ဖုန်းများနှင့်ကွန်ပျူတာများ › သင့် ဝင်းဒိုးကွန်ပျူတာအား ကာကွယ်ပါ

သင့် ဝင်းဒိုးကွန်ပျူတာအား ကာကွယ်ပါ

Reviewed 11 June 2026

မာတိကာ

မိုက်ခရိုဆော့ ဝင်းဒိုးသည် ကမ္ဘာပေါ်တွင် အသုံးအများဆုံး operating system ဖြစ်သော်လည်း သူခိုးဆော့ဖ်ဝဲ အတွက် အသုံးအများဆုံး ပစ်မှတ်လည်း ဖြစ်သည်။ သင့် ဝင်းဒိုးစက်ပစ္စည်းကို လုံခြုံစေရန်အတွက် ဤစာရင်းကို လိုက်နာပါ။

သင့်စက်ပစ္စည်း လည်ပတ်မှုစနစ် (OS) ၏ နောက်ဆုံးဗားရှင်းကို အသုံးပြုပါ

ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

သင့်စက်များနှင့် အက်ပ် များကို လုပ်ဆောင်သည့်ကုဒ်များတွင် အားနည်းချက်အသစ်များကို နေ့စဉ် တွေ့ရှိနေပါသည်။ ကုဒ်သည် အလွန်ရှုပ်ထွေးသောကြောင့် ထိုကုဒ်ကိုရေးသော developer များအနေဖြင့် မည်သည့်နေရာတွင် တွေ့မည်ကို ခန့်မှန်း၍မရပါ။ မလိုလားအပ်သော တိုက်ခိုက်သူများသည် သင့်စက်များအတွင်းသို့ ဝင်ရောက်ရန် ဤအားနည်းချက်များကို အသုံးချနိုင်သည်။

သို့သော် software developer များက ၎င်းအားနည်းချက်များကို ပြုပြင်ပေးမည့် code များကို ပုံမှန်ထုတ်လေ့ရှိပါသည်။ ထို့ကြောင့် update များကို ထည့်သွင်းရန်နှင့် သင်အသုံးပြုသည့် စက်တစ်ခုစီအတွက် လည်ပတ်မှုစနစ်၏ နောက်ဆုံးဗားရှင်းကို အသုံးပြုရန် အလွန်အရေးကြီးပါသည်။ သင့်စက်ပစ္စည်းကို အလိုအလျောက် update လုပ်ဖို့ သတ်မှတ်ပေးခြင်းဖြင့် သင့်တွင်သတိတရလုပ်ဆောင်ရမည့်တာဝန်တစ်ခုလျော့သွားမည်ဖြစ်သည်။

ထည့်သွင်းထားသော အက်ပလီကေးရှင်းများအားလုံးကို ပုံမှန် အဆင့်မြှင့်တင်ပါ

ယုံကြည်ရသော ရင်းမြစ်များမှ ပရိုဂရမ်များနှင့် အက်ပ်များကို အသုံးပြုပါ

ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

မိုက်ခရိုဆော့ store မှ သို့မဟုတ် ဆော့ဖ်ဝဲရေးသားသူများကိုယ်တိုင်၏ ဝဘ်ဆိုဒ်များမှ အက်ပ်များကိုသာ ထည့်သွင်းပါ။ "Mirror" ဟုခေါ်သည့် ဒေါင်းလုဒ်ဝဘ်ဆိုက်များ၏ဝန်ဆောင်မှုပံ့ပိုးပေးသူများကို သင်သိပြီး ယုံကြည်ခြင်းမရှိပါက၊ ၎င်းဆိုဒ်များသည် ယုံကြည်ရဖွယ်မရှိနိုင်ပါ။ App တစ်ခု၏အကျိုးခံစားခွင့်သည် ၎င်းအားအသုံးပြု၍ဖြစ်ပေါ်လာနိုင်သည့်အန္တရာယ်ထက် ပိုများသည်ဟု သင်ဆုံးဖြတ်ပါက၊ အရေးကြီးသို့မဟုတ် ကိုယ်ရေးကိုယ်တာအချက်အလက်များကို ထိုစက်ပစ္စည်းတွင် မသိမ်းဆည်းထားရန် စီစဉ်ခြင်းကဲ့သို့သော သင့်ကိုယ်သင်ကာကွယ်မည့်ခြေလှမ်းများကို လုပ်ဆောင်ပါ။.

သင်အတွက် အသုံးပြုရန်မလိုအပ်သော အက်ပ်များအား ရှင်းလင်းပါ

ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

သင့်စက်များနှင့် အက်ပ် များကို လုပ်ဆောင်သည့်ကုဒ်များတွင် အားနည်းချက်အသစ်များကို နေ့စဉ် တွေ့ရှိနေပါသည်။ ကုဒ်သည် အလွန်ရှုပ်ထွေးသောကြောင့် ထိုကုဒ်ကိုရေးသော developer များအနေဖြင့် မည်သည့်နေရာတွင် တွေ့မည်ကို ခန့်မှန်း၍မရပါ။ မလိုလားအပ်သော တိုက်ခိုက်သူများသည် သင့်စက်များအတွင်းသို့ ဝင်ရောက်ရန် ဤအားနည်းချက်များကို အသုံးချနိုင်သည်။

သင်အသုံးမပြုသောအက်ပ်များကို ဖယ်ရှားခြင်းသည် အားနည်းချက်ဖြစ်နိုင်ခြေရှိသည့် အက်ပ်အရေအတွက်ကို ကန့်သတ်ပေးသည်။ သင်အသုံးမပြုသောApp များသည် သင့်တည်နေရာကဲ့သို့ အခြားသူများနှင့် မမျှဝေလိုသည့် သင့်အကြောင်းအချက်အလက်များကိုလည်း ပေးပို့နိုင်ပါသည်။ အက်ပ်များကို သင်မဖယ်ရှားနိုင်ပါက ၎င်းတို့ကို အနည်းဆုံး သင် ပိတ်ရန် ကြိုးစားနိုင်မည်ဖြစ်သည်။

ကိုယ်ရေးကိုယ်တာအချက်အလက်များအပေါ် ကျင့်ဝတ်ကောင်းများဖြင့် ကိုင်တွယ်သော အက်ပလီကေးရှင်းများကို အသုံးပြုပါ

ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

ကိုယ်ရေးကိုယ်တာအချက်အလက်ကာကွယ်ရေး နှင့်လုံခြုံရေး ကိစ္စများ ရှိဖူးသော Microsoft Edge နှင့် Microsoft Office ကဲ့သို့ ဆော့ဖ်ဝဲများသည် သင်၏ ဝင်းဒိုးကွန်ပျူတာတွင် နဂိုပါဝင်တတ်ပါသည်။ထိုဆော့ဖ်ဝဲများအစား ကိုယ်ရေးကိုယ်တာအချက်အလက်ကာကွယ်ရေးကို ပိုမိုအလေးထားသော အက်ပလီကေးရှင်းများဖြင့်သာ အင်တာနက်တွင်ရှာဖွေမှုများပြုလုပ်ခြင်း၊ အီးမေးလ်များဖတ်ရှုခြင်းများအတွက် အသုံးပြုသင့်သည်။

ကိုယ်ရေးကိုယ်တာအချက်အလက်များအပေါ် ကျင့်ဝတ်ကောင်းများဖြင့် ကိုင်တွယ်သော အက်ပလီကေးရှင်းများကို ထည့်သွင်းပြီးသွားပါက နဂိုပါဝင်သော အက်ပလီကေးရှင်းများ နှင့် သင်အသုံးပြုရန် အစီအစဉ်မရှိသော အက်ပလီကေးရှင်းများကို [စက်ပစ္စည်းအတွင်းမှ ဖယ်ရှားခြင်း သို့မဟုတ် ပိတ်ပင်ခြင်း] (#%E1%80%9E%E1%80%84%E1%80%BA%E1%80%A1%E1%80%90%E1%80%BD%E1%80%80%E1%80%BA-%E1%80%A1%E1%80%9E%E1%80%AF%E1%80%B6%E1%80%B8%E1%80%95%E1%80%BC%E1%80%AF%E1%80%9B%E1%80%94%E1%80%BA%E1%80%99%E1%80%9C%E1%80%AD%E1%80%AF%E1%80%A1%E1%80%95%E1%80%BA%E1%80%9E%E1%80%B1%E1%80%AC-%E1%80%A1%E1%80%80%E1%80%BA%E1%80%95%E1%80%BA%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%E1%80%A1%E1%80%AC%E1%80%B8-%E1%80%9B%E1%80%BE%E1%80%84%E1%80%BA%E1%80%B8%E1%80%9C%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%AB) ကို လုပ်နိုင်ပါသေးသည်။

သင်၏ အက်ပ်ပလီကေးရှင်း၏ တောင်းဆိုသည့် ခွင့်ပြုချက်များကို ကြည့်ရှုပါ

ဖုန်းထဲတွင်ရှိသော Application တစ်ခုချင်းစီတွင် ရှိနေသော သို့မဟုတ် မျှဝေသုံးစွဲနေသော ခွင့်ပြုထားခြင်း (Permission) များကို စစ်ကြည့်ပါ။ အသုံးမပြုတော့သော Apps များ၏ Permission ကိုစစ်ကြည့်ပြီး လိုအပ်ပါက ပေးခဲ့မိသော ခွင့်ပြုချက်များကိုဖြုတ်ပစ်ပါ:

  • တည်နေရာ
  • အဆက်အသွယ်များ
  • စာပို့ခြင်း
  • မိုက်ခရိုဖုန်း
  • အသံ သို့မဟုတ် စကား မှတ်သားမှု
  • (ဝက်ဘ်) ကင်မရာ
  • မျက်နှာပြင် (စခရင်) မှတ်တမ်းယူခြင်း
  • ဖုန်းခေါ်ဆိုမှုများ သို့မဟုတ် ဖုန်းခေါ်ဆိုမှုမှတ်တမ်းများ
  • ဖုန်း
  • ပြက္ခဒိန်
  • အီးမေးလ်
  • ဓာတ်ပုံပြတိုက်
  • ရုပ်ရှင်များ သို့မဟုတ် ဗီဒီယိုများနှင့် ၎င်းတို့၏ စာကြည့်တိုက်များ
  • လက်ဗွေရာဖတ်စက်
  • အီလက်ထရောနစ် စက်ပစ္စည်းများ တစ်ခုနှင့် တစ်ခု ကြား အနီးအနား ဆက်သွယ်မှု (NFC)
  • ဘလူးတု
  • ဝိုင်ဖိုင်
  • ကြိုးဖြင့်ချိတ်ဆက်မှုများ
  • ၎င်းတွင် "disk အသုံးပြုခွင့်" "ဖိုင်များ" "ဖိုင်တွဲများ" သို့မဟုတ် "စနစ်" ပါသည့် မည်သည့်ဆက်တင်မျိုးမဆို
  • ၎င်းတွင် "install" ပါသောမည်သည့် setting ကိုမဆို
  • မျက်နှာမှတ်သားမှု
  • အခြား App များကို ဒေါင်းလုပ်လုပ်ရန် ခွင့်ပြုသည်

မိုက်ခရိုဆော့မိုက်ခရိုဆော့၏ အက်ပလီကေးရှင်းလုပ်ပိုင်ခွင့်များလမ်းညွှန်တွင် သင့်အက်ပလီကေးရှင်း၏ ချိန်ညှိမှုများ နှင့် အက်ပလီကေးရှင်းအားပေထားသော လုပ်ပိုင်ခွင့်တစ်ခုချင်းစီအကြောင်းကို လေ့လာပါ။

  • သင်အသုံးပြုသော အက်ပလီကေးရှင်းများသာ အောက်ပါ လုပ်ပိုင်ခွင့်များကို အသုံးပြုခွင့်ရှိခြင်းအား သေချာစေပါ :

  • အကောင့်အချက်အလက်

  • လှုပ်ရှားမှု

  • ရေဒီယိုများ

  • တာဝန်များ

အထက်ဖော်ပြပါ ခွင့်ပြုချက်များကို စစ်ဆေးခြင်းအပြင် ၎င်းခွင့်ပြုချက်များကို သင်တွေ့ပါက အောက်ပါတို့အတွက် ခွင့်ပြုချက်များကို ပိတ်ပါ:

  • elevation ကို ခွင့်ပြုပါ
  • အထူးပြုထားသော အက်ပ်
  • ထုပ်ပိုးထားသောဝန်ဆောင်မှုများ
  • ပက်ကေ့ချ်တွင် သက်ဆိုင်ရာကဏ္ဏကို ရေးသားဖော်ပြထားပါသည်
  • ရုပ်ဝတ္ထု အရင်းအမြစ်များ
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

