ဖုန်းများနှင့်ကွန်ပျူတာများ › သင့် မတ်ထ်ကွန်ပျူတာကို ကာကွယ်ပါ

သင့် မတ်ထ်ကွန်ပျူတာကို ကာကွယ်ပါ

Reviewed 25 June 2026

မာတိကာ

If you use a Mac, you may have heard the myth that Mac computers are more secure. This is not necessarily true. Security depends on a combination of how we use our devices and their own software, which can be found to have vulnerabilities at any time. While most malware targets more widespread operating systems like Windows or Android, you can still get malware as a macOS user if, for example, you click on an infected link or open a malicious attachment. Read our guide on how to protect yourself against malware.

Follow the steps in this guide to make your device more secure. Get in the habit of checking these settings from time to time to make sure nothing has changed.

သင့်စက်ပစ္စည်း လည်ပတ်မှုစနစ် (OS) ၏ နောက်ဆုံးဗားရှင်းကို အသုံးပြုပါ

  • ဆော့ဖ်ဝဲကို update လုပ်သည့်အခါ၊ အင်တာနက်ကဖေး သို့မဟုတ် ကော်ဖီဆိုင်တွင်မဟုတ်ဘဲ သင့်အိမ် သို့မဟုတ် ရုံးကဲ့သို့ ယုံကြည်စိတ်ချရသော တည်နေရာမှ လုပ်ဆောင်ပါ။
  • နောက်ဆုံးပေါ် စက်လည်ပတ်ရေးစနစ်သို့ အဆင့်မြှင့်တင်ခြင်းသည် ဆော့ဖ်ဝဲကို ဒေါင်းလုဒ်လုပ်ပြီး အကြိမ်ပေါင်းများစွာ ပြန်လည်စတင်ရန် လိုအပ်ပေမည်။ သင့်စက်ပစ္စည်းနှင့် အလုပ်မလုပ်မည့်အချိန်ကို ချိန်ပြီး အဆင်မြင့်တင်ခြင်းကိုပြုလုပ်ပါ။
  • အဆင့်မြှင့်တင်ခြင်း ပြီးဆုံးသည့်အခါ တခြားထပ်တိုးအဆင့်မြှင့်တင်စရာအသစ်များ မကျန်တော့သည့်အထိ ရရှိထားသည့် အဆင့်မြှင့်တင်မှုများအားလုံးကို မြှင့်တင်ပြီးခြင်း ရှိ မရှိကို ထပ်မံစစ်ဆေးပါ။
  • MacOS ၏နောက်ဆုံးဗားရှင်းသည် သင့်ကွန်ပျူတာတွင်မလည်ပတ်ပါက စက်ပစ္စည်းအသစ်ဝယ်ရန် စဉ်းစားခြင်းသည် အကောင်းဆုံးဖြစ်သည်။
  • အဆင့်မြှင့်တင်ခြင်းကို အပြည့်အဝထည့်သွင်းခြင်းသေချာစေရန် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းစဉ်ပြီးဆုံးချိန် ပေါ်လာသော ပါဝင်အပိတ်အဖွင့်လုပ်ခြင်းကို အမြဲလုပ်ပါ။

Notes:

ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

သင့်စက်များနှင့် အက်ပ် များအတွင်းတွင် လုပ်ဆောင်ပေးသည့် ကုဒ်ရှိ အားနည်းချက်အသစ်များကို နေ့စဉ် တွေ့ရှိနေပါသည်။ ကုဒ်သည် အလွန်ရှုပ်ထွေးသောကြောင့် ထိုကုဒ်ကိုရေးသော ရေးသားသူများသည် မည်သည့်နေရာတွင်တွေ့မည်ကို ခန့်မှန်း၍မရပါ။ မလိုလားအပ်သော တိုက်ခိုက်သူများသည် သင့်စက်ပစ္စည်းများ အတွင်းသို့ ဝင်ရောက်ရန် ဤအားနည်းချက်များကို အသုံးချနိုင်သည်။ သို့သော် ဆော့ဖ်ဝဲရေးသားသူများက ထိုသို့သောအားနည်းချက်များကို ပြုပြင်ပေးမည့် ကုဒ်များကို ပုံမှန်ထုတ်လေ့ ရှိပါသည်။ ထို့ကြောင့် ပြုပြင်မွမ်းမံအသစ် များကို ထည့်သွင်းရန်နှင့် သင်အသုံးပြုသည့် စက်ပစ္စည်းတစ်ခုစီအတွက် ၎င်းတို့၏ လည်ပတ်မှုစနစ် နောက်ဆုံးဗားရှင်းကို အသုံးပြုရန် အလွန်အရေးကြီးပါသည်။ ကျွနု်ပ်တို့အနေဖြင့် သင့်စက်ပစ္စည်းကို အလိုအလျောက် ပြုပြင်မွမ်းမံမှု လုပ်ရန် ပြုလုပ်ထားဖို့အကြံပြုလိုပါသည် ၊ သို့မှသာ သင့်တွင် သတိတရလုပ်ဆောင်ရမည့်တာဝန်တစ်ခု လျော့သွားမည် ဖြစ်သည်။

Lockdown လုပ်ဆောင်ချက်ကို ဖွင့်ထားပါ

We strongly suggest turning Lockdown Mode on in your Mac computer. You will experience some differences in the way your device performs: many kinds of attachments will be blocked, some websites might be restricted, calls from unknown contacts can be banned, and some features might become inconsistent. However, protection benefits outweigh the restrictions.

If you want to exclude trusted websites from being impacted by Lockdown Mode restrictions, go to Safari menu > Settings > Websites > Lockdown Mode, and from the menu next to a configured website, turn Lockdown Mode off.

ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

Lockdown Mode သည် Pegasus ကဲ့သို့သော ခေတ်မီဆန်းပြားသော spyware မှအသုံးပြုသော ကူးစက်မှုဗျူဟာများကို တားဆီးထားသည်။ Lockdown Mode လုပ်ဆောင်ချက်များကို လူတိုင်းအသုံးပြုသင့်ပြီး ၎င်းသည် အမှန်တကယ် စံလည်ပတ်မှုစနစ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သင့်သည်။

Encrypt your data automatically

If your Mac device uses Apple silicon or an Apple T2 Security Chip, your data is automatically encrypted. If this is not the case, make sure to encrypt your data by activating FileVault in System Settings > Privacy & Security > FileVault.

