Firefox - လုံခြုံတဲ့ Web Browser

မာတိကာ

...Loading Table of Contents...

    Mozilla Firefox ဟာ အခမဲ့ဖြစ်ပြီး ပိုမို လူကြိုက်များလာတဲ့ web browser တခု ဖြစ်တယ်။ Mozilla Firefox ရဲ့ စွမ်းဆောင်ရည်ကို သူ့ရဲ့ များပြားလှတဲ့ add-ons တွေက တိုးမြှင့်ပေးတယ်၊ အဲဒီ add-ons တွေဟာ ကွန်ရက် စာမျက်နှာတွေကို ကြည့်ရှုတဲ့အခါ သင့်ရဲ့ privacy နဲ့ လုံခြုံရေးကို အကာအကွယ်ပေးဖို့ စီစဉ်ရေးဆွဲထားတာ ဖြစ်တယ်။

    ပင်မ စာမျက်နှာ

    ကွန်ပျူတာ လိုအပ်ချက်များ

    • ၀င်းဒိုး ဗားရှင်း အားလုံး

    ဒီလမ်းညွှန်ချက်ထဲမှာ သုံးစွဲထားတဲ့ ဗားရှင်း

    • Firefox 4.0.1
    • NoScript 2.1.0.5
    • Adblock Plus 1.3.8
    • Better Privacy 1.5.1
    • Beef Taco 1.3.3
    • GoogleSharing 0.20
    • HTTPS Everywhere 0.9.6

    ခွင့်ပြုချက် လိုင်စင် -

    • အခမဲ့ပြီး ပွင့်လင်းတဲ့ အရင်းအမြစ် ဆော့ဗ်ဝဲ

    အဆင့် - ၁။ လက်သင်၊ ၂။ ပျမ်းမျှ၊ ၃။ အလယ်အလတ်၊ ၄။ အတွေ့အကြုံရှိသော၊ ၅။ အဆင့်မြင့်

    ဒီဆော့ဗ်ဝဲကို စတင် သုံးစွဲဖို့ လိုအပ်တဲ့ အချိန် - ၂၀ - ၃၀ မိနစ်

    ပြန်လည်ရရှိမဲ့ အကျိုးကျေးဇူးများ -

    • သူ့ရဲ့ features တွေကို add-ons တွေနဲ့ အားဖြည့်ထားတဲ့အတွက် တည်ငြိမ်ပြီး လုံခြုံမှုရှိတဲ့ Internet browser တခု ရရှိလာမယ်
    • ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်ရှိတဲ့ ပရိုဂရမ်တွေ၊ အင်တာနက် စာမျက်နှာတွေရဲ့ အန္တရာယ်ကနေ မိမိကိုယ်ကို ကာကွယ်လာနိုင်မယ်
    • ကွန်ပျူတာကနေ အင်တာနက် ကြည့်တဲ့အချိန် ကျန်ရစ်ခဲ့တဲ့ ခြေရာတွေကို ရှင်းလင်းပေးနိုင်ပါတယ်

    GNU Linux, Mac OS နဲ့ တခြား Microsoft Windows တွေနဲ့ လိုက်ဖက်တဲ့ ပရိုဂရမ်များ -

    Mozilla Firefox browser ကို GNU Linux, Mac OS, Microsoft Windows နဲ့ တခြား operating systems တွေမှာ အသုံးပြုနိုင်တယ်။ ကွန်ရက် စာမျက်နှာတွေရဲ့ လုံခြုံရေးကို စီမံခန့်ခွဲတာဟာ အလွန် အရေးကြီးပါတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ဟာ malware ရဲ့ တိုက်ခိုက်မှုကို ခံရတဲ့ အဓိက အရင်းအမြစ် ဖြစ်နေကြလို့ပါပဲ။ Mozilla Firefox နဲ့ သူ့ရဲ့ add-ons တွေကို အသုံးပြုဖို့ ကျွန်တော်တို့ အထူး အကြံပြုလိုတယ်။ Firefox မှာ ရရှိနိုင်တဲ့ လုံခြုံရေး အကျိုးကျေးဇူးတွေဟာ စီးပွါးဖြစ် ထုတ်လုပ်ထားတဲ့ Internet Explorer ထက်စာရင် ပိုကြီး အရေးကြီးတယ်။ ဒါပေမဲ့၊ Mozilla Firefox မဟုတ်တဲ့ တခြား ပရိုဂရမ် တခုခုကို အသုံးပြုမယ် ဆိုရင် GNU Linux, Mac OS နဲ့ Microsoft Windows မှာ အသုံးပြုနိုင်တဲ့ အောက်ပါ ရွေးချယ်စရာတွေကို သုံးစွဲဖို့ ကျွန်တော်တို့ အထူး အကြံပြုလိုပါတယ် -

    Firefox ကို ဒေါင်းလုဒ် လုပ်ခြင်း

    • လက်စွဲ လမ်းညွှန် နိဒါန်းအကျဉ်းချုပ်ကို ဖတ်ရှုပါ
    • www.mozilla.com/firefox ကွန်ရက် စာမျက်နှာကို ဖွင့်ဖို့ အောက်ပါ Firefox icon ကို နှိပ်ပါ
    • installer ကို save လုပ်ဖို့ Free Download link ကို နှိပ်ပါ၊ အဲဒီနောက် နှစ်ချက် နှိပ်လိုက်ပါ
    • လမ်းညွှန်ချက် အတိုင်း ဆက်လုပ်ပြီး အခန်း ၄ နဲ့ ၅ ကို ရောက်တဲ့အခါ NoScript နဲ့ တခြား add-ons တွေကို install လုပ်ပါ
    • Firefox browser ပေါ်မှာ Add-ons တွေကို install လုပ်ဖို့ - Firefox ကို ဖွင့်ပါ၊ အောက်က ပုံသင်္ကေတကို နှိပ်ပြီး၊ သူ့ရဲ့ သက်ဆိုင်ရာ စာမျက်နှာပေါ်မှာ Add to Firefox ခလုတ်ကို နှိပ်ပါ
    • Installation ပြီးသွားတဲ့အခါ၊ ကွန်ပျူတာထဲမှာ save လုပ်ထားတဲ့ installers တွေ (သို့) add-ons တွေကို ပယ်ဖျက်နိုင်ပါတယ်။

    Firefox: NoScript: Adblock Plus: Better Privacy: Beef Taco: GoogleSharing: HTTPS Everywhere:

    ၁.၁ ဒီပရိုဂရမ်ကို စတင် အသုံးမပြုခင် သိထားသင့်တဲ့ အချက်များ

    ဒီသင်ခန်းစာအရ သင်ဟာ web browser တခု အကြောင်းကို သိရှိနားလည်ထားပြီလို့ ယူဆထားတယ်၊ Mozilla Firefox browser ရဲ့ အလုပ်လုပ်ပုံတွေကို ရှင်းပြမှာတော့ မဟုတ်ဘူး။ ရည်ရွယ်ချက်ကတော့ ပိုပြီး လုံခြုံမှုရှိတဲ့ နောက်ထပ် functions တချို့ အကြောင်းကို ရှင်းပြသွားမှာ ဖြစ်ပါတယ်။

    Mozilla Firefox Add-ons ('extensions' လို့လည်း ခေါ်တယ်) တွေဟာ သေးငယ်တဲ့ ပရိုဂရမ်လေးတွေ ဖြစ်ပြီး Firefox ရဲ့ features အသစ်တွေနဲ့ လက်ရှိ စွမ်းဆောင်ရည်တွေကို တိုးမြှင့်ပေးပါတယ်။

    Mozilla Firefox Plugins ဆိုတာ ဆော့ဗ်ဝဲ အသေးစားတွေ ဖြစ်ကြပြီး တချို့ အဖွဲ့တွေက Firefox browser မှာ အသုံးပြုနိုင်ဖို့ ရေးဆွဲထားတာ ဖြစ်ပါတယ်။

    ဒီအခန်းမှာ၊ Firefox web browser နဲ့ အင်တာနက် သုံးစွဲရာမှာ လိုအပ်တဲ့ privacy ၊ အန္တရာယ် ကင်းရှင်းရေးနဲ့ လုံခြုံရေးကို တိုးမြှင့်ပေးတဲ့ Mozilla Add-ons တွေကို ဒေါင်းလုဒ် လုပ်တဲ့နည်း၊ install လုပ်နည်းတွေကို လေ့လာသွားမှာ ဖြစ်ပါတယ်။

