ဂူးဂဲလ် ဝန်ဆောင်မှုများကို အသုံးပြုသည့်အခါ သင်ကိုယ်တိုင် နှင့် သင့်ဒေတာကို ကာကွယ်ပါ

ပြုပြင်မွမ်းမံပြင်ဆင်ထားပြီးဖြစ်သည် 2021

မာတိကာ

...မာတိကာ စတင်နေသည်...

    စနစ်ထည့်သွင်းခြင်း

    ဆိုရှယ်မီဒီယာပေါ်မှာ တင်လိုက်ပြီးတဲ့အရာတွေက ပြန်လည်ဖယ်ရှားဖို့ ခက်ခဲတယ်ဆိုတာသိပါ

    • "ကျွနု်ပ်ရဲ့အချက်လက်များကို ဒေါင်းလုပ်ဆွဲရန်" ဆိုတဲ့ လုပ်ဆောင်ချက်တွေကို သင်အသုံးပြုသည့် ပလက်ဖောင်းတစ်ခုစီတိုင်းမှာ ဘယ်လိုအကျိုးသက်ရောက်မှုရှိလဲဆိုတာ စမ်းသပ်ပါ။ ဒေါင်းလုပ်ဆွဲခြင်း လုပ်ငန်းစဉ်ကို စတင်ပါ။ ထိုနောက် ဘယ်အချက်အလက်ကိုပေးတယ်ဆိုတာကို သေချာကြည့်ရှုပါ။ ဒေါင်းလုပ်ဆွဲလိုက်တဲ့အရာက သင်အသုံးပြုရလွယ်ကူတဲ့ ပုံစံမဟုတ်ဘူးဆိုတာ သင်တွေ့မြင်ရပါလိမ့်မည်။
    • ဒီလုပ်ငန်းစဉ်အတွက် အချိန်နည်းနည်းပေးရပါလိမ့်မည်။ တကယ်လို့ သင့်အကောင့်ဖွင့်ထားခဲ့တာ ကြာနေပြီဆိုရင်တော့ ဒေါင်းလုပ်ဆွဲဖို့ အချက်အလက်တွေ အများကြီးရှိနေပါလိမ့်မယ် ပြီးတော့ သင့်ဒေါင်းလုပ်တွေအတွက် ဝန်ဆောင်မှုက တစ်ရက်လောက်အထိ အချိန်ယူနိုင်ပါသည်။
    • ညွန်ကြားချက်များ
    • ဒီထဲကသက်ဆိုင်တယ်လို့ သင်ထင်တဲ့ ဒေတာများကို ရွေးချယ်ပါ စာရှင်းရှည်
    ဤအရာကို ကျွနု်ပ်တို့ ဘာကြောင့် အကြံပြုထားတာလဲဆိုတာ လေ့လာပါ /

    သင်၏ အကြောင်းအရာများ ၊ အဆက်သွယ်များ သို့မဟုတ် အခြားအချက်အလက်များအတွက် လူမှုကွန်ရက်ဆိုက်များကို အဓိက အားထားခြင်းကို ရှောင်ကြဉ်ပါ။

    သင့်ရဲ့ အစိုးရက ဆိုက် သို့မဟုတ် အပ်တစ်ခုကို ဘလော့လုပ်လိုက်မယ်ဆိုရင် သင့်ရဲ့ ဝင်ရောက်ခွင့် ဆုံးရှှုံနိုင်မယ်ဆိုတဲ့ အချက်ကို စဉ်းစားပါ။ အစိုးရက လူတွေမျှဝေနေတာကို ကန့်ကွက်ချင်ပါက သူတို့ဘောင်ထဲကနေပဲ သင့်ရဲ့ ဆိုရှယ်မီဒီယာအကောင့်ထဲကို ဝင်ရောက်ခွင့် ပိတ်ပင်ဖို့က သူတို့အတွက် အလွယ်လေးပါ။ ဆိုရှယ်မီဒီယာဝန်ဆောင်မှုများသည် သီးခြားနိုင်ငံတစ်ခုတွင် ဆင်ဆာဖြတ်တောက်ခြင်းကို ရင်ဆိုင်ရမည့်အစား ကန့်ကွက်သင့်တဲ့ အကြောင်းအရာများကို သူတို့ကိုယ်တိုင် ဖယ်ရှားရန် ဆုံးဖြတ်နိုင်သည်။

    ဆိုရှယ်မီဒီယာတွေက သူတို့ရဲ့ မူဝါဒတွေကို ချိုးဖောက်သည်ဟု ယူဆရသည့် အကြောင်းအရာများကိုဖယ်ရှားနိုင်သည်။ (ဥပမာ ကြမ်းတမ်းသောပုံများ သို့မဟုတ် နှောင့်ယှက်မှုများအကြောင်းများ) အထူးသဖြင့် အင်္ဂလိပ်လိုမဟုတ်ပါက အသုံးပြုသူများ ပို့စ်တင်သည့် ဒေသဆိုင်ရာ အကြောင်းအရာကို နားလည်ရန် တစ်ခါတစ်ရံ သူတို့အတွက်ခက်ခဲသည်။

    သင့်နာမည် အစစ်ကို သုံးမှာလား မသုံးဘူးလားကို ဆုံးဖြတ်ပါ။ အကောင့်တွေကို ခွဲခြားထိန်းသိမ်းပါ

    • လူမှုကွန်ရက်တစ်ခုကို နာမည်အတုပေးထားလျှင်ပင် သင် အသုံးပြုသော စက်ပစ္စည်းကို ချိတ်ဆက်နေသော နက်ဝက်နှင့် IP လိပ်စာများမှတဆင့် သင့်ကို သတ်မှတ်သိရှိနိုင်တယ်ဆိုတာ သတိထားပါ သင်က ဒီအချက်အလက်များကို ဖုံးကွယ်ဖို့ VPN အသုံးမပြုနေဘူးဆိုရင် သိနိုင်ပါ.
      • တစ်စုံတစ်ယောက်က သင့်ပရိုဖိုင်ကို သင်သုံးနေတဲ့ IP လိပ်စာနှင့် ချိတ်ဆက်ကြည့်ဖို့ ပိုမိုခက်ခဲစေရန် ပထဆုံးအကြိမ် အကောင့်ဖွင့်ချိန်မှာ VPN ကိုအသုံးပြုပါ
    • မတူညီသော ကမ်ပိန်းများနှင့် လှုပ်ရှားမှုများအတွက် သီးခြားအကောင့်များ သို့မဟုတ် သီးခြားအထောက်အထားများ/ကလောင်အမည်များကို အသုံးပြုရန် စဉ်းစားပါ။ အနည်းဆုံးတော့ သင့်ကိုယ်ရေးကိုယ်တာနှင့် အလုပ်အကောင့်များကို သီးခြားသုံးလို့ရပါလိမ့်မည်။
    • လူမှုကွန်ယက်ကို လုံခြုံစွာအသုံးပြုခြင်းရဲ့ အဓိကသော့ချက်က ထိုကွန်ရက်မှာရှိတဲ့ လူတွေကိုယုံကြည်နိုင်စေရန်ဖြစ်ကြောင်း သိထားပါ။ သင်နှင့်သင့်ကွန်ရက်ကလူတွေက အကောင့်ရဲ့ နောက်ကွယ်က လူက တကယ်ဘဲ ထိုလူကိုယ်တိုင်ဖြစ်ပြီး ဘယ်လိုအတည်ပြုကြရမယ်ဆိုတဲ့နည်းလမ်းတွေကိုလည်း သိဖို့ လိုအပ်ပါတယ်။ ဒါက သင့်နာမည်အစစ်ကို သုံးရမယ်လို့ မဆိုလိုပါ။ ဒါပေမယ့် နာမည်အတုကို သုံးမယ်ဆိုလည်း သတ်သတ်မှတ်မှတ် သုံးဖို့အရေးကြီးပါသည်။
    ဤအရာကို ကျွနု်ပ်တို့ ဘာကြောင့် အကြံပြုထားတာလဲဆိုတာ လေ့လာပါ /

    တစ်ချို့လူတွေက လူမှုကွန်ယက်မှာ နာမည်တုနဲ့ဖွင့်ထားခြင်း ဒါမှမဟုတ် နာမည်အစစ်တစ်ခု အတုတစ်ခုသုံးပြီး သူတို့ရဲ့ လွတ်လပ်မှုတွေအတွက်နဲ့ လုံခြုံရေးအရး လူတွေကို ချိတ်ဆက်ဆက်သွယ်ကြသည်။

    Set up with a fresh email address

    • Tor Browser or a trusted VPN ကိုအသုံးပြုပြီ အီမေးလ်လိပ်စာအသစ်တစ်ခု တည်ဆောက်ပါ။
    • Suggested privacy-friendly mail services:
      • Proton Mail/
      • သင့်ကိုဖိတ်ကြားမယ့် သူငယ်ချင်းတစ်ယောက်ရှိခဲ့ရင် Riseup Mail
      • Autistici
    ဤအရာကို ကျွနု်ပ်တို့ ဘာကြောင့် အကြံပြုထားတာလဲဆိုတာ လေ့လာပါ /

