၁၀။ လက်ကိုင်ဖုန်းများ အတတ်နိုင်ဆုံး လုံလုံခြုံခြုံ သုံးစွဲနည်း

မာတိကာ

...Loading Table of Contents...

    လက်ကိုင်ဖုန်းတွေဟာ ကျွန်ပ်တို့ နေ့စဉ် စကားပြော ဆက်သွယ်ရေးအတွက် အဓိကကျတဲ့ ကဏ္ဍတခုမှာ ပါဝင်ပါတယ်။ လက်ကိုင်ဖုန်းအားလုံးမှာ အသံနဲ့ ရိုးရိုး စာတိုပေးပို့နိုင်တဲ့ ၀န်ဆောင်မှုတွေကို ပံ့ပိုးထားပါတယ်။ သူတို့ရဲ့ အရွယ်အစားဟာ သေးငယ်ပြီး ဈေးနှုန်း ချိုသာတဲ့အပြင် တခြား အသုံးဝင်မှုတွေကြောင့် ဒီကိရိယာတွေဟာ လူ့အခွင့်အရေး ထောက်ခံလှုပ်ရှားသူတွေက သူတို့ အချင်းချင်း အဆက်အသွယ် ပြုလုပ်ရာမှာ ဖြစ်ဖြစ်၊ စည်းရုံးရေး ဆင်းတဲ့အခါဖြစ်ဖြစ် ပိုမို သုံးစွဲလာကြပါတယ်။

    လက်ရှိအချိန်မှာ၊ functions အမျိုးမျိုးပါတဲ့ လက်ကိုင်ဖုန်းတွေကို ရရှိနိုင်ပါတယ်။ သူတို့မှာ GPS ၊ ရုပ်သံကဏ္ဍစုံ (ဓါတ်ပုံ၊ ဗွီဒီယိုနဲ့ အသံသွင်းခြင်း၊ တခါတလေ ထုတ်လွှင့်တဲ့နေရာမှာလည်း သုံးတယ်)၊ ဒေတာ ရေးသားနိုင်တဲ့အပြင်၊ အင်တာနက် သုံးစွဲနိုင်တဲ့ features တွေ ပါရှိတယ်။ ဒါပေမဲ့ လက်ကိုင်ဖုန်းတွေရဲ့ အလုပ်လုပ်ပုံနဲ့ အခြေခံ အဆောက်အဦးတွေဟာ အင်တာနက် အလုပ်လုပ်ပုံနဲ့ အခြေခံ သဘောတရားအရ ကွဲလွဲမှု ရှိကြတယ်။ အဲဒါကြောင့် လုံခြုံရေးအရ စိန်ခေါ်မှုတွေ၊ သုံးစွဲသူတွေရဲ့ privacy ကိစ္စ၊ သတင်း အချက်အလက်နဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေရဲ့ ကြံ့ခိုင်မှုနဲ့ ပါတ်သက်တဲ့ အန္တရာယ်တွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

    နောက်ခံ ဇာတ်လမ်း -

    ဘိုနာနဲ့ သူ့သား ဒေလီ တို့ဟာ စက်ရုံတရုံမှာ အလုပ်လုပ်နေကြပြီး၊ အလုပ်သမား အဖွဲ့အစည်း တခု ဖွဲ့စည်းရာမှာ အကူအညီ ပေးနေကြပါတယ်။ သူတို့ရဲ့ ကြိုးစားမှုတွေဟာ ဒေသခံ အစိုးရနဲ့ အပေးအယူကောင်းနေတဲ့ စက်ရုံပိုင်ရှင်တွေရဲ့ အတိုက်အခံ လုပ်တာကို ခံကြရတယ်။ ဘိုနာရဲ့ ကြီးကြပ်ရေးမှူးက သူ့ရဲ့ လုပ်ရပ်တွေကို အစစ်ဆေး မေးမြန်းခံရမှာ ဖြစ်ကြောင်းနဲ့၊ တခြားသူတွေနဲ့ ဆက်သွယ်နေတာတွေကို သတိထားဖို့ သတိပေးသွားတယ်။ ဘိုနာဟာ သူ့အဖွဲ့အစည်းရဲ့ လုပ်ငန်းတွေမှာ အသုံးပြုဖို့ လက်ကိုင်ဖုန်း တလုံးကို ၀ယ်ယူလိုက်တယ်။ ဒေလီက လက်ကိုင်ဖုန်း အသစ်စက်စက်ကို စည်းရုံးလှုပ်ရှားမှုတွေမှာ လုံလုံခြုံခြုံ အသုံးပြုနိုင်ဖို့အတွက် သူ့အဖေကို အကူအညီပေးပါတယ်။

    ဒီသင်ခန်းစာကနေ လေ့လာသင်ယူနိုင်တဲ့ အချက်များ

    • လက်ကိုင်ဖုန်းတွေနဲ့ ဆက်သွယ် စကားပြောတာ၊ ဒေတာ သိမ်းဆည်းတာတွေ လုံခြုံမှု မရှိရခြင်းရဲ့ အကြောင်းရင်း
    • လက်ကိုင်ဖုန်းတွေကို ပိုပြီး လုံလုံခြုံခြုံ အသုံးပြုနိုင်အောင် လုပ်ဆောင်ရမဲ့ အချက်တွေ
    • လက်ကိုင်ဖုန်းကတဆင့် ထောက်လှမ်း ခံရနိုင် (သို့) ခြေရာခံ ခံရနိုင်တဲ့ အနေအထားကို တားဆီးနိုင်တဲ့နည်းလမ်း
    • လက်ကိုင်ဖုန်းကို အသုံးပြုနေစဉ် အမည်ဝှက်နိုင်တဲ့ အခွင့်အလမ်းတွေကို တိုးမြှင့်နိုင်တဲ့နည်း

    လက်ကိုင်ဖုန်းများနှင့် လုံခြုံရေး အကြောင်း

    ကျွန်ုပ်တို့ဟာ လက်ကိုင်ဖုန်းတွေကို သုံးစွဲတဲ့အခါ၊ ကျွန်တော်တို့ ကိုယ်တိုင်ဖြစ်ဖြစ်၊ ကျွန်တော်တို့ရဲ့ အဆက်အသွယ်တွေ ဖြစ်ဖြစ်၊ ပြီးတော့ ကျွန်ပ်တို့ရဲ့ ဒေတာတွေကို အကာအကွယ် ပေးဖို့ ကျိုးကြောင်း ညီညွတ်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ကြရမှာ ဖြစ်တယ်။ လက်ကိုင်ဖုန်း networks တွေနဲ့ အခြေခံ အဆောက်အဦးတွေရဲ့ လုပ်ငန်း လည်ပတ်ပုံတွေဟာ သုံးစွဲသူတွေရဲ့ သတင်း အချက်အလက်တွေနဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေရဲ့ သီးသန့် လုံခြုံမှုကို သိသိသာသာ ထိခိုက်စေနိုင်ပါတယ်။

    • လက်ကိုင်ဖုန်း networks တွေဟာ သီးသန့် networks တွေ ဖြစ်ပြီး စီးပွါးရေး ကုမ္ပဏီတွေက ပိုင်ဆိုင်ထားတယ်၊ ဒါပေမဲ့ အစိုးရ တခုတည်းရဲ့ ထိန်းချုပ်မှုအောက်မှာလည်း ရှိနိုင်တယ်။ စီးပွါးရေး ကုမ္ပဏီ ((သို့) အစိုးရ) ဟာ စားသုံးသူတွေရဲ့ သတင်း အချက်အလက်တွေနဲ့ စကားပြော ဆက်သွယ်မှုတွေ၊ ကြားဖြတ် ခေါ်ဆိုမှုတွေ၊ စာတိုပေးပို့ချက်တွေနဲ့ အဲဒီ device (၄င်းကို သုံးစွဲသူ) တခုစီ တည်ရှိတဲ့ နေရာကို စောင့်ကြည့်တာတွေကို တကယ် လက်တွေ့မှာ အကန့်အသတ်မရှိ လုပ်နိုင်ပါတယ်။

