သက်ဆိုင်ရာ ကိရိယာများ
နောက်ဆုံးပြင်ဆင်ထားသော22 February 2022
မာတိကာ
...မာတိကာ စတင်နေသည်...ဝဘ်ကိုရှာဖွေနေစဉ် သင်၏ကိုယ်ရေးကိုယ်တာနှင့် လုံခြုံရေးကိုကာကွယ်ရန် အောက်ပါကိရိယာများကို အသုံးပြုပါ။ အီးမေးလ်ပေးပို့ခြင်းနှင့်လက်ခံခြင်း; စာသား၊ အသံ သို့မဟုတ် ဗီဒီယိုမှတစ်ဆင့် စကားပြောခြင်း၊ ကြီးမားသောဖိုင်များကိုမျှဝေျခင္း သို့မဟုတ် အရေးကြီးသောစာရွက်စာတမ်းများကို ပူးပေါင်းဆောင်ရွက်ခြင်း။ သင်၏အွန်လိုင်းဆက်သွယ်ရေး၏ privacy ကိုကာကွယ်ရန်၊ ဖြစ်နိုင်သောအကောင့်အပေးအယူမှပြန်လည်ရယူခြင်း နှင့် လူမှုမီဒီယာအသုံးပြုသောအခါတွင် သင်ကိုယ်တိုင်နှင့် သင့်ဒေတာကိုကာကွယ်ရန် တို့ကိုလည်း လေ့လာနိုင်ပါသည်။
Security in a Box ကိရိယာအသုံးပြုမှု လမ်းညွှန်များ
ဝက်ဘ်ရှာဖွေခြင်း
Firefox
( အန်းဒရွိုက် ၊ iOS ၊ Linux ၊ Mac နှင့် Windows)
သင်၏ကိုယ်ရေးကိုယ်တာနှင့်လုံခြုံရေးကိုကာကွယ်ရန်အတွက် Chrome၊ Edge၊ Opera သို့မဟုတ် Safari အစား ပွင့်လင်းရင်းမြစ်ဖြစ်သော Firefox ဘရောက်ဇာ ကို အသုံးပြု၍ ဝက်ဘ်စာမျက်နှာများဖတ်ရှူရန်ကျွန်ုပ်တို့အနေဖြင့် အလေးအနက် အကြံပြုအပ်ပါသည်။
ဒေါင်းလုပ်ချပါ | ကျွနု်ပ်တို့ လမ်းညွှန် နှင့် ၎င်းတို့၏ လမ်းညွှန် ကိုကြည့်ပါ
Firefox Focus
အလိုအလျောက် ခြေရာခံသည်ကို ကာကွယ်ခြင်း နှင့် ကြော်ငြာပိတ်ဆို့ခြင်း ပါရှိသည့် ပို၍ ပေါ့ပါးသော Firefox ဗားရှင်း
ဒေါင်းလုပ်ချပါ|သူတို့၏လမ်းညွှန် ကိုကြည့်ပါ
အထွေထွေ ကိုယ်ရေးကိုယ်တာနှင့် လုံခြုံရေးအတွက် Firefox add-on များ
Firefox ကို ကျွန်ုပ်တို့ အကြံပြုထားသော်လည်း၊ အောက်ဖော်ပြပါ ထပ်တိုးပရိုဂရမ်များသည် အခြားဘရောက်ဆာများအတွက်လည်း ရနိုင်ပါသည်။
Privacy Badger
(Firefox ၊ Chrome ၊ Edge နှင့်Opera)
အခမဲ့နှင့် ပွင့်လင်းရင်းမြစ်ဖြစ်သော add-on နှင့် ဝက်ဘ်ကို သင်ရှာဖွေသောအခါတွင် သင့်ဒေတာများကို စုဆောင်းသည့် ခြေရာခံကိရိယာများကို ပိတ်ဆို့ထားပါ။
ဒေါင်းလုပ်ချပါ | ၎င်းတို့၏ လမ်းညွှန်ချက် ကိုကြည့်ပါ
uBlock Origin
(Firefox ၊ Chrome ၊ Edge နှင့် Opera)
ဝက်ဘ်ကို သင်ရှာဖွေသောအခါတွင် သင့်အား Spyware နှင့် သူခိုးဆော့ဖ်ဝဲ များမှ ကာကွယ်ပေးနိုင်သော အခမဲ့ နှင့် ပွင့်လင်း ရင်းမြစ်ဖြစ်သော Content Blocker
ဒေါင်းလုပ်ချပါ | ၎င်းတို့၏ လမ်းညွှန် ကိုကြည့်ပါ
Cookie AutoDelete
