ဖေ့စ့်ဘုတ်သုံးနေချိန်အတွင်း ကိုယ့်ကိုယ်ရေးအချက်အလက်များကု ကာကွယ်ပါ။

ပြုပြင်မွမ်းမံပြင်ဆင်ထားပြီးဖြစ်သည် 2021

မာတိကာ

...မာတိကာ စတင်နေသည်...

    စနစ်ထည့်သွင်းခြင်း

    ဆိုရှယ်မီဒီယာပေါ်မှာ တင်လိုက်ပြီးတဲ့အရာတွေက ပြန်လည်ဖယ်ရှားဖို့ ခက်ခဲတယ်ဆိုတာသိပါ

    • "ကျွနု်ပ်ရဲ့အချက်လက်များကို ဒေါင်းလုပ်ဆွဲရန်" ဆိုတဲ့ လုပ်ဆောင်ချက်တွေကို သင်အသုံးပြုသည့် ပလက်ဖောင်းတစ်ခုစီတိုင်းမှာ ဘယ်လိုအကျိုးသက်ရောက်မှုရှိလဲဆိုတာ စမ်းသပ်ပါ။ ဒေါင်းလုပ်ဆွဲခြင်း လုပ်ငန်းစဉ်ကို စတင်ပါ။ ထိုနောက် ဘယ်အချက်အလက်ကိုပေးတယ်ဆိုတာကို သေချာကြည့်ရှုပါ။ ဒေါင်းလုပ်ဆွဲလိုက်တဲ့အရာက သင်အသုံးပြုရလွယ်ကူတဲ့ ပုံစံမဟုတ်ဘူးဆိုတာ သင်တွေ့မြင်ရပါလိမ့်မည်။
    • ဒီလုပ်ငန်းစဉ်အတွက် အချိန်နည်းနည်းပေးရပါလိမ့်မည်။ တကယ်လို့ သင့်အကောင့်ဖွင့်ထားခဲ့တာ ကြာနေပြီဆိုရင်တော့ ဒေါင်းလုပ်ဆွဲဖို့ အချက်အလက်တွေ အများကြီးရှိနေပါလိမ့်မယ် ပြီးတော့ သင့်ဒေါင်းလုပ်တွေအတွက် ဝန်ဆောင်မှုက တစ်ရက်လောက်အထိ အချိန်ယူနိုင်ပါသည်။
    • သင့်အချက်အလက်တွေကို ဒေါင်းလုပ်ဆွဲရန်
    ဤအရာကို ကျွနု်ပ်တို့ ဘာကြောင့် အကြံပြုထားတာလဲဆိုတာ လေ့လာပါ /

    သင်၏ အကြောင်းအရာများ ၊ အဆက်သွယ်များ သို့မဟုတ် အခြားအချက်အလက်များအတွက် လူမှုကွန်ရက်ဆိုက်များကို အဓိက အားထားခြင်းကို ရှောင်ကြဉ်ပါ။

    သင့်ရဲ့ အစိုးရက ဆိုက် သို့မဟုတ် အပ်တစ်ခုကို ဘလော့လုပ်လိုက်မယ်ဆိုရင် သင့်ရဲ့ ဝင်ရောက်ခွင့် ဆုံးရှှုံနိုင်မယ်ဆိုတဲ့ အချက်ကို စဉ်းစားပါ။ အစိုးရက လူတွေမျှဝေနေတာကို ကန့်ကွက်ချင်ပါက သူတို့ဘောင်ထဲကနေပဲ သင့်ရဲ့ ဆိုရှယ်မီဒီယာအကောင့်ထဲကို ဝင်ရောက်ခွင့် ပိတ်ပင်ဖို့က သူတို့အတွက် အလွယ်လေးပါ။ ဆိုရှယ်မီဒီယာဝန်ဆောင်မှုများသည် သီးခြားနိုင်ငံတစ်ခုတွင် ဆင်ဆာဖြတ်တောက်ခြင်းကို ရင်ဆိုင်ရမည့်အစား ကန့်ကွက်သင့်တဲ့ အကြောင်းအရာများကို သူတို့ကိုယ်တိုင် ဖယ်ရှားရန် ဆုံးဖြတ်နိုင်သည်။

    ဆိုရှယ်မီဒီယာတွေက သူတို့ရဲ့ မူဝါဒတွေကို ချိုးဖောက်သည်ဟု ယူဆရသည့် အကြောင်းအရာများကိုဖယ်ရှားနိုင်သည်။ (ဥပမာ ကြမ်းတမ်းသောပုံများ သို့မဟုတ် နှောင့်ယှက်မှုများအကြောင်းများ) အထူးသဖြင့် အင်္ဂလိပ်လိုမဟုတ်ပါက အသုံးပြုသူများ ပို့စ်တင်သည့် ဒေသဆိုင်ရာ အကြောင်းအရာကို နားလည်ရန် တစ်ခါတစ်ရံ သူတို့အတွက်ခက်ခဲသည်။

    သင့်နာမည် အစစ်ကို သုံးမှာလား မသုံးဘူးလားကို ဆုံးဖြတ်ပါ။ အကောင့်တွေကို ခွဲခြားထိန်းသိမ်းပါ

    • လူမှုကွန်ရက်တစ်ခုကို နာမည်အတုပေးထားလျှင်ပင် သင် အသုံးပြုသော စက်ပစ္စည်းကို ချိတ်ဆက်နေသော နက်ဝက်နှင့် IP လိပ်စာများမှတဆင့် သင့်ကို သတ်မှတ်သိရှိနိုင်တယ်ဆိုတာ သတိထားပါ သင်က ဒီအချက်အလက်များကို ဖုံးကွယ်ဖို့ VPN အသုံးမပြုနေဘူးဆိုရင် သိနိုင်ပါ.
      • တစ်စုံတစ်ယောက်က သင့်ပရိုဖိုင်ကို သင်သုံးနေတဲ့ IP လိပ်စာနှင့် ချိတ်ဆက်ကြည့်ဖို့ ပိုမိုခက်ခဲစေရန် ပထဆုံးအကြိမ် အကောင့်ဖွင့်ချိန်မှာ VPN ကိုအသုံးပြုပါ
      • သင့်အကောင့်ထဲ ဝင်တဲ့အကြိမ်တိုင်း VPN သို့မဟုတ် Tor ကို သုံးပါ။
      • ဖုန်းထဲက အပ် ကိုမသုံးပါနှင့်။ ဘရောင်ဇာနှင့်ပဲ ချိ်တ်ဆက် အသုံးပြုပါ။
      • တကယ်လို့ သင်က Tor ကို အသုံးပြုတယ်ဆိုရင် Facebook ကို Tor ကနေဝင်ရောက်လို့ရပါသည် https://facebookcorewwwi.onion/
    • မတူညီသော ကမ်ပိန်းများနှင့် လှုပ်ရှားမှုများအတွက် သီးခြားအကောင့်များ သို့မဟုတ် သီးခြားအထောက်အထားများ/ကလောင်အမည်များကို အသုံးပြုရန် စဉ်းစားပါ။ အနည်းဆုံးတော့ သင့်ကိုယ်ရေးကိုယ်တာနှင့် အလုပ်အကောင့်များကို သီးခြားသုံးလို့ရပါလိမ့်မည်။
    • လူမှုကွန်ယက်ကို လုံခြုံစွာအသုံးပြုခြင်းရဲ့ အဓိကသော့ချက်က ထိုကွန်ရက်မှာရှိတဲ့ လူတွေကိုယုံကြည်နိုင်စေရန်ဖြစ်ကြောင်း သိထားပါ။ သင်နှင့်သင့်ကွန်ရက်ကလူတွေက အကောင့်ရဲ့ နောက်ကွယ်က လူက တကယ်ဘဲ ထိုလူကိုယ်တိုင်ဖြစ်ပြီး ဘယ်လိုအတည်ပြုကြရမယ်ဆိုတဲ့နည်းလမ်းတွေကိုလည်း သိဖို့ လိုအပ်ပါတယ်။ ဒါက သင့်နာမည်အစစ်ကို သုံးရမယ်လို့ မဆိုလိုပါ။ ဒါပေမယ့် နာမည်အတုကို သုံးမယ်ဆိုလည်း သတ်သတ်မှတ်မှတ် သုံးဖို့အရေးကြီးပါသည်။
    • သင့်ရဲ့ တရားဝင်နာမည်အစစ်အမှန်လို့ မထင်ရရင် Facebook က သူတို့ရဲ့ "နာမည်အစစ်" မူဝါဒအရ သင့်အကောင့်ကို ပယ်ဖျက်လို့ရနိုင်တဲ့ အချက်ကို သတိပြုပါ။ Facebook က အင်္ဂလိမ်ဘာသာနဲ့ မဟုတ်ဘူးဆိုရင် နာမည်အစစ် ဟုတ်မဟုတ်ဆိုတာကို စစ်ဆေးဖို့ အားနည်းနေပါသည်။
    ဤအရာကို ကျွနု်ပ်တို့ ဘာကြောင့် အကြံပြုထားတာလဲဆိုတာ လေ့လာပါ /

    တစ်ချို့လူတွေက လူမှုကွန်ယက်မှာ နာမည်တုနဲ့ဖွင့်ထားခြင်း ဒါမှမဟုတ် နာမည်အစစ်တစ်ခု အတုတစ်ခုသုံးပြီး သူတို့ရဲ့ လွတ်လပ်မှုတွေအတွက်နဲ့ လုံခြုံရေးအရး လူတွေကို ချိတ်ဆက်ဆက်သွယ်ကြသည်။