After turning FileVault on, you must choose how to unlock your startup disk in case you forget your password. Choose a strong recovery key and make sure to store it in your password manager. Be mindful that if you forget the recovery key, you will lose access to your files.

If your Mac device has additional users, FileVault will also encrypt their data. You can enable them to decrypt their information with their user's login password by adding them via the Enable Users button.

ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

Turning on FileVault provides an extra layer of protection by keeping malicious actors from decrypting or getting access to your data without entering your login password.

ယုံကြည်ရသောအရင်းအမြစ်များမှသာ အက်ပ်ပလီကေးရှင်းများကို အသုံးပြုပါ

ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

Apple ၏ App Store သည် မတ်အိုအက်စ် အတွက်တရားဝင် အက်ပလီကေးရှင်းစတိုး ဖြစ်သည်။ တစ်နေရာတည်းတွင် အက်ပ် များထားရှိခြင်းကာ ဖြန့်ဖြူးခြင်းသည် သင်အလိုရှိသည့်အရာများကို ရှာဖွေရန် လွယ်ကူစေပြီး ကြီးမားသည့် လုံခြုံရေးချိုးဖောက်မှုများအတွက်သာမက စာရင်းသွင်းထားသော အက်ပ်ပလီကေးရှင်းများအပေါ်တွင် ပေါ်လစီများဖြင့် တင်းကြပ်စွာ ကွပ်ကဲခြင်းအတွက်လည်း ပိုမိလွယ်ကူစေသည်။ App Store မှ အက်ပ်များကိုသာ ထည့်သွင်းပါ။

သင်ဘာလုပ်နေသည်ဆိုသည်ကို သင်သေချာစွာသိရှိသည်ဆိုပါက ဆော့ဖ်ဝဲရေးသားသူများကိုယ်တိုင်၏ ဝဘ်ဆိုက်များမှ အက်ပ်များကိုသာ ထည့်သွင်းအသုံးပြုနိုင်သည်။ ဝန်ဆောင်မှုများကို ပံ့ပိုးပေးသူများကို သင်မသိဘဲ ယုံကြည်ခြင်းမရှိပါက "တူညီစွာ ကူးယူထားသည့်" ဒေါင်းလုဒ်ချသည့် ဝဘ်ဆိုက်များသည် ယုံကြည်၍ မရနိုင်ပါ။ အက်ပ်တစ်ခု၏ အကျိုးရရှိမှုသည် အန္တရာယ်ရှိခြင်းထက် သာလွန်သည်ဟု သင်ဆုံးဖြတ်ပါက ကိုယ်ရေးကိုယ်တာနှင့် အရေးကြီးအချက်အလက်များကို ထိုစက်ပစ္စည်းတွင် မသိမ်းဆည်းထားရန် စီစဉ်ခြင်းကဲ့သို့သော သင့်ကိုယ်သင်ကာကွယ်မည့် ထပ်ဆောင်းအဆင့်များ ကို လုပ်ဆောင်ပါ။

အက်ပ်ပလီကေးရှင်းတစ်ခုခုအား စိတ်ချစွာ အသုံးပြုနိုင်ခြင်းရှိမရှိဆုံးဖြတ်ခြင်းအား လေ့လာရန် Security In a Box မှ ညွှန်းဆိုသော ကိရိယာများ နှင့် ဝန်ဆောင်များကို မည်ကဲ့သို့ရွေးချယ်သည်ကို ဖတ်ရှုပါ။

သင်အသုံးမပြုသည့်မလိုအပ်သော App များကို ဖယ်ရှားပါ။

ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

သင့်စက်များနှင့် အက်ပ်များတွင်လုပ်ဆောင်သည့် ကုဒ်ရှိ အားနည်းချက်အသစ်များကို နေ့စဉ် တွေ့ရှိနေပါသည်။ကုဒ်သည် အလွန်ရှုပ်ထွေးသောကြောင့် ထိုကုဒ်ကိုရေးသော developer များသည် မည်သည့်နေရာတွင်တွေ့မည်ကို ခန့်မှန်း၍မရပါ။ အန္တရာယ်ရှိသောတိုက်ခိုက်သူများသည် သင့်စက်များအတွင်းသို့ ဝင်ရောက်ရန် ဤအားနည်းချက်များကို အသုံးချနိုင်သည်။ သင်အသုံးမပြုသော App များကို ဖယ်ရှားခြင်းသည် သင့်စက်အတွက် အားနည်းချက်ဖြစ်စေသည့် App အရေအတွက်ကို ကန့်သတ်ပေးသည်။ သင်အသုံးမပြုသောApp များသည် သင့်တည်နေရာကဲ့သို့ အခြားသူများနှင့် မမျှဝေလိုသည့်အချက်အလက်များကိုလည်း ပေးပို့နိုင်ပါသည်။

ကိုယ်ရေးကိုယ်တာအချက်အလက်များအပေါ် ကျင့်ဝတ်ကောင်းများဖြင့် ကိုင်တွယ်သော အက်ပလီကေးရှင်းများကို အသုံးပြုပါ

ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

မတ်ထ်ကွန်ပျူတာများတွင် ကိုယ်ရေးကိုယ်တာအချက်အလက်ချိုးဖောက်ခြင်း နှင့် လုံခြုံရေးကျိုးပေါက်ခြင်း သမိုင်းများရှိဖူးသော Safari နှင့် iTunes စသည့် နဂိုမူပါဝင်သော ဆော့ဖ်ဝဲများ ပါတတ်သည်။ဝက်ဘ်တွင် ရှာဖွေရန်၊ အီးမေးလ်ပေးပို့ရန် နှင့် များစွာသော လုပ်ငန်းဆောင်တာများအတွက် ကိုယ်ရေးကိုယ်တာအချက်အလက်များအပေါ် ကျင့်ဝတ်ကောင်းများဖြင့် ကိုင်တွယ်သော အက်ပလီကေးရှင်းများကိုသာ အစားထိုးအသုံးပြုသင့်သည်။

