ဖုန်းများနှင့်ကွန်ပျူတာများ › သင်၏ လင်းနဇ်စ် ကွန်ပျူတာအား ကာကွယ်ပါ

သင်၏ လင်းနဇ်စ် ကွန်ပျူတာအား ကာကွယ်ပါ

Reviewed 1 July 2026

မာတိကာ

သင် လင်းနဇ်စ်ကိုအသုံးပြုပါက ၎င်းသည် ဝင်းဒိုးထက်ပိုမိုလုံခြုံသည်ဟူသောဒဏ္ဍာရီကိုသင်ကြားဖူးပေမည်။ ၎င်းသည် အလုံးစုံ မမှန်ကန်ပါ။ လုံခြုံရေးသည် ကျွန်ုပ်တို့၏စက်ပစ္စည်းများကို အသုံးပြုပုံနှင့် ၎င်းတို့၏ကိုယ်ပိုင်ဆော့ဖ်ဝဲလ်ပေါင်းစပ်မှုပေါ်တွင် မူတည်ပြီး အားနည်းချက်များရှိသည်ကို အချိန်မရွေးတွေ့ရှိနိုင်ပါသည်။ ဝင်းဒိုး နှင့် အန်းဒရွိုက်ကဲ့သို့ တွင်ကျယ်စွာ အသုံးပြုနေကြသော လည်ပတ်ရေးစနစ်များသည် ပစ်မှတ်ထားအခံရဆုံးဖြစ်နေချိန်တွင်လည်း လင်းနဇ်စ်အသုံးပြုသူတစ်ဦးသည် သူခိုးဆော့ဖ်ဝဲများ၏ တိုက်ခိုက်မှုကို ခံရနိုင်ပါသည်။ ဉပမာ ဗိုင်းရက်စ်ပါဝင်သော လင့်တစ်ခု သို့မဟုတ်် ပူးတွဲဖိုင်များအား ဖွင့်ကြည့်မိရာမှလည်း ကူးစက်မှုခံရနိုင်ပါသည်။ သူခိုးဆော့ဖ်ဝဲများရန်မှ သင့်ကိုယ်သင်ကာကွယ်နိုင်သော လမ်းညွှန်များကို ဤတွင်ဖတ်ရှုပါ

If you are new to Linux and you are considering which of its many types (distributions) you should use, we recommend you make a decision based on: your technical skills level and use case, the distribution's LTS (long-term support) release schedule, its hardware requirements, the size and activity of its community, and the availability of technical documentation. Note that not every Linux distribution offers the same level of security and protection, speed of updates, and choices of secure software. Ubuntu, Fedora, and Linux Mint are good options for beginners.

ဤလမ်းညွှန်ချက်သည် Ubuntu ကို အထူးဖော်ပြပါသည်။ အကယ်၍ သင်သည် Ubuntu ကိုအသုံးပြုနေပါက၊ ဤလမ်းညွှန်ချက်သည် အသုံးပြုသင့်ပါသည်။ သင်သည် အခြား လင်းနဇ်စ်အမျိုးအစားကိုအသုံးပြုပါက အသုံးဝင်ကောင်းဝင်ပါလိမ့်မည်။ သို့မဟုတ်ပါကသင်အသုံးပြုနေသော လင်းနဇ်စ်ဖြန့်ဖြူးရေးအတွက် နှိုင်းယှဉ်နိုင်သော အကြောင်းအရာများကို ရှာဖွေရန် လိုအပ်ပါလိမ့်မည်။

သင်၏ စက်ပစ္စည်းအား ပိုမိုလုံခြုံမှုရှိစေရန်အတွက် ဤလမ်းညွှန်ထဲတွင်ပါဝင်သော အဆင့်များအား လိုက်ပါလုပ်ဆောင်ပါ။ ပြောင်းလဲမှုများ မရှိသည်အား သေချာစေရန် ဤဆက်တင်များအား မကြာမကြာသွားရောက်စစ်ဆေးတတ်သည့် အကျင့်ကို မွေးမြူပါ။

အကယ်၍သင်သည် လင်းနဇ်စ်အား ပြောင်းလဲအသုံးပြုရန် ဆုံးဖြတ်ပြီးပါက

ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

နည်းပညာဆိုင်ရာ တိုက်ခိုက်မှုများသည် သင့်အတွက် အကြီးမားဆုံး စိုးရိမ်စရာဟု ထင်ရသော်လည်း သင့်စက်ပစ္စည်းကို သိမ်းဆည်းခံရခြင်း သို့မဟုတ် ခိုးယူခံရပြီး တစ်စုံတစ်ဦးမှ ဖောက်ထွင်းခံခြင်းကိုလည်း ခံရနိုင်ပါသေးသည်။ ထို့ကြောင့် သင့်ကွန်ပျူတာကို ကာကွယ်ရာတွင် ခိုင်မာအားကောင်းသည့် စကားဝှက်တစ်ခုကို အသုံးပြုကာ တခြားမတူညီသည့် ခိုင်မာအားကောင်းသော စကားဝှက်တစ်ခုအား သင့်အသုံးပြုသူအကောင့်ကို ကာကွယ်ရာတွင် အသုံးပြုသင့်သည်။ သို့မှသာ ကွန်ပျူတာကို ဖွင့်ကြည့်လိုက်ရုံ သို့မဟုတ် စကားဝှက်တစ်ခုကို ခန့်မှန်းလိုက်ရုံဖြင့် သင်၏ ထိရှလွယ်သော အချက်အလက်များ သို့မဟုတ် သင့်ကွန်ပျူတာကို တခြားသူများ ဝင်ရောက်ကြည့်ရှုနိုင်ခြင်းရှိမည်မဟုတ်ပေ။.