    Set up with a fresh email address

    • Tor Browser or a trusted VPN ကိုအသုံးပြုပြီ အီမေးလ်လိပ်စာအသစ်တစ်ခု တည်ဆောက်ပါ။
    • Suggested privacy-friendly mail services:
      • Proton Mail/
      • သင့်ကိုဖိတ်ကြားမယ့် သူငယ်ချင်းတစ်ယောက်ရှိခဲ့ရင် Riseup Mail
      • Autistici
    ဤအရာကို ကျွနု်ပ်တို့ ဘာကြောင့် အကြံပြုထားတာလဲဆိုတာ လေ့လာပါ /

    သင့်ကိုရှာဖွေဖို့အတွက် အီးမေလ်လိပ်စာသည် အလွယ်ကူဆုံးထဲက တစ်ခုဖြစ်သည်။ အကောင့်သစ်တစ်ခုဖွင့်တိုင်း အီးမေလ်တစ်ခုလိုအပ်သည်။ တကယ်လို့ သင်က သင့် အထောက်အထားကို ဖုံးကွယ်ထားချင်တယ်ဆိုရင် သင့်အကောင့်အဟောင်း သို့မဟုတ် လက်ရှိ အီမေးလ်လိပ်စာနဲ့ မချိတ်ဆက်ထားတဲ့ လူမှုကွန်ရက်အကောင့်တစ်ခုကို စတင်တာ အကောင်းဆုံးဖြစ်တယ်။

    သင့်အကောင့်နှှင့် သင့်ဖုန်းနံပါတ်ကို မဆက်စပ်ပါနှင့်

    ဤအရာကို ကျွနု်ပ်တို့ ဘာကြောင့် အကြံပြုထားတာလဲဆိုတာ လေ့လာပါ /

    သင့်၏ ဖုန်းနံပါတ်သည် သင်ဘယ်သူဘယ်ဝါဖြစ်ကြောင်း ရှာကြည့်ဖို့ လွယ်ကူပါသည်။ သင့်အကောင့်နှင့်ဆက်စပ်နေသည့် လုပ်ဆောင်ချက်ကိုရှာဖွေရန် အာဏာပိုင်များမှ လူမှုကွန်ယက်မီဒီယာကုမ္ပဏီများထံ တရားဝင်တောင်းဆိုမှုပြုလုပ်နိုင်ခြင်းရှိမရှိ ဥပဒေအားလေ့လာပါ။ ထို့အပြင် သင့်အားအနှောက်အယှက်ပေးလိုသူမှ သင့်နံပါတ်ကို အသုံးပြုပြီး ရှာဖွေနိုင်ခြင်းရှိမရှိ ထည့်သွင်းစဉ်းစားပါ။

    သူငယ်ချင်းများရှာဖွေမည်ဆိုတာကို ကျော်လိုက်ပါ

    • "Skip" သို့မဟုတ် Facebook ၏ တောင်းဆိုချက်များကို သင့်စက်ပစ္စည်းပေါ်ရှိ အဆက်အသွယ်များသို့ "ဝင်ရောက်ခွင့်" ခွင့်ပြုရန်၊ သင့်အဆက်အသွယ်များကို တင်သွင်းရန်၊ သင်၏ အခြားသော ဆိုရှယ်မီဒီယာအကောင့်များနှင့် ချိတ်ဆက်ပါ သို့မဟုတ် အကောင့်တစ်ခုကို စတင်တည်ထောင်သည့်အခါ နောက်ထပ်ချိတ်ဆက်မှုများကို ရှာဖွေပါ။ ထို့နောက်တွင် သင်၏အဆက်အသွယ်များကို ပိုမိုသေချာစွာ ရွေးချယ်နိုင်ပါသည်။
    • အဆက်အသွယ်များကို အလိုအလျှောက်တင်မည်ဆိုတာကို ပိတ်လိုက်ပါ
    • contact တွေကို ဖျက်ပစ်ပါ
    • သင်တင်ထားသော အချက်အလက်ကို အလွဲသုံးစားမလုပ်ရန် သင်ယုံကြည်ရသော လူများနှင့်သာ ချိတ်ဆက်ရန် စဉ်းစားပါ။
    • သင်တစ်ခါမှမတွေ့ဖူးသော စိတ်တူကိုယ်တူရှိသူများရဲ့ အွန်လိုင်းအသိုင်းအဝန်းနှင့် ချိတ်ဆက်ရန် လိုအပ်ပါက ဒီလူများနှင့် သင်မျှဝေမည့် အချက်အလက်များကို သေချာစဉ်းစားပါ။
    • ဆိုရှယ်မီဒီယာသည် သင့်ပရိုဖိုင်ကို အခြားသူများအား မမျှော်လင့်ဘဲ မျှဝေရန် ယခုအချက်အလက်ကို အသုံးပြုသောကြောင့် သင့်အလုပ်အကိုင်နှင့် ပညာရေးဆိုင်ရာ နောက်ခံကို မမျှဝေပါနှင့်။
    ဤအရာကို ကျွနု်ပ်တို့ ဘာကြောင့် အကြံပြုထားတာလဲဆိုတာ လေ့လာပါ /

    ဆိုရှယ်မီဒီယာသည် သင့်စက်ပစ္စည်းများနှင့် အီးမေးလ်အကောင့်များရှိ အဆက်အသွယ်စာရင်းများကို အသုံးပြုပြီး သင်နှင့်ချိတ်ဆက်လိုသည့် နောက်ထပ်လူများကို ရှာဖွေပြီး အကြံပြုပေးခြင်းဖြင့် ၎င်းတို့သည် လူကြိုက်များလာမည်ဖြစ်ကြောင်း သေချာစေသည်။ ဒီအချက်က သင်တစ်ခြားလူတွေထံကနေ သင့်အချက်အလက်ကို ဝှက်ထားချင်တယ်ဆိုတဲ့အချိန်မှာတော့ အန္တရာယ်ရှိနိုင်ပါသည်။ သင့်စက်ပစ္စည်းနှင့်အကောင့်ကို သက်ဆိုင်ရာက မတရားသိမ်းဆည်းသည့်အချိန်မှာ သင်နှင့်သင့်အဆက်သွယ်စာရင်းထဲမှာရှိနေတဲ့ သူတွေကို အမှုဆင်ဖမ်းနိုင်တယ်ဆိုတဲ့ အချက်ကိုလည်း သတိပြုပါ။ ဒါမှမဟုတ် ဆိုရှယ်မီဒီယာသည် သင်နှင့်ဆက်စပ်နေသော အခြားသူများနှင့်ပတ်သက်သည့် အချက်အလက်များကို ဖော်ပြပါက ဘာဖြစ်နိုင်သည်ကို စဉ်းစားပါ။ ဒါတွေက သင့်အတွက် စိုးရိမ်စရာဖြစ်ပါက၊ သင့်အဆက်အသွယ်များကို အသုံးပြုရန် ဆိုရှယ်မီဒီယာအက်ပ်များနှင့် ဝက်ဆိုက်များရဲ့ ခွင့်ပြုချက်များကို ကန့်သတ်ပါ။

    သင်ကိုယ်တိုင် မလုပ်နိုင်လျှင် သင့်အကောင့်ကို စီမံခန့်ခွဲရန် တစ်စုံတစ်ယောက်ကို တာဝန်ပေးထားပါ

    • တရားဝင်စည်းမျဉ်းများအရ Facebook သည် ချစ်ရသူ သို့မဟုတ် လုပ်ဖော်ကိုင်ဖက်တစ်ဦးကို သင့်အကောင့်သို့ ဝင်ရောက်ခွင့်ပေးမည်မဟုတ်ကြောင်း သိထားပါ။ သူတို့ကို သင်ခွင့်ပြုချက်ပေးပါက၊ ၎င်းတို့သည် သင့်အကောင့်ကို ပိတ်ရန်နှင့် "အောက်မေ့ဖွယ်" ပြုလုပ်နိုင်စေမည်ဖြစ်သည်။ အရေးပေါ်အခြေအနေတွင် တစ်စုံတစ်ယောက်သည် သင့်အကောင့်ကို ဝင်ရောက်အသုံးပြုရန် လိုအပ်မည်ဟု မျှော်လင့်ပါက၊ ကုဒ်ဝှက်ထားသော ဆက်သွယ်ရေး သို့မဟုတ် သင့်ဝှက်စာမန်နေဂျာရဲ့ မျှဝေလုပ်ဆောင်ချက်ကို အသုံးပြုပြီး သင့်အကောင့်ဝင်အချက်အလက်ကို သူတို့နှင့်မျှဝေပါ။
    • လုပ်ဖော်ကိုင်ဖက်တစ်ဦးအား ဖမ်းဆီးခြင်း သို့မဟုတ် ထိန်းသိမ်းခြင်းခံရပါက Access Now's Helpline သို့မဟုတ် Front Line Defenders သို့ ဆက်သွယ်ပါ။ ၎င်းတို့၏ အကောင့်များသို့ ဝင်ရောက်ခွင့်ကို လုံခြုံစေရန် Facebook နှင့် လုပ်ဆောင်ရာတွင် အကူအညီပေးရန်။
    • သင်သေဆုံးသွားတဲ့အခါ အမွေအနှစ်အဆက်အသွယ်တစ်ခုကို ထည့်သွင်းစဉ်းစားပါ
    • မသန်စွမ်းသူရဲ့အကောင့်သို့ဝင်ရောက်ခွင့်ရခြင်း အကြောင်းလေ့လာရန်
    ဤအရာကို ကျွနု်ပ်တို့ ဘာကြောင့် အကြံပြုထားတာလဲဆိုတာ လေ့လာပါ /