    NoScript add-on အကြောင်းကို အခန်း ၄.၀ NoScript အကြောင်း ထဲမှာ သီးသန့် ရေးသားပြုစုထားတယ်။ တခြား add-on တွေ အကြောင်းကိုတော့ Firefox ရဲ့ တခြား အသုံးဝင်တဲ့ Add-Ons များ ထဲမှာ သီးသန့် ရေးသား ပြုစုထားပါတယ်။

    အရေးကြီးချက် - malware နဲ့ spyware တွေရဲ့ ကူးစက်တိုက်ခိုက်ခံရမှု အများစုဟာ ကွန်ရက် စာမျက်နှာတွေကနေ အစပြုတာ ဖြစ်တယ်။ ကွန်ရက်စာမျက်နှာ တခုကို၊ အထူးသဖြင့်၊ အီးမေးလ် ရရှိလာတဲ့အခါ သူ့ကို ဖွင့်ဖတ်ဖို့ အန္တရာယ်ရှိ မရှိ အမြဲတမ်း စဉ်းစားတာဟာ အရေးကြီးတယ်။ စာမျက်နှာ တခုခုကို မဖွင့်ခင်၊ ကွန်ရက် လိပ်စာကို အောက်မှာ ဖေါ်ပြထားတဲ့ စာမျက်နှာ စကင်ဖတ် စစ်ဆေးတဲ့ ဆော့ဗ်ဝဲတွေနဲ့ စကင်ဖတ် စစ်ဆေးဖို့ ကျွန်တော်တို့ အကြံပြုလိုပါတယ် -

    အောက်ပါ စကင်ဖတ် စစ်ဆေးတဲ့ ဆော့ဗ်ဝဲတွေကို အသုံးပြုပြီး ကွန်ရက် စာမျက်နှာ တခုရဲ့ ဂုဏ်သတင်းကို စစ်ဆေးနိုင်ပါတယ် -

    Firefox ကို Install လုပ်ပြီး Configure လုပ်နည်း

    ဒီစာမျက်နှာမှာ ပါဝင်တဲ့ အပိုင်းများ -

    ၂.၀ Firefox အကြောင်း

    Firefox ကို သုံးပြီး အင်တာနက်ကို သုံးစွဲတဲ့အချိန်မှာ သင့်ရဲ့ privacy နဲ့ လုံခြုံရေးကို အကာအကွယ်ပေးနိုင်တဲ့ သုံးစွဲရလွယ်ကူတဲ့ settings တွေ အများအပြား ရှိတယ်။ အဲဒီ settings တွေကို ဘယ်နှစ်ကြိမ် configure လုပ်ရမလဲ ဆိုတာ သင့်ရဲ့ အခြေအနေအပေါ် မူတည်ပါတယ် -

    • အကယ်လို့ တကိုယ်ရေသုံး ကွန်ပျုတာကို အသုံးပြုနေတယ် ဆိုရင်၊ တခြား လူတွေကို အသုံးပြုခွင့် မပေးပါနဲ့၊ အဲဒီ settings တွေကို တကြိမ်ပဲ configure လုပ်ဖို့ လိုပါတယ်။

    • အကယ်လို့ လူအများသုံးတဲ့ ကွန်ပျူတာ (သို့) အလုပ်ခွင် တနေရာရာမှာ ရောက်နေတယ် ဆိုရင်၊ အဲဒီ settings တွေကို သင်ကိုယ်တိုင် ထပ်ခါတလဲလဲ re-configure လုပ်နိုင်ပါတယ်။

    မှတ်ချက် - Firefox အိတ်ဆောင် ဗားရှင်းတခုကို USB မှတ်ဉာဏ်ချောင်း တခုထဲမှာ ထည့်သုံးလို့ ရတယ်။ ဒီနည်းနဲ့ Firefox ကို သင့်ရဲ့ လိုအပ်ချက်တွေနဲ့အညီ configure လုပ်နိုင်ပြီး၊ ဒီဗားရှင်းကို အများသုံး ကွန်ပျူတာ ဘယ်နေရာမှာ မဆို အသုံးပြုနိုင်တယ်။ အိတ်ဆောင် Firefox အကြောင်းကို ဆက်လက် လေ့လာဖို့ Firefox Portable ကို ဖတ်ရှုပါ။

    ၂.၁ Firefox ကို Install လုပ်နည်း

    Firefox ကို Install လုပ်တာဟာ ရိုးရှင်းပြီး လွယ်ကူတဲ့ လုပ်ငန်းစဉ်တခု ဖြစ်ပါတယ်။ Firefox ကို စတင် install လုပ်ဖို့၊ အောက်ပါ အဆင့်တွေကို လုပ်ဆောင်ပါ -

    အဆင့် ၁ ကို နှစ်ချက် နှိပ်ပါ၊ Open File - Security Warning dialog box ပေါ်လာလိမ့်မယ်။ ပေါ်လာတဲ့အခါ၊ Extracting လုပ်ငန်းစဉ် တိုးတက်မှုပြ bar ကို သက်ဝင်စေဖို့ ကို နှိပ်ပါ။

    ခဏအကြာမှာ၊ Firefox Setup Wizard ကြိုဆိုရေး ၀င်းဒိုး ပေါ်လာပါလိမ့်မယ်။

    အဆင့် ၂။ လမ်းညွှန်ထားတဲ့အတိုင်း installation လုပ်ငန်းစဉ်ထဲက အဆင့်တွေကို လိုက်နာပြီး၊ default options နဲ့ settings တွေကို လက်ခံလိုက်ပါ။

    မှတ်ချက် - သင် ဘာတွေလုပ်နေတယ်၊ ဘာကြောင့် လုပ်နေတယ် ဆိုတာ မသိရင် default options နဲ့ settings တွေကို မပြောင်းပါနဲ့။

    ၂.၂ General pane options ကို Configure လုပ်နည်း

    Firefox ကို စတင် configure လုပ်ဖို့ အောက်ပါ အဆင့်တွေကို လုပ်ဆောင်ပါ -

    အဆင့် ၁Firefox menu bar ထဲက Tools > Options... ကို အောက်ပါအတိုင်း Select လုပ်ပါ -

    ပုံ ၁ - Options item ကို select လုပ်ထားတဲ့ Tools menu ပြပုံ

    ဒီအရာက Options ၀င်းဒိုးကို အောက်ပါအတိုင်း သက်ဝင်စေပါလိမ့်မယ် -

    ပုံ ၂ - default General pane ကို ပြသနေတဲ့ Options ၀င်းဒိုးပြပုံ

    သိကောင်းစရာ - အကယ်လို့ General pane ဟာ အပေါ်က ပုံ ၂ မှာ ပြထားတဲ့အတိုင်း အလိုအလျောက် ပေါ်မလာဘူး ဆိုရင် ကို နှိပ်ပါ။

    General pane ကနေ Firefox ရဲ့ အခြေခံ settings တချို့ကို configure လုပ်ပေးတယ်၊ အဲဒီအထဲမှာ သင်နှစ်သက်တဲ့ ပင်မ စာမျက်နှာနဲ့ Downloads ဖိုင်တွဲရဲ့ တည်နေရာတို့ ပါဝင်ပါတယ်။

    When Firefox starts drop-down menu အတွက် default setting ကတော့ Show my home page ဖြစ်ပြီး၊ default ပင်မ စာမျက်နှာ ကတော့ Mozilla Firefox Start Page ပဲ ဖြစ်ပါတယ်။

    သိကောင်းစရာ - တခြား စာမျက်နှာကို စိတ်ချယုံကြည်ရတဲ့ ပင်မစာမျက်နှာအဖြစ် အလိုအလျောက် သတ်မှတ်ဖို့ ကို နှိပ်ပါ။

    ၂.၃ Privacy pane options ကို Configure လုပ်နည်း

    Privacy pane ကနေ browser ရဲ့ privacy နဲ့ လုံခြုံရေး options တွေကို စီမံခန့်ခွဲနိုင်ပါတယ်။

    အဆင့် ၁။ အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ -

    ပုံ ၃ - Privacy pane ကို ပြသနေတဲ့ Options ၀င်းဒိုး ပြပုံ

    Privacy pane ကို နှစ်ပိုင်း ခွဲခြားထားတယ် - History အပိုင်းနဲ့ Location bar အပိုင်းတို့ ဖြစ်ကြတယ်။

