အင်တာနက်ဆက်သွယ်မှု › ဝက်ဘ်ဆိုက်စာမျက်နှာများကို လုံခြုံစွာ ရှာဖွေပါ

ဝက်ဘ်ဆိုက်စာမျက်နှာများကို လုံခြုံစွာ ရှာဖွေပါ

Reviewed 08 July 2026

မာတိကာ

ဘရောက်ဇာသည် ကျွန်ုပ်တို့ နေ့စဉ်အသုံးပြုနေသည့် ဒစ်ဂျစ်တယ်ကိရိယာများထဲမှ တစ်ခုဖြစ်သည်။ ဘရောက်ဇာများသည် များစွာသောလူများ အင်တာနက်ကို ဝင်ရောက်ရာတွင်အသုံးပြုသည့် အဓိကလမ်းတစ်ခုလည်းဖြစ်သည်။ လူအများစုသည် စက်ပစ္စည်းများထဲတွင် နဂိုပါလာသော Edge ၊ Safari နှင့် Chrome ဘရောက်ဇာများနှင့် ပိုမိုတရင်းတနှီးရှိကြသည်။

ကျွန်ုပ်တို့သည် ဘရောက်ဇာများပေါ်တွင် များစွာမှီတည်နေသောကြောင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ကာကွယ်ရေး နှင့် လုံခြုံရေးကို ချိုးဖောက်လိုသူများအတွက် ဘရောက်ဇာများသည် မကြာခဏပစ်မှတ်ထားခံရသည့်အရာများလည်း ဖြစ်သည်။ အောက်ပါအဆင့်များကို လိုက်ပါလုပ်ဆောင်၍ ပိုမိုလုံခြုံသော ဘရောက်ဇာတစ်ခုကို ရွေးချယ်ပြီး ကာကွယ်ရေးကို မြှင့်တင်ပါ။

ဝက်ဘ်ဘရောက်ဇာတစ်ခု သို့မဟုတ် နှစ်ခုကို ရွေးချယ်ပါ!

  • သင်၏ ပလက်ဖောင်းအတွက် Firefox အား သင်၏ ဘာသာစကားဖြင့် ထည့်သွင်းပါ (ဝင်းဒိုး ၊ မတ်အိုအက်စ် ၊ လင်းနဇ်စ် ၊ အန်းဒရွိုက်နှင့် အိုင်အိုအက်စ် များအတွက်ရရှိနိုင်သည်)။
    • အန်းဒရွိုက် နှင့် အိုင်အိုအက်စ် ဖုန်းများတွင် ပေါ့ပါးပြီး ကိုယ်ရေးကိုယ်တာအချက်အလက်ကာကွယ်နိုင်စွမ်းကို အလေးထားသည့် ပြင်ဆင်ချိန်ညှိမှုများကို နဂိုကပါဝင်ထည့်သွင်းထားသည့် Firefox Focus ကို အသုံးပြုရန် ထည့်သွင်းစဉ်းစားနိုင်ပါသည်။
  • Chrome ကို ဝင်းဒိုး၊ မတ်အိုအက်စ်၊ လင်းနဇ်စ် တို့အတွက်နှင့် အန်းဒရွိုက် သို့မဟုတ် iOS အတွက် ထည့်သွင်းပါ။
  • Consider installing the free and open-source Chromium instead of Chrome. On Linux, you can install Chromium through your software installer in many distributions.
  • ဝင်းဒိုး၊ မတ်အိုအက်စ်၊ အိုင်အိုအက်စ် နှင့် အန်းဒရွိုက် များအတွက် DuckDuckGo ပုဂ္ဂိုလ်ရေး လုံခြုံမှု ဘရောက်ဇာကို ရွေးချယ်မှုတစ်ခုအနေဖြင့် ထည့်သွင်းစဉ်းစားနိုင်သည်။
  • ပိုမိုမြင့်မားသည့် ပုဂ္ဂလိကကာကွယ်ရေးအတွက်သော်လည်းကောင်း သင်နေထိုင်ရာ နိုင်ငံ သို့မဟုတ် အဖွဲ့အစည်းတွင် ဝင်ရောက်မရနိုင်သော ဝက်ဆိုဒ်များကို အသုံးပြုနိုင်ရန်အတွက်သော်လည်းကောင်း Tor Browser (ဝင်းဒိုး၊ မတ်အိုအက်စ်၊ လင်းနဇ်စ်၊အန်းဒရွိုက် တို့အတွက်) ကို အသုံးပြုရန် စဉ်းစားသင့်သည်။ သင်၏ ဘရောက်ဇာအသုံးပြုမှုအတွေ့အကြုံတွင်တော့ များစွာအပြောင်းအလဲရှိနိုင်သည်ကို သတိပြုပါ။ ဤအကြောင်းကို မည်သူမည်ဝါဖြစ်သည်ကို ကာကွယ်ပေးသောကိရိယာများလမ်းညွှန်တွင် ဆက်လက်ဖတ်ရှုပါ။
မည်သည်ကြောင့် ဤအရာကို ကျွန်ုပ်တို့ ညွှန်းသည်ကို လေ့လာပါ