သင့်စက်ပစ္စည်း လည်ပတ်မှုစနစ် (OS) ၏ နောက်ဆုံးဗားရှင်းကို အသုံးပြုပါ

  • ဆော့ဖ်ဝဲကို အဆင့်မြှင့်တင်ခြင်း လုပ်သည့်အခါ အင်တာနက်ကဖေး သို့မဟုတ် ကော်ဖီဆိုင်တွင်မဟုတ်ဘဲ သင့်အိမ် သို့မဟုတ် ရုံးခန်းကဲ့သို့ ယုံကြည်ရသော တည်နေရာတွင် အင်တာနက်ချိတ်ဆက်မှု ပြုလုပ်ပါ။
  • နောက်ဆုံးပေါ် စက်လည်ပတ်ရေးစနစ်သို့ အဆင့်မြှင့်တင်ခြင်းသည် ဆော့ဖ်ဝဲကို ဒေါင်းလုဒ်လုပ်ပြီး အကြိမ်ပေါင်းများစွာ ပြန်လည်စတင်ရန် လိုအပ်ပေမည်။ သင့်စက်ပစ္စည်းနှင့် အလုပ်မလုပ်မည့်အချိန်ကို ချိန်ပြီး အဆင်မြင့်တင်ခြင်းကိုပြုလုပ်ပါ။
  • အဆင့်မြှင့်တင်ခြင်း ပြီးဆုံးသည့်အခါ တခြားထပ်တိုးအဆင့်မြှင့်တင်စရာအသစ်များ မကျန်တော့သည့်အထိ ရရှိထားသည့် အဆင့်မြှင့်တင်မှုများအားလုံးကို မြှင့်တင်ပြီးခြင်း ရှိ မရှိကို ထပ်မံစစ်ဆေးပါ။
  • ကွန်ပျူတာစက်ပစ္စည်းများအနေဖြင့် လင်းနဇ်စ်သည် များများစားမလိုအပ်သော စနစ်အဖြစ် လူသိများပါသည်။ထို့ကြောင့် သင်သာ လင်းနဇ်စ်ကို အသုံးပြုပါက တခြားသော လည်ပတ်ရေးစနစ်များထက် ပိုမိုကြာရှည်စွ အသုံးပြုနိုင်မည်ဖြစ်သည်။သို့သော်လည်း အူဘန်းတူးတွင် လင်းနဇ်စ်မှ ထုတ်ဝေသာ တခြားသောစနစ်များထက် စနစ်လည်ပတ်ရေးအတွက် အနိမ့်ဆုံးသော လိုအပ်ချက်များ ပိုမိုပါရှိပါသည်။
    • Ubuntu သည် သူ၏ ပင်မ TLS ဗားရှင်းများအတွက် ၅ နှစ်ကြာ ရေရှည်အထောက်အပံ့ကို ပေးထားသည်။ သင်၏ ယခု အသုံးပြုနေသာ Ubuntu ဗားရှင်းအား လုံခြုံရေးအဆင့်မြှင့်တင်မှုများ ဆက်လက်ရရှိနိုင်စေရန်Ubuntu Pro (တစ်ဦးချင်းသုံးအတွက်အခမဲ့ဖြစ်သည်) အား ဝယ်ယူအသုံးပြုနိုင်ပါသည်။
    • Ubuntu ၏ နောက်ဆုံးပေါ်ဗားရှင်းသည် သင့်စက်ပစ္စည်းတွင် အလုပ်လုပ်မလုပ်ပါက အူဘန်းတူး Pro သည်လည်း သင့်အတွက်ရွေးချယ်စရာတစ်ခုမဖြစ်နိုင်ပါ ၊ သင်အနေဖြင့် လင်းနဇ်စ် မှ ဟာဒ်ဝဲအဟောင်းများအတွက် အထူးဖန်ထီးထားသည့် Lubuntu ကို စမ်းကြည့်ပါ။
    • Ubuntu ၏ လုပ်ဆောင်မှုများအားလုံးအား အသုံးပြုနိုင်ရန်အတွက် နောက်ဆုံးပေါ်ဗားရှင်းသို့ အဆင့်မြှင့်တင်လိုပါက စက်ပစ္စည်း အသစ်ဝယ်ရန် စဉ်းစားခြင်းသည် အကောင်းဆုံးဖြစ်သည်။
  • Ubuntu ၏ ရရှိနိုင်သည့် နောက်ဆုံးထွက်ဗားရှင်းကို ကြည့်ပါ
  • ၎င်းကို သင့်စက်ပစ္စည်း တွင်ထည့်သွင်းထားသည့်ဗားရှင်းနှင့် နှိုင်းယှဉ်ပါ
  • လက်ရှိအသုံးပြုနေသော Ubuntu ဗားရှင်း၏ အနိမ့်ဆုံးလိုအပ်သော စနစ်လိုအပ်ချက်များ ကို စစ်ဆေးပါ။ သို့မဟုတ် သင့်ကွန်ပျူတာရှိ Ubuntu အား Live USB အသုံးပြု၍ စမ်းသပ်ပါ။
  • Upgrade Ubuntu. If you’re upgrading from a very outdated release, you might have to repeat the upgrade process several times, as Ubuntu only supports sequential upgrades, from one release to the immediate next one.
  • အဆင့်မြှင့်တင်ခြင်းကို အပြည့်အဝထည့်သွင်းခြင်းသေချာစေရန် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းစဉ်ပြီးဆုံးချိန် ကွန်ပျူတာအား အမြဲ restart ချပါ ။
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

သင့်စက်များနှင့် အက်ပ် များအတွင်းတွင် လုပ်ဆောင်ပေးသည့် ကုဒ်ရှိ အားနည်းချက်အသစ်များကို နေ့စဉ် တွေ့ရှိနေပါသည်။ ကုဒ်သည် အလွန်ရှုပ်ထွေးသောကြောင့် ထိုကုဒ်ကိုရေးသော ရေးသားသူများသည် မည်သည့်နေရာတွင်တွေ့မည်ကို ခန့်မှန်း၍မရပါ။ မလိုလားအပ်သော တိုက်ခိုက်သူများသည် သင့်စက်ပစ္စည်းများ အတွင်းသို့ ဝင်ရောက်ရန် ဤအားနည်းချက်များကို အသုံးချနိုင်သည်။ သို့သော် ဆော့ဖ်ဝဲရေးသားသူများက ထိုသို့သောအားနည်းချက်များကို ပြုပြင်ပေးမည့် ကုဒ်များကို ပုံမှန်ထုတ်လေ့ ရှိပါသည်။ ထို့ကြောင့် ပြုပြင်မွမ်းမံအသစ် များကို ထည့်သွင်းရန်နှင့် သင်အသုံးပြုသည့် စက်ပစ္စည်းတစ်ခုစီအတွက် ၎င်းတို့၏ လည်ပတ်မှုစနစ် နောက်ဆုံးဗားရှင်းကို အသုံးပြုရန် အလွန်အရေးကြီးပါသည်။ ကျွနု်ပ်တို့အနေဖြင့် သင့်စက်ပစ္စည်းကို အလိုအလျောက် ပြုပြင်မွမ်းမံမှု လုပ်ရန် ပြုလုပ်ထားဖို့အကြံပြုလိုပါသည် ၊ သို့မှသာ သင့်တွင် သတိတရလုပ်ဆောင်ရမည့်တာဝန်တစ်ခု လျော့သွားမည် ဖြစ်သည်။

ထည့်သွင်းထားသော အက်ပလီကေးရှင်းများအားလုံးကို ပုံမှန် အဆင့်မြှင့်တင်ပါ

ယုံကြည်ရသောအရင်းအမြစ်များမှသာ အက်ပ်ပလီကေးရှင်းများကို အသုံးပြုပါ

ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

App Center and Synaptic are the programs to use for installing applications and programs in Ubuntu. Install apps only from software repositories managed by these Linux distribution developers.