    • The History section
    • History အပိုင်း

    History အပိုင်းက Firefox browser ရဲ့ 'history' အပိုင်းကို စီမံခန့်ခွဲပေးတယ်၊ History ဆိုတာ Firefox ကို စတင် အသုံးပြုတဲ့အချိန်ကစပြီး ကြည့်ရှုခဲ့တဲ့ ကွန်ရက်စာမျက်နှာ အမျိုးမျိုးအားလုံးရဲ့ မှတ်တမ်းစာရင်း တခု ဖြစ်တယ်။ default Firefox will: option ဟာ Remember history ဖြစ်ပြီး သင့်ရဲ့ အင်တာနက် privacy နဲ့ လုံခြုံရေးအတွက် ပြင်ဆင်ဖို့ လိုပါတယ်။

    ကြည့်ရှုခဲ့တဲ့ history ရဲ့ ခြေရာတွေကို ရှင်းလင်းဖို့၊ အောက်ပါ အဆင့်တွေကို လုပ်ဆောင်ပါ -

    အဆင့် ၁Firefox will: drop-down list ကို ဖွင့်ပြီး Never remember history item ကို ပုံ ၃ မှာ ပြထားတဲ့အတိုင်း select လုပ်ပါ။

    အဆင့် ၂။ အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ -

    ပုံ ၄ - History အားလုံးကို ရှင်းလင်းတဲ့ ၀င်းဒိုး ပြပုံ

    အဆင့် ၃။ check-boxes အားလုံးကို Select လိုက်ပြီး ရှိထားတဲ့ Firefox ရဲ့ ဒေတာအားလုံးကို ရှင်းလင်းဖို့ ကို နှိပ်ပါ၊ နောက်ပြီး Privacy pane ဆီ ပြန်သွားပါ။

    • Location bar အပိုင်း

    Location bar အပိုင်းက bookmark လုပ်ထားတဲ့ ကွန်ရက် စာမျက်နှာတွေဆီက လိပ်စာတွေ၊ cookies တွေနဲ့ တခြား ယာယီ ဒေတာတွေကို အသုံးပြုတယ်၊ အဲဒီ history က Firefox ရဲ့ Universal Resource Locator (URL) bar ထဲမှာ အကြံပြုတဲ့ လိပ်စာတွေကို ထွက်ပေါ်စေလာတဲ့အတွက် သင့်အတွက် အဆင်ပြေစေမှာ ဖြစ်ပါတယ်။

    သင် ကြည့်ရှုခဲ့တဲ့ ကွန်ရက်တွေနဲ့ history ကို ရှင်းလင်းဖို့၊ အောက်ပါ အဆင့်တွေကို လုပ်ဆောင်ပါ -

    အဆင့် ၁When browsing, suggest drop-down list ကို ဖွင့်ပြီး Nothing item ကို အောက်က ပုံ ၅ နဲ့ အပေါ်က ပုံ ၃ မှာ ပြထားတဲ့အတိုင်း select လုပ်ပါ -

    ပုံ ၅ - Nothing item ကို ပြသနေတဲ့ Location bar ပြပုံ

    အဆင့် ၂။ settings တွေကို အတည်ပြုဖို့ ကို နှိပ်ပြီး Options ၀င်းဒိုးကို exit လုပ်လိုက်ပါ။

    မှတ်ချက် - ယာယီဒေတာတွေကို လုံလုံခြုံခြုံနဲ့ စေ့စေ့စပ်စပ် ပယ်ဖျက်ဖို့၊ CCleaner အခန်းကို ဖတ်ရှုပါ။

    ၂.၄ Security pane options ကို Configure လုပ်နည်း

    Security pane ကို နှစ်ပိုင်း ခွဲခြားထားတယ် - ပထမအပိုင်းမှာ ပြင်ပ အရင်းအမြစ်ကနေ လာတဲ့ ဖြစ်နိုင်ချေ ခြိမ်းခြောက်မှု လုပ်ရပ်တွေကို ဖြေရှင်းပေးပြီး၊ ဒုတိယအပိုင်း (သို့) Passwords အပိုင်းမှာတော့၊ စကားဝှက်ကို စီမံခန့်ခွဲပေးဖြစ်တယ်။

    မှတ်ချက် - စကားဝှက် သိုလှောင်ရေးနဲ့ ပါတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို KeePass မှာ ဖတ်ရှုနိုင်တယ်။

    အဆင့် ၁Options ၀င်းဒိုးကို သက်ဝင်စေဖို့ Firefox menu bar ထဲက Tools > Options... ကို Select လုပ်ပြီး အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ Security tab ကို နှိပ်ပါ -

    ပုံ ၆ - Security pane ကို ပြသနေတဲ့ Options ၀င်းဒိုး ပြပုံ

    အဆင့် ၂။ ပထမအပိုင်းမှာ ရှိတဲ့ default settings တွေကို Accept လုပ်ပါ။

    • စကားဝှက် အပိုင်း

    Passwords အပိုင်းကနေ စကားဝှက်များကို စီမံခန့်ခွဲနိုင်တယ်။ default Remember passwords for sites option ဟာ Firefox ကို ပထမဆုံးအကြိမ် install လုပ်ပြီး ဖွင့်လိုက်တဲ့အခါ enable လုပ်ထားပေးတယ်၊ စကားဝှက်ရဲ့ privacy နဲ့ လုံခြုံရေးအတွက် သူ့ကို disable လုပ်ထားဖို့ လိုပါတယ်။

    အဆင့် ၁Remember passwords for sites option ကို disable လုပ်ဖို့ နှိပ်လိုက်ပြီး၊ Options ၀င်းဒိုးထဲက Security pane ကို အပြီးသတ် configuration လုပ်ဖို့ ကို နှိပ်ပါ။

    ၂.၅ Advanced pane options ကို Configure လုပ်နည်း

    Advanced tab ဆိုတာ နာမည်မှာပေါ်နေတဲ့အတိုင်း အဆင့်မြင့်ပြီး အတွေ့အကြုံရှိတဲ့ Firefox သုံးစွဲသူအတွက် စီစဉ်ထုတ်လုပ်ထားတာ ဖြစ်တယ်။ ဒါပေမဲ့ General tab ထဲက အောက်ပါ options နှစ်ခုကို enable လုပ်ထားခြင်းဖြင့် အဆင့်မျိုးစုံက သုံးစွဲသူ အားလုံးအတွက် အကျိုးရှိမှာ ဖြစ်တယ်။

    • Warn me when websites try to redirect or reload the page option က ကွန်ရက် စာမျက်နှာတွေက သင့်ကို တခြား စာမျက်နှာဆီ အလိုအလျောက် redirect ခေါ်မသွားအောင် (သို့) သင့်ရဲ့ သဘောဆန္ဒ မပါပဲ၊ သိရှိမှု မရှိပဲ သူ့တို့ဟာ သူတို့ ဖွင့်မလာအောင် Firefox ကို enable လုပ်ထားပေးပါတယ်။

    • Tell web sites I do not want to be tracked option က သင် ကြည့်ရှုနေတဲ့ ကွန်ရက် စာမျက်နှာတွေပေါ်မှာ သင် လုပ်ဆောင်နေတဲ့ အရာတွေကို ခြေရာမခံနိုင်အောင် Firefox ကို ညွှန်ကြားပေးတယ်။ ကွန်ရက် စာမျက်နှာတွေဟာ အဲဒီလို တောင်းဆိုချက်တွေကို အသိအမှတ်ပြုဖို့ တရားဝင် နည်းလမ်းအရ ဖြစ်ဖြစ်၊ နည်းပညာအရ ဖြစ်ဖြစ် အကြပ်ကိုင်ပြီး တိုက်တွန်းမထားဘူး၊ ဒီ option ကို enable လုပ်ထားခြင်းဖြင့် အန္တရာယ် ရှိနိုင်တဲ့ အွန်လိုင်း ကြော်ငြာတွေရဲ့ ရန်ကို လျှော့နည်းစေမှာ ဖြစ်ပါတယ်။

    ပုံ ၈ - default General tab ကို ပြသထားတဲ့ Advanced pane options ပြပုံ

    အဆင့် ၁။ အပေါ်က ပုံ ၈ မှာ ပြထားတဲ့အတိုင်း Warn me when websites try to redirect or reload the page option ကို enable လုပ်ဖို့ နှိပ်လိုက်ပါ။

    အဆင့် ၂။ အပေါ်က ပုံ ၈ မှာ ပြထားတဲ့အတိုင်း Tell web sites I do not want to be tracked option ကို enable လုပ်ဖို့ Check လုပ်ပါ။

    အဆင့် ၃။ အဲဒီ ပြင်ဆင်ချက်တွေကို apply လုပ်ဖို့ ကို နှိပ်ပြီး Advanced tab ကို exit လုပ်လိုက်ပါ။

