အဟက်ခံရသောအကောင့်ကို ပြန်လည်ရယူခြင်း
နောက်ဆုံးပြင်ဆင်ထားသော09 December 2021
မာတိကာ
...မာတိကာ စတင်နေသည်...သင့်အကောင့် ပေါက်ကြားခံရသည်ကို သေချာ သိရဖို့ ခဲယဉ်းသော်လည်း သင့်အကောင့်ကို တစုံတယောက်မှ ဝင်ရောက်ရန် ကြိုးစားနေသည်ကို သိနိုင်သည့် သဲလွန်စအချို့ကို အောက်တွင် ဖော်ပြထားသည်။
သင့်အကောင့်ကို တစုံတစ်ယောက်က ဝင်ရောက်ရန်ကြိုးစားနေသည့် အရိပ်အယောင်များကို ရှာဖွေပါ
- သင်ပြုလုပ်ထားခြင်းမရှိသော အကောင့်အပြင်အဆင်များတွင် အကြောင်းအရာများ ပြောင်းလဲနေခြင်း
- အဆက်အသွယ်တစ်ယောက်က သင်မပို့ခဲ့သော မက်ဆေ့ချ်တစ်စောင် ရရှိနေခြင်း
- သင်၏အကောင့်မှ ထိုမက်ဆေ့ချ်ပေးပို့တာ သေချာပါစေ ၊ မက်ဆေ့ချ် ခေါင်းစီးမှာလည်း အယောင်ဆောင်မဟုတ်ကြောင်း သေချာပါစေ
- သင် ထည့်သွင်းထားသော အသုံးပြုသူအမည်နှင့် စကားဝှက်မှာ မှန်ကန်သော်လည်း သင်၏အကောင့်ကို ဝင်ရောက်၍ မရပါ
- အဆက်အသွယ်အကောင့်များက မက်ဆေ့ချ် ပို့လိုက်တာ သေချာပေမယ့် သင် ဘာမှ
လက်ခံမရရှိပါ
- အဲဒီမက်ဆေ့ချ်တွေက မလိုလားအပ်သော (Spam) ဖိုင်တွဲများထဲ ရောက်နေတာမျိုး မဖြစ်အောင် သေချာပါစေ
- ပို့တဲ့သူ နှင့် လက်ခံတဲ့သူ မည်သူကမျှ မဝေမျှသော်လည်း တတိယအင်အားစုများမှ ဤအကောင့်မှ သတင်းအချက်အလက်များ သီးသန့် ဖလှယ်ခြင်းမျိုး ပြုလုပ်ထားသည်
- သူတို့ ပြောင်းလဲဖို့ကြိုးစားခြင်းသည် အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ သင်မပြုလုပ်ဘဲနှင့် စကားဝှက်ပြောင်းလဲဖို့ တောင်းဆိုသည့် သတိပေးချက်မျိုး သင်ရရှိသည်
- အကောင့်ဝင်ထားသည့် သင်၏ မိုဘိုင်းလ်ဖုန်း ခိုးခံရ (သို့မဟုတ်) သိမ်းဆည်းခံရ (သို့မဟုတ်) ပျောက်ဆုံးသွားသည်
- သင့်ကို ဝန်ဆောင်မှုပေးသော ကုမ္မဏီမှ လက်တလော အကောင့်သုံးစွဲမှု အနေအထားများကို ပြပေးသည့်အခါ သင်မရောက်ရှိသည့် တည်နေရာတစ်ခုမှ အကောင့်ဆက်သွယ်မှုပြုလုပ်နေသည်ကို သင်သတိထားမိသည်
- သင်အကောင့်ကို တစ်စုံတစ်ယောက်မှ ဝင်ရောက်သုံးစွဲရန် ကြိုးစားနေသည်ဟု ဝန်ဆောင်မှုပေးသည့် ကုမ္မဏီမှ မက်ဆေ့ချ့်ကို သင်လက်ခံရရှိခဲ့သည်
အထက်ပါ အချက်များမှ တစ်ချက်ကို သတိထားမိခဲ့လျှင် — အခြား ရှင်းပြချက်များသည် ဖြစ်နိုင်ခြေမရှိဘူးဟုထင်ပါက — အောက်ပါ အချက်များကို လုပ်ဆောင်ရန် စဉ်းစားရမှာဖြစ်သည်:
ထိုအကောင့်ကို သုံးပြီး ထိရှလွယ်သော အချက်အလက်များကို ဖလှယ်နေခြင်းကို ရပ်လိုက်ပါ
- မည်သည့်အကြောင်းအရာဖြစ်နေသည်ကို ဂဃဏန နားလည်သည့်အချိန်ထိ စောင့်ပြီးမှ သုံးပါ။
သင်၏စကားဝှက်ကို ချက်ချင်း ပြောင်းလဲပါ
- (ဖြစ်နိုင်လျှင်) ခိုင်မာအားကောင်းသည့် စကားဝှက်များကို ဖန်တီး ထိန်းသိမ်းပါ လမ်းညွှန်ကို ကြည့်ပါ။
အခြားအကောင့်များနှင့်မတူသည့် သီးသန့် စကားဝှက်အသစ်များ ဖန်တီးပါ
- ဒီလိုမျိုးဖန်တီးဖို့အရေးကြီးပါတယ် သင့်အကောင့်တွေမှာ တူညီပြီး သို့မဟုတ် ဆင်တူမဟုတ်သော စကားဝှက်များရှိနေလျှင် ။
သင် အကောင့်ကို ဝင်ရောက်အသုံးပြု၍ မရနိုင်ဖြစ်နေလျှင်