    • လက်ကိုင်ဖုန်းတွေမှာ သုံးထားတဲ့ Operating Systems တွေကို service providers အမျိုးမျိုးက သူတို့ရဲ့ ကုမ္ပဏီတွေရဲ့ networks တွေမှာ အလုပ်လုပ်နိုင်ဖို့ သတ်မှတ်ထားတဲ့အတိုင်း ဖုန်း ထုတ်လုပ်သူတွေက စိတ်ကြိုက် configure လုပ်ထားကြတယ်။ ရလဒ်အနေနဲ့၊ ဖုန်းတမျိုးမျိုးရဲ့ service providers အသေအချာ စောင့်ကြည့်လို့ ရအောင် OS အထဲမှာ ၀ှက်ထားတဲ့ features တွေကို တည့်သွင်းထားနိုင်ပါတယ်။

    • လွန်ခဲ့တဲ့ နှစ်အနည်းငယ်က စပြီး လက်ကိုင်ဖုန်းထဲမှာ အသုံးပြုနိုင်တဲ့ functions တွေဟာ ပိုများလာတယ်။ တကယ်ပဲ ခေတ်သစ် လက်ကိုင်ဖုန်းတွေဟာ အင်တာနက်နဲ့ ချိတ်ထားပြီး လက်ကိုင်ဖုန်းရဲ့ functions တွေ တည့်ထားတဲ့ ခရီးဆောင် ကွန်ပျူတာငယ်တွေပဲ ဖြစ်ကြပါတယ်။

    ဆက်သွယ်ရေး လမ်းကြောင်းတွေကို အထူး ကာကွယ်ထားနိုင်ဖို့ မေးခွန်း တချို့ကို ကိုယ့်ဟာကိုယ် မေးကြည့်ပါ - ဘာကိစ္စနဲ့ ဖုန်းခေါ်တာလဲ၊ စာတိုပေးပို့ချက်တွေ (text messages)ထဲမှာ ဘာတွေ ပါသလဲ။ ဘယ်သူနဲ့ ဘယ်အချိန်မှာ ဆက်သွယ်သလဲ။ ဘယ်ကနေ ခေါ်သလဲ။ သတင်း အချက်အလက်တွေဟာ ပုံစံအမျိုးမျိုးနဲ့ အန္တရာယ် ရှိနိုင်ပါတယ် -

    • သတင်း အချက်အလက်တွေကို လက်ကိုင်ဖုန်းကနေ ပေးပို့တဲ့အခါ အန္တရာယ် ရှိနိုင်တယ်<br> ဥပမာ - လက်ကိုင်ဖုန်း provider က သူ့ရဲ့ network ကနေ ပေးပို့လိုက်တဲ့ စာတို ပေးပို့ချက်တွေ၊ အသံ သတင်းတိုတွေ အားလုံးကို ဖတ်ရှု နားထောင်နိုင်တယ်။ နိုင်ငံအများစုမှာ ရှိတဲ့ ဖုန်း providers တွေဟာ ဆက်သွယ်မှု အားလုံးကို တရားဝင် မှတ်တမ်းတင်ထားနိုင်တယ်။ နိုင်ငံတချို့မှာ ရှိတဲ့ ဖုန်း providers တွေဟာ အစိုးရက တဦးတည်း ချုပ်ကိုင်ထားမှု အောက်မှာ ရှိတယ်။ အသံနဲ့ စာတိုပေးပို့ချက်ကို ကြားလူက တန်ဖိုးမကြီးတဲ့ ကိရိယာကို သုံးပြီး ဖမ်းယူ မှတ်တမ်းတင်နိုင်ပါတယ်။

    • ဖုန်းကနေ အသံ၊ စာတိုပေးပို့သူနဲ့ လက်ခံသူတွေရဲ့အကြားက သတင်း အချက်အလက်တွေဟာ အန္တရာယ်ရှိနိုင်တယ်<br> 
 ဥပမာ - လက်ကိုင်ဖုန်းထဲမှာ ခေါ်ဆိုမှု မှတ်တမ်း၊ စာတို ပေးပို့လက်ခံချက်၊ လိပ်စာ စာအုပ်၊ ဓါတ်ပုံ၊ ဗွီဒီယို အပိုင်းလေးတွေ၊ စာဖိုင်တွေ စတဲ့ ဒေတာ အမျိုးမျိုးကို သိမ်းထားတတ်တယ်။ ဒီဒေတာတွေက သင့် အဆက်အသွယ်တွေရဲ့ network ကနေတဆင့်၊ သင်နဲ့ သင့် လုပ်ဖော်ဆောင်ဖက်တွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ဖွင့်ပြနိုင်တယ်။ ဒီသတင်း အချက်အလက်တွေကို လုံခြုံအောင် ထားဖို့ ဆိုတာ တချို့ ဖုန်းတွေမှာဆို လုံးဝ မဖြစ်နိုင်ဘူး။ ခေတ်သစ် လက်ကိုင်ဖုန်းတွေဟာ အိတ်ထောင်အရွယ် ကွန်ပျုတာလေးတွေပဲ ဖြစ်တယ်။ features ပိုများလေ အန္တရာယ် ပိုများလေ ဖြစ်တယ်။ နောက်ပြီး၊ အင်တာနက်ကို ချိတ်ဆက်တဲ့ ဖုန်းတွေဟာ လုံခြုံမှု မရှိတဲ့ ကွန်ပျူတာတွေနဲ့ အင်တာနက်တွေရဲ့ သားကောင်တွေ ဖြစ်လာနိုင်ပါတယ်။

    ဖုန်းတွေဟာ သူတို့ ရောက်နေတဲ့ တည်နေရာ အချက်အလက်တွေကို ထုတ်လွှင့်ပေးတယ်<br> ဥပမာ - သာမန် လုပ်ငန်းစဉ်အရ၊ လက်ကိုင်ဖုန်းအားလုံးဟာ လက်ရှိအချိန်မှာ သူတို့ ရောက်နေတဲ့ နေရာကို ဖုန်း service provider ဆီ အလိုအလျောက်နဲ့ ပုံမှန် အကြောင်းကြားလေ့ ရှိကြတယ်။ ဒီ့အပြင်၊ ယနေ့ခေတ် ဖုန်းအတော်များများမှာ [GPS]](/en/glossary#GPS) functions တွေ ရှိကြပြီး၊ တိကျတဲ့ တည်နေရာပြ အချက်အလက်တွေကို ဓါတ်ပုံတွေထဲ၊ ပေးပို့လိုက်တဲ့ SMS အပြင် ဖုန်းကနေ ပေးပို့လိုက်တာ အင်တာနက် တောင်းဆိုချက်တွေထဲမှာ ထည့်မြှပ်ထားနိုင်ပါတယ်။

    ခေတ်သစ် နည်းပညာ တော်လှန်ရေးမှာ features တွေ ပိုများလာသလို၊ အန္တရာယ်လည်း ပိုရှိလာတယ်။

    ဘိုနာ - သားရယ်၊ ငါကတော့ ဒီနေ့ကစပြီး ဒီဖုန်းနဲ့ပဲ ကျွန်တော်တို့ရဲ့ ဆွေးနွေးပွဲတွေကို စီစဉ်ဖို့ အသုံးပြုတော့မယ်၊ ဘာကြောင့်လဲ ဆိုတော့ သူတို့က စက်ရုံက ဖုန်းအပြင်၊ အိမ်ဖုန်းတွေနဲ့ပဲ နားထောင်ကြမယ် ထင်တယ်။

    ဒေလီ - အဖေရယ်၊ နောက်ဆုံးတော့ လက်ကိုင်ဖုန်း တလုံး ပိုင်သွားတာ အတော်လေး ကောင်းပါတယ်၊ ဒါပေမဲ့၊ အဲဒီ ဖုန်းနဲ့ ဘာလုပ်နိုင်တယ်၊ ဘယ်ဟာ ကတော့ လုပ်လို့ မရဘူး ဆိုတာတွေ သိရဲ့လား။

    ဘိုနာ - သိတာပေါ့၊ ဒါဟာ ဖုန်းပဲလေ။ သူများကို ဖုန်းခေါ်နိုင်တယ်၊ သူတို့နဲ့ စကားပြောနိုင်တယ်၊ သူတို့က ပြန်ပြောကြမယ်။ ဒါကတော့ ဘယ်နေရာမှာ မဆို လုပ်လို့ ရတာပဲ။ နောက်ပြီး တခြားသူတွေကို စာတို ပေးပို့နိုင်တယ်၊ သူတို့လည်း ဖုန်းထဲမှာ ပေါ်လာကြမယ်လေ။