သင့်တည်နေရာ၊ မိုက်ခရိုဖုန်း၊ ကင်မရာ သို့မဟုတ် စက်ချိန်ညှိမှုများကဲ့သို့သော အရေးကြီးသော ဒစ်ဂျစ်တယ်အသေးစိတ်အချက်အလက်များ သို့မဟုတ် ဝန်ဆောင်မှုများကို အသုံးပြုသည့်အက်ပ်များသည်လည်း အချက်အလက်များ ပေါက်ကြားနိုင်သည် သို့မဟုတ် တိုက်ခိုက်သူများ အသုံးချခံရနိုင်သည်။ ထို့ကြောင့် ဝန်ဆောင်မှုတစ်ခုအား အသုံးပြုရန် အက်ပ်တစ်ခုမလိုအပ်ပါက၊ အဆိုပါခွင့်ပြုချက်ကို ပိတ်ပါ။

တည်နေရာကိုပိတ်ပြီး မှတ်တမ်းကိုဖျက်ပါ

ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

ကျွန်ုပ်တို့၏စက်ပစ္စည်းအများအပြားသည် ကျွန်ုပ်တို့အသုံးပြုနေသည့်နေရာ၊ ဂြိုလ်တုတည်နေရာသတ်မှတ်ရေးစနစ်၊ ဆဲလ်ဖုန်းတာဝါတိုင်များ သို့မဟုတ် ချိတ်ဆက်နေသည့် Wi-Fi တို့ကို အမြဲမပြတ်ခြေရာခံတတ်ပါသည်။ သင့်စက်ပစ္စည်းသည် သင်၏ရုပ်ပိုင်းဆိုင်ရာတည်နေရာကို မှတ်တမ်းတင်ထားပါက၊ တစ်စုံတစ်ဦးသည် သင့်အား ရှာဖွေတွေ့ရှိနိုင်စေရန် သို့မဟုတ် ထိမှတ်တမ်းကို အသုံးပြုပြီး သင်နေရာတစ်ခုအားရောက်ရှိနေခဲ့သည်ဆိုသည်ကို သက်သေပြခြင်းမျိုး လုပ်ဆောင်နိုင်ပါသည်။ သို့မဟုတ် သင်နှင့် တစ်ချိန်တစ်နေရာတည်း အတူတူရှိနေသည့်သူများ နှင့် သင်နှင့် ပတ်သက်ဆက်နွယ်ခြင်းကိုပြသရန် အဆိုပါမှတ်တမ်းကို အသုံးပြုနိုင်သည်။

သင့်စက်များတွင် သီးခြားအသုံးပြုသည့်အကောင့်များ ဖန်တီးပါ

  • သင့်ဝင်းဒိုးကွန်ပျူတာအား အသုံးပြုနေစဉ်အတွင်း မိုက်ခရိုဆော့အား မျှဝေရသော အချက်အလက်များ၏ ပမာဏကို လျှော့ချရန် မိုက်ခရိုဆော့အကောင့်ကိုသုံးမည့်အစား စက်အတွင်း အသုံးပြုသူအကောင့်(သင့်ကွန်ပျူတာတွင်ပါဝင်သောအကောင့်) ကို အသုံးပြုရန် ကျွန်ုပ်တို့ အကြံပြုပါသည်။ ထိုသို့လုပ်ဆောင်ပါက သင်သည် စက်ပစ္စည်းများအချင်းချင်း ဒေတာမျှဝေနိုင်မည်မဟုတ်ကြောင်း သတိပြုပါ။
  • စီမံခန့်ခွဲမှုအခွင့်ရရှိသည့်အသုံးပြုသူနှင့် စီမံခန့်ခွဲမှုအခွင့်မရရှိသည်အခြားတစ်ဉီးထားရှိခြင်းဖြင့် သင့်စက်ပစ္စည်းပေါ်တွင် အသုံးပြုသူတစ်ဦးထက်ပိုသော အကောင့်များကို ဖန်တီးပါ။
    • သင်တစ်ဦးတည်းသာ စီမံခန့်ခွဲသည့်အကောင့်ဝင်ခွင့်ရှိရမည် ဖြစ်သည်။
    • ပုံမှန်အကောင့်များကို သင့်စက်ပစ္စည်းပေါ်ရှိ အက်ပ်၊ ဖိုင် သို့မဟုတ် ဆက်တင်တိုင်းကို ဝင်ရောက်ခွင့်မပြုသင့်ပါ။
  • သင်၏နေ့စဉ်အလုပ်အတွက် ပုံမှန်အကောင့်တစ်ခုကို အသုံးပြုရန် စဉ်းစားပါ:
    • ဆော့ဖ်ဝဲလ်ထည့်သွင်းခြင်းကဲ့သို့ သင့်စက်ပစ္စည်းလုံခြုံရေးကို ထိခိုက်စေသည့် အပြောင်းအလဲများပြုလုပ်ရန် လိုအပ်မှသာ စီမံခန့်ခွဲသူအကောင့်ကို အသုံးပြုပါ။
    • ပုံမှန်အကောင့်ကို နေ့စဉ်အသုံးပြုခြင်းဖြင့် သင့်စက်ပစ္စည်းသည် သူခိုးဆော့ဖ်ဝဲ၏ လုံခြုံရေးခြိမ်းခြောက်မှုများနှင့် ထိတွေ့နေရခြင်းကို တားဆီးနိုင်သည်။
    • သင်သည်နယ်စပ်ဖြတ်ကျော်သည့်အခါ၊ "ခရီးသွား" အကောင့်တစ်ခု ဖွင့်လှစ်ထားခြင်းက ပိုမိုထိခိုက်လွယ်ပြီး လျှို့ဝှက်ရမည့် ဖိုင်များကို ဝှက်ထားနိုင်ရန် ကူညီပေးနိုင်ပါသည်။ သင့်အခြေအနေကို ကိုယ်တိုင် ချင့်ချိန်တွက်ဆကြည့်ပါ: နယ်စပ်အာဏာပိုင်များက သင့်စက်ပစ္စည်းကို သိမ်းဆည်းပြီး အသေးစိတ် ရှာဖွေစစ်ဆေးမည့် အခြေအနေမျိုးလား၊ သို့မဟုတ် သင့်အား ဖိအားပေး၍ အကောင့်များဝင်ခိုင်းကာ စစ်ဆေးမှုများပြုလုပ်မည်လား။ အကယ်၍ ၎င်းတို့အနေဖြင့် သင့်စက်ပစ္စည်းကို အသေးစိတ် နှိုက်နှိုက်ချွတ်ချွတ် စစ်ဆေးလိမ့်မည်မဟုတ်ဟု ယူဆပါက၊ အရေးမကြီးသော သာမန်အလုပ်လုပ်သည့် အကောင့်ဖြင့် လော့ဂ်အင်ဝင်ထားခြင်းက သင့်တွင် ထိန်ချန်ထားစရာ အခြားလျှို့ဝှက်ချက်မရှိကြောင်း ဆင်ခြေပေးနိုင်သည့်အခွင့်အရေး ရရှိစေနိုင်ပါသည်။
  • ဝင်းဒိုးတွင် user account များကို စီမံခန့်ခွဲနည်းကို လေ့လာပါ။
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

