့ တောင်းဆိုချက်များသည် ၎င်း hostname များအတွက် block page ကို ပြန်ပေးပြီး yahoo.com IP လိပ်စာများသို့ တောင်းဆိုမှုများ မလုပ်ဆောင်ပါ။

Deep Packet Inspection အစား MTNL သည် DNS-based နှင့် IP-based ပိတ်ဆို့ခြင်းနည်းလမ်းများကို ပေါင်းစပ်အသုံးပြုပုံပေါ်သည်။ ၎င်းတို့၏ DNS ဖြေရှင်းပေးသူများသည် ဆင်ဆာဖြတ်ထားသော hostnameများအတွက် မမှန်သောအဖြေ (59.185.3.14) ကို ပေးပါသည်။ MTNL အသုံးပြုသူ များသည် ကမ္ဘာပေါ်ရှိ မည်သည့်နေရာကမဆို http://59.185.3.14/ သို့ ရှာဖွေခြင်း ပိတ်ဆို့ထားသော စာမျက်နှာကို မြင်တွေ့နိုင်သည်။ တစ်ချို့သော MTNL အသုံးပြုသူများသည် github ၏ မှန်ကန်သော IP နှင့်ချိတ်ဆက်နိုင်သော်လည်း တစ်ခြားသူများတွင် ချိတ်ဆက်နိုင်ခြင်း မရှိခဲ့ပါ။

OONI ကိုအသုံးပြု၍ စုဆောင်းထားသော အစီရင်ခံစာအများစုကို ဤနေရာ တွင် ရရှိနိုင်ပါသည်။ ဤအစီရင်ခံစာများတွင် ဒီဇင်ဘာ 17 ရက်က အမိန့်၌ သတ်မှတ်ထားသည့် ဝဘ်ဆိုဒ် ၃၂ ခုအပြင် အခြားဆိုက်များကို ပိတ်ဆို့ထားကြောင်း အထောက်အထားများပါရှိသည်။ အခြားဝဘ်ဆိုက်များကို တူညီသောအရာများအသုံးပြု၍ ပိတ်ဆို့ထားကြောင်း ထင်ရှားသော်လည်း၊ ၎င်းတို့၏ပိတ်ဆို့ခြင်းအမိန့်ကို မည်သည့်အာဏာပိုင်အောက်တွင်ထုတ်ပြန်ထားကြောင်းကျွန်ုပ်တို့ မဆုံးဖြတ်နိုင်ပါ။

စမ်းသပ်နေစဉ် MTNL တွင် ပိတ်ဆို့ထားသည့် အခြား domain များသည် alexa-top-1000 တွင် ဖော်ပြထားသော အခြားအရွယ်ရောက်ပြီးသူများအသုံးပြုသောဝဘ်ဆိုဒ်များကို ပိတ်ဆို့ခြင်းမခံရသော်လည်း အိန္ဒိယလူမျိုးများပါဝင်သည့် အရွယ်ရောက်ပြီးသူများသုံးသောဝဘ်ဆိုဒ်များ ပါဝင်ပါသည်။ ကြော်ငြာခြင်း၊ တေးဂီတမျှဝေခြင်းနှင့် ဖိုင် hosting ဝဘ်ဆိုဒ်များကို ဆင်ဆာဖြတ်ခြင်းကိုလည်း လေ့လာခဲ့သည်။

ဤဆင်ဆာဖြတ်တောက်မှုကို မည်သို့ကျော်လွှားနိုင်မည်နည်း။

အချို့ကိစ္စများတွင် ISP များသည် HTTP ချိတ်ဆက်မှုများကိုသာ ပိတ်ဆို့ထားသောကြောင့် HTTPS မှတစ်ဆင့် ဝဘ်ဆိုက်များသို့ ဝင်ရောက်ခွင့်ကို ခွင့်ပြုထားသော်လည်း၊ URL တွင် http:// အစား https:// ကို အသုံးပြု၍ တစ်စုံတစ်ဦးက ဆိုက်ကိုဝင်ရောက်ရန် ကြိုးစားနိုင်သည်။သင်ဝင်ရောက်ကြည့်ရှုသည့် ဝဘ်စာမျက်နှာများကို ဆင်ဆာဖြတ်ထားသည်ဖြစ်စေ၊မဖြစ်စေ ဆိုက်များစွာ၏ HTTPS ဗားရှင်းကို အလိုအလျောက်အသုံးပြုနိုင်ရန်အတွက် သင့်ဝဘ်ဘရောက်ဆာရှိ HTTPS Everywhere ချိတ်ဆက်အသုံးပြုရန် အကြံပြုအပ်ပါသည်။