    ဒေလီ - ဒါတွေ အားလုံးကတော့ မှန်ပါတယ်၊ ဒါပေမဲ့ အကုန်လုံးတော့ မဟုတ်သေးဘူး။ ဒီနေ့ခေတ်မှာ အဲဒီလို ကိရိယာတွေနဲ့ အလုပ် အတော်များများကို လုပ်လို့ရတယ်။ ဒါပေမဲ့ တချို့ အန္တရာယ်တွေနဲ့ အန္တရာယ်ကင်းဖို့ သတိထားရမဲ့ အချက်တွေ အကြောင်း ပြောရအောင်။ အထူးသဖြင့် ခင်ဗျားက ဘယ်သူနဲ့ ဆက်သွယ်နေတယ်၊ ဘာတွေ ပြောနေကြတယ် ဆိုတာတွေကို စိတ်ဝင်စားနေတဲ့ သူတဦးဦး ရှိနိုင်တယ်။

    လာမဲ့ အခန်းတွေမှာ လက်ကိုင်ဖုန်းတွေကို သုံးစွဲရာကနေ ဖြစ်ပေါ်လာနိုင်တဲ့ ဖြစ်နိုင်ချေ လုံခြုံရေး ခြိမ်းခြောက်မှုတွေကို လျှော့နည်းစေဖို့ လုပ်ဆောင်နိုင်တဲ့ ရိုးရှင်းတဲ့ အဆင့်ဆင့်လေးတွေကို ဆွေးနွေးထားပါတယ်။

    သတင်း အချက်အလက်များရဲ့ ရွှေ့လျားနိုင်မှုနဲ့ အားနည်းချက်

    လူတွေဟာ အထိခိုက်မခံတဲ့ သတင်း အချက်အလက်တွေပါတဲ့ လက်ကိုင်ဖုန်းတွေကို မကြာခဏ သယ်ဆောင်လေ့ရှိကြတယ်။ အကယ်လို့ ဖုန်းပျောက်သွားတာ (သို့) ဒေတာ ပျောက်သွားတာ (သို့) အခိုးခံရတာ ကြုံရရင် အဆက်အသွယ်လုပ်ခဲ့တဲ့ မှတ်တမ်းတွေ၊ စာတိုနဲ့ အသံ ပေးပို့ချက်တွေ၊ လိပ်စာ စာအုပ်တွေ၊ ပြက္ခဒိန်၊ ဓါတ်ပုံတွေနဲ့ တခြား အသုံးဝင်တဲ့ ဖုန်း functions တွေအတွက် ကြီးကြီးမားမား အန္တရာယ် ဖြစ်လာနိုင်တယ်။ လက်ကိုင်ဖုန်းထဲမှာ သိမ်းထားပြီး အသုံးပြုနေတဲ့ အချက်အလက် ဖြစ်ဖြစ်၊ သိပ်အသုံးမပြုတဲ့ အကြောင်းအရာ ဖြစ်ဖြစ် သတိထားဖို့ အရေးကြီးတယ်။ ဖုန်းတလုံးထဲမှာ သိမ်းထားတဲ့ သတင်း အချက်အလက်တွေက သုံးစွဲနေတဲ့သူနဲ့ လိပ်စာ စာအုပ်၊ စာပုံးထဲက စာတွေ၊ ဓါတ်ပုံ ဘယ်ဘမ်တွေမှာ ပါတဲ့ လူတဦးတယောက်ကို ထိခိုက်စေနိုင်ပါတယ်။

    အင်တာနက်ကို ချိတ်ထားတဲ့ လက်ကိုင်ဖုန်းတွေမှာလည်း သတင်း အချက်အလက်တွေရဲ့ လုံခြုံရေး၊ အမည်ဝှက်ခြင်း၊ အချက်အလက် ပြန်လည် ရယူခြင်း၊ ပျောက်ဆုံးခြင်း၊ အခိုးခံရခြင်းနဲ့ ကြားဖြတ်ခံရခြင်းနဲ့ ပါတ်သက်တဲ့ ဒီစာအုပ်ထဲက တခြား အခန်းတွေမှာ ဆွေးနွေးထားတဲ့ အင်တာနက်၊ ကွန်ပျူတာတွေနဲ့ ပါတ်သက်တဲ့ အန္တရာယ်တွေ၊ အားနည်းချက်တွေ ရှိနိုင်ပါတယ်။

    အဲဒီ လုံခြုံရေး အန္တရာယ်တချို့ကို လျော့နည်းစေဖို့၊ သုံးစွဲသူတွေအနေနဲ့ လုံခြုံမှု မရှိတဲ့ သူတို့ ဖုန်းရဲ့ အားနည်းချက်အပြင်၊ set-up options တွေကို သတိထားရမယ်။ ဖြစ်နိုင်ချေ ပြဿနာတွေကို သင် သိရှိလာတာနဲ့၊ အကာအကွယ်မှုတွေကို ထားရှိပြီး၊ ကြိုတင်ကာကွယ်မှုတွေကို လုပ်ဆောင်နိုင်တယ်။

    ဘိုနာ - လက်ကိုင်ဖုန်းရဲ့ အားသာချက် တခုကတော့ ကျွန်တော်တို့ စကားပြောနေတဲ့အချိန်မှာ ချောင်းနားထောင်လို့ ရတဲ့ ရိုးရိုးဖုန်းတွေကို မသုံးပဲ၊ ဈေးထဲ လမ်းလျှောက်နေရင်း ကျွန်ုပ်တို့ရဲ့ လက်ကိုင်ဖုန်းတွေကို အသုံးပြုပြီး အစည်းအဝေးတွေ စီစဉ်မယ် ဆိုရင် ကျွန်တော်တို့ ရှိနေတဲ့နေရာကို သူတို့ သိနိုင်ကြမှာ မဟုတ်ဘူး။

    ဒေလီ - ကောင်းပါပြီ၊ ဒါဆို သူတို့ဟာ ဖုန်းကုမ္ပဏီတွေနဲ့ အဆက်အသွယ်ရှိကြတယ်လို့ ပြောချင်တာလား။

    ဘိုနာ - လူတချို့က ပြောကြတယ်၊ သတင်း အချက်အလက်တွေကို ရယူနိုင်ဖို့ ဖုန်း နည်းပညာရှင်တွေကို လဒ်ထိုးခဲ့ကြတယ်တဲ့။

    ဒေလီ - အကယ်လို့ သင်ဟာ ဒီဖုန်းကို subscription လုပ်တဲ့ နေရာမှာ ကိုယ်ရေး အချက်အလက်တွေနဲ့ လိပ်စာကို သုံးပြီး sign up လုပ်တယ် ဆိုရင်၊ ဖုန်းကို တခါတခါ ခေါ်လိုက်တဲ့အချိန်တိုင်း သင့်ကို ခြေရာခံလို့ ရတယ်၊ ဖုန်း ခေါ်ဆိုမှု မှတ်တမ်းက သင် ဖြည့်စွတ်ခဲ့တဲ့ ဖုန်း subscription နဲ့ ကိုယ်ရေး အချက်အလက်တွေကို ချိတ်ဆက်ထားတယ်။ သင့်ရဲ့ ကိုယ်ပိုင် ID နဲ့ sign up လုပ်ခဲ့သလား။

    ဘိုနာ - မလုပ်ပါဘူး၊ ကျွန်တော့် ဦးလေး ဆိုင်က တပတ်ရစ် ဖုန်းတလုံးကို ၀ယ်လိုက်တာပါ၊ သူက အန္တရာယ်ကင်းကင်း သုံးနိုင်တယ်လို့ ပြောပါတယ်။ သူကပဲ ကြိုတင်ဖြည့်ကဒ် တခုကို ရွေးပြီး ၀ယ်ပေးတာပါ။

    ဒေလီ - ဟုတ်တယ်၊ အဲဒါကို SIM card လို့ခေါ်တယ်။ ဖုန်းကုမ္ပဏီဟာ ဖုန်းနံပါတ်၊ SIM ကဒ်နံပါတ်၊ ဖုန်းရဲ့ ကိုယ်ပိုင် နံပါတ်နဲ့၊ ခေါ်ဆိုမှု (သို့) ထုတ်လွှင့်မှုတွေကို တခုချင်း ခြေရာခံကြတယ်။ ဒါကြောင့်၊ အကယ်လို့ သူတို့က သင်ပိုင်ဆိုင်တဲ့ ဖုန်းနံပါတ်၊ ဖုန်းရဲ့ ကိုယ်ပိုင် နံပါတ်၊ SIM ကဒ် နံပါတ်ကို သိထားတယ် ဆိုရင်၊ သူတို့ရဲ့ အဆက်အသွယ်တွေကို စစ်ဆေးပြီး သင် သုံးစွဲနေတဲ့ ဖုန်းအမျိုးအစားတွေကို သိရှိနိုင်တယ်။