ထိလွယ်ရှလွယ် အလုပ်အတွက် သင်အသုံးပြုသည့် စက်များကို အခြားမည်သူနှင့်မျှ မျှဝေခြင်းမပြုရန် ကျွန်ုပ်တို့ အလေးအနက် အကြံပြုအပ်ပါသည်။ သို့သော်၊ သင်သည် သင်၏စက်ပစ္စည်းများ နှင့် အရေးကြီးသော အချက်အလက်များကို လုပ်ဖော်ကိုင်ဖက် သို့မဟုတ် မိသားစုနှင့် မျှဝေရမည်ဆိုပါက သင်၏ အရေးကြီးသောဖိုင်များ နှင့် လုပ်ပိုင်ခွင့်များကို အခြားသူများမရရှိအောင်ကာကွယ်ထားနိုင်ရန် သီးခြားအကောင့်များကို သင့်စက်ပစ္စည်းပေါ်တွင် ထားရှိခြင်းဖြင့် အရေးကြီးသော အချက်အလက်များကို ပိုမိုကောင်းမွန်စွာ ကာကွယ်နိုင်ပါသည်။

သင့်စက်နှင့်ဆက်နွယ်နေသည့်မလိုအပ်သောအကောင့်များကိုဖျက်ပါ

ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

အကယ်၍ သင်သည် သင့်စက်ကို အခြားသူတစ်ဦးမှ ဝင်ရောက်မကြည့်ရှုစေလိုပါက၊ ထပ်တိုး "တံခါး" ကို သင့်စက်ပေါ်တွင် ဖွင့်၍မထားခဲ့ခြင်းက ပိုကောင်းပါသည် (၎င်းကို "သင်၏တိုက်ခိုက်မှုမျက်နှာပြင်ကို လျှော့ချခြင်း" ဟုခေါ်သည်)။ ထို့အပြင် သင့်စက်ပစ္စည်းနှင့်ဆက်စပ်နေသည့်အကောင့်များကို စစ်ဆေးခြင်းသည် သင့်မသိဘဲ သင့်စက်ထဲသို့ ထည့်သွင်းထားသော အကောင့်များကို ဖော်ပြနိုင်သည်။

သင့်စက်နှင့်ချိတ်ဆက်ထားသည့်အကောင့်များအားလုံခြုံအောင်ပြုလုပ်ပါ

ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

စက်အများစုတွင် ဝင်းဒိုးကွန်ပျူတာများနှင့် မိုက်ခရိုဆော့ အကောင့်များရှိသလို ၎င်းတို့နှင့် ဆက်စပ်နေသော အကောင့်များလည်း ရှိတတ်သည်။ တစ်ကြိမ်တွင် စက်တစ်ခုထက်ပို၍ အကောင့်ဝင်နိုင်သည် (သင့်ဖုန်း၊ လက်ပ်တော့၊ နှင့် သင့် ဂိမ်းစက် စသည်ဖြင့်)။ အကယ်၍ သင့်အကောင့်ကို မဝင်ရောက်သင့်သည့်အခြားသူတစ်ဦးမှ ဝင်ရောက်သုံးစွဲခြင်းရှိလျှင် ဤနေရာသည် သင်မြင်နိုင်ပြီး ၎င်းကို ရပ်တန့်နိုင်သည့်နေရာဖြစ်သည်။

သင်၏ အသုံးပြုသူအကောင့် နှင့် ကွန်ပျူတာအား ခိုင်မာအားကောင်းသော စကားဝှက်နှင့် ကာကွယ်ပါ

  • စကားဝှက်တို သို့မဟုတ် နံပါတ် မဟုတ်ဘဲ ရှည်လျားသော စကားဝှက်တစ်ခု(အနည်းဆုံး အက္ခရာ 10 လုံး) ကို အသုံးပြုပါ။
  • သင့်စကားဝှက်ကို ပြောင်းလဲရန်နည်းလမ်းကို လေ့လာရန် ဝင်းဒိုး၏ အကောင့်ဝင်ရန် ရွေးချယ်စရာများနှင့် ကာကွယ်ရေးလမ်းညွှန် ကို ကြည့်ပါ။
  • Windows Hello အား ပိတ်ထားကြောင်း သေချာပါစေ။
  • သင့်လက်ဗွေ၊ မျက်နှာ၊ မျက်လုံး သို့မဟုတ် အသံကို သင့်ကွန်ပျူတာ ( ဉပမာ Windows Hello ဖြင့် ) လော့ခ်ဖွင့်သည့်စနစ်ပြုလုပ်ထားခြင်းသည် သင့်အား အင်အားသုံး၍ ဖွင့်ခိုင်းနိုင်သည်။ သင့်တွင် စာရိုက်ရန်အဆင်မပြေလောက်သည့် မသန်စွမ်းခြင်းမရှိပါက ဤရွေးချယ်စရာများကို မသုံးပါနှင့်။
    • သင့်စက်ပစ္စည်းထဲသို့ သင့်လက်ဗွေရာ၊ မျက်နှာ သို့မဟုတ် မျက်လုံးသူငယ်အိတ်ဖတ်ခြင်း တို့ကို ထည့်သွင်းထားပြီးဖြစ်ပါက ၎င်းတို့ကို ပြန်လည်ဖျက်သိမ်းရန် Settings ကိုဝင်ပါ> Accounts > Sign-in options စသည်ဖြင့်လုပ်ဆောင်ပါ။ သင် ဖယ်ရှားလိုသော Windows Hello နည်းလမ်းကို ရွေးချယ်ပြီး (ဥပမာ လက်ဗွေရာမှတ်ထားခြင်း သို့မဟုတ် မျက်နှာသွင်ပြင်မှတ်သားခြင်း) ဖြုတ်ပစ်ရန် Remove ကို နှိပ်ပါ။
  • Settings > Accounts > Sign-in Options > Additional Settings သို့သွားပြီး "If you've been away, when should Windows require you to sign in again?" အောက်ရှိ "When PC wakes up from sleep" ကို ရွေးချယ်ပါ။
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