    ဤအရာသည် အန္တရာယ် အခြေအနေ ဘယ်လောက်ပဲဖြစ်နေပါစေ လူတိုင်း စဉ်းစားရမည့်အရာတစ်ခုဖြစ်သည် ။ လူမှုကွန်ရက်များသည် သုံးစွဲသူ သေဆုံးသွားခြင်း၊ နာမကြမ်းဖြစ်နေခြင်း သို့မဟုတ် ‌ထောင်ချခံနေရသည့် အခြေအနေများနှင့် အခြားသူများက သူတို့အကောင့်ကို စီမံခန့်ခွဲဖို့လိုအပ်လာလျင် ကိုင်တွယ်ဖြေရှင်းရန် လုပ်ငန်းစဉ်များ တီထွင်ပြုလုပ်ထားသည်။ သင်၏ အကောင့်ကို ဂရုစိုက်ရန် တစ်စုံတစ်ယောက်ကို သတ်မှတ်ထားခြင်းဖြင့် သင်၏အခြေအနေများကို အခြားသူများအား အကြောင်းကြားထားခြင်း သေချာစေပြီး သင်၏အကောင့်ကို မသမာသူများမှ ဖျက်စီးခြင်း သို့မဟုတ် အဟက်ခံရခြင်းမှ တားဆီးနိုင်မည်ဖြစ်သည်။

    အကောင့် ကာကွယ်မှု

    ပြန်လည်ရယူနိုင်သည့် အီးမေးလ်နှင့် ဖုန်းကို စစ်ဆေးပါ

    ဤအရာကို ကျွနု်ပ်တို့ ဘာကြောင့် အကြံပြုထားတာလဲဆိုတာ လေ့လာပါ /

    သင်၏အကောင့်များတွင် စစ်မှန်ကြောင်းသက်သေပြဖို့ ပြဿနာရှိပါက ပြန်လည်ရယူရန် အီးမေးလိပ်စာ နှင့်/သို့မဟုတ် ဖုန်းနံပါတ်ကို ထည့်ထားသည်။ လုံခြုံရေးဆိုင်ရာအဖြစ်အပျက်မှန်သမျှအတွက် သင့်ကို အကြောင်းကြားရန်လည်း ထိုအီးမေးလ်လိပ်စာကို အသုံးပြုသည် ။ တိုက်ခိုက်သူများမှ သင့်အကောင့်ကိုထိန်းချုပ်မှုရရှိပြီး နောက်ပိုင်းပြောင်းလဲခြင်းမရှိအောင် သေချာစေရန် ဤအချက်အလက်များကို စစ်ဆေးရန် အရေးကြီးသည် ။

    Use strong passwords

    • သင့်အကောင့်များကို ကာကွယ်ရန် ခိုင်မာသော ဝှက်စာများကို အသုံးပြုပါ။ သင်ရဲ့ ဆိုရှယ်မီဒီယာအကောင့်သို့ ဝင်ရောက်လာသူတိုင်းသည် သင်နှင့် သင်ချိတ်ဆက်နေသော မည်သူနှင့်မဆို ပတ်သက်သော အချက်အလက်များစွာကို ရရှိနိုင်သည်။ နောက်ထပ်အချက်အလက်များအတွက် လုံခြုံသောစကားဝှက်များကို ဖန်တီးထိန်းသိမ်းနည်း ဆိုင်ရာ ကျွန်ုပ်တို့ရဲ့လမ်းညွှန်ချက်ကို ကြည့်ပါ။

    အချက်အလက်များစွာဖြင့် စစ်မှန်ကြောင်းသက်သေပြခြင်း (2FA) စနစ်ကို ထားရှိပါ

    • အချက်အလက်များစွာဖြင့် စစ်မှန်ကြောင်းသက်သေပြခြင်း အတွက် လုံခြုံရေး သော့ သို့မဟုတ် စစ်မှန်ကြောင်းသက်သေပြ အက်ပလီကေးရှင်း သို့မဟုတ် လုံခြုံရေးနံပါတ်များကို အသုံးပြုပါ။
    • ဖြစ်နိုင်လျင် SMS သို့မဟုတ် ဖုန်းခေါ်ဆိုမှုကို အသုံးမပြုပါနှင့် ။ ထိုကြောင့် သင်၏ အကောင့်နှင့် သင့်၏ဖုန်းနံပါတ်ကို ချိတ်ဆက်ရန်မလိုအပ်ပါ ။ သင့်အကောင့်နှင့် သင့်နာမည် ဆက်စပ်မှုမရှိပါက အထူးအရေးကြီးသည်။
    • 2FA ကိုထည့်သွင်းပါ
    • သင့်ဝှက်နှင့် အကောင့်ဝင်ခြင်းသတိပေးချက်များကို စစ်ဆေးမည့် "သင့်အကောင့်ကို လုံခြုံအောင်ပြုလုပ်နည်း" စစ်ဆေးမှု၊ ကိုလည်း ကြည့်ရှုပါ
    ဤအရာကို ကျွနု်ပ်တို့ ဘာကြောင့် အကြံပြုထားတာလဲဆိုတာ လေ့လာပါ /

    2FA သို့မဟုတ် MFA ဟု လူသိများသော အဘယ်ကြောင့် နှင့် မည်ကဲ့သို့ သတ်မှတ်ရမည်ကို ပိုမိုသိရှိနိုင်စေရန်အတွက် ခိုင်ခံ့သောစကားဝှက်များကို ဖန်တီးထိန်းသိမ်းရန် ကို ကြည့်ရှုပါ။

    သင့်အကောင့်ကို ပြန်လည်ဝင်ရောက်ရန် အတည်ပြုကုဒ်ရယူပါ

    • ပြန်လည်ရယူမည့်ကုဒ်ကိုယူရန်
    • ဒီကုဒ်များကို သင့်၏ စကားဝှက်မန်နေဂျာထဲတွင် သိမ်းဆည်းပါ။
    • တစ်နည်းအားဖြင့် သင်သည် ၎င်းတို့ကို လိုအပ်နိုင်သည့် အခြေအနေမျိုးသို့ မရောက်ရှိမီ ကုဒ်များကို ထုတ်ယူထားပါ။ သင့်ပိုက်ဆံအိတ် သို့မဟုတ် သော့ခတ်ထားသော လုံခြုံသောနေရာတွင် ၎င်းတို့ကို လုံခြုံအောင် ဝှက်ထားပါ။
    ဤအရာကို ကျွနု်ပ်တို့ ဘာကြောင့် အကြံပြုထားတာလဲဆိုတာ လေ့လာပါ /

    စစ်မှန်ကြောင်းသက်သေပြသည့်ကုဒ်များကို ရေးမှတ်ထားခြင်း သို့မဟုတ် ပုံနှိပ်ထုတ်ခြင်းရှိခြင်းတို့သည် ဝင်ရောက်ခွင့်ဆုံးရှုံးသွားပါက သင့်အကောင့်သို့ ပြန်လည်ရောက်ရှိရန် နည်းလမ်းတစ်ခုဖြစ်ပါသည်။ သင်သည် ခရီးသွားနေပါက သင့်အကောင့်ထဲသို့ဝင်ရန်လိုအပ်ပြီး အခြားသော multi factor စစ်မှန်ကြောင်းအထောက်အထားပြခြင်းကိုအသုံးပြုရန် ဝိုင်ဖိုင် သို့မဟုတ် ဆယ်လူလာဒေတာကို အသုံးပြုခွင့်မရှိသည့်အခါ ၎င်းသည် အထူးအသုံးဝင်ပါသည်။

    အက်ပ် သို့မဟုတ် ဝန်ဆောင်မှုက သင့်ထံပေးပို့သည်ဟု ဆိုထားသည့် လုံခြုံရေးနှင့်ပတ်သက်၍ သင်ရရှိထားသောအီးမေးလ်များကို နှိုင်းယှဉ်ပါ

    ဤအရာကို ကျွနု်ပ်တို့ ဘာကြောင့် အကြံပြုထားတာလဲဆိုတာ လေ့လာပါ /

    လူမှုကွန်ရက်များမှလာသည့် ဖြားယောင်းသည့် စာတိုပို့ဆောင်မှုများသည် သင့်အကောင့်ဆီသို့ ဝင်ရောက်ခွင့်ရဖို့ရန် လှည့်ဖြားခြင်းမျိုးများ ဖြစ်တတ်ပါသည်။ အကယ်၍ သင်သည် လူမှုကွန်ရက်တစ်ခုမှ လုံခြုံရေးမေးလ်များ ၊ စာတ်ိုပေးပို့မှုများ လက်ခံရရှိခဲ့ပါက ထိုလင့်များကို မနှိပ်ပါနှင့် ။ သင့် စကားဝှက်ကို ထည့်သွင်းခြင်း မပြုပါနှင့်။ ထိုသို့ပြုလုပ်မည့်အစား သင့်အကောင့်ထဲသို့ ဝင်ရောက်ကြည့်ရှူပြီး ပို့ထားသော လင့်နဲ့စာတိုများ တရားဝင်အစစ်အမှန် ဟုတ်မဟုတ် စစ်ဆေးပါ။