သင်၏ အက်ပ်ပလီကေးရှင်း၏ တောင်းဆိုသည့် ခွင့်ပြုချက်များကို ကြည့်ရှုပါ

ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

သင့်တည်နေရာ၊ မိုက်ခရိုဖုန်း၊ ကင်မရာ သို့မဟုတ် စက်ချိန်ညှိမှုများကဲ့သို့သော အရေးကြီးသော ဒစ်ဂျစ်တယ်အသေးစိတ်အချက်အလက်များ သို့မဟုတ် ဝန်ဆောင်မှုများကို အသုံးပြုသည့်အက်ပ်များသည်လည်း အချက်အလက်များ ပေါက်ကြားနိုင်သည် သို့မဟုတ် တိုက်ခိုက်သူများ အသုံးချခံရနိုင်သည်။ ထို့ကြောင့် ဝန်ဆောင်မှုတစ်ခုအား အသုံးပြုရန် အက်ပ်တစ်ခုမလိုအပ်ပါက၊ အဆိုပါခွင့်ပြုချက်ကို ပိတ်ပါ။

တည်နေရာကိုပိတ်ပြီးမှတ်တမ်းကိုဖျက်ပါ

ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

ကျွန်ုပ်တို့၏စက်ပစ္စည်းအများအပြားသည် ကျွန်ုပ်တို့အသုံးပြုနေသည့်နေရာ၊ ဂြိုလ်တုတည်နေရာသတ်မှတ်ရေးစနစ်၊ ဆဲလ်ဖုန်းတာဝါတိုင်များ သို့မဟုတ် ချိတ်ဆက်နေသည့် Wi-Fi တို့ကို အမြဲမပြတ်ခြေရာခံတတ်ပါသည်။ သင့်စက်ပစ္စည်းသည် သင်၏ရုပ်ပိုင်းဆိုင်ရာတည်နေရာကို မှတ်တမ်းတင်ထားပါက၊ တစ်စုံတစ်ဦးသည် သင့်အား ရှာဖွေတွေ့ရှိနိုင်စေရန် သို့မဟုတ် ထိမှတ်တမ်းကို အသုံးပြုပြီး သင်နေရာတစ်ခုအားရောက်ရှိနေခဲ့သည်ဆိုသည်ကို သက်သေပြခြင်းမျိုး လုပ်ဆောင်နိုင်ပါသည်။ သို့မဟုတ် သင်နှင့် တစ်ချိန်တစ်နေရာတည်း အတူတူရှိနေသည့်သူများ နှင့် သင်နှင့် ပတ်သက်ဆက်နွယ်ခြင်းကိုပြသရန် အဆိုပါမှတ်တမ်းကို အသုံးပြုနိုင်သည်။

သင့်စက်များတွင် သီးခြားအသုံးပြုသည့်အကောင့်များ ဖန်တီးပါ

  • သင့်စက်တွင် အသုံးပြုသူအကောင့်အား တစ်ခုထက်ပို၍ဖန်တီးထားပါ။ တစ်ခုသည် စီမံခန့်ခွဲမှုလုပ်သည့်အကောင့်နှင့် နောက်တစ်ခုသည် ပုံမှန်အသုံးပြုသူအကောင့်ဟူ၍ထားပါ။
    • သင်တစ်ဦးတည်းသာ စီမံခန့်ခွဲသည့်အကောင့်ဝင်ခွင့်ရှိရမည် ဖြစ်သည်။
    • ပုံမှန်အကောင့်များကို သင့်စက်ပစ္စည်းပေါ်ရှိ အက်ပ်၊ ဖိုင် သို့မဟုတ် ဆက်တင်တိုင်းကို ဝင်ရောက်ခွင့်မပြုသင့်ပါ။
  • သင်၏နေ့စဉ်အလုပ်အတွက် ပုံမှန်အသုံးပြုသူအကောင့်ကို အသုံးပြုရန် စဉ်းစားပါ:
    • ဆော့ဖ်ဝဲလ်ထည့်သွင်းခြင်းကဲ့သို့ သင့်စက်ပစ္စည်းလုံခြုံရေးကို ထိခိုက်စေသည့် အပြောင်းအလဲများပြုလုပ်ရန် လိုအပ်သည့်အခါမှသာ admin user အကောင့်ကို အသုံးပြုပါ။
    • ပုံမှန်အသုံးပြုသူအကောင့်ကို နေ့စဉ်အသုံးပြုခြင်းဖြင့် သင့်စက်ပစ္စည်းသည် သူခိုးဆော့ဖ်ဝဲ၏ လုံခြုံရေးခြိမ်းခြောက်မှုများနှင့် ထိတွေ့မှုမည်မျှရှိသည်ကို သိရှိနိုင်သည်။
    • သင် နယ်စပ်များကို ဖြတ်ကျော် သည့်အခါ ခရီးသွားလာရာတွင် အသုံးပြုရန် အကောင့် ဖွင့်ထားခြင်းသည် ထိခိုက်ရှလွယ်သော ဖိုင်များကို ဝှက်ရန်ကူညီနိုင်သည် ။ သင်ကိုယ်တိုင်ဆုံးဖြတ်ပါ: နယ်စပ်အာဏာပိုင်များက သင်၏ စက်ပစ္စည်းကို အသေးစိတ်ရှာဖွေဖို့ သိမ်းယူမလား သို့မဟုတ် သင်အကြောင်း လျင်မြန်စွာကြည့်ရှူနိုင်ရန် အကောင့်ထဲကို ဝင်ရောက်အသုံးပြုဖို့ သင်ကိုဖိအားပေးမလား ? သင့် စက်ပစ္စည်းကို အသေးစိတ်မကြည့်နိုင်ဘူးဟု ယူဆလျင် အရေးကြီးသော ထိခိုက်ရှလွယ်သော အကြောင်းအရာများမပါဝင်သည့် ပုံမှန် အသုံးပြုသည့်အကောင့်ကို ဝင်ထားခြင်းသည် သင့်အတွက် ယုတ္တိရှိမှု ငြင်းဆိုနိုင်မှုအချို့ ပြုလုပ်နိုင်မည်ဖြစ်သည် ။
  • Learn how to add a user on Mac or change the settings of the existing ones.
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