အများစုသော ကွန်ပျူတာလည်ပတ်ရေးစနစ်များတွင် ကြိုတင်ထည့်သွင်းပြီးသား ဘရောက်ဇာများပါဝင်တတ်ပါသည်။ ဉပမာဆိုလျှင် Safari သည် မတ်အိုအက်စ် နှင့် အိုင်အိုအက်စ်များတွင် နဂိုကပင်ပါဝင်သည့် ဘရောက်ဇာဖြစ်သည်။ ထို့အတူပင် Edge သည် ဝင်းဒိုး၏ နဂိုပါဝင်သည့်ဘရောက်ဇာဖြစ်သည်။ ထိုဘရောက်ဇာများသည် အသုံးပြုသူ၏ ပုဂ္ဂလိကကာကွယ်ပိုင်ခွင့် နှင့် လုံခြုံရေးအတွက် ထည့်သွင်းဖန်တီးထားခြင်းရှိသည့် ဘရောက်ဇာများမဟုတ်ပဲ ကျွန်ုပ်တို့အနေဖြင့်တော့ သင်၏ မူလထားရှိမည့်ဘရောက်ဇာအား လုံခြုံရေး နှင့် အချက်အလက်ကာကွယ်ရေးကို အလေးထားသော ဆော့ဖ်ဝဲတစ်ခုကို အသုံးပြုဖို့ လေးနက်စွာ အကြံပြုအပ်ပါသည်။

  • Mozilla မှ ထုတ်လုပ်သော ဝက်ဘ်ဘရောက်ဇာတစ်ခု ဖြစ်သည့် Firefox ကို အသုံးပြုရန် ကျွန်ုပ်တို့ အကြံပြုပါသည်။ Firefox ကို အခမဲ့အသုံးပြုနိုင်ပြီး ပွင့်လင်းနည်းပညာ ဆော့ဖ်ဝဲလ်တစ်ခုလည်း ဖြစ်သ်။ တခြားသော ဘရောက်ဇာများထက်လည်း လုံခြုံရေးကို တည်ဆောက်စဉ်ကတည်းက ပိုမို ထည့်သွင်းတည်ဆောက်ထားသည့် ဘရောက်ဇာတစ်ခုလည်း ဖြစ်သည်။
  • Chrome နှင့် Chromiumကဲ့သို့ Google မှပင် ဖန်တီးထားသော ဘရောက်ဇာများသည်လည်း လုံခြုံရေးအရည်အသွင်းမြင့်မားကြပါသည်။Chromium သည် အခမဲ့ဖြစ်၍ ပွင့်လင်းနည်းပညာတစ်ခုဖြစ်ပါသည်။ Chrome သည် ပွင့်လင်းနည်းပညာဖွဲ့စည်းမှုများပေါ်အခြေခံထားသည့် ပိုင်ဆိုင်သူရှိသော အခမဲ့နည်းပညာတစ်ခုဖြစ်ပါသည်။ Chrome သည် Google မှ ဖန်တီးထားခြင်းဖြစ်ခြင်းကြောင့် သင်သက်သောင့်သက်သာရှိသည့် ပမာဏထက် သင့်အချက်အလက်များကို Google သို့ ပေးပို့နေခြင်းကို ထည့်သွင်းစဉ်းကာ ဘရောက်ဇာအားအသုံးပြုစဉ် Google အကောင့်ဖြင့် အကောင့်ဝင်အသုံးပြုခြင်း မပြုလုပ်ပါနှင့်။
  • DuckDuckGo Privacy Browser သည် ပုဂ္ဂလိကအချက်အလက်ကာကွယ်ရေးကို အလေးထားသော ဘရောက်ဇာတစ်ခုဖြစ်သည်။ ထို့အပြင် ဝက်ဘ်ဆိုက်များမှ ခြေရာခံသူများအား အလိုအလျောက် တားဆီးပေးပြီး လုံခြုံမှုမရှိသော HTTP ချိတ်ဆက်မှုများအား HTTPS ချိတ်ဆက်မှုများအဖြစ် ရနိုင်သ၍ အဆင့်မြှင့်ပေးသည်။
  • The Tor Browser သည် Mozilla Firefox ကို အဆင့်မြှင့်ထားသည့် ပုံစံဖြစ်ပြီး ဝက်ဘ်ဆိုဒ်များကို ရှာဖွေရာတွင် Tor ၏ ကွန်ရက်မှတစ်ဆင့် ချိတ်ဆက်မှုများကို မည်သူမည်ဝါမှန်းမသိရအောင် ခွင့်ပြုပေးပါသည်။ ဤအကြောင်းအရာကိုမည်သူမည်ဝါဖြစ်သည်ကို ကာကွယ်ပေးသောကိရိယာများလမ်းညွှန်တွင် ဆက်လက်ဖတ်ရှုနိုင်ပါသည်။