    သံသယဖြစ်စရာ ဝင်ရောက်မှုများကို ရှာဖွေပါ

    လက်ရှိ အသုံပြုနေသည့် စက်ပစ္စည်းများကို စစ်ဆေးပါ။ အကောင့်လုပ်ဆောင်ချက်နှင့် လုံခြုံရေးဆိုင်ရာ ဖြစ်ရပ်များကို ပြန်လည်သုံးသပ်ပါ

    • ဘယ်စက်ပစ္စည်းတွေကနေ သင့်အကောင့်ကို ဝင်ရောက်နေတယ်ဆိုတာကို ဖော်ပြပါ စာမျက်နှာတွေမှာ ရှာဖွေပါ (ဘရောင်ဇာတွေ အပ်တွေအသုံးပြုပြီး ဝင်ရောက်ခြင်းတွေလည်း ပါဝင်သည်)။ ဝင်ရောက်မှုတိုင်းကို သိနေပါသလား?
    • သင့်အကောင့်တွင် သံသယဖြစ်ဖွယ်လုပ်ဆောင်ချက်ကို တွေ့ရှိပါက သင့်ဝှက်စာကို အခြားအကောင့်များအတွက် အသုံးမပြုသော၊ ရှည်လျားပြီး ကျပန်း ဝှက်စာအသစ်တစ်ခု ချက်ချင်းပြောင်းပါ။ ဒီဝှက်စာကို သင့်စကားဝှက်မန်နေဂျာတွင် သိမ်းဆည်းပါ။
    ဤအရာကို ကျွနု်ပ်တို့ ဘာကြောင့် အကြံပြုထားတာလဲဆိုတာ လေ့လာပါ /

    အစိုးရများ၊ ရဲများ၊ အိမ်တွင်းအလွဲသုံးစားလုပ်သူများနှင့် အခြားရန်ဘက်များသည် သူတို့၏ စက်ပစ္စည်းများမှတဆင့် ဝင်ရောက်ပြီး သင့်အကောင့်များကို ကြည့်ရှုရန် နည်းလမ်းများကို ရှာဖွေနိုင်ပါသည်။ ထိုသို့ပြုလုပ်ပါက သင့်အကောင့်များသို့ ဝင်ရောက်ရန် လူမှုကွန်ရက်များမှ မည်သည့်စက်ပစ္စည်းများကို အသုံးပြုထားသည်ကို ပြသသည့် ဤစာမျက်နှာများကို သင်မြင်နိုင်မည်ဖြစ်သည်။

    ဝင်ရောက်ခြင်း သတိပေးချက်ကို ထည့်သွင်းပါ

    ဤအရာကို ကျွနု်ပ်တို့ ဘာကြောင့် အကြံပြုထားတာလဲဆိုတာ လေ့လာပါ /

    သင့်အကောင့်ကို စောင့်ကြည့်နေနိုင်သည်ဟု သံသယရှိပါက သို့မဟုတ် သင့်ရန်သူသည် ဖောက်ထွင်းဝင်ရောက်နိုင်သည်ဟု သံသယရှိပါက အဖြစ်ပျက်များကို ချက်ချင်းအကြောင်းကြားရန် လူမှုကွန်ရက်အကောင့်များ၏ ဒီအချက်ကို အသုံးပြုပါ။

    တကယ်လို့ သင့်အကောင်သည် ပျောက်ဆုံးခြင်း၊ ခိုးယူခံရခြင်း ဒါမှမဟုတ် အဟက်ခံရခြင်းတွေဖြစ်လာခဲ့ရင်

    သင့်အကောင့်ကို ဝင်သုံးနိုင်သော အခြားဆိုက်များနှင့် အက်ပ်များကို ပြန်လည်သုံးသပ်ပါ

    • သင့်အကောင့်ဖြင့် တစ်ခြားဆိုက်တွေဝင်ရောက်ခြင်းကို ရှောင်ကြဉ်ပါ။ (ဥပမာ သတင်းဆိုက်များ အစရှိသဖြင့်)။ ဒီဆိုက်တွေကို လွယ်ကူအဆင်ပြေစွာဝင်ရောက်နိုင်တယ် ဆိုတာက သင့်ကိုတိုက်ခိုက်မယ်သူတွေအတွက်လည်း လွယ်ကူအဆင်ပြေဆိုတဲ့ အဓိပ္ပါယ်ပါသက်ရောက်ပါသည်။ သင့်ဖြည့်သွင်းလိုက်တဲ့ အချက်လက်တွေလည်း ကျန်ရစ်နိုင်သည်။ ဆိုက်တစ်ခုချင်းစီမှာ မတူညီတဲ့ ဝှက်စာတွေကို အသုံးပြုပြီး သင့်ရဲ့ဝှက်စာမန်နေဂျာထဲမှာ သိမ်းဆည်းထားပါ။
    • လူမှုကွန်ရက်အကောင့်များကို ချိတ်ဆက်ပါက သတိရှိပါ။ ဝက်ဆိုက်တစ်ခုတွင် အမည်မသိဖြစ်နိုင်သော်လည်း အခြားတစ်ခုသုံးရာတွင် သိသာထင်ရှားခြင်းမျိုး ဖြစ်နိုင်သည်။
    • အပ်တွေကို သုံးသပ်ရန်
    • အဆင့်မြင့် > "ပြင်ပအကောင့်များ ပြန်လည်ရယူပါ" ကို ဤနေရာတွင်လည်း ပြန်လည်သုံးသပ်ပါ တွင် သင် Facebook ကို အသုံးပြုထားသည့် အခြားအကောင့်များကို သင်မှတ်မိခြင်းရှိမရှိကို ကြည့်ရှုရန်
    • ယခုအပ်တွေကို အသုံးပြုပြီ ဝှက်စာတွေကို ပြောင်းလဲစစ်ဆေးပါ
    ဤအရာကို ကျွနု်ပ်တို့ ဘာကြောင့် အကြံပြုထားတာလဲဆိုတာ လေ့လာပါ /

    လူမှုကွန်ရက်အများစုသည် သင့်ကို အခြား လူမှုကွန်ရက်များနှင့် သတင်းအချက်အလက်များ ပေါင်းစပ်ရန် ခွင့်ပြုသည်။ ဥပမာအားဖြင့် သင်၏ တွစ်တာအကောင့်တွင် တင်ခြင်းသည် ဖေ့ဘွတ်အကောင့်တွင်ပါ အလိုအလျောက် တင်နိုင်အောင်ပြုလုပ်ထားသည် ။ အခြားဝက်ဆိုက်များနှင့် အပ်များတွင် ထိုသို့ ဝင်ရောက်ကြည့်ရှူနိုင်ခြင်းရှိပါက သင်၏ လူမှုကွန်ရက်အကောင့်များကို ဟက်ကာများမှ ဝင်ရောက်အသုံးပြုနိုင်မည်ဖြစ်သည် ။

    နောက်ထပ်ခွဲခြမ်းစိတ်ဖြာမှုအတွက် ဒေတာဒေါင်းလုဒ်လုပ်ပါ (အဆင့်မြင့်)

    ဤအရာကို ကျွနု်ပ်တို့ ဘာကြောင့် အကြံပြုထားတာလဲဆိုတာ လေ့လာပါ /

    သင်၏ စက်ပစ္စည်းကို တစုံတယောက်မှ ကျူးကျော်ဝင်ရောက်သည်ဟု သံသယရှိပါက သင်အကောင့်၏ လက်တလော လုပ်ဆောင်ချက်မှတ်တမ်းများအားလုံးကို ဒေါင်းလုပ်ချရန် လိုလိမ့်မည် ။ ထိုမှသာ သင် သို့မဟုတ် သင့်ကို နည်းပညာပံ့ပို့ပေးသူမှ ပုံမှန်မဟုတ်သော လုပ်ဆောင်ချက်ကို ရှာဖွေနိုင်မည်ဖြစ်သည် ။

    မည်သည့်အကြောင်းအရာတင်မည်ကို ဆုံးဖြတ်ပါ

    သင်ကိုယ်တိုင် အွန်လိုင်းတွင် ထုတ်ဖော်မှုပြသလေလေ သင့်အား အာဏာပိုင်များနှင့် အခြားသူများ သိရှိနိုင်စေရန်နှင့် သင့်လှုပ်ရှားမှုများကို စောင့်ကြည့်ရန် ပိုမိုလွယ်ကူလေဖြစ်သည်။ ဥပမာအားဖြင့် သင့်အစိုးရ၏ ရာထူးအချို့ကို ဆန့်ကျင်သည့် စာမျက်နှာကို မျှဝေ (သို့မဟုတ် လိုက်ခ်ပြုလုပ်)ပါက ထိုအစိုးရ၏ အေးဂျင့်များသည် သင့်အား စိတ်ဝင်စားမှုရှိပြီး ထပ်လောင်းစောင့်ကြည့်ခြင်း သို့မဟုတ် တိုက်ရိုက်နှိပ်စက်ညှဉ်းပန်းမှုများပြုလုပ်ရန် ပစ်မှတ်ထားလာလိမ့်မည်။ ထိုအကြောင်းအရာသည် အာဏာရှင်အစိုးရများအောက်တွင် နေထိုင်ခြင်းမရှိသူများအတွက်ပင် အကျိုးဆက်များ ရှိလာနိုင်သည် ။ တက်ကြွလှုပ်ရှားသူများ၏ လူမှုကွန်ရက်တွင် ရေးသားဖော်ပြမှုများကြောင့် ၎င်းတို့၏ မွေးရပ်မြေရှိ အာဏာပိုင်များမှ ထွက်ခွာသွားသော တက်ကြွလှုပ်ရှားသူအချို့၏ ကျန်ရှိသော မိသားစုများသည် အာဏာပိုင်များ၏ ပစ်မှတ်ထားခံခဲ့ရသည် ။