သင်အသုံးပြုသည့် စက်များကို ထိလွယ်ရှလွယ် အလုပ်အတွက် အခြားမည်သူနှင့်မျှ မျှဝေခြင်းမပြုရန် ကျွန်ုပ်တို့ အလေးအနက် အကြံပြုအပ်ပါသည်။ သို့သော် သင်သည် သင်၏စက်ပစ္စည်းများကို လုပ်ဖော်ကိုင်ဖက် သို့မဟုတ် မိသားစုနှင့် မဖြစ်မနေ မျှဝေရမည်ဆိုပါက သင်၏ စက်ပစ္စည်း နှင့် အရေးကြီးသောဖိုင်များကို အခြားသူများမရရှိအောင်ကာကွယ်ထားနိုင်ရန် သီးခြားအသုံးပြုသူအကောင့်များကို သင့်စက်ပစ္စည်းပေါ်တွင် ထားရှိခြင်းဖြင့် အရေးကြီးသော အချက်အလက်များကို ပိုမိုကောင်းမွန်စွာ ကာကွယ်နိုင်ပါသည်။

သင့်စက်နှင့်ဆက်နွယ်နေသည့်မလိုအပ်သောအကောင့်များကိုဖျက်ပါ

ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

သင့်စက်ကို အခြားသူတစ်ဦးမှ ဝင်ရောက်မကြည့်ရှုစေလိုပါက ထပ်တိုး "တံခါး" ကို သင့်စက်ပေါ်တွင် ဖွင့်၍မထားခဲ့ခြင်းက ပိုကောင်းပါသည် (၎င်းကို "သင်၏တိုက်ခိုက်မှုမျက်နှာပြင်ကို လျှော့ချခြင်း" ဟုခေါ်သည်)။ ထို့အပြင် သင့်စက်ပစ္စည်းနှင့်ဆက်စပ်နေသည့် အသုံးပြုသူအကောင့်များကို စစ်ဆေးခြင်းသည် သင့်မသိဘဲ သင့်စက်ပေါ်တွင် ဖန်တီးထားသော အကောင့်များကို ဖော်ပြနိုင်သည်။

သင့်စက်နှင့်ချိတ်ဆက်ထားသည့်အကောင့်များအားလုံခြုံအောင်ပြုလုပ်ပါ

ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

စက်အများစုတွင် သင့် မတ်အိုအက်စ် ကွန်ပျူတာ၊ Apple နာရီ၊ အိုင်ပတ်ထ် နှင့် Apple တီဗွီများအတွက် Apple ID အကောင့်များကဲ့သို့ စက်ပစ္စည်းအများစုသည် ၎င်းတို့နှင့် ဆက်စပ်နေသော အကောင့်များဖြစ်သည်။ တစ်ကြိမ်တွင် စက်တစ်ခုထက်ပို၍ အကောင့်ဝင်နိုင်သည် (သင့်ဖုန်း၊ လက်ပ်တော့၊ နှင့် သင့် TV စသည်ဖြင့်)။ အကယ်၍ သင့်အကောင့်ကိုအခြားသူတစ်ဦးမှ သင်ခွင့်ပြုခြင်းမရှိပဲ ဝင်ရောက်သုံးစွဲခြင်းရှိလျှင် ဤအပိုင်းတွင် ပါဝင်သော အဆင့်များသည် ထိုကဲ့သို့ ဝင်ရောက်နေခြင်းအား ရပ်တန့်ရန် ကူညီနိုင်မည်ဖြစ်သည်။

သင်၏ အသုံးပြုသူအကောင့် နှင့် ကွန်ပျူတာအား ခိုင်မာအားကောင်းသော စကားဝှက်နှင့် ကာကွယ်ပါ

ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

နည်းပညာဆိုင်ရာ တိုက်ခိုက်မှုများသည် စိုးရိမ်စရာဟု ထင်ရသော်လည်း သင့်စက်ပစ္စည်းကို သိမ်းဆည်းခံရခြင်း သို့မဟုတ် ခိုးယူခံရပြီး တစ်စုံတစ်ဦးမှ ဖောက်ထွင်းခံရခြင်းမျိုးလည်း ကြုံရနိုင်သည်။ ထို့ကြောင့် သင့်ကွန်ပျူတာ နှင့် အသုံးပြုအကောင့်ကို ကာကွယ်ရန် ခိုင်မာအားကောင်းသည့် စကားဝှက်ဖြင့် ကာကွယ်ထားသင့်သည်။ ထို့မှသာ သင်စက်ပစ္စည်းအား ဖွင့်လှစ်ကာ စကားဝှက်ခန့်မှန်းရိုက်ထည့်ရုံဖြင့် ဝင်ရောက်ကြည့်ရှုနိုင်သူမရှိမည်ဖြစ်သည်။

စကားဝှက်များမှလွဲ၍ အခြား စခရင်လော့ခ်ချရွေးချယ်မှုများကို ကျွန်ုပ်တို့ မအကြံပြုပါ။ ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်း သို့မဟုတ် ရှာဖွေခံရပါက သင်၏လက်ဗွေဖြင့် သင့်စက်ပစ္စည်းကို အလွယ်တကူ လော့ခ်ဖွင့်ရန် ခိုင်းစေနိုင်သည်။ သင့်စက်ကို ၎င်းတို့ဘက်ရှိလူတစ်ဦးဦးက စကားဝှက်တိုများ ခန့်မှန်းရန် ဆော့ဖ်ဝဲကို အသုံးပြုနိုင်သည်။ အကယ်၍ သင်သည် လက်ဗွေသော့ခတ်ခြင်းကို ပြုလုပ်ထားပါက ဖုန်မှုန့်သုတ်ထားသူတစ်ဦးသည် သင့်လက်ဗွေရာအားရယူပြီး သင့်စက်ပစ္စည်းကို လော့ခ်ဖွင့်ရန် သင့်လက်ချောင်းအတုဗားရှင်းကို ပြုလုပ်နိုင်မည်ဖြစ်သည်။