နည်းပညာဆိုင်ရာ တိုက်ခိုက်မှုများသည် သင့်အတွက် အကြီးမားဆုံး စိုးရိမ်စရာဖြစ်တတ်သော်လည်း သင့်စက်ပစ္စည်းကို သိမ်းဆည်းခံရခြင်း သို့မဟုတ် ခိုးယူခံရပြီး တစ်စုံတစ်ဦးမှ ဖောက်ထွင်းခံရခြင်းက ဖြစ်နိုင်ခြေပိုများပါသည်။ ထို့ကြောင့် သင်၏ အသုံးပြုသူအကောင့်ကို ခိုင်မာအားကောင်းသော စကားဝှက်ဖြင့်ကာကွယ်ထားခြင်းသည် အဆင်ပြေပါသည်။ ထိုသို့ကာကွယ်ထားခြင်းဖြင့် သင့်စက်ပစ္စည်းအား ဖွင့်ပြီး စကားဝှက်အတိုတစ်ခုလောက် ခန့်မှန်းလိုက်ရုံနဲ့ ဝင်လို့မရနိုင်အောင် ကာကွယ်ပေးပါသည်။

စကားဝှက်များမှလွဲ၍ အခြား စခရင်လော့ခ်ချရွေးချယ်မှုများကို ကျွန်ုပ်တို့ မအကြံပြုပါ။ ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်း သို့မဟုတ် ရှာဖွေခံရပါက သင်၏မျက်နှာ၊ အသံ၊ မျက်လုံး သို့မဟုတ် လက်ဗွေဖြင့် သင့်စက်ပစ္စည်းကို အလွယ်တကူ လော့ခ်ဖွင့်ရန် ခိုင်းစေနိုင်သည်။ သင့်စက်ကို ၎င်းတို့ဘက်ရှိလူတစ်ဦးဦးက စကားဝှက်တိုများ သို့မဟုတ် ပင်နံပါတ်များကို ခန့်မှန်းရန် ဆော့ဖ်ဝဲကို အသုံးပြုနိုင်သည်။ အကယ်၍ သင်သည် လက်ဗွေသော့ခတ်ခြင်းကို ပြုလုပ်ထားပါက စကရင်ပေါ်တွင်အမှုန့်များဖြူးကာ သင့်လက်ဗွေရာအားရယူပြီး သင့်စက်ပစ္စည်းကို လော့ခ်ဖွင့်ရန် သင့်လက်ချောင်းအတုဗားရှင်းကို ပြုလုပ်နိုင်မည်ဖြစ်သည်။ အလားတူ ဟက်ခ်ခြင်းများဖြစ်သည့် မျက်နှာဖြင့် လော့ခ်ဖွင့်ခြင်းကို သရုပ်ဖော်ပြထားသည်။

ထို့ကြောင့် ရှည်လျားသော စကားဝှက်ထားခြင်းသည် သင်၏ အသုံးပြုသူအကောင့် နှင့် ကွန်ပျူတာကို ကာကွယ်ရန် စိတ်အချရဆုံးနည်းလမ်းဖြစ်သည်။

အချိန်တစ်ခုထိ ဖုန်းအားအသုံးမပြုတော့ပါက ဖုန်းစခရင်အား ပိတ်ပြီး လော့ခ်ချထားပါ

သင့်စက်လော့ခ်ချထားချိန်တွင် မြင်နိုင်သောအရာများကို ထိန်းချုပ်ပါ

ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

ဖုန်းတစ်လုံးတွင် ဖုန်းစခရင် လော့(ခ်)ချထားခြင်း တစ်နည်းအားဖြင့် ခိုင်မာအားကောင်းသော စကားဝှက်များဖြင့် ကာကွယ်ထားခြင်းသည် အင်မတန်မှအရေးကြီးသည်။ ခိုင်မာအကောင်းသော စကားဝှက်များနှင့် စခရင်လော့(ချ်) ချထားခြင်းက မိမိ၏ စက်ပစ္စည်း အခိုးခံရချိန် သို့မဟုတ် သိမ်းဆည်းခံရချိန်၌ သင့်ကို အတိုင်းအတာ တစ်ခုထိ ကာကွယ်ပေးနိုင်သည်။ ထိုသို့သော အခြေအနေတွင် သင်က ဖုန်းစခရင်လော့(ချ်) ချထားသော်လည်း သတိပေးချက်များကို ပိတ်ထားခြင်းမရှိပါက သင့်၏အသိမိတ်ဆွေပေးပို့လာသော မက်ဆေ့(ချ်) (သို့) အီးမေး(လ်) ကနေလည်း သင်၏ အချက်အလက်အချို့ ပေါက်ကြားနိုင်သည်။

အသံဖြင့် ထိန်းချုပ်ခြင်းလုပ်ဆောင်မှုကို ဖွင့်ထားမိခြင်းမရှိရန် သေချာစေပါ

ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

Voice Access သို့မဟုတ် Copilot ကဲ့သို့ အသံဖြင့် စက်ပစ္စည်းကို ထိန်းချုပ်စေခိုင်းနိုင်သော လုပ်ဆောင်မှုကို သင့်စက်အတွင်းတွင် အသုံးပြုပါက ထိုလုပ်ဆောင်မှုစနစ်ကို ဖွင့်ထားချိန်တလျောက်တွင် သင့်အား ဆက်တိုက်နားထောင်နေပါလိမ့်မည်။ ထိုအရာသည် တစ်စုံတစ်ဦးမှ သင့်စက်ပစ္စည်းအတွင်းသို့ ကုဒ်များ ထည့်သွင်းကာ စက်ပစ္စည်းက ကြားရသည်များကို ဖမ်းယူနားထောင်ခြင်းမျိုး ဖြစ်စေနိုင်ပါသည်။

အသံတုခြင်းမှ ဖြစ်နိုင်ချေရှိသည့် အန္တရာယ်ကိုလည်း ထည့်သွင်းစဉ်းစားရန် အရေးကြီးပါသည် : သင့်အား တစ်ဦးဦးမှ အသံသွင်းကာ သင့်ကွန်ပျူတာအား သင့်ခွင့်ပြုချက်မရှိပဲ ထိန်းချုပ်ရန် အသုံးပြုနိုင်သည်။

သင့်တွင် စာရိုက်ရန် သို့မဟုတ် အခြားထိန်းချုပ်မှုများကို အသုံးပြုရန် ခက်ခဲစေသော မသန်စွမ်းမှုတစ်ခုရှိပါက၊ လိုအပ်သော အသံဖြင့်ထိန်းချုပ်မှုများကို သင်ရှာဖွေနိုင်ပါသည်။ ၎င်းတို့ကို ပိုမိုလုံခြုံစွာတပ်ဆင်နည်းအတွက် လမ်းညွှန်ချက်များကို ဤအပိုင်းတွင် ရယူနိုင်ပါသည်။ သို့သော်၊ သင်သည် ဤအကြောင်းကြောင့် အသံထိန်းချုပ်မှုများကို အသုံးမပြုပါက၊ ၎င်းတို့ကို ပိတ်ထားခြင်းက ပိုမိုလုံခြုံပါသည်။