    လူမှုကွန်ရက်များပေါ်တွင် ၊ တိုက်ရိုက် မက်ဆေ့ချ်များမှပင်တဆင့် ဘယ်တော့မှ မပို့သင့်သော သတင်းအချက်အလက်များ

    • ဝှက်စာများ
    • ပုဂ္ဂိုလ်ရေးအရသီးသန့် သတ်မှတ်ထားသော သတင်းအချက်အလက်များ ၊ အပါအဝင်
      • သင်၏မွေးနေ့
      • သင်၏ ဖုန်းနံပါတ်(ဆက်သွယ်မှုပြုလုပ်ခြင်း၏ စကရင်ရှော့များတွင် ပေါ်နေသလား?)
      • အစိုးရ သို့မဟုတ် အခြား အိုင်ဒီ နံပါတ်များ
      • ဆေးမှတ်တမ်းများ
      • ပညာရေးနှင့် အလုပ်အကိုင် ရာဇဝင် (သင်ဆီမှ ယုံကြည်မှုရရှိနိုင်ရန်အတွက် စိတ်ချယုံကြည်ရမှုမရှိသော လူများမှ ၎င်းအချက်အလက်များကို အသုံးပြုနိုင်သည်)

    သင့်ဒေသရှိ ခြိမ်းခြောက်မှုများအပေါ် သင့်အကဲဖြတ်မှုကို မူတည်၍ လူမှုကွန်ရက်တွင် သင်မတင်လိုသော အချက်အလက်များ :

    • သင်၏အီးမေးလ်လိပ်စာ ( အနည်းဆုံး ထိခိုက်မှု ပို၍ ၊ လျော့၍ ဖြစ်စေသော အကောင့်များကို စဉ်းစားပါ)
    • မိသားစုအဖွဲ့ဝင်များအကြောင်း အသေးစိတ်
    • သင်၏လိင်စိတ်တိမ်းညွှတ်မှု သို့မဟုတ် လိင်မှုဆိုင်ရာအလေ့အထ
    • သင့်ကွန်ရက်များရှိ လူများကို ယုံကြည်လျှင်ပင် တစ်စုံတစ်ယောက်က သင့်အချက်အလက်များကို လွယ်ကူစွာ ကူးယူပြီး သင်ဖြစ်ချင်တာထက် ပိုပြီးကျယ်ပြန့်စွာ သင့်အချက်အလက်များကို ဖြန့်ကျက်ထားနိုင်တယ် ဆိုတာကို သတိရပါ။
    • လုံခြုံရေး ရည်ရွယ်ချက်ကြောင့် သင်မျှဝေလိုသည့်နှင့် မမျှဝေလိုခြင်းအပေါ် လူမှုကွန်ရက်နှင့် သဘောတူညှိနှိုင်းပါ။
    • သင့်သူငယ်ချင်းတွေအနေနဲ့ တစ်ခြားသူတွေမသိစေချင်တဲ့ အကြောင်းတွေကို သင်ဖော်ပြလို်က်နိုင်တယ်ဆိုတာကို စဉ်းစားပါ။ ဒီအချက်ကို သေချာ သတိထားပြီး သူတို့ကိုလည်း သင့်အကြောင်းဖော်ပြခြင်းကို သတိထားဖို့ ပြောပြပါ။

    တည်နေရာကို မမျှဝေပါနှင့်

    ဤအရာကို ကျွနု်ပ်တို့ ဘာကြောင့် အကြံပြုထားတာလဲဆိုတာ လေ့လာပါ /

    တကယ်လို့ တစ်စုံတစ်ယောက်က သင်ဘယ်မှာရှိတယ်ဆိုတာ သိရှိပြီ သင့်ကို ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာအောင် လုပ်ဆောင်နိုင်သည်ဟု စိုးရိမ်ရရင် သင့်အကောင့်မှာ တည်နေရာတွေ မှတ်သားသိမ်းဆည်းခြင်းကို ရပ်တန့်လိုက်ပါ။ သင့်စက်ပစ္စည်းမှာ တည်နေရာပြတဲ့စနစ်ကို ပိတ်ထားတာက ဖုန်းဘတ်ထရီအားကုန်ခြင်းကို လျော့ချနိုင်စေပါသည်။

    ဓါတ်ပုံတွေနှင့် ဗီဒီယိုတွေကို ပိုမိုလုံခြုံစွာ မျှဝေပါ

    • သင်တင်လိုက်တဲ့ ပိုစ့်က ဓါတ်ပုံမှာ ဘာတွေမြင်နေနိုင်လဲဆိုတာ စဉ်းစားပါ။ ဖော်ပြပါအချက်တွေ ပါတဲ့ ဓါတ်ပုံတွေ လုံးဝမတင်ပါနှင့်
    • ဒီအချက်တွေပါတဲ့ ဓါတ်ပုံတွေ သို့မဟုတ် ဓါတ်ပုံကို ကြည့်လိုက်တာနဲ့ သိရှိသွားနိုင်တာတွေကို မတင်ခင်မှာ သေချာစဉ်းစားပါ
      • သင်သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ချစ်ရသူတွေ (ပို့စ်မတင်ခင် ခွင့်ပြုချက်အရင်တောင်းပါ)
      • သင့်အိမ်၊ သင့်ရုံး ဒါမှမဟုတ် သင်သွားခဲ့တဲ့ တစ်ခြား တည်နေရာတွေ
      • တကယ်လို့ သင်က တည်နေရာကို ဖုံးကွယ်ထားရင် နောက်ခံပုံကနေ နေရာသိရှိနိုင်မည့် ပုံများ(အဆောက်အဦးများ၊ သစ်ပင်များ၊ ရှုခင်းများ အစရှိသဖြင့်)
    • Facebook သည် ဓာတ်ပုံများတွင် အလိုအလျောက် မျက်နှာမှတ်သားမှုကို လုပ်ဆောင်သည်။ ၎င်းကို "off" ဟုသတ်မှတ်ပါ။
    • အယ်လဘမ် (သို့) ဓါတ်ပုံများကို ဖျက်ပစ်ပါ
    • [EXIF အချက်အလက်များကို ဓါတ်ပုံများ မတင်ခင် ဖယ်ရှားပါ] (https://www.howtogeek.com/203592/what-is-exif-data-and-how-to-remove-it/)
    ဤအရာကို ကျွနု်ပ်တို့ ဘာကြောင့် အကြံပြုထားတာလဲဆိုတာ လေ့လာပါ /

    သင်မျှဝေသောအရာသည် သင်ကိုယ်တိုင် သို့မဟုတ် အခြားသူများကို အန္တရာယ်ဖြစ်စေနိုင်သည်။ ဖြစ်နိုင်လျှင် တခြားသူများအကြောင်း မတင်ခင် ထိုသူတို့ထံမှ ခွင့်ပြုချက်တောင်းသည့် အလေ့အကျင့်ကို ကျင့်သုံးပါ။ မည်သည့်အခြေအနေတွင်မဆို အများသူငှာ သိရှိအောင် မျှဝေမည် မမျှဝေမည်ဆိုသည်ကို သင့်လုပ်ဖော်ကိုင်ဖက်များနှင့် စည်းမျဉ်းစည်းကမ်းချမှတ်၍ လုပ်ဆောင်ရန်လိုပေမည် ။

    ဓာတ်ပုံများနှင့် ဗီဒီယိုများသည် မရည်ရွယ်သော်လည်း အထူးသဖြင့်နောက်ခံများပါခြင်းဖြင့် အချက်အလက်များစွာကို ဖွင့်ဟနိုင်သည် ။ ကင်မရာအတော်များများတွင် ဓာတ်ပုံရိုက်ယူခဲ့သည့် တည်နေရာ၊ ရက်စွဲနှင့် အချိန်၊ ဓာတ်ပုံရိုက်သည့်ကင်မရာအမျိုးအစား ၊ လျှို့ဝှက်ဒေတာများ (မက်တာဒေတာ သို့မဟုတ် EXIF တဂ်များ) မြုပ်နှံ့ပါရှိထားသည် ။ သင် ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုကို တင်လိုက်သည့်အခါမှ ဆိုရှယ်မီဒီယာများမှ ထိုအချက်အလက်များကို တင်လိုက်နိုင်သည်။

    သင် "လိုက်ခ်" လုပ်သည်ကို မည်သူမြင်နိုင်မည်ဆိုသည်ကို ပြောင်းလဲသတ်မှတ်ပါ

    ဤအရာကို ကျွနု်ပ်တို့ ဘာကြောင့် အကြံပြုထားတာလဲဆိုတာ လေ့လာပါ /

    "လိုက်ခ်များ" နှင့်အခြား သင်တန်ဖိုးထားသည့် ပို့စ်များကို တစ်ခါတစ်ရံတွင် ဆိုရှယ်မီဒီယာမှ မရှင်းလင်းသော နည်းလမ်းများဖြင့် မျှဝေပါသည်။ အချို့နိုင်ငံများတွင် အခြားလူမှုကွန်ရက်အကောင့်များနှင့် "လိုက်ခ်များ" သို့မဟုတ် အခြား အန္တရာယ်မရှိသော တုံ့ပြန့်မှုများကို ဥပဒေရေးရာကိစ္စများတွင် အသုံးပြုထားသည်။ အခြားသူများ၏ အကြောင်းအရာအပေါ် အိုင်ကွန် သို့မဟုတ် မှတ်ချက်တုံ့ပြန်မှုများကို ချန်ထားသည့်အခါ သင့်နိုင်ငံရှိ တရားဥပဒေဆိုင်ရာ အခြေအနေများကို သင်နားလည်မှုပေါ် မူတည်၍ သတိထားအသုံးပြုရန် လိုပေမည်။