ဤအခမဲ့နှင့် ပွင့်လင်းရင်းမြစ် add-on နှင့် သင်ဝက်ဘ်ကို ရှာဖွေသောအခါတွင် သင်၏ဒေတာစုဆောင်းသည့် ခြေရာခံကိရိယာများကို ဖျက်ခြင်းဖြင့် သင့်ကိုယ်ရေးကိုယ်တာကို ကာကွယ်ပါ။
Firefox, Chrome ကို ဒေါင်းလုဒ်လုပ်ပါ သို့မဟုတ် Edge | ၎င်းတို့၏လမ်းညွှန်ချက် ကိုကြည့်ပါ
Facebook Container
ဤအခမဲ့ နှင့် ပွင့်လင်း ရင်းမြစ် add-on အသုံးပြု၍ ဝက်ဘ်ကို သင်ရှာဖွေစဉ်တွင် Facebook သည် သင့်ထံ အချက်အလက်များ စုဆောင်းခြင်းမှ ကင်းဝေးစေသည်။
ဒေါင်းလုပ်ချပါ | ၎င်းတို့၏လမ်းညွှန် ကို ကြည့်ပါ
Disconnect
(Firefox ၊ Chrome ၊ Opera နှင့် Safari)
ဝက်ဘ်ကို ကြည့်ရှုနေစဉ် သင် မည်သူမည်ဝါကို ဖုံးကွယ်သည့် VPN နှင့် ဘရောက်ဆာ plug-in တစ်ခု
ဒေါင်းလုပ်ချပါ | ၎င်းတို့၏ လမ်းညွှန် ကို ကြည့်ပါ
NoScript
သင့်စက်ပစ္စည်းကို ဝက်ဘ်ဆိုက်များပေါ်ရှိ သူခိုးဆော့ဖ်ဝဲ မကူးစက်အောင် တားဆီးသည်။ အခမဲ့ နှင့် ပွင့်လင်းရင်းမြစ် add-on (၎င်းကို မှန်ကန်စွာပြင်ဆင် သတ်မှတ်ခြင်း မပြုမချင်း NoScript သည် အချို့သောဝဘ်ဆိုဒ်များကို ကျိုးပေါက်သွားစေသည်။)
ဒေါင်းလုပ်ချပါ | ၎င်းတို့၏ လမ်းညွှန် ကိုကြည့်ပါ
အခြားသူများနှင့် ပိုမိုလုံခြုံသော ဆက်သွယ်မှုအတွက် Firefox add-on များ
Mailvelope
A free and open-source add-on that encrypts your messages.
ဒေါင်းလုပ်ချပါ | ၎င်းတို့၏ လမ်းညွှန် ကိုကြည့်ပါ
Xoom Redirector
client အက်ပ်လီးကေးရှင်းအစား သင့်ဝက်ဘ် ဘရောက်ဆာကို အသုံးပြုခြင်းဖြင့် Zoom အစည်းအဝေးများကို ပိုမိုလုံခြုံစွာချိတ်ဆက်နိုင်ရန် ကူညီပေးသည်။
Download for Chrome, Firefox, Edge, and Opera
နောက်ထပ် သီးသန့် ရှာဖွေရေး အင်ဂျင်များ
DuckDuckGo
(အန်းဒရွိက် ၊ iOS ၊ Linux ၊ Mac နှင့် Windows)
သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို သိမ်းဆည်းခြင်း သို့မဟုတ် ရောင်းချခြင်းမပြုသော ရှာဖွေရေးအင်ဂျင်တစ်ခု
ဒေါင်းလုပ်ချပါ | ၎င်းတို့၏ လမ်းညွှန် ကိုကြည့်ပါ
StartPage
(အန်းဒရွိက် ၊ iOS ၊ Linux ၊ Mac နှင့် Windows)
သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို သိမ်းဆည်းခြင်း သို့မဟုတ် ရောင်းချခြင်းမပြုသော ရှာဖွေရေးအင်ဂျင်
Firefox ၏ နှစ်သက်ရာ ရှာဖွေရေးအင်ဂျင်အဖြစ် ထည့်ပါ | ၎င်းတို့၏ လမ်းညွှန် ကိုကြည့်ပါ
ပိုမိုလုံခြုံသော အီးမေးလ်ဝန်ဆောင်မှုပေးသူများ
Proton Mail
(အန်းဒရွိုက် ၊ iOS အက်ပ်များ နှင့် Linux ၊ Mac နှင့် Windows အတွက် ဝက်ဘ်အခြေခံ)