    Firefox ဟာ အင်တာနက်ကို သီးသန့်ဖြစ်ပြီး လုံခြုံတဲ့ နည်းလမ်းနဲ့ ကြည့်ရှုနိုင်အောင် configure လုပ်ထားပြီ ဖြစ်ကြောင်း ဂုဏ်ပြုတဲ့ စာမျက်နှာ ပေါ်လာပါလိမ့်မယ်။

    Firefox Add Ons များကို Install လုပ်နည်း

    ဒီစာမျက်နှာမှာ ပါဝင်တဲ့ အပိုင်းများ -

    ၃.၀ Mozilla Add-ons များအကြောင်း

    Mozilla ရဲ့ products တွေထဲမှာ add-on ဆိုတာ ရိုးရှင်းပေါ့ပါးတဲ့ ဆော့ဗ်ဝဲ ပရိုဂရမ် တခုဖြစ်ပြီး features အသစ်တွေကို ထပ်ထည့်ပေးတယ် (သို့) လက်ရှိ လုပ်ဆောင်နိုင်စွမ်းကို တိုးမြှင့်ပေးတယ်။ add-ons တွေကို တခါတလေ extensions လို့ ခေါ်ပြီး .xpi ဖိုင် extension နဲ့ တည်ရှိတယ်။ ဥပမာ အားဖြင့်၊ NoScript add-on ဖိုင်ကို noscript-2.0.7-fx+sm+fn.xpi အနေနဲ့ မြင်တွ့ရမှာ ဖြစ်ပါတယ်။

    plugin ဆိုတာ မရှိမဖြစ် လိုအပ်တဲ့ ဆော့ဗ်ဝဲ တခု ဖြစ်ပြီး ကြားအဖွဲ့ တခုခုက Firefox browser မှာ အသုံးပြုနိုင်အောင် စီစဉ်ထုတ်လုပ်ထားတာ ဖြစ်တယ်။ လူသုံးများတဲ့ plugin တခု ကတော့ Flash plugin ဖြစ်ပြီး Adobe Flash နဲ့ ပါတ်သက်တဲ့ အကြောင်းအရာ Firefox browser ၀င်းဒိုးမှာ ပေါ်လာအောင် စီစဉ်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

    ၃.၁ Mozilla Add-ons များကို Install လုပ်နည်း

    Mozilla Add-ons တွေကို ဒေါင်းလုဒ် လုပ်တာနဲ့ install လုပ်တာတွေဟာ မြန်ဆန်ပြီး ရိုးရှင်းမှု ရှိတယ်။ add-ons အမျိုးမျိုးကို စတင် ဒေါင်းလုဒ် လုပ်ပြီး install လုပ်ဖို့၊ အောက်ပါ အဆင့်တွေကို လုပ်ဆောင်ပါ -

    အဆင့် ၁Start > Mozilla Firefox ကို Select လုပ်ပါ (သို့) Firefox ကို ဖွင့်ဖို့ desktop ပေါ်က Firefox icon ကို နှစ်ချက် နှိပ်ပါ။

    အဆင့် ၂Firefox ရဲ့ လိပ်စာတန်းမှာ https://addons.mozilla.org/ ကို ရေးထည့်ပြီး၊ Mozilla Add-ons for Firefox စာမျက်နှာမှာကို သက်ဝင်စေဖို့ Enter ကို နှိပ်ပါ။

    အဆင့် ၃။ add-on ရဲ့ အမည်ကို Mozilla ရဲ့ search နေရာ (ဒီနေရာမှာ Adblock Plus add-on ကို ဥပမာ ပေးထားတယ်) မှာ အောက်ပါအတိုင်း ရေးထည့်ပါ -

    ပုံ ၁ - Adblock Plus ကို ပြသနေတဲ့ Mozilla Firefox Add-ons Search bar ပြပုံ

    အဆင့် ၄။ အောက်ပါ မျက်နှာပြင်ကို ပြသဖို့ ကို နှိပ်ပါ (သို့) Enter ကို နှိပ်ပါ -

    ပုံ ၂ - ရှာဖွေမှု ရလဒ်ကို ဖေါ်ပြနေတဲ့ Keyword Match pane ပြပုံ

    အဆင့် ၅။ အောက်ပါ မျက်နှာပြင်တွေကို သက်ဝင်စေဖို့ ကို နှိပ်ပါ -

    ပုံ ၃ - Firefox ၀င်းဒိုးအတွက် ရှာဖွေတွေ့ရှိရတဲ့ Adblock Plus :: Add-ons ပြပုံ

    ပုံ ၄ - Adblock Plus နဲ့ ပါတ်သက်တဲ့ Software Installation ၀င်းဒိုး ပြပုံ

    အဲဒီ Add-ons ဟာ enable ဖြစ်လာတဲ့အခါ သူ့ကို စတင် Install လုပ်ဖို့ ကို နှိပ်ပါ၊ installation ပြီးသွားတဲ့အခါ၊ အောက်ပါ မျက်နှာပြင် ပေါ်လာပါလိမ့်မယ် -

    ပုံ ၅ - Firefox ၀င်းဒိုးအတွက် ရှာဖွေ တွေ့ရှိရတဲ့ Adblock Plus :: Add-ons ပြပုံ

    အဆင့် ၇။ installation လုပ်ငန်းစဉ်ကို အပြီးသတ်ဖို့ ကို နှိပ်ပါ။

    Firefox ဟာ သူ့ဟာသူ အလိုအလျှောက် re-start လုပ်လာလိမ့်မယ်။

    မှတ်ချက် - Firefox ကို နောက်တခါမှ re-start လုပ်ချင်ရင် Not Now item ကို select လုပ်ဖို့ ကို နှိပ်လိုက်ပါ။

    အဆင့် ၈။ အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ Firefox ရဲ့ menu bar ထဲက Add-ons item ကို Select လုပ်ပါ -

    ပုံ ၆ - Add-ons item ကို select လုပ်ထားတဲ့ Tools menu ပြပုံ

    ပုံ ၇ - Add-ons Manager tab က အသစ်စက်စက် install လိုက်တဲ့ Adblock Plus add-on ကို ပြသနေပုံ

    အရေးကြီးချက် - အမျိုးအမည် မသိတဲ့ အရင်းအမြစ်ဆီကနေ ရရှိတဲ့ add-ons တွေကို install မလုပ်ပါနဲ့။ အဲဒီအစား၊ လုံခြုံရေးကို တိုးမြှင့်စေမဲ့ https://addons.mozilla.org ကွန်ရက် စာမျက်နှာကနေ ရရှိတဲ့ add-ons တွေကို အမြဲတမ်း install လုပ်ပါ။

    ၃.၂ Mozilla Add-on ကို Disable လုပ်နည်း (သို့) Uninstall လုပ်နည်း

    Add-ons tab က install လုပ်ထားပြီးတဲ့ add-ons အားလုံးကို ပုံ ၇ မှာ ပြထားတဲ့အတိုင်း ဖေါ်ပြပေးတယ်။ ဘယ် Mozilla add-on ကိုမဆို ခဏတဖြုတ် disable လုပ်ချင်ရင် ကို နှိပ်ပါ၊ (သို့) အပြီးအပိုင် ဖယ်ရှားဖို့ ကို နှိပ်ပါ။ ဒါပေမဲ့၊ အဲဒီ အခြေအနေ နှစ်ခုစလုံးမှာ ပြင်ဆင်ချက်တွေ သက်ရောက်မှု ရှိစေဖို့ Firefox ကို restart လုပ်ရမှာ ဖြစ်ပါတယ်။

    ၃.၃ Mozilla Add-ons များကို Update လုပ်နည်း

    မကြာခဏ ဆိုသလို၊ အသုံးပြုဖို့ စီစဉ်ထုတ်လုပ်ထားတဲ့ add-ons အမျိုးမျိုးကို လက်ရှိ Firefox ရဲ့ နောက်ဆုံး ဗားရှင်းနဲ့ ကိုက်ညီမှု ရှိအောင် update လုပ်ထားရမယ်။ သင့်ရဲ့ bandwith အနေအထားအပေါ် မူတည်ပြီး၊ ဒီ add-ons တွေကို အလိုအလျှောက် ဖြစ်ဖြစ်၊ ကိုယ်တိုင် ကိုယ်ကျဖြစ်ဖြစ် update လုပ်နိုင်အောင် ရွေးချယ်နိုင်ပါတယ်။

    အဆင့် ၁ နဲ့ သက်ဆိုင်တဲ့ menu ကို သက်ဝင်စေဖို့ သူ့ကို နှိပ်ပါ၊ အဲဒီနောက် add-ons တွေကို ကိုယ်တိုင် update လုပ်ဖို့ အောက်က ပုံ ၈ မှာ ပြထားတဲ့အတိုင်း Check for updates ကို select လုပ်ပါ။