အကယ်၍ အက်ပ်ပလီကေးရှင်းတစ်ခုအား အသုံးပြုခြင်းသည် သင်၏ အန္တရာယ်ကျရောက်နိုင်စွမ်းထက် ပိုမိုအရေးပါပြီး အကျိုးအမြတ်ပိုရှိနိုင်သည့် အခြေအနေမျိုးတွင် သင်၏ ကွန်ပျူတာအတွင်းတွင် ထိရှလွယ်သော သို့မဟုတ် ကိုယ်ရေးကိုယ်တာဆန်သော အချက်အလက်များအား မသိမ်းဆည်းခြင်းကဲ့သို့ လိုအပ်သည့် ထပ်တိုးလုပ်ဆောင်မှုများကို ပြုလုပ်ပါ။ ဤကဲ့သို့သော အခြေအနေတွင်ပင်လျှင် ဆော့ဝဲရေးသားဖန်တီးသူ၏ ဝက်ဘ်ဆိုက်မှသာ ထည့်သွင်းအသုံးပြုပါ၊။ "ပုံတူ"ဆော့ဖ်ဝဲများ ဒေါင်းလုတ်ဆွဲနိုင်သော ဝက်ဘ်ဆိုက်များသည် ယုံကြည်စိတ်ချရနိုင်ခြင်းမရှိသောကြောင့် နောက်ကွယ်က ထိုသို့ဝန်ဆောင်မှုများကို ထောက်ပံ့ပေးနေသော သူများအား သင်သိပြီး ယုံကြည်ရမှသာလျှင် အသုံးပြုသင့်သည်။

အက်ပ်ပလီကေးရှင်းတစ်ခုခုအား စိတ်ချစွာ အသုံးပြုနိုင်ခြင်းရှိမရှိဆုံးဖြတ်ခြင်းအား လေ့လာရန် Security In a Box မှ ညွှန်းဆိုသော ကိရိယာများ နှင့် ဝန်ဆောင်များကို မည်ကဲ့သို့ရွေးချယ်သည်ကို ဖတ်ရှုပါ။

သင်အတွက် အသုံးပြုရန်မလိုအပ်သော အက်ပ်များအား ရှင်းလင်းပါ

ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

Removing apps you do not use helps limit the number of apps that might be vulnerable. Apps you do not use may also transmit information about you that you may not want to share with others, like your location.

သင်၏ အက်ပ်ပလီကေးအား ပေးထားသည့် လုပ်ပိုင်ခွင့်များ၊ ချိတ်ဆက်နေသာ အကောင့်များကို စစ်ဆေးပါ

ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

သင့်တည်နေရာ၊ မိုက်ခရိုဖုန်း၊ ကင်မရာ သို့မဟုတ် စက်ချိန်ညှိမှုများကဲ့သို့သော အရေးကြီးသော ဒစ်ဂျစ်တယ်အသေးစိတ်အချက်အလက်များ သို့မဟုတ် ဝန်ဆောင်မှုများကို အသုံးပြုသည့်အက်ပ်များသည်လည်း အချက်အလက်များ ပေါက်ကြားနိုင်သည် သို့မဟုတ် တိုက်ခိုက်သူများ အသုံးချခံရနိုင်သည်။ ထို့ကြောင့် ဝန်ဆောင်မှုတစ်ခုအား အသုံးပြုရန် အက်ပ်တစ်ခုမလိုအပ်ပါက၊ အဆိုပါခွင့်ပြုချက်ကို ပိတ်ပါ။

တည်နေရာကိုပိတ်ပြီး မှတ်တမ်းကိုဖျက်ပါ

  • သင့်စက်တစ်ခုလုံးနှင့် အက်ပ်တစ်ခုချင်းအတွက် ၎င်းတို့ကို အသုံးမပြုသည့်အခါတွင် တည်နေရာဝန်ဆောင်မှုများကို အလုံးစုံပိတ်သည့်အလေ့အကျင့်ကို ရယူပါ။
  • သင့်တည်နေရာကို ဖွင့်ထားပါက တည်နေရာမှတ်တမ်းကို ပုံမှန်စစ်ဆေးပြီး ရှင်းလင်းပါ။
  • တည်နေရာဝန်ဆောင်မှုကို ပိတ်ပါ
  • အကယ်၍ Google Map ကို အသုံးပြုပါက တည်နေရာမှတ်တမ်းများကို ပုံမှန်စစ်ဆေးပြီး ရှင်းလင်းပါ။ Google Maps မှ သင့်တည်နေရာလုပ်ဆောင်ချက်ကို မသိမ်းဆည်းနိုင်စေရန်အတွက် ၊ သင်၏ Google Maps သွားလာခဲ့သည့်မှတ်တမ်း နှင့် သင်၏ Google Maps လှုပ်ရှားမှု အတွက် ညွှန်ကြားချက်များကို လိုက်နာပါ။
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

ကျွန်ုပ်တို့၏စက်ပစ္စည်းအများအပြားသည် ကျွန်ုပ်တို့အသုံးပြုနေသည့်နေရာ၊ ဂြိုလ်တုတည်နေရာသတ်မှတ်ရေးစနစ်၊ ဆဲလ်ဖုန်းတာဝါတိုင်များ သို့မဟုတ် ချိတ်ဆက်နေသည့် Wi-Fi တို့ကို အမြဲမပြတ်ခြေရာခံတတ်ပါသည်။ သင့်စက်ပစ္စည်းသည် သင်၏ရုပ်ပိုင်းဆိုင်ရာတည်နေရာကို မှတ်တမ်းတင်ထားပါက၊ တစ်စုံတစ်ဦးသည် သင့်အား ရှာဖွေတွေ့ရှိနိုင်စေရန် သို့မဟုတ် ထိမှတ်တမ်းကို အသုံးပြုပြီး သင်နေရာတစ်ခုအားရောက်ရှိနေခဲ့သည်ဆိုသည်ကို သက်သေပြခြင်းမျိုး လုပ်ဆောင်နိုင်ပါသည်။ သို့မဟုတ် သင်နှင့် တစ်ချိန်တစ်နေရာတည်း အတူတူရှိနေသည့်သူများ နှင့် သင်နှင့် ပတ်သက်ဆက်နွယ်ခြင်းကိုပြသရန် အဆိုပါမှတ်တမ်းကို အသုံးပြုနိုင်သည်။