ဤသို့သော အကြောင်းများကြောင့် သင်၏ စက်ပစ္စည်းအား ဝင်ရောက်ရန်အတွက် အလုံခြုံဆုံးကာကွယ်နိုင်သည့် နည်းလမ်းသည် ပိုမိုရှည်လျားသော စကားဝှက်ထားရှိခြင်းပင်ဖြစ်သည်။

သင့်မျက်နှာပြင်ကို ပိတ်ပြီး လော့ခ်ချရန် သတ်မှတ်ပါ။

သင့်စက်လော့ခ်ချထားချိန်တွင် မြင်နိုင်သောအရာများကို ထိန်းချုပ်ပါ

သင့်စက်လော့ချထားသောအခါတွင် အကြောင်းကြားချက်များ ပေါ်လာခြင်းကို ရပ်တန့်ပါ။ ထိုသို့ပြုလုပ်ရန် နည်းလမ်းအမျိုးမျိုးရှိသည်:

ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

ဖုန်းတစ်လုံးတွင် ဖုန်းစခရင် လော့(ခ်)ချထားခြင်း တစ်နည်းအားဖြင့် ခိုင်မာအားကောင်းသော စကားဝှက်များဖြင့် ကာကွယ်ထားခြင်းသည် အင်မတန်မှအရေးကြီးသည်။ ခိုင်မာအကောင်းသော စကားဝှက်များနှင့် စခရင်လော့(ချ်) ချထားခြင်းက မိမိ၏ စက်ပစ္စည်း အခိုးခံရချိန် သို့မဟုတ် သိမ်းဆည်းခံရချိန်၌ သင့်ကို အတိုင်းအတာ တစ်ခုထိ ကာကွယ်ပေးနိုင်သည်။ ထိုသို့သော အခြေအနေတွင် သင်က ဖုန်းစခရင်လော့(ချ်) ချထားသော်လည်း သတိပေးချက်များကို ပိတ်ထားခြင်းမရှိပါက သင့်၏အသိမိတ်ဆွေပေးပို့လာသော မက်ဆေ့(ချ်) (သို့) အီးမေး(လ်) ကနေလည်း သင်၏ အချက်အလက်အချို့ ပေါက်ကြားနိုင်သည်။

Voice Controls (အသံထိန်းချုပ်ခြင်း) ကိုပိတ်ပါ

ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

အကယ်၍ သင်က စက်ပစ္စည်းတစ်ခုအား သင်၏အသံ နှင့် ထိန်းချုပ်နိုင်ရန် စနစ်တစ်ခုကို ပြုလုပ်ထားနိုင်ပါက တစ်စုံတစ်ယောက်သော သူကလည်း သင်၏စက်ပစ္စည်းက နားထောင်နေသော အသံတွေကို ဖမ်းယူနိုင်ရန်အတွက် တစ်ခြားကုဒ်တစ်ခုအသုံးပြုကာ ပြုလုပ်နိုင်ပါသည်။

အသံတုခြင်းမှ ဖြစ်နိုင်ချေရှိသည့် အန္တရာယ်ကိုလည်း ထည့်သွင်းစဉ်းစားရန် အရေးကြီးပါသည် : သင့်အား တစ်ဦးဦးမှ အသံသွင်းကာ သင့်ကွန်ပျူတာအား သင့်ခွင့်ပြုချက်မရှိပဲ ထိန်းချုပ်ရန် အသုံးပြုနိုင်သည်။

သင့်တွင် စာရိုက်ရန် သို့မဟုတ် အခြားထိန်းချုပ်မှုများကို အသုံးပြုရန် ခက်ခဲစေသော မသန်စွမ်းမှုတစ်ခုရှိပါက၊ လိုအပ်သော အသံဖြင့်ထိန်းချုပ်မှုကို သင်ရှာဖွေနိုင်ပါသည်။ ၎င်းတို့ကို ပိုမိုလုံခြုံစွာတပ်ဆင်နည်းအတွက် လမ်းညွှန်ချက်များကိုဤအပိုင်းတွင်ကြည့်ပါ။ သို့သော် သင်သည် ဤအကြောင်းကြောင့် အသံထိန်းချုပ်မှုများကို အသုံးမပြုပါက၊ ၎င်းတို့ကို ပိတ်ထားခြင်းက ပိုမိုလုံခြုံပါသည်။

သင့်ဖုန်းမျက်နှာပြင်ကို အခြားသူများမမြင်နိုင်အောင် တားဆီးပေးသည့် တကိုယ်ရည်သုံး အခြားသူလှမ်းမမြင်နိုင်သည့် Privacy မျက်နှာပြင်မှန်ကပ်များကို အသုံးပြုပါ

ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

ကျွန်ုပ်တို့၏ ဒစ်ဂျစ်တယ်လုံခြုံရေးတိုက်ခိုက်ခံရခြင်းများကို အဆင့်မြင့်နည်းပညာပိုင်းအနေဖြင့် ထင်မြင်နေသော်လည်း လူ့အခွင့်အရေးကာကွယ်သူအချို့၏ အချက်အလက်များ ခိုးယူခံရခြင်း သို့မဟုတ် အကောင့်များ ကျိုးပေါက်ခြင်းမှာ တစ်စုံတစ်ယောက်က ၎င်းတို့၏ ဖုန်းမျက်နှာပြင်ကို ပုခုံးထက်မှ ကျော်ကြည့်ခြင်း သို့မဟုတ် လုံခြုံရေးကင်မရာကို အသုံးပြု၍ကြည့်ရှုခြင်းဖြစ်ကြောင်း သင်အနေဖြင့် သိရှိပါက အံ့အားသင့်စရာဖြစ်နိုင်ပါသည်။ တကိုယ်ရည်သုံး အခြားသူလှမ်းမမြင်နိုင်အောင် မျက်နှာပြင်အကာမှန်တစ်ခုသုံးထားခြင်း က များသာအားဖြင့် ပုခုံးထက်မှ ကျော်ကြည့်ခြင်းဟုခေါ်သည့် တိုက်ခိုက်မှုမျိုး မအောင်မြင်စေရန် ဆောင်ရွက်ပေးနိုင်သည် ။ ၎င်းတို့ကို စက်ပစ္စည်းနှင့်ဆက်စပ်သည့်ပစ္စည်းများ ရောင်းသည့်ဆိုင်များတွင် ရှာကြည့်နိုင်သည်။