    ပုံ ၈ - Add-ons Manager update ခလုတ်မှာ သူနဲ့ သက်ဆိုင်တဲ့ drop-down စာရင်းကို ပြသနေပုံ

    အဆင့် ၂။ နောက်တမျိုးအနေနဲ့၊ add-ons ကို ပုံ ၈ မှာ ပြထားတဲ့အတိုင်း အလိုအလျောက် update လုပ်ဖို့ Update Add-ons Automatically item ကို select လုပ်ပါ။

    ၃.၄ Mozilla Plugins များကို Update လုပ်နည်း

    တချို့ plugins တွေဟာ အလိုလိုနဲ့ သူတို့ဟာ သူတို့ update လုပ်နိုင်မှာ မဟုတ်ဘူး၊ သုံးစွဲသူတွေ အနေနဲ့ Mozilla Plugins တွေရဲ့ နောက်ဆုံးထွက် updates တွေကို စစ်ဆေးဖို့ အထူး အကြံပြုလိုပါတယ်။

    အရေးကြီးချက် - updates တွေကို အနည်းဆုံး လစဉ် စစ်ဆေးဖို့ အလွန် အရေးကြီး ပါတယ်။ Plugins တွေကို ပိုကောင်းလာအောင် အမြဲတမ်း လုပ်ဆောင်နေကြပြီး လုံခြုံရေးနဲ့ ပါတ်သက်တဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်အောင် upgrade လုပ်နေကြပါတယ်။

    Plugins ရဲ့ updates တွေကို ကိုယ်တိုင် စစ်ဆေးဖို့၊ အောက်ပါ link https://www.mozilla.com/plugincheck ကို သွားပြီး အောက်က ကွန်ရက် စာမျက်နှာကို ဖွင့်ပါ -

    ပုံ ၉ - Mozilla Firefox ရဲ့ Plugins များကို စစ်ဆေးတဲ့ စာမျက်နှာပြပုံ

    နောက်ဆုံး Update မဖြစ်သေးတဲ့ plugins အားလုံးကို Update လုပ်ဖို့ action ခလုတ် တခုကို နှိပ်ပြီး မျက်နှာပြင်ပေါ်က ညွှန်ကြားချက်တွေအတိုင်း လုပ်ဆောင်ပါ။

    သင် မသိရှိတဲ့ plugin နဲ့၊ အသုံးမလိုတော့တဲ့ plugin တွေကို disable လုပ်ဖို့၊ အောက်ပါ အဆင့်တွေကို လုပ်ဆောင်ပါ -

    အဆင့် ၁Add-ons Manager ကို သက်ဝင်စေဖို့ Tools > Add-ons ကို Select လုပ်ပါ။

    အဆင့် ၂Mozilla Firefox ရဲ့ plugins စာရင်း အားလုံးကို ဖွင့်ပြီး disable လုပ်လိုတဲ့ plugin ကို disable သိရှိဖို့ လုပ်ဖို့ Plugins tab ကို နှိပ်ပြီး၊ ကို နှိပ်ပါ။

    NoScript Add On ကို အသုံးပြုနည်း

    ဒီစာမျက်နှာမှာ ပါဝင်တဲ့ အပိုင်းများ -

    ၄.၀ NoScript အကြောင်း

    NoScript ဆိုတာ အတော်လေး အသုံးဝင်တဲ့ Mozilla Add-on တခု ဖြစ်ပြီး သင့်ရဲ့ ကွန်ပျူတာကို အင်တာနက်ပေါ်က အန္တရာယ်ရှိတဲ့ ကွန်ရက်စာမျက်နှာတွေရဲ့ ရန်ကနေ ကာကွယ်ပေးတဲ့ နေရာမှာ အထောက်အကူ ပေးတယ်။ လက်ခံနိုင်တဲ့ အခြေအနေမှာ ရှိတယ်၊ အန္တရာယ်ကင်းတယ် (သို့) ယုံကြည် စိတ်ချရတယ်လို့ (ဘဏ်နဲ့ ပါတ်သက်တဲ့ စာမျက်နှာ (သို့) အွန်လိုင်း ဂျာနယ် တို့လို) သင် သတ်မှတ်လိုက်တဲ့ ကွန်ရက် စာမျက်နှာတွေရဲ့ 'white list' ကို အခြေခံပြီး အလုပ်လုပ်တာ ဖြစ်ပါတယ်။ တခြား ကွန်ရက် စာမျက်နှာတွေ အားလုံးကိုတော့ အန္တရာယ် ပေးနိုင်တဲ့ အရာလို့ သတ်မှတ်ပြီး သူတို့ရဲ့ လုပ်ဆောင်ချက်ကို - အန္တရာယ် ရှိတဲ့ အခြေအနေကနေ အန္တရာယ် ကင်းရှင်းကြောင်း မဆုံးဖြတ် မချင်း - ကန့်သတ်ထားမှာ ဖြစ်ပါတယ်၊ ဒီနေရာမှာ၊ သူ့ကို white list ထဲမှာ ထည့်ထားနိုင်တယ်။

    NoScript က နဖူးစည်း စာတမ်းတွေ၊ pop-up ကြော်ငြာတွေ၊ JavaScript နဲ့ သက်ဆိုင်တဲ့ Java ကုဒ် အားလုံးနဲ့၊ တခြား အန္တရာယ်ပေးနိုင်တဲ့ ကွန်ရက် စာမျက်နှာရဲ့ attributes တွေကို အလိုအလျောက် စပိတ်ပေးမှာ ဖြစ်တယ်။ NoScript ဟာ အန္တရာယ် ရှိတဲ့ အကြောင်းအရာနဲ့ ကွန်ရက် စာမျက်နှာ တခုကို ပုံမှန် ပေါ်လာစေတဲ့ အကြောင်းအရာတို့ကို မခွဲခြားပေးနိုင်ဘူး။ အန္တရာယ်ကင်းတယ် ထင်တဲ့ ကွန်ရက် စာမျက်နှာတွေရဲ့ အကြောင်းအရာကို ချွင်းချက်ထားဖို့ ကတော့ သင့်အပေါ်မှာ မူတည်ပါတယ်။

    ၄.၁ NoScript အသုံးပြုနည်း

    NoScript ကို စတင် မသုံးစွဲခင် Add-ons ၀င်းဒိုးကို သက်ဝင်စေဖို့ ** Tools > Add-ons** ကနေ select လုပ်ပြီး အောင်အောင်မြင်မြင် install လုပ်ဖို့ လိုပါတယ်။

    သိကောင်းစရာ - ပထမပိုင်းမှာ NoScript ကို (ကြည့်ရှုနေကျ ကွန်ရက် စာမျက်နှာတွေကို ပုံမှန်အတိုင်း မမြင်ရလို့) နည်းနည်းရှုပ်သလို မြင်ရပေမဲ့၊ automated object-blocking feature ကြောင့် အကျိုးအမြတ်ကို ချက်ခြင်း ရရှိနိုင်တယ်။ ဒုက္ခပေးတတ်တဲ့ ကြော်ငြာတွေ၊ pop-up စာတွေ၊ အန္တရာယ်ရှိတဲ့ ကုဒ်ထည့်ထားတဲ့ ကွန်ရက်စာမျက်နှာတွေကို တားမြစ်ပေးမှာ ဖြစ်ပါတယ်။

    NoScript ဟာ JavaScriptAdobe Flash (သို့) တခြား script နဲ့ တူတဲ့ အကြောင်းအရာတွေကို မတွေ့မချင်း နောက်ကွယ်ကနေ တိတ်တဆိတ် အလုပ်လုပ်နေမှာ ဖြစ်တယ်။ ဒီအဆင့်မှာ NoScript က အဲဒီအကြောင်းအရာကို ပိတ်ပစ်လိုက်မှာ ဖြစ်ပြီး status bar ဟာ အောက်မှာ ပြထားတဲ့အတိုင်း Firefox ၀င်းဒိုးရဲ့ အောက်ခြေမှာ ပေါ်လာပါလိမ့်မယ် -