    သင့်ကိုရှာဖွေဖို့အတွက် အီးမေလ်လိပ်စာသည် အလွယ်ကူဆုံးထဲက တစ်ခုဖြစ်သည်။ အကောင့်သစ်တစ်ခုဖွင့်တိုင်း အီးမေလ်တစ်ခုလိုအပ်သည်။ တကယ်လို့ သင်က သင့် အထောက်အထားကို ဖုံးကွယ်ထားချင်တယ်ဆိုရင် သင့်အကောင့်အဟောင်း သို့မဟုတ် လက်ရှိ အီမေးလ်လိပ်စာနဲ့ မချိတ်ဆက်ထားတဲ့ လူမှုကွန်ရက်အကောင့်တစ်ခုကို စတင်တာ အကောင်းဆုံးဖြစ်တယ်။

    သင့်အကောင့်နှှင့် သင့်ဖုန်းနံပါတ်ကို မဆက်စပ်ပါနှင့်

    • ဖြစ်နိုင်မယ်ဆိုရင် အကောင့်အသစ်ကို စတင်အသုံးပြုသည့်အခါ သင်ရဲ့ ဖုန်းနံပါတ်ကို မထည့်ပါနှင့် ။ Google က သင့်ကို အကောင့်အသစ်တစ်ခုလုပ်ရန် အီးမေးလ်တစ်ခုသာ ခွင့်ပြုပါလိမ့်မယ် အဲဒီအရာက သင်နဲ့ ဆက်နွယ်ဖို့ ခက်ခဲပါလိမ့်မယ်။
    • အချို့သောနိုင်ငံများတွင် ဂူးဂဲလဲသည် ၂၀၂၀ ခုနှစ်တွင် လူများ ကိုယ်တိုင်ဖြည့်သွင်းနိုင်သည့် သတင်းအချက်အလက်များကို "People Card" အင်္ဂါရပ်တစ်ခုကို စတင်ခဲ့သည် ။ သင်ပြုလုပ်ခဲ့သော ကဒ်ကိုဖယ်ရှားရန် ဤညွှန်ကြားချက်များကို လိုက်နာပါ သင် ဆက်သွယ်ရန် အချက်အလက်ကို ကဒ်မှဖယ်ရှားပါ
    ဤအရာကို ကျွနု်ပ်တို့ ဘာကြောင့် အကြံပြုထားတာလဲဆိုတာ လေ့လာပါ /

    သင့်၏ ဖုန်းနံပါတ်သည် သင်ဘယ်သူဘယ်ဝါဖြစ်ကြောင်း ရှာကြည့်ဖို့ လွယ်ကူပါသည်။ သင့်အကောင့်နှင့်ဆက်စပ်နေသည့် လုပ်ဆောင်ချက်ကိုရှာဖွေရန် အာဏာပိုင်များမှ လူမှုကွန်ယက်မီဒီယာကုမ္ပဏီများထံ တရားဝင်တောင်းဆိုမှုပြုလုပ်နိုင်ခြင်းရှိမရှိ ဥပဒေအားလေ့လာပါ။ ထို့အပြင် သင့်အားအနှောက်အယှက်ပေးလိုသူမှ သင့်နံပါတ်ကို အသုံးပြုပြီး ရှာဖွေနိုင်ခြင်းရှိမရှိ ထည့်သွင်းစဉ်းစားပါ။

    Designate someone to manage your account if you are unable to do it yourself

    • ဂူးဂဲလ်က ဝန်ဆောင်မှုအများစုနှင့် မတူသည့် အနည်းငယ်ကွဲပြားသော မူဝါဒကို လိုက်နာဆောင်ရွက်ပြီး ဥပဒေကြောင်းအရ သင်၏ အကောင့်ကို သင်ချစ်ခင်ရတဲ့သူ သို့မဟုတ် သင်၏လုပ်ဖော်ကိုင်ဖက်ကိုလည်း ဝင်ရောက်ခွင့်ပေးမည်မဟုတ်ပါ။ သင်၏ အကောင့်ကို အချိန်အတိုင်းအတာတစ်ခုအထိ အသုံးပြုခြင်းမရှိပါက အီးမေးလ်လက်ခံရရှိရမည့် ယုံကြည်ရသော စိတ်ချရသည့် အဆက်အသွယ်တစ်ခုကို သတ်မှတ်နိုင်သည် ။ ထိုအဆက်အသွယ်မှ သင့်အကောင့်မှ သင်သတ်မှတ်ထားသော ဒေတာများကို ဒေါင်းလုပ်ချနိုင်သည်။
    • အရေးပေါ်အခြေအနေတွင် တစ်စုံတစ်ယောက်က သင်၏အကောင့်ကို ဝင်ရောက်_အသုံးပြု_ရန် လိုအပ်မည်ဟု မျှော်လင့်ပါက သင်၏အကောင့်ဝင်ရောက်ရမည့် အချက်အလက်များကို ဝှက်စာစနစ်ဆက်သွယ်ရေး သို့မဟုတ် စကားဝှက် မန်နေဂျာ၏ မျှဝေမှုလုပ်ဆောင်ချက်ကို အသုံးပြု၍ မျှဝေဖို့ စီစဉ်ထားပါ ။
    • လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ဖမ်းဆီးခံရတယ် သို့မဟုတ် ထိန်းသိမ်းခံရတယ်ဆိုရင် Access Now's Helpline ကို ဆက်သွယ်ပါ ။ ဒါမှမဟုတ် Front Line Defenders ကတဆင့် ဂူးဂဲလ် ကိုဆက်သွယ်ပြီး သူတို့အကောင့်ကို လုံခြုံမှုရှိစေဖို့ အကူအညီတောင်းပါ ။
    ဤအရာကို ကျွနု်ပ်တို့ ဘာကြောင့် အကြံပြုထားတာလဲဆိုတာ လေ့လာပါ /

    ဤအရာသည် အန္တရာယ် အခြေအနေ ဘယ်လောက်ပဲဖြစ်နေပါစေ လူတိုင်း စဉ်းစားရမည့်အရာတစ်ခုဖြစ်သည် ။ လူမှုကွန်ရက်များသည် သုံးစွဲသူ သေဆုံးသွားခြင်း၊ နာမကြမ်းဖြစ်နေခြင်း သို့မဟုတ် ‌ထောင်ချခံနေရသည့် အခြေအနေများနှင့် အခြားသူများက သူတို့အကောင့်ကို စီမံခန့်ခွဲဖို့လိုအပ်လာလျင် ကိုင်တွယ်ဖြေရှင်းရန် လုပ်ငန်းစဉ်များ တီထွင်ပြုလုပ်ထားသည်။ သင်၏ အကောင့်ကို ဂရုစိုက်ရန် တစ်စုံတစ်ယောက်ကို သတ်မှတ်ထားခြင်းဖြင့် သင်၏အခြေအနေများကို အခြားသူများအား အကြောင်းကြားထားခြင်း သေချာစေပြီး သင်၏အကောင့်ကို မသမာသူများမှ ဖျက်စီးခြင်း သို့မဟုတ် အဟက်ခံရခြင်းမှ တားဆီးနိုင်မည်ဖြစ်သည်။

    အကောင့် ကာကွယ်မှု

    ပြန်လည်ရယူနိုင်သည့် အီးမေးလ်နှင့် ဖုန်းကို စစ်ဆေးပါ

    ဤနေရာတွင်စစ်ဆေးပါ:

    ဤအရာကို ကျွနု်ပ်တို့ ဘာကြောင့် အကြံပြုထားတာလဲဆိုတာ လေ့လာပါ /

    သင်၏အကောင့်များတွင် စစ်မှန်ကြောင်းသက်သေပြဖို့ ပြဿနာရှိပါက ပြန်လည်ရယူရန် အီးမေးလိပ်စာ နှင့်/သို့မဟုတ် ဖုန်းနံပါတ်ကို ထည့်ထားသည်။ လုံခြုံရေးဆိုင်ရာအဖြစ်အပျက်မှန်သမျှအတွက် သင့်ကို အကြောင်းကြားရန်လည်း ထိုအီးမေးလ်လိပ်စာကို အသုံးပြုသည် ။ တိုက်ခိုက်သူများမှ သင့်အကောင့်ကိုထိန်းချုပ်မှုရရှိပြီး နောက်ပိုင်းပြောင်းလဲခြင်းမရှိအောင် သေချာစေရန် ဤအချက်အလက်များကို စစ်ဆေးရန် အရေးကြီးသည် ။