သင့်ဖုန်းမျက်နှာပြင်ကို အခြားသူများမမြင်နိုင်အောင် တားဆီးပေးသည့် တကိုယ်ရည်သုံး အခြားသူလှမ်းမမြင်နိုင်သည့် Privacy မျက်နှာပြင်မှန်ကပ်များကို အသုံးပြုပါ

ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

ကျွန်ုပ်တို့၏ ဒစ်ဂျစ်တယ်လုံခြုံရေးတိုက်ခိုက်ခံရခြင်းများကို အဆင့်မြင့်နည်းပညာပိုင်းအနေဖြင့် ထင်မြင်နေသော်လည်း လူ့အခွင့်အရေးကာကွယ်သူအချို့၏ အချက်အလက်များ ခိုးယူခံရခြင်း သို့မဟုတ် အကောင့်များ ကျိုးပေါက်ခြင်းမှာ တစ်စုံတစ်ယောက်က ၎င်းတို့၏ ဖုန်းမျက်နှာပြင်ကို ပုခုံးထက်မှ ကျော်ကြည့်ခြင်း သို့မဟုတ် လုံခြုံရေးကင်မရာကို အသုံးပြု၍ကြည့်ရှုခြင်းဖြစ်ကြောင်း သင်အနေဖြင့် သိရှိပါက အံ့အားသင့်စရာဖြစ်နိုင်ပါသည်။ တကိုယ်ရည်သုံး အခြားသူလှမ်းမမြင်နိုင်အောင် မျက်နှာပြင်အကာမှန်တစ်ခုသုံးထားခြင်း က များသာအားဖြင့် ပုခုံးထက်မှ ကျော်ကြည့်ခြင်းဟုခေါ်သည့် တိုက်ခိုက်မှုမျိုး မအောင်မြင်စေရန် ဆောင်ရွက်ပေးနိုင်သည် ။ ၎င်းတို့ကို စက်ပစ္စည်းနှင့်ဆက်စပ်သည့်ပစ္စည်းများ ရောင်းသည့်ဆိုင်များတွင် ရှာကြည့်နိုင်သည်။

ကင်မရာအကာ ကို အသုံးပြုပါ

  • ပထမဆုံးအနေနှင့် သင့်စက်တွင် ကင်မရာများ မည်သည့်နေရာတွင်ရှိ၊ မရှိကို ရှာဖွေပါ။ သင့်ကွန်ပျူတာ တွင်တပ်ဆင်ထားသည့်ကင်မရာအပြင် သင့်စက်တွင် တပ်ဆင်ထားသည့် ကင်မရာတစ်လုံးကိုပါ အသုံးပြုပါက သင့်ကွန်ပျူတာတွင် ကင်မရာတစ်ခုထက်ပို၍ ရှိနိုင်ပါသည်။
  • သင့်အနေဖြင့် နည်းပညာနိမ့် ကင်မရာအဖုံး - သင့်ကင်မရာအပေါ်တွင် ကပ်ခွာပတ်တီးငယ်ကို အသုံးပြုကာ ပိတ်ထားပြီး ကင်မရာကို အသုံးပြုရန် လိုအပ်သည့်အခါ ၎င်းကို လိုအပ်သလို ရွှေ့၍ အသုံးပြုနိုင်ပါသည်။ အလယ်အပိုင်းသည် ကော်မပါသောကြောင့် ကင်မရာမှန်မျက်နှာပြင်ကို စေးကပ်ခြင်းမရှိသည့်အတွက် ပတ်တီးသည် စတစ်ကာထက် ပိုကောင်းပါသည်။
  • တခြားနည်းလမ်းအနေဖြင့် သင့်စက်ပစ္စည်းအတွက် အသင့်တော်ဆုံးသော ကင်မရာဘေးဆွဲအကာကို ရှာဖွေရန် သင့်ကွန်ပျူတာ၏ အမျိုးအစား နှင့် "ကင်မရာအကာပါး" အတွက် စိတ်ကြိုက် ဆိုင်တွင်လည်း ရှာဖွေနိုင်သည်။
  • အကယ်၍ သင့်တွင် စီမံခန့်ခွဲသူလုပ်ပိုင်ခွင့်ရှိပါက သင်၏ ကင်မရာများအား ပိတ်ထားခြင်းကို ထည့်သွင်းစဉ်းစားနိုင်ပါသည်။
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

သင့်အား၊ သင့်ပတ်ဝန်းကျင်ရှိလူများ၊ သို့မဟုတ် သင်ရှိနေသောနေရာကို စူးစမ်းရန် အန္တရာယ်ရှိသောဆော့ဖ်ဝဲများသည် သင်မသိဘဲ သင့်စက်တွင်ရှိသော ကင်မရာကိုဖွင့်ပါလိမ့်မည်။

သင်အသုံးမပြုနေချိန်တွင် ချိတ်ဆက်နေမှုများကို ပိတ်ထားပါ

ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

Wi-Fi၊ NFC နှင့် ဘလူးတုကဲ့သို့ ကြိုးမဲ့ဆက်သွယ်မှုများအားလုံးသည် ကွန်ရက်များ၏ အားနည်းချက်များကို ရှာဖွေဖောက်ထွင်းကာ ထိရှလွယ်သော အချက်အလက်များ နှင့် ကျွန်ုပ်တို့ စက်ပစ္စည်းများကို ရရှိအောင် ကြိုးစားနိုင်သည့် ကျွန်ုပ်တို့အနီးက တိုက်ခိုက်သူများ၏ တိုက်ခိုက်မှုကို ခံရနိုင်သည်။

သင့်စက်၏ ဘလူးတုသို့မဟုတ် Wi-Fi ချိတ်ဆက်မှုကို ဖွင့်လိုက်သောအခါ သင့်စက်ပစ္စည်းသည် သင် ယခင်က ချိတ်ဆက်ထားခဲ့သော မည်သည့် wifi ကွန်ရက်ကိုမဆို ရှာဖွေရန် ကြိုးစားပါသည်။ အခြေခံအားဖြင့်၊ ၎င်းသည် ၎င်းနှင့်ချိတ်ဆက်ရန်ရနိုင်ခြင်းရှိမရှိကြည့်ရှုရန် ၎င်း၏စာရင်းရှိကွန်ရက်တိုင်း၏အမည်များကို သိရှိရန်ကြိုးစားပါသည်။ အနီးနားတွင်ရှိသော စောင့်ကြည့်နေသူတစ်ဦးသည် သင့်စက်ပစ္စည်းကို ကို သိရှိရန် ဤရှာဖွေမှုကို သုံးနိုင်သည်။ အကြောင်းမှာ သင့်စက်ပစ္စည်း သို့မဟုတ် ကွန်ရက်စာရင်းသည် အများအားဖြင့် တခြားအရာများနှင့် မတူပဲ ကွဲပြားမှု ရှိပါသည်။ ဤလက်ဗွေနှင့်တူသော သင်မှန်းသိသာစေသောအရာများသည် သင့်ဧရိယာအတွင်ရှိ စောင့်ကြည့်နေသူတစ်ဦးအတွက် သင့်စက်ပစ္စည်းကို ပစ်မှတ်ထားရန် သို့မဟုတ် သင်ရောက်ရှိခဲ့သည့်နေရာကို ဖော်ထုတ်ရန် လွယ်ကူစေသည်။