အစအဆုံး ဝှက်စာစနစ်ပြုလုပ်ခြင်းကို ပံ့ပိုးသော အီးမေးလ်ဝန်ဆောင်မှု ။ အက်ပ်များသည် အခမဲ့ နှင့် ပွင့်လင်းရင်းမြစ် ဖြစ်သည်။
ဒေါင်းလုပ်ချပါ | ၎င်း၏ လမ်းညွှန် ကိုကြည့်ပါ
Riseup Mail
(ဝက်ဘ်အခြေခံ သို့မဟုတ် ပြင်ပ အဖွဲ့အစည်း ၏ အီးမေးလ် client ကို အသုံးပြုခြင်း Thunderbird)
သမိုင်းကြောင်းရှည်ကြာစွာ တက်ကြွလှုပ်ရှားသူများကို ကာကွယ်ပေးခဲ့ပြီး ဝှက်စာစနစ်ကို ပံ့ပိုးပေးသည့် ဖိတ်ကြားမှသာ ဖွင့်လို့ရသည့် အီးမေးလ် ဝန်ဆောင်မှု ။
၎င်းတို့၏ လမ်းညွှန် ကို ကြည့်ပါ
Autistici
(ဝက်ဘ်အခြေခံ သို့မဟုတ် ပြင်ပ အဖွဲ့အစည်း ၏ အီမေးလ် client ကိုအသုံးပြုခြင်း Thunderbird)
တက်ကြွလှုပ်ရှားသူများကို အကာအကွယ်ပေးသည့် ရှည်လျားသောသမိုင်းကြောင်းရှိသည့် အီးမေးလ်ဝန်ဆောင်မှု
၎င်းတို့၏လမ်းညွှန် ကိုကြည့်ပါ
အစအဆုံး ဝှက်စာစနစ်ပြုလုပ်ခြင်းကို ပံ့ပိုးသော အီးမေးလ် အက်ပလီကေးရှင်းများ
Thunderbird
အစအဆုံး ဝှက်စာစနစ်ပြုလုပ်ခြင်းကို ပံ့ပိုးပေးသည့် အခမဲ့ နှင့် ပွင့်လင်းရင်းမြစ် အီးမေးလ် အက်ပ်လီကေးရှင်း ဖြစ်သည် ၊ သင့်ကွန်ပျူတာသို့ မက်ဆေ့ချ်များကို ဒေါင်းလုဒ် ပြုလုပ်နိုင်သည်
ဒေါင်းလုပ်ချပါ | ၎င်းတို့ ၏ လမ်းညွှန် ကိုကြည့်ပါ
K-9 Mail
အစအဆုံး ဝှက်စာစနစ်ပြုလုပ်ခြင်းကို ပံ့ပိုးပေးသည့် အခမဲ့နှင့် ပွင့်လင်းရင်းမြစ် အီးမေးလ် အက်ပ်တစ်ခုဖြစ်သည် ၊ သင့် Android စက်သို့ မက်ဆေ့ချ်များကို ဒေါင်းလုဒ် ပြုလုပ်နိုင်သည်
Google Play သို့မဟုတ် F-Droid မှ ဒေါင်းလုဒ်ချပါ)| ၎င်းတို့၏လမ်းညွှန် ကို ကြည့်ပါ
OpenKeychain
K-9 Mail နှင့် အလုပ်လုပ်သော အခမဲ့နှင့် ပွင့်လင်းရင်းမြစ် ဝှက်စာစနစ်ပါဝင်သော သော့ကို စီမံခန့်ခွဲနိုင်သည့် အက်ပ်
Google Play မှ ဒေါင်းလုပ် ချပါ သို့မဟုတ် F-Droid မှ ဒေါင်းလုပ်ချပါ | ၎င်းတို့၏ လမ်းညွှန် ကို ကြည့်ပါ
ပိုမိုလုံခြုံသောစာသား၊ အသံနှင့် ဗီဒီယို ချက် အက်ပ်လီကေးရှင်းများ
Signal
(အန်းဒရွိုက် ၊ iOS ၊ Linux ၊ Mac နှင့် Windows)
လုံခြုံသောစာသား၊ အသံနှင့် ဗီဒီယိုချတ်ဝန်ဆောင်မှုများကို ပံ့ပိုးပေးသည့် အခမဲ့ နှင့် ပွင်းလင်းရင်းမြစ် အက်ပ်ပလီကေးရှင်း ၊ သို့သော် မှတ်ပုံတင်ရန်အတွက် အလုပ်လုပ်သော ဖုန်းနံပါတ်တစ်ခု လိုအပ်သည်
ဒေါင်းလုပ် ချပါ | ၎င်းတို့၏ လမ်းညွှန် ကို ကြည့်ပါ
Jitsi
(အန်းဒရွိုက် ၊ iOS ၊ Linux ၊ Mac နှင့် Windows)