    သင့်မွေးနေ့ကို မမျှဝေပါနှင့်

    ဤအရာကို ကျွနု်ပ်တို့ ဘာကြောင့် အကြံပြုထားတာလဲဆိုတာ လေ့လာပါ /

    သင့်မွေးနေ့ အစစ်အမှန်ကိုထည့်သွင်းထားခြင်းသည် သင်ကို ခွဲခြားသိမြင်စေသည့်အခါ အသုံးတည့်ပါသည်။

    မည်သူမြင်နိုင်မလဲဆိုသည်ကို ဆုံးဖြတ်ပါ

    မျှဝေမည့်သူများကို ရွေးချယ်ပါ

    သင်တင်လိုက်သည့် ပို့စ်ကို မည်သူက တုန်ပြန်ချက် ပေးနိုင်သည်ဆိုကို စီမံပါ

    ဤအရာကို ကျွနု်ပ်တို့ ဘာကြောင့် အကြံပြုထားတာလဲဆိုတာ လေ့လာပါ /

    တစ်ချို့ကိစ္စရပ်များတွင် သူတို့နှင့် အမှန်တကယ်ဆက်စက်နေသူများ မဟုတ်ပါဘဲနှင့် လူအခွင့်အရေးကာကွယ် လှုပ်ရှားသူများ၏ မှားယွင်းသော အရေးဆိုမှုများကို တည်ဆောက်ရန်အတွက် ပို့စ်ရဲ့ တုံပြန်စာများကို အသုံးချကြသည်။ တုံပြန်စာများကို သင့်အား အနှောင့်အယှက်ပေးရန်အတွက်လည်း အသုံးပြုနိုင်သည်။ စာပြန်နိုင်သူကို ထိန်းချုပ်ခြင်းက သင့်စိတ်ဖိစီးမှုအဆင့်ကို လျှော့ချပေးနိုင်ပါတယ်။

    အဖွဲ့ဝင်ဖြစ်ခြင်းနှင့် သင်ဆက်သွယ်မည့်သူကို စဉ်းစားပါ

    ဤအရာကို ကျွနု်ပ်တို့ ဘာကြောင့် အကြံပြုထားတာလဲဆိုတာ လေ့လာပါ /

    အွန်လိုင်းတွင် အသိုင်းအဝန်းတစ်ခု သို့မဟုတ် အဖွဲ့တစ်ခုထဲ ဝင်ရောက်လိုက်သည့်အခါတွင် သင်နှင့်ပတ်သက်သည့်အကြောင်းအရာအချို့သည် အခြားသူများအား ဖော်ထုတ်ပြသမိပြီးဖြစ်သွားသည် ။ ဥပမာအားဖြင့် သင်သည် နိုင်ငံရေးအုပ်စုများနှင့် သင့်ကိုယ်သင် လိုက်လျောညီထွေဖြစ်စေရန် ရှုမြင်ပါက အဖွဲ့၏ပြောစကား သို့မဟုတ် လုပ်ဆောင်သည်ကို သင် ထောက်ခံသည် သို့မဟုတ် သဘောတူသည်ဟု လူအများက ယူဆနိုင်သည် ၊ ထိုအချက်သည်ပင် သင့်ကို အားနည်းချက်ဖြစ်စေသည် ။ အချို့နိုင်ငံများတွင် လူတစ်ဦးချင်း သို့မဟုတ် အုပ်စုများနှင့် လူမှုကွန်ရက်များတွင် ချိတ်ဆက်မှုများကိုပင် တစ်စုံတစ်ယောက်ကို တရားစွဲဆိုရန် တရားရုံးတွင် အသုံးပြုကြသည် ၊ ထိုလူနှစ်ဦးသည် မဆိုသလောက်လေးသာ ချိတ်ဆက်နေကြသည်ဆိုလျှင်ပင် တရားရုံးတွင် တရားစွဲဆိုရန် အသုံးပြုကြသည် ။

    တကယ်လို့ သင်က အဖွဲ့ (Group) တစ်ခုဖွဲ့ပြီး ထိုအဖွဲ့ထဲသို့ မည်သူတွေဝင်ရောက်နိုင်မည်လဲ ရွေးချယ်ပါက သူတို့က ကမ္ဘာကြီးကို မည်သည့်ကိစ္စများ ကြော်ငြာနေမည်ဆိုသည့် အချက်ကို စဉ်းစားပါ ။ ဥပမာ LGBTQI ကို ထောက်ခံသူများ ဖြစ်နေပါက ဒီဒေသတွင် ထိုအဖွဲ့ဝင်များအတွက် အန္တရာယ်များရှိစေနိုင်လား။ လက်ရှိမှာ မြင်တွေ့နေရတဲ့ အဖြစ်အပျက် အကျိုးသက်ရောက်မှုတွေကို ထည့်စဉ်းစားပါ။သင့်လှုပ်ရှားမှုများကို မြင်နိုင်စေရန် တန်ဖိုးရှိနိုင်သည့် အချိန်များ ရှိကောင်းရှိနိုင်သော်လည်း ထိုအချိန်တွင်ပင် သင်၏ ပံ့ပိုးကူညီမှုကိုအလိုရှိသူများသည် သူတို့ မည်သူမည်ဝါဆိုသည်ကို ဖော်ထုတ်စရာမလိုဘဲ သင့်အဖွဲ့နှင့် ဆက်သွယ်ရန် နည်းလမ်းတစ်ခု လိုအပ်ကောင်းလိုအပ်မည့် အချိန်လည်း ရှိနိုင်သည်။ သင့် အဖွဲ့ (Group) များဖန်တီးသည့် ပလက်ဖောင်းများအတွက် သင်မည်သို့ အမည်ပေးမည်( Mattachine Society သို့မဟုတ် 1950s တွင် လိင်တူချစ်သူများနှင့် အမျိုးသမီးချင်းနှစ်သက်သူများ အဖွဲ့အစည်းများ၏သမီးတော်များကဲ့သို့ ကုဒ်နာမည်များက အထောက်အကူဖြစ်စေမည်လား) နှင့် သူတို့က အများသူဌာမြင်သာအောင်ပြုလုပ်မည်လား သီသန့်အဖွဲ့ဖွဲ့ထားကြမည်လားဆိုသည်များကို ဗျူဟာကျကျစဉ်းစားပါ။

    အကယ်၍ သင်သည် သင်မသိသော အဖွဲ့ဝင်များနှင့်အတူ အုပ်စုကြီးတစ်ခုထဲဝင်ရောက်မိပါက ရန်သူများသည်လည်း သင် ဘာလုပ်ဆောင်နေသည် ပိုမြင်နိုင်သည် သို့မဟုတ် သင်နှင့် သင်၏လုပ်ဖော်ကိုင်ဘက်များ သိရှိနိုင်ရန် ထိုအဖွဲ့များတွင် ပါဝင်နိုင်သည် သို့မဟုတ် အချိတ်ဆက်များ ပြုလုပ်နိုင်သည် သို့မဟုတ် သင်တို့နှင့် မှားယွင်းသောယုံကြည်မှုတည်ဆောက်နိုင်သည်ကို သတိပြုပါ ။ ထိုသို့ဖြစ်နိုင်သည်ဟု သင်သံသယရှိပါက သင့်အလုပ်နှင့် ချိတ်ဆက်ထားသော အကောင့်တစ်ခုပြုလုပ်ရာတွင် ချိတ်ဆက်မှုများပြုလုပ်ခြင်း နှင့် အကြောင်းအရာများရွေးချယ်တင်ရန် အရေးကြီးပါသည်။

    tag တွဲခြင်းကို သုံးသပ်ပါ/ tag တွဲခြင်းကို ခွင့်မပြုပါနှင့်

    ဤအရာကို ကျွနု်ပ်တို့ ဘာကြောင့် အကြံပြုထားတာလဲဆိုတာ လေ့လာပါ /

    မှတ်ချက်များနှင့် အခြားချိတ်ဆက်မှုများကဲ့သို့ပင်၊ သင့်လုပ်ဆောင်မှုများနှင့်ပတ်သက်၍ မှားယွင်းစွပ်စွဲမှုများပြုလုပ်ရန် အခြားသူများက tag တွဲခြင်းများကို အသုံးပြုနိုင်သည်။