    ပုံ ၁ - NoScript status bar ပြပုံ

    NoScript status bar ထဲမှာ ကွန်ပျူတာ အလုပ်မလုပ်နိုင်အောင် တားဆီးထားတဲ့ objects (ဥပမာ အားဖြင့်၊ ကြော်ငြာတွေနဲ့ pop-up စာလေးတွေ) နဲ့ scripts တွေရဲ့ အချက်အလက်တွေကို ဖေါ်ပြပေးတယ်။ အောက်က ပုံ နှစ်ခုဟာ ပုံ ၂ မှာ အလုပ်လုပ်နေတဲ့ NoScript ရဲ့ နမူနာတွေ ဖြစ်တယ်၊ NoScript ဟာ စီးပွားဖြစ် ကွန်ရက်စာမျက်နှာ တခုပေါ်က Adobe Flash Player မှာ ဖန်တီးထားတဲ့ ကြော်ငြာကို အောင်အောင်မြင်မြင် ပိတ်ဆို့ထားလိုက်ပါပြီ။

    ပုံ ၂ - စီးပွားဖြစ် ကွန်ရက်စာမျက်နှာ တခုပေါ်က pop-up ကြော်ငြာတခုကို ပိတ်ဆို့နေတဲ့ NoScript ဥပမာ တခု

    ပုံ ၃ အရ၊ Twitter ကွန်ရက် စာမျက်နှာပေါ်က စာမျက်နှာကို ကြည့်ရှုနိုင်အောင် (ခဏ တဖြုတ်ဖြစ်ဖြစ်) JavaScript ကို enable လုပ်ထားဖို့ လိုအပ်တဲ့အကြောင်း အသိပေးချက်ကို သတိထားမိမှာ ဖြစ်ပါတယ်။

    ပုံ ၃ - JavaScript ကို enable လုပ်ဖို့ တောင်းဆိုနေတဲ့ Twitter ကွန်ရက်စာမျက်နှာ ပြပုံ

    NoScript ဟာ အန္တရာယ် ရှိတဲ့ ကုဒ်နဲ့ ကုဒ်အစစ်အမှန်ကို မခွဲခြားနိုင်တဲ့အတွက်၊ တချို့ key features တွေနဲ့ functions တွေ (ဥပမာ အားဖြင့်၊ tool bar တခုခု) လိုအပ်နေနိုင်တယ်။ တချို့ ကွန်ရက် စာမျက်နှာတွေဟာ တခြား ကွန်ရက် စာမျက်နှာ တခုခုနဲ့ မတူပဲ script-နဲ့ တူတဲ့ အကြောင်းအရာတွေ ပါရှိနေတတ်တယ်။ ဥပမာ အားဖြင့်၊ www.youtube.com ကွန်ရက် စာမျက်နှာမှာ scripts အရင်းအမြစ် သုံးမျိုး အသုံးပြုထားပါတယ် -

    ပုံ ၄ - NoScript ရဲ့ status bar Options menu ဥပမာတခု ပြပုံ

    ဒီလို အနေအထားမျိုးမှာ scripts ကို ဖွင့်ဖို့၊ Temporarily Allow [ကွန်ရက် စာမျက်နှာ အမည်] option (ဒီဥပမာအရ၊ youtube.com ကို ခဏတဖြုတ် ခွင့်ပြုနေပုံ) ကို စပြီး select လုပ်နိုင်တယ်။ ဒါပေမဲ့၊ အကယ်လို့ ဒီစာမျက်နှာကို ကြည့်လို့ မရဘူးဆိုရင်၊ သင်နှစ်သက်တဲ့ အကြောင်းအရာကို ကြည့်ရှုနိုင်အောင် ခွင့်ပြုပေးရမဲ့ အနည်းဆုံး ကွန်ရက် စာမျက်နှာ အရေအတွက်ကို သတ်မှတ်ဖို့ စဉ်းစားရမှာ ဖြစ်တယ်။ YouTube အတွက်ကိုတော့၊ YouTube ကောင်းကောင်းမွန်မွန် အလုပ်လုပ်နိုင်အောင် Temporarily allow youtube.com နဲ့ Temporarily allow ytimg.com options တို့ကို သင် select လုပ်ဖို့ လိုပါတယ်။

    သတိပေးချက် - ဘယ်လို အခြေအနေမျိုးမှာ မဆို Allow Scripts Globally (dangerous) option ကို အမြဲ select လုပ်ထားပါ။ ဖြစ်နိုင်ရင်၊ Allow all from this page option ကို select မလုပ်မိပါနဲ့။ တချို့အချိန်တွေမှာ scripts အားလုံးကို ခွင့်ပြုဖို့ လိုအပ်နိုင်တယ်၊ ဒီအနေအထားမှာ သင် တကယ် စိတ်ချယုံကြည်ရတဲ့ ကွန်ရက် စာမျက်နှာတွေအတွက်သာ အွန်လိုင်း အလုပ်ပြီးသွားတဲ့အထိ ခဏတဖြုတ် အသုံးပြုရမှာ ဖြစ်တယ်။ သင့်ရဲ့ အွန်လိုင်း privacy နဲ့ အန္တရာယ် ကင်းရှင်းမှုကို ဒုက္ခပေးတဲ့ ကုဒ်တခုလေးကြောင့် ပြဿနာပေါ်လာနိုင်ပါတယ်။

    ၄.၂ Clickjcking နဲ့ Cross-Site Scripting (XXS) တိုက်ခိုက်မှု အကြောင်း

    ကွန်ပျူတာကို Cross-site scripting နဲ့ clickjacking တို့ရဲ့ တိုက်ခိုက်မှုတွေကနေ ကာကွယ်ဖို့ NoScript ကို configure လုပ်ထားပါ။ Cross-site script ဆိုတာ ကွန်ပျူတာရဲ့ လုံခြုံရေး အားနည်းချက် တခုဖြစ်ပြီး hackers တွေနဲ့ ကျူးကျော်လာသူတွေက လက်ရှိ ကွန်ရက်စာမျက်နှာထဲမှာ အန္တရာယ်ပေးတဲ့ ကုဒ်တွေကို 'ထည့်သွင်း'နိုင်တယ်။ clickjacking ဆိုတာ အလုပ်တခုခုကို လုပ်ဖို့ ခလုတ်တခုကို နှိပ်တဲ့အခါ၊ ထည့်မြှပ်ထားလိုက်တဲ့ ကုဒ် (သို့) script အလိုလို အလုပ် လုပ်လာတာကို ခေါ်တယ်။ NoScript ကို install လုပ်မထားရင် ဒီတိုက်ခိုက်မှုတွေကို သင် မသိလိုက်ပဲ ဖြစ်နိုင်တယ်။ clickjacking ရဲ့ တိုက်ခိုက်မှု ဖြစ်ပေါ်လာတဲ့ အခါတိုင်း၊ အောက်က ဖေါ်ပြချက်နဲ့ တူတဲ့ ၀င်းဒိုးတခု ပေါ်လာပါလိမ့်မယ် -

    ပုံ ၅ - အန္တရာယ် ပေးနိုင်တဲ့ Clickjacking / UI Redressing Attempt ၀င်းဒိုးတခုရဲ့ ဥပမာပုံ

    Clickjacking တိုက်ခိုက်မှုကို ပျက်ပြယ်စေဖို့ ဒီဝင်းဒိုးမှာ ဖေါ်ပြထားတဲ့ ညွှန်ကြားချက်တွေအတိုင်း လုပ်ပြီး၊ ကို နှိပ်ပါ။

    Firefox ရဲ့ တခြား အသုံးဝင်တဲ့ Add-Ons များ

    ဒီစာမျက်နှာမှာ ပါဝင်တဲ့ အပိုင်းများ -

    ၅.၀ Add-ons များအကြောင်း

    ဒီအခန်းမှာ အဓိက ဖေါ်ပြထားတဲ့ Mozilla Firefox Add-ons တွေဟာ ကွန်ရက် စာမျက်နှာ ကြည့်ရှုတဲ့နေရာမှာ အမည်ဝှက်ပေးဖို့၊ privacy နဲ့ လုံခြုံရေးတွေကို တိုးမြှင့်ပေးပြီး အကာအကွယ် ပေးဖို့ စီစဉ် ထုတ်လုပ်ထားတာ ဖြစ်တယ်။ သူတို့ကို ဒေါင်းလုဒ် လုပ်ဖို့၊ Firefox ကို ဒေါင်းလုပ် လုပ်ခြင်း အခန်းကို ဖတ်ရှုပါ။

    ၅.၁ Adblock Plus အသုံးပြုနည်း

    Adblock Plus ဆိုတာ ကြော်ငြာတွေ အလိုအလျောက် ပေါ်မလာအောင် ကန့်သတ်ထားဖို့ (သို့) တားမြစ်ဖို့ စီစဉ်ထုတ်လုပ်ထားတဲ့ အကြောင်းအရာ စီစစ်ရေး extension တခု ဖြစ်တယ်။ Firefox ကို restart လုပ်ပြီး Adblock Plus add-on ကို အောင်အောင် မြင်မြင် install လုပ်ပြီးတဲ့အခါ၊ Add Adblock Plus filter subscription ၀င်းဒိုး ပေါ်လာပါလိမ့်မယ် -