ဘရောက်ဇာများကို တစ်ခုထက်ပို၍ ထည့်သွင်းထားခြင်းသည် ကောင်းသည်။ ထိရှိလွယ်သော ကိစ္စများအတွက် ဘရောက်ဇာတစ်ခု အသုံးပြုပြီး နေ့စဉ်လုပ်ငန်းများအတွက် တခြားတစ်ခုကို အသုံးပြုပါ။ ဤအကြောင်းအရာကို တစ်ခုထက်ပိုသော အမည်စီမံခန့်ခွဲမှုတွင် ဆက်လက်ဖတ်ရှုပါ။

သင့်စက်ပစ္စည်း၏ နဂိုပါဝင်သည့် ဘရောက်ဇာကို ပြောင်းလဲပါ

မည်သည်ကြောင့် ဤအရာကို ကျွန်ုပ်တို့ ညွှန်းသည်ကို လေ့လာပါ

ဘရောက်ဇာများအားလုံးသည် တူညီစွာ ဖန်တီးခြင်းမဟုတ်ပါ။ တစ်ချို့ ဘရောက်ဇာများသည် တခြားသော ဘရောက်ဇာများထက် သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို အလေးထားပြီး လုံခြုံရေးကိုလည်း ထိရောက်စွာ ကာကွယ်နိုင်ပါသည်။

ပုဂ္ဂလိကကာကွယ်ရေး နှင့် လုံခြုံရေးကို အလေးထားသည့် ဘရောက်ဇာကို သင်၏ မူလဘရောက်ဇာအဖြစ်ထားရှိခြင်းဖြင့် တခြားသော အက်ပလီကေးရှင်းများမှတစ်ဆင့် သင်နှိပ်သော လင့်များသည် ပိုမိုလုံခြုံသော ဘရောက်ဇာဖြင့် တိုက်ရိုက်ပွင့်မည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ စာတိုများ နှင့် အီးမေးလ်များမှ လက်ခံရရှိသော လင့်များကို ဖွင့်ရာမှာ အမြဲနှစ်ကြိမ်စဉ်းစားပါ။

ဘာကြောင့် လင့်တစ်ခုကို လက်ခံရရှိချိန်တွင် မနှိပ်မိခင်ရပ်တန့်သင့်ကြောင်းကို ကျွန်န်ုပ်တို့၏ သူခိုးဆော့ဖ်ဝဲအကြောင်းရေးသားထားသော လမ်းညွှန်တွင်တွင် ဖတ်ရှုပါ။

သင်၏ ဘရောက်ဇာသည် နောက်ဆုံးပေါ်အဆင့်မြှင့်တင်ထားခြင်းရှိမရှိ စစ်ဆေး၍ မရှိပါက မြှင့်တင်ပါ

ဝက်ဘ်ဆိုင်လိပ်စာများအား ရှာဖွေရေးဘားတန်းတွင် ရိုက်ထည့်ရှာဖွေပါ

ဝက်ဘ်ဆိုဒ်၏ လိပ်စာအပြည့်အစုံကို သိပါက လိပ်စာဘားတန်းတွက် ရိုက်ဖြည့်သွင်း၍ ( ဉပမာ - securityinabox.org) တိုက်ရိုက်ဝင်ရောက်ခြင်းဖြင့် ရှာဖွေရေးအင်ဂျင်မှ သိရှိနိုင်ခြင်းကို ရှောင်ရှားနိုင်ပါသည်။

( Security in a Box) ၏ ဝက်ဘ်ဆိုဒ်ကို သူ၏ နောက်ဆက်တွဲ (.org) မပါပဲ ရိုက်ထည့်ရှာဖွေပါက ဘရောက်ဇာသည် မူလရှာဖွေရေးအင်ဂျင်မှ ပြသပေးသော တွေ့ရှိမှုများကို ဖွင့်ပြမည်ဖြစ်ပြီး ထိုထဲမှ တစ်ချို့သည် အန္တရာယ်ရှိနိုင်ပါသည်။

သင်သည် ဝက်ဘ်ဆိုက်များအား ရှာဖွေရာတွင် လိပ်စာဘားတန်းကို အသုံးပြုပါက သင်၏ မူလရှာဖွေရေးအင်ဂျင်အဖြစ် Google ထက်အစား ပုဂ္ဂလိကအချက်အလက်ကာကွယ်ရေးကို ပိုမိုအလေးထားသော ရွေးချယ်စရရာများအား အသုံးပြုခြင်း ကို ထည့်သွင်းစဉ်းစားပါ။