အသံနှင့် ဗီဒီယိုခေါ်ဆိုမှုအတွက်လုံခြုံရေး — ဝန်ဆောင်မှုပေးသော အခမဲ့ နှင့် အခပေး နှစ်မျိုးလုံးအသုံးပြုနိုင်သည့် — အခမဲ့နှင့် ပွင့်လင်းရင်းမြစ် အက်ပ်တစ်ခု။ Linux ၊ Mac နှင့် Windows အသုံးပြုသူများအတွက် ဘရောက်ဇာ အခြေပြု အသုံးပြုနိုသည်။ (ငါတို့၏ လုံခြုံသော Group Chat နှင့် ဗီဒီယိုခေါ်ဆိုမှု tools များ လမ်းညွှန်ချက် ကို ကြည့်ပါ ၊ ယုံကြည်သော ဆာဗာများကိုသာ သုံးပါ။) လူတစ်ဦးချင်းနှင့် အဖွဲ့အစည်းများသည်သင့်တော်သော နည်းပညာကျွမ်းကျင်သူများ အကူအညီဖြင့် Jitsi ဝန်ဆောင်မှု ကို ကိုယ်တိုင် ဆာဗာများဖြင့်လက်ခံဆောင်ရွက် အသုံးပြုနိင်သည် ။
Apple ၏ iOS App Store ၊ Google Play(https://play.google.com/store/apps/details?id=org.jitsi.meet) သို့မဟုတ် F-Droid မှ ဒေါင်းလုဒ် ချပါ | ကျွန်ုပ်တို့၏ လမ်းညွှန် နှင့် ၎င်းတို့၏ အမေးအဖြေများကို ကို ကြည့်ပါ
Element
(အန်းဒရွိုက် ၊ iOS ၊ Linux ၊ Mac နှင့် Windows)
တစ်ဦးချင်းစီနှင့် အဖွဲ့များအတွက် အစမှ အဆုံးဝှက်စာပြုလုပ်ထားသော စာသား များ ပို့ခြင်း နှင့် ဖိုင်မျှဝေခြင်းကို ပံ့ပိုးပေးသည့် အခမဲ့နှင့် ပွင့်လင်းရင်းမြစ် အက်ပ်ပလီကေးရှင်း ။ Element သည် လုံခြုံသော အသံနှင့် ဗီဒီယို စာတိုပေးပို့ခြင်းကို ပံ့ပိုးပေးပါသည်။ တစ်ဦီးချင်းစီနှင့် အဖွဲ့အစည်းများသည် သင့်လျော်သော နည်းပညာကျွမ်းကျင်မှုရှိသော ပုဂ္ဂိုလ်များနှင့် Element ဝန်ဆောင်မှုများကို ၎င်းတို့ကိုယ်တိုင် လက်ခံဆောင်ရွက် အသုံးပြုနိုင်ပါသည် ။ Element သည် Matrix ဆက်သွယ်ရေးစံနှုန်းပေါ်တွင် အခြေခံသည်။
ဒေါင်းလုပ်ချပါ | ၎င်းတို့၏ လမ်းညွှန် ကို ကြည့်ပါ
Delta Chat
(အန်းဒရွိုက် ၊ iOS ၊ Linux ၊ Mac နှင့် Windows)
ဒေတာလွှဲပြောင်းရန် အီးမေးလ်ဝန်ဆောင်မှုပေးသူများကို မှီခိုရပြီး လုံခြုံသော စာတိုပို့ဝန်ဆောင်မှုများကို ပံ့ပိုးပေးသည့် အခမဲ့နှင့်ပွင့်လင်းရင်းမြစ် အက်ပလီကေးရှင်း ။ စာရင်းသွင်းရန် (WhatsApp၊ Signal နှင့် Telegram ကဲ့သို့) ဖုန်းနံပါတ်တစ်ခုမှ မလိုအပ်ပါ
ဒေါင်းလုဒ် ချပါ | ၎င်းတို့၏လမ်းညွှန် ကို ကြည့်ပါ
Mattermost
(အန်းဒရွိုက် ၊ iOS ၊ Linux ၊ Mac နှင့် Windows)
A text, voice and video chat application for small-group collaboration. Individuals and organizations with the appropriate technical expertise can host Mattermost services themselves.