    Use strong passwords

    • သင်၏အကောင့်ကိုကာကွယ်ရန် ခိုင်မာအားကောင်းသော စကားဝှက်များအသုံးပြုပါ။ သင်၏ လူမှုကွန်ရက်အကောင့်ကိုရရှိသူများသည် သင်နှင့် သင်ချိတ်ဆက်နေသော မည်သူနှင့်မဆို ပတ်သက်သောအချက်အလက်များကို ရရှိနိုင်သည် ။ ပိုမိုသိရှိလိုပါက ကျွနု်ပ်တို့ လမ်းညွှန် [လုံခြုံသော စကားဝှက်များမည်သို့ထားရှိရမည်] (../../passwords) ကိုဖတ်ပါ။

    အချက်အလက်များစွာဖြင့် စစ်မှန်ကြောင်းသက်သေပြခြင်း (2FA) စနစ်ကို ထားရှိပါ

    • အချက်အလက်များစွာဖြင့် စစ်မှန်ကြောင်းသက်သေပြခြင်း အတွက် လုံခြုံရေး သော့ သို့မဟုတ် စစ်မှန်ကြောင်းသက်သေပြ အက်ပလီကေးရှင်း သို့မဟုတ် လုံခြုံရေးနံပါတ်များကို အသုံးပြုပါ။
    • ဖြစ်နိုင်လျင် SMS သို့မဟုတ် ဖုန်းခေါ်ဆိုမှုကို အသုံးမပြုပါနှင့် ။ ထိုကြောင့် သင်၏ အကောင့်နှင့် သင့်၏ဖုန်းနံပါတ်ကို ချိတ်ဆက်ရန်မလိုအပ်ပါ ။ သင့်အကောင့်နှင့် သင့်နာမည် ဆက်စပ်မှုမရှိပါက အထူးအရေးကြီးသည်။
    • နှစ်ဆင့်ခံလုံခြုံရေးအတွက် သင့်ရွေးချယ်မှုများကို ကြည့်ပါ
    • [နှစ်ဆင့်ခံလုံခြုံရေးကိုဖွင့်ပါ] (https://support.google.com/accounts/answer/185839)
    ဤအရာကို ကျွနု်ပ်တို့ ဘာကြောင့် အကြံပြုထားတာလဲဆိုတာ လေ့လာပါ /

    2FA သို့မဟုတ် MFA ဟု လူသိများသော အချက်အလက်များစွာဖြင့် စစ်မှန်ကြောင်းသက်သေပြခြင်း မည်သို့ ထားရှိရမည်နှင့် အဘယ်ကြောင့်ထားရှိရမည်များနှင့်ပတ်သက်၍ [စကားဝှက်များနှင့် အခြား အကောင့်ဝင်ရောက်မှုဆိုင်ရာ ကာကွယ်မှုများအတွက် ကျွနု်ပ်တို့လမ်းညွှန်ကိုကြည့်ပါ] (../../passwords/passwords-and-2fa/)။

    သင့်အကောင့်ကို ပြန်လည်ဝင်ရောက်ရန် အတည်ပြုကုဒ်ရယူပါ

    • [အရန်ကုဒ်နံပါတ်များကို ရယူပါ ] (https://support.google.com/accounts/answer/1187538)
    • [သင့်တွင် အန်းဒရွိုက်ဖုန်းရှိပါက ဂူးဂဲလ်လုံခြုံရေးကုဒ်ကို အသုံးပြုကြည့်ပါ] (https://support.google.com/accounts/answer/6046815)
    • ဒီကုဒ်များကို သင့်၏ စကားဝှက်မန်နေဂျာထဲတွင် သိမ်းဆည်းပါ။
    • တစ်နည်းအားဖြင့် သင်သည် ၎င်းတို့ကို လိုအပ်နိုင်သည့် အခြေအနေမျိုးသို့ မရောက်ရှိမီ ကုဒ်များကို ထုတ်ယူထားပါ။ သင့်ပိုက်ဆံအိတ် သို့မဟုတ် သော့ခတ်ထားသော လုံခြုံသောနေရာတွင် ၎င်းတို့ကို လုံခြုံအောင် ဝှက်ထားပါ။
    ဤအရာကို ကျွနု်ပ်တို့ ဘာကြောင့် အကြံပြုထားတာလဲဆိုတာ လေ့လာပါ /

    အတည်ပြုကုဒ်များကို ရေးမှတ်ထားခြင်း သို့မဟုတ် ပုံနှိပ်ထုတ်ထားခြင်းသည် သင့်အကောင့်ကို ဝင်ရောက်ခွင့်ဆုံးရှုံးသွားပါက ပြန်လည်ဝင်ရောက်နိုင်မည့် နည်းလမ်းတစ်ခုဖြစ်သည် ။ သင်ခရီးသွားသောအခါတွင်လည်း ဝိုင်ဖိုင် သို့မဟုတ် ဖုန်းအင်တာနက်များ အသုံးပြုနိုင်ခြင်းမရှိသည့်အခါ အကောင့်ဝင်ရောက်ဖို့ လိုအပ်လာပါက စစ်မှန်ကြောင်း သက်သေပြရန် အထူးအသုံးဝင်သည် ။

    သင်၏ စက်ပစ္စည်း ပျောက်ဆုံးသွားပါက သို့မဟုတ် အခိုးခံရပါက

    • [ခိုးခံရသော အန်းဒရွိုက်စက်ပစ္စည်းကို ရှာဖွေ ၊ သော့ခတ်ခြင်း သို့မဟုတ် ဖျက်ခြင်း] (https://support.google.com/accounts/answer/6160491)

    အက်ပ် သို့မဟုတ် ဝန်ဆောင်မှုက သင့်ထံပေးပို့သည်ဟု ဆိုထားသည့် လုံခြုံရေးနှင့်ပတ်သက်၍ သင်ရရှိထားသောအီးမေးလ်များကို နှိုင်းယှဉ်ပါ

    ဤအရာကို ကျွနု်ပ်တို့ ဘာကြောင့် အကြံပြုထားတာလဲဆိုတာ လေ့လာပါ /

    လူမှုကွန်ရက်များမှလာသည့် ဖြားယောင်းသည့် စာတိုပို့ဆောင်မှုများသည် သင့်အကောင့်ဆီသို့ ဝင်ရောက်ခွင့်ရဖို့ရန် လှည့်ဖြားခြင်းမျိုးများ ဖြစ်တတ်ပါသည်။ အကယ်၍ သင်သည် လူမှုကွန်ရက်တစ်ခုမှ လုံခြုံရေးမေးလ်များ ၊ စာတ်ိုပေးပို့မှုများ လက်ခံရရှိခဲ့ပါက ထိုလင့်များကို မနှိပ်ပါနှင့် ။ သင့် စကားဝှက်ကို ထည့်သွင်းခြင်း မပြုပါနှင့်။ ထိုသို့ပြုလုပ်မည့်အစား သင့်အကောင့်ထဲသို့ ဝင်ရောက်ကြည့်ရှူပြီး ပို့ထားသော လင့်နဲ့စာတိုများ တရားဝင်အစစ်အမှန် ဟုတ်မဟုတ် စစ်ဆေးပါ။

    သံသယဖြစ်စရာ ဝင်ရောက်မှုများကို ရှာဖွေပါ

    လက်ရှိ အသုံပြုနေသည့် စက်ပစ္စည်းများကို စစ်ဆေးပါ။ အကောင့်လုပ်ဆောင်ချက်နှင့် လုံခြုံရေးဆိုင်ရာ ဖြစ်ရပ်များကို ပြန်လည်သုံးသပ်ပါ

    • ဘယ်စက်ပစ္စည်းတွေကနေ သင့်အကောင့်ကို ဝင်ရောက်နေတယ်ဆိုတာကို ဖော်ပြပါ စာမျက်နှာတွေမှာ ရှာဖွေပါ (ဘရောင်ဇာတွေ အပ်တွေအသုံးပြုပြီး ဝင်ရောက်ခြင်းတွေလည်း ပါဝင်သည်)။ ဝင်ရောက်မှုတိုင်းကို သိနေပါသလား?
      • "လက်တလောလုံခြုံရေး လုပ်ဆောင်ချက်" ကို ဒီမှာရှာဖွေပါ
      • [ဝင်ရောက်အသုံးပြုထားသည်များကို အနီးကပ် လေ့လာကြည့်ပါ] (https://myaccount.google.com/notifications)
      • သင် ဝင်ရောက်ထားခြင်းမရှိပါက စက်ပစ္စည်းများမှ အကောင့်မည်သို့ထွက်ရမည်ဆိုသည့် ညွှန်ကြားချက်ကို ကြည့်ရှူပါ။
      • သင့်တည်နေရာကို ဖုံးကွယ်ထားနိုင်သည့် VPN သို့မဟုတ် Tor Browser ကို အသုံးပြုနေပါက၊ မမျှော်လင့်ထားသောနေရာများတွင် သင့်ကိုယ်ပိုင်စက်ပစ္စည်းနှင့် ချိတ်ဆက်နေသည်ကို သင်တွေ့နိုင်သည်ကို သတိပြုပါ။
    • သင့်အကောင့်တွင် သံသယဖြစ်ဖွယ်လုပ်ဆောင်ချက်ကို တွေ့ရှိပါက သင့်ဝှက်စာကို အခြားအကောင့်များအတွက် အသုံးမပြုသော၊ ရှည်လျားပြီး ကျပန်း ဝှက်စာအသစ်တစ်ခု ချက်ချင်းပြောင်းပါ။ ဒီဝှက်စာကို သင့်စကားဝှက်မန်နေဂျာတွင် သိမ်းဆည်းပါ။
    • [အချက်အလက်များ ထပ်မံသိရှိလိုပါက] (https://support.google.com/accounts/answer/3067630)
    ဤအရာကို ကျွနု်ပ်တို့ ဘာကြောင့် အကြံပြုထားတာလဲဆိုတာ လေ့လာပါ /