    အဆင့် ၁Please choose a filter subscription drop-down list ကို ဖွင့်ပြီး၊ သင် အသုံးပြုတဲ့ ဘာသာစကားနဲ့ သက်ဆိုင်တဲ့ option ကို select လုပ်ပါ -

    ပုံ ၁ - Fanboy ရဲ့ စာရင်းကို select လုပ်ထားတဲ့ Add Adblock Plus filter subscription ၀င်းဒိုး ပြပုံ

    အဆင့် ၂။ ဒီ subscription ကို ထည့်သွင်းဖို့ ကို နှိပ်ပါ၊ ဒီချိန်ကစပြီး ဒီ filter ထဲမှာ စာရင်းသွင်းထားတဲ့ ကြော်ငြာအားလုံး ပေါ်လာကြတော့မှာ မဟုတ်ပါဘူး။

    ၅.၂ Better Privacy အသုံးပြုနည်း

    Better Privacy ဆိုတာ Mozilla Firefox add-on တခု ဖြစ်ပြီး LSO (Local Shared Objects) လို့ ခေါ်တဲ့ အထူး cookies တွေရဲ့ ရန်ကနေ ကွန်ပျူတာကို အကာအကွယ် ပေးတယ်၊ LSO ကို Flash script တခုခုက ကွန်ပျူတာထဲမှာ သွင်းထားနိုင်တယ်။ အဲဒီ cookies တွေကို Firefox ရဲ့ စံသတ်မှတ်ချက်အရ cookies တွေကို ရှင်းလင်းတဲ့အခါမှာတောင် ဖယ်ရှားမခံရပဲ ကျန်ရစ်နေကြပါတယ်။

    ၅.၃ Beef Taco အသုံးပြုနည်း (ကြော်ငြာတွေမှာ သုံးတဲ့ Cookies Opt-Out)

    Beef Taco ဆိုတာ Mozilla Firefox add-on တခု ဖြစ်ပြီး၊ ကုမ္ပဏီ အမျိုးမျိုးရဲ့ ကြော်ငြာ cookies တွေကို စီမံခန့်ခွဲပေးတယ်၊ ဒီအထဲမှာ Google, Microsoft နဲ့ Yahoo တို့ ပါဝင်ပါတယ်။ သူ့ကို Targeted Advertising Cookies Opt-Out လို့ခေါ်တဲ့ cookies တွေကို အလိုအလျောက် ပယ်ဖျက်ပေးဖို့ configure လုပ်နိုင်တယ်။ ဒါပေမဲ့၊ အတွေ့အကြုံရှိပြီး အဆင့်မြင့်တဲ့ သုံးစွဲသူတွေက ကွန်ပျူတာထဲမှာ ခွင့်ပြုထားရမဲ့ cookies နဲ့ ရှင်းပစ်ရမဲ့ cookies တွေကို အသေးစိတ် သတ်မှတ်နိုင်အောင်လည်း ခွင့်ပြုထားနိုင်ပါတယ်။

    ၅.၄ GoogleSharing အသုံးပြုနည်း

    GoogleSharing ဆိုတာ သီးခြား အမည်ဝှက် proxy နည်းစနစ်တခု ဖြစ်ပြီး၊ Google က မည်သူမည်ဝါရဲ့ တောင်းဆိုချက်ဟာ ဘယ်သူ့ဆီက လာတယ် စတာတွေကို မသိရှိနိုင်အောင်၊ လူအမျိုးမျိုးရဲ့ ရှာဖွေ တောင်းဆိုချက်တွေကို ရှုပ်ထွေးအောင် လုပ်ပေးတဲ့ စနစ် ဖြစ်တယ်။ GoogleSharing ဟာ user name (သို့) password ပေးစရာ မလိုတဲ့ ၀န်ဆောင်မှုတွေဆီကနေ သင့်အကြောင်းနဲ့ ပါတ်သက်တဲ့ အချက်အလက်တွေကို Google က မယူနိုင်အောင် တားဆီးပေးပါတယ်။ Google ရဲ့ ရှာဖွေမှု လမ်းကြောင်းမှာ မရှိတဲ့ အချက်အလက်တွေဟာ အထိအခိုက် ကင်းရှင်းတယ်၊ ပြန်ပြီး re-direct အလုပ် မခံရဘူး။

    GoogleSharing ကို အောင်အောင်မြင်မြင် install လုပ်ပြီးတဲ့အခါ၊ Firefox add-on bar ရဲ့ အောက်ခြေ ညာဖက် ထောင့်မှာ သူ့နဲ့ သက်ဆိုင်တဲ့ ခလုတ်ကို အောက်ပါအတိုင်း ဖေါ်ပြနေပါလိမ့်မယ် -

    GoogleSharing ကို ဘာ configuration settings မှ လုပ်စရာ မလိုပဲ နောက်ခံကနေ တိတ်တဆိတ် အလုပ်လုပ်နေတယ်။ privacy နဲ့ လုံခြုံရေး options အများအပြားလိုပဲ၊ အကျိုးဖြစ်ထွန်းမှုနဲ့ အင်တာနက် အမြန်နှုန်းကြားမှာ အပေးအယူ လုပ်ရတာရှိတယ်။ privacy နဲ့ လုံခြုံရေးကို တိုးမြှင့်စေတယ်။ အမြန်နှုန်းကို ပိုပြီး အလေးထားရတဲ့ အခြေအနေမျိုးတွေကို ကြုံတွေ့နေရတဲ့အခါ၊ GoogleSharing ကို အောက်မှာ ပြထားတဲ့အတိုင်း အမြန် disable လုပ်ဖို့ ခလုတ်ကို နှိပ်ပါ။

    ၅.၅ HTTPS Everywhere အသုံးပြုနည်း

    HTTPS Everywhere ဟာ Mozilla Firefox ရဲ့ extension တခု ဖြစ်ပြီး သတ်မှတ်ထားတဲ့ ကွန်ရက် စာမျက်နှာတွေကို စာဝှက်ပေးတဲ့ (https) လမ်းကြောင်းအတိုင်း အမြဲတမ်း ဆက်သွယ်ပေးတယ်။ ကွန်ရက် စာမျက်နှာ တော်တော်များများက စာဝှက်စနစ်ကို ပံ့ပိုးထားပေမဲ့၊ default အနေနဲ့ http လိပ်စာအတိုင်း စာဝှက်မထားပဲ ဖွင့်ထားလေ့ ရှိကြပါတယ်။

    ပုံ ၂ - HTTPS Everywhere ရဲ့ Preferences မျက်နှာပြင် ပြပုံ

    HTTPS Everywhere extension က သင် ကြည့်ရှုမဲ့ ကွန်ရက် စာမျက်နှာတွေ အားလုံးကို HTTPS protocol အဖြစ် ပြောင်းလဲပေးပြီး ပြဿနာတွေကို ဖြေရှင်းပေးတယ်။ နောက်ကွယ်မှာ တိတ်တဆိတ် အလုပ်လုပ်နေပြီး၊ ရွေးချယ်ထားတဲ့ ကွန်ရက်စာမျက်နှာတွေကို အင်တာနက်ပေါ်မှာ အန္တရာယ် ကင်းကင်းနဲ့ လုံလုံခြုံခြုံ အလုပ်လုပ်စေပါတယ်။

    အိတ်ဆောင် Firefox

    ၁.၀ Install လုပ်ရတဲ့ Firefox ဗားရှင်းနဲ့ အိတ်ဆောင် ဗားရှင်းတို့ရဲ့ ကွာခြားချက်များ

    အိတ်ဆောင် ကိရိယာတွေကို ကွန်ပျူတာထဲမှာ install လုပ်စရာ မလိုဘူး၊ သူတို့ ဘယ်နေရာမှာ ရှိနေတယ်၊ ဘာတွေအတွက် အသုံးပြုတယ် စတာတွေကို ခြေရာခံလို့ မရဘူး။ ဒါပေမဲ့၊ ပြင်ပ ကိရိယာ (သို့) USB မှတ်ဉာဏ်ချောင်းနဲ့ အိတ်ဆောင် ကိရိယာတွေဟာ သင် အသုံးပြုနေတဲ့ ကွန်ပျူတာ လုံခြုံနေမှ အန္တရာယ် ကင်းရှင်းနိုင်မှာ ဖြစ်ပြီး၊ adware, malware, spyware နဲ့ ဗိုင်းရပ်စ်တို့ရဲ့ တိုက်ခိုက်မှု ခံရနိုင်သေးတယ်။