မည်သည်ကြောင့် ဤအရာကို ကျွန်ုပ်တို့ ညွှန်းသည်ကို လေ့လာပါ

လိပ်စာဘားတန်းသည် အသုံးပြုနေကျ ဘရောက်ဇာများ၏ ထိပ်ပိုင်းတွင်ရှိသည့် စာသားထည့်သွင်းနိုင်တဲ့ နေရာတစ်ခုဖြစ်သည်။ ဝက်ဘ်ဆိုဒ်တွင် ရှာဖွေရာတွင် လိပ်စာဘားတန်းသည် သင်သွားရောက်နေသာ ဝက်ဘ်ဆိုဒ်စာမျက်နှာ၏ လိပ်စာကို ပြပေးသည် ( ယခုဆိုလျှင် https://securityinabox.org/en/internet-connection/safer-browsingဖြစ်သည်)။ လိပ်စာဘားတန်းတွင် ဝက်ဘ်ဆိုဒ်၏ လိပ်စာကို ရိုက်ထည့်ခြင်းဖြင့် ဝက်ဆိုဒ်တစ်ခု သို့မဟုတ် ဝက်ဘ်ဆိုဒ်၏ စာမျက်နှာတစ်ခုကို သင်သည် တောင်းဆိုလိုက်ခြင်းဖြစ်သည်။

ဝက်ဘ်ဆိုက်များအား ရှာဖွေခြင်း နှင့် ရှာဖွေစဉ်အတွင်း အကြံပြုဖော်ပြမှုများကဲ့သို့ ထပ်တိုးလုပ်ဆောင်မှုများကို လိပ်စာဘားတန်းများက ထောက်ပံ့နိုင်ပါသည်။

သင်၏ နဂို ရှာဖွေရေးအင်ဂျင်များကို ပြင်ဆင်ပါ

မည်သည်ကြောင့် ဤအရာကို ကျွန်ုပ်တို့ ညွှန်းသည်ကို လေ့လာပါ

Google နှင့် Bing ကဲ့သို့ ရှာဖွေရေးအင်ဂျင်များသည် သုံးစွဲသူကို ခွဲခြားစိတ်ဖြာသတ်မှတ်ပြီး အသုံးပြုသည့် စက်ပစ္စည်းများကို ခြေရာခံပါသည်။ အသုံးပြုသူများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို တတိယပါတီများနှင့် မျှဝေပါသည်။ ဝက်ဘ်ဆိုက်များကို ရှာဖွေရာတွင်လည်းကောင်း စာသားများကို မှတ်ပြီး ညာဘက်ခလုတ်ကို နှိပ်ကာ ရှာဖွေရာတွင်လည်းကောင်း သင်၏ ဘရောက်ဇာသည် နဂိုသတ်မှတ်ထားသော ရှာဖွေရေးအင်ဂျင်တစ်ခုကို အသုံးပြုပါသည်။

ကင်မရာ၊ မိုက်ကရိုဖုန်း နှင့် တခြားသော ဝက်ဘ်ဆိုက်သို့ ပေးထားသော လုပ်ပိုင်ခွင့်များကို ပြန်လည်စစ်ဆေးပါ

မည်သည်ကြောင့် ဤအရာကို ကျွန်ုပ်တို့ ညွှန်းသည်ကို လေ့လာပါ

ဘရောက်ဇာများတွင် ပါဝင်သည့် ခွင့်ပြုချက်များသည် သင့်အိမ်ထဲတွင် သင်ဖွင့်၍ ထားခဲ့သော ပြုတင်းပေါက် သို့မဟုတ် တံခါးတစ်ချပ်ကဲ့သို့ ဖြစ်သည်။ ဝက်ဘ်ဆိုဒ်တစ်ခုက ဝင်ရောက်နိုင်ပါက တခြားသော ဝက်ဘ်ဆိုဒ်များလည်း ဝင်ရောက်နိုင်စွမ်းရှိနိုင်ပါလိမ့်မယ်။ ထို့ကြောင့် သင်၏ ကင်မရာ သို့မဟုတ် မိုက်ကရိုဖုန်းကဲ့သို့ အရေးကြီး၍ ထိရှလွယ်သော လုပ်ဆောင်မှုများကို သင်စိတ်ချသော ဝက်ဘ်ဆိုဒ်များကိုသာ အသုံးပြုခွင့်ပေးခြင်းဖြစ်စေရန် လိုအပ်ပါသည်။