    သင့်ကို မည်သူက ဆက်သွယ်လို့ရမည်ဆိုသည်ကို ကန့်သတ်ပါ

    • "Facebook မှာ လူတွေက မင်းကို ဘယ်လိုရှာတွေ့နိုင်သလဲ" လမ်းညွှန်ချက်တွေကို ဒီနေရာကနေ ဝင်ကြည့်ပါ
    • သင့်ကို သူငယ်ချင်းတောင်းဆိုချက် ဘယ်သူတွေပို့နိုင်သလဲမှာ သူငယ်ချင်းရဲ့ သူငယ်ချင်း လို့ သတ်မှတ်ပါ
    • သင့်ဖုန်းနံပါတ်နှင့် အီမေးလ်လိပ်စာကို ဘယ်သူတွေ မြင်နိုင်လဲဆိုတဲ့နေရာမှာ "အားလုံး" ဆိုတာတက် ပိုကန့်သတ်တာမျိုးကိုရွေးချယ်ပါ။ ( သူငယ်ချင်းရဲ့ သူငယ်ချင်း ဆိုတာကလည်း သင့်ကွန်ယက်ထဲကို မလိုလားအပ်သူတွေ ဝင်ရောက်နိုင်ချေရှိသေးတာကို သတိပြုပါ။)
    • နောက်ဆုံးအဆင့်ကတော့ သင့် Facebook ပရိုဖိုင်ကို ဂူးဂယ်တွေပေါ်ကနေ ရှာဖွေစေချင်သလားဆိုတာ စဉ်းစားပါ
    ဤအရာကို ကျွနု်ပ်တို့ ဘာကြောင့် အကြံပြုထားတာလဲဆိုတာ လေ့လာပါ /

    သင်ကိုဆက်သွယ်နိုင်သူကို ကန့်သတ်ခြင်းက သီသန့်ဖြစ်ဖို့ ကြိုးစားနေခြင်းမှ ရှာဖွေတွေ့ရှိနိုင်ခြေ သို့မဟုတ် သင်နှင့် သင့်ကွန်ရက်၏ယုံကြည်မှုကို လွဲမှားစွာရယူရန်ကြိုးစားနေသူများမှ ပစ်မှတ်ထားခံရနိုင်ခြေကို လျှော့ချနိုင်သည်။ သီးသန့် စာတိုပို့ဆောင် နှောင့်ယှက်ခြင်းခံရပါက ၎င်းသည် အသုံးဝင်နိုင်သည်။

    ကြော်ငြာများကို စီမံပါ

    ဤအရာကို ကျွနု်ပ်တို့ ဘာကြောင့် အကြံပြုထားတာလဲဆိုတာ လေ့လာပါ /

    အစိုးရများ သို့မဟုတ် ရဲတပ်ဖွဲ့များသည် သင်နှင့် သင့်ကွန်ရက်ကို လုပ်ကြံသတင်းများဖြင့် ပစ်မှတ်ထားရန် သို့မဟုတ် သင့်အား ရှာဖွေဖို့ ကြိုးစားရန် လူမှုကွန်ရက်ကုမ္ပဏီများမှ ကြော်ငြာဒေတာများကို ဝယ်ယူနိုင်ခြေရှိသည်။

    ဘယ် ဆိုရှယ်မီဒီယာက အစိုးရနှင့် သက်ဆိုင်ရာကို လွှဲပြောင်းပေးနိုင်လည်းဆိုတာကို လေ့လာပါ

    ဤအရာကို ကျွနု်ပ်တို့ ဘာကြောင့် အကြံပြုထားတာလဲဆိုတာ လေ့လာပါ /

    အစိုးရ သို့မဟုတ် သက်ဆိုင်ရာက တောင်းခံလာခဲ့ရင် ဆိုရှယ်မီဒီယာဆိုက်တွေက သင့်အချက်အလက်တွေ၊ သင်သီသန့်ထားဖို့ကြိုးစားတဲ့ သင့်အချက်လက်တွေကို ပေးလိုက်နိုင်သည်။ ပေးထားတဲ့ လင့်ကနေပြီးတော့ သူတို့ ဘယ်လိုအခြေအနေမှာ ဘာတွေ လုပ်နိုင်တယ်ဆိုတာ လေ့လာပါ။

    ခြေရာတွေ မကျန်ရစ်စေနှင့်

    အများသုံး စက်ပစ္စည်းများကို အသုံးပြုရာတွင် ကြိုတင်ကာကွယ်မှုများ

    • သင့်ရဲ့ လူမှုကွန်ယက်အကောင့်များကို အများသုံး စက်ပစ္စည်းများတွင် ဝင်ရောက်အသုံးပြုခြင်းကို ရှောင်ကြဉ်ပါ(ဥပမာ အင်တာနက်ကော်ဖီဆိုင်၊ တစ်ခြားသူရဲ့ စက်ပစ္စည်းများ)။
    • အများသုံး စက်ပစ္စည်းတွင် ဝက်ဘ်ဘရောင်ဇာ အသုံးပြုခဲ့လျှင် သင်၏ စကားဝှက်များနှင့် အသုံးပြုခဲ့တဲ့ရာဇဝင်ကို ဖျက်ပစ်ပါ။ ဝေမျှပြီး အသုံးပြုရသော စက်ပစ္စည်းများတွင် အသုံးပြုခဲ့သည့် အကောင့်တိုင်း၏ စကားဝှက်များကို သင့်ရဲ့ ကိုယ်ပိုင်စက်ပစ္စည်းကို အသုံးပြုနိုင်သည့်အချိန်တွင် ပြောင်းလဲပါ။

    ရှာဖွေမှု မှတ်တမ်းကို ဖျက်ပါ

    ဤအရာကို ကျွနု်ပ်တို့ ဘာကြောင့် အကြံပြုထားတာလဲဆိုတာ လေ့လာပါ /

    အချို့သော ဆိုရှယ်မီဒီယာဝန်ဆောင်မှုများသည် ၎င်းတို့၏ဆိုက်များနှင့် အက်ပ်များအတွင်း သင်ရှာဖွေခဲ့သည့်အရာများကို ခြေရာခံသည်။ သင့်အကောင့်ကို အခိုးခံရခြင်း သို့မဟုတ် သင့်စက်ပစ္စည်းကို သိမ်းဆည်းခံရပါက၊ သင်၏ရန်သူသည် ဤအချက်အလက်ကို သင့်အား အသုံးပြုနိုင်ပြီး၊ ထို့ကြောင့် ဤမှတ်တမ်းကို ပုံမှန်ရှင်းပစ်ရန်နှင့် သင့်ဘရောက်ဆာမှတ်တမ်းကို ရှင်းပစ်ရန်က အကောင်းဆုံးဖြစ်သည်။

    အကြမ်းဖက်မှုကို ကိုင်တွယ်ပါ

    အကြမ်းဖက်မှုကို တိုင်ကြားပါ

    ဤအရာကို ကျွနု်ပ်တို့ ဘာကြောင့် အကြံပြုထားတာလဲဆိုတာ လေ့လာပါ /

    ဆိုရှယ်မီဒီယာသည် ကမ္ဘာတစ်ဝှမ်းတွင် နှောင့်ယှက်မှုနှင့် မဟုတ်မမှန် သတင်းပေးသည့် နည်းလမ်းတစ်ခု ဖြစ်လာခဲ့သည်။ မသမာသော အယောင်ဆောင်ခြင်း၊ ဟက်ရှ်တဂ်များ ပြည့်လျှံနေခြင်း၊ မဟုတ်မမှန် သတင်းဖြန့်နေခြင်း သို့မဟုတ် သင် သို့မဟုတ် သင့်လုပ်ဖော်ကိုင်ဖက်များကို ပစ်မှတ်ထားပြီး နှောင့်ယှက်နေခြင်းကို သင်မြင်ပါက သင်သည် တစ်ယောက်တည်းမဟုတ်ပါ။ အကူအညီလည်း ရှိနိုင်ပါသည်။ အောက်ပါလင့်ခ်များကို အသုံးပြု၍ အစီရင်ခံခြင်းလုပ်ငန်းစဉ်များကို သုံးသပ်ပါ။

    သင့်သတင်းအချက်အလက်တွေကို ဖော်ထုတ်ပြတဲ့ နှောက်ယှက်မှုတွေကို တိုင်ကြားပါ

    ဤအရာကို ကျွနု်ပ်တို့ ဘာကြောင့် အကြံပြုထားတာလဲဆိုတာ လေ့လာပါ /

    အချို့သော အလွဲသုံးစားသူများသည် သင်နေထိုင်သည့်နေရာ သို့မဟုတ် အလုပ်၊ သင့်မိသားစု သို့မဟုတ် သူငယ်ချင်းများ၊ သို့မဟုတ် ပုံများအပါအဝင် အခြားကိုယ်ရေးကိုယ်တာ အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ခြင်းဖြင့် သင့်အား ပစ်မှတ်ထားရန် ကြိုးစားပေမည်။ ဖြစ်ရပ်များစွာတွင် ထိုအချက်အလက်မှန်လျှင်ပင် ဖယ်ရှားပိုင်ခွင့်ရှိသည်။ ထိုအချက်အလက်ကို ဖယ်ရှားနည်းဆိုင်ရာ အချက်အလက်များအတွက် အောက်ပါလင့်ခ်များကို ဖတ်ရှုပါ။

    ညှိနှိုင်းထားသော အစစ်အမှန်မဟုတ်သည့် လုပ်ဆောင်မှု (botnets နှင့် spam) ကို ဖော်ထုတ်ပြီး တိုင်ကြားပါ