သင့်စက်များတွင် သီးခြားအသုံးပြုသည့်အကောင့်များ ဖန်တီးပါ

  • စီမံခန့်ခွဲမှုအခွင့်ရရှိသည့်အသုံးပြုသူအကောင့် နှင့်အတူ (စီမံခန့်ခွဲမှုအခွင့်မရရှိသည့်) နောက်ထပ်တစ်ဉီးထားရှိကာ သင့်စက်ပစ္စည်းပေါ်တွင် အသုံးပြုသူတစ်ဦးထက်ပိုအောင်ဖန်တီးအသုံးပြုပါ။
    • သင်တစ်ဦးတည်းသာ စီမံခန့်ခွဲသည့်အကောင့်ဝင်ခွင့်ရှိရမည် ဖြစ်သည်။
    • ပုံမှန်အသုံးပြုသူများအား သင့်စက်ပစ္စည်း ပေါ်ရှိ အက်ပ်၊ ဖိုင် သို့မဟုတ် ဆက်တင်တိုင်းကို ဝင်ရောက်ခွင့်မပြုသင့်ပါ။
  • သင်၏နေ့စဉ်အလုပ်အတွက် ပုံမှန်အသုံးပြုသူအကောင့်ကို အသုံးပြုရန် စဉ်းစားပါ:
    • ဆော့ဖ်ဝဲလ်ထည့်သွင်းခြင်းကဲ့သို့ သင့်စက်ပစ္စည်းလုံခြုံရေးကို ထိခိုက်စေသည့် အပြောင်းအလဲများပြုလုပ်ရန် လိုအပ်သည့်အခါမှသာ admin user အကောင့်ကို အသုံးပြုပါ။
    • ပုံမှန်အသုံးပြုသူအကောင့်ကို နေ့စဉ်အသုံးပြုခြင်းဖြင့် သင့်စက်ပစ္စည်းသည် သူခိုးဆော့ဖ်ဝဲ၏ လုံခြုံရေးခြိမ်းခြောက်မှုများနှင့် ထိတွေ့မှုမည်မျှရှိသည်ကို သိရှိနိုင်သည်။
    • သင် နယ်စပ်များကို ဖြတ်ကျော် သည့် အခါ ခရီးသွားလာရာတွင် အသုံးပြုရန် အကောင့် ဖွင့်ထားခြင်းသည် ထိခိုက်ရှလွယ်သော ဖိုင်များကို ဝှက်ရန်ကူညီနိုင်သည် ။ သင်ကိုယ်တိုင်ဆုံးဖြတ်ပါ: နယ်စပ်အာဏာပိုင်များက သင်၏ စက်ပစ္စည်းကို အသေးစိတ်ရှာဖွေဖို့ သိမ်းယူနိုင်မလား သို့မဟုတ် သင်အကြောင်း လျင်မြန်စွာကြည့်ရှူနိုင်ရန် အကောင့်ထဲကို ဝင်ရောက်အသုံးပြုဖို့ သင်ကိုဖိအားပေးမလား ? သင့် စက်ပစ္စည်းကို အသေးစိတ်မကြည့်နိုင်ဘူးဟု ယူဆလျင် အရေးကြီးသော ထိခိုက်ရှလွယ်သော အကြောင်းအရာများမပါဝင်သည့် ပုံမှန် အသုံးပြုသည့်အကောင့်ကို ဝင်ထားခြင်းသည် သင့်အတွက် ယုတ္တိရှိမှု ငြင်းဆိုနိုင်မှုအချို့ ပြုလုပ်နိုင်မည်ဖြစ်သည် ။
  • အသုံးပြုသူအကောင့်များကို စီမံပါ
  • ထိခိုက်ရှလွယ်သော ဆက်တင်များကို ပြောင်းလဲရန် လုပ်ပိုင်ခွင့်ရှိသည့်သူများကို စီမံပါ
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

We strongly recommend not sharing devices you use for sensitive work with anyone else. However, if you must share your devices with co-workers or family, you can better protect your device and sensitive information by setting up separate users on your devices in order to keep your administrative permissions and sensitive files protected from other people.

In Ubuntu, the sudo utility allows users to temporarily access superuser privileges to carry out system administrative tasks, instead of switching to a root user. Therefore, to reduce potential damage in case the device is compromised, follow the principle of least privilege by setting the minimum permissions necessary for applications and users to function.

သင့်စက်နှင့်ဆက်စပ်နေသော မလိုအပ်သောအသုံးပြုသူများကို ဖယ်ရှားပါ

ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

သင့်စက်ပစ္စည်းကို အခြားသူတစ်ဦးမှ ဝင်ရောက်မကြည့်ရှုစေလိုပါက ၊ နောက်ထပ် "တံခါး" ကို သင့်စက်ပေါ်တွင် မဖွင့်ထားပါက ပိုကောင်းပါသည်။ (၎င်းကို "သင်၏တိုက်ခိုက်မှုမျက်နှာပြင်ကို လျှော့ချခြင်း" ဟုခေါ်သည်။) ထို့အပြင် သင်မသိဘဲ သင့်စက်ပေါ်တွင် တင်ထားသော မည်သည့်အကောင့်များသည် သင့်စက်အားဖော်ထုတ်နိုင်သည်ကို စစ်ဆေးပါ။

သင်၏ အသုံးပြုသူအကောင့်အား ခိုင်မာအားကောင်းသော စကားဝှက်စာစုဖြင့် ကာကွယ်ပါ

ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

နည်းပညာဆိုင်ရာ တိုက်ခိုက်မှုများသည် သင့်အတွက် အကြီးမားဆုံး စိုးရိမ်စရာဟု ထင်ရသော်လည်း သင့်စက်ပစ္စည်းကို သိမ်းဆည်းခံရခြင်း သို့မဟုတ် ခိုးယူခံရပြီး တစ်စုံတစ်ဦးမှ ဖောက်ထွင်းခံခြင်းကိုလည်း ခံရနိုင်ပါသေးသည်။ ထို့ကြောင့် သင့်ကွန်ပျူတာကို ကာကွယ်ရာတွင် ခိုင်မာအားကောင်းသည့် စကားဝှက်တစ်ခုကို သင့်အသုံးပြုသူအကောင့်ကို ကာကွယ်ရာတွင် အသုံးပြုသင့်သည်။ သို့မှသာ ကွန်ပျူတာကို ဖွင့်ကြည့်လိုက်ရုံ သို့မဟုတ် စကားဝှက်တစ်ခုကို ခန့်မှန်းလိုက်ရုံဖြင့် သင်၏ ထိရှလွယ်သော အချက်အလက်များ သို့မဟုတ် သင့်ကွန်ပျူတာကို တခြားသူများ ဝင်ရောက်ကြည့်ရှုနိုင်ခြင်းရှိမည်မဟုတ်ပေ။.