    ဘိုနာ - ဒါဆို သူတို့က ကျွန်တော့် လက်ကိုင်ဖုန်းကနေ စကားပြောတာတွေကိုလည်း နားထောင်နိုင်တာပေါ့။

    ဒေလီ - ခင်ဗျားရဲ့ အနေအထားမှာတော့၊ ဦးလေးကို ကျေးဇူးတင်ရမှာပါ၊ ဖုန်းကို ခင်ဗျားကိုယ်တိုင် မှတ်ပုံတင်တာ မဟုတ်ဘူး၊ SIM ကဒ်လည်း ခင်ဗျားနဲ့ အဆက်အစပ် မရှိဘူး။ SIM ကဒ်နဲ့ ဖုန်းရှိတဲ့နေရာကို သူတို့ သိရင်တောင်မှ ခင်ဗျားဟာ ဘယ် SIM ကဒ်နဲ့ ဘယ်သူ့ဖုန်းကို ဆက်သွယ်နေတယ် ဆိုတာ သိနိုင်ကြမှာ မဟုတ်ဘူး။

    လက်ကိုင်ဖုန်း လုံခြုံရေးအတွက် လက်တွေ့ သိကောင်းဖွယ်ရာများ

    တခြား devices တွေလိုပဲ၊ လက်ကိုင်ဖုန်းထဲက သတင်း အချက်အလက်တွေ အန္တရာယ် ကင်းရှင်းဖို့ ပထမဆုံး ကာကွယ်ရေး အစီအစဉ်ကတော့ ဖုန်းရဲ့ ကိုယ်ထည်နဲ့ SIM ကဒ် ကို တယောက်ယောက်က ယူမသွားအောင် (သို့) လက် မဆော့မိအောင် ကာကွယ်ဖို့ ဖြစ်ပါတယ်။

    • ဖုန်းကို ကိုယ်နဲ့အတူ အမြဲတမ်း ဆောင်ထားပါ။ ဒီတိုင်း ပစ်မထားပါနဲ့။ ဖုန်းကို လူမြင်ကွင်းမှာ မပြပါနဲ့။

    • ဖုန်း လုံခြုံရေး သော့ ကုဒ်နံပါတ်တွေ (သို့) ကိုယ်ပိုင် နံပါတ်တွေ (PINs) ကို အမြဲတမ်း အသုံးပြုပြီး (တခြားလူတွေက မသိအောင်) လျှို့ဝှက်ထားပါ။ default factory settings အတိုင်းပဲ အမြဲတမ်း ပြင်ဆင်ပါ။

    • SIM ကဒ်၊ အပို မှတ်ဉာဏ်ကဒ်၊ ဘက်ထရီနဲ့ ဖုန်းတွေမှာ သူစိမ်း တဦးတယောက်က ရုတ်တရက် မမှတ်မိနိုင်တဲ့ နေရာ (အမှတ်အသားငယ်၊ ရုပ်ပုံငယ်၊ စာလုံး (သို့) နံပါတ်၊ သာမန် အလင်းရောင်မှာ မမြင်နိုင်အောင် ခရမ်းလွန်ရောင်ခြည်နဲ့ အမှတ်အသား လုပ်ထားပါ) မှာ အမှတ်အသား လုပ်ပါ။ လုံခြုံရေး အကာအကွယ် လေဘယ်တို့ (သို့) တိပ်တို့ကို ဖုန်းဆက်ရာတွေ (joints ) မှာ ကပ်ထားပါ။ ဒီနည်းနဲ့ ဘယ်နေရာကို ခွါထားတယ် (သို့) လဲထားတယ် (လေဘယ်နဲ့ တိပ် နေရာလွဲတာတို့၊ လက်စလက်န ကျန်ခဲ့တာတို့) စတာတွေကို အလွယ်တကူ သိနိုင်မယ်။

    • SIM ကဒ်၊ အပို မှတ်ဉာဏ်ကဒ်တွေနဲ့ ဖုန်း မှတ်ဉာဏ်ထဲမှာ သိမ်းထားတဲ့ အချက်အလက်တွေကို သတိရပါ။ အထိခိုက် မခံတဲ့ အချက်အလက်တွေကို ဖုန်းထဲမှာ မထားပါနဲ့။ အဲဒီလို သတင်း အချက်အလက်တွေကို သိမ်းထားချင်တယ် ဆိုရင်၊ လိုအပ်တဲ့အခါ အလွယ်တကူ ဖြုတ်တပ်လို့ရတဲ့ ပြင်ပ မှတ်ဉာဏ် ကဒ်တွေထဲမှာ သိမ်းထားပါ - အသေးစိတ် အချက်အလက်တွေကို ဖုန်းမှတ်ဉာဏ်ထဲမှာ မသိမ်းထားပါနဲ့။

    • SIM ကဒ်နဲ့ (ဖုန်းထဲက) အပို မှတ်ဉာဏ် ကဒ်တွေထဲမှာ အထိခိုက်မခံတဲ့ ဆက်သွယ်တဲ့ လိပ်စာတွေနဲ့ SMS စာတိုပေးပို့ချက်တွေ ပါရှိနိုင်တဲ့အတွက် ကောင်းကောင်း ကာကွယ်ထားပါ။ ဥပမာ အားဖြင့်၊ ဖုန်းကို ဆိုင်မှာ ပြုပြင်နေတဲ့အချိန်မှာ ဒီအတိုင်း ပစ်မထားပါနဲ့။

    • ဖုန်းကို စွန့်ပစ်တဲ့အခါ အဲဒီအထဲမှာ၊ SIM ထဲမှာ (သို့) မှတ်ဉာဏ်ကဒ် (ဖုန်း (သို့) ကဒ်တွေဟာ ပျက်သွား (သို့) သက်တမ်း ကုန်သွားရင်) ထဲမှာ သတင်း အချက်အလက်တွေ ပါမသွားအောင် ဂရုစိုက်ပါ။ SIM ကဒ်တွေကို ထုချေပြီး ဖျက်ဆီးပစ်တာ အကောင်းဆုံး option ဖြစ်တယ်။ အကယ်လို့ ဖုန်းကို သူများကို ပေးချင်တယ်၊ ရောင်းချင်တယ် (သို့) ပြန်သုံးချင်တယ် ဆိုရင် အထဲက သတင်း အချက်အလက်တွေကို ဂရုတစိုက် ပယ်ဖျက်ပစ်ပါ။

    • စိတ်ချရတဲ့ ဖုန်း အရောင်းဆိုင်တွေနဲ့ ဖုန်းပြင်တဲ့ဆိုင်တွေမှာ သွားပါ။ ဒီနည်းနဲ့ တပတ်ရစ် ဖုန်းတွေ ၀ယ်တဲ့အခါ (သို့) ဖုန်း ပြင်တဲ့အခါ သတင်း အချက်အလက်တွေကို အန္တရာယ် ဖြစ်စေမှုကို လျော့နည်းစေနိုင်တယ်။ ဖုန်းကို တရားဝင် ဖွင့်ထားတဲ့ဆိုင်မှာ ၀ယ်ယူပြီး ဖုန်းဆိုင်မှာ ကျပန်းနဲ့ ရွေးဝယ်ပါ - ဒီနည်းနဲ့ ဖုန်းထဲမှာ အထူး စီမံထားတဲ့ ထောက်လှမ်းရေး ဆော့ဗ်ဝဲတွေ ကြိုတင် install မလုပ်အောင် တားဆီးနိုင်ပါတယ်။