    အစိုးရများ၊ ရဲများ၊ အိမ်တွင်းအလွဲသုံးစားလုပ်သူများနှင့် အခြားရန်ဘက်များသည် သူတို့၏ စက်ပစ္စည်းများမှတဆင့် ဝင်ရောက်ပြီး သင့်အကောင့်များကို ကြည့်ရှုရန် နည်းလမ်းများကို ရှာဖွေနိုင်ပါသည်။ ထိုသို့ပြုလုပ်ပါက သင့်အကောင့်များသို့ ဝင်ရောက်ရန် လူမှုကွန်ရက်များမှ မည်သည့်စက်ပစ္စည်းများကို အသုံးပြုထားသည်ကို ပြသသည့် ဤစာမျက်နှာများကို သင်မြင်နိုင်မည်ဖြစ်သည်။

    ဝင်ရောက်ခြင်း သတိပေးချက်ကို ထည့်သွင်းပါ

    • အကောင့်နှင့် သင်ဆက်စပ်နေသော အီးမေးလ်လိပ်စာသို့ အကြောင်းကြားချက်များကို ပေးပို့ရန် ချိန်ညှိပါ။
    • အကြောင်းကြားချက်များအတွက် သင့်ဖုန်းနံပါတ်ကို အသုံးပြုခြင်းမှ ရှောင်ကြဉ်ပါ (အထက်ပါ "သင်၏ဖုန်းနံပါတ်ကို အကောင့်များနှင့် ချိတ်ဆက်ခြင်းမှ ရှောင်ကြဉ်ပါ" ကိုကြည့်ပါ)။
    • [ဂူးဂဲလ်မှ အကောင့်ဝင်ရောက်ခြင်းများကို အလိုအလျောက် သတိပေးချက်များပို့သည်] (https://support.google.com/accounts/answer/7305876) အမျိုးစားအမည်မသိနိုင်သည့် စက်ပစ္စည်းအသစ်မှတဆင့် သင်၏ ပြန်လည်ဝင်ရောက်ရန်အသုံးပြုမည့် အီးမေးလ်သို့မဟုတ် သင်၏ အန်းဒရွိုက် စက်ပစ္စည်းသို့ ပို့သည်
    ဤအရာကို ကျွနု်ပ်တို့ ဘာကြောင့် အကြံပြုထားတာလဲဆိုတာ လေ့လာပါ /

    သင့်အကောင့်ကို စောင့်ကြည့်နေနိုင်သည်ဟု သံသယရှိပါက သို့မဟုတ် သင့်ရန်သူသည် ဖောက်ထွင်းဝင်ရောက်နိုင်သည်ဟု သံသယရှိပါက အဖြစ်ပျက်များကို ချက်ချင်းအကြောင်းကြားရန် လူမှုကွန်ရက်အကောင့်များ၏ ဒီအချက်ကို အသုံးပြုပါ။

    If you think your account has been hacked

    သင့်အကောင့်ကို ဝင်သုံးနိုင်သော အခြားဆိုက်များနှင့် အက်ပ်များကို ပြန်လည်သုံးသပ်ပါ

    • သင့်အကောင့်ဖြင့် တစ်ခြားဆိုက်တွေဝင်ရောက်ခြင်းကို ရှောင်ကြဉ်ပါ။ (ဥပမာ သတင်းဆိုက်များ အစရှိသဖြင့်)။ ဒီဆိုက်တွေကို လွယ်ကူအဆင်ပြေစွာဝင်ရောက်နိုင်တယ် ဆိုတာက သင့်ကိုတိုက်ခိုက်မယ်သူတွေအတွက်လည်း လွယ်ကူအဆင်ပြေဆိုတဲ့ အဓိပ္ပါယ်ပါသက်ရောက်ပါသည်။ သင့်ဖြည့်သွင်းလိုက်တဲ့ အချက်လက်တွေလည်း ကျန်ရစ်နိုင်သည်။ ဆိုက်တစ်ခုချင်းစီမှာ မတူညီတဲ့ ဝှက်စာတွေကို အသုံးပြုပြီး သင့်ရဲ့ဝှက်စာမန်နေဂျာထဲမှာ သိမ်းဆည်းထားပါ။
    • လူမှုကွန်ရက်အကောင့်များကို ချိတ်ဆက်ပါက သတိရှိပါ။ ဝက်ဆိုက်တစ်ခုတွင် အမည်မသိဖြစ်နိုင်သော်လည်း အခြားတစ်ခုသုံးရာတွင် သိသာထင်ရှားခြင်းမျိုး ဖြစ်နိုင်သည်။
    • သင့်အကောင့်ဖြင့် ချိတ်ဆက်ထားသော ဝက်ဘ်ဆိုက်များနှင့် အပ်ပ်များအကြောင်းလေ့လာရန် ဤလင့်များကိုအသုံးပြုပါ
    ဤအရာကို ကျွနု်ပ်တို့ ဘာကြောင့် အကြံပြုထားတာလဲဆိုတာ လေ့လာပါ /

    လူမှုကွန်ရက်အများစုသည် သင့်ကို အခြား လူမှုကွန်ရက်များနှင့် သတင်းအချက်အလက်များ ပေါင်းစပ်ရန် ခွင့်ပြုသည်။ ဥပမာအားဖြင့် သင်၏ တွစ်တာအကောင့်တွင် တင်ခြင်းသည် ဖေ့ဘွတ်အကောင့်တွင်ပါ အလိုအလျောက် တင်နိုင်အောင်ပြုလုပ်ထားသည် ။ အခြားဝက်ဆိုက်များနှင့် အပ်များတွင် ထိုသို့ ဝင်ရောက်ကြည့်ရှူနိုင်ခြင်းရှိပါက သင်၏ လူမှုကွန်ရက်အကောင့်များကို ဟက်ကာများမှ ဝင်ရောက်အသုံးပြုနိုင်မည်ဖြစ်သည် ။

    နောက်ထပ် ခွဲခြားစိတ်ဖြာမှုများပြုလုပ်နိုင်ရန် ဒေတာကို ဒေါင်းလုပ်ချပါ (အဆင့်မြင့်)

    ဤအရာကို ကျွနု်ပ်တို့ ဘာကြောင့် အကြံပြုထားတာလဲဆိုတာ လေ့လာပါ /

    သင်၏ စက်ပစ္စည်းကို တစုံတယောက်မှ ကျူးကျော်ဝင်ရောက်သည်ဟု သံသယရှိပါက သင်အကောင့်၏ လက်တလော လုပ်ဆောင်ချက်မှတ်တမ်းများအားလုံးကို ဒေါင်းလုပ်ချရန် လိုလိမ့်မည် ။ ထိုမှသာ သင် သို့မဟုတ် သင့်ကို နည်းပညာပံ့ပို့ပေးသူမှ ပုံမှန်မဟုတ်သော လုပ်ဆောင်ချက်ကို ရှာဖွေနိုင်မည်ဖြစ်သည် ။

    မည်သည့်အကြောင်းအရာတင်မည်ကို ဆုံးဖြတ်ပါ

    သင်ကိုယ်တိုင် အွန်လိုင်းတွင် ထုတ်ဖော်မှုပြသလေလေ သင့်အား အာဏာပိုင်များနှင့် အခြားသူများ သိရှိနိုင်စေရန်နှင့် သင့်လှုပ်ရှားမှုများကို စောင့်ကြည့်ရန် ပိုမိုလွယ်ကူလေဖြစ်သည်။ ဥပမာအားဖြင့် သင့်အစိုးရ၏ ရာထူးအချို့ကို ဆန့်ကျင်သည့် စာမျက်နှာကို မျှဝေ (သို့မဟုတ် လိုက်ခ်ပြုလုပ်)ပါက ထိုအစိုးရ၏ အေးဂျင့်များသည် သင့်အား စိတ်ဝင်စားမှုရှိပြီး ထပ်လောင်းစောင့်ကြည့်ခြင်း သို့မဟုတ် တိုက်ရိုက်နှိပ်စက်ညှဉ်းပန်းမှုများပြုလုပ်ရန် ပစ်မှတ်ထားလာလိမ့်မည်။ ထိုအကြောင်းအရာသည် အာဏာရှင်အစိုးရများအောက်တွင် နေထိုင်ခြင်းမရှိသူများအတွက်ပင် အကျိုးဆက်များ ရှိလာနိုင်သည် ။ တက်ကြွလှုပ်ရှားသူများ၏ လူမှုကွန်ရက်တွင် ရေးသားဖော်ပြမှုများကြောင့် ၎င်းတို့၏ မွေးရပ်မြေရှိ အာဏာပိုင်များမှ ထွက်ခွာသွားသော တက်ကြွလှုပ်ရှားသူအချို့၏ ကျန်ရှိသော မိသားစုများသည် အာဏာပိုင်များ၏ ပစ်မှတ်ထားခံခဲ့ရသည် ။