ကင်မရာအကာ ကို အသုံးပြုပါ

  • ပထမဆုံးအနေနှင့် သင့်စက်တွင် ကင်မရာများ မည်သည့်နေရာတွင်ရှိ၊ မရှိကို ရှာဖွေပါ။ သင့်ကွန်ပျူတာ တွင်တပ်ဆင်ထားသည့်ကင်မရာအပြင် သင့်စက်တွင် တပ်ဆင်ထားသည့် ကင်မရာတစ်လုံးကိုပါ အသုံးပြုပါက သင့်ကွန်ပျူတာတွင် ကင်မရာတစ်ခုထက်ပို၍ ရှိနိုင်ပါသည်။
  • သင့်အနေဖြင့် နည်းပညာနိမ့် ကင်မရာအဖုံး - သင့်ကင်မရာအပေါ်တွင် ကပ်ခွာပတ်တီးငယ်ကို အသုံးပြုကာ ပိတ်ထားပြီး ကင်မရာကို အသုံးပြုရန် လိုအပ်သည့်အခါ ၎င်းကို လိုအပ်သလို ရွှေ့၍ အသုံးပြုနိုင်ပါသည်။ အလယ်အပိုင်းသည် ကော်မပါသောကြောင့် ကင်မရာမှန်မျက်နှာပြင်ကို စေးကပ်ခြင်းမရှိသည့်အတွက် ပတ်တီးသည် စတစ်ကာထက် ပိုကောင်းပါသည်။
  • တခြားနည်းလမ်းအနေဖြင့် သင့်စက်ပစ္စည်းအတွက် အသင့်တော်ဆုံးသော ကင်မရာဘေးဆွဲအကာကို ရှာဖွေရန် သင့်ကွန်ပျူတာ၏ အမျိုးအစား နှင့် "ကင်မရာအကာပါး" အတွက် စိတ်ကြိုက် ဆိုင်တွင်လည်း ရှာဖွေနိုင်သည်။
  • သတ်မှတ်ထားသော အက်ပ်ပလီကေးရှင်းများအတွက် သင့်ကွန်ပျူတာရှိ ကင်မရာအား ပိတ်ထားခြင်းကိုလည်း ထည့်သွင်းစဉ်းစားသင့်သည်။
  • မတ်ထ်ကွန်ပျူတာများ တွင် နဂိုပါဝင်သော ကင်မရာအား တစ်ပေါင်းတည်း ပိတ်ထားနိုင်သည်။ ထိုသို့လုပ်ဆောင်ရန် Settings > Screen Time > Content & Privacy သို့သွားကာ Content & Privacy toggle ကို ဖွင့်ပါ။ ထို့နောက် App Restrictions ကို နှိပ်ကာ Allow Camera toggle ကို ပိတ်ပါ။ ထို့နောက် Done ကို နှိပ်ပါ။ မတ်ထ်ကွန်ပျူတာတွင် ပါဝင်သော Screen Time မှတစ်ဆင့် App & Feature Restrictions ဆက်တင်များကို ပြောင်းလဲရန် လမ်းညွှန် တွင် ပိုမိုလေ့လာနိုင်သည်။
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

သင့်အား၊ သင့်ပတ်ဝန်းကျင်ရှိလူများ၊ သို့မဟုတ် သင်ရှိနေသောနေရာကို စူးစမ်းရန် အန္တရာယ်ရှိသောဆော့ဖ်ဝဲများသည် သင်မသိဘဲ သင့်စက်တွင်ရှိသော ကင်မရာကိုဖွင့်ပါလိမ့်မည်။

သင်အသုံးမပြုနေချိန်တွင် ချိတ်ဆက်နေမှုများကို ပိတ်ထားပါ

ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

Wi-Fi၊ NFC နှင့် ဘလူးတုကဲ့သို့ ကြိုးမဲ့ဆက်သွယ်မှုများအားလုံးသည် ကွန်ရက်များ၏ အားနည်းချက်များကို ရှာဖွေဖောက်ထွင်းကာ ထိရှလွယ်သော အချက်အလက်များ နှင့် ကျွန်ုပ်တို့ စက်ပစ္စည်းများကို ရရှိအောင် ကြိုးစားနိုင်သည့် ကျွန်ုပ်တို့အနီးက တိုက်ခိုက်သူများ၏ တိုက်ခိုက်မှုကို ခံရနိုင်သည်။

သင့်စက်၏ ဘလူးတုသို့မဟုတ် Wi-Fi ချိတ်ဆက်မှုကို ဖွင့်လိုက်သောအခါ သင့်စက်ပစ္စည်းသည် သင် ယခင်က ချိတ်ဆက်ထားခဲ့သော မည်သည့် wifi ကွန်ရက်ကိုမဆို ရှာဖွေရန် ကြိုးစားပါသည်။ အခြေခံအားဖြင့်၊ ၎င်းသည် ၎င်းနှင့်ချိတ်ဆက်ရန်ရနိုင်ခြင်းရှိမရှိကြည့်ရှုရန် ၎င်း၏စာရင်းရှိကွန်ရက်တိုင်း၏အမည်များကို သိရှိရန်ကြိုးစားပါသည်။ အနီးနားတွင်ရှိသော စောင့်ကြည့်နေသူတစ်ဦးသည် သင့်စက်ပစ္စည်းကို ကို သိရှိရန် ဤရှာဖွေမှုကို သုံးနိုင်သည်။ အကြောင်းမှာ သင့်စက်ပစ္စည်း သို့မဟုတ် ကွန်ရက်စာရင်းသည် အများအားဖြင့် တခြားအရာများနှင့် မတူပဲ ကွဲပြားမှု ရှိပါသည်။ ဤလက်ဗွေနှင့်တူသော သင်မှန်းသိသာစေသောအရာများသည် သင့်ဧရိယာအတွင်ရှိ စောင့်ကြည့်နေသူတစ်ဦးအတွက် သင့်စက်ပစ္စည်းကို ပစ်မှတ်ထားရန် သို့မဟုတ် သင်ရောက်ရှိခဲ့သည့်နေရာကို ဖော်ထုတ်ရန် လွယ်ကူစေသည်။