သင့်မျက်နှာပြင်ကို ပိတ်ပြီး လော့ခ်ချရန် သတ်မှတ်ပါ။

ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

စကားဝှက်များမှလွဲ၍ အခြား စခရင်လော့ခ်ချရွေးချယ်မှုများကို ကျွန်ုပ်တို့ အကြံမပြုပါ။ ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်း သို့မဟုတ် ရှာဖွေခံရပါက သင်၏မျက်နှာ သို့မဟုတ် လက်ဗွေဖြင့် သင့်စက်ပစ္စည်းကို အလွယ်တကူ လော့ခ်ဖွင့်ရန် ခိုင်းစေနိုင်သည်။ သင့်စက်ကိုရရှိထားသူတစ်ဦးဦးက စကားဝှက်တိုများကို ခန့်မှန်းရန် ဖောက်ထွင်းရေးဆော့ဖ်ဝဲကို အသုံးပြုနိုင်သည်။ အကယ်၍ သင်သည် လက်ဗွေသော့ခတ်ခြင်းကို ပြုလုပ်ထားပါက ဖုန်မှုန့်သုတ်ထားသူတစ်ဦးသည် သင့်လက်ဗွေရာအားရယူပြီး သင့်စက်ပစ္စည်းကို လော့ခ်ဖွင့်ရန် သင့်လက်ချောင်းအတုပုံစံကို ပြုလုပ်နိုင်မည်ဖြစ်သည်။ အလားတူ ဟက်ခ်ခြင်းများဖြစ်သည့် မျက်နှာဖြင့် လော့ခ်ဖွင့်ခြင်းကို သရုပ်ဖော်ပြထားသည်။

ဤကဲ့သို့သော အကြောင်းများကြောင့် သင့်အသုံးပြုအကောင့်အား အလုံခြုံဆုံးသောကာကွယ်ရေးနည်းလမ်းသည် ရှည်လျားသော စကားဝှက်စာစုတစ်ခု ထားခြင်း ဖြစ်သည်။

သင့်စက်လော့ခ်ချထားချိန်တွင် မြင်နိုင်သောအရာများကို ထိန်းချုပ်ပါ

ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

ဖုန်းတစ်လုံးတွင် ဖုန်းစခရင် လော့(ခ်)ချထားခြင်း တစ်နည်းအားဖြင့် ခိုင်မာအားကောင်းသော စကားဝှက်များဖြင့် ကာကွယ်ထားခြင်းသည် အင်မတန်မှအရေးကြီးသည်။ ခိုင်မာအကောင်းသော စကားဝှက်များနှင့် စခရင်လော့(ချ်) ချထားခြင်းက မိမိ၏ စက်ပစ္စည်း အခိုးခံရချိန် သို့မဟုတ် သိမ်းဆည်းခံရချိန်၌ သင့်ကို အတိုင်းအတာ တစ်ခုထိ ကာကွယ်ပေးနိုင်သည်။ ထိုသို့သော အခြေအနေတွင် သင်က ဖုန်းစခရင်လော့(ချ်) ချထားသော်လည်း သတိပေးချက်များကို ပိတ်ထားခြင်းမရှိပါက သင့်၏အသိမိတ်ဆွေပေးပို့လာသော မက်ဆေ့(ချ်) (သို့) အီးမေး(လ်) ကနေလည်း သင်၏ အချက်အလက်အချို့ ပေါက်ကြားနိုင်သည်။

သင့်ဖုန်းမျက်နှာပြင်ကို အခြားသူများမမြင်နိုင်အောင် တားဆီးပေးသည့် တကိုယ်ရည်သုံး အခြားသူလှမ်းမမြင်နိုင်သည့် Privacy မျက်နှာပြင်မှန်ကပ်များကို အသုံးပြုပါ

ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

ကျွန်ုပ်တို့၏ ဒစ်ဂျစ်တယ်လုံခြုံရေးတိုက်ခိုက်ခံရခြင်းများကို အဆင့်မြင့်နည်းပညာပိုင်းအနေဖြင့် ထင်မြင်နေသော်လည်း လူ့အခွင့်အရေးကာကွယ်သူအချို့၏ အချက်အလက်များ ခိုးယူခံရခြင်း သို့မဟုတ် အကောင့်များ ကျိုးပေါက်ခြင်းမှာ တစ်စုံတစ်ယောက်က ၎င်းတို့၏ ဖုန်းမျက်နှာပြင်ကို ပုခုံးထက်မှ ကျော်ကြည့်ခြင်း သို့မဟုတ် လုံခြုံရေးကင်မရာကို အသုံးပြု၍ကြည့်ရှုခြင်းဖြစ်ကြောင်း သင်အနေဖြင့် သိရှိပါက အံ့အားသင့်စရာဖြစ်နိုင်ပါသည်။ တကိုယ်ရည်သုံး အခြားသူလှမ်းမမြင်နိုင်အောင် မျက်နှာပြင်အကာမှန်တစ်ခုသုံးထားခြင်း က များသာအားဖြင့် ပုခုံးထက်မှ ကျော်ကြည့်ခြင်းဟုခေါ်သည့် တိုက်ခိုက်မှုမျိုး မအောင်မြင်စေရန် ဆောင်ရွက်ပေးနိုင်သည် ။ ၎င်းတို့ကို စက်ပစ္စည်းနှင့်ဆက်စပ်သည့်ပစ္စည်းများ ရောင်းသည့်ဆိုင်များတွင် ရှာကြည့်နိုင်သည်။