    လူမှုကွန်ရက်များပေါ်တွင် ၊ တိုက်ရိုက် မက်ဆေ့ချ်များမှပင်တဆင့် ဘယ်တော့မှ မပို့သင့်သော သတင်းအချက်အလက်များ

    • ဝှက်စာများ
    • ပုဂ္ဂိုလ်ရေးအရသီးသန့် သတ်မှတ်ထားသော သတင်းအချက်အလက်များ ၊ အပါအဝင်
      • သင်၏မွေးနေ့
      • သင်၏ ဖုန်းနံပါတ်(ဆက်သွယ်မှုပြုလုပ်ခြင်း၏ စကရင်ရှော့များတွင် ပေါ်နေသလား?)
      • အစိုးရ သို့မဟုတ် အခြား အိုင်ဒီ နံပါတ်များ
      • ဆေးမှတ်တမ်းများ
      • ပညာရေးနှင့် အလုပ်အကိုင် ရာဇဝင် (သင်ဆီမှ ယုံကြည်မှုရရှိနိုင်ရန်အတွက် စိတ်ချယုံကြည်ရမှုမရှိသော လူများမှ ၎င်းအချက်အလက်များကို အသုံးပြုနိုင်သည်)

    သင့်ဒေသရှိ ခြိမ်းခြောက်မှုများအပေါ် သင့်အကဲဖြတ်မှုကို မူတည်၍ လူမှုကွန်ရက်တွင် သင်မတင်လိုသော အချက်အလက်များ :

    • သင်၏အီးမေးလ်လိပ်စာ ( အနည်းဆုံး ထိခိုက်မှု ပို၍ ၊ လျော့၍ ဖြစ်စေသော အကောင့်များကို စဉ်းစားပါ)
    • မိသားစုအဖွဲ့ဝင်များအကြောင်း အသေးစိတ်
    • သင်၏လိင်စိတ်တိမ်းညွှတ်မှု သို့မဟုတ် လိင်မှုဆိုင်ရာအလေ့အထ
    • သင့်ကွန်ရက်များရှိ လူများကို ယုံကြည်လျှင်ပင် တစ်စုံတစ်ယောက်က သင့်အချက်အလက်များကို လွယ်ကူစွာ ကူးယူပြီး သင်ဖြစ်ချင်တာထက် ပိုပြီးကျယ်ပြန့်စွာ သင့်အချက်အလက်များကို ဖြန့်ကျက်ထားနိုင်တယ် ဆိုတာကို သတိရပါ။
    • လုံခြုံရေး ရည်ရွယ်ချက်ကြောင့် သင်မျှဝေလိုသည့်နှင့် မမျှဝေလိုခြင်းအပေါ် လူမှုကွန်ရက်နှင့် သဘောတူညှိနှိုင်းပါ။
    • သင့်သူငယ်ချင်းတွေအနေနဲ့ တစ်ခြားသူတွေမသိစေချင်တဲ့ အကြောင်းတွေကို သင်ဖော်ပြလို်က်နိုင်တယ်ဆိုတာကို စဉ်းစားပါ။ ဒီအချက်ကို သေချာ သတိထားပြီး သူတို့ကိုလည်း သင့်အကြောင်းဖော်ပြခြင်းကို သတိထားဖို့ ပြောပြပါ။

    တည်နေရာကို မမျှဝေပါနှင့်

    • ဤ ညွှန်ကြားချက်များကို လိုက်နာပါ
    • Google Maps ရှိ သင်၏ "အညွှန်းတပ်ထားသော နေရာများ" တွင် အချို့သောနေရာများကို "အိမ်" သို့မဟုတ် "အလုပ်" အဖြစ် သတ်မှတ်ထားပါက ထိုအချက်အလက်များကို ရှင်းလင်းဖယ်ရှားပါ [(ဤနေရာတွင် လမ်းညွှန်ချက်ကိုရှာပါ)] (https://support.google.com/websearch/answer/179386)
    • အန်းဒရွိုက်: ["ဖုန်း၏တည်နေရာကိုအသုံးပြု၍ အက်ပ်တစ်ခုကိုရပ်တန့်ပါ"] အတွက် ညွှန်ကြားချက်များကို လိုက်နာပါ (https://support.google.com/accounts/answer/6179507)
    ဤအရာကို ကျွနု်ပ်တို့ ဘာကြောင့် အကြံပြုထားတာလဲဆိုတာ လေ့လာပါ /

    တကယ်လို့ တစ်စုံတစ်ယောက်က သင်ဘယ်မှာရှိတယ်ဆိုတာ သိရှိပြီ သင့်ကို ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာအောင် လုပ်ဆောင်နိုင်သည်ဟု စိုးရိမ်ရရင် သင့်အကောင့်မှာ တည်နေရာတွေ မှတ်သားသိမ်းဆည်းခြင်းကို ရပ်တန့်လိုက်ပါ။ သင့်စက်ပစ္စည်းမှာ တည်နေရာပြတဲ့စနစ်ကို ပိတ်ထားတာက ဖုန်းဘတ်ထရီအားကုန်ခြင်းကို လျော့ချနိုင်စေပါသည်။

    ဓါတ်ပုံတွေနှင့် ဗီဒီယိုတွေကို ပိုမိုလုံခြုံစွာ မျှဝေပါ

    • သင်တင်လိုက်တဲ့ ပိုစ့်က ဓါတ်ပုံမှာ ဘာတွေမြင်နေနိုင်လဲဆိုတာ စဉ်းစားပါ။ ဖော်ပြပါအချက်တွေ ပါတဲ့ ဓါတ်ပုံတွေ လုံးဝမတင်ပါနှင့်
    • ဒီအချက်တွေပါတဲ့ ဓါတ်ပုံတွေ သို့မဟုတ် ဓါတ်ပုံကို ကြည့်လိုက်တာနဲ့ သိရှိသွားနိုင်တာတွေကို မတင်ခင်မှာ သေချာစဉ်းစားပါ
      • သင်သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ချစ်ရသူတွေ (ပို့စ်မတင်ခင် ခွင့်ပြုချက်အရင်တောင်းပါ)
      • သင့်အိမ်၊ သင့်ရုံး ဒါမှမဟုတ် သင်သွားခဲ့တဲ့ တစ်ခြား တည်နေရာတွေ
      • အကယ်၍ သင်သည် သင့်တည်နေရာ နှင့် နောက်ခံတွင် အခြားသတ်မှတ်နိုင်သောနေရာများ (အဆောက်အအုံများ၊ သစ်ပင်များ၊ သဘာဝရှုခင်းအင်္ဂါရပ်များ၊ စသည်)တို့ ဖုံးကွယ်ထားလျှင်
    • Google Photos ဝန်ဆောင်မှုသည် ဓါတ်ပုံများတွင် မျက်နှာမှတ်သားမှုအချို့ကို လုပ်ဆောင်သည်။ [ဤနေရာတွင် "သင်၏ 'ကျွနု်ပ်' မျက်နှာ အညွှန်းကို အခြေခံ၍ အဆက်အသွယ်များ အကြံပေးခြင်းကို ရပ်တန့်ပါ" နှင့် "အဆက်အသွယ်များက သင်၏မျက်နှာကို မှတ်မိစေရန်ကူညီပါ" ကို ပိတ်ပါ] ကို ကြည့်ရှူပါ (https://support.google.com/photos/answer/7378566)
    • Google Photos သို့ ဝေမျှခြင်းကို ရပ်တန့်ပါ
    • သင်မသိသော Google Photos နှင့် ဝေမျှထားသည့်အကောင့်များ ရှိမရှိကြည့်ပါ ၊ နှင့် [မျှဝေခြင်းကို ရပ်တန့်ပါ] (https://support.google.com/photos/answer/7378858?hl=en&ref_topic=6128855#stop_partner_sharing)
    • [သင့်အဆက်အသွယ်များနှင့် မျှဝေရန် အကြံပြုချက်များကို ပိတ်ပါ] (https://support.google.com/photos/answer/7378859)
    • [ဤနေရာတွင် "သင့်စက်ပစ္စည်းတွင် ပြသမည့် အယ်လ်ဘမ်များကိုရွေးချယ်ပါ" လမ်းညွှန်ချက်များကိုလိုက်နာပါ] (https://support.google.com/photos/answer/9458709) သင်မျှဝေမည့် စက်ပစ္စည်းများကို ကြည့်ရှူပြီး သင်မသိသောစက်ပစ္စည်းများဖြစ်ပါက ဖယ်ရှားပါ
    • ယူကျူ့တွင် တင်မည့် ဗီဒီယိုများတွင် သင့်မျက်နှာကို မှုန်ဝါးဝါးလုပ်ရန်
    • [EXIF အချက်အလက်များကို ဓါတ်ပုံများ မတင်ခင် ဖယ်ရှားပါ] (https://www.howtogeek.com/203592/what-is-exif-data-and-how-to-remove-it/)
    ဤအရာကို ကျွနု်ပ်တို့ ဘာကြောင့် အကြံပြုထားတာလဲဆိုတာ လေ့လာပါ /