သင်ချိတ်ဆက်မှုများကို လုံခြုံမှုရှိစေပါ

မည်သည်ကြောင့် ဤအရာကို ကျွန်ုပ်တို့ ညွှန်းသည်ကို လေ့လာပါ

HTTPS တွင် ပါဝင်သော S သည် Secure-လုံခြုံမှုကို ကိုယ်စားပြုပါသည်။ ဤပရိုတိုကောသည် သင့်ဘရောက်မှတစ်ဆင့် ဝက်ဘ်ဆိုဒ်စာမျက်နှာများကို ဝင်ရောက်ကြည့်ရှုရာ၌ အသုံးပြုသင့်သည့် ပရိုကောဖြစ်သည်။ HTTPS သည် ဝက်ဘ်ဆိုဒ် နှင့် သင့်စက်ပစ္စည်းကြားထဲ အပြန်အလှန်ပေးပို့နေသည့် သင်ကြည့်ရှုနေသာအရာများကို ဝှက်စာစနစ်ဖြင့် ကာကွယ်ပေးပြီး ဆိုဒ်အတွင်းသို့ ဝင်ရောက်စဉ် သင်ထည့်သွင်းသည့် ထိရှလွယ်သည့်အချက်အလက်များကို စောင့်ကြည့်ခြေရာခံရန် ကြိုးစားနေသော သူများအတွက်အချက်အလက်များရရှိနိုင်ရန် ပိုမိုခက်ခဲသွားစေပါသည်။

ခြေရာခံမှုကာကွယ်ရေး ပြင်ဆင်ချိန်ညှိမှုများကို ဖွင့်ကာ အသုံးပြုပါ

မည်သည်ကြောင့် ဤအရာကို ကျွန်ုပ်တို့ ညွှန်းသည်ကို လေ့လာပါ

ဝက်ဘ်ဆိုဒ်များကို ရှာဖွေဝင်ရောက်ရာတွင် ကွတ်ကီးများ နှင့် ခြေရာခံသူများသည် သင်မည်သူမည်ဝါဖြစ်သည်၊ မည်သည့်နေရာတွင် နေထိုင်သည် နှင့် အွန်လိုင်းပေါ်တွင် မည်သည့်အရာများကို ကြည့်ရှုသည် စသည့် အသေးစိတ်အချက်အလက်များကို စုဆောင်းပါသည်။ အကယ်၍ ဤအချက်အလက်များသာ ရန်သူထံသို့ ရောက်ရှိသွားပါက ဖြစ်နိုင်သည်များကို တွက်ဆကာ ခြေရာခံမှုများကို လျှော့ချနိုင်မည့် အဆင့်များကို လုပ်ဆောင်ပါ။

ဘရောက်ဇာတွင် နဂိုပါရှိသည့် စကားဝှက်စီမံခန့်ခွဲရေးကို အသုံးမပြုပဲ ပိတ်ထားပါ

  • သင် သိမ်းဆည်းထားသော အကောင့်ဝင်ရောက်နိုင်သော အချက်အလက်များအားလုံးကို ဖယ်ရှားပါ။
  • ဘရောက်ဇာတွင်ပါဝင်သည့် စကားဝှက်စီမံခန့်ခွဲရေးကို ပိတ်ထားပါ။
မည်သည်ကြောင့် ဤအရာကို ကျွန်ုပ်တို့ ညွှန်းသည်ကို လေ့လာပါ

Most browsers can generate, save and encrypt passwords for you. However, we recommend you turn this feature off and use a separate password manager like KeePassXC instead. Browser-based password managers put you at greater risk of a malicious actor tricking your browser into giving up your passwords. If other people have acces to your device, it is also very easy to see the passwords saved in your browser.

If you decide to use a browser-based password manager, avoid using it to store passwords for highly sensitive accounts and read our recommendations on how to protect the passwords you store in your browser and, if you use Firefox, set up a primary password.

ဘရောက်ဇာထဲတွင် ကာကွယ်မှုပေးနိုင်သော တိုးချဲ့လုပ်ဆောင်ရေးအကူများကို ထည့်သွင်းအသုံးပြုပါ