ဒေါင်းလုပ် ချပါ | ၎င်းတို့၏ လမ်းညွှန် ကို ကြည့်ပါ
နောက်ထပ် သီးသန့် ဆိုရှယ်မီဒီယာ ပလက်ဖောင်းများ
Mastodon
(အန်းဒရွိုက် ၊ iOS ၊ Linux ၊ Mac နှင့် Windows)
ကော်ပိုရေးရှင်းများမှ မပိုင်ဆိုင်သော ဗဟိုချုပ်ကိုင်မှုမရှိသောအများပိုင္ လူမှုမီဒီယာဝန်ဆောင်မှု
ဒေါင်းလုပ် ချပါ | ၎င်းတို့၏ လမ်းညွှန် ကို ကြည့်ပါ
အရွယ်အစားကြီးမားသော ဖိုင်များကို ပိုမိုလုံခြုံစွာ မျှဝေပါ
share.riseup.net
ဝှက်စာစနစ်ဖြင့် သင်ပေးပို့သောဖိုင်များကို ကာကွယ်ပါ။ ဖိုင်များသည် 50 MB သို့မဟုတ် 50 MB အောက်နည်းရမည်ဖြစ်ပြီး လက်ခံသူသည် ၎င်းတို့ကို ၁၂ နာရီအတွင်း ဒေါင်းလုဒ် ပြုလုပ်ရမည်ဖြစ်သည်။
upload.disroot.org
ဝှက်စာစနစ်ဖြင့် သင်ပေးပို့သောဖိုင်များကို ကာကွယ်ပါ။ ဖိုင်များသည် 2 GB အထိ ပို့နိုင်ပြီး လက်ခံသူက ရက် 30 အတွင်း ၎င်းတို့ကို ဒေါင်းလုဒ် ပြုလုပ်ရပါမည်။
send.tresorit.com
ဝှက်စာစနစ်ဖြင့် သင်ပေးပို့သောဖိုင်များကို ကာကွယ်ပါ။ ဖိုင်များသည် 5 GB အထိရှိနိုင်ပြီး လက်ခံသူက ၎င်းတို့ကို 7 ရက်အတွင်း ဒေါင်းလုဒ်လုပ်ရပါမည်။
OnionShare
(အန်းဒရွိုက် ၊ iOS ၊ Linux ၊ Mac နှင့် Windows)
အစမှအဆုံးဝှက်စာစနစ်ဖြင့် သင်ပေးပို့သည့်ဖိုင်များကို ကာကွယ်ပြီး Tor ကွန်ရက် ကို အသုံးပြု၍ အဆိုပါဖိုင်များကို အမည်ဝှက်ဖြင့် ပေးပို့ပါ။ OnionShare သည် သင်နှင့်လက်ခံသူနှစ်ဦးစလုံး ဆော့ဖ်ဝဲထည့်သွင်းထားရန် လိုအပ်သော်လည်း ၎င်းသည်အမည်ဝှက်ဖြင့် (စာသား သာလျှင်ရ) လက်ခံသူနှင့် စကားပြောရန် ခွင့်ပြုထားသည် သို့မဟုတ် ယာယီ အမည်ဝှက်ထားသော ဝဘ်ဆိုက်ကို လက်ခံထားရန်ခွင့်ပြုသည် ။ OnionShare သည် အခမဲ့ နှင့် ပွင့်လင်းရင်းမြစ် ဆော့ဝဲ ဖြစ်သည်။
ဒေါင်းလုပ် ချပါ | ၎င်းတို့၏ လမ်းညွှန် ကိုကြည့်ပါ
စာရွက်စာတမ်းများတွင် ပိုမိုလုံခြုံစွာ ပူးပေါင်းဆောင်ရွက်ပါ
cryptpad.fr
ဤအခမဲ့ နှင့် ပွင့်လင်းရင်းမြစ် ဆော့ဝဲဖြင့် ဝှက်စာစနစ်ပြုလုပ်ထားသော စာရွက်စာတမ်းများ၊ စာရင်းဇယားများ၊ တင်ပြမှုများနှင့် စစ်တမ်းများကို လုံခြုံစွာတည်းဖြတ်ပြီး မျှဝေပါ။ Cryptpad.fr ကိုလည်း ကိုယ်တိုင် လက်ခံဆောင်ရွက် အသုံးပြုနိုင်ပါသည်။
၎င်းတို့၏ လမ်းညွှန် ကို ကြည့်ပါ