    သင်မျှဝေသောအရာသည် သင်ကိုယ်တိုင် သို့မဟုတ် အခြားသူများကို အန္တရာယ်ဖြစ်စေနိုင်သည်။ ဖြစ်နိုင်လျှင် တခြားသူများအကြောင်း မတင်ခင် ထိုသူတို့ထံမှ ခွင့်ပြုချက်တောင်းသည့် အလေ့အကျင့်ကို ကျင့်သုံးပါ။ မည်သည့်အခြေအနေတွင်မဆို အများသူငှာ သိရှိအောင် မျှဝေမည် မမျှဝေမည်ဆိုသည်ကို သင့်လုပ်ဖော်ကိုင်ဖက်များနှင့် စည်းမျဉ်းစည်းကမ်းချမှတ်၍ လုပ်ဆောင်ရန်လိုပေမည် ။

    ဓာတ်ပုံများနှင့် ဗီဒီယိုများသည် မရည်ရွယ်သော်လည်း အထူးသဖြင့်နောက်ခံများပါခြင်းဖြင့် အချက်အလက်များစွာကို ဖွင့်ဟနိုင်သည် ။ ကင်မရာအတော်များများတွင် ဓာတ်ပုံရိုက်ယူခဲ့သည့် တည်နေရာ၊ ရက်စွဲနှင့် အချိန်၊ ဓာတ်ပုံရိုက်သည့်ကင်မရာအမျိုးအစား ၊ လျှို့ဝှက်ဒေတာများ (မက်တာဒေတာ သို့မဟုတ် EXIF တဂ်များ) မြုပ်နှံ့ပါရှိထားသည် ။ သင် ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုကို တင်လိုက်သည့်အခါမှ ဆိုရှယ်မီဒီယာများမှ ထိုအချက်အလက်များကို တင်လိုက်နိုင်သည်။

    သင် "လိုက်ခ်" လုပ်သည်ကို မည်သူမြင်နိုင်မည်ဆိုသည်ကို ပြောင်းလဲသတ်မှတ်ပါ

    • [ယူကျူ့တွင် သင့် အကြိုက်များနှင့် သိမ်းဆည်းထားသော သီချင်းများကို ဝှက်ထားပါ] (https://support.google.com/youtube/answer/6336092)
    ဤအရာကို ကျွနု်ပ်တို့ ဘာကြောင့် အကြံပြုထားတာလဲဆိုတာ လေ့လာပါ /

    "လိုက်ခ်များ" နှင့်အခြား သင်တန်ဖိုးထားသည့် ပို့စ်များကို တစ်ခါတစ်ရံတွင် ဆိုရှယ်မီဒီယာမှ မရှင်းလင်းသော နည်းလမ်းများဖြင့် မျှဝေပါသည်။ အချို့နိုင်ငံများတွင် အခြားလူမှုကွန်ရက်အကောင့်များနှင့် "လိုက်ခ်များ" သို့မဟုတ် အခြား အန္တရာယ်မရှိသော တုံ့ပြန့်မှုများကို ဥပဒေရေးရာကိစ္စများတွင် အသုံးပြုထားသည်။ အခြားသူများ၏ အကြောင်းအရာအပေါ် အိုင်ကွန် သို့မဟုတ် မှတ်ချက်တုံ့ပြန်မှုများကို ချန်ထားသည့်အခါ သင့်နိုင်ငံရှိ တရားဥပဒေဆိုင်ရာ အခြေအနေများကို သင်နားလည်မှုပေါ် မူတည်၍ သတိထားအသုံးပြုရန် လိုပေမည်။

    သင့်မွေးနေ့ကို မမျှဝေပါနှင့်

    • သင့်မွေးနေ့အမှန်ကို မထည့်လည်း ရပါသည်။ သို့သော် အကောင့်ကို ပြန်လည်ဝင်ရောက်ခွင့်ရယူချိန်တွင် အသုံးပြုရန် သင်ထည့်သွင်းခဲ့သည့်ရက်စွဲကို မှတ်သားထားပါ။
    • [လိုအပ်ပါက သင့်မွေးနေ့ကို ရှာဖွေ၍ ဖယ်ရှားပါ] (https://support.google.com/googlecurrents/answer/1350405)
    ဤအရာကို ကျွနု်ပ်တို့ ဘာကြောင့် အကြံပြုထားတာလဲဆိုတာ လေ့လာပါ /

    သင့်မွေးနေ့ အစစ်အမှန်ကိုထည့်သွင်းထားခြင်းသည် သင်ကို ခွဲခြားသိမြင်စေသည့်အခါ အသုံးတည့်ပါသည်။

    မည်သူမြင်နိုင်မလဲဆိုသည်ကို ဆုံးဖြတ်ပါ

    သင့်ကို မည်သူက ဆက်သွယ်လို့ရမည်ဆိုသည်ကို ကန့်သတ်ပါ

    ဤအရာကို ကျွနု်ပ်တို့ ဘာကြောင့် အကြံပြုထားတာလဲဆိုတာ လေ့လာပါ /

    သင်ကိုဆက်သွယ်နိုင်သူကို ကန့်သတ်ခြင်းက သီသန့်ဖြစ်ဖို့ ကြိုးစားနေခြင်းမှ ရှာဖွေတွေ့ရှိနိုင်ခြေ သို့မဟုတ် သင်နှင့် သင့်ကွန်ရက်၏ယုံကြည်မှုကို လွဲမှားစွာရယူရန်ကြိုးစားနေသူများမှ ပစ်မှတ်ထားခံရနိုင်ခြေကို လျှော့ချနိုင်သည်။ သီးသန့် စာတိုပို့ဆောင် နှောင့်ယှက်ခြင်းခံရပါက ၎င်းသည် အသုံးဝင်နိုင်သည်။

    ကြော်ငြာများကို စီမံပါ

    • [ပုဂွိုလ်ရေးသီးသန့်ပြုလုပ်ထားသော ကြော်ငြာများကို ပိတ်ပါ] (https://adssettings.google.com/)
    ဤအရာကို ကျွနု်ပ်တို့ ဘာကြောင့် အကြံပြုထားတာလဲဆိုတာ လေ့လာပါ /

    အစိုးရများ သို့မဟုတ် ရဲတပ်ဖွဲ့များသည် သင်နှင့် သင့်ကွန်ရက်ကို လုပ်ကြံသတင်းများဖြင့် ပစ်မှတ်ထားရန် သို့မဟုတ် သင့်အား ရှာဖွေဖို့ ကြိုးစားရန် လူမှုကွန်ရက်ကုမ္ပဏီများမှ ကြော်ငြာဒေတာများကို ဝယ်ယူနိုင်ခြေရှိသည်။

    ခြေရာတွေ မကျန်ရစ်စေနှင့်

    အများသုံး စက်ပစ္စည်းများကို အသုံးပြုရာတွင် ကြိုတင်ကာကွယ်မှုများ

    • သင့်ရဲ့ လူမှုကွန်ယက်အကောင့်များကို အများသုံး စက်ပစ္စည်းများတွင် ဝင်ရောက်အသုံးပြုခြင်းကို ရှောင်ကြဉ်ပါ(ဥပမာ အင်တာနက်ကော်ဖီဆိုင်၊ တစ်ခြားသူရဲ့ စက်ပစ္စည်းများ)။
    • အများသုံး စက်ပစ္စည်းတွင် ဝက်ဘ်ဘရောင်ဇာ အသုံးပြုခဲ့လျှင် သင်၏ စကားဝှက်များနှင့် အသုံးပြုခဲ့တဲ့ရာဇဝင်ကို ဖျက်ပစ်ပါ။ ဝေမျှပြီး အသုံးပြုရသော စက်ပစ္စည်းများတွင် အသုံးပြုခဲ့သည့် အကောင့်တိုင်း၏ စကားဝှက်များကို သင့်ရဲ့ ကိုယ်ပိုင်စက်ပစ္စည်းကို အသုံးပြုနိုင်သည့်အချိန်တွင် ပြောင်းလဲပါ။