    ဤအရာကို ကျွနု်ပ်တို့ ဘာကြောင့် အကြံပြုထားတာလဲဆိုတာ လေ့လာပါ /

    အချို့သော အနိုင်ကျင့်နှောင့်ယှက်မှုနှင့် လုပ်ကြံသတင်းများကို လူတစ်ဦးချင်းမှမဟုတ်ဘဲ အလိုအလျောက်နည်းလမ်းများဖြင့် ပို့စ်တင်ထားနိုင်သည် ။ သင်သည် ဤ "ညှိနှိုင်းထားသော အစစ်အမှန်မဟုတ်သော လုပ်ဆောင်ချက်" ကို သင်တွေ့ရှိနေရသည်ဟု သံသယရှိပါက ဆိုရှယ်မီဒီယာဆိုဒ်များသို့ တိုင်ကြားနိုင်ပြီး ၎င်းတို့သည် အဆိုပါ အလိုအလျောက်စနစ်များကို ပိတ်ပင်နိုင်သည်။ အလိုအလျောက်စနစ်ဖြင့် သက်သေပြရန် ခက်ခဲသော်လည်း သင်အနေဖြင့် ဆိုရှယ်မီဒီယာဆိုက်သည် အနိုင်ကျင့်နှောက်ယှက်မှု၏အကြောင်းအရာကို နားလည်မည်မဟုတ်ကြောင်း သံသယရှိပါက "ညှိနှိုင်းထားသော အစစ်အမှန်မဟုတ်သော လုပ်ဆောင်ချက်"ကို တိုင်ကြားခြင်းသည် အနိုင်ကျင့်နှောင့်ယှက်မှုအား တိုင်ကြားခြင်းထက် ပိုမိုအောင်မြင်နိုင်သည့် ကိစ္စအချို့များ ရှိပါသည် ။

    အယောင်ဆောင်ခြင်းကို တိုင်ကြားပါ

    ဤအရာကို ကျွနု်ပ်တို့ ဘာကြောင့် အကြံပြုထားတာလဲဆိုတာ လေ့လာပါ /

    အယောင်ဆောင်ခြင်းကို ဆိုရှယ်မီဒီယာပလက်ဖောင်းအများစုမှ လွတ်လပ်စွာပြောဆိုခွင့်အဖြစ် လက်ခံထားပြီး ဖယ်ရှားမည်မဟုတ်ပါ။ သို့ရာတွင် ဇာတ်ကောင်၏ အသရေဖျက်မှု ရည်ရွယ်ချက်အတွက် အယောင်ဆောင်ခြင်းမျိုးဖြစ်ပါက ၎င်းကို သင်တိုင်ကြားနိုင်ပါသည်။

    စိတ်ဖိစီးမည့် အကြောင်းအရာကို ဖျောက်ပါ

    ဤအရာကို ကျွနု်ပ်တို့ ဘာကြောင့် အကြံပြုထားတာလဲဆိုတာ လေ့လာပါ /

    ကျွနု်တို့အနေဖြင့် သူငယ်ချင်းတစ်ဦးသေဆုံးမှုနှင့်ပတ်သက်သည့် အချက်အလက်များဖြစ်စေ သို့မဟုတ် သတင်းများမှ ကြောက်စရာကောင်းသောအဖြစ်အပျက်များ ဖြစ်စေသို့မဟုတ် ကျွနု်ပ်တို့ဖြစ်တည်မှုကြောင့် နှိမ့်ချသော လူသိရှင်ကြား အငြင်းပွားမှုများ စသည့်အချက်အလက်များဖြစ်စေ အကြောင်းအရာများကို တွေ့ရလျှင် အခြားလူများထက် စိတ်ဆင်းရဲမှု ဖြစ်နိုင်ပါသည် ။ ထိုသို့ စိတ်ဖိစီးမှုများမှ ခေတ္တခဏ အနားယူရန်လိုအပ်လျှင် သင်မမြင်ချင်သော အကြောင်းအရာများကို ဖျောက်ရန်ကူညီပေးနိုင်မည့် ကိရိယာအချို့ရှိပါသည်။

    အကယ်၍ သင့်အကောင့် အပိတ်ခံရရင် သို့မဟုတ် အသုံးပြု၍မရလျှင် မည်သို့ ပြန်လည်ရယူမည်ကို လေ့လာရန်

    ဤအရာကို ကျွနု်ပ်တို့ ဘာကြောင့် အကြံပြုထားတာလဲဆိုတာ လေ့လာပါ /

    အကြောင်းတစ်ခုခုကြောင့် ဆိုရှယ်မီဒီယာဆိုဒ်များသည် ရံဖန်ရံခါတွင် အကောင့်အားပိတ်သွားမည်ဖြစ်သည်။ ဆိုရှယ်မီဒီယာ မူဝါဒကို ဆန့်ကျင့်တဲ့ လူအခွင့်ရေးချိုးဖောက်သည့် ကြမ်းတမ်းသည့် အကြောင်းအရာများ၊ အစိုးရနှင့် ရဲမှ တိုင်ကြားခြင်း (သို့) သူတို့ကို ဆန့်ကျင့်သူများ ဒါမှမဟုတ် ဆိုရှယ်မီဒီယာက ဘာအကြောင်းအရာကို တင်သည်ဆိုတာကို ဂဂနန နားမလည်တာမျိုးတွေမှာ အကောင့်ကို ပိတ်တတ်ပါသည်။ ဒီလိုတွေဖြစ်ခဲ့တယ်ဆိုရင် သင့်အကောင့်ကို ပြန်လည်ရယူနိုင်ပါသည်။ ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာကို အောက်ပါ လင့်ကနေ သုံးသပ်နိုင်ပါသည်။

    သင့်အကောင့်မှ အနားယူပါ

    ဤအရာကို ကျွနု်ပ်တို့ ဘာကြောင့် အကြံပြုထားတာလဲဆိုတာ လေ့လာပါ /

    တကယ်လို့ သင့်အကောင့်ကို အချိန်တစ်ခုအတွင်း သုံးဖို့ မဖြစ်နိုင်တဲ့ အချိန်မှာ သင့်အကောင့်မှာ လူတွေ ပို့စ်တင်တာကို ရပ်တန့်ခြင်းတယ်ဆိုရင် သင့်အကောင့်ကို ယာယီပိတ်ထားနိုင်သည်။ ဥပမာ အဖမ်းခံရချိန်၊ ထောင်ကျနေချိန်၊ ခဏနားချင်တာတဲ့ အချိန်မျိုးတွေမှာ အကောင့်ကို ယာယီပိတ်ထားနိုင်သည်။ နှောက်ယှက်ခြင်းနဲ့ အသရေဖျက်တာတွေ ရင်ဆိုင်ရချိန်မှာ ဒါက အသုံးဝင်သည်။ အီးမေးလ်ကဲ့သို့ အခြားအကောင့်များတွင် သင်သည် အဝင်မက်ဆေ့ချ်များကို ရပ်တန့်နိုင်မည်မဟုတ်သော်လည်း သင်အဝေးရောက်နေကြောင်းကို အလိုအလျောက်တုံ့ပြန်ရန် အကောင့်တွင် သတ်မှတ်နိုင်သည်။

    ဆိုရှယ်မီဒီယာက သင်၏ အချက်အလက်များကို မည်သို့အသုံးပြုကြောင်း လေ့လာရန်

    ဤအရာကို ကျွနု်ပ်တို့ ဘာကြောင့် အကြံပြုထားတာလဲဆိုတာ လေ့လာပါ /

    သင်သတင်းအချက်အလက်များကို မျှဝေလိုက်သည့်အခါ ဆိုရှယ်မီဒီယာက မည်သို့လုပ်ဆောင်သည်ကို ရှင်းလင်းစွာမသိရပါ ။ တခြား အချက်အလက်များနှင့် ပေါင်းစုပြီး သင့်အကြောင်းခန့်မှန်းနေသလား ? သင်မမျှဝစေချင်သော အချက်အလက်များကို တခြားကုမ္ပဏီများကို ရောင်းစားနေသလား? သိရှိရန်အတွက် အသုံးပြုသူလိုင်စင်သဘောတူညီချက်နှင့် ပုဂ္ဂိုလ်ရေးရာမူဝါဒ သို့မဟုတ် ဆိုရှယ်မီဒီယာဆိုက်များအတွက် ဒေတာအသုံးပြုမှုမူဝါဒကို ဖတ်ရှုပါ။

    သင့်သည် သတင်းထောက်တစ်ယောက်ဖြစ်ပါက သတင်းထောက်အဖြစ် စာရင်းသွင်းပါ

    ဤအရာကို ကျွနု်ပ်တို့ ဘာကြောင့် အကြံပြုထားတာလဲဆိုတာ လေ့လာပါ /

    တကယ်လို့ သင်သည် အချို့သောနိုင်ငံများတွင် သတင်းအဖွဲ့အစည်းတစ်ခုနှင့် ချိတ်ဆက်ထားသော သတင်းထောက်တစ်ဦးဖြစ်ပါက Facebook သည် သင့်အကောင့်ကို ပိုမိုလုံခြုံသောကာကွယ်မှုပေးကာ သင့်အား အတည်ပြုထားသော အရင်းအမြစ်တစ်ခုအဖြစ် အမှတ်အသားပြုသည့် နည်းလမ်းများဖြင့် သင့်အကောင့်ကို မှတ်ပုံတင်နိုင်ပါသည်။ တကယ်လို့သင်သည် အလွတ်သတင်းထောက်များ သို့မဟုတ် နိုင်ငံသား သတင်းထောက်များနှင့် သက်ဆိုင်ခြင်းမရှိပါက သင့်ရဲ့ နောက်ထပ်ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ပေးဆောင်ရန် လိုအပ်ပေမည်။