    အိတ်ဆောင် Firefox နဲ့ ကွန်ပျူတာထဲမှာ install လုပ်ဖို့ ထုတ်လုပ်ထားတဲ့ ဗားရှင်းတို့မှာ တခြား ကွာခြားချက်တွေ မရှိကြဘူး။

    ၂.၀ အိတ်ဆောင် Firefox ကို Download လုပ်ပြီး Extract လုပ်နည်း

    အိတ်ဆောင် Firefox ကို စတင် Download လုပ်ပြီး Extract လုပ်ဖို့ အောက်ပါ အဆင့်တွေကို လုပ်ဆောင်ပါ -

    အဆင့် ၁။ သင့်လျှော်ပြီး download လုပ်နိုင်တဲ့ ကွန်ရက်စာမျက်နှာကို သွားဖို့ http://portableapps.com/apps/internet/firefox_portable ကို နှိပ်ပါ -

    အဆင့် ၂။ သူနဲ့ သက်ဆိုင်တဲ့ Source Forge ရဲ့ download စာမျက်နှာကို သက်ဝင်စေဖို့ ကို နှိပ်ပါ -

    အဆင့် ၃ installation ဖိုင်ကို ကွန်ပျူတာထဲမှာ save လုပ်ဖို့ ကို နှိပ်ပြီး၊ အဲဒီနေရာကို သွားပါ။

    အဆင့် ၄ကို နှစ်ချက် နှိပ်ပါ၊ Open File - Security Warning စာမျက်နှာ ပေါ်လာလိမ့်မယ်၊ ပေါ်လာတဲ့အခါ၊ အိတ်ဆောင် Mozilla Firefox | Portableapps.com Installer ၀င်းဒိုးကို သက်ဝင်စေဖို့ ကို နှိပ်ပါ -

    အဆင့် ၅။ အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်ပါ -

    ပုံ ၂ - Choose Install Location ၀င်းဒိုးပြပုံ

    အဆင့် ၆Browse for Folders ၀င်းဒိုးကို အောက်ပါအတိုင်း သက်ဝင်စေဖို့ ကို နှိပ်ပါ -

    ပုံ ၃ - Browse for Folder ၀င်းဒိုးပြပုံ

    အဆင့် ၇။ အပေါ်က ပုံ ၃ မှာ ပြထားတဲ့အတိုင်း ပြင်ပ hard drive (သို့) USB မှတ်ဉာဏ်ချောင်း ရှိတဲ့နေရာကို သွားပါ၊ အဲဒီနောက် အိတ်ဆောင် Mozilla Firefox ဖိုင် ထားမဲ့နေရာကို အတည်ပြုဖို့ ကို နှိပ်ပြီး၊ Choose Install Location ၀င်းဒိုးကို ပြန်သွားပါ။

    အဆင့် ၈။ စတင် ဖြည်ချဖို့ ကို နှိပ်ပါ၊ အဲဒီနောက် installation ကို အပြီးသတ်ဖို့ ကို နှိပ်ပြီး၊ အိတ်ဆောင် Mozilla Firefox ဖိုင်ကို save လုပ်ထားတဲ့ ဖြုတ်တပ်လို့ ရတဲ့ drive (သို့) USB မှတ်ဉာဏ်ချောင်း ရှိတဲ့နေရာကို သွားပါ။

    အဆင့် ၉။ ဖြုတ်တပ်လို့ ရတဲ့ drive (သို့) USB မှတ်ဉာဏ်ချောင်းကို ဖွင့်ပါ၊ သူဟာ အောက်က ပုံစံနဲ့ ဆင်တူနေမှာ ဖြစ်တယ် -

    ပုံ ၄ - အသစ်စက်စက် install လုပ်လိုက်တဲ့ အိတ်ဆောင် Mozilla Firefox ဖိုင်တွဲကို အပြာရောင်နဲ့ ပြသထားပုံ

    အဆင့် ၁၀အိတ်ဆောင် Firefox ဖိုင်တွဲကို ဖွင့်ပြီး သူ့ကို စတင် အသုံးပြုဖို့ ကို နှစ်ချက် နှိပ်ပါ။

    Firefox ကို configure လုပ်ပြီး အသုံးပြုနိုင်ဖို့ Firefox အခန်းကို လေ့လာပါ။

    မကြာခဏ မေးလေ့ရှိတဲ့ မေးခွန်းများနဲ့ သုံးသပ်ချက်များ

    ၆.၀ မကြာခဏ မေးလေ့ရှိတဲ့ မေးခွန်းများနဲ့ သုံးသပ်ချက်များ

    မူဟင်ဒိုနဲ့ ဆာလီမာ တို့ဟာ အကြံပြုထားတဲ့ Firefox Add-ons တချို့ကို ကောင်းကောင်း နားလည်ထားကြတယ်၊ ဒါပေမဲ့ တခြား အချက်တွေကို နားလည်ဖို့ အခက်အခဲ အနည်းငယ် ရှိကြတယ်။ ကံကောင်းချင်တော့ အာဆန်နီက အဲဒီ ရှုပ်ထွေးနေတဲ့ Add-ons တွေ တချို့ကို ရှင်းပြပေးနိုင်ပါတယ်။

    မေး - အန္တရာယ်ရှိတဲ့ ကွန်ရက် စာမျက်နှာတွေကနေ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ add-ons အများကြီးကို ဘာကြောင့် အသုံးပြုရသလဲ။ အကယ်လို့ NoScript က အန္တရာယ်ပေးနိုင်တဲ့ scripts တွေရဲ့ ရန်ကနေ ကာကွယ်ပေးတယ် ဆိုရင်၊ ပုံစံတမျိုးထဲ အလုပ်လုပ်တဲ့ တခြား add-ons တွေကို ဘာကြောင့် လိုအပ်ရတာလဲ။

    ဖြေ - တခါတလေ အထွေထွေ ကျတဲ့ လုံခြုံရေး ပြဿနာကို ဖြေရှင်းတဲ့ နေရာမှာ ဆော့ဗ်ဝဲတခုထက် ပိုပြီး အသုံးပြုတာဟာ ကောင်းတဲ့ အယူအဆ တခုပါပဲ။ (ဒီစည်းကမ်းမှာ Anti-virus ပရိုဂရမ်တွေကို ချွင်းချက် ထားရမယ်၊ ဘာကြောင့်လဲ ဆိုတော့ သူတို့ အချင်းချင်း တိုက်ခိုက်နေတတ်ကြလို့ ဖြစ်တယ်။) ဒီက Firefox add-ons တွေကတော့ သင့်ရဲ့ browser ကို ခြိမ်းခြောက်လာမှုကို နည်းလမ်းမျိုးစုံနဲ့ အကာအကွယ် ပေးတယ်။ NoScript က မသိကျွမ်းထားတဲ့ ကွန်ရက် စာမျက်နှာတွေဆီက scripts တွေ အားလုံးကို ပိတ်ဆို့ပေးတယ်၊ ဒါပေမဲ့ မကြာခဏ ကြည့်လေ့ရှိတဲ့ ကွန်ရက် စာမျက်နှာတွေကိုတော့ သုံးစွဲသူတွေက 'whitelist' ထဲမှာ ထည့်ထားလေ့ ရှိကြတယ်၊ ဒီလိုနည်းနဲ့ အန္တရာယ် ရှိနိုင်တဲ့ scripts တွေကို ဖွင့်ပေးပြီးသား ဖြစ်သွားတယ်။ NoScript သုံးစွဲသူတွေက သိကျွမ်းမှု မရှိတဲ့ ကွန်ရက် စာမျက်နှာတွေဆီက scripts တွေကို - အကယ်လို့ အဲဒီ စာမျက်နှာ ပုံမှန် လည်ပတ်ဖို့ လိုအပ်လာတယ်ရင် - ခဏတဖြုတ် ဖွင့်ပေးတတ်ကြတယ်။

    ၆.၁ ပြန်လှန် မေးခွန်းများ

    • ယာယီ Internet history, cookies နဲ့ cache တွေကို ကွန်ပျူတာထဲကနေ ဘယ်လို ပယ်ဖျက်သလဲ။
    • NoScript က ကွန်ပျူတာကို ဘယ်လို တိုက်ခိုက်မှုမျိုးကနေ ကာကွယ်ပေးသလဲ။