    ရှာဖွေမှု မှတ်တမ်းကို ဖျက်ပါ

    ဤအရာကို ကျွနု်ပ်တို့ ဘာကြောင့် အကြံပြုထားတာလဲဆိုတာ လေ့လာပါ /

    အချို့သော ဆိုရှယ်မီဒီယာဝန်ဆောင်မှုများသည် ၎င်းတို့၏ဆိုက်များနှင့် အက်ပ်များအတွင်း သင်ရှာဖွေခဲ့သည့်အရာများကို ခြေရာခံသည်။ သင့်အကောင့်ကို အခိုးခံရခြင်း သို့မဟုတ် သင့်စက်ပစ္စည်းကို သိမ်းဆည်းခံရပါက၊ သင်၏ရန်သူသည် ဤအချက်အလက်ကို သင့်အား အသုံးပြုနိုင်ပြီး၊ ထို့ကြောင့် ဤမှတ်တမ်းကို ပုံမှန်ရှင်းပစ်ရန်နှင့် သင့်ဘရောက်ဆာမှတ်တမ်းကို ရှင်းပစ်ရန်က အကောင်းဆုံးဖြစ်သည်။

    ဘယ် ဆိုရှယ်မီဒီယာက အစိုးရနှင့် သက်ဆိုင်ရာကို လွှဲပြောင်းပေးနိုင်လည်းဆိုတာကို လေ့လာပါ

    ဤအရာကို ကျွနု်ပ်တို့ ဘာကြောင့် အကြံပြုထားတာလဲဆိုတာ လေ့လာပါ /

    အစိုးရ သို့မဟုတ် သက်ဆိုင်ရာက တောင်းခံလာခဲ့ရင် ဆိုရှယ်မီဒီယာဆိုက်တွေက သင့်အချက်အလက်တွေ၊ သင်သီသန့်ထားဖို့ကြိုးစားတဲ့ သင့်အချက်လက်တွေကို ပေးလိုက်နိုင်သည်။ ပေးထားတဲ့ လင့်ကနေပြီးတော့ သူတို့ ဘယ်လိုအခြေအနေမှာ ဘာတွေ လုပ်နိုင်တယ်ဆိုတာ လေ့လာပါ။

    အကြမ်းဖက်မှုကို ကိုင်တွယ်ပါ

    အကြမ်းဖက်မှုကို တိုင်ကြားပါ

    ဤအရာကို ကျွနု်ပ်တို့ ဘာကြောင့် အကြံပြုထားတာလဲဆိုတာ လေ့လာပါ /

    ဆိုရှယ်မီဒီယာသည် ကံမကောင်းစွာဖြင့် ကမ္ဘာတစ်ဝှမ်းတွင် နှောင့်ယှက်မှုများနှင့် လုပ်ကြံသတင်းများပြုလုပ်ရန်အတွက် နည်းလမ်းတစ်ခု ဖြစ်လာခဲ့သည်။ မသမာသော အယောင်ဆောင်ခြင်း၊ ဟက်ရှ်တဂ်များ ပြည့်လျှံနေခြင်း၊ လုပ်ကြံသတင်းများပျံ့နှံ့နေခြင်း သို့မဟုတ် သင် နှင့် သင့်လုပ်ဖော်ကိုင်ဖက်များကို ပစ်မှတ်ထားပြီး နှောင့်ယှက်နေခြင်းကို သင်တွေ့ရှိပါက သင်တစ်ဦးတည်း ဖြေရှင်းစရာမလိုဘဲ အကူအညီလည်း ရရှိနိုင်ပါသည်။ အောက်ပါလင့်ခ်များကို အသုံးပြု၍ တိုင်ကြားရန် လုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်ပါ။

    Report harassment that reveals information about you

    • [ဂူးဂဲလ် Search မှ ထိရှလွယ်သောသတင်းအချက်အလက်များကို ရွေးချယ်၍ ဖယ်ရှားပါ] (https://support.google.com/websearch/troubleshooter/3111061)
    • ဤဖောင်ကို အသုံးပြုပါ သင်အကူအညီတောင်းသည့် ဂူးဂဲလ်ဝန်ဆောင်များ (ယူ့ကျူ့ ၊ Blogger နှင့် ဂူးဂဲလ် search အပါအဝင်) ကိုရွေးချယ်ရန်အတွက်
    ဤအရာကို ကျွနု်ပ်တို့ ဘာကြောင့် အကြံပြုထားတာလဲဆိုတာ လေ့လာပါ /

    အချို့သော အလွဲသုံးစားမှုပြုလုပ်သူများသည် သင်နေထိုင်သည့်နေရာ သို့မဟုတ် သင့်အလုပ်၊ သင့်မိသားစု သို့မဟုတ် သူငယ်ချင်းများသို့မဟုတ် အခြားကိုယ်ရေးကိုယ်တာများဖြစ်သည့် ဓါတ်ပုံများအပါအဝင် အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ခြင်းဖြင့် သင့်အား ပစ်မှတ်ထားရန် ကြိုးစားပေမည်။ ဖြစ်ရပ်များစွာထဲမှ ထိုအချက်အလက်မှန်ကန်လျှင်ပင် သင်တွင် ဖြုတ်ချပိုင်ခွင့်ရှိသည်။ ထိုအချက်အလက်ကို မည်သို့ ဖယ်ရှားရမည်ဆိုသည့် သတင်းအချက်အလက်အတွက် အောက်ပါလင့်ခ်များကို ဖတ်ရှုပါ။

    ညှိနှိုင်းထားသော အစစ်အမှန်မဟုတ်သည့် လုပ်ဆောင်မှု (botnets နှင့် spam) ကို ဖော်ထုတ်ပြီး တိုင်ကြားပါ

    ဤအရာကို ကျွနု်ပ်တို့ ဘာကြောင့် အကြံပြုထားတာလဲဆိုတာ လေ့လာပါ /

    အချို့သော အနိုင်ကျင့်နှောင့်ယှက်မှုနှင့် လုပ်ကြံသတင်းများကို လူတစ်ဦးချင်းမှမဟုတ်ဘဲ အလိုအလျောက်နည်းလမ်းများဖြင့် ပို့စ်တင်ထားနိုင်သည် ။ သင်သည် ဤ "ညှိနှိုင်းထားသော အစစ်အမှန်မဟုတ်သော လုပ်ဆောင်ချက်" ကို သင်တွေ့ရှိနေရသည်ဟု သံသယရှိပါက ဆိုရှယ်မီဒီယာဆိုဒ်များသို့ တိုင်ကြားနိုင်ပြီး ၎င်းတို့သည် အဆိုပါ အလိုအလျောက်စနစ်များကို ပိတ်ပင်နိုင်သည်။ အလိုအလျောက်စနစ်ဖြင့် သက်သေပြရန် ခက်ခဲသော်လည်း သင်အနေဖြင့် ဆိုရှယ်မီဒီယာဆိုက်သည် အနိုင်ကျင့်နှောက်ယှက်မှု၏အကြောင်းအရာကို နားလည်မည်မဟုတ်ကြောင်း သံသယရှိပါက "ညှိနှိုင်းထားသော အစစ်အမှန်မဟုတ်သော လုပ်ဆောင်ချက်"ကို တိုင်ကြားခြင်းသည် အနိုင်ကျင့်နှောင့်ယှက်မှုအား တိုင်ကြားခြင်းထက် ပိုမိုအောင်မြင်နိုင်သည့် ကိစ္စအချို့များ ရှိပါသည် ။

    အယောင်ဆောင်ခြင်းကို တိုင်ကြားပါ

    • ဂူးဂဲလ်မှ အ‌ယောင်ဆောင်ခြင်းများကို ဖယ်ရှားရန် ကူညီပေးမည်မဟုတ်ပါ ၊ သို့သော် ၎င်းသည်[တစ်စုံတစ်ယောက်ကို ပစ်မှတ်ထားသည့် လိင်ညစ်ညမ်းရုပ်ပုံများကို ဖယ်ရှားသည်နေရာတွင် ကူညီပေးလိမ့်မည်] (https://support.google.com/websearch/answer/9116649)
    ဤအရာကို ကျွနု်ပ်တို့ ဘာကြောင့် အကြံပြုထားတာလဲဆိုတာ လေ့လာပါ /

    အယောင်ဆောင်ခြင်းကို ဆိုရှယ်မီဒီယာပလက်ဖောင်းအများစုမှ လွတ်လပ်စွာပြောဆိုခွင့်အဖြစ် လက်ခံထားပြီး ဖယ်ရှားမည်မဟုတ်ပါ။ သို့ရာတွင် ဇာတ်ကောင်၏ အသရေဖျက်မှု ရည်ရွယ်ချက်အတွက် အယောင်ဆောင်ခြင်းမျိုးဖြစ်ပါက ၎င်းကို သင်တိုင်ကြားနိုင်ပါသည်။