    • ဖုန်းအထဲက သတင်း အချက်အလက်တွေကို ကွန်ပျူတာထဲမှာ ပုံမှန် Back up လုပ်ထားပါ။ Back up ကို အန္တရာယ် ကင်းကင်းနဲ့ လုံလုံခြုံခြုံ သိမ်းထားပါ (အခန်း ၄။ ကွန်ပျူတာ အတွင်းရှိ အထိခိုက်မခံတဲ့ ဖိုင်များ ကာကွယ်နည်း ကို ဖတ်ရှုပါ)။ အကယ်လို့ ဖုန်း ပျောက်သွားရင်၊ ဒီလိုနည်းနဲ့ ဒေတာတွေကို ပြန်ယူလို့ ရတယ်။ backup တခု လုပ်တဲ့အခါ ဘယ်အချက်အလက်ဟာ (ဖုန်း ပျောက်သွားတာတို့ (သို့) အခိုးခံရတာတို့ ကြုံရတဲ့အခါ) အန္တရာယ် ရှိနိုင်တယ် စတာတွေကို သတိထားမိမှာ ဖြစ်တဲ့အတွက်၊ လိုအပ်တဲ့ ကာကွယ်မှုတွေကို ဆောင်ရွတ်နိုင်ပါတယ်။

    • အစဉ်လိုက် ဒစ်ဂျစ် ၁၅ လုံး (သို့) IMEI (International Mobile Equipment Identity) နံပါတ်နဲ့ ဖုန်းကို သိရှိနိုင်ပြီး၊ ဖုန်းအများစုမှာ *#06# နှိပ်ရင် တွေ့နိုင်တယ်၊ (သို့) ဖုန်း ဘက်ထရီ နောက်ကျောမှာ ဖြစ်ဖြစ် (သို့) ဖုန်း settings ထဲမှာ စစ်ကြည့်ရင် တွေ့ရှိနိုင်တယ်။ ဒီနံပါတ်ကို မှတ်ထားပြီး ဖုန်းနဲ့ သီးခြား သိမ်းထားပါ၊ အကယ်လို့ အခိုးခံရရင် ဒီနံပါတ်နဲ့ အမြန် ခြေရာပြန်ခံနိုင်ပါတယ်။

    • ဖုန်းကို service provider ဆီမှာ မှတ်ပုံတင်ရခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးကို စဉ်းစားထားပါ။ အကယ်လို့ ဖုန်းပျောက်သွားခဲ့ရင်၊ service provider က ဖုန်းကို မသုံးနိုင်အောင် တားဆီးပေးနိုင်တယ်။ သို့ပေမဲ့၊ မှတ်ပုံတင်တယ် ဆိုတာ အသုံးပြုနေတဲ့ ဖုန်းဟာ သင့်ရဲ့ အထောက်အထားနဲ့ ဆက်စပ်မှု ရှိနေတာကို ဆိုလိုပါတယ်။

    အခြေခံ functions များ၊ ခြေရာခံနိုင်ခြင်းနဲ့ အမည်ဝှက်ခြင်း

    ဖုန်း အ၀င်အထွက် ခေါ်ဆိုမှုတွေ (သို့) အဆက်အသွယ်တွေ လုပ်နိုင်အောင်၊ သင့်ရဲ့ ဖုန်းဟာ သင်နဲ့ အနီးဆုံး အချက်ပြတိုင်တွေဆီကို သတင်းပို့လိုက်ပါတယ်။ ဒီသတင်းပို့ချက်တွေ၊ ဆက်သွယ်မှုတွေကြောင့် network service provider က သင့်ရဲ့ လက်ကိုင်ဖုန်း တည်ရှိတဲ့ နေရာအတိအကျကို အချိန်နဲ့တကွ သိရှိနေတယ်။

    ဘိုနာ - ဒီဖုန်းနဲ့ ပါတ်သက်ပြီး ငါ သိရှိထားရမဲ့အချက် ရှိသလား။

    ဒေလီ - ရှိတယ် ဆိုရမှာပဲ၊ အဲဒါကတော့ အဖေ့ကို တယောက်ယောက်က ခြေရာခံလိုက်နေတယ်လို့ တကယ် သံသယ ရှိမရှိ ဆိုတဲ့အချက်ပေါ် မူတည်တယ်။

    ဘိုနာ - ဒီလိုတော့ သိပ်မထင်ဘူး၊ ဒါပေမဲ့ သူတို့က တကယ်ပဲ ခြေရာခံနိုင်သလား။

    ဒေလီ - ဟုတ်ကဲ့၊ ကောင်းပါပြီ၊ အကယ်လို့ အဖေ့ ဖုန်းကို ဖွင့်ထားတယ် ဆိုရင်၊ နည်းပညာသမားကလည်း network traffic ကို ချိတ်ထားတယ် ဆိုရင်၊ သူတို့ system ထဲမှာ ရှိတဲ့ ဘယ်ဖုန်းဟာ အဖေ့ရဲ့ ဖုန်း ဖြစ်တယ် ဆိုတာကို သိနိုင်တယ်။

    ဘိုနာ - ဒါတော့ မဖြစ်နိုင်ပါဘူး၊ ဘာလို့လဲ ဆိုတော့ အဲဒီနေရာကို သွားတဲ့အခါ ဖုန်းဆက်မှာ မဟုတ်ဘူးလေ။

    ဒေလီ - အဲဒါကတော့ ကိစ္စမရှိပါဘူး၊ အဖေရယ်။ အဖေ့ ဖုန်းဟာ အဖေ့ ဆီမှာပဲ ရှိနေတယ်၊ အားသွင်းထားပြီး သုံးဖို့ အဆင်သင့် ရှိနေသမျှကာလပတ်လုံး အဖေ ဘယ်ကို သွားနေတယ် ဆိုတာကို အနီးဆုံး network တိုင်တွေကို အသိပေးနေတယ်၊ ဒါက သူလုပ်ရမဲ့ အရာပဲလေ။ ဒါကြောင့် သတ်မှတ်တဲ့ အချိန်တခုမှာ၊ အဖေ ရောက်နေတဲ့ နေရာဟာ ဖုန်း network နဲ့ အနီးဆုံး တိုင်တွေရဲ့ အကြားမှာ ရှိနေတယ်။

    ဘိုနီ - ဒါဆိုရင် အဲဒီနေရာကို ရောက်တဲ့အထိ ဖုန်းပိတ်ထားရင်ကော မဖြစ်ဘူးလား။

    ဒေလီ - ကောင်းပါတယ်၊ အကောင်းဆုံး နည်းကတော့ ဖုန်းကို ယူမသွားဖို့ပဲ။ နောက် အကောင်းဆုံးနည်း တခုကတော့ အဲဒီနေရာကို မသွားခင်နဲ့ နဂိုနေရာကို ပြန်မရောက် မချင်း ဖုန်းပိတ်ထားပြီး ဘက်ထရီကိုပါ ထုတ်ထားလိုက်ပါ။

    ဘိုနာ - ဘာပြောတယ်၊ ဖုန်းပိတ်ထားရမယ် ဟုတ်လား။

    ဒေလီ - ကောင်းပါပြီ၊ လုံလုံခြုံခြုံ ရှိဖို့အတွက် ဘက်ထရီကို ထုတ်လိုက်ရတာပါ - ဖုန်းဟာ လှိုင်း ထုတ်လွှင့်နေတဲ့ ကိရိယာ တခုပါပဲ၊ ဘက်ထရီ ထည့်ထားတဲ့အချိန်မှာ အဖေ မသိလိုက်ပဲ တယောက်ယောက်က ဖွင့်ဖို့ အခွင့်အရေး ရသွားနိုင်တယ်။

    အမည်ဝှက်ခြင်း အကြောင်း

    အကယ်လို့ သင်ဟာ အထိခိုက်မခံတဲ့ ဖုန်းပြောဆိုမှုတွေ လုပ်နေတယ် (သို့) အထိခိုက်မခံတဲ့ SMS စာတိုလေးတွေ ပေးပို့နေတယ် ဆိုရင်၊ လက်ကိုင်ဖုန်း အားလုံးကို ခြေရာခံနိုင်တဲ့ အပေါ်က 'feature' ကို သတိထားပါ။ အောက်က အဆင့်တွေကို လိုက်နာကျင့်သုံးဖို့ စဉ်းစားပါ -

    • တခါတလေ ဖုန်းခေါ်တဲ့အချိန်ကို နေရာခြားပြီး ပြောပါ၊ သင်နဲ့ ဆက်စပ်မှု မရှိတဲ့ နေရာကို ရွေးပါ။