ဆင်ဆာသည် DNS ကိုအခြေခံသည့်အခါ၊ အိန္ဒိယပြင်ပရှိ nameserver များကိုအသုံးပြုရန် သင့်စက်ပစ္စည်းပေါ်ရှိ DNS configuration ကိုပြောင်းလဲခြင်းဖြင့် ၎င်းကို ရှောင်လွှဲနိုင်သည်။ ရေပန်းစားသော အများသုံး DNS ဝန်ဆောင်မှုနှစ်ခုကို OpenDNS နှင့် Google's public DNS တို့မှ ထောက်ပံ့ပေးထားသည်။

ကျွနု်ပ်တို့သည် Tor Browser ကို အသုံးပြု၍ ပိတ်ဆို့ထားသော ဝဘ်ဆိုဒ်များကိုလည်း အချိန်တိုင်း ဝင်ရောက်ကြည့်ရှုနိုင်ခဲ့ပါသည်။

အခြားရွေးချယ်စရာတစ်ခုမှာ နိုင်ငံပြင်ပမှ ပြုလုပ်သော Virtual Private Network (VPN) ကို အသုံးပြုရန်နှင့် ၎င်းဝန်ဆောင်မှုအချို့မှာ The RiseUp Collective (free) နှင့် iVPN (paid) တို့ဖြစ်သည်။ Android စက်ပစ္စည်းများကို အသုံးပြုသည့် မိုဘိုင်းအသုံးပြုသူများသည် Psiphon ကိုလည်း အသုံးပြုနိုင်သည်။

ထပ်တိုးအရင်းအမြစ်များ

ဆင်ဆာဖြတ်ခြင်းနည်းပညာများအကြောင်း ပိုမိုနားလည်လိုပါက သို့မဟုတ် ဒေတာပိုမိုစုဆောင်းရာတွင် ကူညီလိုပါက၊ ဤအရာတို့မှာ သင်ကိုးကားဖော်ပြနိုင်မည့် အသုံးဝင်သောအရင်းအမြစ်အချို့ဖြစ်သည် :

  • Open Observatory of Network Interference သည် ဆင်ဆာဖြတ်တောက်ခြင်းနှင့် ကွန်ရက်ဆော့ကစားခြင်းနှင့်ပတ်သက်သည့် နည်းပညာဆိုင်ရာ အချက်အလက်များကို စမ်းသပ်စုဆောင်းရန်အတွက် အသုံးပြုနိုင်သည့် open source tools တစ်စုံကို ထောက်ပံ့ပေးပါသည်။ OONI ကိုအသုံးပြု၍ စုဆောင်းထားသော ဒေတာများမှရရှိသော အစီရင်ခံစာများကို ကျွန်ုပ်တို့ပြုလုပ်ထားပါသည်။ here

  • CitizenLab မှ ပံ့ပိုးပေးသော URL စာရင်းများကို(https://github.com/citizenlab/test-lists/archive/master.zip) [စမ်းသပ်ခြင်း] တွင်လည်း အသုံးပြုခဲ့သည်။