    စိတ်ဖိစီးမည့် အကြောင်းအရာကို ဖျောက်ပါ

    ဤအရာကို ကျွနု်ပ်တို့ ဘာကြောင့် အကြံပြုထားတာလဲဆိုတာ လေ့လာပါ /

    ကျွနု်တို့အနေဖြင့် သူငယ်ချင်းတစ်ဦးသေဆုံးမှုနှင့်ပတ်သက်သည့် အချက်အလက်များဖြစ်စေ သို့မဟုတ် သတင်းများမှ ကြောက်စရာကောင်းသောအဖြစ်အပျက်များ ဖြစ်စေသို့မဟုတ် ကျွနု်ပ်တို့ဖြစ်တည်မှုကြောင့် နှိမ့်ချသော လူသိရှင်ကြား အငြင်းပွားမှုများ စသည့်အချက်အလက်များဖြစ်စေ အကြောင်းအရာများကို တွေ့ရလျှင် အခြားလူများထက် စိတ်ဆင်းရဲမှု ဖြစ်နိုင်ပါသည် ။ ထိုသို့ စိတ်ဖိစီးမှုများမှ ခေတ္တခဏ အနားယူရန်လိုအပ်လျှင် သင်မမြင်ချင်သော အကြောင်းအရာများကို ဖျောက်ရန်ကူညီပေးနိုင်မည့် ကိရိယာအချို့ရှိပါသည်။

    အကယ်၍ သင့်အကောင့် အပိတ်ခံရရင် သို့မဟုတ် အသုံးပြု၍မရလျှင် မည်သို့ ပြန်လည်ရယူမည်ကို လေ့လာရန်

    ဤအရာကို ကျွနု်ပ်တို့ ဘာကြောင့် အကြံပြုထားတာလဲဆိုတာ လေ့လာပါ /

    အကြောင်းတစ်ခုခုကြောင့် ဆိုရှယ်မီဒီယာဆိုဒ်များသည် ရံဖန်ရံခါတွင် အကောင့်အား ပိတ်ထားတတ်သည် ။ လူအခွင့်အရေးလှုပ်ရှားသူများ၏ အကောင့်များသည် တခါတရံ အပိတ်ခံရခြင်းမှာ ဆိုရှယ်မီဒီယာ ပလက်ဖောင်းများ၏ မူဝါဒများကို ချိုးဖောက်သော လူအခွင့်ရေးချိုးဖောက်သည့် ရုန်းရင့်ကြမ်းတမ်းသည့် ပုံရိပ်များကို မှတ်တမ်းတင်ခြင်းကြောင့် ၊ အစိုးရ သို့မဟုတ် ရဲမှ တိုင်ကြားခြင်း သို့မဟုတ် သဘောမတူသည့် အခြားသူများမှ တိုင်ကြားခြင်းကြောင့် ၊ ဆိုရှယ်မီဒီယာပလက်ဖောင်းက သူတို့ ဘာအကြောင်းအရာ တင်ထားသည်ကို သေသေချာချာ ဂဂနန နောက်ခံအကြောင်းတရားများကို နားမလည်ခြင်းတို့ကြောင့် ဖြစ်သည် ။ သင်တွင် ထိုကိစ္စမျိုးဖြစ်ခဲ့ပါက ဆုံးဖြတ်ချက်ကို အယူခံဝင်နိုင်ပြီး သင့်အကောင့်ကို ပြန်လည်ဖွင့်ပေးရန် တောင်းဆိုနိုင်သည် ။ မည်သို့ လုပ်ဆောင်ရမည်ဆိုသည်ကို အောက်ပါလင့်များမှတဆင့် ကြည့်ရှူပါ။

    သင့်အကောင့်မှ အနားယူပါ

    ဤအရာကို ကျွနု်ပ်တို့ ဘာကြောင့် အကြံပြုထားတာလဲဆိုတာ လေ့လာပါ /

    တကယ်လို့ သင့်အကောင့်ကို အချိန်တစ်ခုအတွင်း သုံးဖို့ မဖြစ်နိုင်တဲ့ အချိန်မှာ သင့်အကောင့်မှာ လူတွေ ပို့စ်တင်တာကို ရပ်တန့်ခြင်းတယ်ဆိုရင် သင့်အကောင့်ကို ယာယီပိတ်ထားနိုင်သည်။ ဥပမာ အဖမ်းခံရချိန်၊ ထောင်ကျနေချိန်၊ ခဏနားချင်တာတဲ့ အချိန်မျိုးတွေမှာ အကောင့်ကို ယာယီပိတ်ထားနိုင်သည်။ နှောက်ယှက်ခြင်းနဲ့ အသရေဖျက်တာတွေ ရင်ဆိုင်ရချိန်မှာ ဒါက အသုံးဝင်သည်။ အီးမေးလ်ကဲ့သို့ အခြားအကောင့်များတွင် သင်သည် အဝင်မက်ဆေ့ချ်များကို ရပ်တန့်နိုင်မည်မဟုတ်သော်လည်း သင်အဝေးရောက်နေကြောင်းကို အလိုအလျောက်တုံ့ပြန်ရန် အကောင့်တွင် သတ်မှတ်နိုင်သည်။

    ဆိုရှယ်မီဒီယာက သင်၏ အချက်အလက်များကို မည်သို့အသုံးပြုကြောင်း လေ့လာရန်

    ဤအရာကို ကျွနု်ပ်တို့ ဘာကြောင့် အကြံပြုထားတာလဲဆိုတာ လေ့လာပါ /

    သင်သတင်းအချက်အလက်များကို မျှဝေလိုက်သည့်အခါ ဆိုရှယ်မီဒီယာက မည်သို့လုပ်ဆောင်သည်ကို ရှင်းလင်းစွာမသိရပါ ။ တခြား အချက်အလက်များနှင့် ပေါင်းစုပြီး သင့်အကြောင်းခန့်မှန်းနေသလား ? သင်မမျှဝစေချင်သော အချက်အလက်များကို တခြားကုမ္ပဏီများကို ရောင်းစားနေသလား? သိရှိရန်အတွက် အသုံးပြုသူလိုင်စင်သဘောတူညီချက်နှင့် ပုဂ္ဂိုလ်ရေးရာမူဝါဒ သို့မဟုတ် ဆိုရှယ်မီဒီယာဆိုက်များအတွက် ဒေတာအသုံးပြုမှုမူဝါဒကို ဖတ်ရှုပါ။

    ထပ်ဆင့်ပို့ခြင်း ပြင်ဆင်ချက်များကို စစ်ဆေးပါ

    • ဂူးဂဲလ်မှ ထပ်ဆင့်ပို့ခြင်းကို အလိုလျောက် ဖွင့်ထားပါက အင်တာဖေ့စ်နှင့် အီးမေးလ် နှစ်ခုလုံးသို့ အကြောင်းကြားသည် ၊ သို့သော် သင့်မေးလ်ကို ထပ်ဆင့်မပို့ကြောင်း သေချာစေရန် စစ်ဆေးသင့်သည် ။ ပြင်ဆင်ချက်ကို ကြည့်ရှူရန်အတွက် account setting>Forwarding and POP/IMAP သို့သွားပါ [နောက်ထပ်ညွှန်ကြားချက်များအတွက် ဤနေရာတွင်ကြည့်ပါ] (https://mail.google.com/mail/#settings/fwdandpop)
    • သင်မပိုင်ဆိုင်သော သို့မဟုတ် ယုံကြည်စိတ်ချရမှုမရှိသော မည်သည့်အီးမေးလ်လိပ်စာမဆို ဖျက်ပါ။
    • POP နှင့် IMAP ဖွင့်ထားခြင်းရှိမရှိလည်း စစ်ဆေးပါ၊ အကယ်၍ ဂျီးမေးလ်သို့ဝင်ရောက်ရန် သင်၏ ဘရောက်ဇာ နှင့် မိုဘိုင်း အက်ပ်ကိုသာအသုံးပြုပါက ပိတ်လိုက်ပါ။
    ဤအရာကို ကျွနု်ပ်တို့ ဘာကြောင့် အကြံပြုထားတာလဲဆိုတာ လေ့လာပါ /

    အလိုအလျောက် ထပ်ဆင့်ပို့ခြင်းသည် သင့်အကောင့်ကို ပေါက်ကြားခံရပြီးနောက် သင့်အီးမေးလ်ကို တိုက်ခိုက်သူထံ ဝင်ရောက်ရန် လွယ်ကူသောနည်းလမ်းဖြစ်သည် ၊ ၎င်းသည် သင့်မေးလ်အားလုံးကို ၎င်းတို့ထံ ပြန်ညွှန်းပေးခြင်းဖြင့် သင့်အီးမေးလ်ကို ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။