  • သင်၏ အခြေအနေများပေါ်တွင် မူတည်၍ ဘရောက်ဇာအတွင်း မည်သည့် လုပ်ဆောင်မှုတိုးချဲ့ရေးအကူများကို ထည့်သွင်းကာ ချိန်ညှိအသုံးပြုရမည်ဆိုသည်ကို ရွေးချယ်ဆုံးဖြတ်နိုင်ပါသည်။
  • အကယ်၍သင်သည် တခြားသူတစ်ဦးဦးမှ စီမံခန့်ခွဲသော စက်ပစ္စည်း ( ဉပမာ - စာကြည့်တိုက်၊ အလုပ်ခွင် ) ကို အသုံးပြုနေပါက ပြင်ဆင်ပြောင်းလဲမှုများကို ထပ်ခါပြုလုပ်ရခြင်းမျိုးရှိနိုင်ပါသည်။
  • ထည့်သွင်းပါ။ ထို့နောက် ချိန်ညှိပါ:
    • Privacy Badger (Firefox၊ Chrome သို့မဟုတ် Chromium နှင့် အန်းဒရွိုက်တွင်အသုံးပြုသော Firefox အတွက်)
      • အဘယ်ကြောင့်နည်း? သင့်ဘရောက်ဇာမှတစ်ဆင့်စုဆောင်းနေသော အနုဒေတာများ နှင့် ခြေရာခံမှုများကို ပိတ်ပင်တားဆီးပါ။
    • (အန်းဒရွိုက် ရှိ Firefox နှင့် Firefox အတွက်)uBlock Origin နှင့် Chrome/Chromium အတွက်uBlock Origin Lite
      • အဘယ်ကြောင့်နည်း? တစ်ချို့များမှာ အန္တရာယ်ရှိနိုင်သောကြောင့် ကြော်ငြာများ နှင့် ခြေရာခံသူများကို ပိတ်ပင်ထားပါ။
    • အကယ်၍ Facebook နှင့် Instagram ကို အသုံးပြုပါကFacebook Container ကို အသုံးပြုနိုင်ပါသည်။(Firefox တွင်သာ အသုံးပြုနိုင်ပြီး ကွန်ပျူတာများအတွက်သာ ဖြစ်သည်။)
      • အဘယ့်ကြောင့်နည်း Facebook သည် သင်၏ အကောင့်ဖြင့် သင်မည်သည့်နေရာတွင် အင်တာနက်အသုံးပြုနေသည်ဆိုသည် နှင့် သူနှင့်ပတ်သက်နေသည်ဆိုသည့် အချက်များကို စုဆောင်းခြင်းကို ဆက်လက်လုပ်ဆောင်စေသည်။
    • Firefox အတွက် Zoom Redirector and Xoom Redirector for Chrome/Chromium အတွက် Xoom Redirector (ကွန်ပျူတာများအတွက်သာ)
      • အဘယ်ကြောင့်နည်း? Zoom မှ လင့်များ၏ ဘရောက်ဇာမှတစ်ဆင့် ဖွင့်ခြင်းအားဖြင့် ဤ လုပ်ဆောင်မှုတိုးချဲ့ရေးအကူ သည် ခေါ်ဆိုမှုအား ဘရောက်ဇာ၏ ကာကွယ်မှုအတွင်းတွင်သာ ရှိနေစေရန် ထိန်းသိမ်းပေးသည်။
    • NoScript (Firefox၊ Chrome သို့မဟုတ် Chromium နှင့် တခြားသော Chromium အခြေပြုဘရောက်ဇာများဖြစ်သော Edge၊ Brave သို့မဟုတ် Vivaldi အတွက်) (မဖြစ်မနေမဟုတ်သော်လည်း အသုံးပြုရန် အကြံပြုပါသည်; ကွန်ပျူတာများတွင်လည်း အသုံးပြုနိုင်ပြီး Android မှ Firefox တွင်လည်း အသုံးပြုနိုင်သည်။)
မည်သည်ကြောင့် ဤအရာကို ကျွန်ုပ်တို့ ညွှန်းသည်ကို လေ့လာပါ

ဝက်ဘ်ဆိုဒ်များကို ရှာဖွေရာတွင် မည်သည့်နေရာကမှန်းမသိနိုင်သည့် နေရာများစွာမှာ များပြားလှသော ကုဒ်များကို သင်ကြုံတွေ့ရပါလိမ့်မည်။ ဤအရာသည် အများစုသော သူခိုးဆော့ဖ်ဝဲ နှင့် စောင့်ကြည့်ရေးဆော့ဖ်ဝဲ မှ ကူးစက်မှုများသည် ဝက်ဘ်ဆိုဒ်စာမျက်နှာများမှ မြစ်ဖျားခံနေရသည့် အကြောင်းပြချက်တစ်ခုလည်းဖြစ်သည်။

လုံခြုံရေး နှင့် ကိုယ်ရေးကိုယ်တာအချက်အလက်ကာကွယ်ရေးကိစ္စရပ်များအတွက် ဤ လုပ်ဆောင်မှုတိုးချဲ့ရေးအကူများကို ထည့်သွင်းအသုံးပြုရန် ကျွန်ုပ်တို့မှ အကြံပြုပါသည်။

ဘရောက်ဇာ၏ မလိုအပ်သော တိုးချဲ့လုပ်ဆောင်ရေးအကူများကို ဖြုတ်ထားပြီး ရုတ်တရက်ပေါ်လာတတ်သော ဝက်ဆိုက်စာမျက်နှာများကို မတက်နိုင်အောင် ချိန်ညှိပါ

မည်သည်ကြောင့် ဤအရာကို ကျွန်ုပ်တို့ ညွှန်းသည်ကို လေ့လာပါ

Malicious actors may try to trick you into installing malware through your browser. They may do this using a pop-up window. Make sure your browser is set to protect you from these tricks. Additionally, remove add-ons/extensions you are not using to be sure you only use pieces of software that you really need.