ကင်မရာအကာ ကို အသုံးပြုပါ

  • ပထမဆုံးအနေနှင့် သင့်စက်တွင် ကင်မရာများ မည်သည့်နေရာတွင်ရှိ၊ မရှိကို ရှာဖွေပါ။ သင့်ကွန်ပျူတာ တွင်တပ်ဆင်ထားသည့်ကင်မရာအပြင် သင့်စက်တွင် တပ်ဆင်ထားသည့် ကင်မရာတစ်လုံးကိုပါ အသုံးပြုပါက သင့်ကွန်ပျူတာတွင် ကင်မရာတစ်ခုထက်ပို၍ ရှိနိုင်ပါသည်။
  • သင့်အနေဖြင့် နည်းပညာနိမ့် ကင်မရာအဖုံး - သင့်ကင်မရာအပေါ်တွင် ကပ်ခွာပတ်တီးငယ်ကို အသုံးပြုကာ ပိတ်ထားပြီး ကင်မရာကို အသုံးပြုရန် လိုအပ်သည့်အခါ ၎င်းကို လိုအပ်သလို ရွှေ့၍ အသုံးပြုနိုင်ပါသည်။ အလယ်အပိုင်းသည် ကော်မပါသောကြောင့် ကင်မရာမှန်မျက်နှာပြင်ကို စေးကပ်ခြင်းမရှိသည့်အတွက် ပတ်တီးသည် စတစ်ကာထက် ပိုကောင်းပါသည်။
  • တခြားနည်းလမ်းအနေဖြင့် သင့်စက်ပစ္စည်းအတွက် အသင့်တော်ဆုံးသော ကင်မရာဘေးဆွဲအကာကို ရှာဖွေရန် သင့်ကွန်ပျူတာ၏ အမျိုးအစား နှင့် "ကင်မရာအကာပါး" အတွက် စိတ်ကြိုက် ဆိုင်တွင်လည်း ရှာဖွေနိုင်သည်။
  • ကျွမ်းကျင်လင်းနဇ်စ်အသုံးပြုသူများအနေဖြင့် စက်ပစ္စည်းများရှိ ကင်မရာအသုံးပြုခွင့်အား အလုံးစုံပိတ်ခြင်းအား အသုံးပြုရန် ထည့်သွင်းစဉ်းစားနိုင်ပါသည်။
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

သင့်အား၊ သင့်ပတ်ဝန်းကျင်ရှိလူများ၊ သို့မဟုတ် သင်ရှိနေသောနေရာကို စူးစမ်းရန် အန္တရာယ်ရှိသောဆော့ဖ်ဝဲများသည် သင်မသိဘဲ သင့်စက်တွင်ရှိသော ကင်မရာကိုဖွင့်ပါလိမ့်မည်။

သင်အသုံးမပြုနေချိန်တွင် ချိတ်ဆက်နေမှုများကို ပိတ်ထားပါ

  • ညဘက်တွင်သင့်စက်များကို လုံးဝပိတ်ထားပါ။
  • ဝိုင်ဖိုင်၊ ဘလူးတုနှင့် ကွန်ရက်မျှဝေခြင်းကို အသုံးမပြုပါက ပိတ်ထားကာ အသုံးပြုမှသာ ဖွင့်သည့် အလေ့အကျင့်ကို မွေးမြူပါ။
  • Airplane မုဒ်အဖြစ်ထားရှိခြင်းသည် သင့်ကွန်ပျူတာ၏ ချိတ်ဆက်မှုများကို အမြန်ဆုံးဖြတ်တောက်ပစ်နိုင်သော နည်းလမ်းတစ်ခုဖြစ်သည်။ ဝိုင်ဖိုင်၊ 3G နှင့် ဘလူးတုရ် ချိတ်ဆက်မှုများကဲ့သို့ ကြိုးမဲ့ချိတ်ဆက်မှုများကို ပိတ်ရန်အတွက် Airplane မုဒ်အား မည်ကဲ့သို့ အသုံးပြုမည်ကို ကြိုးမဲ့ချိတ်ဆက်မှုများအားပိတ်ခြင်းအတွက် Ubuntu ၏ လမ်းညွှန် တွက် လေ့လာပါ။
  • အသုံးမပြုသည့်အချိန်တွင် ဘလူးတု အားပိတ်ထားခြင်းအား သေချာပါစေ။
  • သင်၏ ကွန်ပျူတာသည် တစ်စုံတစ်ဦးအား အင်တာနက်ချိတ်ဆက်မှုအား မျှဝေးပေးနေခြင်းမရှိစေရန် သေချာစေပါ။ ကြိုးမဲ့ အင်တာနက်ချိတ်ဆက်မှုမျှဝေးခြင်းအား Ubuntu မှ ထောက်ပံ့ထားသော လမ်းညွှန်မှတစ်ဆင့် ဤဆက်တင်အား ပိတ်ရန်နည်းလမ်းအား လေ့လာပါ။
  • ဝိုင်ဖိုင်အား ပိတ်ထားရန် Settings > Wi-Fi သို့သွားကာ ညာဘက်ထောင့်ရှိ ဝိုင်ဖိုင်ခလုတ်ကို ပိတ်ပါ။
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

Wi-Fi၊ NFC နှင့် ဘလူးတုကဲ့သို့ ကြိုးမဲ့ဆက်သွယ်မှုများအားလုံးသည် ကွန်ရက်များ၏ အားနည်းချက်များကို ရှာဖွေဖောက်ထွင်းကာ ထိရှလွယ်သော အချက်အလက်များ နှင့် ကျွန်ုပ်တို့ စက်ပစ္စည်းများကို ရရှိအောင် ကြိုးစားနိုင်သည့် ကျွန်ုပ်တို့အနီးက တိုက်ခိုက်သူများ၏ တိုက်ခိုက်မှုကို ခံရနိုင်သည်။