  • Tor Browserသည် အခမဲ့ပွင့်လင်းရင်းမြစ် ဆော့ဝဲလ် တစ်ခုဖြစ်ပြီး သည် ဆင်ဆာဖြတ်တောက်ခြင်းနှင့် စောင့်ကြည့်ခြင်းများကို လုံလုံခြုံခြုံကျော်လွှားနိုင်ပြီး အင်တာနက်ပေါ်ရှိ အရင်းအမြစ်များကို အမည်ဝှက်ဖြင့် ဝင်ရောက်ကြည့်ရှုနိုင်စေမည်ဖြစ်သည်။၎င်းသည် ဆင်ဆာဖြတ်တောက်ခြင်းနှင့် စောင့်ကြည့်ခြင်းများကို လုံလုံခြုံခြုံကျော်လွှားနိုင်ပြီး အင်တာနက်ပေါ်ရှိ အရင်းအမြစ်များကို အမည်ဝှက်ဖြင့် ဝင်ရောက်ကြည့်ရှုနိုင်စေမည်ဖြစ်သည်။

  • circumvention ကိရိယာများ၊နည်းပရိယာယ်များနှင့် အထွေထွေဒစ်ဂျစ်တယ်လုံခြုံရေးဆိုင်ရာ အကြံပြုချက်များနှင့်ပတ်သက်သည့် အခြားအရင်းအမြစ်များအတွက်၊ Tactical Techology Collective ၏ Security-in-a-box ပရောဂျက်တွင် ကြည့်ရှုပါ။

  • Center for Internet and Society သည် အိန္ဒိယနိုင်ငံ၊ Bangalore တွင် အခြေစိုက်သည့် အဖွဲ့အစည်းဖြစ်ပြီး အိန္ဒိယတွင် အင်တာနက် အုပ်ချုပ်မှု၊ ဆင်ဆာဖြတ်တောက်မှုနှင့် စောင့်ကြည့်ခြင်းဆိုင်ရာ မူဝါဒနှင့်ပတ်သက်ပြီး တက်ကြွစွာ လုပ်ဆောင်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

လက်ရှိအခြေအနေ

2014 ခုနှစ် ဒီဇင်ဘာလ 31 ရက်နေ့တွင် အမှာစာအသစ်(http://pib.nic.in/newsite/PrintRelease.aspx?relid=114259) ထုတ်ပြန်ခဲ့ပြီးနောက်၊ ဝဘ်ဆိုဒ် ၃၂ ခုအနက် ၄ ခုအား ပိတ်ဆို့ထားခြင်းကို ဖယ်ရှားလိုက်သည်။ ၎င်းဆိုက်များမှာ github.com၊ vimeo.com၊ dailymotion.com နှင့် weebly.com တို့ဖြစ်သည်။

ကျွန်ုပ်တို့သည် ဤဆင်ဆာဖြတ်တောက်မှုကို ဆက်လက်စောင့်ကြည့်ပြီး အခြားသက်ဆိုင်ရာ တွေ့ရှိချက်များကို လာမည့်ရက်အနည်းငယ်အတွင်း ထုတ်ပြန်ပါမည်။ အကယ်၍ သင်သည် ဆော့ဖ်ဝဲလ်တီထွင်သူ သို့မဟုတ် အိန္ဒိယရှိ ISP အများအပြားမှ ကျွန်ုပ်တို့အား ဒေတာများပိုမိုစုဆောင်းရန် ကူညီပေးလိုသော အိုင်တီပညာရှင်တစ်ဦးဖြစ်ပါက၊ ကျေးဇူးပြု၍ censorship-in@chaoslab.in တွင် ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။ ကျွန်ုပ်တို့အားဝှက်စာစနစ် အီးမေးလ်ဖြင့် ပေးပို့လိုပါက ကျေးဇူးပြု၍ ဤ PGP key ကို အသုံးပြုပါ ။

Twitter ပေါ်တွင်ဝဘ်ဆိုဒ်များပိတ်ဆို့ခြင်းအကြောင်း ပိုမိုကျယ်ပြန့်စွာဖတ်လိုပါက၊ hashtag #GOIblocks ကို လိုက်နာပါ။

ဤဘလော့ဂ်ပို့စ်ကို Kaustubh Srikanth, Leif Ryge, Aaron Gibson နှင့် [Claudio Guarnieri](https http://twitter.com/botherder) တို့ပူးပေါင်းရေးသားထားပြီး Huffingtonpost.in တွင် ဇန်နဝါရီ 6 ရက်၊ 2015 ခုနှစ် က ဖော်ပြထားသည်။