တခြားသော ပရိုဂရမ်များနှင့် အက်ပလီကေးရှင်းများနည်းတူ ဘရောက်ဇာများ၏ တိုးချဲ့လုပ်ဆောင်မှုများသည်လည်း အန္တရာယ်ရှိနိုင်ပြီး သင့်ကို စောင့်ကြည့်ရန် အသုံးချခံရနိုင်ပါသည်။ Mozilla add-ons repository for Firefox သို့မဟုတ် Chrome web store for Chrome/Chromium extensions များကဲ့သို့ စိတ်ချရသော နေရာများမှသာ ဘရောက်ဇာတိုးချဲ့လုပ်ဆောင်မှုများကို ထည့်သွင်းရန် အရေးကြီးပါသည်။တရားဝင်နေရာမှမဟုတ်ပဲ တခြားနေရာတစ်ခုမှ ထည့်သွင်းရန် အမှန်တကယ်လိုအပ်ပါက တိုးချဲ့လုပ်ဆောင်မှုတစ်ခုကို စိတ်ချရမှုရှိမရှိစစ်ဆေးခြင်းအား Mozilla မှ ထောက်ပံ့ထားသော လမ်းညွှန်ကို ဆက်လက်မလုပ်ဆောင်မီ ဖတ်ပါ။

သင်၏ ဘရောက်ဇာရှာဖွေရေးမှတ်တမ်းများကို ဖျက်ဆီးပါ

မည်သည်ကြောင့် ဤအရာကို ကျွန်ုပ်တို့ ညွှန်းသည်ကို လေ့လာပါ

သင်၏ ဘရောက်ဇာမှတ်တမ်းသည် သင်သွားရောက်သွားခဲ့သော ဝက်ဘ်ဆိုဒ်များ၏ စာရင်းဖြစ်သည်။ Firefox၊ Chrome နှင့် Chromium တို့တွင် သင်၏ ရှာဖွေခဲ့သော၊ ဒေါင်းလုတ်ဆွဲခဲ့သော၊ ဖောင်များ ကို မူလအရ သိမ်းဆည်းထားမည်ဖြစ်သည်။

ဘရောက်ဇာမှတ်တမ်းများသည် သွားရောက်ပြီးသားစာမျက်နှာများကို လိပ်စာများထပ်မံရိုက်ထည့်စရာမလိုအပ်စေရန် အလိုအလျောက်ဖော်ပြပေးခြင်း သို့မဟုတ် စိတ်မချရသော ဝက်ဘ်ဆိုဒ်များသို့ မတော်တဆ ဝင်ရောက်မိခြင်းမှ ကာကွယ်ပေးနိုင်ပါသည်။ သို့သော် တစ်ဦးဦးသာ သင်၏ အင်တာနက်ရှာဖွေမှုများကို ဝင်ရောက်ကြည့်ရှုခွင့်ရသွားပါက ထိုအချက်အလက်များမှ တစ်ဆင့် သင့်အကြောင်းအား များစွာ သိရှိရနိုင်ပြီး သင်အလုပ်တွဲလုပ်ကိုင်သူများ နှင့်သင်ဖတ်ရှုနေသော အကြောင်းအရာများကိုပါ သိရှိရနိုင်ပါသည်။

မှတ်တမ်းမကျန်ရှိနိုင်သော ဘရောက်ဇာအသုံးပြုများဖြစ်သည့် private browsing နှင့် Incognito mode ကို အသုံးပြုပါ

ဘရောက်ဇာတွင် ရှာဖွေရာတွင် သင်၏ မှတ်တမ်းများအား သိမ်းဆည်းထားကို ရှောင်ကြဉ်လိုပါက ပုဂ္ဂလိကရှာဖွေခြင်း သို့မဟုတ် အမည်မဲ့အဖြစ်အသုံးပြုခြင်းကို လုပ်နိုင်ပါသည်။

Firefox

Chrome သို့မဟုတ် Chromium

မည်သည်ကြောင့် ဤအရာကို ကျွန်ုပ်တို့ ညွှန်းသည်ကို လေ့လာပါ

သင်၏ ဘရောက်ဇာကို "Private browsing" သို့မဟုတ် "Incognito mode" ဖြင့် ဖွင့်ပါက ဘရောက်ဇာသည် သင်၏ မှတ်တမ်းများကို သိမ်းဆည်းထားမည်မဟုတ်ပဲ ကွတ်ကီးများကိုလည်း ခြေရာခံမည်မဟုတ်ပါ။ သင်ရှာဖွေထားသော စာမျက်နှာများ၏ မှတ်တမ်းများကို သိမ်းဆည်းမထားချင်ဘူးဆိုလျှင် ဤနည်းလမ်းကို အသုံးပြုခြင်းသည် သင်၏ အင်တာနက်လှုပ်ရှားမှုတစ်ချို့ကို လျင်မြန်စွာ ဖျောက်ဖျက်နိုင်သည့် နည်းလမ်းတစ်ခုဖြစ်သည်။ အထူးသဖြင့် ဤနည်းလမ်းသည် သင့်ကွန်ပျူတာကို တခြားသူတစ်ဦးဦးနှင့် မျှဝေသုံးစွဲရချိန်တွင် သင်၏ ပုဂ္ဂလိကအချက်အလက်များကိုကာကွယ်ခြင်းအတွက် ပိုမိုအသုံးဝင်နိုင်ပါသည်။

Note that private browsing/Incognito mode will not protect you from malware or surveillance. Read our guides on malware and anonymity to learn how to address such risks.