သင့်စက်၏ ဘလူးတုသို့မဟုတ် Wi-Fi ချိတ်ဆက်မှုကို ဖွင့်လိုက်သောအခါ သင့်စက်ပစ္စည်းသည် သင် ယခင်က ချိတ်ဆက်ထားခဲ့သော မည်သည့် wifi ကွန်ရက်ကိုမဆို ရှာဖွေရန် ကြိုးစားပါသည်။ အခြေခံအားဖြင့်၊ ၎င်းသည် ၎င်းနှင့်ချိတ်ဆက်ရန်ရနိုင်ခြင်းရှိမရှိကြည့်ရှုရန် ၎င်း၏စာရင်းရှိကွန်ရက်တိုင်း၏အမည်များကို သိရှိရန်ကြိုးစားပါသည်။ အနီးနားတွင်ရှိသော စောင့်ကြည့်နေသူတစ်ဦးသည် သင့်စက်ပစ္စည်းကို ကို သိရှိရန် ဤရှာဖွေမှုကို သုံးနိုင်သည်။ အကြောင်းမှာ သင့်စက်ပစ္စည်း သို့မဟုတ် ကွန်ရက်စာရင်းသည် အများအားဖြင့် တခြားအရာများနှင့် မတူပဲ ကွဲပြားမှု ရှိပါသည်။ ဤလက်ဗွေနှင့်တူသော သင်မှန်းသိသာစေသောအရာများသည် သင့်ဧရိယာအတွင်ရှိ စောင့်ကြည့်နေသူတစ်ဦးအတွက် သင့်စက်ပစ္စည်းကို ပစ်မှတ်ထားရန် သို့မဟုတ် သင်ရောက်ရှိခဲ့သည့်နေရာကို ဖော်ထုတ်ရန် လွယ်ကူစေသည်။

ထို့ကြောင့် အထူးသဖြင့် ဝိုင်ဖိုင်နှင့် ဘလူးတု တို့ကိုအသုံးမပြုသည့်အခါ ဤချိတ်ဆက်မှုများကို ပိတ်ခြင်းသည် အကြံကောင်းဖြစ်ပါသည်။ ၎င်းသည် တိုက်ခိုက်သူက သင့်စက်ပစ္စည်းပေါ်တွင် ထူးဆန်းစွာဖြစ်ပျက်နေသည်ကို သင်သတိမထားမိစေဘဲ သင်၏အဖိုးတန်ပစ္စည်းများကို ဝင်ရောက်ရန်လုပ်ဆောင်နိုင်သည့်အချိန်ကို တားမြစ်သည်။

သင်သိမ်းဆည်းထားသော ဝိုင်ဖိုင်ကွန်ရက်များကို ရှင်းလင်းပါ

  • သင့်စက်၏ ကွန်ရက်များစာရင်းတွင် မှတ်ထားမည့်အစား ကွန်ရက်အမည်များနှင့် စကားဝှက်များကို သင့် စကားဝှက်မန်နေဂျာ တွင် သိမ်းဆည်းပါ။
  • အကယ်၍ သင်သာ ကွန်ရက်အမည်များ နှင့် စကားဝှက်များကို သိမ်းထားသော Wi-Fi ကွန်ရက်များစာရင်းအတွင်းတွင် သိမ်းထားပါက သေချာဖို့လိုသည်မှာ :
    • "Connect automatically" နှင့် "Make available to other users" ရွေးချယ်မှုများအား ကွန်ရက်ချိန်ညှိရေးစာမျက်နှာသို့ သွားရောက်ကာ အမှန်ခြစ်ဖြုတ်ထားပါ။ Settings > Wi-Fi သို့ သွားကာ ညာဘက်ဒေါင့်ရှိ ရွေးချယ်စရာများခလုတ်အား နှိပ်၍ "Know Wi-Fi Networks" ကို ရွေးချယ်ပါ။ ထို့နောက် သင်ချိန်ညှိလိုသော ကွန်ရက်များကို ရွေးချယ်ပါ။
    • ဆက်လက်အသုံးပြုခြင်းမရှိတော့သည့် ဝိုင်ဖိုင်ကွန်ရက်များကို ဖယ်ရှားသည့် အလေ့အကျင့်ကို မွေးမြူပါ။ သင်သိမ်းဆည်းထားသော ဝိုင်ဖိုင်ကွန်ရက်များအား ဖျက်ရန် Settings > Wi-Fi သို့သွား၍ ညာဘက်ဒေါင့်အပေါ်တွင်ရှိသော Options ခလုတ်ကို နှိပ်ပါ။ ထို့နောက် "Know Wi-Fi Networks" ကိုရွေးချယ်ပါ။ ထို့နောက် ဖျက်လိုသော ကွန်ရက်များကို ရွေးချယ်ပြီး "Forget" ခလုတ်ကို နှိပ်၍ ဖျက်ပါ။
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

Wi-Fi ချိတ်ဆက်မှုကို ဖွင့်လိုက်သောအခါ၊ သင်စက်ပစ္စည်းသည် သင် ယခင်က ချိတ်ဆက်ထားခဲ့သော မည်သည့် Wi-Fiကွန်ရက်ကိုမဆို ရှာဖွေရန် ကြိုးစားသည်။ အခြေခံအားဖြင့်၊ ၎င်းသည် ၎င်းနှင့်ချိတ်ဆက်ရန်ရနိုင်ခြင်းရှိမရှိကြည့်ရှုရန် ၎င်း၏စာရင်းရှိကွန်ရက်တိုင်း၏အမည်များကို "အော်" သည်။ အနီးနားတွင် လျှိုလျှိုနေသူတစ်ဦးသည် သင့်စက်ပစ္စည်းကို ခွဲခြားသတ်မှတ်ရန် ဤ "ကြွေးကြော်သံ" ကို သုံးနိုင်သည်၊ အကြောင်းမှာ သင့်စာရင်းသည် အများအားဖြင့် ထူးခြားသည်- သင့်တွင် အနည်းဆုံး သင့်အိမ်ကွန်ရက်နှင့် သင့်ရုံးကွန်ရက်သို့ ချိတ်ဆက်ထားပြီး ဖြစ်နိုင်သည်၊ သူငယ်ချင်းများ၏အိမ်များ၊ အကြိုက်ဆုံး ကော်ဖီဆိုင်များ၊ စသည်ဖြင့် ကွန်ရက်များကို ဖော်ပြခြင်းမပြုပါနှင့်။ ဤလက်ဗွေနှင့်တူသော အထောက်အထားများသည် သင့်ဧရိယာအတွင်း လျှိုနေသူတစ်ဦးအတွက် သင့်စက်ပစ္စည်းကို ပစ်မှတ်ထားရန် သို့မဟုတ် သင်ရောက်ရှိခဲ့သည့်နေရာကို ဖော်ထုတ်ရန် လွယ်ကူစေသည်။

ဤသက်သေလိုက်နိုင်သည့်အရာမှ သင့်ကိုယ်သင် ကာကွယ်ရန် သင့်စက်မှသိမ်းဆည်းထားသော wifi ကွန်ရက်များကို ဖျက်ပစ်ပြီး ကွန်ရက်များကို အချိန်ပြည့် ရှာဖွေချိတ်ချက်ခြင်းအားမလုပ်အောင် သင့်စက်အား ရပ်တန့်ပါ။ ၎င်းသည် လျင်မြန်စွာ ချိတ်ဆက်ရန် ပိုမိုခက်ခဲစေလိမ့်မည်၊ သို့သော် ထိုအချက်အလက်များကို သင့်စကားဝှက်မန်နေဂျာတွင် သိမ်းဆည်းထားခြင်းသည် သင်လိုအပ်သည့်အခါတွင် ၎င်းကိုရယူနိုင်မည်ဖြစ်သည်။