ထို့ကြောင့် အထူးသဖြင့် ဝိုင်ဖိုင်နှင့် ဘလူးတု တို့ကိုအသုံးမပြုသည့်အခါ ဤချိတ်ဆက်မှုများကို ပိတ်ခြင်းသည် အကြံကောင်းဖြစ်ပါသည်။ ၎င်းသည် တိုက်ခိုက်သူက သင့်စက်ပစ္စည်းပေါ်တွင် ထူးဆန်းစွာဖြစ်ပျက်နေသည်ကို သင်သတိမထားမိစေဘဲ သင်၏အဖိုးတန်ပစ္စည်းများကို ဝင်ရောက်ရန်လုပ်ဆောင်နိုင်သည့်အချိန်ကို တားမြစ်သည်။

သင်သိမ်းဆည်းထားသော ဝိုင်ဖိုင်ကွန်ရက်များကို ရှင်းလင်းပါ

  • သင့်စက်၏ ကွန်ရက်များစာရင်းတွင် မှတ်ထားမည့်အစား ကွန်ရက်အမည်များနှင့် စကားဝှက်များကို သင့် စကားဝှက်မန်နေဂျာ တွင် သိမ်းဆည်းပါ။
  • အကယ်၍ သင်သာ ကွန်ရက်အမည်များ နှင့် စကားဝှက်များကို သိမ်းထားသော Wi-Fi ကွန်ရက်များစာရင်းအတွင်းတွင် သိမ်းထားပါက သေချာဖို့လိုသည်မှာ :
    • သင်မှတ်သားထားသော ချိတ်ဆက်ခဲ့ဖူးသည့် ကွန်ရက်များအား အလိုအလျောက်ချိတ်ဆက်ခြင်းမရှိစေရန် ဝိုင်ဖိုင်ဆက်တင်များအတွင်းရှိ သင်ချိတ်ဆက်ဖူးသော ကွန်ရက်များစာရင်းထဲမှ ကွန်ရက်တစ်ခုပေါ်သို့ ကွန်ပျူတာမြှားတင်ကာ Options ခလုတ်ကို နှိပ်ပါ။ ထို့နောက် Auto-Join ကို အမှန်ခြစ်ဖြုတ်ပါ။
    • ဆက်လက်အသုံးပြုခြင်းမရှိတော့သည့် ဝိုင်ဖိုင်ကွန်ရက်များကို ဖယ်ရှားသည့် အလေ့အကျင့်ကို မွေးမြူပါ။ သင်၏ ဝိုင်ဖိုင်ဆက်တင်များရှိ ချိတ်ဆက်ဖူးသော ကွန်ရက်များစာရင်းသို့သွားကာ ကွန်ရက်တစ်ခုပေါ်သို့ ကွန်ပျူတာမြှားအားတင်၍ Options ခလုတ်ကို နှိပ်ပါ။ ထို့နောက် Forget this network ကို နှိပ်၍ ချိတ်ဆက်ခဲ့မှုကို ဖယ်ရှားပါ။
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

ဝိုင်ဖိုင် ချိတ်ဆက်မှုကို ဖွင့်လိုက်သောအခါ သင်၏ ကွန်ပျူတာသည် သင် ယခင်က ချိတ်ဆက်ထားခဲ့သော မည်သည့် wifi ကွန်ရက်ကိုမဆို ရှာဖွေရန် ကြိုးစားသည်။ အခြေခံအားဖြင့်၊ သင့်ကွန်ပျူတာသည် ချိတ်ဆက်ခဲ့ဖူးသော ကွန်ရက်များကို ယခုချိတ်ဆက်နိုင်ခြင်းရှိမရှိစစ်ဆေးရန် ၄င်းကွန်ရက်များစာရင်းကို ဖွင့်ထားကြောင်းကို အသိပေးသည်။ အနီးနားတွင်ရှိသော စောင့်ကြည့်သူတစ်ဦးဦးသည် ဤအသိပေးခြင်းကို အသုံးပြုပြီး သင့်စက်ပစ္စည်းကို ဖော်ထုတ်နိုင်သည်။ အကြောင်းမှာ သင်ချိတ်ဆက်ခဲ့ဖူးသည့် ကွန်ရက်များစာရင်းသည် များသောအားဖြင့် မတူကွဲပြားတတ်သည်။ သင့်တွင် အနည်းဆုံး သင့်အိမ်ကွန်ရက်နှင့် သင့်ရုံးကွန်ရက်သို့ ချိတ်ဆက်ထားပြီး ဖြစ်နိုင်သည်၊ သူငယ်ချင်းများ၏အိမ်များ၊ အကြိုက်ဆုံး ကော်ဖီဆိုင်များ၊ စသည်ဖြင့် ကွန်ရက်များကို ဖော်ပြခြင်းမပြုပါနှင့်။ ဤလက်ဗွေနှင့်တူသော အထောက်အထားများသည် သင့်ဧရိယာအတွင်း လျှိုနေသူတစ်ဦးအတွက် သင့်စက်ပစ္စည်းကို ပစ်မှတ်ထားရန် သို့မဟုတ် သင်ရောက်ရှိခဲ့သည့်နေရာကို ဖော်ထုတ်ရန် လွယ်ကူစေသည်။

ဤသက်သေလိုက်နိုင်သည့်အရာမှ သင့်ကိုယ်သင် ကာကွယ်ရန်၊ သင့်စက်မှသိမ်းဆည်းထားသော wifi ကွန်ရက်များကို ဖျက်ပစ်ပြီး သင့်စက်အား ကွန်ရက်များကို မမှတ်မိစေရန် လုပ်ဆောင်ပါ။ ၎င်းသည် လျင်မြန်စွာ ချိတ်ဆက်ရန် ပိုမိုခက်ခဲစေလိမ့်မည်၊ သို့သော် ထိုအချက်အလက်များကို သင့်စကားဝှက်မန်နေဂျာတွင် သိမ်းဆည်းထားခြင်းသည် သင်လိုအပ်သည့်အခါတွင် ၎င်းကိုရယူနိုင်မည်ဖြစ်သည်။