    • ဖုန်းကို ပိတ်လိုက်ပါ၊ ဘက်ထရီကို ဖြုတ်ထားပါ၊ ဖုန်းခေါ်ချင်တဲ့ နေရာကို သွားပြီး ဖုန်းကို ဖွင့်ပါ၊ စကားပြောလိုက်ပါ၊ ပြီးတဲ့အခါ ဖုန်းကို ပြန်ပိတ်ပြီး ဘက်ထရီကို ဖယ်ထုတ်လိုက်ပါ။ ဒီလို အလေ့အကျင့်နဲ့၊ ဖုန်း တခါတလေ ခေါ်တဲ့ အချိန်တွေမှာ network က သင့်ရဲ့ လှုပ်ရှားမှုတွေကို ခြေရာခံနိုင်မှာ မဟုတ်ဘူး။

    • ဖုန်းနဲ့ SIM ကဒ်တွေ ကို မကြာခဏ ပြောင်းပါ။ မိတ်ဆွေတွေ (သို့) တပတ်ရစ် ဈေးတွေကနေ လှည့်သုံးပါ။

    • အကယ်လို့ ဖြစ်နိုင်တယ် ဆိုရင် မှတ်ပုံတင် မထားတဲ့ ကြိုတင် ငွေဖြည့်ကဒ်တွေကို သုံးပါ။ ဖုန်းနဲ့ SIM ကဒ်တွေကို အကြွေးဝယ်ကဒ်နဲ့ မ၀ယ်ပါနဲ့၊ ဒါမှမဟုတ်ရင် အဲဒီ အရာတွေနဲ့ သင့်အကြား အဆက်အစပ် ရှိသွားနိုင်တယ်။

    ဘိုနာ - ငါ့ ဖုန်းကို ပိတ်ထားရင်တောင် ငါ ရောက်နေတဲ့ နေရာကို အချက်ပြတိုင်တွေဆီ သတင်းပို့မယ်လို့ မင်း ပြောထားတယ်နော်။

    ဒေလီ - ဟုတ်ပါတယ်၊ အဖေ။ ဒါကတော့ အဆိုးဆုံး အနေအထားပါပဲ။

    ဘိုနာ - ဒီလိုလား။

    ဒေလီ - ကောင်းပါပြီ၊ အဖေ့ ဖုန်းထဲမှာ ပရိုဂရမ်တွေကို တိတ်တဆိတ် install လုပ်ထားပြီး အဝေးကနေ ဖုန်းကို ဖွင့်၊ အဖေ မသိရပဲ နံပါတ်တခုခုကို ခေါ်ဆိုနိုင်တယ်။ အဲဒီနောက်၊ အစည်းအဝေးကို စတဲ့အခါ၊ အဖေရဲ့ ဖုန်းဟာ အသံဖမ်းယူနိုင်ပြီး အသံ ထုတ်လွှင့်နိုင်တဲ့ ကိရိယာ တခုလို့ အလုပ်လုပ်လာမှာ ဖြစ်တယ်။

    ဘိုနာ - မဖြစ်နိုင်တာ၊ တကယ် ဟုတ်လို့လား။

    ဒေလီ - ကောင်းပါပြီ၊ အဲဒါဟာ နည်းပညာအရ အလွယ်လေးနဲ့ လုပ်နိုင်တာပဲ။ ဒါပေမဲ့ ဘက်ထရီ ပိတ်ထားရင်တော့ ဘာမှ လုပ်နိုင်မှာ မဟုတ်တဲ့အတွက်၊ အဖေ့အတွက်လည်း အန္တရာယ် ကင်းရှင်းနေလိမ့်မယ်။

    ဘိုနီ - တော်ရုံတန်ရုံ သတိထားနေရမဲ့ နေရာတွေမှာ ယူမသွားတာ ပိုကောင်းမယ် ထင်တယ်။ ဒီလိုဆိုရင် ဒီဖုန်းကို မသုံးတာတောင် ပိုကောင်းနေမလား မသိပါဘူး။

    ဒေလီ - အဖေရယ်။ အသစ်အဆန်းတွေကို မကြောက်ဖို့ အဖေပဲ ပြောခဲ့တယ် မဟုတ်လား။ လက်ကိုင်ဖုန်းတွေလည်း အဲဒီအတိုင်းပါပဲ၊ ကောင်းကျိုးတွေ၊ ဆိုးကျိုးတွေ သိဖို့ပဲ လိုတယ်။ ဂရုစိုက်ပါ။ ဒီဆိုးကျိုးတွေကို သိထားရင်၊ အဲဒါတွေကို ရှောင်ရှားနိုင်မှာ ဖြစ်တယ်။

    ခိုးနားထောင်ခြင်း အကြောင်း

    သင့်ရဲ့ ဖုန်းထဲက မိုက်ခရိုဖုန်းဟာ ဖမ်းယူနိုင်တဲ့ အကွာအဝေးအတွင်းက ဘယ်လို အသံမျိုးကို မဆို သင် မသိလိုက်ပဲ ဖမ်းယူနိုင်တယ်၊ ထုတ်လွှင့်နိုင်တယ်။ တချို့ ဖုန်းတွေကို အဝေးကနေ လှမ်းဖွင့်လို့ ရတယ်၊ ဒီအတိုင်း ကြည့်ရင်၊ ဖုန်းပိတ်ထားနေသယောင် ယူဆနိုင်တယ်။

    • စိတ်မချတဲ့ သူတွေကို ဘယ်တော့မှ ဖုန်းကို ပေးမကိုင်စေနဲ့၊ မဟုတ်ရင် ဒီနည်းနဲ့ သင့်ရဲ့ ဖုန်းထဲမှာ ထောက်လှမ်းရေး ဆော့ဗ်ဝဲကို install လုပ်နိုင်တဲ့ အခွင့်အလမ်း ရသွားစေနိုင်တယ်။

    • အကယ်လို့ သင်ဟာ လျှို့ဝှက်ပြီး အရေးကြီးတဲ့ အစည်းအဝေးတွေ လုပ်နေတယ် ဆိုရင်၊ သင့်ရဲ့ ဖုန်းကို ပိတ်ထားပြီး ဘက်ထရီကို ဖြုတ်ထားလိုက်ပါ။ (သို့) ဖုန်းကို ယူသွားဖို့ အကြောင်း မရှိရင်၊ ဘေးအန္တရာယ် မရှိတဲ့နေရာမှာ ထားခဲ့နိုင်တယ်။

    • သင်နဲ့ အဆက်အသွယ်လုပ်နေတဲ့ ပုဂ္ဂိုလ်တွေကလည်း ဒီမှာ ဖေါ်ပြထားတဲ့ အကာအကွယ်တွေကို လုပ်ထားဖို့ အကူအညီပေးပါ။

    • နောက်ပြီး၊ လူများတဲ့နေရာ၊ စိတ်မချတဲ့နေရာတွေမှာ ဖုန်းကို အသုံးပြုတယ် ဆိုရင် သမာရိုးကျ ခိုးနားထောင်တဲ့ နည်းလမ်းတွေနဲ့ ကြုံရနိုင်ပြီး ဖုန်းကိုလည်း အခိုးခံရနိုင်တယ် ဆိုတာ မမေ့ပါနဲ့။

    ဖုန်းခေါ်ဆိုချက်များကို ကြားဖြတ် နားထောင်ခြင်း

    ပုံမှန်အားဖြင့်၊ လက်ကိုင်ဖုန်း network ကတဆင့် ဖြတ်သွားတဲ့ အသံ ဆက်သွယ်မှုတွေ (စာတိုပေးပို့ချက် အပါအ၀င်) ကို စာဝှက်ပေးတဲ့ အနေအထား အတော်လေး အားနည်းနေတယ်။ ကြားလူတွေက ရေးသား ပေးပို့ချက်တွေကို ကြားဖြတ်တာတို့၊ ဖုန်းခေါ်ဆိုမှုတွေကို ခိုးနားထောင်တာဆို့ လုပ်ပေးနိုင်တဲ့ တန်ဖိုးနည်း နည်းပညာတွေ ရှိနေတယ်၊ အကယ်လို့ အဲဒီ နည်းပညာတွေဟာ ဖုန်းအနီးအနားမှာ ရှိနေတယ် ဆိုရင် သူတို့ဆီက ထုတ်လွှင့်ချက်တွေကို ရရှိနေမှာ ဖြစ်တယ်။ လက်ကိုင်ဖုန်း ပံ့ပိုးသူတွေက သင့်ရဲ့ အသံ ခေါ်ဆိုမှုနဲ့ စာတိုပေးပို့ချက်တွေကို ကြည့်ရှုနိုင်ပါတယ်။