သင်အသုံးမပြုနေချိန်တွင် မျှဝေခြင်းကိုပိတ်ထားပါ

Ubuntu သည် သင်၏ ဖိုင်များ၊ ရုပ်သံများ သို့မဟုတ် သင်၏ကွန်ပျူတာအား မျှဝေခြင်းကို အလိုအလျောက် ပြုလုပ်နိုင်မည်မဟုတ်ပေ။ သင့်စက်တွင် မျှဝေခြင်းလုပ်နိုင်ပါက အောက်ပါဆက်တင်များကိုပိတ်ရန်လိုအပ်သလား စစ်ဆေးကြည့်ရှုပါ။ ဤနေရာတွင်ဖော်ပြထားသော ညွှန်ကြားချက်များကို အသုံးပြု၍ ဆက်တင်များကိုရှာမတွေ့ပါက၊ ဤမျှဝေခြင်းရွေးချယ်စရာများကို သင့်စက်တွင်ထည့်သွင်းထားခြင်းမရှိပါ။

ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

စက်ပစ္စည်းအများအပြားသည် ကျွန်ုပ်တို့အား ကျွန်ုပ်တို့ပတ်ဝန်းကျင်ရှိ အခြားသူများနှင့် ဖိုင်များ သို့မဟုတ် ဝန်ဆောင်မှုများကို အလွယ်တကူမျှဝေရန် ရွေးချယ်ခွင့်ပေးခြင်းသည် အသုံးဝင်သောအင်္ဂါရပ်တစ်ခုဖြစ်သည်။ သို့သော် အသုံးမပြုနေစဉ်အတွင်း ဤလုပ်ဆောင်ချက်ကို ဖွင့်ထားပါက၊ အန္တရာယ်ရှိသောသူများသည် သင့်စက်ပစ္စည်းရှိ ဖိုင်များကို ရယူရန် ၎င်းကို အသုံးချနိုင်သည်။

firewall တစ်ခုကိုသုံးပါ

  • Gufw ကိုသုံးပါ
    • နဂိုမူလအနေဖြင့် "incoming" ကို "Deny"လုပ်ပြီး "Outgoing" ကို "Allow" လုပ်ပါ
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

Firewall များသည် သင့်စက်အတွက် မလိုအပ်သော ဆက်သွယ်မှုများကို ရပ်တန့်စေသည့် လုံခြုံရေး ရွေးချယ်မှုတစ်ခုဖြစ်သည်။ မည်သူဝင်ရောက်နိုင်သည်ကို ဆုံးဖြတ်ရန် အဆောက်အအုံ၏ တံခါးဝတွင်ထားသော လုံခြုံရေးအစောင့်တစ်ဦးကဲ့သို့ပင်၊ Firewall သည် သင့်စက်မှ ဆက်သွယ်ရေးအဝင်အထွက်နှင့်ပတ်သက်သည့်အချက်အလက်များကို လက်ခံခြင်း၊စစ်ဆေးခြင်းများပြုလုပ်ပြီး ဆုံးဖြတ်ချက်များချပေးသည်။ အန္တရာယ်ရှိသောကုဒ်အား သင့်စက်ပစ္စည်းသို့ ဝင်ရောက်ရန်ကြိုးစားခြင်းမှ ကာကွယ်ရန် သင့်အား firewall ဖွင့်ရန် အကြံပြုအပ်ပါသည်။ ပုံသေ firewall တည်ဆောက်မှုသည် လူအများစုအတွက် လုံလောက်သော အကာအကွယ်ဖြစ်သင့်သည်။

မည်သည့်စက်ပစ္စည်းမဆို Firewall ဖွင့်ထားပြီးသား မဟုတ်ပါ။ ဤစနစ်များသည် ကွန်ရက်ချိတ်ဆက်မှုများအားလုံးကို ကျယ်ကျယ်ပြန့်ပြန့် ဖွင့်ထားသည်ဟု မဆိုလိုပါ။ ဆိုလိုသည်မှာ ၎င်းတို့သည် ၎င်းတို့၏ဆော့ဖ်ဝဲလ်အနေဖြင့် နားမထောင်သင့်သည့်ချိန်တွင် နားမထောင်ဟု ယုံကြည်ခြင်းဖြစ်သည်။ ၎င်းတို့သည် အစောင့်များနှင့် ကင်မရာများကို အနှောက်အယှက်မပေးသော အဆောက်အဦပိုင်ရှင်များကဲ့သို့ပင် ထိုသူတို့သည် မည်သည့်တံခါးများကို ဖွင့်သည်၊ မည်သည်တို့ကို ပိတ်သည် နှင့် မည်သည့်နေရာအား အချို့သောသော့ရှိသူများသာ ဖွင့်နိုင်မည်စသည့်တာဝန်များကိုကိုင်တွယ်ဖြေရှင်းနိုင်ကြောင်း ယုံကြည်သောကြောင့်ဖြစ်သည်။

Firewalls help you protect your devices in situations where a piece of software starts listening to information you weren't expecting it to — where a door is left open, in other words, either by accident or by a malicious actor within the building. Firewalls that monitor outgoing connections are sometimes able to let you know when malicious software is trying to steal data or "phone home" for instructions. If you install a firewall that is specifically designed to limit outgoing connections, or if you configure your built-in firewall to work this way, you should be prepared to spend some time "training" it so that it only alerts you when it observes something unusual.

File privacy system settings

  • Tracking recently used files and folders may reveal information about your activity. You may wish to keep your file usage history private or limited to recent history.

  • You may also want to purge your trash bin and temporary files. You can do this manually or set your computer to automatically do this for you. Go to Settings > Privacy & Security > File History & Trash and select "Automatically Delete Trash Content" and "Automatically Delete Temporary Files".

  • In Linux, you can rename files and directories to turn them invisible by adding a dot "." before their name. Type Ctrl + H in your file explorer to show or hide these files. Be aware that this is a very well-known feature, so it does not protect your files from unauthorized access.

For more details on file protection, read our guides on how to protect and destroy sensitive information.

ကြည့်ပါ