သင်အသုံးမပြုနေချိန်တွင် မျှဝေခြင်းကိုပိတ်ထားပါ

  • AirDrop အား ပိတ်ထားပါ
    • အကယ်၍ သင်သည် AirDrop အား သင်၏ အဆက်အသွယ်များနှင့် မျှဝေရန်အသုံးပြုပါက AirDrop ၏ ဘေးရှိမြှားကို နှိပ်ကာ Contacts Only ကို ရွေးချယ်ထားသင့်သည်။ သင်၏ အချက်အလက်များ မမျှဝေလိုသူများအား အဆက်အသွယ်များစာရင်းမှ ဖယ်ရှားထားပါ။
  • Read the instructions on the Sharing settings on Mac. Un-check services you are not using (remote login or remote management), and manage those you are (you might be using screen sharing or printer sharing for work, or media sharing to listen to music).
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

စက်ပစ္စည်းအများအပြားသည် ကျွန်ုပ်တို့အား ကျွန်ုပ်တို့ပတ်ဝန်းကျင်ရှိ အခြားသူများနှင့် ဖိုင်များ သို့မဟုတ် ဝန်ဆောင်မှုများကို အလွယ်တကူမျှဝေရန် ရွေးချယ်ခွင့်ပေးခြင်းသည် အသုံးဝင်သောအင်္ဂါရပ်တစ်ခုဖြစ်သည်။ သို့သော် အသုံးမပြုနေစဉ်အတွင်း ဤလုပ်ဆောင်ချက်ကို ဖွင့်ထားပါက၊ အန္တရာယ်ရှိသောသူများသည် သင့်စက်ပစ္စည်းရှိ ဖိုင်များကို ရယူရန် ၎င်းကို အသုံးချနိုင်သည်။

firewall တစ်ခုကိုသုံးပါ

ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

Firewall များသည် သင့်စက်အတွက် မလိုအပ်သော ဆက်သွယ်မှုများကို ရပ်တန့်စေသည့် လုံခြုံရေး ရွေးချယ်မှုတစ်ခုဖြစ်သည်။ မည်သူဝင်ရောက်နိုင်သည်ကို ဆုံးဖြတ်ရန် အဆောက်အအုံ၏ တံခါးဝတွင်ထားသော လုံခြုံရေးအစောင့်တစ်ဦးကဲ့သို့ပင်၊ Firewall သည် သင့်စက်မှ ဆက်သွယ်ရေးအဝင်အထွက်နှင့်ပတ်သက်သည့်အချက်အလက်များကို လက်ခံခြင်း၊စစ်ဆေးခြင်းများပြုလုပ်ပြီး ဆုံးဖြတ်ချက်များချပေးသည်။ အန္တရာယ်ရှိသောကုဒ်အား သင့်ကွန်ပျူတာတွင်းသို့ ဝင်ရောက်ရန်ကြိုးစားခြင်းမှ ကာကွယ်ရန် သင့်အား firewall ဖွင့်ရန် အကြံပြုအပ်ပါသည်။ ပုံသေ firewall တည်ဆောက်မှုသည် လူအများစုအတွက် လုံလောက်သော အကာအကွယ်ဖြစ်သင့်သည်။.

ထပ်တိုးကာကွယ်ရေးအကြံပြုချက်များ

  • To limit which apps and results appear in your Spotlight search, go to System Settings > Spotlight, and deselect Show Related Content, and the options that you prefer from under the Results from Apps, Results from System, and Clipboard Search sections.
  • Deselect the "Help Apple Improve Search" option to avoid your Safari, Siri, Spotlight, Lookup, and images search queries being sent to Apple. You may want to delete your Spotlight Search History as well.
  • In System Settings > Spotlight > Privacy, you may want to add sensitive folders you do not want Spotlight to communicate to Apple about.
  • Opt-out of sharing analytics from your Mac. In System Settings > Privacy & Security > Analytics & Improvements, turn off Share Mac Analytics, Improve Siri & Dictation, Share with app developers and Share iCloud Analytics. You may also want to prevent Apple from using your information for ad targeting. In System Settings > Privacy & Security > Apple Advertising, turn off Personalized Ads.
  • If your Mac model features Apple Intelligence — macOS' native generative AI system — you can choose to disable it. In System Settings > Apple Intelligence & Siri, click on Apple Intelligence to turn it off.
  • မတ်ထ်ကွန်ပျူတာတွင် ကိုယ်ရေးကိုယ်အချက်အလက်ကာကွယ်ခြင်း နှင့် လုံခြုံရေးအတွက် အကြံပြုထားသည်များကို ဖတ်ရှုပါ။

အဆင့်မြင့်: တစ်စုံတစ်ယောက်သည် သင့်ခွင့်ပြုချက်မရှိဘဲ သင့်စက်ပစ္စည်းကို ဝင်ရောက်အသုံးပြုခြင်းရှိမရှိသုံးသပ်ပါ (အခြေခံဒစ်ဂျစ်တယ်ဓာတ်ခွဲခန်းပညာ)

ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

တစ်စုံတစ်ယောက်သည် သင့်စက်ပစ္စည်းများ၊ ဖိုင်များ၊ သို့မဟုတ် ဆက်သွယ်ရေးများကို ဝင်ရောက်အသုံးပြုသည့်အခါ အမြဲတမ်းသိသာထင်ရှားနိုင်မည်မဟုတ်ပေ။ ဤထပ်တိုး အကြံပြုချက်များ နှင့် စစ်ဆေးရန်စာရင်းများသည် သင့်စက်ပစ္စည်းများကို ကမောက်ကမဖြစ်စေခြင်းရှိမရှိကို ပိုမိုထိုးထွင်းသိမြင်စေနိုင်ပါသည်။