    ဖုန်းခေါ်ဆိုမှုတွေကို လက်ကိုင်ဖုန်း ပံ့ပိုးသူကတောင် ခိုးနားထောင်လို့ မရအောင် စာဝှက်ပေးနိုင်တဲ့ နည်းတွေဟာ လောလောဆယ် အချိန်မှာတော့ ဈေးကြီးနေတဲ့အပြင် နည်းပညာအရ နှေးကွေးနေသေးတယ် - ဒါပေမဲ့၊ အဲဒီ ဆော့ဗ်ဝဲတွေဟာ မကြာခင် ဈေးချိုလာလိမ့်မယ်လို့ ယူဆရတယ်။ စာဝှက်စနစ်ကို သုံးစွဲဖို့၊ အရင်ဦးဆုံး စာဝှက်တဲ့ ဆော့ဗ်ဝဲကို ဖုန်းထဲမှာ install လုပ်ရမှာ ဖြစ်တဲ့အပြင် သင်နဲ့ အဆက်အသွယ် လုပ်ဖို့ ကြံရွယ်ထားတဲ့ သူရဲ့ ကိရိယာထဲမှာလည်း install လုပ်ထားရမယ်။ အဲဒါပြီးရင် ဒီဆော့ဗ်ဝဲနဲ့ စာဝှက်ထားတဲ့ ခေါ်ဆိုမှုတွေ၊ စာတိုတွေကို လက်ခံ၊ ပေးပို့နိုင်တယ်။ စာဝှက်ပေးတဲ့ ဆော့ဗ်ဝဲဟာ လောလောဆယ်မှာတော့ စမတ်ဖုန်းလို့ ခေါ်တဲ့ မိုဒယ်တချို့မှာပဲ သုံးစွဲနိုင်တယ်။

    Skype နဲ့ လက်ကိုင်ဖုန်းတို့ အကြား ဆက်သွယ် စကားပြောမှုတွေကိုလည်း စာဝှက်မထားဘူး၊ တချို့ အခြေအနေမျိုးမှာ၊ အချက်ပြစနစ်ဟာ စနစ်တကျ စာဝှက်စနစ် မပါရှိတဲ့ လက်ကိုင်ဖုန်း network ထဲ ၀င်သွားတတ်ပါတယ်။

    စာသားသက်သက် အခြေခံတဲ့ ဆက်သွယ်ရေးများ - SMS / စာတိုပေးပို့ချက်များ

    အထိခိုက်မခံတဲ့ အချက်အလက်တွေကို လုံလုံခြုံခြုံ ထုတ်လွှင့်နိုင်ဖို့ စာတိုပေးပို့တဲ့ ၀န်ဆောင်မှုတွေကို အားကိုးလို့ မရဘူး။ ဒီစာတွေဟာ စာသား သက်သက်နဲ့ ပေးပို့တာ ဖြစ်ပြီး အရေးကြီးတဲ့ လုပ်ငန်းတွေအတွက် မသင့်လျော်ပါဘူး။

    ဘိုနာ - ငါ့ လက်ကိုင်ဖုန်းနဲ့ ဖုန်းမခေါ်ပဲ၊ စာတိုလေးတွေကိုပဲ ပေးပို့တာ၊ လက်ခံတာတွေ လုပ်ရင် မဖြစ်ဘူးလား။ ဘာမှ မပြောရင် တယောက်ယောက်က နားထောင်မဲ့ အရာလည်း မရှိတော့ဘူးပေါ့၊ ဒီနည်းက အတော်လေး မြန်တယ် မဟုတ်ဘူးလား။

    ဒေလီ - ခဏနေပါအုံး။ ဒီစာတိုလေးတွေဟာ ဖုန်းကုမ္ပဏီရဲ့ traffic ထဲ ၀င်နိုင်တဲ့သူ၊ ပစ္စည်း ကိရိယာ ကောင်းကောင်း အသုံးပြုထားတဲ့ ဘယ်သူမဆို network ထဲက အချက်ပြတိုင် တခုပြီး တခုမှာ save လုပ်ထားပြီး စာသား သက်သက်နဲ့ သွားလာနေတဲ့ အဲဒီ စာတိုပေးပို့ချက်တွေကို ဖမ်းယူနိုင်တယ်၊ ဖတ်ရှုနိုင်တယ်၊ အလွယ်တကူ ကြားဖြတ်နိုင်တယ်။

    ဘိုနာ - ဒီလိုဆို အတော်လေး ဆိုးတာပဲ။ ငါ ဘာလုပ်ရမလဲ။ စစ်ပွဲအတွင်းမှာ လုပ်ခဲ့ကြသလို ကုဒ်နဲ့ စာရေးရတော့မှာပေါ့။

    ဒေလီ - ဟုတ်ပါတယ်၊ တခါတလေ ရှူးဖိနပ် အဟောင်း တကာ့ အဟောင်းကလည်း သက်တောင့် သက်သာ အရှိဆုံးတွေ ဖြစ်လာတတ်တာပဲ။

    SMS စာတိုပေးပို့ချက်တွေကို service operator က ဖြစ်ဖြစ်၊ ဈေးသိပ်မကြီးတဲ့ ကိရိယာကို အသုံးပြုတဲ့ ကြားလူတွေက ကြားဖြတ်နိုင်တယ်။ ဒီစာတိုပေးပို့ချက်တွေထဲမှာ ပေးပို့သူနဲ့ လက်ခံသူတွေရဲ့ ဖုန်းနံပါတ်ကို စာအကြောင်းအရာနဲ့တကွ ပါသွားလိမ့်မယ်။ ဒီ့အပြင်၊ SMS စာတိုလေးတွေကို ကြားလူတွေက အလွယ်တကူ ပြင်ဆင်ပြီး အတုလုပ်လို့ ရတယ်။

    သင်နဲ့ လက်ခံရရှိသူတွေအကြားက ကုဒ် နည်းစနစ်တခုကို စဉ်းစားကြည့်ရအောင်။ ကုဒ်တွေဟာ သင့်ရဲ့ ဆက်သွယ်ရေး လမ်းကြောင်းကို ပိုမို လုံခြုံစေပြီး၊ သင်နဲ့ အဆက်အသွယ်လုပ်နေတဲ့ ပုဂ္ဂိုလ်ရဲ့ အထောက်အထားကို အတည်ပြုနိုင်တဲ့ နောက်ထပ် နည်းလမ်းတမျိုးကို ပံ့ပိုးပေးနိုင်တယ်။ ကုဒ်စနစ်တွေဟာ လုံခြုံမှု ရှိဖို့ လိုပြီး မကြာခဏ ပြောင်းပေးဖို့ လိုတယ်။

    SMS စာတိုပေးပို့ချက်လေးတွေကို ထုတ်လွှင့်ပြီးတဲ့အခါ ကြည့်ရှုနိုင်တယ် -

    • နိုင်ငံ အတော်များများမှာ၊ ဥပဒေအရ network providers တွေဟာ သူတို့ရဲ့ ဖေါက်သည်တွေက ပေးပို့တဲ့ စာတိုပေးပို့ချက် အားလုံးကို ရေရှည် မှတ်တမ်း တင်ထားလေ့ ရှိကြတယ်။ အများအားဖြင့် SMS စာတွေကို providers တွေက စီးပွားရေး လုပ်ငန်းအတွက်၊ စာရင်းဇယား (သို့) အငြင်းပွားမှုတွေအတွက် သိမ်းဆည်းထားကြပါတယ်။

    • ဖုန်းထဲမှာ Save လုပ်ထားတဲ့ စာတိုလေးတွေကို သင့်ရဲ့ ဖုန်းကို လက်ဝယ်ရရှိသွားတဲ့ လူတိုင်းက ကြည့်ရှုနိုင်တယ်။ လက်ခံရရှိပြီး ပေးပို့လိုက်တဲ့ စာတိုပေးပို့ချက် အားလုံးကို တခါထဲ ပယ်ဖျက်ဖို့ စဉ်းစားပါ။

    • တချို့ ဖုန်းတွေမှာ ဖုန်းခေါ်ဆိုမှု မှတ်တမ်း (သို့) စာတို ပေးပို့မှု မှတ်တမ်းကို disable လုပ်နိုင်တဲ့ အင်္ဂါရပ် ရှိတတ်ကြတယ်။ သင့်ရဲ့ ဖုန်းမှာ ဘာတွေ လုပ်လို့ ရတယ် ဆိုတာတွေကို လေ့လာထားပါ။ လက်စွဲစာအုပ်ကို ဖတ်ထားပါ။