ထို့ကြောင့် အထူးသဖြင့် ဝိုင်ဖိုင်နှင့် ဘလူးတု တို့ကိုအသုံးမပြုသည့်အခါ ဤချိတ်ဆက်မှုများကို ပိတ်ခြင်းသည် အကြံကောင်းဖြစ်ပါသည်။ ၎င်းသည် တိုက်ခိုက်သူက သင့်စက်ပစ္စည်းပေါ်တွင် ထူးဆန်းစွာဖြစ်ပျက်နေသည်ကို သင်သတိမထားမိစေဘဲ သင်၏အဖိုးတန်ပစ္စည်းများကို ဝင်ရောက်ရန်လုပ်ဆောင်နိုင်သည့်အချိန်ကို တားမြစ်သည်။

သင်သိမ်းဆည်းထားသော ဝိုင်ဖိုင်ကွန်ရက်များကို ရှင်းလင်းပါ

  • သင့်စက်၏ ကွန်ရက်များစာရင်းတွင် မှတ်ထားမည့်အစား ကွန်ရက်အမည်များနှင့် စကားဝှက်များကို သင့် စကားဝှက်မန်နေဂျာ တွင် သိမ်းဆည်းပါ။
  • အကယ်၍ သင်သာ ကွန်ရက်အမည်များ နှင့် စကားဝှက်များကို သိမ်းထားသော Wi-Fi ကွန်ရက်များစာရင်းအတွင်းတွင် သိမ်းထားပါက သေချာဖို့လိုသည်မှာ :
    • သင်သိမ်းဆည်းထားသော ကွန်ရက်များအား အလိုအလျောက်ချိတ်ဆက်ခြင်းမရှိစေရန် : Taskbar ရှိ Wi-Fi ကို နှိပ်ရာတွင် မြင်ရသည့် ကွန်ရက်များစာရင်းထဲတွင် သင်ချိတ်ဆက်ဖူးသော ကွန်ရက်ကို ညာခလုတ်နှိပ်၍ "Connect automatically" ကို အမှန်ခြစ်ဖြုတ်ပါ။
    • ဆက်လက်အသုံးပြုခြင်းမရှိတော့သော သိမ်းထားဖူးသည့် Wi-Fi ကွန်ရက်များအား ပုံမှန်ဖြုတ်သည့် အလေ့အထကို မွေးမြူပါ။ သိမ်းထားဖူးသည့် Wi-Fi ကွန်ရက်များအား မည်ကဲ့သို့ ဖျက်ရမည်ကို လေ့လာပါ
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

Wi-Fi ချိတ်ဆက်မှုကို ဖွင့်လိုက်သောအခါ၊ သင်စက်ပစ္စည်းသည် သင် ယခင်က ချိတ်ဆက်ထားခဲ့သော မည်သည့် Wi-Fiကွန်ရက်ကိုမဆို ရှာဖွေရန် ကြိုးစားသည်။ အခြေခံအားဖြင့်၊ ၎င်းသည် ၎င်းနှင့်ချိတ်ဆက်ရန်ရနိုင်ခြင်းရှိမရှိကြည့်ရှုရန် ၎င်း၏စာရင်းရှိကွန်ရက်တိုင်း၏အမည်များကို "အော်" သည်။ အနီးနားတွင် လျှိုလျှိုနေသူတစ်ဦးသည် သင့်စက်ပစ္စည်းကို ခွဲခြားသတ်မှတ်ရန် ဤ "ကြွေးကြော်သံ" ကို သုံးနိုင်သည်၊ အကြောင်းမှာ သင့်စာရင်းသည် အများအားဖြင့် ထူးခြားသည်- သင့်တွင် အနည်းဆုံး သင့်အိမ်ကွန်ရက်နှင့် သင့်ရုံးကွန်ရက်သို့ ချိတ်ဆက်ထားပြီး ဖြစ်နိုင်သည်၊ သူငယ်ချင်းများ၏အိမ်များ၊ အကြိုက်ဆုံး ကော်ဖီဆိုင်များ၊ စသည်ဖြင့် ကွန်ရက်များကို ဖော်ပြခြင်းမပြုပါနှင့်။ ဤလက်ဗွေနှင့်တူသော အထောက်အထားများသည် သင့်ဧရိယာအတွင်း လျှိုနေသူတစ်ဦးအတွက် သင့်စက်ပစ္စည်းကို ပစ်မှတ်ထားရန် သို့မဟုတ် သင်ရောက်ရှိခဲ့သည့်နေရာကို ဖော်ထုတ်ရန် လွယ်ကူစေသည်။

ဤသက်သေလိုက်နိုင်သည့်အရာမှ သင့်ကိုယ်သင် ကာကွယ်ရန် သင့်စက်မှသိမ်းဆည်းထားသော wifi ကွန်ရက်များကို ဖျက်ပစ်ပြီး ကွန်ရက်များကို အချိန်ပြည့် ရှာဖွေချိတ်ချက်ခြင်းအားမလုပ်အောင် သင့်စက်အား ရပ်တန့်ပါ။ ၎င်းသည် လျင်မြန်စွာ ချိတ်ဆက်ရန် ပိုမိုခက်ခဲစေလိမ့်မည်၊ သို့သော် ထိုအချက်အလက်များကို သင့်စကားဝှက်မန်နေဂျာတွင် သိမ်းဆည်းထားခြင်းသည် သင်လိုအပ်သည့်အခါတွင် ၎င်းကိုရယူနိုင်မည်ဖြစ်သည်။