သင်နောက်ဆုံးဝင်ရောက်အသုံးပြုခဲ့သည်များကို စစချင်းစာမျက်နှာ နှင့် အသုံးအများဆုံး ဝက်ဘ်ဆိုက်များ ဖော်ပြရာ နေရာများတွင် မပြသရန် ထည့်သွင်းစဉ်းစားပါ

မည်သည်ကြောင့် ဤအရာကို ကျွန်ုပ်တို့ ညွှန်းသည်ကို လေ့လာပါ

အကယ်၍ သင်၏ ဘရောက်ဇာကို တစ်ဦးဦးမှ ဝင်ရောက်မည်ကို စိုးရိမ်ပါက သင့်ဘရောက်ဇာကို နောက်ဆုံးပိတ်ခဲ့ချိန်က ဖွင့်ထားခဲ့သော ဝက်ဘ်ဆိုဒ်စာမျက်နှာများကို ပြန်လည်ဖော်ပြပေးသော လုပ်ဆောင်ချက်ကို ပိတ်ထားပြီး သင်သွားရောက်လေ့များသော ဝက်ဘ်ဆိုဒ်များကို ညွှန်းပေးခြင်းကို ပိတ်ထားပါ။

Disable AI features

  • Firefox

    • You can block current and future Firefox AI features with a single switch. Go to Settings > AI Controls, and click the Block AI enhancements switch to turn it off.
    • If you have the AI chatbot enabled, you can also turn it off. Right-click on the right sidebar, choose Customize sidebar, and uncheck the AI chatbot box in the Firefox tools section.
  • Chrome:

    • Gemini is available on the latest Chrome versions. If you want to turn it off, go to Settings > You and Google > Sync and Google services and turn off the options related to Google AI features or Gemini.
    • To turn off the Gemini button and shortcuts, go to Settings > AI Innovations > Preferences, and switch off the Gemini button and its keyboard shortcut. You can also right click on the Gemini button and unpin it.
    • You can also disable Gemini permissions on Chrome. Go to Settings > AI Innovations > Preferences, and disable permissions for Precise location, Microphone, Share current tab by default, and Let Gemini browse for you.
    • You can prevent Google from keeping your Gemini activity on Chrome. Go to your Google Activity page

      Other activity, and under the Gemini Apps Activity section, click the button to turn it off. Your future chats won’t appear in your Activity page; however, if you keep using Gemini, they will be saved for 72 hours to enable Gemini to respond to you.

    • Chrome may also use on-device Generative AI models on the background to provide an enhanced browser experience. To disable it, go to Settings > System, and turn On-device AI off.
မည်သည်ကြောင့် ဤအရာကို ကျွန်ုပ်တို့ ညွှန်းသည်ကို လေ့လာပါ

By default, AI integrations into the browsers use the URL and content from your current tabs for their responses. In the case you use Gemini in Chrome, this information and your chats with Gemini are stored in your Google Activity page. Also, Gemini collects information such as your location and has access to your microphone. Learn how Google manages your Gemini data. It is a good practice to reduce the amount of browsing information that is collected by private companies, as it may reveal your location or activity.

[အဆင့်မြင့်] စိတ်ချရမှုမရှိသော ဝက်ဘ်ဆိုက်တစ်ခုအား သတိထားမိပြီး သတင်းပေးတိုင်ကြားနည်း

ခေတ်သစ်ဘရောက်ဇာအများစုသည် လှည့်ဖြားရန်ငါးစာချခြင်း၊ သူခိုးဆော့ဖ်ဝဲများ သို့မဟုတ် လိမ်လည်ရန်ကြိုးစားနေသာ ဆိုဒ်များသို့ ဝင်ရောက်မိချိန်တွင် အန္တရာယ် နှင့် စိတ်မချရသော ဝက်ဘ်ဆိုဒ်များကို ပင်ကိုယ်သိရှိကာ သတိပေးပါလိမ့်မည်။ ထိုကဲ့သို့ သတိပေးချက်ကို တွေ့ရှိပါက ထိုဝက်ဘ်ဆိုဒ်ကို မဝင်ရောက်ခြင်းကို အကောင်းဆုံးဖြစ်ပါလိမ့်မည်။ ထိုကဲ့သို့ ဝက်ဘ်ဆိုဒ်များကို ဝင်ရောက်မိသော်လည်း သတိပေးချက်မတွေ့ရှိပါက Google ၏ ရှာဖွေမှုများကို ကာကွယ်သည့် လိမ်လည်မှုကို ဖော်ထုတ်သည့်စနစ်များကို တိုးမြှင့်နိုင်ရန် အသိပေးအကြောင်းကြားသင့်သည်။