    စကားပြောခြင်း၊ စာတိုပေးပို့ခြင်း အပြင် တခြား Functions များ

    လက်ကိုင်ဖုန်းတွေဟာ လက်စွဲ ကွန်ပျူတာ ကိရိယာတွေအဖြစ် ပြောင်းလဲလာတယ်၊ သူတို့ ကိုယ်ပိုင် operating systems တွေ ရှိလာကြပြီး သုံးစွဲသူတွေကို ၀န်ဆောင်မှု အမျိုးမျိုးပေးနိုင်တဲ့ ဒေါင်းလုဒ် လုပ်လို့ ရတဲ့ applications တွေ ပါရှိလာတယ်။ တဆက်တည်း၊ ဗိုင်းရပ်စ်တွေနဲ့ စပိုင်ဝဲတွေဟာ လက်ကိုင်ဖုန်း လောကထဲကို ထိုးဖေါက်လာကြတယ်။ ဗိုင်းရပ်စ်တွေဟာ ဖုန်းထဲမှာ နေရာယူလာနိုင်တယ်၊ တချို့ကတော့ အင်တာနက် ကနေ သင် ဒေါင်းလုဒ် လုပ်လိုက်တဲ့ applications တွေ၊ ring tones တွေ (ဖုန်းမြည်သံ)နဲ့ ရုပ်သံကဏ္ဍစုံ (multimedia) စာတိုလေးတွေနဲ့အတူ ရောပါလာတတ်တယ်။

    အစောပိုင်းက လက်ကိုင်ဖုန်း မိုဒယ်တွေ တချို့မှာ အင်တာနက် သုံးစွဲနိုင်တဲ့ functions တွေ အနည်းအကျဉ်း ပါလာသလို၊ မပါလာလည်း ရှိတယ်၊ လက်ကိုင်ဖုန်းကို သင် မသိတဲ့အချိန်မှာ အထိခိုက် မခံရအောင်၊ အောက်မှာ ဖေါ်ပြထားတဲ့ ဖုန်းနဲ့ ပါတ်သက်တဲ့ သတိထားရမဲ့ အချက်တွေကို ဂရုတစိုက်ထားဖို့ အရေးကြီးတယ်။ ဒီအထဲက တချို့ သတိထားရမဲ့ အချက်တွေဟာ စမတ်ဖုန်းတွေနဲ့ သက်ဆိုင်ပေမဲ့၊ သင်အသုံးပြုတဲ့ ဖုန်းက ဘာလုပ်ဆောင်နိုင်တယ် စသဖြင့်၊ လိုအပ်တဲ့ ဆောင်ရွတ်စရာတွေကို လုပ်ဆောင်နိုင်အောင်၊ အတိအကျ သိရှိထားဖို့ အလွန် အရေးကြီးတယ် -

    • အရေးကြီးတဲ့ ဖိုင်နဲ့ ဓါတ်ပုံတွေကို လက်ကိုင်ဖုန်းထဲမှာ မထားပါနဲ့။ အဲဒါတွေကို အခန်း ၄။ ကွန်ပျူတာ အတွင်းရှိ အထိခိုက်မခံတဲ့ ဖိုင်များ ကာကွယ်နည်း ထဲမှာ ဆွေးနွေးထားတဲ့အတိုင်း အမြန်ဆုံး တခြားနေရာကို ပြောင်းရွှေ့လိုက်ပါ။

    • ဖုန်း ခေါ်ဆိုမှု မှတ်တမ်းတွေ၊ စာတိုပေးပို့ချက်တွေ၊ လိပ်စာ မှတ်သားချက်တွေ၊ ဓါတ်ပုံ စတာတွေကို မကြာခဏ ဆိုသလ���ိ ပယ်ဖျက်ပေးပါ။

    • အကယ်လို့ ဖုန်းကနေ အင်တာနက် အသုံးပြုနေရင်၊ ကွန်ပျူတာပေါ်မှာ (HTTPS လို စာဝှက်ထားတဲ့ connection ကနေတဆင့် သတင်း အချက်အလက်တွေကို အမြဲတမ်း ပေးပို့ပါ) သင် လုပ်ဆောင်ခဲ့တဲ့ လုံခြုံရေး နည်းလမ်းတွေအတိုင်း လိုက်နာပါ။

    • ဖုန်းထဲမှာ malware မရှိဘူးလို့ စိတ်ချမှပဲ ကွန်ပျူတာနဲ့ ချိတ်ဆက်ပါ။ အခန်း ၁။ ကွန်ပျူတာကို malware နဲ့  hacker များရန်မှ ကာကွယ်နည်း ကို လေ့လာပါ။

    • သင် မသိကျွမ်းတဲ့အရာ၊ အတည်ပြုလို့ မရတဲ့ ring tones, wallpaper, java applications (သို့) တခြားမျှော်လင့်မထားတဲ့ အရင်းအမြစ်ကနေ လာတဲ့ ပရိုဂရမ်တွေကို လက်ခံပြီး ဖုန်းထဲမှာ install တာတွေ မလုပ်ပါနဲ့။ အဲဒီအထဲမှာ ဗိုင်းရပ်စ်တွေ၊ အန္တရာယ်ပေးတတ်တဲ့ ဆော့ဗ်ဝဲ (သို့) ထောက်လှမ်းရေး ပရိုဂရမ်တွေ ပါလာတတ်ပါတယ်

    ဖုန်းရဲ့ ပြုမှုပုံနဲ့ အလုပ်လုပ်ပုံတွေကို လေ့လာပါ။ နားမလည်တဲ့ ပရိုဂရမ်တွေ၊ လုပ်ငန်းစဉ်တွေ၊ ထူးဆန်းတဲ့ စာတို ပေးပို့ချက်တွေ၊ တည်ငြိမ်မှု မရှိတဲ့ လုပ်ငန်း လည်ပတ်မှုတွေကို စောင့်ကြည့်ပါ။ အကယ်လို့ ဖုန်းထဲမှာ သင် မသိရှိတဲ့ features တွေနဲ့ applications တွေ ရှိနေရင်၊ ဖြစ်နိုင်ရင် အဲဒါတွေကို disable လုပ်တာ ဖြစ်ဖြစ် (သို့) uninstall ဖြစ်ဖြစ် လုပ်လိုက်ပါ။

    • စကားဝှက်တွေ ပေးမထားတဲ့ WiFi access points တွေကို ချိတ်ဆက်တဲ့အခါ သတိထားပါ၊ အလားတူ ကွန်ပျူတာနဲ့ WiFi access points တွေကို ချိတ်ဆက်တဲ့အခါ သတိထားပါ။ လက်ကိုင်ဖုန်းဟာ ကွန်ပျူတာ တလုံးလိုပဲ၊ ကွန်ပျူတာတွေနဲ့ အင်တာနက်ကို အန္တရာယ် ဖြစ်စေတဲ့ အားနည်းချက်တွေနဲ့ မလုံခြုံမှုတွေကို ဖြန့်ဝေပေးပါတယ်။

    ဆက်သွယ်ရေး လမ်းကြောင်းတွေ ဖြစ်တဲ့ Infrared (IrDA), Bluetooth နဲ့ ကြိုးမဲ့ အင်တာနက် (WiFi) တွေကို ဖုန်းမှာ အသုံးမပြုတဲ့အခါ ပိတ်ထားလိုက်ပြီး disable လုပ်ထားနိုင်တယ်။ သုံးစွဲဖို့ လိုတဲ့အခါမှသာ သူတို့ကို ဖွင့်ပေးပါ။ စိတ်ချရတဲ့ အခြေအထာားနဲ့ နေရာတွေမှာပဲ သူတို့ကို သုံးပါ။ Bluetooth ဟာ အဲဒီပုံစံနဲ့ ဆက်သွယ်မှုတွေကို အလွယ်တကူ ခိုးနားထောင်နိုင်တဲ့အတွက် အဲဒါကို မသုံးတာ ပိုကောင်းပါတယ်။ အဲဒီအစား ဒေတာ လွဲပြောင်းတဲ့အခါ ကေဘယ်ကြိုး တချောင်းကို သုံးပြီး ဖုန်းကနေ နားကြပ်ကြိုး (သို့) ကွန်ပျူတာကို ဆက်သွယ်ပါ။

    ဆက်လက် ဖတ်ရှုရန်