သင်အသုံးမပြုနေချိန်တွင် မျှဝေခြင်းကိုပိတ်ထားပါ

ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

စက်ပစ္စည်းအများအပြားသည် ကျွန်ုပ်တို့အား ကျွန်ုပ်တို့ပတ်ဝန်းကျင်ရှိ အခြားသူများနှင့် ဖိုင်များ သို့မဟုတ် ဝန်ဆောင်မှုများကို အလွယ်တကူမျှဝေရန် ရွေးချယ်ခွင့်ပေးခြင်းသည် အသုံးဝင်သောအင်္ဂါရပ်တစ်ခုဖြစ်သည်။ သို့သော် အသုံးမပြုနေစဉ်အတွင်း ဤလုပ်ဆောင်ချက်ကို ဖွင့်ထားပါက၊ အန္တရာယ်ရှိသောသူများသည် သင့်စက်ပစ္စည်းရှိ ဖိုင်များကို ရယူရန် ၎င်းကို အသုံးချနိုင်သည်။

autoplay ကိုပိတ်ပါ

  • Windows 11 တွင် Settings > Bluetooth & Devices > Autoplay သို့သွား၍ Autoplay ခလုတ်ကို ပိတ်ပါ။
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

ဝင်းဒိုး ရှိ Autoplay လုပ်ဆောင်ချက်သည် သင့်စက်ထဲသို့ သင်ထည့်ထားသော drive တစ်ခုမှ အန္တရာယ်ရှိသောကုဒ်ကို အလိုအလျောက်လည်ပတ်နိုင်သည်။ ၎င်းလုပ်ဆောင်မှုကို ပိတ်ခြင်းသည် သင့်အား ဤကဲ့သို့သော အန္တရာယ်ကျရောက်နိုင်စွမ်းမျိုးမှ ကာကွယ်ပေးပါသည်။

ြကော်ငြာနှင့်အခြား ကိုယ်ရေးကိုယ်တာရွေးချယ်မှုများကိုပိတ်ထားပါ

  • Settings > Privacy & security > General ရှိ ရွေးချယ်စရာများကို ပြန်လည်စစ်ဆေးပြီး အနည်းဆုံး ပထမဆုံးရွေးချယ်စရာ ၃ ခုကို ပိတ်ထားပါ။
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

သင့်စက်ပစ္စည်းနှင့်ပတ်သက်သည့် နောက်ထပ်ဒေတာကို မျှဝေခြင်းသည် သင်နှင့်ပတ်သက်သည့် အချက်အလက်များစွာကို အများသူငှာထံသို့ ပျံ့နှံ့နေကြောင်းဖော်ပြနေခြင်းဖြစ်သည်။ ဤမျှဝေမှုကို ကန့်သတ်ခြင်းသည် သင့်ကိုယ်သင် ကာကွယ်ရန် အပိုနည်းလမ်းတစ်ခုဖြစ်သည်။

သင့်စက်ပစ္စည်းအား Windows Security ဖြင့် ကာကွယ်ပါ

  • Windows Security သည် ဝင်းဒိုးတွင် မူလဝါဝင်ပြီး Microsoft Defender Antivirus ဟုခေါ်သည့် ဗိုင်းရပ်စ်ကာကွယ်ရေး ပရိုဂရမ်တစ်ခုလည်း ပါဝင်ပါသည်။ တတိယပါတီ ဗိုင်းရပ်စ်ကာကွယ်ရေးများအား အသုံးပြုခြင်းထက် Microsoft Defender ကိုသာ ဖွင့်ပါ။
  • Windows Security ဖြင့် အမြဲအကာအကွယ်ရယူပါ အား Windows Security မှ ကမ်းလှမ်းသော လုံခြုံရေးလုပ်ဆောင်မှုများနှင့် ရင်းနှီးမှု ရှိစေရန် ဖတ်ရှုပါ။
  • သင်ဖွင့်ထားလိုသည့် ရွေးချယ်စရာတစ်ခုမှာ ငါးစာချခြင်း သို့မဟုတ် အန္တရာယ်ရှိသော ဝက်ဘ်ဆိုက်များ နှင့် အက်ပလီကေးရှင်းများ နှင့် အန္တရာယ်ဖြစ်နိုင်ချေရှိသော ဖိုင်များအား ဒေါင်းလုတ်ဆွဲမိခြင်းများထံမှ ကာကွယ်ပေးနိုင်သည့် SmartScreen ဖြစ်သည်။
    • SmartScreen ကို ဖွင့်ထားကြောင်းသေချာစေရန် Windows Security ကို ဖွင့်၍ App & browser control > Reputation-based protection သို့ သွားပါ။ ထို့နောက် Microsoft Edge အတွက် SmartScreen ခလုတ်ကို ဖွင့်ပါ။

firewall တစ်ခုကိုသုံးပါ

ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

Firewall များသည် သင့်စက်အတွက် မလိုအပ်သော ဆက်သွယ်မှုများကို ရပ်တန့်စေသည့် လုံခြုံရေး ရွေးချယ်မှုတစ်ခုဖြစ်သည်။ မည်သူဝင်ရောက်နိုင်သည်ကို ဆုံးဖြတ်ရန် အဆောက်အအုံ၏ တံခါးဝတွင်ထားသော လုံခြုံရေးအစောင့်တစ်ဦးကဲ့သို့ပင်၊ Firewall သည် သင့်စက်မှ ဆက်သွယ်ရေးအဝင်အထွက်နှင့်ပတ်သက်သည့်အချက်အလက်များကို လက်ခံခြင်း၊စစ်ဆေးခြင်းများပြုလုပ်ပြီး ဆုံးဖြတ်ချက်များချပေးသည်။ အန္တရာယ်ရှိသောကုဒ်အား သင့်စက်ပစ္စည်းသို့ ဝင်ရောက်ရန်ကြိုးစားခြင်းမှ ကာကွယ်ရန် သင့်အား firewall ဖွင့်ရန် အကြံပြုအပ်ပါသည်။ နဂိုပါဝင်သည့် firewall ချိန်ညှိမှုများသည် လူအများစုအတွက် လုံလောက်သော အကာအကွယ်ဖြစ်သည်။

အဆင့်မြင့်- အန္တရာယ်ရှိသောကုဒ် လည်ပတ်ခြင်းကို ရပ်ပါ

Advanced: Figure out whether someone has accessed your device without your permission (basic forensics)

ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

တစ်စုံတစ်ယောက်သည် သင့်စက်ပစ္စည်းများ၊ ဖိုင်များ သို့မဟုတ် ဆက်သွယ်ရေးများကို ဝင်ရောက်အသုံးပြုသည့်အခါ အမြဲတမ်းသိသာထင်ရှားနိုင်မည်မဟုတ်ပေ။ ဤထပ်တိုးစစ်ဆေးစာရင်းများသည် သင့်စက်ပစ္စည်းများကို ကမောက်ကမဖြစ်စေခြင်းရှိမရှိကို ပိုမိုထိုးထွင်းသိမြင်စေနိုင်ပါသည်။