- သင်၏အကောင့်ကို ပြန်ပြီးအသုံးပြုနိုင်ရန် ဝန်ဆောင်မှုပေးသည့်ကုမ္မဏီကို ဆက်သွယ်၍ ရကောင်းရနိုင်ပါသည်။ ဆိုရှယ်မီဒီယာနှင့် အီးမေးလ်ဝန်ဆောင်မှုပေးသည့် ကုမ္မဏီများအားလုံးတွင် ဤအခြေအနေအတွက် ပြန်ဆက်သွယ်လို့ရသည့် လုပ်ငန်းစဉ်များရှိနိုင်မည် မဟုတ်ပါ သို့သော် အချို့တွင် ရှိပါသည်။
- ကျွမ်းကျင်သူ၏ အကူအညီကို ရယူရန် စဉ်းစားပါ။
- သင့် အသိုင်းအဝိုင်းထဲတွင် လုံခြုံရေးသုတေသီများ သို့မဟုတ် နည်းပညာရှင်များက သင့်ကို ကူညီမှုပေးကောင်းပေးနိုင်ပါလိမ့်မည်။
- Access Now ၏ Helpline မှ အရပ်ဘက်အဖွဲ့အစည်း အဖွဲ့ဝင်များ ၊ လူအခွင့်အရေးကာကွယ်သူများ၊ သတင်းထောက်များနှင့် တက်ကြွလှုပ်ရှားသူများကို နည်းပညာအထောက်အပံ့နှင့် အကြံဉာဏ်များ ပေးပါသည်။
ထိုအကောင့်နှင့်ချိတ်ဆက်ထားသည့် စက်ပစ္စည်းများ၏ လုံခြုံရေးကို ပြန်လည်ဆန်းစစ်ပါ
- ထိုအကောင့်၏ စကားဝှက်ကို သိမ်းဆည်းဖူးသည့် သို့မဟုတ် ထိုအကောင့်နှင့် အသုံးပြုဝင်ရောက်ဖူးသည့် အခြားစက်ပစ္စည်းများ၏ လုံခြုံရေးကို ပြန်လည်ဆန်းစစ်ပါ။
- သူခိုးဆော့ဖ်ဝဲ များနဲ့ phishing တိုက်ခိုက်မှုများမှ သင်၏စက်ပစ္စည်းကိုကာကွယ်ပါနှင့် ရုပ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်ခံရမှုများမှ သင်၏ အချက်အလက်များကို ကာကွယ်ပါ လမ်းညွှန်များကို ကြည့်ပါ။
ထိုအကောင့်နှင့် ချိတ်ဆက်ထားသည့် ဝန်ဆောင်မှုကို စစ်ဆေးပါ
- တတိယအင်အားစု ဝန်ဆောင်မှုများစွာက သင့် ဖေ့ဘွတ် ဂူးဂဲလ် သို့မဟုတ် မိုက်ခရိုဆော့ အကောင့်များနှင့် ဝင်ရောက်အသုံးပြုခွင့်ပေးပါသည်။
- ချိတ်ဆက်ထားသည့် အကောင့်များကို (သင်၏ အကောင့်စာတိုက်ပုံးထဲတွင် “သင်၏ အီးမေးလ်ကို စိစစ်အတည်ပြုပါ” သို့မဟုတ် “အီးမေးလ်အတည်ပြုခြင်း” အစရှိသည့် စာများကို အလျင်အမြန်ရှာဖွေပါ) စာရင်းပြုစုပါ။
- ဖြစ်နိုင်လျှင် ထိုအရာများမှ ချိတ်ဆက်မှုများကို ဖြုတ်ချပါ။
- အခြား ပိုမိုထိရှလွယ်သည့် ဆက်သွယ်မှုများပြုလုပ်ထားသည့် အကောင့်များနှင့် ငွေရေးကြေးရေးဆိုင်ရာမှာ အသုံးပြုသည့်အကောင့်များကို ဦးစားပေးပြုလုပ်ပါ။
လက်ရှိဝင်ရောက်ထားသည့် နေရာများမှ အကောင့်ကို ထွက်ပါ
- အီးမေးလ်နှင့် အခြား ဆက်သွယ်ရေးဝန်ဆောင်မှုကုမ္မဏီများမှ သင့်အကောင့် မည်သည့်နေရာမှ ဝင်ရောက်သုံးစွဲထားသည်ကို သင်မြင်နိုင်ရန် ပြထားလေ့ရှိသည်။ သင် မသုံးသည့် နေရာများမှ ဆက်သွယ်မှုများရှိနေလျှင် ပြထားသည့်နေရာမှကြည့်၍ အကောင့်များကို ထွက်လိုက်ပါ။
- သင်အကောင့် အသုံးပြုချင်သည့် စက်ပစ္စည်းများတွင် ထိုအကောင့်ကို ပြန်ဝင်ရောက်ရန် လိုပါလိမ့်မည်။
- သင်၏ ဖုန်းနှင့်ကွန်ပျူတာများအတွက် အချက်အလက်များကို ကျွန်ုပ်တို့၏ အခြေခံလုံခြုံရေးလမ်းညွှန်များကို ကြည့်ပါ။
သင်၏အကောင့်ကို ကာကွယ်ရန် အချက်အလက်များပြုလုပ်ပါ
- ဝန်ဆောင်မှုပေးသည့် ကုမ္မဏီတစ်ခုချင်းစီတွင် ပါရှိသော “သင်၏အကောင့် ပျောက်ဆုံး၊အခိုးခံရ (သို့မဟုတ်) သူများရယူနှောင့်ယှက်ခံရပါက” သို့မဟုတ် “အကောင့်ကာကွယ်ခြင်း” ခေါင်းစဉ်အောက်မှ ညွှန်ကြားချက်များ ဆိုရှယ်မီဒီယာလမ်းညွှန်ချက်များအတိုင်း လိုက်လုပ်ကြည့်ပါ